Tuesday, November 22, 2011

0 ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီကွန်ယက်တွင်ပါဝင်သောပညာရေးကွန်ယက် တနှစ်မြောက်အထိမ်းအမှတ်ဈေးရောင်းပွဲတော် (ဓာတ်ပုံ/ရုပ်သံ)


ပညာရေးကွန်ယက် အခမ်းအနား တွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသော အဖွင့် အမှာစကား ( စ/ ဆုံး )video- Ah Bayah





၂၁-၁၁-၂၀၁၁ နံနက် ၁၀း၀၀နာရီတွင် ပညာရေးကွန်ယက် (၁) နှစ်ပြည့် ဈေးေ၇ာင်းပွဲတော်ကို ပြည်လမ်းရှိ ယုဒသန်ခမ်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပ..
Burma VJ Media Network

0 သတင်းသမားနဲ. သတင်းလုပ်သူများ သတိထား ဆင်ခြင်ရမည့် အခေါ်အဝေါ်နဲ. ခြေလက်ကိုယ်အမူအရာများ



မြန်မာ သတင်း မီဒီယာတွေမှာ သတင်းထောက်တွေဖက်ရော သတင်းလုပ်တဲ့-သတင်းဖြစ်တဲ့ News Maker တွေဖက်မှာပါ သတိထားဖို. ဆင်ခြင်ဖို.တွေ အများကြီး လိုနေပါသည်။ အထူးသဖြင့် ကင်မရာရှေ.မှာ မိုက်ကရိုဖုန်းတွေ ရှေ.ကနေ လူအများစု လူထုကြီးဆီ ရောက်စေတဲ့ သတင်းစကားတွေ ပါးတဲ့အခါ စကားလုံး အသုံးအနှုန်း ခေါ်ဝေါသုံးစွဲတဲ့ အပြောအဆို စကားလုံးတွေ အထူးသိထားဖို. လိုပါသည်။

ဘာသိဘာသာနဲ. သတိမထားမိပဲ အမှတ်တမဲ့ လုပ်မိတဲ့အမူအရာတွေ အခေါ်အဝေါ်တွေဟာ News Media/ Public Broadcasting/ Mass Communication တွေ အပေါ်မှာဆိုရင် အတော်ကို အရုပ်ဆိုးပါတယ်။ မြင်ရတာ အကျီးတန်သွား စေပါသည်။

မြန်မာပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းနဲ. The Wall Street Journal သတင်းစာတို. အင်ဒိုနီးရှာနိုင်ငံမှာ လုပ်တဲ့ တွေ.ဆုံ မေးမြန်းခန်း-Exclusive Interview ကို သေခြာ ကြည့်ရင် ၀န်ကြီးဦးကျော်ဆန်းဟာ သတင်းထောက်နဲ. အင်တာဗျူးလုပ်နေတုန်း လက်တဖက်က ခြေဖ၀ါးကို ပွတ်လိုက် သတ်လိုက်နဲ. ခြေဖ၀ါးက အရေပြားခြောက်တွေကို ကုတ်ခြစ်ပြီး ခွာနေတာ Dried Skin ခြေထောက်က အရေခွံခြောက်တွေကို လက်ကြီးနဲ. ချေမွပွတ်သက်နေတာကို တွေ.ရမှာ ဖြစ်ပါသည်။ ဒါဟာ နိုင်ငံတော်အဆင့် ၀န်ကြီး တဦးအနေဖြင့် အထူးသဖြင့် ပြန်ကြားရေး ၀န်ကြီးတဦးအနေဖြင့် မလုပ်သင့်ပါဘူး။ အင်တာဗျူး လုပ်နေတဲ့အချိန် ကင်မရာတွေ ဗွီဒီယိုတွေနဲ. ရိုက်နေတုန်းမှာ အခုလို ညစ်ညစ်ပတ်ပတ်နဲ. လက်ကြီးနဲ. ခြေထောက်ကို ကိုင်နေတာ။ ခြေဖ၀ါးက အရေခွံတွေကို လက်ကြီးနဲ. လူကြားသူကြားမှာ ခွာနေတာ ကုတ်ခြစ်နေတာဟာ မြင်ရတာ အတော် ဆိုးပါသည်။ ၀န်ကြီးကတော့ သိမယ် မထင်ဘူး။ မြင်ရတာကတော့ တော်တော်ကို ဆိုးပါသည်။ ရွံစရာပါ။

အဲဒီလို လက်ကြီးနဲ. လူကြားမှာ ခြေဖ၀ါးကို ကိုင်နေ ပွတ်သတ်နေ အရေခွံတွေကို ခွာနေ ခြစ်နေတာကို တမင်လုပ်တာ မဟုတ်ပဲ အမှတ်တမဲ့ ဘာသိဘာသနဲ သတိမထားမိပဲ လုပ်နေခြင်းပါ။ ဒါပေမယ့် ဒီလို ကိုယ်အမူအရာတွေ လက်ဟန် ခြေဟန်တွေဟာ ကင်မရာတွေ ဗွီဒီယိုတွေထဲမှာ ပါသွားပြီး လူအများစုကို ပြသတဲ့ News Media & Mass Communication တွေ TV ဖန်သားပြင်တွေ ကွန်ပြူတာ Screen တွေကနေ ပြမြင်ရတဲ့အခါ အတော်ကို ရိုင်းနေပြီး မြင်ရသူအတွက် မသတီစရာလို ဖြစ်နေပါသည်။ ဒါမျိုးတွေဟာ မြန်မာ News Makers-သတင်းတွေလုပ်သူတွေအနေနဲ. နိုင်ငံတကာ သတင်းမီဒီယာတွေနဲ. တိုးမယ်ဆိုရင် ကြိုတင် စဉ်းစား သတိထားရမည့် အချက်ပါ။

ထို.အတူပဲ မြန်မာသတင်းသမားတွေဖက်မှာလဲ ဆင်ခြင်စရာတွေ ရှိနေပြန်ပါသည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ. ပြည်တွင်းပြည်ပက သတင်းသမားတွေ တွေ.ဆုံ မေးမြန်းတဲ့အခါ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း ကို အဘ အဘ ဆိုပြီး ရည်ညွှန်းခေါ်ဆိုတာ သတင်းသမား တဦးအနေဖြင့် မသင့်တော်ပါ။ မခေါ်သင့်ပါ။ ပုဂ္ဂိုလ်ရေးအရ ရိုသေ လေးစားတာနဲ. အလုပ်သဘောအရ ဆက်ဆံရတာကို ခွဲခြားဖို. စည်းခြား ထားဖို. လိုပါသည်။ Personally အရ ရိုသေလေးစားလို. အသက်အရွယ် ကြီးသူဖြစ်လို. ဦးကြီး ဦးလေး အကို အဒေါ်။ ဆရာ အဘ အဖွား အမေ အပြင်မှာ ခေါ်တာ သင့်တော်ပါသည်။ ဒါပေမယ့် သတင်းလုပ်တဲ့အခါ သတင်းရေးဖို. သတင်းမေးတဲ့ Interview လုပ်တဲ့အချိန်မှာတော့ Professionally အရ စဉ်းစားပြီး အဓိက စိတ်ထဲ ခေါင်းထဲမှာ ရှိသင့် ထားသင့်တာက ပရိသတ်တွေက ဘာတွေ သိချင်သလဲ ပရိသတ်တွေ သိချင်တဲ့ဟာ သိဖို. လိုအပ်တဲ့အရာတွေကို မေးဖို.လိုပါသည်။ အဲဒီလို သတင်းမေးတဲ့အချိန်မှာတော့ သက်ရာဆိုင်ပုဂ္ဂိုလ်၏ နာမည် မဟုတ်ရင် ရာထူးကို ရည်ညွှန်းပြီး ခေါ်သင့်ပါသည်။ အခု ကိစ္စမှာဆိုရင် ၀န်ကြီးတို. အစိုးရအဖွဲ.အနေဖြင့် စသည်ဖြင့် ခေါ်ဝေါ် သုံးစွဲသင့်ပါသည်။ အခုတော့ RFA သတင်းထောက် ဦးခင်မောင်စိုးရော ရန်ကုန်တိုင်းစ် သတင်းထောက် ဦးကိုကို(စက်မှု) တို. ကိုယ်တိုင်က ၀န်ကြီး ဦးကျော်ဆန်းကို အဘ အဘ နဲ. ဆိုပြီး မေးမြန်းပြောဆို ခေါ်ဝေါ်သုံးစွဲခြင်းဟာ Journalistic Professional Standard အရ သတင်းလုပ်တဲ့အချိန်မှာ မခေါ်သင့်ပါ။ မသုံးသင့်ပါ။ သီးသန်. သတင်းမေးပြီးတဲ့အခါ အပြင်မှာ အလွတ်သဘော ပြောဆိုတဲ့အချိန် လူမှုရေးအရ သာရေး နာရေး Social Talk လုပ်တဲ့အချိန်မှာတော့ ကိုယ် ခေါ်ချင်သလို ခေါ်ပါ။ လူမှုရေးအရ အရိုအသေ ပေးလို. သင့်တော်ပါသည်။ အခုတော့ သတင်းနားထောင်ရတာမျိုး မဟုတ်တော့ပဲ မြေးအဖိုး စကားဝိုင်းလို ဖြစ်သွားပါသည်။ အဘိုးနဲ. မြေးပြောသလိုဖြစ်သွားရင် Objectivity, Impartiality and bias တွေမှာ ထိခိုက်မှု compromised ဖြစ်သွားနိုင်ပါသည်။

အခုတော့ သတင်းလုပ်တဲ့အချိန်မှာ အဘ အဘ ဆိုတာ သတင်းထောက်တဦးနဲ. နိုင်ငံရေးသမားတို. ၀န်ကြီးတို.အကြား ထားရှိရမည့် level တူ ဆက်ဆံရေးမျိုးနဲ. မညီပဲ ဖြစ်နေပါသည်။ ၀န်ကြီးက အုပ်ချုပ်ရေးတာဝန်နဲ. လူထုအကျိုး လုပ်နေသလို သတင်းသမားကလဲ လူထုအတွက် အစိုးရ၏ မူဝါဒတွေကို လူတွေ သိအောင် သတင်းပေးနေတဲ့ တာဝန်ကို ယူနေရသူမို. Equally Important အရေးကြီးတဲ့တာဝန်တွေကို လုပ်နေသူ အချင်းချင်း ဖြစ်ပါသည်။ ဒါကြောင့် အလုပ်သဘောအရ တန်းတူထားပြီး ဆက်ဆံ ပြောဆိုဖို. လိုပါသည်။ Professional Standard should not be compromised with Personal relation.

အဘ အဘ ဆိုတဲ့ ယဉ်ကျေးမှုဟာ စစ်တပ်ထဲက ယဉ်ကျေးမှုဖြစ်တာမို. စစ်တပ် အတွင်းမှာ ရာထူးကြီးသူ ၀ါကြီးသူကို ငယ်တဲ့သူက အဘ ခေါ်တာ သူတို. စနစ် သူတို.ယဉ်ကျေးမှုဖြစ်တာမို. ဘာမှ ပြောစရာ ဝေဖန်စရာ မလိုပါ။ ဗိုလ်ဖြစ်သူက ဗိုလ်မှူးကြီးကို အဘ ခေါ်သလို ဗိုလ်မှူးကြီးကလဲ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေကို အဘ ပြန် ခေါ်တာ ဒါဟာ မြန်မာ့ စစ်တပ်၏ တပ်တွင်း ယဉ်ကျေးမှုးပါ။ စစ်သား စစ်သားချင်း အပြန်အလှန် ခေါ်ဝေါ်တဲ့ အစဉ်အလာပါ။ ဒါပေမယ့် အခု ထောက်ပြတာက ၀န်ကြီးတဦးကို သတင်းထောက် တဦးက အဘ အဘနဲ. ခေါ်ပြီး သတင်းရေးတာ သတင်းလုပ်တာ တွေ.ဆုံမေးမြန်းခန်းလုပ်တာဟာ News Media & Mass Communication တွေကနေ ပြန်ပြီး တွေ.မြင်ရတာ ကြားရတာ လုံးဝ မသင့်တော်ပါ။ ကိုယ်အလုပ်နဲ. ကိုယ့်ရဲ့ Profession ကို လေးစား တန်ဘိုးထားဖို. သတင်းသမားတွေမှာ လိုပါသည်။ ကိုယ့်အလုပ်ကိုယ် လုပ်တာ ဖြစ်လို. ၀န်ကြီးအလုပ်က သတင်းသမားအလုပ်ထက် မြင့်တယ် ဂုဏ်ရှိတယ်လို. မယူဆ သင့်ပါ။ ၀န်ကြီးလဲ ၀န်ကြီးအလုပ် လုပ်သလို ငါတို. သတင်းသမားတွေလဲ သတင်းသမားအလုပ်ကို လုပ်နေတာပဲလို. သတိရှိဖို. လိုပါသည်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်တို. ဦးဝင်းတင်တို.နဲ. မေးမြန်းတဲ့အခါမှာလဲ အန်တီတို. အမေစုတို. ဆရာတို.ဆိုတာ သတင်းထောက်တဦးအနေဖြင့် အလုပ် လုပ်နေတဲ့အခါ သတင်းရေးတဲ့အခါ မသုံးစွဲသင့်ပါ။ သက်ဆိုင်ရာ ရာထူးနှင့် တာဝန်တွေကို ရည်ညွှန်း ခေါ်ဆို သုံးစွဲသင့်ပါသည်။ ဒါအပြင် သတင်းနားထောင်တဲ့ပရိတ်သတ်တွေ သတင်းဖတ်တဲ့ စာဖတ် ပရိသတ်တွေထဲမှာ အဲဒီသူတွေထက် ၀ါရင့်တဲ့သူ အသက်ကြီးသူတွေလဲ ရှိနေနိုင်ပါသည်။ သတင်းသမားတဦးအနေဖြင့် အလုပ်ပြီးတဲ့အခါ အလွတ်သဘော စကားပြောတဲ့အခါ ပုဂ္ဂိုလ်ရေးအရ မိမိ၏ ဆန္ဒသဘောထားအတိုင်း ကြိုက်သလို ခေါ်ဆိုနိုင်ပါသည်။ သို.သော် သတင်းထဲမှာတော့ Personal believe or personal Respect တွေ ထည့် မရေး ထည့်မသုံးသင့်ပါ။ Keep your personal believe, opinion and feel from you are doing or writing news as a journalist. Otherwise there is conflict of interest.

CBC, ABC, CBS, BBC, CNN စတဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ Media Language Usage Guide ဆိုတာ ရှိပြီး သတင်းအခန်း-News Room မှာ စနစ်တကျ လိုက်နာရမည့် အခေါ်အဝေါ် အသုံးအစွဲ စကားလုံး သတ်မှတ်ချက် စည်းကမ်းတွေ ရှိပါသည်။ Doctor-Dr ဆိုတဲ့ အခေါ်အဝေါ်ကို ဆရာဝန် medical Physician ကိုပဲ ခေါ်ဝေါ် သုံးစွဲတာ ဖြစ်ပြီး တခြား ပညာရေး ဆိုင်ရာနဲ. PhD ဘွဲ.ရတဲ့ ပညာရှင်တွေကို သတင်းတွေအတွက် CG- Character Generation လုပ်ပြီး Creditation ပေးတဲ့အခါ သက်ဆိုင်ရာ ရာထူး ဌာနကိုပဲ ရည်ညွှန်း ခေါ်ဝေါပါသည်။ ဒေါက်တာဆိုပြီး ရှေ.ကနေ တပ်ပြီး မခေါ်ပါဘူး။ ဒေါက်တာ ဆိုတဲ့ အခေါ်အဝေါ်ကို News Media & Mass Communication မှာ ကျန်းမာရေး ဆိုင်ရာ ဆရာဝန် Medical Doctor ကိုပဲ နာမည်တပ် ခေါ်ပါသည်။ တခြား သိပ္ဗံပညာရှင် တဦးဦးက အသစ်တွေရှိမှုတွေကြောင့် သတင်းကိုယ်တိုင်က Even News itself related or Relevant ဖြစ်တဲ့ သတင်းမျိုးမှာပဲ ဒေါက်တာဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းကို သတင်းမီဒီယာတွေကို သုံးလေ့ ရှိပါသည်။

ဒါကြောင့်လဲ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဟောင်း Condoleezza Rice ဟာ PhD ဘွဲ.ရ ဒေါက်တာတဦးဖြစ်ပေမယ့် နိုင်ငံခြားရေးဝန်ကြီးကို Secretary of State Condoleezza Rice လို.ပဲ ခေါ်ဝေါ် သုံးစွဲတာကို သတိထားမိမယ် ဖြစ်ပါသည်။ ဘယ်သတင်းဌာနမှ အမေရိကန် နိုင်ငံရေးဝန်ကြီးဟောင်းကို ဒေါက်တာ Condoleezza Rice လို. သတင်းမီဒီယာတွေက ခေါ်ဝေါ် ပြောဆို သုံးစွဲတာ မရှိပါဘူး။ ဒါကြောင့် အမေကန်နိုင်ငံခြားရေး ၀န်ကြီး Condoleezza Rice ဟာ PhD ပါရဂူဘွဲ.ရ ဒေါက်တာတဦးဆိုတာ သာမန်လူတွေ အများစု သတိတောင် မထားမိပါဘူး။ အကြောင်းကတော့ News Media & Mass Communication တွေမှာ သူမနဲ. ပတ်သက်တဲ့ သတင်းတွေ ရေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး၏ နာမည်ကိုပဲ သုံးစွဲ ရေးသားလေ့ ဖြစ်ပါသည်။ ဒါကြောင့် News Media, Public Broadcasting & Mass Communications တွေမှာ ဒေါက်တာ ဆိုတဲ့ အသုံးအနှုန်းကို အခု မြန်မာ သတင်းဌာနတွေ သုံးနေသလို ဖောဖောသီသီ မသုံးပါ။ ဒါဟာ အဓိပ္ဗါယ်ရှိသလို လိုအပ်ချက် စည်းကမ်းသတ်မှတ်ချက်တွေအရလဲ ဖြစ်ပါသည်။

ဒါကြောင့် မြန်မာ သတင်းဌာနတွေ သတင်းသမားတွေ သတင်းဖန်တီးသူတွေ လုပ်သူတွေလဲ Public Broadcasting, News Media & Mass Communication တွေမှာ ရေးပြ ပြောကြမယ်ဆိုရင် ကိုယ်အမူအရာနဲ. ခေါ်ဝေါ် သုံးစွဲတဲ့ စကားလုံး အသုံးအနှုန်းတွေကို သတိထားဖို. ဆင်ခြင်ဖို. အထူး လိုပါသေးသည်။

Udp Myanmar Faebook

Monday, November 21, 2011

1 ဂျပန်နိုင်ငံ၊တိုကျိုမြို့တွင် ပြုလုပ်သော အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ



ကြွရောက် ဟောပြော ပေးခဲ့ကြသော စာရေးဆရာများမှာ ဆရာချစ်ဦးညို၊ ဆရာမောင်စိန်ဝင်း(ပုတီးကုံး)နှင့် ဆရာမ နုနုရည်(အင်းဝ)တို့ ဖြစ်ကြပါသည်။

zayyar20283အားကျေးဇူးတင်ရှိပါသည်..

1 အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေသို့ အိတ်ဖွင့်ပေးစာ


အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေခင်ဗျား

လူကြီးမင်းသည် နိုဝင်ဘာ ၁၅ရက်နေ့က ကျင်းပခဲ့တဲ့ မဟာမဲခေါင်ခရီးသွားလုပ်ငန်း အစည်းအဝေးတွင် မီဒီယာများသည် အဆိုးမြင် သဘောဖြင့် ရေးသားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲပြောဆိုရခြင်းမှာ လူကြီးမင်း တာဝန်ယူထားသည့် ခရီးသွားလုပ်ငန်းမှ မြန်မာနိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အမဲဖျက်သလိုဖျက်၍ ဟိုတယ်အဖြစ်ဖန်တီးပြီး စီးပွားရှာခွင့် မရလိုက်မှုကြောင့်ဟုလည်း ထပ်မံသိရှိရပါသည်။ အဆိုပါပွဲတွင်ပင် ဝန်ကြီးများရုံးနှင့် ပတ်သက်၍ အသက်ပေးကာကွယ်မည်ဟု ဆိုကြသူများကို အသက်ပေးစရာမလိုဘဲ တစ်ဦးလျှင် တစ်သိန်းသာ ထည့်ဝင်ကြပါဟုလည်း ငွေဂုဏ်မောက်စွာ ပြောဆိုခဲ့ကြောင်း သိရပါသေးသည်။

လူကြီးမင်းခင်ဗျား၊ ပိုက်ဆံရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ တိုင်းပြည်ကို ချစ်ကြတဲ့နေရာမှာတော့ အတူတူပါပဲခင်ဗျာ။ ကျွန်တော့်အမြင်တော့ ပိုက်ဆံ မရှိတဲ့သူကတောင် တိုင်းပြည်အတွက် ပိုပြီးစွန့်လွှတ်အနစ်နာခံနိုင်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာက မက်မောတွယ်တာစရာ ဥစ္စာ ပစ္စည်းမရှိလေတော့ တိုင်းပြည်အတွက် ပိုပြီး ကိုယ်ကျိုးစွန့်နိုင်စွမ်းများတာပေါ့ခင်ဗျာ။ ဒါကို အငြင်းမပွားလိုပါဘူး။ လူကြီးမင်းအနေနဲ့လည်း မြန်မာနိုင်ငံ သားတစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုချစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် လူကြီးမင်းရဲ့ ငွေဂုဏ်မောက်တဲ့ စကားအရတော့ တိုင်းပြည်နဲ့ ငွေနဲ့ ယှဉ်ရင် ငွေကသာ လူကြီးမင်းအတွက် အဓိကဖြစ်ပါလိမ့်မယ်။ နိုင်ငံချစ်စိတ်ကို ငွေနဲ့တိုင်းလို့ မရနိုင်တာကို လူကြီးမင်း သဘောမပေါက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

လူကြီးမင်းအနေနဲ့ ပြည်ပမှာထွက်ပြီး မီလျံနာလို နေနိုင်တယ်၊ နိုင်ငံချစ်လို့သာ ဒီမှာဆက်နေတာလို့ ဆိုတဲ့စကားကတော့ ရယ်စရာ ကောင်းပါတယ်၊ လူကြီးမင်းအနေနဲ့ အခုအချိန် ပြည်ပမှာထွက်ပြီး မီလျံနာလုပ်နိုင်ပေမယ့်အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒါမှမဟုတ် အရင်းအနှီးလေး အနည်းငယ်လောက်နဲ့ ပြည်ပမှာ ကြီးပွားနိုင်မယ်လို့ ယုံကြည်ပါသလား၊ လူကြီးအခုလို မီလျံနာဖြစ်နိုင်အောင် ပြည်တွင်းမှာပဲ ရှာဖွေရရှိခဲ့တာပါ။ ပြည်တွင်းမှာ ရှာဖွေရရှိတဲ့ ငွေတွေဟာလည်း ကိုယ့်အရည်အချင်းကြောင့်လား စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့တာလား လူကြီးမင်းပဲ အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းရှင်တစ်ယောက် အောင်မြင်တယ်ဆိုတာ အဲ့ဒီလုပ်ငန်းရှင်ရဲ့ အလုပ်ဘယ်လောက်အောင်မြင်လဲဆိုတာနဲ့ပဲ ဆုံးဖြတ်ပါတယ်။ စတိဂျော့တို့၊ ဘီလ်ဂိတ်တို့ ကိုယ်ဒူးကိုယ်ချွန်အောင်မြင်ခဲ့တာ လူကြီမင်းတို့ စာဖတ်တတ်ရင် သိမှာပါ။ လူကြီးမင်းရဲ့ ဇေကမ္ဘာကုမ္ပဏီကနေ ကမ္ဘာတလွှားကို ဖြန့်နေတဲ့ ကုန်ပစ္စည်း ဘယ်နှစ်မျိုးရှိပါသလဲခင်ဗျာ။ ဇေကမ္ဘာတံဆိပ်နဲ့ ကမ္ဘာကို ဖြန့်နေတာ ငပိတို့ ပုဇွန်ခြောက်တို့တောင် မရှိပါလားခင်ဗျာ။ လူကြီးမင်းအပါအဝင် ခေတ်ပျက်သူဌေးလို့ခေါ်ရမယ့် ခရိုနီအများစုဟာ တိုင်းပြည်က သယံဇာတတွေကို အာဏာရှင်နဲ့ပေါင်းပြီး ရောင်းစားခဲ့လို့သာ ဒီနေ့အခြေအနေ ရောက်လာခဲ့တာပါ။ လူကြီးမင်းတို့ အနေအထားနဲ့ဆိုရင် ဒေဝါလီခံရတာ ကြာပြီပေါ့ခင်ဗျာ။ လုပ်ပိုင်ခွင့်တွေယူလိုက်၊ သူများတွေ စိုက်လို့ပျိုးလို့ အဆင် ပြေတယ်ဆိုရင် အာဏာရှင်နဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်သိမ်းလိုက်နဲ့ သမာအာဇီဝနဲ့ ကိုယ်ပိုင်လုံ့လ တစ်စက်မှကိုမပါဘူးလို့ပဲ ဆိုရမှာပါ။ ဒါကြောင့် လူကြီးမင်းတို့ဟာ ငွေကို လွယ်လွယ်ရတယ်၊ လွယ်လွယ်ရတဲ့အတွက် ငွေစကားကို ပဲ ပြောတတ်တော့တာဖြစ်မှာပါ။

လူကြီးမင်းကို စီးပွားရေးမလုပ်တတ်ဘူး၊ အရည်အချင်းမရှိဘူးလို့ ပြောရတာက အကြောင်းရှိပါတယ်၊ စီးပွားရေးသမားဆိုတာ အကွက်မြင် တတ်ရတယ်ဆိုပေမယ့် ရေရှည်အကျိုးကိုလည်း တွက်ဆတတ်ရပါတယ်။ ကျွန်တော်ဟာ တစ်နေ့ဝင်ငွေ ငါးထောင်တောင် မပြည့်တဲ့ သာမန်အောက်ခြေ လူတန်းစားပါ။ ဒါပေမယ့် နိုင်ငံတကာမှာ ရှေးဟောင်းအဆောက်အအုံတွေရဲ့ တန်ဖိုးကို ဘယ်လောက်အထိ ထားကြတယ်ဆိုတာကိုတော့ တီးမိခေါက်မိ ရှိပါတယ်ခင်ဗျ။ အဲ့လို အဆောက်အဦးကြီးတွေကို ဟိုတယ်ဆောက်ရင်တောင် ပုဂ္ဂလိကပိုင် အဆောက်အဦကြီးတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာ ရိုမေးနီးယားက မြို့စားကြီး ဒရက်ကူလာရဲ့ ရဲတိုက်လိုမျိုးပေါ့ခင်ဗျာ။ ပိုင်ရှင်ကရောင်းတယ်၊ ဝယ်သူကဝယ်တယ်။ ဒီထိပြဿနာမရှိပါဘူး။ ဒါပေမယ့် ပြည်သူပိုင်၊ နိုင်ငံပိုင် ပစ္စည်းတွေကိုတော့ ရောင်းလို့လည်းမရသလို လက်ဝါးကြီးအုပ်ခွင့်လည်း မရှိပါဘူးခင်ဗျား လူကြီးမင်းကတော့ လိုချင်တာကို လက်ညှိုးထိုးတာနဲ့ ရခဲ့တဲ့ ကလေးလို ဖြစ်ခဲ့ဖူးတော့ နိုင်ငံပိုင်ပစ္စည်းကြီးကို လက်ဝါးကြီး အုပ်ဖို့ကြံမိတာ မဆန်းဘူးပေါခင်ဗျာ။

ဟုတ်ကဲ့ ဝန်ကြီးများရုံးကို ဟိုတယ်ဆောက်မှ ကျွန်တော်တို့နိုင်ငံချမ်းသာမှာလားခင်ဗျာ။ ပြတိုက်ဖွင့်စားရင်ရော အဆင်မပြေဘူးလား လို့ပါ၊ ဒီနေရာဟာ သမိုင်းဝင်နေရာဖြစ်တယ်၊ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့တဲ့နေရာကြီးဖြစ်တယ်။ ကမ္ဘာလှည့် ခရီးသွား တွေလည်း စိတ်ဝင်စားစရာဖြစ်တယ်။ ဟိုတယ်ဆောက်လို့ ရမယ့်ငွေက ရေရှည်မှာ များနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဟိုတယ်ဆောက်လို့ရမယ့် မြေ နေရာတွေ မရှားပါဘူးခင်ဗျာ။ သမိုင်းဝင်အဆောက်အဦးကတော့ ရှားပါးသွားနိုင်ပါတယ်။ နောက်ပြီး ဒီဟိုတယ်က ရတဲ့ငွေက နိုင်ငံရဲ့ဂျီဒီပီထက် လူကြီးမင်းရဲ့ဂျီဒီပီကိုပဲ ပိုတက်စေပါလိမ့်မယ်။ ပြတိုက်ကတော့ နိုင်ငံပိုင်ဖြစ်တဲ့အတွက် နိုင်ငံတော်က ပိုပြီးအကျိုးရှိမှာပါ။ ခရီးသွားလုပ်ငန်း ပွင့်လန်း လာတာနဲ့အမျှ ဟိုတယ်တွေလဲ ပေါများလာမှာပါ၊ ဟိုတယ်တွေပေါပြီး လေ့လာလည်ပတ်စရာ မရှိရင် ဘယ်ခရီးသွားက ရန်ကုန်မြို့ကြီးကို တကူးတက လာလည်မှာလဲခင်ဗျာ။ အင်္ဂလိပ်တွေဟာ သူတို့အင်ပါယာကြီး တန်ခိုးထွားစဉ်တုန်းက အခြေအနေတွေနဲ့ ကမ္ဘာတလွှားက ခရီးသည်တွေဟာလည်း သူတို့ငယ်ငယ်က သင်ခန်းစာမှာ သင်ခဲ့ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ ပုံရိပ်တွေကို ပြန်လည်ခံစားချင်ကြမှာ သေချာပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံကြီးတွေက ကမ္ဘာလှည့်တွေဟာ ရန်ကုန်မြို့ကြီးက နယူးယောက် လောက်ခေတ်မှီနေရင်တောင် သူတို့အတွက် အထူးအဆန်း ဘယ်ဖြစ်တော့မလဲ ခင်ဗျာ။ ဒီလို စီးပွားရေးအရ ရွေးချယ်တတ်မှုဆိုတာကိုတောင် ကောင်းကောင်းနားမလည်တဲ့ လူကြီးမင်းကို စီးပွားရေး မလုပ်တတ်ဘဲ အချောင်ကြီးပွား လာတာလို့ ပြောရင် ကျွန်တော်မလွန်ဘူးလို့ ထင်မိပါတယ်။

ပြီးတော့ မီဒီယာတွေကို စော်ကားတဲ့ကိစ္စပါ။ တိုင်းပြည်ရဲ့ဥသျှောင် သမ္မတကြီး၊ အဓိကမဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်တဲ့ လွှတ်တော်ကြီးနှစ်ရပ်ကို ဦးစီးနေရတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေ၊ ဒီမိုကရေစီမှာ ပြည်သူသာ အဓိကလို့ ခံယူထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေတောင် မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား ဆက်ဆံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကြီးကိုတောင်မှ အင်အားကြီးတရုတ်နိုင်ငံကို ရဲဝံ့စွာဆန့်ကျင်ပြီး သမ္မတကြီးကိုယ်တိုင် ရပ်တန့်ပေးခဲ့တဲ့ ကိစ္စကိုကြည့်ရင် မီဒီယာဆိုတာ ပြည်သူ့အသံ ပြည်သူ့အသံကို အစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်ပေးရမယ် ဆိုတာကို နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် သဘောတူလက်ခံထားတယ်ဆိုတာကို သိသာနိုင်ပါတယ်။ ဒါကြောင့် မီဒီယာဟာ ပြည်သူကို ကိုယ်စားပြုပြီး မီဒီယာကို စော်ကားတဲ့ လူကြီးမင်းဟာ ပြည်သူကိုလည်း စော်ကားလိုက်တာနဲ့ အတူတူပါပဲခင်ဗျား။

လူကြီးမင်းခင်ဗျား ကျွန်တော်ရေးတာလဲ တော်တော်များသွားပါတယ်။ ကျွန်တော့်အနေနဲ့ ရိုးသားစွာ ပြောရရင် လူကြီးမင်းအပါအဝင် တိုင်းပြည်ရဲ့ သူဌေးကြီးများကို အခုထက်ပိုပြီး ချမ်းသာစေချင်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့အတိုင်းပဲ သူဌေးကြီးတွေများလာတာနဲ့ တိုင်းပြည် လည်း ချမ်းသာလာမယ်။ သူတို့လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ ပြည်သူတွေချောင်လည်မယ်၊ လူမှုရေးကဏ္ဍတွေမှာ ပိုပြီးအား ကောင်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် လူကြီးမင်းကို ဒီထက်ပိုပြီး ချမ်းသာစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ။ ဒါပေမယ့် သူခိုးနွားကောင်းမှန်းမသိ အသား ပေါ်ရောင်းဖို့လောက်သာ စဉ်းစားထားတဲ့ ချမ်းသာမှုမျိုးမဖြစ်စေချင်ဘဲ ဘီလ်ဂိတ်တို့လို၊ လီကာရှင်းတို့လို ကိုယ့်အရည်အချင်းနဲ့ ကြီးပွားနေတဲ့ ငါတို့ မြန်မာနိုင်ငံက သူဌေးကြီးတွေလို့ လက်မထောင်ချင်တဲ့ စေတနာသာ အမှန်ဖြစ်ပါတယ်ခင်ဗျား။

(Yangon Chronicle ၂၀၁.၁၁.၂၀၁၁ ဆောင်ပါးကဏ္ဍမှ ကူးယူဖော်ပြသည်။)

0 အမျိုးသားအောင်ပွဲနေ့၈၈မျိုးဆက်၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ၊မျိုးဆက်သစ်လူငယ်များ၏ပူးတွဲကြေငြာချက်




မြန်မာနိုင်ငံတိုးတက်စေရန်အတွက် ပညာရေးကို မြင့်တင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ကျင်းပသော ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ပြောကြားသွားသည်။

`လူတိုင်းမှာ ကိုယ်ပိုပြီးတော့ စိတ်ဝင်စားတဲ့ကဏ္ဍတွေကို မီးမောင်းထိုးတာတွေရှိကျပါတယ်။ အဲတော့ ကျမက ပညာရေးနဲ့ နိုင်ငံရေးဆက်စပ်မှုကိုပဲ မီးမောင်းထိုးပြီးတော့ ပြောချင်ပါတယ်။ အခု ၂၀၁၁ ခုနှစ်မှာလဲ ကျမတို့နိုင်ငံတိုးတက်ဖို့ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့ ပညာရေးကိုမြင့်တင်ရမယ်။ ပညာရေးကို မြှင့်တင်ရမယ်ဆိုတာ ဘွဲ့ရတွေအများကြီးမွေးထုတ်ပေးရုံနဲ့ မပြီးပါဘူး။ ရတဲ့ဘွဲ့တွေဟာ အနှစ်သာရရှိရပါမယ်။ ဘွဲ့ရလာတဲ့ လူငယ်လေးတွေဟာလည်း တကယ့်ပညာတတ်လူငယ်လေးတွေ ဖြစ်ရပါမယ် ´ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေရန် ပညာအဆင့်အတန်းမြင့်အောင် ပြုလုပ်ရမည်ဖြစ်ကြောင်း နှင့် နိုင်ငံတစ်နိုင်ငံ၏အရေးကိုကြည့်မည်ဆိုပါက ၎င်းနိုင်ငံ၏ ပညာရေးကို အဓိကထား၍ ကြည့်ရမည်ဖြစ်ကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသွားခဲ့သည်။

(၉၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ နံနက်(၁၀)နာရီမှ စတင်၍ အခမ်းအနား အစီအစဉ်(၈)ရပ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

`အမျိုးသားအောင်ပွဲနေ့ဟာ ဘာဖြစ်လို့ဖြစ်လာလဲဆိုတဲ့ ဇစ်မြစ်ကိုကြည့်လိုက်တဲ့အခါမှာ အမျိုးသားစိတ်ဓာတ်ကြောင့်ဖြစ်လာတယ်လို့ ဒီလိုပဲ ကျမတို့ပြောရမှာပဲ ´ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

၁၉၂၀ခုနှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေ ပြဌာန်းချက်များကို လက်မခံနိုင်ခြင်းကြောင့် တက္ကသိုလ်ကျောင်းသားထုကြီး ပေါ်ပေါက်လာခြင်း အမျိုးသားကျောင်းများပေါ်ထွန်းလာခဲ့ခြင်း ကိုလိုနီအစိုးရက မြန်မာတိုင်းသူပြည်သားများအား အသပြာပညာရပ်များ သင်ယူခွင့်မရရှိရေးနှင့် အကြားမြင်ဗဟုသုတ နည်းပါးစေခြင်းတို့ဖြင့် ကိုလိုနီစနစ် သက်တမ်းရှည်ကြာအောင်ဖန်တီးခဲ့ခြင်းတို့ကြောင့် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌဦးတင်ဦးမှ ရှင်းပြခဲ့သည်။

အဆိုပါ (၉၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံရေးကို စိတ်ပါဝင်စားသူများ၊ ပြည်တွင်း/ပြည်ပ သတင်းထောက်များ အပါအ၀င် လာရောက်ကြည့်ရှုအားပေးသူ ပြည်သူပေါင်း ငါးရာ(၅၀၀) ကျော်ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

Myit Makha Mediagroup

Sunday, November 20, 2011

0 နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ နဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စုပေါင်းမေတ္တာပို့ ဆုတောင်းပွဲ




ထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့ နဲ့ ပြည်တွင်းစစ်ရပ်စဲရေးအတွက် စုပေါင်းမေတ္တာပို့ ဆုတောင်းပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းမှာ စုပေါင်းပြီး ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားမှာ နိုဝင်ဘာလ ၂၀ရက်နေ့ ညနေ ၅နာရီခွဲက စတင်ပြုလုပ်ခဲ့ပါတယ်။ တက်ရောက်လာသူ ပရိတ်သတ် နှစ်ရာခန့် က အောင်သပြေပန်းများနှင့် ဖယောင်းတိုင်များကိုင်ပြီး နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ နဲ့ ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဆုတောင်း မေတ္တာပို့ ခဲ့ကြပြီး ဘုရားဖူးပြည်သူအများအပြားကလည်း လာရောက်ကြည့်ရှုအားပေးခဲ့တယ်လို့ သိရပါတယ်။

ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ကျောင်းသားခေါင်းဆောင်တွေကို နယ်ထောင်တွေက အင်းစိန်ထောင်ကို ပြောင်းရွေ့ တာ၊အခြားထောင်တွေကို ပြောင်းရွေ တာတွေ ကို ဒီရက်ပိုင်းမှာ ပြုလုပ်ခဲ့ပေမယ့် လက်ရှိမြန်မာအစိုးရသမ္မတ ဦးသိန်းစိန်က ဘာလီမှာ မီဒီယာတွေကို ပြောကြားစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို ရာဇ၀တ်သားတွေနဲ့ နှိုင်းယှဉ်ပြောခဲ့လို့  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာနိုင်မှုအပေါ်မှာလည်း အများက စိုးရိမ်သံသယဖြင့် စောင့်ကြည့်နေကြပါတယ်။ အခုလို ဆုတောင်းဝတ်ပြုပွဲတွေကို မြန်မာနိုင်ငံ နေရာအနှံ့မှာ ပြလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Burma VJ Media Network

1 အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲအပြီးသမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။

မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့တွေ့တဲ့အခါမှာ ဘယ်လိုအချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -

ဒေါ်ခင်စိုးဝင်း။ ။ “အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာ မြန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သမ္မတဦးသိန်းစိန်က အခုလို ပြောဆိုပါတယ်။”

ဦးသိန်းစိန်။ ။ “တိုက်တိုက်ဆိုင်ဆိုင် ဒီအစည်းအဝေးမှာ အိုဘားမားအနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ လတ်တလော နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သူ ဖော်ထုတ်ပြီးတော့ ပြောကြားသွားတာရှိပါတယ်။ အကုန်လုံး ပကတိ အကောင်းချည်းပဲလား ဆိုတော့လည်း မဟုတ်သေးပါဘူး။ ဆက်ပြီးတော့ ကျနော်တို့ လုပ်ရမယ့်ဟာတွေ၊ ဆက်ပြီးတော့ သူ့အနေနဲ့ ဒါကို စောင့်ကြည့်ရမယ့် ဟာတွေကိုလည်း ကျနော်တို့ကို ပြောပါတယ်။ သို့သော်လည်းပဲ ဘာပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဒီ ဖြစ်ပေါ်တိုးတက်မှုကို အသိအမှတ်ပြုတယ် ဆိုတဲ့အတွက် ကိုယ့်နိုင်ငံအတွက်တော့ ဒါ အများကြီး ကောင်းတယ်ပြောရမှာပေါ့။ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာမယ် ဆိုတဲ့ဟာက ကျနော် ထင်ပါတယ်၊ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ မရှိခဲ့တဲ့ဟာပါ။ ဒါလည်း ကျနော်တို့ နိုင်ငံအတွက်တော့ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အခြေအနေတရပ်လို့ ကျနော်တို့ ပြောရမှာဖြစ်ပါတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် တွန်းအားပေးကြတဲ့နေရာမှာ ဒီမိုကရေစီ ထွန်းကားပြီးသား၊ ရင့်ကျက်ပြီးသား အနောက်နိုင်ငံတွေက လိုချင်တဲ့ပုံစံမျိုးလို တထပ်တည်း ဖြစ်အောင် လုပ်လို့မရပေမဲ့ အံဝင်ခွင်ကျဖြစ်အောင်တော့ ရနိုင်ပါတယ်လို့ သမ္မတ ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ ဒီမိုကရေစီ ရှင်သန်အောင်လုပ်ဖို့ ဆိုတဲ့နေရာမှာ အဓိကကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့ လိုတယ်။ တိုင်းပြည်အေးချမ်းဖို့ဆိုတာမှာ ၂ ပိုင်းပေါ့။ ပြည်တွင်းက သဘောထားအမြင် အမျိုးမျိုးရှိနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ သဘောထားချင်း တူညီအောင် ညှိကြတဲ့အပိုင်းပေါ့။ တခါ ဒီသဘောထားအမြင် အမျိုးမျိုးရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ သဘောထား အမြင်ချင်းတူပြီဆိုလို့ရှိရင် ပြည်ပကလည်း ဘာပဲဖြစ်ဖြစ် ဖိအားတွေ လျှော့နည်းလာတယ်။ အခုလိုပဲပေါ့ ဟုတ်လား။ ဒေါ်အောင်ဆန်းစုကြည်တို့ ကျနော်တို့ တွေ့ကြပြုကြ။ ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမတွေလိုပဲ သဘောထားပြီးတော့ တွေ့တယ်။ တွေ့တော့ ကျနော်တို့ရဲ့ စိတ်စေတနာတွေ လည်း နားလည်သွားတယ်။ ကျနော်တို့နဲ့တွေ့ပြီး နောက်ပိုင်းမှာဆိုရင် အပြုအမူတွေ အပြောအဆိုတွေ ဒါတွေကလည်း ကျနော်တို့ အများကြီးပြောင်းလဲသွားတယ်။ ဒီပြောင်းလဲတဲ့အပေါ်မှာ မူတည်ပြီးတော့မှ ပြည်ပကနေပြီးတော့လည်း လိုက်ပြီးတော့ ပြောင်းတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အရေးပါလှတဲ့ ကျန်နေသေးတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ လွှတ်ပေးရေးနဲ့ပတ်သက်လို့တော့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့သဘောထားကို အခုလို ပြောပြပါတယ်။”

ဦးသိန်းစိန်။ ။ “ယုံကြည်ချက်ကြောင့် ဆိုတဲ့ဟာကတော့ ပြောရမှာခက်တယ်။ ကျနော်တို့ကတော့ ယုံကြည်ချက်ဆိုတာကိုတော့ လက်မခံဘူး။ ဥပဒေတစ်ခုခုကို ကျူးလွန်ထားတဲ့အတွက်ကြောင့် ကျနော်တို့က အရေးယူထားတာ။ အဲဒီတော့ သူ့လိုပဲ ဥပဒေတစ်ခုခုတွေ ကျူးလွန်ထားတဲ့သူတွေ ထောင်ထဲမှာ အများကြီးရှိတယ်။ အဲဒီတော့ ဒီအဖွဲ့တွေပဲ ပြောမယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့အတွက်ပါ ခင်ဗျားတို့ ကိုယ်ချင်းမစာရာ ကျတယ်။ ကျနော်တို့ကတော့ အားလုံးအတွက် စဉ်းစားပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေ၊ အချိန်အခါကိုကြည့်ပြီးတော့ ဖွဲ့စည်းအုပ်ချုပ်ပုံကလည်း သမ္မတကို လုပ်ပိုင်ခွင့်အပ်နှင်းထားတာက ခုနကလို pardon ပေးလို့ရတယ်။ လွတ်ငြိမ်းချမ်းသာခွင့် amnesty ကျနော်တို့က ပေးလို့ရတယ်။ အဲဒီတော့ အချိန်မရွေး အချိန်အခါအပေါ်မှာ ကြည့်ပြီးတော့ပဲ ကျနော်တို့ ဒါကို လုပ်သွားရမှာပေါ့။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “ဆက်လက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ တိုက်ခိုက်တာတွေ ရပ်စဲသွားအောင်၊ ငြိမ်းချမ်းရေးရအောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေတဲ့အကြောင်းကိုလည်း ဦးသိန်းစိန်က အခုလို ပြောပါတယ်။”

ဦးသိန်းစိန်။ ။ “ထာဝရ ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့က အဓိပ္ပါယ်ဖွင့်တာကတော့ ဥပဒေဘောင်ထဲကို ကျနော်တို့အားလုံး ၀င်ရောက်ပြီးတော့မှ ဥပဒေတခုတည်းရဲ့အောက်မှာ နိုင်ငံသားအားလုံးက နေထိုင်လုပ်ကိုင် စားသောက်၊ သွားစရာရှိတဲ့နေရာတွေ သွားပြုပြီးတော့ ဒီလိုဖြစ်ရေးဟာ ခုနကလို ကျနော်တို့အတွက် ထာဝရ ငြိမ်းချမ်းရေးဖြစ်တယ်။ သို့သော်လည်း အချိန်တော့ ယူရမယ်။ ဒီအထဲမှာလည်း ကျနော်တို့ ညှိရပြုရတာ ခေါင်းဆောင်ပိုင်းတွေမှာလည်း စာတတ်တဲ့ ပေတတ်တဲ့သူတွေ ပါသလို စာမတတ်ပေမတတ်တွေကလည်း ပါနေတာ။ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုလည်း တဘက်က ကျနော်တို့က သူတို့နဲ့ တည်ဆောက်၊ သူတို့ကိုလည်း နားလည်အောင် ပြောထားတယ်။ မင်းတို့လိုချင်တဲ့ ထာဝရငြိမ်းချမ်းရေး ဆိုတာတော့ ဥပဒေဘောင်ထဲကို အားလုံးဝင်ရောက်လာပြီးတော့မှ ဒီဥပဒေတခုတည်းရဲ့ အောက်မှာ ပါတီဖွဲ့ချင်တဲ့သူတွေက ဖွဲ့။ စီးပွားရေးလုပ်ချင်တဲ့သူက လုပ်။ ပြီးရင် ခုနကလို လွှတ်တော်ထဲရောက်လာရင်တော့ အကုန်လုံး တို့တိုင်းရင်းသားတွေဟာ တန်းတူရည်တူနဲ့ ဆက်ဆံကြရမှာပဲ ဆိုပြီး ရည်ရွယ်ထားတာကတော့ အဲဒီလို ရည်ရွယ်ထားတယ်။”

ဒေါ်ခင်စိုးဝင်း။ ။ “သမ္မတ ဦးသိန်းစိန်က အာဆီယံ မိသားစုဝင်ဖြစ်တာနဲ့အညီ အလှည့်ကျဥက္ကဋ္ဌ ဆိုတဲ့တာဝန်ကို မဖြစ်မနေ လုပ်သွားရမယ့် ၀တ္တရားရှိတယ်လို့ ပြောရင်း လုပ်စရာအလုပ်တွေလည်း အများကြီးရှိသေးကြောင်း ပြောပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ သတင်းသမားတွေနဲ့ တွေ့ဆုံပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၊ အမျိုးသား စီမံကိန်းဌာန၀န်ကြီး ဦးတင်နိုင်သိန်း၊ သမ္မတ အကြံပေးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ ဦးကိုကိုလှိုင်၊ ဒေါက်တာ နေဇင်လတ် နဲ့ ဦးစစ်အေး တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ ဒီကနေ့ ထူးထူးခြားခြား မြန်မာသတင်းသမားတွေကို တွေ့ဆုံတယ်ဆိုတာဟာလည်း သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေထဲက ရှေ့ဆက်လှမ်းတဲ့ခြေလှမ်း လို့ပဲ ကောက်ချက်ချရမလား စဉ်းစားစရာပါပဲ။”

(Voa)

0 ရေဘေးဒုက္ခသည်များထံ “ဒွေး” ရောက်ပြီ







ရေဘေးဒုက္ခသည်များထံ “ဒွေး” ရောက်ပြီ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ၊ ဆေးဝါးကုသမှုများ၊ ပညာရေးကိစ္စရပ်များအား နေ့စဉ်မပျက် (အခမဲ့) ပေးဆပ်လျှက်ရှိပြီး သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေသော အများပြည်သူ တို့ ထံသွားရောက်၍လည်းကူညီဖေးမမှုများ ပြုလုပ်ပေးလျှက်ရှိရာ ၁၆.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်မြို့နယ်ရှိ အင်းတော၊ မြောက်စုနှင့် တောင်စုကျေးရွာရှိ အိမ်ခြေ (၁၅၀)ခန့် နေထိုင်သော ရေဘေးဒုက္ခသည်များထံသို့၎င်း၊ ၁၇.၁၁.၂၀၁၁ ရက်နေ့တွင် လနယ်လမ်း၊ သရဖီ၊ ရွာသာအေး၊ မြေချား၊ သရက်လေးပင်၊ သပွတ်စု၊ တောင်ချို၊ ဒေါင်းသာအစရှိသည့် ကျေးရွာများရှိ အိမ်ခြေ (၁၀၀၀)ကျော် နေထိုင်ကြသော ရေဘေးဒုက္ခသည်များထံသို့၎င်း၊ ၁၈.၁၁.၂၀၁၁ ရက်နေ့တွင် ရှားတော၊ ထန်းတစ်ပင်၊ သရက်တောကျေးရွာများသို့၎င်း၊ ၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ပေါက်ချောင်း၊ စမ်းရေခုန်၊ ဆူးပုတ်ခုန်ကျေးရွာများသို့၎င်း ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်များ၊ စောင်၊ အ၀တ် အထည်၊ ခြင်ထောင် အစရှိသောအသုံးအဆောင်ပစ္စည်းများကိုကားတစ်တန်၊ လှေတစ်တန်၊ နွားလှည်းတစ်တန် ဖြင့် ခဲရာခဲဆစ် သွားရောက်၍ ကူညီဖေးမမှုများကိုဒေသခံပေါက်မြို့နယ်ရှိ လူမှုရေးသမားများနှင့် ပူးပေါင်းကာ လှူဒါန်းလျှက်ရှိသည်။

၁၉.၁၁.၂၀၁၁ ရက်နေ့တွင် ကွယ်လွန်သွားပြီဖြစ်သောနာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဒွေး ရုပ်ပုံပါ တီရှပ်အင်္ကျီအားဒေသခံရေဘေးဒုက္ခသည် ရွာသူရွာသားများထံသို့ ဝေငှလှူဒါန်းမှုကိုပါ ပူးတွဲ၍ လှူဒါန်းကူညီထောက်ပံ့မှုကို ပြုလုပ်ခဲ့သည်။ ဒွေး ရုပ်ပုံပါ တီရှပ်အားနာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဒွေး၏ ဇနီးဖြစ်သူမမိုးမိုးမှ တဆင့်လူကြုံပါး၍ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ရေဘေးဒုက္ခသည် ရွာသူ/သားများအနေဖြင့် မိမိတို့ ကြုံတွေ့ နေရသောအပူသောကများကို ရုပ်ရှင်သရုပ်ဆောင် ဒွေးမှ ငြိမ်းအေးပေးလိုက်သကဲ့သို့ ပျော်ရွှင်ကြည်နူးစွာဖြင့် တွေ့ကြုံခဲ့ရသည်ဟုနာရေးကူညီမှုအသင်း(ရန်ကုန်)မှ ရေဘေးကယ်ဆယ်ရေးသို့ လိုက်ပါသွားသည့် အသင်းသားများထံမှ သိရှိခဲ့ရသည်။

ထို့ကြောင့် ပခုက္ကူရေဘေးဒုက္ခသည်များအားလူသားချင်းစာနာစိတ်ဖြင့် လှူဒါန်းကူညီပံ့ပိုးကြသော မြန်မာပြည်သူလူထုအလှူရှင်များနှင့်တကွ ကွယ်လွန်သူ ရုပ်ရှင်သရုပ်ဆောင် ဒွေးတစ်ယောက်သည်လည်း ရောက်ရာဘုံဘ၀မှ ကျေနပ်စွာဖြင့် သာဓု … သာဓု … သာဓုဟုခေါ်ဆိုလိုက်ပါတော့ . . . . ။

ကိုကျော်သူ

0 မျက်မှောက်ရေးရာ မြန်မာ့ဒီမိုကရေစီအရေးအကြောင်း ထုတ်လွှင့်သွားသောဂျပန်နိုင်ငံtbsသတင်းဌာနမှသတင်း(ရုပ်သံ) -ဘာသာပြန်


အင်ဒိုနီးရှားနိုင်ငံဘာလီမှာကျင်းပတဲ့ East Asia Summitအစည်းအဝေးထဲ မှာ အင်အားကြီး ၂နိုင်ငံဖြစ်တဲ့အမေရိကနဲ့တရုတ်တို့ရဲ့ကြား မြန်မာ့ဒီမိုကရေစီအရေး အမြန်ဆုံးပြုပြင်ပြောင်းလဲဖို့ ဖိအားပေးခံနေရတဲ့ မြန်မာနိုင်ငံဖြစ်ပါတယ်..

မြန်မာ့ဒီမိုကရေစီအရေးအတွက်ပြုပြင်ပြောင်းလဲမှုတချို့ပြုလုပ်လာတယ်ဆိုပြီး ၂၀၁၄ခုနှစ်အတွက် မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြပါတယ်

အမေး.. သမတကြီး ၀မ်းသာနေလား?
ဟာ ပြောစရာမရှိအောင်ဘဲ..

အမေရိကန်သမ္မတအိုဘားမားကနိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် အားမြန်မာနိုင်ငံသို့လာမည့်ဒီဇင်ဘာလတွင်စေလွှတ်မှာဖြစ်ကြောင်းကြေငြာချက်ထုတ်ခဲ့ပါတယ်..

ဂျပန်ဝန်ကြီးချုပ် NODAနဲ့တွေ့ဆုံပြီး ဖွံ့ဖြိုးမှု ဆိုင်ရာ အကူအညီ(ODA)ကို ဂျပန်နိုင်ငံမှ ပြန်လည်ပေးအပ်တော့မဲ့သဘောတူညီတဲ့ခွင့်ပြုချက်လည်းရခဲ့ပါတယ် ( ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း)

အမေရိကန်အနေနဲ့ မြန်မာပြည်ပြုပြင်ပြောင်းလဲရေးအမြန်ဆုံးဖြစ်မြောက်ရေးဖိအားသုံးဆောင်ရွတ်နေပြီး အမေရိကန်-မြန်မာ သမိုင်းစာမျက်နှာသစ်စတင်ဖွင့်လှစ်နိုင်မနိုင်ဆိုတာပါဘဲ( အမေရိကန်သမတ အိုးဘားမား)

အခုတကြိမ် အမေရိကန်က မြန်မာ့စီမိုကရေစီအရေးတိုးတက်ပြောင်းလဲဖို့လုပ်နေတဲ့ မြန်မာပြည်ရဲ့ကြောထောက်နောက်ခံနိုင်ငံဟာ တရုတ်ဖြစ်နေပါတယ်..

တရုတ်နိုင်ငံဟာမြန်မာပြည်ရဲ့ အရေးအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံpartner ဖြစ်နေပါတယ်..

မြန်မာပြည်ဟာ သဘာဝအရင်းအမြစ်တွေပေါကြွယ်ဝတာတခုထဲမဟုတ်ဘဲ ပင်လယ်ပြင်လုံခြုံရေးအချက်အချာအထူးအရေးကြီးတဲ့နေရာဖြစ်နေပါတယ်..အမေရိကန်နဲ့အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံကို စီးပွားရေးလက်ဝါးကြီး အုပ်လုပ်ခွင့် ရနေပါတယ်.. အမေရိကန်သမတ အိုးဘားမား ဟာမြန်မာနဲ့ဆက်ဆံရေးပိုမိုတိုးတက်ကောင်းမွန်ဖို့ ရည်ရွယ်ချက်ဟာ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးသြဇာအာဏာမချယ်လှယ်၊ မဦးဆောင်နိုင်စေဖို့ ဖြစ်ပါတယ်

ဒီလိုဖြစ်နေတဲ့ကြားထဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဟာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်.

အထီးကျန်တဲ့ မြန်မာနိုင်ငံဟာနိုင်ငံတကာအသိုင်းအ၀ိုင်းအဖွဲ့အစည်းထဲကို အတောင်စုံလင်စွာနဲ့ခြေထောက်ချခွင့် ပြန်လည်ရရှိခဲ့ပြီး တရုတ်နဲ့ အမေရိကန်တို့ရဲ့ အားပြိုင်အားစမ်းတဲ့ပွဲလို့ မျှော်လင့်ရပါတယ်..

ဘာသာပြန်..Thanhtut

0 ၂၀၀၈ ဖွဲ့စည်းပုံ၊ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တမတ်သားပါလီမန်ထဲအထိတော့ လိုက်၍မထောက်ခံနိုင်ပါ၊

( သံဒုတ် )

ရဟန်ရှင် ပြည်သူလူထုနှင့် လုပ်ဖေါ်ကိုင်ဖက် ရဲဘော်မိတ်ဆွေများခင်ဗျာ ......

တလေးတစား သဘောထားအမြင်ကို တင်ပြတာဖြစ်ပါတယ်။

ရှင်းရှင်းပြောရရင်တော့ NLDက ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်မကိုင်စွဲတော့ဘူးလို့ ပြောလိုက်တာ ပါပဲ။ အခြေအနေ အချိန်အခါနဲ့ မကိုက်ညီဘူးဆိုတဲ့သဘောမျိုးပြောနေတာတော့ကြာပြီ။ တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပြီး ပါလီမန်ထဲက အကောင်အထည်ဖေါ်တော့မယ်လို့ တရားဝင်ကြေငြာလိုက်တာလို့ နားလည်းပါ တယ်။ ဒါက ဘာကိုပြသ လဲဆိုရင် NLD ကိုတိုင်က အတွေးအခေါ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာမှု ကတဆင့် ဖြစ်ပေါ်ပြောင်း လဲချက် တွေ လို့ပြောရမှာပါပဲ။

စစ်အစိုးရက ၁၉၉၀ရွေးကောက်ပွဲကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ အသိအမှတ်ပြုတဲ့ပုံက ခပ်ပေါ့ပေါ့ ခပ်ပျက်ပျက်နိုင်လှတယ်လို့ သဘောထားပါတယ်။ NLD ကလဲ ဒီလောက်ဆို ကြေနပ်တဲ့သဘော ရှိပုံရပါတယ်။

ကျွန်တော်နားလည်ထားတာက ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ကျင်းပတဲ့ ရွေးကောက်ပွဲက တဆင့် ဒီမိုကရေစီ ရအောင်လုပ် ဖို့ ပြည်သူလူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ NLD ကိုမဲပေးခဲ့တာ မဟုတ်ဘူးလို့သာ နားလည်ထားပါတယ်။ မှတ်ပုံတင်မယ်၊ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ NLD ပါတီရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပါတီကိစ္စ လို့ပဲသဘောထားပါတယ်။ ပြည်သူလူထုက ရွေးတဲ့လမ်းမဟုတ်ဘူး၊ NLDရဲ့ ရွေးလမ်းပဲဖြစ်ပါတယ်။ ဒီအခြေအနေရောက်သွားတာ လဲအံသြ စရာတော့ မဟုတ်ပါဘူး၊ နောက်ဆုံးတော့ ဒီအခြေအနေဆိုက်သွားပါလားလို့ ဆိုရမယ်ထင်ပါတယ်။

သေချာတယ် ကျွန်တော်တို့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံလို့မရပါဘူး၊ ရွေးကောက်ပွဲနဲ့ စစ်တပိုင်း ပါလီမန်က တဆင့် ဒီမိုကရေစီမရနိုင်ဘူးလို့ပဲ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်၊ ဒါကြောင့် ၂၀၀၈ဖွဲ့စည်းပုံကို လေးစား လိုက်နာ ပြီးမှလုပ်ရမည့် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စများတွင် NLDက ပြည်သူလူထု အကျိုးအတွက် ရွေးကောက်ပွဲတွင် ၀င်ရတာပါလို့ပြောလာလျှင်ပင် ထောက်ခံရန် အခက်အခဲရှိလာ ပါတယ်။

ဗမာပြည်ဒီမိုကရေစီရရှိရေး၊ လူအခွင့်ရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး ရရှိရန်မှာ NLD ၏ယခုရွေးလမ်းလောက်နဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလိုတော့ မြင်ပါတယ်။ ပါလီမန်ထဲကနေ ဖွဲစည်းပုံ အခြေခံ ဥပဒေကိုပြုပြင်နိုင်မလား။ အမျိုးသားရင် ကြားစေ့ရနိုင် မလားဆိုတဲ့ မေးခွန်မှာ NLDနဲ့ ကျွန်တော်တို့ကြားမှာ သဘောထားမတူတဲ့အတွက် အဖြေလဲ မတူနိုင်ပါဘူး၊

ဗမာပြည်နိုင်ငံရေးဟာ ယခင်ကထက်ပိုရှုပ်ထွေးပြီး ပြသနာတွေလည်း ပိုများလာနိုင်တယ်လို့ သုံးသပ် ရပါတယ်။

လူထုရဲ့ နိုင်ငံရေးနိုးကြားမှုနဲ့ တက်ကြွမှုဟာ အရေးကြီးသထက်ကြီးလာသလို လူထုလူတန်း စားတိုက်ပွဲတွေဟာ ပိုများလာနိုင်စရာရှိတယ်လို့ ထင်ပါတယ်။ လူထုလူတန်စားတိုက်ပွဲတွေနဲ့ လူထု လှုပ်ရှားမှုများဟာ သီးခြား လွတ်လပ်စွာ ဖြစ်ပေါ်လာလိမ်မယ်လို့မြင်ပါတယ်။ စစ်အစိုးရက ဖွင့်သလောက်ဘောင်ထဲက လုပ်တဲ့ လှုပ်ရှားမှု များကို ဆိုလိုတာမဟုတ်ပါဘူး၊

အမျိုးသားညီညွတ်ရေးကို စစ်အာဏာရှင်စနစ် ခြေမှုန်းရေး ဆိုတဲ့သဘောထားရပ်တည်ချက် အခြေခံပေါ်က တည်ဆောက်မှသာ ခိုင်မာနိုင်ပါတယ်။ လူထုစည်းရုံးရေးကို ပါလီမန်တွင်း နိုင်ငံရေး လှုပ်ရှား မှုက တည်ဆောက်မယ်ဆိုလျှင် လူထုစည်းရုံးရေး လုပ်ငန်းများဟာ ယာယီ သာဖြစ်နိုင်ပြီး ရေရှည်မှာ အခက်အခဲဖြစ် လာလိမ်မယ်လို့ထင်ပါတယ်။

ပြည်သူလူထုက စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်ယန္တရား၊ စစ်အာဏာရှင်အစိုးရ အကြွင်းမရှိ ချုပ်ငြိမ်းတာကို အလိုရှိတယ်ဆိုတာကို ကျွန်တို့ရင်ထဲမှာ နားလည်သဘောပေါက်ထားဖို့ပါပဲ။

၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ဆိုတာ အများစု လူထုကရွေးလိုက်တဲ့ ဒီမိုကစီပါပဲ။ လူထုရွေး လမ်းဖြစ်ပါတယ်၊ NLD က ပါတီမှတ်ပုံတင်မယ် ရွေးကောက်ပွဲ ၀င်မယ်ဆိုတာ သူတို့ရဲ ရွေးလမ်ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတိုင်နဲ့ နိုင်ငံရေးသမားတိုင်းကတော့ သူတို့သာလျှင် ပြည်သူကို အလုပ် အကျွေးပြုတယ်လို့ ကြွေးကြော် ကြတာပါပဲ၊ မထူးဆန်ပါဘူး။ အချိန်နဲ့ အခြေအနေတွေက ဘယ်လောက်အထိ လူထုကို အကျိုးဖြစ်စေခဲ့သလဲ တာဝန်ကြေခဲ့သလဲ ပြီးမြောက်ခဲ့ သလဲဆိုတာ တွေနဲ့သာ တိုင်းတာရတာပါ၊

အခြေအနေတွေကတော့အမြဲပြောင်းလဲနေတာပါပဲ။ ပြောင်းလဲနေတဲ့ အခြေအနေကိုကြည့်၍သာ ပုံချလိုက်ပါ ပြောင်းလဲနေတာတော့ ဟုတ်ပါပြီ၊ တိုးတက်ဖြစ်ထွန်းမှုတွေဖြင့်လည်း ဆန်းစစ်ဖို့လိုအပ် မယ်ထင်ပါတယ်။

နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးနဲ့ ပြည်တွင်းစစ်ရပ်ဆဲရေးအတွက် ကျွန်တို့ရဲ စိုးရိမ်ချက် တွေဟာ ပိုကြီးလာတယ်။ ပြောင်းလဲနေတယ် ဆိုတာတွေက အခြေခံလူထု လူတန်းစား တွေရဲ့ နေထိုင်မှုဘ၀မြင့် တက်ရေးနဲ့ အဖိနှိပ်ခံဘ၀ လွတ်မြောက်ရေးအတွက် အရိပ်အရောင် မတွေ့ သေးဘူး။ ဒါက ဒီနေ့လက်ရှိ နိုင်ငံရေးအခြေ အနေအစစ်အမှန်ပါပဲ။

ဗမာပြည်မှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ အဖိနှိပ်ခံဘ၀လွတ်မြောက်ရေးအတွက် လူထုတော် လှန်ရေး တခု ပေါ်လာရအုံးမှာပါ။ အချိန်သိပ်တော့ မဆောင့်ရဘူးလို့ ယုံကြည်တာပါ၊

တချို့သော နိုင်ငံရေးအခြေအနေနဲ့ ဖြစ်ပေါ်မှုတွေဟာ ရာသီစာတခုလို ဖြစ်တတ်ပြီး ဘက်ထရီကုန် သံပတ်ကုန် တဲ့အခါ ရပ်သွားတာပါပဲ။။

(သံဒုတ်)
8888peoplepower မေးလ်မှ

0 သမတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအရာရှိကိုကိုလှိုင်က နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးမယ်လို့ကျိုဒိုသတင်းဌာနကိုပြော


Myanmar's President Thein Sein has decided to release all political prisoners in the country, his chief political adviser said Saturday.

''For the release of the prisoners, it's already in the mind of the president,'' Thein Sein's Chief Political Adviser Ko Ko Hlaing told Kyodo News in an interview on the sidelines of the East Asia Summit.

The president believes that political prisoners should be released ''sooner rather than later,'' Hlaing said.

According to Hlaing, Thein Sein has said Myanmar needs ''all the citizens' hands to make a new nation'' and he has invited Myanmarese living in exile to return to help build a new country.

''So why are we maintaining these people in jail? It's a waste of time, a waste of money and a waste of people,'' Hlaing said.

The Myanmar government released about 230 political detainees last month. No further amnesty has been announced, however, prompting speculation that internal dissent is deepening within the government on how to proceed with political reforms.

Hlaing said Myanmar's Ministry of Home Affairs data show there were over 500 political prisoners in the country's jails prior to last month's amnesty and about 300 politicians are still locked up in prisons.

Earlier on Saturday, Thein Sein had a meeting with U.N. Secretary General Ban Ki Moon over breakfast in Bali.

''We discussed about better cooperation between Myanmar and the United Nations,'' Myanmar Foreign Minister Wunna Maung Lwin told reporters after the meeting.

Asked whether there is a plan for the U.N. chief to visit Myanmar, Maung Lwin said, ''There would be, but we are trying to find (a) mutually convenient time.''

Thursday, Southeast Asian leaders attending the ASEAN summit on the Indonesian resort island of Bali approved Myanmar's chairmanship of the grouping in 2014, on the grounds that significant political changes have taken place in Myanmar.

In 2006, Myanmar agreed to forgo its turn for the rotating chairmanship because some ASEAN members at the time feared that the then junta-led government's chairmanship would affect ASEAN's international standing.

U.S. President Barack Obama said Friday Secretary of State Hillary Clinton will visit Myanmar next month, the first visit by a U.S. secretary of state in more than 50 years.

U.S. officials said Clinton will arrive in Myanmar on Dec. 1 for a two-day stay, during which she will visit Myanmar's capital Naypyitaw and its largest city Yangon, and meet with President Thein Sein and other senior government officials, pro-democracy leader Aung San Suu Kyi and civil society representatives.

ASEAN groups Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam.

==Kyodo

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.