Wednesday, February 2, 2011
1 စစ်တပ်ချုပ်ကိုင်တဲ့အတုအယောင် ပါလီမန် လွှတ်တော်ကျင်းပနေပုံ(ရုပ်/သံ)
ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် သီဟသူရ ဦးတင်အောင်မြင့်ဦးတို့အား ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
0 အမေရိက နေထိုင်တဲ့ အီဂျစ်များ အဝေးက ညာသံပေးမနေဘဲ တိုင်းပြည်ပြန်လာ ဆန္ဒပြ
မူဘာရခ်ကို ဆန့်ကျင်သူ အင်အားစုများ အားကောင်း လာပြီး၊ စစ်တပ်က ပထမဆုံးအကြိမ် ဆန္ဒပြသူတွေကို မပစ်ဘူးလို့ ကြေငြာလိုက်သည်။ စစ်တပ် လူထုဘက် ပါသွားတဲ့အတွက် အစိုးရက ဆန္ဒပြ ခေါင်းဆောင်များနဲ့
စကားပြောဖို့ ချက်ချင်း ကမ်းလှမ်းလိုက်သည်။
ယနေ့အင်္ဂါနေ့ အီဂျစ်လူထုရဲ့ သန်းချီ အရှိန်အဟုန်မြှင့် ဆန္ဒပြပွဲအစီအစဉ်ကို စစ်တပ်က မပစ်ခတ်ဘဲ ကြားနေဖို့ ကြေငြာပြီးနောက် ဒုတိယသမ္မတသစ် အိုမာ ဆူလီယန်မန်က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆန္ဒပြသူများက မူဘာရခ် အပြီးတိုင် ဆင်းပေးရေးကို ဆက်တောင်းဆိုသွားမည် ဖြစ်သည်။
ပြီးခဲ့တဲ့နှစ်ရက်အတွင်း အားကောင်းတဲ့ မူဆလင် ဘရားသားဟုဒ် အဖွဲ့၊ ဘာသာရေး မဟုတ်တဲ့အဖွဲ့များ၊ အခြား အတိုက်အခံများမှာ နိုဘယ်ဆုရှင် မိုဟာမဒ် အယ်လ်ဘာရာဒေး ဦးဆောင်မှုအောက်တွင် ညီညွတ်မှုရရှိပြီး ယနေ့ လူတစ်သန်း ကျော် ဆန္ဒပြပွဲကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယသမ္မတရဲ့ မိတ်ဆွေ အငြိမ်းစား သံတမန်ကြီး မိုဟာမဒ် ရှိုခရေး က “စစ်တပ်ဟာ ရုပ်သေးမဟုတ်သလို၊ နွားလည်း မဟုတ်ဘူး။ မူဘာရခ်အပါအ၀င် ဘယ်သူ့လက်ထဲမှာမှ စစ်တပ် မရှိဘူး။ ပြည်သူ့စစ်တပ်ပဲ ဖြစ်ရမယ်။ စစ်တပ်ဟာ လူငယ်တွေနဲ့ ထိပ်တိုက်ပဋိပက္ခဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး။ လူထုကို ပစ်သတ်ဖို့နဲ့ ပြည်တွင်းစစ် ဖြစ်ဖို့ထက်၊ ဗိုလ်ချုပ်တွေက မူဘာရခ် နှုတ်ထွက်ဖို့ပဲ တောင်းဆိုလိမ့်မယ်” ဟု The News York Times ကို ပြောဆိုခဲ့သည်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တဲ့ အီဂျစ် ဆန္ဒပြပွဲမှာ တစ်ပတ်အတွင်း အောင်ပွဲများနှင့်အတူ စနစ်တကျ ဆန္ဒပြမှု အရှိန်အဟုန် ပိုမြင့်လာသည်။ တိုင်းပြည်စီးပွားရေး ယိုယွင်းမှု၊ ဆင်းရဲမွဲတေမှု၊ အစိုးရခြစားမှုများနဲ့ အတူ မူဘာရခ် ပြုတ်ကျရေး ကို မနေ့က ကြွေးကြော်အော်ဟစ်ကြသည်။
အမေရိကန်ပတ်စပို့ကိုင်ထားတဲ့ အီဂျစ်များက အဝေးက ညာသံပေးမနေဘဲ တိုင်းပြည်ပြန်လာပြီး ဆန္ဒပြပွဲ ၀င်နွှဲကြသည်။ စစ်တပ်နဲ့ လူထုမှာ တော်လှန်ရေးတွင် တစ်သားထဲ ဖြစ်သွားသည်။
Source: The New York Times
http://www.maukkha.org/index.php?option=com_content&view=article&id=1313:2011-02-01-02-09-02&catid=120:2010-10-11-07-37-22&Itemid=374
0 စဉ်းစားကြည့်စေချင်
အမေစုအား လက်ရှိ စစ်အာဏာရှင်များမှ မတရားဖမ်းဆီး၍ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း သိပ်မကြာခင် လူထု အကျိုးပြုလုပ်ငန်းများကို တစိုက်မတ်မတ် ဆောင်ရွက်ပေးနေသော နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူမှ  အမှန်တ၇ားကို မြတ်နိုးကာ တန်ဖိုးထားသူတို့ သဘာဝ အရ အမေစု နေအိမ်သို့ သွားရောက် ဂါဝရ ပြုခဲ့သည်ကို မြင်တွေ့ ကြားသိခဲ့ရသည့် လူအပေါင်း၏ စိတ်နှလုံးတွင် များစွာ ရွှင်လန်း တက်ကြွဖွယ်ရာ တွေ့ရှိခဲ့ရပါသည် ။
 အဲဒီနေ့မှာ ထူးခြားစွာ နဲ့ စိတ်အားတက်ကြွ ဖွယ်ရာ  အဖြစ် ထပ်မံတွေ့မြင်လိုက်ရတဲ့ မြင်ကွင်းတစ်ခုက ကျနော့် ရဲ့ အတွေးစကို စတင် ဆွဲထုတ်လိုက်သလို ဖြစ်သွားပါတယ် ။ လူကိုသာ ဖမ်းချုပ်လို့၇မယ် တိုင်းပြည်ကို ချစ်တဲ့  စိတ်ဓါတ် ၊ အသိညဏ်နဲ့ အများ ကောင်းစားရေး ဆောင်ရွက်ချင် စိတ်ကို ဖမ်းချုပ်လို့ မရပါဘူး ဆိုတဲ့ ငြိမ်းချမ်းရေး မိခင်ကို ရုပ်ရှင်မင်းသား လုပ်ခွင့်ကိုသာ တားလို့ရမယ် ၊ သူ့ရင်ထဲက ...အနုပညာကို တားလို့မရပါဘူးဆိုပြီး ကျရာအခန်းဂဏ္ဍကနေ အနုပညာကို ဖော်ထုတ်ပြနေတဲ့ ဦးကျော်သူက ပညာ ၊ ညဏ် ၊ ဇွဲသတ္တိ တို့ကိုဖော်ကြူးပြသားထားတဲ့ ဒီပန်းချီကားလေး တချပ်ကို  လက်ဆောင်ပေးတဲ့ နေရာလေးမှာ လွတ်လပ်ရေး ဖခင်ကို နောက်ခံထားပြီး ရိုက်ထားတဲ့ ဒီဓါတ်ပုံလေးက နက်ရှိုင်းတဲ့ စကားလုံးတွေ အများကြီး ပေးနေသလို ခံစားရပါတယ်ဗျာ
 ထို့နောက် ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု မှာ ရဟန်းသံဃာများအား  ဆွမ်းကပ်မှု ဖြင့် ရုပ်ရှင်ရိုက်ကူးခွင့်၊ ထုတ်လုပ် ဖြန့်ချိခွင့်တွေ ပိတ်ပင်ခံလိုက်ရတဲ့ အကယ်ဒမီဆုရှင် ကိုကျော်သူက သူ့ဘ၀ လက်တွဲဖော် ရှုမညီးသော မရွှေဇီးကွက်၏ မွေးနေ့ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ( ၁၁၁၁ ) ပန်းချီပြပွဲ သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ချီးမြှင့်ခဲ့တဲ့သတင်းကို မိတ်ဆွေတို့ ဖတ်ပြီးဖြစ်ပါလိမ့်မယ်... ။
ဦးကျော်သူရဲ့ အနုပညာပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်တဲ့ အနပညာသမားတယောက်ကို ချီးမြှောက်လိုတဲ့ဆန္ဒနဲ့ လှပတဲ့ ပန်းချီကားတချပ်ကို ရေးဆွဲနေတဲ့ အချိန်မှာ အမေစုရဲ့ အားပေးချီးမြုင့်မှူမှာ ကိုကျော်သူတို့ မောင်နှံစုံတွဲ သာမက တက်ရောက် အားပေးတဲ့ ပရိတ်သတ်တွေ မှာလည်း အားရကျေနပ်ပျော်ရွှင်နေခဲ့တယ်ဆိုတာ သူတို့ မျက်ဝန်းက ကြည်လင်နေတဲ့ မျှော်လင့်ခြင်း မျက်ဝန်းတွေမှာ အထင်းသား ပေါ်လွင်နေပါတယ် ။ အမေ့ရဲ့ နူးညံ့လှပတဲ့ နုလုံးသားက ကျဆင်းလာတဲ့ ခိုင်းစေချက်ကို သွယ်လျလို့ ညွှတ်ပြောင်းနေတဲ့လက်ချောင်းလေးတွေက စတင်မောင်းနှင်ပြီး ဖြူစင်ရိုးသားတဲ့ အဖြူရောင်နောက်ခံထားပြီး ငြိမ်းချမ်းအေးမြမှု အပြာရောင် ကို အသုံးပြုကာ အနုစိတ်လှတဲ့ ကောက်ကြောင်း အချို့ကို ကွင်းဆက်များပမာ ဖန်တီးပြီး တဆင့်ပြီးအဆင့် မြင့်တက်လာတဲ့ ပုံသဏ္ဍန် အရောက်မှာ ဈန်ဝင်စားကာ ရေးဆွဲနေပတဲ့ အနေအထားက ရပ်တန့်လိုက်ကာ ကိုကျော်သူဘက် လှည့်လျှက် "အဲဒါကို သား ဆက်ပြီးတော့ ဆွဲလိုက်ပါ" ဆိုတဲ့စကားကို လူထုခေါင်းဆောင်က နှုတ်ဖျားက ကျဆင်းလာတဲ့ စကားသံမှာ စဉ်စားစရာလေးတွေပါနေလို့ မထင်မိဘူးလား..။
ချစ်ဇနီးရဲ့ မွေးနေ့ပွဲလေးမှာ အာဏာရှင်တွေ ဖိနှိပ်တဲ့ကြားက ပေါက်ဖွားလာတဲ့ သူ့ အနုပညာ ပန်းခင်းကို လာရောက်ကြည့်ရှုကြတဲ့ လူငယ်များကို လည်း တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ပါမှ တနိုင်ငံလုံး အေးချမ်းသာယာ ပြီး ခေတ်မှီ ဖွံ့ဖြိုးတိုးတက် မှာ ဖြစ်သော ကြောင်း ၊ အဲဒီလို စစ်မှန်တဲ့ စည်းလုံး ညီညွတ်မှုသာ ရရှိမယ်ဆိုရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး တေးသံများဟာ မြန်မာနိုင်ငံ တ၀ှမ်းမှာ အစဉ် ဖုံးလွမ်းနေအောင် ကြိုးပမ်းကြပါဖို့အတွက် အားသွန် ခွန်စိုက် ကြိုစားကြဖို့ အမှာစကား ပြောကြားသွားပါတယ် ။
လက်ရှိ အနေအထားမှ စစ်အာဏာရှင်တွေ အနေနဲ့ သူတို့မတရား သိမ်းပိုက်ထားတဲ့ အာဏာကို ပြည်သူလူထုက တရားဝင် အသိအမှတ်ပြုပါတယ်လို့ လက်ခံလာအောင် တရားမျှတမှု မရှိတဲ့ အခြေခံဥပဒေကို အခြေခံပြီး ရွေးကောက်ပွဲ အယောင်ပြ အရေခွံလဲပွဲကို ကျင်းပခဲ့တယ် ။ အဲဒီ ပွဲမှာ အမေစု ဦးဆောင်တဲ့ NLD ပါတီက ပြည်သူလူထုနဲ့ ရပ်တည်ပြီး မတရားတာကိုတော့ လက်မခံနိုင်ဘူးလို့ ငြင်းဆန်တဲ့ အတွက် NLD ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ရုပ်သိမ်းခဲ့တယ် ။ အားလုံး မျှော်လင့်ခဲ့တဲ့ အတိုင်းပါဘဲ သူတို့ဟာ မသမာသော နည်းလမ်း အမျိုးမျိုးကို အသုံးချပြီး မဲအသာစီးရအောင် လုပ်သွားတယ် ။ အဲဒီနောက် အုပ်ချုပ်ရေးကို သူတို့ စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတွေနဲ့ ခန့်ထားပြီး ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပါလို့ နိုင်ငံတကာက အသိအမှတ်ပြုအောင် သူတို့ လုပ်ဆောင်နေတဲ့ အချိန် ၊ သူတို့ လုပ်သမျှကို ပြည်သူလူထုက အာရုံစိုက်မှု မရှိဘဲ ၊ အမေစုလွတ်လာခဲ့ရင် အမေစုကို အာရုံစိုက်အောင် လွှတ်ပေးလိုက်ကြတယ် ။ အချိန်တန်လို့ သူတို့ စီမံတာ ပြီးမြောက် တိုင်းပြည် ငါးမှောက်တော့မယ့် အချိန်ကြရင် အမေစုကို ပြန်ထိန်းသိမ်းပါလိမ့်မယ် လို့ ယူဆမိတဲ့ လူတွေလည်း မနည်းလောက်ပါဘူး ။
လူထုပါတီ NLD ဟာ တိုင်းပြည်နဲ့ လူမျိုး အတွက် အင်မတန် အကျိုးရှိမယ့် ဆေးဘက်ဝင် သစ်ပင်တပင်လို့  ပြည်သူလူထု သဘောထားကြသလို အာဏာရှင် အသိုင်းအ၀ိုင်းကလည်း သူတို့ ခတ်ထားတဲ့ အဆိပ်တွေကို ပြေပျောက်အောင် လုပ်ဆောင်ပေးမယ့် ဒီဆေးဘက်ဝင်  သစ်ပင်ကြီးကို ခုတ်ထစ်ဖြတ်တောက်ဖို့ ကြိုးစားကြတာ သဘာဝ တရားပါ ။ NLD ပါတီဟာ ဆေးဘက်ဝင် သစ်ပင်တပင် ဆိုတာ လက်ခံထားရင် ဒီသစ်ပင်ကြီး ရှင်သန်ကြီးထွားလို့  အသီးအပွင့်တွေကို ပြည်သူလူထု သုံးဆောင် ခံစားနိုင်ဖို့ အဓိက အထောက်အပံ့ပေးနေတဲ့ ရေသောက်မြစ်ဟာ အမေစုပါဘဲလို့ ပြောရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး ။ ပင်စည်ကို ဖြတ်တောက်ပေမယ့် ရေသောက်မြစ် ရှိနေသေးသမျှ ထိုအပင်ကြီး ရှင်သန်ကြီးထွားဖို့ ဆိုတာ အမြဲ မျှောက်လင့်ချက်ရှိနေပါတယ် ။ ဒီလို ဆေးဘက်ဝင်တဲ့ သစ်ပင်ကြီး ရှင်သန်ကြီးထွားဖို့ အတွက် လိုအပ်နေတဲ့ ရေလောင်း ပေါင်းသင်  မြေသြဇာ ကျွေး အစရှိတဲ့ အရာမှန်သမျှ ကို တာဝန်သိတတ်တဲ့ ပြည်သူလူထု အချို့က စတင်ဆောင်ရွက်နေတဲ့ အချိန်မှာ ထိုအပင်ကြီး ရှင်သန် ကြီးထွားလာလို့ ဒီမိုကရေစီ နိုင်ငံ တည်ဆောက်မှာ ကို မလိုလားတဲ လူယုတ်မာ တစ်စုက မွန်မြတ်တဲ့ လုပ်ရပ်မှန်သမျှကို ကန့်ကွက် ဖျက်စီးနေကြတာ သတိထားကြည့်ရင် သိသာထင်ရှားလာပါလိမ့်မယ် ။
လက်ရှိ  အနေအထားမှာ NLD ဆိုတဲ့ ဆေးဘက်ဝင် သစ်ပင်ကြီး ရှင်သန်ကြီးထွားပြီး  ဒီမိုကရေစီ အသီးအပွင့်တွေ  အမြန်ဆုံး ပွင်ဖူးလာဖို့ အတွက် ၀ိုင်းဝန်း လုပ်အားပေးနေကြသူ အများစုရဲ့ ရည်ရွယ်ချက် တနိုင်ငံလုံးက မြန်မာနိုင်ငံသားတွေ စားသုံးဖို့ အတွက် ရည်ရွယ်ထားတာပါ ။ အာဏာရှင် ဆိုတဲ့  ပူလောင်လွန်းလှတဲ့ စနစ်ဆိုးအောက်မှာ ဒုက္ခအမျိုးမျိုး ခံစားနေရသူတွေ စစ်မှန်တဲ့  ဒီမိုကရေစီ စနစ်ကို အခြေခံထားထဲ့ အေးမြတဲ့ အရိပ်အောက်ကို ၀င်ရောက် ခိုလှုံမိတဲ့ အခါ  အတိတ်က သောက အမောတွေကို ပြေပျောက်စေမှာ အမှန်ဖြစ်သလို အနာဂတ် အတွက်လည်း ကောင်းမွန်တဲ့ ရည်မှန်းချက်နဲ့
ဘ၀ ရပ်တည်ချက်တွေ ပိုမို ခိုင်မာ စင်ကြယ်လာမှာ အမှန်ပါဘဲ ဆိုတာကို  ယုံကြည်ထားပြီး မကူညီရင်တောင် နေပါ ၊ ကန့်လန့်တိုက် စကားဆိုတဲ့ အဆိပ်ရည်တွေ မဖျန်းပက်ကြရင် ကြေနပ်ပါပြီ ။ ဒီမြေကြီးမှာ အမှီပြုကာ ရှင်သန်ကြီးပြင်းလာတဲ့  မြန်မာနိုင်ငံသား အဖြစ်ကို ခံယူထားတဲ့ လူသား အချင်းချင်း စစ်ခင်းနေတဲ့ ဘ၀တွေကို ရပ်တန့်နိုင်ကာ ငြိမ်းချမ်းရေး တေးသံတွေ ရွတ်ဆိုနိုင်ဖို့ အတွက်  ငြိမ်းချမ်းရေး မိခင်ကို ၀ိုင်းဝန်း ကူညီပေးကြမှ ဖြစ်လိမ့်မယ် ။ အခုလက်ရှိ အနေအထားမှာ ပင်စည်ကို ခုတ်ထစ် ဖြတ်တောက်ထားပေမယ့် ရေသောက်မြစ် တည်ရှိနေတာကို မလိုလားတဲ့ လူယုတ်မာများက ဆက်လက် ယုတ်မာဖို့ ကြံစည် နေကြအုံး မယ်ဆိုတာ ကို သတိထားပြီး လေးနက်စွာ စဉ်စားစေလိုပါတယ် ။
ဒီလို အခြေအနေတွေကို အမေစုလည်း ဥာဏ်အမြှော်အမြင် သိပ်ပြီးမားလွန်းတဲ့ အမေစုလည်း တွေးမိမှာ အမှန်ပါဘဲ ။ NLD မှ ခေါင်းဆောင်တွေလည်း
အသက်ကြီးလာတဲ့ အချိန် ၊ အမေစု အနေနဲ့ အနာဂတ်ကို မျှော်တွေးပြီး လူငယ်တွေကို နိုင်ငံရေး အသိစိတ်ဓါတ်တွေ ဖြန့်ဝေပေးတာလည်း အားလုံး အသိပါ ။ အကယ်၍များ အမေစု ကို ပြန်လည် ထိန်းသိမ်းလိုက်မယ် ဆိုရင် လူငယ်တွေနဲ့ လူကြီးတွေ ကြားမှာ ဆက်သွယ်ပေးမယ့်လူတစ်ယောက်ဟာ နှစ်ဘက်လုံးက လေးစားမှု ရှိတဲ့ လူတစ်ယောက် ဖြစ်သလို ၊ ပြည်သူလူထုက လည်း လေးစားချစ်ခင်တဲ့ ဖြစ်ဖို့ လိုအပ်နေတဲ့ အချိန်မှာ အမေစု မျက်လုံးထဲကို ၀င်လာတာက ကိုကျော်သူများ ဖြစ်နေမလား လို့ ထင်မိပါတယ် ။ အရာရာတိုင်းဟာ ဆက်စပ်မှု ရှိနေတဲ့ ဒီကမ္ဘာလောကကြီးမှာ နိုင်ငံအရေး နဲ့ လူမှုရေးဟာလည်း  ပြည်သူလူထု တို့ဘ၀ တိုးတက်မြှင့်မားမှုကို အခြေခံထားတဲ့ အင်မတန်နီးစပ်တဲ့ သဘောတရားချင်း တူနေတာကြောင့် လူမှုရေး လုပ်ငန်းတွေကို အားသွန်ခွန်စိုက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်ချင်တဲ့ အမေစု လက်ရှိ လုပ်နေတဲ့ လူမှုရေး လုပ်ငန်းတွေ  ပိုမို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့  အားထား ယုံကြည်လိုတဲ့ အမေတစ်ယောက်ရဲ့ သဘောထားမျိုးလည်း ဖြစ်နိုင်ပါတယ် ။
တကမ္ဘာလုံးက အသိပညာရှင် အတတ်ပညာရှင်များ နှင့် နိုင်ငံခေါင်းဆောင်အများက လေးစားချစ်ခင်တဲ့ အမေစုက စကားတခွန်းကို အကြောင်းမဲ့ မဆိုလောက်ပါဘူး လို့ ကျနော် လေးနက်စွာ ယုံကြည်မိပါတယ် ။ အမေစုပြောတဲ့ "အဲဒါကို သား ဆက်ပြီးတော့ ဆွဲလိုက်ပါ" ဆိုတဲ့ ကိုကျော်သူ့ အတွက် လက်ဆောင် စကားလေးရဲ့ နောက်ကွယ်မှာ နက်ရှိုင်းတဲ့ အဓိပ္ပယ်တွေ အများကြီးကို သက်ဝင် လုပ်ရှားနေတယ်လို့ ကျနော်က ထင်မြင်ပြီး တစ်ယောက်တည်း အတွေးပန်းချီဖော်ဆောင်နေတဲ့ အချိန်မှာ တိုက်ဆိုင်စွာ ကိုကျော်သူရေးတဲ့ အမေ့ကျေးဇူးကဗျာလေးကို ဖတ်လိုက်ရတဲ့ အချိန်မှာ ကျနော့် အတွေးစတွေ ပိုမို တောက်ပလာတယ်လို့ ပွင့်လင်းစွာ ၀န်ခံပါရစေ ။ ပညာ၇ှိ သူတော်ကောင်းတို့ စကားကို ကျနော်ရဲ့ သေးနုပ်တဲ့ အသိဥာဏ်နဲ့ စဉ်းစားတာလည်း အပြည့်အ၀ မှန်ချင်မှ မှန်နိုင်ပါ့မယ် ။ အများပြည်သူတို့ အား သန့်ရှင်းသော  စေတနာ နှင့် ဗြမ္မာစိုလ် တရားလေးပါး လက်ကိုင်ထားပြီး ဖေးမ ကူညီပေးနေသည့် သားငယ်တစ်ယောက် လုပ်ဆောင်နေသည့် လူမှုရေး လုပ်ငန်းများ ယခုထက် ပိုမို လုပ်ဆောင် နိုင်အောင် နည်းပေးလမ်းပြလိုတဲ့ စိတ်ဆန္ဒနဲ့  ယုံကြည်စွာ  အားထားလိုသည့် အမေ့ရဲ့ စိတ်ဆန္ဒပါ ဆိုရင်လည်း အမှား မဟုတ်လောက်ပါဘူး ဆိုတာကို ဦးကျော်သူ ယနေ့လုပ်ဆောင်နေတဲ့ လုပ်ရပ်တွေက သက်သေခံထားလို့ အင်မတန်မှ လေးစားမိပါတယ် ။   တစ်ယောက် အားနဲ့ စဉ်စားတာထက် စာရင် အများအားနဲ့ စဉ်စားတာ ပိုမို ထိရောက်မယ်ထင်လို့ အမေစုရဲ့ ကိုကျော်သူ့ အတွက် ဒီလက်ဆောင်စကားလေးနဲ့ ပတ်သတ်ပြီး မိတ်ဆွေတို့ကိုလည်း စဉ်းစား ကြည့်စေချင်ပါတယ်... ။
ကျနော်တို့ နိုင်ငံသားတွေ ယိုင်းယိုင်နေတဲ့ စနစ်တွေ ကြားမှာ မပြိုလဲအောင် ထိန်းသိမ်းထားနိုင်တဲ့ အရာတခုဘဲ ရှိပါတော့တယ် ၊ အဲဒါက သူရဲကောင်းကို လေးစားချစ်ခင် မြတ်နိုးတဲ့ ၀ါဒ ၊ ကိုယ်တိုင် မလုပ်နိုင်ရင်တောင် သူတပါးတို့လုပ်ဆောင်ချက်ကို အားကျ ဂုဏ်ယူလေ့ရှိနေကြတုန်းပါဘဲ ။ သူရဲကောင်းကို မြတ်နိုးတဲ့ အယူအဆကနေ ကိုယ်တိုင် သူရဲကောင်း ဖြစ်ချင်တဲ့ ဆန္ဒများ ပေါ်ပေါက်လာသူ များလာခဲ့ရင် အာဏာရှင် စနစ်ဆိုးတာလည်း ဘာခံနိုင်မှာလည်းဗျာ....။ ပြည်သူလူထုနဲ့ စုစည်းထားတဲ့ ပြည်ထောင်စုမှာ လက်တစ်ဆုပ်စာ လူတစ်စု ကောင်းစားရေး အတွက် ဒုက္ခဆိုး အမျိုးမျိုးကို ခံစားနေရတဲ့ ပြည်သူလူထုက အပြောင်းအလဲကို တကယ် လိုလားတောင့်တနေတဲ့ စိတ်ဓါတ်ကို လုပ်ရပ်လေးတွေနဲ့ ညီညာစွာ သက်သေပြနိုင် ကြမယ်ဆိုရင် မနက်ဖြန်ဟာ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ တောင် ဖြစ်သွားနိုင်ပါတယ် လို့ ယုံကြည်ထားကြပါ ။ အဲဒီလို အပြောင်းအလဲ ဖြစ်စေဖို့ အတွက် ပြည်သူလူထု ခွန်အားဟာ အဓိက အခန်းဂဏ္ဍကနေ ပါဝင်ပက်သက်နေတာကြောင့် မိတ်ဆွေ တို့ အနေနဲ့လည်း ဒီကိစ္စလေးကို ၀ိုင်းဝန်း အဖြေရှာကြရင် မကောင်းဘူးလားဗျာ..........လို့ မေတ္တာရပ်ခံ တိုက်တွန်း နိုးဆော် လိုပါတယ်....။ ကဲမိတ်ဆွေတို့ရေ ရင်ထဲမှာ ရှိနေတဲ့ အကြံဥာဏ် မှန်သမျှကို လူတကာသိအောင် တင်ပြရင်းနဲ့ ဒီမိုကရေစီ တိုက်ပွဲကို စတင် ဆင်နွှဲကြရအောင်ဗျာ..........။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
အတွေးတစ ရရင် ဆက်စပ်စဉ်းစား ခြင်းကို ကို  သဘောကျ နှစ်ခြိုက် သည့် လူတစ်ယောက် အနေဖြင့် သာ ခံစားတင်ပြခြင်းဖြစ်သည်ကို ရိုးသားစွာ ၀န်ခံ လိုပါသည် ။
Tuesday, February 1, 2011
0 စာပေစီစစ်ရေးမှ ခွင့်မပြုခဲ့သော ပြည်သူ့ခေတ်ဂျာနယ်မှ ယနေ့ လွှတ်တော်နှင့် မီဒီယာ
“တံခါးပိတ် လွှတ်တော်” (ကာတွန်း စောငို - မိုးမခ၀က်ဘ်ဆိုက်)
ယနေ့ လွှတ်တော်နှင့် မီဒီယာ
(ပြည်သူ့ခေတ်ဂျာနယ်အတွက် မီဒီယာနှင့်လွှတ်တော် ခေါင်းစဉ်ဖြင့် ဆောင်းပါးအတွက် ဆရာလူထုစိန်ဝင်းအား မေးမြန်းခဲ့စဉ်က ဆရာဖြေကြားပေးခဲ့သော စကားလုံးများအား မူရင်းအတိုင်း၊ အဖြတ်အတောက်မရှိ ဖော်ပြပါသည်။ အဆိုပါ စာပိုဒ်များမှာ စာပေစီစစ်ရေးမှ ဖြုတ်ထားခဲ့သော စာပိုဒ်များဖြစ်ပါသည်။)ငြိမ်းဆက်လင်း(မြစ်မခ)
`ဆရာတို့တုန်းကတော့ ၀န်ကြီးများရုံးလေ အဲ့ထဲမှာ လွှတ်တော်ခန်းမရှိတယ် လွှတ်တော်မှာ သတင်းထောက်တွေက လွတ်လွတ်လပ်လပ် သတင်းဝင်ယူခွင့်ရှိတယ်။ ကြိုက်တာကို ရေးခွင့်ရှိတယ်. လာတတ်တဲ့ လွှတ်တော် အမတ်တွေကိုရော အစိုးရအဖွဲ့က ၀န်ကြီး ၀န်ငယ်လေးတွေကိုရော လွတ်လွတ်လပ်လပ် တွေ့ဆုံမေးမြန်ပြီးတော့ ရေးချင်တာတွေ ရေးလို့ရတယ်. ဒီလို ဆင်ဆာမရှိတဲ့အတွက် တစ်ကယ့်လွှတ်တော်ထဲမှာ ပြောကြ ဆိုကြ ဆွေးနွေးကြတာတွေ ငြင်းခုံကြတာတွေ တစ်ဦးနဲ့ တစ်ဦး ခနဲ့ကြတာတွေ ပုပ်ခတ်ကြတာတွေ ကအစ ပြည်သူလူထုက သတင်းစာတွေမှာ သေချာ ဖတ်ကြရတယ်. အဲ့တော့ လွှတ်တော်ထဲမှာ သွားပြီး သတင်းယူရတာကိုက ပျော်စရာသိပ်ကောင်းတာ။ အမတ်တွေ တစ်ယောက်နဲ့ တစ်ယောက် ကလိကြတယ် တစ်ယောက်နဲ့ တစ်ယောက် ခနိုခနဲ့တွေ ပြောကြတယ် တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်ကြတယ် တိုက်ခိုက်ကြတယ်ဆိုတာ လူကြီးလူကောင်းတွေ စကားများနေကြတာပေါ့ ရန်ဖြစ်နေကြတာမျိုးပေါ့ ရန်ဖြစ်တယ်ဆိုတာကလည်း ဟိုလိုမျိုး ဆဲရေးတိုင်းထွာတာတို့ ဘာတို့မဟုတ်ဘူး ကြံကြံဖန်ဖန် စကားလုံးတွေ သုံးကြတာမျိုးပေါ့ လူကြီးလူကောင်း ရန်ဖြစ်နည်းပေါ့ အဲ့လိုဟာတွေက အင်မတန် ပျော်စရာကောင်းတယ်။ အဲ့ဒါတွေကို သတင်းစာထဲမှာ ဖတ်ရတဲ့ အခါကြတော့လည်း ဖတ်ရတဲ့လူတွေက အင်မတန် ပျော်စရာကောင်းတယ်။ နောက်ပြီးတော့ ပြည်သူလူထုကလည်းဘဲ တို့အမတ်ကတော့ ဘာတွေပြောတယ် တို့အမတ်ကတော့ တို့အတွက် လွှတ်တော်ထဲမှာ ဘာတွေမေးပေးတယ် တို့အတွက် ဘာတွေ ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်း တောင်းဆို ပေးတယ် တစ်ချို့ဟာတွေကို မဲဆန္ဒရှင်တွေက သိရတယ်။ သိရတဲ့အတွက် တို့အမတ်ကောင်းတယ် မကောင်းဘူး နောက်တစ်ကြိမ်ကြရင် သူ့ကို ပြန်ရွေးသင့် မရွေးသင့် ဆိုတာ ပြည်သူလူထုက ဆုံးဖြတ်လို့ရတာပေါ့ အခုတော့ လွှတ်တော်ဆိုတာ ထားတော့ သူတို့က သိစေချင်လို့ သိစေချင်တဲ့အတွက် သတင်းစာရှင်းလင်းပွဲ တို့ကို သတင်းထောက်တွေကို ဖိတ်ပြီးတော့ ရှင်းလင်းပြောကြားတာကိုတောင်မှ အမှန်အတိုင်းရေးလို့မရဘူး။ အဲ့တော့ ပြည်သူလူထုက ဘာမှ မသိရတော့ဘူး။ သိသင့်သိထိုက်တာတွေကို ဘာမှ မသိရတော့ဘူး. သူတို့သိစေချင်တာကိုဘဲ သိနေရတယ်။ အဲ့ဒါ ဒီမိုကရေစီနဲ့ တံတားတစ်လမ်း ၊ သံတစ်လမ်းဖြစ်နေတယ်။
ဒီမိုကရေစီဆိုတာက ပြည်သူလူထုက သာလျှင် အဆုံးအဖြတ်ပေးတယ်။ ပြည်သူသာလျှင် အမိ၊ ပြည်သူသာလျှင် အဖဖြစ်နေတယ်. ဒီတစ်ပတ် ဆရာဆောင်းပါး ရေးထားတဲ့ “အစိုးရက မိဘလား ပြည်သူလူထုက မိဘလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ တော်တော်များများက စာတွေလည်း ရေးတာ တွေ့ရတယ်  အစိုးရဆိုတာ တိုင်းသူပြည်သူတွေကို ရင်ဝယ်တိုက်ကဲ့သို့ သနားချစ်ခင်ရမယ် ဆိုတဲ့ အရေးသားမျိုးပေါ့ ဒီ အရေးသားမျိုးက လုံးဝမှားတဲ့ အရေးသားသမျိုးဖြစ်တယ် အဲ့တော့ ပြည်သူပြည်သားများကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ရမယ်ဆိုတော့ အစိုးရက မိဘနေရာရောက်သွားတာပေါ့  ဘုရားကအောက် မျောက်က အထက် ဖြစ်နေတယ် တစ်ကယ် တိုင်းပြည်ရဲ့ မိဘက မဲဆန္ဒရှင ပြည်သူလူထုဖြစ်တယ်။ အစိုးရဆိုတာ ပြည်သူလူထုက ရွေးချယ်ပြီး တာဝန်ပေးထားတယ် အဲ့အတွက် ပြည်သူလူထုက ပြည်သူ့ဘဏ္ဍငွေကနေပြီး လစာ ရိပ်က္ခာငွေတွေ ပေးထားတယ် ရှေးအင်္ဂလိပ်ခေတ်ကတည်းကိုက အစိုးရနှင့်တကွ အစိုးရ၀န်ထမ်းအားလုံးကို (Public servent)လို့ခေါ်တယ် ပြည်သူ့အစေခံ ခပ်ရင်းရင်းပြောမယ်ဆိုရင် ပြည်သူ့ဝန်ထမ်းပေါ့ ပြည်သူ့ဝန်ကိုထမ်းနေရတာ အခုတော့ စောစောက ပြောတယ် အစိုးရဆိုတာ မိဘနဲ့တူတယ်တို့ အစိုးရဆိုတာ တိုင်းပြည်ရဲ့ အာဏာပိုင်ဘဲဆိုတဲ့ အသုံးအနှုန်းတွေကြောင့် ပညဏ်သွားရာ ဓားသက်ပါ ဖြစ်သွားပြီးတော့ ၀န်ထမ်းတွေက သူ့တို့ ရုံး သူတို့ထံ သူတို့ဌာမှာ သူတို့သာလျှင် အရှင်သခင်ဖြစ်ပြီးတော့ သူတို့ကို လခပေးထားတဲ့ ပြည်သူလူထုကို ကြိမ်းလိုက် မောင်းလိုက် ဆဲလိုက်             ဆိုလိုက် အာဏာ အမျိုးမျိုးပြလိုက်ဆိုတာတွေ လုပ်တယ် အဲ့ဒါတွေက ခုဏက စကားလုံးတွေက လူတွေရဲ့ စိတ်ဓာတ်ကို ပြောင်းပစ်လိုက်တာဖြစ်တယ် ဒါကြောင့်မို့ ဒီစကားလုံး အသုံးအနှုန်းတွေကိုဘဲ အာဏာပိုင်များတို့ အာဏာပိုင် အဖွဲ့အစည်းများတို့ တိုင်းပြည်ရဲ့ မိဘတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ဒီမိုကရေစီ ခေတ်မှာ မသုံးအပ်တော့ဘူး ဒီစကားလုံးတွေကို ဖျောက်ပစ်ဖို့လိုတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီအာဏာပိုင်တွေကို မဲဆန္ဒပိုင်ရှင် ဒီ ပြည်သူလူထုက အာဏာပိုင်ဘဲ ပြည်သူက ရွေးပြီးတော့မှ သူတို့ကို ခန့်ထားတာဖြစ်တယ် အာဏာပိုင်အဖွဲ့အစည်းဆိုတာကလည်း ပြည်သူလူထုဘဲ ဖြစ်ရမယ် အာဏာပိုင် ပုဂ္ဂိုလ်များဆိုတဲ့ ပြည်သူလူထုဘဲ ဖြစ်ရမယ် ဌာနဆိုင်ရာ အရာရှိတွေက အာဏာပိုင် မဟုတ်ဘူး ဌာနဆိုင်ရာ အရာရှိတွေက (Public servent) ပြည်သူ့ အစေခံတွေဘဲ ပြည်သူ့အစေခံ ဆိုတော့ သူတို့က ပြည်သူကို အမြဲတမ်းရိုသေနေရမယ် ပြည်သူကို ဦးထိပ်ထားရမယ် ပြည်သူကို အလုပ်အကျွေးပြုရမယ်။ အဲ့ဒါတွေက မင်းတို့ လူငယ်တွေ မကြားရ မမြင်ရ မတွေ့ရတဲ့ စကားလုံးလေးတွေ အဆုံးမလေးတွေဘဲ အဲ့ဒါတွေကို မင်းတို့ကို သိအောင်ပြောပြတာ။
မေး။ ဆရာတို့ ခေတ်တုန်းကသတင်းယူတဲ့အခါမှာကော လုံခြုံရေးအရဆိုပြီး စစ်ဆေးတာမျိုးတွေ၊ သတင်းသမား မလာရဆိုပြီး ပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါသလားဆရာ။
မေး။ ဆရာတို့တုန်းက ရွေးကောက်ပွဲအခြေအနေနဲ့ သမီးတို့ခေတ်ရဲ့ရွေးကောက်ပွဲအခြေအနေကို မြင်ရတော့ ဘယ်လို သုံးသပ်မိပါသလဲ ဆရာ။
`၁၉၆၀ ခုနှစ် သန့်ရှင်းတည်မြဲ အဓိကပြိုင်ကျတဲ့ နောက်ဆုံး ပြိုင်ကျတဲ့ ရွေးကောက်ပွဲပေါ့နော် အဲ့ရွေးကောက်ပွဲမှာ ဆိုရင် မဲပေးတဲ့နေ့ ညနေစောင်းက စပြီးတော့ ဒီ မြို့တော်ခန်းမကြီးမှာ မဲရေတွက်တယ် မဲရွေးတွက်တဲ့အခါမှာလည်း အမတ်လောင်းတွေ သူတို့ရဲ့ကိုယ်စားလှယ်တွေ ကိုယ်တိုင် မဲရေတဲ့နေရာမှာ ထိုင်ပြီးတော့ ကြည့်နေလို့ရတယ်။ မဲဆန္ဒနယ်တစ်ခု ကြေညာပြီးတိုင်း ရေတွက်ပြီးတိုင်း မြို့တော်ခန်းမ အပေါ်ကနေ အသံချဲ့စက်ကြီးနဲ့ မဲစာရင်းတွေ ကြေညာပေးတယ်။ အဲ့နေ့က မြို့တော် ခန်းမရှေ့ ဆူးလေပန်းခြံတစ်ဝိုက် သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက စောင့်ကြည့်နေကြတယ်။ လူအုပ်ကြီးကလည်း တစ်ညလုံးစောင့်ကြည့်တယ်။ မဲရေတဲ့ လူတွေကလည်း တစ်ညလုံးရေတယ်။ တစ်ညလုံးရေပြီး မဲဆန္ဒနယ် တစ်နယ်ပြီးတိုင်း ရေပြီးတိုင်း ကြေညာပေးတယ်။ လက်ခုပ်သံတွေလည်း တစ်ဖြောင်းဖြောင်းပေါ့ အဲ့လို ဒီနေ့မဲပေးတယ် ဒီနေ့ အဖြေကထွက်လာတယ်။ မဲရေတဲ့အခါလည်းဘဲ ပြည်သူလူထုက ခုဏက သိန်းနဲ့ချီတဲ့ လူအုပ်ကြီးက အောက်မှာ စောင့်ကြည့်နေတယ်။ မြို့တော်ခန်းမပေါ်က မဲရေတဲ့ နေရာမှာလည်းဘဲ အမတ်လောင်းတွေက သူတို့ရဲ့ ကိုယ်စားလှယ်တွေက မဲရေတာတွေကို ထိုင်ပြီးတော့ စောင့်ကြည့်နေလို့ရတယ်။  အဲ့လို ပွင့်လင်းလွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်တဲ့ အတွက်လည်းဘဲ ဒီရွေးကောက်ပွဲမှာ တရားမမျှတဘူး တို့ဘာတို့ဆိုတဲ့ အသံတွေ သိပ်ပြီးတော့ မထွက်ဘူး။ တစ်ချို့ နယ်တွေမှာဆိုရင် လက်နက်ပြပြီး ခြိမ်းခြောက်တာတို့ ဘာတို့ အနိုင်ကျင့်တာတို့ ရှိကြတာပေါ့လေ။ ရှိတာနဲ့ ကန့်ကွက်စာတွေ တင်တယ် ရွေးကောက်ပွဲ ကော်မရှင်ကနေ အရေးယူခဲ့ရမှုတွေ  လည်းရှိတယ်။ အခုခေတ်ကျတော့ မဲပေးပြီး ဘယ်နှစ်ရက်နေမှ ဘာကိုကြေညာမယ်ဆိုတာလည်း ဆိုတာ မသိဘူး။ မဲရေတွက်တဲ့ နေရာမှာ ခုဏကပြောသလို ပြည်သူလူထုက စောင့်ကြည့်၊ မကြည့်ဆိုတာ မသိရဘူး၊ အဲ့တော့ ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တော့လည်း ယုံစားလို့မရဘူးပေါ့၊ တံခါးပိတ်ပြီး လုပ်ချင်ရာ လုပ်မယ်ဆိုတာကတော့ လုံးဝကို မလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့ဘဲ ဆရာကမြင်တယ် ဖတ်ရပါတယ် သတင်းစာတွေမှာလဲဖတ်ရတယ် ဆက်တိုက်ပေါ့ မဲပေးဖို့ လှုပ်ဆော်တဲ့ ဆောင်းပါးတွေ ဖတ်နေရတယ် ဒီမိုကရေစီ စနစ်ကို သွားဖို့အတွက်ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခင်းအကျင်းလေးတွေက စပြီးတော့ ဒီမိုကရေစီ သဘောသက်ဝင် နေဖို့တော့ လိုအပ်တယ် အခုကျတော့ ရွေးကောက်ပွဲကို မဲထည့်နိုင်ဖို့ကျတော့ လှုပ်ဆော်ကြတယ် စည်းရုံးလို့ရတယ် မဲမထည့်ဘဲနဲ့ နေလို့ရတယ် လို့ပြောတယ် အဲ့ဒီလူတွေကျတော့ ဖမ်းတယ် အဲ့လိုဆောင်ပါးမျိုးရေးလို့မရဘူး အဲ့လိုစကားမျိုး ပြောလို့မရဘူးဆိုတာက ဒီမိုကရေစီနဲ့ တံတားတစ်လမ်း သံတစ်လမ်းဖြစ်နေတယ် ဒီမိုကရေစီဆိုတာက လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိရမယ်  တစ်ခြားမှာ ဘင်္ဂလားဒေ့ရှ်က ရွေးကောက်ပွဲတွေ လုပ်သွားတယ် အရင်တုန်း ဘနဘီရာပိုတို တို့ ခေတ်တုန်းက ဗိုလ်ချုပ်ကြီးတွေက ရွေးကောက်ပွဲလုပ်တယ် ဘနဘီရာပိုတို တို့က သပိတ်မှောက်တယ် သပိတ်မှောက်တဲ့ အကြောင်းကိုလည်းဘဲ ဆန္ဒပြကြတယ် ထုတ်ဖော်ပြတယ် လုပ်ခွင့်ရှိတာဘဲ ဒီမိုကရေစီဆိုတာက လူတိုင်းက အညီအမျှ ပြောခွင့်ရှိရမယ် အခုဟာက ထောက်ခံတဲ့လူကျတော့ ပြောနိုင်တယ် မထောက်ခံတဲ့ လူကျတော့ ပြောခွင့်မရှိဘူး ဆိုကတည်းကိုက ဒါက ဒီမိုကရေစီစနစ်မဟုတ်တော့ဘူး ဆရာ ဟိုတစ်နေ့က သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ မီဒီယာမေးလို့ ဆရာဖြေခဲ့သလိုပေါ့ သတင်းစာလွတ်လပ်ခွင့် နဲ့ စစ်တပ်နဲ့ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ် စစ်တပ်ဆိုတာ တစ်သွေးတစ်သံ တစ်မိန့် အုပ်ချုပ်ရတဲ့ အဖွင့်အစည်းဖြစ်တယ် တပ်ထဲမှာ ဒီမိုကရေစီနဲ့ အုပ်ချုပ်လို့မရဘူး အမိန့်ပေးတာကို အမိန့်ပေးတဲ့အတိုင်း နာခံပြီးတော့ လိုက်နာရမယ် စစ်မြေပြင်မှာ အမိန့်ပေးတဲ့ အတိုင်း မလိုက်နာလို့ရှိရင် စစ်မြေပြင်မှာသာဆိုလို့ရှိရင် တာဝန်ရှိတဲ့ စစ်ဗိုလ်က အဲ့ဒီ ငြင်းဆန်တဲ့ စစ်ဗိုလ်က ပစ်သတ်ခွင့်ရှိတယ် ဒါစစ်တပ်အဖွဲ့အစည်း သူ့စစ်တပ် အဖွဲ့အစည်းက တစ်သွေးတစ်သံ တစ်မိန့် နဲ့အုပ်ချုပ်မှရတယ် အဲ့ဒါကို (civil society)ဘက်ကို ယူလာလို့မဖြစ်ဘူး ရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဆိုတာက ဒီမိုကရေစီအရ အုပ်ချုပ်လုပ်ကိုင်ရတာ ဖြစ်တယ်.. လူတွေမှာ ပြန်လည် မေးခွန်းမေးခွင့် ငြင်းပယ်ခွင့် စောတက တက်ခွင့် ရှိကိုရှိရမယယ် အဲ့ဒါမှသာ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်တစ်ခုဖြစ်တယ် အဲ့ဒီလို စောတက တက်ခွင့်တွေ ငြင်းဆန်ခွင့်တွေ ကိုယ့်ဆန္ဒအမှန်ကို ထုတ်ဖော်ခွင့်တွေ မရှိတော့ဘူးဆိုရင် အရင် မစလ ခေတ်က ဖြစ်ခဲ့သလိုမျိုးဘဲ ဘ၀ရှင်မင်းတရား ကြီး အမိန့်ပေးသမျှ အကုန်လုံး ကို ကြိုက် ကြိုက် မကြိုက်ကြိုက် လိုက်နာရတယ်
အကုန်လုံး ဘ၀ရှင်မင်းတရားကြီးကို မှန်ပါ့ ဘုရား ကောင်းပါ့ဘုရား မှန်ပါ့ ဘုရားချည်းဘဲ ကန်တော့ဦးတင်နေရတယ် အဲ့ဒီအတွက် တိုင်းပြည်ဟာ ငါးပါးမှောက်ခဲ့ပြီ ၈၈ က ကျခဲ့ပြီ အခု ဒီဘက် ဆယ့်လေးနှစ်ကာလမှာလည်းဘဲ ၂၂ နှစ် ကာလမှာလည်းဘဲ မဆလ ခေတ်ကလိုဘဲ သွားနေပြီ လူတွေက အောက်က အဆင့်ဆင့် ကောင်းတာတွေဘဲ (Report)တင်ကျတယ် ဆိုတာတွေ အနိဌာ ရုံတွေ မကောင်းတာတွေ ဆိုလို့ရှိရင် လူကြီးတွေမသိအောင် ဖုံးကြတယ် ဖိကြတယ် လိမ်ကြတယ် ညာကြတယ် ဒါကြောင့်မို့ စာရင်းအင်းတွေတောင်မှ တိုင်းပြည်ရဲ့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ လည်းမသိဘူး တိုင်းပြည်မှ လယ်ယာ ဘယ်လောက်ဧက တစ်တိုင်းပြည်လုံးမှာ စိုက်ပျိုးဧက ဘယ်လောက်လဲဆိုတာလည်း မသိဘူး စပါးတစ်ဧကမှာ ဘယ်လောက်ဧက ထွက်တယ်ဆိုတာလည်း အမှန်အတိုင်းမသိဘူး။ သတင်းစာထဲမှာတော့ စပါးတွေက ဧက တစ်ရာ တစ်ဧကကို တင်း ၁၅၀ ထွက်တယ်တို့ တင်း ၂၀၀ ထွက်တယ်လို့ တင်နေကြတာ တကယ် တစ်ကယ်တော့ ဒါတွေက အမှန်မဟုတ်ဘူး ဆရာတို့က အညာသားဆိုတော့ အညာအကြောင်း ကောင်းကောင်းသိတယ် အညာမှာ စပါးတင်း လေး၊ ငါးဆယ် ကိုတောင် အနိုင်နိုင် မိုးမှန်မှ လေမှန်မှ စပါး နဲနဲထွက်တာ အဲ့ဒါကို စပါးတင်း ၁၅၀ ထွက်တယ် ၂၀၀ ထွက်တယ်ဆိုပြီး ညာပြီးအစီရင်ခံကြတယ် အဲ့ဒီအခါကျတော့ စီမံကိန်းရေးဆွဲတဲ့အခါကျတော့ အလွဲအမှားတွေဖြစ်ပြီး ဒုက္ခရောက်ခဲ့ကြရတယ် အဲ့ဒီလို ဘာကြောင့်ဖြစ်ရလဲဆိုရင် တစ်သွေး တစ်သံ တစ်မိန့် စစ်တပ်ကို အုပ်ချုပ်တဲ့ ပုံစံနဲ့ အရပ်ဘက် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့အတွက် ဒါတွေဖြစ်ရတာ ဒါတွေ မဖြစ်စေချင်ရင် ဒီဟာကို ဆရာတို့က ပြောင်းလဲပစ်မှ ရမယ် ဒီမိုကရေစီ ရပ်ဘက် လူ့အဖွဲ့အစည်းကို စစ်တပ်အုပ်ချုပ်သလို အုပ်ချုပ်လို့ မရဘူး စစ်တပ်ပုံစံ သွင်းလို့မရဘူးဆိုတာကို သဘောပေါက် နားလည်ဖို့လိုတယ်။
မေး။ ရွေးကောက်ပွဲပြီး လွှတ်တော်ခေါ်ပေမဲ့ လက်ရှိအခြေအနေကို ဆရာဘယ်လိုမြင်မိပါသလဲ။
ဆရာကတော့ အစောကြီးကတည်းက ဒါတွေကို သိထားပြီးသား မြင်ထားပြီးသား ဖြစ်တယ် ဘာ့ကြောင့်လဲဆိုတော့ အစောကြီးကတည်းက ဆရာပြောထားပြီးတဲ့အတိုင်းပေါ့ စစ်တပ်နဲ့ ဒီမိုကရေစီဆိုတာ တံတားတစ်လမ်း သံတစ်လမ်းဖြစ်တယ်။ အဲ့တော့ စစ်တပ်က ဒီမိုကရေစီရောက်အောင် ရွေးကောက်ပွဲ ကိုမှန်မှန်ကန်ကန် လုပ်ပေးမယ်လို့ ဆရာက မယုံခဲ့ဘူး။ မယုံခဲ့တဲ့အတွက် မီဒီယာတွေမှာလည်း ဆရာပြောခဲ့ပြီ ဆောင်းပါးအဖြစ်နဲ့လည်း ဆရာရေးခဲ့ပြီ ခေါင်းစဉ်ကတောင်မှ ယိမ်းကတဲ့အထဲ မပါတော့ဘူးတဲ့ ဒီမိုကရေစီ ယိမ်းကတဲ့အထဲ ဆရာဝင်မပါတော့ဘူး လို့ဆရာပြောခဲ့တယ် အဲ့ဒီနောက်ပိုင်းမှာ ဆရာက ရွေးကောက်ပွဲနဲ့ ပတ်သက်တာတွေ ဒီမိုကရေစီနဲ့ပတ်သက်တာတွေ ပြောလဲမပြောတော့ဘူး ရေးလည်းမရေးတော့ဘူး မသိကျိုးကျွန်ဘဲ နေလိုက်တယ် ဘာ့ကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ဆရာက မယုံကြည်ဘူး မယုံကြည်တဲ့အတွက် ဆရာက အဲ့လို ပျက်ပျက်ဘဲပြောခဲ့တယ်။ အခုလည်းဘဲ ဒါက လက်တွေ့ဖြစ်လာရပြီ သူတို့နဲ့ ရသလောက်ကလေး တိုးပြီးတော့ လုပ်ကြတာပေါ့ဆိုပြီး ၀င်လာတဲ့ နိုင်ငံရေးပါတီတွေ တောင်မှ နှာဖူးတွေ့ ဒူးတွေ့ တွေ့အခါကျတော့ သူတို့ ကောင်းကောင်းကြီး အကြောင်းသိကုန်ကြပြီး (complain)တွေ အမျိုးမျိုးတက်နေကြတယ် ရွေးကောက်ပွဲ ကော်မရှင် ကန့်ကွက်စာတွေ အမျိုးမျိုးပို့နေကြတယ်။
သို့သော်လည်း ဘာမှ မထူးခြားဘူး အဲ့ဒါကို ဆရာ့အနေနဲ့ကတော့ ဒီလွှတ်တော်ပြီးသွားရင်လည်း ဘာမှထူးမယ်လို့ မထင်ဘူး ရွေးကောက်ပွဲပြီးသွားလည်း ဘာမှ ထူးမယ်လို့မထင်ဘူး ဒါကြောင့်မို့ ဆရာက ပြောခဲ့ပြီ အရင်တုန်းကလည်း ဆရာ အကြိမ်ကြိမ်ပြောခဲ့တယ် ၇၄ တုန်းကလိုဘဲ ဘာမှမထူးပါဘူးလို့ ၇၄ တုန်းကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမရှိ တာထပ်စာရင်တော့ ရှိတာက ကောင်းတာပေါ့ဆိုပြီးတော့ ထောက်ခံခဲ့ကြတာဘဲ မဲပေးခဲ့ကြတာဘဲ အဲ့ဒီနောက် ရွေးကောက်ပွဲတွေ သုံးလေးကြိမ် လုပ်ခဲ့တာဘဲ တိုင်းပြည်ရဲ့ အခြေအနေက ဘာထူးလဲ ဘာမှမထူးဘူး အဲ့လို ရွေးကောက်ပွဲတွေ အခြေအတင်လုပ်ရင်း တိုင်းပြည်ဟာ ကမ္ဘာအဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်သွားတာဘဲ အခုလည်းဘဲ ဒီရွေးကောက်ပွဲ ပြီးလည်းဘဲ အသွင်သဏ္ဍာန်သာလျှင် ပြောင်းသွားတာပေါ့ အနှစ်သာရက ပြောင်းမသွားဘူး အနှစ်သာရက ပြောင်းသွားတယ် ရွေးကောက်ပွဲပြီးသွားလည်းဘဲ ဒီလိုအခွင့်အရေးတွေ ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အ၀ရလိမ့်မယ်လို့ မထင်မိဘူး ဒါဆရာတစ်ဦးတည်းရဲ့ ထင်မြင်ချက်ဘဲ
၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေ၀င်းကနေပြီးတော့ ဦးနေ၀င်းကို အာဏာလွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ်သားအစိုးရ ပေါ်လာခဲ့တာဘဲ အခုလည်းဘဲ ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန် ကိုအာဏာလွှဲပေးလိုက်တဲ့အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရပေါ်လာမှာဘဲ ဒါဘဲကွာခြားသွားမှာဘဲ အနှစ်သာရအားဖြင့်တော့ ဘာမှထူးခြားမှာ မဟုတ်ဘူးလေ
ဗိုလ်ချုပ်ကြီးသိန်းစိန်က စစ်သားဘဲ ဦးသိန်းစိန်ဖြစ်သွားလည်း သူ့ရဲ့  ခံယူချက်တွေ သူ့ရဲ့ အမှုအကျင့်တွေ သူ့ရဲ့စရိုက်တွေကတော့ စစ်သားစရိုက်ဘဲ  ရှိနေအုန်းမှာဘဲ အဲ့တော့ ဆရာကတော့ အနှစ်သာရ အရ ဘာမှ ထူးမယ်မထင်ဘူး ။ 
မျှဝေသောမြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။
0 နေပြည်တော်မှာ ကျင်းပတဲ့နအဖရဲ့ရုပ်သေးလွှတ်တော်ကိုလာရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ဘဝ
photp။ ။ AP/Getty images/ cartoon Hanlay
0 ကမ္ဘာမြေကြီးကို ကုသိုလ်ယူခြင်း
 ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်း
နာရေးကူညီမှုအသင်း(ရန်ကုန်) တည်ရှိရာ အမှတ် ၁၃/က၊ ဗိုလ်မှူးဗထူးလမ်း၊ မြောက်ဒဂုံ မြို့နယ်၊ ၄၂ ရပ်ကွက် မြေနေရာ အနေအထားသည် ပလပ်စတစ် (ကြွတ်ကြွတ်အိပ်) အမှိုက်ပုံကြီး ဖြစ်သည်။ အဆောက်အဦးများ ဆောက်လုပ်ရာတွင် မြေကိုတူးယူ၍ ပုံမှန်အတိုင်း ဆောက်လုပ်၍ မရ။ စက်ပိုင်ကြီးများဖြင့် ပိုင်တိုင်များ ရိုက်သွင်း၍ အဆောက်အဦးများကို ဆောက်လုပ်ခဲ့ရသည်။ သာမန်မြေတွင် ဆောက်လုပ်သော အဆောက်အဦးများထက် ကုန်ကျငွေ (၃) ဆ ခန့်ပို၍ ကုန်ခဲ့သည်။  ယခုဆိုလျှင် ကုန်ကျငွေ မြောက်များစွာဖြင့် အဆောက်အဦးများ ဆောက်လုပ်ကာ ဆေးဝါးကု သပေးမှုများ၊ နာရေးပို့ဆောင်မှုများ မြောက်များစွာကို (အခမဲ့) ထမ်းရွက်ပေးနေပြီ ဖြစ်သည်။ သို့သော် နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးတည်ရှိရာ နေရာဌာန၌ သစ်ပင်ပန်းပင်များ၊ အရိပ်ရ အပင်ကြီးများ၊ သီးပင်စားပင်များ စိုက်ပျိုးနိုင်ရန်အတွက် မြေအနေအထားကို ပြုပြင်ပြောင်းလဲ ထိန်းသိမ်းမှုများကို ပြုလုပ်နေရပြီဖြစ်သည်။ နဂိုရှိပြီးသား မြေသားအညံ့များကို တူးယူဖယ်ရှားပစ်ရန် အခက်အခဲများစွာ ရှိသည်။ ကုန်ကျငွေများစွာ ရှိမည်။ စက်ယန္တရားကြီးများ အကူအညီများစွာ လိုအပ် မည်။ ထို့အပြင် ဖယ်ရှားလိုက်သော မြေသားအညံ့များအစား ပြန်လည်၍ ဖို့မြေအဖြစ် အသုံးပြုရမည့် မြေသားထုထည် မြောက်များစွာ လိုအပ်မည်ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ စိုက်ပျိုးမြေ အစားထိုး မည့်ကိစ္စရပ်အား လက်လျော့လိုက်ရသည်။
      ၃၀.၁.၂၀၁၁ (တနင်္ဂနွေ) နေ့တွင် စိုက်ပျိုးမြေအဖြစ် အသုံးပြုနိုင်ရန်အတွက် မြေဆီ မြေနှစ်များ ကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ၀ယ်ယူ၍ မြောက်ဥက္ကလာမြို့နယ်၊ သုမိတ္တာ (၂၁) လမ်းရှိ “ဝေယျဝိစ္စအဖွဲ့လူငယ်များ” (၂၅) ယောက်သည် ကုသိုလ်ဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ မြေဆိုး၊ မြေညစ်များအပေါ်သို့ သဘာဝမြေဆီမြေနှစ်များကို လာရောက်၍ သစ်ပင်ပန်းပင် စားပင်၊ အရိပ်ရ အပင်ကြီးများ စိုက်ပျိုးနိုင်အောင် မြေသားညှိပေးခြင်း၊ တူးဆွပေးခြင်းများကို ဝေယျဝိစ္စ ရှမ်းအိုး စည်ဝိုင်းဖြင့် အားကြိုးမာန်တက် အမျိုးသားများတင်မက အမျိုးသမီးများ၊ ကလေးငယ်များကပါ တစ်နေကုန် လုပ်ဆောင်ပေးဆပ် ခဲ့ကြသည်။ ယင်းကဲ့သို့ “ဝေယျဝိစ္စ အဖွဲ့လူငယ်များ” လာရောက် လုပ်အားပေးခြင်း သည် ပျက်စီးနေသော ကမ္ဘာမြေကြီးအား ပြန်လည်၍ ကောင်းမွန်လာရန် ပြုပြင်ပေးခြင်း (သို့) ကမ္ဘာ မြေကြီးအား ကျေးဇူးဆပ်ခြင်း (သို့) ကုသိုလ်ယူခြင်းပင် ဖြစ်တော့သည်။
      မကြာတော့မည့် ပစ္စုပ္ပန်အချိန်ကာလ၌ နာရေးကူညီမှုအသင်း(ရန်ကုန်) မြေနေရာဌာနသည် လူသားအကျိုးသယ်ပိုးမည့် လူမှုရေးသမားများ လှုပ်ရှားနေမည့် အဆောက်အဦးကြီးများ၊ ကျန်းမာရေး ကူညီစောင့်ရှောက်ကုသမှု ပြုလုပ်မည့် အဆောက်အဦးကြီးများ၊ မျိုးဆက်သစ်လူငယ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦးကြီးများ၊ တိုင်းပြည်၏ ပညာရေးတိုးတက်စေမည့် ပညာတတ် ကလေးငယ်များ မွေးဖွားပေးမည့် အဆောက်အဦးကြီးများနှင့်အတူ စိမ်းလန်းစိုပြေသော လူမှုရေး  သမားများ နားခိုရာ နေရာဌာနတစ်ခု ဖြစ်လာတော့မည် မလွဲပေ။
ကိုကျော်သူ
Monday, January 31, 2011
0 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ နုတ်ခွန်းဆက်စာလွှာနဲ့ jan 30.2011 မှာ website ကို စတင် ထုတ်လွှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ နုတ်ခွန်း ဆက်စာလွှာနဲ့ jan 30.2011 မှာ website ကို စတင် ထုတ်လွှင့်လိုက်ပြါ့ပီ ။ ကဏ္ဍတော်တော်များများ နဲ့ သတင်း ထုန်ပြန်ကြေငြာချက်များ ကို မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ စတင်လိုက်ပါပြီ။
လိပ်စာက http://burmese.nldburma.org/ မှာ သွားရောက်ဖတ်ရှုလို့ရပါပြီ။မင်္ဂလာ သတင်းပါ။ Facebook, Twitter ကိုတော့ အသုံးပြူခြင်းမရှိသေးပါ။
ဒေါ်အောင်ဆန်းစုကြည်၏ နူတ်ခွန်းဆက် သဝဏ်လွှာမြန်မာနိုင်ငံဒီမိုကရေစီ ရရှိရးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့် ခြင်းက အဓိကဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကေရေစီအဖွဲ့ချုပ်ရဲ့  မူဝါဒေတွ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာ တခုပ်ါပေါက်လာတာကို သိပ်ကိုကျနပ်မိပါတယ်။ ဒီစာမျက်နှာမှ တဆင့် မြန်မာနိုင်ငံဒီမိုကရေစီအရေးကို အားသန်စွာ ထောက်ခံနသူများ၊ ဒီမိုကရေစီရေးနဲ့အဖွဲ့ချုပ်အကြာင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။ ဒီအင်တာနက်စာမျက်နှာဖြစ်ေပါ်လောရးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွအားလုံးကို လှိုက်လှဲစွာကျးဇူးတင်ကြောင်း ပြောချင်ပါတယ်။
http://burmese.nldburma.org/media-press-release/letter/208-dassk-greeting.html
Sunday, January 30, 2011
0 စစ်အာဏာရှင်လွှတ်တော်ကိုကန့် ကွက်ရှုတ်ချခြင်း &၂၁ ရာစုပင်လုံညီလာခံကိုကြိုဆိုခြင်း
မြန်မာစစ်အာဏာရှင်အလိုကျ လွှတ်တော်အား ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒပြပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ အရှေ့ ၇၇ လမ်း ၊ အမှတ် ၁၀ ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာစစ်အစိုးရသံရုံးရှေ့တွင် ၂၀၁၁ ဇန်န၀ါရီ ၃၀ ရက် (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီမှ ညနေ ၃ နာရီအထိ ပြုလုပ်ခဲ့ပါတယ်။
ထို ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ သဘောထားများကိုတော့ စီစဉ်သူတဦးဖြစ်သူ ဦးနေတင်မြင့်က “ကျွန်တော်တို့ ဒီနေ့ ဇန်န၀ါရီ ၂၉ ရက်နေ့မှာ နယူးယောက်မှာရှိတဲ့ ဒီမိုကရေစီ အင်အားစုတွေ စုပေါင်းပြီးတော့ ဆိုးရွားလှတဲ့ ရာသီဥတုကို အံတုပြီး ကုလဆိုင်ရာ မြန်မာစစ်အာဏာရှင်သံရုံးကို အင်အား ၅၀ လောက် လာရောက် စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြရခြင်းအကြောင်းရင်း ၂ ချက်အနက် ပထမအချက်ကတော့ ဇန်န၀ါရီ ၃၁ ရက်နေ့မှာ ကျင်းပမယ့် စစ်အာဏာရှင်အလိုကျ လွှတ်တော်ကို ကန့်ကွက်ခြင်း ဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ မပါဘဲ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မဲလိမ်မှု၊ မသမာမှုပေါင်းစုံလုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အရ စစ်အာဏာရှင် လွှတ်တော်ကို ကျွန်တော်တို့တွေက ပြတ်ပြတ်သားသား ကန့်ကွက် ဆန့်ကျင် ရှုံ့ချခြင်း ဖြစ်တယ်။ ဒုတိယအချက်ကတော့ ၁၉၉၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ စုစည်းညီညွတ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုတွေက ကြိုဆို ထောက်ခံတယ်။ စိတ်ခွန်အား၊ လူအင်အားနဲ့ ကူညီပံ့ပိုးပေးမယ့်အကြောင်းကို ပြသတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီ လှုပ်ရှားမှုဟာ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဆက်လက်ပြီးတော့လည်း လွှတ်တော်က ပေါ်ထွက်လာမယ့် အုပ်ချုပ်မှု၊ ဥပဒေပြုမှု၊ တရားစီရင်မှုအာဏာတွေရဲ့ ရလဒ်တွေကိုလည်း ကမ္ဘာ့ကုလသမဂ္ဂ၊ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာအစိုးရတွေက အသိအမှတ် မပြုဘို့၊ ဒ့ါအပြင် ကုလသမဂ္ဂမှာ ရှိနေတဲ့ မြန်မာစစ်အစိုးရရဲ့ ကုလားထိုင်အား ဖယ်ရှားရေးကိုလည်း အမေရိကန်အစိုးရကို ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ လူထုကြီးရဲ့ ရင်ထဲ အသဲထဲက မဲတပြားနဲ့ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကိုလည်း ကျွန်တော်တို့က ဆက်လက် ကိုင်စွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။“ လို့ ပြောကြားသွားခဲ့ပါတယ်။
(သတင်းရင်းမြစ် - ယနေ့မြန်မာ)
0 စစ်တပ်နှင့် အမိန့်နာခံမှု - အပိုင်း (၂)
တပ်မှူးတပ်သား ပြောစကား (၀၄၅)
ကမ္ဘာ့နိုင်ငံတွေက စစ်တပ်တွေနဲ့ အမိန့်နာခံမှု အကြောင်းကို မြန်မာ့တပ်မတော်ရဲ့ အမိန့်နာခံမှုနဲ့ ယှဉ်တွဲပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက “စစ်တပ် နှင့် အမိန့်နာခံမှု - အပိုင်း (၂)” ခေါင်းစဉ်နဲ့ စီစဉ် တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၉၉ခုနှစ်မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေရဲ့တပ်မှူးကြီး လည်းဖြစ် ယူဂိုဆလားဗီးယား စစ်ပွဲရဲ့ တပ်မှူးကြီးလည်းဖြစ်တဲ့ အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့ လက်ထောက်ကတော့ ဒုတိယ တပ်မှူးကြီး ဗြိတိသျှ ဗိုလ်ချုပ်ကြီး Michael Jackson ပါ။ ဒီအခြေနေမှာ ဗိုလ်ချုပ်ကြီး Michael Jackson ပါဝင်လာခဲ့ပုံကို အဆိုတော် James Blunt က အခုလို ဆက်ပြီးပြောပြပါတယ်။
James Blunt ။ ။ ကံကောင်းထောက်မစွာနဲ့ အဲဒီအချိန်မှာ ရေဒီယိုဆက်သွယ်ရေးစက်ပေါ်ကို ဗိုလ်ချုပ်ကြီး Mike Jackson တက်လာခဲ့ပါ တယ်။ အဲဒီတုန်းက အမေရိကန်ဗိုလ်ချုပ်ကြီး Wesley Clerk ကို ဗိုလ်ချုပ်ကြီး Mike Jackson ပြောလိုက်တဲ့ စကားလုံးအတိုင်း အတိအကျ ပြန်ပြောရမယ်ဆိုရင်၊ ကျုပ်ရဲ့ ရဲဘော်တွေက တတိယကမ္ဘာစစ်ကြီး ဖြစ်အောင် စပြီးလုပ်လိုက်ကြတဲ့ အဖြစ်မျိုး ကျုပ်အဖြစ်မခံနိုင်ဘူးလို့ သူက ပြောခဲ့တာပါ။ ကျနော့်တပ်ကိုလည်း လေယာဉ်ကွင်းကို သွားပြီး ၀ိုင်းမယ့်အစား ကားလမ်းတလျှောက်မှာပဲ စနစ်တကျ စုစည်းထားဖို့ ဗိုလ်ချုပ်ကြီး Mike Jackson က ပြောခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်ခံရစဉ်က တရားခံ မြောက်ကိုရီးယား သူလျှိုတွေကို မိမိစစ်သည် တွေ အသေခံပြီး အရှင်လက်ရ ဖမ်းဆီးရမယ်ဆိုတဲ့ အထက်ကအမိန့်ကို သန်လျင်မြို့ ခလရ (၉၀) တပ်စု တစ်စုထဲက commando (ကွန်မန်ဒို) တွေအဖြစ် အရွေးခံထားရတဲ့စစ်သည်တွေက အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပြီး အသေခံသွားကြတာဟာ၊ ဘာကြောင့်လဲလို့ ပြန်ပြီးသုံးသပ် ကြည့်လို့ ရပါတယ်။ အထက်ကနေ ဒီအကြောင်း ဒီအကြောင်းတွေကြောင့် အသေခံသင့် ခံရမယ်ဆိုတဲ့ အမိန့်ကို ပေးရတဲ့ ရည်ရွယ်ချက်က မိမိ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ဆည်ယူဖို့ ဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ဖြစ်တာကို၊ လိုက်နာရမယ့် စစ်သည်အားလုံးက လက်ခံ နားလည် နေကြကြောင်း တွေ့ရှိရပါတယ်။ ဒီစစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ အငြင်းပွါးစရာမရှိသလို ဒီစစ်ဆင်ရေးကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက် ဟာ စစ်သည်တွေ အသေခံသွားရနိုင်ပေမယ့်၊ တိုင်းပြည်အတွက် ဂုဏ်သိက္ခာ ပြန်တက်နိုင်တဲ့ ကောင်းသောအကျိုးဆက် ဖြစ်တယ်ဆိုတာကို အမိန့်ကိုလိုက်နာရမယ့် စစ်သည်အားလုံးက နားလည် သဘောပေါက်နေတာကိုလည်း တွေ့ရှိရပါတယ်။ ဗိုလ်ကြီး James Blunt အမိန့်မနာခံခဲ့ သလို ကြားကနေ ဗိုလ်ချုပ်ကြီး Wesley Clerk ရဲ့အမိန့်ကို ၀င်ရောက်ပိတ်ဆို့ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Michael Jackson ဟာလည်း အမိန့်နာခံဖို့ ပျက်ကွက် ခဲ့ပါသလားလို့ ဘီဘီစီ ရေဒီယို Channel 5 နိုင်ငံရေးကဏ္ဍ အစီအစဉ်တင်ဆက်သူ John Pienaars က ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာ လ ၁၄ ရက်နေ့က ဗိုလ်ချုပ်ကြီး Michael Jackson ကို တွေ့ဆုံမေးမြန်းခန်းမှာ မေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး Michael Jackson ။ ။ အမိန့်မနာခံဘူးလို့ ပြောကြကြေးဆိုရင် James Blunt က ဘယ်သို့ဘယ်ပုံ အမိန့်မနာခံဘူးဆိုတာ တော့ ဗိုလ်ချုပ်ကြီး Wesley Clerk က အသေးစိတ် ပြောလိမ့်မယ် မဟုတ်ဘူးဗျ၊ ရုရှတပ်တွေ ပရစ္စတီးနား (Pristina) လေဆိပ်ကို ဦးတည်ချီ တက်နေကြပြီ ဆိုတာကို ရှင်းရှင်းလင်းလင်းသိလိုက်ရတဲ့နေ့ မတိုင်ခင် တစ်ရက်မှာ၊ ဒီအကြပ်အတည်း စပြီးတော့ ဖြစ်ခဲ့တာပါ။ ဒီနေရာမှာ ကျနော့်အထက် ဗိုလ်ချုပ်ကြီး Wesley Clerk က ဒေသခံတွေက တောင်းဆိုလို့ တနည်းအားဖြင့် ကျနော်တို့ကို ဖိတ်ခေါ်လို့ ပရစ္စတီးနား လေ ဆိပ်မှာ ကျနော်တို့ NATO တပ်တွေ အခြေပြုဖို့ ရောက်လာကြတာပါ ဆိုပြီး ရုရှားတွေကို ခပ်တင်းတင်း ရင်ဆိုင်ထားတဲ့ အခြေအနေမျိုး ဖြစ်ချင် တယ်။ ဒါက တကယ့်ကို အတိမ်းအစောင်းမခံတဲ့ အခြေအနေပါ။ ကျနော်တို့ ဒီ ကိစ္စကို လက်တွေ့ကျကျ မျက်နှာချင်းဆိုင် မဖြေရှင်းနိုင်ခင်အထိ ဒီအကြပ်အတည်းဖြစ်နေတာ (၇၂) နာရီ ကြာခဲ့ပါတယ်။ James Blunt က ဒါဟာ စစ်ပွဲ ကြားမှာ နိုင်ငံရေး အမြတ်ထုတ်ချင်လို့ ဖြစ်လာရတဲ့ အခက်အခဲ အကြပ်အတည်းလို့ ထောက်ပြခဲ့တာပါ။ ကျနော်တို့ကလည်း ဒီအလုပ်ဟာ ကျနော်တို့ စစ်သားတွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ အနောက်နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွါးကို ကာကွယ်စောင့်ရှောက်ဖို့ ဖွဲ့စည်းထားတဲ့ မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO (North Atlantic Treaty Organization) တပ်ဖွဲ့တွေမှာ အကွဲကွဲအပြားပြားသော နိုင်ငံတွေက တပ်မတော်တွေနဲ့ ဖွဲ့စည်းထားတာ ကြောင့် အမေရိကန်ဗိုလ်ချုပ်ကြီးရဲ့အမိန့်ကို ဗြိတိသျှစစ်ဗိုလ်က မလိုက်နာတာဟာ NATO ရဲ့ စစ်ခုံရုံးကို ရောက်စရာရှိရင် ရောက်မှာ ဖြစ်ပေ မယ့်၊ နိုင်ငံမတူတဲ့ တပ်မတော်နှစ်ခုက စစ်အရာရှိတွေကြားက ပြဿနာလို့လည်း စောဒက တက်လို့ရပါတယ်။ ဒါကြောင့် ဒါဟာ စစ်တပ်ရဲ့ အမိန့်နာခံမှု မနာခံမှု အကြောင်းအရာနဲ့ နှိုင်းယှဉ်လို့ မရဘူးလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီနေရာမှာ စစ်တပ်ချင်း မတူတာတို့ နိုင်ငံချင်း မတူတဲ့ စစ်အရာရှိ နှစ်မျိုးနှစ်စားကြားက အမိန့်နာခံမှု မနာခံမှု ဆိုတာထက် အထက်ကပေးအပ်လာတဲ့ အမိန့်ဟာ ဘာရည်ရွယ်ချက်နဲ့ ပေးတာ လဲ၊ အကျိုးဆက်က ဘာဖြစ်နိုင်သလဲဆိုတာကို အမိန့်ပေးခံရတဲ့ လက်အောက်စစ်သည် တစ်ဦးရဲ့ စဉ်းစားဆင်ခြင်ပုံကို ရှုမြင်သုံးသပ်ကြည့်လို့ရ ပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၉၈ ခုနှစ်က တောင်ဘက်အစွန်ဆုံး ခရစ္စတီး (Christie) ကျွန်းပေါ်မှာ အပြစ်မဲ့ သာမန် အရပ်သူအရပ်သားတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ တသွေမတိမ်း လိုက်နာဆောင်ရွက် သတ်ပစ်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်အရာရှိကြီးငယ်တွေကို ပြန်ပြီးလေ့လာ သုံးသပ်ကြည့်တဲ့အခါမှာလည်း အားလုံးဟာ ဗြိတိသျှစစ်တပ်က စစ်ဗိုလ်ကလေး ဗိုလ်ကြီး James Blunt လိုပဲ မြန်မာနိုင်ငံရဲ့ ခေတ်ပညာတတ် စစ်အရာရှိတွေ ဖြစ်ကြတာကို တွေ့ရှိရပါတယ်။ ခြားနားမှုကတော့ အထက်ကအမိန့်ဟာ ဘာရည် ရွယ်ချက်နဲ့ပေးတာလဲ၊ အကျိုးဆက်က ဘာဖြစ် နိုင်သလဲဆိုတာကို စဉ်းစားဆင်ခြင်မှု မရှိခြင်းဆိုတာကို တွေ့ကြရပါတယ်။ စစ်မြေပြင်မှာသာ ရန်သူနဲ့ရင်ဆိုင်တိုက်ခိုက်နေရချိန်မှာ အထက်အမိန့် အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့် စစ်မြေပြင်မဟုတ်တဲ့နေရာမှာ မိမိရဲ့ရန်သူမဟုတ်တဲ့ သာမန်အရပ်သူ၊ အရပ်သား တွေ အမျိုးသမီးတွေ ကလေးတွေပါမကျန် သတ်ပစ်လိုက်ကြသူတွေရဲ့ အထက်အမိန့်အတိုင်း နာခံမှုမှာ စဉ်းစားဆင်ခြင်ပြီး လိုက်နာခဲ့ကြခြင်း မဟုတ်တာကို ၁၉၉၈ခုနှစ် ခရစ္စတီး (Christie)ကျွန်း ကြည်း-ရေ-လေ စစ်ဆင်ရေးမှာပါဝင်ခဲ့တဲ့ ထောက်လှမ်းရေးအရာရှိဟောင်း ဦးအောင်လင်း ထွဋ်က ဗီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးကြည်မင်းက အားလုံးပေါ့လေ ကျနော်တို့အပါအ၀င် အားလုံးကိုခေါ်ပြီးတော့ ဘာပြောလဲတော့ အခု ဖမ်း ထားတဲ့ (၅၉)ယောက်လုံးကို အကုန်လုံးကို ရှင်းပစ်ရမယ် သတ်ပစ်ရမယ်ဆိုပြီး အမိန့်ပေးတယ် ဆိုပြီး ပြောပါတယ်။ ဗိုလ်ချုပ်မြင့်ဆွေက ဗိုလ်ချုပ် ကြီးကြည်မင်းကို ဆက်သွယ်ရေးစက်နဲ့ လှမ်းပြီး အမိန့်ပေးတာပါ။ ဗိုလ်ချုပ်သူရမြင့်အောင် အခု စစ်ရေးချုပ်လုပ်နေတဲ့လူက ဘာပြောလဲဆိုတော့ “ဒါ အထက်အမိန့်ပဲ၊ အကုန် သတ်ပစ်ရမှာပေါ့”ဆိုပြီးတော့မှ သူက စပြောပါတယ်။ ဆက်ပြီးတော့ ရှင်းရှင်းပြောရရင်တော့ အမိန့်ပေးလိုက်တဲ့ အတိုင်းပဲ အဲ့ဒီ့နေ့မှာပဲ အဲ့ဒီ့ အရပ်သူအရပ်သားတွေကို သောင်ပြင်မှာပဲ အကုန်လုံးက သေနတ်နဲ့ ပစ်သတ်ပြီးတော့မှ သောင်ပြင် မှာမြှုပ်လိုက် တယ်လို့ ကျနော်တို့ သိရပါတယ်။ အခု သွားပြီး အဲ့ဒီ့အရိုးတွေကို တူးကြည့်ရင် မြင်ရပါဦးမယ်။ ၁၉၉၇ခုနှစ် လောက်ထဲက၊ စစ်ဆင်ရေး လေးလ ပတ် (စစ်ရုံးချုပ် အစည်းအဝေး) တခုမှာ “အစိပ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံး ရှင်းပစ်”ဆိုပြီးတော့မှ အမိန့်က တရားဝင်ပေးတာ။ အဲ့ဒီ အမိန့်ကို အကောင်အထည်ဖေါ်တာက ဗိုလ်ချုပ်မောင်ဘို (နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (၃)၏ ကစထမှူး အဖြစ်မှ၊ တပ်မတော်စစ်ဆေးရေး နှင့် စာရင်းစစ်ချုပ် ကြည်း-ရေ-လေ အဖြစ် ရာထူးချခံရပြီး ကွယ်လွန် သွားခဲ့သူ ဒုဗိုလ်ချုပ်ကြီး မောင်ဘို)။ ဗိုလ်ချုပ်ကြီးမောင်ဘို တိုင်းမှူး (အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်) ဘ၀တုံးက ရွာသူရွာသားတွေကို ဘယ်လောက် သတ်ပစ်ခဲ့တယ်ဆိုတာ၊ သူ အသိဆုံးပါ။ “အစိပ်သားတောင် မချန်နဲ့”ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။ ကိုယ်ဝန်ကို တပ်ထဲမှာ “အစိပ်သား” လို့ ကျနော်တို့ ခေါ်တာကိုး။ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးသတ်ပစ်ဆိုပြီးတော့ တရားဝင်အမိန့်ပါ။ တရားဝင်အမိန့်ဆိုတာ စစ် ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ ဗျာ။ စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ ပြောလိုက်တဲ့စကားပါ။ အဓိကကတော့ ရှမ်းပြည်နယ်၊ မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း။ အညိုရောင်လို့ သတ်မှတ်ထားတဲ့နယ်မြေမှာ။ အဲ့ဒီအချိန်က ဒါ ဘာလို့ဖြစ်ရလဲဆိုတဲ့ အခါကျတော့ ရှင်းရှင်းပြောရရင်၊ ရွာတွေကို စုတာပါဘဲ။ Replacement လုပ်တယ်။ (မှတ်ချက်။ ။ တိုင်းရင်းသားဒေသတွေမှ ကျေးရွာတွေကို စစ်အင်အားနှင့် ခြိမ်း ခြောက်ပြီး အတင်းအကြပ်ပြောင်းရွေှ့ပစ်ခြင်းကို မြန်မာ့တပ်မတော်တွင် “ရွာစုသည်”ဟု တရားဝင်ခေါ်ဝေါ်သည်။) ရွာတွေကို စုတဲ့အခါမှာ တချို့ရွာတွေက သူတို့ရဲ့အိုးအိမ် သူတို့ရဲ့ တောင်ယာလေးတွေကို မဖျက်ချင်တဲ့အခါကျတော့ မပြောင်းချင်ဘူး။ မပြောင်းချင်တဲ့ဥစ္စာကို by force မပြောင်းရင် မရဘူး ဆိုတဲ့ဟာမျိုးနဲ့၊ လူတွေကို သတ်ပစ်ခဲ့တဲ့ဖြစ်စဉ်တွေ အများကြီး ရှိပါတယ်။ အဲ့ဒီ့ သက်ဆိုင်ရာနယ်မြေမှာ ရှိတဲ့လူတွေ အသိဆုံးပါ။
ဦးရော်နီညိမ်း။ ။ ဒီနေရာမှာ မြန်မာ စစ်တပ်ထဲမှာ အရိုးစွဲနေပြီးတော့ ဒီစကားကို ကြားလိုက်ရရင် အထက်အမိန့်ကို “ကျိုးကြောင်းဆင်ခြင်ဖို့ မလို လိုက်ကို လိုက်နာရမယ်” လို့ မှတ်ယူသွားစေတဲ့ စကားတခွန်းဟာ မြန်မာ့တပ်မတော်ထဲမှာ နှစ်ပေါင်းများစွာ တည်ရှိနေခဲ့ပါတယ်။ "ရေဗူး ပေါက် တာမလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်" ဆိုတဲ့ “ကောင်းတာရော မကောင်းတာရော အထက်ကခိုင်းရင် ဘာမှမစဉ်းစားနဲ့ လိုက်သာ လုပ်" ဆိုတဲ့ အတွေးအခေါ် ဖြစ်ပေါ်စေတဲ့ ဒီစကားရပ်နဲ့ ပတ်သက်ပြီးတော့ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်အပတ်စဉ်(၃)က ဗိုလ်သင်တန်း ဆင်းခဲ့တဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးကို ဗီအိုအေက မေးကြည့်ခဲ့ပါတယ်။
ဦးတင်ဦး။ ။ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟိုင်နန်ကျွန်းမှာ ရဲဘော်သုံးကျိပ် သန္ဓေတည်ပြီးတော့ ဗမာ့လွတ်လပ်ရေးတပ်မတော် စ ဖြစ်လာတာ ကိုး၊ ဂျပန်မှာက သူတို့ စစ်သားတွေနဲ့ ပတ်သက်လို့ မနက်ကို သစ္စာဆိုရတယ်ပေါ့ဗျာ။ သစ္စာ (၄) ချက်က အဲဒီ ဂျပန်တပ်မတော် ကနေပြီးတော့ training ကနေပြီး ဆင်းသက်လာတဲ့ သစ္စာ(၄)ချက် ပဲ။ ပထမဦးဆုံးက (ဂျပန်ဘာသာနှင့်) gunjin ha chusetsu wo tsukusu wo honbun to subeshi "နိုင်ငံတော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိရိုသေပါမည်" ဆိုတဲ့ စကားပေါ့။ နောက် ဒုတိယကတော့ (ဂျပန်ဘာသာနှင့်) gunjin ha reigi wo tadaskiku subeshi "အမိန့်ကို နာခံပါမယ်" ဆိုတဲ့ သဘောပေါ့။ အဲဒီလို ကျနော်တို့ ဆိုလာကြရတာပေါ့နော်။ အဲဒါကို မြန်မာလို ပြန် လိုက်တဲ့ အခါကျတော့ ဒုတိယပိုဒ်က "အထက်မှပေးသော အမိန့်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်" ပေါ့။ အဲဒီလိုဖြစ်လာတာပေါ့။ နောက်တခု က ဟိုတုန်းက slogan ကလည်းပဲ ဒီတနိုင်ငံလုံးမှာ ဂျပန်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ဆိုတော့၊ ကျနော်တို့တိုင်းပြည်ကို ပါလာတာက ဘာလဲ ဆိုတော့ ကြွေးကြော်သံတခုက “တသွေး၊ တသံ၊ တမိန့်” ဆိုတာ ပါလာတာကိုးဗျ။ “တသွေး၊ တသံ၊ တမိန့်” ဆိုတာ စစ်အတောအတွင်းတုန်းက ကြွေးကြော်သံဖြစ်တော့ အဲဒီဟာရဲ့ အရှိန်က ပါလာခဲ့တယ်။ အမိန့်နာခံမှုဆိုတာမှာ ဂျပန်ကလည်း သိတဲ့အတိုင်းပဲဗျ၊ သူတို့စစ်တပ်က လေ့ကျင့် ခန်းကလည်းပဲ ကျနော်တို့ (ဂျပန်ဘာသာနှင့်) meirei ha meirei da ၊ “meirei” ဆိုတာရှိတယ်။ meirei ဆိုတာ အမိန့်ဗျ။ “meirei ha meirei da” ဆိုတဲ့ စကားလုံးက အမြဲတမ်း စစ်သင်တန်းပေးတဲ့ အခါတိုင်းမှာ ပြောတဲ့စကား။ “meirei ha meirei da” ရဲ့ အဓိပ္ပါယ်က “အမိန့်ဟာ အမိန့်ပဲ”။ ဘာမှ လျှောက်ပြီးတော့ ပြန်ပြောလို့ မရဘူး၊ ဒါနဲ့ ပတ်သက်တာ အားလုံးကို မင်းက ပေးတဲ့အတိုင်း လိုက်ရမယ်။” ဒီလို ဟာမျိုးပေါ့ဗျာ။ အဲဒီဟာက နေပြီးတော့ လာခဲ့တဲ့ကိစ္စဟာ တောက်လျှောက် ဖြစ်လာတာကိုး။ ဒီ အမိန့်နာခံမှုဆိုတဲ့ အမိန့်ပေးတဲ့နေရာမှာ စကား လုံးတွေက ဘာထွင်လာသလဲ ဆိုတော့၊ ပြောတဲ့နေရာမှာ စစ်သားနားလည်အောင် ဆိုပြီးတော့ ပြောရင်းနဲ့၊ အမိန့်ပေးလိုက်လို့ရှိရင် “အမိန့် အ တိုင်း လုပ်၊ ဘာမှ ပြန်မပြောနဲ့” ဆိုတာမျိုး ဖြစ်လာရအောင် အပေါ်က အုပ်ချုပ်တဲ့လူ၊ ခိုင်းတဲ့လူက၊ အမိန့်ပေးတာကို ဘာပဲဖြစ်ဖြစ် ရအောင်လုပ် ရမယ်။ မရတာ မရှိရဘူး။ ဒီဟာဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ အခါကျတော့ စကားလုံးဟာ သုံးလိုက်တဲ့ အခါကျတော့ “ရေဗူးပေါက်တာ ငါမလို ချင်ဘူး၊ ရေပါတာ လိုချင်တယ်”၊ စစ်မြေပြင် ထွက်သွားတဲ့အခါမှာ “ရေဗူးပေါက်တာ မလိုချင်ဘူး ရေပါတာ လိုချင်တယ်” အဲဒီလို ဟာတွေက သုံး လာကြတာပေါ့။ အဲဒီ စကားလုံးက အဓိပ္ပါယ်တော့ သိပ်မရှိလှဘူးဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီဟာက ခုန အန်ကယ် ပြောသလို အဓိပ္ပါယ် သိပ်မရှိလှပေမယ့်လည်း၊ တော်တော်လေးတော့ ထိရောက်ခဲ့ပုံ ရတယ်။ တပ်ထဲမှာလည်းပဲ အဲဒီအတိုင်း အထက်က ပြောလိုက်ရင် အောက်က လိုက်လုပ်ရမယ့် လူကလည်း၊ ဒီစကားလုံးကို ကြားလိုက်တာနဲ့ “ရေဗူး ပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ဟာနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုပြီး သူ့ကို တာဝန်တခုခု ပေးလိုက်ပြီဆိုရင် သူကလည်း ခေါင်းထဲမှာ အဲဒါက လျှောကနဲ ၀င်သွားပြီးတော့ ဘာမှ စဉ်းစားစရာ မလိုတော့ဘူး။ ဒီဥပမာက ခေါင်းထဲမှာ၊ အဲဒီဟာက တော်တော် ထိထိ ရောက် ရောက်ရှိခဲ့တာပေါ့ နော်။ ဒီ လက်သုံးစကားကြီးနဲ့။
ဦးတင်ဦး။ ။ တခုတာ့ ရှိတာပေါ့ဗျာ၊ ထိထိရောက်ရောက်တော့ ရှိတာပေါ့။ ဒါပေမယ့် စစ်ရဲ့ အောင်မြင်ရာ အောင်မြင်ကြောင်းနဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်အ၀၀မှာ ထိရောက်အောင်မြင်နိုင်စေဖို့ အတွက် အကောင်းဘက်ကို အကျိုးသက်ရောက်မယ့်ဟာကို ရည်စူးပြီး ပြောတာပဲ ဖြစ်ရ မယ်ပေါ့။
ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် စနေနေ့ မနက်နဲ့ ညနေပိုင်း ဗီအိုအေ မြန်မာပိုင်းအစီအစဉ် “တပ်မှူးတပ်သား ပြောစကား အပတ်စဉ်ကဏ္ဍ” မှာ စစ်တပ်နှင့် အမိန့်နာခံမှု အပိုင်း(၃)ကို ဆက်ပြီး တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
(voa)
0 CDMA (800 MHz) ဖုန်းအား EVDO Data Service အင်တာနက်အသုံးပြုလိုက်သောကြောင့် တယ်လီဖုန်းလိုင်းဆွဲအား ကျသွားကြောင်း သိရှိရ
ရန်ကုန်မြို့ ( ၃၀.၁.၂၀၁၁)
CDMA (800 MHz) ဖုန်းအား EVDO Data Service အင်တာနက်အသုံးပြုလိုက်သောကြောင့် ရန်ကုန်မြို့တွင်း အချို့နေရာများတွင်ပါ လိုင်းမမိခြင်း ၊ လိုင်းပြတ်တောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း CDMA (800 MHz) ဖုန်းနှင့်တွင်တွဲဖက် EVDO Data Service အသုံးပြုနေသူများက ပြောသည်။
`ဖုန်းလိုင်းက ကွန်နက်ရှင် ဆွဲအားနည်းသွားတာပေါ့၊ အရင်တုန်းကဆိုရင် တိုင်အပြည့်မိတယ်၊ ခုတော့ တိုင်က နှစ်တုံး၊ တစ်တုံး အဲလောက်ပဲ ဖြစ်သွားတယ်၊ စကားပြောရင်တောင် ပြတ်တောင်းပြတ်တောင်းဖြစ်နေတယ်၊`ဟု သုံးစွဲနေသူ တဦးက ပြောသည်။
ထိုကဲ့သို့ ကတ်ပြောင်းလဲတပ်ဆင်ပြီးမှ လိုင်းဆွဲအားကျသွားသည်ကိုတွေ့မြင်ရသည်မှာ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဘက်များတွင် အဖြစ်များလျက်ရှိကြောင်း သိရှိရသည်။
`နောက်ပြောင်းမဲ့ သူတောင်မှ လက်တွန့်သွားကြတယ်။ ဖိုင်းလိုင်းအဓိက ထားသုံးကြတာဆိုတော့ လိုင်းပြတ်တောက်ပြတ်တောက် ဖြစ်မှာကို မလိုလားကြဘူးပေါ`ဟု ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သူတဦးက ပြောဆိုပါသည်။
အဆိုပါ CDMA (800 MHz) ဖုန်းအား EVDO Data Service အင်တာနက်အသုံးပြုခြင်းတွင်လည်း ပုံမှန် လိုင်းအားကောင်းနေခြင်းမျိုးမဟုတ်ဘဲ၊ ကောင်းသည့်အချိန်တွင် ကောင်းသလောက် သုံးလို့ရပြီး သုံးနေရင်းလည်း လိုင်းပြတ်သွားခြင်းများ ဂျီမေး ဖွင့်ရန်ပင် ခက်ခဲနေခြင်းများကို တွေ့ကြုံနေရကြောင်း သိရသည်။
အင်တာနက်အသုံးပြုရန်အတွက် 3G မိုဒန်းပါတဲ့ဟန်းဆက်ကိုလည်း ပြောင်းလဲသုံးစွဲရကြောင်း၊ ဟန်းဆက်မပြောင်းလိုသူများအနေဖြင့် EVDO 3G မိုဒန်းကို ၀ယ်ယူသုံးစွဲရကြောင်း၊ အဆိုပါ မိုဒန်းမှာ တန်ဖိုးကျပ် ၄သောင်းခွဲ ၀န်းကျင်ရှိကြောင်း သိရှိရသည်။
CDMA (800 MHz) ဖုန်းနှင့်တွင်တွဲဖက် EVDO Data Service တပ်ဆင်ခွင့်ကို ၁၈.၁.၂၀၁၁မှ စတင်လျှောက်ထားလျက်ရှိရာ ရက်အကန့်အသတ်မရှိ၊ လျှောက်ထားသူ အကန့်အသတ်မရှိ ဖွင့်ပေးထားသောကြောင့် သက်ဆိုင်ရာ ဆက်သွယ်ရေးရုံးများမှတဆင့် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
CDMA (800 MHz) ဖုန်းတွင် EVDO Data Service တပ်ဆင်ခွင့်လျှောက်ထားရာ၌ ကနဦးတပ်ဆင်ခအနေနှင့် ငွေကျပ် ၃၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်းသိရှိရသည်။ လျောက်လွှာပုံစံကို သက်ဆိုင်ရာမြို့နယ်အလိုက်ဖွင့် လှစ်ထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ စီးပွားရေးဌာနများတွင် ဆက်သွယ်လျောက်ထားနိုင်ပြီး Data card လဲလှယ်ခြင်းကို အလုံ မိုလ်ဘိုင်းအိတ်ချိန်းရုံးတွင် ဆောင်ရွက်နိုင်ကြောင်းသိရှိရသည်။
CDMA (800 MHz) ဖုန်းနှင့်တွင်တွဲဖက် EVDO Data Service အား E-lite ကုမ္ပဏီနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့မှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြစ်မခ မီဒီယာ၊
0 အာရပ်တော်လှန်ရေးအတွက် မီးရှို့မှုနဲ့ Facebook
47636981-20110125Tunisia
(မောက္ခ နိုင်ငံတကာသတင်း)
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.