လုပ်ငန်းစဉ် //အတုတွေကို //ကျောခိုင်း လိုက်တယ် //ဖောင်ဖျက်တယ် //နောင်ရိုးဘဲ // ကြာနေတဲ့ လူတွေစုစပ်ထဲ//မှာ လက်မကိုထောင် //ကဲ ဘယ်တော့မှလဲ ဟုတ်မှာမဟုတ်ဘူး //ဘ၀တွေ က// ဖျားနာနေတာ တာ မဟုတ်ဘူး //စွပ်စွဲတာတော့မဟုတ်ဘူး //ယုံကြည်ချက် //ဘာတွေ ကိုငါတို့ မျှော်လင့်ခဲ့ကြတာလဲ //ငွေကြေးလား //အာလကေလား //ပဒေသာပင်မြေကမပေါက်ဘူး //မပေါက်ဘူး //နာရီသံတွေခြောက်ချက်နဲ့ //လန့်နိုး // မင်းကသန်းရွှေအမျိုးထဲ ကလား //လာမပြောနဲ့ //တရားဟောတွေ က //၀ိမုတ္တိတွေလား //ဓါးမလား //ဓမ္မလား //က ခ ဂ ဃ င စ ဆ ဇ //
................................................................quiet
ဇိုးတွေလဲ //ဆဲရေးလို့ ကောင်းတာဘဲ// ပညာတတ်တဲ့ //လူလိမ်လို့ ပြောရင် မင်း သေမှာလား //အဟားးးးးးစဉ်းစားစရာတွေရသွားတာ //ဘယ်အချက်လဲ //အမေ အမေ အမေ အမေ //ဘယ်တော့မှ //မမှားဘူး ယုံတယ် //မဟုတ်ဘူးလေ //မှားတတ်ကြတာလူတွေလေ //ဟုတ်ပါပြီ //ုပြောမှာက အမေ //
အမေ က ထိခိုက်ကွဲရှမှာ ကြောက်တယ်လေကွာ //ဟုတ်ဖူးလား //ငါတို့ ညှိ ကြမယ်လေ //လွန်ကျူးနေကြတာလား //ကျူးလွန်နေကြတာလား //ဇယားကပ်နေပြီလား //ဧရာဝတီ// ချင်းတွင်း //သံလွင် //ငါတို့ ပြည်က //အသက်သွေးကြောတွေ ကန့်လိုက်တိုက်တာလား //ကလကာကိုလေတိုက်တာလား //စကားလုံးတွေကိုဘာတွေနဲ့ ပြုလုပ်ထားတာလဲ //ဘယ်သူမှ သစ္စာမဖေါက်ကြေးဆိုရင်တော့ မင်းလဲ ဓါးကိုင်မနေနဲ့ တော့လေ //ဟုတ်ပြီလား// သာရာလိုက်တိုင်းဆိုကွာ //ငါလဲ ၂၀၀၈ ကတည်းနာဂစ်က တည်း က //Heat တက်နေလောက်ပြီ //ပဲကြမ်းသုတ်စားခဲ့တဲ့မင်းတို့ဘ၀တွေ လေ //ငါ့ကိုနောက်ကြောင်းပြန်ဖူးတယ် //လေ မင်းတို့ သင်ပုန်းချေမှာလား //သင်တုန်း နဲ့ လှီးမှာလား //ဒါဘဲပြောကြည့်ပေါ့ //အပြောင်းအလဲကိုပျော်တဲ့ //မျှော်တဲ့ တက်ကြွ ဘ၀ မိုးရေထဲမှာ //သွေးကမ်းပိန်းလုပ်ဖို့ သွားတုန်းက //မင်းတို့ပျော်တယ်ဆို //ပြောဖူးသေးတယ်လေ// ဆေးမှုတ်//ဆေးသုတ်//စာဖြန့် စာကပ်အချက်အလက်ဖြန့် //ခွေတွေေ ၀တယ် //အကြောက်တရားကို မကြောက်ချင်ဟန်ဆောင်ခဲ့ကြတဲ့ //ဘ၀တွေ //မင်းတို့ //၀ပ်ကျင်း ကိုရဲတွေ တက်ရှာလို့ အိမ်ပြန်မရတဲ့ ညတွေ //ရှိတယ် လေ //ဘ၀တွေ //တက်ကြွ //ဘ၀တွေ //ကွမ်းတယာတောင်းစားရင်း ကိုယ့်ဘ၀ကိုပြန်စောင့်ကြည့် ဖို့ မေ့ နေခဲ့ကြတဲ့ ဘ---၀တွေ //ဘ၀တွေ //ချစ်သူက ချိန်းထားတာတောင် လိုင်းကားခ မရှိဘူး //အင်း //ဘ --၀ တွေ //စနစ်အပေါ်မခံချင်တဲ့ စိတ်တူကိုယ်တူ အုပ်စုPeer လူငယ်တွေချင်းကို //အရက်ဖြူသောက်ရင်း ရင်ဖွင့် ဖို့ ရှာချင်နေခဲ့ကြတာလေ //ဘ၀တွေ //သတိရတယ်//အဖြူရောင်တော်လှန်ရေး ကာ လ //ငါတို့ နောက်ကွယ်မှာ //ဘယ်သူ့လက်မှ မရှိဘူး // သတိရတယ// ကျည်ဆံတွေ အစား ပန်းပွင့်ချင်တဲ့ ကောင်နဲ့ .....//သွေးကြောင်ပြီးဘေး မရှောင်ချင်တဲ့ ကောင်နဲ့ .....//အမှန်တရားဟာ ဓါးလှံ မတိုးဘူး ဆိုတဲ့ ကောင်နဲ့ ....//သတိရတယ် //သတိရတယ် ငါတို့ ဘယ်တော့မှ အမှားကို မှားတယ်လို့ ပြောဖို့ နောက်မတွန့်ခဲ့ဘူး လေ //
ခုငါရေးပြတာလေ// မျက်စိနဲ့ //နားဆင်ကြည့်ပါ //အဲဒီ တယောသံလေးကလှလိုက်တာကွာ //မှန်တာလုပ်သူချင်း ရုံးထုတ်သွားတွေ့ခဲ့ ကြတဲ့ ကောင်တွေ ...//ငါတို့ “ “ ” ဟာ ငါတို့ ဟာ //ငါတို့ ဟာ //လူမှုတောထဲက //လူနဲ စု အရူးတွေလို့ //ပြောလို့ရတဲ့ ကောင်စားတွေ တစ်ရာနူန်း ရူးကြတဲ့ ကောင်တွေ //အရူးစစ်စစ်တွေထက်ရူးကြတာလား //ဆက်ရူးကြဦးမယ်ငါတို့ ပြည်နိုင်ငံရဲ့ ကောင်းကင်ကြီး ပြာလဲ့ နေသရွှေ့  အမှန်ဆိုတဲ့ အရာတွေ အတွက်ပေါ့ //၂၀၁၁ မှာငါတို့ ဂျီကျတုန်းလား //ကျသင့်တဲ့နေရာကျပေါ့ //ဒါပေမယ့် ကုလားအုတ်ပုံပြင်လေကွာ //ဆရာရွှေအိုးစည်ပြောတာလေ //ငါတို့ တော်လှန်တဲ့ စိတ်ဘယ်တော့မှ //မပျောက်သွားဘူး //ငါတို့ နိုင်ငံမြေပုံ မပျောက်ဖို့ //ငါတို့ ပျောက်သွားလို့မဖြစ်သေးဘူး //ရှင်းပြလိုက်မယ် အရေးတော်ပုံအကြောင်း တွေ //အနှစ်နှစ်ဆယ် အကြောင်းတွေ //မုဆိုးရာသီအကြောင်းတွေ //တတိယအုပ်စုတွေ အကြောင်း ပစ်မှတ်တွေ အကြောင်း ဘုန်းကြီး တွေ အကြောင်း အသက်သွေးတွေ အကြောင်း စစ်တွင်းရာသီတွေ အကြောင်း //ဆေးလိပ်မသောက်ရဇုံတွေ အကြောင်း //ကြာတယ် //ကြာတယ် //၂၃ နှစ် ၂၄ ထဲဝင်ပြီ //ကဲ ဘာပြောင်းလဲ //စနစ်က ခိုင်နေပြီ //အလိုအလျှောက်အမိန့်နာခံ တတ်တဲ့ စိတ်( merialtract လား //ငါမှားလိုက်မယ် //စာလုံးပေါင်း ငါတို့စွဲနေပြီလေ //ဘယ်လိုလုပ်မလဲနည်းရှာပေါ့ //မင်းဆက်ဖတ်ကြည့် ပါ //အိုင်ဒီယာငါမြန်မာလိုဘဲ ရေးပါတယ် //မလွတ်လပ်သေးဘူး ဆိုတာထက် လွပ်လပ်ရေးဆိုတာကိုငါတို့ ကိုယ်တိုင်ကကော //
..................................................
စရဏ မပါဘဲ ရောကျိတ်နေကြတာလေ //ဟုတ်ပြီလား //တကယ်ပါဟာ ....ငါတို့နဲ့ ဆိုင်တယ် //တစ်ဦးချင်းနဲ့ ဆိုင်တယ်// ငါတို့ တက်ကြွတွေက //အမှန်လုပ်လို့ //ခုထိ ပေးဆပ်နေရတုန်း //ဘ၀ တွေ//သွေးထွက်အောင်ရိုက်ပြီး //၀ိညာဉ်ကိုသတ်မယ်ဆိုပြီး မေးမေး ကြိုက်သလိုမေး //အဖြေက //ငါတို့ အကြွေးကိုအတိုးနဲ့ ဘဲလိုချင်တယ် //ငါမြန်မာလိုဘဲရေးပါမယ် //
...................................................
တက်ကြွလူငယ်တွေ ဘ၀မှာ ဘာမျှော်လင့်လဲ...// ဖြေပေးပါ //
လူဆိုတာမျှော်လင့်ချက်နဲ့ ရှင်တဲ့ အမျိုး //ဟုတ်ပြီလား //ခင်ဗျားတို့ မယုံရင်လုပ်ကြည့်ပါ //လုပ်ကြည့်ပါ //ခု
ကိုငြိမ်းချမ်း
ကိုစောမောင်
အာကာဘို
သီဟ၀င်းတင်
ဟန်ဆောင်ကောင်းတဲ့ //အစိုးရသစ်လက်ထက်ထိပါဘဲ //ဒါတောင် လူသစ်တွေ//ရှိသေးတယ် နော် ဟုတ်ပြီလား //ငါမြန်မာလိုဘဲထပ်ပြောလိုက်မယ်//ငါတို့//တို့ //
ငါတို့ နေတဲ့ မြေ ရေ လေ သစ်မြစ်လေးတစ်ခုကအစ ငါချစ်တယ် //လုံလောက်ပြီလား //လုံလောက်မှာပါ//
မိုးရေထဲ //အရိုးစွဲဂီတသံတွေထဲ//
......................//.............//..............//
မိုးရေထဲ//
ဆောင်းလေထ//ဲ
နွေပူရှရှထဲ //...ငါတို့ဆက်တိုက်ကြမယ်//မလုံလောက်သေးဘူးဆိုရင်ကော//ယုံကြည်လား//ယုံကြည်ပါယုံကြည်ထားယုံကြည်လိုက်//ဒီထက်ပိုပြောကြေးဆိုရင်//
ငါတို့တစ်ခုခုဖမေးဖို့အဆင်သင့်ဘဲ//
ပြေးလွှားရတဲ့ဘ၀တွေ ကမောနေပြီတဲ့// ဆက်မောရဦးမှာပါ//ယုံလိုက်//ပဲကြမ်းသုတ်စားခဲ့ကြရတဲ့ဘ၀..//စောင့်ကြည့်ခံနေရတဲ့ ဘ၀ငါတို့လက်မထောင်ခဲ့ //လက်မထောင်မြဲ// ထောင်ဆဲ.....// ။ ။
2P
၅ရက်နေ့ ၊ အောက်တိုဘာ ၊၂၀၁၁ ခုနှစ် ။
Monday, October 10, 2011
0 မြန်မာပြည်တွင်ပြုလုပ်ခဲ့သည်// ပြုလုပ်ဆဲ //ဆက်လက်ပြုလုပ်ပါမည် //
0 မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်။
မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။
ဒီဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့ ဟောပြောကြပြီး စိတ်ပါဝင်စားသူ လူ ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူက ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ တရုပ်အစိုးရနဲ့ CPI ကုမ္ပဏီကို သွားရောက် ဆွေးနွေးပြီး မြန်မာပြည်သားတွေရဲ့ သဘောထားကို တင်ပြမယ့်အကြောင်း အကြံပြု ဆွေးနွေးသွားတယ်လို့ သိရပါတယ်။ စာရေးဆရာ ကိုတာ ကတော့ တရုတ်ကုမ္ပဏီတွေကို တိုင်းတာတဲ့ အခြေခံမူ (၆) ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတင်ပြသွားတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။
အခမ်းအနား အဖွင့်အမှာစကား ပြောကြားတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ပဓာနဆရာတော် အရှင် ဘဒ္ဒန္တ တေဇောဘာသက- ပြည်သူ့ဆန္ဒနဲ့ ညီညီညွတ်ညွတ်လုပ်ကြရင် ဘာမဆို အောင်မြင်ကြောင်း၊ ရေဘေးကို ရင်ဆိုင်ရာကအစ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အစာအဆိပ်သင့်မှုမှာလည်း အာဏာပိုင်တွေ အပါအဝင် ပြည်သူတွေ ညီညီညွတ်ညွတ် လုပ်ဆောင်တဲ့အတွက် အောင်မြင်ခဲ့တာ ဖြစ်ကြောင်း မိန့်ကြားသွားတယ်လို့ သိရပါတယ်။
ကိုဝိုင်ဝိုင်ကေ
0 Burma’s Political Prisoners book: ‘Abhaya – Burma’s Fearlessness’ with foreword by Aung San Suu Kyi
“မြန်မာပြည်ရဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ မှု-အဘယ” လို့ တိုက်ရိုက်အဓိပ္ပာယ် ရတဲ့ Abhaya: Burma’s Fearlessness အမည်ရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသား တွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်တအုပ် မကြာမှီထုတ်ဝေ
ဒေါ်အောင်ဆန်းစုကြည် အမှာစာ ရေးသားထားတဲ့ ဒီစာအုပ်ကို ဗြိတိန် ဓာတ်ပုံဆရာ James MacKay က ရေးသားပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ဓာတ်ပုံနဲ့ သရုပ်ဖော်ပုံ ၂၅ဝ ကျော် ပါဝင်မယ်လို့ သိရပါတယ်။
ဒီစာအုပ်မှာ ဖော်ပြထားသူ အားလုံးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ဆယ်စုနှစ်ပေါင်း များစွာ အကြောက်တရားကို ရင်ဆိုင်ကျော်လွှား ဖြတ်သန်းခဲ့သူတွေ ဖြစ်ကြောင်း၊ သူတို့ရဲ့ မဆုတ်မနစ် ကြိုးပမ်းမှုဟာ သူတို့ရဲ့သတ္တိ ဖြစ်ပြီး သူတို့နဲ့ သူတို့ ရပ်တည်ခဲ့တာတွေအပေါ် မမေ့လျော့သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစာမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံဆရာ James MacKay ဟာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေနဲ့ ပြင်သစ် ဓာတ်ပုံဆု ၂ ကြိမ် ရရှိခဲ့သူဖြစ်ပြီး မနှစ်က နေအိမ်အကျယ်ချုပ် လွတ်မြောက်အပြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်တွင်း သွားရောက် ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒီစာအုပ်မှာ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသားဟောင်း ၅၇ ဦးရဲ့ ဓာတ်ပုံတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။(Rfa)
In 1962 a military coup lead by General Ne Win saw Burma, an isolated Buddhist country in South-East Asia, come under the power of one of the world’s most brutal regimes. For the past five decades, thousands of people have been arrested, tortured and given long prison sentences for openly expre...ssing their beliefs and for daring to defy dictators who tolerate no form of dissent or opposition to their rule.
Today, more than 2,000 political prisoners including monks, students, journalists, lawyers, elected Members of Parliament and over 300 members of Aung San Suu Kyi’s opposition party, The National League for Democracy, are incarcerated in Burma’s notorious prisons.
In Burma and across the world, almost 300 hundred former political prisoners have come together to raise awareness of the tragic plight of their colleagues still detained in jail. Photographed standing with their right hand raised, palm out-turned facing the camera, the name of a current political prisoner is shown written on their hand. The sacred Buddhist gesture of Abhaya, “Fear Not”, is not only an act of silent protest, but also one of remembrance and fearlessness.
“The people featured in this book have all had to learn to face their fears squarely during the decades they have passed in the struggle for democracy and human rights in Burma. Their commitment has been their courage. It is important that they and what they stand for should not be forgotten, that their sufferings as well as their aspirations should be remembered.”
“I hope that all who read this book will be encouraged to do everything they can to gain the freedom of political prisoners in Burma and to create a world where there are no political prisoners” Aung San Suu Kyi
View the project in its entirety at www.enigmaimages.net
0 မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ ဖြန့်ချီသော အင်းစိန်အကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားများ၏အိတ်ဖွင့်ပေးစာ
0 မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုများကို တရုတ်သတင်းစာ အကာအကွယ်ပေးရေးသား
(8 Oct 2011 ရက်စွဲပါ Reuters သတင်းဌာန၏ China paper defends Myanmar Investment ကို yangonchronicle ဘာသာ ပြန်ဆိုသည်)
မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တရုတ်စီမံကိန်းကြီးများသည် စီးပွားရေး တိုးတက်မှုကိုဖြစ်ထွန်းစေနိုင်သလို သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု မရှိအောင်လည်း အာမခံနိုင်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက အောက်တိုဘာလ ၇ ရက်နေ့တွင် အသိပေး ရေးသားဖော်ပြလိုက်သည်။ နိုင်ငံခြားမီဒီယာများက မြန်မာနိုင်ငံမှ တရုတ်စီမံကိန်းကြီးများနှင့်ပတ်သက်၍ အပုပ်ချရေးသားဖော်ပြမှုများသည် အများ ပြည်သူ သဘောထားကို များစွာလွှမ်းမိုးနေခြင်းဖြစ်သည်ဟု အဆိုပါ မီဒီယာက ပြောဆိုထားသည်။
မြန်မာအစိုးရက တရုတ်နိုင်ငံ၏ ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံတန် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုကို ရပ်ဆိုင်းရန် ကြေညာ လိုက်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက သင့်တင့်လျောက်ပတ်သော ဖြေရှင်းချက်တစ်ခု ထုတ်ဖော်ရန် ဖိအားပေးတောင်းဆိုလာသည်။ အဆိုပါ စီမံကိန်း ကြောင့် ဧရာဝတီမြစ်အပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများရှိလာနိုင်သလို ဒေသခံပြည်သူများလည်း နေရာရွှေ့ပြောင်းနေထိုင်ကြရ သည်ဟု အစိုးရဆန့်ကျင်ရေးသမားများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီများက ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လာပြီးနောက် မြန်မာအစိုးရ က ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီအာဘော်ဖြစ်သော People's Daily သတင်းစာကရေးသားဖော်ပြရာတွင် တရုတ် ရေအားလျှပ်စစ် စီမံကိန်းကြီးများ ကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမှ သက်သာရာရစေနိုင်သလို ဧရာဝတီ မြစ်ကူးတံတားကြီးများ တည်ဆောက်ခြင်းကြောင့် လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်ကာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းနိုင်ကြောင်း ဖော်ပြပါရှိသည်။
"မြန်မာနိုင်ငံတွင်းမှ အများပြည်သူသဘောထားကို လေ့လာကြည့်ရာ အချို့သော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက မြန်မာအစိုးရအပေါ် ယုံကြည်မှု မရှိကြဘဲ နိုင်ငံခြားမီဒီယာများ၏ လွှမ်းမိုးမှုကိုသာ ခံနေကြရသည်ကို တွေ့ရသည်။ တရုတ်ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အပြုသဘော ဆောင်သည့် သတင်းအချက်အလက်များကို လူအနည်းစုမျှသာ ရရှိကြသည်" ဟု People's Daily က ရေးသားဖော်ပြသည်။
ယင်းမြစ်ဆုံစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးထိခိုက်မှုမှာ အနည်းငယ်မျှသာဖြစ်သည်ကို နှစ်နိုင်ငံမှ ကျွမ်းကျင်သူပညာရှင် များက ရှာဖွေတွေ့ရှိထားကြောင်း အဆိုပါသတင်းစာတွင်ပါရှိသော ဆောင်းပါးကဆိုသည်။ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို China Power Investment Corp(CPI) က အကောင်အထည်ဖော် ဆောက်လုပ်ခြင်းဖြစ်ပြီး ယင်းသို့ဆောက်လုပ်ရာတွင် မြန်မာအစိုးရ၏ တောင်းဆိုချက်များနှင့် ကိုက်ညီမှုရှိသလို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စံသတ်မှတ်ချက်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု လည်း ဆိုသည်။
CPI သည် မြစ်ဆုံစီမံကိန်းဒေသတွင်းနေထိုင်သူများ ပြန်လည်နေရာချထားရေးအတွက် ဒေါ်လာ ၂၅ သန်းကျော် ကုန်ကျခံခဲ့ကြောင်း၊ ဒေသခံ ကျေးရွာများတည်ဆောက်ရေးအတွက် မိုဒယ်တစ်ခုကိုလည်း ရေးဆွဲဖန်တီးပေးခဲ့ကြောင်း ဖော်ပြသည်။ "မြန်မာပြည်သူများသည် ပြီးပြည်စုံပြီး တိကျ မှန်ကန်မှုရှိသော သတင်းအချက်အလက်များကို ရှင်းလင်းစွာ မရရှိခဲ့ကြပေ။ အထူးသဖြင့် တရုတ်ရင်းနှီးမြှုပ်နှံသူများက လူမှုရေးဆိုင်ရာ တာဝန်ယူမှုများ ပြုလုပ်ခြင်း၊ ဒေသခံ လူ့အဖွဲ့အစည်းများအတွက် အကူအညီပေးခြင်း အစရှိသည်တို့နှင့်ပတ်သက်သော အသင်းအချက်အလက်များ မရရှိခဲ့ကြပေ" ဟု ဆို သည်။
မြန်မာနှင့် တရုတ်နှစ် နိုင်ငံအခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများမှာ တဖြည်းဖြည်းချင်း ကြီးထွားလာလျက် ရှိသည်။ ယမန်နှစ်ဝက်ခန့်အထိ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ဒေါ်လာ ၄ ဒဿမ ၄ ဘီလီယံတန်ဖိုးထိရောက်ရှိလာသည်။ တရုတ်နိုင်ငံဘက်မှ ရရှိသော အချက်အလက်များအရ မြန်မာ ပြည်တွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၁၂ ဒဿမ ၃ ဘီလီယံသို့ ရောက်ရှိလာပြီဖြစ်သည်ဟု ဆိုသည်။
လူ့အခွင့်အရေးချိုးဖောက်သည်ဟူသော စွပ်စွဲချက် များဖြင့် အနောက်၏ စီးပွားရေးပိတ်ဆို့အရေးယူမှုများ ခံနေရသည့် မြန်မာနိုင်ငံအတွက် အိမ်နီးချင်းတရုတ်သည် သံတမန်ရေးအရ လွန်စွာ အရေးပါ သော မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
0 မြန်မာနိုင်ငံလုံးဆိုင်ရာဆင်းရဲနွမ်းပါးနာမကျန်းသူများအား ထောက်ပံ့သူများကွန်ယက်တည်ထောင်ခြင်း(၆)လပြည့် ကြေငြာချက်
0 Generation Waveမျိုးဆက်သစ်လူငယ်များ၏ လေးနှစ်မြောက်မွေးနေ့ကျင်းပ
စမ်းချောင်းမြို့နယ်၊ သီရိမင်္ဂလာ ...ရန်အောင်ကျောင်းတွင်ပြုလုပ်သော GW လေးနှစ်မြောက်မွေးနေ့ တွင်တွေ့ရသော ဦးဝင်းတင်
Photo, Generation Wave
Generation Wave အဖွဲ့ ရဲ့  (၄)နှစ် ပြည့်မွေးနေ့  အခမ်းအနားဟာ အေးအေးဆေးဆေး တည်ငြိမ် အောင်မြင်စွာနဲ့  ပြီးဆုံးခဲ့ပါတယ်။ ယောလုံချည်၊ ရှပ်အကျီ င်္အဖြူလေးတွေ တူညီဝတ်စုံဝတ်ဆင်ထားတဲ့ လူငယ်အများအပြားကိုမြင်တွေ့ ရတဲ့အခါ သူတို့ အဖွဲ့ ရဲ့ အင်အားဟာ စုစုစည်းစည်းနဲ့  ကျစ်လျစ်စွာ တည်ရှိ နေတယ် လို့  ခန့် မှန်းမိပါတယ်။
နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၊ လူမှုအထောက်အကူပြုအဖွဲ့ ဝင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ 
နိုင်ငံရေးပါတီတချို့ မှ ပုဂ္ဂိုလ်များ၊ စာပေအနုပညာရှင်တချို့ အပါအ၀င် အင်အား ၃၀၀ နီးပါး တက်ရောက်အားဖြည့်ကြပါတယ်။
GW ဟာ ရွှေဝါရောင်တော်လှန်ရေးနဲ့ အတူ စတင်ပေါက်ဖွားခဲ့ပြီး တည်ထောင်သူ ၄ ဦးထဲက ၂ ယောက်ဟာ တိုင်းပြည်ပြင်ပကို ရောက်ရှိနေပါတယ်။ ဖောင်ဒါတစ်ယောက်ဖြစ်တဲ့ ဟစ်ဟော့အဆိုတော် ဇေယျာသော်တစ်ဦးသာယခုအချိန်မှာ တာဝန်ယူဦးဆောင်နေရပြီး အခြားတစ်ယောက်ဟာဖြင့် အာဏာရအစိုးရရဲ့  နိုင်ငံရေးအကျဉ်းသားအဖြစ် သံတိုင်တွေနောက်မှာ တားဆီးချုပ်နှောင်ခံ ထားရဆဲ ဖြစ်ပါတယ်။
GW အဖွဲ့ ဟာ မြေအောက်လှုပ်ရှားမှုများကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့တာကြောင့် မြန်မာ့နိုင်ငံရေးမှာ
စိတ်ဝင်တစားနဲ့  စောင့်ကြည့်ခဲ့ရတဲ့ အတိုက်အခံမျိုးဆက်သစ်အဖွဲ့ လို့  ရေပန်းစားလူသိများခဲ့ပါတယ်။ အရင်
စစ်အစိုးရရဲ့  အပြင်းအထန်နှိပ်ကွပ်မှုကို ခံခဲ့ရတာကြောင့် ဗီဒီယိုအင်တာဗျူးတွေပေးတဲ့အခါ သူတို့ ရဲ့ မျက်နှာကိုမဖော်ပြဘဲ မျက်နှာဖုံးစွပ်ပြီး ကင်မရာအရိုက်ခံခဲ့ရတာကြောင့် ပိုမိုကြော်ကြားခဲ့ရပါတယ်။
ပြည်တွင်းမှာလည်းလှုံ့ ဆော်ဆန့် ကျင်ရေးစာရွက်စာတမ်းများ၊ ဗီနိုင်းပိုစတာများကို ပြည်သူလူထုကြားထဲ ရဲရဲဝံ့ဝံ့ထိုးဖောက်ဖြန့် ချိခြင်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ကြပါတယ်။
ပြောင်းလဲလာတဲ့နိုင်ငံရေးအခြေအနေ၊ သမ္မတဦးသိန်းစိန်နဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ ဆုံဆွေးနွေးမှု၊ အာဏာပိုင်တွေဘက်က လူထုအသံကို နာယူလာခြင်း စတဲ့ အခင်းအကျင်းများ ကြောင့်GW အဖွဲ့ ကို လူအများထင်မြင်နေကြဖြစ်တဲ့ မြေအောက်အဖွဲ့ အစည်းအဖြစ်မှ ပေါ်ပေါ်ထင်ထင်နဲ့  အားလုံးမှရဲရဲတင်းတင်းပူးပေါင်းဆောင်ရွက်လာနိုင်တဲ့ အဖွဲ့ အစည်းတစ်ခုအဖြစ် ပြောင်းလဲလိုပါတယ်လို့  ကိုဇေယျာသော်က သူ့ ရဲ့ ဆန္ဒကို ပြောဆိုတာကြားရပါတယ်။
အစိုးရသစ် တက်လာပြီးနောက်ပိုင်းလည်း GW နာမည်နဲ့  စာရွက်စာတမ်းများ လှို့ ဝှက်ဝေငှခြင်း၊ ဗီနိုင်းများကပ်၍ လှုံ့ ဆော်ခြင်း၊ အွန်လိုင်းမှ GW အဖွဲ့ များကို ကြားသိရခြင်း စတဲ့ နိုင်ငံရေး ဆောင်ရွက်ချက် များ ဆက်တိုက်ပေါ်ပေါက်လာနေခြင်းများကြောင့် GW ကို မြေပေါ်သို့  ထင်သာမြင်သာဖြစ်အောင် လုပ်ဆောင်ချိန် တန်ပြီလို့ လောလောဆယ် GW အဖွဲ့ ကို တာဝန်ခံထားရသူ ကိုဇေယျာသော်က ဖွင့်ဟခဲ့တယ်လို့  သိရပါတယ်။
ဟစ်ဟော့အဆိုတော် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇေယျာသော်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးခရီးစဉ်များမှာ ရှေ့ တန်းမှ တက်ကြွစွာ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပြီး လူ့ အခွင့်အရေးနဲ့ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် အတိုက်အခံနိုင်ငံရေးလောကမှာ ထင်ရှားလာတဲ့ မျိုးဆက်သစ်လူငယ်တစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံထားရသူလည်းဖြစ်ပါတယ်။
အောင်မျိုးထွန်း
၉- ၁၀- ၂၀၁၁
Sunday, October 9, 2011
0 ဦးရွှေမန်းမှ နော်ဝေး၀န်ကြီးအား နိုင်ငံရေး အကျဉ်းသားများမကြာမှီလွှတ်ပေးမည်ဟုပြော(ရုပ်/သံ)
President i Burmas Nasjonalforsamling, U Shwe Mann, lover at landets politiske fanger skal slippes fri «om noen dager». Se reportasje fra Dagsrevyen.နော်ဝေးလ်ဘာသာ
President of Burma's National Assembly, U Shwe Mann, promises that the country's political prisoners to be released "in a few days." See report from the evening news.
နော်ဝေနိုင်ငံမှ အစိုးရအဖွဲ့ဝင် ၀န်ကြီး (Espen Barth Eide) အက်စ်ဘတ်အီဒဲသည် ၇-၁၀-၂၀၁၁ နေ့က မြန် မာအစိုးရ၏ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးရွှေမန်းနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ယင်း သို့တွေ့ဆုံစဉ် ဦးရွှေမန်းမှ မြန်မာနိုင်ငံတွင် များမကြာမီ ရက်ပိုင်းအတွင်း နိုင်ငံရေးအကျဉ်းသား ၂,၀၀ဂ (နှစ် ထောင်) လွှတ်ပေးမည်ဟု ထုတ်ဖော်ပြောဆိုသည်ကို နော်ဝေ ရုပ်မြင်သံကြားဌာနတခုဖြစ်သည့် nrk မှ ပြသ သွားသည်။ ဦးရွှေမန်းမှ မြန်မာလို အကျဉ်းသားများ လွှတ်ပေးမည်ကို နော်ေ၀၀န်ကြီးမှ နားမလည်သဖြင့် ပြန် လည်မေးမြန်းရာ မကြာမီ ရက်ပိုင်းအတွင်းပေါ့။ အကောင်အထည်ဖော်မှာပါဟု ပြန်လည်ဖြေကြားရာ အင်္ဂလိပ် စကားပြန်မှ within a few days ဟု ပြန်ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးအရ ကြိုဆိုပါ မည်လားဟု ထပ်မံမေးမြန်းရာတွင် ရှိနိုင်ဖို့ အခွင့်အလမ်းတွေ ပေါ်လာနိုင်ပါတယ်၊ အဲလို ပေါ်လာမယ်ဆိုရင် လည်း မိမိတို့ဘက်မှ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုပါသည်။်..(သတင်း..ဟစ်တိုင်)
ဒီတပတ်ထုတ် True News ဂျာနယ် အချပ်ပို စာမျက်နှာ
0 ဦးသိန်းစိန်နှင့် မစ္စတာ အိုဘားမားတွေ့ဆုံခြင်း( အပိုင်း-၂)
“Soft Power ဗျ” အိုဘားမားက ရေနွေးခွက်ကို စားပွဲပေါ်ပြန်ချရင်း ဦးသိန်းစိန်ကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။
“ Soft Power” “ Soft Power” ဦးသိန်းစိန်က အိုဘားမားပြောသည့်အတိုင်း တစ်လုံးချင်းရေရွတ်လိုက်သည်။
“အမှန်ပဲ Soft Power မှာ ခင်ဗျားတို့ တရုတ်ကို ကျော်တက်လို့ရနိုင်ခြေတွေ အများကြီးရှိတယ်၊ မြန်မာတွေ မညံ့ဘူးဆိုတာ ကျုပ်တို့ အနောက်တိုင်းသားတွေ ကောင်းကောင်းသိပါတယ်၊ အဓိက ခင်ဗျားတို့နိုင်ငံက အင်္ဂလိပ်စာ အရည်အသွေး ကောင်းနေသေးတာပဲ၊ လူသား အရင်းအမြစ်ချင်း တရုတ်နဲ့ ပြိုင်လို့ရပါတယ်၊ စစ်ရေးအရ ထိပ်တိုက်တွေ့ဖို့ ကတော့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့တောင် တရုတ်ကို စီးပွားရေးအရရော ပထဝီ အနေအထား အရပါ မိတ်ဆွေဖြစ်အောင် ကြိုးစားနေရတယ်၊ အဓိကတော့ စစ်ဖြစ်ရင် အမေရိကားရော၊ တရုတ်ရော၊ ခင်ဗျားတို့ပါ သုံးဦးသုံးဖလှယ် ထိခိုက် လိမ့်မယ်၊ ဒီတော့ Radical နည်းကိုတော့ မစဉ်းစားပါနဲ့တော့၊ မေ့ထားလိုက်ပါ”
“ ဒါဆို အဲ့ဒီ ခင်ဗျားပြောတဲ့ Soft Power တွေအတွက် ခင်ဗျားတို့က ကျွန်တော်တို့ကို ဘာတွေ လုပ်ပေးနိုင်မှာလဲ”
အိုဘားမားက တစ်ချက်ပြုံးလိုက်ရင်း “အဓိကတော့ မရိုးနိုင်တဲ့ ဓာတ်ပြားဟောင်းကြီးပေါ့ဗျာ၊ ပညာရေးပဲ ပြန်ရောက်သွားတာပေါ့၊ ဘာပဲ ပြောပြော ခင်ဗျားတို့နိုင်ငံက အင်္ဂလိပ်စာအရည်အသွေးက တရုတ်ထက်တော့ အများကြီးသာသေးတယ်ဗျာ၊ ပညာရေးကို အဆင့်မြှင့်လိုက်ရင် လူတွေလည်း ကျွဲကူးရေပါ အတွေးအခေါ်တွေ၊ အသိဥာဏ်တွေ မြင့်လာကြမှာပါ၊ ခင်ဗျားအနေနဲ့လည်း ပညာရေးကို စိတ်ဝင်တစားရှိတယ်လို့ ကျွန်တော် သိရပါတယ်၊ ကျွန်တော်တို့က ခင်ဗျားတို့ဆီမှာ ပညာရေးနဲ့ ပတ်သက်တဲ့ဟာတွေ လာပြီးရင်းနှီးမြုပ်နှံမယ်၊ ကူညီမယ်ဗျာ၊ ဥပမာ ဟားဗတ်ရဲ့ ကောလိပ်တစ်ခု ဒီမှာ လာဖွင့်တာမျိုး၊ Institute တွေ ထောင်ပေးတာမျိုးပေါ့၊ တရုတ်နဲ့ ဆက်ဆံမယ့်ကိစ္စရပ်တွေမှန်သမျှကို ဥပဒေကြောင်းအရ အဲ့ဒီ ကောလိပ်တွေ၊ Institute တွေက စာမေးပွဲစစ်လိမ့်မယ်၊ တရုတ်ရဲ့ Proposal တွေကို သုတေသနလုပ်မယ်၊ လေ့လာလိမ့်မယ်ပေါ့ဗျာ၊ ဒါဆိုရင် တရုတ်က ခင်ဗျားတို့ကို လွှမ်းမိုးချင်တိုင်း လွှမ်းမိုးလို့ မရတော့ဘူးပေါ့”
“ဒါတော့ဟုတ်တယ်ဗျာ၊ အခု မြစ်ဆုံဆည်ကိစ္စပဲကြည့်၊ တရုတ်မှာ သူတို့ဥပဒေရှိတယ်၊ ၂၀၀၃ခုနှစ်က ထုတ်ထားတာ၊ ဒီလိုစီမံကိန်းမျိုး သူတို့ နိုင်ငံမှာလုပ်ခွင့်မရှိဘူး၊ ဒါကြောင့် ကျွန်တော်တို့မြစ်ဆုံကို မျက်စောင်းထိုးလာတာ၊ ပြီးတော့ ခင်ဗျားစဉ်းစားကြည့် အရည်အသွေးနိမ့် ပစ္စည်းတွေ သွင်းချင်တိုင်း သွင်းနေတာ၊ ဒါတော့ ကျွန်တော်တို့နိုင်ငံ အခြေအနေနဲ့လည်း ဆိုင်တာပေါ့လေ၊ ပြောရရင် ခင်ဗျားတို့ စီးပွားရေး ပိတ်ဆို့ထားတာ ကြောင့်လဲ ပါတယ်ဗျ၊ အဆိုးဆုံးကတော့ အရည်အသွေး စိစစ်ခြင်းမရှိတဲ့ အစားအသောက်တွေပဲ၊ ဒါကတော့ ရေရှည်မှာ အမျိုးသား ကျန်းမာရေးကိုပါ ထိခိုက်နိုင်တဲ့ ကိစ္စဗျ”
“ဒါပဲလေ၊ ခင်ဗျားတို့မှာ အမျိုးသားကျန်းမာရေးကို ကာကွယ်ဖို့၊ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့ လုံလောက်တဲ့ ဥပဒေတွေ ရေးဆွဲနိုင် ရဲ့လား၊ အကယ်ဒမစ်တွေ မရှိရင် မဆွဲနိုင်ဘူးလေ၊ ဒါကြောင့် ပညာရေးမှာ အားစိုက်ဖို့ ပြောတာပေါ့၊ ကျုပ်တို့လဲ ကူညီနိုင်ပါလိမ့်မယ်၊ တရုတ်ကုမ္ပဏီ တွေဟာ အလုပ်သမားအခွင့်အရေး ဂရုမစိုက်တာ၊ မူပိုင်ခွင့်တွေ ချိုးဖောက်တာ၊ အတုလုပ်တဲ့ ပြဿနာတွေ ကျုပ်တို့လည်း ရင်ဆိုင်နေရတာပါပဲ၊ ဒါတွေကို စိစစ်ဖို့ကျတော့ အခုနပြောတဲ့ Soft Power ချင်း ယှဉ်ရတော့မယ်ဗျ၊ တရုတ်ဟာ သူ့ရဲ့အမျိုးသားအကျိုးစီးပွားကို အကြောင်းပြပြီး ကြီးထွားချင်တိုင်း ကြီးထွားလာနေတယ်၊ သူကြီးထွားတာ တခြားသူတွေကို မထိခိုက်ဖို့တော့ လိုမယ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ် လျော့ချဖို့၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ ဆိုတဲ့ကိစ္စတွေမှာ တရုတ်ကြီးကို ပူးပေါင်းပါဝင်လာအောင် ဆွဲဆောင်နိုင် ရမယ်ဗျ”
“ဒီကိစ္စထင်သလောက် လွယ်ပါ့မလား၊ ကျွန်တော်တို့ကတော့ ဘိုးဘေအတီအတေတည်းက တရုတ်အကြောင်း ကောင်းကောင်းသိတယ်၊ သူ့ အိပ်ကပ်ထဲကဟာကို ထိလာရင်တော့ တရုတ်တွေ သည်းမခံဘူးဗျ”
“မစိုးရိမ်ပါနဲ့၊ ကမ္ဘာ့အသိုင်းအဝိုင်းမှာ တစ်ဦးတည်း တစ်ယောက်တည်း ရပ်တည်လို့ မရတော့ပါဘူး၊ ဒါကို တရုတ်တွေ သဘောပေါက်ဖို့ လိုတယ်၊ အခုဆိုရင် ကျွန်တော်တို့ အမေရိကားရဲ့ အားထားရတဲ့ မိတ်ဆွေနိုင်ငံအချို့ ဆုံးရှုံးရတယ်၊ တရုတ်လဲ သူ့အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာ အသာစီးယူတာ များလာရင် ကျွန်တော်တို့ ခံစားနေရတဲ့ အခြေအနေမျိုး ဖြစ်နိုင်ပါတယ်၊ ပစိဖိတ်ဒေသက နိုင်ငံတွေဟာ လုံခြုံရေးအတွက် အမေရိကားရဲ့ ထီးရိပ်ကို လိုအပ်တုန်းပဲလေ၊ ဒီတော့ ခင်ဗျားမပူနဲ့၊ တရုတ်ပြည်အနေနဲ့ မြန်မာနိုင်ငံကို တစ်ချီတည်းနဲ့တော့ ရိုက်သတ်မစားဘူး၊ ခင်ဗျားတို့က တရုတ်အတွက် ရွှေဥ ဥပေးနေတဲ့ ငန်းပဲလေ”
“အခုလောလောဆယ်တော့ မြစ်ဆုံစီမံကိန်း ရပ်တန့်လိုက်လို့ တရုတ်တွေ အော်နေကြပြီဗျ၊ မဆီမဆိုင် ဟောင်ကောင်ကတောင် လှမ်းချလိုက် သေးတယ်၊ ကျွန်တော်တို့ဟာ တရုတ်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို မကြည့်ဘူး၊ ကတိမတည်ဘူး စသည်ဖြင့်ပေါ့ဗျာ”
“ဒါလည်း ခင်ဗျားစိတ်ထဲ မထားပါနဲ့၊ နိုင်ငံတကာမှာ ဒီပလိုမေစီအရ ကန့်ကွက်ရတဲ့ ယဉ်ကျေးမှုတစ်ခုပါ၊ ကျွန်တော်ပြောသလိုပဲ တရုတ်မှာ ခင်ဗျားတို့ဆီက ရနိုင်တာ အဲ့ဒီမြစ်ဆုံ စီမံကိန်းထက် အများကြီး တန်ဖိုးရှိတာတွေ ရှိသေးတယ်၊ သူတို့အတွက်တော့ မြစ်ဆုံစီမံကိန်း ဖျက်ရလဲ ကင်းခြေများ ခြေထောက်တစ်ချောင်း ကျိုးတာလောက်ပဲ ရှိမယ်၊ ပူမနေစမ်းပါနဲ့ဗျာ၊ ကျွန်တော်ပြောပြီးပါရော၊ ရွှေဥ ဥပေးတဲ့ငန်းကို ရိုက်မသတ်ပါဘူးလို့”
“ကျွန်တော်တို့အနေနဲ့လည်း စစ်တော့မဖြစ်ချင်ပါဘူး၊ ဒါပေမယ့် အမျိုးသားရေးစိတ်ဓာတ်နဲ့ ကြည့်ကြတာရယ်၊ ပြီးတော့ ကျွန်တော်တို့ ပြည်သူ တွေက ချစ်ရင်အဆုံး၊ မုန်းရင်အဆုံးဆိုတော့ တရုတ်မုန်းတီးရေးစိတ်တွေ ပြည်တွင်းမှာ မြင့်တက်လာရင် ပြဿနာရှိတယ်၊ အခုဆိုရင် လူထုက တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းအပေါ် တုံ့ပြန်မှုကို ဘာပြန်ပြော တယ်မှတ်လဲ၊ တရုတ်တွေရေ ငါတို့ အလုပ်ဆယ်ဆလုပ်ပြီး ပြန်လျှော်လိုက်မယ်၊ ငတ်ချင်ငတ်ပါစေ တရုတ်နဲ့ အလုပ် မလုပ်ချင်တော့ ပါဘူးဆိုတာမျိုးတွေ ပြောနေကြပြီဗျ”
“ဟားဟား ဒါတော့ဟုတ်တယ်၊ ဒါပေမယ့် နိုင်ငံတကာ ဆက်ဆံရေးက ကလေးကစားစရာမှ မဟုတ်တာဗျာ၊ ငါနဲ့မခေါ်လို့ ငါ့မုန့်ပြန်ကျွေး လို့တော့ ဘယ်ဟုတ်ပါ့မလဲ၊ ခင်ဗျားတို့ မြန်မာပြည်မြေပုံကြီးကို အမေရိကားကို ရွှေ့ခဲ့မယ် ဆိုတာလည်း မဖြစ်နိုင်ဘူးမလား၊ ဒီတော့ အိမ်နီးချင်း ဝတ္တရားနဲ့အညီ ဆက်ဆံပေါ့၊ သြဇာပေးလာတာမျိုးဆိုတဲ့ ကိစ္စတွေ ကိုတော့ ခင်ဗျားတို့ ကစားတတ်ဖို့လိုတယ်လေ၊ ခင်ဗျားတို့ လက်ထဲမှာပဲ”
“ဒါကြောင့် ခင်ဗျားတို့ကို ပိတ်ဆို့မှုတွေဖွင့်ပါလို့ ပြောနေတာပေါ့ဗျာ၊ Power Balance လုပ်ဖို့အတွက် ခင်ဗျားတို့ အကူအညီ အများကြီး လိုတယ်လေ၊ အိန္ဒိယကို သွားဖို့လည်းရှိပါတယ်၊ ဒါပေမယ့် အိန္ဒိယဆိုတာကလည်း တရုတ်ထက်စာရင် ဝိတ်တန်းနဲနဲ လျော့တယ်ဗျ၊ ခင်ဗျားတို့ ပိတ်ဆို့ ထားတာ ခက်တာပဲ၊ ပိတ်ထားလို့ ဘာဖြစ်လဲ ဒီနေ့ မြန်မာပြည်ကို တရုတ်ကသိမ်းတော့မယ့် အခြေအနေ ရောက်နေပြီ၊ ဒီအချိန်မှ မကယ်ရင် ခင်ဗျားတို့က ဘယ်အချိန်မှ ကယ်မှာလဲ”
“အားးးးး ဆန္ဒမစောပါနဲ့ဗျာ၊ အခု ခင်ဗျား အိန္ဒိယ သွားမယ်မလား၊ ဒါဟာ တရုတ်ကို အကောင်းဆုံး balance လုပ်တာပဲ၊ သဘောက ခင်ဗျားတို့မှာ ဓာတ်ငွေ့ပဲ ရောင်းရောင်း ရိက္ခာပဲရောင်းရောင်း ဝယ်သူဟာ တရုတ်တစ်ဦးတည်း မဟုတ်တော့ဘူးဆိုတာ တရုတ်တွေ ကောင်းကောင်း သဘောပေါက် လာလိမ့်မယ်။ ကျုပ်တို့လည်း လာဖို့ရှိပါတယ်၊ အခုတောင် ဥရောပက ခင်ဗျားတို့ဆီ လာနေပြီပဲ၊ ခက်တာက ပိတ်ဆို့မှုတွေ အရာမရောက်ဘူးဆိုတာ ကျုပ်လဲသိပါတယ်၊ ဘယ်အစိုးရမှ ကျွန်တော်ထိပ်တိုက်ရင်ဆိုင်တာမျိုး မလုပ်ချင်ဘူး၊ မြောက်ကိုရီးယားရော၊ အီရန်ရော လက်ရှိအစိုးရတွေကို မက်လုံးပေးပြီး ပူးပေါင်းဆောင်ရွက်တာမျိုးပဲ ကျွန်တော်လိုချင်တာ”
“မှန်ပါတယ်၊ ခင်ဗျားတို့ပေးတဲ့မက်လုံးကို ကျုပ်လဲ စိတ်ဝင်စားပါတယ်၊ အခုလဲ နိုင်ငံမှာပြောင်းလဲသင့်သလောက် ပြောင်းလဲနေပါတယ်၊ နိုင်ငံရေး အကျဉ်းသားလွှတ်တာ၊ အထင်ရှားဆုံးကတော့ အခုမြစ်ဆုံကိစ္စပဲဗျာ။ လူ့အခွင့်အရေး ကိစ္စတွေကတော့ တတ်နိုင်သမျှ လုပ်နေပါတယ်၊ ဒါပေမယ့် မြန်မာပြည်သူတွေ မပျော်ဘူးမထင်ပါနဲ့၊ သူ့အတိုင်းအတာနဲ့ သူတော့ ပျော်နေကြပါတယ်၊ ခင်ဗျားတို့ဘက်ကသာ ကိန်းကြီးခမ်းကြီး လုပ်မနေနဲ့တော့”
“ခက်တယ် ကိုကြီးသိန်းစိန်ရ၊ ကျွန်တော်လည်း ခင်ဗျားတွေးသလို တွေးတာပေါ့ဗျာ၊ ဒါပေမယ့် အခုနပြောသလိုပဲ ကျုပ်မှာလည်း အခက်အခဲတွေ အပြည့်နဲ့ဗျို့၊ အစိုးရအဖွဲ့ထဲမှာကိုက အခုကျွန်တော်တို့ပြောနေသလို ဟက်ဟက်ပက်ပက် မရှိသူတွေ အများကြီးရှိတယ်၊ ဟာမီတန် ကနေ လွန်ကဲလာရင် ဂျက်ဆင်ဝါဒကို ရောက်သွားပြန်ရော၊ ကျွန်တော်ကတော့ ဂျက်ဖာဆင်နဲ့ ဝီလ်ဆင်ဝါဒနှစ်ခုကို ပေါင်းစပ်နိုင်အောင် ကြိုးပမ်း နေပါတယ်၊ ခင်ဗျားတို့ကို စီးပွားရေးအရ ပိတ်ဆို့တာကို ထောက်ခံနေတဲ့ အမတ်တွေထဲမှာ မြန်မာနိုင်ငံ ဘယ်နားရှိတယ်ဆိုတာ မသိတဲ့ အမတ်တွေတောင် ပါတယ်ဗျ၊ အခုနပြောသလို အစွဲတွေနဲ့ ချနေကြတာပေါ့၊ ကျွန်တော်တို့ဆီမှာကလည်း ခင်ဗျားတို့စစ်တပ်လိုပဲ အဖြူမဟုတ်ရင် အမည်းဆိုတာပဲ ဖြစ်ဖြစ်နေတယ်၊ လွှတ်တော်ထဲမှာ အတူတူညှိလို့မရကြဘူး”
“ဟုတ်တယ် ကျွန်တော်တို့က စစ်တပ်ကလာတော့ ပိုဆိုးတယ် ဖြူရင်ဖြူ၊ မည်းရင်မည်းပဲ ကြားချလို့မရဘူး ဖြစ်နေတာ၊ ဒီမိုကရေစီဆိုတာ ခင်ဗျားက ပိုသိပါတယ်၊ အားလုံးရဲ့အမြင်တွေ လေးစားရမယ်လေ၊ အော်တာနေးတစ်တွေလဲ ရှိရမှာပေါ့၊ ဒီမှာကတော့ အခုထိ အတိုက်အခံဆိုတာ အစိုးရကို ချရမယ်ဆိုတာပဲ၊ ပြည်ခိုင်ဖြိုးကအမတ်တွေတောင် ကျုပ်တို့ ကောင်းရာကောင်းကျိုးလုပ်မယ့်ကိစ္စမှာ ကန့်လန့်တိုက်နေတာသာကြည့်တော့”
“မှန်တယ်၊ ဒါကပြဿနာရှိတယ်ဗျ၊ နိုင်ငံရေးမှာ အထူးသဖြင့် ဒီမိုကရေစီမှာ မဖြူရင်မည်းတယ်ဆိုတဲ့ ပုံသေကားချပ် တွက်လို့မရဘူး။ ကျွန်တော်တို့မှာ ဖြစ်နေတာက ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်၊ နှစ်ဖက်လုံးက ကိုယ့်အတ္တနဲ့ ကိုယ်ပြောတော့ Common Ground ပျောက်သွားတယ်၊ ခင်ဗျားတို့ကျတော့ ဒီပါတီကတက်တဲ့ ဒီအစိုးရနဲ့ကို ပြဿနာဖြစ်နေတာ၊ အတိုက်အခံက အင်အားနည်းတာကိုး၊ ထားလိုက်ပါ၊ အဓိက ဒါမဟုတ်ဘူး၊ ကျွန်တော်ပြောချင်တာက အဖြူအမည်းကွဲရာကနေ လူထုထောက်ခံမှုရဖို့ ပေါ်ပြူလာတွေ လုပ်တဲ့ကိစ္စပဲ၊ လူထုအကြိုက် လျှောက်ပြောပြီး၊ လူထု ထောက်ခံမှုရမယ့် အလုပ်တွေလုပ်ပြတာ၊ ဒါကမကောင်းဘူးဗျ၊ ပြည်သူတွေကို နိုင်ငံရေး အိုင်ဒီယိုလိုဂျီနဲ့ ဝေးကွာစေတယ်၊ အများကြိုက်ဟာတွေ လိုက်လုပ်ရင်းနဲ့ အစိုးရအဖွဲ့အတွင်းရော ပါတီတွင်းရော ကွဲကြပြဲကြဖြစ်ကုန်မယ်၊ အခုပဲခင်ဗျားတို့ ပြည်ခိုင်ဖြိုးမှာ ဝန်ကြီးတွေက သူ့ထက်ငါအပြိုင် ပြည်သူ့အကျိုးကို အကြောင်းပြပြီး လုပ်နေကြပြီမလား၊ ခင်ဗျားတောင် မြစ်ဆုံကိစ္စကို လူထုမျက်နှာကြည့်ပြီး ရပ်လိုက်တယ်ဆိုပေမယ့် အခုနပြောသလို အများကြိုက်လုပ်ပြီး နာမည်ကြီးအောင် လုပ်တဲ့ပုံစံမျိုးဖြစ်နေတယ်၊ လုပ်တယ်လို့ ကျွန်တော်မပြောဘူးနော်၊ အဲ့ဒီအတိုင်း ထင်စရာဖြစ်နေတာ၊ အဓိကတော့ လွှတ်တော်ထဲမှာရော၊ အစိုးရအဖွဲ့ထဲမှာရော ညီညီညွတ်ညွတ် လုပ်ကြမယ်ဆိုတဲ့ ပူးပေါင်းဆောင်ရွက်တတ်မှုကလည်း အရေးကြီးတယ် ဆိုတာကို ပြောချင်တာ”
“အေးဗျာ ခင်ဗျားပြောမှပဲ သတိထားမိတော့တယ်၊ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူး၊ တကယ်လို လူထုကို စိတ်ချမ်းသာစေချင်လို့ လုပ်လိုက်ရတာပါ၊ တရုတ်ကိုလည်း တခြားမက်လုံးတွေ ပေးဖို့စဉ်းစားရတော့မှာပေါ့၊ ဒါပေမယ့် စကားပြောကောင်းသလို တုတ်ကြီးကြီးလဲ ကိုင်ထား ရမယ်ဆိုတဲ့ ခင်ဗျားတို့ အမေရိကန်စကားပုံလိုပဲ ခင်ဗျားတို့ ကျုပ်တို့ဘက်မှာ ရပ်တည်ပေးဖို့ လိုတယ်”
“ကျွန်တော်ပြောပြီးပါရော၊ ရပ်တည်ပေးချင်ပါတယ်၊ ရပ်လည်းရပ်တည်ရမှာပါ၊ ဒါပေမယ့် ကျွန်တော်နဲ့ ခင်ဗျားနဲ့က ခံစားနေရာချင်း တူတယ်၊ နံပါတ်တစ် ပြုပြင်ပြောင်းလဲလိုစိတ်ရှိတယ်၊ နံပါတ်နှစ် အပြောင်းအလဲမကြိုက်တဲ့သူတွေရဲ့ ချုပ်ကိုင်မှုတွေကို ခံနေရတယ်၊ နံပါတ်သုံး ကိုယ်လုပ်နေတဲ့ ကိစ္စတွေ မအောင်မြင်ရင် အခုနပြောသလို အများကြိုက်ဝါဒီ ဖြစ်သွားနိုင်သေးတယ်၊ ဒါတွေပဲဗျာ ကျုပ်စိတ်ညစ်လို့ ခင်ဗျားကို ဖုန်းဆက်တယ်ဆိုတာ အဲ့ဒါတွေပဲ၊ ခင်ဗျားနဲ့ကျုပ်နဲ့က ပြောရရင်တော့ အမေရိကန်သမ္မတနဲ့၊ မြန်မာသမ္မတ တခြားစီပဲဆိုပေမယ့် ဘဝတူတွေလို့ ဆိုရတော့မှာပဲဗျာ”
“အေးဗျာ၊ ကျုပ်ကတော့ မနေ့တနေ့ကမှ ဗိုလ်ချုပ်ကြီးဘဝကနေ သမ္မတကြီးလုပ်တာဆိုတော့လဲ ခင်ဗျားတို့ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေက သမ္မတတွေလောက်တော့ အတွေ့အကြုံမရှိသေးဘူးပေါ့ဗျာ၊ ဘာပဲပြောပြော ခင်ဗျားလာတာ ကျွန်တော့်အတွက် သိပ်ကောင်းပါတယ်၊ အကြံဥာဏ် ကောင်းတွေ ရပါတယ်ဗျ”
“ဒီလိုလဲမဟုတ်ဘူး ကိုကြီးသိန်းစိန်၊ ကျွန်တော်လဲ ခင်ဗျားဆီက အများကြီးရပါတယ်၊ ဗိုလ်ချုပ်ဟောင်းတစ်ဦးက ပြည်သူ့ဆန္ဒကို ဖြစ်ချင်ရာဖြစ် လိုက်လျောပစ်တာ တော်တော်အံ့သြဖို့ ကောင်းတယ်၊ ခင်ဗျားတို့ သမိုင်းတလျှောက်မှာ ပြည်သူ့မျက်နှာတစ်ခုတည်းကြည့်ပြီး ဆုံးဖြတ်တဲ့ခေါင်းဆောင်က လက်ချိုးရေလို့ရတယ်၊ ဒီထဲမှာ ခင်ဗျားပါသွားပြီ၊ လေးစားပါတယ်၊ နောက်နောင် တကယ်ကိုအလုပ်တွဲလုပ်လို့ရမယ့် မိတ်ဆွေကောင်းအဖြစ်လည်း မျှော်လင့်မိပါတယ်၊ ကျွန်တော်က တရုတ်ရဲ့အထာတွေကို ခင်ဗျားတို့ဆီကနေ ပြန်ပြီးသင်ယူရဦးမှာပါ၊ ဘာပဲပြောပြော ခင်ဗျားနဲ့ ကျုပ်နဲ့ကတော့ ဘဝတူချင်း အလုပ်ဖြစ်မှာပါ”
“ဒီလိုပဲ မျှော်လင့်ပါတယ်ဗျာ၊ အခု အိန္ဒိယသွားမယ်၊ နောက်ဆို ခင်ဗျားတို့ အမေရိကားကို လာလို့ရမယ့်အခြေအနေကို ခင်ဗျားက ဖန်တီး ပေးလေ၊ မလွယ်မှန်းတော့ သိပါတယ်၊ ခင်ဗျားမှာလည်း အခက်အခဲရှိတယ်ဆိုတာ၊ ဒါပေမယ့် ခင်ဗျားနဲ့ ကျုပ်နဲ့ပေါင်းပြီး တကယ့်ကို အပြောင်းအလဲ ကြီးကြီးတွေ ချလိုက်ရအောင်ဗျာ”
“မပူနဲ့ အဲဒါတော့၊ ကျုပ်လဲကြိုးစားမယ်၊ မြန်မာနိုင်ငံကို တရုတ်ထီးရိပ်ကနေ ဆွဲထုတ်ပြီး ဒီမိုကရေစီ တိုးတက် ရေးမှာ ကူညီပေးခဲ့တဲ့ အိုဘားမားလို့ နာမည်ကြီးချင်သလို ခင်ဗျားလဲ ၂၁ရာစုမြန်မာနိုင်ငံရဲ့ သူရဲကောင်းဖြစ်မှာပါ၊ ဒါတွေဟာ ကျွန်တော်တို့နှစ်ယောက်အတွက်တင် မဟုတ်ဘူး၊ ခင်ဗျားတို့ ကျုပ်တို့ ပြည်သူတွေသာမက ဒေသတွင်းမှာပါ အရေးပါတဲ့ သမိုင်းမှတ်တိုင် ဖြစ်လာလိမ့်မယ်၊ စကားတော့ပြောရတာ ကောင်းတယ်၊ နောက်ထပ်လဲ ဒါမျိုး မကြာမကြာ ဆုံကြဖို့တော့ ခက်တယ်၊ အခုကို အိမ်ဖြူတော်မှာ ပွက်လောရိုက်နေလောက်ပြီ၊ ကျုပ်ပြန်မှ ကောင်းမယ်ထင်တယ်”
“အင်းဒါတော့ဟုတ်တယ်၊ ကျွန်တော်လဲ ကြာကြာပျောက်လို့မရဘူး၊ ဒီမှာက ခုံလုချင်တဲ့လူတွေက အများသား၊ ကျုပ်မရှိတုန်း တက်ထိုင်ပြီး ဖယ်မပေးတော့ရင် ခက်မယ်၊ ခုံမက်လို့မဟုတ်ဘူး တိုင်းပြည်က အခုမှ ကျွန်တော်ပြည်ပြီး တည်ဆောက်နေရတာ၊ အပျက်မခံနိုင်ဘူး”
“အိုကေဗျာ၊ သွားကြမယ်၊ ဒါနဲ့ ခင်ဗျားတက္ကစီနဲ့ပဲ ကျုပ်ကိုလေဆိပ်လိုက်ပို့ပါလား”
“ အင်း ကျုပ်လဲ အဲ့ဒါစဉ်းစားနေတာ၊ ခင်ဗျားဒီပုံနဲ့ဆို မလေးရှားသွားပြီး အလုပ်လုပ်မယ့် မွတ်စလင်တစ်ယောက်လို့ ထင်မှာပဲ၊ ခပ်တည်တည်နဲ့သာ သွားဗျာ၊ ကျွန်တော်လိုက်ပို့မယ်၊ ကျုပ်လဲ ပြီးမှအဝတ်လဲပြီး မင်္ဂလာဒုံကနေ နေပြည်တော်ကို ရဟတ်ယာဉ်နဲ့ လစ်တော့မယ်၊ စိတ်ချရတဲ့ ပိုင်းလော့ ခေါ်လာတယ်”
ရန်ကုန်မြို့၏ ညဦးပိုင်းသည် လူသွားလူလာတွေနှင့် ပိုမိုအသက်ဝင်လာသည်။ မြန်မာသမ္မတကြီး ဦးသိန်းစိန်က တက္ကစီဒရိုင်ဘာအသွင်၊ အမေရိကန်သမ္မတကြီး အိုဘားမားက ခရီးသည်အသွင်ယူ၍ လေဆိပ်ဘက်သို့ ဦးတည်ထွက်ခွာသွားသော တက္ကစီလေးမှာ ရန်ကုန်၏ မာကျူရီ မီးရောင်များ အောက်တွင် အခြားကားများနှင့်ရောကာ ဆူးလေမြင်ကွင်းမှ တဖြေးဖြေးပျောက်ကွယ်သွားလေတော့သည်။
Yangon Chronicle