ကိုရွှေနန္ဒအားကျေးဇူးတင်ရှိပါသည်။
Monday, May 10, 2010
0 အမေရိကန်နိုင်ငံလက်ထောက်နိုင်ငံခြားရေးဝန်ကြီးMr.KurtCampbellလာရောက်သည့်ကိစ္စနှင့်ပါတ်သက်၍ Nld( လွတ်မြောက်နယ်မြေ)မှသဘောထားထုတ်ပြန်ချက်
0 အိုင်စီ၏ဒုတိယမြောက် တိုကျိုလိုက်ဖ်ရှိုးပွဲ ပရိတ်သတ်(၃၀၀)ကျော်သာရှိ...
တိုကျို၊ မေ(၉)
သတင်း-သန့်မျိုးထွေး
အိုင်စီအဖွဲ့၏ ဒုတိယမြောက်တိုကျိုလိုက်ဒ်ရှိုးပွဲကို ပရိတ်သတ်(၃၀၀)ကျော်သာ လာရောက်ကြည့်ရှု့ခဲ့သော်လည် အိုင်စီအဖွဲ့၏ပရော်ဖက်ရှင်နယ်ဆန်စွာအားကြိုးမာန်တက်တီးခတ်မှုနှင့်အဆိုတော်များ၏အားပါးတရဖျော်ဖြေမှုကြောင့် ပရိတ်သတ်၏အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။
လိုက်ဒ်ရှိုးပွဲကို Caltec ကုမ္မဏီ၏စီစဉ်မှုဖြင့် တိုကျိုမြို့ အာရက၀ါမြို့နယ်ရှိ ဆန်းပုလဲ(Sun Pearl)ခန့်မတွင် ယနေ့ညနေ(၄)နာရီခွဲမှစတင်၍ ည(၈)နာရီခွဲအထိ ကျင်းပခဲ့ပြီးသွားရေးလာရေးအခက်အခဲကြောင့် ပရိတ်သတ်များရုံအတွင်းဝင်ရောက်မှုနောက်ကျခဲ့အတွက် ယမန်နှစ်ကနှင့်မတူဘဲ ပထမပိုင်းကိုရိုးရှင်းစွာဖြင့်စတင်ခဲ့သည်။
ယခုပွဲအတွက်လိုက်ပါလာသည့်တဦးတည်းသောမိန်းကလေးအဆိုတော်ခင်ဘုဏ်းမှစတင်ဖျော်ဖြေပေးခဲ့ပြီးနောက် ပရိတ်သတ်အသဲစွဲRဇာနည်မှ "အချစ်ရှိလား"သီချင်းဖြင့်တိုကျိုပရိတ်သတ်ကို မိတ်ဆက်သီဆိုပေးပြီး ၄င်း၏ပထမပိုင်းအပိတ်သီချင်းကိုအဝေးရောက်မြန်မာလူငယ်များအတွက်"ကိုယ်အနားရှိစေချင်"သီချင်းကိုသီဆိုပေးခဲ့သည်။
အဆိုတော်တဦးနှင့်တဦးအကြားအတွင် ပရိတ်သတ်ကသူတို့စောင့်မျှော်နေသည့် လေးဖြူနှင့်မျိုးကြီးတို့၏နာမည်များကို အော်ဟစ်တောင်းဆိုကြသည်။ ဒီနောက်တွင်အိုင်စီအဖွဲ့၏ အလွမ်းမင်းသာဟုခေါ်သည့် ၀ိုင်ဝိုင်းအလှည့်ဖြစ်ပြီး ၀ိုင်ဝိုင်းမှ "စည်း"၊"လွမ်းနေဦးမယ်"၊ "တမ်းတ"သီချင်းများကို သီဆိုပြီးနောက်တွင် မျိုးကြီးမှစင်ပေါ်တက်ရောက်သီဆိုပေးခဲ့သည်။
မျိုးကြီးသီဆိုနေချိန်တွင် ပရိတ်သတ်အချို့မှ စင်ရှေ့သွားရောက်ကခုန်ခဲ့ရာ လုံခြုံရေးတာဝန်ယူထားသူ ဂျပန်လူမျိုးများမှဝိုင်းဝန်းထိမ်းသိမ်းခဲ့ရပြီး ဆက်လက်ပြီး အငဲမှသီဆိုပေးခဲ့သည်။
ပထမပိုင်း၏အဆုံး၌ ပရိတ်သတ်စောင့်မျှော်နေသည့် လေးဖြူထွက်ပေါ်လာခဲ့ပြီး ချက်ခြင်းဆိုသလိုပင် ပရိတ်သတ်အားလုံးစင်ရှေ့သို့ထွက်လာပြီး သူတို့ချစ်သည့်လေးဖြူကို အားပါးတရအားပေးရာ လေးဖြူမှလည်း နောက်နှစ်များတွင် ယခုထက်ပိုသက်သာသောဈေးနှုန်းဖြင့် ပရိတ်သတ်အရေအတွက်ပိုမိုများပြားစွာ လာရောက်အားပေးသည်ကို မြင်လိုကြောင်းနှုတ်ခွန်းဆက်စကားဆိုသည်။
လေးဖြူကယမန်နှစ်ကထက်စာလျှင်ပိုမိုပျော်ရွင်စရာကောင်းကြောင်း၊ ပရိတ်သတ်များအတွက်သွားလာရေးအခက်အခဲဖြစ်သည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်းနှင့် အဆင်ပြေချောမွေ့သော ပို့ဆောင်ရေးရှိဖို့မျှော်လင့်ကြောင်းဖွင်ဟပြောဆိုသွားပြီး အိုင်စီအဖွဲ့၏ အနှစ်(၂၀)မြောက်လိုက်ဒ်ရှိုးပွဲကျင်းပမည့်သတင်းမှာ မမှန်ကန်ကြောင်းငြင်းဆိုသွားသည်။
"ဘ၀မှာအရမ်းအရေးကြီးတဲ့အချက်က အများကြီးမရှိပါဘူး၊ နံပါတ်တစ်က ကိုယ်ရဲ့ဝိဥာဉ်၊ ကိုယ့်ရဲ့လိပ်ပြာ ကိုယ့်စိတ်ချမ်းသာဖို့ကို အဓိကထားကြိုးစားကြပါလို့။ အဲ့ဒါမှ ကိုယ်ကဘယ်နေရာရောက်ရောက် လွတ်မြောက်နိုင်မယ်၊ စိတ်ချမ်းသာနိုင်မယ်လို့ပြောချင်ပါတယ်။"ဟု အဝေးရောက်မြန်မာလူမျိုးများအတွက် အားပေးစကားကို မိုးသောက်ကြယ်သို့ပြောပြသွားသည်။
အိုင်စီ၏အသက်အရွယ်အကြီးဆုံးဖြစ်သည့် ဒရမ်တီးခတ်သူ ကိုခရမ်းက "အရင်နှစ်ကထက်စာရင်တော့ ဒီနှစ်သုံးတဲ့စက်တွေက ပိုကောင်းတယ်ဗျ၊ ပိုအားရတယ်ပေါ့ဗျာ။ တီးရတာ နည်းနည်းဖီးလ်ရှိတယ်ဗျ၊ နောက်နှစ်တွေမှာလည်း လာရောက်ဖျော်ဖြေဖို့ကို မျှော်လင့်ထားတဲ့အတွက် စီစဉ်သူတွေနဲ့ ညှိနှိုင်းနေပါတယ်"ဟု ယခုနှစ်ကျင်းပသောပွဲအတွက် ၄င်း၏ခံစားချက်ကို ပြောပြသည်။
ဒုတိယပိုင်းအရောက်တွင် ခင်ဘုဏ်းကပင်စတင်ဖျော်ဖြေရာ သူမ၏ဖက်ရှင်ဒီဇိုင်းဆန်းဆန်း ၀တ်ဆင်ထားမှုကြောင့် ပရိတ်သတ်၏ လက်ခုပ်သံများဆူညံစွာ ထွက်ပေါ်လာခဲ့ပြီး ပထမပိုင်းနည်းတူ Rဇာနည်၊ ၀ိုင်ဝိုင်းတို့မှ အလှည့်ကျဖျော်ဖြေပြီးနောက် အိုင်စီအဖွဲ့၏ နာမည်ကျော်သုံးဦးအတွဲဖြစ်သည့် လေးဖြူ၊ အငဲနှင့်မျိုးကြီးတို့မှ တယောက်တလှည့်စီ အိုင်စီ၏စတိုင်လ်အတိုင်း အပြိုင်သီဆို ဖျော်ဖြေကြသည်။
တယောက်နှင့်တယောက်ဖျော်ဖြေမှုကြားတွင် ပလေယာများ၏ တကိုယ်တော်လက်စွမ်းပြတီးခတ်မှုလည်း ပါဝင်ခဲ့ပြီး "အိုး ဒီဇင်ဘာ"သီချင်းကို သီဆိုမှုတွင် အ၀င်အထွက်အနည်းငယ်မှားယွင်မှုရှိခဲ့ခြင်းမှတပါး စီရီးခွေများတွင် နားဆင်ရသည့်အသံအတိုင်း မျိုးကြီး၏သီဆိုနိုင်မှုကို ပရိတ်သတ်အကြိုက်ဆုံးဖြစ်ခဲ့သည်။
လိဒ်ဂီတာသမားလည်းဖြစ် အသံဖမ်းအင်ဂျင်နီယာတဦးလည်းဖြစ်သည့် ချစ်စမ်းမောင်မှ မြန်မာရိုးရာဂီတနှင့်အနောက်တိုင်းဂီတ သံစဉ်နှစ်ခုကိုတွဲဖက်၍ သံစဉ်အသစ်များဖန်တီးလာမှုအပေါ် "သူတို့လွတ်လွတ်လပ်လပ် Createလုပ်တာပေါ့နော်၊ တချို့လိုက်ဖက်တာတွေရှိသလို၊ တချို့ကလည်းမလိုက်ဖက်ဘူးပေါ့နော်၊ ဒါပေမဲ့ခေတ်ရေစီးကြောင်းအရတော့ ကျနော်တို့အဲ့လိုလုပ်တာကို အားပေးပါတယ်၊ ကျနော်တို့ဆိုလည်းတခါတလေ ရိုးရာ(Traditional)နဲ့ရော့ခ်ကိုပေါင်းတီတာတွေရှိပါတယ်၊ ဒါတွေက ပရိတ်သတ်ကို အအီပြေအောင်ဆိုတဲ့သဘောပေါ့၊ ဒါပေမဲ့ တဖက်စွန်းရောက်အောင်လုပ်တာတွေကတော့သိပ်နားထောင်လို့မကောင်းဘူး"ဟုဝေဖန်သုံးသပ်ပြောဆိုသွားသည်။
အဆုံးပိတ်အဖြစ် လေးဖြူနှင့်မျိုးကြီး၏ "အိမ်ကိုပြန်ခဲ့တော့"သီချင်းကို နှုတ်ဆက်သီဆိုပေးပြီး ယနေ့ပွဲမှာ ပရိတ်သတ်အရေအတွက်အားဖြင့် အခြားပွဲများထက်စာလျှင် နည်းပါးသည်ဟုဆိုနိုင်သော်လည်း မြန်မာပြည်၏နံပါတ်တစ်ဟု သတ်မှတ်၍ရနိုင်သည့် အိုင်စီအဖွဲ့၏ ပရောဖက်ရှင်နယ်ဆန်စွာ ဖျော်ဖြေတီးခတ်သီဆိုမှုများကြောင့် ပရိတ်သတ်၏ အားပေးမှုကို အပြည့်အ၀ရရှိခဲ့ကြောင်းသိရသည်။
Sunday, May 9, 2010
0 အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကာ့တ်ကမ့်ပ်ဘဲလ် ယခင်တကြိမ်ကထက် အဆင့်နိမ့် အရာရှိများဖြင့်သာ တွေ့ဆုံခွင်ရ
ယနေ့နေ့လည် တနာရီ ဆယ့်ငါးမိနစ်က အထူးလေယာဉ်ဖြင့် နအဖ၏ အုပ်ချုပ်ရေးရုံးများစိုက်ရာ နေပြည်တော်သို့ သွားရောက်ပြီး တနာရီကျော် ဆွေးနွေးခဲ့ရာတွင် နအဖ၏ ပြန်ကြားရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ဆန်းနှင့်သာ တွေ့ဆုံခွင့်ရခဲ့သည်ဟု သိရပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတအောင် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့သည်ဟုလည်း ဆိုပါသည်။
ဗိုလ်ချုပ်ကျော်ဆန်းသည် မကြာသေးခင်ကပင် ကြံဖွံ့ပါတီနှင့်အတူ ရွေးကောက်ပွဲဝင်ရန်အတွက် သူ၏ စစ်ဘက်ရာထူးမှ နှုတ်ထွက်ထားပြီး ဖြစ်ပါသည်။ သူနှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ဝင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး ဦးခင်အောင်မြင့် (၄င်းသည်လည်း စစ်ဘက်ရာထူးမှ ရွေးကောက်ပွဲဝင်ရန် နှုတ်ထွက်ထားပြီး ဖြစ်ပါသည်)။ ထိုကြံဖွံ့ဝန်ကြီး နှစ်ဦးကသာ ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ရှင်းလင်း ပြောပြခဲ့သည်ဟု နေပြည်တော်မှ အမည်မထုတ်ဖေါ်လိုသော အဆင့်မြင့် အရာရှိ တဦးက ပြောပြခဲ့ပါသည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ပြီးခဲ့သောနှစ် နိုဝင်ဘာလ ၃ရက် နှင့် ၄ရက်က မြန်မာပြည်သို့ ပထမအကြိမ် လာရောက်ခဲ့စဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန်နှင့် တွေ့ဆုံခွင့် ရခဲ့သော်လည်း ၊ ယခုတကြိမ်တွင် တဆင့်နိမ့် အရာရှိများသာမက အနာဂတ်၏ ကြံ့ဖွံ့ခေါင်းဆောင် တချို့ နှင့်သာ တွေ့ခွင်ရခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်နှင့် သူ၏ အဖွဲ့သည် နေပြည်တော်တွင် တညနေထိုင်ပြီးနောက် ရန်ကုန်မြီု့သို့ပြန်လာပြီး မနက်ဖြန်နေ့လည် ၁နာရီတွင် အတိုက်အခံ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံရန် စီစဉ်ထား ပါသည်။ ထို့အတူ ဦးတင်ဦးခေါင်းဆောင်သော NLD ပါတီ ဗဟိုကော်မတီ ၁၀ဦးနှင့်လည်း မနက်ဖြန်နံနက် ၁၁ နာရီတွင် သူတည်းခိုမည့် အမေရိကန်သံရုံး ဧည့်ဂေဟာတွင် တွေ့ဆုံရန် စီစဉ်ထားသလို အခြား ထင်ရှားသော နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့်လည်း ထိုနေရာတွင်ပင် ရန်ကုန်မှ ပြန်လည် မထွက်ခွာခင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားပါသည်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်သည် ရန်ကုန်မြီု့မှ မနက်ဖြန်ညနေ ရနာရီ တွင် ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
0 Gmailမှာမေးလ်ပို့တဲ့အခါဖိုင်တွေ၊ ဓာတ်ပုံတွေကိုattach ဆိုတဲ့နေရာကိုနှိပ်စရာမလိုဘဲ လုပ်နိုင်ပါပြီ။
Googleက Gmailမှာ ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ doucementsဖိုင်၊ pdf ဖိုင်တွေကို ပို့ချင်ရင်attachဆိုတဲ့နေရာကိုနှိပ်စရာမလိုလဲ မေးလ်ပို့နိုင်ရန်Featureအသစ် တခုဖန်တီးပေးလိုက်ပါပြီ။ မသိသေးတဲ့သူတွေရှိမယ်ထင်လို့ အလွန်တရာမှအသုံးဝင်လှတဲ့အတွက် ဖော်ပြလိုက်ပါတယ်။ နည်းကတော့ဘာမှမခက်လှပါဘူး။ အပေါ်ပုံမှာပြထားတဲ့အတိုင်း မိမိကွန်ပြူတာရဲ့My doucementထဲက ဥပမာ- ဓာတ်ပုံကိုDrag and Drop ပြထားတဲ့နေရာကို ဆွဲထည့်လိုက်ရုံပါဘဲ။ဖိုင်တွေက automatic ၀င်သွားပါလိမ့်မယ်။ အခုလိုလုပ်လို့ရခြင်းအားဖြင့် ကျနော်တို့တွေအချိန်မြန်မြန်နဲ့ ဖိုင်တွေကိုမေးလ်နဲ့ပို့နိုင်သွားပါပြီ။ နောက်တခုကတော့ ဒီနည်းကို ကိုယ်သုံးမယ်ဆိုရင် ကိုယ့်ရဲ့ Browser က Firefox3.6ရှိမှရမယ်လို့ googleမှာဖော်ပြထားပါတယ်။
thanhtut88
0 သမိုင်းဝင်အလံတော်ကိုအလွဲသုံးစားလုပ်သူ အေးလွင်နှင့်အပေါင်းအပါများအားစာပေ၊ အနုပညာရှင်များ၊သက်ဝါကြီးလူပုဂ္ဂိုလ်ကြီးများက စုပေါင်းလက်မှတ်ထိုးကန့်ကွက်
0 DKBA နယ်မြေအတွင်း စစ်တပ် အလုံးအရင်းဖြင့် ၀င်ရောက်လာနေ
ယခုရက်ပိုင်း ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုး သား တပ်မတော် (DKBA) အခြေစိုက်ရာဒေသ နေရာအနှံ့အပြားတွင် စစ်အစိုးရတပ်များ ဖြန့်ကြက်ကာ နေရာ ယူထားသည်။
ပြီးခဲ့သည့် ဧပြီလ နောက်ဆုံးအပတ်တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ် (BGF) အသွင်ပြောင်းရေးအပေါ် ဒီကေဘီအေ အဖွဲ့ကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တပ်က ၎င်းတို့ တပ်အင်အားများကို တိုးချဲ့ဖြန့်ကြက် လိုက်ခြင်း ဖြစ်သည်။
ယခုအခါတွင် စစ်အစိုးရတပ်များဖြစ်သည့် တပ်မ (၂၂)၊ (၄၄) နှင့် စစ်ဘက်ဆိုင်ရာကွပ်ကဲရေးဌာနချုပ် - စကခ (၈) ခုမှ တပ်ရင်းပေါင်း တစ်ရာကျော် မှာ ကရင်ပြည်နယ် တခုလုံးတွင် နေရာယူလျှက်ရှိနေသည်။
လက်ရှိအခြေအနေတွင် ထိုဒေသရှိ ဒီကေဘီအေ တပ်နှင့် နအဖ တပ်တို့သည် တဖက်နှင့်တဖက် အပြန်အလှန် မျက်ခြည်မပြတ် အကဲခတ်စောင့်ကြည့်နေ ကြပြီး စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြကြောင်း ဒီကေဘီအေ တပ်မဟာ (၅) မှ တပ်မှူးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“ကျနော်တို့အထက် ခေါင်းဆောင်တွေက ကျနော်တို့ကို အမြဲအဆင်သင့် (ရယ်ဒီ) ရှိကြဖို့ အမိန့်ပေးထားတယ်။ နအဖဘက်က အရင် စတိုက်ခိုက်လာရင်တော့ ကျနော်တို့ကလည်း ပြန်တိုက်ဖို့အဆင်သင့်ပဲ” ဟု သူက ဆိုသည်။
BGF လက်မခံ ဆန့်ကျင်သည့် ဗိုလ်မှူးချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်သည့် DKBA တပ်မဟာ (၅) လက်အောက်ခံ၊ ကလိုထူးဘောဗျူဟာ (၁) နှင့် တပ်ရင်း (၅) ရင်းတို့သည် အဆိုပါ ဒေသတွင် အခြေစိုက်သည်။
ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် စစ်အစိုးရ၏ အမှတ် (၉) စစ်ဘက်ဆိုင်ရာကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း - ခလရ (၁၀၆) တပ်ဖွဲ့သည် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ဖလူးကျေးရွာနေထိုင်သူ ရွာသူ ရွာသားများကို သေနတ်ဖြင့် ခြိမ်းခြောက်ခဲ့ရာ DKBA တပ်မဟာ (၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်များအကြား တင်းမာမှုများ ရှိခဲ့သည်။
နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး နောက်ဆုံးနေ့ရက် မတိုင်မီ DKBA တပ်မှ ခေါင်းဆောင်တချို့နှင့် နအဖ စစ်တပ်မှ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှုးဖြစ်သူ ကရင်ပြည်နယ် ဥက္ကဌ ဗိုလ်မှူးချုပ်ဇော်မင်း ဦးဆောင်သည့်အဖွဲ့တို့သည် မြိုင်ကြီးငူ အထူးဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် DKBA က BGF ကို ယေဘုယျအားဖြင့် သဘောတူ လက်ခံထားခဲ့သည်ဟု အစည်းအဝေးကို တက်ရောက်ခဲ့သူ ဒီကေဘီအေ တပ်မဟာ (၉၉၉) အထူးတပ်ရင်းမှူးက ပြောဆိုခဲ့သော်လည်း BGF ကိုလက်မခံသည့် မြိုင်ကြီးငူဆရာတော်၊ ဗိုလ်မှူးချုပ်စောလားပွယ်နှင့် ဗိုလ်မှူးကြီးစောမုတ်သုန်တို့ အပါအ၀င် ဒီကေဘီအေ အရာရှိအချို့ ထိုဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း မရှိပေ။
DKBA တွင် BGF ကို သဘောတူ လက်ခံခဲ့သူများမှာ စစ်သေနာပတိချုပ် ဗိုလ်ချုပ်စောကျော်သန်း အပါအ၀င် ဗိုလ်မှူးကြီးစောချစ်သူနှင့် အပေါင်းပါတချို့တို့ ပါဝင်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။
သို့သော် DKBA အတွင်း BGF အပေါ် သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး၊ နယ်ခြားစောင့်တပ်ကို လက်ခံခဲ့သည့် DKBA ခေါင်းဆောင်အချို့၏ ဆုံးဖြတ်ချက် အပေါ် ကျန်ရှိနေသည့် ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တပ်သားများက ကျေနပ်မှုမရှိကြပေ။
အမည်မဖော်လိုသူ ဒီကေဘီအေဗိုလ်ကြီးတဦးကမူ “ဒီအခြေအနေအတိုင်းဆိုရင် ဒီကေဘီအေဟာ အလိုလိုနဲ့ နှစ်ခြမ်းကွဲ တော့မယ်။ ကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကြုံလာမဲ့ အခြေအနေတွေကို ရင်ဆိုင်သွားမှာပဲ။ တိုက်မယ်ဆိုလည်း တိုက် ရမှာပဲ” ဟု ပြီးခဲ့သည့်အပတ်က ကေအိုင်စီကို ပြောဆိုခဲ့သေးသည်။
KNU မှခွဲထွက်ခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင်၊ နအဖ နှင့် ငြိမ်းချမ်းရေးယူခဲ့သည့် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက ဗိုလ်ချုပ်စောထင်မောင် နှင့် အဖွဲ့ကမူ နယ်ခြား စောင့်တပ် လုံးဝ လက်မခံကြောင်း ဧပြီလ ၂၂ ရက်က စစ်အစိုးရကို စာရေးအကြောင်း ခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် လလယ်ခန့်က ဗိုလ်မှူးကြီးစောချစ်သူက ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ(၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီထံ ဖုန်းဆက်ရာတွင် နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တိုက်ပွဲများဖြစ်လာခဲ့ပါက ကရင်ပြည်သူများ စစ်ဘေးဒဏ်ကို ပြင်းထန်စွာ ခံစားကြရမည်ဖြစ်၍ မည်သို့လုပ်သင့်ကြောင်း မေးလာသည့်အပေါ် “ကိုယ့်ဖာသာကိုယ် ကြည့်လုပ်ပါ။ ဘာမှမပြောတတ်ဘူး” ဟူသည့် တုန့်ပြန်မှုကိုသာ ရရှိခဲ့သည်။
ဒီကေဘီအေ တပ်မဟာ (၉၉၉) ဗျူဟာမှူး ဗိုလ်မှူးကြီးစောချစ်သူသည် နအဖနှင့် ပူးပေါင်း၍ ၂၀၀၉ ခုနှစ်၊ ဇွန်လ၌ KNU ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ (၇) ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာတွင် အဓိက စီစဉ်ညွှန်ကြားခဲ့သူဖြစ်သည်။
ထိုတိုက်ပွဲနောက်ဆက်တွဲအဖြစ် ကရင်ပြည်သူ ၄,၀၀၀ ကျော်သည် စစ်ပြေးဒုက္ခသည်အဖြစ် ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာခဲ့သည်။
ထိုကိစ္စနှင့်ပတ်သက်၍ နအဖ စစ်အစိုးရက ၎င်းနှင့် မသက်ဆိုင်ဘဲ ကရင်အချင်းချင်း ဖြစ်သည့်ကိစ္စသာဖြစ်ကြောင်း သတင်း မီဒီယာများကို ၀ါဒဖြန့်ချိ ပြောဆိုခဲ့သေးသည်။
၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့သည့် အင်အား ၅၀၀၀ ခန့်ရှိနေသည့်DKBA သည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး မပြောင်းရေး ဆုံးဖြတ်ချက်သည် ၎င်းတို့၏ သမိုင်းအပြောင်းအလဲတခုပင် ဖြစ်သည်ဟု စစ်ရေးအကဲခတ်သူများက ဆိုသည်။
တပ်မတော်တခုတည်းသာ ထားရှိမည့် နအဖ၏ နယ်ခြားစောင့်တပ် ပြဌာန်းချက်သည် အုပ်ချုပ်ရေးနှင့် စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အားလုံးကို အစိုးရစစ်တပ်ကသာ တိုက်ရိုက်ချုပ်ကိုင်ထားမည့် အနေအထား ဖြစ်နေသောကြောင့် DKBA တပ်က လက်မခံနိုင်မည့် အရိပ်အရောင်များပြသနေကြောင်း အနီးကပ် စောင့်ကြည့်သူ တချို့က ခန့်မှန်း ပြောဆိုနေကြသည်။
ထိုင်းနိုင်ငံအခြေစိုက် စစ်ရေး လေ့လာသုံးသပ်သူ ကိုအောင်သူငြိမ်းကမူ စစ်အစိုးရသည် ဒီကေဘီအေအပြင် ၎င်းတို့နှင့် အပစ်ခတ်ရပ်စဲထားသည့် တိုင်းရင်းသားများကို အကျိုးစီးပွားအရ သဘောထားပျော့ပြောင်းသူနှင့် အမျိုးသားရေး စိတ်ဓာတ်အရ သဘောထား တင်းမာသူဟူ၍ နှစ်ဖွဲ့ခွဲကာ အားနည်းအောင် လုပ်ဆောင်နေသည့်အပေါ် DKBA အနေနှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် KNU ပြန်လည် ပူးပေါင်းသင့်ကြောင်း ယခုလို သုံးသပ် ပြောဆိုသည်။
“ဒီလို ရှုတ်ထွေးနေတဲ့ အခြေအနေမျိုးမှာ နယ်ခြားစောင့်တပ်ကို လက်မခံတဲ့ DKBA အနေနဲ့ မိခင်အဖွဲ့အစည်းနဲ့ ပြန်ပေါင်းသင့်တယ်။ ပူးပေါင်းလာအောင်လည်း KNU ကပိုပြီး စည်းရုံးလုပ်ဆောင်သင့်တယ်။ သူတို့အနေနဲ့ တိုက်ရိုက်မဟုတ်တောင်မှ တခြား သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်လည် ပူးပေါင်းသင့်တယ်” ဟု ဆိုသည်။
KNU အထွေထွေအတွင်းရေးမှူးချုပ် (၁)၊ ဗိုလ်မှူးစောလှငွေကလည်း စစ်အစိုးရ ကမ်းလှမ်းသည့် BGF လက်မခံသည့် DKBA အဖွဲ့သားများ အနေဖြင့် မိခင်အဖွဲ့အစည်း (KNU) နှင့် ပြန်လည်ပူးပေါင်းစေလိုကြောင်း သူ၏ သဘောထားကို ယခုလို ပြောဆိုလိုက်သည်။
“ဒီကေဘီအေထဲမှာ နယ်ခြား စောင့်တပ်ကို လက်ခံတဲ့အဖွဲ့ကတော့ ဗမာစစ်တပ်က ခိုင်းသမျှလုပ်၊ ကျွေးတာကို စားရမယ်။ နောက် လေး၊ ငါးနှစ်ကြာရင် တပ်မတော်တရပ်ပဲ ရှိရမယ်ဆိုပြီး ထွက်ဆိုရင်လည်း ထွက်ရမယ်။ ဖြစ်နိုင်ရင် လက်မခံတဲ့အဖွဲ့ကတော့ စောဘဦးကြီး ချမှတ် ထားတဲ့ မူလေးချက်ကို ဆွဲကိုင်ပြီး ကော်သူးလေပြည်နယ်ထဲမှာ ကေအဲန်ယူနဲ့ ပြန်ပေါင်းစေချင်တယ်” ဟု ကေအိုင်စီကို ပြော သည်။
ဆက်လက်၍ သူက ဒီကေဘီအေသည် လက်နက်ကိုင်နေသည့် ယောက်ျားကောင်းများဖြစ်ကြပြီး ကေအဲန်ယူနယ်မြေထဲ၌ သစ်ပင်၊ မြစ်ချောင်းမကျန် သိနှင့်ပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ အတွေ့အကြုံ ဗဟုသုတတို့ကို ပြန်လည်စဉ်းစားသုံး သပ်ကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်စေချင်ကြောင်းလည်း တိုက်တွန်းထားသည်။
စစ်အစိုးရက ၎င်းနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့အနေဖြင့် နယ်ခြားစောင့် တပ်အသွင်ပြောင်းရေးကို လက်မခံပါက ၁၉၈၉ ခုနှစ် မတိုင်ခင် အခြေအနေသို့ ပြန်ရောက်သွားနိုင်သည်ဟု ခြိမ်းခြောက်ထား သော်လည်း ၀၊ ကချင်၊ ကိုးကန့်၊ မွန်၊ ရှမ်း၊ မိုင်းလား အထူးဒေသ(၄) စသည့် အဖွဲ့တို့သည် BGF သတ်မှတ်ရက် ကုန်ဆုံးသည်အထိ လက်ခံခြင်း မရှိသေးပေ။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်း နှင့် မေလဆန်းပိုင်းတွင် ကရင်ပြည်နယ်၊ မြ၀တီမြို့အတွင်း စစ်တပ်မှ တပ်ရင်း ၂၀ ခန့်သည် လက်နက်ကြီး၊ ငယ် တပ်ဆင်ကာ ဒီကေဘီအေတပ်များနှင့် ငြိမ်းချမ်းရေးကောင်စီ ထိမ်းချုပ်နယ်မြေဖြစ်သည့် ကော့ကရိတ်မြို့နယ်ရှိ ထို့ကော်ကိုးကျေးရွာအနီးတွင် တပ်အင်အားတိုးချဲ့ကာ ခြေကုပ်နေရာယူထားကြောင်း ဒေသခံတချို့က ပြောသည်။
ယခုလို စစ်တပ်က DKBA ထိမ်းချုပ်နယ်မြေများအတွင်း စစ်တပ်တိုးချဲ့လာနေမှုသည် ၂ ဖက်အကြား တိုက်ပွဲများ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် DKBA အတွက် အထူးစိုးရိမ်မိကြောင်း သို့သော် ၎င်းတို့အဖွဲ့အနေဖြင့် မှန်ကန်သည့် လမ်းကို ဆက်လျှောက်ရန် ဗိုလ်မှူးစောလှငွေက ပြောဆိုလိုက်သည်။
KNU သည် ဆယ်စုနှစ် ၅ ခုကြာ ကရင်တမျိုးသားလုံး လွတ်မြောက်ရေးနှင့် တန်းတူအခွင့်အရေး ရရှိရန် စစ်အစိုးရကို ယနေ့အချိန်ထိ လက်နက်ကိုင် တော်လှန်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
0 Kurt Campbell မြန်မာပြည် သွားဖြစ်မည်
အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့ ကန့်(မ်)ဘဲ(လ်) (Kurt Campbell) ဟာ မနက်ဖြန် တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်မှာ အခုနှစ်အတွင်း စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်အကြောင်း တရားဝင်ကြေညာပြီးနောက်မှာ ပထမဆုံး အဆင့်မြင့် အမေရိကန်အရာရှိတဦး အခုလို သွားရောက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ဟာ တနင်္ဂနွေနေ့မှာ မြန်မာပြည်ကို ရောက်မယ်ဆိုတဲ့ သတင်းကိုတော့ အမည်မဖော်လိုတဲ့ သံတမန်တချို့ကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားတာပါ။ မစ္စတာ ကန့်(မ်)ဘဲ(လ်)ဟာ ခရီးရောက်မဆိုက်ဘဲ နေပြည်တော်ကိုသွားပြီး စစ်အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။ နောက်တနေ့ တင်္လာနေ့မှာတော့ ရန်ကုန်မြို့မှာ အဲန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ အမေရိကန် သံရုံးအရာရှိတွေက အကြောင်းကြားထားတဲ့အကြောင်း အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပြပါတယ်။ "ရောက်မယ့်နေ့တွေဘာတွေတော့ ကျနော်တို့ အဲဒီလို မသိဘူး။ ကျနော်တို့ အဖွဲ့ချုပ် စီအီးစီ နဲ့တွေ့ဖို့ကိုတော့ သူတို့ တနင်္လာနေ့ နေ့ခင်းပိုင်းကို ချိန်းထားပါတယ်။" မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ကတော့ သူ့အနေနဲ့ စစ်ခေါင်းဆောင်တွေနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ခွင့်ရမှသာ မြန်မာပြည်ကိုသွားမယ်လို့ အစောပိုင်းတုန်းက ပြောထားတာ ဖြစ်ပါတယ်။ ဒါကြောင့် မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) ရန်ကုန်ရောက်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်လိမ့်မယ်လို့ သူနားလည်ထားတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ "တွေ့မယ်လို့ ကျနော် နားလည်တယ်လေ။ သူတို့ အဲဒီလို တိုက်ရိုက်တော့ ကျနော်တို့ကို ဒါ မပြောပါဘူး။" မစ္စတာ ကာ့ ကန့်(မ်)ဘဲ(လ်) နေပြည်တော်ကို ရောက်နေတဲ့အချိန်အတွင်း စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ခွင့်ရမရ မသိရသေးသလို မြန်မာပြည်မှာ ဘယ်နှစ်ရက် ကြာမယ်ဆိုတာကိုလည်း အတိအကျ မသိရသေးပါဘူး။ အခုထွက်လာတဲ့ သတင်းတွေအရကတော့ သူ့အနေနဲ့ မြန်မာပြည်မှာ တနင်္ဂနွေနဲ့ တနင်္လာ နှစ်ရက်ပဲ ကြာမယ့် သဘောရှိပါတယ်။ (voa)
0 ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်မှုအကြောင်း ရဲချုပ်ခင်ရီ၏ (နေပြည်တော် ပြည်ထဲရေးဝန်ကြီးရုံး ) သတင်းစာရှင်းလင်းပွဲမှ ထုတ်နှုတ်ရရှိသော လွဲချော်နေမှုများ
၁ ။၎င်းတို့စစ်အစိုးရကို အံတုယှဉ်ပြိုင်မည့် လက်နက်ကိုင်အဖွဲ့အသီးသီးနှင့် အတိုက်အခံအဖွဲ့အစည်း အသီးသီး ညီညီညွတ်ညွတ်ဖြင့် တပ်ပေါင်းစုကြီးတခုဖွဲ့ပြီးသည့်သဖွယ် အဖွဲ့အစည်းအားလုံးအား တစု တစည်းထဲ စွပ်ဆွဲထားသည် ။ နအဖ စစ်အစိုးရပြောသလောက်များ ၄င်းအဖွဲ့အစည်းများညီညွတ်ပြီး အမှန်တကယ်တိုက်ပွဲဝင်နေပြီဆိုပါက ဗမာပြည်တော်လှန်ရေး ယခုလိုကြာနေစရာမရှိပါ ၊ ရဲချုပ်ဆိုသူ ခင်ရီ ယခုလိုမဟုတ်တန်းတရားများ ပြောနေနိုင်မည်မဟုတ်ပါ ။
၂ ။ထိုင်းနိုင်ငံ မြန်မာသံရုံးကို ၁၉၉၀ ခုနှစ်မှာဝင်စီးခဲ့တယ်ပြောတယ် ။ တကယ်တမ်းက ၁၉၉၉ ခု ၊ အောက်တိုဘာလ (၁)ရက်နေ့ပါ ။ အဲဒီတုံးက ဗမာပြည်တော်လှန်ရေးအတွက် သံရုံးအလံဖြုတ်ချ ၊ ခွပ်ဒေါင်းအလံလွှင့်တင်ခဲ့တဲ့ ကျောင်းသားငယ်လေးတွေကို ထိုင်းစစ်တပ်ကတောင် တလေးတစား ဆက်ဆံခဲ့တာပါ ၊ ဘယ်သူကမှ အကြမ်းဖက်သမားလို့ မပြောခဲ့ပါဘူး ။ စစ်တပ်ယူနီဖေါင်းဝတ်ပြီး ရဲချုပ် တာဝန်ထမ်းဆောင်နေသော ၊ နိုင်ငံတော်အာဏာပိုင်အဖွဲ့စည်းတရပ်ကို ကိုယ်စားပြုရှင်းပြနေသော ၊ နိုင်ငံသားပြည်သူများသာမက တစ်ကမ္ဘာလုံးအားဇတ်လမ်းထွင်ရှင်းပြနေသောပုဂ္ဂိုလ်ကြီးသည် ၊ ခုနှစ်သက္ကရာဇ်များပင် မှန်အောင်မလေ့လာ မပြင်ဆင်နိုင်ပါကလား။
၃ ။ရှေ့ပိုင်းမှာ VBSW အဖွဲ့ဟာ နာမည်ဆိုးနဲ့ကျော်ကြားလာလို့ ဆက်လက်ရပ်တည်ဘို့ခက်ခဲလာတာ ကြောင့် ထိုင်းမြန်မာနယ်စပ် ABSDF ဒေါင်းခွင်စခန်းမှာဌာနချုပ်ထားပြီး ထိုင်းနိုင်ငံ ၊ မယ်ဟောင်ဆောင် ခရိုင် ၊ မဲစရီးယန်းမြို့နယ်က ABSDF ရုံးမှာ ရုံးခွဲဖွင့်လှစ် ခေါင်းလျှိုနေခဲ့တယ်ပြောထားပြီး VBSW ရဲ့ ခေါင်းဆောင် ရဲသီဟက ပြည်သူ့ပြောက်ကြားတပ်ဦး(People Guerrilla Front – PGF ) ကို မွေးထုတ် ပြီး အကြမ်းဖက်လုပ်ငန်းတွေဆက်လုပ်နေတယ်ပြောပြန်ပါတယ် ၊(ရပ်တည်ဘို့ခက်ခဲတဲ့လူတယောက် က နောက်တဖွဲ့တောင်ထပ်ထောင်နိုင်တယ်) ဆိုတာမျိုး ၊ ရှေ့နောက်မညီ ယုတ္တိမတန်တာတွေ့ရ ပါတယ် ၊ ပြီးတော့ VBSW အဖွဲ့ဝင်တွေနဲ့ ရဲသီဟ ဟာ မဲဆောက်မှာတွေ့ခဲ့တယ်ပြောပြန်ပါတယ် ၊ဒေါင်း ခွင် ၊ မဲစရီးယန်း စတဲ့မြို့တွေနဲ့ မဲဆောက်တခြားဆီဆိုတာ ရဲချုပ်ကြီး မလေ့လာဖူးဘူး ထင်ပါရဲ့ ။
၎ ။သူရဇော်နဲ့အောင်ကြီးဟာ စမ်းချောင်းကငှားထားတဲ့အိမ်မှာ ၁၆.၁.၂၀၁၀ နေ့အထိနေပြီး သံလျှင် ၊ သမကောလိပ်လမ်း ၊ ညောင်သုံးပင်ဘူတာရုံအလံချိုးဝန်ထမ်း ဦးမြသောင်းနေအိမ်ကို အောင်ကြီး အတွက် ငှားရမ်းပြောင်းရွှေ့နေပြီး ၆.၂.၂၀၁၀ နေ့မှာ အောင်ကြီးနဲ့ဦးမြသောင်းတူမရီရီမြင့်(၃၂ နှစ်) ၊ မင်္ဂလာဆောင်တယ်ပြောထားပါတယ် ၊ အောင်ကြိး ခေါ် အုန်းကျော်ဌေးဟာ ကန်ထရိုက်လုပ်တယ် ၊ တောင်တွင်းကြီးသား ၊ ခြေဆေးအိုင်ရွာကလို့ပဲ မရီရီမြင့်ကိုပြောထားပြီး ဓါတ်ပုံကအစ ဘာအချက် လက်မှမရှိအောင်နေခဲ့တယ်ဆိုတော့ ရက်၂၀ အတွင်းမှာ နောက်ကြောင်းတောင်ဘာမှမသိတဲ့ ယောက်ကျားတယောက်ကိုကောက်ယူတာ ဘယ်လိုမိန်းမမျိုးပါလဲ ၊ ရဲချုပ်ကြီးကတော့ ဦးမြတ်စိုးလှိုင် (လယ်ယာစီးပွားသတင်းဂျာနယ်) ကမေးတဲ့အခါ မရီရီမြင့်ဟာ ရိုးသားသူဖြစ်တယ် ပြောပြန်ပါတယ် ၊ အဓိက အကျဆုံးအလွဲကတော့ အုန်းကျော်ဌေးဟာ ဇန္န၀ါရီလကုန်ပိုင်းမှာ ရက်၂၀လောက် ခရီးသွား တယ်ပြောပြီး ၆.၂.၂၀၁၀ နေ့မှာ ဦးမြသောင်းတူမ မရီရီမြင့်နဲ့ မင်္ဂလာဆောင်တယ်ပြောတာပါပဲ ၊ ဘယ်ဟာက အမှန်လဲ ဘယ်ဟာကအမှားလဲ ၊ အားလုံးကိုမှားနေတာလား ၊ ပြိးတော့ အောင်ကြီးက မရီရီမြင့်နဲ့ ဘယ်လောက်ဘယ်လိုပေါင်းသင်းနေတယ်မပြောပဲ မရီရီမြင့်ဟာ ရိုးသားသူမို့ လေးငါးရက် အတွင်း cover story လုပ်သွားတာမသိလိုက်ဘူးလဲပြောထားပါတယ် ၊ ဦးကိုကို ( ရန်ကုန်မီဒီယာဂရု) က မေးတာကိုဖြေတာမှာတော့ ဖြိုးဝေအောင်နဲ့မရီရီမြင့်တို့နှစ်ဦးကိုခြေရာခံမိရာက သူတို့နှစ်ဦးကို တိုက်ဆိုင်စစ်ဆေးချက်အရ ကွင်းဆက်ကြီးတခုလုံးကိုပီပီပြင်ပြင်ဖေါ်ထုတ်နိုင်တာပြောပြန်ပါတယ် ၊ ဘာမှမသိလိုက်ပါဘူးဆိုတဲ့မရီ၇ီမြင့်ဆီက ဘယ်လိုကွင်းဆက်တွေရတာပါလဲ ။
၅ ။သတင်းစာရှင်းလင်းပွဲတွင်မြေပုံဖြင့်ဖေါ်ပြထားသော လက်ပစ်ဗုံးများပေါက်ကွဲရာနေရာနှင့် ပြည် တွင်းထုတ်ဂျာနယ်များတွင် ဓါတ်ပုံဖြင့်တရားဝင်ဖေါ်ပြခဲ့သောနေရာ လွဲနေပါတယ် ၊ မြေပုံအရ ပေါက်ကွဲသောနေရာမှာ မဏ္ဍပ်ရှေ့ လူအများကခုန်ရာဖြစ်ပြီး ၊ ဓါတ်ပုံများအရ ပေါက်ကွဲသောနေရာမှာ လုံခြုံရေးများရပ်နေရာ လမ်းဆုံ(လမ်းလယ်ခေါင်)မှာဖြစ်ပါတယ် ။ လူအုပ်ကိုကျော်ပြီး ညာဘက် လက်နဲ့ ပစ်လိုက်တယ်လဲ ပြောထားပါသေးတယ် ။
၆ ။သူရဇော်က ဖြိုးဝေအောင်ကို ၁၀.၄.၂၀၁၀ နေ့မှာ online ပေါ်မှာ ၄င်းတို့ရောက်နေကြောင်း ပြောပြီး X2O မဏ္ဍပ်ကိုတိုက်ခိုက်မည်ဖြစ်ကြောင်း ၁၅.၄.၂၀၁၀ နေ့ ၁၂နာရီတွင် ဆုံရပ်မဏ္ဍပ်ရှေ့ဟု သတ်မှတ်ကြောင်း ပြောခဲ့တယ်ဆိုထားပြီး ဖေါက်ခွဲမှုပြုလုပ်မဲ့ ဧပြီလ ၁၅ ရက်နေ့ နေ့လည် ၁နာရီ ၂၀မိနစ်မှာ ဖြိုးဝေအောင်က မဏ္ဍပ်ရှေ့ကစောင့်နေခဲ့တယ် ၁နာရီ ၁၅ မိနစ်မှာ သူရဇော်တို့ ရောက် လာခဲ့တယ်ပြောပြန်ပါတယ် ၊ ၁၅မိနစ်နဲ့၂၀မိနစ် ဘယ်ဟာကအရင်ဖြစ်ပြီး အမှန်ဆို စောင့်သူက ဘယ်သူတွေဖြစ်ရမလဲမတွက်တတ်လောက်အောင် ရဲချုပ်ကြီးဇတ်လမ်းဆင်ကွက်တွေက လွတ်နေ ပြန်ပါတယ် ။ ပြီးတော့ လက်နက်ကိုင်တိုက်ခိုက်ဘို့ ၁၂ နာရီချိန်းပြီး ၁နာရီ၁၅မှရောက်ကြတဲ့ လွဲချော်မှုမျိုး ၊ ရဲချုပ်ကြီးတို့ရဲ့ ကြွက်ခေါ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မျိုးမှာကလွဲရင် ဘယ်လိုလက်နက် ကိုင်အဖွဲ့မှာမှ မရှိလောက်ပါဘူး ၊ နောက်တခုက ပေါက်ကွဲမှုဖြစ်ခဲ့တာက ၃ နာရီခွဲနီးပါးမှပါ ၊ အချိန် ၂နာရီကျော်လောက် (ရဲချုပ်ကြီးအပြောတိုင်းဆိုရင်) သင်္ကြန်လည်သူတွေထက်ပုံသဏ္ဍာန်ထူးနေတဲ့ ဘေးလွယ်အိတ်တွေကိုယ်စီပါတဲ့ လူလေးယောက်က လက်ပစ်ဗုံးတွေ ၊ ချိန်ကိုက်ဖေါက်ခွဲရေးဗုံးတွေနဲ့ လျှောက်သွားနေမှာကို ခုဗုံးစံထိခဲ့တဲ့ စစ်မြေပြင်အတွေ့အကြုံရှိ ဗိုလ်ကြီးသန့်စင်သိမ်းအပါအ၀င် ၊ ရဲတွေ ၊ ကြံ့ဖွတ်တွေ ၊ များစွာသောလုံခြုံရေးယူထားသူတွေ ဘာဖြစ်လို့များသတိမထားမိကြပါလိမ့် ၊ ဒါမှမဟုတ် မြန်မာနိုင်ငံက စစ်တပ်အပါအ၀င် ရဲနဲ့လုံခြုံရေးဆိုသူတွေရဲ့အရေအချင်းတွေက သုံးမရ အောင်နိမ့်ကျနေပြီး ဖေါက်ခွဲရေးသမားဆိုသူတွေကပဲ တော်လွန်းနေလို့များလား ။
၇ ။သတင်းစာရှင်းလင်းပွဲဆိုပြီး သေဆုံးသူ ဘယ်သူ ၊ ဘာလုပ်ကိုင်တယ် ၊ ဘယ်သူတွေဒါဏ်ရာရ တယ်လို့ လုံးဝမဖေါ်ပြတာ ဘာကြောင့်ပါလဲ ၊ ခုချိန်ထိစင်္ကာပူမှာဆေးကုခံနေရတဲ့ အမှတ် ၄ စစ်ဒေသ မှုး ဗိုလ်မှုးကြီးအုန်းချိုအကြောင်း ဘာကြောင့်တရားဝင်မပြောတာလဲ ၊ သူကဘာကြောင့် အဲဒီမဏ္ဍပ် ရောက်နေရတယ်ဆိုတာ ဖုန်းကွယ်ထားရတာလဲ ၊ ၂၂.၄.၂၀၁၀ ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်း သတင်းစာတွေမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရန်ကုန်ဆေးရုံကြီးတွင် ဗုံးကွဲမှုကြောင့် ဒါဏ်ရာရရှိထားသော ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ အထွေထွေအုပ်ချုပ်ရေးဌာန၀န်ထမ်းများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အားပေးစကားပြောဟုပါရှိသော်လဲ သတင်းစာရှင်းလင်းပွဲတွင် ဘာကြောင့် မပြောပြရတာလဲ ၊ ဦးကိုကို ( ရန်ကုန်မီဒီယာဂရု)က ကျဆုံး ၊ ဒါဏ်ရာရ သူတွေကိုယ်စား တရားခံတွေဖေါ်ထုတ်ပေးတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျေးဇူးတင်ပါတယ်ဆိုတာအပေါ် ရဲချုပ်ကြီးမငြင်း ခဲ့ပါဘူး ၊ ကျဆုံးဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းမှာပဲသုံးတာပါ ။
၈ ။ဗုံးကွဲပြီးရက်ပိုင်းမှာ တယက ညွှန်ကြားချက်နဲ့ မသင်္ကာဘွယ်ရာ ဖေါက်ခွဲရေးသမား ၂ ဦးကိုတွေ့ရှိ သတင်းပေးပါက ဆုငွေ ၁၀ သိန်းပေးမည်လို့ ရယက ရုံးတိုင်း ၊ ရဲစခန်းတိုင်း ၊ လူစည်ကားရာတိုင်းမှာ တရားဝင်ကြေငြာခဲ့တာပါ ၊ ခုသတင်းစာရှင်းပွဲကြမှ ၄ ယောက်ဖြစ်သွားတာကိုနဲ့ ဗုံးပစ်လိုက်တဲ့သူကို သပြေကုန်း ၇ယက ဥက္ကဌမြင်လိုက်တာ ၊ တယောက်ကိုနေရာမှာတင်ချက်ခြင်းဖမ်းမိတယ်လို့ နိုင်ငံ တော် ဆင်ဆာခွင့်ပြုချက်နဲ့မှထုတ်ရတဲ့ ၊ ဂျာနယ်တွေထဲမှာဖေါ်ပြထားတာတွေနဲ့ပါတ်သက်ပြီး ဦးမြတ်စိုးလှိုင် (လယ်ယာစီးပွားသတင်းဂျာနယ်) ကမေးတာကိုလဲ ဖြေကြားခြင်းမရှိပဲ ကောလဟာလ ပါလို့ ဝေ့လည်ဝေ့လည်လုပ်သွားခဲ့ပါတယ် ။
၉ ။၈.၅.၂၀၁၀ ထုတ် Burma Today မှာ ကိုဖြိုးဝေအောင်ရဲ့ဇနီးကလဲ ကျွန်မတို့မှာ သမီးလေးတ ယောက် ၊ သားလေးတယောက်ပဲရှိတာပါ ၊ သတင်းစာထဲမှာ ၃ ယောက်လို့ပြောထားတယ် ၊ အလွဲတွေ ချည်းပါပဲလို့ပြောပါတယ် ၊ ဒါလဲ ရဲလုပ်ငန်းမို့ပါ လို့ပြောဦးမှာလား ရဲချုပ်ကြီးရယ် ။ (မောင်ချင့်ချိန်)