Wednesday, June 27, 2012

0 ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံသမ္မတFrançois Hollandeက ပြင်သစ်သမ္မတအိမ်တော် Elyseeနန်းတော်တွင်နိုင်ငံတော်အထူးဧည့်သည်အဖြစ်ကြိုဆို













နန်းတော်ကြီးရဲ့ ဧည့်ခန်းဆောင်ထဲမှာ။
photo..Gety images, afp,reuters

0 ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပါရီမြို့တော်သို့ ယနေ့ရောက်ရှိ



မနက်၁၁နာရီကျော်မှာ လန်ဒန်မြို့ က စိန့် ပန်ခရက်စ် နိုင်ငံတကာဘူတာကနေပြင်သစ်နိုင်ငံကို ထွက်ခွားသွားတယ်။ မီးရထားဘူတာမှာ သူ့ သားအငယ်ကင်နဲ့ ဗြိတိန်အစိုးရတာဝန်ရှိသူများ ကြိုဆိုနူတ်ဆက်ကြ တယ်။
photo - ကိုထိုက်

Photo...Reuters,Getty images

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ပြင်သစ်နိုင်ငံ ပါရီမြို့တော်ရှိ Gare du Nord ဘူတာသို့ ဒေသစံတော်ချိန် ယနေ့မွန်းလွဲသုံးနာရီ၊ မြန်မာစံတော်ချိန် ညနေရှစ်နာရီခွဲတွင် Euro Star အမြန်ရထားဖြင့် ရောက်ရှိလာပါတယ်..

နောက်နေ့မှာ ပြင်သစ်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာမိသားစုများနှင့် ပါရီမြို့တော်ခန်းမတွင် တွေ့ဆုံရန်ရှိပြီး ညနေပိုင်းတွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်..

Tuesday, June 26, 2012

0 ဘုန်းတော်ကြီးသင်ကျောင်းရန်ပုံငွေ ဖယ်ရီကားကို ထန်းတပင်ကြံ့ဖွံ့အမတ်၏ ညီမနှင့်အပေါင်းအပါများမှ ဝိုင်းရိုက်

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ပရဟိတစာသင်ကျောင်း ရန်ပုံငွေအတွက် ဒိုင်နာကားတစီးကို စက်ရုံကြိုပို့ယာဉ်အဖြစ် ပြေးဆွဲရာတွင် ထိန်နှစ်ပင်ကျေးရွာအနီးရှိ ဦးကြည်သန်း+ ဒေါ်အေးမြင့် အရက်ဆိုင်မှ လူတစုက ဆိုင်ရှေ့တွင် ကားကိုတား၍ ဝိုင်းဝန်းရိုက်နှက်ခဲ့မှုတခု ဇွန်လ ၂၂ ရက်နေ့ ည ၉း၀၀ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပါသည်။

ဖယ်ရီကားမှာ ၁၄ ပေ ဒိုင်နာဖြစ်ပြီး ရွှေပြည်သာစက်မှုဇုန်(၃)ရှိ UIBအထည်ချုပ်စက်ရုံမှစက်မှုအလုပ်သမား များအတွက် ကြို/ပို့ ဖယ်ရီ မောင်းနှင်ပေးနေသောကားဖြစ်ပါသည်။ အခင်းဖြစ်ပွားချိန်တွင် ကားပေါ်မှာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် အဖော် အဖြစ် မှော်ဘီ နည်းပညာ တက္ကသိုလ်မှ ကျောင်းသားတဦး လိုက်ပါလာပြီး ၎င်းတို့မှာ ပရဟိတကျောင်းမှ မွေးစားထားသူများဖြစ်ပါသည်။

အဆိုပါရိုက်နှက်ခံရမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူမှာ ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ကျန်သူနှစ်ဦးမှာလဲ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါသည်။

" ဖယ်ရီကားက စက်ရုံအလုပ်သမားတွေကို အပြန်လိုက်ပို့တဲ့အခါမှာ အဲ့ဒီ အရက်ဆိုင်ရှေ့မှာ လူတစုနဲ့ စကားအခြေအတင်များကြပြီး ရွာသစ်ရွာဘက် အလုပ်သမားတွေကို သွားပို့ပြီးအပြန်မှာတော့ ကားလမ်းမ အလယ်မှာ အုတ်နီခဲတွေ ပုံ ဝါးလုံးတန်း တားထားပြီး ကားကို တားလို့ ကားရပ်ပေးလိုက်တော့ ကားလမ်းမ ဘေးက လူ ၃ယောက်က ကားပေါ်တက်ရိုက်ပါတယ်။ ဆိုင်ရှင် အမျိုးသမီး ဒေါ်အေးမြင့်ကပါ ဘေးက ရပ်နေတဲ့သူကိုပါ တွန်းလွှတ်ပြီး ဝင်ရိုက်ခိုင်းပါတယ်။ ကားစပယ်ယာက သွေးအလူးလူးနဲ့ လဲကျသွားတော့မှ အဲ့ဆိုင်ရှင်အမျိုးသမီးက ဝါးလုံးတန်းကို ဖယ်ပေးပြီး မောင်းခိုင်းပါတယ်။ ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းတော့လဲ ဝိုင်းကြည့်နေကြပြီး ဝင်ကူညီပေးတာမျိုး မရှိပါဘူး။" ဟု အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဇေယျာနန္ဒက ဖြစ်စဉ်ကို ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

ရိုက်နှက်မှုဖြစ်ပွားသည့် ညမှာပဲ ထန်းတပင်ရဲစခန်းသို့ အမှုဖွင့် အကြောင်းကြားခဲ့ပေမယ့် ဝိုင်းရိုက်ခဲ့သူ ၃ ဦးကိုသာ သာမန် ပြဿနာဖြစ်မှုနှင့် အမှုဖွင့်ပေးထားပြီး ဆိုင်ရှင် ဒေါ်အေးမြင့်နှင့် နောက်တယောက် အမည်ကို ဖုံးကွယ်ထားပါသည်။ ထန်းတပင် စခန်းမှူး၊ နယ်ထိန်းရဲနှင့် အမှုလိုက်ရဲ ဇော်မင်းဦးတို့က အမှုဖြစ်ပွားသည့် အရက်ဆိုင် မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းရီ၏ ညီမဖြစ်သူ ဒေါ်အေးမြင့် ရောင်းချသည့် အရက်ဆိုင် ဖြစ်သော ကြောင့် အမှုကို ဖုံးဖိပေးထားခြင်း ဖြစ်နိုင်သည်ဟု သုံးသပ်နေကြပါသည်။

"ဘုန်းဘုန်းတို့ လှိုင်သာယာနဲ့ ထန်းတပင် သွားတဲ့ ကားလမ်းပေါ်မှာ ညဘက်လုယက်မှုက တော်တော်လေး များလာပါတယ်။ ဟိုတလောကလဲ လူသတ်ပြီး ဆိုင်ကယ်လုသွားတာ ဖြစ်သေးတယ်။ ဆိုင်ကယ်ကိုတော့ ပြန်ရပြီး တရားခံ ကို အခုထိ ဖမ်းမမိသေးပါဘူး။ ဒိုင်နာသမားတွေလဲ ခဏခဏ အရိုက်ခံရတယ်။ ရိုက်တဲ့လူတွေကလဲ သိန်းရီ အမျိုးဟေ့ ဘယ်သူ့မှ ဂရုမစိုက်ဘူျးဆိုတော့ အာဏာပိုင်တွေကလဲ ဘာမှမလုပ်ပဲ ကြည့်နေသလိုဖြစ်နေတယ်။ အခု ဘုန်းဘုန်းကလေးတွေ အရိုက်နှက်ခံရတဲ့အမှုမှာလဲ အမှုမှန်ပေါ်ပေါက်အောင် ဖြေရှင်းပေးတာမျိုးမရှိပဲ ဦးသိန်းရီရဲ့ ညီမဖြစ်တာကြောင့် ကာကွယ်ပေးနေတာမျိုးဖြစ်နေပါတယ်။ ဘုန်းဘုန်းသဘောကတော့ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း သွားလာနေရပြီး တရားဥပဒေ စိုးမိုးစေချင်ပါတယ်။ တရားဥပဒေထက်မှာ မည်သူမှ မရှိစေရဆိုတာမျိုးလို့ ဖြစ်စေချင်ပါတယ်။” လို့ ဆရာတော်က ပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ စာသင်ကျောင်းသည် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ရှိပြီး မူလတန်းသင်ပညာရေးမှ တက္ကသိုလ်ပညာရေးအထိ ထောက်ပံ့ပေးနေသည့် ကျောင်းတကျောင်းဖြစ်ပါသည်။
Burma VJ Media Network

0 ၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ်အခမ်းအနားအတွက်ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီဒီဇိုင်း

၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ် အခမ်းအနား တွက်
ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီ။(နောက်ဘက်)

၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ် အခမ်းအနား တွက်
ဗကသများအဖွဲ့ ချုပ်မှ ထုတ်သော အမှတ်တရ အင်္ကျီ။(ရှေ့ဘက်)

ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေးအတွက်
ရွှေည၀ါဆရာတော်အရှင်ပညာသီဟ လက်မှတ်ရေးထိုး ဆန္ဒပြုနေစဉ်။
၇ ဂျူလိုင် နှစ်(၅၀)ပြည့် အောက်မေ့ ဖွယ်အခမ်းအနားကျင်းပရေးအတွက် ဗကသ များအဖွဲ့ ချုပ်မှ ရွှေည၀ါဆရာတော်အရှင်ပညာသီဟ ထံမှ အလှူခံနေ စဉ်။

ဆက်သွယ်မှာယူလိုသူများသည် abfsucoc2012@gmail.com နှင့်ဗကသများအဖွဲ့ချုပ်(ဗဟိုလုပ်ငန်းကော်မတီ) ၀င်များ ဧ။် ဖုန်းနံပါတ်များကို ဆက်သွယ်မှာယူနိုင်ပါသည်။ရောင်းဈေး ၂၀၀၀ကျပ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်-Abfsu Cwc

0 မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လန်ဒန်မြို့ သာသနာ့ရံသီဝိဟာရ ကျောင်းရှိ သံဃာတော်များအား ယနေ့သွားရောက် ဂါရဝပြု(၂၅.၆.၂၀၁၂)





Photo.. ခွန်ဒီးယမ် Facebook

Monday, June 25, 2012

0 မြန်မာပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှ မှတ်သားစရာမိန့်ခွန်းများနှင့်ပတ်သတ်၍ သူတို့၏အမြင်များ


ပါဝင်ဆွေးနွေးသူများ..ဒေါက်တာဝင်းနိုင် NLD-LA(UK), ဦးမင်းလွင်ဦး၊ဦးညွန့်သန်း
Rfa မှ ကောက်နုတ်ဖော်ပြလိုက်ပါသည်..

1 ယူကေ နိုင်ငံရောက် သံဃာတော်များ နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သို့ ၀န်ချတောင်းပန်ခြင်း..


ကျွန်တော် လူရွှင်တော်ဇာဂနာနှင့် လူရွင်တော်ထိန်ထိန် တို့သည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ယူကေနိုင်ငံခရီးစဉ် အတွင်း ဇွန်လ ၂၂ရက် Royal Festival Hall တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယူကေနိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် အခမ်းအနားမှူးများ အဖြစ်ဆောင်ရွက်ရန် တွေ့ဆုံပွဲဖြစ်မြောက်ရေး ကော်မတီမှ တာဝန်ပေးချက်အရ ဆောင်ရွက်ခဲ့ကြပါသည်။

ထိုနေ့ အခမ်းအနား အစီအစဉ်ကျင်းပနေစဉ် ကျွန်တော်တို့ မျော်လင့်မထားမိသော စင်မြင့် အခြေအနေ အစီအစဉ်အတွင်း အချိန်ကိုက်စီစဉ်ထားမှုထဲမှ လွဲချော်မှုများကြောင့် ထိုနေ့ အခမ်းအနား အစီအစဉ်တွင် ကြိုတင်စီစဉ်ထားသည့် အရေးအကြီးဆုံး အစီအစဉ် တခုဖြစ်သည့် ယူကေနိုင်ငံတွင် သီတင်းသုံးနေကြသော ရဟန်းတော်များမှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အန္တရာယ် ကင်းရှင်းကာ နိုင်ငံအကျိုးကို ဆထက်တပိုး သည်ပိုး ထမ်းဆောင်အောင်မြင်ပါမည့် အကြောင်း ဆုမွန်ကောင်းများ ပို့သမည့်အပြင် လန်ဒန်မြို့ သာသနာရံသီ ဆရာတော်ဦးဥတ္တရမှ ယူကေနိုင်ငံရောက် မိသားစုအားလုံး၏ကိုယ်စား ကြိုဆိုနှုတ်ဆက်စကား ပြောကြားမည့် အစီအစဉ်ကို ထည့်သွင်းကြေညာရန် ပျက်ကွက်ခဲ့ပါသည်။

ထိုသို့ပျက်ကွက်ခဲ့သည့် ကိစ္စအတွက် ဘာသာရေးရှူဒေါင့်မှ လည်းကောင်း၊ နိုင်ငံရေးရှုဒေါင့်မှ လည်းကောင်း မတင့်မတယ် ဖြစ်ခဲ့ရခြင်းအပေါ်တွင် လည်းကောင်း သံဃာတော်များနှင့် ဒကာ၊ ဒကာမများ စိတ်နှလုံး မချမ်းမမြေ့ ဖြစ်ခဲ့ရခြင်း အပေါ်တွင်လည်းကောင်း ခွင့်လွတ်ပေးပါရန် ရိုသေစွာဖြင့် ၀န်ချ တောင်းပန်အပ်ပါသည် ဘုရား။

ထို့အပြင် ကျွန်တော်တို့အား အနုပညာဖျော်ဖြေတင်ဆက်မှုနှင့် အစီအစဉ်တရပ်လုံး ချောမွေ့ အောင် ဆောင်ရွက်ရေးအတွက် ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ခဲ့သည့် ဖြစ်မြောက်ရေး ကော်မီတီဝင်များ ဖြစ်သော ဆရာတော်ဦးဥတ္တရ၊ ဒေါက်တာဝင်းနိုင် NLD-LA(UK) ကိုအောင် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုခွန်စိုင်း (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုမောင်မောင်အောင် (၁၉၉၀ပန်းပဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်) ကိုဇော်ဇော်အောင် (နိုင်ငံရေးအကျဉ်းသားဟောင်း) ကိုအောင်ကြီး (နိုင်ငံရေးအကျဉ်းသားဟောင်း) တို့အားလည်းကောင်း Prosept Burma ပညာရေးရံပုံငွေ အဖွဲ့အားလည်းကောင်း မိမိတို့၏ ချွတ်ချော်တိမ်းပါးမှုကြောင့် ပါဝင်ဆောင်ရွက်ခဲ့သူများ စိတ်မသက်မသာ ဖြစ်ခဲ့ရခြင်းအပေါ်တွင် အနူးအညွတ် တောင်းပန်အပ်ပါသည်ခင်ဗျား။

လူရွှင်တော်ဇာဂနာ၊ လူရွှင်တော်ထိန်ထိန်

(၂၄.၀၆.၂၀၁၂)

http://www.facebook.com/photo.php?fbid=125172794289396&set=a.125172567622752.21809.100003900290407&type=3&theater

0 ဒီလှိုင်း စာစောင် အတွဲ(၁) ၊ အမှတ် (၂၂)





dwave

Sunday, June 24, 2012

1 ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် Generation Wave (မျိုးဆက်သစ် လူငယ်များ) တွေ့ဆုံ




ပြည်ထောင်စုဖွားညီအကိုမောင်နှမများခင်ဗျား

ယနေ့ ၂၄ရက် ဇွန်လ ၂၀၁၂ တနင်္ဂနွေနေ့တွင် Generation Wave (မျိုးဆက်သစ် လူငယ်များ) မှခေါင်းဆောင်များနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့ ငြိမ်းချမ်းရေးကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့သည့် ဓါတ်ပုံများကိုမျှဝေလိုက်ပါသည်။ သိရှိလိုသည့်အချက်များရှိပါက
ကိုမင်းရန်နိုင် ၀၉ ၅၁၅၅၃၉
ကိုဘိုဘို ၀၉ ၄၂၁၀၈၇၉၉၂
ကိုမိုဃ်းသွေး ၀၉ ၄၂၁၀၈၇၉၉၃
မဘုတ်ဘုတ် ၀၉ ၄၃၁၁၈၉၇၇
ဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အဖွဲ့လိုက်ဓါတ်ပုံတွင်ပါဝင်သူများ၊
ဦးလှမောင်ရွှေ၊ ဘုတ်ဘုတ်၊ မိုဃ်းသွေး၊ ဦးအောင်မင်း၊ မင်းရန်နိုင်၊ ဘိုဘို၊ ဦးတင်မောင်သန်း

လေးစားစွာဖြင့်
မိုဃ်းသွေး
Dear all

We,Generation Wave met with Minister U Aung Min (Member of Peace Process Working Committee)
today, June 24, 2012 Sunday. We discussed about ongoing Peace Process. If you have further more questions,
please contact us with following phone numbers.

In Group Photo: Left to right,
U Hla Maung Shwe, Bote Bote,Moe Thway, U Aung Min, Min Yan Naing, Bo Bo, U Tin Maung Than.

0 Fly Fly Up To The Sky -လူထုစိန်ဝင်း (၁၉၄၀-၂၀၁၂)

3 ရခိုင်ကျောင်းဆရာ အသက်လုထွက်ပြေးခဲ့ရသူ ဦးထွန်းမင်းလတ် ၏ ကိုယ်တွေ့ပြောကြားချက်။





Interview with the people who escaped from the attack of Bengali Muslim Terrorists at MaungDaw - Broke out on 8-6-2012

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.