(Burma VJ Media Network facebook မှ ...)
Sunday, October 23, 2011
0 မြန်မာပြည်အထက်ပိုင်း စလင်း-ဆင်ဖြူကျွန်း ရေကြီးမှုအာဏာပိုင်တွေဘက်မှဘာအကူအညီမှ မပေးခဲ့ဘူးဟု ဒေသခံတွေက ဆို
0 ၈၈ ကျောင်းသားခေါင်းဆောင် ကိုဋ္ဌေးကြွယ် ထောင်တွင်းမှ ကိုယ်တိုင်ရေးဆွဲ ပေးပို့ခဲ့သောပုံ
ဒေါ်အောင်ဆန်းစုကြည် ထံ သို့ ၈၈ မျိုးဆက်ကျောင်သား ခေါင်းဆောင် ကိုဌေးကြွယ် (ဘူးသီးတောင်) ထောင်တွင်း ၌ ရေးဆွဲသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူ ဆီဆေး ပန်းချီကား ဓာတ်ပုံကို ၁၂.၁၀.၂၀၁၁ ဘူးသီးထောင် မှ လွှတ်မြောက်လာသော ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ မှ ကိုသိန်သန်းထွန်း(ခ) ကိုကိုကြီး မှ ပေးအပ်နေပုံ (Photo- Tinhlaing)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးဌာနနှင့်ပြင်ပပန်းချီပညာရှင်များမှ ဒီကနေ့ ပူးပေါင်းခင်းကျင်း ပြသသော “ THE PORTRAITS OF MYANMAR PEOPLE ART SHOW ပန်းချီပြခန်းမှပုံများအနက် အထူးအစီအစဉ်အနေဖြင့်ပြသထားသော ဘူးသီးတောင် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က ရေးဆွဲပြီးဒေါ်အောင်ဆန်းစုကြည်ထံပေးပို့လိုက်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံ ဆီဆေးပန်းချီကား
ပန်းချီကား၏ ညာဖက်အောက်ထောင့်တွင် အင်္ဂလိပ်လို ဋ္ဌေးကြွယ်ဟု ရေးထိုးထားသော လက်မှတ် ပါရှိပါသည် ..
Photo..Ah Bayah facebook
0 ဧရာဝတီဆီမီးမျောပွဲ ဖိတ်ကြားလွှာ
ဧရာဝတီဆိုညဉ်းတဲ့သီချင်း နားစွင့်လိုက်ပါအုံး
တေးရေး+တေးဆို- တိန်ချမ်း (karaoke-mic.blogspot.com/)
ပဲခူးတိုင်းအနောက်ခြမ်းမှငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊လူအခွင့်အရေးတို့ထွန်းကားသောအနာဂတ်
မြန်မာနိုင်ငံတော် တည်ဆောက်ရေး အတွက် စိတ်အားထက်သန်စွာပါဝင်လိုသော လူမှုတက်ကြွ လှုပ်ရှားသူ လူငယ်များနှင့်မြန်မာ့ဒီမိုကရေစီကွန်ယက်မှကိုသူရ(ဇာဂနာ)နှင့်ကိုမျိုးရန်နောင်သိန်းတို့ရင်းရင်းနီးနီးတွေ့စုံကာ မျက်မှောက်မြန်မာနိုင်ငံရေးအခြေအနေနှင်ပတ်သက်၍သဘောထားအမြင် ဖလှယ်သည့်စကားဝိုင်းနှင့် ဧရာဝတီထာဝရရှင်သန်စေရေးနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ဆန္ဒပြုရည်စူးလျက်ကျင်းပမည့်ဧရာဝတီဆီမီးမျောပွဲသို့ ကြွရောက်ပါရန် လေးမြတ်စွာဖိတ်ကြားအပ်ပါသည်။
နေ့ရက်။ ၂၄ရက်၊
အချိန်။နေ့လည်၂နာရီမှည၇နာရီဆီမီးမျောပွဲအထိ၊
ကျင်းပမည့်နေရာ။ပြည်မြို့၊အောင်မင်္ဂလာကျက်သရေကုန်းတောရကျောင်းနှင့်ဧရာဝတီမြစ်ကမ်းနဘေးတစ်နေရာ၊
ဆက်သွယ်ရန်- ကိုမင်းမင်း (၀၉၄၃၁၆၅၂၇၃)
Ohn Mar Oo FB
1 ခလရ -၁၂၁မှနမ်ဆမ်ယန်ကျေးရွာပြည်သူလူထု၏ အသက်၊အိုးအိမ်၊ကျွဲနွားများအားလုံးဖျက်ဆီးခဲ့သည့် ရုပ်သံ/ဓာတ်ပုံမှတ်တမ်း
0 ဦးဟန်ညောင်ဝေက NLD ဦးတင်ဦးခြေထောက်ကို ဖက်ပြီး တောင်းပန်ရမယ်
ကျနော်စာရေးလျှင် တိကျသော အကြောင်းအရာများတွေနှင့် ရေးပြီးမှ ခေါင်းစဉ်ကို စာဖတ်သူများသိအောင် နောက်ဆုံးနိဂုံးမှာ ဖေါ်ပြတတ်သည်။ ခုတော့ ခေါင်းစဉ်ကို အယင်ရေးပြီးမှ နိဒန်းကို စရပါတော့သည်။ အကြောင်းကား ပြည်တော်ပြန်မောင်ဟန် အကြောင်းကို ရေးသားရ၍ဖြစ်သည်။ ဤပုဂ္ဂိုလ်ကို စာတစောင် ပေတဖွဲ့ ဖြင့် ကျနော် မရေးချင် ။ ရေးလောက်ရအောင်ကလည်း သူကား နိုင်ငံရေးလောကတွင် ဘယ်လိုကောင်မျိုးမှ မဟုတ်။ သူ့ ဖခင်မှာ နိုင်ငံတော် သမတာကြီး စပ်ေ၇ွှသိုက်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းခဲ့ စဉ်က ဖမ်းဆီးထောင်ချခံခဲ့ ရသူဖြစ်သည်။ သူ့ အကိုတယောက် ယင်းအာဏာသိမ်းပွဲမှာ သေဆုံးခဲ့ ရသည်။ ယင်းဖြစ်ရပ်ကို ကျနော်သည် ကြုံရာဆောင်းပါးများတွင် မခံချိ မခံသာ ရေးခဲ့ သူဖြစ်သည်။ ကျနော်အမှန်စိတ်မကောင်းစွာဖြင်ရေးခဲ့ ခြင်းဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေး ကောင်စီက အာဏာသိမ်းခဲ့ စဉ် ယခုလို အပြစ်မဲ့  လူငယ်တဦး သေဆုံးခြင်းကို အလွန်နှမြောစွာဖြင့် ရေးသားခဲ့ ခြင်းဖြစ်သည် ။ ယခုတော့ ယင်းသမတကြီးစပ်ရွှေသိုက်၏သားက သူ့ အဖေအပေါ် စာနာမှူများ ၊ သူ့ အကိုအပေါ် သနားကြင်နာမှုများကို တစစီ ဆွဲ ယူဖဲ့ ငင်သွားပြီ ။ ဦးဟန်ညောင်ဝေသည် မြန်မာနိုင်ငံရေး လောက၌ ၈၈ အရေးအခင်းတွင် အကွက်ချောင်းကာ ၀င်လာသူဖြစ်သည်။ သူဝင်လာသည်မှာ မြက်မြက်ကလေး စားပေါက်ရခြင်းနှင့် အကြံအဖန်အတွက်ဆိုလျှင် အကြောင်းမဟုတ်။ တကယ့်ပီဘိ အန္တရယ်တကောင် သဘွယ် ဗမာလူမျိုး များနှင့် တိုင်းရင်းသား လူမျိုးများကို ရန်တိုက်ပေးလာသူဖြစ်သည်။
နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းကြားတွင် နိုင်ငံရေးအဖွဲ့ အစည်းများလည်း ရှိနေသည်။ ယင်းအဖွဲ့ များမှာ ၈၈ အရေးအခင်းဖြစ်ပြီးနောက် ABSDF ကျောင်းသားတပ်ဦးအဖွဲ့ ကလည်း ရှိနေသည်။ အခြားဗမာလူမျိုးများနှင့် နိုင်ငံရေးအဖွဲ့ အစည်းတွေလည်း ရှိနေသည်။ ဦးဟန်ညောင်ဝေမှာ အနောက်နိုင်ငံမှ နေပြီး ထိုင်းနယ်စပ်ကိုဆင်းလာကာ ဗမာမပါသော တိုင်းရင်းသားလူမျိုးများ ကောင်စီကို ဖွဲ့ စည်းလိုက်တော့သည်။ ယင်းကို ENC ဟုခေါ်သည်။ ထိုင်းနယ်စပ်တွင် DAB ဆိုသော လက်နက်ကိုင်တပ်ပေါင်းစု မဟာမိတ်အဖွဲ့ ရှိသည်။ ယင်းအဖွဲ့ က သမိုင်းလိမ်သော ဘင်္ဂလီ မူဆလင်လူမျိုးတွေက အဖွဲ့ ဝင်အဖြစ် ပါဝင်ရန် လျောက်ထားသည် ။ သို့ သော် DAB မှ လက်မခံကြောင်း သိရသည်။ သို့ သော် ဦးဟန်ညောင်ဝေ ဖွဲ့ စည်းသော ENC မှာ သမိုင်းလိမ် မူဆလင် လူမျိုးတွေကို အဖွဲ့ ဝင်အဖြစ် လက်ခံသည်ဟုဆိုသည်။ နောက် ရခိုင်လူမျိုးအဖွဲ့ ဖြစ်သော ANC မှ ပုဂ္ဂိုလ်များနှင့် အတူအကွ ထိုင်ပြီး ဓါတ်ပုံအတူတွဲရိုက်ကာ ရခိုင်လူမျိုးတွေကပင် လက်ခံသယောင်ယောင် လုပ်လိုက်သေးသည်။ တော်လှန်ရေးဖြစ်စေ နိုင်ငံရေးဖြစ်စေ မဟာမိတ်ပြုလုပ်ဆောင်၇ွက်တတ်ရသည် ။
ENC မှာ ယင်းသို့  မဟုတ်။ အားလုံးသွေးကွဲအောင် လုပ်သလို တကယ်လည်း သွေးရော စိတ်ရော ကွဲ ကြပါသည်။
ဦးဟန်ညောင်ဝေသည် ရခိုင်ပြည်ကို မရောက်ဖူးပါဘဲ မည်သည့်အတွက်ကြောင့် သူတို့ အတွက် အလုပ်လုပ်ပေးရသနည်း ။ ရှင်းနေပါသည်။ သူတို့  ဆီက အကြံအဖန်ရနေ၍ဖြစ်သည်ဟု လူတွေက ထောက်ပြဝေဖန်နေကြတာကို တွေ့ ရသည်။ သူမည်သို့ မည်ပုံ ငွေကြေားထောက်ပံ့မှုများ ရသည်ကို ကျနော်မသိ ။ စိတ်လဲမ၀င်စား။ သူရလျှင် သူတော်လို့  ဖြစ်သည်ဟု စိတ်ထဲမှာ ထင်ထားသည်။ ကာဇစ်စတန်နိုင်ငံမှာ ဘင်္ဂလီမူဆလင်တွေ လူမျိုးတွေက သမိုင်းလိမ်နာမည်နှင့် ညီလာခံလုပ်တော့ ဦးဟန်ညောင်ဝေက ညီလာခံသွားရောက်တက်သည်။ ခေါ်သည့်သူက ခေါ်တော့ သွားတက်တာဘဲ ဖြစ်သည်။ သူ့ မှာ သူတို့ နှင့် ငွေကြေးမည်မျှ ရသည်ကို ကျနော်စိတ်မ၀င်စား ။ ဒေါ်လာ သိန်းပေါင်းများစွာ ကို သမိုင်းလိမ်မူဆလင်လူမျိုးတွေက ပေး၍ ရတော့လည်း သူတော်လို့ သာ ဟု ပြောချင်သည်။
ရခိုင်လူမျိုးတွေက ရခိုင်သမိုင်းတွေကော မြန်မာသမိုင်းတွေကိုပါ အကိုးအကားနှင့် ချပြ ရှင်းလင်းနေပါလျက် ယင်းရှင်းလင်းချက်ကို ဦးဟန်ညောင်ဝေက လက်မခံခြင်းလား သို့ တည်းမဟုတ် မသိကျိုးကျွန် ပြုနေခြင်းလား မပြောတတ် ။ တဖက်ဘင်္ဂလီမူဆလင်လူမျိုးတွေက တိုင်းရင်းသား လူမျိုးစုများဖြစ်အောင် ငွေတွေပုံပေးပြီး လုပ်နေခြင်းလားဆိုသည်ကို ဘာမျ မပြောဆိုလိုတော့ ။
ယင်းမှာ ဦးဟန်ညောင်ဝေ ပြသနာဖြစ်သည်။ ဘင်္ဂလီမူဆလင်လူမျိုးတွေကို တိုင်းရင်းသားလူမျိုးစုနွယ်အဖြစ် သတ်မှတ်မည့်သူမှာ လက်ရှိအစိုးရသာ ပတ်သက်သည်။ သမိုင်းဆရာကြီများ သုတေသီများ မဟုတ်။ သမိုင်းဆရာကြီးများ နှင့် သုတေသီများမှာ သူတို့  သိကျွမ်းသော အချက်အလက်များကို အကိုးအကားများ နှင့် တင်ပြကြပေမည်မှာ အမှန်ဖြစ်သည်။ ထို့ ကြောင့် ယခုအချိန်တွင် ဦးဟန်ညောင်ဝေမှာ ရန်ကုန်ရောက်နေပြီဖြစ်သည် ။ ရခိုင်သမိုင်းများနှင့် မြန်မာနိုင်ငံ မှန်နန်းရာဇ၀င်များကို ဦးဟန်ညောင်ဝေ လေ့လာနိုင်တော့မည်ဖြစ်သည် ။ ရခိုင်သမိုင်းဆရာများနှင့် သုတေသီတို့ က ဦးဟန်ညောင်ဝေနှင့် နဖူးတိုက်ဒူးတိုက် တွေ့ ဆုံ ဆွေးနွေးရတော့မည်။ တွေ့  ဆုံဆွေးနွေးရေးအတွက် သက်ဆိုင်ရာ သမတ ဦးသိန်းစိန် အစိုးရသည်လည်း ဆောင်ရွက် ပြုလုပ်ပေးရန်လိုသည်။ သို့  တည်းမဟုတ် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇေါ်အေးမောင်က ဦးဆောင် ပြုလုပ်ပေးရန်လိုသည်။ သို့ မဟုတ် ရခိုင်သမိုင်းဆိုင်ရာ ကော်မီမှ ဦးဟန်ညောင်ဝေနှင့် တွေ့ ဆုံ ဆွေးနွေးရန်လိုသည် ။ သို့ မဟုတ် ဦးဟန်ညောင်ဝေမှ ရခိုင်လူမျိုးတွေနှင့် တွေ့ ဆုံဆွေးနွေးရန် ကြိုးစားရမည်ဖြစ်သည်။ အကြောင်းမှာ ပြည်ပနိုင်ငံတွင် ဦးဟန်ညောင်ဝေ ကြိုးစားခဲ့ သော သမိုင်းလိမ်မူဆလင်လူမျိုးတို့ အား တိုင်းရင်းသား လူမျိုးစုနွယ်အဖြစ် အသိအမှတ်ြ့ပုရန် ကြိုးပမ်းခြင်းမှာ မှားယွင်းခြင်းလားဆိုသည်ကို အဖြေရှာနိုင်ရန်ဖြစ်သည်။
တချိန်တည်းမှာပင် ပြည်တွင်းမှ အခြားလူမျိုးတွေက ပြည်ပမှ နာမည်တမျိုးဖြင့် တိုင်းရင်းသားလူမျိုးစုနွယ်
အဖြစ် အသိအမှတ်ပြုရေးကို ဦးဟန်ညောင်ဝေအား မျက်ဝါးထင်ထင် လေ့လာခွင့်ရအောင် ဖန်တီးပေးရန်လိုသည်။ မြန်မာနိုင်ငံအတွင်းတွင် ရခိုင်ပြည်နယ် အပါအ၀င် မည်သည့် နေရာဒေသ၌ မဆို ယင်းလူမျိုးများရှိသည်ဆိုဘျင် တွေ့ ခွင့်ပေးကာ လေ့လာမှတ်သားခွင့် ပြုလုပ်ပေးရန်လိုသည်။
ပြည်ပမှာကျတော့ ရိုဟင်ဂျာ လူမျိုးပါလို့  အော်ပြောနေ၍ မရ ။ ဆရာကြီး ဦးဟန်ညောင်ဝေကို ယင်းလူမျိုးများနှင့် တွေ့ ဆုံပေးရန်လိုသည်။ ယင်းလူမျိုးများနှင့် တွေ့ ဆုံလျင် မြန်မာနိုင်ငံအတွင်း အမှန်တကယ်ပင် လက်ထက်ထိမ်းမြားမှု မရခြင်း ။ စီးပွါးရေးမပြုလုပ်နိုင်ခြင်း ။ခရီးသွားလာမှုမပြုနိုင်ခြင်း ။ ပလီတက်ပြီး ဘာသာရေးအရ ဆုတောင်းမပြုနိုင်ခြင်းတို့ ကို တကယ်ရှိမရှိ လက်တွေ့ ပြပေးစရာလိုသည်။ သမိုင်းအရ လူမျိုးတမျိုးသည် နှစ်ပေါင်းထောင်နှင့်ချီကာ နေထိုင်ခဲ့ သည်ဟု ဆိုလျင် သူတို့ မှာ ရှေးဟောင်းယဉ်ကျေးမှ အဆောက်အဦးများ ရှိရလိမ့်မည်ဖြစ်သည်။ ယင်းရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦးများကို လေ့လာခွင့် ပြုလုပ်ပေးရန်လိုသည်။ အကယ်၍ ဦးဟန်ညောင်ဝေအား ယင်းလူမျိုးများက ရှေးဟောင်းယဉ်ကျေးမှု အဆောက်အဦ ။ နေထိုင်ချက်မြုပ်ရာဒေသများ နှင့် စာပေကျမ်းဂန်များကို ပြသနိုင်ခဲ့ က မည်သူမျှ ငြင်းချက်ထုတ်၍ ရမည်မထင်ချေ ။ သို့ အတူ ဦးဟန်ညောင်ဝေကလည်း ပြည်ပနိုင်ငံခြားတွင် သူ၏ ကြိုးစားဆောင်၇ွက်ခြင်းများမှာ အထူးတိုးတက်သွားမည်ဖြစ်သည်။ တခုတော့ ရှိသည် ။ ဦးဟန်ညောင်ဝေသည် ပုဂ္ဂိုလ်ရေးအရ လူမျိုးစွဲ ဒေါသထွက်ခြင်း မဖြစ်စေရဘဲ ပြုလုပ်ဆောင်ရွက်ပေးရန်လိုသည်။
ယခုတလော NLD ဒုဥက္ကဌ ဘဘဦးတင်ဦး၏ ဘင်္ဂလီမူဆလင်လူမျိုးများကို ခိုးဝင်လာသူများဟု ပြောခြင်းနှင့် ပတ်သက်၍ ၀ါကာအူဒင်ဆိုသူက RFA တွင် ရှင်းလင်းပြောသံများကြားရသည် ။ သူပြောမှ ပို၍ရှုပ်လာသောအခြေအနေများကို မြင်လာကြသည်။ နောက် သူတို့  လူမျိုးများ၏ အတွင်းအဉ္ဖတ္တသဏ္ဍန်တွေကို မြင်တွေ့ သွားကြရပြီ ။လွန်ခဲ့သော -၂၀၁၀- မေလ--၅- ရက်နေ့ က ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ မှာ အရှေ့တီမော သမတ မစ္စတာရာမို့ စ်ဟိုဆေးက -၂၀၀၈- ဖွဲ့ စည်းအုပ်ပုံအခြေခံဥပဒေကို လက်မခံခြင်း- ၂၀၁၀- ရွေးကောက်ပွဲကို လက်မခံခြင်း ညီလာခံ တခုကို ပြုလုပ်ခဲ့ သည်။ ယင်းညီလာခံမှာ ဥရောပနိုင်ငံများမှ ထောက်ခံပေးပါရန် ပြုလုပ်သော ညီလာခံဖြစ်သည် ။ ယင်းညီလာခံတွင် ဦးဟန်ညောင်ဝေမှ စစ်ရာဇ၀တ်ကောင် တရားခံအဖြစ် ခုံရုံးတင်ရာတွင် NLD ဒုဥက္ကဌ ဘဘဦးတင်ဦးကို စာရင်းတင်ထားရန် ညီလာခံ၌ ရဲရဲတောက်တင်ပြသွားသည် ။ သဘောက ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက် လူသတ်မှုဖြင့် စစ်ရာဇ၀၀်ကောင်အဖြစ် တရားစွဲရန် ပြုလုပ်စေခြင်းဖြစ်သည် ။ သို့ ဆိုလျှင် ယမန်တနေ့ က ဒေါကတာဝါဒင်အူကာမှ ဘဘဦးတင်ဦးအား အစုလိုက်အပြုံလိုက်သတ်မှုများ ရှိခြင်းနှင့် ပါတ်သက်၍ ပြောသွားသလို ဘဘဦးတင်ဦးအား တောင်းပန်ရမည်ဟု ပြောဆိုခြင်းမှာ အင်မတန်မှ ဆပ်စပ်နေပါသည်ဟု ဆောင်းပါးရှင် အောင်သန်းဦး၏ ဆောင်းပါးမှာ ဖတ်ရှုရသည်။
ဦးဟန်ညောင်ဝေ၏ မွေးထားသောမျောက်တို့  သည် ယင်းသို့ ပြောသည်ဟု ထောက်ပြခြင်းဖြစ်သည်။ ထို့ ကြောင့် ယခုဦးဟန်ညောင်ဝေက ရန်ကန်ုရောက်နေပြီဖြစ်ရာ ဤကိစ္စကို တိကျစွာ ရှင်းလင်းရမည်ဖြစ်သည်။ ဘဘဦးတင်ဦးအား စစ်ခုံရုံးတွင် တင်ရန် ညီလာခံ၌ တင်ပြခြင်းသည် ဒီမိုကရေစီအတိုက်အခံများ၏ ဒီမိုကရေစီနိုင်ငံရေးတခုလုံးကို စော်ကား ခြင်းဖြစ်သည်။ ထို့ ကြောင့် ဘဦးတင်ဦးအား ဒူးထောင်ကာ ခြေသလုံးဖက်တောင်းပန်ခိုင်းရန် ပြုလုပ်ရန် လိုသည်။ ကျနော်တခုဘဲ ပြောချင်သည် ။ ဦးဟန်ညောင်ဝေက ဘဘဦးတင်ဦးကို ခြေထောက်ဖက်ပြီး တောင်းပန်ရမည် ဟု
ခိုင်အောင်ကျော် ( နယူးယောက် )
ပေးပို့သူ..SoeLunTun
0 ဗိုလ်ချုပ်မြ၏သွေးထွက်အောင်မှန်သောစကား
ဗိုလ်ချုပ်မြကို ၁၉၉၇ ခုနှစ်ကတောထဲမှာတွေ့တဲ့အခါသူက DABရဲ့သဘောတူညီချက်ကိုမလိုက်နာဘဲ တော်လှန်ရေးအဖွဲ့တွေတဖွဲ့ခြင်းငြိမ်းချမ်းရေးယူကြလို့ အင်အားချိ့နဲ့သွားခဲ့တာကိုထောက်ပြသွားတယ်၊ အခုUNFC ဟာအရင်ကအမှားတွေကိုသင်္ခန်းစာယူပြီး ဖဲ့စည်းရုံးတာမခံဘဲအဖွဲ့လိုက်ဆွေးနွေးပွဲကိုခိုင်ခိုင် ရပ် ပြီးတောင်းဆိုနိုင်ဘို့လိုတယ်။ ဗိုလ်ချုပ်မြက ငြိမ်းချမ်းရေးယူတဲ့အဖွဲ့တွေကိုခေါင်းဆောင်နဲ့ ငယ်သားခွဲ ပစ်လိုက်တော့ ခေါင်းဆောင်လုပ်သူတွေကိုစီးပွားရေးလုပ်ကွက်တွေပေးပြီးဖျက်စီးလိုက်တော့သာယာပြီး ငယ်သားတွေနဲ့ကွာဟသွားတယ် တဲ့ဒီစကားဟာသွေးထွက်အောင်မှန်တယ်လို့ဆိုရမယ်၊ အခုကြည့် ဗိုလ် စောချစ်သူဘယ်လောက်ချမ်းသာနေလဲ၊ DKBA တွေအခုမတရားတာကိုငုံမခံဘဲပြန်ချတော့မပါတော့ဘူး မရဘူးတဲ့စည်းစိမ်ကိုမစွန့်နိုင်တော့ဘူးလေ။
ရာထူးကြီးကြီး ၂ခုယူထားတဲ့ ဟန်ညောင်ဝေဟာအခုရန်သူနယ်မြေမှာ အေးအေးချမ်းချမ်းရှမ်းပြည် အထိသွားပြီးလည်ပတ်နေပြီ၊ စဉ်းစားကြပါ၊ EBO ရဲ့ညွှန်ကြားရေးမှူး၊ DVB ရဲ့ ညွှန်ကြားရေးမှူး (ပူပူ နွေးနွေး ဖြစ်ခါစ) အနေနဲ့ အစိုးရဆန့်ကျင်ရေးအတွက်အောက်ခြေမဟုတ်ဘဲ ထိပ် ဆုံးကနေရာယူထားသူက ဘာသဘောတူညီချက်မှပေးစရာမလိုဘဲ ပြန်သွားနိုင်တယ်ဆိုတာဖြစ်နိုင်ပါ့မ လား၊ UNFC အနေနဲ့ အထူးသတိထားဘို့လိုပြီ၊ ENC လည်းသတိရှိဘို့လိုပြီး၊ တပ်ပေါင်းစုမူအတိုင်းသွား နိုင်ဘို့လိုသည်။
ထွန်းအောင်ကျော်
0 ပခုက္ကူ ရေဘေးအလှူအတွက် တတ်နိုင်သမျှ ဖြန့်ဝေပေးစေလိုပါသည် ..
Photo..Eleven media group
ပခုက္ကူ ဒေသတစ်ဝိုက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်ခြင်းကြောင့် တံတားများကျိုးပျက်ခြင်း၊ အိမ်များရေထဲမျောပါခြင်း စသဖြင့် ရေဘေးဒုက္ခများကြုံတွေ့နေရပြီး အောက်တိုဘာလ(၂၁)ရက်နေ့အထိ လူ(၁၄၇)ဦးခန့် သေဆုံးကြောင်း သတင်းများကြားသိရပါသည်။ ထို့အပြင် ရေကြီးနေသော ဒေသတဝိုက်တွင် နေထိုင်ကြသော ဒုက္ခသည်များအနေဖြင့် အရေးပေါ် ကူညီကယ်ဆယ်ရေးများ ပြန်လည်ထူထောင်ရေးများ အမှန်တကယ်လိုအပ်နေကြောင်း ကြားသိရပါသည်။
သို့ဖြစ်ပါ၍ ပခုက္ကူရေဘေးအလှုအတွက် Facebook ပေါ်တွင် တွေ့ဆုံခင်မင်ကြသော အပေါင်းအသင်းများဖြင့် စုပေါင်း၍ ကူညီလှုဒါန်းနိုင်ရေးအတွက် ယခု Page ကိုဖွင့်၍ လှုဒါန်းနိုင်ရန် စုစည်းတိုင်ပင်ဆောင်ရွက်နေကြပါသည်။ မိမိတို့ တတ်အားသမျှ ပါဝင်ကူညီထည့်ဝင်လှုဒါန်း၍သော်လည်းကောင်း မိတ်ဆွေသူငယ်ချင်းများကို သတင်းပေး၍ ကောင်းမှုဒါနပြုကြစေရန်အတွက်လည်းကောင်း နှိုးဆော်တိုက်တွန်းအပ်ပါသည်။
ကောက်ခံရရှိသော အလှုငွေများကို ရေဘေးသင့်ဒေသရှိ အမှန်တကယ် လိုအပ်ချက်များနှင့် ကိုက်ညီအောင် လှုဒါန်းနိုင်ရေးအတွက် ပခုက္ကူဒေသမှ ရေဘေးကယ်ဆယ်ရေး ပြန်လည်ထူထောင်ရေးများကို အဓိကထား ဆောင်ရွက်ပေးနေကြသော ဆရာတော်များ၊ မြို့မိမြို့ဖများနှင့် လှုဒါန်းရန်အစီအစဉ်ကို အသေးစိတ်စီစဉ်၍ ဆက်သွယ်ဆောင်ရွက်နေပြီဖြစ်ပါသည်။ လှုဒါန်းရာတွင် ထိထိရောက်ရောက် အကျိုးရှိရှိ လှုဒါန်းနိုင်ရန်အတွက် ကောက်ခံရရှိလာသော လှုဒါန်းငွေများကို ရေဘေးကယ်ဆယ်ရေး ဦးဆောင်နာယက ဆရာတော်များသို့ လွှဲအပ်လှုဒါန်းသွားမည်ဖြစ်ပြီး ဆရာတော်များ၏ စီမံမှုအတိုင်း လိုအပ်ချက်များကို ထိထိရောက်ရောက် ပေးအပ်ကူညီသွားနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အလှုငွေများကို အပိုင်းနှစ်ပိုင်းခွဲ၍ ကောက်ခံလှုဒါန်းသွားမည်ဖြစ်ပါသည်။ ပထမအသုတ်အနေဖြင့် ရေဘေးသင့်ဒေသမှ ဒုက္ခသည်များအတွက် အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေနိုင်ရန်အတွက် " 28.10.2011, Friday " နောက်ဆုံးထား၍ လက်ခံရရှိသော လှုဒါန်းငွေများကို ပေးအပ်လှုဒါန်းသွားမညိဖြစ်ပါသည်။
ဒုတိယ အသုတ်အနေဖြင့် "29.10.2011, Saturday မှနေ၍ 30.11.2011, Wednesday " အထိ လှုဒါန်းရရှိငွေများကို ရေဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးအနေဖြင့် လှုဒါန်းသွားမည်ဖြစ်ပါသည်။
ဆက်သွယ်လှုဒါန်းရန် နေရာများကတော့ -
(၁) ရန်ကုန် >> ကိုမျိုးသက်ပိုင်(09-5275239)
(၂) စင်္ကာပူ >> POSB Bank Account: 245-93746-6
ဆက်သွယ်ရန် : ကိုဝနဆွေ(81014631), နိုင်ထူးအောင်(97767074)
(၃) မလေးရှား >> ကိုအောင်စိုး (+60163853222)
(၄) မန္တလေး >> TeZa Hlaing (0991046819)
လှုဒါန်းရရှိသာ အလှုငွေ၊ ငွေစာရင်းများကို အလှုခံနေရာများအလိုက် ဤ facebook Page တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါသည်။
0 မနေ့ကကွယ်လွန်သွားသော နိုင်ငံရေး အကျဉ်းသားဟောင်း ကဗျာ ဆရာ လှသန်း (ခေါ်) ကြည်မောင်သန်း အမှတ်တရ စာကဗျာ
ပုံပြင်ထဲက မြို့လည်း မဟုတ်
ဒဏ္ဍာရီထဲက မြို့လည်းမဟုတ်
ရာဇဝင်ထဲက မြို့တမြို့
ပုဂံခေတ်ထဲက ရှိတဲ့ မြို့တမြို့
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်တည်းက ရှိတဲ့မြို့တမြို့
သမိုင်းဝင် မြို့တမြို့။
ဒီမြို့ကို ကတူးလူမျိုးတွေ တည်ထောင်ခဲ့တယ်
အလောင်းစည်သူမင်း
တိုင်းခန်းလှည့်လည်ရင်း
မြောက်ဘက်အရပ်အရောက်
အရှေ့ဘက်က နတ်တွေ ဆိတ်ယောင်ဆောင်
ရေသောက်မယ့်ဟန် မြည်သံပေးတာကို အစွဲပြုလို့
ဒီမြို့ ဒီနာမည်တွင်ခဲ့ရ။
အရှေ့မှာ ဧရာဝတီ
အနောက်မှာ ချင်းတွင်း
မနီးဝေးမှာ မူးမြစ်နဲ့
စိုက်ပျိုးရေး လုပ်ငန်းတွေ ဖြစ်ထွန်းခဲ့တယ်။
သာသနိက အဆာက်အအုံတွေပေါများ
ရဟန်းပညာရှိ လူပညာရှိတွေထွန်းကား
တခြားမြို့တွေနဲ့ စီးပွားကူးသန်းသွားလာဖို့ လွယ်ကူ
ဘိုးတော်ဘုရား လက်ထက် စစ်တမ်းတွေအရ
အစည်ကားဆုံးမြို့ ၁၂ မြို့ထဲက မြို့တမြို့။
အလောင်းဘုရား လက်ထက်မှာ
အိမ်ရှေ့စံ နောင်တော်ကြီး ဒီမြို့ကို စားရ
ဘိုးတော်ဘုရား လက်ထက်မှာ စစ်သူကြီး မဟာဗန္ဓုလ
နေမျိုးသူရ ရဲခေါင်ဘွဲ့နဲ့ ဒီမြို့ရဲ့ မြို့ဝန်။
ဘုံခန်းပျို့ဆရာ အရှင် အဂ္ဂသမာဓိ
စစ်သူကြီး မဟာဗန္ဓုလ
မုံတိုင်ပင် ဆရာအရှင်ဝံသ
အတုလဆရာတော် အရှင်ယသ
မြသိန်းတန် ဆရာတော် အရှင်ဇိန
အယူတော်မင်္ဂလာ ဦးနိုး
လယ်တီဆရာတော်
ဒါ ဒီမြို့သား ပုဂ္ဂိုလ်ကျော်တွေ။
ဒီမြို့မှာ
မင်းတုန်းမင်းကို ပုန်ကန်ခြားနားတဲ့
ပတိမ်းမင်းသား ခိုလှုံခဲ့ဖူးတယ်
ဒီမြို့ကနေ
ကောက်ကျစ် ယုတ်မာတဲ့ မြို့ဝန် ဦးမှန်း
အောက်ပြည်ကို ထွက်ပြေးခဲ့ရတယ်
ဒီလိုနဲ့
ဒီမြို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ရတယ်
ဒီမြို့မှာ
သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်
ဒီမြို့မှာ
လူငယ်လေးတယောက်
သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတယ်
ဒီမြို့မှာ
အမျိုးသမီး တယောက်
သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်
ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်။
တနေ့တော့
မိုးနည်းတဲ့ ဒီဒေသ
ဆောင်းတွင်းအခါ သမယမှာ
မိုးရွာဖို့ မဆိုထားနဲ့
မိုးအုံ့ဖို့တောင် အကြောင်းမရှိပေမယ့်
ရုတ်တရက် မိုးကြီးရွာချလိုက်တယ်
ဆင်ခြေရာတွေတောင်
တိမ်ကော ပပျောက်သွားအောင် ရွာတဲ့ မိုးမို့
အညာအခေါ် ဆင်ရာတိမ်မိုး တဲ့လေ။
မုံရွာ-ရေဦး လမ်းကို ဖြတ်သန်းရင်း
ဒီမြို့ကို ကားပေါ်က လှမ်းကြည်မိတဲ့အခါ
အတိတ် တစ္ဆေက ငါ့ကို ခြောက်လှန့် နေလေရဲ့။ ။
(ကြည်မောင်သန်း)
ကဗျာဆရာ လှသန်း (ကြည်မောင်သန်း) ၏ ကျေးဇူးတင်မှတ်တမ်းလွှာ
Photo.. http://eaindrar.blogspot.com/
အဆိုပါကဗျာသည် “ဒီပရင်္ဂ”အမည်ရှိ ဒီပဲယင်း မြို့အကြောင်း ဖွဲ့ဆိုထားသည့် ကဗျာဖြစ်ပြီး ယင်း ကဗျာပါဝင် သောမဂ္ဂဇင်း သည် မေလ မကုန်ခင်ကပင် စာပေစိစစ်ရေးခွင့်ပြုချက်ဖြင့် ဖြန့်ချိခဲ့ခြင်းဖြစ်သည်ဟု ချယ်ရီမဂ္ဂဇင်းနှင့်နီးစပ်သည့် စာနယ်ဇင်း သမားတဦးက ပြောသည်။
ထို့ပြင် ကဗျာဆရာက သူရဲကောင်း စစ်သူကြီး မဟာဗန္ဓုလ မြို့ဝန်ဖြစ်ခဲ့ဖူးသော ဒီပရင်္ဂ မြို့တွင် ကောက်ကျစ် ယုတ်မာသည့် သစ္စာဖောက်များရှိခဲ့ဖူးကြောင်း၊ သူရဲကောင်းများပျောက်ဆုံးခဲ့ရဖူးကြောင်း၊ အမျိုးသမီး တဦးသည် လည်း သေကံ မရောက် သက်မပျောက် ဖြစ်ခဲ့ရပြီး အံကြိတ် တက်ခေါက်ရသည့် အဖြစ်အပျက်များ ရှိခဲ့ကြောင်း တို့ကို လည်း ရေးဖွဲ့ထားသည်။
အထက်ပါ ဒီပဲယင်းမြို့ကို ရှေးသမိုင်းဝင် အမည် ဒီပရင်္ဂ အမည်ဖြင့်ရေးဖွဲ့ထားသော ကဗျာသည် လူကြိုက်များ၍ ပျံ့နှံ့နေပြီး ယင်း ကဗျာဖော်ပြထားသည့် ချယ်ရီမဂ္ဂဇင်းသည်လည်း အရောင်းသွက်ခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့တွင် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) အဖွဲ့အဝင် ၂၀၀ ခန့်သည် လူအင်အား ၅၀၀၀ ခန့်ရှိ လူအုပ်စု တစု၏ အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ယင်းတိုက်ခိုက်မှုအတွက် စစ်အစိုးရအား နိုင်ငံတကာ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဖွဲ့စည်း၍ အရေးယူပေးရန် အန်အယ်လ်ဒီ က တောင်းဆိုထားသည်။
ထိုချယ်ရီ မဂ္ဂဇင်းပါ ကဗျာကိစ္စနှင့်ပတ်သက်ပြီး ချယ် ရီ မဂ္ဂဇင်း သည် လအတန် ကြာ ရပ် နား ခဲ့ ရ၍ ကဗျာအယ်ဒီတာ ထွက်လိုက်ရပြီး စိစစ်ရေးက စာစစ်မှူး ၃ ဦး လည်းရာထူးမှနုတ်ထွက်လိုက်ရပါတယ်..
0 နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးသည့်ထုတ်ပြန်ချက်
last-news
နိုင်ငံရေးအကျဉ်းသားမိသားစုများအကျိုးဆောင်ကွန်ယက် သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ မှ ဖြန့်ချီသည့် နိုင်ငံရေးအကျဉ်းသားများအကြံပြုဆွေးနွေးသည့်ထုတ်ပြန်ချက်ကို ထပ်ဆင့်ဖြန့်ဝေပါသည်။
from ABFSU.FAC.JAPAN
0 မြန်မာနိုင်ငံတွင်းမှ ဖြတ်သန်းသွားမည့် စင်္ကာပူ - ကူမင်း မီးရထားလမ်း...... သို့မဟုတ် Singapore-Kunming Rail Link
ဒီနေ့ သတင်းစာဖတ်ကြည့်တော့ (၁၃) ကြိမ်မြောက် စင်္ကာပူ-ကူမင်း မီးရထားလမ်းအထူးအစည်းအဝေး ကျင်းပတာ တွေ့တယ်ဗျ..... ရထားပို့ဆောင်ရေး ၀န်ကြီး၊ ဒုဝန်ကြီး တွေကိုယ်တိုင် တက်တာဆိုတော့ ပေါ့သေးသေး မဟုတ်ချေဘူး.... ဒါပေမဲ့ စင်္ကာပူကနေ ကူမင်းရထားလမ်းဖောက်တာ ငါတို့နိုင်ငံနဲ့ ဘာဆိုင်လို့လည်းပေါ့ နည်းနည်းတော့ စဉ်းစားသွားတာနဲ့ အင်တာနက်ကြည့်လိုက်တော့ လားလား မြန်မာပြည်ထဲကနေ တစ်ပိုင်းပိုင်းဖြတ်မဲ့ မီးရထားလမ်းပါတကားဆိုတာ မြေပုံကြည့်လိုက်ပီးမှ သဘောပေါက်တော့တယ်... သူတို့အခေါ်အရတော့ စင်္ကာပူ-ကူမင်း ရထားလမ်းကြောင်း (SKRL) ဆိုပဲ....
ဖတ်လိုက်ရတဲ့ သတင်းတွေ အရတော့ စင်္ကာပူ-ကူးမင်း မြန်နှုန်းမြင့် မီးရထားလမ်းဟာ ဧပြီလ ၂၅ ရက်နေ့မှ စတင်ဖောက်လုပ်နေပါတယ်။ အဆိုပါ မီးရထားလမ်းဟာ နောင်အနာဂါတ်မှာ စင်္ကာပူနှင့် ကူမင်းကို သွားလာချိန် ၁၀ နာရီအောက်ကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရကတော့ ၎င်းမီးရထားလမ်းကို လာမည့် ၂၀၂၀ မှာ စတင်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အဆိုပါ မီးရထားလမ်းဟာ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှ စတင်ပြီး လာအို နယ်စပ်မြို့ မိုဟန်နှင့် တရုတ်နာမည်ကြီး ခရီးသွားမြို့ Wangrong ကိုဖြတ်သန်းပြီး၊ လာအိုနိုင်ငံ မြို့တော် Vientiane မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ မိုဟန် ရထားထောက်ပံ့ပို့ဆောင်ရေးဌာန အနေဖြင့်လည်း ဆောက်လုပ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေခဲ့ပါတယ်။
အစိုးရအခြင်းခြင်း Trans-Asian ရထားလမ်း ကွန်ယက် သဘောတူညီမှုအရ ကူမင်း - စင်္ကာပူ မြန်နှုန်းမြင့် ရထားလမ်းဟာ Trans-Asian ရထားလမ်းကွန်ယက်၏ အရှေ့တောင်ဘက် အလယ်ဗဟိုကျပြီး ဘန်ကောက်၊ ကွာလာလန်ပူကို ဖြတ်သန်းသွားပြီး စင်္ကာပူအရောက် စုစုပေါင်း အကွာအဝေး ကီလိုမီတာ 3,900 မှာအဆုံးသတ်မှာဖြစ်ပါတယ်။ ပြီးဆုံးသွားသည့် အချိန်တွင် ခရီးသည်များအား ၁၀ နာရီထက် လျော့နည်းသည့် အချိန်ကာလအတွင်းမှာပင် စင်္ကာပူနှင့် ကူမင်းအား ရထားဖြင့် သွားလာနိုင်မှာဖြစ်ပါတယ်။ယူနန်လူမှုသိပ္ပံ အကယ်ဒမီ၏လက်အောက်တွင် အရှေ့တောင်အာရှနှင့် ဆိုသည့် သုတေသန ပြုလုပ်နေသည့် Cheng Tiejun အဆိုအရ Trans-Asian ရထားလမ်းကွန်ယက် မဟာ မဲခေါင်ဒေသတွင်းရှိ တိုင်းပြည်များအပေါ် အကျိုးသက်ရောက်မှု ဝေးကွာနေတယ်လို့ ဆိုပါတယ်။
ASEAN ၏ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်နေခြင်းသည် အရှေ့တောင်အာရှ အဖွဲ့၏ မဟာဗျူဟာမြေက် အရေးပါသည့် နေရာသို့ မြင့်မားလာစေပါသည်။ တရုတ်-အာစီယံ လွတ်လပ်စွာ ကုန်သွယ်ရေး ဧရိယာသည် လူများပြုလုပ်ထားသည့် ကုန်သွယ်မှု အတားအဆီး အားဖယ်ရှားခဲ့သော်လည်း Trans-Asian ရထားလမ်းကွန်ယက်နှင့် အခြားသော အခြေခံ အဆောက်အဦးများအတွက် သဘာဝအတားအဆီးများကိုမူ ဖယ်ရှားရန်လိုအပ်ပါသည်။
Trans-Asian ရထားလမ်း ကွန်ယက် ပြီးစီးသွားပါက ဗီယက်နမ် နှင့် ကမ္ဘောဒီးယားအနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာသို့ ရထားဖြင့်သွားလာနိုင်ပြီး တရုတ်အနေဖြင့်မူ သန်း 300 နီးပါးရှိသည့် မဲခေါင်မြစ်ဝှမ်းဒေသတွင်း၏ နိုင်ငံများရှိ ပြည်သူများနှင့် နိုင်ငံရေးနှင့် စီးပွားရေး ကူးလူးဆက်သွယ် နိုင်မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် ဂျပန်နှင့် တောင်ကိုရီးယားတို့ အနေဖြင့်လည်း ကမ္ဘာလုံးဆိုင်ရာ အရေးပါမှုဖြစ်သည့် အဆိုပါ ရထားလမ်းကွန်ယက်မှတစ်ဆင့် စွမ်းအင်နှင့် အခြားသော ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ ရထားလမ်းကွန်ယက်သည် ကုန်ပစ္စည်းများ သယ်ယူမှုနှင့် လူများ ရွေ့ပြောင်းမှုအား လွယ်ကူချောမွေ့စေပြီး၊ စီးပွားရေး ဆိုင်ရာများအား လျင်လျင်မြန်မြန် အကျိုးသက်ရောက်မှုအား မြင့်မားစေပြီး ပို၍တည်ငြိမ် အေးချမ်းသည့် ပထ၀ီဝင်နိုင်ငံရေး ပါတ်ဝန်းကျင်အား ဖော်ဆောင်မှုကို ကူညီနိုင်မည် ဖြစ်ပါသည်။
ဖတ်ရတာတော့ အဆင်ကို ချောနေတာပဲ..... ကျောက်ဖြူ-ကူမင်း ကားလမ်း၊ ရထားလမ်း၊ လောင်စာဆီ-ဓါတ်ငွေ့ ပိုက်လိုင်းကလည်း သွယ်တန်းဦးမယ်.... စာတွေထဲမှာ ကြည့်လိုက်ရင်တော့ နိုင်ငံတော်ကြီးက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြီးတွေ အသီးသီးနဲ့ အားရစရာကြီးပေါ့ဗျာ.... ဒါပေမဲ့ နှစ် ၂၀ အတွေ့အကြုံက ပြောထားတာက စာအုပ်ထဲက စီမံကိန်းဟာ စာအုပ်ထဲမှာပဲ မစားရ၀ခမန်းပဲ... လက်တွေ့မှာတော့ အဲ့ဒိ မစားရ၀ခမန်းကို စားသွားတာ ဘယ်သူတွေလဲ ဆိုတာ အားလုံးလဲ သိတာပါပဲ.... ဘာပဲဖြစ်ဖြစ်ပေါ့ ဒီလို စီမံကိန်းတွေ လုပ်တော့မယ်ဆိုရင် အခုက ဒီမိုကရေစီအစိုးရဆိုတော့ ပွင့်လင်းမှု ရှိစေချင်တာပါပဲ....
ဘာတွေလုပ်မယ် ဘယ်ဟာတွေ ဘယ်လိုဆိုတာတွေပေါ့.... ဒီလို စီမံကိန်းကြီးတွေ စတင်လာပြီဆိုရင် ထုံးစံအတိုင်း အဓမ္မလုပ်အားပေးမှုတို့ လုပ်အား ခေါင်းပုံဖြတ်မှုတို့ အော်လာမှာ မလွဲဘူး... လမ်းကြောင်းတလျှောက် သဘာဝပါတ်ဝန်းကျင် ထိခိုက်မှု၊ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ပျက်စီးမှု၊ ရှားပါး သားရဲ တိရိစ္ဆာန်များ နေထိုင်ရာ နေရာများ ကျဉ်းမြောင်းသွားမှု စတာတွေပါ ထိမ်းသိမ်းရမှာ ဖြစ်ပါတယ်။
အဲ့တော့ ဒိမိုကရေစီ အစိုးရခောတ် ရောက်နေပီပဲ ငါတို့က ဒါမျိုး မဟုတ်ပါဘူးလို့ ပြည်သူတွေကို အသိပေးစေချင်တာပါပဲ..... နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူးဆက်ရှက်လို့ ရလာပီဆိုရင် မလိုလားအပ်တဲ့ လူမှုရေးအရှုပ်အရှင်း၊ လူမှောင်ခိုတွေ၊ ယဉ်ကျေးမှုမတူတာတွေ ဘယ်လိုထိမ်းသိမ်းမယ် ဆိုတာတွေကအစ အခုကတည်းက ပြင်သင့်တယ်လို့ မြင်မိတာလေး လျှာ နည်းနည်းရှည်ကြည့်မိတယ်.....
james mmt Facebook

