Wednesday, March 14, 2012

6 အဖွဲ့ချုပ်ရုံးမှာ ရဲဝံ့စွာလာရောက်ပြီးရင်ဖွင့်တဲ့ စစ်သားလေး(ရုပ်/သံ)



စစ်သားရဲဘော်များအိမ်မှာ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံကပ်တာတွေ့ရင် လိုင်းထဲကနှင်ထုတ်မယ်တဲ့.. အဖြစ်မှန်ကို ရဲဝင့်စွာ ရင်ဖွင့်ပြတဲ့ ရဲဘော်စစ်သားလေးအား လေးစားပါတယ်..

တပ်မတော်သားတွေ ရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်ထံ စာရေးသားတင်ပြခဲ့တဲ့အတွက် ကိုသူရိန်ကို နိုင်ငံရေးလုပ်တယ်ဆိုပြီး စခန်းမှူး ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက အချုပ်ချခဲ့ပါတယ်။

ရေတပ်သား ကိုသူရိန်က အခုလိုပြောပြပါတယ်။

“ဒုတိယဗိုလ်မှူးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ်တဲ့။ မင်း ဘာလုပ်မလဲတဲ့။ မင်းက ရဲဘော်တဲ့။ ဒုတိယ ဗိုလ်မှူးကြီး ပြောတဲ့စကားနဲ့ မင်းပြောတဲ့စကား ဘယ်ဟာက အရာရောက်မယ်ထင်သလဲ။ မင်းလည်း ပြောချင်ရာပြော၊ ငါတို့လည်း ရေးချင်သလိုရေးပြီး အမိန့်ချချင်သလို ချမယ်တဲ့။ ငါတို့က ဒုတိယ ဗိုလ်မှူးကြီးတွေ၊ မင်းကို ထောင်အနှစ် ခုနစ်ဆယ်လောက် ချပစ်လို့ရတယ်တဲ့။ နိုင်ငံရေးလုပ်လို့တဲ့”

သူအချုပ်က လွတ်လာပြီးတော့ သင်္ဘောမှာပဲ ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာရတဲ့အတွက် သံလျင်ရေတပ်စခန်း ဆေးရုံမှာ ဆေးကုသခံခဲ့ပြီး လွန်ခဲ့တဲ့ရက်က ဆေးရုံကဆင်းလာခဲ့ကြောင်း ပြောဆိုပါတယ်။ အဲဒီနောက် ကိုသူရိန်ဟာ အန်အယ်လ်ဒီဌာနချုပ်ကို လာရောက်ပြီး မိမိတို့အကျပ်အတည်းတွေကို ပြောဆိုခဲ့သလို တပ်မတော် အရာရှိဟောင်းတစ်ဦးထံမှာလည်း အဖြစ်အပျက်တွေကို ဖွင့်ဟထွက်ဆိုခဲ့ပါတယ်။

သံလျင် သီလ၀ါ ရေတပ်စခန်း လူနေအိမ်ရာတွေအတွင်းမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ချိတ်ဆွဲခြင်းမပြုဖို့ စခန်းတာဝန်ရှိသူ ဒုဗိုလ်မှူးကြီး ဇော်ဝင်းထွန်းက တားမြစ်ခဲ့တယ်လို့ ရေတပ်သားသူရိန်ကပြောပါတယ်။

လောလောဆယ် ကိုသူရိန်ရဲ့နောက်ဆုံးအခြေအနေကို မသိရသေးပေမယ့် ဖမ်းဆီးအရေးယူခံမှာကို စိုးရိမ်ပူပန်နေကြောင်း သူ့မိတ်ဆွေတစ်ဦးက ပြောဆိုပါတယ်။ ကိုသူရိန်ရဲ့ ဖွင့်ဟထွက်ဆိုချက်တွေဟာ မနေ့ကစပြီး အင်တာနက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။ (RFA)


Video..Nay myo zin

6 comments:

  1. ဒီလို ပြည်သူ့တပ်မတော်သားလေးတွေကို ကျွန်တော်တို့အရမ်းကို လေးစားဂုဏ်ယူပါတယ်၊ အမှန်တရားကို ရင်ဖွင့်ရဲတဲ့သတ္တိနဲ့တင် တပ်မတော်သားဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်ပါတယ်
    အားလုံးဝိုင်းဝန်းကူညီပေးကြပါ၊ ကျွန်တော်လည်း ဘယ်လိုပံ့ပိုးထောက်ပံ့ပေးရမလဲ ကူညီချင်ပါတယ်၊ ကျွန်တော်နိုင်တဲ့ဖက်ကပေါ့ လေးစားဂုဏ်ယူလျက် မြင့်ခိုင်

    ReplyDelete
  2. မကျေနပ်မှုတွေများလာတော့ ပေါက်ကွဲလာတာဘဲ။
    ဒါပေမယ့် အခုလို အင်တာနက်ထဲလွှင့်ထုတ်ပြီးတဲ့နောက် သူ့ အတွက်တော့ အတော်လေး အန္တရယ်ရှိမယ်။
    သူသတင်းကိုမီဒီယာသမားတွေက လိုက်ပြီးစုံစမ်းပြီးဆက်ပြီး လွှင့်ထုတ်နိုင်ရင်ကောင်း မယ်။

    ReplyDelete
  3. ပွင့်အန်ထွက်လာသော ပေါက်ကွဲသံစဉ်များ..

    ReplyDelete
  4. ကောင်းပါတယ်။ စစ်သားလေးရဲ့ ရုပ်သံနဲ့လွှင့်ပေးတော့ ခဲတစ်လုံးနဲ့ငှက်၂ကောင်ရတာပေါ့။ ကောင်လေးလဲ အဖမ်းခံရဖို့ ပိုနီးပြီး အဖွဲ့ချုပ်လဲ နာမည်ကြီးသထက်ကြီးတာပေါ့။ ဒါ မလုပ်သင့်တဲ့ အလုပ်မျိုးဖြစ်တယ်။ အကျိုးထက် အပြစ်က ပိုကြီးတယ်။ ဒီစစ်သားလေးရဲ့ အမည်ကို အရင်းအတိုင်းမဖော်ပဲ သတင်းပဲရေးရင် လုံလောက်တဲ့သတင်းဖြစ်တယ်။ အံ့ပါရဲ့။

    ReplyDelete
  5. စစ်သားလေး...ကို သတင်းတင်မှမဟုတ်ဘူး..မတင်ခင်ထဲက..
    မတရားနှိပ်ကွပ်နေတာဗျ..ဒီလိုမတင်လို့..ဘယ်လိုတင်ရမလဲ..
    သက်သေခိုင်ခိုင်လုံလုံ..မပြနိုင်ရင်..NLD က တပ်မတော်ကိုသွေး
    ခွဲတယ်ဖြစ်ဦးမယ်..အဘရယ်..

    ReplyDelete
  6. ဒီနှစ်အတွက် အကောင်းဆုံး ဒိုင်ယာလော့ခ်=”ရေတပ် ဒု-ဗိုလ်မှုးကြီးဇော်ဝင်းထွန်းက စစ်သားကြီး မဟုတ်ဘူး။ဖွန်ကြောင်ကြီး။”

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.