Thursday, April 15, 2010

0 ပိတောက်မြေမှ ခမောက်ဝေတဲ့လှုပ်ရှားမှု.....

Photobucket
သင်္ကြန်အကျနေ့က ရန်ကုန်က မဏ္ဍပ်တွေမှာ ပြည်တွင်းကတော်လှန်ရေးရဲဘော်များ လိုက်လံကပ်ဆင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာပါ..

ယနေ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့
ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ဆက်သွယ် ပြောကြားလာပါတယ်။

ဒီနေ့ဦးဇင်းတို့.. သင်္ကြန်အကျနေ့မှာ မနက်၁၀နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုနဲ့ စီဒီအခွေဝေတာတွေကို ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ် ၁၅ခုလောက်မှာ တချိန်တည်း တပြိုင်တည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေကတော့ ....

ရန်ကုန်တိုင်းမှာ. ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်..
မန္တလေးတိုင်းမှာ.. မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်...
မကွေးတိုင်းမှာ... မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်....
ကရင်ပြည်နယ်မှာ... ဖားအံ၊ ကော့ကရိတ်....
ကချင်ပြည်နယ်မှာ... မြစ်ကြီးနား၊ ဗန်းမော်....
ဧရာဝတီတိုင်းကတော့ ... ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။... အင်မတန်မှ အောင်မြင်ပြီး အားတက်စရာပါပဲ... အခုနယ်မြို့တွေနဲ့ စကားပြောပြီးပါပြီ... အားလုံးချောချောမွေ့မွေ့ပါပဲ... အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာပါ.... ထူးခြားတာတွေကတော့ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ယူကြတာပါပဲ.... ကြည့်မြင်တိုင်မှာ ဝေတုန်းကတချို့နိုင်ငံရေးအမြင်နဲ့ မယူရဲတဲ့သူတွေ ရှိပေမယ့် အနားမှာရှိနေတဲ့ ဒကာ၊ဒကာမလေးတွေက လှိုက်လှိုက်လှဲလှဲ လာတောင်းယူကြတော့ ဘေးကသူတွေပါ တောင်းယူကြတယ်။ အားလုံးနိုင်ငံရေး စိတ်ဓာတ်နိုးကြားကုန်တယ်လေ..

မြို့ထဲမှာဝေတုန်းက ခမောက်ဝေနေတဲ့ အချိန်မှာ ရဲကားတစ်စီး ရောက်လာပြီးရပ်ကြည့်သေးတယ်.. နောက်ပြန်သွားတယ်..။ ဦးဇင်းတို့က သူတို့တွေကြားအောင် ဝေတဲ့အချိန်မှာ ပြညသူတွေ အရိပ်ရအောင် ဝေနေတာပါဆိုပြီး ခမောက်ကို ပေါ်ပေါ်တင်တင် ပြောပြီးဝေတယ်လေ..။ ခမောက်နဲ့အတူ စီဒီအခွေလည်း ဖြန့်ပါတယ်။ စီဒီက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ ကဒကာတွေ လုပ်တာပါ.. ဘယ်ဟာမှန်တယ်... မှားတယ်ဆိုတာ သိရအောင်ရယ် နောက်အားလုံးလက်ခံနိုင်တဲ့ အချက်အလက်တွေ စီဒီထဲမှာ အကုန်ပါတယ်လေ။ နောက်မကွေးတိုင်း နတ်မောက်မှာ ခမောက်ဝေတာ ဗိုလ်ချုပ်အောင်ဆန်းအိမ်နားမှာပါ.. အခုပြတိုက်လုပ်ထားတဲ့ နေရာမှာပါ. အာဏာပိုင်တွေ တအံ့တသြနဲ့ လာကြည့်ပြီး နောက်ဓာတ်ပုံရိုက်သွားတယ်လို့ သိရတယ်။ တခြားဘာမှတော့ နှောင့်ယှက်တယ်လို့ မကြားရပါဘူး....

ပိုစတာတွေကတော့ ၁။...၂၀၁၀ရွေးကောက်ပွဲအလိုမရှိ.... ၂။...လူထုတိုက်ပွဲဖော်ဆောင်ကြ ၃။...ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး ၄။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ.. အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်... ။ ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း တစ်ချိန်တည်း တပြိုင်တည်းလုပ်တာပါ... နယ်သတင်းတွေ စောင့်နေရလို့ နောက်ကျသွးတာပါ.. ဦးဇင်းတို့ ခမောက်လှုတာ တစ်ကြိမ်တစ်ခါမှ မလုပ်ဘူးပါဘူး အခုမှ စလုပ်တာပါ... ဦးဇင်းတို့လုပ်နေတာ ခုနှစ်ရက်သားသမီးတွေ အတွက်လုပ်နေတာပါ။ အဓိကကခမောက်ကို လှုဒါန်းရတာကတော့ ပြည်သူတွေ အားလံုးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်...။ ဦးဇင်းတို့ နအဖကိုဆက်ပြီး တောင်းဆိုတိုက်ပွဲဝင်နေမှာပါ။ ၂၀၀၈ခုနှစ်နောက်ပိုင်းကစပြီး ဆန်ကျင်လာတာပါ.. ၂၀၀၈အခြေခံဥပါဒေကို မပြင်သရွေ့ စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှပြောကြားသွားပါတယ်။

ဒီနေ့နေ့လည် ရန်ကုန်မှာ လှုပ်ရှားမှုလုပ်ပြီးချိန်မှာပဲ ဆက်သွယ်လာတာပါ.... နယ်မြို့အခြေအနေတွေ စောင့်နေရတဲ့အတွက် သတင်းနောက်ကျနေခြင်းဖြစ်ပါတယ်...။ ရန်ကုန်မှာဝေတဲ့ ပိုစတာပုံကိုတော့ ဖော်ပြလိုက်ပါတယ်။ အခြားလက်ခံရရှိထားတဲ ဓာတ်ပုံများကိုတော့ ခွင့်ပြုချက်ရယူပြီးဖော်ပြပါမည်

သတင်း... ဒီမိုဝေယံ

Wednesday, April 14, 2010

0 သင်္ကြန်အကြိုနေ့က မြင်ကွင်းဓာတ်ပုံများ(၁၃ရက်နေ့)

0 အမျိုးသားဒီမိုကရေစီဌာနချုပ်တွင်ကျင်းပသော မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန် (ဓါတ်ပုံမှတ်တမ်း)။






ပေးပို့သူ . . မမြတ်လေးငုံ

Tuesday, April 13, 2010

0 မြန်မာနှစ်သစ်ကူးအတွက် သင်္ကြန်တေးများ

Color Bar

Sr Artist Name - Title ရုပ်/သံကြည့်ရန်
Rဇာနည် - ပိတောက်တစ်မျက်နှာ
ဂရေဟမ် - သင်္ကြန်မိုး

ရင်ဂို- ညိုမြ

ဖိုးကာ- နှစ်သစ်မင်္ဂလာ

ဇော်ဝမ်း - ရွှေမန်းမာလာ

ခင်မောင်တိုး - နွေဦးကဗျာ

ခင်ဘုန်း - ရေတွေကျန်သေးလား

ဇော်ဝမ်း - တူးပို့- တူးပို့

ရင်ဂို - ရွှေမန်းတောင်ရိပ်ခို
၁၀ ဂရေဟမ် - ချမ်းပါတယ်
၁၁ တင့်တင့်ထွန်း- ဖြူနီဝါပြာ
၁၂ မီးမီးခဲ - သင်္ကြန်ဆိုတာဒီလိုပဲ
၁၃ ရင်ဂို - ရက်မြတ်သင်္ကြန်
၁၄ ဂရေဟမ် - နှစ်သစ်ချစ်ဦး
၁၅ Jenny - ရေတွေစို

0 ပန်းပိတောက်တွေမပွင့်တော့တဲ့မြေ

ပန်းပိတောက်တွေမပွင့်တော့တဲ့မြေ

ဒီမြေမှာခြောက်သွေ့မှုတွေနဲ့
ဒါတို့တိုင်းပြည်
သင်္ကြန်မိုးရေ
သက်ဆင်းရန်ခွင့်မသာတဲ့
ခြောက်ကပ်ကပ်တို့ရဲ့မြေ

အာခေါင်ခြောက်သွေ့
တမ်းတမွတ်သိပ်နေတဲ့
ဆန္ဒတွေခေါင်းပါးနေခဲ့တဲ့မြေ
ညစ်ထေးတဲ့မြေမှာ
နှစ်သစ်ကိုကြိုတဲ့ ပိတောက်လဲ
မပွင့်နိုင်ရှာတော့ပဲ ပူလောင်နေတဲ့မြေ

ဆိုးညစ်မှုတွေလွမ်းခြုံတဲ့ အမှောင်တွေ
မိုက်နေတဲ့မြေ
အေးချမ်းအောင်စွမ်းဆောင်ကျပါစို့
တို့အဓိဌါန်မေတ္တာပို့သလိုက်တဲ့
ဒီမြေ ဒီရေ ဒီတိုင်းပြေ
နှစ်သစ်ကိုကြိုဆိုဖို့ လှမ်းထွက်ခဲ့ညီညီညာ

ကဒေါင်းတွေညင်သာနေလို့
အမိုက်မှောင်ဖုံးလေရော့သလား
သိကြားသာသနာမှာ
သောကြာတွေအတာစားလေတော့
ညာညီညီလှမ်းထွက်ရင်ဖြင့်
အိမ်နီးချင်းသူငယ်ချင်းတောင်
နိုးထပေါ့ ညီညီညာ

တို့ ဗမာ နီရောင်သွေးတွေက
ခွပ်ဒေါင်းတွေ နီရောင်ပြောင်းကာ က
သွားကျစို့ခေတ်သစ်ဆီ ညာညီညီလှမ်း

ကောင်းစုလင်း

ကဒေါင်းတွေညင်သာနေလို့ အမိုက်မှောင်ဖုံးလေရော့သလား စာပိုဒ်ကတော့ အထူးစဉ်းစားစရာပါ... ကဗျာရှင်အား အထူးကျေးဇူးတင်ပါသည်......
ပေးပို့သူ။ ။ ဒီိမိုဝေယံ

0 “မြန်မာပြည်သူလူထုတစ်ရပ်လုံး ‘ဘူး’ တစ်လုံးဆောင်ကြပါစို့”

“စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဆန့်ကျင်တိုက်ဖျက်ရေးအတွက်

မြန်မာပြည်သူလူထုတစ်ရပ်လုံး ‘ဘူး’ တစ်လုံးဆောင်ကြပါစို့”

၁။ နအဖ ခိုင်းတဲ့ လုပ်အားပေး လုံးဝမလိုက်ဘူး။

၂။ ရပ်ကွက်တွင်း ကောက်ခံတဲ့ ကင်းကြေး လုံးဝမထည့်ဘူး။

၃။ နအဖ ကောက်ခံတဲ့ အခွန်ငွေ လုံးဝမထည့်ဘူး။

၎။ ဧည့်သည်လာရင် ဧည့်စာရင်း လုံးဝမတိုင်ဘူး။

၅။ ကြံ့ဖွံ့၊ စွမ်းအားရှင်အဖွဲ့ထဲ လုံးဝမ၀င်ဘူး၊ မပတ်သက်ဘူး။

၆။ နအဖ စစ်တပ်ထဲ လုံးဝမ၀င်ဘူး။

၇။ နအဖစစ်တပ် ပေါ်တာခေါ်ရင် လုံးဝမလိုက်ဘူး။

၈။ နအဖစစ်အုပ်စုကို အစိုးရအဖြစ် လုံးဝအသိအမှတ်မပြုဘူး။

၉။ နအဖရဲ့ ၂၀၀၈ အခြေခံဥပဒေကို လုံးဝလက်မခံဘူး။

၁၀။ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီ မှတ်ပုံမတင်ဘူး၊ ၂၀၁၀ ရွေးကောက်ပွဲကို မ၀င်ဘူး။

၁၁။ နအဖ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ လုံးဝမဲသွားမပေးဘူး။

“မတရားတဲ့ အမိန့်အာဏာဟူသမျှကို လုံးဝလက်မခံဘူး”

“ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ”

“စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြ”

“အရေးတော်ပုံ အောင်ရမည်”

Sunday, April 11, 2010

0 မျိုးဆက်သစ်လူငယ်များ(gw)မှ “စစ်အာဏာရှင်၏ တရားမမျှတသော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ “လှုပ်ရှားမှု


0 တိုကျိုမြို့(၁၉)ကြိမ်မြောက်မြန်မာမိသားစုအတာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာကျင်းပ


သတင်း-သန့်မျိုးထွေး

တိုကျိုမြို့တွင် ၁၉ ကြိမ်မြောက်အဖြစ်ကျင်းပပြုလုပ်သည့် သင်္ကြန်ပွဲတော်မှာ သွားရောက်ဆင်နွဲသူများအကြိုက်ရိုးရာအကအလှဖျော်ဖြေ တင်ဆက်မှုများဖြင့် အောင်မြင်စွာပြီးဆုံးသွားခဲ့သည်။

ယခုလ(၁၄)ရက်နေ့မှာ မြန်မာ့ရိုးရာသင်္ကြန်အကျနေ့ဖြစ်သော်လည်း တိုကျိုမြို့တွင်ရောက်ရှိနေသည့် မြန်မာလူမျိုးများ၏ အလုပ်ပိတ်ရက်ဖြစ်သည့် ဧပြီလ(၁၁)ရက်၊ ယနေ့တွင် သင်္ကြန်ပွဲတော်ကို ဆင်နွှဲကျင်းပကြခြင်းဖြစ်ကြောင်းသိရသည်။

"၂၀၁၀ခုနှစ်၊ ၁၉ ကြိမ်မြောက်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို မြန်မာလူမျိုးတိုင်းရင်းသားတွေအားလုံး ဂျပန်လူမျိုးတွေရောအပါအ၀င် ဖျော်ဖြေပေးတဲ့ တီးဝိုင်းတွေရော အားလုံးကိုကျေးဇူးတင်ပါတယ်၊ ဘာမှရန်တွေဘာတွေလဲမဖြစ်ဘဲနဲ့ အားလုံးအေးအေးဆေးဆေးနဲ့ပြီးသွားတဲ့အတွက်ပေါ့၊ ဘာဖြစ် လို့လဲဆိုတော့ ဒီ ၂၀၁၀ဟာ ဗမာလူမျိုးတွေအတွက် အရမ်းကိုအရေးကြီးတဲ့နှစ်လည်းဖြစ်ပါတယ်၊ ဒီလိုစည်းစည်းရုံးရုံးနဲ့ဝိုင်းဝန်သွားတဲ့ပုံစံမျိုးနဲ့ စစ်အာဏာရှင်လက်အောက်ကနေ လွတ်အောင်လဲကြိုးစားကြစေချင်ပါတယ်"ဟု တာဝန်ယူပြုလုပ်သည့် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးလှိုင်အေးက ရှင်းပြသည်။

အဖွင့်အစီအစဉ်တွင် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ဦးကျော်ကျော်စိုးမှ တိုင်းရင်းသားပေါင်းစုံချန်ရံလျှက် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဂျပန်ရောက် ဂီတ၀ါသနာရှင်မြန်မာလူငယ်များဖြင့် စုဖွဲ့ထားသည့် ခေတ်ပေါ်ဂီတ၀ိုင်းများဖြင့် ဖျော်ဖြေတက်ဆက်ပေးကြပြီး တင်ဆင်မှုအစီအစဉ်များထဲတွင် ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည့် သင်္ကြန်ပျိုမေများ၏ သင်္ကြန်ယိမ်းနှင့်နှစ်စဉ်ပင်တိုင် တင်ဆက်နေသည့် မင်္ဂလာဒိုးအဖွဲ့၏ ထိမိ၍ခေတ်ကိုရောင်းပြန်ဟပ်စေသည့် သင်္ကြန်သံချပ်များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဂျပန်နိုင်ငံတွင် work visaဖြင့်(၄)နှစ်ကျော်ရောက်ရှိနေထိုင်နေသည့် ကိုရှိန်းက"ယိမ်းအဖွဲ့ကတာကို အရမ်းကြိုက်တယ်ဗျ၊ မကြည့်ရတာကြာပြီဖြစ်တဲ့ ဒီလိုအကအလှတွေကို ကြည့်ရတော့ စိတ်တွေတက်ကြွလှုပ်ရှားမိတယ်၊ ပြီးတော့ဒီသင်္ကြန်ပွဲက ကိုယ့်ရိုးရာယဉ်ကျေးမှုကို ပြန်အမှတ်ရစေတယ်၊ ကိုယ့်တိုင်းပြည်ရဲ့အကြီးမားဆုံးရိုးရာပွဲတော်ရဲ့ လွမ်းဆွတ်တမ်တမှုကို ဒီပွဲကနေဖြေဖျေက်ပေးနိုင်တယ်လို့ထင်တယ်"ဟု၎င်း၏ခံစားချက်ကို ပြောပြသွားသည်။

ကနေဒါနိုင်ငံသား Cole A Jay က"ဒါကကျနော်တို့အတွက်တော့ ပထမဦးဆုံးအကြိမ်အနေနှင့် မြန်မာသင်္ကြန်ကိုလာဖြစ်တာဘဲ။ မြန်မာအစား အစာတွေကောင်းတယ်၊ ဒီလာရတဲ့ ခံစားချက်လေးကလဲ တမျိုးဘဲ၊ ပြီးတော့မြန်မာလူမျိုးတွေပုံစံက ယဉ်ကျေးပြီး နွေးထွေးတဲ့ပုံပေါက်တယ်"ဟုပြောပြသည်။

တိုကျိုမြို့အနောက်ဘက် ကိချိဂျိုဂျိမြို့နယ်ရှိ အင်နိုးခါးရှိးရာပန်းခြံတွင်ပြုလုပ်သည့် သင်္ကြန်ပွဲတော်ကို နံနက်(၁၀)နာရီခန့်မှစတင်၍ ညနေ(၅)နာရီခွဲအထိကျင်းပခဲ့ပြီး ကျင်းပနေချိန်အတွင်း ရာသီဥတုကောင်းမွန်ခြင်းကြောင့် မြန်မာ၊ ဂျပန်နှင့်အခြားနိုင်ငံခြားသားများအပါအ၀င် လူဦးရေ(၉၀၀)ကျော်လာရောက်ဆင်နွဲခဲ့ကြကြောင်းသိရပြီး ဂျပန်နွေဦးရာသီ၏ ချမ်းအေးမှုရှိနေသေးသောကြောင့် ရေပက်ကစားခြင်းမရှိခဲ့ပေ။

ယမန်နှစ်များနည်းတူ မြန်မာ့ရိုးရာနှင့်တိုင်းရင်းသားအစားအသောက်အသောက်များကို ပြည်တော်အလွမ်းပြေအဖြစ် စားသောက်နိုင်ရန် ဆန်းခန်းများဖွင့်လှစ်ရောင်းချခဲ့ကြသလို မင်္ဂလာဂျပန်စာသင်ကျောင်းမှ စာအုပ်နှင့်အမှတ်တရပစ္စည်းမျာ ရောင်းချပေးနေသည်ကိုတွေ့ရှိရပြီး ယခင်နှစ်များထက်စာလျှင် ၀ယ်ယူသူနည်းပါးကြောင်းသိရသည်။

"ဂျပန်တွေလဲ နှစ်စဉ်နှစ်တိုင်းလာနေကြတာမို့လို့ ကြည့်တော့ကြည့်ကြတယ်၊ တီရှပ်တွေစာအုပ်တွေပေါ့၊ မ၀ယ်ကြဘူး၊ ငွေအနေနဲ့ကလည်း သုံးနိုင်ကြတယ်လို့ထင်ရပေမဲ့ အခု ၃ နာရီလောက်အချိန်အထိမှာတော့ အရင်နှစ်တွေထက်စာရင်တော့ဗျာ ရောင်းအားကျပြီးပါးတယ်"ဟုမင်္ဂလာဂျပန်စာသင်ကျောင်းမှတာဝန်ခံဆရာတဦးဖြစ်သည့် ကိုအောင်ကိုလတ်မှပြောပြသည်။

နောက်ဆုံပိတ်အစီအစဉ်တွင် ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် ABSDFကျောင်းသားတပ်မတော်မှ ဥက္ကဋ္ဌကိုသံခဲမှ "မန်းတောင်ရိပ်ခို"(မြနန္ဒာ)သီချင်းကို မင်္ဂလာဒိုးအဖွဲ့နှင့်တွဲဖက်၍ သီဆိုဖျော်ဖြေပေးခဲ့ပြီး မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်မှ လာရောက်ဆင်နွှဲသူပရိတ်သတ်များအတွက် ကံစမ်းမဲအဖြစ် ကွန်ပျူတာ၊ အိုင်ပေါ့နှင့်ဒီဂျစ်တယ်ကင်မရာတို့ကို ပြန်လည်၍ မဲဖောက်ပေးခဲ့ကြောင်းသိရသည်။

0 ပြည်တွင်းပြည်ပမှ ပြည်သူများထံ နှိုးဆော်စာ

ယနေ့ မြန်မာနိုင်ငံ အခြေအနေကို တင်ပြရန် မလိုအပ်တော့ဟု ထင်ပါသည်။ အဖက်ဖက်က နစ်နာလျက်ရှိသည်ကို လူတိုင်းသိပြီး ဖြစ်ပါလိမ့်မည်။ ယခုအခြေအနေသည် တိုက်ပွဲ ဖော်ဆောင်ရန် အချိန်သင့်ပြီဟု ဆိုချင်သည်။ လူထုတိုက်ပွဲကို ဖော်ဆောင်ရန် ကွက်ချစီစဉ် သင့်ပြီဟုထင်သည်။ နယ်စပ်တွင် တို်င်းရင်းသားလက်နက်ကိုင်များက ဆိုင်ရာမြို့ပြများတွင် ဆင်သင့်တိုက်ပွဲနွဲရန် စောင့်နေရမည်ဖြစ်သည်။ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးများတွင် လက်နက် ဆင်ပေးနိုင်ရန်လိုသည်။ အနုနည်းနှင့်တော့ မရနိုင်၊ ငြိမ်းချမ်းရေးနည်းနှင့် မဖြစ်နိုင်တော့ပါ။ တုတ်ဆွဲရမည်၊ ဓားဆွဲရမည်၊ လက်နက်တခုခု ပါအောင်ဆောင်ထားရမည်။ ဦးဝင်းတင်၊ ဦးတင်ဦးစသည့် ခေါင်းဆောင်ကောင်းများလည်း ရှိနေသည်။ ခေါင်းဆောင် မှုကောင်းစွာ ပေးနိုင်သောသူများဖြစ်သည်။ ပြည်သူလူထုကလည်းယုံကြည်ကြသည်။ လူထုက ခေါင်းဆောင်တို့ရဲ့ လမ်းညွန်မှုကိုနားထောင်ကာ ညီညွတ်စွာ တိုက်ပွဲကို ဖော်ဆောင်ရန် အသင့်ဖြစ်သည်။

ပြည်ပကလည်း ပြည်တွင်းတွင် လိုအပ်သော အကူအညီရနိုင်ရန် အရံသင့် ဖြစ်နေရမည်ဖြစ်သည်။ အခုဆိုလျှင် ထိုင်းနယ်စပ်တွင် လူထုတိုက်ပွဲဖော်ဆောင်နိုင်ဖို့ အဖွဲ့ စည်းတခု ဖွဲ့လိုက်ပြီ ဖြစ်သည်။ ယ္ခုအချိန်သည် ပြင်းထန်စွာ တိုက်ပွဲကို ဆင်နွဲပြီး ပြည့်သူ့ အစိုးရအဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းနိုင်ရန်လိုအပ်နေပြီဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ ဆိုသည် ကို စိတ်ကူး ထဲပင် ထည့်ရန်မလိုအပ်။
တကယ်တော့ ဗမာ (မြန်မာ) ပြည်သူတို့သည် နိုင်ငံရေးနိုးကြားပြီးသူများဖြစ်သည်။ မတရားမှုများကို တွန်းလှန်ရန် ဆင့်သင့်ဖြစ်နေသူများဖြစ်သည်။ စစ်တပ်ကို ရွံရှာစက်ဆုတ် နေသည် မှာလည်း ကြာပြီဖြစ်သည်။ ပြည်သူတို့သည် ခေါင်းဆောင်ကို တောင့်တနေကြသည်။ ဆက်သွယ်ရေးကို လိုချင်နေကြသည်။ ခေါင်းဆောင်ပြောသော စကားကို ကြားချင်နေကြ သည်။ ခေါင်းဆောင်ကောင်းများ ခင်းသောလမ်းကို လျှောက်ဖို့ဆင်သင့်ဖြစ်နေကြသည်။ မကျေနပ်မှုများကို အောင့်အီးထားပြီး အချိန်မရွေးပေါက်ကွဲနိုင်သည်။ ကိုယ့်အသက်ကို ပဓာန မထားဘဲ မှန်တရားအတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ဘာသာအတွက်၊ သာသနာ အတွက် တိုက်ပွဲဝင်ရန် စိတ်ဓာအပြည့်ရှိပြီးဖြစ်သည်။ တော်လှန်ရေး အသိပညာမှာလည်း မသေးလှပါ။ ၈၈ ရေးတော်ပုံကစပြီး ရွှေဝါရောင်တော်လှန်ရေးအထိ ဆည်းပူးခဲ့သော တိုက်ပွဲနည်းပညာများ ရှိပြီးဖြစ်သည်။ ကွန်ပြူတာနည်းပညာ ကျွမ်းကျင်သော ရဲဘော်များလည်း များစွာရှိနေပြီ။ သတင်းလောကတွင်လည်း ဖြန့်ကျက်ပြီးဖြစ်သည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တပြည်လုံး လမ်းမပေါ်သို့ထွက်လာရန် စေ့ဆော်လိုက်ပါသည် ပြည်သူ အပေါင်းတို့ခင်ဗျား။

နအဖသည် ယ္ခုအချိန်တွင် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် အရူးချီးပန်းဖြစ်နေ ချေပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက်ခံရန် လူခွဲစီစဉ်နေရခြင်းလည်း ညစ်နည်းပေါင်းများစွာကို စဉ်းစားနေရခြင်းတို့ကြောင့် ခေါင်းခြောက် လှပြီဖြစ်သည်။ NLD ပါတီကလည်း ရွေးကောက်ပွဲမှတ်ပုံ တင်ခြင်းကို မပြုတော့ နအဖသည် နိုင်ငံတကာအလည်တွင် အရှက်မရရန် ညစ်နည်း ပေါင်းစုံကို ထုတ်နေရပြီဖြစ်သည်။ SNLD စရှိတဲ့ တိုင်းရင်းသားပါတီနဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေကလည်း ရွေးကောက်ပွဲဝင်ရန် လုံးဆန္ဒမရှိသည့်အတွက် အားလုံးပါဝင်နိုင်ဖို့ ၀၊ ကချင်၊ ရှမ်း၊ မွန်စတဲ့ တိုင်းရင်းလက်နက် ကိုင်အဖွဲ့တွေကို ခြိမ်းခြောက်လျှက်ရှိသည်။ နအဖသည် ယ္ခုအချိန်တွင် ပြဿနာပေါင်း များစွာကို ခံစားနေရသသည်ဟုဆိုချင်၊ အတိုက်အခံ များကလည်း ကမ်ပိန်းအမျိုးမျိုး စတင် နေပြီဖြစ်သည်။ လူထုတိုက်ပွဲဖော်ဆောင်ရန်အတွက် အချိန်ခါကောင်း၊ အကွက်ကောင်းကို ရောက်နေပြီဟု မှတ်ချက်ပြုသည်။

ပြည်ပ (ရုရှားစသည်) တွင် ပညာတော်သင်နေကြတဲ့ စစ်သားငယ်များကလည်း နအဖ၏ ယုတ်မာမှု၊ ရက်စက်မှု၊ ခွဲခြားစွာဆက်ဆံမှုများကို မခံမရပ်နိုင်ဖြစ်နေကြပြီ။ အချို့ စစ်သားငယ်များဆိုလျှင် ဘလော့ဂ်များလုပ်ပြီး နအဖမကောင်းကြောင်းများ၊ အငယ်သားများ အပေါ် မည်သို့ဆက်ဆံပုံတို့ကို တင်ပြပြီး အောက်ခြေစစ်သားများကို လှုံ့ဆော်မှုလည်း ရှိနေပြီဖြစ်သည်။ ယခုအချိန်တွင် စစ်တပ်မှ ထွက်ခွင့် မရသေးသော်လည်း အခွင့်ကြုံလျှင် ပြည်သူလူထုနှင့် ပူးပေါင်းရန် အဆင့်သင့်ဖြစ်နေကြသည်။ ပြည်သူလူထုကို လုပ်ကျွေူးပြုရန် စစ်သူရဲကောင်းများ ဖြစ်ခြင်နေကြသည်။ စစ်တပ်မှ အထက်လူကြီးများကို အတော်ရွံရှာ လျှက်ရှိချေပြီဖြစ်သည်။ တိုင်းမှုး မြို့တော်ဝန်စတဲ့ ပုဂ္ဂိုလ်များကလည်း စစ်တပ်အထက် လူကြီးများရဲ့ မိန်းမများကို အောက်ကျို့ရသည်ကို မခံစားနိုင်တော့ပြီဖြစ်သည်။ လူထု တိုက်ပွဲသာ ဖြစ်လာလျှင် အချိန်မရွေး လူထုနှင့်ပူပေါင်းရန် ရှိချေသည်။

သံဃာအပိုင်းကလည်း နိုးကြားလျှက်ရှိချေသည်။ ယ္ခုအချိန်တွင် သံဃာတော်များသည် အင်တာနက်ကွန်ယက်ကြီးနှင့် ဆက်သွယ်မိလျှက်ရှိပြီး အသိအမြင်လည်း ပွင့်လင်းလျှက် ရှိနေသည်။ နိုင်ငံရေးတွင် အထူးနိုးကြားနေသော အဖွဲ့အစည်းလည်းဖြစ်သည်။ နအဖ၏ ကန့်သတ် ချုပ်ချယ်မှုများနှင့် မနေလိုကြပြီ။ ၀ိနည်းဘောင်အတွင်းကနေပြီး အမှန်တရားတွက် အသက်စွန့်နစ်နာခံဖို့ အသင့်ရှိနေကြပါသည်။ ရွှေဝါရောင်တော်လှန်းရေး၏ အရှိန်အဟုန်သည် ယခုထိ ကျန်ရှိနေသေးသည်။ တိုက်ပွဲဝင်နည်းနာများကို ကောင်းစွာသိပြီးဖြစ်သည်။ သံဃာ၊ ကျောင်းသား၊ စစ်သားများနှင့် ပြည်သူလူထုကြီးက အပြီးသတ်တိုက်ဆင်နွှဲရန် ပူးပေါင်းရန် အသင့်ရှိနေကြပြီဖြစ်သည်။ စစ်သားကောင်းများကလည်း သံဃာတော်များကို ယုံကြည်သည်။ သံဃာတော်များကလည်း သူတော်ကောင်းစစ်သားများ ရှိနေကြသည်ကို သိရှိပြီးဖြစ်သည်။ ထိုနည်းတူစွာ ပြည်သူလူကြီးက ချီးကြူးထောမနာပြုပြီး လက်ချင်းချိတ်ကာ တိုက်ပွဲဝင်ရန် အရံသင့်ဖြေနေချေပြီ။ ထို့အတူပင် အနုပညာသမားများ၊ စာပေသမားများ၊ သတင်းသမားများ၊ ပန်းချီ (ကာတွန်း) သမားများကလည်း တိုက်ပွဲကို စောင့်စားလျှက်ရှိနေသည်မှာ အားရစရာပင်။

ကုလသမဂ္ဂနှင့် ဥရောပနိုင်ငံများကလည်း စစ်အစိုးရကို ရွံလျှာလျက်ရှိသည်။ အာဆီယံ နိုင်ငံများကလည်း နအဖကို ဖိအားများ ပေးနေပြီ။ ဂျပန်လိုနိုင်ငံကပင် နအဖကို ပြစ်တင်စကား ပြောနေပေပြီ။ မော်လဒိုက်၊ အရှေ့တီမော စတဲ့နိုင်ငံခေါင်းဆောင်များကလည်း နအဖကို ပစ်ပစ်ခါခါ ရှုံ့ချလျှက်ရှိသည်။ ယခုဆိုလျှင် ကာဂျစ္စတန်နိုင်ငံပင် ပြည်သူ့အစိုးရပေါ်ပေါက်ပြီး ဒီမိုကရေစီခြေလှမ်းကို လှမ်းနေပေပြီ။ ကမ္ဘာ့နိုင်ငံများက ငြိမ်းချမ်းရေးကို အထူးလိုလားလျှက်ရှိ နေသည်။ ဆင်းရဲသောနိုင်ငံများကို ဖွံဖြိုးတိုးတက်ရန် ဆောင်ရွက်လျှက်ရှိသည်။ ဗမာ (မြန်မာ) ပြည်သူလူထုက ဒီမိုကရေစီအစိုးရကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်နေကြသည်။ ဗမာ (မြန်မာ) ပြည်သူလူသည် တိုက်ပွဲဝင်စိတ်အပြည့်ရှိသူများဖြစ်သောကြောင့်ပင်တည်း။ နအဖအခက် ပြည်သူ့အကွက်ကို ရောက်နေသော အချိန်အခါကို ရောက်ရှိနေပြီဖြစ်သောကြောင့် လူထု တိုက်ပွဲဆင်နွှဲကြရန် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများကို နှိုးဆော်တိုက်တွန်းလိုက်ရ ပါသည်ခင်ဗျား။

တိုက်ပွဲရှိလျှင် အောင်ပွဲရှိသည်။

ဒီမိုကရေစီ ရရှိရေး ဒို့အရေး။

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး ကျဉ်းအသားများ လွတ်မြောက်ရေး ဒို့အရေး။

ပြည်သူ့အစိုးရ ပေါ်ပေါက်ရေး။

ပြည်သူ့အလွှတ်တော် ပေါ်ပေါက်ရေး ဒို့အရေး။

အကျင့်ပျက်ခြစားမှုများ ပပျောက်ရေး ဒို့အရေး။

တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး ဒို့အရေး။

လူ့အခွင့်ရေး ရရှိရေး ဒို့အရေး။

စာပေလွတ်လပ်ခွင့် ရရှိရေး ဒို့အရေး။
ပြည်တွင်းက သံဃာတော်တစ်ပါး ပေးပို့လာတာပါ...
ပေးပို့သူ ။ ။ ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။

1 Burma Debates and Opinions - ကိုထွန်းအောင်ကျော်

0 ထိုင်းဆန္ဒပြပွဲ နှိမ်နှင်းမှု ၁၅ ယောက်သေဆုံး


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆန္ဒပြပွဲတွေမှာ စနေနေ့ကတော့ ရဲနဲ့ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့လို့ လူ ၁၅ ယောက် သေဆုံးပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ နှစ်ပေါင်း ၂၀ အတွင်း သေကြေမှု အများဆုံး နိုင်ငံရေး အဓိကရုဏ်းဖြစ်တယ်လို့ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ reuter သတင်းထောက် ဂျပန်လူမျိုးတဦးဖြစ်သူ Muramoto hiroi နဲ့ စစ်သားတွေလည်း ပါဝင်ပါတယ်။ ဒဏ်ရာရသူအယောက် ၆၈၀ ကျော်တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ သေကြေ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေအတွက် အထူး ကြေကွဲရပါတယ်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ က စနေနေ့ညက ရုပ်မြင်သံကြားကနေ ပြောသွားပါတယ်။ ဒါပေမဲ့ သူ နှုတ်ထွက်ပေးမည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ် ကပြောပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.