Sunday, April 1, 2012

2 မဲဆန္ဒနယ်မြေများတွင်အနိုင်ရရှိသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုပါသည်



Photoဖန်တီးရှင် Linn Yaung အားကျေးဇူးတင်ရှိပါသည်..

0 နံနက်(၆)နာရီ မရမ်းကုန်းမြို့နယ် မဲရုံ(၂)တွင် မဲပေးနေစဉ်


မရမ်းကုန်းမြို့နယ် မဲရုံအမှတ်(၂) နံနက်(၆)နာရီ တွင် မဲစာရင်းအားသေချာစီစစ်၍ မပါသော မဲစာရင်းဝင်မိသားစုများ အတွက် ပြန်လည်ထည့်သွင်းရန်တောင်းဆိုခဲ့ပြီး၊ မဲထည့်ခွင့်မရသော ပြည်ပနိုင်ငံရောက်နေသောသားနှင့်သမီးတို့၏ အမည်စာရင်းအား မဲစာရင်းတွင် "ပယ်ဖျက်" ဟူသော
တရားဝင်ရေးသားချက်အား မျက်စိရှေ့မှောက်တွင် မဲရုံဝန်ထမ်းများအားရေးသားခိုင်းကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဆန္ဒမဲထည့်ခဲ့ပါကြောင်း . .

ကိုကျော်သူ

1 ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်








photo..AP,gettyimages

0 ဒီကနေ့ရွေးကောက်ပွဲမဲပေးမှုအခြေအနေမြင်ကွင်းများ(ရုပ်/သံ)

0 မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဒီနေ့မနက် မဲရုံတွင် မဲပေးနေပုံ


မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မဲပေးခဲ့သူတဦးနှင့်တွေ့ဆုံမေးမြန်းချက်(burma vj medianetwork)
ပြည်သူလူထုတွေ အနေနဲ့ကတော့ ၉၀ ရလဒ်တုန်းကလဲ တာဝန်ကျေပြီးပြီ။ အခု ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မှာလဲ မဲပေးခဲ့ပါတယ်။ ပြည်သူလူထု ကောင်းဖို့ တိုင်းပြည် တိုးတက်ဖို့အတွက် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်လို့ မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် ၉၁ လမ်း မဲရုံမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းကို မဲပေးခဲ့သည့် ပြည်သူတစ်ဦးဖြစ်သည့် (ဒေါ်ခင်သီတာချော )

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲဆန္ဒရှင်တစ်ဦး မဲထည့်နေစဉ်
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲစာရင်းစစ်ဆေးနေစဉ်
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲစာရင်းစစ်ဆေးသူ တာဝန်ရှိသူများအား တွေ့ရစဉ်
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲပးပြီး မဲရုံမှ ပြန်ထွက်လာသူများ
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် မဲပေးမည့်သူများ



မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်ရှိ မဲရုံတစ်ရုံတွင် အာဆီယံလာရောက်လေ့လာစောင့်ကြည့်သူများ

Photo..AP,Eleven media Group

0 သမီးဖြစ်သူNLDပါတီဝင်ရောက်၍ ရထားထိန်းဦးသန်းမြင့်ရာထူးမှ ဖယ်ရှားခံ



0 ဒီကလေးကို ၁၈နှစ်ပြည့်ပြီဆိုပြီး မဲစာရင်းထဲ ပါလာလို့ တဲ့ ဗျို့ ..

မြောင်းမြမြို့ အမှတ် ၃ ရပ်ကွက် ၊စမ်းချောင်း၎လမ်းနေ၊ ဦးစိုးသန်း ဒေါ်ခင်မာချို တို့ ၏ အငယ်ဆုံးကလေး မောင်ဖြိုးပိုင်ထွန်းကို အသက်၁၈နှစ် မပြည့်ပဲ မဲစာရင်းထဲတွင် ထည့်ထားကြောင်း ၊ အဆိုပါကလေးတွင် မွေးချင်းငါးယောက်ရှိပြီး ၄င်းမှာ အငယ်ဆုံး ဖြစ်ကြောင်း၊ ၄င်း၏အထက်ရှိ အစ်မဖြစ်သူ မထူးဝေေ၀ဘွန်း နှင့် အကိုဖြစ်သူ မောင်မျိုးဇော်ထက်တို့သည်ပင် ၁၈နှစ်မပြည့်သေး၍ မဲပေးခွင့်စာရင်းတွင် မပါဝင်သေးကြောင်း....... ၃၁.၃.၂၀၁၂ နေ့  ၊ နေ့ လည်တွင် သတင်းရရှိပါသည်......။

၁. မိခင်ဖြစ်သူ ဒေါ်ခင်မာချိုနှင့်အတူရိုက်ထားသော မောင်ဖြိုးပိုင်ထွန်း၏ပုံ

၂. မိခင်ဖြစ်သူ ဒေါ်ခင်မာချိုနှင့်အတူရိုက်ထားသော မောင်ဖြိုးပိုင်ထွန်း၏ပုံ

၃. အဆိုပါကလေး၏ မဲစာရင်းအမှတ်နှင်း မှားယွင်းနေသော မွေးသက္ကရာဇ်



ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် မဲထည့်ရန် စလစ်ပြားများကို ပုံပါအတိုင်း လိုက်လံပေးဝေနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ကြံ့ခိုင်ရေးပါတီမှ လူဦးရေ(၉၄၀၀)ကျော်ရှိသည့် ပြည်သူများကို မဲထည့်ရန် စလစ်ပြားများကို ပုံပါအတိုင်း လိုက်လံပေးဝေနေပါသည်။ မဲစည်းကမ်းနှင့် ညီညွတ်ခြင်းမရှိသောကြောင့် ပြည်သူတစ်ယောက်မှ သတင်းပေးပို့လာပါသည်။

Election Monitoring Network.88

0 ဒီကနေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်၊၀ါးသိင်္ခရွာသို့သွားရောက်သောမြင်ကွင်း


ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ်ရှိ ၀ါးသိင်္ခရွာကို ဒီညနေ တညအိပ်ရောက်ရှိလာတာကို ကြိုဆိုကြတဲ့ ဒေသခံလူထုဓါတ်ပုံရှုခင်းတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။ ၀ါးသိင်္ခရွာဆိုတာလူသိပ်မသိတဲ့ရွှာကလေးပါ.ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လည်းရောက်သွားရောသတင်းမီဒီယာကြောင့်ကမ္ဘာက ဒီရွာလေးကိုအခုသိသွားပါပြီ..

"ကော့မှူးမြို့ မှာ ဒီည အမေစု အနားယူအိပ်စက်မဲ့ အိပ်ယာ" (နောင်တစ်ချိန်မှာ ဒီကုတင် လေးဟာ သမိုင်းဝင်ပစ္စည်းတစ်ခု ဖြစ်သွားမှာသေချာပါတယ်)။TK: မှတ်ချက်:ဓာတ်ပုံပိုင်ရှင်အား ကျေးဇူးတင်ရှိပါတယ်။။
Photo.AP,Gettyimages,Reuters,Popular Myanmar News Journal

0 ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းများထံ ပန်ကြားလွှာ


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးကွန်ယက်

0 နိုင်ငံသားအခွင့်အရေးဆုံးရှုံးခြင်း

ကျွန်တော်သည် အမှတ်(၅၃၈) ရွှေဝါထွန်းလမ်း (၆၈) ရပ်ကွက်ဒဂုံဆိပ်ကမ်းတွင် သန်းခေါင်စာရင်းဖြင့် ၂၀၀၈ ခုနှစ်မှ စတင်နေထိုင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း မဲစာရင်းအမည် ပါရှိခဲ့ပါသည်။

၂၀၁၂ ဧပြီ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ကျွန်တော် အပါအဝင် မိသားစုဝင် ၅ ဦးစလုံး မဲစာရင်းတွင်ထည့်သွင်းထားခြင်းမရှိကြောင်း တွေ့ရှိရပါသည်။ ထိုသို့ဖြစ်ရခြင်းကို မေးမြန်းစုံစမ်းရာတွင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီ တို့မှ မဲပေးခွင့်ရှိသော မိသားစုစာရင်းများကို လိုက်လံ ကောက်ခံခဲ့ကြသော်လည်း ရပ်ကျေး ကော်မရှင်မှ ကောက်ခံခဲ့ခြင်း မရှိခဲ့ပါ။ ယူထားသောစာရင်းများမှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ ပေးထားသော စာရင်းများသာဖြစ်ပါသည်ဟု ရပ်ကျေးကော်မရှင် ဥက္ကဌမှ ပြောပြခဲ့ပါသည်။၎င်းကိုယ်တိုင်ကလည်း ထိုစာရင်းကို မစီစစ်ကြောင်း သိရှိခဲ့ပါသည်။

ရပ်ကွက် NLD ရုံးတွင် ထိုကိစ္စအား အသိပေးပြောကြားရာ ဝယ်မိမိတို့ မိသားစုဝင် ၅ဦး အပါအဝင် ရပ်ကွက် အတွင်းရှိ လူပေါင်း ၁၇၀ ဦး မဲစာရင်းတွင် မပါရှိကြောင်းကို NLD ရပ်ကွက် တာဝန်ခံက ပြောပြခဲ့ပြီး ၄င်းတို့ အနေဖြင့်လည်း ထိုကိစ္စ အား သက်ဆိုင်ရာသို့ အဆင့်ဆင့် တင်ပြထားကြောင်းကို ပြောကြားခဲ့ပါသည်။

လူနေသိပ်သည်းမှု မရှိသော (၆၈) ရပ်ကွက် အတွင်း လူပေါင်း ၁၇၀ ဦး မဲစာရင်းတွင် မပါရှိကြခြင်း အဖြစ်မှာ အလွန်မင်း စိတ်ပျက်ဖွယ်ရာ ဖြစ်လှ ပါသည်။ မိမိတို့ မိသားစု အပါအဝင် လူပေါင်း ၁၇၀ ဦး ဆန္ဒမဲ ပေးခွင့် မရခြင်းကြောင့် နိုင်ငံသားအခွင့်အရေး ဆုံးရှုံး ရခြင်းကိုအများပြည်သူ အားလုံး သိရှိနိုင်ရန် တင်ပြအပ်ပါသည်။

( မိမိတို့ မိသားစု များ မဲစာရင်းတွင် မပါရှိကြခြင်းကို သက်ဆိုင်ရာ ကော်မရှင် အဆင့်ဆင့် သို့ ကျွန်တော်၏ ဖခင် ဖြစ်သူ မှ အကြောင်းကြားထားသည့် မိတ္တူကို ပါ ပူးတွဲ တင်ပြလိုက်ပါသည်

ဆယ်သွယ်ရန်- 09 730 45 856 (ကိုသူရိန်ကျော်)
Losing the right of citizen

For living in no.538,shwe wa tun street,68 quarter, dagon seik kan township since 2008,I had been listed to vote in the election [2010] in this quarter.

In the election which will be held in 1st april, 2012,it has been found that all of my family including me,5 persons were not listed for voting .In asking why it was happened, I knew that the members of the parties that will be elected, took the list of the people having the right to vote and living in 68 quarter in which only the half of area is settled there and the commission of the election in this quarter failed to take the list for voting, only receiving the list sent by the head of the 68 quarter, without checking that it is correct or not.

When asking the one of the member of NLD office in this quarter, I also knew that not only my family members but also the 170 people of living in the same quarter with us were not in the list for voting and he replied that it had been informed to the commission of election from the bottom to the top.

Therefore, with an idea of sharing the news of the breach of the right of citizen, I post this message on facebook and want every one living in the world to know that we are losing the right of citizen in this election to be voted as the citizens of Myanmar.

to contact - 09 730 45 856 (Thuyein Kyaw)

0 နိုင်ငံကျော်အနုပညာရှင်များ မရမ်းကုန်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးဖျော်ဖြေ


ယနေ့ ၃၁၊၃၊၂၀၁၂ ညနေ ၆နာရီခန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မရမ်းကုန်းမြို့နယ်အောင်နိုင်ရေးအတွက် နိုင်ငံကျော်အနုပညာရှင်များဖြစ်ကျသော
ရင်ဂို၊ဆောင်းဦးလှိုင်၊မာရဇ္ဇ၊ဝေဋ္ဌုကျော်၊လူမင်း၊ ၀ိုင်း၊ ရဲတိုက်၊အာဇာနည်၊ဇော်ပိုင်၊ဟဲလေး၊အနဂ္ဂ၊ ထွန်းအိန္ဒြာဗို၊သျှီ၊ ချစ်သုဝေ၊ကဗျာဘွဲ့မှူး မီးမီးခဲ၊သံသာဝင်း၊ ဆုန်သင်းပါ စသော အနုပညာမောင်နှများစွာ ဖျော်ဖြေခဲ့သည်။

Nld facebook

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.