Saturday, March 17, 2012

0 တံခါးတွေဖွင့် - ACID

Open The Doors by anegga
Written by - Yan Yan Chan, Zayar Thaw & Anegga
Produced by - G-Tone
Mixed by - K.G.K
Recorded at D.R.E.A.M
Mastered by - Myint Zaw

0 ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်



မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်ခဲ့သဖြင့် ခြိမ်းခြောက်ခံရသော ပြည်သူတစ်ဦးက အသိသက်သေ ( ၈ ) ဦး ၏ လက်မှတ်နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူးထံသို့ လိပ်မူပြီး အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။(Photo.Burma vj media network)


ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွ လှုပ်ရှားနေသူ ဌေးဝင်းလှိုင်၏မိခင် ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးလှမင်းဦးက Yangon Chronical သတင်းဌာနသို့ ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ် (၁၃)၊ အခန်း(H) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးမှ မတ်လ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် ရပ်ကွက်ဓမ္မာရုံသို့ ချေးငွေသွားရောက် ထုတ် ယူစဉ် ချေးငွေလာရောက်ထုတ်ယူသူများရှေ့မှောက်တွင် လိုင်း အမှတ်(၁၅)၊ အခန်း(D) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဦးဝင်းလှိုင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်)က “ ဒေါ်သန်းသန်းဌေး ခင်ဗျား သားက NLD ပါတီမှာ အရမ်း တက်ကြွနေပါလားဗျ၊ အဲ့ပုံတွေကျုပ်တို့ ဓာတ်ပုံရိုက်ထားတာ စီဒီတစ်ခွေစာ အပြည့်ရှိတယ် ထောင်ကျသွားချင်သလား ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း ကိုလှမင်းမှ ဆိုသည်။

တရားလို ဒေါ်သန်းသန်းဌေးက “ ကျွန်မသားအကြီးကောင် ဇင်မျိုးလှိုင်က R.B.E အကြီးတန်းစက်ရုံဒီဇယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတယ် ဦးဝင်းလှိုင်၏ ခြိမ်းခြောက်စကားထဲမှာက သားအငယ်ကောင် ဌေးဝင်းလှိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကြီးကောင်ကို အလုပ်ဖြုတ်ပစ်မယ်ဟု ထည့်ပြောသွားတယ် ” ဟု ဆိုသည်။

ဦးဝင်းလှိုင်အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလိုပြရှေ့နေအဖြစ် ပန်ဘဲတန်းမြို့နယ်မှ ဦးမောင်မောင်အေးမှ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း ပြောကြားထားသည်။

ထိန်လင်းလက်(transparencymyanmar)

1 တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် စားသောက်ဆိုင်၏ သတင်း


ဖျက်ဆီးခြင်းမခံရမှီက တွေ့ရှိရသော ဆုံပွိုင့်စားသောက်ဆိုင်

ဖျက်ဆီးခြင်းခံရပြီးနောက် ပြာပုံဖြစ်ခဲ့ရသည့် ဆုံပွိုင့် စားသောက်ဆိုင်
Sone Point

နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက်ကဖြန့်ဝေသည့်( တပ်မတော်၏ အမိန့်အောက်တွင် ပြာပုံဖြစ်ခဲ့သည့် ဆုံပွိုင့် စားသောက်ဆိုင်၏ သတင်း) ကိုဆက်လက်ဖြန့်ဝေလိုက်ပါတယ်။

ဗကသ ( နိုင်ငံခြားရေးရာကော်မတီ )

0 နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးကြဖို့ Vote NLD Campaign (ရုပ်/သံ)


ဒီလိုလေး ခြစ်တတ်ရင်ရပြီ
နာမည်ကြီးသရုပ်ဆောင်တွေစုပေါင်းပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးကြဖို့ Vote NLD Campaign ဗွီဒီယို ကို ရိုက်ကူးတင်ဆက်ထားပါတယ်။
လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ ပါဝင် သရုပ်ဆောင် ထားသည်။

Burma vj medianetwork


ရဲရဲဝံ့ဝံ့နဲ့  ဒေါင်းစိတ် ဒေါင်းမာန် ဒေါင်း အလံကိုသတ္တိရှိရှိ စိုက်ထူပြလိုက်ကြတဲ့ ............ "ခွပ်ဒေါင်းအနုပညာသည်များ"ကို ဂုဏ်ပြုကြိုလိုက်ပါတယ်!!!

0 ကြားဖြတ်ရွေးကောက်ပွဲမတိုင်မှီ ကြံ့ဖွတ်ဘာတွေလုပ်?

စစ်ဗိုလ်ချုပ်ဟောင်းမို့လို့ စစ်တပ်ကနေ အသွင်ပြောင်းသွားတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ ခရီးစဉ်မှာ ညအိပ်တည်းခိုဖို့အတွက် တပ်မတော်ဧည့်ရိပ်သာတစ်ခုကိုသုံးသွားတယ် ။

လက်ခံတည်းခိုတဲ့တပ်ကလည်း အ၀င်အထွက်အပြုစုလေးတွေရှိနေတယ် ။ ကျနော်တို့သိထားတာ တပ်မတော်ဧည့်ရိပ်သာဆိုတာ တပ်မတော်အကြီးအကဲများအတွက်သာ သက်မှတ်ထားတာပဲ ။ သူကအရပ်သားလေ ဘာလို့လာတည်းတာလဲ ။

ပြည်နယ်ဝန်ကြီးချုပ်လာတာတောင် မြို့ ထဲက ဟော်တယ်တခုမှာတည်းတယ် ။ တခြားဝန်ကြီးတွေတုံးက လည်း ဒီအတိုင်းပဲ ။ စစ်ဗိုလ်ချုပ်ဟောင်းမို့လို့ သံယောဇဉ်မကုန်လို့လား ၊ ဒါမှမဟုတ် သီးခြားဆွေးနွေးစရာ များရှိနေကြပြီလား ။

မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေမှာလည်း ဟို ပါတီကိုနှောက်ယှက်လိုက် ဒီပါတီကို နှောက်ယှက်လိုက်နဲ့ မရှက်ဘူးလားမသိ၊ ဒါမှမဟုတ် ငယ်ကျင့်မပျောက်သေးတာလားကမသိ။

စစ်အာဏာရှင်ပြန်ဖြစ်လာ မလာ မသေချာသေးလို့ အန်တီစုကတော့သတိပေးနေပါတယ်

ဒီမိုကရေစီစနစ်ကို အများပြည်သူတွေမှ လိုချင်တောင့်တကြတယ်မဟုတ်ပါဘူး ။ လူထုအလွှာအသီးသီး လူတန်းစားပေါင်းစုံက လိုချင်ကြပါတယ် ။
အခုပါတီစုံဒီမိုကရေစီစနစ်အစိုးရဆိုတော့လည်း ၀မ်းပန်းတသာကြိုဆိုမိခဲ့ပါတယ် ။ဒါပေမဲ့ သူတို့ လုပ်ပုံ တွေက မဟုတ်သေးသလိုပဲ။ ဒီမိုကရေစီ နားလှည့်ပါးလှည့်ပုံပေါက်နေသလိုပါပဲ ။ အထက်ကတော့ငြိမ်းချမ်းရေး ၊ သံတမန်နည်းလမ်း ၊ တွေ့ဆုံညှိနှိုင်းရေး စသည်စသည်ဖြင့် ပြောနေလိုက်တာ ။

ကျနော်တို့နယ်ဘက်မှာ သေနတ်သံတွေမဆဲသေးဘူး ။ ဒုက္ခသည်တွေတိုးလာတာ ရပ်မသွားသေးဘူး ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတွေ ကြားထဲမှာ နေရာတိုင်းကို ရဲရဲဝံ့ဝံ့မသွားရဲကြသေးဘူး ။ ဘာတွေလဲ အစိုးရဘာတွေ ကြံစည်နေလဲ ။

ဘယ်ကိုဦးတည်နေလဲ ။ ကျနော်တို့နိုင်ငံပိုင်ရေပိုင်နက်ကလည်း သူများလက်ထဲ စ ပါသွားပြီ ။ တရုတ်နိုင်ငံက အကြွေးတွေနဲ့ ပြည်သူတွေအတွက်ဘာလုပ်ပေးခဲ့ပြီလဲ ။ ဘတ်ဂျက်ငွေ သိန်းပေါင်း 5000 ကျော် ဘယ်ချောင်မှာဘယ်လိုဖျောက်လိုက်လဲ ။

ဘုရား .. ဘုရား ... ငါ .. မြန်မာပြည်မှာနေ နေပါလား ။
သူတို့ ဒီမိုကရေစီဆို ပြီး ဟိုမိုကရေစီပုံချိုးရင် ပြည်သူလူထုကလည်း ဟိုမိုကရေစီလိုချိုးနိုင်နေပါပြီ ။ အားလုံးဟာ ကမ္ဘာ့ရွာကြီးထဲမှာမျက်စိပွင့်နားပွင့်ဖြစ်နေကြပါပြီ ။ အရင်လို လုပ်ချင်းတိုင်း လုပ်လို့မရတော့ ဘူး ဆိုတာ ---- ----- --
ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း ကြံ့ဖွတ်ကပြင်ဆင်နေတယ်လေ --- ၀န်ထမ်းအသိုင်းအ၀ိုင်းတခုလုံးကို --အမှတ် ဘယ်လိုခြစ်ရတယ်ဆိုတာ အတင်းသင်ပြီးတော့ပေါ့

MMCPမှ Leecher

0 ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး ညားခါစ အမျိုးသမီးငယ် တစ်ဦးကို မုဒိမ်းပြုကျင့်


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် မတ်လ ၈ ရက်နေ့က ညားခါစ အမျိုးသမီးငယ် တစ်ဦးကို ဧည့်စာရင်းစစ် အယောင်ဆောင်ပြီး တပ်မတော်သား တစ်ဦးအပါအ၀င် လူ (၃) ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။

မုဒိမ်းပြုကျင့်ခံရသူမှာ ပေါက်တောမြို့နယ် ဟင်းခရော် ကျေးရွာနေ မောင်အောင်ဆန်းသိန်း သက်(၂၅)နှစ်၏ ဇနီး ပုဏ္ဏားကျွန်းမြို့နယ် စမ်းပတီးချောင်း မြို့ရွာ ကျေးရွာသူ အသက် (၂၀) မ------ ဖြစ်သည်။

သူတို့ ဇနီးမောင်နှံ (၂) ဦးသည် သံတွဲမြို့နယ် ငါးလုပ်ငန်း တစ်ခုတွင် အတူ လုပ်ကိုင်နေကြစဉ် လူငယ်တို့၏ သဘာဝအရ ချစ်ကြိုက် ညားကြပြီး မိမိဇာတိနေရပ်သို့ ပြန်လာစဉ် ယခုကဲ့သို့ မတော် မတရား ပြုကျင့် ခံခဲ့ရခြင်း ဖြစ်သည်။

" အခင်း ဖြစ်ပွားတဲ့ နေ့က သူတို့က ပုဏ္ဍားကျွန်းမြို့ စံပြရပ်ကွက် ဆေးရုံစု ရပ်ကွက်က ဦးအောင်သန်းလိုင် အိမ်မှာ တည်းခိုနေကြပါတယ်။ ညနေ ၈ နာရီကျော်ကျော်မှာ သူတို့ ဇနီးမောင်နှံ နှစ်ဦးက ဧည့်စာရင်းတိုင်မယ် ဆိုပြီး ရာအိမ်မှူး ဦးသာလှ အိမ်ကို သွားကြတယ်။ ဟိုရောက်တော့ ဦးသာလှ မရှိတာနဲ့ ပြန်လာကြတယ်။ လမ်းခုလတ်ကိုရောက်တော့ အပြာရင့်ရောင် စွမ်းအားရှင် ယူနီဖေါင်းဝတ်ထားတဲ့သူ တစ်ဦးရယ်၊ တပ်မတော်သား တစ်ဦးရယ်၊ အရပ်ဝတ်ထားတဲ့ လူတစ်ဦးက ဧည့်စာရင်း စစ်တယ်။ သူတို့မှာ ဧည့်စာရင်း တိုင်တဲ့ စာရွက်တွေ ပါမလာတော့ ပိုက်ဆံ ငါးသောင်းတောင်းတယ်။ အဲဒီ ကောင်လေးက ပိုက်ဆံ ငါးထောင်ဘဲ ပေးနိုင်မယ်ဆိုတော့ ပိုက်ဆံ ထပ်ရှာခိုင်းပြီး အဲဒီ ကောင်လေးရဲ့ ဇနီး ခလေး မလေးကို ရာအိမ်မှူးဆီကို လိုက်ခဲ့ပါ ဆိုပြီး ခေါ်သွားတယ်" ဟု အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်းမှ ရှေ့နေ တစ်ဦးက ပြောသည်။

လင်ဖြစ်သူ မောင်အောင်ဆန်းသိန်းမှ ရွာဟောင်း ရပ်ကွက်မှ သူငယ်ချင်း ဖြစ်သူ တစ်ဦးထံ ငွေချေးဌားရန် အဆိုပါ နေရာမှ ထွက်သွားစဉ် အမျိုးသမီးငယ်အား ရာအိမ်မှူး အိမ်သို့ မခေါ်ဘဲ ဓါးဖြင့် ခါးကိုထောက်ကာ ပုဏ္ဍားကျွန်းမြို့ တစ်ဘက်ကမ်း ဦးရာဇ်တော်စေတီ တောင်ခြေရင်းသို့ ခေါ်ဆောင်သွားပြီး အဆိုပါ နေရာတွင် သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့ကြသည်။

" အခုတော့ အဓမ္မပြုကျင့်သူ သုံးဦးလုံးကို ကောင်မလေးက အမူဖွင့်တိုင်ကြားတော့ ဖမ်းဆီးထားပါပြီ။ သူတို့ကတော့ စွမ်းအားရှင် ယူနီဖောင်းဝတ် မောင်ရွှေစိန်၊ အရပ်ဝတ်နဲ့ ပါသူ မောင်ဖြူနဲ့ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ (၅၅၀) တပ်ရင်း မှ တပ်သား လှသိန်းထွန်းတို့ ဖြစ်ကြပါတယ်။ အဲဒီနေ့မှာဘဲ ဖမ်းဆီး နိုင်ခဲ့ပါတယ်" ဟု ၎င်းရှေ့နေမှ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုဏ္ဍားကျွန်း ရဲစခန်းမှ ရဲတပ်ကြပ်ကြီး တစ်ဦးကို မေးမြန်းရာ သူက ယခုလို ပြောသည်။

" အဲဒီနေ့ ညဥ့် ၁၀ နာရီခွဲခန့်မှာ အဓမ္မပြုကျင့်ခဲ့သူ (၃) ဦးကို ပုဏ္ဍားကျွန်းမြို့ ကြိုးတံတားထိပ် အနီးမှာ ပြည်သူ့ရဲတပ်ဖွဲ့က စောင့်ဆိုင်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အခု ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့ ရဲစခန်းက နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ် ရွှေစိန်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ -၃၇၆ အရအမှုဖွင့်ပြီး ဆောင်ရွက် လျှက်ရှိ ပါတယ်။ ကျွန်တော်တို့ အရေးယူသွားမှာ ဖြစ်ပါတယ်" ဟု ပြောသည်။

သတင်း ရင်းမြစ်-နိရဉ္စရာ

0 အကြောက်တရားများဖယ်ရှားကြ


အကြောက်တရားများဖယ်ရှားကြ
ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အများပြည်သူ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စ၊ ကျန်းမာရေးကိစ္စ၊ ပညာရေးကိစ္စ၊ သဘာဝဘေး ဒဏ်ကိစ္စရပ်များအား (အခမဲ့) ပံ့ပိုးကူညီခဲ့ရာ ၂၀၀၈ ခုနှစ်တွင် အသင်းမှတ်ပုံတင် သက်တမ်းကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ ၂၀၀၈ ခုနှစ်မှစ၍ အသင်းမှတ်ပုံတင်အသစ် ပြန်လည်လျှောက်ထားခဲ့သော်လည်း မှတ်ပုံတင် အသစ်ကို ပြည်ထဲရေးဋ္ဌာနမှ ပြန်လည်ချမှတ်ပေးခြင်း မပြုခဲ့ပေ။ သို့သော် ကျွန်တော်တို့အနေဖြင့် လူသား ချင်းစာနာစိတ်ဖြင့်၎င်း ကူညီဖေးမမှုများကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်ခဲ့ရာတွင် သဘာဝဘေးဒဏ် ကယ်ဆယ်ရေးများ သွားရောက်ကူညီရာတွင် သက်ဆိုင်ရာမြို့နယ်၊ တိုင်း အစိုးရဋ္ဌာနများမှ တရားမဝင် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ လုပ်ငန်းဆောင်တာများအား ကြံ့ကြာမှုများ၊ ပိတ်ပင်မှုများ၊ ဟန်တားမှု များ တွေ့ကြုံခဲ့ရသည်။ သို့သော် ကျွန်တော်တို့အနေဖြင့် နိုင်ငံရေးပါတီထောင်ထားသော အဖွဲ့အစည်း မဟုတ်ခြင်း၊ နိုင်ငံတော်အား ဖျက်လိုဖျက်ဆီး ပြုလုပ်သူများမဟုတ်ခြင်း၊ နိုင်ငံတော်အစိုးရအား တဖက် တလမ်းမှ ပံ့ပိုးကူညီနေသူများဖြစ်ခြင်း၊ လူသားချင်းစာနာထောက်ထားသော စိတ်ဓါတ်ဖြင့် မြတ်စွာဘုရား ၏ ဗြဟ္မစိုရ်တရားအား လက်ကိုင်ပြု၍ သီလလုံစွာ ပေးဆပ်နေသော လူမှုရေးသမားများဖြစ်သည်နှင့်အညီ ရဲရဲဝံ့ဝံ့ စွန့်လွှတ်စွန့်စားမှုများစွာဖြင့် ပြည်သူလူထုအပေါ် ပေးဆပ်ခဲ့ကြသည်။

သို့ရာတွင် ကျွန်တော်တို့၏ မှတ်ပုံတင်မကျသေးသော၊ တရားမဝင်သေးသော နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် လာရောက်၍ အသင်းဝင်လိုသော လူမှုရေးသမား လူငယ်/ရွယ်အချို့သည် မိဘ အုပ်ထိန်းသူတို့၏ စိုးရိမ်ကြောင့်ကျမှုဖြင့် ထဲထဲဝင်ဝင် အသင်းသားအဖြစ် ဝင်ရောက်လုပ်အားပေးခြင်းတို့ကို မပြုလုပ်နိုင်ခြင်း။ နာရေးကူညီမှုအသင်း မိမိတတ်စွမ်းသော ပညာရပ်တို့ဖြင့် ကုသိုလ်ယူ လုပ်အား ပေးချင်သော ဆရာ/မများ၊ ကျန်းမာရေးအတွက် ဇီဝိတဒါန ကုသိုလ်ဖြစ်လာရောက်၍ ဆေးဝါးကုသပေး လိုသော ဆရာဝန်ကြီးများတို့သည်လည်း တရာဝင်းမှတ်ပုံတင် မကျသေးသည့်အတွက် မိမိတို့၏ လုပ်ငန်း အရပ်ရပ်တို့အား ထိခိုက်မည်ကို စိုးရိမ်နေခြင်း၊ တရားဝင်မှတ်ပုံတင်မကျသေးသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား ပြည်တွင်း/ပမှ ကုသိုလ်ရှင် စေတနာရှင်များ၏ အထောက်အကူပစ္စည်းများ၊ အလှူငွေများ ကို ကိုယ်တိုင်လာရောက် လှူဒါန်းလိုသော်လည်း အကြောက်တရားဖြင့် ယှဉ်တွဲကာ လူကြုံဖြင့် လက်ဆင့် ကမ်း လှူဒါန်းနေခြင်းတို့ကို များစွာကျွန်တော်တို့ ကြုံတွေ့ခဲ့ရသည်။

ယခု ၁၂.၃.၂၀၁၂ ရက်နေ့တွင် အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ ပြည်ထဲရေးရုံးချုပ်မှ နာရေးကူညီ မှုအသင်း(ရန်ကုန်)၏ လုပ်ကိုင်ခွင့် မှတ်ပုံတင်အား ပြန်လည်ချမှတ်ပေးလိုက်ပြီ ဖြစ်သည်။ သက်တမ်း အားဖြင့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ပြည်သူလူထုတို့အား ပေးဆပ်မှုများပြုလုပ်နိုင် တော့မည်ဖြစ်သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လုပ်အားပေးလိုသော လူမှုရေးမျိုးဆက်သစ်များ လာရောက် ကုသိုလ်ဖြစ် ပညာသင်ကြားလိုသော ဆရာ/မများ၊ ဆေးဝါးကုသပေးလိုကြသော ဆရာဝန်များ နှင့် လာရောက်လှူဒါန်းလိုသော အလှူရှင်များအားလုံးတို့သည် အကြောက်တရားအား ပြတ်ပြတ်သားသား ဖယ်ရှားကာ ကုသိုလ်ရေးကိစ္စရပ်များအား ရဲရဲဝင့်ဝင့် လုပ်ကိုင်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ် ပါသည်။

ကိုကျော်သူ

0 အမှတ်တရ မတ်လတံတားနီ(ကိုမိုးမောင်မောင်)

(၁၆)
ကွန်ဗိုကေးရှင်းကြီးကိုသတိရတယ်။စာရွက်အပိုင်းလေးတွေ ၊ထမင်းစေ့ လေးတွေကို သတိရတယ်၊ လှမျိုးနောင်၊ ဇော်မင်း၊ဌေးကြွယ်တို့ ကိုသတိရတယ်ကျောင်းသားတွေသူတို့ ကိုမချီ ပြီး ကျောင်းဝင်းတပတ် လှည့်လည်ကြပုံ ကိုသတိရတယ်၊၊အီကိုဆောင် ဂိတ်ပေါက်ကို သတိရတယ်။ ခင်မောင်၇ီ(ခ)တင်အေး၊ အိတ်ခ်ျယင်းမာ၊ညိုထွန်း ။ ညွန့် ဝင်းတို့ ကို သတိရတယ်၊ရေအိုးကြီးတလုံးရင်မှာပိုက်ပြီး ပြေးထွက်လာတဲ့ ခရမ်းပြာ လက်ဘက်ရည်ဆိုင်ဘေးက ငရုတ်ဆီချက်တဲ့အိမ်ပိုင်ရှင်ကယားသူဌေးမကြီးကိုသတိရတယ်
ကမ္ဘာမကျေ မြန်မာပြည် သီချင်းကိုသတိရတယ်၊မင်္ဂလာပါ ပြန်မထွင်းရသေးလို့ မြေစိုင်ခဲတွေ ပွထနေတဲ့ အင်းယားကန်ဘောင်ရိုးကိုသတိရတယ်၊

ဖွေးဖွေးဖြူတဲ့တံတားသေးသေးလေးကိုသတိရတယ်၊မြေစာရင်းဦးစီးဌာနနဲ့ သံဆူးကြိုးတန်းတွေကို သတိရတယ်၊ကုလသမဂ္ဂသို့ တင်ပြမည့် ကျောင်းသားထု၏နစ်နာချက် ၁၄ ချက်ဆိုတဲ့ ဗလာစာရွက် ပိုင်းလေးကိုသတိရတယ်၊ဝါးလုံးပိုင်းကို ဓါးနဲ့ ၂ချမ်းခွဲလိုက်သလို မာလာဆောင်ရှေ့ ကနေ ကန်ဘောင်ဘက် ကို တခြမ်း၊ခရမ်းပြာဘက်ကိုတခြမ်း သပ်သပ်ရပ်ရပ် ကွဲထွက်သွား တဲ့ပြာမွဲမွဲယူနီဖေါင်းအုပ်ကြီးကိုသတိရတယ်၊

အဲဒီ၂အုပ်ကြားကနေ လီဗာကုန်နင်းပြီးမောင်းထွက်လာတဲ့မျက်ရည်ယိုဗုံးကို ကားခေါင်မိုးကနေ ဒလက်နဲ့ ပြစ်လို့ ရတဲ့ကားပြာကြီးတွေကို သတိရတယ်၊သံဆူးကြိုးတန်းအေ၇ာက်မှာကားကို ဂငယ်ကွဲဆွဲကွေ့ လိုက်ပုံ၊ ခိုလိုက်လာတဲ့ ပြာမွဲမွဲကောင်က တမဟုတ်ချင်းခုန်ဆင်းပြီး အနီးဆုံးညီတစ်ယောက်သို့ မဟုတ် အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် သို့ မဟုတ်ငါ့ကိုယ်ထဲက သွေး၆ပုလင်းကိုရိုက်ခွဲလိုက်တာကိုသတိရတယ်၊အင်းယားကန်ဘောင်ရိုးနဲ့ မာတင်ရိပ်သာလမ်းကြားကို သူရူးတယောက်လိုခေါက်တုံ့ ခေါက်ပြန်ပြေးပြီးပြာမွဲမွဲကောင်တွေကိုမြေစိုင်ခဲတွေနဲ့ တလစပ်လိုက်ပစ်နေမိတဲ့ ကဗျာဆ၇ာသိတ်ဖြစ်ချင်တဲကောင်လေးတယောက်ကိုသတိရတယ်၊ခြံလေးတခုထဲက မန်ကျဉ်းပင် ရိပ် အောက်မှာကွပ်ပျစ်လေးခင်းပြီးလသာသာညတွေမှာ ရေနွေးကြမ်းနဲ့ ငါးရံ ခြောက်ဖုတ်ဆီဆမ်းလေးစားပြီးမိန်းမကိုကဗျာတွေရွတ်ပြချင်တဲ့ အိပ်မက်လေး ကျိုးကျေ သွားတာ ကိုသတိရတယ်၊
ကြောက်လန့် တကြားနဲ့ ရေထဲကကနေကန်ဘောင်ဘက်ကိုပြန်ကူးလာတဲ့ ညီတယောက်သို့ မဟုတ် အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက်သို့ မဟုတ်ငါ့ကိုယ်ထဲ က သွေးခြောက်ပုလင်းကို ပြာမွဲမွဲကောင်တကောင်ကဆွဲမတင်လိုက်ပုံ ပြီးတော့မှနဖူးကိုရိုက်ချလိုက်ပုံကို သတိရတယ်၊၃ပဲသားတမတ်သားဆွဲကြိုးလေးတွေနဲ့ ညီမတယောက်သို့ မဟုတ်အစ်မတယောက် ရဲ့ ဖူးသစ်စရင်သားတွေပေါ်မှာစော်ကားကျူးကျော်ခဲ့ တဲ့ ပြာမွဲမွဲကောင်တွေရဲ့ လက်သရမ်းတွေကိုသတိရတယ်၊
မာတင်ရိပ်သာလမ်းကြားကတိုက်ကြီးတလုံးကိုသတိရတယ်၊ကြောက်ကြောက်လန့် လန့် နဲ့ မလွယ်ပေါက် တံခါးလေးဖွင့် ထားတဲ့ အကြောင်းလာပြောတဲ့အိမ်ဖေါ်မလေးတယောက်ရဲ့ မျက်နှာကို သတိရတယ်၊

ညီတယောက်သို့ မဟုတ် အကိုတယောက် ငယ်ငယ်ကရေချမ်းစင်လုပ်တမ်းကစားသလိုလက်ချင်းယှက်ပြီး ညီမတယောက်သို့ မဟုတ်အစ်မတယောက်ကိုအုတ်တံတိုင်းတဖက်ကို ကျော်နိုင်အောင် ကူညီနေကြပုံ ကိုသတိရတယ်၊ရေစင်ကြီးအောက်ကဖါးလောင်းလေးတွေကူးနေပြီးရေညှိတွေနဲ့ ချွဲနေတဲ့  အုတ်ကန်လေး ထဲကရေတွေကို မောနေတဲ့ ညီတယောက်သို့ မဟုတ်အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် သို့ မဟုတ် ငါ့ ရင်ထဲကသွေးခြောက်ပုလင်းကို လက်ခုပ်လေးတွေနဲ့ ခံလို့ အပြန်အလှန်တိုက်နေကြပုံကိုသတိရတယ်၊

ဒီကောင်တွေကိုလက်စားချေရမယ်ကွဆိုပြီး ထော့ကျိုးထော့ကျိုးနဲ့ အင်းစိန်လမ်းမဘက်ကို ဦးဆောင်ထွက် သွားတဲ့ အောင်သူကိုသတိရတယ်၊

မျက်ရည်တွေနဲ့ နာနာကျဉ်းကျဉ်းရှိုက်ကြီးတငင်ငိုရင်းအောင်သူနောက်ကို ပြေးလိုက်သွားတဲ့ မင်းသူကို သတိရတယ်၊ဒေါသတွေနဲ့ အံကြိတ် တက်ခေါက်နေတဲ့ ကိုလင်း(ခ)ရွက်နုသစ်ကို သတိရတယ်၊ ရှေးဟောင်းသုတေသနဌာနဝင်းထဲက ကဗျာဆရာကိုဂျက်ရဲ့ တစ်ထပ်တိုက်ပုလေးကို သတိရတယ်၊

ညနေခြောက်နာရီကျော်မှာတိတ်ဆိတ်ခြောက်ကပ်နေတဲ့ ပြည်လမ်းမကြီးအတိုင်း၈မိုင်ဘက်ကို ခံစားချက်မဲ့ လျောက်ပြန်လာခဲ့ ပုံ၊အာစီတူး အဝက အင်းယားလေးကန်နဲ့ စကားပြောခဲ့ပုံ အေဒီလမ်းထိပ်မှာ စစ်သား၂ယောက်ပျင်း၇ိပျင်းတွဲရပ်နေပုံကိုသတိရတယ်၊ငါတို့ အဖမ်းမခံရရင် နောက်နေ့  မနက် ရ နာရီမှာ သိပ္ပံကင်တင်းမှာတွေ့ မယ်ဆိုတဲ့ ကတိစကားကိုသတိရတယ်၊
(၁၇)
လိုင်ဘရီရှေ့ ကကံ့ကော်ပင်အောက်ကအုတ်ခုံလေးကိုသတိရတယ် ၊၈နာရီလောက်မှာ သွေးတွေပြန်လည် ပေါင်းစုံ လာကြပုံကိုသတိရတယ်၊သားရေဂျာကင်အနက်ကို ကံ့ကော်ပင်ကိုင်းတခုပေါ်ဟန်ပါပါပစ်တင်ရင်း အဓိပတိလမ်းနဲ့ လိုင်ဘရီအဝင်ဝ အုတ်ခုံလေးပေါ်ကနေ စကားပြောနေတဲ့ဇော်မင်းကိုသတိရတယ်၊

နယ်မြေ စည်းကမ်းထီမ်းသိမ်းရေး က ကုလားတယောက်ကို ထောက်လှမ်းရေးဆိုပြီး စဖမ်းတာ၊ ရယ်ရယ် မောမော ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်လွှတ်ပေးလိုက်တာ သတိရတယ်၊ ကျောင်းသားများအပန်းဖြေ ရိပ်သာ အဝင်ဝကွန်ကရစ် အမိုးကြီး နဲ့ အောက်က နယ်မြေရုံးခန်းလေးကိုသတိရတယ်၊

ဆရာတွေဆရာမတွေရောက်လာပြီးတားမြစ်ပုံ၊ ညီတယောက်သို့ မဟုတ် အကိုတယောက်သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် သို့ မဟုတ် ငါ့ရင်ထဲကသွေးခြောက်ပုလင်းရဲ့ ခံစားရပုံတွေကိုသတိရတယ်၊ ဆရာဆရာမတွေကိုထိုင်ကန်တော့ပြီး ခဲတွေနဲ့ ပေါက်မလိုရွယ်လိုက်တော့မှ အဓိပတိလမ်းဟိုဘက်ထိဆုတ်သွားပြီးသစ်ပုတ်ပင်ကြီးကနေ ဝမ်းနည်းကြေကွဲ စိုးရိမ်ခြင်းများစွာနဲ့ ရပ်ငေးနေကြရှာတဲ့တို့ ကျေးဇူးရှင်တွေရဲ့ မျက်နှာတွေကို သတိရတယ်။

သတင်းနှင့်ပြန်ကြားေ၇းကော်မီတီ၊လုံခြုံရေးကော်မီတီ၊ဘဏ္ဌာရေးကော်မီတီ၊စည်းရုံးရေးကော်မီတီဆိုပြီးဖွဲ့ ဖြစ်တာသတိရတယ်၊ခင်မာဝေ ၊ယုယုမော်၊မိုးမြင့်ဦး၊သက်ဇင်၊ရွှေတူ(ခ)ဝင်းထိုက် တို့ ကိုသတိရတယ်။ကွန်ဗိုကေးရှင်းနောက်မှာ ရပ်ကွက်ကောင်စီတွေ ရဲတွေနဲ့  လောက်စာလုံးတိုက်ပွဲ ဆင်နွှဲနေတဲ့ဇော်ဇော်အောင်ကိုသတိရတယ်၊စာတိုက်ပုံးတွေနဲ့ အဓိပတိလမ်းဓါတ်တိုင်တွေမှာ ထောက်လှမ်းရေးက ကင်မရာတွေတပ်ထားတယ်လို့ ပြောတဲ့သူရိန် ကိုသတိရတယ်၊

ငါတို့ မိန်းမတွေတောင် စင်ပေါ်တက်ပြောနေတာ နင်တို့ ယောင်္ကျားတွေရှေ့ တိုးမလာရဲဘူးလားဆိုပြီး ထမိန်ကိုပေါင်ရင်းလောက် အထိဆွဲတင်လိုက်တဲ့ ယုယုမော်ရဲ့ဟန်ကိုသတိရတယ်။အဓိပတိလမ်းပေါ်မှာ ၅ယောက်တတွဲ ညီညီညာညာထိုင်ခဲ့ တဲ့  ညီတွေ အကိုတွေ ညီမတွေ အမတွေ သို့ မဟုတ် ငါ့ရင်ထဲကသွေးခြောက်ပုလင်းကိုသတိရတယ်၊လိုင်ဘရီအုတ်ခုံပေါ်ကနေ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့  မင်းဇေယျကိုသတိရတယ်၊ခုဖြစ်ရပ်ဟာ မြန်မာပြည်မှာဒီမိုကရေစီဆိုတာမရှိလို့ ဆိုပြီး ကျောင်းသားတွေနဲ့ ဒီမိုကရေစီကိုတရားဝင်မိတ်ဆက်ပေးခဲ့တဲ့ကိုမောင်မောင်(ခ)ဗိုလ်တိုက်မောင်းကိုသတိရတယ်၊စိုင်းထင်ကျော်(ခ)ခြင်္သေ့ကိုသတိရတယ်၊မောင်နှမ ၂ ယောက်တစ်ယောက်ကို တစ်ယောက် ပတ်ထွက်လာပြီး အာစီခေါင်မိုးပေါ်မှာ ပြန်ဆုံကြတဲ့ ညီမလေး ပေါက်စီနဲ့ အကို သာကျော်မောင်တို့ တစ်ယောက်ကို တစ်ယောက်တင်းတင်းဖက်ထားကြပုံကိုသတိရတယ်၊သူတို့ လိုဘဲ ရန်ကင်းက လိုက်လာတဲ့ ၉တန်းကျောင်းသားလေး စောလင်းကိုသတိရတယ်၊နင်တို့ ဒီအတိုင်းလုပ်နေလို့ မရဘူး၊အသံချဲ့ စက်သုံးမှရမယ် ဂျပ်ဆင်ချာခ်ျထဲမှာရှိတယ်လို့ လာအကြံပေးခဲ့ တဲ့  မေငြိမ်း၊ဇောင်းထက်၊အံ့ဘွယ်ကျော်တို့ အုပ်စုကို သတိရတယ်၊

ကျမတို့ လည်းဒီကျောင်းကထွက်တာဘဲ၊ရှင်တို့ မယုံရင်ကြိုက်တာလုပ်။တို့ ကျောင်းသားတွေ ဆီတို့ လာတာလို့ ရဲရဲကြီးပြောခဲ့တဲ့ မော်တော်ပီကယ် က ဒုရဲအုပ် အမကြီး ၂ယောက်ကို သတိရတယ်၊သာသနာပိုင်ပစ္စည်းကို ကျွန်တော့်လက်နဲ့ ပေးခွင့်မရှိပါဘူးဆိုပြီးသံကြိုးကွင်းပေါ်မှာခတ်ထားတဲ့ ဂျပ်ဆင် ချာ့ခ်ျ ဘေးအဝင်ပေါက်သော့ကို ကျောင်းသားတွေဘက်ကို လှည့်ပေးထားခဲ့တဲ့ ဂျပ်ဆင် ချာ့ခ်ျက အစောင့်အကိုကြီကိုသတိရတယ်၊ချာ့ခ်ျထဲကနေ အသံချဲ့ စက်ပစ္စည်းတွေယူကြတော့ ဘစ်ရှော့ကြီးရဲ့ အခန်းနဲ့  တရားဟောစင်မြင့်ပေါ်က သမ္မာကျမ်းစာအုပ်ကို လုံးဝမထိဘို့ ပြောခဲ့တဲ့ စကားသံတွေကို သတိရတယ်၊အသံချဲ့ စက်တွေအာစီအမိုးပေါ်မှာဆင်ရင်းချွေးတလုံးလုံးဖြစ်နေတဲ့ အံ့ဘွယ်ကျော်ကို သတိရတယ်၊ငွေစာရင်းဌာန အပေါ်ထပ်ကနေဓါတ်ပုံရိုက်တယ်ထင်ပြီး သွားစီးကြတာ သတိရတယ်၊လှည်းတန်းထိပ်ကနေ လက်ကိုင်ပုဝါတွေ ၊စားစရာတွေပို့ ပေး၊ကျောင်းသားတွေရေးသမျှကို သံစည်းရိုးကြားကစောင့်ယူပြီး စာကူးစက်နဲ့ ပွားပေးတဲ့ရတနာထွန်းစတိုးနဲ့  လူထုကြီးကိုသတိရတယ်၊
အာစီ အပေါ်ဆုံးထပ် ရိုးရာပွဲတော် တွေကျင်းပတဲ့ခန်းမကြီးထဲမှာဖွဲ့ စည်းတဲ့တိုးတက်သော တက္ကသိုလ်ကျောင်းသားများအဖွဲ့ (တ.တ.ဖ)ကို သတိရတယ်၊ကော်မီတီဝင်၂၁ဦးပါတာသတိရတယ်၊

သူတို့ တွေ မြန်မာ့အသံနားချိန် နေ့ လည် ၂ နာရီနဲ့  ပြန်စမယ့် ညနေ ၄ နာရီကြားမှာဖြိုခွင်းလိမ့်မယ်၊ တော်လှန်ရေးကို ဆက်လုပ်ဘို့  တို့ ထဲကတစ်ဝက် အပြင်ကို ထွက်ရလိမ့်မယ်လို့  အကြံပေးခဲ့တဲ့ မင်းဇေယျကို သတိရတယ်၊အလှုငွေတွေကို ခြေထောက်နဲ့ တောင်နင်းသိပ်ထည့်ထားရတဲ့ တက္ကသိုလ် အနုပညာအသင်းစတိုခန်းထဲက ယူလာတဲ့  ၂ပေ ပတ်လည်လောက်ရှိတဲ့  ၂ပေလောက်မြင့်တဲ့  အလူမီနီယမ် သေတ္တာ ၂လုံးကိုသတိရတယ်၊ကျောင်းသားတွေ ဒီနေ့ ကစပြီးသပိတ်စခန်းချကြတော့မယ် ဆိုတော့ မျက်နှာမှာ အဝတ်စီးထားတဲ့ ခပ်ဝဝအမကြီးတယောက်က ဒီနေ့ ညနေစာကို ကျွန်မတို့ မိသားစုကတာဝန်ယူတယ်၊အလှုငွေ အခုလည်း ၅၀၀၀ ကျပ်ထည့်ဝင်ပါတယ်၊အမည်မသိ အလှုရှင်တဦးလို့ မှတ်ထားပေးပါဆိုပြီးလှည့်ထွက်သွားတဲ့အချိန်မှာ စင်ပေါ်ကနေ ဒီနေ့ ညနေစာကို ဦးချစ် လက်ဖက်ရည်ဆိုင် မိသားစု က လှုဒါန်းပါတယ်လို့ ကြေငြာလိုက်တော့ ပြန်ပြေးလာပြီး ခွေးကောင်လေးတွေ နင်တို့ တော်တော်ဆိုးတယ် ဆိုပြီး ကျေနပ်ခြင်းတဝက် စိတ်လှုပ်ရှားခြင်းတဝက်နဲ့ ပြောသွားတဲ့ ဦးချစ်သမီး အကြီးဆုံး အမကြီးကို သတိရတယ်။

နေ့ လည် ၂နာရီကျော်ကျော်မှာ အဓိပိတိလမ်းမကြီးမိန်းတံခါးကနေ ခွာသံညီညီနဲ့ ဝင်လာတဲ့ ပြာမွဲမွဲကောင် တွေကိုသတိရတယ် ၊သူတို့ ရှေ့ ကနေ တဖျပ်ဖျပ်ဓါတ်ပုံရိုက်ရင်းလိုက်လာတဲ့ ကောင်တချို့ ကို သတိရတယ်၊တရားဟောနေတာမရပ်လို့ စင်ပေါ်ကနေ အတင်းဆွဲချပြီးပြေးခိုင်းရတဲ့အကသကျောင်းသားလေး စောလင်းရဲ့ မျက်လုံးတွေနဲ့ မေးရိုးတွေထောင်တက်နေတာကိုသတိရတယ်၊ညီတယောက် သို့ မဟုတ် အကိုတယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မတစ်ယောက် သို့ မဟုတ် ငါ့ရင်ထဲကသွေးခြောက်ပုလင်းရဲ့ မုန်တိုင်းခေါ်သံတွေကို သတိရတယ်၊

ထင်းရူးသားအလံတိုင်ထက်ပိုင်းကျိုးတွေကိုသတိရတယ်အုတ်ခဲအပိုင်းအစတွေကိုသတိရတယ်၊ဖေါင် ဖေါင် ဆိုပြီးကြားရတဲ့ အသံအဆုံးမှာ နို့ ဆီဗူးခွံသေးသေးလေးတွေရှေ့ ကိုကျလာပြီးအငွေ့ တလူလူ ထွက်လာတာကိုသတိရတယ်၊ ပြာမွဲမွဲ လူအုပ်ကြားမှာ လေး ငါးယောက်ချုပ်လို့ မနိုင် ရိုက်လို့ မလဲတဲ့ ညီတစ်ယောက် သို့ မဟုတ် အစ်ကိုတစ်ယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ရင်ထဲ ကသွေးခြောက်ပုလင်း၊ ငါ့ ရင်ထဲက သွေးခြောက်ပုလင်း တဖေါင်းဖေါင်း ပေါက်ကွဲနေ တာငါပြန်ကြားနေရတာသတိရတယ်၊ အဲဒီနေ့ မှာ ခြံတခြံထဲက မန်ကျဉ်းပင်ရိပ်အောက်မှာ ရေနွေးကြမ်း လေးသောက်လိုက် ၊ငါးရံ့ခြောက်ဖုတ်လေးမြည်းလိုက်နဲ့ မိန်းမကို ကဗျာလေးတွေရွတ်ပြနေတဲ့  ၂၃ နှစ်သားလေးတစ်ယောက်သေသွားတာကို သတိရတယ်၊ငါမွေးလာတာကို သတိရတယ်၊ငါမွေးလာတာကို သတိရတယ်၊ငါမွေးလာတာကိုသတိရတယ်၊

ပုဂံလမ်းပေါ်ကျောင်းပြင်ထွက်တဲ့တံခါးဝမှာ ငါတို့ ၅၁ယောက်ထိုင်ပြီးအဖမ်းခံဘို့ စောင့်နေတာကို သတိရတယ် ၊ကျောင်းဝင်းတံခါးကို ကျော်တက်ဘို့ လုပ်တဲ့ကျောင်းသားတွေကို ဘက်နက်နဲ့ လှန့် ပြီး ရယ်နေတဲ့ မြန်မာစကားမတတ်တဲ့ စစ်သားတွေကိုသတိရတယ်၊ပေါက်စီကလေးကို ….ိုးမလေး နင်တော့ဒီည ဆန္ဒပြတဲ့အရသာသိဘို့ ပြင်ထားပေတော့ လို့ ပြောခဲ့တဲ့ ပြာမွဲမွဲကောင်တကောင်ရဲ့ စကားသံကို သတိရတယ်၊ခင်ဗျားတို့  သားသမီးချင်းမစာနာမပြောပါနဲ့ လို့ ပြောလိုက်တဲ့ မိုးမြင့်ဦး ရဲ့ ခါးရိုးကို နောက် ပြာမွဲမွဲတကောင်က စစ်ဖိနပ်နဲ့ ကန်လိုက်တာသတိရတယ်၊စစ်သားတစ်စုဝင်လာပြီး ဗိုလ်ကြီးလုပ်သူက ကျောင်းသားတွေကို မနှိပ်စက်ဘို့ ၊ခနနေ အချုပ်ကားနဲ့ လာခေါ်မယ်လို့ ပြောတာသတိရနေတယ်၊
ပုဂံလမ်းက နေ အချုပ်ကားနဲ့ တင်ပြီးတက္ကသိုလ်ဓမ္မာရုံဝင်းထဲကို ခေါ်သွားတာ ၊အဲဒီမှာ ကျောင်းသားတွေအပြည့်နဲ့ အချုပ်ကားတွေ အများကြီးတန်းစီရပ်ထားတာ၊ရပ်ကွက်ထဲက လူတချို့  အောက်ကနေ ပြီး စားစရာတွေပေးတာ၊အိမ်လိပ်စာတောင်းတာတွေ သတိရတယ်၊

တလမ်းလုံးမှာ ကမ္ဘာမကြေ မြန်မာပြည်သီချင်းကို သံပြိုင် အော်ဆို သွားကြတာ၊ ကျောင်းသားကဒ်တွေ ပစ်ချပေးခဲ့ကြတာ၊စာတွေရေးပြီး လူစုစုရှိတဲ့ နေရာတွေမှာပြစ်ချပေးခဲ့တာ၊လူတွေကြောက်ကြောက်နဲ့ ပြေးကောက်ကြတာတွေသတိရတယ်၊အင်းစိန် ဂုံးကျော်တံတားကြီးပြင်နေတာသတိရတယ် ၊အင်းစိန်ဘူတာ သံလမ်းအကူးမှာ ဖရဲသီးသည်လေးတွေ ပြေးလာပြီး အကိုတို့ အမတို့ စားကြ စားကြ ဟိုလက်ဘက်ရည်ဆိုင် က အကိုကြီးတွေ ကျွေးတာဆိုပြီး ပြောတာ သတိရတယ်၊

အချုပ်ကားတံခါးဝက ရဲက ဖရဲသီးသည်မလေးကို ဆောင့်တွန်းလိုက်လို့ လဲသွားချိန် မှာဘဲတအုံးအုံး မြည်သံတွေ အချုပ်ကားနံဘေး နံရံမှာဆူညံနေတာ၊ အချုပ်ကား မြေအောက်ဓါတ်ကြိုးလိုင်း တွေသွယ်ဘို့ တူးထားတဲ့ မြောင်းထဲ ထိုးကျ သွားတာ သတိရတယ်၊ခုနက ခဲတွေတုတ်တွေခွေးခြေတွေနဲ့ ဝိုင်းသမကြတဲ့ ညီအကိုတွေ အချုပ်ကား တံခါးသော့ကို မဖွင့်တတ်တာ ၊တို့ တော့လွတ်ပြီဆိုပြီး ပျော်နေတုန်းမှာဘဲကားက ဘက်ဂီယာ ဆုတ်ပြီး မြောင်းထဲကလွတ်လာတာ ရှေ့ ကို တရှိန်ထိုး မောင်း ထွက်ပြီး လူအုပ်ကြီး ဝေးကျန်ခဲ့ တာ သတိ ရတယ်၊စိတ်ပျက်လက်ပျက်နဲ့ ကမ္ဘာမကြေ ကို ဆက်ဆိုရင်း တို့ ကာကွယ်မလေ အဖိုးတန် မြေဆိုတဲ့ အချပိုက်အဆုံးမှာ တိုက်တိုက်ဆိုင်ဆိုင် အင်းစိန်တွဲဘက်ထောင်ရဲ့ ဗူးဝကြီးမှာ အချုပ်ကားကြီး ရပ်လိုက်တာကို သတိရတယ်။

(၁၅)(၁၆)…..(၁၅)(၁၆) အသင်္ချေ
ညီတယောက် သို့ မဟုတ် အကိုတယောက် သို့ မဟုတ် ညီမတယောက် သို့ မဟုတ် အစ်မတယောက် သို့ မဟုတ် ငါ့ကို လှုပ်ရှားမောင်းနှင်နေတဲ့ သွေးခြောက်ပုလင်း၊သေပြီးတဲ့သူကို သတ်လို့ မရဘူး ၊သူတို့ ကို သတိရခြင်းနဲ့  ငါ့လိပ်ပြာကို ထုံမွှမ်းထားတယ်ဟေ့၊ငါတို့ ဟာ ဝိဥဏ် တစ်ခုစီမဟုတ်ဘူး၊ငါတို့ ရဲ့ ဝိဥာဏ်တခုတိုင်းဟာ အခြား ညီတွေ၊အခြားအကိုတွေ ၊အခြားညီမတွေ၊အခြားအစ်မတွေ သို့ မဟုတ် အခြားသော သွေးအုပ်စုတူ သွေးပုလင်းပေါင်းသန်းနဲ့ ချီလို့ အပြန်အလှန် ကိုယ်စားပြုတယ်ဟေ့၊ငါတို့ ဟာဝိဥာဏ်တွေ၊မျိုးဆက်သစ်တွေ၊အမှန်တရားမြတ်နိုးသူတွေရဲ့ အသည်းနှလုံးထဲကို စိမ့်ဝင် ထုံကူးနိုင်စွမ်းတဲ့ ဝိဥာဏ်တွေ၊
ငါ အသက်ရှုရပ်သွားတဲ့တနေ့ မှာငါ့ဝိဥာဏ်ကညီတယောက်သို့ မဟုတ် အကို တစ်ယောက် သို့ မဟုတ်ညီမတယောက်သို့ မဟုတ်အစ်မတယောက် ရဲ့သွေးခြောက်ပုလင်း ထဲမှာပျော်ဝင်သွားလိမ်းမယ်လို့ ငါယုံတယ်။သင်ပုန်းချေတယ်ဆိုတာကို မေ့ပြစ်လိုက်တယ်လို့ ဘာသာပြန်လို့ မရ။
မိုးမောင်မောင်
(၁၆ မတ် ၂၀၁၂)

Friday, March 16, 2012

0 ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) ကဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်Doctor of Laws ဘွဲ့ပေးအပ်ချီးမြှင့်(ရုပ်/သံ)



ဒီကနေ့ ဟောင်ကောင်တက္ကသိုလ် (University of Hong Kong) က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် Doctor of Laws ဘွဲ့ပေးအပ်ချီးမြှင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်က Skype မှတစ်ဆင့် ဆက်သွယ်ပြောကြားရမှာ မကြာခင် နိုင်ငံခြားကို ခရီးထွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း သိရပါတယ်။

အသေးစိတ်စာသားအပြည့်အစုံကို ဒီနေရာ မှာဖတ်နိုင်ပါတယ်..

mmcpမှGreenwoodအားကျေးဇူးတင်ရှိပါသည်..

0 မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)လူမှု့ရေးဖောက်ပြန်မှု့နှင့် ငွေကြေးလာဘ်စားမှု့အရှုပ်တော်ပုံနောက်ဆက်တွဲ


အောက်တွင်ဆက်လက်ဖတ်ရူပါရန်..



0 ကလောမြို့နယ်ကမ္ဘားနီရွာမှရပ်ကျေးအုပ်ချုပ်ရေးမှုး ဦးကျော်မွှေးမှ ကြံ့ခိုင်ရေးပါတီအားမဲမပေးလျှင် တစ်ရွာလုံး ဒုက္ခရောက်သွားမည်ဟု ခြိမ်းခြောက်

ကျော်မွှေး (ကမ္ဘားနီကျေးရွာ အုပ်ချုပ်ရေးမှုး)

ကလောမြို့နယ် ကမ္ဘားနီရွာမှ ရပ်ကျေး အုပ်ချုပ်ရေးမှုး ဦးကျော်မွှေး (ခ)ထွန်းလင်း ကကြံ့ခိုင်ရေး ပါတီမှလွဲ၍ အခြားသော ပါတီများအားမဲမပေးရ။ ပေးခဲ့ပါက တစ်ရွာလုံး ဒုက္ခရောက်သွားမည်ဟု ၂၈.၂.၂၀၁၂ ရက်နေ့ညနေပိုင်း တွင် ကျေးရွာချောင်းကူးတံတားပြုပြင်ရေး လုပ်အားပေးလာကြသော ကမ္ဘားနီအိုးသည်ရွာ၊ ဘုရားကုန်း ရွာ၊ တောင်ရွာ စသော ရွာသုံးရွာမှ ရွာသားများအား အမိန့်ပေးခဲ့ သည်ကို တာဝန်သိရွာခံလူငယ် လေးဦးမှအောင်ပန်းမြို့ခံလူငယ်များထံလာရောက်ရင်ဖွင့်သံကို ကြား လိုက်ရသည်။

ထိုရပ်ကျေးအုပ်ချုပ်ရေးမှုးကျော်မွှေးသည် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်မှီတုန်းကလည်း ရွာရှိလူအားလုံး ကြံ့ခိုင်ရေးပါတီဝင်ကပ်ပြား ပြုလုပ်ရမည်ဆိုကာ တစ်ဦးလျှင်ငွေကျပ် ၁၅၀၀ ကောက်ခံ ကာရွာသားများအားပါတီဝင်အဖြစ် အတင်းသွတ်သွင်းခဲ့သည်ကိုလည်း သတင်းရရှိခဲ့ပါသည်။ ကမ္ဘားနီ ကျေးရွာအုပ်စု သရက်ပုကျေးရွာတွင်လည်း ရပ်ရွာမှ ရွေးချယ်ခန့်အပ်ထားသော အုပ်ချုပ်ရေးမှုး ဦးညွန့် ဝင်း အား မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းဇော်နှင့် ကျော်မွှေးတို့က ဦးညွှန့်ဝင်းအား မြေရောင်းစားသည် ဟုဆိုကာ နှစ်ဦးပူးပေါင်း၍ ဖြုတ်ထုတ်ခဲ့သည်။ ၎င်းတို့နှစ်ဦးတင်မြောက်လိုသော လူတစ်ဦးသည်လည်း (ဦးတီးတူ) ကြံ့ခိုင်ရေးပါတီဝင်ဖြစ်ပြီး ကျေးရွာလူထုမှလည်း လုံးဝ လက်မခံသဖြင့် ယခုအချိန် အထိ သရက်ပုရွာ၌ အုပ်ချုပ်ရေးမှုး ရွေးချယ်ခန့်ထားခြင်း မရှိသေးပါ။

၂၀၁၁ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကမ္ဘားနီရွာမှ ထို ကျော်မွှေးကို ဖြိုးရေးအတွက် UNDP မှ ထောက်ပံ့ငွေနှင့်ပစ္စည်းများကို အလွဲသုံးစား လုပ်မှုနှင့် ကျေးရွာလူထုက တိုင်ကြားသဖြင့် အုပ်ချုပ်ရေးမှုးရာထူးမှထုပ်ပယ်လိုက်သော်လည်း ကလောမြို့နယ် အုပ်ချုပ်ရေးမှုး ဦးသိန်းဇော် ကိုငွေကျပ်သုံးသိန်းနှင့်အတူ ကျောက်နွားတောင်အရှေ့ဖက် ထင်းရှုးတောနှင့်ကပ်လျှက်ပြည်ထောင်စု လမ်းမကြီးအနီးတွင်ရှိသော ပလပ်မြေကို ဦးသိန်းဇော်အမည်ဖြင့် မြေစာရင်းနှင့်ပေါင်းကာ ၁၀၅ ဖောက်ပေး၍ အုပ်ချုပ်ရေးမှုးရာထူး မပြုတ်ရန်လာဘ်ထိုးခဲ့ သည်ကို ရွာခံလူများ အားလုံးအသိပင် ဖြစ်ပါသည်။ ထိုကိစ္စအား မှန်မှန်ကန်ကန်ဖြစ်စေလိုပါသည်။

ဒီမိုကရေစီနိုင်ငံတွင် ထိုကဲ့သို့သောတရား မဲ့အုပ်ချုပ်ရေးမှုးများ မြန်မာနိုင်ငံတစ်ဝှမ်းတွင် မည်မျှရှိနေသည်ကို မသိရသေးပေ။ တရားရုံးများတွင် မတရားမှု့အများဆုံး ဖြစ်နေသည် ကို နိုင်ငံတော်မှ သေချာစွာစီစစ်၍ တရားမျှတစွာ စီရင်ပြုပြင်စေလို ကြောင်းတင်ပြလိုက်ရပါသည်။
…..တင်ဆက်သူ ………. တောင်စောင့်နတ်ကြီး…..

1 ရှင်ကြီး ကျားထက်ဆိုး


ရှင်ကြီး ကျားထက်ဆိုး

ကျွန်တော် ကျော်သူသည် ၁၉၈၄ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ရိုက်ကူးသော “ချစ်ကြိုးလေးနှစ်မျှင်” ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူဖြစ်သည်။

၁၉၉၄ ခုနှစ်တွင် ဒါရိုက်တာ ဇင်ရော်မောင်မောင်ရိုက်ကူးသော “တပြည်သူမရွှေထား” ရုပ်ရှင် ဇာတ်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂၀၀၃ ခုနှစ်တွင် “အမေ့နို့ဖိုး” ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကို ရရှိခဲ့ကာ ယင်းဇာတ်ကားနှင့် အကယ်ဒမီပေါင်း (၇) ဆုကိုလည်း ထိုက်ထိုက်တန်တန်ရရှိအောင် ရိုက်ကူးဖန်တီးခဲ့သော သူတစ်ယောက် လည်းဖြစ်သည်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး) မတိုင်ခင်အထိ နိုင်ငံတော်အကျိုးပြု ဇာတ်ကားများ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေသာကပွဲများ၊ ရုပ်မြင်သံကြားဇာတ်လမ်းများအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရံပုံငွေရှာဖွေရေး ဘောလုံးပွဲများ၊ ဗီဒီယိုဇာတ်လမ်းများကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး)မှစ၍ ကျွန်တော့်အား ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ အနုပညာလုပ်ခွင့်များကို ပိတ်ပင်ထားသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ သို့သော် ကျွန်တော် သည် ရုပ်ရှင်လောကနှင့် ဝေးကွာသွားသည်တော့မဟုတ်။ အနုပညာသမားများ၏ သတင်းများ၊ အနုပညာ လောကအတွင်း ဖြစ်ပေါ်နေသော ပြဿနာများကို အတွင်းကျကျသိရှိနေသူဖြစ်သည်။ အနုပညာလောက တွင် ကျင်လည်ခဲ့စဉ်က အနုပညာမောင်နှမများ၊ ထုတ်လုပ်သူများ၊ ဒါရိုက်တာများနှင့် မည်သည့်ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့သော် ၂၀၀၁ ခုနှစ်မှစ၍ ရုပ်ရှင်ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘ ဦးသုခ မျိုးစေ့ချပေးသော နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တစ်ဖတ်တစ်လမ်းမှ ပါဝင်၍ အများပြည်သူတို့အား တတတ်တအား ကူညီဖေးမကာ ကုသိုလ်ဖြစ်ပေးဆပ်ခဲ့သည့် အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော့်နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ကြတော့ပေ။ အဘယ့်ကြောင့်ဆို ကျွန်တော်လုပ်ကိုင် ပေးဆပ်နေသောလုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နာမ်နှိမ်ခံရခြင်း စသည့် အယူဝါဒအစွဲများကြောင့်ပင် ဖြစ်တော့သည်။ မည်သို့ဖြစ်စေ ကျွန်တော်သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးတစ်ယောက်အနေဖြင့် ဒိဋ္ဌိအယူ ဝါဒများအား တိုက်ဖျက်ကာ မိမိ၏ ခံယူချက်၊ ဘဘဦးသုခ၏ ရည်ရွယ်ချက်များကို ကြံ့ကြံ့ခံကာ အများပြည် သူတို့အတွက် ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်တော့သည်။

ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော်တို့၏ ပေးဆပ်မှုလုပ်ငန်းများအား နာရေး ကူညီမှုတင်မက၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည့်လူသားတို့၏ မဖြစ်မနေကြုံတွေ့ရမည့် အခက်အခဲများကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေးကိစ္စ အခက်အခဲများနှင့် ရန်သူမျိုးငါးပါး ဒဏ်ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ်ခဲ့သလို ရုပ်ရှင်အနုပညာသည်များကိုလည်း များစွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။

ယခု ၂၀၁၂ ခုနှစ်၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ၏ ဒီမိုကရေစီနိုင်ငံတော် ထူထောင် ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက်လိုခြင်း၊ အနိမ့်ကျဆုံးဖြစ်နေသော မြန်မာ့ရုပ်ရှင်အား မြှင့်တင်လို ခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်ဖြစ်စေလိုခြင်း စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းတော့မည်ဟု ကျွန်တော်သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်အတွက် ကျေးဇူးမကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန်မြှင့်မားစွာဖြင့် တိုးတက်ပြောင်းလဲမှုကို အမှန်တကယ် မျက်ဝါးထင်ထင်မြင်တွေ့လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်သည် ရုပ်ရှင်ရိုက်ခွင့်မရရှိသေးသော်လည်း တဖက်တလမ်းမှ မြန်မာ့ရုပ်ရှင်လုပ်ငန်းအား တိုးတက်စေလိုသောဆန္ဒဖြင့် မိမိတွင်ရှိသော လူမှုရေးစိတ်ဓါတ်၊ အနုပညာ စိတ်ဓါတ်၊ ခိုင်မြဲသောသီလတို့ဖြင့် ပြန်လည်၍ကျေးဇူးဆပ်လိုပါသဖြင့် အဓိကသရုပ်ဆောင်အလွှာမှ ဝင်ရောက်အရွေးချယ်ခံရန်အတွက် စဉ်းစားမိတော့သည်။

ထို့ကြောင့် မိမိနှင့်ရင်းနှီးသော အနုပညာလက်တွဲဖော်တစ်ယောက်ဖြစ်သော ရုပ်ရှင်တည်းဖြတ် ပညာရှင်တစ်ဦးအား မိမိ၏ ကိုယ်စားလှယ်အဖြစ် လက်ဆင့်ကမ်းကာ ကွန်ပြူတာစာရိုက်၍ မြန်မာ့ရုပ်ရှင် အစည်းအရုံးသို့ အဓိကသရုပ်ဆောင်အလွှာတွင် ဝင်ရောက်ရွေးချယ်မှုလျှောက်လွှာအား တလေးတစားဖြင့် သွားရောက်ယူငင်ခိုင်းခဲ့သည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ဘေးစသည့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူဖြစ် ခဲ့ပါ။ ယင်းနေ့ နံနက် (၁၀း၀၀) နာရီခန့်တွင် ကျွန်တော်၏မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့်ထံ သို့ “ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း” ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များက ပြောကြား ကြောင်း အကြောင်းကြားခဲ့သည်။

ဤတွင် ကျွန်တော်မှ ပြန်လည်၍ မေးခွန်းများပြန်လည် မေးမြန်းချင်တော့သည်။

*

ကျွန်တော့်ကဲ့သို့ အကယ်ဒမီရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီဒါရိုက်တာတစ်ဦးအား ကိုယ်တိုင် ကိုယ်ကျလာယူမှပေးမည်ဟု ပြောခဲ့သော်လည်း ဇာတ်ပို့/ရံအလွှာမှ လူရွှင်တော်တစ်ဦးအား တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့်ပေးခဲ့သနည်း .. ?
*

နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်ညွှန်းအလွှာမှ ဇာတ်ညွှန်းဆရာတစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း .. ?

ထို့အပြင် ယင်းစစ်မှန်သောရွေးကောက်ပွဲအား အကောင်အထည်ဖော်မည်ဟု ကြွေးကြော်နေသော အနုပညာသမားများထဲတွင် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ (ရွှေဝါရောင်တော်လှန်ရေး)အပြီး ကျွန်တော်အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသောအချိန်တွင် အနုပညာရှင်တစ်ဦး၏ ဈာပန အခမ်းအနား၌ “မောင်မောင် … မင်းက အချိန်မတန်သေးဘဲ လုပ်တာကိုး” ဟု ဆရာကြီးပုံစံနဲ့ ပြောဆိုခဲ့သော အခွင့်အရေးသမားတစ်ဦးပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွှန့် အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ဆုံကြသော အနုပညာသမားများထဲမှ “ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော်တော်ဒုက္ခပေးခဲ့တယ်။” ဟု ပြောကြားခဲ့သော ကိုယ့်ဂုဏ်မြင့် ၍ အခြားသူအား အပုပ်ချခဲ့သော ခွက်ပုံးအနုပညာသမား ပါဝင်နေခြင်းတို့အား ကျွန်တော်များစွာ တွေးတောစဉ်းစားမိတော့သည်။ ယခု မြန်မာ့ရုပ်ရှင်အစည်းအရုံးအား ပြန်လည်ဖွဲ့စည်းမည် ဖြစ်သော ရုပ်ရှင်အနုပညာသည်များ ပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာမောင် နှမများအား စည်းလုံးညီညွှတ်စွာဖြင့် မိသားစုစိတ်ဓါတ်ထားကာ တစ်ဦး၏အခက်အခဲများကို ဝိုင်းဝန်းဖြေ ရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာသမားများ၏ သာရေး/နာရေးကိစ္စများကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်လိုခြင်း စသည့်စကားများသည် ကျွန်တော်အတွက်မဖြစ်နိုင်တော့ချေ။ အကြောင်း မှာ ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော်မှ အရေးယူပိတ်ပင်ခံထားရသော အနုပညာ သမားများ၏ အသက်ရှင်သန်မှု၊ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံတိုင်းကျွန်တော် တို့ စဉ်းစားပေးရန်၊ ဖွင့်လှစ်ပေးရန် တိုက်တွန်းမှု၊ အကြံပေးမှု၊ အသနားခံမှုများကို စဉ်ဆက်မပြတ် လုပ်ကိုင်ခဲ့ပါ၍ ယင်းကဲ့သို့ ပိတ်ပင်ခံထားရသော အနုပညာသမားများ ပြန်လည်၍ အနုပညာ လောကတွင် သက်ဝင်လှုပ်ရှား ပါဝင်ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍မရပေ။ သို့သော် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများ အပိတ်ပင်ခံခဲ့ရသော ကျွန်တော်၏ ကိစ္စရပ်အား မည်သည့်အနုပညာသမားများ၊ မည်သည့်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ် များတို့မှ နိုင်ငံတော်အုပ်ချုပ်သူပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ကြစဉ် တစ်ခွန်းတပါဒမှ ပြောကြားပေးခဲ့ခြင်း မရှိချေ။ မြန်မာ့ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော်မှအနုပညာလုပ်ခွင့် ပိတ်ပင်ခံရသူ အနုပညာ ရှင်များထဲတွင် ကျွန်တော်သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမားဖြစ်ပေ လိမ့်မည်။ သို့ရာတွင် ကျွန်တော်သည် ရုပ်ရှင်လောက ဖခင်ကြီးတစ်ဦးဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှုရေးလုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင်လောကတွင်ရှိကြသော အဓိကသရုပ်ဆောင်များ၊ ဒါရိုက်တာများ၊ ထုတ်လုပ်သူများ၊ ဇာတ်ပို့/ရံများ၊ လူကြမ်း သရုပ်ဆောင်များမှအစ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေး ဋ္ဌာနမှဝန်ထမ်းများ (ဥက္ကဋ္ဌမှအစ သန့်ရှင်းရေးအဆုံး) ကြုံတွေ့နေရသော နာရေး၊ ကျန်းမာရေး ကိစ္စရပ်များအား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦးဖြစ်သည်။ သို့သော် ကျွန်တော်သည် ကုသိုလ်ရေးလုပ်ငန်းဖြစ်သော လူမှုရေးလုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက် ကျွန်တော်၏ ကျေးဇူးရှင်များဖြစ်ကြသော အများပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ်ထိတွေ့ ပေးဆပ်နေ ရမှုကို ကျေနပ်ပီတိ ဖြစ်ခဲ့ပါသည်။

ယနေ့ ကျွန်တော့်၏မိတ်ဆွေဖြစ်သူ တည်းဖြတ်ပညာရှင်အားလမ်းကြုံ၍ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အဆောက်အဦးသို့ ဝင်ရောက်ပို့ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော်ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော်၏မိတ်ဆွေ ကားပေါ်မှဆင်းချိန်တွင် မော်တော်ယာဉ်အနီး တွင်ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့်တွေ့ဆုံ၍ လွန်ခဲ့သောနှစ်ရက်ခန့်က ယင်းလူကြမ်းသရုပ် ဆောင် အစ်မဖြစ်သူ၏ နာရေးကိစ္စရပ်အား အဆင်ပြေမှုအားမေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယို ဒါရိုက်တာတစ်ဦးရောက်လာကာ “ဟေ့လူ … ဒီနေရာက ကားရပ်ရတဲ့နေရာမဟုတ်ဘူး” ဟူ၍ ရင့်သီးစွာပြောဆိုခြင်းကို ခံခဲ့ရသည်။ ကျွန်တော်နားလည်သည်မှာ အဆောက်အဦးများတွင်ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန်ထားရှိသော မော်တော်ယာဉ်ခေတ္တရပ်နားရန် နေရာပင် မဟုတ်ပါလား။ ကျွန်တော်သည် မော်တော်ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်၏အပေါ် ယခင်စစ်အစိုးရ လက်ထက်ရှိ ပြန်ကြားရေးဋ္ဌာနမှ ပိတ်ပင်ထားခဲ့မှုများကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရမည်ဖြစ်သော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့်အား ယခုကဲ့သို့ ရွေးကောက်ပွဲကော်မတီတွင် ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာဆက်ဆံခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော်ရှိ အနုပညာသမားများ လုပ်ရမည့် လုပ်ရပ်များမဟုတ်ပေ။

မည်သို့ဖြစ်စေကာမူ ကျွန်တော်သည် မည်သည့်အစိုးရတက်တက်၊ မည်ကဲ့သို့ ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့်၏တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးဒဏ် စသည်တို့ကို သေတပန် သက်တစ်ဆုံးလုပ်ကိုင် ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်းတိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ စည်းလုံးညီညွှတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ် မြန်မာ့ရုပ်ရှင်အစည်းအရုံးပေါ်ပေါက်လာအောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမ သဖွယ် တစ်ဦး၏ကိစ္စရပ်များကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့်ရည်ရွယ်ချက်များဖြင့် ပြန်လည်၍ ဖွဲ့စည်းမည်ဖြစ်ရာ အနုပညာသမားစစ်စစ်များအနေဖြင့် အရွေးချယ်ခံမည့် လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓါတ်ကအရေးကြီးပေသည်။ မြန်မာ့ရုပ်ရှင်အနုပညာဖြင့် ဘဝကိုရပ်တည်နေသောသူများအတွက် “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဟူ၍ မဖြစ်အောင် အထူးသတိပြုစေလိုတော့သည်။

ကျော်သူ

Thursday, March 15, 2012

0 တောင်ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ပြည်ခိုင်ဖြိုး (အများအခေါ် ကြံ့ဖွတ်)၏ မရိုးမသားနည်းလမ်းဖြင့်လမ်းပိတ်ဆို့ထားသောဆိုင်းဘုတ်ကိုဖြုတ်ပေးရန်တောင်းဆိုနေ


တောင်ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၀င်ပြိုင်မယ့် NLD ဒေါက်တာဦးမျိုးအောင်နဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တို့ မဲဆွယ်ကြော်ငြာ တွေ အပြိုင်တည်ရှိနေပုံပါ။ အဲဒီအပေါ်က ပုံမှာ လမ်းတခုလုံးကို ပိတ်ဆို့ပြီး ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်အား လမ်းသူလမ်းသား မိသားစုများက ကြိုဆိုပါသည် ဆိုတဲ့ ဆိုင်းဘုတ်ကို သတိထားမိပါသလား။

အဲဒီ ဆိုင်းဘုတ်ကို အဲဒီလမ်းထဲက ပြည်ခိုင်ဖြိုး (အများအခေါ် ကြံ့ဖွတ်) လူတစ်ယောက် (တစ်)ယောက်က သူ့သဘောနဲ့သူ တလမ်းလုံးကပဲ သူ့ကိုယ်စားလှယ်ကို ကြိုကြသယောင် ဆိုင်းဘုတ်ကြီးတွေ လမ်းဟိုဘက်သည်ဘက် မှာ စိတ်ကြိုက်တင်ထားတာ ဆိုပဲ။ လမ်းသားတွေက ဒီဆိုင်းဘုတ်ကို ဖြုတ်ပေးဖို့ ရဲစခန်းကို တိုင်စာတင်ထားပါတယ်တဲ့ .ဒါပေမယ့် ဘယ်သူကမှ အရေးတယူ မလုပ်ပါဘူးတဲ့။

ဒါနဲ့ အဲဒီလို လမ်းကိုပိတ်ပြီး လုပ်လို့ ရစကြေးဆို အမေစုပါတီ ကြော်ငြာ ဆိုင်းဘုတ်တွေ အများကြီးလုပ်ပြီး လမ်းတိုင်းမှာ လိုက်လုပ်၇င်ရော နယ်မြေခံ အုပ်ချုပ်ရေးမှူးတွေ ခွင့်ပြုမှာလားတဲ့ .....

တလမ်းလုံးမှာ တယောက်ထဲရှိတဲ့ အဲဒီပါတီဝင်က လူလည်ဖျံကျပြီး တလမ်းလုံးကပဲ သူ့ကိုယ်စားလှယ်ကို ကြိုဆိုသယောင် အရှင်းကတ် ထားတာပါ။ တလမ်းလုံးက ကန့်ကွက်ပေမယ့် မရပါ။ ရဲစခန်းမှာလည်း ကန့်ကွက်စာ တင်ထားပါတယ်တဲ့။ လမ်းမိသားစုတွေ သဘောမတူပဲ အားလုံး က ကြိုဆိုသယောင် ရေးပြီး အတင်းလာချိတ်ထားလို့။ လုပ်နေကျ အရှက်ကင်းသော လုပ်ရပ်တွေမို့ သိပ်တော့ မထူးပါ။ နောက်တခေါက် လာပြန်ပဟေ့ ။ ဟေ ဟေ ၀ါး လို့သာ

ကိုနေမျိုးဇင်

Wednesday, March 14, 2012

0 ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အနုပညာရှင်တွေရဲ့ တိုက်တွန်းချက် (သရုပ်ဆောင်-လူမင်း)


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ ကိုယ်ပေးလိုက်တဲ့ မဲတစ်ပြားဟာ ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးမယ့် မဲတစ်ပြား ဖြစ်တယ်ဆိုတာကို အလေးအနက်ထားဖို့ မဲဆန္ဒရှင်ပြည်သူတွေကို အနုပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။

burma vj media network

0 ရန်ကုန်တက္ကသိုလ် ကမ္ဘာ့အဆင့်မီ ပြုပြင်ရန် အမေရိကန်သူဌေး ဒေါ်လာသန်းချီ ပေးမည်


ကမ္ဘာ့အဆင့်မီ ရန်ကုန်တက္ကသိုလ် ဖြစ်ထွန်းလာရေးအတွက် အမေရိကန် သူဌေးတစ်ဦးက ဒေါ်လာသန်းချီ လှူဒါန်း သွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရ သည်။ အမေရိကန်ရှိ ဂျွန်ဟော့ကင်း တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့ သုတေသန လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြကြောင်း ပူးပေါင်းခြင်း ကိစ္စများအတွက် ဒေါ်လာသန်း နှင့်ချီ၍ ကုန်ကျမည်ဖြစ်ရာ အမေ ရိကန်သူဌေးတစ်ဦးက ပူးပေါင်း ဆောင်ရွက်ပေးမည့် အမေရိကန် တက္ကသိုလ်အား လှူဒါန်းငွေ ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူက ပြောသည်။ ”ရန်ကုန်တက္ကသိုလ်ကို ကမ္ဘာ က အသိအမှတ်ပြုတဲ့ အထိကို ဖြစ် အောင် လုပ်ဆောင်သွားမယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။ အမေရိကန် ထိပ်တန်း တက္က သိုလ်ကြီးမှ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုရန် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန မှ ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြပြီး ကန်တက္ကသိုလ်မှ တာဝန်ရှိ သူများ အဆင့်ဆင့် ထပ်မံ လာရောက်ရန်လည်း ရှိနေသည်ဟု ဒုတိယ ဝန်ကြီးက ဆိုသည်။ လက်ရှိအချိန်၌ ရန်ကုန်တက္က သိုလ်နှင့် မန္တလေးတက“္ကသိုလ် နှစ်ခု မှာ သုတေသန တက္ကသိုလ် အဆင့် သာ ရှိနေသေးရာ ရန်ကုန်တက္က သိုလ်ကို (National University) အမျိုးသားတက္ကသိုလ် အဆင့်အထိ ရောက်အောင် မျှော်မှန်းလုပ်ဆောင် ကြမည်ဟုလည်း ဒုတိယ ဝန်ကြီးက ထပ်လောင်းပြောသည်။ ”သုတေသန ပူးပေါင်းမှုကို တော့ အချိန်မကြာစေဘဲ မြန်မြန် ဆောင်ရွက်သွားမယ်” ဟု ဒုတိယ ဝန်ကြီးက ပြောသည်။ ၁၉၆၄ ခုနှစ် အထိ ရန်ကုန် တက္ကသိုလ်ကြီး၏ လက်အောက် တွင် ဆေးပညာ၊ စက်မှုပညာ အစရှိသည်ဖြင့် အသက်မွေးဝမ်း ကျောင်း ပညာရပ်များနှင့် တခြား သော ဝိဇ္ဇာ၊ သိပ္ပံပညာရပ် များမှာ မဟာဌာနများအနေနှင့် ရှိခဲ့သော် လည်း နောက်ပိုင်းတွင် မဟာဌာန အသီးသီးတို့ ခွဲထွက်၍ တက္ကသိုလ် များ တည်ထောင်ခြင်းများ ဆောင် ရွက်ခဲ့သည်။ လက်ရှိ တွင် မဟာ ဘွဲ့လွန် သင်တန်းများနှင့် ပါရဂူ ဘွဲ့ သင်တန်းတို့သာ ပို့ချပေးနေကြောင်း ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ ထွန်းခင်က ပြောသည်။ ဆက်လက်၍ ဒေါက်တာထွန်း ခင်က ”ကျွန်တော့် အမြင်အရ ဆို ရင် အမေရိကန်တက္ကသိုလ်နဲ့ ရန် ကုန်တက္ကသိုလ်သာ ပူးပေါင်းလိုက် ရင်သင်ကြားရေးပိုင်းမှာလည်း နှစ် နိုင်ငံ တန်းတူဖြစ်သွားမယ်။ ဒီလိုပဲ သင်ရိုး၊ ညွှန်းတမ်းတွေလည်းကမ္ဘာ့ အဆင့်မီသွားမယ်။ ဒါ့အပြင် ရန် ကုန်တက္ကသိုလ်ဆီ ဧည့်ပါမောက္ခ တွေ လာကြမယ်။ သုတေသနတွေ ပူးပေါင်းဆောင်ရွက်ကြမယ် ဒီလိုပဲ ဒီက ထူးချွန်တဲ့ သူတွေလည်း ဟို ဘက်မှာ ဒီလိုပဲ သွားလုပ်ကြမယ်။ အားလုံးက မြန်မာ့ပညာရေး အဆင့်အတန်း ပိုမြင့်သွားဖို့ လုပ်ရပ် တွေကြီးပဲ” ဟု သုံးသပ်သည်။ စင်ကာပူ၊ တောင်ကိုရီးယား စသည့် နိုင်ငံတို့တွင်လည်း အမျိုး သားတက္ကသိုလ်များ ရှိပြီးဖြစ်နေရာ မြန်မာတွင်လည်း လုပ်လျှင်လုပ် သလို ဖြစ်မည့် အနေအထားမျိုး ရှိကြောင်း ဒေါက်တာထွန်းခင်က ထပ်လောင်းပြောသည်။ နိုင်ငံတကာပညာရေး အတိုင်ပင်ခံ ဒေါက်တာနေဝင်းနိုင်က မြန် မာနှင့် လာရောက်ပူးပေါင်းမည့် ဂျွန် ဟော့ကင်းတက္ကသိုလ်ဆိုသည်မှာ အမေရိကန်နိုင်ငံ၌သာမက ကမ္ဘာ ကပင် အသိအမှတ်ပြုထားပြီး သိက္ခာ ရှိသည့် တက္ကသိုလ်ဖြစ် ကြောင်း၊ ယနေ့မြန်မာ့ပညာရေးတွင် ခေတ်မီသင်ကြား နည်းစနစ်များ သုတေသနပစ္စည်းများနှင့် သင်ရိုး များ လိုအပ်မှုရှိနေသည့်အတွက် ၄င်းကိစ္စရပ်များပါ အလိုလိုဖြေရှင်း ပြီးသား ဖြစ်သွားလိမ့်မည်ဟု ယူဆ ကြောင်း ပြောသည်။ အိန္ဒိယတက္ကသိုလ်ရဲ့ လက် အောက်ခံတက္ကသိုလ်ခွဲတစ်ခုအနေ ဖြင့်သာ ရပ်တည်ခဲ့ရသည့် ရန်ကုန် တက္ကသိုလ်မှာ ၁၉၂ဝ ဒီဇင်ဘာလ ၁ ရက်နေ့မှ ရန်ကုန်တက္ကသိုလ် ဥပဒေ စတင်အာဏာတည်ခဲ့ပြီး ရန်ကုန်ကောလိပ်နှင့် ယုဒဿန် ကောလိပ် ကျောင်းနှစ်ကျောင်းကို ပေါင်း၍ ရန်ကုန် တက္ကသိုလ်အဖြစ် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်၏ ပထမဆုံးအဓိပတိ မှာ မြန်မာပြည်ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ဖြစ်ပြီး လာမည့် ၂ဝ၂ဝ ခုနှစ်တွင် နှစ် ၁ဝဝ ပြည့်မြောက်တော့မည်ဟု မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု ရက်စဉ် သမိုင်းအရ သိရသည်။ ရန်ကုန် တက္ကသိုလ်ကို ၁၉၄ဝ -၁၉၅ဝ ခုနှစ် များတွင် အရှေ့တောင်အာရှ၌ အကောင်းဆုံး တက္ကသိုလ်အဆင့် သတ်မှတ်ခံရပြီး ၁၉၅ဝ-၁၉၆၂ခုနှစ် များတွင် အရှေ့တောင်အာရှ၌ ဒုတိယအဆင့်တက္ကသိုလ်အဖြစ် စာရင်းပေါက် ခဲ့သည်။
မင်းသုအောင် (Popular Myanmar News Journal)

6 အဖွဲ့ချုပ်ရုံးမှာ ရဲဝံ့စွာလာရောက်ပြီးရင်ဖွင့်တဲ့ စစ်သားလေး(ရုပ်/သံ)



စစ်သားရဲဘော်များအိမ်မှာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကပ်တာတွေ့ရင် လိုင်းထဲကနှင်ထုတ်မယ်တဲ့.. အဖြစ်မှန်ကို ရဲဝင့်စွာ ရင်ဖွင့်ပြတဲ့ ရဲဘော်စစ်သားလေးအား လေးစားပါတယ်..

တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတင်ပြခဲ့တဲ့အတွက် ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။

ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။

“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”

သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။

သံလျင် သီလ၀ါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။

လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ (RFA)


Video..Nay myo zin

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသတင်းစာဆရာကြီး ဦးဝင်းတင်၏ အသက် ၈၂ နှစ်ပြည့် မွေးနေ့အမှတ်တရ လူငယ်များအတွက် အမှာစကား

0 နောက်လှည့်ကွက်တမျိုး


နိုင်ငံတော်အေးချမ်းသာယာရေးအဖွဲ့ကနေ သိန်းစိန်အစိုးရကို အာဏာလွှဲချိန်မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နှစ်၂၀ကျော်မှာ အရှုးံအမြတ်ဘယ်လိုရှိတယ်။ ရှုးံနေရင်ဘာကြောင့်ဖြစ်တယ် ဘယ်ဝန်ကြီးတွေ ဘယ်အရာရှိတွေမှာတာဝန်ရှိတယ်ဆိုတာ စစ်ဆေးတင်ပြခဲ့တာမရှိပါ။

ခုနေပြည်တော်လွှတ်တော်မှာ ၀န်ကြီးဌာနအကတိလိုက်စားမှုတွေဆိုတာ သိန်းစိန်နဲ့ ရွှေမန်းတို့ပေါင်းပြီး ပြည်သူကို ထပ်လိမ်တာပါ။ ပြည်သူကြိုက်သွားအောင် သိန်းထောင်ဂဏန်းလောက် ငွေကွာတာမျ...ိုးကို စတေးလိုက်တော့ လူပိန်းကြိုက်ဖြစ်သွားတယ်။

အမှန်က စစ်တပ်က အုပ်ချုပ်ခဲ့တဲ့ နှစ်၂၀ကျော်ကာလအတွင်း ၀န်ကြီးဌာနတွေ ငွေဘယ်လောက်ကွာနေတယ် စီးမံကိန်းတွေဘာကြောင့် မအောင်မြင်တယ်ဆိုတာပြန်စစ်ရင် သိန်းပေါင်း ကုဋေများစွာထွက်လာမဲ့ပြင် နောက်ဆုံး စစ်ခေါင်းဆောင်တွေ တရားခံဖြစ်နိုင်တယ်။

ဒါကြောင့် သိန်းထောင်ဂဏန်းလောက်ကို “တွေ့ပြီ…ဟေ့…..” ဆိုပီး သံကုန်အော်လိုက်တော့ လူပိန်းကြိုက်ဖြစ်သွားတယ်။ သိန်းစိန် ရွှေမန်းကိုတောင် ကျေးဇုးတင်မရလိုဖြစ်ကုန်တယ်။ အောင်သောင်းကတောင် ကြိတ်ရီနေတယ်ကြားတယ်။

Swe Swe Kyi Facebook

0 (၂၄)ကြိမ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့(၁၃.၃.၂၀၁၂)


“မူအမြဲကောင်းဖို့ တောင်းဆိုပါသည် သူရဲကောင်းတို့ရဲ့ မြန်မာပြည်”

၁။ ဒူရေနိဒါန်း
ဗိုလ်အောင်ကျော်ရဲ့ သွေးစက်တွေဟာ
ပြည်သူတွေကို လမ်းပြနေဆဲ။
မောင်တင်အောင်ရဲ့ သွေးစက်တွေဟာ
ကျောင်းသားတွေကို လမ်းပြနေဆဲ။
ရဟန်းပျိုတို့ရဲ့ သွေးစက်တွေဟာ
သံဃာတွေကို လမ်းပြနေဆဲ။
ရဲဘော်သုံးကျိပ် သွေးစက်တွေဟာ
မြန်မာပြည်ကို လမ်းပြနေဆဲ။

၂။ အ၀ိဒူရေနိဒါန်း
ကိုဖုန်းမော်ရဲ့ သွေးစက်တွေဟာ
ပြည်သူတွေကို လမ်းပြနေဆဲ။
ရှစ်လေးလုံးရဲ့ သွေးစက်တွေဟာ
မြန်မာပြည်ကို လမ်းပြနေဆဲ။

၃။ သန္တိကေနိဒါန်း
ဒီပဲယင်းရဲ့ သွေးစက်တွေဟာ
ပြည်သူတွေကို လမ်းပြနေဆဲ။
ရွှေဝါရောင်ရဲ့ သွေးစက်တွေဟာ
မြန်မာပြည်ကို လမ်းပြနေဆဲ။

၎။ ပရိယောသာနနိဒါန်း

ဝေးသောကာလ သွေးမြေကျခဲ့သော
မဝေးသောကာလ သွေးမြေကျခဲ့သော
နီးသောကာလ သွေးမြေကျခဲ့သော
သူရဲကောင်းတို့ ၀ိညာဉ်တွေဟာ
ကျောင်းသားတွေကို စောင့်ရှောက်နေဆဲ။
လူငယ်တွေကို စောင့်ရှောက်နေဆဲ။
သံဃာတွေကို စောင့်ရှောက်နေဆဲ။
ပြည်သူတွေကို စောင့်ရှောက်နေဆဲ။
မြန်မာပြည်ကို စောင့်ရှောက်နေဆဲ။

၅။ နိဂုံး(တစ်)

တို့လိုချင်တာ ဒီမိုကရေစီ
တို့လိုအပ်တာ လူ့အခွင့်အရေး
တို့လိုလားတာ တရားဥပဒေစိုးမိုးမှု
တို့လိုနေတာက ငြိမ်းချမ်းရေး
တို့ရင်ဆိုင်ရမှာက
ဂျပန်မဟုတ်ဘူး၊ အင်္ဂလိပ်မဟုတ်ဘူး။

၆။ နိဂုံး(နှစ်)

လူ့အခွင့်အရေးဆိုတာ
တို့ဘုရားရဲ့ ဗြဟ္မစိုရ်တရားပဲ။
လူအချင်းချင်း မေတ္တာထားဖို့၊
အထက်လူတွေ ကြင်နာတတ်ဖို့၊
အောက်လူတွေ ကြည်ဖြူတတ်ဖို့၊
တရားမျှတစွာ ဆုံးမတတ်ဖို့၊
ဒါတွေကို ဘုရားပေးသနားတော်မူခဲ့။
ကုလားမပေးခဲ့တာကို ပြောမနေနဲ့
ဘုရားဒကာ ခများတို့သာ
ကြည်ဖြူစွာနဲ့ လှူပါလှည့်။ ။

ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း
မစိုးရိမ်တိုက်သစ်
မန္တလေးမြို့

0 တပ်မတော်ရဲ့ အမိအဖ -
သီဆိုသူ-ဗိုလ်ကြီးဟောင်း နေမျိုးဇင်


မျိုးချစ် တပ်မတော် အရာရှိဟောင်းတဦး ဖြစ်သူ ဗိုလ်ကြီးဟောင်း နေမျိုးဇင် က သီဆိုထားပြီး ရေးစပ်သူက ကိုသားဖေထင်၊ အသံသွင်း တီးခတ်သူ ကိုဝင်းကျော် ဖြစ်ပါတယ်။ ပြည်သူသာ အမိ ပြည်သူသာ အဖ ဆိုတဲ့ မွန်မြတ်သော ခံယူချက်ကို ပြည်သူ့ဝန်ထမ်းအားလုံး အလေးအနက် ခံယူကျင့်သုံး လိုက်နာလာကြပါစေရန် ရည်ရွယ်ပါသည်။

ပြည်သူသာ အမိ ပြည်သူသာ အဖ။ တပ်မတော်ရဲ့ မိဘသည် ပြည်သူ လူထုသာ ဖြစ်ပါတယ်။ ပြည်သူလူထု တိုင်းရင်းသားထု တရပ်လုံးရဲ့ အကျိုးစီးပွား ၊ အသက်အိုးအိမ်စည်းစိမ်ကိုသာ ကာကွယ်စောင့်ရှောက်မြင့်တင်ပေးရန် တပ်မတော်မှာ တာဝန်ရှိပါတယ်။ လူတစု အာဏာရှင် တစုကိုသာ ကာကွယ်စောင့်ရှောက်ပေးခဲ့ရတဲ့ တပ်မတော်ကနေ ပြည်ထောင်စု တပ်မတော်ပြည်သူ့ တပ်မတော် စစ်စစ်ဖြစ်လာဖို့ ရည်ရွယ်တိုက်တွန်းရင်း ဒီသီချင်းကို ခံစားချက် ပြင်းပြင်းနဲ့ ဆိုမိပါတယ်။

နောက်သီချင်းတပုဒ်ဖြစ်တဲ့ သူငယ်ချင်း ရေ သီချင်းလည်းဆက်လက်နားထောင်နိုင်ပါတယ်..

အမှန်တော့ ပြည်ထောင်စုသား ညီအကိုအားလုံးဟာ သွေးရင်းညီအကိုတွေပါ။ မာန်မာနတွေ အာဃာတတွေကြောင့် စနစ်ဆိုး တခုအောက်မှာ တနိုင်ငံလုံး ဆင်းရဲတွင်း နစ်ခဲ့ကြတာပါ။ ဒီတော့ နစ်နေတာကနေ ဆွဲထုတ်တင်ဖို့ မှီတင်းနေထိုင်သူတွေ အားလုံးညီညွတ်မှ ရမယ်။ ဒါကြောင့် သူငယ်ချင်းများသို့ ရည်၇ွယ်ပြီး ကိုသားဖေထင်က ရေးစပ်ကာ NLD _ BG လူငယ်တွေက တပ်မတော် ၀န်ထမ်းအဖွဲ့စည်း အသီးသီးက မိတ်ဆွေသူငယ်ချင်းသားချင်းများကို ဒီသီချင်းနဲ့ ဖိတ်ခေါ်ပါတယ်။ အာဏာရှင် စနစ် လုံးဝ ချုပ်ငြိမ်းအောင် အာဃာတတွေ ဖျောက်ကြစို့။ မာန်မာနတွေ ဖျောက်ကြစို့ အတူလက်တွဲကြပါစို့

ပေးပို့သောဗိုလ်ကြီးဟောင်း နေမျိုးဇင် အားကျေးဇူးတင်ရှိပါသည်.

0 ၂၄ နှစ်မြောက်ရန်ကုန်စက်မှုတက္ကသိုလ်မတ်လ (၁၃) ရက်နေ့အရေးအခင်းကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား



(၂၄) နှစ်မြောက် မတ်လ အရေးအခင်းနှင့် ဖုန်းမော်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ၌ ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင် အစရှိသည့် နိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်လာကြသည်။
မြန်မာ နိုင်ငံသားများသည် ကမ္ဘာ့လူသား အားလုံး ရရှိနေသော အခွင့်အရေးများ ရသင့် ရထိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။ ၁၉၈၈ အရေးအခင်း ဖြစ်ပွားစေခဲ့သော မီးပွားတစ်ရပ် ဖြစ်ခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ စက်မှုတက္ကသိုလ် ဝင်းအတွင်း ကျဆုံးခဲ့သော ယင်းနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ကျောင်းသား ခေါင်းဆောင်များက သတ်မှတ်ထားသည်။
၁၉၈၈ ခုနှစ်မတ်လ ၁၃ ရက်နေ့တွင် စစ်တပ်၏ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျဆုံးခဲ့ရသည့် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အတွက် ၂၄ နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဘွယ်အခမ်းအနား ကို ယခုလ ၁၃ ရက်နေ့ နံနက် ကိုးနာရီခွဲခန့်မှစတင်ကာ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ စုံညီစွာ တက်ရောက်ခဲ့ကြပြီး ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် မှ အမှတ်တရ စကားပြောကြားခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားအသီးသီးအပြင်၊ ၂၀၀၇ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမှ ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးနယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၊ စာနယ်ဇင်းမီဒီယာများစုံလင်စွာ အင်အား ၅၀၀ ခန့်တက်ရောက်ခဲ့ကြသည်။
မတ်လ ၁၃ရက်နေ့သည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများ တညီတညွတ်တည်းသတ်မှတ်ထားသော ဖုန်းမော်အရေးအခင်းနေ့ဖြစ်ပြီး၊ မတ်လ ၁၆ ရက်သည် ဆန္ဒပြကျောင်းသားကျောင်းသားများ၊ အင်လျားကန်အနီးရှိ တံတားဖြူတွင် ကျဆုံးခဲ့ကြသောနေ့ဖြစ်သောကြောင့် တံတားဖြူ(နီ)အရေးအခင်းအဖြစ် သတ်မှတ်ခဲ့ကြသည်။

မတ်လ ၁၃ ရက်နေ့သည် ၂၃ကြိမ်မြောက် မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးနေ့လည်းဖြစ်သည်။
အောက်မေ့ဘွယ်အခမ်းအနား၌ ပြည်ပတွင် ရောက်ရှိနေသော စက်မှုတက္ကသိုလ်ကျောင်းသား ဟောင်း တစ်ဦးဖြစ်သူ ရဲဘော်ရဲဘက်တစ်ဦးလည်းဖြစ်သူ ကိုချစ်ကိုကို(ခ)ကိုအောင်ဒင်(ခ)ကဗျာဆရာ ဒတ္တ(တာရာမင်းဝေ၏ အစ်ကိုအရင်း)မှ အမှတ်တရကဗျာရွတ်ဆိုထားသော ဗီဒီယိုဖိုင်ကို ဖွင့်လှစ် ပြသခဲ့သည်။
ဟံသာဝတီဦးဝင်တင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့လည်း တက်ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကားပြောကြားသွားခဲ့သည်။ (7 day news journal)


Photo.News and Information Department of NLD ,The voice weekly,အဘ ဥက္ကာကိုကို

Tuesday, March 13, 2012

0 ၂၄ နှစ်မြောက် ကိုဖုန်းမော် ကျဆုံးသည့်နေ့ အမှတ်တရ ကိုမင်းကိုနိုင် မိန့်ခွန်း



ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်မြောက် အမှတ်တရအဖြစ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်မှ နိုင်ငံတကာရောက် ဒီမိုကရေစီအင်အားစုများအတွက် အမှတ်တရ စကားပြောကြားခြင်း

0 ထားဝယ်ခရိုင်၊ အညာဖျား ရေအားလျှပ်စစ်စီမံကိန်း ရေကာတာလုပ်ငန်းများကြောင့် ပြည်သူများ ဘေးဒုက္ခမှ လွတ်မြောက်ရန် သမ္မတဦးသိန်းစိန်ထံပေးစာ

ထားဝယ်မြို့နယ်အနီး DELCO ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အညာဖျားရေကာတာစီမံကိန်းနှင့် ပတ်သတ်၍ ရွာသူရွာသား ၃၀၀၀ ခန့်မှ သူတို့၏ နစ်နာမှုများကို သမ္မတဆီ လက်မှတ်ရေးထိုးပေးပို့လိုက်ပါတယ်။ သမ္မဆီ တင်လိုက်သောစာကို ပူးတွဲပါဖိုင်တွင် ကြည့်ရှုနိုင်ပါတယ်။ အဆိုပါ ကိစ္စရပ်အား အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အညာဖျားရွာ - ဦးခင်ကြည် (အုပ်ချုပ်ရေးမှုး) ၊ ဦးမြင့်အောင် ( အညာဖျားကျေးရွာအုပ်စု ဘက်စုံဖွံ့ဖြိုးရေးကော်မတီ အတွင်းရေးမှုး) ( တဆင့် - ၀၉-၄၉၈၅၁၉ ၊ ၀၉-၈၇၅၂၁၉၆)

ဒါးသွေးကျောက်ရွာ - စောဒေးစံ ( အုပ်ချုပ်ရေးမှုး)၊ ဆရာဖိုးစူး ( တဆင့် - ၀၉-၄၉၈၅၁၉ ၊ ၀၉-၈၇၅၂၁၉၆)

ဆိပ်ချောင်းရွာ - ဆရာအဲလယ် ( တဆင့် - ၀၉-၄၉၃၄၂၅၁၅ - ဖုန်းနှင့် အိမ်ဝေးသည့်အတွက် ၁၅ မီနစ်ခန့်စောင့်ပေးရန်)

ညောင်ချောင်း - စောခင်ထူး ( တဆင့် - ၀၉-၄၉၃၄၂၅၁၅)

(အညာဖျားရွာ၊ ဆိပ်ချောင်းရွာတို့မှာ အဆက်သွယ်ရ အလွယ်ကူဆုံးဖြစ်မည်။)

သို့
ဦးသိန်းစိန်
နိုင်ငံတော် သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်

အကြောင်းအရာ။ ။ ထားဝယ်ခရိုင်၊ အညာဖျား ရေအားလျှပ်စစ်စီမံကိန်း ရေကာတာလုပ်ငန်းများ
ကြောင့် ဒေသခံ ပြည်သူများ ဘေးဒုက္ခမှ လွတ်မြောက်၍ သောကကင်းဝေးစွာနေထိုင်ရှင်သန်နိုင်ရေး
အတွက် ကာကွယ် ပေးပါရန်လျှောက်ထားခြင်း။
အထက်ပါအကြောင်းအရာပါကိစ္စများကြောင့် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်၊ အညာဖျား
ကျေးရွာအုပ်စုရှိ အညာဖျားကျေးရွာ၊ ဒါးသွေးကျောက်ကျေးရွာ၊ ဆိပ်ချောင်း၊ညောင်ချောင်း၊ ဥယျဉ်ကြီးရွာ
များနှင့် အိမ်ခြေလေးရာခန့်၊ ဥယျဉ်ခြံမြေဧကပေါင်း တစ်သောင်းကျော်နှင့် လူဦးရေပေါင်း နှစ်ထောင်ခန့်
စသည့် တို့ရေလွှမ်းမိုးနစ်မြုပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ ရာဘာ၊ သီဟို၊ ဆီအုန်း ကဲ့သို့
နှစ်ရှည် စိုက်ပျိုးသီးနှံများအပြင် စပါး၊ ကွမ်းသီး၊ ဒူးရင်းသီး၊ ဒညင်း၊ မရမ်း၊ သံပုရာ၊ ငှက်ပျော၊ မင်းဂွတ်၊
ကြက်မောက်၊ နာနတ်၊ စုံပဒတ်၊ ကွမ်းရွက်၊ ငရုတ်၊ ဖာလာ၊ တောင်ထန်း၊ သင်္ဘောနှင့် တောတောင်ထဲ
ပေါက်ရောက်နေသော ၀ါးကြီး၊ ၀ါးလတ်၊ ၀ါးငယ်များနှင့် ဟင်းသီးဟင်းရွက်များ၊ သားငှက်တိရိစ္ဆာန်များပါ
ပြည့်စုံသောနေရာဖြစ်ပါသည်။
သဘာဝမြေအနေအထားနှင့် မြေသြဇာအထူးကောင်းမွန်သော ဒေသဖြစ်သောကြောင့် ကွမ်းသီး၊ ဒူးရင်း
စသော သီးနှံများမှာ အခြားဒေသများနှင့် မတူ အရည်အသွေး၊ အနံ့ အရသာနှင့် ပိုမိုပြည့်စုံ ကောင်းမွန်
ပါသည်။ ထားဝယ်တစ်ခရိုင်လုံးတွင်ပင် ရှားပါးလှသော နေရာဖြစ်ပါသည်။ သားရဲတိရိစ္တာန်များ၊ သစ်တော၊
သစ်ပင်၊ သတ္တု စသော သဘာဝအရင်းအမြစ်များ ပြည့်စုံသော နေရာဖြစ်ပါသည်။
ကွမ်းသီးတစ်မျိုးတည်းကိုပင် တစ်နှစ်ရရှိသည့် တန်ဖိုးမှာ သိန်းပေါင်း (၂) သိန်းကျော်ခန့်ဖြစ်ပါသည်။
(တွက်နည်း-တစ်ဧက ကွမ်းသီးပင်ရေအနည်းဆုံး (၆၃၀) နှုန်း x တစ်ပင် တစ်နှစ် ၂.၅ ပိဿာ x တစ်ပိဿာ
(၂၂၀၀ကျပ်) x ဒေသရှိ ဧက (၉၀၀၀) အနက် အခြားစိုက်ပင်ဧကမပါ ကွမ်းသီးခန့်မှန်းဧက (၆၃၀၀) ၏
တစ်နှစ်ဝင်ငွေ = ကျပ်၂၁၈၂၉၅၀၀၀၀၀ သိန်း) အခြားစိုက်ပျိုးသီးနှံများမှ ရရှိဝင်ငွေများ မပါသေးပါ။ မိမိတို့
ဒေသတွင် နေထိုင်သူများသာမက ပါတ်ဝန်းကျင်ဒေသများကပါ အဆိုပါ ဥယျဉ်ခြံများအား မှီခို အားထား
နေရပါသည်။ ရေကာတာဆောက်လုပ်၍ ဥယျဉ်များ ရေမြုပ်ဆုံးရှုံးရပါက မိမိတို့ အတွက် များစွာနစ်နာ
စေမည် ဖြစ်သည်။
မိမိတို့ ဒေသတွင် နေထိုင်သူများမှာ အဆိုပါ ဥယျဉ်ခြံမြေများ ဘိုးစဉ်ဘောင်ဆက်မှ ယခုလက်ထက်အထိ
စိုက်ပျိုးကာ လုံးလုံးမှီခိုနေရပြီး ဘ၀တစ်သက်စာအတွက်ပါ ဖူလုံစေပါသည်။ သားသမီးများနောင်ရေး
အတွက်လည်း ဘ၀ရပ်တည်နေထိုင်ရန် အာမခံချက်ပြုနိုင်ပါသည်။
ဥယျဉ်ခြံများမှ အကျိုးဖြင့် ရပ်ရွာအတွင်း ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများလည်း
တိုးတက်လာပါသည်။
ရေကာတာသည် ခြင်ကြောင့်ဖြစ်သော ရောဂါနှင့် အခြားကူးစက်ရောဂါများ၊ ၀မ်းရောဂါ၊ အရေပြား အောက်
တွင် အဖုများဖြစ်ပြီးနောက်ဆုံး မျက်စိကွယ်သည်အထိဖြစ်စေသော ရောဂါများဖြစ်စေနိုင်ပါသည်။ သစ်တော
များပြုန်းတီးရေမြုပ်သွားခြင်းနှင့် အတူ ရှားပါးသားရဲတိရိစ္တာန်များပါ မျိုးသုန်းပျောက်ကွယ်သွား နိုင်ပါသည်။
ရေကာတာ အောက်ပိုင်းဒေသများမှာ ရေစီးရေလာနည်းပြီး နှုန်းများမြေဆီများမရရှိသဖြင့် စိုက်ပျိုးရေး
ထိခိုက်နိုင်ပါသည်။ မိမိတို့ဒေသမှာ မိုးများသောဒေသဖြစ်သည့်အပြင် သစ်တောများ ပြုန်းတီးမှု ကြောင့်
ရေစီးအားလွန်ကဲပြီး အကြောင်းမတော်၍ ရေကာတာကျိုးပေါက်ပါက ပြည်သူအများ ရေလွှမ်းမိုးမှု
ဘေးဒုက္ခနှင့် ကြုံတွေ့ရနိုင်ပါသည်။ ပြောင်းရွှေ့ရပါက မူလအခြေအနေမပျက် ပြန်လည်တည်ဆောက်ရန်
မည်သို့မှ မဖြစ်နိုင်တော့ပါ။
မိမိတို့ ကျေးရွာများတွင် နေထိုင်သူများမှာ မိမိတို့ဘိုးဘေးများလက်ထက်ကတည်းက တည်ထောင်
နေထိုင်လာခဲ့သော မြေသြဇာအထူးကောင်း၍ သီးနှံများဖြစ်ထွန်းသော နေရာမှ ပြောင်းရွှေ့ရမည်ကို
လုံးဝမလိုလားပါ။ မူရင်းနေရာမှ အခြားသို့ ပြောင်းရွှေ့ရခြင်းမှာ မိမိတို့ အတွက် ကောင်းကျိုးထက် ဆိုးကျိုး
များကိုသာ ဖြစ်စေမည်ဖြစ်ပါသည်။ ရေကာတာမှ ရရှိမည့် အကျိုးအမြတ်မှာ ယခုလက်ရှိ နေထိုင်သူများ၏
ဆုံးရှုံးမှုများနှင့် မကာမိအောင် နစ်နာမှုများလှပါသည်။
ယခုထိပင် ရေကာတာစီမံကိန်း ဖော်ဆောင်နေသူများသည် ဒေသခံရွာသူ၊ ရွာသားများကို ဆိုးကြောင်း၊
ကောင်းကြောင်း စသည်များ အသိပေး ညှိုနှိုင်းပြောကြားခြင်း မရှိသေးပါ။
သို့ဖြစ်ပါ၍ မိမိတို့ ဒေသခံများ စိတ်နှလုံး ထိခိုက်ခံစားနေရသော ဘေးမှ လွတ်မြောက်၍ သောကကင်းစွာ
မိမိတို့နေရာတွင် ဆက်လက်ရှင်သန်နေရန် စဉ်းစားဆုံးဖြတ်ပေးနိုင်ပါရန် ရိုသေလေးစားစွာဖြင့် သနားခံ
လျှောက်ထားအပ်ပါသည်။
မိမိတို့ ရပ်သူ၊ ရွာသားများ၏ လက်မှတ်များ၊ မိမိတို့ ဒေသတွင် သဘာဝပေါက်ရောက်သော သဘာဝ
ဆေးပင်များ၊ အညာဖျားချောင်းအတွင်းရှိ ငါးအမျိုးအမည်၊ အလေ့ကျပေါက်ရောက်သော ပန်းများနှင့် သီးပင်
စားပင်များ၊ သစ်အမျိုးအစား၊ တောရိုင်းတိရိစ္ဆာန်စာရင်း၊ သတ္တုစာရင်းတို့ကို ပူးတွဲပါအတိုင်း တင်ပြအပ်
ပါသည်။
မိတ္တူကို
(၁)။ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန
(၂)။ အမှတ်(၁) ၊ (၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန
(၃)။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ၊ နေပြည်တော်
(၄)။ ၀န်ကြီးချုပ် ( တနင်္သာရီတိုင်းဒေသကြီး)
(၅)။ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး
(၆)။ စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးဌာန ( တနင်္သာရီတိုင်းဒေသကြီး )
(၇)။ တိုင်းရင်းသားရေးရာဝန်ကြီး ( တနင်္သာရီတိုင်းဒေသကြီး)
(၈)။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ( ထားဝယ်ခရိုင်)
(၉)။ လွှတ်တော် ကိုယ်စားလှယ်များ
(၁၀)။ နိုင်ငံရေးပါတီများ
(၁၁)။ လူမှုရေး အသင်းအဖွဲ့များ
(၁၂)။ Delco CO.ltd
(၁၃)။ Myanmar Nature Energy Wave CO.ltd
(၁၄)။ သတင်းမီဒီယာများ
(၁၅)။ လက်ခံ

Shwe Dawei Thar

0 "တံတားနီ" နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနား ဖိတ်ကြားလွှာ

၁၉၈၈ ခုနှစ်၊ မတ်လ ၁၄၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက် များတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှု့ သမိုင်းကိုပြုစု လိုပါသဖြင့် ၊ တက်ကြွစွာ ပါဝင် လှုပ်ရှားခဲ့ကြသော ကျောင်းသူ/သား များ အနေဖြင့် မိမိတို့ ခံစားချက်များ၊ ပါဝင်ဖြတ်သန်း ခဲ့ပုံများ ကို နာရီအလိုက်သော်လည်းကောင်း ၊ နေ့ရက်အလိုက်သော်လည်းကောင်း ရေးသားပေးပို့ ကြပါရန်။

(၈၈'ကျောင်းသားဟောင်းများ)
Zaw Htet Ko Ko

1 မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်မဲ့ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး မိန့်ခွန်း(အသံဖိုင်)ရုပ်/သံ

မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်မဲ့ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး မိန့်ခွန်း(အသံဖိုင်) by dawmanhon
အသံဖိုင်..(Hlaing Phyo Win)

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ဒီကနေ့၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်ခရီးစဉ်မှာလည်းစစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”

ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”

ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အ၀ထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။

“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”
Ref/ Voa

Monday, March 12, 2012

1 အကူအညီပေးနိုင်သူများ ကူညီပေးပါရန် လေးစားစွာဖြင့်


သို့

နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာကျွန်တော်၏အမည်မှာ အောင်ကျော်သူဖြစ် ပြီး ကိုယ်ပိုင်အမှတ် 36303/တပ်ကြပ်အဆင့်ဖြင့်တပ်မတော်ရေတွင် တာဝန်ထမ်းဆောင် နေရင်းလူမှုဒုက္ခရောက်နေပါ သဖြင့်အကူအညီပေးနိုင်ပါရန် လေးစားစွာဖြင့်တင်ပြ အပ်ပါသည်။

ကျွန်တော်၏ဖြစ်စဉ်မှာ-ကျွန်တော်သည် 2002 ခုနှစ်တွင် 10တန်းအောင်မြင်ပြီး 5နှစ် သက်တမ်း အာမခံစာချုပ်ဖြင့်တာဝန်ထမ်းဆောင်ရန် တပ်မတော်ရေမှလာရောက်ခေါ်ဆောင်သဖြင့် စတင် အမှုထမ်း ဆောင်ခဲ့ပါသည်။တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ကျရာရေပိုင်နက်ပင်လယ်
များတွင် သက်စွန့်ဆန်ဖျားဖြင့်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နာဂစ်မှုန်တိုင်းတွင်လည်း ကလေးငယ်ဖြင့် အိမ်ပြိုသွားသောဇနီးသည်အား ပြန်လည်မကူညီနိုင်ပဲ တိမ်းမှောက်သွားသော ကျွန်တော်၏ စစ်ရေယာဉ်415အား ပြန်လည်ကောင်းမွန်အောင် တစ်လ နှင့် တစ်ရက်ကြာအောင်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ယခု ကျွန်တော်သည် မြိတ်မြို့နယ် အစွန်ဘက် ပင်လယ်ထဲရှိ ရေနံစင် အားလုံခြုံရေး တာဝန်အဖြစ် (9လ)မျှတာဝန်ထမ်းဆောင်နေစဉ်တပ်လိုင်းခန်းတွင်ကျန်ခဲ့သော ကျွန်တော်၏ဇနီးအား ရဲဘော်ဖြစ်သူမှ သစ္စာမဲ့စွာဖြင့် ခိုးယူပေါင်းသင်းရန် တစ်ဘက်နိုင်ငံသို့ ခေါ်ဆောင်သွားပါသည်။ ကျွန်တော့တွင် 2 နှစ် နှင့် 6နှစ် ကလေးငယ် နှစ်ဦးဖြင့်ကျန်ခဲ့ပြီး တပ်လိုင်းခန်းမှ (3)ရက်အတွင်း ဆင်းပေးရန်တပ်မှ နှင်ချခံခဲ့ပါသည်။

-သို့ဖြစ်ပါသဖြင့် ကျွန်တော်အလုပ်မှာ ပင်လယ်ထဲတွင် စစ်သဘောင်္အား စက်ပြင်တာ ၀န် ဖြစ်နေသည်က တစ်ကြောင်း သင်္ဘောတစ်စီးထဲတွင် အခြားသူများ၏ အထင်အမြင်သေးခြင်း ခံရခြင်းကြောင့်တစ်ကြောင်း အခက်အခဲများရှိပါသဖြင့် ရွာတွင်ကျန်ခဲ့သော76 နှစ်အရွယ် အမေအိုအား ပြုစုစောင့်ရှောက်ရင်း လယ်ယာလုပ်ငန်းအား ပြန်လည်လုပ်ကိုနိုင်ရန် တပ်မတော်မှ နှတ်ထွက်ခွင့်ပြုပေးဖို့ တင်ပြခဲ့ပါသည်။

၎င်းတင်ပြမှုအားလက်မခံပဲ စစ်ရေယာဉ် 558မှ ဗိုလ်မှုးသန်းဇော်ထိုက်သည် ကလေးငယ်နှစ်ဦးအား ဆွေမျိုးများထံအပ်နှံပြီး တပ်မတော်တွင်ပြန်လည်ထမ်းဆောင်ရန်တွန်းအားပေး လက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ယင်းအခက်အခဲများကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ကြောင်းတင်ပြသောအခါ ကျွန်တော့အား 12.2.2012 နေ/့မှ 16.2.2012 ထိ တပ်အချုပ်ထဲ တွင် ထည့်ထားခဲ့ပါသည်။ အပြင်တွင်ကျန်ခဲ့သော ခလေးများမှာ ကျမ်းမာရေးချို့တဲ့သဖြင့် ဒုက္ခရောက်နေသောကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ပါမည်ဟု တောင်ပန်သောကြောင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။

ထို့ကြောင့်ယခုတွင် ကျွန်တော်သည် ကလေးငယ်နှစ်ဦးဖြင့် စေလွှတ်သောနေရာတွင် သွားရောက်တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းရင်း ဒုက္ခဆင်းရဲရောက်နေပါသဖြင့်အကူအညီ ပေးနိုင်ကြ ပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါသည်။

တပ်ကြပ်/41 အောင်ကျော်သူ

ူluminthaungtun

0 စစ်တပ်မှရွာလုံးကျွတ်ရွှေ့ပြောင်းခိုင်းမှု



မိတ္ထီလာမြို့ အင်ပင်ဝကျေးရွာ (ရွာသစ်)အတွင်း တွင်နေထိုင်ကြသောရွာသူရွာသားများအား စစ်တပ်မှ အမြှောက်စက်ပစ်ကွင်းမလွတ်ဟုဆိုကာ(၅.၃.၂၀၁၂)နေ့(၁၂)နာရီနောက်ဆုံးထားရွှေ့ပြောင်းပေးရန်အတွက်
သတိပေးထုတ်ပြန်ထားကြောင်းသိရှိရပါသည်။စစ်တပ်အနေဖြင့် ၁၉၉၇ ခုနှစ်ဧပရယ်လောက်မှစတင်ကာ အင်ပင်ဝကျေးရွာ (ရွာဟောင်း)အတွင်းရှိရွာသူရွာသားများအားစက်ပစ်ကွင်းနှင့် မလွတ်ဟု ဆိုကာ ရွှေ့ပြောင်းခိုင်းထားပြီးကျေးရွာသူရွာသားများအနေဖြင့် ပြောင်းရွှေ့နေရာချထားပေးသောရွာသစ်တွင်
တောင်ကျချောင်းရေကြောင်း လူ ၊ နွား များချောင်းရေထဲမျောပါခြင်း လူနှင့်တိရိစ္ဆာန်များအတွက် သောက်သုံးရေ မရှိခြင်းမိမိတို့တောင်ယာလုပ်ကိုင်သောနေရာနှင့် ၁၆ မိုင်ခန့်ကွာဝေးခြင်းသွားလာရ ခက်ခဲခြင်း သီးနှံစိုက်ပျိုး၍မရခြင်းတို့ကြောင့်မူလဆင်းရဲသထက်ဆင်းရဲကာ ဆိတ် နွား ရွှေငွေအရင်းအနှီးများ
ရောင်းချလိုက်ရသဖြင့်ခက်ခဲပေါင်းများစွာဖြင့် ကြုံတွေ့ခဲ့ရသောကြောင့် မူလနေထိုင်သောအင်ပင်ဝကျေးရွာ အနီးသို့ပြန်လည် နေထိုင်ခြင်းပြုခဲ့ကြပြီးထိုကျးရွာကိုလည်း အင်ပင်ဝကျေးရွာ (ရွာသစ်)ဟုခေါ်တွင်ခဲ့ပါသည် ။
ထိုကျေးရွာသို့ စက်ပစ်ကွင်းနှင့်မလွတ်ဟုဆိုကာယခုတစ်ဖန် ထပ်မံ၍ပြောင်းရွှေ့ခိုင်းပြန်ပါသည်။

တစ်ကယ်တမ်းတွင် ကျေးရွာအတွင်းသို့ ကျည်ဆံတစ်ချက်မှကျရောက်ခြင်း မရှိသလို မည်သူ တစ်ဦး တစ်ယောက် ကျွဲနွားတစ်ကောင်မှလည်း ယနေ့အချိန်ထိထိခိုက်ခြင်းမရှိပဲ အတင်းအဓမ္မ ရွှေ့ပြောင်းခိုင်းခြင်း အတွက်ရွာသားများအနေဖြင့် အဆင့်ဆင့်တင်ပြသော်လည်း ယနေ့အချိန်ထိဖြေရှင်းမပေးပဲရှိ နေပါသည်။

ထိုကျေးရွာတွင် အိမ်ခြေ ၂၅၀ ခန့်ရှိကာလူဦးရေပေါင်း ၁၅၀၀ ကျော်ခန့်ရှိပါသည် လယ်မြေဧက ရှစ်သောင်းကျော်ရှိပါသည်။

လက်ရှိအချိန်တွင် အရပ်သားအစိုးရတစ်ရပ်အနေဖြင့် ပြောင်းလဲအုပ်ချုပ်နေပြီး
ခေတ်ပြောင်းသွားပြီ စနစ်ပြောင်းသွားပြီအုပ်ချုပ်မှုပုံစံတွေပြောင်းသွားပြီဟုပြောဆိုနေကြသော
လွှတ်တော်တွင်းအသံနှင့် ယခုဖြစ်ရပ်သည် လုံးဝဆန့်ကျင်လျှက်ရှိပါသည်။
လက်ရှိအချိန် မြန်မာနိုင်ငံ၏ အနေအထားသည် နိုင်ငံတကာမှစောင့်ကြည့်နေသောအခြေအနေ ဖြစ်သလို တိုင်းပြည်အတွက်လမ်းဆုံလမ်းခွရောက်နေသော ကာလလည်း ဖြစ်ပါသည်။

ဌင်းကာလတွင်ယခုဖြစ်ရပ်သည်များစွာရုပ်ဆိုးအကျဉ်းတန်လွန်းလှပါသည်။ယခုအစိုးရသည် အရပ်သားအစိုးရ ဖြစ်သလို စစ်အာဏာရှင်အုပ်ချုပ်မှုမဟုတ်သောဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေသော အချိန်အခါလည်း ဖြစ်ပါသည်။ထို့ကြောင့်ဌင်းကိစ္စရပ်အား အမြန်ဆုံးဆောင်ရွက်ပေးရန် မီဒီယာမှတဆင့်အသိပေး အကြောင်းကြားလိုက်ပါသည် ရွာသူရွာသားများအနေဖြင့်လည်းထိုနေရာမှ ရွှေ့ပြောင်းခိုင်းမည့်အစား သတ်ပစ်လိုက်ပါဟုစာအဆင့်ဆင့်တင်ထားသော်လည်းအထက်လူကြီးများ အနေဖြင့် မသိကျိုးကျွန်ပြုကာ ဥပက္ခာပြုလျှက်ရှိနေပါသည်။

ထိုကျေးရွာတွင်နေထိုင်သောလူထုတစ်ဝက်ကျော်အားအိမ်ထောင်စုစာရင်းနှင့်မှတ်ပုံတင် ထုတ်မပေးဟု လည်းကြားသိရပါသည်။ကျေးရွာလူထု၏အခက်ခဲများကိုစာနာထောက်ထားသောအားဖြင့် မူလနေထိုင်သော နေရာ အင်ပင်ဝကျေးရွာ(ရွာသစ်) အား ဆက်လက်နေထိုင်ခွင့်ပြုရန်တင်ပြလိုက်ပါသည်။

abfsu-fac-japan

2 မြစ်ဆုံရေကာတာစီမံကိန်း ပြန်စဖို့ မြန်မာအစိုးရနဲ့ တရုတ်ညှိနှိုင်းနေ


ပေကျင်း-

ယမန်နှစ်ကုန်ပိုင်းက သဘ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူ့အခွင့်အရေးကိစ္စရပ်တွေကြောင့် ရပ်နားထားခဲ့ရတဲ့ အမေရိကန်ဒေါ်လာ သန်း ၃.၆ ထောင် တန်တဲ့ မြစ်ဆုံကို ပြန်စဘို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းနေတယ်လို့ CPI( China Power Investment Corp) ရဲ့အကြီးအကဲက ဒီနေ့ ပေကျင်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဥက္ကဌမစ္စတာလုချီကျုက လိုအပ်တဲ့ကိစ္စတွေပြောဆိုပြီးတာနဲ့တစ်ပြိုက်နက် တတ်နိုင်သလောက်စောစော လုပ်ငန်းစတင်ချင်တယ်လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက တရုတ်ကုမ္မဏီတွေဟာ ဒီအတွေ့အကြုံကို အခြေခံပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဘို့ သင်ခန်းစာယူသင့်တယ်လို့ သူကပြောပါတယ်။

မနှစ်က မစ္စတာလုက ဒီရေကာတာဆောက်လုပ်မှုရပ်တန့်လိုက်တာနဲ့ ပတ်သက်ပြီး တရားဥပဒေအရကြောင်းနဲ့ ဆိုင်တဲ့ကိစ္စတွေ တသီတတန်းကြီး ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်မှ ဒီမြစ်ဆုံရေကာတာကို မြန်မာပြည်သူတွေနဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့စီမံကိန်းဆိုပြီး အရင်နှစ် စက်တင်ဘာလမှာ ရပ်တန့်ခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး မစ္စတာလုက (၂၀၁၅) ဦးသိန်းစိန်သမ္မတ သက်တမ်းကုန်တဲ့အထိတော့ ရပ်တန့်ထားသင့်တာပေါ့လို့ အရွှန်းဖောက်လိုက်ပါသေးတယ်။

ဒီမြစ်ဆုံရေကာတာစီမံကိန်းဟာ မြန်မာပြည်သူတွေရဲ့ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်ဒေသတွေကို ထိခိုက်စေပြီး ဌာနေတိုင်းရင်းသားထောင်ပေါင်းများစွာကိုလည်း ရွှေပြောင်းစေရမှာပါ။

၆ဂီဂါဝပ် ( 1 Giga= 1 000 000 000 ) ထုတ်ယူရရှိမယ်လို့ခန့်မှန်းထားတဲ့ ဒီပရောဂျက်ရဲ့ 90% ဟာ တရုတ်အစိုးရပိုင်ဆိုင်တဲ့ CPI ကုမ္မဏီက ရရှိမှာဖြစ်ပြီး အဲဒီကနေ အမြတ်အစွန်း 70 % ကိုအကျိုးကျေးဇူးရရှိလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားအခြေစိုက် ဘာကလေဥပဒေအဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ မြစ်များအကြောင်းအစီရင်ခံစာမှာ တင်ပြထားပါတယ်။

—Sarah Chen

中国呼吁缅甸政府重新启动该国北部地区的一项大坝建造工程。官方媒体《中国日报》周日援引前国家能源局局长张国宝称,该工程将为缅甸提供急需的电力。预计造价达27亿欧元的伊洛瓦底江密松水电站工程得到中国的支持。在环保人士和少数族群表达抗议之后,缅甸政府在去年搁置了这一工程。
China calls on the Myanmar government to restart the construction of a dam north of the country. The official media, "China Daily" Sun quoted the former State Energy Secretary Zhang said that the project will provide much needed electricity in Myanmar. Irrawaddy Myitsone hydropower project is expected to cost up to 2.7 billion euros to get the support of China. After environmentalists and minorities protest the Myanmar government has shelved the project.

http://www.dw-world.com/dw/article/0,,15802373,00.html

http://www.chinadaily.com.cn/sunday/2012-03/11/content_14806408.htm

http://www.washingtonpost.com/world/asia_pacific/chinese-officials-call-on-myanmar-to-restart-suspended-36-billion-power-dam-project/2012/03/10/gIQAxikJ4R_story.html

Sunday, March 11, 2012

1 (၂၄)နှစ်မြောက်ရန်ကုန်စက်မှုတက္ကသိုလ် မတ်လ(၁၃)ရက်နေ့အရေးအခင်းနှင့် ကိုဖုံးမော်၊ကိုစိုးနိုင်ကျဆုံးခြင်း အောက်မေ့ဘွယ်အခမ်းအနားဖိတ်ကြားလွှာ



(၁၉၈၉)ခုနှစ်က ရန်ကုန်စက်မှုတက္ကသိုလ်နဲ့ကျောင်းသားများပုံရိပ်များနဲ့ ခံစားတင်ဆက်ထားတဲ့အဆိုတော် ကိုမွန်းအောင်သီချင်းVideoကို နားထောင်ခံစားနိုင်ပါတယ်...

0 ဘူဒိုဇာနဲ့ ထိုးပြီး ရှင်းမယ်လို့ အပြောခံထားရတဲ့ ရွှေပြည်သာကကျူးကျော်တဲစုများ



ဘူဒိုဇာနဲ့ အထိုးခံရမှာကို ကြောက်လန့် စွာ နဲ့ အထုတ်တွေသိမ်းသူက သိမ်း၊ ငိုသူက ငိုပေါ့..။
တချို့ကတော့ ရှိတဲ့ဝါးလေးတွေ ပျက်ဆီးမှာစိုးလို့ ဌာနက လာမဖျက်ခင် ကိုယ်တိုင် ဖျက်ထားကြလေရဲ့..။ ဒါပေမဲ့ ဘယ်ကိုမှပြောင်းနေစရာ စရိတ်မရှိလို့ ည ပိုင်းဆို ကြုံသလို အိပ်နေကြရတယ်။

အိမ်ကို ဘူဒိုဇာနဲ့လာထိုးမယ် ဆိုတာကို မသိသေးတဲ့ ကလေးငယ်လေးတွေပါ။

အခု တဲစုလေးတွေက ရွှေပြည်သာက ကျူးကျော်တဲစုအိမ်လေးတွေပါ..။အဲ့ဒီ အိမ်စုလေးတွေမှာ အိမ်ခြေ ၉၈ အိမ်ရှိပြီးတော့ ဘုစုခရု မပါ လူ အယောက် ၄၀၀ ကျော်စုပေါင်းနေထိုင်နေကြပါတယ်..။ သူတို့ ကိုယ်တိုင် ကလည်း သူတို့ ကျူးကျော်နေ နေမှန်း သိကြပါတယ်။ ဒါပေမဲ့ မတ် ၂၃ ရက် နောက်ဆုံးထားပြီးဖယ်ပေးရမယ် ။မဖယ်ပေးရင် ဘူဒိုဇာနဲ့ လာထိုးမယ် လို့ အပြောခံထားရပါတယ်။ အားလုံးကြောက်နေကြပါတယ်..။ သူတို့ အဲ့နေရာမှာ အပြီးမနေချင်ပါဘူး။ ဒါပေမဲ့ ပြောင်းရွှေ့ဖို့အတွက် အချိန်နည်းနည်းလောက် ထပ်တိုး ပေးစေ ချင်နေကြပါတယ်..။ အဲ့နေရာမှာ သူတို့နေလာတာ ၉ နှစ်ကျော်ကြာနေပါပြီ။ ခုမှ ချက်ခြင်းကြီးပြောင်းခိုင်ခံရတဲ့ အပေါ်မှာ အားလုံး အံ့အားသင့်နေကြပါတယ်။ သူတို့က ကျဘမ်း အလုပ်သမားတွေပါ။ ငွေကြေးလည်း အများကြီးမရှိကြပါဘူး။ မြေနေရာကိုလည်း အပိုင်မလိုချင်ပါဘူး။ အစဉ်ပြေအောင် ရက် ကလေးကိုပဲ တိုးပေးစေချင်တာပါ။ မကြာမှီမှာ မွေးတော့မဲ့ ကိုယ်ဝန်ဆောင်တွေ၊ ၁၀ တန်းစာမေးပွဲဖြေရမဲ့ ကလေးတွေလည်း ရှိနေပါတယ်။

ကိုရဲ

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ မော်လမြိုင် မဲဆွယ်စည်းရုံးရေးခရီးစဉ် (ဓာတ်ပုံ)





ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ အစိုးရတရပ်နှင့် ပတ်သက်သည့် ဥပမာကိုပြောကြားရာတွင်

“ လမ်းဖေါက်တယ်ဆိုတာ ကောင်းတဲ့ ကိစ္စပါ၊ ဒါပေမယ့် လမ်းဖောက်ရာမှာ ရွာတွေရွှေ့ရမယ်၊ ဘယ်လိုရွှေ့မယ်၊ ဘယ်လိုလျော်ကြေး ပေးမလဲ၊ ဆိုတာကို ရွာသားတွေနဲ့ ဆွေးနွေးရပါမယ်၊ အဲလိုလုပ်ရပါမယ်” ဟုပြောဆိုသွားသကဲ့သို့

ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ရေးနှင့် ပတ်သက်၍လည်းမွန်ပြည်နယ် မြို့တော်မော်လမြိုင်မြို့မှာ ငြိမ်းငြိမ်းချမ်းချမ်းရှိသော်လည်း မဝေးသည့်နေရာများတွင် ပြည်တွင်းစစ်တွေ ဖြစ်ပွားနေခဲ့ကြောင်း၊ ပြည်တွင်းစစ်ကြောင့် လူအများ ဒုက္ခရောက်ကြရသည်ကို အားလုံးသိရှိကြမည်ဖြစ်ကြောင်း ၊ ဒီအတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရအောင်ကြိုးစား ကြရမည် ဖြစ်ကြောင်း၊ နိုင်ငံရေး အရအဖြေရှာရမည်ဖြစ်ရာ ယင်းသို့နိုင်ငံရေး အရအဖြေရှာရာတွင် အခြေခံဥပဒေနှင့် ဆက်စပ်နေကြောင်းကို ပြောဆိုသွားသည်။

ဒီမိုကရေစီ စနစ်မှာ အစိုးရက ဘာလုပ်တယ် ဘာကိုင်တယ်ဆိုတာ ပြည်သူတွေကို ရှင်းပြရမယ်၊
... ...
၂၀၁၀ ခုနှစ် တွင် ဘယ်အတွက်ကြောင့် ပါတီမှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ရသည့်အကြောင်း၊ အကျဉ်းကျနေသည့် ပါတီဝင်များကို ထုတ်ပစ်ရမည့် အချက်ကို လက်မခံနိုင်ခြင်း၊ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရမည် ဆိုသည့်အချက်များကို လက်မခံနိုင်သည့် အတွက်ကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။ (YPI)
Photo..Express Times Journal,AP,Reuters,NLD

0 အိမ်ပေါင်ခြံရောင်းအကြွေးပိတဲ့၂လုံးထီ(ဟာသ-ရုပ်/သံ)

0 ပြော


ကံစမ်းမဲ တစ်ခု အတွက်
ကျပ်သုံးရာ ၀ီစကီ အဖုံး နဲ့ လဲခဲ့တောင်
ဗလာပါဘဲ ...ဘ၀က နောက်ဆုံး
ဘယ်သူက မဲမှောင်နေတာလဲ ဘယ်သူတွေကလဲ

မင်းတို့ဟာ ရေတိမ်ငှက်
တကယ်ဆို အိပ်မက်သစ်ခက် ထဲ သွေးသားတရွဲရွဲ နဲ့ ပေါ့
ငါဟာ ကြားခေတ်မှာမွေးတယ်
ဘယ်မှာလဲ ငါ့ဓါတ်ပုံ
ဘယ်မှာလဲ ငါ့ အနာဂတ် ချစ်သူစစ်
ဘယ်မလဲ ငါ့ဆန္ဒ
လူဆိုတဲ့ သတ္တ၀ါ အားလုံး ဟာ အန္ဓတွေတော့ မဟုတ်ကြဘူး

ငါက အရူးအယောင်ဆောင် ကောင်
တလောင်လောင် မြိုက်မြိုက် အဲဒီ စည်းကမ်း နည်းလမ်း စနစ်
တစ်ယောက်ထည်းထည်း ကျန်ရစ်ခဲ့တဲ့ ကောင်
အမေအမေ အမေ အမေ ...၁၉၉၈ က အမေ
အမေ အမေ အမေ အမေ ....၂၀၁၀ တုန်းက အမေ

ခု အမေ အမေ အမေ
ဝေလေလေကောင်တွေ လဲ ဖီးလ်ဖြစ်စေခဲ့တာလေ
ဘယ်သူ့သွေးချွေးတွေလဲ ....
ကဲ ကဲ ...(ရှိစေတော့) ၂

နောင်ဆို သင်ပုန်းချေ စကားကို မပြောဖြစ်အောင် ကြိုးစားတော့ ဖီးလ်နစ် ရေ
ငါက ချစ်ခြင်းသက်သက်နဲ့ ဆိုလိုက်တဲ့ တေးသွားနာမည် က "........."

"ဘယ်သူသေသေ ငတေမာရင်ပြီးရော"

နိုင်ငံငယ်လေးထဲမှာ ငါက သွေးသားပျောက်ရှ နေခဲ့တာ ကြာပါပြီ ။
လူဆိုတာ တကယ်တော့ မိသားအရင်းလဲဘဲ သစ္စာဖောက်သင့်ရင် ဖောက်ရဲကြတဲ့ မျိုးချည်း ဘဲ

နွေရာသီအိပ်ယာခင်းတိုင်းတော့ မပူလောင်ပါဘူး ဆိုတာ

ဗင်းဆင့် ဗန်ဂိုးထက်တော့ ဘယ်သူသာသလဲ
ပြော ပြော ပြော ပြော ပြော............

မိုးမြင့် ငှက်တွေ ....။ ။

2P

၉ ရက် ၊ မတ်လ ၊ ၂၀၁၂ ခုနှစ် ။

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ် မြင်ကွင်း(ရုပ်/သံ)



Photo..Reuters

ပြည်သူတွေရဲ့ကြိုဆိုမှု ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့် ကျွန်မတို့ အားတွေက ဘယ်တော့မှ မလျော့သွားပါဘူး အခုရှေ့မှာ ရေးထားသလိုမျိုးပေါ့ ပြိုင်တူတွန်းလို့ရှိရင် ရွေ့နိုင်ပါတယ်လို့... ကျွန်မတို့နိုင် ငံကို ရွှေ့ကြစို့ လို့ ကျွန်မပြောချင်ပါတယ် ကျွန်မတို့ နိုင်ငံကို ရွှေ့ဖို့ ဟာ ဆက်ပြီးတော့လုပ်သွားရမဲ့ လုပ်ငန်းပေါ့နော် အခု အခုချက်ခြင်းလက်ငင်းလုပ်ရမှာကတော့ ကျွန်မတို့မော်လမြိုင်ဘက်ရွှေ့ရပါမယ်လို့ ပြောချင်ပါတယ် ဘီးလင်းမြို့သူမြို့ သားအားလုံး ကျန်းမာချမ်းသာကြပါစေ
(ဘီးလင်းတွင် ခဏတာပြောခဲ့တဲ့ မိန့်ခွန်း)
YPI

1 ခွပ်ဒေါင်းမော်ကွန်း NLD စည်းရုံးရေးသီချင်းများ



ခွပ်ဒေါင်းမော်ကွန်း ဆိုတဲ့ သီချင်းလေးကို အားမာန် အပြည့်၊ တီးခတ်မှု သံစဉ် မြူးကြွစွာနဲ့ NLD-BG လူငယ်များက သီဆိုအသံသွင်းပြီး တနိုင်ငံလုံးကို မနက်ဖြန် မနက်က စပြီးဖြန့်ချီတော့မှာဖြစ်ပါတယ်။ စုစုပေါင်း ငါးပုဒ်သာ ပါရှိပေမယ့် အနှစ်သာရ ရှိရှိ ညီညွတ်ရင်ကြားစေ့ရေးကို လှုံ့ဆော်မယ့် တေးသီချင်းတွေဖြစ်ပါတယ်။

ကိုနေမျိုးဇင်

0 ၀န်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု

By: မောင်ဆောက်-ကျောက်ကာ
(စုဆောင်းတင်ဆက်သည်)
ငတက်ပြားအစ

ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိ ဖြစ်တယ်။ ဒါပေမဲ့ သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာဇာတိလိုလို လိမ် ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။

ဦးအောင်သောင်းဟာ OTS - 30 ကျောင်းဆင်း ဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံး ရာထူးသာ ရရှိခဲ့ပါတယ်။န၀တခေတ် မကွေးတိုင်း တ၀တ ဥက္ကဌအဖြစ် နမခ တိုင်းမှူး ဗိုလ်ချုပ် ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ် ထွန်းကြည် ကုန်သွယ်ရေး ၀န်ကြီး ဖြစ်သွားချိန်တွင် မန္တလေး တိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်း ဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကုန်သွယ်ရေး ၀န်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေးရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။

သူ့ရဲ့ အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှု ခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနှင့် ကုသမှု ပါရဂူဆရာဝန်များအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့်ခွင့် ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေးရေ၀န်ကြီးမှ စက်မှု (၁) ၀န်ကြီးအဖြစ် ပြောင်းရွေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ် ကုမ္ပဏီနှင့် အဂတိ လိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေး ခြေရာခံ လိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့ ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့ ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ် ယူလိုက်တယ်လို့ သိရပါတယ်။

စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ်တက်လာတော့ စက်မှု (၁) ကို ဖြုတ်လိုက်တာမို့ ၀န်ကြီး ဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့ ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာအပ်ထားတာ ဖြစ်ကြောင်း သိရှိရပါတယ်။

သူ့သား ဦးနေအောင်က တော့ အောင်ရီဖြိုး ကုမ္ပဏီ စတင် တည်ထောင်ပြီး နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္မဏီအကောင့်တွေနဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။

လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ အရေးယူခံရမှာစိုးလို့ နေရာတစ်ခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့ သိရှိရပါတယ်။ ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော်ပြုတ်တဲ့ကိစ္စမှာလည်း သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။ ဦးအောင်သောင်းဟာ ဘယ်လောက်အထိ လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ စက်ရုံက ကောင်းစွာမလည်နိုင်သေးတာမို့ တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေဝယ် ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ကာကာ လိမ်ညာခဲ့ပါတယ်။

ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန် မတူကြောင်း အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူများက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင်လုပ်ဖို့ အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်မှာ တဆင့် တင်ပြလိုက်ရပါတယ်။

အကတိလိုက်စားမှုဝန်ခံပြီ

မြန်မာစစ်ခေါင်းဆောင်တွေ အကတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ပါဝင်ပတ်သက်ကြောင်း ဝန်ခံတဲ့ စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အကတိလိုက်စားမှုမှာ စက်မှု(၁) ဝန်ကြီးကတော်နဲ့ သားသမီးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေကို စက်မှု(၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံတွေမှာ အလာမခံဘို့နဲ့ လာရင်လဲ လက်မခံပါနဲ့ ဆိုတဲ့ ညွှန်ကြားချက်ကို ဝန်ကြီးဦးအောင်သောင်းကိုယ်တိုင် လက်မှတ်ထိုးပီး စက်မှု(၁) ဝန်ကြီးဌာနတွင်း မကြာခင်က ဖြန့်ဝေခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေ စက်မှု(၁) လက်အောက်ခံ စက်ရုံတချို့ရဲ့ အကတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ စသုံးလုံးက စစ်ဆေးအပြီးမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်က ဝန်ကြီးဦးအောင်သောင်းကို သတိပေးခဲ့တာပါ မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်

မြန်မာစစ်အစိုးရအဆက်ဆက် ၄၇ နှစ် သက်တမ်းတလျှောက် ဝန်ကြီးကတော်နဲ့ မိသားစု အကတိလိုက်စားမှုကြောင့် ဝန်ကြီးကိုယ်တိုင် တရားဝင် တားမြစ်မိန့်ထုတ်ပြန်ခဲ့တာ ဒါပထမဆုံးအကြိမ်ဖြစ်လို့ ကျန်တဲ့ နေပြည်တော် ဝန်ကြီးဌာနတွေပါ အံ့အားတသင့် ဖြစ်ကုန်ပါတယ်၊

မိသားစုလိုက်ခိုးကြပြီ

မကြာခင်လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စက်မှု(၁) လက်အောက်ခံ ဇေယျဝတီသကြားစက် ကြံခင်းပိုင်ဆိုင်မှုကိစ္စ အမှုမှာ ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးလွှတ်ထားသူနဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ အတွင်းလူုနှစ်ဦးပြဿနာဖြစ်ခဲ့တယ်လို့ သိရပါတယ် စစ်တပ်ပိုင် မြန်မာ့ဦးပိုင်လီမိတက်ကိုလွဲမဲ့ ဇေယျဝတီသကြားစက်က စက်အရံပစ္စည်းတွေပျောက်ဆုံးနေလို့ မြန်မာ့ဦးပိုင်လီမိတက်က သကြားစက်ကိုလက်မခံလို့ စသုံးလုံးက ဝင်စစ်ရတဲ့ အဖြစ်ရောက်ခဲ့တယ်လို့ စက်ရုံအရာရှိတဦးက ပြောပါတယ်

ဝန်ကြီး ဦးအောင်သောင်းရဲ့သားပိုင်တဲ့ IGE ကုမ္ပဏီမှာ သားဖြစ်သူ ကိုနေအောင်က မန်နေဂျင်းဒါရိုက်တာ ဖြစ်ပီး ဦးအောင်သောင်းရဲ့သားလဲဖြစ် ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်က ဒါရိုက်တာဖြစ်တယ်လို့ အီးယူက ထုတ်ပြန်ထားတဲ့ မြန်မာစစ်ခေါင်းဆောင်မိသားစုများ နာမယ်ပျက်စာရင်းမှာ ပါရှိပါတယ်

မြန်မာ့ရေနံနဲ့ သဘောဝဓါတ်ငွေ့လုပ်ငန်းအတွက် တင်ဒါအများစုကို ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီကိုသာ တဘက်သတ် အနိုင်ပေးခဲ့တာများတယ်လို့ အမည်မဖော်လိုတဲ့ ရေနံအရာရှိတဦးကလဲ ပြောပါတယ် တကယ်တော့ ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီက သွင်းတဲ့ စက်ပစ္စည်းတွေဟာ တရုတ်လုပ် ခပ်ညံ့ညံ့ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ တင်သွင်းခဲ့တာလို့ စုံစမ်းသိရပါတယ်။

အိုင်ဂျီင်္အီး ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီပေါင်းပီးသွင်းတဲ့ အရည်အသွေးမမှီတဲ့ စက်ပစ္စည်းတွေကို ဘာကြောင့် မြန်မာ့ရေနံနဲ့ သဘောဝဓါတ်ငွေ့လုပ်ငန်းက ဝယ်သုံးရသလဲလို့ တင်ဒါပြိုင်ဘက် ကုမ္ပဏီတချိုံက မေးခွန်းထုတ်ခဲ့ပါတယ်၊

သာပေါင်းစက္ကူစက်တည်စကလဲ အကတိလိုက်စားမှုတွေ ရှိနေကြောင်း စက်မှု (၁) ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က အသေးစိတ် စစ်ဆေးခဲ့ပေမဲ့ အရေးမယူနိုင်ခဲ့ဘူးလို့ ခေတ်ပြိုင်ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ရေးခဲ့ပါတယ်။ ဒါပေမဲ့ သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနဲ့ တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ (၁) သန်း ကော်မရှင်ပေးရတယ်လို့ ရန်ကုန် အနောက်တိုင်းသံတမန်တချိုံက သံသယရှိကြောင်း ပြောခဲ့ပါတယ်

ပိုင်ဆိုင်မှုတွေဒေါ်လာသန်းထောင်ချီ

ကနေ့ဆိုရင် ဝန်ကြီး ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ဒေါ်လာသန်းပေါင်းများစွာရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံတလွှား သားသမီးနာမယ်နဲ့ထားတဲ့ စက်ရုံတွေ ခြံမြေတွေ အပမ်းဖြေ ဥယျာဉ်တွေ ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်

ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစုရဲ့ ပိုင်ဆိုင်မှုတန်ဘိုးက ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ပါတယ်၊ မြန်မာနိုင်ငံတလွှား မိသားစုနာမယ်မျိုးစုံနဲ့ထားတဲ့ စက်ရုံတွေ ခြံမြေတွေ အပမ်းဖြေ ဥယျာဉ်တွေ ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်၊

ဝန်ကြီး ဦးအောင်သောင်းဟာ တချိန်က မကွေးတိုင်း ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ကနေ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဌ၊ ဒိနောက် ကုန်သွယ်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့ မကြာခင် ဦးအောင်သောင်း ဒုဝန်ကြီး ဝန်ကြီး အဆင့်ဆင့် ဖြစ်လာခဲ့တာပါ ဒါပေမဲ့ ဦးအောင်သောင်းဟာ ညွန်ကြားရေးမှူးချုပ်ဘဝမှာကထဲက လာဒ်စားမှုအရာမှာ ထင်ရှားခဲ့သူ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ထောက်ပြပါတယ်။

အကတိလိုက်စားမှုမှာ နာမယ်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဝန်ကြီး ဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ယာပိုင်ဆိုင်မှု ခြံမြေပိုင်ဆိုင်မှု စက်ရုံပိုင်ဆိုင်မှု စသဖြင့် ခွဲကြည့်မှ ပိုပီး သရုပ်ပေါ်လွင်မှာ ဖြစ်ပါတယ်၊

အိမ်ယာပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် ရန်ကုန် သမိုင်းချည်စက်နားမှာ နန်းတော်လို ဆောက်ထားတဲ့ အိမ်ကြီးဟာ ဦင်္းအောင်သောင်းပိုင်တဲ့အိမ်ဖြစ်ပါတယ် ဒီအိမ်ကြီးကို စက်မှု(၁) ဝန်ကြီးဌာနနဲ့ စီးပွားဖက်စပ်လုပ်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကူအညီနဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အသေးစိတ်ကို ဒီမိုဝေယံဘလော့ဆိုက်က ခုလို ဖော်ပြထားပါတယ်။

လှိုင်ရတနာမွန်အိမ်ယာ

ဒီပဲယင်းနိုင်ငံတော် လုပ်ကြံမှုကြီး အတွင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံရန် ကြံစည်ခဲ့သူတွေထဲက အဓိက တရားခံ ဖြစ်တဲ့ စက်မှု(၁)ဝန်ကြီးအောင်သောင်းဟာ ပြည်သူဘဏ္ဍာငွေတွေနဲ့ မသထာရေစာစားပြီး ဆောက်လုပ် နေထိုင်တဲ့ အိမ်ကတော့ နန်းတော်တမျှ ခမ်းနားပါတယ်။ အင်းစိန်လမ်းမပေါ်ကနေ ကြည့်လိုက်ရင် ဦးအောင်သောင်းရဲ့ အိမ်ကိုလှမ်းမြင်ရပါတယ်။

လှိုင်ရတနာမွန်အိမ်ယာရဲ့ ထိပ်ဆုံးထောင့်ကခြံပါ ... လှိုင်ရတနာမွန်အိမ်ယာ ဧရိယာရဲ့ တစ်ဝက်ကျော်လောက်ရဲ့ အကျယ်အဝန်းက ဦးအောင်သောင်းရဲ့ ခြံအကျယ်အဝန်းပါပဲ။ လမ်းရဲ့ တဘက်ခြမ်းမှာတော့ ယခင် ဘိန်းဘုရင်ဟောင်းခွန်ဆာရဲ့ အိမ်ရှိပါတယ်။ ခြံအကျယ်အဝန်းကတော့ တော်တော်လေး ကျယ်ဝန်းပါတယ်။ အုတ်တံတိုင်းကတော့ လူနှစ်ရပ်စာရှိပြီး အုတ်တံတိုင်းမှာ ကပ်ထားတာကတော့ Granite ကြွေပြားတွေပါတဲ့.. ဟိုတယ်ကြီးတွေမှာသာ အသုံးပြုနိုင်တဲ့ ကျောက်တောင်ကနေ အချပ်လိုက် ဖြိုချရယူရတဲ့ ဈေးကြီးတဲ့ ကျောက်ပြားတွေကို ခြံပတ်ပတ်လည်မှာ ကပ်ထားပါတယ်။ ခြံတစ်ခါးကတော့ ဟိုက်ဒရောလစ်နဲ့ ဖွင့်ရပါတယ်.....။

ခြံထဲဝင်လိုက်ရင် ညာဘက်မှာ ကားဂိုဒေါင်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ အကျယ်အဝန်းဟာ မျက်နှာစာကြီးပဲ ပေ(၃၀)ရှိပါတယ်။ ကားတွေကြီးပဲ (၁၀)စီးကျော်ရှိပါတယ်။ ကားဂိုဒေါင်ရဲ့ ဘေးမှာတော့ ဦးအောင်သောင်း ပျင်းရင်ရိုက်ဖို့ အတွက် ဂေါက်ကွင်းရှိပါတယ်။ ဂေါက်ကွင်းရဲ့ ဘေးမှာတော့ ဦးအောင်သောင်း မိန်းမ ဒေါ်ခင်ရီရဲ့ သစ်ခွခြံရှိပါတယ်.... ဒေါ်ခင်ရီ အလှစိုက်တဲ့ သစ်ခွခြံဟာ နိုင်ငံခြား သစ်ခွမျိုးတွေကို မှန်လုံခန်းနဲ့ လုပ်ထားပြီး အထဲမှာ အဲယားကွန်းတွေ အပြည့်တပ်ထားပါတယ်။.. ဂေါက်ကွင်းရဲ့ ဘေးမှာတော့ တင်းနစ်ကွင်း တစ်ကွင်း ထပ်လုပ်ထားပါတယ်။ ဒါကတော့ ဦးအောင်သောင်းရဲ့ အိမ်ဝင်ဝင်ခြင်း ညာဘက် အခြမ်းမြင်ကွင်းပါ..။

ခြံရဲ့ ဘယ်ဘက်ခြမ်းမှာတော့ ဦးအောင်သောင်းရဲ့ အိမ်ဆောက်ထားပါတယ်.. ဆင်ဝင်ပေါ်တီခုံမှာ တိုင်လုံးကြီး နှစ်တိုင်ဆောက်ထားပါတယ်။ တိုင်လုံးတွေရဲ့ ထုထည်တွေကတော့ လူနှစ်ဖက်စာရှိပြီး အောက်ခြေကနေ အိမ်ခေါင်မိုးထိ ရှိပါတယ်.. ။ အမြင့်က ပေ(၂၀) ကျော်လောက်ရှိပါတယ်တဲ့..။ ပြီးတော့ အိမ်ရှေ့မျက်နှာစာ ပေါ်တီခုံအောက်မှာ ဈေးကြီးတဲ့ ဂရန်းနိုက်ကျောက်ပြား အနက်နဲ့ အနီအပြည့်ခင်းထားပါတယ်။ အိမ်ရှေ့တည်တည့်မှာ စိန်ပန်းပင် သုံးပင်ရှိပါတယ်..။

အိမ်ရှေ့ ခြံထောင့်မှာ အလှလုပ်ထားတဲ့ ရေတံခွန်နဲ့ ရေကန်လေး ရှိပြီးအဲ့ဒီ ရေကန်ထဲမှာ ဗျိုင်းရုပ်လေးတွေ ရှိပါတယ်...။ အဲ့ဒီရေကန်ဘေးမှာတော့ အပန်းဖြေထိုင်လို့ရတဲ့ တရုတ်ဘုံကျောင်းတွေက ထိုင်ခုံပုံစံ တိုင်လေးလုံးနဲ့ အမိုးပါတဲ့ အပန်းဖြေစရာ နေရာလေးလုပ်ထားပါတယ်။ အိမ်ရှေ့ဆင်ဝင်ကြီးရဲ့ ခေါင်းရင်းဘက်မှာ... ရေကူးကန် တစ်ခုရှိပါတယ်...။

ဦးအောင်သောင်းဟာ ပါဏိတာပါတာကံကို ကျူးလွန်ဖို့ ဝန်မလေးသလို အသူရာ အရက်ကိုလည်း အရမ်းကြိုက်ပါတယ်…. ဦးအောင်သောင်းရဲ့ ခမည်းခမက်ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေးဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားသုံးယောက်ထဲက တစ်ယောက်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး မောင်အေး ရဲ့ သမီးနန္ဒာအေးနဲ့ လက်ထပ် ထိမ်းမြားပေးထားပါတယ်။

ဦးအောင်သောင်းရဲ့ သားတွေထဲက တစ်ယောက်က မသထာရေစာ ရတဲ့ ငွေတွေနဲ့ ဘောလုံးပွဲကို အကြီးအကျယ် လောင်းလေ့ရှိပါတယ်။ ဦးအောင်သောင်းဟာ အရက်သောက်ပြီးရင် သူရဲ့ရေကူးကန်မှာ ရေကူးလေ့ရှိပါတယ်….။ ဦးအောင်သောင်းဟာ နေပြည်တော်က ဝန်ကြီးတွေ နေတဲ့ နေရာမှာ အနေများပြီး ဒီအိမ်ကိုတော့ တစ်ခါတစ်လေမှ ပြန်လာပါတယ်။

သူဒီအိမ်ခြံထဲမှာ နေတာကို လူမသိစေချင်သလို အိမ်အဝင်အထွက် ကိုလည်း အထူးအလေးထားပါတယ်။ ဒီအိမ်ဟာလည်း ဦးအောင်သောင်း အငြိမ်းစားယူရင် နေဖို့ဆောက်တာပါ။ (ရန်ကုန်မှာ ရှိတဲ့ စီးပွားရေးသမားတွေကလည်း ဦးအောင်သောင်းကို တောင်းလွန်းအားကြီးလို့ ကွယ်ရာမှာ ဦးအောင်တောင်းလို့ ခေါ်ကြပါတယ်တဲ့ မေးလ်နဲ့ လုပ်ငန်းရှင်တစ်ယောက်က ပို့လာလို့ ဖြည့်စွက်လိုက်ပါတယ်။)

ဦးအောင်သောင်းရဲ့ အိမ်ကို ဝင်သွားတဲ့ အခါမှာတော့ မျက်နှာကျက်မှာ Plaster Board အဖြူရောင် ကော်နစ် တွေနဲ့ အလှဆင်ထားပါတယ်.. အိမ်ထဲဝင်သွားတာနဲ့ ဧည့်ခံကျယ်ကြီးကို စတွေ့ရပါတယ်..။ တော်တော့်ကို ကျယ်တဲ့ ဧည့်ခန်းကျယ်ကြီးပါပဲ.. ဧည့်ခန်းကျယ်ကြီးရဲ့ ဘယ်ဘက်မှာ သူ့သမီးတီးဖို့ စန္ဒယားအကြီးကြီး တစ်လုံးရှိပါတယ်..။ အဲ့ဒီနားမှာ အပေါ်ထပ်ကို တက်တဲ့ လှေကားကျယ်ကြီး တစ်ခုရှိပြီး အဲ့ဒီ့လှေကားရဲ့ အကျယ်အဝန်းက (၇)ပေလောက် ကျယ်ပါတယ်…။ လှေကားကိုတော့ ကျွန်းတွေနဲ့ ပြုလုပ်ထားပြီး လှေကားအထစ်ပေါင်း (၂၂)ထစ်ရှိပါတယ်…။ ကျွန်းတွေအပြည့်နဲ့ လုပ်ထားတဲ့ လှေကားအထစ် တစ်ခုရဲ့အမြင့်က လက်တစ်ထွာလောက် ရှိပါတယ်…။ အဲ့ဒီကတက်သွားပြီးရင် အလယ်နားလောက်မှာ ကျွန်းနဲ့ကျည်းဘောင် ခွေထားတဲ့ အပြင်ကအလင်းရောင်ဝင်နိုင်တဲ့ မှန်ပြတင်းပေါက် အကြီးကြီးတစ်ခုရှိပြီး အဲ့ဒီကနေ လှမ်းကြည့်လိုက်ရင် တင်းနစ်ကွင်း၊ သစ်ခွခြံ၊ ဂေါက်ကွင်းတွေကို လှမ်းမြင်နေရပါတယ်..။

လှေကားတက်သွားပြီးရင် လှေကားရဲ့ အဆုံးမှာတော့ အခန်းကျယ်ကြီး တစ်ခုရှိပြီး ဦးအောင်သောင်းသမီး နေတဲ့ အခန်းဖြစ်ပါတယ်... သားတွေက အိမ်ထောင်ကျသွားလို့ အိမ်ခွဲနေနေကြပြီး လက်ရှိ သမီးဖြစ်သူသာ ကျန်ပါတော့တယ်။ အဲ့ဒီ သူ့သမီးဖြစ်သူဟာ အပေါ်ထပ်မှာနေပြီး သူ့အတွက် အိပ်ခန်း၊ ရေချိုးခန်းနဲ့ အလှပြင်ခန်းတွေကို တစ်ခန်းချင်းဆီ သပ်သပ် လုပ်ပေးထားပါတယ်။ ဘုရားခန်းက တစ်ခုရှိပြီး အခန်းရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို ဘုရားခန်း ပြုလုပ်ထားပါတယ်။ အဲ့ဒီဘုရားခန်းကို ဝင်သွားလိုက်တဲ့ အခါ ရုပ်ရှင်ပိတ်ကား တစ်ခုစာလောက်ရှိတဲ့ ပန်းချီကားကြီးတစ်ခုရှိပါတယ်။

ပုဂံရှေးဟောင်းဘုရား၊ စေတီပုထိုးတွေရဲ့ ဆေးရေးပန်းချီးကားဖြစ်ပြီး ဆလိုက်မီးတွေနဲ့ ထိုးထားတဲ့ အတွက် အင်မတန်အသက်ဝင် လှုပ်ရှားနေပါတယ်။ တန်ဘိုး အင်မတန်ကြီးမယ့် ပန်းချီကားကြီးပါ...

ပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာရင် ဧည့်ခန်းရဲ့နောက်မှာ လူနှစ်ရပ် ကျော်ကျော်လောက် ရှိတဲ့ ကျောက်စိမ်းနဲ့ လုပ်ထားတဲ့ နံရံတစ်ခုရှိပြီး အဲ့ဒီနံရံကို ကျောက်စိမ်းတွေနဲ့ ချည်းပဲ အလှဆင်ထားပါတယ်...။ အဲ့ဒီကျောက်စိမ်းတွေနဲ့ စီထားတဲ့နံရံရဲ့ အောက်မှာ ဦးအောင်သောင်း အပန်းဖြေဖို့ အတွက်ကို Home Theatre တွေ Projector အိမ်တွင်းရုပ်ရှင်ပြတဲ့အခန်း ပေါ့ အထဲမှာ ရုပ်ရှင်နဲ့ ဆိုင်တာတွေ အကုန်ဆင်ထားပါတယ်။ အဲ့ဒီအခန်းဘေးမှာတော့ ဦးအောင်သောင်းနဲ့ ဒေါ်ခင်ရီတို့ အခန်းပါပဲ...။

သူတို့အခန်းရဲ့ နံရံပတ်ချာလည်မှာ အင်မတန်တန်ဘိုးရှိတဲ့ ကျွန်းဘီရိုတွေချည်းပဲ ထားထားပါတယ်။ အခန်းရဲ့ အကျယ်အဝန်းက ရှေ့နောက် ပေ၄၀. အကျယ် ပေ ၂၀လောက်ရှိပါတယ်။ အခန်းရဲ့ အလယ်ကောင်မှာ နှစ်ယောက်အိပ်ကုတင် ရှိပြီး ကုတင်ရဲ့ ခြေရင်းမှာ ကျွန်းဘီရိုတစ်လုံးရှိပါတယ်။ ကြည့်လိုက်ရင် ရိုးရိုး ဘီရိုပေါ့...။ တကယ်တော့ ကျွန်းဘီရိုကို ဖွင့်ပြီးဝင်သွားခဲ့ရင် မြေအောက်ခန်း ကိုဆင်းတဲ့ တံခါးပေါက် ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းကို သွားချင်ရင် အဲ့ဒီကျွန်းဘီရို တံခါးပေါက်ကို ဖွင့်ပြီးဝင်သွားလို့ ရပါတယ်။

နောက်ကုတင်ရဲ့ ညာဘက်ခြမ်းမှာ ရေချိုးခန်းရှိပါတယ်... ရေချိုးခန်းက ရေပူရေအေး စံနစ်ဖြစ်ပြီး တခန်းလုံးကို ကြွေပြားအဖြူတွေ ခင်းထားပါတယ်။ ရေချိုးခန်းထဲမှာ ရေနွေးချိုးခန်း Sauna ပါရှိပါတယ်။ ရေးချိုးခန်းထဲမှာ ရေနွေးစိမ်ချိုးတဲ့ လေးထောင့်စပ်စပ် အဖြူရောင် ရေစိမ်ကန် Bath cap ရှိပြီး သာမာန် ငွေကြေးချမ်းသာတဲ့ ရှိတဲ့သူတွေ သုံးတာထက် ထူးထူးခြားခြား ပိုကြီးနေပါတယ်။ အိမ်ထဲမှာ ဆင်တဲ့ အပြင်အဆင်တွေ အားလုံး ဦးအောင်သောင်းအမိန့်နဲ့ နိုင်ငံခြားကနေ တိုက်ရိုက်သွင်းလာတာလေ..။

ဘယ်ကုမ္ပဏီဆီကမှ ပြန်ပြီး Sponsor လုပ်ပြီး ဝယ်တာမဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်မှာတာပါ။ အဲ့ဒီ ရေနွေးငွေ့ကန် Sauna တွေပေါ.့.... အစေခံတန်းလျားကတော့ သူ့သမီးတီးတဲ့ စန္ဒယားရဲ့ အနောက်ဘက်က ဝင်သွားရင် မီးဖိုချောင်ရှိတယ်။ အဲ့ဒီ မီးဖိုချောင် ထဲမှာ Micro Wave Oven ကြီးမားတဲ့ နောက်ဆုံးပေါ် ရေခဲသေတ္တာ အကုန်ရှိပြီး အဲ့ဒီမီးဖိုချောင် အပေါ်ထပ်မှာတော့ အစေခံတန်းလျား ရှိပါတယ်။ တစ်အိမ်လုံးကို တန်ဖိုးကြီးတဲ့ Neon ပန်းဆိုင်းတွေ Crystal Light တွေ အကုန်ဆင်ထားပါတယ်။ အင်းစိန်လမ်းမကြီးက လမ်းကြည့်လိုက်ရင် လူနှစ်ရပ်စာ မြင့်တဲ့ ခြံစည်းရိုးနဲ့ အိမ်ကသူ့အိမ်ပါပဲ.. လှိုင်ရတနာမွန် အိမ်ယာထိပ်က ခြံပေါ့။

ဦးအောင်သောင်းကတော် ဒေါ်ခင်ရီ လည်ပင်းမှာ ဆွဲထားတဲ ရွှေဆွဲကြိုးက အတော်ကြီးပြီး လော့ကတ် နေရာမှာတော့ အင်မတန်ကြီးမားတဲ့ ပုလဲလုံးကြီးတစ်လုံးကို ချိတ်ဆွဲထားပါတယ်။

ပြည်ပရေဒီယိုမှကောက်နှုတ်ချက်များ

နေပြည်တော် ဥတ္တရသီရိရပ်ကွက်မှာ မကြာခင်က အိမ်တက်မင်္ဂလာလုပ်ခဲ့တဲ့ ဧရာမ အိမ်ကြီးဟာလဲ ဦးအောင်သောင်းရဲ့ ကိုယ်ပိုင်အိမ်ဖြစ်ပါတယ်၊ မေမြို့ ကန်တော်ကြီး ဥယျဉ်နားက ဝန်ကြီးရပ်ကွက်မှာ အိမ်ကြီးတလုံး ဦးအောင်သောင်းပိုင်ထားပီး ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ အိမ်နဲ့ ကပ်ရက်ရှိတယ်လို့ မျကိမြင်သက်သေတွေက ပြောပါတယ်၊

ပုပ္ပားတောင်ကလပ် International ဟော်တယ် အောက်ချိုင့်ထဲမှာလဲ ဝန်ကြီးဦးအောင်သောင်း အနားယူဘို့အတွက် အိမ်တလုံး ဆောက်ထားပါတယ်၊ ကားဂိုဒေါင်တွေ ဒရိုင်ဘာ နားနေခန်းတွေပါ အစုံဆောက်ထားတာလို့ မျက်မြင်သက်သေတွေက ပြောပါတယ။်

ခြံမြေပိုင်ဆိုင်မှု အပိုင်းနဲ့ကြည့်ရင် ရန်ကုန် ပုလဲမြို့သစ် ရွှေနံသာ ငွေနံသာ ရပ်ကွက်မှာ ဝန်ကြီးတွေအတွက် အိမ်ယာမြေကွက်တွေ ပေးထားပါတယ်၊ တဦးကို ပေ ၂၅ဝ ပတ်လည်ရှိတဲ့ ၁ ဒသမ ၆ ဧကရှိတဲ့ မြေကွက်တွေ ပေးထားတာပါ၊ ထုံးစံအတိုင်းပါဘဲ ဝန်ကြီးဦးအောင်သောင်းရဲ့ ခြံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခြံနဲ့ကပ်ရက်ဖြစ်တယ်လို့ မျက်မြင်သက်သေ တဦးက ပြောပါတယ်။

ဝန်ကြီး ဦးအောင်သောင်းပိုင်တဲ့ ဒီခြံထဲမှာ ဆေးသစ်ခွပင်တွေစိုက်ထားတယ်လို့ သိရပါတယ် ဒီဆေးသစ်ခွ အရိုးတန်ကိုင်းကို အခြောက်လုပ်ပီး နိုင်ငံခြားပို့ရင် တတန်ကို ဒေါ်လာ လေးထောင်ကျော်ထိ ဈေးရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်၊ ဆေးသစ်ခွစိုက်ရင် သစ်တောအခွန်လဲ လွတ်တာမို့ ဆေးသစ်ခွတွေကို ဦးစားပေးပီး ဦးအောင်သောင်း စိုက်ထားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

စက်ရုံပိုင်ဆိုင်မှုအပိုင်းကိုကြည့်ရင် မှော်ဘီမြို စိန်ရတနာသစ်ကုမ္ပဏီဘေးမှာရှိတဲ့ Star Flower တစ်ရှူးစက်ရုံဟာ ဝန်ကြီးဦးအောင်သောင်းရဲ့ မိသားစုပိုင်စက်ရုံဖြစ်ပါတယ် သာပေါင်းပျော့ဖတ်စက်ရုံ တည်ဆောက်ခွင့်ရတဲ့ တရုတ်ကုမ္ပဏီကနေ ဝန်ကြီးဥင်္ီးအောင်သောင်းကို လက်ဆောင်ပေးခဲ့တဲ့ စက်ပစ္စည်းတွေနဲ့ ဆောက်ထားတာဖြစ်တယ်။

အလားတူ စက်ရုံတခုကို ဝန်ကြီးဥင်္ီးအောင်သောင်းရဲ့ မိသားစုနာမယ်နဲ့ စစ်တောင်းစက်ရုံနားမှာရှိပါတယ် ဒီစက်ရုံကို စက်မှု(၁)ဝန်ထမ်းတွေက ဆောက်ပေးခဲ့ရတာဖြစ်ပါတယ် တရုတ်ကပေးတဲ့ စက်နဲ့ဘဲ ရန်ကုန်မှာလဲ အလားတူ တစ်ရှူးစက်ရုံတရုံ ပိုင်တယ်လို့ သိရပါတယ် ဒီစက်ရုံကိုလဲ ပြင်ထိမ်းခေါ်တဲ့ စက်မှု(၁)အဖွဲ့က ဆောက်ပေးခဲ့ရတာပါ၊ စစ်တောင်းမှာ ဗလာစာအုပ်စက်ရုံတခုကိုလဲ ဦးအောင်သောင်းပိုင်တယ်လို့ လက်ထောက်အရာရှိတွေက ပြောပါတယ် ပုလဲမြို့မှာလဲ သစ်ခွဥပေါင်းတဲ့စက်ရုံတခုကို ဝန်ကြီးဥင်္ီးအောင်သောင်းပိုင်ပါတယ်။

ဝန်ကြီးဥင်္ီးအောင်သောင်းဟာ ပဒေါင်းမှာလဲ ဧကတရာခန့်ရှိတဲ့ ဇီးတော်သီးခြံကိုပိုင်သလို ပလိပ်မှာလဲ စိန်တလုံးသရက်ခြံပိုင်ပါတယ် လှည်းကူး ရဲမွန်တပ်မြို့အနီးမှာ ဝန်ကြီးဥင်္ီးအောင်သောင်း စိတ်အပမ်းဖြေဘို့ ကျေးငှက်တွေ အစာကျွေံးဘို့ဆိုပီး ဧကပေါင်းများစွာရှိတဲ့ ကိုယ်ပိုင်အပမ်းဖြေ ဥယျဉ်ကြီးတခု ပိုင်ပါသေးတယ် ဒီခြံတွေအများစုကို ဝန်ကြီးဥင်္ီးအောင်သောင်း လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတွေ စက်ရုံမှူးတွေက ဦးအောင်သောင်းကို လာဒ်ထိုးခဲ့တာများတယ်လို့ စက်မှု(၁) ဝန်ကြီးဌာနမှာ လူသိများပါတယ်

ခေတ်ပြိုင်ဂျာနယ် ဆောင်းပါးရှင် စစ်အရာရှီဟောင်း ဗိုလ်ထက်မင်းရဲ့ ရေးသားချက်အရဆိုရင် ဝန်ကြီးဥင်္ီးအောင်သောင်းဟာ သာပေါင်းပျော့ဖတ်စက်ရုံတည်တဲ့အချိန်မှာ တရုတ်ကုမ္ပဏီထံက လာဒ်လာဘ အများဆုံးတောင်းခဲ့တာဖြစ်ပီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေအတွက် ရဟတ်ယာဉ်တစင်း၊ ဝန်ကြီးဥင်္ီးအောင်သောင်းအတွက် ရဟတ်ယာဉ်တစင်းပါ တောင်းခဲ့တယ်လို့ ဗိုလ်ထက်မင်းက ဖော်ထုတ်ခဲ့ပါတယ်။

ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစု ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရပေးထားတဲ့ ဝန်ကြီးလစာငွေနဲ့ မကာမိအောင် အဆမတန်များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်၊ မသိရသေးတဲ့ ပိုင်ဆိုင်မှုတွေလဲ အများအပြားရှိနိုင်ပါတယ် အနောက်နိုင်ငံက နိုင်ငံခြားသားတချိုံကဆိုရင် ဝန်ကြီး ဦးအောင်သောင်းရဲ့ပိုင်ဆိုင်မှုဟာ စစ်အစိုးရနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင် ဦးတေဇရဲ့ပိုင်ဆိုင်မှုထက်တောင် များနိုင်တယ်လို့ သုံးသပ်လာတာ ရှိပါတယ်။

အကတိလိုက်စားမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝလာတဲ့ ဝန်ကြီးဦးအောင်သောင်းဟာ အန်အယ်လ်ဒီကို လူထုဆန့်ကျင်ပွဲလုပ်အောင် စတင်ဖန်တီးသူလည်း ဖြစ်ပါတယ် တချိန်က ပုဂံလူထု ချီတက်ပွဲကြီးတွေလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုရှုတ်ချပွဲပုံစံ ဖန်တီးဘို့ မန္တလေး နန်းတွင်း ရတနာပုံဧည့်ဆောင်ကနေ ကြိုးကိုင်ခဲ့တာလဲ ဦးအောင်သောင်းဘဲဖြစ်ပါတယ်၊

၂ဝဝ၇ သံဃာ့အရေအခင်းမှာ သံဃာတွေကို ရိုက်နှက်သတ်ဖြတ်ဘို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အကြံပေးခဲ့သူဟာလဲ ဝန်ကြီး ဦးအောင်သောင်းဘဲ ဖြစ်တယ်လို့ စစ်တပ်ထိပ်ပိုင်းအရာရှိတချိုံက ပြောဆိုပါတယ်။

ရွေးကောက်ပွဲလွန်အောင်သောင်း

ကျင်းပဆဲ ပြည်ထောင်စုလွှတ်တော်ကနေ ၀န်ကြီးအမည်စာရင်း ၃၀ ကို ကြေငြာလိုက်ပေမဲ့ မူလ စစ်အစိုးရ၀န်ကြီးအဖွဲ့ထဲက ၀န်ကြီးဟောင်း ၁၃ ဦး ပြန်ပါမလာတာ တွေ့ရပါတယ်- စာရင်းချုပ်တဲ့အခါ ၀န်ကြီးလစာနဲ့မကာမိအောင် စစ်အစိုးရလက်ထက် ၀န်ကြီးဟောင်းတချို့ ချမ်းသာသူတွေ ချမ်းသာသွားပေမဲ့ ၀န်ကြီးဌာနတချို့လဲ အရှုံးများစွာနဲ့ကျန်ခဲ့ပါတယ်။

ဝန်ကြီးသစ်အဖွဲ့မှာ ပြန်ပါမလာတဲ့ ၀န်ကြီးဟောင်း ၁၃ ဦးထဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့် ပညရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး လယ်ဆည်ဝန်ကြီး ဦးဌေးဦး ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော် မွေးမျြရေးနဲ့ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိမ်း သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့် သစ်တောဝန်ကြီး ဦးသိန်းအောင် အမျိုးသားစီမံကိန်းဝန်ကြီး ဦးစိုးသာ စွမ်းအင်ဝန်ကြီး ဦးလွန်းသီနဲ သိပ္ပံနည်းပညာဝန်ကြီး ဦးသောင်းနဲ့ စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်း တို့ ဖြစ်ပါတယ်

ဝန်ကြီးသစ်တွေ တိုင်းပြည်စီးပွားရေးကို ဘယ်လိုစီမံခန့်ခွဲမလဲ မသိရသေးပေမဲ့ စစ်အစိုးရ၀န်ကြီးဟောင်းတွေထဲမှာ စစ်အစိုးရလက်ထက်တလျှောက်လုံး သက်ဆိုင်ရာဝန်ကြီးဌာနက ခွက်ခွက်လန် အရှုံးပေါ်နေပေမဲ့ ဒီဝန်ကြီးဌာနကိုင်ခဲ့တဲ့ ၀န်ကြီးတချိုံကတော့ ရတဲ့ဝန်ကြီးလစာနဲ့မမျှအောင် ချမ်းသာခဲ့ပါတယ်။ ပိုပီးထူးခြားတာက ဒီလိုနည်းနဲ့ မတရားချမ်းသာလာတဲ့ ၀န်ကြိးမျိုးတွေကို ဘယ်အဖွဲ့အစည်းကမှ စစ်ဆေးခွင့်မရှိဘဲ အေးအေးဆေးဆေး အနားယူခွင့်ပေးတဲ့အချက် ဖြစ်ပါတယ်

ဒီလို ၀န်ကြီးအမျိုးအစားတွေထဲမှာ စက်မှုတစ်ဝန်ကြီး ဦးအောင်သောင်းလဲ ပါဝင်တာတွေ့ရပါတယ်

ဝန်ကြီး ဦးအောင်သောင်းကိုင်ခဲ့တဲ့ စက်မှုတစ်ဝန်ကြီးဌာနကို အရပ်သားအစိုးရသစ် မလွဲပြောင်းခင် ရင်ဆိုင်နေရတဲ့ပြဿနာက စက်မှုတစ်ဝန်ကြီးဌာနအောက် လုပ်ငန်းကြီး ၆ ခုမှာ အရှုံးပေါ် အလျော့တွက်ပြနေတဲ့ တန်ဘိုးက ကျပ်ငွေ ၃ ဘီလီယံနီးပါးကနေ ဘီလီယံ ၄၀ကျော်ထိ ရှိနေပါတယ်

ဥပမာ-ဦးအောင်သောင်း လက်အောက်က ကြွေထည်မြေထည်လုပ်ငန်းဆိုရငှ် ကျပ်ငွေ ၂.၆ ဘီလီယံထိ အလျော့တွက်ပြနေသလို အထည်အလိပ်လုပ်ငန်းဆိုရင်လဲ ကျပ်ငွေ ဘီလီယံ ၄၀ ထိ အလျော့တွက်ပြနေတယ်လို့ စုံစမ်းသိရပါတယ်။

ဟုတ်ပါတယ်-၀င်းသူဇာဂိုဒေါင်တွေမှာလဲ ကုန်ချောလက်ကျန်တွေ ပျက်စီးကုန်တဲ့အတွက် ဆုံးရှုံးတဲ့တန်ဘိုးက ဂိုဒေါင်တလုံးကို ကျပ်ငွေ သိန်း ၄၀၀ ထိ အလျော့တွက်ပြနေတာမို့ ဂိုဒေါင် ၃၀၀ နီးပါးအတွက် ကျပ်ငွေ ကုဋေ ၁၂၀၀ ကျော် အလျော့တွက်ပြနေတယ်။

နေပြည်တော်ပိုင်ဆိုင်မှုတွေ

စက်မှုတစ်ဝန်ကြီးဌာနမှာ အလျော့တွက်တွေ ခုလို ဘီလီယံနဲ့ချီပီး အရှုံးပြနေတာကို ၀န်ကြီး ဦးအောင်သောင်း တာဝန်ယူစရာ မလိုဘဲ အလွယ်တကူ ကျောခိုင်းတော့မဲ့အခြေအနေမှာ ဦးအောင်သောင်းရဲ့ ကိုယ်ပိုင် ချမ်းသာကြွယ်ဝမှုက အံ့မခန်းဖြစ်ပါတယ်

နေပြည်တော်က ဥတ္တရသီရိ ရပ်ကွက်က ၀န်ကြီး ဦးအောင်သောင်းပိုင် ကိုယ်ပိုင်အိမ်ကြီ်းရဲ့ ခန်းနား ကြွယ်ဝမှုကို နေပြည်တော် အရာထမ်းတွေက သံသယရှိပါတယ် စက်မှုတစ်ဝန်ကြီးဌာန ပြင်ထိန်းခေါ် အထွေထွေပြုပြင်ထိမ်းသိမ်းရေးဌာနအသုံးချပီး ကိုယ်ပိုင်အိမ်ဆောက်ရာမှာ အသုံးချထားတယ်။.

ဒီအိမ်ကြီးကို ဦးအောင်သောင်းဟာ မနှစ်က အောက်တိုဘာ ၁၇ ရကိက ပြောင်းခဲ့တာဖြစ်ပီး အိမ်ကြီးတခုလုံးကို နေရောင်ခြည်သုံး လျှပ်စစ်ထုတ်ပြားတွေနဲ့ လျှပ်စစ်ဓါတ်ပေးထားပါတယ်။

ဒါတင်မက နေပြည်တော် မင်းကုန်းအုတ်စက်နားက ၃၈ ဧကရှီတဲ့ ဦးအောင်သောင်းပိုင် ခြံကြီးကိုလဲ စက်မှုတစ်ဝန်ကြီးဌာနလက်အောက် ပြင်ထိန်းခေါ် အထွေထွေပြုပြင်ထိမ်းသိမ်းရေးဌာနအသုံးချပီး ကိုယ်ပိုင်စီးပွားရေးလုပ်နေပါတယ်။

ဝန်ကြီး ဦးအောင်သောင်းနဲ့မိသားစု ပိုင်ဆိုင်မှုတန်ဘိုးတွေကို ခြုံကြည့်မယ်ဆိုရင် စစ်အစိုးရပေးထားတဲ့ ဝန်ကြီးလစာငွေ တလကျပ်ငွေ ၄သိန်းနဲ့ မကာမိအောင် အဆမတန်များပြားနေတာ တွေ့ရမှာဖြစ်ပါတယ်၊ ခုတော့ ဒီငွေတွေ ဘယ်ကရသလဲဆိုတာ ဘယ်သူမှ မမေးနိုင်ခင် ဦးအောင်သောင်း အနားယူတော့မှာဖြစ်ပါတယ်။

ပီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ၀န်ကြီးအောင်သောင်း ၀န်ကြီးရာထူးက အနားယူတော့မှာမို့ စက်မှုတစ်ဝန်ကြီးဌာန ၀န်ထမ်းတွေကို ဒံပေါက်ကျွေးပီး တရားဝင် နှုတ်ဆက်ပွဲလုပ်ပါတယ်။ ဒါပေမဲ့ ကားတွေ ရပ်တဲ့ အုပ်တမံတလင်း ကွင်းပြင်မှာ ညနေ ၄ ရီ နေကျစ်ကျစ်တောက် ပူနေချိန် ၀န်ထမ်းတွေကို ပဆစ်တုတ် ဒူးတုတ်ပုံစံနဲ့ ၀န်ကြီး ဦးအောင်သောင်းကို ကန်တော့ခိုင်းခဲ့လို့ ၀န်ထမ်းတွေ မကျေမနပ်ဖြစ်တဲ့အကြောင်းလဲ စုံစမ်းသိရပါတယ်

ဝန်ကြီး ဦးအောင်သောင်းဟာ ငါ့ဆွေမျိုးအားလုံး ကောင်းစားအောင်လုပ်ပေးပြီးမှ ဝန်ကြီးရာထူးက ထွက်မယ်လို့ တချိန်က ၀န်ကြီးဌာန အီးစီအစည်းအဝေးမှာ တရားဝင် ပြောဆိုခဲ့သူ ဖြစ်ပါတယ်

နိုင်ငံပိုင်တွေ ခွဲယူကြပြီ

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံပိုင်လုပ်ငန်းကြီးတွေကို စစ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်တွေက ခွဲယူအပီးမှာ နေပြည်တော်မှာလဲ ၀န်ကြီးတွေ ဗိုလ်ချုပ်တွေ မြေကွက်တွေ အမြန် ခွဲဝေယူနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအနိုင်ရရေး တဘက်ကကြိုးပမ်းနေချိန်မှာ နေပြည်တော်မှာလဲ စစ်အစိုးရခေါင်းဆောင်ပိုင်းက ရသမျှကို သိမ်းကြုံးပီး အိတ်ထဲထည့်နေတယ်လို့ နေပြည်တော်မှာ ပြောစမှတ်ဖြစ်နေပါတယ်။

နေပြည်တော်ကွင်းကြီးဘက်မှာ ၀န်ကြီးတဦးကို ဧက ၁၀၀ စီ ခွဲတမ်းချပေးနေပီး ဥတ္တရသီရီမြိုနယ်ဘက်မှာလဲ ပေ ၁၀၀ ပတ်လည်မြေတကွက်ကို သိန်း၃၀နဲ့ ၀န်ကြီးတွေ ဗိုလ်ချုပ်တွေကို ရောင်းပေးနေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲ နေပြည်တော်မှာကျင်းပမှာကိုမျှော်ကိုးပီး ဟော်တယ်ဆောက်ချင်သူတွေက သိန်း၃၀တန် ၀န်ကြီးတွေပေးတဲ့ မြေကွက်တွေကို သိန်း၃၀၀ ချက်ချင်းပေးဝယ်နေတယ်လို့ပါ လုပ်ငနိးရှင်တဦးက ပြောပါတယ်

နေပြည်တော် သပြေကုန်းဈေး ကျောက်မျက်ပြတိုက်နားမှာလဲ ဧရာမ ဆေးပလာဇာ ကွန်ဒိုကြီးဆောက်နေပါတယ် တပြည်လုံးအတွက် အင်္ဂလိပ်ဆေးဝါးတွေကို ဒီဆေးပလာဇာကြီးက ဒိုင်ကိုင် ဖြန့်ဝေတော့မှာဖြစ်ပါတယ် ဆေးပလာဇာ ကွန်ဒိုမှာပါတဲ့ အခန်း ၅၆ ခန်းကိုလဲ ဆေးလုပ်ငန်းကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေကိုမပေးဘဲ ၀န်ကြီး ၃၀ကျော်နဲ့ တိုင်းမှူးတပ်မမှူး၂၀ကျော်ကို ချပေးလိုက်တယ်။

ဘိလပ်မြေအောင်သောင်း

ရွေးကောက်ပွဲမတိုင်ခင် ခေတ်စားနေတဲ့ နောက် စီးပွားရေးလုပ်ငန်းတခုက တောထဲက ထုံးကျောက်တောင်တွေကို ဘိလပ်မြေထုတ်နိုင်တဲ့အဆင့် စမ်းသပ်ပီးပါပီဆိုပီး စက်မှု(၁) ၀နကြီး ဦးအောင်သောင်းဆီက ခွင့်ပြူချက်ပါမစ်ရအောင် လုပ်တဲ့နည်းဘဲ ဖြစ်ပါတယ်။

ဘိလပ်မြေထုတ်ချင်တဲ့ ပုဂ္ဂလိက ကုမ္မဏီတခုဟာ မြန်မာပြည် တောတောင်တခုခုထဲက ထုံးကျောက်တောင်ကို ဘိလပ်မြေထုတ်လို့ရအောင် စမ်းပီးပါပီဆိုပီး အရင်ဆုံး ၀န်ကြီး ဥိးအောင်သောင်းဆီ လျှောက်လွှာတင်ရပါတယ်-၀န်ကြီးဦးအောင်သောင်းကို ဘာမှမပေးတဲ့ လျှောက်လွှာရှင်တွေကို မြို့နဲ့နီးသလားဝေးသလား သဘာ၀၀န်းကျင်းကို ထိခိုက်နိုင်သလားစတဲ့ အချက်တွေနဲ့ ဦးအောင်သောင်းက မှတ်ချက်ရေး ထစ်လိုက်တာနဲ့ ရန်ကုန်မြို့က အိမ်မှာ ၀န်ကြီး ဦးအောင်သောင်းလာတဲ့အချိန်သွားပီး ကန်တော့ကြရတယ်လို့ လုပ်ငန်းရှင်တဦးက ပြောပါတယ်

ဘိလပ်မြေထုတ်မဲ့ ထုံးကျောက်တောင်တခုကို လုပ်ပိုင်ခွင့်၇ဘို့အတွက် ၀န်ကြီး ဦးအောင်သောင်းကို အနည်းဆုံး ကျပ်ငွေ သိန်း ၅၀၀ ထိပေးရတယ်လို့ စုံစမ်းသိရပါတယ် ထုံးကျောက်တောင်လျှောက်ထားတဲ့ ကုမ္မဏီပေါင်း ၄၀ကျော်ရှိတဲ့အတွက် ဒီလုပ်ငန်းတခုထဲကတင် ကျပ်ငွေ သိန်းပေါင်း ၂သောင်းနီးပါး ၀န်ကြီး ဦးအောင်သောင်းရလိုက်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်

မကြာခင်ရက်ပိုင်းအတွင်း နေပြည်တော်မှာ ဖွင့်တဲ့ ဘဏ်လုပ်ငန်းအသစ်တွေထဲမှာ ၀န်ကြီးဦးအောင်သောင်းရဲ့သားပိုင်တဲ့ United Amara ဘဏ်လုပ်ငန်းလဲပါဝင်ပါတယ် ၀န်ကြီးပိုင်တဲ့ဘဏ်ဖြစ်တဲ့အတွက် စက်မှုတစ်ဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေအားလုံးကို မစုမနေရ ငွေစုဘို့ ဦးအောင်သောင်းက ဖိအားပေးလို တချို့အရာရှိတွေဆိုရင် သိန်းရာနဲ့ချီပီး ငွေထဲ့ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်

အထုူးသဖြင့် ဦးအောင်သောာင်းလက်အောက်က ညွှန်ကြားရေးမှူးချုပ်တွေ ဦးဆောင်ညွှန်ကြားရေးမှူးတွေထဲက တချို့ဆိုရင် သူတို့တသက် အိမ်မက်ထဲတောင် စိတ်မကူးနိုင်တဲ့ ငွေကြေးချမ်းသာမှုမျိုးတွေရစေမဲ့ လုပ်ပိုင်ခွင့်မျိုးတွေကို ဦးအောင်သောင်းက ဖန်တီးပေးထားတာ ဖြစ်တယ်-ဒါကြောင့်လဲ ခုလို သားဖြစ်သူရဲ့ဘဏ်မှာ ငွေအတင်းစုအောင် ဦးအောင်သောင်းက ဒီပုဂ္ဂိုလ်တွေကို အနိုင်ကျင့်တာ သဘောဝကျပါတယ်လို့ ဦးအောင်သောင်းရဲ့ လက်ထောက်အရာရှိတဦးက ပြောပါတယ်

ရွေးကောက်ပွဲမတိုင်ခင် စစ်အစိုးရရဲ့ အဓိက ပြဿနာတွေထဲမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို ပြဿနာမရှိ စာရင်းပိတ်ပီး ရွေးကောက်ပွဲအပီးတက်လာမဲ့ နောက်အရပ်သားအစိုးရသစ်ကို လွှဲပေးနိုင်ဘို့ဖြစ်ပါတယ် အထူးသဖြင့် နောက်အစိုးရသစ်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကသာမက တခြားပါတီတွေက လူသစ်တွေပါ ပါဝင်လာမှာဖြစ်တဲ့အတွက် နောက်ကြောင်းပြန် တရားစွဲတာတွေ အရေးယူတာတွေ ရှောင်ရှားဘို့ရည်ရွယ်တာလို့ အရာထမ်းတွေက ယူဆပါတယ်

စက်မှုတစ်အရှုံးပြပြီ

အများဆုံးအရှုံးပေါ်ပီူး ကုန်ချောလက်ကျန် ကျပ်ငွေ ဘီလီယံနဲ့ချီ လက်ကျန်ပြနေတဲ့ စက်မှုတစ် ၀န်ကြီးဌာနက လုပ်ငန်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆု်တာ ၀န်ကြီး ဥင်္ီးအောင်သောင်းအတွက် ခေါင်းခဲစရာဖြစ်နေပါတယ် ဒီမှာတင် စက်မှုတစ်ဝန်ကြီးဌာန လုပ်ငန်းတွေ စက်ရုံတွေ အရှုံးပေါ်နေတာဟာ သူထုတ်ထားတဲ့ ညွှန်ကြားချက်တွေကို လကိအောက်အရာရှီတွေက မလိုက်နာလို့ဖြစ်တယ်ဆိုပီး မကြာခင်ကဘဲ ဦးအောင်သောင်းက စွဲချက်တင်ပါတယ်

ဝန်ကြီးထုတ်ပြန်ထားတဲ့ ရာနဲ့ထောင်နဲ့ချီတဲ့ ညွှန်ကြားချက်တွေကို နားလည်မလည် စမ်းသပ်ဘို့ အဖွဲ့တွေခွဲပီး မန်နေဂျာနဲ့ဒုမန်နေဂျာတွေ မေးမယ်-မဖြေနိုင်သူတွေကို ရာထူးချ နေရာပြောင်းမယ်ဆိုပီး အမိန့်ထုတ်ထားလို့ အရာထမ်းတွေ မကျေမနပ် ဖြစ်နေပါတယ် သဘောကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ လူစတေးမဲ့ တရားခံရှာပွဲအတွက် စာမေးပွဲစစ်ပီး ရာထူးချဘို့ လုပ်ကိုင်နေတဲ့သဘောဖြစ်နေပါတယ်

ဒါဖြင့်ရင် စက်မှုတစ်လုပ်ငန်းတွေ ဘာကြောင့် အရှုံးပေါ်သလဲလို့ အာအာက်အေကမေးတဲ့အခါ ၀န်ကြီး ဦးအောင်သောင်းရဲ့ ပေါ်လစီအမှားအပြင် အကောင်အထည်ဖော်မရတဲ့ ညွှန်ကြားချက်တွေကြောင့်လို့ လက်အောက်ခံဝန်ထမ်းတွေက ထောက်ပြပါတယ်

ဥပမာ-ချည်မျှင်နဲ့အထည်လုပ်ငန်း အရှုံးပေါ်နေတာကြည့်ရင် မကောင်းတဲ့ဝါတွေ ၀ယ်ခိုင်းတာလဲ ဦးအောင်သောင်းဖြစ်တယ်-အရည်အသွေးညံ့တဲ့ တရုတ်စက်တွေနဲ့လည်ခိုင်းလို့ ခဏနဲ့စက်ပျက်ပီး ကုန်မထွက်တာလဲ ဦးအောင်သောင်းကြောင့်ဖြစ်တယ်

ဒီလို တရုတ်စက်တွေ မကောင်းတာဝယ်မှ ဦးအောင်သောင်းအတွက် ကော်မရှင်မျက်မျက်စားရမှာဖြစ်လို့ စက်မှုတစ်တခုလုံး အရှုံးပေါ်တာအတွက် ၀န်ကြီး ဥင်္ီးအောင်သောင်းဟာ တာဝန်အရှိဆုံးဖြစ်တယ်လို့ စက်ရုံမှုးအများစုက မြင်ကြပါတယ်။

အီးယူဒဏ်ခတ်စာရင်း

အီးယူဒဏ်ခတ်စာရင်းကိုပြန်ကြည့်တဲ့အခါ တခြားဝန်ကြီးတွေပါသလို စက်မှုတစ်ဝန်ကြီးဦးအောင်သောင်း အပြင် သူမိသားစုဝင်တွေ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေပါဒဏ်ခတ်စာရင်းမှာ ထဲ့ထားတာ တွေ့ရပါတယ်။

ဦးအောင်သောင်းရဲ့သားဗိုလ်မှူး မိုးအောင်နဲ့ဇနီး၊ ဦးအောင်သောင်းရဲ့သား အောင်ရီဖြိုးကုမ္ပဏီနဲ့ အိုင်ဂျီအီးကုမ္ပဏီ ဒါရိုက်တာ ဦးနေအောင်၊ ဦးအောင်သောင်းရဲ့သားလဲဖြစ်အိုင်ဂျီအီးကုမ္ပဏီဒါရိုက်တာလဲဖြစ် ဒုဗိုလ်ချုပ်မှူးကြိးမောင်အေးသမက်လဲဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်၊ ဦးအောင်သောင်းသမီး ခင်ငုရည်ဖြိုး၊ ဦးအောင်သောင်းသမီး ဒေါက်တာ သုနဒ္ဒအောင်၊ဦးအောင်သောင်းသမီး အေးမြတ်ဖြိုးအောင်အပြင် ဦးအောင်သောင်းမိသားစုပိုင်တဲ့ အောင်ရီဖြိုးကုမ္ပဏီနဲ့ Queen Star ကွန်ပြူတာကုမ္ပဏီတွေပါ ၂ဝဝ၉ ခုနှစ် အီးယူ ဒဏ်ခတ်စာရင်းမှာ ပါနေတာ တွေ့ရပါတယ်၊

ဦးအောင်သောင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယုံကြည်အသုံးချတဲ့အကြောင်းရင်းတွေကို ချုပ်ကြည့်ရင်

-စက်မှု(၁)၀န်ကြီးဌာနက ရသမျှ ခိုးဝှက်ပြီး ကြံ့ဖွံအသင်း ပါတီထောင်တဲ့အချိန် ရံပုံငွေရအောင် လုပ်ပေးခဲ့တဲ့အချက် (ဥပမာ-ကျောက်ဆည်ဘက်မှာ ကြံ့ဖွံပါတီပိုင်း ဘိလပ်မြေစက်ရုံတွေ တည်ပေးထား)

-စက်မှု(၁)က ခိုးဝှက်ရသမျှနဲ့ သန်းရွှေမိသားစုအတွက် ဖြည့်တင်းပေးသလို သူ့အတွက်လဲ ချမ်းသာအောင် ခိုးတဲ့အချက်

-ခေတ်ပညာတ် ဘွဲ့ရ စစ်ဗိုလ်လူထွက်ဖြစ်ပေမဲ့ ကောက်ကျစ်တဲ့ဥာဏ်အရာမှာ ထူးချွန်တဲ့အချက် (၂၀၁၀ ရွေးကောက်ပွဲ နိုင်အောင် ကလိမ်ကကျစ်နည်းတွေ သုံးပေးခဲ့၊ ဒီပယင်းအရေးအခင်းကို ကြိုးကိုင်ခဲ့ စသည်)

ဒီအချက်တွေက အဓိကျတာ တွေ့ရပါတယ်။ ဒါကြောင့်လဲ ကနေ့ထိ ကြံ့ဖွံပါတီအတွင်းရေးမှူးအဖွဲမှာ ပါဝင်နေသလို လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြောဆိုတဲ့ (ကလိမ်ကကျစ်လုပ်ရမဲ့) အလုပ်တွေကို ခေါင်းဆောင် ခိုင်းထားတာ ဖြစ်ပါတယ်။

References:

1. http://photayokeking.org/hot-news/897-aung-thaung-corruption
2. 2. ဒီပဲယင်း တရားခံ စက်မှု(၁) ဝန်ကြီးဦးအောင်သောင်းရဲ့ စံအိမ်တော်အကြောင်း (http://www.demowaiyan.co.cc/2010/07/generals-and-their-relatives-watchers.html
3. ပြည်ပအသံလွှင့်ဌာနဆောင်းပါးများ

swe swe kyi facebookမှ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.