Wednesday, December 23, 2009
0 ထိုင်း-မြန်မာနယ်စပ်ရှိအမှိုက်ပုံတွင် မိမိတို့၏၀မ်းရေးအတွက်ရှာဖွေနေရသောသနားဖွယ် မြန်မာကလေးငယ်များ
ဓာတ်ပုံများ အပေါ်ဘယ်ညာဒေါင့်တွင်PREV,NEXTအလိုအလျောက်မြင်ကွင်းရှင်းလင်းစွာဖြင့်ပေါ်လာမည်ဖြစ်ပြီး ဆက်လက်နှိပ်၍ ကြည့်ရူပါရန်...
Illegal immigrants from Myanmar pass their time at a rubbish dump site near Mae Sot December 22, 2009. Despite terrible living conditions and the fear of being sent back to their country, several hundred illegal immigrants from Myanmar live and earn an average of $1 per day collecting plastic at the rubbish dump near the border town of Mae Sot. Myanmar's long-standing political crisis has forced millions of people to cross the border for a better and safer life. The first refugees arrived and set up camps in the Myanmar-Thailand border in 1984. Now, there are over 140,000 refugees in nine official camps along Thailand's western border. Many more are expected to be in unofficial settlements.
Tuesday, December 22, 2009
0 ၇၁-နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖမ်းဆီးထိန်းသိမ်းထားခြင်း၂၈-လမြောက်လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ
ဓာတ်ပုံပေးပို့လာသော ကိုမင်းညိုဝမ်း (Moethaukkye)အားကျေးဇူးတင်ရှိပါသည်။
ဒီဇင်ဘာလ၂၁ရက်နေ့မွန်းလွဲ၃နာရီမှ၎နာရီအချိန်ဂျပန်နိုင်ငံတိုကျိုမြို့ရှီနာဂါဝါမြို့နယ် နအဖအခွန်ရုံးရှေ့တွင်၇၁နှစ်မြောက်ဗိုလ်အောင်ကျော်နေ့အထိမ်းအမှတ်နှင့်၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖမ်းဆီးထိမ်းသိမ်းထားခြင်း၂၈လမြောက် လွတ်မြောက်ရေးတောင်းဆိုဆန္ဒပြပွဲ ကို ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအင်အားစုများပူးပေါင်းကျင်းပခဲ့ကြောင်းသိရှိရပါသည်။ အခမ်းအနားမှူးအဖြစ်ကိုမြတ်သူ(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)မှဆောင်ရွက်ခဲ့ပါသည်။
ကိုထွန်းငြိမ်း -အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ``မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်စဉ်အခါက ရေနံမြေအလုပ်သမားသပိတ်မှ စတင်ကာ မကွေးမြို့မှရန်ကုန်မြို့အထိ ကျောင်းသားများပါဝင်ဆန္ဒပြခဲ့ ရာမှ တက္ကသိုလ်ကျောင်းသား ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပုံ ကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ကိုသက်လင်း(အဟာရစာစောင်) ၊ ကိုရဲငြိမ်း (အလင်းအိမ်မဂ္ဂဇင်း) ၊ကိုဖုန်းမြင့်ထွန်း (မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်သားများသမဂ္ဂ)တို့ ကလည်း ဗိုလ်အောင်ကျော်နှင့် ကျောင်းသားသပိတ် အကြောင်းရေးသားထားသောကဗျာ ဖတ်ကြားခြင်း အပြင် မြန်မာပြည်တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ်နှင့် အာဇာနည် ဗိုလ်အောင်ကျော် ၏ အကြောင်းအရာအကျဉ်းချုပ်တို့ကို ရှင်းပြပေးခဲ့ကြပါသည်။၎နာရီ ကျော် တွင် ဒီမိုကရေစီအရေး တောင်းဆိုချက်များကို သံပြိုင်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ ပါသည်။အခမ်းအနားတက်ရောက်သူအင်အား ၉၀ခန့်ရှိကြောင်းသိရှိရပါသည်။
0 နအဖကိုယ်တိုင်က ဘာသာတရားကို စော်ကားနေတော့ ။
ယခုပုံဟာ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က မဟာဗန္ဓုလ လမ်းပေါ်ရှိ ကုန်ဈေးတန်းနားမှာ နိုင်ငံခြားသူ တစ်ယောက်က ဒီလိုဆေးမင်ကြောင်ပုံ ထိုးပြီး၊ ခေတ်ပေါ်ကြိုးတစ်ချောင်း အကျီင်္ င်္နဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ လျှောက်သွားနေတာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံကို စော်ကားရာကြနေပါတယ်။
“ဒါဟာ ဒီအစိုးရကြောင့်ပဲ ။ ဘာသာ သာသနာကို သူကိုယ်တိုင်စော်ကားထားတော့ ။ ဘာသာခြားက ဒီလိုပုံစံ ဒီတိုင်းပြည်မှာ လာပြီးလုပ်ရဲတာပေါ့ . တခြားဘာသာတွေမှာ ( အစ်စလာမ် ) ဆိုရင် ဒီလိုသာစော်ကားတာမျိုးဆို ။ သတ်တောင်ပစ်အုံးမယ်။”ဟု ဓါတ်ပုံပေးပို့လာသူ ရန်ကုန်မြိုခံ တစ်ဦးက ပြောပါသည်။
ဓါတ်ပုံထဲက နိုင်ငံခြားသူသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လို့ သူ့စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သို့ပေမယ့် အတုမရှိ ဗုဒ္ဓမြတ်စွာဘုရားသည် ၄င်း နိုင်ငံခြားသူနှင့် မည်သို့မှ အမြင်မတော်ပါ။ ထို့ကြောင့် ထိုကဲ့သို့ အမြင်မတော်သည်များကို မြင်တွေ့ပါက မိမိတို့တက်နိုင်သည့်ဘက်မှ သာသနာအတွက် ဝိုင်းဝန်းတားဆီးပေးကြပါရန် မေတ္တာရပ်ခံရင်း တင်ပြလိုက်ပါသည်။
(မေးလ်ဖြင့် ပေးပို့ လာသော ဖြိုးဝေ http://www.phyowai-myanmar.co.cc အား ကျေးဇူးတင်ရှိပါသည်)။
Sunday, December 20, 2009
0 လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းတင်ဆက်ပေးထားတဲ့ ဗီဒီယို
(လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ဖြူဖြူကျော်သိန်းတင်ဆက်ပေးထားတဲ့ ဗီဒီယိုကို ကြည့်နိုင်ပါတယ်။)
နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ ပေါ့အဆိုတော် ဖြူဖြူကျော်သိန်းကို MTV မှ ပြုလုပ်နေသော EXIT ကင်ပိန်း၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် ရွေးချယ် တာဝန်ပေးကြောင်း ကင်ပိန်း လှုပ်ရှားမှု တာဝန်ရှိသူတဦးက ပြောသည်။
MTV EXIT လှုပ်ရှားမှုမှ အမှုဆောင်ဒါရိုက်တာ ဆိုင်မွန်ဂေါ့ဖ် (Simon Goff) က သူတို့ ဤလှုပ်ရှားမှုကို လုပ်ဆောင်ခြင်းမှာ မြန်မာပြည်တွင်းရှိ လူကုန်ကူးမှု ပြဿနာကို လူအများ သတိထားမိရန် ဖြစ်သည်ဟု ပြောဆိုပြီး ရန်ကုန်မြို့တွင် သောကြာနေ့က မှတ်တမ်းတင် ရုပ်ရှင်ကားတကားကို ဖြူဖြူကျော်သိန်းက ဖွင့်လှစ်ပေးကာ လှုပ်ရှားမှုကို စတင်လိုက်ပြီဟု ဆိုသည်။
''ဖြူဖြူဟာ မြန်မာနိုင်ငံမှာ ထင်ရှား ကျော်ကြားသူတဦး ဖြစ်ပါတယ်။ ဒီမှတ်တမ်းတင်ကားကို မြန်မာဘာသာနဲ့ ရှင်းလင်း တင်ဆက်သူလည်း ဖြစ်ပါတယ်။ သူဟာ ဒီလှုပ်ရှားမှုရဲ့ သံအမတ်တဦး ဖြစ်လာပါပြီ'' ဟု ဂေါ့ဖ်က မဇ္ဈိမကို ပြောသည်။
MusicTV ၏ လူကုန်ကူးမှုနှင့် အမြတ်ထုတ်မှု အဆုံးသတ်ရေး `End Exploitation and Trafficking (EXIT) လှုပ်ရှားမှုကို သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဆီဒိုးနား ဟိုတယ်၌ မှတ်တမ်းတင်ကား တကားကို ပြသကာ စတင် ဖွင့်လှစ်လိုက်သည်။
''ဒီမှတ်တမ်းတင် ရုပ်ရှင်ကားဟာ လူထုကြားမှာ လူကုန်ကူးမှုနဲ့ ပတ်သက်လို့ နိုးနိုးကြားကြား ရှိလာစေမှာ ဖြစ်ပြီး သူတို့ကိုယ် သူတို့လည်း ဒီလူကုန်ကူးသူတွေရဲ့ ရန်က ကာကွယ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်'' ဟု သူက ဆက်လက် ပြောဆိုသည်။
ဤမှတ်တမ်းတင် ရုပ်ရှင်ကားကို Music TV EXIT က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) နှင့် ပူးတွဲ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် လူကုန်ကူးခံရသူများအကြောင်း မှတ်တမ်းတင် ရိုက်ကူးထားခြင်း ဖြစ်သည်ဟု ဂေါ့ဖ်က ပြောသည်။
လူကုန်ကူးမှု ရာဇဝတ်မှုအကြောင်း လူအများ သိရှိစေရေး လှုပ်ရှားမှုကြီးတွင် မြန်မာ ပေါ့အဆိုတော်သည် အခြား နိုင်ငံတကာနှင့် အာရှတိုက်မှ ထင်ရှား ကျော်ကြားသူများ ဖြစ်ကြသော ဟောလိဝုဒ်မှ လူစီလျူး (Lucy Liu)၊ ကိုရီးယား အဆိုတော် Rain၊ ထိုင်းပေါ့အဆိုတော် Tata Young၊ တရုတ် အဆိုတော်နှင့် ရုပ်ရှင်မင်းသမီး Karen Mok၊ ဘောလိဝုဒ် ရုပ်ရှင်မင်းသမီး Lara Dutta တို့နှင့်အတူ လက်တွဲ ပါဝင်သွားမည်။
ဤမှတ်တမ်းတင် ရုပ်ရှင်ကားသည် ယခု လှုပ်ရှားမှုတွင် ပထမဆုံးဖြစ်ပြီး စစ်အစိုးရ အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင်ပါ ပြသသွားမည်။ အစိုးရ ရုပ်မြင်သံကြား ဌာနများဖြစ်ကြသော MRTV, MWD, MRTV4 တို့ကလည်း ယခုမှတ်တမ်းတင် ရုပ်ရှင်ကားကို လွှင့်ထုတ်ပြသပေးရန် သဘောတူထားကြပြီး ဖြစ်သည်ဟု ဂေါ့ဖ်က ပြောသည်။
''အသေအချာတော့ မသိသေးပါဘူး။ ဒါပေမဲ့ ဒီကားက လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ထုတ်လွှင့် ပြသသွားမှာပါ'' ဟု ဂေါ့ဖ်က ပြောသည်။
မြန်မာလူမျိုး အမြောက်အမြား နိုင်ငံရပ်ခြားသို့ ပြောင်းရွှေ့သွားရောက် အလုပ်လုပ်ကိုင်နေကြရာ လူကုန်ကူးမှုအကြောင်း သိရှိနားလည်ထားရန် အရေးကြီးသည်။ သို့မှသာ အန္တရာယ်ကင်းကင်း သွားရောက်၍ အလုပ် လုပ်ကိုင်နိုင်ကြမည်ဟု သူက ဆိုသည်။
''ဒီလှုပ်ရှားမှု လုပ်တဲ့ နိုင်ငံတိုင်းမှာ အဖြစ်အပျက်တွေက အတူတူပါပဲ။ ဒါကြောင့် ဒီအကြောင်းကို လူ့အဖွဲ့အစည်း အားလုံးမှာ ကောင်းကောင်း သိရှိ နားလည်ထားဖို့ လိုပါတယ်'' ဟု ဂေါ့ဖ်က ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဌာန၏ ''၂၀၀၉ ခုနှစ် လူကုန်ကူးမှု - မြန်မာနိုင်ငံ'' ဆိုသည့် အစီရင်ခံစာတွင် စစ်တပ် အုပ်ချုပ်နေသည့် ဤအရှေ့တောင်အာရှ နိုင်ငံကို ''အဆင့် ၃'' အဖြစ် သတ်မှတ်ထားသည်။ အဓိပ္ပာယ်မှာ လူကုန်ကူးမှု ပပျောက်ရေးအတွက် လိုအပ်သော အနိမ့်ဆုံးအဆင့် သိသာထင်ရှားသော ကြိုးပမ်း ဆောင်ရွက်မှုများကိုပင် မြန်မာအစိုးရ ပြုလုပ်ခဲ့ခြင်း မရှိဟု ဆိုလိုသည်။
''မည်သို့ပင်ဆိုစေ တခုလုံး ခြုံကြည့်လျှင် အရေးပါသော ပြဿနာကြီးများ ဆက်လက် တည်ရှိနေဆဲပင် ရှိသည်။ ယင်းတို့မှာ အဓမ္မ လုပ်အားပေးကဲ့သို့သော ပြဿနာကြီးများ ဖြစ်သည်။ လူကုန်ကူးမှု ပပျောက်ရေးအတွက် အနိမ့်ဆုံးအဆင့် လိုအပ်ချက်များကိုပင် လိုက်နာ လုပ်ဆောင်ရန် သိသာထင်ရှားသော ကြိုးပမ်း ဆောင်ရွက်မှုများကို မြန်မာအစိုးရက ကြိုးပမ်း ဆောင်ရွက်ခြင်း မရှိခဲ့သည့်အတွက် အဆင့် ၃ အဖြစ် သတ်မှတ်ရခြင်း ဖြစ်သည်'' ဟု အစီရင်ခံစာတွင် ရေးသား ဖော်ပြထားသည်။
မြန်မာနိုင်ငံရှိ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများနှင့် ဥပဒေမဲ့ ကလေးစစ်သား အတင်းအကျပ် စုဆောင်း သိမ်းသွင်းခြင်း လုပ်ငန်းများတွင် စစ်ဘက်နယ်ဘက် အရာရှိများ ကိုယ်တိုင် တိုက်ရိုက် ပါဝင် ပတ်သက်နေကြပြီး ကလေးစစ်သားအဖြစ် စုဆောင်းခံရကြောင်း တိုင်ကြားမှုများမှာလည်း နှစ်စဉ်လိုပင် တိုးတက်လျက် ရှိသည်ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။
ထို့ပြင် စစ်အစိုးရသည် တိုင်းပြည်တွင်းရှိ စီးပွားရေးအရ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ရန် လူကုန်ကူးမှုများနှင့် လုပ်အားအမြတ်ထုတ်ရန် လူကုန်ကူးခြင်းများကို ထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်ခြင်း မရှိသေးဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။
ဤလှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်နှောင်းပိုင်းက စတင်ခဲ့သည်။ မှတ်တင်းတင် ရုပ်ရှင်ကားများ ဖြစ်ကြသော (လူကုန်ကူးခြင်း - အမ်တီဗီ အထူးအစီအစဉ်) နှင့် (ရောင်းစားခြင်း - အမ်တီဗီ အထူးအစီအစဉ်) များကို အာရှနိုင်ငံ အများအပြားနှင့် အိန္ဒိယတိုက်ငယ်တို့တွင် ထုတ်လွှင့်ပြသခဲ့သည်။
၂၀၀၈ ခုနှစ် တလျှောက်လုံးတွင် တိုင်းပြည် တခုချင်းအလိုက် ထုတ်လွှင့်ပြသမှုများကို ဆက်လက် ပြုလုပ်ခဲ့သည်။ လူထုနှင့် ပထမဆုံး တိုက်ရိုက် ထိတွေ့သည့် ပွဲလမ်းအဖြစ် လာအိုတွင် စစ်အစိုးရက ထောက်ခံအားပေးသည့် ဂီတပွဲတပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းပြည်တဝှန်း ပညာပေးအစီအစဉ်အဖြစ် ကမ္ဘောဒီးယားတွင် ဤလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကာ အန်ကောဝပ်၌ ကျင်းပသော ပထမဆုံး ဂီတပွဲတပွဲကိုလည်း ကျင်းပခဲ့သည်။
၂၀၀၈ ခုနှစ် နှောင်းပိုင်းကလည်း လူကုန်ကူးမှု အန္တရာယ်ကို လူအများသိရှိစေရန် ပညာပေးသည့် အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဂီတပွဲတပွဲကို MTV EXIT က စီစဉ်ကျင်းပခဲ့ရာ ထိုင်းနိုင်ငံမှ ထင်ရှား ကျော်ကြားသူများနှင့် မြန်မာ ပေါ့အဆိုတော် ဖြူဖြူကျော်သိန်းတို့လည်း The Click Five အဖွဲ့နှင့်အတူ ပါဝင် ဆင်နွှဲခဲ့သည်။
အမ်တီဗီသည် ဂီတဖျော်ဖြေပွဲ အပါအဝင် အခြား လှုပ်ရှားမှုများကို ပြုလုပ်လိုသည်ဟု ဂေါ့ဖ်က ပြောသည်။ ''မြန်မာနိုင်ငံမှာ နောင်ဆိုရင် ဒီ့ထက် အများကြီး ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဂီတ ဖျော်ဖြေပွဲတပွဲလည်း လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒါမျိုးတွေ ဘာမှ လုပ်လို့မရသေးပါဘူး'' ဟု သူက ပြောသည်။
0 (၁၀) ကြိမ်မြောက် နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားနေ့ အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်
Saturday, December 19, 2009
0 နိင်ငံတော်ခေါင်းဆောင်သော သားသမီးများကိုနိုင်းယှဉ်ကြည့်ခြင်း
သားသမီးမကောင်း ၊ မိဘခေါင်း ဆိုသကဲ့သို့ ယခုမြန်မာနိုင်ငံမှာ အပုပ်နဲ့ တွေနဲ့နာမည်ကြီးနေတဲ့ လူငယ်များကိုကြည့်မယ်ဆိုရင် ဗိုလ်မှုး၊ ဗိုလ်ချူပ်တွေရဲ့ သား၊ သမီးများဖြစ်နေတာ ကိုတွေ့ရပါလိမ့်မယ်…သူတို့တွေဟာ လူငယ်တွေမို့လို့ဆိုးတယ်လို့ပြော တာထက် မိုက်ရိုင်းတယ်လို့ပြောတာပိုမှန်ပါလိမ့်မယ်…ရှေးလူကြီးတွေရဲ့ဆိုရိုးစကားသာမှန်တယ်လို့ပြောရင် သေချာပေါက် မိဘ ဖြစ်တဲ့ ဗိုလ်မှုး၊ ဗိုလ်ချူပ် တွေမကောင်းတာပါလို့ပြော ရပါလိမ့်မယ်…ဘာကြောင့်လဲဆိုတော့ နှုတ်ကြမ်းရင် အမိယုတ်လို့ ၊ ကိုယ်ကြမ်းရင် အဖ ယုတ်တယ် လို့ဆိုရိုးစကားရှိပါတယ်…အခု ဆိုးသွမ်းပြီးမိုက်ရိုင်းတဲ့ လူငယ်တွေဟာဖြင့် နှုတ်ရော ကိုယ်ရော ကြမ်းတာကြောင့် အမိကော ၊ အဖ ကော ကမျိုးမစစ်ဘူးဆိုတာ အတိုင်းသာပေါ်လွင်နေပါတယ်…ဒီလို လူငယ်တွေရဲ့ဘ၀ က အမှန်တကယ်တော့ အလွန်ကိုသနားစရာကောင်းပါတယ်…မိဘ ရယ် စည်းစိမ်ရယ် အာဏာရယ်က ၀ိုင်းပြီး ထိုးနှက်လိုက်ချိန်မှာတော့ သူတို့တွေဟာ လူဆိုးဘ၀ နဲ့ ပြည်သူတွေနှာခေါင်းရှုံ့ရတဲ့ဘ၀ မျိုးရောက်သွားရတာပါ…
နအဖ ဗိုလ်ချူပ်သား၊ သမီးတွေနဲ့အပြိုင် ဆိုးသွမ်းနေသူများကတော့ ပိုက်ဆံရှိသားသမီးများပင်ဖြစ်ပါတယ်…အဲဒီထဲမှာ ၀န်ကြီးသားတွေ၊ အဆိုတော်တွေ ၊ဖောလံဖားနေတဲ့ လူကြီးသားသမီးများလည်းပါပါတယ်…သူတို့တွေဟာ နိုင်ငံထဲမှာ ဆိုးသွမ်းလို့ မ၀ဘဲ နိင်ငံခြားကို ပါလှည့်ပြီး မကောင်းတဲ့ အကျင့်စရိုက်တွေကို မြန်မာလူမျိုးသိက္ခာကျလောက်အောင် လုပ်ပြပါတော့တယ်…ဗိုလ်ချူပ်သားတွေ သမီးတွေမိုက်ရိုင်းတာ ကတော့ သိနေလို့ အဖတ်လုပ်ပြီး ပြောမနေချင်ပေမယ့် တချို့ လူငယ်တွေအတုခိုးနေတဲ့ ရုပ်ရှင် အနုပညာရှင်တွေ နိုင်ငံခြားရောက်ရင် အားလုံးပဲချွတ်လိုက်ပါတော့ လို့မပြောရုံတမယ် လုပ်နေတာကတော့ မြန်မာနိုင်ငံကို ဖာနိုင်ငံဖြစ်နေပြီလို့ ကမ္ဘာကို ကြေငြာနေသလိုပါပဲ..အရမ်းကို ရုပ်ဆိုးလွန်းပါတယ်…ကိုယ့်နိုင်ငံထဲမှာတော့ ယာဉ်ကျေးတဲ့ အသိုင်းအ၀ိုင်း
ဖြစ်နေလို့ မလုပ်ရဲပေမယ့် ပြင်ပ နိုင်ငံလည်းရောက်သွားရော သွေးက စကားပြောတော့တာပဲလေ…….ပြည့်တန်စာ မတစ်ယောက်လို ဆိုပြမှ၊ ဖာသည်တစ်ယောက်လို တင်လှုပ်ပြမှ အထင်ကြီးမှာလားဗျာ……..
ဒါဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပိုက်ဆံလည်းရှိ၊ အာဏာလည်းရှိုပြီး မပျက်ဆီးတဲ့ သူတွေမရှိတော့ဘူးလားလို့မေးစရာရှိပါတယ်…..ရှိပါ့ဗျား……
တကယ့်ကို စစ်တပ် အသိုင်းအ၀ိုင်း ဗိုလ်ချူပ် ရဲ့ သမီး…..တကမ္ဘာလုံး ကလူတွေ တအားလိုချင်တဲ့၊ အမေရိကန်သမ္မတတောင် ဒီဆုကိုရဖို့အရမ်းကိုကြိုးစားခဲ့ရတဲ့ နိုဘယ်လ်ဆုကိုရရှိထားသူ……ဘ၀ရဲ့ ဆယ်စုနှစ်တစ်ခုကို ပြည်ပ နိုင်ငံမှာဖြတ်သန်းခဲ့ရပေမယ့် ချိတ်ထမိန် နဲ့ ချိတ်အင်္ကျီကိုသာဝတ်ဆင်သူ၊ သူ့ရဲ့ အစွမ်းအစတွေ အားမန်တွေကို ရိုက်ချိုးပြီး ထိန်းသိမ်းခံထားရပေမယ့် ရန်သူကို အပြူံးနဲ့ ပဲရင်ဆိုင်ခဲ့သူ၊ မြန်မာအမျိုးသမီးတစ်ယောက်ဟာ ယောက်င်္ကျားတွေနဲ့ ရင်ဘောင်တန်းပြီး ပြည်သူတွေရဲ့အခွင့်အရေးကို ဘ၀အဆုံးခံပြီး
ယူပေးနေသူ…………….အမေစု (ခေါ်) ဒေါ်အောင်ဆန်းစုကြည် ပါပဲခင်ဗျာ….......ကျွန်တော် ချီးမွမ်းတာ လွန်နေရင်ပြောပါဗျာ…….အခု ဗိုလ်ချူပ်ကြီးရဲ့ သမီး စိန်စီပြီး ဒေါ်လာတွေခဲဖိုးပေးနေချိန်မှာ သူဟာ ပြည်သူတွေရဲ့ အကျိးစီးပွားအတွက် ၇တတ်မအေးဖြစ်နေတာပါ……..စင်ပေါ်တတ်ပြီး ကိုယ့်အနုပညာကို ဖင်ပေါ်၊ ခေါင်းပေါ် နဲ့ဖြစ်နေတဲ့အချိန်မှာ သူဟာ နိုင်ငံရေးစင်မြင့်ပေါ်မှာ မြန်မာလူမျိုးပီသစွာ အနောက်တိုင်းဝတ်စုံတောင်မ၀တ်ဘဲ ရိုးရာ အကျီင်္နဲ့ နိုင်ငံကိုကိုယ်စားပြုခဲ့တာပါ........
ကျွန်တော်တို့နိုင်ငံဟာ သူများတွေထက် အတော်ကြီးကိုနောက်ကျနေခဲ့ပါပြီကိုယ်ကျင့်သီလ နဲ့ ယာဉ်ကျေးမှုပါ ပျောက်ရင်တော့ မြန်မာလူမျိုးဆိုတာ မရှိတော့ပါဘူး…ရေဆာနေတဲ့ လူကို ရေတိုက်မှ အငတ်ပြေမှာပါ…ရေမတိုက်ဘဲနဲ့ ထမင်းကျွေးရင် စားပိုးနင့်ပြီးသေသွားမှာပါ…အနောက်နိုင်ငံတွေ မှာ အတုယူစရာတွေဒီလောက်အများကြီးရှိရက်နဲ့ မကောင်းတဲ့ အပြုအမှုကိုမှ ရွေးယူတာကိုး…….သူတို့ရဲ့ တစ်ဦးအပေါ်တစ်ဦးလေးစားပုံတွေ..လူတစ်ယောက်ရဲ့အခွင့်အရေးတွေကို အသုံးချပုံတွေ..အစားအသောက် အနေအထိုင်ဆင်ခြင်ပုံတွေ..Gentleman တစ်ယောက်ရဲ့ ထိန်းသိမ်းအပ်တဲ့ အချက်တွေ…
အများကြီးရှိနေပါတယ်……
အတွေးအခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်ကတော့ ကိုယ်ကျင့်တရားဆိုတာ အိနြေ္ဒနှင့်အရှက်ကိုလုံခြုံစွာစောင့်ထိန်းခြင်းလို့ဆိုထားပါတယ်… မြန်မာ လူမျိုးတွေမှာအိနြေ္ဒ တွေ အရှက်တွေ ရှိပါသေးရဲ့လားဗျာ…..ရှိတဲ့လူတွေကျတော့ ထောင်ထဲမှာဘဲ သက်တမ်းစေ့ သွားအောင်ချ၊ မနေနိုင်အောင် အမျိုးမျိုးလုပ်၊ နအဖရဲ့ လက်ပါးစေတွေကသားကောင်း၊ သမီးကောင်းတွေကိုဖျက်ဆီး၊ နအဖက လည်းသူ့ ထိုင်ခုံကိုမြဲဖို့အတွက်အပြစ်မဲ့တဲ့ပြည်သူတွေကို မကောင်းတဲ့အရာမျိုးစုံနဲ့ ဖျက်ဆီး၊ ဒီလို မကောင်းတဲ့အရာတွေ
လွယ်လွယ်ကူကူလုပ်နိုင်ဖို့အတွက် မူးတဲ့အရာတွေကို ဖော်ဖော်သီသီရအောင် လုပ်၊ အဲလိုနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကို ဖျက်ဆီးနေပါတယ်….အဲလို ဖျက်ဆီးနေတာကို တော်လှန်တဲ့ သူရဲကောင်းများကိုတော့ ဂျပန်
နှိပ်စက်တာ အများကြီးသက်သာတယ်လို့ပြောလို့ရတယ်…စာသင်နေတဲ့ ကျောင်းသားလေးတွေ၊ သမာဓိရှိတဲ့ ဘုန်းဘုန်းတွေဟာ သူတို့ရဲ့ စစ်ဖိနပ်အောက်မှာ သွေးထွက်ခဲ့ရပါတယ်…ပြည်သူကိုယ်ကျင့်တရားမရှိလို့ ဆိုးသွမ်းတဲ့ အစိုးရတတ်တယ်လို့
ဆိုလို့ရှိရင် ဒီလိုဆိုးသွမ်းတဲ့ အစိုးရရှိလို့လည်း ပြည်သူတွေ ကိုယ်ကျင့်တရားပျက်ရတာပါ..
ဒါကြောင့် မြန်မာပြည်သူတွေဟာ ဘယ်ဘာသာဝင်မဆို ဘာသာတရားကိုအလွန်ပဲ ယုံကြည်လေးစားလိုက်နာကျပါတယ်..အဲဒါကြောင့် ဘာသာတိုင်းမှာ ပြဠာန်းထား တဲ့ ကိုယ်ကျင့်တရား သီလကို လက်နက်သဖွယ်အသုံးပြု၍ ဘာသာမဲ့ နအဖ အစိုးရကို တိုက်ထုတ်ကြပါစို့လို့ ဒီဆောင်းပါးလေးနဲ့တိုက်တွန်းလိုက်ပါတယ်…
ပေးပို့သူ ကိုသီလ အားကျေးဇူးတင်ရှိပါသည်။
