Saturday, December 1, 2012
0 တရားဥပဒေစိုးမိုးရေးနှင့်အေးချမ်းသာယာရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ပံတောင်းကြေးနီစီမံကိန်းနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့်တွေ့ဆုံမေးမြန်းချက်(ရုပ်/သံ)
Video..Sun ny
0 အချိန်မရွေး ဒိုင်ကောက်စားလို့ ရနေတဲ့ မြန်မာနိုင်ငံ
နိုင်ငံတကာ မီဒီယာ တွေနဲ့ တွေ့တိုင်း “ပြည်သူ့ဆန္ဒသဘောထား သာ အဓိက” ဆိုတဲ့ စကားလုံးကို နှုတ်ဖျားက မချတဲ့ သမ္မတကြီးက ဒီတခါတော့ ငြိမ်ချက်သား အကောင်းသား။
ဘယ်နိုင်ငံမှာမှ မကြားဖူးတဲ့ စစ်တပ် အပိုင်စား စီးပွါးရေး ကုမ္မဏီ ဆိုတာ ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်တဲ့ မြန်မာပြည်မှာ ရှိနေပါတယ်။ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်း ဆိုတော့ လုပ်ချင်တိုင်းလုပ်လို့ရနေတာလဲ အဆန်းတော့ မဟုတ်။ ဒါပေမယ့်၊ ကမ္ဘာ့အင်အားအကြီးဆုံး အမေရိကန် စစ်တပ်မှာ ကိုယ်ပိုင်စီးပွါးရေး ဆိုတာလဲ မရှိပါလားနော်။ လက်နက်တွေ ခေတ်မီပေမယ့် ပြည်သူကို လုပ်ချင်တိုင်း လုပ်လို့မရတာ ဘာကြောင့်ပါလိမ့်။ စနစ်ကွာတယ်လေ။
၂၀၀၈ အခြေခံ ဥပဒေ အရ ဆိုရင်တော့ မြန်မာ့မြေပေါ် မြေအောက် သယံဇာတ နဲ့ မြေထု၊ ရေထု၊ လေထု ကို နိုင်ငံတော်က ပိုင်ပါသတဲ့။ နိုင်ငံတော်ကို ဘယ်သူပိုင်သလဲ ဆိုတော့ နေပြည်တော် အစိုးရ ပိုင်ပါတယ်။ နေပြည်တော်အစိုးရကို ဘယ်သူပိုင်သလဲ ဆိုတော့ ဦးပိုင် ကုမ္မဏီ ပေါ့ဗျာ။ ဦးပိုင် ကိုတော့ တရုတ်က နဖါးကြိုးပြန်တပ်လိုက်ပြီ ဆိုရင်တော့... ဟူး.... ကောက်စားယုံပေါ့။ လက်ပံတောင်းတောင်
1 ပြင်းထန်စွာ ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများအတွက်
၁. ဒဏ်ရာရသွားတဲ့ ရဟန်းရှင်လူ လက်ပံတောင်းပြည်သူများ အခု ဆေးဝါးအစားအသောက် လိုအပ်နေမှာသေချာပါတယ် တယောက်တည်းကနေ amount ပမာဏ အများကြီး လှူရမယ်မဆိုလိုပါဘူး တယောက်ကို အနည်းဆုံး ( ၁၀၀၀) လောက်တော့တတ်နိုင် မယ်ထင်ပါတယ်.. အဲလောက် ပမာဏ လေးကနေစလှူနိုင်ရင်တောင် မဆိုးပါဘူး...
၂. ပြည်သူတရပ်လုံး မြန်မာလူထုတစုလုံးဟာ လက်ပံတောင်းမှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေဖက်မှာအပြည့်အ၀ ရပ်တည်ပေးနေတယ်.. ကိုယ်နဲ့ထပ်တူကိုယ်ချင်းစာပေးနေတယ်ဆိုတာ သိအောင် သူတို့ဖက်ကနေ ရပ်တည်ပေးရင်း စိတ်ဓာတ်ခွန်အားပေးရပါမယ်...
၃. လူကိုယ်တိုင်မသွားရောက်နိုင်သူများဟာ သွားရောက်နေကြတဲ့အဖွဲ့အစည်း အသီးသီးကနေတဆင့် အလှူငွေများ ပစ္စည်းဆေးဝါးများ လှူဖွယ်ပစ္စည်းများကိုလူကြုံပါးထည့်ပေးခြင်းဖြင့် လက်ပံတောင်းပြည်သူများ ရင်ထဲမှာ အော်ငါတို့ချည်းပဲ မဟုတ်ပါလား ပြည်သူတွေငါတို့နဲ့အတူရှိနေပါလားဆိုတဲ့ စိတ်ဓာတ်အင်အားတွေရနိုင်မှာပါ..
ကိုင်းကျနော်တို့အခုပဲ စလုပ်ကြည့်ရအောင်ဗျာ လက်လှမ်းမှီသလောက် အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးကိုယ်နိုင်တဲ့ငွေကြေး လှူဖွယ်ပစ္စည်း ပမာဏတွေ လှူဒါန်းကြပါစို့လို့ ပြည်တွင်း ပြည်ပမှာ
ရဟန်းအာဇာနည် လူပုဂိုလ်အာဇာနည် အမျိုးကောင်းသား အမျိုးကောင်းသမီးများကို ကျနော်ကနေပြီး ဤနေရာမှ အနူးညွှတ် လေးလေးစားစား တိုက်တိုက်တွန်းတွန်းနဲ့ပန်ကြားပြောဆိုပါရစေလားဗျာ................
KN@shwe yi ........
2 အလွဲများနဲ. ကျွန်တော်တို. နိုင်ငံ
အမိန်.ပေးတုန်းက အမိန်.ပေးတဲ့သူကပေးခဲ့ပြီး အခုလို ထိန်းမရသိမ်းမရ အရုပ်ဆိုးအကျည်းတန်စွာ ဖြစ်လာမှ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကို အသုံးချတာမျိုး အလွဲကြီးမဖြစ်စေချင်ပါ။ မနက်ဖြန် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.က တောင်းပန်လိုက်ရုံနဲ.အစိုးရဘက်က ဖြေရှင်းနည်းလို. ထင်မြင်ရင်တော့ အလွဲကြီးလွဲပြီးမှားပြီးရင်း မှားနိုင်ပါတယ်၊ ပြည်သူဟာ ရိုးသားပါတယ် သို.သော် မအပါ။ဗုဒ္ဓဘာသာဝင်တို.ရဲ. အထင်ကရ တန်ဆောင်မုန်းလပြည့်နေ.ညမှာလက်ပန်းတောင်းသပိတ်စခန်း (၆) ခုကို ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွဲလိုက်တဲ့အခြေအနေဟာ ပြသာဒ်ကြီးမီးလောင်ခဲ့ပြီ။ အမည်မတပ်နိုင်တဲ့မီးလောင်ဗုံးမျိုးတွေ အသုံးပြုခဲ့တာကြောင့် မီးလောင်ဒဏ်ရာပေါင်းများစွာနဲ.ရဟန်းတော်တွေ ခံစားခဲ့ရပြီ။
တစ်နိုင်ငံလုံး သာမက နိုင်ငံတကာမှာပါ အရုပ်ဆိုးအကျည်းတန်ခဲ့ပြီ။လူထုလူတန်းစား အသီးသီးရဲ. ပြောစရာ၊ ကြောက်စရာ၊ အပြစ်တင်စရာအဖြစ်မျိုး ကြုံတွေ.နေရချိန်မှာ ယနေ.ည MRTV မှာလည်း ဆက်၍ဆက်၍အမှားတွေပြောနေတုန်း မနက်ဖြန်မှာ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ.ကသံဃာတော်များကို တောင်းပန်ပွဲ ပြုလုပ်မယ်ဆိုပြီး ထပ်လွဲပြန်ရော။
ဒါဆိုရင် အခုလို ရက်ရက်စက်စက် လူမသိသူမသိ ညကြီးမင်းကြီးမှာအမည်မသိ မီးလောင်ဗုံးတွေနဲ.
0 လက်ပံတောင်းတောင်အကြမ်းဖက်မှုနှင့် ဒေသဖွံဖြိုးရေးလုပ်ဆောင်ပေးခြင်း မရှိသောကြောင့် ကြံ့/ဖွံ့ပါတီဆားလင်းကြီး လွှတ်တော်အမတ် အားပြစ်တင်ဝေဖန်
၁၂/ပဇတ(နိုင်)၀၀၉၁၄၈
မဲဆန္ဒနယ်
ဆားလင်းကြီး
ယမန်နေ့ အာရုံဦးပိုင်းတွင် ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းများအား လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှအကြမ်း ဖက်နှိမ် နှင်းမှုတွင်ပါဝင်ပက်သက်မှု ရှိနေကြောင်းနှင့် ဒေသဖွံဖြိုးရေး များအား လာရာက်လုပ်ကိုင်ခြင်းမရှိသောကြောင့်ဆားလင်းကြီး မြို့နယ်ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အားဒေသခံများ က ပြစ်တင် ဝေဖန် လိုက်သည်။
ဆားလင်းကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်သည် အကြမ်းဖက်နှိမ်နင်း ရန် ၅ နာရီ အလိုခန့်တွင် သပိတ် စခန်းများအား လာရောက်၍ ဒုတိယ အကြိမ်အသိပေးခြင်းနှင့်လာရောက်အကူအညီပေးခြင်းဖြစ်ကြောင်းပြောကြားသွားခဲ့ပြီးနောက် အကြမ်းဖက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ဒို့ဆားလင်းကြီးမြို့နယ်ကနေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးသန်းမြင့်အနေနဲ့ လွှတ်တော် အမတ် ဖြစ်သွားတဲ့ နေ့ကစပြီးဆားလင်းကြီးမြို့ နယ်ကို တစ်ခါတစ်ခေါက်မှာ လာရောက်ခြင်း မရှိပါဘူး၊ သူကူညီပေး တယ်ဆိုတာ သူ့စကားပေါ့လေ ၊အစ်မတို့ဒေသခံတွေအနေနဲ့က သူကူညီပေးတယ်ဆိုတဲ့စကားပြောလို့ သာကြားရတယ်၊ဘာတစ်ခုမှသူ့ အကူအညီကိုမရခဲ့တာတော့အမှန်ပါဘဲ” ဟုပင်မသပိတ်စခန်းတွင်အကြမ်း ဖက်နှိမ်နင်းစဉ်
0 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွဲဖျက်ဆီးမှုအပေါ် အထက်မြန်မာပြည်သံဃာတော်များ၏ သဘောထားကြေညာချက်။
၁။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား နိုဝင်ဘာ (၂၉)ရက်နေ့၊ နံနက် (၃း၀၀)နာရီ အချိန်ခန့်မှ စ တင်၍ ရဲတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ မီးလောင်ဗုံးများ၊ မီသတ်ပိုက်များ အသုံးပြုပြီး အကြမ်းဖက် ဖြိုခွဲဖျက်ဆီးခဲ့သည်။
၂။ ထိုသို့ ဖြိုခွဲဖျက်ဆီးမှုများကြောင့် သံဃာတော်များနှင့် ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရခြင်း (အချို့ပြင်းပြင်းထန်ထန်)၊ အဖမ်းအဆီးခံရခြင်းများရှိခဲ့သည်။
၃။ ယခုလုပ်ရပ်သည် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပထမဆုံးပြောကြားခဲ့သော ကောင်းမွန်သောအစိုးရ၊ သန့်ရှင်းသောအစိုးရ ဆိုသည့် မိန့်ခွန်းကိုလည်းကောင်း၊ လွှတ်တော်မှဆုံးဖြတ်ထားသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်ဟူသည့် အချက်ကိုလည်းကောင်း လုံးဝဥပေက္ခာပြု စော်ကားကျူးလွန်ရာရောက်သည်။
၎။ ၎င်းအပြင် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေပါသည်ဆိုသော အစိုးရတစ်ရပ်အနေဖြင့် အတိတ်က စစ်အာဏာရှင် အစိုးရများ လုပ်ဆောင်ခဲ့သလို နောက်ကြောင်းပြန် လုပ်ဆောင်ချက်သဘောမျိုး သက်ရောက်နေဟု ထင်မြင်သည်။
၅။ သို့ပါ၍ အထက်မြန်မာပြည် သံဃာတော်များမှ အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ် တောင်းဆိုလိုက်သည်။
(က) လက်ပံတောင်းတောင်တွင် သံဃာတော်များနှင့် ပြည်သူများအပေါ် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်းစွာ အကြမ်းဖက်နှိမ်နှင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကို အပြင်းအထန် ရှုတ်ချသည်။
(ခ) ယခုအဖြစ်အပျက်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ သံဃာတော်များအား တရားဝင် ၀န်ချတောင်းပန်ရမည်။
(ဂ) အကြမ်းဖက်ဖြိုခွင်းမှုခဲ့မှုနှင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တာဝန်အရှိဆုံးဖြစ်သော ပြည်ထောင်စုအစိုးရမှသံဃာတော်များနှင့်ပြည်သူများ ကျေနပ် လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူ ဖြေရှင်းပေးရမည်။
(ဃ) အကြမ်းဖက်ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိကြသော သံဃာတော်များနှင့်ပြည်သူများကို ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစ်စုံတစ်ရာနစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက်ပေးရမည်။
(င) ဖမ်းဆီးခံထားရသော သံဃာတော်များကို အမြန်ဆုံးပြန်လွှတ်ပေးရမည်။
အထက်မြန်မာပြည် သံဃာတော်များ
၃၀.၁၁.၂၀၁၂
1 သီတဂူဆရာတော်ဒေါက်တာ ရှင်ဥာဏိသရ ထိခိုက်ဒဏ်ရာရသံဃာတော်များအားကြည့်ရှုအားပေး
သီတဂူဆရာတော်ကြီးမှ မုံရွာပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးအား ထိခိုက် ဒဏ်ရာရကြသော ရဟန်းရှင်လူပြည်သူများကိုအထူးဂရုစိုက်ရန် နှင့် ငွေကြေး နှင့် ဆေးဝါးများလိုအပ်ချက်တွေရှိပါကပွင့်ပွင့်လင်းလင်းပြောရန် မိန့် ကြားနေစဉ်ပုံ။
ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း.7days news
မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။(ဗုဒ္ဓ)
မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။
The fool thinks it is sweet like honey, while the evil he has done is not yet matured. But when the bad he has done is matured, then the fool suffers misery.
"ဆရာတော် ကြီးက ဒဏ်ရာရတဲ့  သံဃာတော်တွေကို အားပေးစကားပြောသွားတယ်။လိုရင်းတိုရှင်း ပါဠိ စကားပြောသွားတယ်။အဲဒါက မှတ်သားစရာကောင်းတယ်။
လူမိုက်တို့ဟာ ကံအရှိန်ရှိနေသေးသ၍ ပျားသကာလို ချိုမြိန်နေတုန်းပါပဲလို့ အဓိပ္မာယ် ရတဲ့  ပါဠိစကားပါပဲ။ သံဃာတော်တွေရဲ့ဒဏ်ရာတွေကို ကြည့်ရှုပြီးတော့  ယမမင်းပေးတဲ့  ရေနဲ့ ပက်ဖျန်းခံခဲ့ရတာလို့  မိန့်ကြားခဲ့ပါတယ်။"
3 နောင်လာမည့် မျိုးဆက်သစ်များအတွက် တို့တတွေပေးဆပ်ရမယ်

ဘဝဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာ သေကြရမည် မဟုတ်ပါလား။
ဒီယုတ်မာဆိုသွမ်းတဲ့ အာဏာရှင်တွေက ဦးဇင်းတို့ကို ဒီလိုလုပ်လိုက်တယ် အခုတော့ ဦးဇင်း ဘဝမျက်လုံးကန်းလေပြီ၊ တော်သေးတာပေါ့ မျက်လုံးတစ်ဖက်က မိခင် ဆွေမျိုး ဆရာသမားကို မြင်ခွင့်ရှိလို့၊ ရွာကလူတွေက ငါဒီလို မျက်ကန်းဖြစ်သွားတယ်ဆိုတာ ခုချိန်ထိ မသိကြသေးပါဘူး။ သာသနာ့အတွက် သာသနာ့ဝန်ကိုထမ်းမယ်ဆိုပြီး ရဟန်းဝတ်ခဲ့တယ်။
ကံမကောင်းအကြောင်းမသင့်လေတော့ ဦးဇင်းမွေးဖွားတဲ့တိုင်းပြည်မှာ အာဏာရှင်တွေကြီးစိုးတယ်။ မရှိဆင်းရဲသားတွေကို နှိပ်ကွပ်တယ်၊ မရှိဆင်းရဲသားတွေရဲ့ ဆွမ်းကို ဦးဇင်းတို့က စားမိတော့ ဘာသာရေးကိုကျောခိုင်းကာ မရှိဆင်းရဲသားတွေဘက်က ရပ်တည်ပေးခဲ့တယ်။
ဒါပေမယ့် ဦးဇင်းတို့မှာ လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင်မပါပါဘူး။ပထမရည်ရွယ်ချက်က တိပိဋကစာပေတွေကို သင်ယူပြီး မျက်လုံးအကန်းခံမည်။ဘာသာရေးမှာ ဘဝကို မြှပ်နှံမည်၊ အခုတော့ တိပိဋက စာပေတွေကောင်းကောင်းမတက်ခင်မှာ မျက်လုံးတစ်ဖက် ကန်းရလေပြီ၊ ဒီလို အများအကျိုးဆောင်ရွက်ရင် ဒီလိုအနှိပ်စက်ခံရသလား၊ဒါမှ မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းတွေ
0 သံဃာတွေ အကြမ်းဖက်ခံရမှုကြောင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးကပ်လှူတဲ့ ဆွမ်းကို ငြင်းပယ်ခဲ့ကြ (ရုပ်/သံ)
DVB
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးမှ မုံရွာမြို့ ဇောတိကကျောင်း တိုက်ရှိ သံဃာတော်များအား ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ တွင် နေ့ဆွမ်း ကပ်လှူခဲ့ရာတွင် ကျောင်းတိုက် သံဃာတော်များက လက်ခံခဲ့ခြင်း မရှိကြောင်း အဆို
"ဦးသာအေးက နေ့ဆွမ်းလာကပ်တာကို ငြင်းဆန်လိုက်တာ မှန်ပါတယ်။ ဒါက ဒီကျောင်းတိုက်မှာရှိတဲ့ သဘောထားဆန္ဒပါ အဓိကကတော့ လက်ရှိဖြစ်နေတဲ့ လက်ပံတောင်းတောင်အရေးမှာ သူ့ဟာတာဝန်အရှိဆုံး လို့ယူဆတဲ့အတွက်ပါ''ဟု ဆရာတော် ဦးပညာသာမိက မိန့်ကြားသည်။
ဆရာတော် ဦးပညာသာမိက ဆက်လက်မိန့်ကြားရာတွင် ''နောက်ပြီး တကယ်ကြည်ညိုတဲ့ သဘောမဆောင်ဘဲ ပြယုဂ်သက်သက်လို့လဲ မြင်လို့ပါ။ ဦးဇင်းတို့ ဆေးရုံကိုသွားတော့ သံဃာတွေ အနာတရ ဖြစ်နေတာ ကြည့်ရတာ တကယ်စိတ်မကောင်းစရာပဲ " ဟု မိန့်သည်။
အဆိုပါဆွမ်းကပ်လှူခြင်းသည် ယမန်နှစ်မှ စာအောင်သံဃာများ အတွက် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲဖြစ်ပြီး ယင်းအစီအစဉ် ကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ဦးသာအေးမှလည်း နှစ်စဉ်နီးပါး ဆွမ်းဆက်ကပ်လေ့ရှိကြောင်း သိရသည်။
ယင်းနေ့၏ နေ့ဆွမ်းဆက်ကပ်မှု ကို ကျောင်းတိုက်မှ တာဝန်ယူ ကာဘုံဆွမ်းဆက်ကပ်ခြင်းဖြစ်သာ ဆောင်ရွက်ခဲ့ကြောင်း ယင်းကျောင်းတိုက်မှ တာဝန်ရှိဆရာတော်ဂါရ၀ ကမိန့်ကြားခဲ့သည်။
"ဦးသာအေးက နှစ်တိုင်းနီးပါးကပ်တယ် ဒီနှစ်တော့ အောက်ငယ်သား သံဃာတွေ ရဲ့ သဘောထားဆန္ဒအတိုင်း ဆရာတော်ကြီးက ငြင်းလိုက်တယ် " ဟု ဦးပညာသာမိက ထပ်မံမိန့်ကြားသည်။
လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်ပွဲတွင် မုံရွာမြို့ ဇောတိက ကျောင်းတိုက် မှ ထိခိုက်ဒဏ်ရာရသည့် သံဃာတော် ၃၂ ပါးရှိပြီး ၁၆ ပါးမှာ မုံရွာမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ကုသမှု ခံယူနေကြောင်း သိရသည်။
0 မုံရွာသပိတ်စခန်းအင်အားသုံးဖြိုခွဲမှုနှင့်ပတ်သက်ပြီးမန္တလေးတိုင်းဒေသကြီးရှိရဟန်းများနှင့်ဗကသအဖွဲ့ဝင်၂၅၀ကျော် ဆန္ဒထုတ်ဖော်လျက်ရှိ
မန္တလေးတိုင်းဒေသကြီးရှိရဟန်းများနှင့်ဗကသအဖွဲ့ဝင်၂၅၀ကျော် မှ ချမ်းအေးသာစံမြို့နယ်အိမ်တော်ရာဘုရားရင်ပြင်တော်တွင် မုံရွာသပိတ်စခန်းအင်အားသုံးဖြိုခွဲမှုနှင့်ပတ်သက်ပြီးဆန္ဒထုတ်ဖော်လျက်ရှိကြောင်းသိရသည်။
Yangon media group
Friday, November 30, 2012
4 လက်ပံတန်းတောင် ကြေးနီးမိုင်း ရပ်တန့် ရေး သပိတ် ဖြိုခွဲ မှု တွင် အဓိက တာဝန် ရှိသူများဒီမေးခွန်းတွေ အရင်ဖြေကြည့်ပေးပါ..
မီးလောင်ဗုံး သုံး၊ မသုံး အထိ မငြင်းသေးဘူးထားဦး။ အဲဒီ စကားတွေထဲမှာပဲ အင်အားသုံး နှိမ်နှင်းတယ်ဆိုတာကို ဝန်ခံထားတယ်။ ဒီတော့ ပြောစရာရှိလာတယ်။
၁။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူဟာတွေထဲမှာ ... မနက် အာရုဏ်လင်းချိန် လူသူ အိပ်ကောင်းတုန်း ကာလမှာ အိပ်နေတဲ့ ဆန္ဒပြသူတွေကို ဝင်ရောက် တိုက်ခိုက်ရမယ်လို့ ပါလား။
၂။ နိုင်ငံတကာ အထိကရုန်း နှိမ်နှင်းရေး ဗျူဟာမှာ ... လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒပြသူတွေကို ... ဗုံးတွေသုံးပြီး ဖြိုခွဲရမယ်လို့ ပါလား။
၃။ နိုင်ငံတကာ အထိကရုဏ်း နှိမ်နှင်းရေး နည်းဗျူးဟာ ဆိုကတည်းက စကားလုံးထဲမှာ "အထိကရုဏ်း နှိမ်နှင်းရေး" ဆိုတာ တိတိကျကျ ပါနေပြီ။ ခင်ဗျားတို့ ဝင်ပြီး အကြမ်းဖက် တိုက်ခိုက်တဲ့ အချိန်မှာ အထိကရုဏ်းတွေ ဖြစ်နေလို့လား။ ဆန္ဒပြနေသူတွေက ဘယ်အချိန်တုန်းက အထိကရုဏ်း ဖြစ်အောင် လုပ်ခဲ့ပါသလဲ။
၎။ ဥပဒေအရ ဖယ်ရှားရမယ် အရေးယူရမယ်ဆိုတိုင်း ... ခင်ဗျားတို့ကို ဥပဒေက ပြည်သူတွေအပေါ် အကြမ်းဖက်ခွင့် အခွင့်အရေး ပေးထားပြီးပြီလား။ ခင်ဗျားတို့က လက်နက်ရှိတိုင်း .. အလက်နက်မဲ့တွေကို ဥပဒေအရ ဆိုတဲ့ စကား တစ်လုံးလောက် သုံးပြီး လူတွေအပေါ် လုပ်ချင်တိုင်း လုပ်ခွင့်ရှိလား။ ဥပဒေအရ ဆန္ဒပြသူတွေကို ဖယ်ခိုင်းမယ်ဆိုရင်တောင် ...အခုလို ဗုံးတွေ သုံးစရာ လိုသလား။ အထိကရုဏ်း နှိမ်နှင်းရေး တပ်တွေ လိုအပ်လို့လား။ အခြားနည်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးလား။
ဒီမေးခွန်းတွေ အရင်ဖြေကြည့်ပါဦး။
ကိုထိုက်
0 လက်ပံတောင်းတောင်ကြေးနီသပိတ်မှာ၊ဒီလိုဗုံးအမျိုးအစားတွေသုံးတာလား?(ရုပ်/သံ)
ဗီယက်နမ်စစ်ပွဲက မီးစုန်းဗုံး Incendiary Bomb ဒဏ်ရာရ ခလေးငယ်..
1 ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)၏ မိန့်ကြားချက်
စောင့်ရှောက်နေတဲ့ သံဃာတွေကို ရန်သူစခန်းတခုကို ဖြိုခွင်းသလို အဲဒီလို မီးလောင်ဗုံးတွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ ပစ်ခတ်ပြီးတော့ အဲလိုလုပ်တော့ သံဃာတွေ အကုန်လုံးက ဒုက္ခသုက္ခတွေ ဖြစ်ကုန်တယ်။ ငြိမ်းချမ်းရေးအတွက်လာပြီး စောင့်ရှောက်နေတဲ့ သံဃာတွေကို ဒီလို ဖြိုခွင်းတာနဲ့ ပတ်သက်ပြီးတော့ ဦးဇင်းတို့ မန္တလေး သံဃာထုတင်မကဘူး။ မြန်မာတနိုင်ငံလုံးရှိတဲ့ သံဃာထုကလည်း ၀ိုင်းဝန်းရှုံ့ချပြီးတော့ ထိရောက်တဲ့ တုံ့ပြန်မှုတွေနဲ့ တုံ့ပြန်သွားဖို့ ဦးဇင်းတို့ စီစဉ်နေပါတယ်။ ဒီလက်ချက်က ဘယ်သူလက်ချက်လဲဆိုတာ ဦးဇင်းတို့ စောင့်ကြည့်နေပါတယ်။ အဖြေအတိအကျ သိပြီဆိုရင် ဦးဇင်းတို့ ထိထိရောက်ရောက် တုံြ့ပန်သွားမယ်။ ဦးဇင်းတို့ ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။"
ဦးဝီရသူ (မစိုးရိမ် တိုက်သစ်ဆရာတော်)
0 မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကန့်ကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ။
ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်း လူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့ လည်း မရဘူး။ အဖွဲ့အစည်းတစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်း လုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံး ပါဝင်မှ ကျွန်မတို့ နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အခါမှာ ပြည်သူတွေ အကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည်ဖျားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး။
နောက်ပြီးတော့ တစ်ခဏနာ ပေါ်ပြူလာ ဖြစ်ချင်လို့ လုပ်တဲ့ နိုင်ငံရေးမျိုးလည်း ကျွန်မ မလုပ်ဘူး။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်အကျိုးကို ကြည့်ပြီးတော့ ကျွန်မ လုပ်သွားမှာ။ ကျွန်မတို့ နိုင်ငံရဲ့ ရေရှည်
0 ကြယ်စုများပျောက်ဆုံးခြင်းနှင့်မွေးဖွားခြင်း
အာဇာနည်တွေလဲထွက်တယ်။
ကြည့်လိုက်ကြ
တန်ဆောင်မုန်းလကပြည့်ပြီး
ကမ္ဘာကြီးကို အလင်းပေးထားပေမယ့်
ငရို့ ဆီကအမှောင်ကို ထွန်းညှိပေးခဲ့တာ
လက်ပန်တောင်းတောင်မှာလောင်သွားတ
သံဃာ့အာဇာနည်တွေရဲ့အရေပြားတွေပဲ
သူတို့မှာ
သဝဏ်လွှာမလို
လက်ခုပ်သံမလို
ပန်းစည်းမလို
စင်မြင့်မလို
ဆုတံဆိပ်တွေမလိုဘူး။
အို -- ဖုံးထားတာတွေဖွင့်ကြည့်လိုက်
အသွင်ကူးပြောင်းရေးမှာ တကယ်ကူးပြောင်းသွားတဲ့အသွင်တွေက
တချိန်တုန်းက လင်းလက်ဖူးတဲ့ကြယ်တွေသာ။
(လင်းနွေးအိမ်) နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂။
0 လက်ပံတောင်းတောင်အရေးဆန္ဒထုတ်ဖော်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဗကသမှတွဲဘက်အတွင်းရေးမှူး ကိုမင်းသွေးသစ်နှင့်တွေ့ဆုံခြင်း
လက်ပံတောင်းတောင်အရေးနှင့် ဖမ်းဆီးအကျဉ်းသားလွှတ်ပေးရေးအတွက် ရန်ကုန်မြို့၊ပန်းဆိုးတန်းလမ်းမကြီး အ
တွင်း အင်္ဂါနေ့က ဆန္ဒထုတ်ဖော်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ဗဟိုကျောင်းသားသမဂ္ဂမှ တွဲဘက် အတွင်းရေးမှူး ကိုမင်းသွေးသစ်နှင့် တွေ့ဆုံမေးမြန်းမှုများအားတင်ပြပါသည်။
“အစိုးရတစ်ရပ်ကဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံကဖြစ်ဖြစ် စီမံကိန်းတွေလုပ်တယ်ဆိုတာက နိုင်ငံဖွံဖြိုးရေးအတွက်လုပ် တာ၊ပြည်သူဖွံဖြိုးရေးအတွက်လုပ်တာ၊ဒီစီမံကိန်းက ပြည်သူ့အကျိုးစီးပွားကြောင့်လုပ်တဲ့ စီမံကိန်းမှန်ရင် ပြည်သူတွေ အကျိုးစီးပွားဆုတ်ယုတ်နေတယ်၊ပြည်သူ့အကျိုးစီးပွားထိခိုက်ပျက်ပြားနေတယ်ဆိုရင် ရပ်ကိုရပ် ပေးရမယ်။ဝန်ကြီးတွေပြောနေကြတဲ့ တရုတ်ကိုကြောက်ရလို့မရဘူးဆိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာကိုထိပြားလွန်းရာ ကြနေတယ်၊ဒါ မဖြစ်သင့်တဲ့ကိစ္စပါ၊နောက်တစ်ချက်က အစိုးရ ၀န်ကြီး တစ်ယောက်အနေနဲ့ လုံးဝကိုမပြောသင့်တဲ့ကိစ္စပါကျနော်တို့က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တယ်၊ ကိုယ့်အချုပ်အခြာအာဏာနဲ့ ကိုယ့်အခြေခံဥပဒေနဲ့အုပ်ချုပ်တာ ဆိုရင် ဘယ်နိုင်ငံမှ ဂရုစိုက်စရာမဟုတ်ဘူး၊ ကျွန်တော်တို့ ပြည်သူတွေရဲ့မျက်နှာဘဲကြည့်ရမယ်၊ဘယ်နိုင်ငံရဲ့မျက်နှာမှ ကြည့်စရာမလိုဘူး” ဟု ၄င်းက ပြောကြားခဲ့သည်။
ထို့အပြင် “ဒေါ်အောင်ဆန်းစုကြည်ကို လက်ပံတောင်းတောင်စီမံကိန်း သွားကြည့်စေချင်တယ်ဆိုတာက သူဆီ မှာ နဂိုစီစဉ်ထားတဲ့ အကြောင်းအရာရှိချင်ရှိလိမ့်မယ်၊သူ့စိတ်ထဲမှာလဲ တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ရှိချင်ရှိလိမ့် မယ်၊ဒါပေမယ့် သွားကြည့်စေချင်တာက ဒီဒေသမှာပြောင်းရွှေ့ခံရတဲ့ ၂၆ ရွာကပြည်သူတွေ ဘာဖြစ်နေလဲဆို တာမြင်စေချင်တယ်၊အဲတော့ ကျွန်တော်တို့ ဘာလုပ်တယ်ဆိုတာသူနားလည်သွားလိမ့်မယ်၊သွားစေချင်တာက ပြည်သူ့ဘ၀ကို သူမြင်စေချင်လို့ပါ။ သူများအပြောနဲ့မီဒီယာမှာ တင်ထားတာလောက်နဲ့ သူ့စိတ်ခံစားချက်က အဲလောက်ထိမပြောင်းသွားနိုင်ဘူး၊ ကျွန်တော်တို့ မျှော်လင့်တာက သူကလုပ်ပေးနိုင်မယ်၊ သူလုပ်ပေးမယ် လို့ မျှော်လင့်တာမဟုတ်ဘူး၊သူပြည်သူရဲ့ဒုက္ခပြည်သူတွေရဲ့ ဆန္ဒကိုနားလည်သွားပါစေဆိုတဲ့ မျှော်လင့်ချက်ပဲရှိ တယ်” ဟု ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင် သွားရောက်ခြင်းအပေါ် ၄င်းတို့၏မျှော်လင့်ချက် အားထပ်မံ ပြောကြားသည်။
မြန်မာ့ခေတ်
0 မြန်မာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ တန်ဆောင်မုန်း လပြည့်နေ့ညတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းလိုက်ခြင်းကို ကန့်ကွက်ကြောင်းနှင့် လက်သင့်မခံနိုင်ကြောင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ တုန့်ပြန်
"အခုဟာကတော့ ကျွန်တော်တို့ လက်မခံနိုင်တဲ့ နည်းပေါ့ဗျာ။
တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်တွင်းညီညွတ်ရေးနဲ့ အန္တာရယ်တွေနဲ့
ပတ်သက်လို့ တိုက်ခိုက်မှုတွေ ပဋိပက္ခတွေနဲ့ ပတ်သက်လို ညှိနှိုင်းဖြေရှင်းနေတဲ့
အချိန်မှာ အခုလို ငြိမ်း ချမ်းစွာ ဆန္ဒပြပြီး တောင်းဆိုနေတဲ့ဟာတွေကို
ဖြိုခွင်းတယ်ဆိုတာ ကျွန်တော်တို့ လုံးဝလက်မခံတဲ့ နည်းပေါ့ဗျာ။ အထူး
သဖြင့်ကတော့ မကျေနပ်သူတစ်စုကနေ ဆန္ဒပြသူတွေကို ဖြိုခွင်းတယ်လို့ ပြောလို့
မရဘူးဗျ။ သီးခြားအဖွဲ့အစည်းသာ မကဘူး။ လူပေါင်းများစွာ၊ သံဃာတွေရော၊
ကျောင်းသားတွေပါ ပြည်သူတွေရော အားလုံးပါပြီးတော့ ပြည်သူ့ ညီလာခံဆို တဲ့
အဆင့်ထိ လုပ်နိုင်ခဲ့တဲ့ လှုပ်ရှားမှု၊ ဒီလှုပ်ရှားမှုရဲ့ နောက်ဆုံးအဆင့်
သပိတ်စခန်းကဖြစ်လာပြီးတော့ ဒီသပိတ်စခန်းကို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ
လုံးဝ ကျွန်တော်တို့ လက်မခံနိုင်တဲ့ ကိစ္စပါ။ မှားယွင်းတယ်လို့ ထင်တယ်။
ဒါတွေအတွက် လည်း ဖြေရှင်းရန် အမြန်ဆုံးလိုအပ်တယ်လို့ ထင်တယ်။
ဖြိုခွင်းတာကတော့ ကြမ်းတယ်။ တော်တော်ကြမ်းတယ်တောင် ထင်တယ်ပေါ့ဗျာ။
ဘာဖြစ်လို့လဲဆိုတော့ သာမန်အားဖြင့်ဆိုရင် မြို့ပေါ်မှာလောက် ဆိုရင်ကို
မျက်ရည်ယိုဗုံး သုံးတယ်ဆို တာတောင် အလွန်အကျွံပဲလေ။ အခုဟာက
မီးလောင်ဗုံးတို့၊ မီးလောင်ဗုံး သုံးတယ် ဆိုတာကလည်း ငြင်းလို့မရဘူး။ ဆရာ
တော် သံဃာတော် တော်တော်များများက မီးလောင်ဒဏ်ရာတွေ ရပြီးတော့ ဆရာတော်
တစ်ပါး ဆိုရင် မန္တလေးဆေးရုံ တောင် ရောက်နေပြီ ဆိုတော့ တော်တော်လေး
ထင်ရှားတဲ့ ကိစ္စပေါ့။ ကျွန်တော်တို့က ဘာစိုးရိမ်လဲဆိုတော့ ဒီလိုသာ
အကြမ်းဖက်ရင် ပြည်သူတွေ အကုန်လုံးက ဆန္ဒပြတဲ့သူတွေဘက်က ပါလာမယ်။
စနစ်နဲ့လူနဲ့ နားလည်ဖို့ ကောင်းတယ်။ ခံစားချက်တွေကို နားလည်ဖို့ ကောင်းတယ်။
ဘာဖြစ်လို့ နားလည်ဖို့ ကောင်းလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီနယ်မြေကို
လာပြီးတော့ ပြည်သူတွေနဲ့ တွေ့မယ်ဆိုပြီးတော့ လုပ်နေတယ်ဆိုကတည်းက
ကြိုတင်ပြီး အားဖြင့်လည်း ဖြေရှင်း မယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ဒီလို
အကြမ်းဖက်မှုတွေ လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ ပြည်သူလူထု ပါဝင်လာပြီးတော့
ဒုတိယ မြစ်ဆုံလို ဖြစ်လာလိမ့်မယ်လို့ မှန်းပါတယ်” (ဟံသာဝတီ ဦးဝင်းတင်)
"ဒီလို ဖြေရှင်းတယ်ဆိုကတော့ လက်မခံနိုင်ဘူးလေ။ ဖြစ်သင့်တာကတော့ နှစ်ဖက်
ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးပြီး ဖြေရှင်းတာတော့ ဖြစ်သင့်တယ်လေ။
တကယ်တန်းက ဒီစီမံကိန်းကို ခဏရပ်ပြီးတော့ သေချာပြန်ပြီးတော့ ဘက်ပေါင်းစုံ
Assessment ပြန်လုပ်ရမယ်။ Assessment လုပ်ပြီးတော့မှ အဲဒီက ထွက်လာတဲ့
Report အပေါ် မူတည်ပြီးတော့ သက် ဆိုင်ရာ လူတွေက ငြှိနှိုင်းရမယ်။ ဒေသခံတွေ
ရှိမယ်။ ကုမ္ပဏီရှိမယ်။ နောက် မြန်မာဘက်က ပါတနာရှိမယ်။ အားလုံးငြှိနှိုင်း
ပြီးတော့ ဒီ Report ထဲက ဖော်ပြတဲ့အတိုင်း လုပ်နိုင် မလုပ်နိုင်
ငြှိနှိုင်းပြီးတော့ အဲလိုမျိုး ဆက်သင့်တယ်လို့ ထင်တယ်။ အဲ လို
ဖြေရှင်းနည်းကပဲ သဘာဝကျမယ်။ အခုလို အကြမ်းသုံးပြီး ဖြေရှင်းလိုက်လို့
ဒီပြဿနာက ပြီးသွားမှာမှ မဟုတ်တာ။ မပြီးတဲ့ အပြင်ကို ပြေပြေလည်လည်
ဖြေရှင်းနိုင်မယ့် အနေအထားကို ပိုပြီးတော့ ရှုပ်ထွေးသွားစေမယ်လေ။ ယေဘုယျအား
ဖြင့် အဲလိုအမှန်တကယ်လုပ်တယ်ဆိုတာကတော့ မဖြစ်သင့်ဘူး။ လုပ်ထုံးလုပ် နည်းအရ
လည်း ဒါ မှားယွင်းတယ်လို့ ပြောရ မယ့် အနေထားရှိတယ်လေ။ ကျွန်တော့်အမြင်ကတော့
EIA Report က အရေးကြီးတယ်။ Investigation ဆိုတဲ့ နေရာမှာ အစိုးရက
ဦးဆောင်တဲ့ Investigation တစ်ခုတည်းကို တည်မှီလို့ မရဘူး။ လွတ်လပ်တဲ့
Investigation Report တစ်ခု အပေါ်မှာ မူတည်ပြီးတော့ စဉ်းစားတာက ပိုပြီး
သဘာဝကျတယ်။ အဲဒီ Investigation ထဲမှာ နစ်နာတဲ့ သူတွေဘက်က ဘယ်လို
ရပိုင်ခွင့်တွေ ရှိမယ်။ ဒါတွေပါ အသေးစိတ် ဖော်ပြပြီးတော့ အဲတာတွေကို
ဒေသခံတွေ၊ ကုမ္ပဏီ ရော၊ သက်ဆိုင် ရာ မြန်မာဘက်က ပါတနာတွေရော အားလုံးက
သဘောတူညီကြောင်း လက်မှတ်ထိုးထားရမယ်။ အဲဒီသဘောတူညီချက် အတိုင်း လုပ်ရမယ်။
ဒါပေမဲ့ အဲတာကို အားလုံးက သဘောတူရမယ်။ သဘောတူအောင်လည်း
ငြှိနှိုင်းဖြေရှင်းတဲ့ နည်းကိုပဲ သုံးပြီးတော့ ရောက်အောင် သွားရမယ်။
အဲလိုမဟုတ်ဘဲနဲ့ အင်အားသုံးပြီးတော့ ဖြေရှင်းမယ်ဆိုရင် လက်ရှိ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုကို သွားနေတဲ့
လမ်းကြောင်းမှာလည်းပဲ ဒါက unconscious ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံရဲ့
ဖြစ်ပေါ်ပြောင်းလဲ မှုတွေကို နိုင်ငံတကာက သတ်မှတ်တဲ့ အဆင့်အတန်းကလည်း
အများကြီး နိမ့်ကျသွားနိုင်တယ်။ နိုင်ငံ တကာရဲ့ ယုံကြည်မှု လည်း
ကျဆင်းသွားနိုင်တယ်။ အဲဒီထက် ပိုဆိုးတာက ပြည်တွင်းမှာရှိတဲ့ မြန်မာပြည်သူ
လူထုရဲ့ ပြုပြင်ပြောင်းလဲမှု အပေါ် မှာ ယုံကြည်မှု ကျဆင်းလာလို့ရှိရင် အဲဒီရဲ့
သက်ရောက်မှုက အစိုးရ အပေါ်မှာရော၊ ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်နေတဲ့
အဖွဲ့အစည်းတွေ အပေါ်မှာရော ပြည်သူလူထုရဲ့ ယုံကြည်မှုက ကျဆင်းသွားနိုင်တယ်။
ဒီလို အင်အားသုံးတဲ့ နည်းနဲ့ ဖြေ ရှင်းတာက တစ်ဖက်က
ဒေါ်အောင်ဆန်းစုကြည်ကိုရော အကြပ်တွေ့စေမယ့် အနေအထားကို တွန်းပို့လိုက်တဲ့
သဘောရှိ တယ်။ ဒေါ်အောင်ဆန်းစုကြည်က စေ့စပ်ငြှိနှိုင်းဖြေရှင်းတဲ့ဘက်ကို
သွားနေတဲ့ အချိန်မှာ
0 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွင်းသည့်အပေါ် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ပြောဆိုချက်
အဲဒီစုံစမ်းဖော်ထုတ် ဖို့ဆိုတာလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် အမြန်ဆုံးဖွဲ့ရပါလိမ့်မယ်။ အဲဒီကော်မရှင်ကလည်း လွတ်လပ်တဲ့ ကော်မရှင် ဖြစ်ရပါလိမ့်မယ်။ အဲဒီလို မြန်မြန်ဆန်ဆန်နဲ့ပွင့်ပွင့်လင်းလင်းမဖြေရှင်းဘူးဆိုရင် နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေအတွက် အင်မတန် စိတ်ပူစရာလည်း ကောင်းပါတယ်။
ကျွန်တော်တို့ နောက်ကြောင်းပြန်မလှည့်ရအောင် အားလုံးဝိုင်းပြီး သတိထား နေတဲ့အချိန်မှာ မဖြစ်သင့်တဲ့
0 ဦးသိန်းစိန်အစိုးရက လက်ပံတောင်းတောင်ဆန္ဒပြဖြိုခွဲမှုမှာ သုံးတဲ့ ဖော့စဖိတ် ပါဝင်တဲ့ လက်ပစ်ဗုံး phosphorus genrade ဆိုတာ ??
မြန်မာမြေပေါ်မှာသာ အထူးအဆန်း အနေနဲ့ ဖြစ်နေပေမဲ့ တကယ်တော့ ဒီလက်နက်မျိုးဟာ ပါလက်စတိုင်းဒေသမှာ အစ္စရေးတပ်များက အသုံးပြုနေကြ သာမန်ရိုးကျ လက်နက် တခုတောင်ဖြစ်နေပါပြီ။အမေရိကန်တပ်များကော၊ အစ္စရေးတပ်များပါ လက်ရှိဆင်နွှဲနေကြစစ်ပွဲမျိုးမှာ လူမသိ သူမသိကော ပြောင်ပြောင်တင်းတင်းပါ အသုံးပြုနေကြတာမျိုးပါ။ လတ်တလော အနေအထားကြည့်ပြီး အသေအပျောက် စာရင်းမများလှလို့ သိပ်မပြင်းထန်ဘူးလို့ ထင်ရပေမဲ့လဲ နောက်ပိုင်း နာတာရှည် ရောဂါများရရှိပြီး လူညွန့်ပါတုံးစေနိုင်တဲ့အတွက် အဓိပ္ပါယ်ရှိရှိ ရက်စက်နိုင်တဲ့လက်နက်တမျိုးပါပဲ။
သို့ပေမဲ့လဲ ဒီလိုနိုင်ငံကြီးတွေတောင်မှ စစ်ပွဲတွေမှာပဲ သုံးကြပြီး ဒီလို သာမန် ဆန္ဒပြ ပြည်သူတွေကို ဘယ်တုန်းကမှ မသုံးခဲ့ပါ။ သုံးခွင့်လဲမရှိပါ။
ဆရာထက် တပည့်လက်ဇောင်းထက်ဆိုသလို ကျောင်းသားတွေကို ရီကွိုင်ဂန်းနဲ့ပစ်ဖမ်းခဲ့တဲ့ ဗိုလ်နေဝင်းထက် လက်ရှိ ဦးသိန်းစိန်ဒီမိုကရေစီ အစိုးရက အပုံကြီးသာသွားပါပြီ။ ကောင်းပြီ၊ ကချင်စစ်ပွဲတွေကို မရပ်နိုင်ဘူး။ စစ်တပ်ကို စွပ်ဖက်လို့မရပါဘူးလို့ ငြင်းဆန်လို့ ရကောင်းရနိုင်ပေမဲ့ ဒီလို ပြည်တွင်းကဆန္ဒပြပွဲ တွေကိုတော့ သမ္မတကြီး တာဝန်မရှိပါဘူးလို့ ကိုယ်လွတ်ရုန်းလို့ မရလောက်ပါဘူးနော်။ မျက်ရည်ယို ဗုံးလောက်ပါဆိုပြီး ဗြောင်လိမ်ဖို့လဲ မကြိုးစားပါနဲ့တော့။ မျက်ရည်ယိုဗုံး ရဲ့ အရသာကို ကျွန်တော် အပါအဝင် ပြည်သူများ၊ သံဃာတော်အများအပြား ကပါ ၂၀၀၇ ရွှေဝါရောင်မှာတုန်း က ကောင်းကောင်းကြီးမြည်းစမ်းဖူး ခဲ့ပြီးပါပြီ။ မျက်ရည်ယိုဗုံးနဲ့ မီးလောင်ဗုံးဟာ အတော်ကွာခြားမှန်း ကာယကံရှင် များရဲ့ သေရာပါ ဒဏ်ရာ များက သက်သေခံသွားပါပြီ။
လက်ရှိ ဖေ့ဘုတ်ပေါ်ရထားတဲ့ ဗုံးရဲ့ ဓာတ်ပုံနဲ့ မူရင်း မီးလောင်ဗုံး အစစ်ပုံကို ယှဉ်တွဲပြသထားလိုက်ပါတယ်။ အဆင့်ဆင့် ရှယ်နေကြတာက ယူလာတာဖြစ်ပြီး မူရင်း ဓာတ်ပုံဆရာကို မသိရှိနိုင်တဲ့အတွက် ခရက်ဒစ်မပေးနိုင်တာတော့ ခွင့်လွှတ်ပါခင်မျာ။ ဝါးလုံးရှည် အတီး Facebook
Thursday, November 29, 2012
0 လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းမှာ ဖမ်းဆီးခံခဲ့ရတဲ့ သံဃာ ၇ ပါးအနက် ပြန်လွတ်လာတဲ့ဆရာတော် ဦးသုကိုနဲ့ ဆက်သွယ်မေးမြန်းချက်
0 မုံရွာကြေးနီတောင် ရောက် ဗိုလ်ကြီးဟောင်းနေမျိုးဇင်၏ ကိုယ်တွေ့ တင်ပြချက် သတင်း
ဝမ်ပေါင် ကြေးနီ စက်ရုံ ၀င်ပေါက်မှ ပုသိမ်မုံရွာလမ်းဆုံ ထိ ကို သံဆူးကြိုးများ ပိတ်ပြီး ရဲလက်နက်ကိုင်များ အပိတ်ဆို့ထားသည်။ ယဉ်ကျေးမှု ကင်းမဲ့သော တုန့်ပြန်ဆက်ဆံတတ်သူ ရဲ တပွင့် နှင့် ကျနော် ပြသနာ တက်သည်။ ပြည်သူ လူထုကို ၇ိုင်းပြစွာ ဆက်ဆံသောကြောင့် ကျနော်က ယဉ်ကျေးစွာပြောဆိုရန် ပြောပြီး ကျနော် ကိုယ်တိုင် တပ်မတော် အရာရှိဟောင်း ဖြစ်ကြောင်း ပြည်သူ့လစာကို စားပြီး ပြည်သူကို ယဉ်ကျေးစွာဆက်ဆံဖို့ လိုကြောင်း ပြောသော အခါ ထို လ ၂၄၇၆၅၉ ဒုရဲအုပ် မျိုးမင်းနိုင် ( တန့်ဆည်စခန်း မုံရွာခရိုင်) က စစ်ဗိုလ်ဟောင်းလည်း ဖင်ခံ လိုက်ကွာ ဟု ဆိုသည် အထိ ရိုင်းစိုင်းစွာ တုန့်ပြန်သည်ကို ၀မ်းနည်းစွာ တွေ့ရှိရသည်။
ရဲတပ်ဖွဲ့ဝင်များ မျက်နှာသည် လွန်စွာမှပင် ၀မ်းနည်းစဖွယ်ကောင်းလောက်အောင် ယဉ်ကျေးမှု ကင်းမဲ့နေသည်ကို တွေ့ရှိရသည်။ ထို ဒုရဲအုပ်မှာ တိုင်းရင်းသား တဦးဖြစ်နေသည်ကို လည်း သတိပြုလိုက်မိသည်။
ရဟန်း သံဃာ လူ ပရိသတ် စုစုပေါင်း ၇၀ ခန့် ထိခိုက် ဒါဏ်ရာ ရခဲ့ပြီး၊ သံဃာတော် တပါး ပျံလွန်တော်မူသွားသည်ဟု တွေ့မြင်လိုက်ရသော ရွာသားများက ပြောပြ သော်လည်း အခြေအနေမှ စစ်မြေပြင် အတွင်း ညဖက် စိနင်း သတ်ဖြတ်တိုက်ခိုက်သကဲ့သို့ အလစ်အငိုက် အမိုက်ထု ကို အကာကွယ်ယူပြီး လက်နက်များ၊ မီးခိုးဗုံးများ၊ မီးလောင်ဗုံးဟု ယူဆ ရသော မီးလောင်စေတတ်သည့် ပေါက်ကွဲမှုများဖြင့် အလစ်အငိုက် တိုက်ခိုက် စီးနင်းခြင်း ဖြစ်ရာ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မရနိုင်ပေ။
ပြောင်းခင်းများ အတွင်း ပုန်းအောင်းနေသေးသော ရွာသားများစွာ တို့ ယခုထက်တိုင် အဆက်သွယ် မရသေး။ ပျောက်ဆုံးနေဆဲဖြစ်သည်။
မိုးကြိုးပစ် ရွာနှင့် ၀မ်ပေါင် ဂိတ်ကြား တွင်လည်း သံဆူးကြိုးတာား လက်နက်ကိုင်များ ပိတ်ဆို့ ထားသောကြောင့် ရွာသား သုံးရာခန့်မှာ ပိတ်မိနေသည်။
ကျနော်တို့ အဖွဲ့ ထိုရွာသားများကို သွားရောက် ခေါ်ယူကာ ပိတ်ဆို့ထားသော ရဲများအား အဘယ်ကြောင့် အများသူငှာလမ်းအား ပိတ်ထားလဲဟု မေးပြီး အတင်းဖြတ်ရန် ကြိုးစားမှ ငါးဦးစီ ဖြတ်သန်းခွင့် ပေးသည်။ ထို လူပေါင်း ၂၀၀ ခန့်ကို ခေါ်ထုတ်လာခဲ့ပြီး ကျန်ရစ်နေသေးသော ရွာသားများကို ဆက်လက် ခေါ်ယူနေဆဲဖြစ်သည်။
မကြာမှီ ယခု ဖြစ်စဉ်များနှင့် မနီးမဝေး ကွင်းပြင်ကျယ် ထဲတွင် ဒေါ်အောင်ဆန်းစုကြည် စကားပြောမည့် စင်မြင့် အနိးတွင် လူပရိတ်သတ် ရာပေါင်းမျာါးစွာ နှင့်အတူ ကျနော်တို့ စောင့်ဆိုင်းနေသည်။
ဓါတ်ပုံပင် တင်မရအောင် ကွန်နက်ရှင်က နှေးကွေးလွန်းသဖြင့် စာ အရင် တင်ပြလိုက်သည် မကြာခင် ပုံများတင်ပြပါမည်။
ကိုနေမျိုးဇင်
4 လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးပြောကြား
နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက် ၃နာရီ ကျော်မှ စ၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား ဖြိုခွင်းရာတွင် ဓါတုလက်နက် ပါဝင်ခြင်းမရှိကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက Eleven Media Group သို့ ပြောကြားခဲ့သည်။
“ကျွန်တော်ပြောနိုင်တာက ဓာတု လက်နက်လုံးဝ မပါဘူး။ ၁။ မီး သတ်ပိုက်သုံးတယ်။ ၂။ မျက်ရည် ယိုဗုံးသုံးတယ်။ ၃။ မီးခိုးဗုံး။ တဲတွေမှာ မီးလောင်တာက မီးခိုးဗုံး (Smoke Bomb) ကြောင့်ပါ။ ဓာတုပစ္စည်းမပါ ပါဘူး။" ဟု ဦးဇော်ဌေးက ပြောကြားပါသည်။
ထို့အပြင် အမှတ်(၂) စစ်လက်နက်ပစ္စည်းစက်ရုံတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖေါ်ပြထားချက်မှာလည်း မတိကျ မခိုင်လုံကြောင်း ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ တပ်မတော်သုံး မှိုင်းကာချတဲ့ဟာ မဟုတ်ဘူး။ နောက် နပမ်းဗုံးတွေလည်း မဟုတ်ဘူး။ " ဟု ဦးဇော်ဌေးက ပြောပါသည်။
ယခုဖြစ်စဉ်တွင် မီးခိုးဗုံးသာ အသုံးပြုခဲ့သည်ဟု ဆိုလျှင် မည်သည့် အတွက်ကြောင့် မီးလောင်ကြွမ်းမှုများ ဖြစ်ပွားရကြောင်း၊ ယခုမီးလောင်သည့် သပိတ်စခန်းများမှာ မိုရေကာဖျဉ်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း Eleven Media Group မှ မေးမြန်းမှုအပေါ် "ကျွန်တော်တို့ ပြည်ထဲရေးကို မေးတော့
0 ကြေးနီစီမံကိန်းမှ သပိတ်စခန်းများအား လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက အင်အားသုံးအကြမ်းဖက်ဝင်ရောက် ဖြိုခွင်းမှုကြောင့် မုံရွာဆေးရုံတွင် တက်ရောက် ကုသနေသော သံဃာတော်များ...
Photo..ကိုဝိုင်ဝိုင်ကေ..The messenger journal ယနေ့မနက်က အင်အားသုံး လူစုခွဲရာတွင် အသုံးပြုခဲ့သောမီးလောင်ဗုံး ကျည်ဆံများတွင် မီးစုန်းခေါ် ဖော့စဖား ထည့်သွင်း အသုံးပြုခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆရသည်။ဖော့စဖားသည် ထိမိသည့်နေရာမှ ပေါက်ကွဲလွင့်စင်၍ နေရာအနှံ့ လောင်ကျွမ်းတတ်ခြင်း၊ ရေနှင့်ထိတွေ့ပါက ဖော့စဖောရက်စ်အက်စစ်ဖြစ်ကာ အဖြူရောင်အက်စစ်ငွေ့များ ထွက်လာပြီး အဝတ် အထည်နှင့် တစ်ကွ အသားအရေကိုပါလောင်ကြွမ်းနိုင်ခြင်း စသောအစွမ်းသတ္တိများရှိသည်။ လက်ရှိတွေ့မြင်ရသည့် ဓာတ်ပုံပါ ဒဏ်ရာများတွင် အစက်အပြောက်များဖြစ်ခါ လောင်ကြွမ်းဒဏ်ရာများ အရေပြားလောင်ကြွမ်းဒဏ်ရာများသည် ဖော့စဖား၏ အာနိသင်ကြောင့်ဟုယူဆနိုင်သည်။
သို့သော် ဖော့စဖားကို ဗုံးသီးများတွင် အထူးသဖြင့် လူစုခွဲရန်နှင့်အထိကရုန်းနှိမ်နင်းရာတွင်အသုံးပြုသော ဗုံးသီးများနှင့် လက်ပစ်ဗုံးများတွင် အသုံးပြုခြင်းမရှိတော့ပေ။ ထို့ကြောင့်မြန်မာ့ရဲတပ်ဖွဲ့ဝင်များ အသုံးပြုခဲ့သည် ဖော့စဖား ဘယ်ကလာသနည်း ဆိုသည့်မေးခွန်းအတွက် သက်ဆိုင်သူများတွင်သာအဖြေရှိမည်ဟုမျှော်လင့်ရသည်။ ထို့အပြင် ထိုမီးလောင်ဗုံးတွင် ဖော့စဖား ကို သုံးထားပါက ဖော့စဖားနှင့် ရေတို့ဓာတ်ပြုရာမှ ထွက်လာသည့်အဖြူရောင် အက်စစ်ငွေ့ သက်ရောက်မှု ခံရသူတိုင်း တစ်ချိန်တွင် အမြင်အာရုံဆုံးရှုံးခြင်း ဒုက္ခနှင့် ရင်ဆိုင်ရဖွယ်ရှိသဖြင့် ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများဖြင့် အထူးဂရုပြုစစ်ဆေးသင့်ကြောင်း အကြံပြုအပ်ပါသည်။
ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေရသူ ဗိုလ်မှုးဟောင်း စိုင်းသိန်းဝင်းက ၄င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားချက်
............................................................... စစ်လက်နက်ပစ္စည်းတွေထဲမှာ မီးသေနတ် Flame Thrower ဆိုတာ ရှိတယ်။ ပေနှစ်ဆယ်လောက်ထိ မီးညွှန့်ပန်းထွက်တဲ့ သေနတ် မျိုးပေါ့။ ဒါပေမယ့် အဲဒီလက်နက် အမျိုးအစားက စစ်မြေပြင်မှာတောင် သာမာန်လက်နက်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ မရတဲ့ (ဥပမာ- ဘန်ကာ၊ ကတုက်ကျင်း ဒါမှမဟုတ် အဆောက်အဦးတွင်းမှာ နေရာယူထားတဲ့) ရန်သူ့တပ်ဖွဲ့ဝင်တွေကို ချေမှုန်းရာမှာသာ အသုံးပြုပိုင်ခွင့်ရှိပြီး ကွင်းပြင်မှာ ချီတက်လာတဲ့ တပ်ဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးပြုပိုင်ခွင့် မရှိဘူး။
လူမဆန်တဲ့ လက်နက်မို့လို့ ဂျီနီဗာကွန်ဗင်းရှင်းအရ တားမြစ်ထားတယ်။ ပစ်မှတ်တွေကို မီးလောင်ပျက်စီးစေတဲ့ နောက်ထပ်ဗုံးတမျိုးက မီးစုံးဗုံး Incendiary rounds တွေပဲ။ Napalm နပမ်းဗုံးလို့လဲ ခေါ်တယ်။
အထဲမှာဓါတုဆေးရည် ဒါမှမဟုတ် အမှုန်တွေထည့်ထားပြီး ပစ်မှတ်ပေါ်မှာ စွဲကပ်နေတဲ့ အဲဒီ ဓါတုပစ္စည်းတွေ မကုန်မချင်း မီးလောင် စေတယ်။ ဘာနဲ့မှ ငြိမ်းလို့ မရဘူး။ တစ်ကိုယ်လုံး မီးစွဲနေတဲ့ ခလေးမလေး လမ်းတလျှောက် ငိုယိုပြေးထွက်လာတာကို သတင်းထောက်တွေ ဗီဒီယိုမှတ်တမ်းတင်လိုက်နိုင်လို့ ဗီယက်နမ်စစ်မှာ ယန်းကီးတွေ ရှုံးပိုင်းပိုင်း လိုက်ရတာလည်း မှတ်မိကြမှာပေါ့။
အခု ဆန္ဒပြသံဃာတော်တွေကို အစိုးရက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ နေရာမှာလည်း မီးလောင်ပြီး ဒဏ်ရာရကြတယ်လို့ သတင်းတွေ ကြားနေရတယ်။ မျက်ရည်ယို ဗုံးဆိုတာက မီးလောင်ဗုံးမှ မဟုတ်ပဲ။ ဆန္ဒပြအရပ်သားတွေကို ထိခိုက်အနာတရမဖြစ်စေပဲနဲ့လူစုခွဲနိုင်ရုံ ရည်ရွယ် တီထွင်ထားတဲ့ မီးခိုးဗုံးအမျိုးအစားသာဖြစ်တယ်။အခု အစိုးရ ရဲတပ်ဖွဲ့ကသာ ဆန္ဒပြလူထုကို မီးလောင်စေတဲ့ လက်နက်နဲ့ တိုက်ခိုက်ခဲ့ကြောင်းမှန်ရင် နိုင်ငံတကာ ရာဇ၀တ်မှုအကြီး ကြီးတစ်ခု ကျူးလွန်လိုက်ပြီလို့ပဲ ပြောရမယ်။
1 “တောင်ပျောက်မခံနိုင်ဘူး၊ မစေ့စပ်နိုင်ဘူး” (အံ့မောင်)
စိမ်းလန်းငြိမ်းချမ်းတဲ့ တောင်လုံးတွေကြားကို မြေထိုးစက်၊ မြေတူးစက်၊မြေသယ်ယာဉ်တွေ ၀င်လာတယ်။ လက်ပံတောင်းတောင်ကြီးရဲ့ အသားကိုလှီးကြ ဖဲ့ကြ ခုတ်ကြ ထစ်ကြ ထိုးကြ ဖောက်ကြ လုပ်ပြီး လက်ပံတောင်း တောင်ရဲ့  အူ အသည်းတွေကို နုတ်ယူကြတယ်။ တောင်ကြီးရဲ့ အသားထဲကိုထွင်းဖောက်၊ မိုင်းမြှုပ်ပြီး ဖောက်ခွဲကြတယ်။ လက်ပံတောင်းတောင်ပေါ်ကမိုင်းခွဲသံဟာ မုံရွာတစ်မြို့ လုံး သိမ့်သိမ့်တုန်တယ်။ မိုင် ဆယ်နဲ့ ရာနဲ့ ချီပြီး အသံဆိုးလှိုင်းကြီး ခုန်သွားတယ်။ မီးခိုးလုံးကြီးတွေ တောင်ပေါ်ကိုဝေ့တက်သွားတယ်။ ငြိမ်းချမ်းတဲ့လက်ပံတောင်းတောင်ကြီးဟာ
0 ၀က်မှေး၊ ၀မ်ပေါင်နဲ့ Documentary ပါဝါ -Ko Nyo
“ဒါဘယ်သူ့မြေလဲ…ဒို့မြေ” “ဒါဘယ်သူ့မြေလဲ..ဒို့မြေ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “ဒါဘယ်သူ့နိုင်ငံ..ဒို့နိုင်ငံ” “တရုတ်ကျေးကျွန်၊ အဖြစ်မခံဘူး”။ နေပူကြဲကြဲအောက် ၀မ်ပေါင်ကုမ္ပ္ပဏီရှေ့၊ ဖျင်ကြမ်းလုံခြည်၊ ရာဘာဖိနပ်ပါးနဲ့ ချည်ထည် တပတ်နွမ်း အင်္ကျီတွေဝတ်ပြီး ခမောက်ဆောင်း ထားတဲ့ အသားညိုညို၊ ပိန်ပိန်ပါးပါး အမျိုးသမီးတွေ…။ လက်သီးလက်မောင်းတန်း ကြွေးကြော်သံတွေကို အသံကုန်ဟစ်နေတဲ့မြင်ကွင်း။ အဲဒီ ကင်မရာ ရိုက်ချက်တွေက “နိုင်ငံတော်၊ ၀က်မှေး၊ ၀မ်ပေါင်၊ ကြေးနီ” သတင်းမှတ်တမ်းရဲ့ ဇာတ်ရှိန် အမြင့်ဆုံးအပိုင်းလို့ ဆိုရမယ်။
လူတယောက် ဒါမှမဟုတ် သတ္တ၀ါတကောင်ရဲ့ အဓိက အသက်ရှင်သန်မှုမှာ စားရေး၊ လုံခြုံအောင်နေရေးဆိုတဲ့ အခြေခံအချက် ၂ ခုပဲ ရှိတယ်။အခု ကိစ္စဟာ အဲဒီ ၂ ချက်လုံးကို ထိပါးလာတဲ့ သေရေးရှင်ရေး တိုက်ပွဲနဲ့ တူနေတယ်။ ရွာပေါင်း ၄ ရွာနဲ့ လယ်ဧကပေါင်း ၇၀၀ ကျော် အပါအ၀င် ရွာဦးက ဘုန်းကြီးကျောင်းလေးက အစ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက လူသူမသိ ဖျက်ဆီးခံလိုက်ရာက ဒီဇာတ်လမ်းတွေ စလာတာပဲ။ အခုလို မီဒီယာတွေနဲ့ ထိစပ်မှုမရသေးခင် တောင် ၃၃ လုံးဖြိုချ၊ လယ်ဧက ၅ ထောင်ကျော် ဖျက်ဆီးပြီး၊ ရွာပေါင်း ၄၀ ကျော် ရွှေ့ပေးရမယ့် စီမံကိန်းဆိုတာ သူတို့ ကြိုတင် မသိခဲ့ကြဘူး။ သိလိုက်တဲ့ အချိန်မှာတော့ ပေါက်ဆိန်နဲ့ ထွင်းရတော့မယ့် အခြေဆိုက်နေပြီ။
လက်ပံတောင်းတောင် ကြေးနီသတ္တုစီမံကိန်း အကျိုးဆက်ကြောင့် ဇီးတော၊ ဆည်တည်း၊ ၀က်မှေး၊ ကံတော ရွာ ၄ ရွာက တောင်သူ လယ်သမားတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဒါရိုက်တာ လွင်မှိုင်းနဲ့အဖွဲ့တွေ ကင်မရာ ၆ လုံး ကိုင်ပြီး အဲဒီဒေသမှာ အချိန်ပြည့် နေထိုင် မှတ်တမ်းတင်
1 လက်ပံတောင်းတောင် သပိတ်စခန်းများ ဖယ်ရှား ရန် ဒေသခံအာဏာပိုင်များ ပြင်ဆင်
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း ဖွင့်လှစ်ထားသော သပိတ်စခန်းများကို ဖယ်ရှားရန် အတွက် ဒေသခံရဲတပ်ဖွဲ့ဝင်များက ပြင်ဆင်လျက်ရှိကြောင်း ထိုဒေသသို့ ရောက်ရှိနေကြောင်း မုံရွာမြို့ဒေသခံ သတင်းထောက် ကိုတိုး(ချင်းတွင်း)က ပြောကြားသည်။
“၀မ်ပေါင် ကုမ္ပဏီရှေ့က အထွေထွေသပိတ်စခန်းကို ဖယ်ရှားဖို့ ရဲတပ်ဖွဲ့ဝင်တွေက ဒိုင်းတွေကို နံပါတ်တုတ် တွေနဲ့ ရိုက်ပြီး အချက်ပေးနေတယ်၊ လုံခြုံရေးစင်မြင့်
1 ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အငြိမ်းစားပုဂ္ဂိုလ်များ၊ နိုင်ငံတော်တာဝန်ရှိသူများ၏ အိမ်လုပ်သားများ အတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအ၀င် အငြိမ်းစားပုဂ်္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ဖူးသူများနှင့် အစိုးရသစ် ပြည်ထောင်စုအဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏ အိမ်အကူ၊ ထမင်းချက် နှင့်
ဥယျာဉ်လုပ်သားများအတွက် ထောက်ပံ့ငွေအဖြစ် ကျပ်သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ် တော်မှ ခွင့်ပြုထားကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောကြားသည်။
“ခွင့်ပြုပြီးသား ငွေက ကျပ်သန်းပေါင်း ၃၅၁ ဒသမ ၀၁၀ သန်းပါ၊ ထပ်မံတောင်းခံတာက အငြိမ်းစား ပုဂ္ဂိုလ်ကြီး တွေအတွက် ၁၆၉ဒသမ ၅၆ သန်းနဲ့ တိုင်းရင်းသားရေးရာ ၀န်ကြီးတွေအတွက် ၂၇ ဒသမ ၄၉၂ သန်းဆိုတော့ စုစုပေါင်း ၁၉၇ ဒသမ ၀၅၂ သန်းပါ”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
၂၀၁၂ - ၂၀၁၃ ခုနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံရာတွင် အငြိမ်းစားပုဂ္ဂိုလ်ကြီးများနှင့် နိုင်ငံ့တာဝန်ထမ်းဆောင် လျက်ရှိသည့် ပုဂ္ဂိုလ်ကြီးများ၏ အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ်လုပ်သား ၄၁၇ ဦးအတွက် ထောက်ပံ့ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အိမ်လုပ်သားတစ်ဦးလျှင် ကျပ်သုံးသောင်း ခံစားခွင့်ပြုထားသဖြင့် ဆောက် လုပ်ရေး ၀န်ကြီးဌာနမြို့ရွာနှင့် အိုးအိမ်ဦးစီး ဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တောင်းခံခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ငွေရရှိသူများမှာ နိုင်ငံတော်အကြီးအကဲဟောင်း နှစ်ဦး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် (၁၀၂) ဦး၊ နေ ပြည်တော် ကောင်စီဝင် ၁၁ ဦး၊ နိုင်ငံတာဝန် ထမ်းဆောင်ခဲ့ဖူးသူ ၆၇ ဦးတို့ဖြစ်ကြောင်း လွှတ်တော်သို့ တောင်းခံ သော စာရင်းတွင် ဖော်ပြထားသည်။
နိုင်ငံတော် အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်တွင် ထမင်းချက်ငါးဦး၊ အိမ်အကူ ငါး ဦး နှင့် ဥယျာဉ်လုပ်သား ငါးဦးတို့ကို တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လေးသိန်းခွဲ၊ တစ်နှစ်စာ
3 ကျော်ရွာရှေ့ရှိ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးသပိတ်စခန်းကို လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဇြိုခွဲရန်ပြင်ဆင်
မြေထိုးစက်ကြီး များ ကြောင့် ပြိုကျ လု တဲတဲ ဖြစ်နေသည့် သာ့သနာ့ အာဇာနည် လယ်တီ ဆရာတော် ဘုရားကြီး ၏ သိမ်တော်
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း တည်ရှိရာ ကျော်ရွာရှေ့ လက်ပန်တောင်း တောင်ထိပ်ကြားတွင် ဖွင့်လှစ်ထားသည့် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ၂၄ နာရီ အမြဲတမ်းသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွဲရန် လုံခြုံရေးရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်မှ အသင့် အနေအထားဖြင့် ပြင်ဆင်နေကြောင်း သတင်းရရှိပါသည်။
သံဃာတော် အပါး ၃၀ ခန့်မှ လုံခြုံရေးတာဝန်ယူထားသည့် အဆိုပါ သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရန် အတွက် နေ့လည် ၃ နာရီ အချိန်မှ စတင်ကာ ဒုတ်၊ ဒိုင်း၊ သေနတ် လက်နက် ကိရိယာ အပြည့်အစုံ ကိုင်ဆောင်ထားသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ၎င်းနေရာကို စတင် ဖြိုခွဲရန် ပြင်ဆင်နေသည်ဟု သိရှိရကြောင်း၊ ၎င်းနေရာတွင် သံဃာအင်အားမှာ အနည်းငယ်သာရှိကြောင်း၊ ၎င်းနေရာကို ဖြိုခွဲနိုင်လျှင် လယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံး နေထိုင်ခဲ့သည့် နေရာဖြစ်သည့်စီမံကိန်းလုပ်ငန်းခွင်၏အဓိက နေရာကိုအလွယ်တကူ ရောက်ရှိသွားမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ၀ိဇ္ဖာ၊ သိပ္ပံ တက္ကသိုလ် ကျောင်းသားများ ကွန်ယက်မှ တာဝန်ခံ ကိုသောင်းထိုက်က ပြောပြခဲ့သည်။
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဖျက်သိမ်းခြင်း ခံထားရသည့် ဇီးတောကျေးရွာ စမ်းမြ၀တီ ကျောင်းတိုက်မှ ဆရာတော် ဦးအာလောကမှ “ အကြမ်းဖက် နှိမ်နင်းတာကို ဆရာတော် အနေနဲ့ လုံးဝ လက်မခံနိုင်ဖူး၊ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်တဲ့ ဒီလိုနိုင်ငံမျိုးမှာ ဘုရားရဲ့ သားတော်တွေကို ဒီလို အပြုအမူမျိုးတွေနဲ့ ဆက်ဆံလာခဲ့ မယ်ဆိုရင် အရမ်းကို အရုပ်ဆိုး အကျဉ်းတန်သွားမှာ ဖြစ်တယ်။ စစ်အစိုးရလက်ထက်ကလည်း တစ်ခါ ဖြစ်ခဲ့တယ်။ သံဃာသွေးတွေ မြေမကျအောင် မြန်မာပြည် တ၀ှမ်းက ဆရာတော် သံဃာတော်တွေ တပည့်တော်တို့နဲ့ အတူ ပူးပေါင်းပြီး လယ်တီ ဘူမိနက်သန်ကို ကာကွယ်ကြပါလို့ လျောက်ထားပါတယ် ဘုရား ” ဟု သတင်းထောက်များကို ပြောပြခဲ့သည်။
သီမောင် (မြန်မာ့ခေတ်)
Wednesday, November 28, 2012
1 2013 Kyaw Thu’s First Breakout Calendar (အယူသီးမှုကို ချိုးဖောက်မည့် 2013 ကျော်သူ့ ပြက္ခဒိန်)
အတိတ်ကဖြစ်ရပ်သည် ယခုပစ္စုပ္ပန်တွင် (တာ)သွားခြင်း (၀ါ) သမိုင်းမှတ်တိုင်ထူခဲ့ ခြင်းတို့ ကိုယူခဲ့ ရပြန်သည်။ ထိုသို့သော အတိတ်မှဖြစ်ရပ်များ၊ အတိတ်မှအာဇာနည်ကြီးများ၊ အတိတ်မှပညာရှင်ကြီးများ၊ အတိတ်မှစာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် သဘင်သည်ကြီးများ၊ အတိတ်မှ နိုင်ငံ့အာဇာနည်ကြီးများ၊ နိုင်ငံရေး သမားကြီးများ၏ ကမ္ဘာမြေပြင်မှ ထွက်ခွါသွားခဲ့ကြသည့် နောက်ဆုံးနေ့ရက်များကို ယခုပစ္စုပ္ပန်တွင် အမှတ်တရရှိနေစေရန်၊ ဂုဏ်ပြုပွဲများ ပြုလုပ်နိုင်ရန်ရည်ရွယ်ပြီး ယခု Kyaw Thu First Breakout 2013 Calendar အား ကျွန်တော်ထုက်ဝေ လိုက်ပါတော့သည်။ ဆရာတော်ကြီးများ၏ သြဝါဒအဆိုအမိန့် စကားရပ်များ၊ တိုင်းပြည်ခေါင်းဆောင် လူမှုရေးသမား များ၏ လက်စွဲဆောင်ပုဒ်များဖြင့် ဖိုးချို (ခ) မောင်မောင် (ခ) ကျော်ဝင်း (ခ) ရုပ်ရှင်သရုပ်ဆောင်မင်းသား/ ဒါရိုက်တာ ကျော်သူ (ခ) လူမှုရေးသမားကျော်သူ၏ ဘဝဖြတ်သန်းမှု ပေးဆပ်မှုပုံရိပ်လွှာများဖြင့် ဖော်ကျူး ရိုက်နှိပ်ထားသော (17 x 25) လက်မဆိုဒ် ၂ဝ၁၃ ခုနှစ် ပြက္ခဒိန်ဖြစ်လေသည်။
မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြန်လူမျိုးများအတွက် သိမ်းဆည်းထားသင့်သော တိုင်းပြည်နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်ကြီးများ၏ နောက် ဆုံးကမ္ဘာမြေပြင်မှ ထွက်ခွါသွားသော နေ့ရက်များကို လက်လှမ်းမှီသလောက် မှတ်သားဖော်ကျုးထား၍ ထူးခြားသည့် ပြက္ခဒိန်လည်းဖြစ်သည်။ သို့သော် ကျွန်တော်၏ ပြက္ခဒိန်တွင် ရက်ရာဇာ၊ ပြဿဒါးနေ့ ဟူ၍ မပါရှိပေ။ “ကုလိုလ်လုပ်သည့်နေ့သည်ကား … ရက်ရာဇာ။ အကုသိုလ်လုပ်သည့် နေ့သည်ကား … ပြဿဒါး” မဟုတ်ပါလား။
အယူသီးခြင်းကို လက်မခံသူများ၊ အယူသီးမှုကို ချိုးဖောက်မည့်သူများအနေဖြင့် မှာကြားလိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) တယ်လီဖုန်း - ၅၈ဝ၁၃၃၊ ဝ၉ ၈၆ ၄ဝ၂၂ဝ၊ ဝ၉ ၇၃ဝ ၃၁၁၈၂ (သို့) အီးမေးလ် info@ffssyangon.org သို့တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။ ရရှိသည့် အကျိုး အမြတ်များအား လူမှုရေးလုပ်ငန်းများအတွက် အသုံးပြုသွားမည်ဖြစ်ပါ၍ 2013 Year Kyaw Thu’s First Breakout Calendar အားဝယ်ယူအားပေးခြင်းဖြင့် ကုသိုလ်ပါဝင်နိုင်ကြပါရန် နှိုးဆော်လိုက်ရပါသည်။
ယင်းပြက္ခဒိန်၌ ဖော်ပြထားရှိသော ရဟန်းသံဃာများ၊ လူပုဂ္ဂိုလ်ကြီးများ၏ ကမ္ဘာမြေမှ နောက်ဆုံး ထွက်ခွာသွားကြသော နေ့ရက်များအားအချိန်ပေး၍ ဝိုင်းဝန်းကူညီ ရှာဖွေပေးခဲ့ကြသော ဦးဝင်းငြိမ်း (အလင်းတန်း၊ ရွှေအမြုတေ)၊ ကိုမျိုး(မြန်မာစာ)၊ ဦးချစ်သန်းမြင့်၊ အလင်းဆက်(IR)၊ ကိုကျော်ဝဏ္ဏ (မာကျူရီ)၊ ပန်းချီမင်းကျော်ခိုင်(NewYork)၊ ဦးစန်းအောင်(USA)၊ မင်းခန့်ကျော်(A.M.S)၊ ကျော်ဟိန်း (F.F.S.S)၊ ဇွဲမဟိဏ်ခ(F.F.S.S)၊ ရောဘတ်အောင်(F.F.S.S)၊ ဇာနည်ထက်(F.F.S.S)၊ ဝေယျာအောင်မြင့် (F.F.S.S) တို့အား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်လိုက်ရပါသည်။
ကိုကျော်သူ
0 ပထ၀ီမဟုတ်တော့ပါ၊ သမိုင်းဖြစ်သွားခဲ့ပြီ
ပူးပေါင်းကြံစည် ပါပမိတ္တ၀ိသမလောဘသားတစု
နှိပ်စက်မှုကြောင့်
မြစ်ချောင်းအင်းအိုင် ၊ လျှိုမြောင်ဂနိုင် ၊
တောအသွယ် သွယ် ၊ တောင်အထပ်ထပ်
ဝန်ကာပတ်လို့တည်ရှိပါတဲ့ အိုဘယ့်မြန်မာပြည်
သြော် အခုတော့ သမိုင်းဖြစ်လို့သွားလေပြီ ........................
နောင်တခေတ်မှာ ကျန်ရစ်မယ့်မျိုးဆက်ကလေးတွေ
ပြောပြရရင်ရင်နာလှပါသလေ
ဒီတော ဒီတောင် ဒီရေ ဒီမြေ
ငါတို့မျိုးဆက်တွေအတွက် ပုံပြင်ဖြစ်ခဲ့ပြီလေ...
4 အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နိုင်ငံတာဝန်ရှိသူများ၏ အိမ်လုပ်သားများအတွက် ထောက်ပံ့ကြေးတောင်းခံမှု ခွင့်ပြု
ဖက်ဆစ် သန်းရွှေ တို့ ကို ထောက်ပံ့ကြေးပေးဖို့ ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုတာကြည့်ခြင်းအားဖြင့် ဖက်ဆစ်အလိုတော်ရိ လွှတ်တော်လို့ ယနေ့မှစ၍ ခေါ်ဝေါ်လို့ရပြီ..ယခင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယခင် နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စစ်ဖက်မှအရပ်ဖက်သို့ ကူးပြောင်းခဲ့သည့် ပြည်ထောင်စုအဆင့်ရှိ ပုဂ္ဂိုလ်များနှင့် လက်ရှိတာဝန် ထမ်းဆောင်လျက်ရှိသော နိုင်ငံတော်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အိမ်အကူ လုပ်သားများ အတွက် ထောက်ပံ့ကြေးတောင်းခံမှု ကို ပြည်ထောင်စုလွှတ်တော် မှ ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦး က ပြောကြားသည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အိမ်အကူအလုပ်သမားများဖြစ်သည့် ထမင်းချက်ငါးဦး၊ အိမ်အကူငါးဦးနှင့် ဥယျာဉ်လုပ်သားငါးဦးတို့ အတွက် တစ်လကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလေးသိန်းခွဲ တစ်နှစ်ကျပ် ၅၄ သိန်းအား လည်းကောင်း၊ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အိမ်ရှိ
2 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားဖို့ သတိပေးပြီ
သပိတ်စခန်းများ ဖယ်ရှားပေးရန် သတိပေးရသည့် အကြောင်းရင်းမှာ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဟု ဖေါ်ပြကာ ယင်းသို့ စစ်ဆေးနိုင်ရန် အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် သပိတ်စခန်းများဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
သပိတ်စခန်းများ ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်း ယခုလ ၁၈ ရက်နေ့ကတည်းက မလည်ပတ်နိုင်ကြောင်းနှင့် စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ ချက်တွင် ပြောဆိုသွားသည်။
လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့် ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ကာ