Tuesday, August 14, 2012

1 ရေဘေးဒုက္ခသည်များအား NLD ပါတီက ဆန် လှူဒါန်း၊ “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”ဟု ပြည်သူများက ဆုတောင်းပေး

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ.. ဆိုပြီးစ ဆုတောင်းပေးတာက ဒီအမေကြီးပါ။
နောက်တော့ ဘေးအိမ်ကသူတွေကလည်း ၀ိုင်းဆုတောင်းပေးကြပါတယ်။



လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံနေသောရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်၁၅ရပ်ကွက်ရှိ ရေဘေးဒုက္ခသည်မိသားစုများထံသို့ သြဂုတ် ၁၃ ရက်က ရွေပြည်သာမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များက ဆန်နှင့် အခြားစားသောက်ကုန်များ လှူဒါန်းကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ် အမှတ် ၁၂ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက လာရောက်လှူဒါန်းခြင်းဖြစ်ပြီး အိမ်တစ်အိမ်လျှင် ဆန် လေးပြည်နှုန်းဖြင့် ရေဘေးသင့်အိမ်ခြေ ၈၀ ကျော်အား အိမ်တိုင်ရာရောက် လှူဒါန်းခဲ့ကြသည်။ ယခင်အပါတ်များကလည်း လှိုင်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များက အခြားရပ်ကွက်ရှိ ရေဘေးဒုက္ခသည် မိသားစုများအား ယခုကဲ့သို့ ဆန်လှူဒါန်းခဲ့ပြီး ပါတီဝင်များအနေဖြင့် အခြားသော နေရာများသို့လည်း ဆက်လက်လှူဒါန်းဦးမည်ဖြစ်ကြောင်း သိရသည်။

“ပထမ ဒီရပ်ကွက်ကို လာလေ့လာပါတယ်။ နောက်ပြီးတော့ အမှန်တကယ် ဒုက္ခရောက်နေတဲ့သူတွေကို ကိုယ်တိုင်ကိုယ်ကျ လှူမယ်ဆိုပြီးတော့ ၁၂ရပ်ကွက် ပါတီဝင်တွေ အစည်းအဝေးထိုင်ပြီး အိမ်ခြေစာရင်းနဲ့ သေချာလေ့လာပြီးတော့မှ လာလှူတာပါ။ ပထမတော့ ပါတီဝင်တွေပဲ စုပြီးတော့ လှူတာပေါ့နော်။ နောက်တော့ ဘေးက ကြားတဲ့သူတွေကလည်း သူ့ဘာသာလာလှူတာတွေလည်းရှိပါတယ်။”ဟု ရွှေပြည်သာမြို့နယ် ၁၂ ရပ်ကွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးရုံးတာဝန်ခံ ဦးစိုးလွင်က ပြောသည်။

အဆိုပါရပ်ကွက်အတွင်းတွင် ရေကြီးရေလျှံနေမှုကြောင့် သက်ကြီးရွယ်အိုများမှာ ရပ်ကွက်အနီးရှိ ဆိုင်များသို့ သွားရောက်ရန်ပင် ခက်ခဲနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆန် လာရောက်လှူဒါန်းခြင်းအတွက် ၀မ်းသာကျေးဇူးတင်ကာ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ ဟုဆုတောင်းပေးကြသည်။

ကိုရဲ

0 အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် MJA သတင်းထုတ်ပြန်

၂၀၁၂ သြဂုတ်လ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြေညာစာအမှတ်(၆၁/၂၀၁၂)ဖြင့် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမြုတေ စာနယ်ဇင်းကောင်စီဖွဲ့စည်းမှုအပေါ် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ သြဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ချက် အမှတ် (၁/၂၀၁၂) ကို ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းထုတ်ပြန်ချက်များမှာ အမြုတေစာနယ်ဇင်းကောက်စီဖွဲ့စည်းရာတွင် ထုတ်ပြန်ခဲ့သည့်အချက်များထဲမှ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း(MJA)မှ လက်မခံနိုင်သည့် ပြောင်းလဲရန်နှင့် ပြောင်းလဲခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) ကိုယ်စားပြုသော ကိုယ်စားလှယ်များမှ အမြုတေစာနယ်ဇင်းကောင်စီတွင် ပါဝင်တော့မည်မပာုတ်ကြောင်း သြဂုတ်လ ၁၁ ရက်နေ့၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်းနိုင်ငံလုံးဆိုင်ရာ ညီလာခံတွင်အတည်ပြုခဲ့ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်း၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(MJA)မှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးဝန်ကြီးအပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့သည် သြဂုတ်လ၁၂ရက်နေ့တွင်ရန်ကုန်မြို့၊သိမ်ဖြူလမ်းရှိဗပိာုပုံနှိပ်တိုက်ခန်းမတွင် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)မှ ကြေညာချက်ပါ ဖော်ပြထားသည့် စာသားများကို ပြင်ဆင်ပယ်ဖြုတ်ပေးရန် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေတွင် အမြုတေစာနယ်ဇင်းကောင်စီတွင် အခြားအမျိုးအစားများက များနေပြီး အဓိကကျသည့် သတင်းစာဆရာအရေ အတွက် နည်းပါးခြင်းများ၊ စာနယ်ဇင်းကျင့်ဝတ်ရေးဆွဲရန် တာဝန်ရှိသည့်အဖွဲ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ဖြစ်နိုင်သူ (သို့) ဖြစ်နိုင်သူများ မပါဝင်သင့်ကြောင်း တင်ပြခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှလည်း လက်ရှိအမြုတေကောင်စီ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားပြီး MJA နှင့် ဆွေးနွေးမှုပြီးပြတ်သည်အထိ စောင့်ဆိုင်းမည်ပာု ပြန်လည်ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ စောင့်ဆိုင်းစဉ်အချိန်ကာလနှင့် အမြုတေစာနယ်ဇင်းကောင်စီလုပ်ငန်း လည်ပတ်ချိန်ကာလအထိ စာပေစိစစ်မှုများကို ဆက်လက် ထားရှိဦးမည်ဖြစ်ပြီး အမြုတေကောင်စီနှင့်ပတ်သက်၍ နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်မည်ဆိုပါက MJA အား ကြိုတင်အသိပေးရန် တောင်း ဆိုခဲ့ကြောင်း သိရသည်။

Yangonchronicle

0 ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်

ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့ စီးပွားရေးလုပ်ငန်း များ၊ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့် တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံပေးပို့ရမယ်လို့ နိုင်ငံတော် သမ္မတရုံးမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ် အသီးသီးထံ ညွှန်ကြားထားကြောင်း သိရပါတယ်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ ပြည်တော်စက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် မီဒီယာတွေ့ဆုံ ပွဲ၌စက်မှုဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ““ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊သိပ်တိကျရင် မနက် ဖြန်ကျွန်တော်အရေးယူမယ်။ ကျွန်တော့်ကိုလာဘ်ပေးရတယ် ဆိုရင်လည်းကျွန်တော့်ကိုယ်ကျွန်တော် အရေးယူမယ်။မီဒီယာတွေအနေနဲ့ ကျွန်တော်တို့ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။အာပေး ကြပါမှားနေတယ်ဆိုရင်လည်းတည့် မတ်ပေးကြပါ။ဒါပေမမဲ့ ကျွန်တော် တို့လာဘ်စားနေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ကျွန်တော် လာဘ်ယူရင် ကျွန်တော်ထွက်ပါ မယ်။ဒီလိုပဲ ကျွန်တော့်မိတ်ဆွေ ၀န်ကြီးတွေ၊ကျွန်တော့အဖွဲ့သား တွေလာဘ်ယူရင်လည်းအရေးယူဖို့ အတွက် နိုင်ငံတော်သမ္မတကြီးကို တင်ပြသွားမှာပါ။”ဟု ရဲရဲဝံ့ဝံ့ပြော ကြားသွာသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးဦစိုးသိန်းကကျွန်တော့်ရဲ့ပိုင်ဆိုင်မှုတွေကိုအချိန်မရွေးပေး နိုင်ကြောင်းနှင့် ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၊၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့ကလည်းမိမိတိုလာဘ်စားမိပါကမိမိတို့ကိုယ်တိုင်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်သူ လူထုက အလွန်သဘောကျနှစ် ခြိုက်ခဲ့ကြောင်းလည်းသိရသည်။
Hot news သတင်းဂျာနယ်

0 ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ၆၂ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော၈၈မျိုးဆက်ကျောင်းသားများ

၁၂.၈.၂၀၁၂ ရက်နေ့တွင်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင် ကျင်းပသော ၆၂ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အာဇာနည်နေ့ အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဦးစောသမိန်ထော၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ဦးစောမောထူး၊ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် တက်ရောက်လာသော ဧည့်သည်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင် ကျင်းပပြုလုပ်သော ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ၆၂ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး တို့ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ။
၁၂၊၈၊၁၉၅၀ ရက်နေ့တွင်ကျဆုံးသွားသော ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး၏ အာဇာနည်နေ့ အခမ်းအနား။
၁၂.၈.၂၀၁၂ ရက်နေ့တွင်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင် ကျင်းပသော ၆၂ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အာဇာနည်နေ့ အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် မိန့်ခွန်းပြောကြားစဉ်။
၁၂.၈.၂၀၁၂ ရက်နေ့တွင်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင် ကျင်းပသော ၆၂ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အာဇာနည်နေ့ အခမ်းအနားတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး မိန့်ခွန်းပြောကြားစဉ်။

88 Generation Students
၁၂.၈.၂၀၁၂ ရက်နေ့တွင်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင် ကျင်းပသော ၆၂ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အာဇာနည်နေ့ အခမ်းအနားတွင် ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဦးစောသမိန်ထောကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်မှ အင်္ကျီ နှင့် ၈၈မျိုးဆက်ကျောင်းသားများ တံဆိပ်ကို အမှတ်တရ ပေးအပ်စဉ်။

၁၂.၈.၂၀၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင်ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဦးစောသမိန်ထောနှင့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူတို့ တွေ.ဆုံဆွေးနွေးကြစဉ်။
၁၂.၈.၂၀၁၂ ရက်နေ့တွင်ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် သုံးဆယ့်သုံးဆူရွာတွင် ကျင်းပသော ၆၂ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက်လာသော ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုမြအေး၊ ကိုအောင်သူတို့ ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများ၊

Photo..88 generation studients

0 လက်နက်မဲ့  လွှတ်တော်ကိုယ်စားလှယ်နဲ့  အစိုးရကြားထဲမှာ


ဦးသိန်းစိန် ဆောင်ရွက်ချက်ရပ်တည်ချက်အလုံးစုံမှန်ကန်ကြောင်း(√)အမှန်ခြစ်ကာ ထောက်ခံထားခြင်းဖြစ်ပြီး၊ ကျောဘက်ပေါ်မှာ UN-အလံ နောက်ခံနှင့် ကင်တားနားဓာတ်ပုံဖြစ်ပြီး ရခိုင်အရေးနဲ့ ပတ်သက်သမျှ UN-နှင့် ကင်တားနားကို ကန့်ကွက်အမှတ်အသား- ထောင့်ဖျက်မျဉ်း ရေးဆွဲထားသောအင်္ကျီ(Photo-burma vj)

သမ္မတဦးသိန်းစိန်စကားကို ပြည်သူတွေ ထောက်ခံကြသည် ။ ထို့ ကြောင့် နိုင်ငံတော်အလံကို အိမ်တိုင်းမြို့ တိုင်း ထောင်ခဲ့ ကြသည် ။ ရန်ကုန်မြို့ တွင် ထောက်ခံကြောင်း ဆန္ဒပြထောက်ခံပွဲ လုပ်ခဲ့ ကြသည် ။ သူတို့ ကို ဖမ်းဆီးပြီး ရုံးတင် တရားစွဲဆိုခံရသည် ။ အာမခံနှင့် နေရသော သူတို့ မှာ ယခုအပြင်မှာ နေရသော်လည်း အမြင်ကပ်ပုဒ်မ တပ်ခံရလျှင် အဖမ်းဆီးခံရနိုင်သည် ။ သမ္မတဦးသိန်းစိန်၏ စကားကို ထောက်ခံကြောင်း တင်ပြသောကြောင့် ဖမ်းဆီးခံရမည့်ကိန်း ဆိုက်နေသည် ။ ကျွန်တော်စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရပါသည် ။ မေတ္တာရပ်ခံပါသည် ။ သူတို့  အား တရားစွဲဆိုထားခြင်းနှင့် အာမခံဖြင့် နေထိုင်ရခြင်းကို ကွင်းလုံးကျွတ်လွှတ်ပေးစေလိုသည် ။

သမ္မတဦးသိန်စိန်၏ တိုက်တွန်းချက်အရ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် တွေ့ ဆုံနေခြင်း ၊ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့  တွေ့ ဆုံနေခြင်းတို့ မှာ ရခိုင်ပြည်နယ်မှ အကြောင်းအရာများဖြစ်သည်ဟု ကြားသိရသည် ။ ထူးခြားသည်မှာ ရခိုင်လူမျိုးတွေကို ရခိုင်လူမျိုးတွေက ပြောဆိုမှ နားဝင်လက်ခံမည်ဆိုပြီး ပြောလွှတ်လိုက်၍ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ယခုဆိုလျှင် ရခိုင်ပြည်နယ်မှာ လူထုနှင့် တွေ့ ဆုံနေကြခြင်းဖြစ်သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒေါက်တာမြတ်ညာဏစိုး၏ လူမျိုးခြားများက စိမ့်ဝင်လာခြင်းကြောင့် ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်လာသော ပြသနာကို ဖြေရှင်းနိုင်ရန် လွှတ်တော်မှာ ဆွေးနွေးသင့်သည်ဟု တင်ပြသည်ကို ကြံ့ ခိုင်ရေးနှင့် ဖွဲ့ ဖြိုးရေးပါတီက လက်မခံဘဲ ပယ်ချသည်ကိုလည်း ကြားရသည် ။ မဆွေးနွေးဖြစ်သေးလျှင် တချိန်ချိန်၌ ဆွေးနွေးရန် မှတ်တမ်းတင်ထားသင့်သည် ။

ကမ္ဘာ့ဗုဒ္ဒဘာသာ အဖွဲ့ ချုပ်မှလည်း ဗုဒ္ဒဘာသာဝင်များဖြစ်သော ရခိုင်ပြည်နယ်မှ ဒုက္ခသည်များကို သနားဂရုဏာကြီးစွာဖြင့် သွားရောက်ကြည့်ရှုရန် လိုအပ်နေသည် ။ မြန်မာနိုင်ငံ၌ နိုင်ငံတော် သံင်္ဃာ့နာယကအဖွဲ့ ရှိနေရာ ကမ္ဘာ့ဗုဒ္ဒဘာသာအဖွဲ့ ချုပ်နှင့် ပူးပေါင်းပြီး အားပေးကူညီ သွားရောက်ကြရန် အစိုးရမှ ကမ္မကထ ဖိတ်ကြားဆောင်ရွက်ပေးသင့်သည် ။ တချိန်တည်းမှာပင် နိုင်ငံတကာမှ အစိုးရများနှင့် သံတမန်များက လာရောက်နေသည်ထက် မြန်မာနိုင်ငံသို့  မွတ်ဆလင်ဘာသာကိုးကွယ်သောနိုင်ငံများမှ လာရောက်နေကြသည် ။ ယခုဆိုလျှင် မွတ်ဆလင်ဘာသာဝင် အဖွဲ့ ချုပ် ( OIC ) မှာ ရခိုင်ပြည်နယ်သို့  မကြာခင်လာရောက်တော့မည်ဟု သတင်းတွေ ထွက်လာသည် ။ သို့ သော် သူတို့ ၏ ထုတ်ပြန်သော သတင်းလား သို့ မှမဟုတ် ရေဒီိယို-ဖရီးအာရှ ( RFA ) မှ လုပ်ကြံ၍ လွှင့်သွားလေသလား မသိ ။ ဘင်္ဂလီရိုဟင်ဂျာများကို အလှူအဒန်းပေးရန် သမ္မတဦးသိန်းစိန်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းတွေကြားရသည် ။ မြန်မာနိုင်ငံတော်၏ သမ္မတကြီး ဦးသိန်းစိန်မှ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုသော လူမျိုးသည် တိုင်းရင်းသားလူမျိုး မဟုတ်ကြောင်း ပြောထားပါလျှက်နှင့် အဘယ့်ကြောင့် မြန်မာနိုင်ငံရှိ ဘင်္ဂလီရိုဟင်ဂျာ လူမျိုးကို လှူဒန်းရန် လာမည်ဆိုသော သတင်းထွက်လာရသနည်း ။

အကယ်၍ ယင်းသို့  သတင်းထွက်လာလျှင် မြန်မာနိုင်ငံအစိုးရမှ ချက်ချင်း တုန့် ပြန်ဖြေရှင်းရန် အရေးကြီးသည် ။ ပြည်တွင်းဂျာနယ်များမှလည်း ဤကဲ့သို့  ပြည်ပနိုင်ငံတကာအစိုးရ၏ သတင်းများ ထုတ်လွှင့်နေမှုကို ဖေါ်ပြနိုင်ရမည်ဖြစ်သည် ။ ယခုအချိန်တွင် နိုင်ငံတကာ၌ မြန်မာနိုင်ငံ၏ နိုင်ငံတော်အလံများကို မီးရို့ နေခြင်းနှင့် သံတမန်တွေကို တိုင်းပြည်မှ နှင်ထုတ်နေကြသည့် သတင်းတွေ ကြားနေရပြီ ။ ပြီးတော့ ဗုဒ္ဒဘာသာဝင် မြန်မာနိုင်ငံသားတွေကို ကုလားတွေက ဖမ်းဆီးသတ်ဖြတ်နေသော သတင်းများကြားနေရသည် ။ ၄င်းသတင်းများကို ကွန်ပြူတာ မသုံးသောသူများ မည်သို့ မျှ သိရှိကြမည်မဟုတ် ။ ထို့ ကြောင့် သိသောသူများက မီဒီယာများမှ တင်ပြခွင့်ကို အစိုးရမှ လိုက်လိုက်လျောလျော ပြုလုပ်ဆောင်ရွက် ပေးရမည်ဖြစ်သည် ။

ပြည်တွင်းတွင်သတင်းများကို လူမသိ သူမသိအောင် ထားခြင်းဖြင့် ယခုအချိန်တွင် မြန်မာနိုင်ငံ၏ မွတ်ဆလင်ဘာသာဝင်နိုင်ငံများ၏ ရန်စကျူးကျော်မှုများမှာ လွန်စွာ အတင့်ရဲလာကြပြီဖြစ်သည် ။ ထို့ ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာသို့  ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များကို ဖြေရှင်းတင်ပြရန် ကိုယ်စားလှယ်များ စေလွှတ်ရမည်ဖြစ်သည် ။ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်- အမျိုးသားဒီမိုကရေစီအင်အားစုအဖွဲ့ တို့  ပူးပေါင်းပြီး ကမ္ဘာတလွှား လှည့်လည်ကာ အဖြစ်အပျက်သတင်းစဉ်များကို တင်ပြနိုင်မှသာ နိုင်ငံတကာရှိ မြန်မာသံရုံးများမှ သံတမန်များမှာ အိနြေ္ဒသိက္ခာ ရကြမည်ဖြစ်သည် ။ မွတ်ဆလင်နိုင်ငံများမှ မြန်မာနိုင်ငံသို့  လာကြမည်ဆိုတိုင်း ကမ္ဘာသိကြေညာသောအခါ ဘင်္ဂလီရိုဟင်ဂျာ ဟု ဆိုလိုက်သည်နှင့် မြန်မာနိုင်ငံတွင် ၄င်းလူမျိုးများမှာ ၀ါဒဖြန့် မှု ထိရောက်နေပြီ ဆိုသည်ကို စဉ်းစားထားရမည်ဖြစ်သည် ။ ထို့ ကြောင့်မြန်မာနိုင်ငံမှ သံခင်းတမန်ခင်း ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်မှ ရခိုင်လူမျိုးတို့ ၏ အိမ်ရှင်ဖြစ်သော နိုင်ငံမှာ ဘေးအန္တရယ်ကြီးမားစွာ ဖြစ်ပျက်ခံစားနေရသည့် အခြေအနေနှင့် ဘင်္ဂလီ လူမျိုးတို့ ၏ တစိမ့်စိမ့် ခိုးဝင်လာခြင်းသောကြောင့် ယခုလို ပဋိပက္ခတွေ့ ဖြစ်ပေါ်လာရသည်ဟု နိုင်ငံတကာ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ရန် အရေးတကြီးလိုအပ်နေပြီ ။

လက်နက်လည်း မရှိ-နိုင်ငံရေးအာဏာလည်း မရှိသော ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များမှာ မိမိတို့  ရခိုင်လူမျိုးကို ပဋိပက္ခများ မဖြစ်ပွါးစေရန် ပြောဆိုတင်ပြနိုင်သည် ။ သို့ သော် ရန်စကျူးကျော်နေသော မွတ်ဆလင်ဘာသာဝင် ကုလားလူမျိုးတို့ မှ ကျူးကျော်ရန်စလာနေခြင်းကိုမူ မည်သို့ မျှ တားဆီးနိုင်သူများမဟုတ်ချေ။ သို့ ဖြစ်၍ ဤအချက်ကို အစိုးရမှ တာဝန်ယူဖြေရှင်းရန်လိုသည် ။ ပုဒ်မမ( ၁၄၄ ) ထုတ်ထားလျှင် ယင်းဥပဒေ၏ အနှစ်သာရအတိုင်း ဆောင်ရွက်စေဖို့  အမိန့် ကို တင်းကြပ်စွာ ထုတ်ပြန်ထားရန်လိုသည် ။ ယင်းဥပဒေကို လူတိုင်းသိရှိအောင် စာရွက်စာတမ်း ဖြန့် ချီ ထုတ်ဝေပေးရန်လိုသည် ။ ဥပဒေချိုးဖေါက်သူများကို ဥပဒေအကြောင်းအရ တိကျစွာ ကိုင်တွယ်ဖြေရှင်းရန်လိုသည် ။ ၄င်းဥပဒအတိုင်း မဆောင်ရွက်ဘဲ နေကြသောအခါ ယခုလို ပြသနာတွေက ရှင်းမရ ထိမ်းမရ ဂယက်ထနေဆဲ ဖြစ်နေသည်မှာ အဆန်းမဟုတ်တော့ ။

ယခုအချိန်မှာ အေးဆေးနေ၍ မရနိုင်လောက်အောင်ကို ဖြစ်နေပြီ ။ ပြင်ပကမ္ဘာကို မထွက်ဘဲနှင့် နေခြင်း ၊ တိကျစွာ ဥပဒေအတိုင်း မဆောင်ရွက်ဘဲနေခြင်း ၊ မည်သူပြောပြော တုံဏိဘာဝေ နေပြခြင်းကိုသာ ဆက်လက်ကျင့်သုံးနေလျှင်မူ နာမည်ကောင်းရနေသော အစိုးရအဖို့  ပြောစရာတွေ တပုံကြီး ရှိလာနိုင်ကောင်းသည် ။ သို့ ဖြစ်၍ မြန်မာနိုင်ငံ သံအရာရှိများက မွတ်ဆလင်နိုင်ငံများမှ မနှင်ထုတ်ခံရခင် နိုင်ငံတကာများ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်မှာ အရေးကြီးသည် ။ လက်နက်မဲ့  လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရကြားထဲမှာ အားကိုးရာမဲ့ နေသော ရခိုင်လူမျိုးတို့ အဖို့  ယခုအချိန်မှာ ဘာလုပ်ရမည်လဲ ဆိုသည်ကို အဖြေမရကြတော့ပြီဖြစ်သည် ဆိုက မှားမည်မထင် ။

ခိုင်အောင်ကျော် ( နယူးယောက် )

0 စစ်တွေ ဆန်အရေးအခင်း ၄၅ နှစ်ပြည့် ၀မ်းနည်းအောင်မေ့ဖွယ် အထိမ်းအမှတ်သဘောထားကြေငြာချက်



0 အေးစက်စက်အကျင့်၊ ရွှေနှင့်အရာအားလုံး ရောသမမွှေကာ ပေါ်ပြူလာဖြစ်နေသော မြန်မာနိုင်ငံ

Photo..http://www.smh.com.au/business/burma-comes-in-from-the-cold-gold-and-all-20120810-23zwp.html
“ဒီလိုစည်းမျဉ်းတွေက ခင်ဗျားကို ပိုက်ဆံတွေပုံပြီးရင်းလိုက်၊ ထုတ်လုပ်တူးဖော်မှုလုပ်ငန်းတွေကို စွန့်စားပြီးလုပ်လိုက်၊ပြီးရင်တော့ အစိုးရဆီကို အမြတ်ဝေစု အလကားပေးလိုက်လို့ ဆိုလိုတာပါပဲ” “ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလို အခြေခံပုံစံနဲ့တော့ ပမာဏများများ ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး” ဟု မစ္စတာအီဗရက်က မှတ်ချက်ပေးသည်။
( WA Today မှ 11 Aug 2012 ရက်စွဲပါ “ Burma Comes In From Cold, Gold and All” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အရေးယူခံ(Sanction) ကာလအလွန် မြန်မာနိုင်ငံတွင် စီးပွားရေးတံခါး ဖွင့်ပေးနေပြီဖြစ်၍ နိုင်ငံ၏မတို့မထိရသေးသော ဓာတ်သတ္တု သယံဇာတ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အခွင့်အလမ်းများကိုသြစတြေးလျကုမ္ပဏီများ မျှော်ကြည့်နေကြပြီ။

နိုင်ငံ၏ ကြွယ်ဝလှသော ဓာတ်သတ္တုဆိုက်များကို သော့ဖွင့်ရန် ဆန္ဒပြင်းပြနေကြသည့် သြစတြေးလျ သတ္တုသိုက်သမားမျာ၏ အပြိုင်အဆိုင် စိတ် ၀င်စားမှုကိုလည်း ခံယူနေရသည်။

အရှေ့တောင်အာရှမှ အဆင်းရဲဆုံး မြန်မာနိုင်ငံသည် ရှည်လျားသော ကျောက်မျက်သတ္တုတူးဖော်မှု သမိုင်းကြောင်း ရှိခဲ့သော်လည်း အရာ မယွင်း သေးသည့် ဓာတ်သတ္တုသယံဇာတများကို အလုပ်ဖြစ်သော စီးပွားရေးစီမံကိန်းများအဖြစ် အသွင်ပြောင်းရန်အတွက် လိုအပ်သည့် ငွေအရင်းအနှီး သတင်း အချက်အလက်၊ နည်းပညာနှင့် မရှိမဖြစ် အခြေခံစနစ် များချို့တဲ့မှုကြောင့် ယင်း၏တန်ဘိုးကြီးဓာတ်သတ္တု သယံဇာတသိုက်များမှာ မူလပကတိနီးပါး ကျန်ရှိ နေသည်။

သြစတြေးလျအငယ်တန်း ရှာဖွေရေးကုမ္ပဏီများဝင်ရောက်လာ

ရန်ကုန်မြို့တော်တွင် ကျင်းပသည့် Myanmar Mining Summit သို့ မကြာသေးမှီက တက်ရောက်ခဲ့သော သြစ တြေးလျ သတ္တုတွင်း သမား များ ထဲမှGlobal Resources Corporation ဥက္ကဌ စတီဖင်အီဗရက် က“ သြစကြေးလျရဲ့စွန့်ဦးတီထွင် အငယ်တန်းကုမ္ပဏီ တွေဟာ ဝေးလံခက်ခဲတဲ့ ဒေသ တွေကို ပထမဆုံးရောက်လာတတ်သူတွေဖြစ်ပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် စစ်အုပ်ချုပ်ရေး ခေတ်ကာလအတွင်း တပ်မတော်အစိုးရ၏ တစ်လွဲတစ်ချော် စီမံခန့်ခွဲမူများနှင့် နိုင်ငံတကာ အရေးယူဒဏ်ခတ်မူ Sanctions များက မြန်မာနိုင်ငံ၏ စီးပွားရေးကို ထိခိုက်ပြိုလဲစေခဲ့သည်။

သို့သော် အရပ်သားတစ်ပိုင်းအစိုးရအဖြစ် အသွင်ပြောင်းခြင်းနှင့် Sanctions မျိုးစုံဖြေလျှော့ပေးခြင်းတို့ကြောင့် ယခုအခါ အနောက်နိုင်ငံ ရင်းနှီး မြှုပ်နှံသူများထံမှ စိတ်ဝင်စားမှုများ လျှံထွက်လာသည်ကို တွေ့မြင်နေရလေပြီ။ သြစတြေးလျ၏ အကြီးဆုံးရွှေထုတ်လုပ်သူဖြစ်လာစေရန် မကြာသေးမှီက St Barbara နှင့်ပူးပေါင်းလိုက်သော Allied Gold ကုမ္ပဏီ၏ လုပ်ငန်းတစ်ခုဖြစ်သော Mineral Comodities မှအထွေထွေမန်နေဂျာ နီကိုလပ်စ်ပိုရီက မြန်မာ နိုင်ငံသို့ဝင်ရန် ၄င်း၏ကုမ္ပဏီ အဆင်သင့်ဖြစ်နေပြိဟု ပြောကြားခဲ့သည်။

“ဒီဒေသရဲ့ဘူမိဗေဒသွင်ပြင်ကို ကျွန်တော်တို့လေ့လာပြီးပါပြီ။ဒါနဲ့ပက်သက်လို့ ကျွန်တော်တို့အရမ်းစိတ်လှုပ်ရှား နေကြပါတယ်။မြန်မာနိုင်ငံကို သွားဖို့အချိန်တန်ပြီလို့ထင်ပါတယ်။စောလေကောင်းလေပေါ့ဗျာ။” ဟု ၄င်းကဆိုပါသည်။

ယခင် Rio Tintoမှ သတ္တုတွင်းပြန် အိုဝင်ဟီဂတ်တီက “၄င်း၏ကုမ္ပဏီ Tigers Redm Groupသည်လည်း အလားအလာရှိသော ကြေးနီနှင့် ရွှေသ တ္တုသိုက်များကို လေ့လာပြီးသွားပြီ”ဟု ပြောကြားသည်။

“ကျွန်တော်တို့ Tigers အုပ်စုက မြန်မာနိုင်ငံက အခွင့်အလမ်းတွေကို အကြိုလေ့လာမှုပြုလုပ်နေပါတယ်။အရင်က လည်း လေ့လာခဲ့ဘူးလို့ ဒီဒေသအကြောင်း ကောင်းကောင်းသိထားပါတယ်။ကြေးနီနဲ့ရွှေရဲ့ မျှော်လင့်ချက်ဟာ သိပ်ကို ဆွဲဆောင်အားကောင်းနေပါတယ်”ဟု အိုဝင်ဟီဂတ်တီက ဆိုသည်။

လောလောဆယ် အကြီးစားနိုင်ငံတကာ ကော်ပရေးရှင်းကြီးများရောက်မလာသေးခြင်းကလည်း အငယ်တန်း ကုမ္ပဏီလေးများလုပ်ခွင့်သာအောင် ဖန်တီးပေးထားပါသည်။

ရွှေသည် မြန်မာနိုင်ငံတွင် အငယ်တန်းကုမ္ပဏီများ ရှာဖွေနေကြသော အရာဖြစ်သည်။ ကနေဒါကုမ္ပဏီ တစ်ခုကလည်း တူးဖော်ခွင့် ပါမစ်ရ သည် နှင့်တစ်ပြိုင်နက် ပြေးလမ်းကို ဦးဆောင်နိုင်ရန် မျှော်လင့်လျက်ရှိသည်။

ကနေဒါသတ္တုတွင်းကုမ္ပဏီ Northquest ၏ဥက္ကဌ ဂျွန်နော့သ်က“ မြန်မာနိုင်ငံသည် ဘူမိရူပဆိုင်ရာ အချက်အ လက်မရှိသည့်အပြင် လွန်ခဲ့သောနှစ်ပေါင်း ၅၀ ခန့်ကပင် ဘူမိဗေဒ စစ်ဆေးတိုင်းတာမှုများ ရပ်ဆိုင်းသွားခဲ့ခြင်းကြောင့် ယခုအချိန်ထိ ကြီးကြီးမားမား ရွှေရှာဖွေတွေ့ရှိမှုများမရှိခဲ့” ဟု သုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံသည် တွေ့စမြင်စမှာပင် ရွှေရောင်အခွင့်အလမ်းများ ဖိတ်ဖိတ်လက်နေသော်ငြားလည်း အပြေးဝင်ကြ မည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တင်းကြပ်သောစည်းကမ်းဘောင်များ၊ မစမ်းသပ်ရသေးသော တရားဥပဒေစနစ်နှင့် ဗျူရို ကရေစီကြိုးနီအထပ်ထပ်တို့ကို ညှိနှိုင်းရှင်းလင်းကြရပေလိမ့်မည်။

“မြန်မာနိုင်မှာ စီးပွားရေးလုပ်ဖို့ ဘယ်လောက်ခက်တယ်ဆိုတာကို ရင်းနှီးမြှုပ်နှံသူအတော်များများ အံ့အားသင့် သွားကြပါတယ်။ အခြေခံ စနစ် နိမ့်ကျမှု၊ ကန့်သတ်ချုပ်ချယ်ထားတဲ့ တရားဥပဒေနဲ့စီးပွားရေးအခြေအနေစတဲ့ အကြောင်းရင်း တွေကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် အဓိက အတားအဆီးတွေဖြစ်နေပါတယ်” ဟု သြစတြေးလျ Macquarie University မှ မြန်မာ့စီးပွားရေး လေ့လာသူ ဂျာရတ်ဘက်ဆင်ဂါ ကထောက်ပြပြောဆို သည်။

မြန်ဆန်စွာ ပြုပြင်ပြောင်းလဲနေသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံသည် ကမ္ဘာတွင် အဂတိလိုက်စားမှု အများဆုံးဟု Transparency Interna- tional က သတ်မှတ်ထားသည်။

သတ္တုတွင်းကဏ္ဍ ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံးအတားအဆီးမှာ အပေါ်စီးယူထားသော ထုတ်လုပ်မှု ခွဲဝေ ရေးကန်ထရိုက် စည်းကမ်းဖြစ်ပြီး ကုမ္ပဏီနှင့် အစိုးရအကြား ၃၀း၇၀ရာခိုင်နှုန်း အချိုးဖြင့် ခွဲဝေရန် သတ်မှတ်ထားသည်ဟု ရင်းနှီးမြှုပ်နှံသူများက ပြောကြားသည်။ မြန်မာအစိုးရသည် ရှယ်ယာ ပါတနာအနေဖြင့် လုပ်ဆောင်ခြင်းမရှိသော်လည်း မူပိုင်ကြေးနှင့် အခွန်အခများအပေါ်မှ ကြီးမားသော အမြတ်ဝေစုကို ရယူထားပါသည်။

“ဒီလိုစည်းမျဉ်းတွေက ခင်ဗျားကို ပိုက်ဆံတွေပုံပြီးရင်းလိုက်၊ ထုတ်လုပ်တူးဖော်မှုလုပ်ငန်းတွေကို စွန့်စားပြီးလုပ်လိုက်၊ပြီးရင်တော့ အစိုးရဆီကို အမြတ်ဝေစု အလကားပေးလိုက်လို့ ဆိုလိုတာပါပဲ” “ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီလို အခြေခံပုံစံနဲ့တော့ ပမာဏများများ ရင်းနှီးမြှုပ်နှံကြမှာ မဟုတ်ပါဘူး” ဟု မစ္စတာအီဗရက်က မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသည် ရွှေနှင့်ကျောက်မီးသွေးကဲ့သို့သော သယံဇာတအရိုင်းများကို ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားပြီး ကျောက်မျက်ကဏ္ဍတွင်လည်း နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်မပြုပါ။ ၄င်းအတားအဆီးများနှင့်တရားဥပဒေ၊ အခြေခံစနစ်များချို့တဲ့မှုတို့ ပေါင်းစပ်လိုက်သောအခါတွင်မူ နိုင်ငံတကာမှ စိတ်ဝင်စား နေကြသော ကုမ္ပဏီများစွာအဖို့ “စောင့်ကြည့်” နည်းလမ်းကိုသာ ချမှတ်ကျင့်သုံး ကြရတော့မည် ဖြစ်ပေသည်။


Yangonchronicle

0 ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ




အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား။ ဒါဟာ တကယ့်ကို ဖြစ်နိုင်နေပါပြီ။ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယခင်နှစ်ကုန်ပိုင်းတွင် အာစီလိုနားတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ညီလာခံတွင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ ယင်းအားသွင်းစက်သည် ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပြီး လိုရာကို အလွယ်တကူ သယ်ယူသွားနိုင်သည့် အရွယ်အစားဖြစ်ပါသည်။ ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။ မေလ ဇွန်လလောက် ကတည်းက ဈေးကွက်အတွင်း ရောက်ရှိနေပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။ ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။



“On the one hand, mobile devices release us from being tethered to one place. For instance, one no longer needs to be connected to a modem to browse the web, thanks to smartphones that are Wi-Fi enabled.

On the other, such mobility is of no use if one does not have mobile facilities for charging the devices. Mobile chargers are common, but what if you were on a trek through the Amazon and the battery in your device ran out of charge?



If you are willing to pay around $300 (£200), you may not have to worry about the lack of charging facilities close at hand. The solution, named Powertrekk, uses fuel cell technology to convert hydrogen gas into electricity. Best of all, all you need is water, from which this clever gadget extracts hydrogen. Simply insert a PowerPukk fuel pack and add water.



The Powertrekk is designed for USB-powered devices, which means both your mobile phone and laptop (if you’re carrying one on a trek) can be charged. And yes, they’re safe for you to carry with you on board flights.Powertrekk Power from Water1 636x557 Charge Your Mobile With Water, the Powertrekk!


The chemical process is safe and eco-friendly. Water vapour is produced as a by-product, which is why the fuel cell must be exposed to open air. This technology also removes the dependence that solar powered chargers have on the weather. During heavy rains, you can’t rely on your solar charger, but the Powertrekk will still work.

Like all other electronic devices, used fuel packs and cell chargers constitute electronic waste and need to be disposed of under a controlled recycling program.”


http://mee-pya-tite.blogspot.jp/2012/08/blog-post.htmlမှ

0 ကယ်ဆယ်ရေးအေဂျင်စီများ ပိုမို လွတ်လပ်စွာသွားရောက်ခွင့် ပေးရန်မြန်မာကိုတောင်းဆို

Jurist News မှ 10 August 2012 ရက်စွဲပါ “UN Humanitarian Chiefs Call On Myanmar To Increase Access For Aid Agencies ”သတင်းကို ဘာသာပြန်ဆိုသည်။

ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုရေးရာ ပူးပေါင်းဆောင်ရွက်မှု ဌာန UNOCHA ကမြန်မာနိုင်ငံတွင် အိုးမဲ့အိမ်မဲ့ ဖြစ်နေသူ ငါးသိန်းကျော်အတွက် လူသားချင်းစာနာမှု အကူအညီ မလုံလောက်ခြင်းအပေါ် စိုးရိမ်ပူပန်ကြောင်း ကြာသပတေးနေ့က ထုတ်ဖော်ပြောဆိုခဲ့ပြီး ကယ်ဆယ်ရေးအေဂျင်စီများ အားပို မို လွတ်လပ်စွာ သွာရောက်ခွင့်ပြုရန် တောင်းဆိုလိုက်သည်။

၎ရက်ကြာ မြန်မာခရီးစဉ်တွင် UNOCHA စီမံကိန်းဒါရိုက်တာ ဂျွန်ဂျင်က မြန်မာအာဏာပိုင်များ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှ ထွက်ပေါ်လာသော ရလာဒ်များကို အသိအမှတ်ပြုပါကြောင်း သို့သော် သိသာထင်ရှားသော လူသားချင်စာနာမှုဆိုင်ရာ လိုအပ်ချက်များကု ဖြေရှင်းဖို့ ရှိနေသေးကြောင်း ကချင်ပြည်နယ် နှင့် ရခိုင်ပြည်နယ်မှ အရေးပေါ်စာန်ာမှု အကူအညီလိုအပ်နေသော အိုးမဲ့အိမ်မ့ ပြည်သူများထံ ကယ်ဆယ်ရေး အေ၈ျင်စီများ သွားရောက်ခွင့် ပိတ်ပင်ခံထားရကြောင်း သတိပေးပြောဆိုသည်။

စိတ်ခံစားချက်များ ပြင်းထန်ခြင်း နှစ်ပေါင်းများစွာမကျေလည်ခြင်း နှင့်လတ်တလော အကြမ်းဖက်မှုများက နှစ်ဖက်အသိုင်းအဝန်းအတွင်း စိုးရိမ်မှု နှင့်ဒေါသတွဲဖက်သွားအောင် လှုံ့ဆော်ပေးခဲ့သည်။ ဤအခြေအနေတွင် ဒုက္ခသည်များအရေးတကြီးလိုအပ်နေသော အကူအညီများ ပြည့်မီရေးနှင့် တစ်ချိန်တည်းတွင် နောင်ကာလ၌ အပြန်အလှန်အကြမ်းဖက်မှုများ နောက်ထပ်မဖြစ်ပွားအောင် တားဆီးရန်အတွက် အခြေခံကျသော ပြဿနာများကို ဖြေ ရှင်းရန်အတွက် အခြေခံကျသော ပြဿနာများကို ဖြေရှင်းရေးသည် အလွန်အမင်း အရေးကြီးသည်။

ဂျွန်ဂင်က ပတ်သက်နေသော အုပ်စုများအား တရားဥပဒေစိုးမိုးမှုကို လေးစားကြရန်နှင့် လက်နက်ကိုင် အကြမ်းဖက်မှုများအား ငြိမ်းချမ်းသော နည်း လမ်းဖြင့် ဖြေရှင်းကြရန် တောင်းဆိုသည်။ ထို့အပြင် မြန်မာအာဏာပိုင်များ မကြာသေးမီက ဖမ်းဆီးထိန်းသိမ်းထားသည့် ကုလသမဂ္ဂနှင့် အင်ဂျီအိုအဖွဲ့များ မှ ကယ်ဆယ်ရေး ဝန်ထမ်း၁၄ဦး ကိုအမြန်ဆုံးပြန်လွှတ်ပေးရန် ဂျွန်ဂျင်ကတောင်းဆိုလိုက်ပြီး ဒုက္ခသည်များ အရေးပေါ်လိုအပ်နေသော အမိုးအကာ စားနပ် ရိက္ခာ၊ ရေနှင့်သန့်ရှင်းရေး ကိစ္စရပ်များအား ဒီဇင်ဘာလကုန်အထိ ကူညီထောက်ပံ့နိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၃၂.၅သန်း ပံ့ပိုးကြရန် အလှူရှင်များ ကို တိုက်တွန်းပြောကြားသည်။

မြန်မာနိုင်ငံက လူမျိုးကွဲဘာသာကွဲ အသိုင်အဝိုင်းများအကြား ငြိမ်းချမ်းရေးတည်ဆောက်ရန် သမ္မတဦးသိန်းစိန်က ကြိုးပမ်းလျက် ရှိသော်လည်း လူ မျိုးကွဲဘာသာကွဲ အကြမ်းဖက်မှု အဓိကရုဏ်းကို ဖြေရှင်းရာတွင် အောင်မြင်မှု မရသောကြောင့် နိုင်ငံတကာ၏ အပြစ်တင်ဝေဖန်မှုများကို လက်ယပ်ခေါ်သလို ဖြစ်စေခဲ့သည်။

ယခုလအစောပိုင်းတွင် အမေရိကန် အထက်လွှတ်တော် ကော်မတီက မြန်မာထွက်ကုန် တင်သွင်းမှု တားမြစ်ချက်ကို ထပ်မံသက်တမ်းတိုးခဲ့သည်။ ယင်းမတိုင်မီ တစ်ရက်တွင် Human Rights Watchက ၅၆မျက်နှာပါသော အစီရင်ခံစာ ထုတ်ပြန်ကာ ရိုဟင်ဂျာ မူစလင်များအပေါ် မြန်မာလုံခြုံရေး တပ်ဖွဲ့ များက လု့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေကြောင်း စွပ်စွဲခဲ့သည်။

ဇူလိုင်လတွင် ကုလသမဂ္ဂ လူ့ခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီင်္ပီလေက ရခိုင်ပြည်နယ်တွင် အကြမ်းဖက်အဓိကရုဏ်းနှင့် လူ့အခွင့်အရေး ချိုး ဖောက်မှုများ အပေါ်စိုးရိမ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ Amnesty Internationalကလည်း ရခိုင်ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာပြီး နောက်ပိုင်း နှစ်ဖက်အုပ်စုအများ အကြမ်းဖက်မှု ပိုမိုကြီးထွားလာသည်ဟု ပြီးခဲ့သော သီတင်းပတ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ပြင်ရခိုင်ပြည်နယ် တွင် ကုလသမဂ္ဂနှင့် ကယ်ဆယ်ရေးဝန်ထမ်း၁၀ဦး အထိန်းသိမ်းခံနေရပြီး (၃)ဦးမှာ ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု UNHCR မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင်လဆန်းပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

Yangonchronicle

0 ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်

ရိုဟင်ဂျာ ပြဿနာကို စနစ်တကျ ထိရောက်စွာ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာကြည့်ပါမယ်
မြန်မာနိုင်ငံထဲ တရားမဝင် လာရောက်နေထိုင်သူ ဘင်္ဂါလီ ရိုဟင်ဂျာတွေ၊ ဘင်္ဂလာဒက်ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေနဲ့ ပတ်သက်ပြီး ရှောင်လွှဲမရ ဖြေရှင်းရမယ့် ကိစ္စတွေ ရှိပါတယ်။

ဒီနေရာမှာ တာဝန်ယူ ဖြေရှင်းတဲ့ ကာယကံရှင် နိုင်ငံတွေနဲ့ တာဝန်ယူ ကူညီထောက်ပံ့တဲ့ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ဆိုပြီး နှစ်ပိုင်းခွဲထားသင့်ပြီး ကူညီထောက်ပံ့စရာ ကိစ္စတွေက ဘာတွေလဲ၊ မြန်မာတွေအနေနဲ့ ဘာတွေကို အလုပ်သင့်ဆုံးလဲ စသဖြင့်လည်း ပိုင်းခြားသတ်မှတ် ပြင်ဆင်ထားသင့်ပါတယ်။

တာဝန်ယူ ဖြေရှင်းရမယ့် နိုင်ငံ

မြန်မာတနိုင်ငံတည်းကသာတာဝန်ယူ ဖြေရှင်းရမှာမဟုတ်ဘဲအဓိကအားဖြင့်ဘင်္ဂလာဒက်ရှ် နိုင်ငံကလည်း ခေါင်းမရှောင်ဘဲ မြန်မာနဲ့ ထပ်တူ တာဝန်ယူ ပူးပေါင်း ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။ ဖြေရှင်းယူကြတဲ့အခါမှာ အိမ်နီးချင်း နှစ်နိုင်ငံ ရေရှည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို မူသတ်မှတ်ပြီး နှစ်ဘက် မျှမျှတတ ဖြစ်စေနိုင်ရေးကို ဦးစားပေးရမှာပဲ ဖြစ်ပါတယ်။

တာဝန်ယူ ကူညီထောက်ပံ့ရမယ့် နိုင်ငံ

မြင့်မြတ်တဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားစိတ် ထားပြီး လူသားချင်း စာနာထောက်ထားကာ ကူညီထောက်ပံ့ရမှာက ကမ္ဘာကြီးရဲ့ တာဝန်ဖြစ်ပါတယ်။ ရိုဟင်ဂျာဟာ မွတ်ဆလင်တွေအရေး ဖြစ်တယ်လို့ ကြွေးကြော် တောင်းဆိုနေကြတဲ့ အခြားမူဆလင်နိုင်ငံတွေဟာ ကူညီထောက်ပံ့စရာ ကိစ္စတွေမှာ အတတ်နိုင်ဆုံး တာဝန်ယူဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ တာဝန်ယူ ထောက်ပံ့တာမျိုး မရှိဘဲ မွတ်ဆလင်အရေး - ဒါမှမဟုတ် - မွတ်ဆလင် ဘာသာရေးစစ်ပွဲ (Jihad) သက်သက်ကိုသာ ပြောဆိုလာရင်တော့ ကိုယ်ကျိုးစီးပွားအတွက် ကမ္ဘာကို စိန်ခေါ်တာ ဖြစ်သွားပါလိမ့်မယ်။ နိုင်ငံတကာ ပြည်သူတွေရဲ့ အသိအမြင် ကြွယ်ဝမှုကို လှည့်စားလို့ မရနိုင်ပါဘူး။ ကမ္ဘာ့အရေးမှာ အမြဲတမ်း တာဝန်ရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းအနေနဲ့ ဖြစ်နိုင်သမျှ တာဝန်ယူပေးဖို့ကတော့ ပြောစရာကို မလိုတဲ့အချက်ပါ။

ကူညီထောက်ပံ့စရာ ကိစ္စတွေကတော့ အကြမ်းဖျဉ်းအားဖြင့်ဆိုရင်

မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒက်ရှ်နိုင်ငံတွေဆီက ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို တတိယနိုင်ငံတွေက ခေါ်ယူ လက်ခံ နေထိုင်စေတာ၊

ဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးကိစ္စ ထောက်ပံ့ပေးတာ၊

တတိယနိုင်ငံတွေဆီ ပို့ဆောင်ပေးနိုင်အောင် နိုင်ငံတကာအသိုင်းအဝိုင်းကို စည်းရုံး စီမံပေးတာတွေ ဖြစ်ပါလိမ့်မယ်။

မြန်မာဘက်က အလုပ်သင့်ဆုံးတွေကို စဉ်းစားကြည့်ရင် --

(၁) မြန်မာနိုင်ငံမှာ နေထိုင်တာ မှန်ကန်ကြောင်း အထောက်အထားတွေကို ရိုဟင်ဂျာ ဘင်္ဂါလီတွေက မပြသနိုင်ရင်၊ အထောက်အထား မခိုင်လုံရင် သူတို့ဟာ မြန်မာနိုင်ငံရဲ့ လဝက ဥပဒေကို ရင်ဆိုင်ဖို့ကလွဲလို့ အခြားမရှိပါဘူး။ သူတို့အတွက် မြန်မာနိုင်ငံမှာ ဘာမှ တာဝန် မရှိပါဘူး။ သူတို့ကို ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်လည် လက်ခံအောင် နှစ်နိုင်ငံ သဘောတူထားနိုင်ဖို့သာ ကြိုးစားရပါမယ်။

ဒါပေမယ့် ဘင်္ဂလားဒက်ရှ်နိုင်ငံမှာ လူဦးရေက အဆမတန် ပေါက်ကွဲနေတော့ သူတို့အစိုးရက ဒါကို ဝန်မခံဘဲ ရိုဟင်ဂျာ ဆိုသူတွေဟာ ဘင်္ဂလာဒက်ရှ်နိုင်ငံသား မဟုတ်ပါဘူးလို့ ကြိုတင် လေသံပစ်ထားပါတယ်။ ဒါက မြန်မာနိုင်ငံထဲကို သူ့လူမျိုးတွေ အတင်းလာပုံချထားတဲ့ အမျိုးမစောင့်တဲ့ သူတို့လုပ်ရပ်ပါပဲ။ ဒါပေမယ့်လည်း အဲ့ဒါက သူတို့ကိစ္စပါ။

(၂) မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာ သံတမန် ဖိအားအကူအညီကို ရသလောက် ရှာဖွေပြီး အသုံးချနိုင်ဖို့ ကြိုးစားရပါမယ်။ ပြည်တွင်းက စွမ်းဆောင်ပေးနိုင်သူတွေသာမကဘဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းတွေကလည်း အတွေ့အကြုံကောင်းကောင်း ရှိခဲ့ကြတာဖြစ်လို့ ဖြစ်နိုင်လောက် ဝိုင်းဝန်းကူညီပေးကြရင် အကျိုးကျေးဇူးများပါလိမ့်မယ်။ နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါတာကို အမြဲတမ်း သတိချပ်သင့်ပါတယ်။

(၃) ဘင်္ဂလာဒက်ရှ်ဘက် ရောက်နေတဲ့ ဒုက္ခသည်စခန်းက လူတွေကိုလည်း မြန်မာနိုင်ငံဘက် ပြန်ပို့နိုင်အောင် ဘင်္ဂလားအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကို မြန်မာနိုင်ငံသား အထောက်အထား စိစစ်ပြီး ခိုင်လုံရင် လက်ခံမယ်လို့ မြန်မာအစိုးရ တုန့်ပြန်ထားပါတယ်။ ဒီကိစ္စကို တိတိကျကျဖြစ်အောင် ကြိုးပမ်းရမှာဖြစ်သလို အားနာတာတွေ၊ အလျှော့ပေးတာတွေ၊ အကျင့်ပျက် ခြစား ခွင့်ပြုတာတွေ လုံးဝ မလုပ်မိနိုင်အောင်လည်း တင်းတင်းကြပ်ကြပ် ဂရုစိုက်နိုင်ရပါမယ်။

(၄) မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အထောက်အထား မရှိ/ မခိုင်လုံတဲ့ ရခိုင်ဘက်က ရိုဟင်ဂျာတွေသာမက မြန်မာနိုင်ငံအတွင်း အခြားဒေသတွေကို ပြန့်နှံ့သွားတဲ့ ရိုဟင်ဂျာတွေကိုလည်း ပြန်လည်ထိန်းသိမ်းပြီးနောက် တကယ်လို့ ဘင်္ဂလာဒက်ရှ်နိုင်ငံက ပြန်ပို့တာကို လက်မခံရင် သူတို့အရေးကို ကြားဝင် အော်ဟစ် တောင်းဆိုနေတဲ့ တတိယနိုင်ငံတွေက လက်ခံပေးနိုင်မလား ညှိနှိုင်းယူရပါမယ်။ ဒါက နိုင်ငံတကာမှာ ကနေ့ထက်တိုင် ကျင့်သုံးနေဆဲ ကိစ္စပါ။ ဒါကြောင့် “နိုင်ငံတကာ ထောက်ခံမှုဟာ သိပ်အရေးပါ” တဲ့အကြောင်း အထက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

(၅) အဲဒီ တတိယနိုင်ငံတွေက လက်မခံနိုင်သေးသရွေ့ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ပြီး တာဝန်ယူ ကျွေးမွေးထားရမယ့် သဘော ရှိနေပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးက သိပ်ကြီးမားလွန်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်တွေကို ထိခိုက်နိုင်ပါတယ်။ ဒီအတွက် စောစောက တတိယနိုင်ငံများ ဆိုတာဆီက ထောက်ပံ့ပေးဖို့ ညှိနှိုင်းယူရပါမယ်။ လိုအပ်ရင် ကုလသမဂ္ဂနဲ့ အခြား အလှူရှင် နိုင်ငံတွေနဲ့လည်း ညှိနှိုင်းယူရပါမယ်။

(၆) နောက်ထပ် ဘင်္ဂါလီတွေ မြန်မာနိုင်ငံထဲကို ဝင်မလာနိုင်အောင် နှစ်နိုင်ငံအကြား သံဆူးကြိုးခတ်ပြီး တင်းကြပ်စွာ တားဆီးထားရပါမယ်။ ရေပိုင်နက်မှာလည်း အလားတူ တင်းကြပ်ထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတကာ တိုင်းပြည်တွေရဲ့ နယ်နိမိတ်တွေမှာ ထိခိုက်နိုင်စရာရှိရင် ကျင့်သုံးတဲ့ နည်းလမ်းဖြစ်လို့ မြန်မာနိုင်ငံကလည်း အားနာစရာ အလျှော့ပေးစရာ မလိုဘဲ ကျင့်သုံးသင့်ပါတယ်။

(၇) ဒီလိုကိစ္စတွေကို မြန်မာ အစိုးရက စီမံဆောင်ရွက်ရာမှာ တာဝန်ရှိသူ ဝန်ထမ်းတိုင်းဟာ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံ့အရေးကို စောင့်ရှောက်ကာကွယ်တာဖြစ်လို့ အမျိုးသားရေး စိတ်ဓါတ်နဲ့ တိကျစွာ တာဝန်ထမ်းဆောင်နိုင်ရပါမယ်။ အထူးသဖြင့် အဂတိ လိုက်စားမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိစေရအောင် တင်းကြပ်စွာ စီမံထားသင့်ပါတယ်။တရားဥပဒေ စိုးမိုးမှုက ဒီနေရာမှာ သိပ်အရေးပါလျက် ရှိနေပါတယ်။

(၈) တချိန်တည်းမှာ မြန်မာနိုင်ငံအတွက် လိုအပ်လာတာက အစိုးရ မဏ္ဍိုင်ကြီး ၃ ရပ်အပြင် မီဒီယာ၊ တပ်မတော်နဲ့ အခြားအဖွဲ့အစည်းတွေ၊ ပြည်သူတွေအားလုံးက တသွေးတသားတည်းနဲ့ မြန်မာ့အရေးကို ညီညွတ်စွာ စုပေါင်းကြိုးပမ်းနိုင်ရေးကို ဘက်စုံကဏ္ဍတွေကနေ ကျွမ်းကျင်လိမ္မာ အမြော်အမြင်ကောင်းကောင်းနဲ့ ပြင်ဆင် လုပ်ဆောင်ကြဖို့ ဖြစ်ပါတယ်။

(၉) မြန်မာနိုင်ငံဘက်က မီဒီယာဟာ အဖြစ်မှန် ဖော်ထုတ်ဖို့၊ ကမ္ဘာ့ပြည်သူတွေကို သိစေဖို့၊ တာဝန်ယူဘက်ဖြစ်တဲ့ ဘင်္ဂလာဒက်ရှ် နိုင်ငံအပါအဝင် ကုလသမဂ္ဂနဲ့ တတိယနိုင်ငံအဖြစ် လက်ခံနိုင်စရာ ရှိလာမယ့် နိုင်ငံတွေရဲ့ အစိုးရတွေကို သိစေဖို့ အထူးအရေးပါလှပါတယ်။ ဒါကြောင့် မီဒီယာ လွတ်လပ်ခွင့်၊ ထိရောက်ပိုင်နိုင်စွာ အသုံးချခွင့်ကို အမြော်အမြင်ကြီးကြီးနဲ့ လုပ်ဆောင်သင့်ပါတယ်။

(၁ဝ) သံတမန်ရေးနဲ့ မီဒီယာလိုပဲ အခြားအရေးပါတာကတော့ လူထုနိုးကြားရေး Public awareness campaign တွေ ဖြစ်ပါတယ်။ ဒါဟာ ဝါဒဖြန့် လှုံ့ဆော်ရေးကို မဆိုလိုပါဘူး။ လူထုနိုးကြားမှုဟာ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်ပြီး မလိုလားအပ်တဲ့ အဖျက်အမှောင့်တွေကို တားဆီးပေးနိုင်ပါတယ်။

အသေးစိတ် ထပ်ခွဲလိုက်ရင် အများကြီး ရှိနေပါဦးမယ်။ တနိုင်ငံလုံး၊ တမျိုးသားလုံးနဲ့ ဆိုင်တဲ့ကိစ္စကြီး ဖြစ်နေလို့ မဟာဗျူဟာ ထားရှိပြီး စနစ်တကျ လုပ်ဆောင်နိုင်မှသာ ရေရှည်တည်တန့်ခိုင်မြဲမယ့် အောင်မြင်မှုကို သေချာပေါက် ရနိုင်မှာ ဖြစ်ပါတယ်။

လွင်အောင်စိုး

၁၃-၈-၂ဝ၁၂

Monday, August 13, 2012

0 NLDပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းဘုန်းကြီးကျောင်းများဖယ်ရှားပေးရေး ကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ဆုံ



ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း 11.8.2012 ရက်တွင် သစ်တောကြိုးဝိုင်းတွင်း ကျရောက်သော ဘုန်းကြီးကျောင်းများဖယ်ရှားပေးရေးကိစ္စနှင့်ပတ်သက်၍ မိထ္တီလာကျောင်းဆရာတော်နှင့်တွေ့ ဆုံပြီး သူမအနေနှင့် (၁၃.၇.၂၀၁၂)တွင် နေပြည်တော်စည်ပင်သာယာရေးအထူးဖွံ့ဖြိုးရေးဇုံ စီမံကိန်းရုံးမှ ဗိုလ်မှူးကြီးကံချွန်နှင့် တွေ့ဆုံကာ ၎င်းဘုန်းကြီးများ နေထိုင်ရာကျောင်းများတွင် ဆက်လက်နေထိုင်ခွင့်ရရှိရန် နှင့်ဘုန်းကြီးကျောင်းများ ဆက်လက်ဖယ်ရှားမှု မပြုလုပ်စေရန် ညှိုနှိုင်းဆွေးနွေးခဲ့သည့်နောက်ပိုင်း ဘုန်ကြီးကျောင်းများအား ဆက်လက်ဖယ်ရှားစေခြင်းရှိ/မရှိ မေးမြန်းခဲ့ပါသည်။ မိထ္တီလာကျောင်းဆရာတော် အရှင်စန္ဒိမာ ကလော လောဆယ်ဆယ်တော့ ဆက်လက်ဖယ်ရှားစေခြင်းမရှိသေးပါဘူး။ ဆရာတော်က ဆက်လက်မိန့်တော်မူသည် မှာ ၀ါဆိုသံယာစာရင်းလျှောက်ထားတာလဲ မပေးသေး၊ပြုလုပ်ပေးခြင်းမရှိသေး၊ နှစ်စဉ် စားရင်းတင်သော်လည်း ပယ်ချခံရကြောင်း ပြောကြားခဲ့သည်။ ၎င်းကိစ္စနှင့်ပတ်သက်ပြီး ဒေါ်စန္ဒာမင်းမှ မိမိအနေနှင့် သက်ဆိုင်ရာနှင့် တွေ့ဆုံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်းပြောကြား၁၂.၈.၂၀၁၂

ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီမြို့နယ်ရုံးတွင်) မြို့နယ်အတွင်းရှိပါတီဝင်များနှင့်တွေ့ဆုံပြီး (၁၅.၈.၂၀၁၂)ရက်နေ့တွင်ဖွင့်လှစ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပြီး နောက်ပိုင်းတွင် လူမှုအထောက်အကူ အနေဖြင့်ရှေ့နေများရုံးထိုင်မှာဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရသည့်ကိစ္စများ၊အလုပ်သမားရေးရာကိစ္စများနှင့် မတရားမှုများမဆို ဆွေးနွေးတိုင်ပင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မည်သည့်ကိစ္စကိုမဆို ပြုမူဆောင်ရွက်သည့်အခါတွင် ပါတီဝင်များအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်း အထူးပြောကြားခဲ့ပါသည်။

ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ရွှေကြာပင်ရပ်ကွက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ယာယီမြို့နယ်ရုံးတွင်) မြို့နယ်အတွင်းရှိပါတီဝင်များနှင့်တွေ့ဆုံပြီး (၁၅.၈.၂၀၁၂)ရက်နေ့တွင်ဖွင့်လှစ်မည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (နေပြည်တော်ရုံး) ဖွင့်ပွဲအခမ်းအနားနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ပါသည်။ ရုံးခန်းဖွင့်ပြီး နောက်ပိုင်းတွင် လူမှုအထောက်အကူ အနေဖြင့်ရှေ့နေများရုံးထိုင်မှာဖြစ်ပြီး လယ်ယာမြေသိမ်းဆည်းခံရသည့်ကိစ္စများ၊အလုပ်သမားရေးရာကိစ္စများနှင့် မတရားမှုများမဆို ဆွေးနွေးတိုင်ပင် အကူအညီ တောင်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မည်သည့်ကိစ္စကိုမဆို ပြုမူဆောင်ရွက်သည့်အခါတွင် ပါတီဝင်များအနေဖြင့် ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ လိုအပ်ကြောင်း အထူးပြောကြားခဲ့ပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.