Tuesday, June 5, 2012

0 ကိုမာကီး (၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့) နဲ့ မစုစုနွေး (အလုပ်သမားရေးရာတက်ကြွလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာဧည့်ခံပွဲအခမ်းအနား(၃.၆.၂၀၁၂).



(ဇွန်လ ၃ ရက်) ညနေ ၅ နာရီက ရန်ကုန်မြို့၊ရွှေဂုံတိုင်လမ်း၊တော်ဝင်နှင်းဆီမှာ၈၈မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်တဲ့ကိုကျော်ကျော်ထွေး(မာကီး)နဲ့ မစုစုနွေး(အလုပ်သမားရေးရာလှုပ်ရှားသူ) တို့ရဲ့ မင်္ဂလာအခန်းအနားကျင်းပခဲ့ပါတယ်။
ဂီတမှူးကိုဝင်းမော်ရဲ့ရွှေသံစဉ်တေးဂီတအဖွဲ့ကတေးသံသာများနဲ့ လက်ဖွဲ့ကြပါတယ်။

NLD က ဦးဝင်းတင်၊ဦးတင်ဦး၊ဦးစိုးဝင်း တို့တက်ရောက်ကြပြီး ၈၈ က ကိုမင်းကိုနိုင်၊ကိုမင်းဇေယျ၊
... ကိုကိုကြီး၊ကိုဌေးကြွယ်၊ကိုပြုံးချို၊ကိုမြအေး၊ကိုအံ့ဘွယ်ကျော်၊ကိုဇောက်ထိုး(သက်ဇော်)၊
ဘောင်းဘောင်း(ဇော်မင်း)တို့အပါအ၀င် အားလုံစုံညီစွာတက်ရောက်ကြတာတွေ့ရပါတယ်။

တေးသံရှင်ခိုင်မြဲသာနဲ့သံသာဝင်းတို့ကလည်းတေးသီချင်းတွေနဲ့လက်ဖွဲ့ကြပါတယ်။ကိုဝင်းမော်(ရွှေသံစဉ်)ရဲ့ သားအောင်အောင်ဖြိုးပြည့်(Vocal) နဲ့ ဗိုဗိုသီဟ(Drums) တို့ရဲ့Violenceအဖွဲ့ကလည်းတေးသီချင်းတွေနဲ့ မင်္ဂလာလက်ဖွဲ့ပေးကြပါတယ်။

ကိုမင်းကိုနိုင်က သူထောင်ထဲမှာရေးခဲ့တဲ့သီချင်းကို ၈၈ကသူငယ်ချင်းတွေနဲ့အတူ သီဆိုပြီး
လက်ဖွဲ့ခဲ့ပါတယ်။

Photo။ ။ Shwe than zin. Nyi Han

0 ကချင်စစ်ပြေးဒုက္ခသည်များအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အလျှူငွေကောက်ခံ ဖျော်ဖြေရေး မြင်ကွင်း


ပန်းရဲ့လမ်း - နောက်ဆုံးအိပ်မက်

Monday, June 4, 2012

0 စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ အဓိကရုဏ်းဖြစ်ပွား၊ စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူ ပျောက်ဆုံးရာမှ စတင်ခဲ့


စစ်တွေမြို့ အမှတ် (၁) ရဲစခန်းရှေ့၌ ၂၀၁၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ ညပိုင်းတွင် အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပြီး စက်ရုံစုဈေး၏ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုရထံ တင်ပြပေးခဲ့သူ ဦးအောင်သန်းဝေ ပျောက်ဆုံးရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဇွန်လ (၃)ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်တွေမြို့ နာဇီရပ်ကွက်မှ ဦးအောင်သန်းဝေ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ၄င်း၏မိသားစုနှင့် ဆွေမျိုးများသည် အမှတ် (၁) ရဲစခန်းရှေ့သို့ သွားရောက်တိုင်တန်းခဲ့ပါသည်။
ပျောက်ဆုံးနေသော ဦးအောင်သန်းဝေသည် စစ်တွေမြို့ရှိ စက်ရုံစုဈေး (ယခင်အခေါ် နာဇီဈေး)တွင် ကောက်ခံသည့် အခွန်ကောက်ခံမှုနှုန်း များပြားမှုနှင့် ပတ်သက်၍ ဈေးသူဈေးသားများ၏ ဆန္ဒကို ပြည်နယ်အစိုးရထံ တင်ပြပေးခဲ့သူ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စက်ရုံစုဈေး (နာဇီဈေး)သည် ဇွန်လ (၂)ရက်နေ့မှတွင် ပုဂ္ဂလိကသို့ လေလံဖြင့် လုပ်ကိုင်ခွင့် ပေးခဲ့သောဈေးဖြစ်ကြောင်းလည်း သိရသည်။ ဇွန်လ (၃) ရက်နေ့တွင် စက်ရုံစုဈေးတွင် ဈေးကောက် ကောက်ခံမှုနှင့် ပတ်သက်သည့် ပြသနာတစ်ခုကို ဦးအောင်သန်းဝေက ဖြေရှင်းပေးခဲ့ကြောင်း၊ ညနေပိုင်းတွင် ဦးအောင်သန်းဝေရှိနေသည့် လက်ဘက်ရည်ဆိုင်သို့ စက်ရုံစုဈေး လေလံလုပ်ခွင့်ရထားသော အဖွဲမှ အချို့က လာရောက်ပြီး ရန်လိုသည့် အပြုအမူများ ပြုခဲ့ကြကြောင်း ဦအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်က မေလ ၆ ရက်နေ့တုန်းက နာဇီဈေး ဈေးကောက်တဲ့နှုန်း များလို့ ခံနေရတဲ့သူတွေကို အင်တာဗျူးဗီဒီယို ရိုက်ပြီးတော့ ပြည်နယ် အစိုးရအဖွဲ့ကို တင်ပါတယ်။ အဲ့ဒီအခါမှာ ပြည်နယ် အစိုရက လေလံရထားတဲ့သူတွေနဲ့ ဈေးသူဈေးသားတွေကို ခေါ်စစ်ပါတယ်။ လေလံရထားတဲ့ သူတွေက မတရားကောက်တယ်ဆိုတဲ့ အဖြေက ပေါ်သွားတဲ့အတွက် သူတို့ကို လေလံကောက်ခံခွင့်ကို အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စည်ပင်က သက်သာတဲ့ဈေးနှုန်းနဲ့ အခွန်ပြန်ကောက်တယ်။ ဇွန်လ ၂ ရက်နေ့မှာ အစိုးရ အဖွဲ့က နောက်ထပ်တစ်ယောက်ကို ပြန်ပြီးတော့ လေလံ ပြန်ပေးလိုက်ပါတယ်။ လေလံပြန်ရသွားတဲ့သူတွေကလည်။ အခွန်ကောက်တဲ့နှုန်း များတဲ့နှုန်းထားနဲ့ ပြန်ကောက်တယ်။ ဇွန်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ဈေးကောက်နှုန်း အရင် ၅၀၀ ကျပ် ကောက်ခံနေရာကနေ အခု ၇၀၀ ကျပ် ကောက်တော့ ကောင်လေးတစ်ယောက်က ၆၀၀ ကျပ် ပဲ ပေးတဲ့အတွက် သူ့ကို ၀ိုင်းလုပ်လို့ အဲ့ဒီကောင်လေးက ကျွန်တော့်ဆီ ပြေးလာခဲ့တယ်။ ဒါနဲ့ ကျွန်တော်က ပိုက်ဆံတစ်ရာလေးနဲ့ မလုပ်ပါနဲ့လို့ ဖြေရှင်းပေးခဲ့တယ်။ ညနေ ၅ နာရီလောက်မှာ ကျွန်တော် လဘက်ရည်ဆိုင်ထိုင်နေတဲ့ နေရာကို
အခု လေလံကောက်ခွင့် ရနေတဲ့သူတွေနဲ့ အရင်တုန်းက လေလံကောက်ခွင့်ရတဲ့ သူတွေအဖွဲ့ အယောက် ၂၀ လောက်က ကားနဲ့ ရောက်လာတယ်။ ပြီးတော့ ကျွန်တော်ကို ၀ိုင်းလုပ်ဖို့ ရွယ်နေတဲ့အချိန်မှာ လဘက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီက သူဆိုင်အရှေ့မှာ မလုပ်ဖို့ ပြောတဲ့အတွက် သူတို့ အကုန်လုံး ပြန်သွားတယ်။ အဲ့ဒီ ဖြစ်စဉ်ပေါ်ကို ကျွန်တော်လုံခြုံရေး စိုးရိမ်တဲ့အတွက် ကျွန်တော့်ရဲ့ ညီအိမ်ကို ညနေ ၆ နာရီ ကျော်ကျော်မှာ ရှောင်တိမ်းခဲ့ပါတယ်။ " ဟု ဦးအောင်သန်းဝေက Eleven Media Group သို့ ပြောပြခဲ့ပါသည်။

ဦးအောင်သန်းဝေ ရှောင်တိမ်းနေစဉ်အတွင်း ဦးအောင်သန်းဝေ၏ မိသားစုဝင်များသည် ၄င်းပျောက်ဆုံးနေသည်ဟု ယူဆကာ ပျောက်ဆုံးနေမှုအပေါ် စုံစမ်းဖေါ်ထုတ်ပေးရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဦးအောင်သန်းဝေ၏ မိသားစုနှင့် ဆွေမျိုးများသည် ည (၉) နာရီ အချိန်အထိ အဆိုပါ ရဲစခန်းရှေ့တွင် ထိုင်ပြီး စောင့်နေကြရာ လူအုပ်မှာ တစ်ဖြေးဖြေးများလာပြီး ည ၁၀နာရီ ခွဲအချိန်တွင် လူ ၇၀၀ ခန့် အထိ ရှိလာခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။

ထို့နောက် ဦးအောင်သန်းဝေအား ရှာဖွေ အပ်နှံပေးရန် တောင်းဆိုရာ အဆိုပါ ရဲစခန်းမှ ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ လူအုပ်ကြီးမှာ များပြားလာပြီး အော်ဟစ်၍ တောင်းဆိုမှုများ ပိုမိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်းအချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ ဦးအောင်မြတ်ကျော်တို့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လာရောက်တွေ့ဆုံပြီးနောက် တောင်းဆိုသူများကိုလည်း သက်ဆိုင်ရာမှ ရှာဖွေပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ထို့နောက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပျောက်ဆုံးနေသော ဦးအောင်သန်းဝေသည် ရဲစခန်းရှေ့တွင် ၄င်းသည် ဦးအောင်သန်းဝေဖြစ်ကြောင်း အမျိုးသားမှတ်ပုံတင် ပြ၍ လူအုပ်ကို ရှင်းပြခဲ့ကြောင်း သိရသည်။

"ည ၁၁ နာရီ ၄၅ လောက်မှာ ကျွန်တော်ရဲစခန်းရှေ့ရောက်သွားပါတယ်။ အဲ့ဒီအချိန်မှာ လူအုပ်ကြီးက ရဲစခန်းရှေ့မှာ ရှိနေပါတယ်။ ကျွန်တော် ဦးအောင်သန်းဝေ ဖြစ်ကြောင်း မှတ်ပုံတင်ပြပြီး လူအုပ်ကြီးကို ပြောပြခဲ့ပါတယ်။ ပြီးတော့ ကျွန်တော် ရဲစခန်းထဲမှာ ပြန်ဝင်သွားပါတယ်" ဟု ဦအောင်းသန်းဝေက ပြောပြခဲ့ပါသည်။ ထို့ကြောင့် တောင်းဆိုသူများမှ ဦးအောင်သန်းဝေကို ဖမ်းဆီးခေါ်ဆောင်သွားသူများကို ရှာဖွေ၍ စစ်ဆေးပေးရန် ရဲစခန်းရှေ့တွင် ဆက်လက် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ထို့နောက် ည၁၂ နာရီကျော် အချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် မိုးပေါ်ထောင်ပစ်၍ လူစုခွဲခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် မိုးပေါ်ထောင်ပြစ်ခတ်မှုကြောင့် တောင်းဆိုသူများက ရဲစခန်းသို့ ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု မျက်မြင်များက ဆိုပါသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များက ရဲစခန်းအတွင်းမှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင် နှင့် ဦအောင်သန်းဝေတို့ ရဲစခန်းထဲတွင် ရှိနေကြောင်း ဦးအောင်သန်းဝေ၏ ပြောကြားချက်အရ သိရသည်။

"သေနတ်နဲ့ပစ်လို့ ဒေါသထွက်နေတဲ့ လူအုပ်ကလည်း အော်ဟစ်ပြောဆိုကြ၊ ခဲနဲ့ပြန်ပစ်ကြတယ်။ ရဲတွေကလည်း ရဲစခန်းထဲကနေ ပြန်ပစ်တယ်။ ကျွန်တော်သိသလောက် ရဲစခန်းဝင်ပေါက်နေရာကနေ ခဲနဲ့ ပစ်တဲ့သူတွေ ထိကုန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေးသွားပါတယ်။ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံကို ပို့ကြပါတယ်။ မနက် ၃ နာရီလောက်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ ပစ်ပြီး လူစုခွဲတယ်။ မနက် ၄ နာရီ ၅ နာရီလောက်မှာ ဖြေးဖြေးချင်း လူစုကွဲသွားတယ်" ဟု ဖြစ်စဉ်အား မျက်မြင် တွေ့ရှိခဲ့သော စစ်တွေ မြို့ခံတစ်ဦးက ပြောပြပါသည်။

ထိုသို့ ပစ်ခတ်မှုများကြောင့် လူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရရှိသူများအား စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။

ဒဏ်ရာရရှိသူများစာရင်း

၁။ ကိုမောင်မြဟန် (၂၃ နှစ်) (ခြေသလုံးတွင် ဒဏ်ရာရရှိ)
၂။ ဦးမောင်ကျော်လှ (၄၃ နှစ်) (ဒူးတွင် ဒဏ်ရာရရှိ)
၃။ ကိုမျိုးအောင် (၂၉ နှစ်) (လက်မောင်း ဒဏ်ရာရရှိ)
၎။ ကိုခင်မောင်ကျော် (၂၈ နှစ်) (ပေါင် ဒဏ်ရာရရှိ)
၅။ ကိုနီထွန်း (၂၈ နှစ်) (ပေါင် ဒဏ်ရာရရှိ)
၆။ ကိုကျော်ရဲအေးနိုင် (၂၃ နှစ်) (ခြေဖနောင့် ဒဏ်ရာရရှိ)
၇။ အရှင်ဝဏ္ဏသာမိ (၁၁ နှစ်) (ခြေသလုံး ဒဏ်ရာရရှိ)
၈။ ကိုညီညီမောင် (၃၁ နှစ်) (ဘယ်ဖက်လက်မောင်း ဒဏ်ရာရရှိ)
၉။ ကိုအောင်ရှိန် (၂၉ နှစ်) (ယာဖက်ပါး ဒဏ်ရာရရှိ)
၁၀။ ကိုကျော်သူမင်း (၂၅ နှစ်) (ဘယ်ဖက်လက်မောင်း ဒဏ်ရာရှိ)
၁၁။ ဦးသန့်မောင်လှသိန်း (၄၈ နှစ်) (နားရွက် ဒဏ်ရာရရှိ)

Eleven media group

0 ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာသီဆိုခဲ့တဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရဲ့ မျက်ရည်မဲ့ သီချင်း

ဒီကနေ့ ရန်ကင်းစင်တာရှေ့ ပန်းရဲ့လမ်း ကွန်ယက်နဲ့ အတူ စစ်ဘေးငြိမ်းချမ်းရေး ရန်ပုံငွေ ရှာဖွေပွဲမှာ ဒီသီချင်းလေးကို ကိုမင်းကိုနိုင် တို့ အရှေ့မှာ ဂုဏ်ပြု ဖျော်ဖြေခဲ့ပါတယ်။ ပရိတ်သတ်ကလည်း အားပါးတရ အားပေးလက်ခုပ်တီးကြလို့ ကျနော် စိတ်အလွန်ကြည်နူးမိပါ...တယ်ခင်ဗျား

တီးခတ် စီစဉ်သူ ဂီတမှူး ကိုဝင်းကျော် ။ တေးရေးဆရာ ကိုသားဖေထင်။ တေးဆို ဗိုလ်ကြီးဟောင်း နေမျိုးဇင် အားလုံးလိုချင်သည်မှာ ငြိမ်းချမ်းရေး။ မျက်ရည်မဲ့သော အဖမဲ့ သားသမီးလေးတွေ နောက်ထပ် ပေါ်မလာစေဖို့ ပြည်တွင်းစစ်ကို ရပ်ကြဖို့ တိုက်တွန်းတောင်းဆိုသည့် သီချင်းလေးဖြစ်ပါသည်။



ဖခင်မဲ့သွားတဲ့ ကလေးလေးတွေဘ၀ ကိုယ်ချင်းစာတတ်ပါသလား ။ လမင်း လေး အလင်းပျောက်နေခိုက် အမှောင်မိုက်မှာ ငိုစရာမျက်ရည်မဲ့တဲ့ သားလေးတွေဘ၀၊ အမိမဲ့ အဖမဲ့ ဘာကြောင့်ဖြစ်ရတာလဲ။ ပြည်တွင်းစစ်မှာ စစ်ခင်းရင်း အသက်တွေ ပေးသွားခဲ့ရတဲ့ အဖေတွေ အတွက် သားသမီးလေးတွေ နေရာကနေ စာနာစိတ်နဲ့ ဒီသီချင်းလေးကို ဆိုမိပါတယ်။ မျက်ရည်မဲ့သော သားသမီးလေးတွေ ဘ၀ မဖြစ်စေချင်ရင် အဖေဖြစ်သူတွေ တိုင်းရင်းသားချင်း စစ်မခင်းပါနဲ့ တမြေတည်းသားချင်း မသတ်ဖြတ်ကြပါနဲ့။ ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါ။ ငြိမ်းချမ်းရေးကို အမြန်ဆံး တည်ဆောက်နိုင်ကြပါစေ။


" ဦးမင်းကိုနိုင် ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် ၊ STA မောင်နှများ နှင့်ကချင် စစ်ဘေးသင့်သားခြင်းများ အတွက် ဂီတဖျော်ဖြေပွဲတွင်

ဗိုလ်ကြီးဟောင်း နေမျိုးဇင်

1 ကချင်ဒေသ တစ်ကျော့ပြန်စစ်ဘေးသင့်..တစ်နှစ်ပြည့်ပြီ

ဇွန်လ ၉ ရက်နေ့၊ ၂၀၁၁ သည် ၁၇ နှစ်ကြာ ရပ်နားထားေ.သာ အပစ်အခတ်ရပ်စဲရေး သဘောတူမှု ပျက်ပြားပြီး မြန်မာ့သမိုင်းတွင် ရုပ်အဆိုးဆုံး စာမျက်နှာများကို စတင်ရေးသားခဲ့ကြသည်။ တနှစ်အတွင်း တိုက်ပွဲ အကြိမ်ပေါင်း ၂၀၀၀ နီးပါး တိုက်ခိုက်ခဲ့သည်။

စစ်ကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သည်။ လူပေါင်းများစွာ အသက်ဘေးအတွက် တိမ်းရှောင်ကာ ယာယီစစ်ပြေးစခန်းများတွင် မသေရုံတမယ် စားသောက်နေထိုင်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာ အသက်ရှင်နေထိုင်နေသည်။ အမျိုးသမီးများစွာ မုဒိန်းကျင့်ခံခဲ့ရသည်။ ကလေးငယ်ပေါင်းများစွာ ကျန်းမာရေးချို့တဲ့နေသည်။ ကျောင်းသားများစွာ စာသင်ခန်းပြင်ပရောက်နေသည်။ မြန်မာနိုင်ငံတခုလုံး ဆုံးရှုံးနစ်နာနေသည်။

ပြည်တွင်းစစ်ရပ်စဲရန် သင့်ကို အလိုရှိသည်။

သေဆုံးသူများ ကောင်းရာလားနိုင်ရန် ကျွန်ုပ်တို့နှင့်အတူ လာရောက်ဆုတောင်းရန်ဖိတ်ခေါ်ပါသည်။ အသက်ပေါင်းများစွာ ကယ်တင်နိုင်ရန် စစ်ကို ရပ်စဲပေးပါရန် သင့်ကို ဖိတ်ခေါ်ပါသည်။ ကလေးငယ်များစွာကို ကူညီနိုင်ရန် သင့်ကို တာဝန် ပေးအပ်ချင်ပါသည်။

ဖိတ်စာပါအတိုင်း ကျွန်ုပ်တို့အား လာရောက်အားဖြည့်ပေးပါရန် လူကြီးမင်းအား လေးစားစွာ ဖိတ်ကြားလိုပါသည်။

khon ja

Sunday, June 3, 2012

0 ဒါရိုက်တာဝိုင်း၏ လယ်သမားအရေး ရုပ်သံမှတ်တမ်းများဖျက်ဆီးခံရ

တောင်သူလယ်သမားများ၏ ဖြစ်ရပ်မှန် ဘ၀များကို ဇာတ်လမ်းတိုရိုက်ကူးနေသည့် ဒါရိုက်တာ ၀ိုင်း၏ အဖွဲ့မှ ကင်မရာသမား ကိုပိုက်နှင့် တောင်သူလယ်သမားများအရေး ဆောင်ရွက်သူ ဦးနေလင်းဦးနှင့် တို့အား ပြင်ဦးလွင်ရဲတပ်ဖွဲ့မှ ပြင်စာရဲစခန်းသို့ ဇွန်လ၁ရက်နေ့က ခေါ်ယူစစ်ဆေးခဲ့ကာ မှတ်တမ်းတင် ဗွီဒီယိုရုပ်သံမှတ်တမ်းများအား ဖျက်ဆီးခဲ့ကြောင်းသိရသည်။

ကင်မရာရိုက်ကူးသူကိုပိုက်မှ “မှတ်တမ်းရုပ်သံရိုက်ကူးထားတဲ့ ကင်မရာတွေအကုန်လုံး ကွန်ပျူတာဆိုင်ကို ယူသွားပြီး မှတ်တမ်းတွေအကုန်လုံးကို ဖျက်ပစ်တယ်။ ပြီးတော့ ရဲစခန်းမှာ (၃)နာရီကျော် ကြာ စစ်ဆေးခံရပြီး၊ ခံဝန်ကတိ ရေးထိုးခိုင်းတယ်။ ပြီးတော့ ၀တ္တရားနှောင့်ယှက်မှုနဲ့လည်း အရေးယူလို့ရတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်” ဟု EVB သို့ပြောပါသည်။

ရုပ်သံမှတ်တမ်းများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ ဒါရိုက်တာဝိုင်းမှ “ကိုယ်ရိုက်ကူးထားတဲ့ မှတ်တမ်းတစ်ခုကို ဘာအပြစ်မှမရှိဘဲနဲ့ ဖျက်ဆီးပစ်တာတော့ ရင်နာဘို့ကောင်းတယ်။ ခက်ခက်ခဲခဲရိုက်ကူးထားရတဲ့ ဗွီဒီယိုရုပ်ပုံမှတ်တမ်းတွေရဲ့ တန်ဖိုးဟာ ဘယ်လောက်ကြီးသလဲဆိုတာ သူတို့နားမလည်ပါဘူး”

“ကျွန်တော်တို့ အနေနဲ့ တောင်သူလယ်သမားတွေရဲ့ ဖြစ်ရပ်မှန်ဘ၀ကို ရိုက်ကူးမယ်ဆိုတာ မီဒီယာတွေ၊ ဂျာနယ်တွေ အားလုံးကလည်း ဖော်ပြပြီးသားပါ။ တိုင်းပြည်တစ်ခုလုံးကိုလည်း အတိအလင်းကြေငြာထားပြီးသားပါ။ ၀တ္တရား နှောင့်ယှက်မှုနဲ့ အရေးယူမယ်လို့ခြိမ်းခြောက်ပြီး အပြစ်မရှိဘဲနဲ့ ခံဝန်ထိုးခိုင်းတယ်ဆိုတာ ဥပဒေကိုTလက်တစ်လုံးခြားလုပ်နေတယ်လို့ မြင်ပါတယ်”။

အဆိုပါဖြစ်ရပ်နှင့်ပါတ်သက်၍ အတည်ပြုချက်ရယူရန် ပြင်စာရဲစခန်းသို့ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်း မရှိခဲ့ပါ။

လယ်ယာမြေသိမ်းဆည်းခံရသည့်တောင်သူလယ်သမားများအရေးကို လိုက်လံဆောင်ရွက် ပေးသည့် တောင်သူလယ်သမားကွန်ယက်မှ ဦးနေလင်းဦးက “ရဲစခန်းမှာ (၃)နာရီလောက်ကြာကြာ ခေါ်ယူစစ်ဆေးတာခံခဲ့ရတယ်။ ဘယ်သူလုပ်ခိုင်းလို့ လယ်သမားတွေ အတွက် လိုက်လုပ်နေတာလဲ၊ နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုပြီး စစ်ဆေးမေးမြန်းတယ်” ဟု ပြောဆိုသည်။

ပြင်ဦးလွင်မြို့တွင် ဂတ်စ်ပိုက်လိုင်း စီမံကိန်းစတင်ချိန်မှစ၍ လယ်ယာမြေသိမ်းခံရမှုများသည် တစ်ရှိန်ထိုး မြင့်တက်လာခဲ့၍ ရွေးကောက်ပွဲမတိုင်မီက ရက်ပိုင်းအလိုမှစတင်၍ လယ်ယာမြေများအသိမ်းခံရသည့် တောင်သူလယ်သမားများသည် ပူးပေါင်းစုစည်း၍ လယ်ယာမြေများပြန်လည်ရရှိရေး လှုပ်ရှားမှုများသည် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ဒေသဆိုင်ရာအာဏာပိုင်များသည် လက်ရှိ ရွာခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်လျှက်ရှိသော လယ်ယာမြေများသည် ပိုင်ရှင် ရှိနေသည့်အတွက် ၀င်ရောက်၍ လုပ်ကိုင်ခြင်းမပြုရန်၊ အဆိုပါကိစ္စရပ်ကို မတရားသည်ဟုဆိုကာ နိုင်ငံတော် အကြီးအကဲများကို တိုင်တန်းခြင်း၊ လူ(၅)ဦးထက်ပိုသော လူစုလူဝေးမပြုလုပ်ရန်နှင့် လယ်ယာမြေအသိပညာ ပေးပွဲများ မပြုလုပ်ရန်တားမြစ်ခဲ့ပြီး၊ ယင်းတားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက တရားဥပဒေ နှင့်ရင်ဆိုင်ရ၍ ထောင်ဒဏ်(၇)နှစ် ကျနိုင်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ရွာခံတောင်သူ လယ်သမားများက ဆိုသည်။

အာဏာပိုင်များ၏ခြိမ်းခြောက်တားမြစ်မှုများရှိခဲ့သည့်ကြားကပင် တောင်သူလယ်သမားကွန်ယက်တစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး ပထမဆုံးအကြိမ် လယ်ယာမြေဟောပြောပွဲနှင့် လယ်ယာမြေများပြန်လည်ရရှိရေး ပူးပေါင်းဆုတောင်းဝတ်ပြုပွဲတစ်ခုကို မေလအတွင်းက ပြုလုပ်နိုင်ခဲ့သည်။
Ethnic Voice of Burma (EVB)

4 ဂုဏ်ရှိန်တင့်တဲ့ တုနိုင်းမမီ ဒေါ်အောင်ဆန်းစုကြည်


အဲယားဖို့ဝမ်းလေယာဉ်လဲ စီးပြီးမလာခဲ့ဘူး
ဂုဏ်ပြု အမြောက်လဲ ၁၉ ချက် မဖောက်ခဲ့ဘူး
ဂုဏ်ပြုတပ်ဖွဲ့လဲ အလေးမပြုခဲ့ဘူး
ကောဇောနီခင်းပြီးတော့လဲ မကြိုဆိုခဲ့ဘူး.
အထူးဧည့်သည် ဝင်ထွက်ပေါက်လဲ မသုံးခဲ့ဘူး
အထူးဧည့်သည်ကားလဲ မစီးခဲ့ဘူး

ဒါပေမဲ့ သူမစီးခဲ့တဲ့ လေယာဉ်မှူးက
သူမကို အမြင့်မားဆုံး အနေအထားနဲ့ ဂုဏ်ပြုခဲ့တယ်
ကြွေးကြော်သံတွေနဲ့ လက်ခုပ်သံတွေက
အမြောက်ပစ်ဖောက်သံထက် ကျယ်လောင်ခဲ့တယ်
သူမကို ကြိုဆိုဂုဏ်ပြုသူတွေဟာ
ဂုဏ်ပြုတပ်ဖွဲ့ထက် ပိုညီညာခဲ့တယ်..
သူမလျှောက်လှမ်းတဲ့လမ်းတိုင်းမှာ
အားလုံးဟာ အပြုံးပန်းတွေပွင့်နေခဲ့တယ်
အထူးဧည့်သည် အခွင့်အရေးမသုံးပေမဲ့
အထူးဧည့်သည်ထက် ပိုမိုဂရုစိုက်မှုခံခဲ့ရတယ်

သူမတက်ရောက်တဲ့ စည်းဝေးပွဲမှာ
သူမဟာ ကြယ်တွေကြားက လမင်းတစ်စင်းဖြစ်နေခဲ့တယ်..
ပညာရဲ့ရင့်တဲ့ဂုဏ်တွေနဲ့ လူပုံအလည်မှာ ပွဲလယ်တင့်ခဲ့တယ်..
ပြည်တွင်းပြည်ပမီဒီယာတွေဟာ နိုင်ငံ့ခေါင်းဆောင်များ ထက်ပိုတဲ့
တင်ဆက်မှုတွေနဲ့ အထူးအလေးထား ထုတ်လွှင့်ခဲ့တယ်...
ရောင်စုံတဲ့ ပန်းခင်းအလယ်မှာ ဥဒေါင်းမိခင် တွန်သံကျူးလို့
မြန်မာကို ကမ္ဘာက သိအောင်ကြံဆောင်ခဲ့တယ်..

အဝေးရောက်သားသမီးတွေ အတွက်
သူမဟာ မိခင်ကောင်းတစ်ယောက် ပီသခဲ့တယ်...
အနှိမ်ခံနေခဲ့ရတဲ့ သားသမီးတွေ
အမေ့ရဲ့ ဂုဏ်အရှိန်အဝါ အရိပ်အောက်မှာခေါင်းမော့နိုင်ခဲ့တယ်...
လျှောက်လှမ်းတဲ့ လမ်းတိုင်းမှာ ပန်းများပွင့်လို့..နေကောင်းကျန်းမာပါစေ
သူမဆိုတဲ့....ကျွန်တော်တို့ မြန်မာပြည်ရဲ့ အမေ

(အမေ..ဒေါ်အောင်ဆန်းစုကြည်၏ ၂၄ နှစ်အတွင်း
ပထမဆုံးပြည်ပခရီး (Bangkok) အမှတ်တရ)
Zaw Myo Win

0 ထူးချွန်ကြသူ အမေရိကန်ရောက် မြန်မာကလေးများ

အိအိခင်ဦးအတွက် အမေရိကန်သမ္မတ အိုဘားမားရဲ့ ပညာရည်ချွန်ဆု...

အဌမတန်း( Northwood Middle School ) မှစတင်ပြီး (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆုရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊



အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ် ဖို့ ဝိန်းမြို့ North Side High School အထက်တန်းကျောင်းမှ ၂၀၁၂ ခုနှစ် ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် ပညာရည်ချွန်ဆုပေးပွဲ အခန်းအနားတွင် ဌာနေဖွား အမေရိကန် ကလေးငယ် များကို ကျော်ဖြတ်ပြီး မြန်မာကလေးငယ် အမြောက်အများ ထိပ်ဆုံးမှ ဘာသာရပ်မျိုးစုံတွင် အောင်မြင်စွာ ထူးချွန်ဆု ဆွတ်ခူး...နိုင်ခဲ့ကြပါတယ်။

ထိုအထဲတွင် အဌမတန်း( Northwood Middle School ) မှစတင်ပြီး ( North Side High School ) အထိ (၅)နှစ်ဆက်တိုက် နှစ်စဉ်အတန်းတိုင်းတွင် Top (10) ၀င်ခဲ့ပြီး Top (10) တိုင်းတွင်လည်း ပထမဆု ရရှိခဲ့သူ ဦးခင်ဦး၊ ဒေါ်စိုးမိုးဦးတို့ ၏သမီး မအိအိခင်ဦးက ယခုနှစ်အတွက်လည်း ပထမ၊ ချင်းတိုင်းရင်းသူ Esther Vel က (၄)နှစ်ဆက်တိုက် Top (10) ၀င်ခဲ့ပြီး ယခုနှစ်အတွက် ဒုတိယ ရရှိသွားခဲ့ကြောင်း ၀မ်းမြောက်ဝမ်းသာ ကြားသိခဲ့ရသမျှ မျှဝေလိုက်ပါတယ်။

Khin Maung Lay

0 သူရဲကောင်းတို့၏ ကိုယ်ရေးအကျဉ်း နှင့် အညတရသူရဲကောင်းဆု နောက်ဆုံးရအလှူရှင်စာရင်း

Anya Ta Ya Prize
မိတ်ဆွေများအားလုံးခင်ဗျာ

တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု ဂုဏ်ပြုချီးမြှင်နိုင်ရေးအတွက် အမျိုးသားရေးစိတ်ဓါတ်ဖြင့် ငွေကြေးလှူဒါန်း
ခဲ့ကြသော အလှူရှင်စာရင်း နှင့်အတူ
အညတရသူရဲကောင်းဆုရှင် (၅) ဦး၏ ပြည်တွင်းမှ ပေးပို့လာသော ကိုယ်ရေးအကျဉ်း လက်ရေးမူ(Jpeg) ဖိုင်များအား
ထပ်ဆင့်ဖြန့်ချီ ပေးပို့အပ်ပါသည်။ (ပူးတွဲပါဖိုင်များတွင် ကြည့်ရှူပါရန်)

ဆုရှင်ဖြစ်သော အောက်ပါပုဂ္ဂုလ် (၅) ဦးတွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် (ကန့်သတ်) ဖြင့် (၃) ဦးသာ ပြန်လည်
လွတ်မြောက်လာသေးပြီး ဒေါက်တာကျော်ကျော် နှင့် ကိုလက်ျာထွန်း တို့နှစ်ဦးမှာ ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ပါသည်။

* ဆရာတော် ဦးခေမာစာရ (ဓမ္မာစရိယ)
* ဒေါက်တာကျော်ကျော် (၁၉၉၀ NLD ရေတာရှည်မြို့နယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ်) (လက်ရှိ မြင်းခြံထောင်)
* ပူအန်ထော်နီကပ်ခန့်ခွာ (ဇိုမီးအမျိုးသားကွန်ဂရက်)
* ကိုလက်ျာထွန်း (ကျောင်းသား) (ထောင်ဒဏ်တသက်တကျွန်း၊ (1.12.1998) (လက်ရှိ သာယာဝတီထောင်)
* မလှလှမော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-အဖွဲ့ဝင်)

ဆုများအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးန့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ရုံးချုပ်) တွင် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား
NLD ပါတီ နာယကအဖွဲ့ဝင်များဖြစ်သော သူရဦးတင်ဦးနှင့် ဟံသာဝတီ ဦးဝင်းတင်တို့က ဦးဆောင်ကာ ပေးအပ်
ချီးမြှင့်သွားမည်ဖြစ်ပါသည်။

မိမိတို့ ကော်မတီအနေဖြင့်လည်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ်အား
ကျင်းပပြုလုပ်သွားနိုင်ရန် စီစဉ်လျှက်ရှိပါသည်။

အဆိုပါ သူရဲကောင်း (၅) ဦး၏ ဓတ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ နိုင်ငံရေးလှုပ်ရှားမှုမှတ်တမ်းများ နှင့်
အခြားသော မှတ်တမ်းမှတ်ရာများအား အများပြည်သူများ သိရှိနိုင်ရန် နှင့် အကြာမီအချိန်အတွင်း ဖြန့်ချီနိုင်ရန်အတွက် ကြိုးပမ်း စုဆောင်းလျှက်ရှိပါသည်။

အကယ်၍ သိရှိသူများရှိပါက နည်းလမ်းပေါင်းစုံဖြင့် ၀ိုင်းဝန်းဖော်ထုတ် တင်ပြပေးနိုင်ကြပါရန် တိုက်တွန်းနှိုး ဆော် ပန်ကြားအပ်ပါသည်။

စံပြုထိုက်သော စံပြနိုင်ငံသား ကျနော်တို့၏ သူရဲကောင်းများအား
ဝိုင်းဝန်းဖော်ထုတ် ဂုဏ်ပြုရင်း အမျိုးသားရေး တာဝန်များအား
အတူတူပူးပေါင်း ထမ်းဆောင်ကြပါစို့...

လေးစားစွာဖြင့်
မင်းထက်ဇော်

0 တောင်ကြီးမြို့နယ်တောင်နီစံပြကျေးရွာဈေးအားအဓ္ဓမပြောင်းရွှေ့ခိုင်းသဖြင့် စုပေါင်း၍ဆန္ဒပြ


ဆန္ဒပြဈေးသူ၊သားများအား ဓာတ်ပုံရိုက်နေသော မြို့နယ်စည်ပင်မှ ပြည်နယ်ရဲအဖွဲ့

တောင်ကြီးမြို့နယ်တောင်နီစံပြကျေးရွာတွင် ၂.၆.၂၀၁၂ မနက်၇နာရီမှစ၍ ကျေးရွာသူ၊သားများ။ ဈေးသူ၊သားများစုပေါင်း၍ ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ပါသည်။ ဆန္ဒစပြစဉ်လူအင်အား၂၀၀ ခန့် ပါဝင်ခဲ့ ပြီး နောက်ပိုင်းလူအင်အား ၅၀၀ ခန့်အထိရှိခဲ့ သည်။

ဖြစ်ပွားပုံမှာ...၁.၆.၂၀၁၂ နေ့ ညနေ၅နာရီ၄၀ခန့်အချိန်တွင် တောင်နီစံပြကျေးရွာဈေး တွင် ကျေးရွာဥက္ကဌ ဦးလှသော်နှင့် မြို့နယ်စည်ပင်မှပြည်နယ်ရဲအယောက်(၃၀)ခန့် ခေါ်ပြီးဈေးဆိုင်ခန်းများ အားလုံးပိတ်ပစ်ခဲ့ သည်။ထို့ နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်မှပုဒ်မ ၁၈၈ ထုတ်ပြန်ကာ ဈေးအားကန့်သတ်နယ်မြေအဖြစ်ဆိုင်းဘုတ်များချိတ်ဆွဲခဲ့ သည်။ ဈေးသစ်သို့ ပြောင်းရွေ့ရန် အဓ္ဓမအမိန့်ပေးစေခိုင်းခဲ့ သည်။

´ကျနော်တို့ကဈေးဟောင်းမှာပဲရောင်းချင်တာ၊မရွေချင်ဘူး။အခုတော့ဖောက်သယ်တွေလဲပျက်ကုန်တယ်။ဈေးပိတ်ထားတော့ကျနော်တိုတွေဘာလုပ်စားရမှာလဲဗျာ´ဟုဈေးသားတဦးဖြစ်သူကိုမောင်လှ(အမည်လွဲ)မှရင်ဖွင့်ပြောကြားခဲ့ ပါသည်။

`ကျမတို့ ဒီဈေးဟာဘိုးဘွားပိုင်ဈေးပါ။သူတို့(အာဏာပိုင်)ဈေးပြန်ဖွင့် မပေးမချင်းကျမတို့ ကတော့ ဆက်လက် ဆန္ဒဖော်ထုတ်သွားမှာပဲ။ဈေးသစ်ကဆိုင်ခန်းတွေကိုလဲကျမတို့မ၀ယ်နိင်ဘူး လေ။ဟု ရွှာသူတဦးမှပြောကြားခဲ့ သည်။

အမိန့်ကြော်ငြာစာအရဈေးပိတ်ထားပြီး ဈေးသားများဈေးဟောင်းတွင် မရောင်းရဟုဆိုသော်လည်း ဈေးပတ်ပတ်လည်တွင်စည်ပင်သာယာဈေးဆိုင်ခန်းများမှာမူဖွင့်လှစ်ရောင်းချခွင့် ရကြသည်။ ဈေးသူဈေးသားအချင်းချင်းတန်းတူညီမျှအခွင့်အရေးမရှိဖြစ်နေသည်မှာအထင်အရှားပင်ဖြစ်ပါသည်။

ပေးပို့ သူ....ဝေယံ(တောင်ကြီး)ဖုန်း08121373

1 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မဲလဒုက္ခသည်စခန်း ခရီးစဉ်(ရုပ်သံ၊ဓာတ်ပုံ)




Photo.AP, Getty images, Reuters
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ ထိုင်း-မြန်မာနယ်စပ် မယ်လ စစ်ဘေး ဒုက္ခသည်စခန်းကို သွားရောက်ရာမှာ လူထောင်ပေါင်း များစွာက သူတို့ရဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံတွေ ၀တ်ဆင်ပြီး အလံတွေ ဝှေ့ယမ်း ကြိုဆိုကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် က ပလပ်စတပ် ထိုင်ခုံပေါ် မတ်တပ်ရပ်ပြီး အသံချဲ့စက် မိုက်ကရိုဖုန်း မပါဘဲ သူ့ကို ကြိုဆိုနေကြတဲ့ လူအုပ်ကြီးကို နှုတ်ဆက်စကား ပြောကြားပါတယ်။

"နံပတ်တစ်က အရေးကြီးဆုံးပြောချင်တာက ဒီက လူတွေကို မေ့ပြီးတော့ မထားပါဘူးလို့။ အမေတို့အနေနဲ့ ဒီက ဒုက္ခသည်စခန်းမှာ ကျမ်းမာရေးအရ လိုအပ်တဲ့အရာတွေကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးဖို့ ကြိုးစားပါမယ်လို့။ အားလုံးကို မမေ့ထားပါဘူးလို့၊ ကြိုးစားပြီးတော့ လုပ်ပေးပါမယ်လို့။ အားလုံး အိမ်ပြန်လာနိုင်အောင် ကြိုးစားပါမယ်။ အရှေ့က လူတွေက အနောက်က လူတွေကို ပြောပြပေးပါ။ အားလုံး ကျမ်းမာချမ်းသာကြပါစေ။"

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိုက်ကရိုဖုန်း မရှိတဲ့အတွက် သူ့ကိုကြိုဆိုကြတဲ့ လူအုပ်ကြီးကို ကြာကြာစကား မပြောနိုင်ခဲ့ပေမဲ့ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေနဲ့ အချိန်ယူပြီး ဆွေးနွေးခဲ့ပါတယ်။

အခုလို ထိုင်း၊မြန်မာနယ်စပ် က စစ်ဘေးဒုက္ခသည်တွေကို ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံတာဟာ ဒါပထမ ဦးဆုံး အကြိမ်ဖြစ်ပါတယ်။

ကရင်တိုင်းရင်းသား အများဆုံး အပါအ၀င် စစ်ဘေး ဒုက္ခသည်ပေါင်း (၁) သိန်း (၄) သောင်းလောက်ဟာ နယ်စပ်တလျှောက် ဒုက္ခသည်စခန်း အသီးသီး နေထိုင်ကြတဲ့ အထဲမှာ အဲဒီ မဲလဒုက္ခသည် စခန်းဟာ အကြီးဆုံး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ မဲလဒုက္ခသည် စခန်းကနေ မနက် (၁၀) နာရီမှာ ပြန်လည် ထွက်ခွာလာပြီး မဲဆောက်မြို့ကို နေလည်(၁) နာရီလောက်မှာ ရောက်ရှိပါတယ်။ အဲဒီနောက် နေ့လည်(၂) နာရီ (၁၅) မိနစ်မှာ မဲဆောက် လေဆိပ်ခန်းမ အတွင်း သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး (၃) နာရီမှာ အထူးလေယာဉ်နဲ့ ဘန်ကောက်မြို့ကို ထွက်ခွာသွားပါတယ်။

ထိုင်းအစိုးရ ဟာ ...မြန်မာအစိုးရ နဲ့ဆက်ဆံရေးထိခိုက်မှာ စိုးရိမ်တဲ့အတွက်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ်မှာ အကန့်အသတ်တွေ ချမှတ်ခဲ့ကြောင်း နယူးယောက်တိုင်းသတင်းစာက ဖေါ်ပြ လိုက်ပါတယ်။

အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ မယ်လ စခန်းကို သွားရောက်ခွင့်ရဖို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တောင်းဆိုချက်ကို နောက်ဆုံးအချိန်မှာ ထိုင်းအစိုးရက ခွင့်ပြုလိုက်ပေမဲ့ လူထုဟောပြောပွဲလုပ်ခွင့်မပြုတဲ့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့လည်း တွေ့ခွင့်မပြုခဲ့ပါဘူး၊

နိုင်ငံတကာသတင်းထောက်တွေကိုလည်း သတင်းယူခွင့်ပိတ်ပင်ခဲ့တယ်လို့ နယူးယောက်တိုင်း က ရေးသားပါတယ်။

မယ်လ ဒုက္ခသည်စခန်းရှိရာ တပ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆပ် ဘန်တစ်ယာ က - ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဒုက္ခသည်စခန်း ခရီးစဉ် ကို နိုင်ငံခြားရေးဝန်ကြီးဌာနက သိပ်လူသိမခံဘဲ သိုသိုသိပ်သိပ် လုပ်ဖို့
ပြောထားပါတယ်၊ သတင်းထဲလည်းမပါစေချင်ပါဘူး၊ မြန်မာအစိုးရ နဲ့ ဆက်ဆံရေး ထိခိုက်မှာ စိုးရိမ်နေတယ် လို့ နယူးယောက်တိုင်း ကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ထိုင်း နိုင်ငံမှာရှိနေစဉ်အတွင်း သမ္မတ ဦးသိန်းစိန် ဟာ သူ့ရဲ့ ထိုင်း ခရီးစဉ်ကို နှစ်ကြိမ် တိုင်တိုင် ဖျက်သိမ်းခဲ့ပါတယ်။

(Rfa)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.