
မြစ်ကြီးနား အကျဉ်းထောင်က ဒီကနေ့ မနက် ၈ နာရီခွဲက လေးကြိမ် မြောက် အကျဉ်းကျရာကနေ ပြန်လွတ်မြောက်လာတဲ့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော် ဇာဂနာက အစိုးရကို စတင် ဝေဖန် ပြောကြား လိုက်ပါတယ်။
zaganarဇာဂနာက အပြင်ရောက်တာနဲ့ အစိုးရကို ချက်ချင်း သရော်ပါတယ်။နိုင်ငံတော် သမ္မတက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို တကယ် သွားတယ်ဆိုရင် အခု ပုံစံထက် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေး သင့်တယ်လို့ အကျဉ်းထောင်က ထွက်ထွက်ခြင်း ဘီဘီစီနဲ့သီးသန့်မေးမြန်းခန်းမှာ ပြောသွားတာ ဖြစ်ပါတယ်။အခု ပုံစံက နိုင်ငံကျော် ရော့ခ် အဆိုတော် လေးဖြူကို ကလေးသီချင်း ဖြစ်တဲ့ ရောင်စုံ ဘောလုံး သီချင်းကို ဆိုခိုင်းသလို လေဖြတ်နေတဲ့ သက်ကြီးအမျိုးသမီးကို မိတ်ကပ်လိမ်းပြီး အရပ်ထဲ လွှတ်သလို ဖြစ်နေတယ်လို့ဥပမာ ဥပမေယျတွေနဲ့ ထိထိ ရောက်ရောက် ဝေဖန် ပြောကြား ပါတယ်။
သူ့အနေနဲ့သမ္မတကို ပြောခွင့်ရမယ် ဆိုရင်တော့ သူတို့တွေဟာ သမ္မတ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ အဖမ်းခံထားရတဲ့ သူတွေ မဟုတ်တဲ့ အကြောင်း၊ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ စကားလုံးကိုလည်း ကလေးဆန်ဆန် အငြင်းပွား နေတဲ့ သူတွေ မဟုတ် ကြောင်း ပြောလိုပြီး အခုတော့ သူ လွတ်လာပေမယ့် သူငယ်ချင်းတွေ ထောင်ထဲမှာ ရှိနေဆဲ ဖြစ်လို့ စိတ်မကောင်းကြောင်းပြောပါတယ်။တခြား Media Player ဖြင့် ဖွင့်ပါလွတ်လပ်ခွင့်တွေ ပိုရတော့မလား၊ ပြောရေးဆိုခွင့်တွေ သာလာနိုင်မလားလို့ ဘီဘီစီက မေးတာကိုတော့ ပြောခွင့်ရနေတယ်လို့တော့ သူကြားတဲ့အကြောင်း၊ သတင်းစာတွေထဲမှာလည်း စတုတ္ထ မဏ္ဍိုင်ဆိုတဲ့ စကားလုံးကို လှိုင်လှိုင်သုံးထားကြောင်း၊ ဒါပေမဲ့ စတုတ္ထ မဏ္ဍိုင်က ဘယ်သူများလဲလို့ သေချာ စေ့ငုလိုက်တော့ ပြန်ကြားရေးဝန်ကြီးဖြစ်နေတာ တွေ့ရတယ်လို့ ကမ္ဘာကျော် မြန်မာ့ လူရွှင်တော်ကြီးက အကျဉ်းထောင်က ထွက်ထွက်ခြင်း အစိုးရကို သရော်ခဲ့ပါတယ်။
ဒီကနေ့သူတို့ကို လွှတ်တာဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် သက်သက်ကြောင့် မဟုတ်ဘဲ နိုင်ငံရေးမှုနဲ့ပြန်ဖမ်းဆီး ထောင်ချလို့ရတဲ့ ၄၀၁ ကိုလည်း အကြောင်းပြချက်နဲ့ ထည့်ထားတာကို လွှတ်ဝရမ်းထဲ တွေ့ရတယ်လို့ ဇာဂနာက ဘီဘီစီကို ပြောပါတယ်။ (ဘီဘီစီ)
ဇာဂနာနှင့် RFA အင်တာဗျူး
လွန်ခဲ့တဲ့ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ် ချခံခဲ့ရတဲ့ နိုင်ငံကျော် လူရွှင်တော် ဇာဂနာဟာ ၃ နှစ်နဲ့ ၅ လ အကြာမှာ လွတ်လာခဲ့ပေမယ့် ကျန်းမာရေးလည်း အတော်လေး ကောင်းမွန်နေသလို ပြင်ပမှာ ရှိနေစဉ်အတိုင်း အာအက်ဖ်အေရဲ့ မေးခွန်းတွေကို တက်ကြွတဲ့အသံနဲ့ ဟာသတွေနှောပြီး ဖြေခဲ့ပါတယ်။`
ပထမဆုံး ထောင်ကထွက်ရတဲ့ ခံစားမှုကို သူက အခုလို ပြောပါတယ်။
“သမ္မတကြီးရဲ့ မေတ္တာစေတနာနဲ့ တနှစ် လျော့သွားတော့ ၃၄ နှစ်ပေါ့။ အခု ၃ နှစ် ၅ လ နေရတော့ Ten Percent ပေါ့၊ ဘဏ်က အခု အတိုးနှုန်း ပြောင်းသွားတယ်မို့လား ten percent ။ အဲဒီထဲ ကျနော် ပါသွားတာပေါ့။ တကယ်ဆို ထောင်ကလွတ်တာ ပျော်စရာပေါ့။ ဒါပေမယ့် ကျနော် မပျော်နိုင်ဘူး၊ သူငယ်ချင်းတွေ အများကြီး ထောင်ထဲမှာ ကျန်ရစ်ကြတယ်။ ဘာလို့ အစိုးရ တွန့်တိုတာလည်း နားမလည်ဘူး ဖြစ်ရတယ်။ လွတ်မယ့်သာ လွတ်လာတယ် လွတ်ရကျိုး မနပ်ဘူးပေါ့”
ကိုဇာဂနာ နဲ့အတူ မြစ်ကြီးနားထောင်မှာ ၁၄ နှစ်နီးပါး နေခဲ့ရတဲ့ ဦးမျိုးအောင်သန့်နဲ့ ၂ဝဝ၇ သံဃာ့လှုပ်ရှားမှုမှာ ဖမ်းခံရတဲ့ သာကေတမြို့နယ်က ကိုယဉ်မင်းထွန်းဆိုသူ ကျောင်းသားတို့ ၃ ဦးသာ လွတ်ပြီး သံဃာတော်တွေ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်လောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။
“ဘုန်းကြီး ၄ ပါး ကျန်ခဲ့တယ်၊ ဆရာတော် ဦးဥာဏရယ် မန္တလေးက ဆရာတော်ချည်းပဲ ၄ ပါး၊ ဆရာတော် ဦးဝေဒသူ ရယ်၊ ဦးဓမ္မသာမိ ရယ်၊ နောက် ဆရာတော် ဦးကဏ္ဍသာရရယ်။ နိုင်ငံရေးသမားတွေကတော့ သီဟသက်တင်၊ ဇေယျာအောင်၊ မျိုးမင်းသန်း၊ကိုကြည်တိုး၊ နိုင်ငံတော်အစိုးရ လက်မခံတဲ့ နိုင်ငံရေးအကျဉ်းသားတွေပေါ့ သူတို့ ကျန်ခဲ့တယ်”
နိုင်ငံရေး လှုပ်ရှားမှုကြောင့် ထောင် စုစုပေါင်း ၄ ကြိမ် ကျခဲ့ဖူးတဲ့ ကိုဇာဂနာဟာ အရင်ကာလတွေက ထောင်မှာ နေခဲ့တာထက် ဒီတခါ မြစ်ကြီးနားထောင်တွင်း အခြေအနေတွေ ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ သူကိုယ်တိုင် ခံစားနေရတဲ့ သွေးတိုးရောဂါလည်း မြစ်ကြီးနားက ဆရာဝန်ရဲ့ စောင့်ရှောက်မှုကြောင့် ကောင်းလာတဲ့အကြောင်း ပြောပါတယ်။
ကိုဇာဂနာ မလွတ်မြောက်ခင် အချိန်အထိ တနှစ်နဲ့ ၅လလောက် ထောင်ဝင်စာ ပိတ်ခံရတာနဲ့ ပတ်သက်လို့လည်း သူက အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံရတာမို့ အတော်လေး ခံပြင်းခဲ့ရတယ်လို့ ပြောပါတယ်။
“ဒါဟာ ဆိုးရွားတဲ့လုပ်ရပ်ပါ၊ အကျဉ်းသားတယောက်ဟာ အကျဉ်းထောင် ဥပဒေ ချိုးဖောက်ရင် လုပ်ပေါ့၊ ကျနော့်မှာ ဘာမှ မချိုးဖောက်ဘူး။ ခယ်မက ထောင်ဝင်စာ လာတွေ့ တယ်။ ထောင်ဝန်ထမ်းတွေနဲ့ အဆင်မပြေ ဖြစ်တယ်။ သူတို့ချင်း ဖြစ်တာ ကျနော့်ကို အရေးယူတယ်ဆိုပြီး ကျနော့်ကို ထောင်ဝင်စာ ပိတ်တာ။ နောက်နောင် ဒါမျိုးမဖြစ်အောင် ထောင်ပိုင်ကို တရားဝင် ပြောခဲ့ပါတယ်”
ကိုဇာဂနာရဲ့ မိခင်နဲ့ ဖခင် ၂ ဦးလုံးဟာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေ ဖြစ်သလို လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ်နဲ့ ၂ဝ၁ဝ ခုနှစ်ကပဲ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့ကြတာပါ။ မိဘ၂ ပါးထံက အနုပညာအမွေ ဆက်ခံနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ဘဝကတည်းက အငြိမ့်လူပြက်အဖြစ် နာမည်ရခဲ့ပြီး မဆလခေတ် တလျှောက်လုံး တပါတီ အာဏာရှင်စနစ်ရဲ့ အုပ်ချုပ်ရေးစနစ်ရဲ့ အမြီးအမောက် မတည့်တာတွေကို သိမ်မွေ့တဲ့ နိုင်ငံရေး သရော်ချက်တွေ၊ ပျက်လုံးတွေ ထုတ်ခဲ့လို့ မြန်မာပြည်သူတွေရဲ့ အသည်းစွဲ ဖြစ်ခဲ့ပါတယ်။
အခုရော ထောင်ထဲမှာ ပြက်လုံးတွေ ဖန်တီးဖြစ်သလား၊ မကြာသေးခင်က ၂ ပိုင်းကွဲပြီး ပြည်တော်ပြန်သွားတဲ့ သီးလေးသီး အဖွဲ့ကို ဘယ်လို သဘောထားရှိလဲလို့ တဆက်တည်း မေးကြည့်ပါတယ်။
“ပြက်လုံးတော့ မပြောဘူးဗျို့။ သီးလေးသီးတွေ ခိုးချသွားမှာ ကြောက်လို့။ ကျနော် အခု ပြန်ထွက်လာပြီ ဆိုတော့ ပြောစရာ ၂ ခုပဲ ရှိတယ်။ သီးလေးသီး ကမယ့်ဟာ သဘောမတူနိုင်ဘူး။ ဘာလို့လဲဆို သီးလေးသီး ဆေးရောင်စုံ ဆိုတာ ကျနော့်နာမည် ဖြစ်တာမို့ သီး ၂ သီး ထဲ ပွဲကတာ လက်မခံနိုင်ဘူး၊ အသီး ၄ သီး စုံမှသာ လက်ခံနိုင်မယ်။ နောက်တချက်က မြပုဏ္ဏမာရင်သွေး ဆိုပြီး အသုံးပြုခွင့် မရှိဘူး၊ မြပုဏ္ဏမာ ဆိုတာ ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ငှက်ပျော်ကြော်၊ ညောင်ညောင်၊ ဂေါ်ဇီလာရယ် မင်းသမီးဝင့်သိဂ င်္ီစုံမှသာ ကခွင့်ပြုမယ်”
“အစိုးရအသစ် ဆီးကြိုတဲ့ လူတွေရဲ့ သဘောနဲ့ သော်လည်းကောင်း၊ ဂေါ်ဇီလာ သဘောနဲ့ သော်လည်းကောင်း အဲဒီနာမည်နဲ့ ခွင့်မပြုနိုင်ဘူး။ အခု လေယာဉ်ပျံ ကွင်းဆင်းနေပြီ၊ လေယာဉ်ပေါ်က ဆင်းတာနဲ့တပြိုင်နက် အဲဒီပွဲကို အဓိက သွားတားမယ်”
ကိုဇာဂနာဟာ လောလောဆယ် ဘာဆက်လုပ်မယ်ဆိုတာ ယတိပြတ် မပြောနိုင်သေးပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်ရောက်တာနဲ့ တွေ့ဖို့ ရှိတဲ့အကြောင်း၊ အဲဒီအခါ သူ ဘာလုပ်ရမယ်ဆိုတာ အဖြေပေါ်လာမယ်လို့လည်း ပြောပါတယ်။
ဒီကနေ့ ကိုဇာဂနာအပေါ် ချစ်ခင်လေးစားတဲ့ ပြည်သူတွေ နိုင်ငံရေးသမားတွေကို ဘာပြောချင်လဲ လို့လည်း မေးကြည့်ပါသေးတယ်။
“တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးနဲ့ ပတ်သက်သူတွေအားလုံးကို တခုတော့ ပြောချင်တယ်ဗျာ။ အဲဒါကတော့ ‘နေတိုး’ တွေ မလုပ်ကြပါနဲ့၊ ‘ပြေတီဦး’ တွေ လုပ်ကြပါလို့၊ အဲဒါ ပြောချင်တယ်။ ‘နေတိုး’ ဆိုတာ NATO ‘No Action- Talk Only’ စကားတွေချည်းပဲ ပြောပြီး ဘာအလုပ်မှ မလုပ်တဲ့ဟာတွေ မလုပ်ကြပါနဲ့။ ‘ပြေတည်ဦး’ တွေ လုပ်ကြပါ။ တိုင်းပြည် တည်ထောင်ဖို့အတွက်ကို ကျနော်တို့ ဦးခေါင်းထဲ ထည့်ပြီး ဦးတိုက်လုပ်ကြပါ၊ အဲဒါ ပြောချင်ပါတယ်”
"ကိုဇာဂနာနှင့်Eleven Media Groupအင်တာဗျူး"
မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ကိုသူရ(ခေါ်)ကိုဇာဂနာအား ရန်ကုန်သို့ လာရောက်ရန် လေယာဉ်ပေါ် မတက်မီအချိန်အတွင်း Eleven Media Group မှ မေးမြန်းချက်အချို့ကို ဖော်ပြလိုက်ပါသည်။
မေး- အခု ပြန်လွတ်လာတဲ့ အပေါ်မှာ ကိုသူရအနေနဲ့ ဘယ်လိုခံစားရပါသလဲ။
ဖြေ- အေးပေါ့ဗျာ။ လွတ်လာတာတော့ လွတ်လာတာပေါ့။ ဒီလိုလွတ်လာပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။
မေး- လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အပြောင်းအလဲဆီသွားနေတယ်ဆိုတဲ့ အပေါ်မှာ
ကိုသူရလည်း သိထားတာတွေရှိမှာပါ။ ဒီအပေါ်မှာ ဘယ်လိုမြင်မိပါသလဲ။
ဖြေ- အပြောင်းအလဲဆိုတဲ့ ကိစ္စမှာ အခု တွေ့ကြုံနေရတာတွေကြောင့် အပြောင်းလဲကြီး ဖြစ်နေပြီလားဆိုတာကို မယုံရဲသေးဘူး ဖြစ်နေတယ်။
မေး- တွေ့ကြုံနေရတဲ့ အခြေအနေဆိုတာ အဲဒီက အနေအထားကိုပြောတာလား၊ အကုန်လုံး ပြန်မလွတ်လာသေးတဲ့ အခြေအနေကို ပြောတာလား။
ဖြေ- မစို့မပို့လွှတ်တာကိုပဲ ပြောချင်တာပါ။
မေး- အခုလိုလွတ်လာပြီးတဲ့နောက် ဘာတွေဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။
ဖြေ- ဘာမှတော့ မစဉ်းစာရသေးပါဘူး။ ကျွန်တော့်ညီတွေအတွက် သီချင်းတွေ၊ ပြက်လုံးတွေ လုပ်ရပါဦးမယ်။ ကျွန်တော်တို့ အလုပ်လုပ်ရမယ်။ လုပ်ရမယ့် အလုပ်တွေ မပြီးသေးဘူး။ နိုင်ငံရေးအလုပ်တွေကို ဆက်လုပ်ရဦးမယ်။
မေး- နိုင်ငံရေးအလုပ်ဆက်လုပ်မယ်ဆိုတာက လက်ရှိအခင်းအကျင်းထဲကနေ ပါတီတစ်ခု၊ ပါတီဝင် တစ်ဦးအနေနဲ့ ၀င်ပါမှာကို ပြောတာလား။
ဖြေ- ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈တုန်းက ကျွန်တော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ထွက်ခဲ့ကြတာမဟုတ်ပါဘူး။ လိုချင်တာတွေ ရှိလို့ ထွက်ခဲ့ကြတာပါ။ ကျွန်တော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အ၀ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်။ ရန်ကုန်ရောက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ လေယာဉ်ပေါ်တက်ရတော့မယ်။
Wednesday, October 12, 2011
1 ဇာဂနာ အစိုးရကို စ သရော်
0 နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု နောက်ဆုံးရ သတင်းများ စုစည်းတင်ပြချက်(၂ )
မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်
(ကသာထောင်)
ကချင်ပြည်နယ် ကသာထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦး လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။
ဦးစောလှိုင်(၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်းတော်ကိုယ်စားလှယ်)၊ ကိုမျိုးဝင်း(ရန်ကုန်)၊ ကိုအောင်နိုင်ဦး(ပဲခူး)၊ ကိုမြင့်အောင်(ကေအန်ယူ) နဲ့ စောဘဘိုး(တောင်ငူ) တို့ဖြစ်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ)
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုပဏ္ဍိတ်ထွန်း လွှတ်မယ့်စာရင်းမှာ မပါဘူးလို့ ထောင်အာဏာပိုင်တွေက တဆင့်ကြားတယ်လို့ သူ့အဖေက ပြောပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မလားဆိုတာလည်း မသိရသေးဘူးလို့ သူ့ညီ ကိုအောင်ထွန်းက ပြောပါတယ်။
(ပေါင်းတည်ထောင်)
ထောင်ဒဏ် ၁၀၆ ချမှတ်ခံရပြီး စစ်တွေထောင်မှာ အကျဉ်းကျနေသူ ရှမ်းခေါင်း ဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင် ဒီမနက် ပြန်လည်လွတ်မြောက်တယ်လို့ လားရှိုးမြို့ နေ မြေးဖြစ်သူက ပြောပါတယ်။ပဲခူးတိုင်း ပေါင်းတည်ထောင်က ကိုကျော်ကျော်လင်း (အဖွဲ့ချုပ်လူငယ်) ကတော့ လွတ်ဖို့ အတွက် ညကတည်းက လက်မှတ်ထိုးပြီးပြီဖြစ်ပြီး ဒီနေ့လွတ်မြောက်မယ်လို့ သိရပါတယ်။ ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သူတယောက်တည်းရှိပါတယ်၊ စစ်ထောက်လှမ်းရေးဟောင်း ၇ ဦးလည်း ပေါင်းတည်ထောင်ကနေ ဒီနေ့လွတ်မယ်လို့ သတင်းရရှိပါတယ်။
မွန်းတည့် ၁၂ နာရီ ၂၇ မိနစ်
(ဟင်္သာတထောင်)
ဧရာဝတီတိုင်း ဟင်္သတထောင်ကနေ အကျဉ်းသား ၂၆ ဦး လွတ်မြောက်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အဖွဲ့ချုပ်ဝင် ကိုသန့်ဇော်နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် မအေးသီတာတို့ လွတ်မြောက်လာပါတယ်။
မအေးသီတာဟာ ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ်မှတ်ခံရပြီး ၄ နှစ်ပြည့်ချိန်မှာ ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် ဝမ်းသာကြောင်း မအေးသီတာက ဒီဗွီဘီကို ပြောပါတယ်။
(ဗူးသီးထောင်ထောင်)
ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃ ဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း)၊ ကိုသန်းထွန်းဇေ၊ ဦးအောင်စိုးတို့ လွတ်မြောက်လာပါတယ်။
ကျန်းမာရေးမကောင်းတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ဒီထောင်ကနေ လွတ်လာမယ်လို့ မိသားစုက ယုံကြည်နေပေမယ့် ဒီနေ့လွတ်လာတဲ့အထဲ ကိုဌေးကြွယ်မပါဘူးလို့ ထောင်အာဏာပိုင်က ကိုဌေးကြွယ်ရဲ့နှမ မမီမီကြွယ်ကို ပြောပါတယ်။
(တောင်ငူထောင်)
ပဲခူးတိုင်း တောင်ငူထောင်က အကျဉ်းသား စုစုပေါင်း ၉၁ ဦး လွတ်မြောက်ပြီး ထောင် အခေါ်အဝေါ်အရ သာမန်သီးသန့်နဲ့ သီးသန့်အကျဉ်းသား ၃၂ ဦးလွတ်မြောက်သလို စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်သူ ၁၃ ဦး လွတ်မြောက်တယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်က ပြောပါတယ်။
တောင်ငူထောင်က လွတ်မြောက်သူတွေထဲမှာ ၁၉၈၉ ခုနှစ် သန်လျင်ရေနံချက် စက်ရုံဝင်း ဗုံးဖောက်ခွဲမှု သံသယနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦးလည်း ပါဝင်ပါတယ်။ သူဟာ အဖွဲ့ချုပ် လူငယ်တဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဖြစ်ကြတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်နဲ့ ကိုမိုးကျော်သူတို့ကို ဗုံးဖောက်ခွဲမှု တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူက) ဗိုလ်မှူးကိုကိုနိုင်က သန်လျင်ရေနံချက် စက်ရုံနဲ့ မြို့တော်ခန်းမ တို့ကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦးကတော့ အခုမှ လွတ်မြောက်လာရတာပါ။
တောင်ငူထောင်မှာ ပုဒ်မ ၅ ည နဲ့ ၁၉၉၉ ခုနှစ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ စတင်ကျခံရတဲ့ စောမြင့်နိုင်(ထောင်ဒဏ် ၂၄ နှစ်)၊ ဦးအေးရွှေ(ပဲခူး) (ထောင်ဒဏ် ၂၄ နှစ်) ကိုဇော်ရဲဝင်း (ထောင်ဒဏ် ၁၇ နှစ်) တို့လည်း ပြန်လွတ်လာပါတယ်။
အလားတူ ကိုအောင်အောင်(အောင်သန့်ဇင်ဦး) နဲ့ အောင်ဇေဖြိုး(ဇော်ကြီး) တို့လည်း တောင်ငူ ထောင်ကနေ ပြန်လွတ်လာတယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်က ပြောပါတယ်။
မွန်းတည့် ၁၂ နာရီ ၇ မိနစ်
(ကလေးမြိဲု့)
စစ်ကိုင်းတိုင်း ကလေးမြို့က အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေက အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်တယ်လို့ ကလေးမြို့ နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။
ကလေးမြို့ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ရှိတဲ့အနက် ဦးအေးချို၊ ဦးသိန်းလွင်ဦး၊ ကိုလှိုင်မျိုး၊ ကိုမြင့်နိုင်၊ ကိုအောင်အောင်တို့ လွတ်မြောက်လာတယ်လို့ ပြောပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံ ဃာတော် အရှင်ဂမ္ဘီရကတော့ လွတ်မြောက်မလာသေးဘူးလို့ ထောင်ရှေ့မှာ စောင့်နေသူတွေက ပြောပါတယ်။
မနက် ၁၁ နာရီ ၃၅ မိနစ် ၂၀ စက္ကန့်
(သံတွဲထောင်)
ရခိုင်ပြည်နယ် သံတွဲထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ရှိတဲ့အနက် တဦးမှ လွတ်မလာသေးဘူးလို့ ဒီမနက် ၉ နာရီမှာ သံတွဲက နိုင်ငံရေးအသိုင်း အဝိုင်းက ပြောပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးကဖယ်ရှား အရေးယူခံရပြီးနောက် ထောင်ကျ ခဲ့ကြတဲ့ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီး ၂ ဦးလည်း သံတွဲထောင်မှာ အကျဉ်းကျနေတယ်လို့ သိရပါတယ်။
နေဘုန်းလတ် (ဘလော့ဂါ)
ကရင်ပြည်နယ် ဘားအံထောင်က အကျဉ်းသားတွေထဲက ၃၈ ဦး လွတ်မြောက်ဖို့ရှိ တယ်လို့ ဘားအံထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီထဲမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဘလော့ဂါနေဘုန်းလတ် ပါဝင်မှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဘားအံထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ညီဖြစ်သူ ကိုဘိုသူက ပြောပါတယ်။
မနက် ၁၁ နာရီ : ၁၇ မိနစ် : ၃၀ စက္ကန့်
ဦးသန်းလွင် (အန်အယ်လ်ဒီ)
ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မတ္တရာ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသန်းလွင်ရဲ့ အခြေအနေကို မိသားစုက ထောင်ကို မေးမြန်းရာ မှာ ၁၀ နာရီကျမှ ပြန်လည်မေးမြန်းဖို့ တုံ့ပြန်ဖြေကြားတယ်လို့ မိသားစုက ပြောပါတယ်။ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး အကျဉ်းကျနေတယ်လို့ သိရပါတယ်။
ဒေါ်ဝင်းမြမြ (အန်အယ်လ်ဒီ)
ကချင်ပြည်နယ် ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်ဝင်းမြမြရဲ့ နေအိမ်ကို မနက် ၉ နာရီက မေးမြန်းရာမှာ သက်ဆိုင်ရာက ဘာမှ အကြောင်းမကြားပါဘူးလို့ ဒေါ်ဝင်းမြမြရဲ့အစ်ကို ဦးဘစိုးက ဖြေပါတယ်။
ပူတာအိုထောင် မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အကျဉ်းကျနေပါတယ်။ စစ်ကိုင်တိုင်းဒေသကြီး မုံရွာထောင်က နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ပြန်လွတ်ဖို့ရှိ တယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုညွန့်အောင် (မုံရွာအန်အယ်လ်ဒီ) မုံရွာအန်အယ်လ်ဒီက လူငယ်တာဝန်ခံ ကိုညွန့်အောင်ဟာ ပူတာအိုထောင်မှာ အကျဉ်းကျနေရာက ပြန်လွတ်လာမယ်လို့ မိသားစွုနဲ့ အဖွဲ့ချုပ်ဝင်တွေက မျှော်လင့်နေကြပါတယ်။
တောင်ငူထောင်
တောင်ငူထောင်ကနေ အကျဉ်းသား ၉၁ လွတ်မြောက်ဖို့ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၂ ဦး ပါဝင်မယ်လို့ တောင်ငူထောင်အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီထဲမှာ သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မှားယွင်းဖမ်းဆီးထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ ကျူးလွန်သူအမှန် ပေါ်ပေါက်သွားပေမယ့် မလွတ်မြောက်သေးတဲ့ ကိုညီညီဦး အပါအဝင် ဦးအေးဆွေ၊ စောမြင့်နိုင်၊ ဂျိမ်း (ခေါ်) အောင်အောင်၊ အောင်ဇေဖြိုးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ရှိတယ်လို့လည်း တောင်ငူထောင် အသိုင်းအဝိုင်းက ပြောပါတယ်။
ကိုလှမျိုးနောင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဒီမနက် ၈ နာရီလောက်မှာ အကျဉ်းသား တချို့ကို မှန်လုံကားတစီးနဲ့ စတင်လွှတ်ပေးလိုက်ပြီး ဒီအကျဉ်းသားတွေထဲမှာ ရှမ်း၊ တရုတ် စတဲ့အကျဉ်းသားတွေသာ ပါဝင်ပြီး ရှမ်းပြည်နယ်ဘက်ကို ပြန်ပို့တာလို့ အိုးဘိုထောင်ရှေ့က မျက်မြင်သက်သေတွေက ပြောပါတယ်။
အိုးဘိုထောင်ကနေ လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုလှမျိုးနောင် ပါဝင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
လူရွှင်တော် ဇာဂနာ
မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ (ကိုသူရ) ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သူတွေထဲ ပါဝင်ကြောင်း မြစ်ကြီးနားထောင် အာဏာပိုင်တွေဆီက သိရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။
ဒီမနက် ၁၀ နာရီ မိနစ် ၃၀ မြန်မာ့လေကြောင်းလေယာဉ်နဲ့ တင်ပေးလိုက် မှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။
၂ဝဝဂ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေခဲ့တဲ့ ကိုဇာဂနာကို အာဏာပိုင်တွေက အဲဒီနှစ်ဇွန်လမှာ ဖမ်းဆီးခဲ့ပါ တယ်။
အဲဒီနောက် သူ့ကို အီလက်ထရောနစ် အက်ဥပဒေ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနဲ့ ဗွီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပါတယ်။
အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ထားရာက ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ တမှုကို၈ နှစ်စီ စုစုပေါင်း ၂၄ နှစ် လျှော့ချပေး လိုက်လို့ ထောင်ဒဏ် ၃၅ နှစ် ကျန်ရှိတာဖြစ်ပါတယ်။
ကိုဇာဂနာ အကျဉ်းကျခံနေတုန်းမှာ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးဟာ ၂၀၀၉ ခု မတ်လ ၂၀ ရက်မှာ ကွယ်လွန်ခဲ့သလို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေဟာလည်း ၂၀၁၀ ခု ဇူလိုင် ၁၄ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဇာဂနာနဲ့အတူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ကိုမျိုးအောင်သန်းနဲ့ ကိုဇင်မင်းထွန်းတို့လည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။
ဦးကျော်ခင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရှမ်းပြည်နယ် တောင်ကြီးထောင်က လွတ်မြောက်မယ့် အကျဉ်းသား ၂၀၀ စာရင်း မှာ ၁၉၉၀ ရွေးကောက်ပွဲဝင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ပါဝင်တယ်လို့ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါ တယ်။ လားရှိုးထောင်ကလည်း အကျဉ်းသား ၉၂ ဦး လွှတ်မှာဖြစ်ပြီး အဲဒီထဲက နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ဦးရှိန်နိတ္တ၊ ကိုအောင်ဇော်ဦး(တောင်ကြီး)၊ မတင်တင်ချို (မရမ်း ကုန်း အန်အယ်လ်ဒီ)၊ ဦးအုန်းကျော် (ဒေါပုံ အန်အယ်လ်ဒီအဖွဲ့ဝင်) တို့ ၄ ဦး ပြန်လွတ်လာ တယ်လို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
ကျိုင်းတုံထောင်မှာ အကျဉ်းသာ ၁၄၄ ဦး လွတ်တယ်လို့ ကြားသိရပေမယ့် နိုင်ငံရေးအကျဉ်းသား ပါမပါ မသိရသေးပါဘူး။
မနက် ၁၀ နာရီ : ၄၀ မိနစ် : ၄၀ စက္ကန့်
ဗိုလ်ချုပ်ဆေထင်ကို ရခိုင်ပြည်နယ် စစ်တွေကနေ ရန်ကုန်ကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိတိမ်စွဲနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ခံစားနေရပါတယ်။
ဗိုလ်ချုပ်ဆေထင်ဟာ ‘နအဖ’ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အထူးဒေသ (၃) ဥက္ကဋ္ဌဖြစ်သလို ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကောင်စီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။
သူနဲ့အတူ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် စတဲ့ ရှမ်းခေါင်းဆောင် ၈ ဦးကို “ရှမ်းပြည်ပညာရှင်များကောင်စီ ဖွဲ့စည်းဖို့ လှုပ်ရှားကြတယ်”ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး မြန်မာနိုင်ငံ တရားစီရင်မှုသမိုင်းမှာ မကြုံစဖူး ထောင်ဒဏ် (၁၀၆) နှစ် စီရင်ခံရသူဖြစ်ပါတယ်။
နောက်ဆုံးရရှိတဲ့သတင်းအရ ဗိုလ်ချုပ်ဆေထင်ကို ရန်ကုန်ကို ဒီနေ့ပို့ဆောင်မှာဖြစ်ပြီး မနက်ဖြန်မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်လို့ မိသားစုအနေနဲ့ လားရှိုးလေဆိပ်ကနေ စောင့်ကြိုဖို့ ဒီမနက် ၉ နာရီခွဲမှာ ဗိုလ်ချုပ်ဆေထင်ကိုယ်တိုင် ဖုန်းဆက်တယ်လို့ သူ့သမီး နန်းခမ်းဖောင်းက ဒီဗွီဘီကို ပြောပါတယ်။
မနက် ၉ နာရီ : ၄၅ မိနစ် : ၀၅ စက္ကန့်
မန္တလေး အိုးဘိုထောင်က လွတ်မယ့် နိုင်ငံရေးအကျဉ်းသား တွေကိုလည်း နိုင်ငံရေးအသိုက်အဝန်းက သွားကြိုဖို့ ပြင်ဆင်နေကြပါတယ်။ ပဲခူးမှာတော့ အခြေအနေ ထူးခြားမှု မရှိသေးဘဲ ပဲခူး အဖွဲ့ချုပ်ဥက္ကဌ ဦးမြတ်လှကတော့ အားလုံးလွတ်မယ်လို့ သိပ်မမျှော်လင့်ဘူးလို့ ပြောပါတယ်။ အသက်ကြီးတဲ့လူတွေလောက်လွှတ်မယ်လို့ ထင်ပြီး လူငယ်တွေ အထူးသဖြင့် ၈၈ မျိုးဆက်တွေကို လွှတ်ပါ့မလားလို့ စိုးရိမ်တယ်လို့ လည်း ပြောပါတယ်။
မနှင်းပွင့်ဝေ (ဗကသ)
မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ မနှင်းပွင့်ဝေ (နာဂစ်အလောင်းတွေ သင်္ဂြီုဟ်တဲ့ ဗကသ အဖွဲ့ဝင်) လည်း လွတ်မယ့်စာရင်းမှာပါတယ်။ ဒီမနက် ၁၀ နာရီမှာ အခမ်းအနားနဲ့လွတ်မယ်လို့ သိရပြီး သူ့ဖခင် ဒေါက်တာနေဝင်းနဲ့ မိခင်တို့က ရန်ကုန်ကနေ မော်လမြိုင်ထောင်ရှေ့ကို သွားရောက်စောင့်ဆိုင်းနေကြပါတယ်။
မနက် ၈ နာရီ : ၄၀ မိနစ် : ၀၆ စက္ကန့်
နိုင်ငံကျော်လူရွှင်တော် ဇာဂနာ (ကိုသူရ) အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦး မြစ်ကြီး နားထောင်ကနေ လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်အတွင်းရေးမှူး ဦးနေဝင်းက မြစ်ကြီးနားထောင်ကို သွားမေးရာမှာ အဲဒီလို သိလာရတာလို့ ပြောပါတယ်။ လွတ်မယ့်လူစာရင်းမှာ ကိုဇာဂနာပါတယ်လို့ သူ့ခယ်မ မငြိမ်းကလည်း ပြောပါတယ်။
ပဲခူးတိုင်း သာယာဝတီထောင်က ပြန်လွှတ်မယ့် အကျဉ်းသားစာရင်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတော်အတန်ပါတယ်လို့ ထောင်အာဏာပိုင်တွေက ပြောတဲ့အကြောင်း ထောင်ကို မနေ့ကသွားပြီး ပါဆယ်ပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ပြောပါတယ်။ သာယာဝတီထောင်ကို မနေ့မွန်းလွဲပိုင်းက နိုင်ငံရးအကျဉ်းသား ၃၃ ဦးအ တွက် ပါဆယ်သွားပို့ရာမှာ ၁၂ ရက်နေ့မှာ လွှတ်ပေးတဲ့အခါ စာရင်းသွင်းထားရင် ပြန်ထုတ် ရခက်မှာစိုးလို့ မနက်ဖန် ပြန်လွတ်တော့မှပေးဖို့ ထောင်ဝန်ထမ်းက ပြောတယ်လို့ ဆိုပါတယ်။ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၈၀ ကနေ ၂၀၀ အကြားရှိတယ်လို့ လည်း သိရပါတယ်။
ဒီနေ့မနက် ၇ နာရီလောက်မှာ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကို အကျဉ်သား တွေ ပြန်လွတ်မယ်လို့ မျှော်လင့်ပြီး သွားရောက်ကြည့်ရှုမေးမြန်းရာမှာ မနက် ၈ နာရီမှ လွှတ်မယ့်အကြောင်း ထောင်တာဝန်ရှိသူက ဖြေကြားတယ်လို့ မန္တလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တဦးက ပြောပြပါတယ်။ အိုးဘိုထောင်ရှေ့မှာ အကျဉ်းသားမိသားစုဝင် ၅၀ လောက် ရောက်ရှိစောင့်ဆိုင်းနေကြပြီလို့လည်း ပြောပါတယ်။
မန္တလေးတိုင်း ရွှေဘိုထောင်ကနေ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ဆယ်ဦး ပြန်လည်လွတ်မြောက်လာမယ်လို့ ထောင်တွင်းက ထွက်ပေါ်လာတဲ့သတင်းကို ကိုးကားပြီး အကျဉ်း သားတွေအကျိုး လိုက်ပါဆောင်ရွက်နေသူတွေ၊ ကြိုဆိုနေသူတွေက ပြောပါတယ်၊ ကျိန်း သေလွတ်ပြီလို့ မဆိုနိုင်သေးပေမယ့် သူတို့ရရှိတဲ့စာရင်းမှာ ပါဝင်သူတွေကတော့ …
၁။ မလေးလေးမွန်
၂။ ကိုကျော်မင်းသန်း
၃။ ကိုကြည်သာထွန်း
၎။ ကိုစိုးဝင်းအောင်
၅။ ဦးကျော်လှိုင်
၆။ ဦးသုစိတ္တ
၇။ ဦးသုဇန
၈။ ဦးခေမိန္ဒ
၉။ မရင်ရင်ဝိုင်း
min kyaw khine(facebook)
0 နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု နောက်ဆုံးရ သတင်းများ စုစည်းတင်ပြချက်
မြစ်ကြီးနား အကျဉ်းထောင်မှ ကိုသူရ(ခ) ဇာဂနာ ပြန်လည် လွတ်မြောက်လာကြောင်း ကိုဇာဂနာက ခယ်မဖြစ်သူ မငြိမ်းက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။
"လွတ်လာတာတော့ သေချာပါပြီ။ ကိုသူရနဲ့ တိုက်ရိုက် အဆက်အသွယ်တော့ မရသေးပါဘူး။ အဆက်အသွယ်ရဖို့ လုပ်နေပါတယ်။ ထောင်က တာဝန်ရှိသူတွေနဲ့ စကားပြောပြီးပါပြီ။ အခုပဲ ထောင်ဗူးဝ ရောက်နေပြီလို့ ပြောပါတယ်" ဟု ယနေ့နံနက် ၈ နာရီ အချိန်တွင် မငြိမ်းက ပြောကြားခဲ့ပါသည်။
မြစ်ကြီးနားတွင်ရှိနေသော ဒေသခံတစ်ဦးကလည်း ဇာဂနာ လွတ်မြောက်လာသည့် အဆိုပါ သတင်းကို အတည်ပြု ပြောကြားပေးခဲ့ပါသည်။ မြစ်ကြီးနား အကျဉ်းထောင် အကျဉ်းသား ၈၀ကျော် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ပြောပြပါသည်။
"မြစ်ကြီးနားကနေ စုစုပေါင်း ၈၇ ဦးလွတ်တယ်လို့ ကြားထားတယ်။ ကိုဇာဂနာကတော့ အထင်ရှားဆုံးပါပဲ"ဟု မြစ်ကြီးနားဒေသခံက နံနက်၈နာရီ ၁၀မိနစ်အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ကိုဇာဂနာသည် ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်းက စမ်းချောင်းရှိနေအိမ်၌ အဖမ်းခံခဲ့ရခြင်း ဖြစ်ပြီး ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသူဖြစ်ပါသည်။ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီလတွင် အမှုသုံးမှုအတွက် တစ်မှုလျှင် ၈နှစ်စီဖြင့် ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ရာ ထောင်ဒဏ် ၃၅နှစ် အဖြစ်သို့ ပြောင်းလဲခဲ့ပြီးနောက် ယခု ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်ပါသည်။
ထပ်မံရရှိသော သတင်းများကို ဆက်လက်ဖော်ပြသွားပါမည်။
9:00 AM
စစ်တွေထောင်မှ ဗိုလ်ချုပ်ဆေထင် (SSPC ဥက္ကဌ ) လွတ်မြောက်လာကြောင်း သိရှိရပါသည်။
9:36 AM
ကိုမင်းကိုနိုင်နှင့် ကိုဌေးကြွယ်တို့မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရပြီး ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများထဲတွင် မပါဝင်သေးကြောင်း ၄င်းတို့နှင့် နီးစပ်သူတစ်ဦးက ယနေ့နံနက် ၉ နာရီတွင် ပြောကြားသည်။
9:40 AM
အင်းစိန်ထောင်ရှေ့တွင် နံနက် (၄)နာရီ အချိန်မှစတင်ပြီး လာရောက်စောင့်ကြိုနေသူ (၇၀၀) ခန့် ရှိနေပြီး ထူးခြားချက် မရှိသေးကြောင်း သိရပါသည်။ သိရှိရသော သတင်းများအရ အင်စိန်ထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူ အမျိုးသား (၂၅၀) ကျော် အမျိုးသမီး (၁၀) ဦးကျော် စုစုပေါင်း (၂၆၀) ကျော် ရှိနေကြောင်း သိရှိရပါသည်။ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရပြီး ယနေ့နံနက် ပြန်လည် လွတ်မြောက်လာသူများထဲတွင် NLD ပါတီဝင် (၆) ဦးလည်း ပါဝင်ကြောင်းသိရသည်။
9:55 AM
တောင်ကြီးအကျဉ်းထောင်မှ ဦးရွှေထူး ၊စစ်တွေအကျဉ်းထောင်မှ ကိုဝင်းမော် ၊ ဘူးသီးတောင်အကျဉ်းထောင်မှ ကိုကိုကြီး (စမ်းချောင်း) ၊ ရွှေဘိုအကျဉ်းထောင်မှ မလင်းလင်းမော် တို့ ဆက်လက် လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:00 AM
ဘူးသီးတောင်ထောင်မှ ကိုကိုကြီး(စမ်းချောင်း)၊ ကိုသန်းထွန်းဇေ ၊ ဦးအောင်စိုး တို့လွတ်မြောက်လာကြောင်း သိရှိရပါသည်။
10:08 AM
အင်းစိန်အကျဉ်းထောင်မှ ယနေ့တွင်(12.10.2011) ကျား ၅၆၄ ဦး၊ မ ၇၈ ဦး စုစုပေါင်း ၆၄၂ ဦး ကို အသုတ်လိုက်ခွဲ၍ လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
10:17 AM
နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြုကန်တော့ပွဲကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပရန်စီစဉ်ထားပြီး ယခုအခါ စီစဉ်သူများ၊ နိုင်ငံရေးအကျဉ်းသားများ ၊ ထောက်ခံသူများနှင့် စိတ်ပါဝင်စားသူ ၁၀၀ ကျော် တက်ရောက်လျှက်ရှိသည်ကို တွေ့ရသည်။ ဦးတင်ဦး ဦးဝင်းတင်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ဂါရ၀ပြုကန်တော့ကြမည် ဖြစ်သည်။
10:22 AM
၂၀၀၅ ခုနှစ်က ၀န်ထမ်းများ လစာနည်းပါးမှုနှင့် ပတ်သက်၍ မဲဆောက်ရှိ ILO အဖွဲ့နှင့် သွားရောက်တွေ့ဆုံခဲ့သူ အမျိုးသမီး မအေးသီခိုင် ၊မအေးချမ်း ၊မယဉ်ကြည် ၊ ဒေါ်သန်းသန်းဌေး တို့ အင်းစိန်ထောင်မှ လွတ်မြောက်လာကြောင်း သိရပါသည်။
10:23 AM
ထောင်ဒဏ် အနှစ် ၂၀ ကျခံနေရသူ NLD ပါတီဝင် ဦးဘတင့် ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရသည်။
10:24 AM
ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ရာကျော်လွှတ်ပေးမည်ဖြစ်သော်လည်း အဆိုပါ လွတ်မြောက်မည့်သူများတွင် ကိုပေါ်ဦး (ခေါ်) ကိုမင်းကိုနိုင် မပါဝင်သေးကြောင်း ကျိုင်းတုံအကျဉ်းထောင်မှာ တာဝန်ရှိသူတစ်ဦးက Eleven Media Group သို့ အတည်ပြု ပြောကြားခဲ့ပါသည်။ ကိုမင်းကိုနိုင်သည် ထောင်ဒဏ် ၆၅နှစ် ကျခံနေရသူဖြစ်ပါသည်။ မည်သည့်နေ့ရက်တွင် ကိုမင်းကိုနိုင် ပြန်လည်လွတ်မြော က်မည်ကို မသိရှိရသေးကြောင်းလည်း ကျိုင်းတုံအကျဉ်းထောင်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
10:30 AM
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် NLD လူငယ် ပါတီဝင် ကိုအောင်မိုးလွင် အင်စိန်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
10:42 AM
သာယာဝတီအကျဉ်းထောင် မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူအချို့ ပြန်လည်လွတ်မြောက်ရန်ရှိသော်လည်း အမည်၊ လူဦးရေ အတိအကျ မသိရသေးကြောင်း သိရသည်။
မန္တလေးထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၄၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရှိပါသည်။
10:50 AM
ဂါရဝပြုအခမ်းအနားသို့ ဦးဝင်းတင် ၁၀း၅၀ မိနစ်တွင် ရောက်ရှိလာသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ မိနစ်ပိုင်းအတွင်း ရောက်ရှိမည်။
11:00 AM
အင်းစိန်အကျဉ်းထောင်ရှေ့ လမ်းမပေါ်တွင် လွတ်မြောက်လာသူများကို လာရောက်စောင့်ဆိုင်းသူများ အယောက် ၁၀၀၀ ကျော် ရှိနေကြောင်းနှင့် အဆိုပါလမ်းကို ယာယီပိတ်ထားကြောင်းသိရသည်။ NDF ပါတီဝင်အချို့က လွတ်မြောက်လာသူများအား ၀မ်းမြောက်စွာကြိုဆိုကြောင်း စာတန်းကို ကိုင်ဆောင် ကြိုဆိုနေကြောင်း သိရသည်။ အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို အစားအသောက်များကျွေးမွေးခြင်း၊ လိုအပ်သော ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်းကိုလည်း လာရောက်စောင့်စားကြည့်ရှုနေသည့် လူအများက ကူညီပြုလုပ်ပေးနေကြောင်း သိရှိရပါသည်။
( Eleven Media Group )
0 ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အတွင်း တရုတ် သင်္ဘောသား ၁၃ ဦးအသတ်ခံရ(ဓာတ်ပုံသတင်း)ရုပ်/သံ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ရွှေတြိဂံနယ်မြေ မဲခေါင်မြစ်အတွင်း တွေ့ရသော တရုတ် သင်္ဘောသား ၁၃ ဦး၏ အလောင်း များကို သတ်ဖြတ်သူများတွင် ရှမ်းလူမျိုး နော်ခမ်းဦးစီးသော ဂိုဏ်းအဖွဲ့သည် နောက်ကွယ်မှ ပါဝင် ပတ်သက်နေနိုင်ကြောင်း ထိုင်းစစ်တပ်က ပြောကြားသည်ဟု ဘန်ကောက်စ်ပို့ သတင်းစာတွင် ဖော်ပြပါရှိသည်။
တရုတ်အလံတင် သင်္ဘောနှစ်စီးကို ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ် မြောက်ဘက် ၁၂ မိုင် ခွဲခန့်အကွာတွင်ပြန်ပေးဆွဲခဲ့သည်ဟု ပါမောင်း အထူးတပ်ဖွဲ့၏ တပ်မှူး ဗိုလ်မှူးချုပ် ပရာခန် ချွန်လာယွတ် Prakarn Chonlayuth ၏ ပြောကြားချက်ကို ဘန်ကောက်စ်ပို့စ်က ကိုးကားထားခြင်းဖြစ်သည်။
“အဲဒီဂိုဏ်းက မြစ်ပေါ်မှာ သွားလာနေတဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲလေ့ရှိပြီး ဆက်ကြေးတောင်းတယ်။ မပေးရင် သင်္ဘောသားတွေကိုသတ်ပြီး မြန်မာနိုင်ငံက မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံထဲ သွင်းဖို့ လှေကိုယူကြတယ်” ဟု ပါရှိသည်။
ဆင်ဝှာသတင်းတရပ်တွင် သေဆုံးသူ တရုတ်အမျိုးသား ၁၃ ဦးပါရှိသည်ဟု ဆိုသည်။ အလောင်းအများစုမှာ လက်ထိပ်ခတ်ခံထားရ၊ ကြိုးတုတ်ခံထားရသည်။ သေဆုံးသူများမှာ ‘Hua Ping’ နှင့် ‘Yu Xing 8 Hao’ အမည်ရှိ တရုတ်သင်္ဘော နှစ်စီးမှ ဖြစ်သည်ဟု ယူဆနေကြသည်။
Hua Ping ပေါ်မှ စိတ်ကြွဆေး ၅၂ဝ,ဝဝဝ ပြားနှင့် Yu Xing 8 Hao မှ ၄ဝဝ,ဝဝဝ ပြား မိခဲ့ခြင်းဖြစ် သည်ဟု
တနင်္လာနေ့ ထိုင်းနိုင်ငံထုတ် သတင်းစာက ဖော်ပြသည်။ ဖမ်းမိသည့် မူးယစ်ဆေးဝါး တန်ဖိုးမှာ ဘတ်ငွေ
သန်း ၁ဝဝ ခန့်ရှိသည်ဟု ခန့်မှန်းထားသည်။
အောက်တိုဘာ ၅ ရက်က ပါမောင်း အထူးတပ်ဖွဲ့က ချင်းရိုင်းခရိုင် ချင်းဆန်မြို့နယ် မဲခေါင်မြစ်ပေါ်တွင် သင်္ဘော
နှစ်စင်းအား ရပ်တန့်စေရာမှ အပြန်အလှန် ပစ်ခတ်ကြပြီး Yu Xing 8 Hao ပေါ်မှ မူးယစ်ဂိုဏ်းသားတဦး သေဆုံး
ကာ ကျန်သူများ လွတ်မြောက်သွားကြောင်းသာ သတင်းကဖော်ပြပြီး အသေးစိတ် မပါရှိပေ။ တရုတ်သင်္ဘောသား၁၃ ဦး၏ အလောင်းများကို ဆေးစစ်ချက်ရယူရန် ချင်းဆန်မြို့နယ် ဆေးရုံတွင် ထားရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင်း သတင်းများကို ဖော်ပြနေပြီး မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာများ ထုတ်နေသည့် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းကလည်း ၂ဝဝ၇ ခုမှစ၍ ရွှေတြိဂံ မဲခေါင်မြစ်အတွင်း သင်္ဘောများကို ဆက်ကြေးကောက်နေသည့် အင်အား ၁၅ဝ ခန့်ရှိ နော်ခမ်း အဖွဲ့သည် ယခု တရုတ်သင်္ဘောသား
များကို သတ်ဖြတ်မှုတွင်လည်း ပါဝင်သည်ဟု ယူဆသည်။
သို့သော် ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းယောင်းခရိုင်များကို စိုးမိုးနိုင်ရန် ယခင်က ခွန်ဆာ၊ ဝ’ UWSA၊
နှင့် ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA-S တို့ ကြိုးစားဖူးပေမယ့် မအောင်မြင်ခဲ့ဘဲ စိုင်းနော်ခမ်းမှာမူ ဤနယ်မြေ အတွင်း လှုပ်ရှားနေနိုင်သည်ကို ဦးခွန်ဆိုင်းက သံသယ ရှိနေသည်။
“သူတို့လောက် အင်အားမရှိတဲ့ စိုင်းနော်ခမ်းကျတော့ အဲဒီမှာပဲ ဆက်နေနေတယ် ဘယ်သူ့မှ သူ့ကို အထောက်အပံ့ မပေးဘဲနဲ့ နေနိုင်ပါ့မလား။ လက်နက်ကတော့ ဒီတဝိုက်မှာ ရှိတဲ့ ထိုင်းတို့ တရုတ်တို့ပေါ့။ အပြင်ကလာတာတော့ မကြားပါဘူး။ မူးယစ်ဆေးဝါးရှိပြီဆိုရင် ဒါတွေလည်းလာရမှာပေါ့” ဟု သူကပြောသည်။
ယခု လားဟူနှင့် ရှမ်းပြည်သူ့စစ်များ စိုးမိုးနေသည့် တာချီလိတ်နှင့် မိုင်းယောင်းခရိုင်၊ မိုင်းဖုံဒေသ အတွင်း၌
မူးယစ်ဆေး ထုတ်လုပ်ခွင့်ရနေကြောင်း ရှမ်းတောင် SSA-S ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။
“ရွှေတြိဂံ မဲခေါင်မြစ်တဝိုက်မှာ အခွန်ကောက်စားနေတယ်ကြားတယ်။ အရင်က ဦးခွန်ဆာအဖွဲ့ဝင် ဖြစ်ဖူးတယ် ကြားတယ်။ ကျနော်တို့ အဲဒီဒေသမှာ ဝင်တိုးလို့မရပါဘူး။ နယ်မြေခံတပ်တွေ လွှမ်းမိုး နိုင်တဲ့ဒေသဖြစ်ပါတယ်။
ထိုင်း၊ လာအိုပေါ့။ မြစ်ထဲမှာကျတော့ စိုင်းနော်ခမ်းက သုံးနိုင်ငံလုံးကို ကူးသွားကူးလာလုပ်လို့ရတဲ့ အနေအထားမျိုး။ နယ်မြေခံတွေက သူ့ဘက်ပါနေသလိုဖြစ်တယ်” ဟု ဆက်ပြောသည်။
တရုတ်သင်္ဘောများကို ရွှေတြိဂံနယ်မြေ မြောက်ဘက် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ အရှေ့ဘက် ၁၅ မိုင်ကျော်ရှိ ဝမ်ပုံမြို့နယ်၊ ပါစာကျေးရွာအုပ်စု ဆန်ဖူးကျေးရွာနှင့် တဘက်ကမ်း လာအိုနိုင်ငံ ‘လောကျွန်း’ မြစ်ကျဉ်း
နေရာတွင် စိုင်းနော်ခမ်းအဖွဲ့က ဆက်ကြေးတောင်းလေ့ရှိသည်ဟု တာချီလိတ်မြို့ခံ ဝန်ထမ်းဟောင်း တဦးက
ပြောသည်။
“မပေးတဲ့ သင်္ဘောကို ပစ်တယ်၊ သူ့လူတွေက ပါစာမှာလည်း ရှိတယ်။ ဝမ်ပုံမှာလည်း ရှိတယ်။ အလုပ်လုပ်ပြီဆိုမှ အလျှိုလျှို သေနတ်ကိုင်ပြီး ထွက်ကြတာတွေ” ဟု သူကဆိုသည်။
မူးယစ်ဆေးဝါးဖြင့် နာမည်ကြီးသည့် ခွန်ဆာ MTA အဖွဲ့တွင် အုပ်ချုပ်ရေးအရာရှိတဦး ဖြစ်ခဲ့ဖူးသူ စိုင်းနောင်ခမ်းသည် ခွန်ဆာလက်နက်ချသွားသည့် ၁၉၉၆ ခုနောက်ပိုင်း ၂ဝဝ၄ ခုမှ ၂ဝဝ၆ အထိ တာချီလိတ်မြို့တွင် နေထိုင်ပြီး မြန်မာ စစ်တပ် အရာရှိကြီးများနှင့် ဂေါ့ ရိုက်ဖက်ဖြစ်သည်ဟု ဆိုသည်။ ၂ဝဝ၆ ခုတွင် လက်နက်နှင့် စိတ်ကြွဆေးပြား သန်းနှင့်ချီ တွေ့ပြီးနောက် တာချီလိတ်တွင် မနေတော့သော်လည်း ဆန်ဆိုင်းရပ်ကွက်ရှိ ယောက်ဖနှင့် အမအိမ်သို့ ရုပ်ဖျက်၍ မကြာခဏ လာလည်သည်ဟု ဆိုသည်။
“နောက်ဆုံး သတင်းရတော့ သူနေတဲ့ ခြံကို သွားတော့ ငါးကန်တွေ လက်နက်တွေ မူးယစ်ဆေးဝါးတွေ မိတာ” ဟု တာချီလိတ်မြို့ ခံကပြောသည်။ ဗိုလ်မှူးကြီးမြင့်ဟန်သည် အရပ်ဘက်သို့ ပြောင်းသွားပြီး ဗိုလ်မှူးကြီးခင်မောင်စိုးက အစားထိုးဝင်ရောက်လာသည်ဟု ဆိုသည်။
ထိုင်းသတင်းများတွင် သင်္ဘောနှစ်စင်းဖြင့် သယ်လာသော မူးယစ်ဆေးများကို ရွှေတြိဂံ မြန်မာ ဘက်ခြမ်းရှိ တရုတ်နိုင်ငံသားပိုင် ကာစီနို ဟိုတယ်တခုမှ သယ်ဆောင်လာဟန် ရေးသားထားသော်လည်း တရုတ်ပိုင် ကာစီနိုဟိုတယ်မှာ လာအိုနိုင်ငံဘက်ခြမ်းတွင်သာရှိသည်ဟု ဦးခွန်ဆိုင်း နှင့် တာချီလိတ်မြို့ခံက ပြောသည်။
တာချီလိတ်မြို့တွင် ထိုင်းပိုင် Allure၊ ရီဂျင်းနားနှင့် ဝ’ ပိုင် မဲခေါင် (ကိုးထပ်ဟိုတယ်) တို့ရှိပြီး ရွှေတြိဂံ မြန်မာဘက်
တွင် ထိုင်းပိုင် Goldern Trigle Paradise Resort တို့သာရှိပြီး လာအိုဘက်တွင် တရုတ်နိုင်ငံသားပိုင်သည့် King Romance Hotel ရှိကြောင်း ဦးခွန်ဆိုင်းက ပြောသည်။ ယင်း ကာစီနိုဟိုတယ်အားလုံးသည် မူးယစ်ဆေးဝါး
လုပ်ငန်းနှင့် ဆက်စပ်နေသည်ဟု ဆိုသည်။
မြန်မာအစိုးရကမူ မူးယစ်ဆေးတိုက်ဖျက်ရေးကို ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂ဝ၁၁ ဇန်နာဝါရီမှ ဇွန်လအထိ ၆ လအတွင်း ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား ဖမ်းဆီးရမှု ၁,၆ဝဝ ကျော်အတွက် ပြစ်မှုကျူးလွန်သူ ၂,ဝဝဝ ကျော်ကို အရေးယူခဲ့သည်ဟု ထုတ်ပြန်ထားသည်။
0 အငြင်းပွားမှုအကြားက တရုတ်၏ ပညာရေး ဟန်ပြအလှူ
မြစ်ဆုံဆည်တည်ဆောက်မှုကို ခေတ္တ ရပ်တန့် ထားရပြီး နောက်ပိုင်း ရခိုင်ကမ်းလွန် ဒေသမှ ရေနံနှင့် သဘာဝဓါတ်ငွေ့ စီမံကိန်းကိုလည်း ရပ်တန့်ရန် တောင်းဆိုမှုများ ပြင်းထန်လာဆဲကာလတွင် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC က ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက် လိုင်းကြောင်း တလျှောက်ရှိ ဒေသကြီးများနှင့် ပြည်နယ်များတွင် စာသင်ကျောင်း ၈ ကျောင်းကို တည်ဆောက်ရန်အတွက် ဒေါ်လာ ၁ ဒသမ ၃၂ သန်းကို ပေးလှူထားကြောင်း သတင်းရရှိပါသည်။
မြန်မာအာဏာပိုင်များနှင့် CNPC တာဝန်ရှိသူများက စာချုပ်ချုပ်ဆိုခဲ့ပြီး ကန်ထရိုက်တာများသို့ လွှဲပြောင်းပေးထားကြောင်းဆိုပါသည်။
ပြီးခဲ့သည့်လက ရွှေဂတ်စ်လှုပ်ရှားမှုအဖွဲ့မှ ကိုဝင်းအောင်က ဘန်ကောက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အစီရင်ခံစာတစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါ အစီရင်ခံစာတွင် ယခုကဲ့သို့ ပြင်းထန်နေသည့် တိုက်ပွဲ ပဋိပက္ခအကြားမှာပင် တရုတ်နိုင်ငံသည် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို အရှိန်အဟုန်မြင့် တိုးချဲ့ လုပ်ကိုင်နေခြင်းသည် ပြည်သူများအတွက် အလွန်စိုးရိမ်မှုကြီးတရပ် ဖြစ်ပါကြောင်း ဖေါ်ပြထားသည်။
၎င်းအပြင် ရခိုင်ဒေသခံများကို စစ်တပ်နှင့် ရဲတို့၏ အဓမ္မခိုင်းစေခံနေခြင်း၊ တရုတ် ဝန်ထမ်းများက အမျိုးသမီး များကို စော်ကား ခြင်း၊ စီမံကိန်းပါ ကုမ္ပဏီများက ဒေသခံအာဏာပိုင်များနှင့် ပေါင်း၍ လယ်မြေများကို လျော်ကြေး အနည်းငယ်ပေးကာ သိမ်းယူ ခြင်းများ ပြုလုပ်နေသည်ဟု အစီရင်ခံစာတွင် ဓာတ်ပုံ၊ စာရွက်စာတမ်း မိတ္တူများနှင့် တကွ ဖော်ပြထားသည်။အစိုးရအနေဖြင့် ဂတ်စ်ပိုက်လိုင်းဖြတ်သန်းသွားမည့် တိုင်းရင်းသားဒေသများတွင် တည်ငြိမ်အေးချမ်းမှု ရှိမှ လုပ်ဆောင်သင့်သည် ဟု ကိုဝင်းအောင်က ပြောသည်။
" တိုင်းရင်းသား ဒေသတွေမှ မငြိမ်မသက်မှုတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ပြည်သူတွေ အနေနဲ့ လည်း လုံခြုံရေး အတွက် အခက်အခဲ ဖြစ်နေကြတယ်။ နိုင်ငံရေး အကျပ်အတည်းတွေလည်း ဖြစ်လာ နေတယ်။ အခုလို ဖြစ်နေတာဟာ ရေရှည်မှာ အထူးစိုးရိမ်စရာ ဖြစ်တဲ့ အတွက် အခုအချိန်မှာ တရုတ် အစိုးရ အနေနဲ့ ဆက်မလုပ်သင့်ပါဘူး။ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ၊ ဒေသခံတွေ ပူးပေါင်း ပါဝင်မှုနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ပါဝင်လာမှုတွေ၊ တာဝန်ယူမှု တာဝန်ခံမူတွေ ရှိဖို့ လိုအပ် ပါ တယ်။ အဲဒီ အချိန်ကာလ မရောက်သရွေ့ ခုလို သယံဇာတတွေကို ရောင်းထုတ်နေတာ ရပ် တန့် ထားသင့်ပါတယ်။"
ယခု တည်ဆောက်မည့် ဂတ်စ်ပိုက်လိုင်းမှာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းတွင် တရုတ်မှ တည် ဆောက်နေသော Crude Oil Tanker Port ရေနံတင် ဆိပ်ကမ်းမှ စပြီး ပြည်တွင်း၌ ကီလိုမီတာ ၈ဝဝ ခန့် ဖြတ် သွားမည် ဖြစ်ပြီး ထိုမှတဆင့် ရေနံ သန့်စင် စက်ရုံ တည်ရှိမည့် တရုတ်နိုင်ငံ ယူနန် ပြည်နယ် မြို့တော် ကူမင်ထိ ဆက်သွယ်ဖေါက်လုပ်မည့် ပိုက်လိုင်းဖြစ်သည်။
မောက္ခသတင်း
0 ခွဲမရတဲ့တွဲလက်များ
နာရေးကူညီမှုအသင်း (ရန်ကုန်)
လူမှုရေးဂီတသူရဲကောင်းများ MTV (၁)
"ခွဲမရတဲ့တွဲလက်များ"
ရေး- ကိုဦး၊ ရဲမင်းဟန်
ဆို- Group Song
Video..Min Kyaw Khine Facebook
Tuesday, October 11, 2011
0 ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ ကြေငြာ
Photo..AP
ယနေ့ အကျဉ်းသား ၆၃၅၉ ဦး ကိုလွှတ်ပေးမည်ဟု အမ်အာတီဗီဖိုး ရုပ်သံမှ နေ့ခင်း ၁ နာရီတွင် ကြေညာသွားခဲ့သည်။ နိုင်ငံရေး အကျဉ်းသားမည်မျှ ပါဝင်သည်ကိုမူ မသိရှိရသေးပါ။
ယနေ့ နေ့ခင်း ၁ နာရီ ကြေညာချက်အရ “နိုင်ငံတော် အစိုးရသည် ပြစ်ဒဏ်ကျခံနေရသော အသက်အရွယ် ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများနှင့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်းသည့် အကျဉ်းသားအားလုံးအနက်မှ ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့် အကျဉ်းသား ၆၃၅၉ ဦးအား အောက်တိုဘာလ ၁၂ ရက် နေ့မှ ပြစ်ဒဏ်မှ အသီးသီး လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ။ အဓိပ္ပါယ်မှာ မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့မှ စလွှတ်ပေးမည့် သဘောဖြစ်သည်။
အရပ်သား အစိုးရသစ် လက်ထက်တွင် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ အဆိုပါ အမိန့်အရ အကျဉ်းသား ၁၄၆၀၀ ကျော်ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျ အကျဉ်းသား ၃၄၈ ဦး၏ ပြစ်ဒဏ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်သို့ ပြောင်းလဲ သက်သာခွင့် ပေးခဲ့သည်။
..........................
နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၄၉/၂၀၁၁ ကို ၁၃၇၃ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ရက်၊ ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၁ရက် ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း
၁။ နိုင်ငံတော်အစိုးရသည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင်ကောင်းမွန်သောအုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ ဒီမိုကရေစီကျင့်စဉ် ထွန်းကားရေး၊ တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးနှင့်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြိုးပမ်း လုပ်ဆောင်လျက်ရှိပါသည်။
၂။ ဤသို့ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် နိုင်ငံတော်သည် တည်ဆဲဥပဒေများကိုကျူးလွန်ဖောက်ဖျက်ခဲ့သူများအား တရားဥပဒေနှင့်အညီ ပြစ်ဒဏ်များ စီရင်ချမှတ်ခဲ့ရပါသည်။ ဤသို့ ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊
ကျန်းမာရေးမကောင်းသူများ၊ ကိုယ်လက်အဂါင်္ချို့တဲ့သူများ အပါအ၀င် အကျဉ်းသားများအားလုံးထဲမှ ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့်အကျင့်စာရိတ္တကောင်းမွန်လာသော အကျဉ်းသားများအား နိုင်ငံတော်အစိုးရသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ပြုပြင်ပြောင်းလဲပေးနိုင်ရန် အစီအမံများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလိုပါသည်။
၃။ သို့ဖြစ်ရာ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန် လာသော အကျင်းသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် သနားချစ်ခင်မှုတို့ကို အလေးထားသည့် အနေဖြင့်လည်းကောင်း၊ ယင်းတို့၏ မိသားစုများအား ငဲ့ညာသော အနေဖြင့် လည်းကောင်း၊
ယင်းတို့သည် နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်ကြပြီး မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံအကျိုးအတွက် အများပြည်သူနှင်အတူ တာဝန်ထမ်းဆောင်နိုင်စေရန်အတွက် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပူးတွဲအမည်စာရင်းပါ အကျဉ်းသား ၆၃၅၉ ဦးတို့အား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) အရ ယင်းတို့ကျခံရန် ကျန်ရှိသော အပြစ်ဒဏ်များအပေါ် ၁၃၇၃ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ခရစ်သက္ကရာဇ် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ရက်မှ စ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်သည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ဖိတ်စာ
ဒီမိုကရေစီမြတ်နိုးသူများခင်ဗျား
ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်ရဲ့ မွေးနေ့ဖိတ်စာကို ပေးပို့ပါတယ်။
သွေးစည်းညီညွတ်စွာဖြင့်
၈၈ မျိုးဆက်ကျောင်းသားများ
Monday, October 10, 2011
0 တရုတ်နဲ့မြန်မာမြစ်ဆုံရေကာတာကိစ္စ ပြေလည်အောင်ဖြေရှင်းသွားမည်ဟုသဘောတူညီချက်ရ (ရုပ်/သံ)
BEIJING, Oct. 10 (Xinhua) -- China and Myanmar on Monday agreed to properly settle matters related a suspended joint hydropower project in Myanmar, and both sides pledged to increase cooperation and work toward bringing mutual benefits to the two nations.
တရုတ်ပြည်သူသမ္မတနိုင်ငံ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတို့ တို့မှ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ဆိုင်းငံ့ခြင်းနှင့် သက်ဆိုင်သောကိစ္စရပ်များကို ပြေလည်စွာ ဖြေရှင်းရန်အတွက် တနင်္လာနေ့တွင် သဘောတူညီခဲ့ကြပါသည်။ နှစ်ဖက် ကိုယ်စားလှယ်များမှ ရှေ့ဆက်၍ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ရန်နှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းနိုင်မှုကို ရှေ့ရှု၍ လုပ်ကိုင်ရန် ကတိပေးပြောကြားကြပါသည်။
The agreement was reached in Beijing during talks held between Chinese Foreign Minister Yang Jiechi and his Myanmar counterpart U Wunna Maung Lwin, who is visiting China as a special envoy of Myanmar President U Thein Sein.
ထိုသဘောတူညီချက်မှာ တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ဂျေချိ နှင့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်မှ အထူးစေလွှတ်သော မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့ ပီကင်းမြို့တွင်း တွေ့ဆုံဆွေးနွေးရာမှာ ရရှိစေခဲ့ခြင်းဖြစ်ပါသည်။
According to a press release issued by the Chinese Foreign Ministry after the talks, the two sides have conducted a thorough consultation over the Myitsone hydropower plant project, which was ordered to be suspended by Myanmar's president.
တရုတ်ပြည်သူသမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီးဌာနမှာ ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် နှစ်ဖက်နိုင်ငံများမှ မြစ်ဆုံ ရေးအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ သေချာစွာ စီစစ်မှုများဖြင့် စတင်ခဲ့ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်မှာ ထိုစီမံကိန်းကို ဆိုင်းငံ့ခဲ့ပါသည်။
နှစ်ဖက် နိုင်ငံခြားရေးရာ ဝန်ကြီးများမှ နှစ်နိုင်ငံခြား ဆက်ဆံရေးနှင့် ပတ်သက်သော အမြင်များကို ဖလှယ်ဆွေးနွေး၍ ရှေ့တွင် ပူးပေါင်းပါဝင်ကာ လုပ်ကိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များအတွက် ကတိကဝတ်များ အမြင်များ ရှေ့လုပ်ငန်းစဉ် များကို ချမှတ် နားလည်ခဲ့ပါသည်။
=========================
မြစ်ဆုံ ကို ဆက်လက် လုပ်ကိုင်မယ်လို့တော့ မပါပါဘူး။ ဒါပေမဲ့လည်း သံတမန် ဆက်ဆံရေးအရ ထုတ်ပြန်တာ ဖြစ်ပြီး ဒီပြသာနာအတွက် တဖက် နဲ့ တဖက် ဘာတွေ တစ်ယောက်နဲ့ တစ်ယောက် အလျော့ပေးရသလဲဆိုတာကိုတော့ ရှင်းလင်းစွာ မပြောထားတာ ဖြစ်ပါတယ် ခင်ဗျာ။ ပုံမှန်အားဖြင့်တော့ အခုလို ဆိုင်းငန့်ခြင်းက တစ်ခေါက်တည်းနဲ့ တော့ အဆင်မပြေတတ်ပါဘူး ဆက်လက်ပြီးတော့ စကားပြောရအုန်းမှာပါ။
ဘာသာပြန်သူ.. မောင်ခြိမ့်(MMCP)
0 နိုင်ငံရေးအကျဥ်းသားလွှတ်မြောက်ရေးလက်မှတ်ရေးထိုးလှူပ်ရှားသူများကွန်ယက်၏ ထုတ်ပြန်ကြေငြာချက်
နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လက်မှတ်ရေးထိုးလှုပ်ရှားသူများကဦးဆောင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များနှင့်... ရဲဘက်စခန်းများအားလုံးရှိ နိုင်ငံရေးအကျဉ်းသားများစာရင်း အတိအကျကို
ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
ပထမအဆင့်အနေဖြင့်အကျဉ်းထောင် (၁၀)ခုတွင်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများအရေအတွက်ကို
ဖော်ပြထားပါသည်။
သာယာဝတီအကျဉ်းထောင် ၆၀ ဦး (ကျား-၅၅ + မ-၅)
မြင်းခြံအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)
ခန္တီးအကျဉ်းထောင် ၁၆ ဦး (ကျား-၁၄ + မ-၂)
လားရှိုးအကျဉ်းထောင် ၁၅ ဦး (ကျား-၁၃ + မ-၂)
သီပေါအကျဉ်းထောင် ၃ ဦး (ကျား-၃)
သရက်အကျဉ်းထောင် ၄၂ ဦး
ပခုက္ကူအကျဉ်းထောင် ၄ ဦး (ကျား-၄)
မြစ်ကြီးနားအကျဉ်းထောင် ၁၁ ဦး (ကျား-၁၁)
မော်လမြိုင်အကျဉ်းထောင် ၂၁ ဦး (ကျား-၁၈ + မ-၃)
ဗန်းမော်အကျဉ်းထောင် ၁၄ ဦး (ကျား-၁၁ + မ-၃)
မကြာမီအတွင်း အကျဉ်းထောင်အလိုက် နောက်ဆက်တွဲအရေအတွက်နှင့်အမည်စာရင်း အတိအကျကို ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။
ထိုစာရင်းတွင် မပါရှိဘဲ ကျန်ရစ်ခဲ့သူများရှိပါက မိသားစုများအနေဖြင့်အောက်ပါဖုန်းနံပါတ်များသို့ အမြန်ဆုံး ဆက်သွယ်ပေးပါရန်ကျေးဇူးတင်စွာဖြင့် ပန်ကြားအပ်ပါသည်။
ကိုတိုးကျော်လှိုင် - ၀၉၅၀၆၄၉၂၄၊ ၀၉၇၃၁၇၀၇၆၄ ၊ ၀၁၂၄၉၁၄၉
ကိုဖြိုးမင်းသိန်း - ၀၉၅၀၇၆၂၃၄
ကိုညီညီအောင်