မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်မြောက်လာခဲ့တဲ့ နိုင်ငံရေးအကျဉ်သားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူဟာ ဇန်န၀ါရီလ ၂၂ ရက်နေ့က ကွယ်လွန်သွားပါတယ်။ သူဟာ စစ်ကြောရေးကာလနဲ့ အကျဉ်းထောင်တွင်း နှိပ်စက်ညှင်းပမ်းမူ ဒဏ်တွေကြောင့် မကျန်းမမာဖြစ်ပြီး အခုလို သေဆုံးခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်းကို မအေးအေးမာက တင်ပြထားပါတယ်။
မတရားအသင်းနဲ့ ဆက်သွယ်မှုပုဒ်မ (၁၇/၁) အပါအ၀င် လက်နက်မှုတွေနဲ့ ထောင်ဒဏ် ၃၈ နှစ် ချခံထားရတဲ့ ကိုသက်နွယ်ဟာ မြန်မာအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။ သူ ပြန်လည် လွတ်မြောက်လာချိန်မှာ စိတ်ဝေဒနာနဲ့ အသဲရောဂါတွေ ခံစားပြီး ပြန်လွတ်လာတာ ဖြစ်ကြောင်း အစ်မဖြစ်သူက ပြောပြပါတယ်။
“သူ ထောင်ထဲကနေပြီးတော့ လွတ်ပြီးတော့ ထွက်လာချိန်မှာ လုံးဝ လမ်းမလျှောက်နိုင်ဘူး။ စကား မပြောနိုင်ပါဘူး။ ထောင်ထဲကနေ သူ့ကို ထောင်ဗူးဝထိ ဆိုက်ကားနဲ့ ပို့ရတယ်။ လူတွေ သူ့ကို အပြင်ရောက်အောင် ဆွဲထုတ်ယူရတယ်။ အဲဒီမှာကတည်းက သူဟာ ရောဂါ ဝေဒနာကို အသည်းအသန် ခံစားပြီးတော့ အစ်မကိုတောင် မသိတသိ အဖြစ်မျိုးနဲ့၊ သူ ပြန် ထွက်လာပြီးပြီးချင်းမှာ ဘားလမ်းမှာရှိတဲ့ ကျမတို့ ဒေါ်အောင်ဆန်းစုကြည်ကို ကုပေးနေတဲ့ ဒေါက်တာခင်မျိုးဝင်းရဲ့ ဘားလမ်းဆေးရုံကို သူ့ကို တင်ပါတယ်။ အသည်း လုံးဝ ပျက်စီးနေတယ်လို့ ပြောပါတယ်။ ဒါကလည်း စစ်ကြောရေးတုန်းက ရင်ဝတွေ၊ နံရုံးတွေကို သူတို့ ဖိနပ်နဲ့ကန်ထားတာ။ အဲဒီလိုမျိုး အမျိုးမျိုး နှိပ်စက်မှုတွေကြောင့်လည်း စစ်ကြောရေးမှာကတည်းက သူ ခံစားလာရတဲ့ ဒုက္ခတွေဟာ ထောင်ထဲမှာလည်း သူ ဆက်ခံစားရတာ။”
ကိုသက်နွယ်ဟာ ၂၀၀၂ ခုနှစ်လောက်က ထိုင်း-မြန်မာ နယ်စပ်က NLD လွတ်မြောက်နယ်မြေရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပြည်တွင်းက ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့အတွက် ပြည်တွင်းကို ပြန်လာချိန်မှာ အဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကိုဖမ်းဆီးစဉ်က လက်နက်နဲ့ စာရွက်စာတမ်းတွေ ဘာမှ ရှာဖွေတွေ့ရှိခြင်း မရှိပေမဲ့ လက်နက်တွေ ဖွက်ထားတယ် ဆိုပြီး စစ်ကြောရေးမှာ နှိပ်စက်ညှင်ပမ်းမှုတွေ ခံခဲ့ရကြောင်း အစ်မဖြစ်သူက ပြောပါတယ်။
“သူ ထောင်ထဲကို စ၀င်ကတည်းက ထောက်လှမ်းရေး (၂၆) ဗိုလ်ခင်ညွှန့်တပ်ကနေ ပြီးတော့ သူ့ကို စစ်ကြောရေး လုပ်ပါတယ်။ အဲဒီမှာကတည်းက သူ့ရဲ့ အပေါ်သွားတွေ၊ အောက်သွားတွေ အကုန်လုံး ရိုက်ချိုးခံရတယ်။ အာရုံကြောတွေ အားလုံး အဲဒီမှာ တော်တော်လေး ထိခိုက်ခဲ့တယ်။ နောက်ဆုံးမှာ မစင်ကန်ထဲမှာတောင် ခေါင်းနစ်ပြီး သူ့ကိုစစ်ဆေးခဲ့တယ်။ ထောင်ထဲမှာ သူ တော်တော်လေး ခံစားခဲ့ရပါတယ်။ အာရုံကြောတွေ ချို့ယွင်းပြီးတော့ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ စိတ်ရောဂါကု ဆေးရုံကိုတောင်မှ နှစ်ခါလောက် သူ့ကို ထုတ်ရပါတယ်။ ခဏခဏလည်း သတိလစ်ပြီးတော့နေတဲ့ အတွက်ကြောင့်လည်း ရန်ကုန် ပြည်သူ့ဆေးရုံကြီးကိုလည်း ထုတ်ပြီးတော့ ဆေးကုသပေးပါတယ်။ အခုနောက်ဆုံး သူ လွတ်မယ့်လပိုင်းမှာတော့ သူ့ရဲ့ အသည်းရောဂါကြောင့် အသည်းရောင်ပြီးတော့ ဗိုက်ကြီးက တအားပူပြီးတော့ မာတင်းပြီးတော့ မခံမရပ်နိုင် ဖြစ်တဲ့အတွက်ကြောင့်မိုလို့ ထောင်ထဲကနေ အင်းစိန် ပြည်သူ့ဆေးရုံကြီးကို ပို့တယ်။ ဒါပေမဲ့လည်း အင်းစိန် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသတာက မပြည့်မစုံတဲ့အတွက်ကြောင့် လုံးဝ မသက်သာဘူး။ မသက်သာတဲ့အထဲမှာမှ သူ့ကို အထဲကို နောက်တစ်ခေါက် ပြန်ပြီးတော့ ရောဂါမသက်သာဘဲနဲ့ ထောင်ထဲကို ပြန်သွင်းခံရပါတယ်။ အသွင်းခံရပြီးတဲ့နောက်မှာလည်း နောက် တစ်ရက်လောက် ကြာတဲ့အခါမှာ သူ ထောင်ထဲမှာ သတိလစ် မေ့မျောသွားပါတယ်။”
အစ်မဖြစ်သူကလည်း မောင်ဖြစ်သူကို လက်ခံမှုတွေနဲ့ ထောင်ဒဏ် ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၄ နှစ်ကျော် နေထိုင်ခဲ့ရပါတယ်။ တကယ်တော့ ကိုသက်နွယ်ဟာ စိတ်ဓါတ်မာသူ တစ်ဦးဖြစ်ပြီး ထောင်ကျချိန်မှာ ဘာရောဂါမှ မရှိခဲ့ဘူးလို့လည်း အစ်မဖြစ်သူက ဆိုပါတယ်။
“ငါ့ကို ထောင်ထဲမှာ ဖမ်းထားရုံသာမကဘူး၊ ငါ့ကို နို့ဆီခွက်ထဲ ထည့်ထားလည်း ငါ နိုင်ငံရေးသမား၊ နိုင်ငံရေးပဲ ငါ ဆက်ပြီးတော့ လုပ်နေမှာပဲ ဆိုတဲ့စကားကြောင့် သူ့ဟာ စိတ်ဓါတ် အင်မတန် ပြင်းထန်ပြီးတော့ ဖျက်ဖျက်လက်လက်နဲ့ ဘာရောဂါမှ မရှိတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ အဲဒီထောင်ထဲမှာ ဆေးတွေထိုးလား၊ ဒါမှမဟုတ် သူသောက်တဲ့ ရေသန့်ဗူးထဲကိုပဲ ဆေးတွေ ထည့်သလား။ အဲဒီအခြေအနေမှာ ကျမတို့က ထောင်ထဲမှာလုပ်တဲ့ ကိစ္စတွေကို မသိတဲ့အတွက်ကြောင့်မိုလို့ သူ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို ကျမ မသိဘူး။ ကျမ မောင်လေးကို မတရားပုဒ်မတွေတပ်၊ စစ်ကြောရေးမှာရော၊ ထောင်ထဲမှာရော အမြဲ နှိပ်စက်ပြီးတော့မှ သေဆုံးရတဲ့သူမျိုး ထပ်ပြီးတော့ မဖြစ်အောင် တောင်းဆိုချင်ပါတယ်။”
ကိုသက်နွယ် ထိန်းသိမ်းခံရစဉ် ၁၀ နှစ်လောက်အတွင်းမှာ ၉ နှစ်လောက်က ထောင်ဆေးရုံကို ဆက်တိုက် တက်နေရပြီး ထောင်တွင်းမှာ ဆေးဝါးကုသမှု သေချာစွာ မရခဲ့ဘူးလို့လည်း ဆိုပါတယ်။ ကိုသက်နွယ်ကို အပြင်ဆေးရုံမှာ သေချာကုသခွင့် မရခဲ့တာကြောင့် ကျန်းမာရေး အခြေအနေဟာ ပိုမို ဆိုးရွားလာခဲ့ပြီး ထောင်က ထွက်တာနဲ့ ၁၀ ရက်အကြာမှာပဲ သေဆုံးရခြင်း ဖြစ်တယ်လို့ မိသားစုက ဆိုပါတယ်။ သူရဲ့ဈာပနကို လာမယ့် ၂၄ ရက်နေ့မှာ ရေဝေးသုသာန်မှာ သဂြုင်္ိဟ်မယ်လို့ ပြောပါတယ်။ (VOA)
Tuesday, January 24, 2012
0 နိုင်ငံရေးအကျဉ်းသားဟောင်း ထောင်တွင်းနှိပ်စက်မှုကြောင့် သေဆုံး
0 ဒေါ်အောင်ဆန်းစုကြည် မှ ကချင် စစ်ပြေးဒုက္ခသည်များ ဆီသို့ .....
အခု ကျွန်မအနေနဲ့ ကချင်ဒုက္ခသည်တွေ အထူးသဖြင့် ဒီဒုက္ခသည်တွေထဲက အမျိုးသမီးတွေနဲ့ကလေးတွေကို
ဦးတည်ပြီးတော့ ကျွန်မ ပြောချင်ပါတယ်။အခု အချိန်မှာ ဆိုလို့ရှိရင် ကချင်ပြည်နယ်မှာ မငြိမ်မသက်မှုတွေ ကြောင့်မို့လို့ ငြိမ်းချမ်းရေး မရှိတာ ကြောင့်မို့လို့ ဒုက္ခသည် အများအပြားဟာ ကိုယ့် အိုးအိမ်ကို စွန့်လွှတ်ပြီးတော့ ထွက်ပြေးနေရတယ်ဆိုတာကျွန်မတို့ကြားပါတယ်။ ဒီလိုပြေးနေရလို့ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)က သိန်းသုံးရာ၊ပြည်နယ်ကနေပြီးတော့ (၁၃)သိန်းထောက်ပံ့ ခဲ့ ပါ တယ်။ဒါပေမယ့်လည်း ဒါဟာ လိုအပ်တာထက် စာလို့ရှိရင် အင်မတန်မှ နည်းတဲ့ ထောက်ပံ့မှုမျိုးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။
အဲ့ဒါ ကြောင့်မို့လည်း ကျွန်မတို့ ထပ်ပြီးတော့ ကြိုးစားပြီးတော့ ၀ိုင်းဝန်းပြီးတော့ ကူညီပါ့မယ်။ အခုအချိန်မှာ ကျွန်မအဓိကပြောချင်တဲ့ စကား ကတော့ မျှော်လင့်ချက်ကိုလက်မလွှတ်ပါနဲ့။ကျွန်မတို့ နိုင်ငံဟာ တစ်ချိန်တစ်ခါ မှာအင်မတန်မှငြိမ်းချမ်းပြီးတော့ညီညွှတ်တဲ့ပြည်ထောင်စုတစ်ခုဖြစ်ဖို့ကျွန်မတို့အားလုံးကြိုးစားနေပါတယ်။အဲ့ဒီတစ်ချိန်
တစ်ခါကလည်း ဟိုး … အဝေးကြီးမှာလို့ကျွန်မတို့ဒီလိုမမြင်ပါဘူး။အတက်နိုင်ဆုံးအမြန်ဆုံးဖြစ်အောင်လုပ်ပါမယ်။
ဒီကြားထဲမှာ ကျွန်မတို့ရဲ့ ဒုက္ခသည်များ အထူးသ ဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေကို စာနာတယ်လို့ ကျွန်မပြောတာကို အမျိုးသားတွေက စိတ်မဆိုးကောင်းပါဘူးနော်။အဲ့ဒီ တော့ ကျွန်မတို့ အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ဒီလိုအေးတဲ့ ရာသီမှာ ကိုယ့်အိမ်မှာ နွေးနွေးထွေးထွေးမနေနိုင်ပဲနဲ့ လမ်း ဘေး ကိုယ့်အိမ်
မဟုတ်တဲ့နေရာတွေမှာဖြစ်သလိုနေနေရတယ်ဆိုတာ ကျွန်မတို့ အများကြီးစာနာတာ သိစေချင်ပါတယ်။
ကျွန်မတို့ဟာ ရန်ကုန်မှာနေပြီးတော့ အေးအေးချမ်းချမ်း လုံလုံခြုံခြုံနဲ့ နေရတယ်ဆိုပေမယ့် ကျွန်မတို့ နိုင်ငံက
ပြည်သူ ပြည်သားတွေ အားလုံး မလုံခြုံ သရွေ့ တကယ်တော့ ကျွန်မတို့လည်း မလုံခြုံပါဘူး။လုံခြုံမှုဆိုတာ
ခွဲခြားလို့ မရပါဘူး။ တစ်တိုင်းပြည်လုံး လုံခြုံမှာ ပြည်သူလူထု တစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လုံခြုံမှုကို
လည်း စိတ်ချရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်မတို့ ဒီအချိန်မှာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို ကြိုးစားပြီးတော့ ထပ်မံပြီးတော့ ကျွန်မတို့
ကူညီ ထောက်ပံ့ပါ့မယ်။ကျွန်မတို့ရဲ့ ကူညီထောက်ပံ့မှုတွေ မလုံလောက်တာကိုလည်း ကျွန်မတို့ကိုခွင့်လွှတ်ပါလို့
ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မတို့လည်း ရှိတဲ့ ရန်ပုံငွေတွေနဲ့ စုဆောင်းပြီးတော့လုပ်ရတာပါ။
ဒီလို လိုချင်သလောက် ကျွန်မတို့ လုပ်ပေးချင်သလောက် မလုပ်ပေးနိုင်ပေမယ့်လည်း ကျွန်မတို့ရဲ့ မေတ္တာတွေ
က အတိုင်းအဆမရှိဖြစ်ပါတယ်လို့ ပြောချင် ပါတယ်။မေတ္တာရော ကရုဏာရော စာနာမှုရော အထူးသဖြင့် ကျွန်မ
တို့ ပြည်ထောင်စုကြီးဟာ တစ်နေ့တစ်ချိန်တစ်ခါမှာ အားလုံး လုံခြုံနိုင်မယ့် ပြည်ထောင်စုကြီးဖြစ်ဖို့ကို ကျွန်မတို့
တကယ်ပဲ အသည်းထဲ နှလုံးထဲကနေပြီးတော့ ဆုတောင်းလျက် ရှိပါတယ်။
ခုဒုက္ခသည်တွေထဲမှာလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိပါလိမ့်မယ်။ဘာလူမျိုးပဲဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်
ကိုးကွယ် ဒါတစ်မြေထဲနေ တစ်ရေထဲသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေမို့လို့ အားလုံးဟာ ကျန်းမာ
ချမ်းသာစွာနဲ့ မိမိတို့နေအိမ်ကိုပြန်နိုင်ပါစေလို့ ကျွန်မ အခုဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
ဒီမိုဖက်တီး Facebook
Monday, January 23, 2012
0 စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား အနုပညာSurviving Beauty” ဟောပြောပွဲမှ"ဘာဘာညာညာဇာဂနာ"(ရုပ်/သံ)
စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား အနုပညာSurviving Beauty” ဟောပြောပွဲမှ"ဘာဘာညာညာဇာဂနာ"
စင်္ကာပူနိုင်ငံ အခြေစိုက် “ရသအလင်း” အဖွဲ့က စီစဉ်တဲ့ “ရုန်းကန် ရှင်သန်နေ သော အလှတရား- Surviving Beauty” အနုပညာ ဟောပြောပွဲနဲ့ ရုပ်ရှင်ပြပွဲကို ဇန်နဝါရီ ၂၁ ရက်နေ့ညက စက...င်္ာပူ နိုင်ငံမှာ ကျင်းပခဲ့ရာမှာ စင်္ကာပူ အာဏာပိုင်တွေက ဆင်ဆာကင်းလွတ်ခွင့် မရှိတဲ့ ရုပ်ရှင်ကားတချို့ကို ပြသခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။
အပိတ်ပင်ခံရတဲ့ ဇာတ်ကားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ “လွတ်လပ်ခြင်း အနုပညာ” ပွဲတော်မှာ ဝင်ရောက် ယှဉ်ပြိုင်ပြီး ဆန်ကာတင်အဆင့် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆင်ဆာကင်းလွတ်ခွင့် လက်မှတ် မရယူထားတဲ့အတွက် အဲဒီဇာတ်ကားတွေကို ပြသခွင့် ပိတ်ပင်ခဲ့တာ ဖြစ်တယ်လို့ သရုပ်ဆောင်ဒါရိုက်တာ လူရွှင်တော် ကိုဇာဂနာက RFA ကို ပြောပါတယ်။(Rfa)
ရသအလင်း ဖောင်ဒေးရှင်းမှ မကြာမှီ သေသပ်လှပစွာရိုက်ကူးထားသော ဟောပြောပွဲ အစအဆုံး အခွေကိုရောင်းချမှာ ဖြစ်လို့ အားပေးကြပါ ရရှိသောငွေများကိုလှူဒါန်းမှုမှာ သုံးစွဲသွားမယ်လို့  သိရပါတယ်
ရသ အလင်း (ရသအလင်းဖောင်ဒေးရှင်း)
Sunday, January 22, 2012
0 စစ်ထောက်လှမ်းရေးချုပ်ဟောင်းဦးခင်ညွှန့်နှင့် စတုတ္ထမဏ္ဍိုင်လို့ပြောပြောနေတဲ့ သတင်းမီဒီယာသမားများအင်တာဗျူးမှာမတွေ့သေးတဲ့မေးခွန်းများ
လျှပ်တပြတ်မှ မဟုတ်ပါဘူး။ ဂျာနယ်တော်တော်များများ ဗျူးထားတာတွေက သူ့ကို အရောင်ပြန်တင်ပေးနေတာတွေ ချည်းပါပဲ။ ကျနော်ဆို ဂျာနယ်ဆိုင်က ဦးခင်ညွှန့်ပုံတွေချည်း လာလာပြနေလို့ စိတ်ပေါက်ပေါက်နဲ့ အဲဒီလူ မျက်နှာ မျက်နှာဖုံးမတင်တဲ့ ဂျာနယ်ပဲ ပေးဗျာ ဆိုပြီး ရွတ်ခဲ့တာ....
တွေ့ရသမျှ အင်တာဗျူးတွေမှာ မပါသေးတဲ့ အကြောင်းလေး ဘယ်သူမှ မေးထားတာမတွေ့လို့ စတုတ္ထမဏ္ဍိုင် ဆိုပြီး ပြောပြောနေတဲ့ သတင်းမီဒီယာသမားတွေ တကယ်ကိုပဲ စတုတ္ထမဏ္ဍိုင် မစစ်သေးပါဘူးလို့ ကျနော်တော့ မှတ်ချက်ပေးချင်မိတယ်ဗျာ။
ကျနော်မတွေ့သေးတဲ့ အင်တာဗျူးကတော့....
၁။ ဦးခင်ညွှန့်ခင်ဗျား.... ဦးခင်ညွှန့်အနေနဲ့ အခုလို ပြန်လွတ်လာချိန်မှာ တစ်ချိန်က စစ်ထောက်လှမ်းရေးချုပ်အနေနဲ့ ဖမ်းဆီးခဲ့ရတဲ့ ၈၈မျိုးဆက်များ၊ အမျိုးသားဒီမိုကရေအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခဲ့ခြင်းဟာ မှန်ကန်မှုရှိပါသလား။
သူတို့တွေဟာ နိုင်ငံတော်နဲ့ ပြည်သူလူထုအပေါ် ဆူပူ အနှောက်အယှက်ပေးသူများလို့ အခုအချိန်မှာရော ယူဆပါသေးသလား။
၂။ ဖောက်ခွဲဖျက်ဆီးမှုပုဒ်မများနဲ့ ဆက်လက်ဖမ်းဆီးခံနေရတဲ့ သန်လျင်မှ ကိုသန့်ဇင်၊ လူ့အခွင့်အရေးလှုပ်ရှားသူ ဦးမြင့်အေး စတဲ့ ပုဂ္ဂိုလ်များဟာ အမှန်တကယ် ဖောက်ခွဲမှုများနဲ့ ပတ်သက်နေပါသလား။
၃။ နိုင်ငံရေးလှုပ်ရှားတက်ကြွသူများကို ရေကြည်အိုင်လို စစ်ကြောရေးစခန်းများမှာ နှိပ်စက်စစ်ဆေးခြင်းဟာ လူ့အခွင့်အရေးကို ထိခိုက်စေပါသလား။ အဲဒီလို နှိပ်စက်စစ်ဆေးခြင်းအတွက် တာဝန်အရှိဆုံးသူဟာ ဘယ်သူပါလဲ။
၎။ အကျဉ်းထောင်ထဲမှာ နှိပ်စက်ခံရပြီး သေဆုံးသွားရတဲ့သူများရဲ့ မိသားစုများကို ဘာများပြောချင်ပါသလဲ။
၅။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးခင်ညွှန့်အနေနဲ့ ထက်မြက်သူ၊ နိုင်ငံအတွက် အကျိုးရှိသူလို့ ဘယ်အချိန်မှာ စပြီး မြင်ခဲ့ပါသလဲ။ နအဖအဖွဲ့မှာ တာဝန်ထမ်းဆောင်စဉ်က အမြင်နဲ့ အခု လွတ်လာချိန်မှာ မြင်တဲ့ အမြင် တူညီပါလား။
....
မေးချင်တာတော့ အများကြီးပါ။ အဲဒီလိုမေးခွန်းမျိုးလေးများ ဘယ်စတုတ္ထမဏ္ဍိုင် ဂျာနယ်ကြီးက မေးမလဲလို့ပါ....
ကို ဂျီဂျီ၄၅၈(MMCP)
0 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်ရီပက်ပလစ်ကန် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်း(John Mccain)တွေ့ဆုံ(ရုပ်/သံ-ဓာတ်ပုံ)
အမေရိကန်တို့၏ ပိတ်ဆို့အရေးယူမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန်မက်ကိန်း ဦးဆောင်သော အမေရိကန် အထက်လွှတ်တော် အမတ်များ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့သည့် သတင်းဓာတ်ပုံများ
" … ဒီ sanction တွေ အစကတည်းက လုပ်ကတည်းက ဘာကြောင့်လုပ်တယ်၊ ဘာတွေ ဘာတွေ ဘယ်ခြေလှမ်းတွေ လှမ်းလို့ရှိရင် ဒီ sanction တွေကို ရုတ်သိမ်းပေးမယ် ဆိုတာ ပြောထားပြီးသားပါ။ အဲဒီတော့ ဒီ … သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးလို့ ရှိရင်တော့ santion တွေ စပြီးတော့ ရုတ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ရွေးကောက်ပွဲ ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတည်းတော့ မဟုတ်ပါဘူး … "
ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက ဂျွန်မက်ကိန်း ဦးဆောင်သည့် အမေရိကန် အထက်လွှတ်တော် အမတ်များနှင့် တွေ့ဆုံမှုအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။
The voice weekly
0 ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး အင်အားစုများရွှေတိဂုံဘုရားအား တက်ရောက်ဖူးမြော်(ဇန်န၀ါရီ ၂၁ ရက်)
၈၈ မျိုးဆက်ကျောင်းသားများနှင့် အခြားသော နိုင်ငံရေး အင်အားစုများသည် ဇန်န၀ါရီ ၂၁ ရက်၊ည ၇ နာရီအချိန်က ရွှေတိဂုံဘုရားအား တက်ရောက်ဖူးမြော်ပြီး၊မြန်မာပြည်တွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရှင်သန်ရေးတို့ကို ရည်စူး၍ ဆီမီးတစ်ရာ ကပ်လှူပူဇော်ခဲ့ကြသည်။
Yangon media group
0 နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ထုတ်ပြန်လိုက်တဲ့ လက်ရှိ အကျဉ်းထောင် အသီးသီးမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား ၄၁၁ ဦး စာရင်း…
0 ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား
၂၁-၁-၂၀၁၁ နေ့လည် ၂ နာရီမှ ၄ နာရီထိ ရန်ကုန်မြို့ ပြည်လမ်းရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် ကိုမင်းကိုနိုင်၏ အဖွင့်အမှာစကား အပြည့်အစုံဖြစ်ပါသည်။
ဒီကနေ့ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃ နှစ်ကျော် က ကျွန်တော်တို့ ကြွေးကြော်ခဲ့သမျှ ပဲ့တင်သံတွေ ပြန် ထွက်လာတဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေသိမ်းတဲ့နေ့ပါ။ လောကဓမ္မတာအရပြောရင် ထိုက်တန်တဲ့ တုန့်ပြန်မှုနဲ့ ရလဒ်တွေကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။
ဆိုလိုတာကတော့ ခုလို သတင်းမီဒီယာ သမားတွေရဲ့ရှေ့မှာ တဖျတ်ဖျတ်တောက်နေတဲ့ ဓာတ်ပုံ မီးတွေရဲ့အောက်မှာ ကျွန်တော်တို့ရပ်ပြီးတော့ စကား ပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ကျန် ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိသူမသိဘဝနဲ့ အသက်စွန့် သွားတဲ့ ကျောင်းသားလူငယ်တွေ၊ ဘဝရဲ့အစိတ်အပိုင်း များစွာကို ချပေးခဲ့ရပြီးတော့ ဒီလောကကို စွန့်လွှတ်သွား ရသူတွေ ကျောင်းသူပြည်သူတွေရဲ့ ကိုယ်စား ကျွန်တော် တို့ မတ်တပ်ရပ်နေနိုင်သေးတဲ့အချိန် ဒီနေ့၊ ဒီအချိန်လို အခင်းအကျင်းမျိုးမှာ အခု သတင်းလောကမှာရော ပြည် သူလူထုရဲ့ ပြန်ကြားရေးလောကမှာရော ရေပန်းစားနေ တဲ့ မေးခွန်းတွေရှိပါတယ်။
အဲဒါက ဘာလဲဆိုတာ့ နိုင်ငံ ရေး အခြေအနေကို ဘယ်လိုသုံးသပ်လဲဆိုတဲ့ မေးခွန်း ပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ရှိတာကို ဘယ်လိုမြင်သ လဲဆိုတဲ့ ကိစ္စပါ။ တော်တော်ကို ကျယ်ကျယ်လောင် လောင် ကြားနေရပါတယ်။ အကောင်းမြင်သလား၊ အဆိုး မြင်သလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ဖန်ခွက်ထဲမှာ ရေတစ်ဝက် အထူးသဖြင့် ကျွန်တော်တို့ ၈၈ မျိုးဆက် တွေ လက်ရှိ ပကတိနိုင်ငံရေးအခြေအနေ ဘယ်လိုမြင် သလဲဆိုတော့ '' တစ်ဝက်ကြီးများတောင်လို့လည်း အ ကောင်းမမြင်ပါဘူး။ တစ်ဝက်တည်း နည်းလိုက်တာလို့ လည်း အဆိုးအမြင်ပါဘူး'' တကယ်တော့ ကျွန်တော်တို့ က ရေရှိမှ အသက်ရှင်မယ့် ငါးလိုပဲ။ ငါးတွေအတွက် ကတော့ တစ်ဝက်ကိစ္စ မဟုတ်ပါဘူး၊ အသက်ကိစ္စပါ။ ရေများဖို့လိုပါတယ်။ဒါကြောင့်လည်း သတင်းသမား တွေ၊ မီဒီယာသမားတွေ သိပါလိမ့်မယ်။ ၂၃ နှစ်တာ ပေးဆပ်ပြီးတဲ့နောက်မှာ ရလာတဲ့အသီးအပွင့်တွေအဖြစ် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်းမီဒီယာသမား တွေ တာဝန်ကိုထမ်းနေကြတယ်လို့ ကျွန်တော်သိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရလာသမျှကတော့ ပြည်တွင်းသတင်း ငတ်မှုဆိုတဲ့ ပြဿနာမှာ အကြောင်းအရာ တစ်ခုဆိုပါ တော့၊ ၂ဝဝ၈၊ ၂ဝ၁ဝ အဲဒီတုန်းကဆိုရင် သတင်းမီဒီ ယာတွေရဲ့ ဖော်ပြနိုင်စွမ်းက ဖက်တစ်ဖက်တည်းကိုပဲ တင်ပြရပါတယ်။ အဲဒီအခါကျတော့ မတူကွဲပြားခြားနား တဲ့ အမြင်တွေအတွေးတွေကို ဖော်ပြခွင့်မရတဲ့အခါမှာ တစ်ဖက်သတ်ဖော်ပြတဲ့ အချက်အလက်တွေကပဲ အမှန် တရာဆိုတာ ဖြစ်ခဲ့ရတယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်း မယ်ဗျာ။
ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော် တို့ဆန္ဒကို နားလည်ကြမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အတူတူ အဲဒီအပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ လုပ် ရတာပါပဲ။ အရေးကြီးတဲ့ အချက်တစ်ချက်အဖြစ် ပါသလို၊ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ အတွေးမျိုးနဲ့ ဆိုရင်တော့ ဒီလောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထားရတာတွေ၊ အဲဒီလို တစ်ဖက် သတ် အမြင်တွေ ဖော်ပြလို့ မကြိုက်တာတွေကို မိမိနဲ့ သဘောမကျ တာတွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။သဘော ထားတွေ၊ အယူအဆတွေ အမျိုးမျိုးတင်ပြနိုင်ကြပါစေ ဆိုတဲ့ လွတ်လပ်ခွင့်မျိုးကို စာပေလောကသမားတွေ ထပ်ပြီး ခြေလှမ်းလှမ်းကြဖို့ ထပ်ပြီးတော့ ရေးကြထည့် ကြဖို့ ကျွန်တော်တိုက်တွန်းပါရစေ။
တချို့က ပြောပါ တယ်။ ကျွန်တော်တို့ ၈၈ မျိုးဆက်သစ်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ် လဲ မေးခွန်းတွေ ရှိပါတယ်။ ၁၉၈၈ အားလုံးသိခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးမှာ ပါဝင်ဆင်နွှဲခဲ့တဲ့ မျိုး ဆက်အားလုံးဟာ ၈၈ မျိုးဆက်တွေပါ။ အဲဒီ မျိုးဆက် တွေဟာ ၈၈ အရေးတော်ပုံကြီး ပြီးတဲ့အခါမှာ နယ်ပယ် အသီးသီးကို စိမ့်ပြီး ဖြာပြီး ဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီးပါတယ်။ စီးပွားရေးလောက၊ အနု ပညာလောက၊ သတင်းမီဒီယာ၊ နိုင်ငံရေးသီးသီးသန့် သန့်လုပ်မယ့် လောက ဒီလိုပဲ အများပြည်သူအကျိုးကို သယ်ပိုးမယ့် အသင်းအဖွဲ့တွေ ပရဟိတလောကတွေထဲ ကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေ အထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံကြီးကို အင်နဲ့ အားနဲ့ ဆင်နွှဲခဲ့တဲ့ အဲဒီမျိုးဆက်ရဲ့ အသီးသီးသော အစိတ် အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင်အဖွဲ့အစည်း တွေထိ ရောက်ခဲ့ပါတယ်။ အဲဒီအင်အားစုတွေရဲ့ စိတ်တွေ အဲဒီတုန်းက လူငယ်တွေ ၈၈ ရဲ့ ပုံရိပ်တွေပါ။ ဒီနေ့ မြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မသွေးကြောကြီး ထဲကလို တစ်ဆတ်ဆတ်ခုန်နေကြတုန်းပါ။
ဒီနေ့ သတင်း သမားတွေရှေ့မှာ ရပ်ရတဲ့ ၈၈ တွေဟာ ဘာလဲ ဆိုတော့ မကြာမီကမှ မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ အကျဉ်း ထောင်တွေကနေ ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြင့်ရင် ၈၈ တွေ ဘာလုပ်မှာလဲ၊ မေးခွန်းရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ သမိုင်းမှာ ၈၈ ပြီးတော့မှ နယ်ပယ်အသီး သီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်ထဲကပြန် ထွက်လာပြီး ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ်နဲ့အားမရ နှစ် ကြိမ်၊ နှစ်ကြိမ်နဲ့အားမရ သုံးကြိမ်ဆိုသလို၊ သံကောင်း မှန်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီး အတိုက်ခံ ပေမှာ ထပ်ပြီး အထုခံတဲ့ ဓားတွေအဖြစ် လောကကြီးထဲ ပြန်ရောက် လာတာပေါ့။ အဲဒီတော့ ၈၈ တွေက ဘာဆက်လုပ်မှာ လဲဆိုတဲ့မေးခွန်းဟာ နယ်ပယ်အသီးသီးမှာရှိပြီးသားဖြစ် တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီး လက်တွဲ ကြဖို့ ကျွန်တော်တို့နယ်ပယ်အသီးသီးကို ထပ်မံဖြန့်ကျက် ပြီးော့ အများအကျိုး၊ တိုင်းပြည်အကျိုး၊ လောကပါလ တရားသုံးပါး ထွန်းကားဖို့အရေးကို ဆက်ပြီးတော့ ဆောင် ရွက်သွားမှာပါလို့။ အဲဒါကို ကျွန်တော်ပြောချင်ပါတယ်။
အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူးဆိုတဲ့ အတွေးအခေါ်တွေ အယူအဆ တွေ ရှိခဲ့ပါတယ်။ ယေဘူယျအားဖြင့် မှန်ချင်မှန်ပါလိမ့် မယ်။ High Light အနေနဲ့တော့ ကျွန်တော်တို့ဟာ လောက ပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတရေး၊ လွတ်လပ် ခြင်း တန်းတူညီမျှခြင်းဆိုတဲ့ အချက် သုံးပါးနဲ့ ပတ် သက်ရင်တော့ လောကပါလတရားသုံးပါးကို တည် ထောင်သူတွေနဲ့ ဖျက်ဆီးသူတွေကြားမှာတော့ ဘက်မ လိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလ တရား သုံးပါး တည်ထောင်သူဘက်ကနေ ပြတ်ပြတ် သားသား ဘက်လိုက်ရမှာ အဲဒါလေးကို အသိပေးပါရ စေ။ ကျွန်တော်တို့ ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံး ကိုယ်စားပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးလုပ်လိုသူ တွေနဲ့ လက်တွဲဆောင်ရွက်ရမယ်ဆိုတဲ့ ကိစ္စပါ။
ဒါ နောက်ဆုံးစကားပါ။ ၂၃ နှစ်တာ ပြည်သူလူ ထုရဲ့ ပေးဆပ်မှုရဲ့ နောက်ဘဝများစွာ အသက်များစွာ စတေးပြီးတဲ့နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ငြင်း ပယ်လို့မရတဲ့ ပကတိမျက်မှောက်တရားအဖြစ် နောက် ဆုံး လက်ရှိအစိုးရကိုယ်တိုင် လက်ခံထားပါပြီ။ အဲဒါ ပြည်သူ့အောင်ပွဲ၊ လူထုအောင်ပွဲဆိုတာကို အောင်စိတ်နဲ့ မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ အဟောင်းအဆွေးကြီးဖြစ်တဲ့ ဖိနှိပ်ချုပ် ခြယ်ခြင်း အခွင့်ထူးခံခြင်းဆိုတဲ့ အဟောင်းကြီးကို ဖက် တွယ်ထားချင်တဲ့သူတွေကတေ့ နေရာတကာမှာ ရှိဦးမှာ ပါပဲ။ လွန်ဆွဲပွဲတစ်ခုလိုပါ။ လွန်ကြိုးနှစ်ဖက်ပဲရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ အင်အားစု တွေ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် သူတို့က တစ်ဖက်၊ အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုသူတွေကတစ်ဖက် အဲဒီ လွန်ဆွဲပွဲမှာလည်း ၈၈ က ပြုပြင်ပြောင်းလဲရေး လုပ်လိုသူများဘက်ကပဲ လွန်ဝင်ဆွဲဦးမှာဆိုတာကို ရှင်းရှင်လင်းလင်း ကတိပေး ထားပါတယ်။
အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလို ရပ်ပြီး စကားပြောရတဲ့ ကာလ ဘာဖြစ်လဲဆို တော့ ရှေးဟောင်းမာယာလူမျိုးတွေရဲ့ ပြက္ခဒိန်အရ ကမ္ဘာ ပျက်မယ့်နှစ်မှာ ကျွန်တော်တို့ ကျွန်ပြန်ဖြစ်ခဲ့ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ်ပြန်တည်ရမယ့်ဘဝဆို တော့၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီမိုကရေစီလိုလားသူတွေ အများစုက တစ်ကယ်တမ်းသာ ဦးညွတ်မယ်ဆိုရင်တော့ ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံသစ်တည်ဆောက်ရုံတင် မက ဘူး။ ကမ္ဘာသစ်ပါ တည်လို့ရမယ်ဆိုတာ ယုံ့ပါတယ်လို့ ပြောရင်း ကျွန်တော့်စကားကို အဆုံးသတ်ချင်ပါတယ်။
The messenger journal
1 ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲ /သဘောထားထုတ်ပြန်ချက်
" ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက် "
စာအမှတ် - ၁/၂ဝ၁၂ (၈၈)
၈၈ မျိုးဆက်ကျာင်းသားများ
88generation@gmail.com
၂၁ - ဇန်နဝါရီ -၂ဝ၁၂
ရန်ကုန်၊ မြန်မာ။
၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၁၉၈၈ ခုနှစ် ၈၈၈၈ အရေးတော်ပုံကြီးမှ စတင်၍ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်နေကြသူများ ဖြစ်သည်။
၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။
၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ဦးတည် ကြိုးပမ်းကြရမည့် အချိန်ဖြစ်သည်ဟု ယုံကြည်သည်။
၎။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေး ၀န်းရံသွားမည်။
၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသော တွေ့ဆုံဆွေးနွေးရေး ဖြစ်စဉ်များမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြည့်စုံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်စေရန် အမျိုးသားအင်အားစုအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်။
၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်များအား ပြန်လည် စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးတို့အတွက် ပြည်ထောင်စုအစိုးရမှ အမြန်ဆုံးဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့မှ အလေးအနက် တိုက်တွန်းအပ်ပါသည်။
၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။
၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါအ၀င် မြန်မာ့လူ့အဖွဲ့စည်းတစ်ရပ်လုံးရှိ ပြုပြင်ပြောင်းလဲရေး အင်အားစုများနှင့် ကိုယ်စွမ်း ဥာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်။
၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွင် အားပေးကူညီထောက်ခံနေသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမိသားစုများနှင့် လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ယုံကြည်ထက်သန်စွာ အကောင်အထည်ဖော်နေသူအားလုံးအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အလေးအနက် တန်ဖိုးထားအပ်ပါသည်။
၈၈ မျိုးဆက်ကျောင်းသားများ
(ယခုပြုလုပ်နေသော တော်ဝင်စင်တာ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားခေါင်းဆောင်တစ်ဦး ပြောကြားသွားသော စကားမှ ကောက်နှုတ်ချက်)
၈၈သွေးတွေဟာအမိမြန်မာပြည်ထဲမှာဧရာဝတီဆိုတဲ့ပင်မသွေးကြောကြီးထဲကနေတဆတ်ဆတ်ခုန်နေ...တုန်းပါ။၈၈ ဟာ ပြုပြင်ပြောင်းလဲလိုသူတွေဖက်ကလည်း လွန်ဝင်ဆွဲဦးမှာပါပဲလို ပြောလိုပါတယ်/ ကမ္ဘာပျက်မယ့်နှစ်မှာမှ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်.ကမ္ဘာပျက်မယ့်နှစ်မှာမှ နိုင်ငံသစ်ပြန်တည်ရတယ်။
ဒီမိုကရေစီလိုလားတဲ့ လူတွေ ညီညွှတ်ကြမယ်ဆိုရင်ကမ္ဘာပျက်မယ့်နေ့မှာ နိုင်ငံသစ်တင်မကဘူး
ကမ္ဘာသစ်ပါ တည်လို့ရတယ်လို့ ပြောကြားရင်းနိဂုံးချုပ်ပါတယ်။
(ကိုမင်းကိုနိုင်၊ တော်ဝင်စင်တာ၊ ၂ နာရီခွဲခန့်က ပြောသည့် သတင်းစာရှင်းလင်းပွဲ နှုတ်ခွန်းဆက်စကားမှ ကောက်နှုတ်ချက်)
ပြည်ပရောက်နေတဲ့လူတွေအမြန်ဆုံးပြန်လာခွင့်ရအောင်အလေးအနက်တိုက်တွန်းလိုက်ပါသည်။
ဒေါ်စုရဲ့ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ချက်ကို ထောက်ခံသည်။၈၈ မှဝန်းရံပေးသွားမည်။ နိုင်ငံတကာနှင့် ဆက်ဆံရေးတိုးမြှင့်လာစေရန်ကြိုးပမ်းနေသူများအား ထောက်ခံသွားမည်။ သမ္မ...တဦးဆောင်သည့်
အစိုးရအဖွဲ့ တပ်မတော် တိုင်းရင်းသားအပါအ၀င် အားလုံးနှင့်ကိုယ်စွမ်းညဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်သွားမည်လူ့အခွင့်အရေးကြိုးပမ်းမှုများကိုဆောင်ရွက်နေသူအားလုံးအား
အလေးအနက်တန်ဖိုးထားပါသည်။
(တော်ဝင်စင်တာတွင်ပြုလုပ်နေသော ၈၈ သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဖတ်ကြားသွား သော ၈၈ မျိုးဆက်ကျောင်းသားများကြေငြာ စာတမ်းမှကောက်နှုတ်ချက်)
ခွပ်ဒေါင်းအလံဆိုတာ တစ်ဦးတစ်ယောက်ကောင်းကျိုးအတွက် အသုံးပြုမယ်ဆိုရင် မသင့်တော်ပါဘူး။ အမျိုးသားရေးအတွက် ခံယူချက်နဲ့အသုံးပြုဖို့လိုပါတယ်။ ခွပ်ဒေါင်းအလံကို အသုံးပြုနေတဲ့လူဟာ ဘယ်လိုလူစားလဲဆိုတာကို ပြန်ပြီးအကဲခတ်သင့်ပါတယ်။
(ကျောင်းသားခေါင်းဆောင်တစ်ဦးပြောသွားသည်။)
ပြည်ပကလူတွေ ပြန်လာချင်ပြန်လာလို့ရတယ်လို့ ပြောနေရုံနဲ့မပြီးပါဘူး။ ပြည်ပကလူတွေ ပြန်လာဖို့အတွက် ဥပဒေတစ်ရပ်ထုတ်ပြီး တိတိကျကျဆောင်ရွက်ဖို့လိုပါတယ်။
အစိုးရအနေနဲ့ ပြည်ပကလူတွေပြန်လာဖို့အတွက်ကို သဘောထားကြီးကြီးနဲ့ လုပ်ဆောင်စေလိုပါ တယ်။
(ကျောင်းသားခေါင်းဆောင် ကိုမြအေး ၃း၄၅ မိနစ်တွင် ပြောသွားသည့်စကား)
လက်ရှိအစိုးရအပေါ် ကျနော်တို့ဘယ်လိုသဘောထားသလဲ ဆိုတာထက် ဒီအစိုးရက ကျနော်တို့အပေါ်ကို ဘယ်လိုသဘောထားသလဲဆိုတာကို အဓိကလိုချင်ပါတယ်။ ဖန်ခွက်ထဲမှာ ရေအပြည့်ရှိမရှိကြည့်တာမဟုတ်ဘူး။ အဲဒီဖန်ခွက်ကို အကုန်လုံးဝိုင်းပြီး တည်ဆောက်ကြပါလို့ ပြောချင်ပါတယ်။
ကျောင်းသားခေါင်းဆောင် ကိုအောင်သူ ပြောသွားသည့် စကား။
ဓာတ်ပုံများကို သတင်း- ဥက္ကာကိုကို.Ah Bayah
0 နိုင်ငံရေးအကျဉ်းချခံရသောသံဃာတော်အရှင်သူမြတ်များအားဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲ(ဓာတ်ပုံ)
ပြန်လည်လွတ်မြောက်လာသော ရွှေဝါရောင် သံဃာ့အရေးတော်ပုံ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုယ်တော်များဖြစ်သော
၁။ ဦးက္ကုန္ဒက မဂ္ဂင်ကျောင်း
၂။ ဦးစန္ဒာသီရိ
၃။ ဦးဂမ္ဘီရ မဂ္ဂင်ကျောင်း
၎။ ဦးက္ကုသရိယ မဂ္ဂင်ကျောင်း
၅။ ဦးကေလာသ မန္တလေး
၆။ ဦးပဏ္ဏ၀ံသ ရန်ကုန်တိုင်းရဟန်းပျိုအတွင်းရေးမှူး
၇။ ဦးပဏ္ဏိတ မှော်ဘီကျောင်း
၈။ ဦးသဒ္ဓမ တွံ့တေးကျောင်း
၉။ ဦးရေ၀တ ချောက်
၁၀။ ဦးတိလောက
၁၁။ ဦးဝိသုဒ္ဓ
၁၂။ ဦးရေ၀တ
၁၃။ ဦးဝါယမ
၁၄။ ဦးစန္ဒိမာ
၁၅။ ဦးဆန္ဒာဓိက
၁၆။ ဦးတေဇ၀န္တ
၁၇။ ဦးဃောသိတ
၁၈။ ဦးနန္ဒ
၁၉။ ဦးဝိလာသက္က
၂၀။ ဦးဣသာရိယ
၂၁။ ဦးသုမန
၂၂။ ဦးသုမန(ခ)စာရေးဆရာမင်းဆက် မန္တလေး
၂၃။ ရှင်စန္ဒာဝရ
၂၄။ ဦးပညာစာရ (စစ်တွေ)တို့အားဒုတိယအကြိမ် သိမ်ထပ်မင်္ဂလာပွဲပြုလုပ်ခဲ့ကြပါတယ်..
်Facebookမှ