Friday, June 4, 2010

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူရှေ့ နေဦးဥာဏ်ဝင်းတို့ထပ်မံတွေ့ဆုံ

ယနေ့ဇွန်လ ၃ ရက်နေ့ညနေ ၃ နာရီအချိန်ခန့်က ရန်ကုန်မြို့၊တက္ကသိုလ်ရိပ်သာလမ်း ၊အမှတ်(၅၄) ရှိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်၌NLDပါတီ၏ပြောရေးဆိုခွင့်ရှိသူရှေ့နေဦးဥာဏ်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ယင်းသို့တွေ့ဆုံဆွေးနွေးရာ၌မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှNLDပါတီ၏ပြောရေးဆိုခွင့်ရှိသူရှေ့နေဦးဥာဏ်ဝင်းအားအောက်ပါအတိုင်း ပြောကြားခဲ့ပါသည် ။

(၁) တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြားပေါင်အားမြန်မာစစ်အစိုးရမှလက်ခံတွေ့ဆုံခြင်းသည် အိမ်နီးချင်းနိုင်ငံတစ်ခုအနေဖြင့်ချစ်ကြည်ရင်းနှီးမှုမှာအလွန်အရေးကြီးသည့်အတွက်တွေ့ဆုံခြင်းအပေါ်ဝမ်းမြောက်စွာလက်ခံပါကြောင်း

(၂)NDF ဒေါက်တာသန်းညိမ်းနှင့် ဦးခင်မောင်ဆွေတို့ ပါတီတည်ထောင်၍မှတ်ပုံတင်ခြင်းကိစ္စရပ်အပေါ်၌ ရှုတ်ချခြင်းလည်းမပြုသလို၊ထောက်ခံခြင်းလည်းမပြုကြောင်း၊ ၄င်းတို့ပါတီအနေနှင့် NLD ပါတီနှင့်မည်သို့မှ မသက်ဆိုင်ပါကြောင်း

(၃)အမေရိကန်အထက်လွှတ်တော်အမတ်(၆)ဦးမှNLDပါတီကိုလက်ရှိတရားဝင်ပါတီအဖြစ်ထောက်ခံ အားပေးနေံခြင်းကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း

(၄)ဦးအောင်ဆန်းဦးမှစွဲဆိုခဲ့သောအမှုကိစ္စအပေါ်၌လည်းတရားဥပဒေနှင့်အညီ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း

(၅)အမေရိကန်နိုင်ငံအထက်လွှတ်တော်အမတ် မစ္စတာဂျင်ဝဘ်နှင့်လည်းတွေ့ဆုံခွင့်ရပါကတွေ့ဆုံလိုပါကြောင်း

(၆)၄င်း၏ကျန်းမာရေးအခြေအနေမှာလည်းကောင်းမွန်လျှက်ရှိနေပါကြောင်း၊မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှNLD ပါတီ၏ပြောရေးဆိုခွင့်ရှိသူရှေ့နေဦးဥာဏ်ဝင်းသို့ပြောကြားသွားခဲ့ပါသည်။

လေးစားဦးညွှတ်လျှက်

ရဲရဲတောက် Burma Paparazi

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ခွဲထွက်သွားတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြောဆို...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်များဖြစ်တဲ့ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်းတို့ တည်ထောင်ထားတဲ့NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဘာမှ မပတ်သတ်ကြောင်း.. NLD အဖွဲ့ရဲ့ ညီနောင်လည်းမဟုတ်ကြောင်း ပြောဆိုတယ်လို့ ယနေ့ ကြာသာပတေးနေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရတဲ့ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ အန်ကယ်တို့ နေလည်၁၂နာရီခွဲက ဦကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ ဒေါ်ခင်ဋ္ဌေးကြွယ်ရယ် သုံးယောက်ပေါ့.. ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိကကတော့ ဦးအောင်ဆန်းဦးက တရားရုံးချုပ်မှာ အယူခံတင်တဲ့ ကိစ္စပေါ့ ..အိမ်ပြင်တဲ့ ကိစ္စသူလျှောက်တာကို တရားရုံးက ပယ်တဲ့ အတွက်ကြောင့် သူကအယူခံထပ်တင်တာ..... လျှောက်လဲချက်ပေးဖို့ သွားတွေ့တာပေါ့ ... ကျန်တာကတော့ ဒီပြင့် အမှုကိစ္စတွေလည်းပြောတယ်... နိုင်ငံရေးလည်း ပြောဖြစ်တာပေါ့... ပြောတဲ့ထဲမှာ အခုNDF ပေါ့.. ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က အခုအဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဘာမှ မသက်ပတ်ဘူး. NLD ရဲ့ ညီနောင်လည်းမဟုတ်ဘူးလို့ ပြောဆိုတယ်။ နောက်ဒီအဖွဲ့ကိုလည်း အခုရွေးကောက်ပွဲ ဝင်မယ်ဆိုတဲ့ ပါတီ ၄၀ထဲက တစ်ခုအဖြစ်ပဲ မြင်တယ်။ ပါတီ ၄၀ အပေါ်မှာကတော့ အခုအချိန်မှာ သူ့အနေနဲ့ ဘာမှ ကောက်ချက် မပေးနိုင်ကြောင်း ပြောဆိုပါတယ်။

နောက်တစ်ခုက အဖွဲ့ချုပ်က အခုလို မှတ်ပုံမတင်ပဲနဲ့ နေလိုက်တဲ့အခါမှာ ဒေါ်စုက ဒီ့နောက်ပိုင်းမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေထောက်ခံမှု၊ ပါတီတွင်းထောက်ခံမှု ပိုမိုရရှိတယ်လို့ သူခံစားရတယ်။ နောက်တိုင်းရင်းသားတွေနဲ့ ပတ်သတ်ပြီး ဒေါ်စု တစ်ခုပြောတယ် ... တိုင်းရင်းသားတွေ မပါပဲနဲ့ အမျိုးသားရင်ကြားစေ့ရေး မဖြစ်နိုင်ဘူး.. အဲဒီတော့ တိုင်းရင်သား အရေးကို အလေးအနက်ထားရမယ်။ တစ်ချို့သော တိုင်းရင်းသား အဖွဲ့စည်းတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံတယ် ဆိုတဲ့ အသံတွေ ကြားရတယ်။ ဒါယာ ဝမ်းသာစရာပဲ တိုင်းရင်းသားနဲ့ ပြည်မနဲ့ဟာ ဒီလို အပြန်အလှန် နားလည်နိုင်ကြမှ အမျိုးသားရင်ကြားစေ့ရေး ဖြစ်မယ်လို့ အဲ့ဒါတွေ ပြောပါတယ်။

တစ်ခုထပ်ပြောတာက အမေရိကန် ကွန်ကရက်မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပါတီနှစ်ခုပေါင်းက ဆီးနိတ်အမတ် ၆ယောက်က Statement တစ်ခုထုတ်တယ် ကြားရတယ်။ အဲ့ဒီ Statement မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်တာကို ထောက်ခံတယ် .... လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်ကိုလည်း အသိအမှတ်ပြုတယ်.. အဲ့လိုပါတယ်။ ဒါကြောင့် ဒီဆီနိတ်တာ များကိုလည်း ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းပါတယ်။ အန်ကယ်တို့ထွက်လာတဲ့ ညနေ ၃နာရီလောက်မှာ.. ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ဆရာဝန်ဒေါက်တာတင်မျိုးဝင်း တွေဖို့ စောင့်နေတာ တွေ့ပါတယ် "ဟု အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က စစ်အစိုးရရဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတဲ့ အတွက် ပါတီမှတ်ပုံတင်ခြင်း မပြုရန် အများသဘောတူ ဆုံးဖြတ်ခဲ့ပါတယ်။ မေလ ၆ရက်နေ့ ပါတီမှတ်ပုံတင်ရက် ကုန်ဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဖွဲ့ချုပ် စီအီးစီ အဖွဲ့ဝင်ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း အပါအဝင်တစ်ချို့ လူနည်းစုမှ NDF ပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။ ယခင်အဖွဲ့ချုပ်ဗဟို စီအီးစီ ၂၀ဦးအနက် လက်ရှိ ကြံကြံခံရပ်တည်နေသည့် ဗဟို စီအီးစီအဖွဲ့ဝင် ၁၅ဦးရှိပြီး ပြီးခဲတဲ့ လက စီအီးစီအဖွဲ့ဝင် သခင်စိုးမြင့် ကွယ်လွန်သွားခဲ့ပါတယ်။ ဒီကနေ့မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်..မှ ခွဲထွက် NDF အဖွဲ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မည်သို့မျှ မပတ်သတ်တော့ကြောင်း ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

သတင်း...ဒီမိုဝေယံ

2 ပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာ ငွေကိုရေလိုသုံးပြီးမွေးနေ့ပွဲလုပ်ပျော်ပါးနေတဲ့ သန်းရွှေရဲ့မြေး နေရွှေသွေးအောင်(ခေါ်)ဖိုးလပြည့်







ပြည်သူတွေ ဒုက္ခရောက်ပြီးငတ်ပြတ်နေချိန်မှာ မျောက်လောင်းလေးကတော့ မွေးနေ့ ကျင်းပပြီးပျော်မြူးနေလျက်ပါပဲ။

ဓာတ်ပုံများအတွက် batoeအားကျေးဇူးတင်ရှိပါသည်။

Thursday, June 3, 2010

0 မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟိုအဖွဲ့က ကြေညာချက်တစ်စောင် ထပ်မံထုတ်ပြန်


အံ့ဘုန်းမြတ်(dvb)
သရုပ်ဆောင်ထက်ထက်မိုးဦးနဲ့ 7 Day Journal သတင်းထောက် မအေးသူစံတို့ရဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းဗဟိုအဖွဲ့က ထပ်မံပြီး ကြေညာချက်တစ်စောင်ကို မနေ့က ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက်ထဲမှာတော့ သတင်းရင်းမြစ်နဲ့တွေ့ဆုံမေးမြန်းရင် ကျင့်ဝတ်နဲ့အညီမေးဖို့နဲ့ စာပေ၊ ရုပ်ရှင်၊ သဘင်ဂီတ နယ်ပယ်အချစ်ချင်းချစ်ခင်ရင်းနှီးမှုကိုပျက်ပြားစေနိုင်သည့် ပြောဆိုပြုမှုခြင်းများကိုရှောင်ရှားရန်ဆိုတဲ့နှစ်ချက်ကို စာနယ်ဇင်းအဖွဲ့ ကထုတ်ပြန်တာပါ။ ဒီလိုစာထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး “အဲဒီစာကတော့ နှစ်ဦးနှစ်ဘက်ကို မျှမျှတတဖြစ်အောင်အသင်းက စီမံတယ်၊ ဆုံးဖြတ် တယ်လို့ထင်တယ်။ စာထဲမှာ တိုက်တွန်းမေတ္တာရပ်ခံတယ်လို့ပါတယ်လေ.. ဆိုတော့မျှတာပါတယ်။ သတင်းထောက်ကို ဝေဖန်တာမျိုး.. ရှုတ်ချတာမျိုး မဟုတ်ဘူးလေ´´ လို့ သတင်းဂျာနယ် အယ်ဒီတာတစ်ဦးကပြောပါတယ်။

ဒီကြေညာချက်ကို အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) က ဥက္ကဌကိုယ်စား လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာဖြစ်ပြီး အသစ်ပြန်လည်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း ဗဟိုရဲ့ ဒုတိယအကြိမ်မြောက် ထုတ်ပြန်ကြေညာချက်လည်း ဖြစ်ပါတယ်။

0 အိုင်အယ်လ်အိုမှ မြန်မာနိုင်ငံ အတွင်း အဓမ္မ ခိုင်းစေမှု ဆိုင်ရာ လက်ကမ်း စာစောင် ဖြန့်ဝေမည်

ရန်ကုန်မြို့၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမား ရေးရာ အဖွဲ့ရုံး (အိုင်အယ်လ်အို) က အဓမ္မ ခိုင်းစေမှု ဆိုင်ရာ လက်ကမ်း စာစောင်ကို အစိုးရ၊ ကုလသမဂ္ဂ၊ ပြည်တွင်း ပြည်ပ လူမှုရေး အဖွဲ့ အစည်းများ၊ ရပ်ရွာ လူမှု အသိုင်း အ၀ိုင်း များမှ တဆင့် ဇွန်လ လယ်ပိုင်း မှစပြီး ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း ယင်းရုံးမှ ဆက်သွယ် ညှိနှိုင်းရေးမှူး စတိဖ် မာရှယ်လ်က ပြောကြား ပါသည်။ ယင်း လက်ကမ်း စာစောင်တွင် အဓမ္မ စေခိုင်းမှု ဆိုသည်မှာ အဘယ်နည်း၊ မည်သို့ တိုင်ကြား နိုင်သနည်း၊ တိုင်ကြား မှုသည် လျှို့ဝှက် လုံခြုံမှု ရှိပါသလား၊ တိုင်ကြားပုံ နည်းစနစ် အရ မည်သို့ ဆောင်ရွက် သနည်း၊ တိုင်ကြားခြင်းဖြင့် မည်သို့ ရလာဒ်များ ပေါ်ပေါက်လာ နိုင်ပါသလဲ၊ တိုင်ကြားမှု ပြုလုပ်ရန် မည်သူ့ကို ဆက်သွယ် ရမည်နည်း စသည်ဖြင့် ခေါင်းစဉ်များ ခွဲလျက် မြန်မာ ဘာသာဖြင့် လွယ်ကူ ရှင်းလင်းစွာ နားလည် နိုင်အောင် ရေးသား ထားကြောင်း သိရှိရ ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ရေးအရာရှိ စတိဗ် မာရှယ်လ် (Steve Marshall) နဲ့ ပဲခူးမြို့က လမ်းပြကြယ်အဖွဲ့မှရှေ့နေကြီးဦးအေးမြင့်တို့တွေ့ဆုံစဉ်

အဆိုပါ လက်ကမ်း စာစောင်ကို ဖြန့်ဝေ ရန်အတွက် အလုပ် သမား ရေးရာ ၀န်ကြီးဌာန၊ ၀န်ကြီး ဦးအောင်ကြည် နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ရုံး၊ (အိုင်အယ်လ်အို)၊ အမှုဆောင် ညွန်ကြားရေးမှူး မစ္စတာ ကာရီတာ ပရီအိုလာ နှင့် အဖွဲ့နှင့် ယခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် တွေ့ဆုံစဉ် သဘော တူညီချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ အိုင်အယ်လ်အိုက ပထမ ပုံနှိပ်မှု အနေဖြင့် စောင်ရေ တစ်သိန်း ရိုက်နှိပ်ထားပြီး လိုအပ် သလောက် ဆက်လက် ဖြန့်ဝေသွားမည်ဟု ဆိုပါသည်။ လက်ကမ်း စာစောင်တွင် အဓမ္မ ခိုင်းစေမှု ဆိုသည်မှာ လူတစ်ဦး တစ်ယောက်အား အလုပ် တစ်ခုကို ထိုသူ မပြုလုပ်ပါက (သို့မဟုတ်) မလိုက်နာပါက တစ်စုံ တစ်ရာ အပြစ်ပေး ခံရမည် ဟူသော ခြိမ်းခြောက် မှုကြောင့် ထိုသူ၏ ဆန္ဒမပါဘဲ ဥပဒေနှင့် ဆန့်ကျင်၍ ခိုင်းစေသော အလုပ်မျိုးကို ခေါ်ပါသည် ဟုဖော်ပြ ထားပါသည်။ ထို့အပြင် တိုင်ကြားချက်ကို ပေးပို့ရန် အိုင်အယ်လ်အို အဖွဲ့ရုံး၏ တည်ရှိရာ (ကုန်သည်ကြီးများ ဟော်တယ်၊ ဆူးလေ ဘုရားလမ်း) လိပ်စာ အသေးစိတ်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်များနှင့် အီးမေးလ် များကို ဖော်ပြ ထားသည်ဟု သိရှိရ ပါသည်။
(ဟံသာဝတီ)

0 မလေးရှား အန်အယ်ဒီအဖွဲ့ဝင် ထောင်ဒဏ် ၅ နှစ် ချမှတ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင်ဖြစ်ဖူးသူ ကိုသန်းမြင့်အောင်ကို သင်္ကန်းကျွန်းမြို့နယ် တရားရုံးက တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနှင့် တရားမဝင် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုတို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယနေ့ ချမှတ်လိုက်သည်။

မြန်မာနိုင်ငံတွင်းသို့ နယ်စပ်မှ ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် တရားမဝင်အဖွဲ့အစည်းနှင့် ဆက်သွယ်မှု (၁၇/၁) ထောင်ဒဏ် ၃ နှစ် သီးခြားစီကျခံရန် တရားသူကြီး ဒေါ်ညွှန့်ညွှန့်ဝင်းက ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူ့အီမေးလ် ဖွင့်ကြည့်ပြီးတော့ အဲဒီထဲက အထောက်အထားတွေအရ မလေးရှား NLD L/A မှာ ဝင်ရောက် လှုပ်ရှားခဲ့တဲ့ သက်သေခံတွေ၊ အချက်အလက် အထောက်အထားတွေက ခိုင်လုံနေတယ်” ဟု မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

အသက် ၃၁ နှစ်အရွယ် ကိုသန်းမြင့်အောင်သည် စစ်အစိုးရက အတိုက်အခံများကို ထောင်သွင်း အကျဉ်းချရာတွင် တွင်ကျယ်စွာ သုံးနေသော နိုင်ငံတော် အကြည်ညို ပျက်စေသော သတင်းအချက်အလက်များ အင်တာနက်မှတဆင့် ဖြန့်ဝေမှု အီလက်ထရောနစ် အက်ဥပဒေ ၃၃ (က) ဖြင့်လည်း စွဲဆိုခံထားရပြီး ဇွန် ၄ ရက်နေ့တွင် တာမွေမြို့နယ်ရှိ အရှေ့ပိုင်း ခရိုင်ထပ်မံ အမှုရင်ဆိုင်ရမှာဖြစ်သည်။

ကိုသန်းမြင့်အောင်မှာ မလေးရှားနိုင်ငံသို့ ပြန်လည်သွားရောက် အလုပ်လုပ်ရန် နိုင်ငံကူး လက်မှတ်လျှောက်ထားစဉ် မတ်လ ၄ ရက်နေ့က တာမွေမြို့နယ် ဘတ်စ်ကား မှတ်တိုင်တခုတွင် ရဲများက ဖမ်းဆီးခဲ့သည်။

ရဲက ဗုံးဖောက်ခွဲမှု တခုတွင်ပါ ပတ်သက်သည်ဟု သံသယရှိကာ သူကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စမ်းချောင်းမြို့ ပဒုမ္ပာပန်းခြံအတွင်း လူအသေအပျောက် မရှိသည့် ဗုံးပေါက်ကွဲမှု မတ်လ ၃ ရက် နေ့က ဖြစ်ပွားရာ ကိုသန်းမြင့်အောင် လက်ချက်ဟု ရဲက စွပ်စွဲခဲ့ရာက အထောက်အထား မပြနိုင်သဖြင့် စွဲချက် ပျက်ပြယ်သွားသည်။

ကိုသန်းမြင့်အောင်သည် မလေးရှားနိုင်ငံတွင် ၂၀၀၂ ခုနှစ်မှသည် ၂၀၀၈ ခုနှစ် နှောင်းပိုင်းအထိ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - မလေးရှားဌာနခွဲ) တွင် အဖွဲ့ဝင် ဖြစ်ခဲ့ဖူးသည်ဟု စုံစမ်း သိရှိရသည်။

0 နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သောက်သုံးရေရရှိရန်အတွက်ပေးဆပ်မှုများ





ရေရပြီ သို့သော် . . .

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ပြည်တွင်း ပြည်ပမှ သဒ္ဓါတရား ထက်သန်စွာဖြင့် ရေအလှူရှင်တို့၏ ပံ့ပိုးမှုတို့ကြောင့် ရေတိုလုပ်ငန်းဖြစ်သော သောက်သုံးရေ လှူဒါန်းမှုအပြင် ရေရှည်လုပ်ငန်းဖြစ်သော အ၀ီစိတူးဖော်ခြင်း၊ အုတ်ကန်များ တည်ဆောက်ခြင်းတို့ကိုလည်း ပဲခူးတိုင်း၊ က၀မြို့နယ်၊ ခနီးကျေးရွာတွင် တူးဖော်ပေးခဲ့ရာ ထွက်ရှိလာသော ရေချိုကို ရန်ကုန်သို့ သယ်ယူပြီး စံချိန် စံညွှန်းပြည့်မီမှု စမ်းသပ်စစ်ဆေးလျှက် ရှိနေပါကြောင်း . . .

ဗညားဒလလည်း ရေထွက်ပြီ

အများပြည်သူ လှူဒါန်းငွေတို့ဖြင့် အများပြည်သူအတွက် သောက်သုံးရေ ရရှိရေးအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကုသိုလ်ဖြစ် ရေတူးဖော်ရေးလုပ်ငန်းကို ဒေသခံ လူမှုရေးသမား များနှင့် ပူးပေါင်း အကောင်အထည်ဖော် ပေးဆပ်လျှက်ရှိရာ ယခု ဒလမြို့နယ်၊ ဗညားဒလရပ်ကွက်ရှိ မစိုးရိမ်ကျောင်းဝင်း အတွင်းတွင် အ၀ီစိရေ တူးဖော်ခဲ့ရာ ၁.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် ရေချိုများ ထွက်ရှိ ပြီ ဖြစ်ပါသည်။



ယင်း ဗညားဒလရပ်ကွက်တွင် ယခင်က သောက်သုံးရေ တူးဖော် မရခဲ့ပါ။ ယခု ပြည်တွင်း ပြည်ပ ရေအလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ မှန်ကန်သော ပေးဆပ်မှုတို့ကြောင့် ဗညားဒလရပ်ကွက်တွင် သောက်သုံးရေ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်ဟု ယူဆနိုင်ပါသည်။

ယခု ထွက်ပေါ်လာသော အ၀ီစိရေသည် ဓာတုဓါတ်ပစ္စည်းများ ပါဝင်မှု ရှိ/မရှိ၊ လူတို့ သောက်သုံးရန် သင့်/မသင့် တို့ကို စစ်ဆေးရန်အတွက် သက်ဆိုင်ရာ ဓါတ်ခွဲခန်းများသို့ ပို့ဆောင်ထား ပြီးဖြစ်ပါသည်။

ကိုကျော်သူ

0 BURMA VJဇာတ်ကား ဂျပန်တွင်ရုံတင်ပြသ

မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို မှတ်တမ်းတင်ရိုက်ကူးထားသည့် ဘားမားဗီဂျေ(BURMA VJ)ဖြစ်ရပ်မှန် မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ဂျပန်နိုင်ငံတွင်လည်း ရုံတင်ပြနေပြီဖြစ်သည်။ တိုကျိုမြို့၊ ရှီဘူယရပ်ကွက်၊ ကုလသမဂ္ဂအဆောက်အဦရုံးရှေ့တွင်တည်ရှိသည့် Aoyama Theatreတွင် မေလ ၁၅ ရက်နေ့မှစတင်၍ ရုံတင်ထား လျက်ရှိပြီး တနေ့(၅)ကြိမ်ပြသလျက်ရှိသည်။

ဘားမားဗီဂျေမှတ်တမ်းတင်ရုပ်ရှင်ဇာတ်ကားကို သွားကြည့်ရှုခဲ့သူတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)မှ အလုပ်သမားရေးရာတာဝန်ခံ ကိုဝင်းအောင်(၂)မှ ''ဒီကားဟာ မြန်မာနိုင်ငံအတွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပြသထားတာလေ။ ဇာတ်လမ်းကျောရိုးဖန်တီးပြီး ရိုက်ထားတာမဟုတ်ဘူးပဲ Documentaryသဘောမျိုး ဖြစ်ရပ်မှန်သတင်းတွေကို စုစည်းပြီးတင်ပြထားတဲ့ဇာတ်ကားပါ။ အင်တာနက်မှာ တင်ထားတာရှိပေမယ့် အခုလို ရုံမှာကြည့်ရတာက ပိုရှင်းလင်းတယ်။ ကြည်လည်ပြတ်သားမှုလည်းရှိတယ်။ နောက်တချက်က ကိုယ့်ပြည်တွင်းထဲမှာ တကယ့်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့အကြောင်းတွေကို ဂျပန်မိတ်ဆွေတွေသိအောင်၊ ကြည့်ဖြစ်အောင် တိုက်တွန်းသင့်တယ်။ သူတို့လည်းကြည့်ပြီး မြန်မာပြည်အကြောင်း အထူးသဖြင့် နအဖစစ်အာဏာရှင်တွေရဲ့ လူမဆန်စွာရက်စက်မှုတွေကို ကောင်းကောင်းနားလည်သဘောပေါက်သွားကြပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ နောက်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ နအဖစစ်အုပ်စုဟာ တိုင်းပြည်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထား၊ ပြည်သူလူထုအပေါ်ထားတဲ့ စိတ်ပိုင်းဆိုင်ရာတွေကို ကွက်ကွက်ကွင်းကွင်းကွင်းမြင်ရပါလိမ့်မယ်။ သူတို့(နအဖ)ဟာ မတရားသိမ်းပိုက်ထားတဲ့ သူတို့ရဲ့အာဏာနဲ့ပတ်သက်လာရင် တောင်းဆိုမှုတွေပြုလုပ်လာမယ်ဆိုရင် ပြည်သူမပြောနဲ့ ဘုရားသားတော်တွေဖြစ်တဲ့ ရဟန်းသံဃာတော်တွေကိုတောင် လိုက်လျောမှာမဟုတ်ဘူး။ အရာရာကို လက်နက်အားကိုးနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အကြမ်းဖက်ချင်တဲ့စိတ်ပဲရှိတယ်တာကို မြင်တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် သူတို့ပြောပြောနေတဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဖော်ဆောင်နေတယ်ဆိုတာ နိုင်ငံတကာကို လိမ်လည်နေတာပဲဖြစ်တယ်...''ဟု ယခုလိုရှင်းပြသည်။

ဘားမားဗီဂျေဇာတ်ကားသည် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် နအဖစစ်အုပ်စုမှ ရဟန်းသံဃာတော်များနှင့် ကျောင်းသားပြည်သူတို့၏ ငြိမ်းချမ်းစွာတောင်းဆိုဆန္ဒပြခဲ့မှုများကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့သည့် တကယ့်အဖြစ်အပျက်များကိုဇတ်ကားဖြစ်ပြီး ပြည်တွင်းရှိ ဗီဒီယိုဂျာနယ်လစ်တို့က သက်စွန့်ဆံဖျားမှတ်တမ်းတင်ကာ ပြည်ပသတင်းဌာနသို့ အခက်အခဲများကြားမှ ပေးပို့ခဲ့ပုံကို တင်ပြထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ထို့အတွက် ၂ဝဝ၉ ခုနှစ်အတွက် ရွေးချယ်ခဲ့သည့် (၈၂)ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် နောက်ဆုံးဇကာတင်ဇာတ်ကား(၅)ကားတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်းခံခဲ့သည်။ အော်စကာဆုမရရှိပေမယ့်လည်း လူ့အခွင့်အရေးမှတ်တမ်း ရုပ်ရှင်ဆု (ဘာလင်)၊ ကမ္ဘာ့မှတ်တမ်း ရုပ်ရှင်တည်းဖြတ်ဆု အပါအဝင် နိုင်ငံတကာရုပ်ရှင်ဆုပေါင်း (၄၁) ဆု ဆွတ်ခူးခဲ့သည်။ အဆိုပါဇာတ်ကားကို နော်ဝေနိုင်ငံအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)က စီစဉ်ခဲ့ဖြစ်ပြီး ဒိန်းမတ်လူမျိုးဒါရိုက်တာ Anders Ostergaard ကပြန်လည်တည်းဖြတ်ပေးခဲ့ကာ ထုတ်လုပ်သူမှာ Lise Lense-Mollerတို့ဖြစ်ကြောင်း သိရသည်။

BURMA VJဇာတ်ကားကို Aoyama Theatreရုံတွင် ဇွန်လ ၁၈ ရက်(သောကြာနေ့)အထိ ပြသမှာဖြစ်ပြီး ယန်း ၁,၅ဝဝ ဖြစ်သည်။ ပြသချိန်များမှာ နံနက် ၁၁းဝဝ နာရီ၊ နေ့လယ် ၁းဝဝ နာရီ၊ နေလယ် ၃းဝဝ နာရီ၊ ညနေ ၅းဝဝ နာရီနှင့် ည ၇းဝဝ နာရီတို့ဖြစ်သည်။ သွားရောက်ကြည့်ရှုလိုသူများအနေဖြင့် မြို့ပတ်ရထား Yamanote လိုင်းစီး၍ Shibuyaဘူတာတွင်ဆင်းရမည်ဖြစ်သည်။
မောင်ရှင်(ဘားမားမီဒီယာသတင်းထောက်)

Wednesday, June 2, 2010

0 စစ်သားတယောက်မျက်ရည်ကျခဲ့ရတဲ့ သားချော့တေးကဗျာ

0 ၈၈၈၈ ပြည်သူ့သတင်းစဉ် (အတွဲ ၅ - အမှတ် ၇၊ ဇွန်လ )

Tuesday, June 1, 2010

0 အမေရိကန်အရှေ့ဖက်ခြမ်းပြည်နယ်များကမြန်မာတို့ ဒေါ်စု၏ ၆၅နှစ် မွေးနေ့ စုစည်းကျင်းပမည်

(မိုးမခ)
လာမယ့် ဇွန်လ ၁၉၊ စနေနေ့မှာ ၀ါရှင်တန်ဒီစီ မှာ ပြည်နယ် မြို့နယ် ၇ ခုက မြန်မာမိသားစုတွေ စုဝေးပြီးတော့ မြန်မာပြည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၆၅ နှစ်ပြည့် မွေးနေ့ အခမ်းအနားကျင်းပမည့်အကြောင်း အားလုံးကို နွေးထွေးလှိုက်လှဲစွာ ဖိတ်ကြားထားပါတယ်။
ပထမအစီအစဉ်အနေနဲ့ သမ္မတအိုဘားမားရဲ့ အိမ်ဖြူတော်ရှေ့မှာ နေ့ခင်း ၁ နာရီက ၃ နာရီအထိ စုဝေးကြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အရေး ဦးစားပေးဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးနောက် ညနေ ၄ နာရီက ၇ နာရီ ကယ်ဗာရီ ဘက်ပစ် ချပ်မှာ မွေးနေ့အခမ်းအနားကို ယဉ်ကျေးမှုကပွဲ၊ ဗမာ့အငြိမ့်၊ ဓာတ်ပုံပြပွဲ စသည်တို့နဲ့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ မြန်မာပြည်တွင်း ရေရရှိရေး ၀ိုင်းဝန်းကူညီကြဖို့ နှိုးဆော်ရေး အစီအစဉ်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ၀င်ကြေးနဲ့ အစားအသောက်များကို အခမဲ့ လှူတယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ တခုတည်းသော အတိုက်အခံပါတီကြီး -အင်န်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုကို ထောက်ခံသူများ သွားဖြစ်အောင် သွားပြီး စုဝေး အင်အားပြသင့်တဲ့ ပွဲ တခု ဖြစ်ပါတယ်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.