Monday, March 12, 2012

1 အကူအညီပေးနိုင်သူများ ကူညီပေးပါရန် လေးစားစွာဖြင့်


သို့

နိုင်ငံတော်အတွင်းရှိ ကူညီမှုပေးနိုင်သော လူကြီးများထံပေးစာကျွန်တော်၏အမည်မှာ အောင်ကျော်သူဖြစ် ပြီး ကိုယ်ပိုင်အမှတ် 36303/တပ်ကြပ်အဆင့်ဖြင့်တပ်မတော်ရေတွင် တာဝန်ထမ်းဆောင် နေရင်းလူမှုဒုက္ခရောက်နေပါ သဖြင့်အကူအညီပေးနိုင်ပါရန် လေးစားစွာဖြင့်တင်ပြ အပ်ပါသည်။

ကျွန်တော်၏ဖြစ်စဉ်မှာ-ကျွန်တော်သည် 2002 ခုနှစ်တွင် 10တန်းအောင်မြင်ပြီး 5နှစ် သက်တမ်း အာမခံစာချုပ်ဖြင့်တာဝန်ထမ်းဆောင်ရန် တပ်မတော်ရေမှလာရောက်ခေါ်ဆောင်သဖြင့် စတင် အမှုထမ်း ဆောင်ခဲ့ပါသည်။တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း တာဝန်ကျရာရေပိုင်နက်ပင်လယ်
များတွင် သက်စွန့်ဆန်ဖျားဖြင့်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ နာဂစ်မှုန်တိုင်းတွင်လည်း ကလေးငယ်ဖြင့် အိမ်ပြိုသွားသောဇနီးသည်အား ပြန်လည်မကူညီနိုင်ပဲ တိမ်းမှောက်သွားသော ကျွန်တော်၏ စစ်ရေယာဉ်415အား ပြန်လည်ကောင်းမွန်အောင် တစ်လ နှင့် တစ်ရက်ကြာအောင်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ယခု ကျွန်တော်သည် မြိတ်မြို့နယ် အစွန်ဘက် ပင်လယ်ထဲရှိ ရေနံစင် အားလုံခြုံရေး တာဝန်အဖြစ် (9လ)မျှတာဝန်ထမ်းဆောင်နေစဉ်တပ်လိုင်းခန်းတွင်ကျန်ခဲ့သော ကျွန်တော်၏ဇနီးအား ရဲဘော်ဖြစ်သူမှ သစ္စာမဲ့စွာဖြင့် ခိုးယူပေါင်းသင်းရန် တစ်ဘက်နိုင်ငံသို့ ခေါ်ဆောင်သွားပါသည်။ ကျွန်တော့တွင် 2 နှစ် နှင့် 6နှစ် ကလေးငယ် နှစ်ဦးဖြင့်ကျန်ခဲ့ပြီး တပ်လိုင်းခန်းမှ (3)ရက်အတွင်း ဆင်းပေးရန်တပ်မှ နှင်ချခံခဲ့ပါသည်။

-သို့ဖြစ်ပါသဖြင့် ကျွန်တော်အလုပ်မှာ ပင်လယ်ထဲတွင် စစ်သဘောင်္အား စက်ပြင်တာ ၀န် ဖြစ်နေသည်က တစ်ကြောင်း သင်္ဘောတစ်စီးထဲတွင် အခြားသူများ၏ အထင်အမြင်သေးခြင်း ခံရခြင်းကြောင့်တစ်ကြောင်း အခက်အခဲများရှိပါသဖြင့် ရွာတွင်ကျန်ခဲ့သော76 နှစ်အရွယ် အမေအိုအား ပြုစုစောင့်ရှောက်ရင်း လယ်ယာလုပ်ငန်းအား ပြန်လည်လုပ်ကိုနိုင်ရန် တပ်မတော်မှ နှတ်ထွက်ခွင့်ပြုပေးဖို့ တင်ပြခဲ့ပါသည်။

၎င်းတင်ပြမှုအားလက်မခံပဲ စစ်ရေယာဉ် 558မှ ဗိုလ်မှုးသန်းဇော်ထိုက်သည် ကလေးငယ်နှစ်ဦးအား ဆွေမျိုးများထံအပ်နှံပြီး တပ်မတော်တွင်ပြန်လည်ထမ်းဆောင်ရန်တွန်းအားပေး လက်မှတ်ထိုးခိုင်းခဲ့ပါသည်။ ယင်းအခက်အခဲများကြောင့် ဆက်လက်တာဝန်ထမ်းဆောင်ရန် မဖြစ်နိုင်ကြောင်းတင်ပြသောအခါ ကျွန်တော့အား 12.2.2012 နေ/့မှ 16.2.2012 ထိ တပ်အချုပ်ထဲ တွင် ထည့်ထားခဲ့ပါသည်။ အပြင်တွင်ကျန်ခဲ့သော ခလေးများမှာ ကျမ်းမာရေးချို့တဲ့သဖြင့် ဒုက္ခရောက်နေသောကြောင့် တာဝန်ပြန်လည်ထမ်းဆောင်ပါမည်ဟု တောင်ပန်သောကြောင့် ပြန်လည်လွှတ်ပေးခဲ့ပါသည်။

ထို့ကြောင့်ယခုတွင် ကျွန်တော်သည် ကလေးငယ်နှစ်ဦးဖြင့် စေလွှတ်သောနေရာတွင် သွားရောက်တာဝန်ထမ်းဆောင်ရန် စောင့်ဆိုင်းရင်း ဒုက္ခဆင်းရဲရောက်နေပါသဖြင့်အကူအညီ ပေးနိုင်ကြ ပါရန် လေးစားစွာဖြင့်တင်ပြအပ်ပါသည်။

တပ်ကြပ်/41 အောင်ကျော်သူ

ူluminthaungtun

1 comment:

  1. တပ်မတော် အတွင် မျိုးချစ်များလည်းရှိနေမှာပါ ဒါပေမဲ့ မျိုးချစ်တပ်မတော်သားတွေလည်း ချီးတွင်ထဲပြုတ်ကျနေတာဆိုတော့ဘယ်တတ်နိုင်မလဲ။ ရှေ့ ခေတ်ကလို မျိုးချစ်တပ်မတော်မဟုတ်ဘဲ ငွေဝယ်ကျွှန်တွေဖြစ်နေတာ မသိဘူးနဲ့ တူရဲ့ ကိုယ်ကိုတိုင်ကျွန်ဖြစ်တာမက ဇနီးမယားလည် ပါတယ် အထက်အရာရှိအိမ်မှာ ထမင်းချက်အ၀တ်လျှော် တကယ်တော့ သူလည်းဝန်ထမ်းလခစား အတူတူ ဒီလိုမျိုးတွေ ဒီလိုမျိုးတွေဟာ ထိုက်တန်တဲ့ ၀န်ထမ်းတယောက် ရဲ့ ဘ၀အာမခံ မှုမရှိတာတွေ သူများနိုင်ငံတွေမှာဒီမိုကရေစီ ရှိတဲ့နိုင်ငံတွေမှာဆိုပါတော့ ၀န်ထမ်းတယောက်ဟာ သင့်တင့်တဲ့အမခံမှုရှိတယ် မြန်မာပြည်က၀န်ထမ်းတွေက တဆင့်ပြီတဆင့် ကြောက်နေ ရတယ် ဘယ်အခွင့်အရေးကိုမှ နည်းနည်းမှခံစားရေဘူးဝမ်းနည်မိတယ်

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.