Tuesday, August 21, 2012

0 ပြည်တွင်းထုတ် သတင်းစာစောင်ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အားလုံးကို တင်ထုတ် ကနေ ထုတ်တင် မဟုတ်ဘဲ ကျနော်တို့က မီဒီယာလော နဲ့  ဖရီးပရက် ကိုတောင်းတာပါ

ဘီဘီစီအင်တာဗျူးမှ ကောက်နုတ်ဖော်ပြပါသည်..
ကျွန်တော်တို့ တောင်းတာက မီဒီယာလော နဲ့  ဖရီးပရက် ကိုတောင်းတာခင်ဗျ။ တင်ထုတ် ကနေ ထုတ်တင် လုပ်ပေးပါလို့ ကျွန်တော်တို့ က တောင်းတာ မဟုတ်ဘူး။ ၁၉၆၂ ခုနှစ် ဥပဒေဆိုတာ တော်လှန်ရေးကောင်စီနဲ့  အင်လိုင်း ဖြစ်အောင် ဆွဲခဲ့တဲ့ ဥပဒေခင်ဗျ။ ဘယ်လိုမှ ဒီမိုကရေစီနဲ့  မဖြစ်နိုင်ဘူးခင်ဗျ။ (မြန်မာနိုင်ငံသတင်းစာဆရာများအသင်း နာယက ဖိုးသောကြာ နှင့် ဘီဘီစီ မြန်မာပိုင်း မေးမြန်းခန်း)

ပုံနှိပ်သူ၊ ထုတ်ဝေသူများအနေဖြင့် ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများမှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေ၊ အမှာစာနှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်းအားဖြင့် မီဒီယာလောကအနေဖြင့် စတုတ္ထမဏ္ဍိုင်အဖြစ်တိုင်းပြည်နှင့်လူမျိုးအကျိုး ဖော်ဆောင်ရာတွင် ထိရောက်စွာ ပံ့ပိုးကူညီ
ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။

Ref..ကိုအောင်မျိုးထွန်း

1 ပထမဆုံး သားကောင် ဖြစ်သွားသော အခြေခံဥပဒေခုံရုံးနှင့် ဗိုလ်ရွှေမန်းရဲ့ နောက်ထပ် ခြေလှမ်းများ (၁) (ရေးသူ - ထိန်လင်း)

(ဝေဖန်ပိုင်းခြားသုံးသတ်နိုင်ရန်တင်ပြခြင်းဖြစ်ပါသည်။ ။)

မြန်မာနိုင်ငံ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေ ဖြစ်နေတာလဲ။ အာဏာလုပွဲ၊ ခွက်စောင်းခုတ်ပွဲတွေက ပါလီမန်ခေတ်ကအတိုင်း တစ်ထေရာထဲ ဖြစ်နေပြီ။ ကြည့်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ပြီးတော့ ဘာတွေ ဆက် ဖြစ်လာမလဲ ဆိုတာကိုလည်း စောင့်ကြည့်ဖို့ ကောင်းတယ်။

ချွတ်ချော်တဲ့ လွှတ်တော်က သမတကို စိန်ခေါ်ပွဲ စလိုက်တာ တွေ့ရတယ်။ ခုံရုံးကို ဖြုတ်ပစ်- ငါတို့က ပြည်ထောင်စုအဆင့် ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရဲရဲတောက်နေလိုက်ကြတာ။ Lawmaker တွေလည်း လက်သီးလက်မောင်းတန်းလို့။ အမှန်တော့ lawmaker တွေ အကွက်ဆင်ထားတဲ့ ထောင်ချောက်ထဲေ၇ာက်သွားကြပြီ။ ဒါကို အမတ်တွေ နားမလည်ဘူး။ သူတို့ခမျာလည်း အရှေ့တောင်အာရှမှာ အကြီးကျယ် ဆုံး လွှတ်တော်ကြီးထဲကို ရောက်ပြီး သွေးတွေ နထင်ရောက်နေလိုက်ကြတာ။ NLD အမတ် ဗိုလ်(ပြုတ်)၀င်း ထိန် (မိထီလာ) ပြောတဲ့စကားလေး ရှိတယ်။ လွှတ်တော်က အရမ်းလွတ်လပ်တယ်။ အတားအဆီးမရှိဘူး။ အစိုးရကို မကောင်းဘူး ပြော - တရားသူကြီးတွေ မမှန်ဘူး ပြော- ကြိုက်သလောက် ပြော-ရတယ်။ ဒါပေမယ့် လွှတ်တော်ကိုတော့ လာမပြောနဲ့ မီးပွင့်သွားမယ်-မီးဟုန်းဟုန်းတောက်သွားမယ် ဆိုတဲ့ စကား လေးပါ။ ဗိုလ်ဝင်းထိန်က အမှန်တော့ လူတော်။ အခြေအနေကြောင့် ဗိုလ်ပြုတ်ဖြစ်ခဲ့ပေမယ့် သူက ပင်ကို တော်တဲ့သူ။

လွှတ်တော်ထဲမှာ ဗိုလ်ရွှေမန်း ထင်တိုင်းကြဲနေတာက ထိန်းမယ့်သူ-ထိန်းနိုင်တဲ့သူ မရှိဘူး ဖြစ်နေတယ်။ ကြံ့ဖွံ့ EC တွေကလည်း တစ်သားတည်း ဖြစ်နေတာ။ ဒါက ဗိုလ်အောင်သိန်းလင်းကို ထိလိုက်တဲ့အချက် လည်း ကျိန်းသေ ပါနေတယ်။ အမှန်တော့ ဗိုလ်အောင်သိန်းလင်း အင်တာဗျူးက အမှန်။ အဲဒီစကားတွေက ဗိုလ်ရွှေမန်းနဲ့ ကြံ့ဖွံ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သဘောထားပဲ။ နိုင်ငံရေးဆိုတာ ဒီလိုပဲ။ ကံမကောင်းချင် တော့ ဗိုလ်အောင်သိန်းလင်းက အရမ်း စကားကျွံသွားတယ်။ ဒီတော့ အရေးမယူရင် ပါတီလည်း ဖွဲ့စည်းပုံ ပျက်ဖို့ပဲ ရှိတော့ လူသိထင်ရှား အရေးယူပစ်ရတယ်။ ဒီတစ်ကွက်ဟာ ဗိုလ်ရွှေမန်းခေါင်းဆောင်တဲ့ ကြံ့ဖွံ့ ထိပ်ပိုင်းက လူတွေအတွက် မနှစ်မျို့စရာ ဖြစ်ခဲ့ရတယ်။

ဗိုလ်ရွှေမန်းဟာ နိုင်ငံရေးကို ပါးပါးနပ်နပ် ကိုင်တွယ်တတ်တယ်။ စနစ်တကျ အကွက်ချတတ်တယ်။ ဆိုလို တာက နိုင်ငံရေးဆိုတာ ညစ်ပတ်၊ ကလိမ်ကကျစ် လုပ်တတ်ရတယ်။ မလုပ်ရင်တော့ သေဖို့သာပြင်ပေ တော့။ အခုဆို ဗိုလ်သိန်းစိန်အစိုးရ အကျပ်ရိုက်နေပြီ။ အခြေခံဥပဒေခုံရုံးဆိုတာ အချုပ်အခြာဒေါက်တိုင်ကြီး သုံးခုစလုံးကို ထိန်းဖို့လုပ်ထားတာ။ ဒီအညှာကို ချိုးနိုင်မှတော့ ကျန်တဲ့ ဒေါက်တိုင်တွေ အချိန်မရွေး ဖြိုပစ် လို့ရပြီ။ ဦးချိုးတယ် လို့ ခေါ်တယ်။ အခု ဖြစ်နေတဲ့ ပြဿနာကို ဘယ်ဘက်ကမှ မလိုက်စတမ်း ပြောရရင် ပြည်သူ့လွှတ်တော်က အာဏာရှင်ဒီမိုကရေစီကို စပြီး ခြေလှမ်းလိုက်တာပဲ။ နောက်ကြောင်း ပြန်ဖို့ စပြီး အကွက်ရွှေ့တာက ဗိုလ်ရွှေမန်းပဲ။ သူ့နောက်ကြောင်းက သမတ ပြန်ရွေးတဲ့ မကျေနပ်ရင် တစ်က ပြန်စ ဆိုတဲ့ နည်းလမ်းပဲ။ ဒါပေမယ့် အံ့သြဖို့ ကောင်းတာက ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ ဒီမိုကရက် တွေ ဒီထဲမှာ ရောယောင်ပါလာတာပဲ။ တစ်ဖက်ကကြည့်ရင် ဒီအင်အားတွေကို ရအောင် စုစည်းနိုင်တာ ဗိုလ်ရွှေမန်းရဲ့ နိုင်ငံရေး ပရိယာယ် သိပ်ကောင်းလို့ပဲ။ ဒါကိုတော့ ချီးကျူးရမှာပဲ။

ဒါပေမယ့် သိသာထင်ရှားတဲ့ အမြင်ကတော့ ဒါက ကြံ့ဖွံ့အတွင်းစည်း ပြဿနာပဲ။ ဒါကို လူသိထင်ရှား တိုက်ကွက်ဖော်လာတဲ့ နောက်ကွယ်မှာ ဘာတွေ ရှိမလဲ။ စဉ်းစားကြည့်ရင် သိပ်ကို စိတ်ဝင်စားဖို့ ကောင်း တယ်။ ဗိုလ်ရွှေမန်းဟာ ဒီလောက် ဦးနှောက်ကောင်းပါ့လား။ ဒါမှမဟုတ် မတော်တဆ ကံကောင်းသွားသည် လား။ ဒါကိုတော့ ဗိုလ်ရွှေမန်းသာ သိပါလိမ့်မယ်။ တစ်ခုရှိတာက ဗိုလ်ရွှေမန်းမှာ နိုင်ငံရေးရူး ရူးနေတဲ့ တိုးနိုင်မန်း ဆိုတဲ့ သားတစ်ယောက် ရှိတယ်။ ဒီသားကို ဗိုလ်ရွှေမန်းက လွှတ်တော်ကော်မရှင်တစ်ခုတည်းမှာ ထည့်ထားတယ်။ ရည်ရွယ်တာက ပြည်ထောင်စုအဆင့်ရရင် သူ့သားကလည်း ပြည်ထောင်စုအဆင့် ဖြစ် လာမယ်။ နိုင်ငံခြားခရီးတွေ သွားရင် သူ့သားကို ပွဲထုတ်လာတဲ့အချက်ဟာ ဗိုလ်ရွှေမန်းရဲ့ မန်းမျိုးဆက် ထူထောင်လိုတဲ့ တခြားရည်ရွယ်ချက် ရှိနေမှာ သေချာတယ်။ ဒီနေရာမှာ သူ့သားအရင်းကို ဘာအရည် အချင်းနဲ့ ကော်မရှင်ဝင် ခန့်ထားတာလဲ ဆိုတာ စဉ်းစားကြည့်ရင် သိသာတယ်။ ဗိုလ်ပြုတ် တိုးနိုင်မန်းဟာ ခရိုနီခင်ရွှေရဲ့ သမီးကို စုလျားရစ်ပတ်ပြီး စီးပွားရေးအင်ပါယာထောင်နေတယ်။ ခရိုနီတွေက lawmaker ဖြစ် နေတော့ ဒီလွှတ်တော်တွေက ဘယ်လိုလုပ် သန့်စင်နိုင်တော့မလဲ။ တိုးနိုင်မန်းကို မျက်နှာပြောင် တိုက်ပြီး ကော်မရှင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားခြင်းဟာ ဗိုလ်ရွှေမန်းရဲ့ မျက်နှာပြောင်တိုက်ရဲတဲ့ သတိကို ဖော်ပြ နေတာ ဖြစ်တယ်။

ပြည်ထောင်စုအဆင့်ကို စပြီးတောင်းတာက ကြံ့ဖွံ့ထိပ်ပိုင်းက ခေါင်းဆောင်တွေပဲ ဖြစ်တယ်။ အခုနောက် ပိုင်း ကြံ့ဖွံ့ထဲက ဗိုလ်အောင်ကို၊ ဗိုလ်သူရိန်ဇော်၊ ဗိုလ်မောင်တိုး၊ ဗိုလ်အေးမောက် တို့က ဗိုလ်ရွှေမန်းရဲ့ အနီးကပ်အမာခံ ညာလက်ရုံးတွေ အဖြစ် ထင်ထင်ရှားရှား ပေါ်ထွက်လာတာ တွေ့ရတယ်။ သူတို့လို လူသိ ထင်ရှား မပြသော်လည်း ပညာသားပါပါ နိုင်ငံရေးကစားနေကြတာက ဗိုလ်အောင်သောင်း၊ ဗိုလ်သိန်းဇော်၊ ဗိုလ်မောင်မောင်သိမ်း စတဲ့ နအဖ၀န်ကြီးအဟောင်းတွေ ဖြစ်တယ်။ သူတို့ရဲ့ ကစားကွက်မှာ တိုက်ရိုက် ပါဝင်သွားတာက ကျားဖြူက ဦးရဲထွန်းပဲ ဖြစ်တယ်။ သူက လက်မှတ်တွေ လိုက်စုတယ်။ အမှန်က ကျားဖြူ ဦးရဲထွန်းဟာ အခွင့်အရေးသမား ဖြစ်တယ်။ ကျားဖြူရဲထွန်းဟာ ပါတီရဲ့ မူဝါဒနဲ့ မဆိုင်တဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို ဆောင်ရွက်နေတာကို ကျားဖြူပါတီကလည်း မထိန်းနိုင်တော့ဘူး။ ပြီးတော့ ဦးရဲထွန်းဟာ အသုံးချခံ နယ်ရုပ်လေးတစ်ရုပ် ဖြစ်သွားတာ ဖြစ်ပြီး ဒါကို ဦးရဲထွန်းကိုယ်တိုင်တောင် မသိလောက်ဘူး။
ဗိုလ်ရွှေမန်းရဲ့ ဥာဏ်များပုံက ကျားဖြူက နန်းဝါနုကို အသုံးချပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလှုပ်သာ အောင် ချုပ်တယ်။ ပြီးတော့ ကော်မတီအသစ်ဖွဲ့ ဥကဌခန့်တယ်။ လွှတ်တော်ထဲမှာ ဦးနဒကျော်စွာ ပြော သွားတဲ့ ဗိုလ်ရွှေမန်းက တားထားလို့ ဆိုတာ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥကဌ ဖြစ်လာ တဲ့အချိန်ကို စောင့်နေတာ။ ဒါမှ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့ ပြည်သူတွေ သူ့နောက်ပါလာမယ်။

ကဲ ထားတော့။ ခုံရုံးကို ဖြုတ်ချနိုင်ပြီ ဆိုရင် သူက ဘာမဆို လုပ်လို့ ရသွားပြီ။ သူ့ကို ထိန်းနိုင်တာ ခုံရုံးပဲ ရှိတယ်။ ခုံရုံးကို ဦးချိုးနိုင်ပြီ ဆိုရင် အစိုးရကိုရော၊ တရားလွှတ်တော်ကိုပါ ထင်ရာစိုင်းလို့ ရသွားပြီ။ အခု ရွေး ချယ်လိုက်တဲ့ သားကောင်က ခုံရုံး ဖြစ်နေတာကိုက အရေးကြီးတဲ့ အချက်လို့ မြင်တယ်။

မြင်ရသလောက်ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့ တပည့်၊ Eleven, The Voice, Street View နဲ့ အခြား ဂျာနယ်အတော်များများကို ကိုင်ထားတယ်။ Max ဇော်ဇော်၊ ထူး-တေဇတို့နဲ့ ပေါင်းပြီး မီဒီယာတွေကို နောက်ကွယ်က ထောက်ပံ့ပေးထားတယ်။ တိုးနိုင်မန်းရဲ့ ကော်မရှင်ဟာ အမှန်တော့ အစိုးရကို ရှဲဒိုးလုပ်ဖို့ ဖွဲ့ထားတာ ဖြစ်တယ်။ ဗိုလ်ရွှေမန်း မှားသွားတဲ့အချက်က တိုးနိုင်မန်းကို တည့်တိုး ကြီး အဖွဲ့ဝင် ပေးလိုက်တာ ဖြစ်တယ်။ ပြီးတော့ ဗိုလ်ရွှေမန်းရဲ့ ချမ်းသာကြွယ်ဝမှုက တေဇနဲ့ ထွန်းမြင့်နိုင်တို့ ထက် မသာရင်သာနေမယ်။ လျော့တော့ မလျော့ဘူး။ လုပ်ငန်း အားလုံးကို ပတ်လည်ရိုက်ပြီး သပွတ်အူ ပါအောင် လုပ်ထားတာ ဖြစ်တယ်။ ခင်ရွှေပိုင်တာလည်း ဗိုလ်ရွှေမန်းရဲ့ ပိုင်ဆိုင်မှုတွေပဲ။ အောင်သက်မန်း ဆိုရင် ဧရာဝတီတိုင်းမှာ ဓါတ်မြေသြဇာ အညံ့စားတွေကို မယူမနေရ နှစ်ဆိုင်းနဲ့ေ၇ာင်းချပြီး သူဌေး ဖြစ်လာ တာ။ ဦးပိုင်လိမိတက်နဲ့ပေါင်းပြီး သိန်းထောင်ချီ အပြောက်ရိုက်ထဲ့တာ ဦးပိုင်က လူတွေ အာချောင်လို့ ဗိုလ်တင်အေးက ဖုံးဖိထားခဲ့ရတယ်လို့ ဆိုတယ်။ E-Lite, Red Link, ထူး၊ Max အကုန်လုံးဟာ တိုးနိုင်မန်း ပါဝင်လုပ်ဆောင်နေတာ ဖြစ်တယ်။ တိုးနိုင်မန်းဟာ ဘ၀င်မြင့်ရောဂါ ရနေတယ်လို့ သတင်းတွေ ထွက်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတောင် လက်သိပ်မွေးဖို့ ကြံစည်နေတယ်လို့ ဆိုကြတယ်။ ဒေါ်အောင်ဆန်းစု ကြည်အနားက ဒေါ်ဥမ္မာ၊ ဒေါ်စုစုလွင်တို့ကို တစ်ဆင့်ခံ ထောက်ပံ့ပေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ် ရွှေမန်း မဟာမိတ်ဝန်ရိုးတန်း ဖြစ်အောင် လုပ်နေတာက တိုးနိုင်မန်းပဲ။ ခက်တာက ဒေါ်အောင်ဆန်းစုကြည် က ဗိုလ်ရွှေမန်းကို မယုံဘူး။ ဗိုလ်သိန်းစိန်အပေါ်မှာတော့ အတော်ကလေး ယုံကြည်မှု ရှိတယ်။ ဒါကို တိုးနိုင် မန်းက မခံချိမခံသာ ဖြစ်ပြီး သူ့အဖေ ဗိုလ်ရွှေမန်း နာမည်ရဖို့ ရှာဖွေဖော်ထုတ်လာနေတာ ဖြစ်တယ်။ တိုးနိုင်မန်းရဲ့ ဂျာနယ်မှာ ဖော်ပြနေတာက တိုးနိုင်မန်းရဲ့ အာဘော်တွေပဲ။ တိုးနိုင်မန်းဟာ သန်းထွတ်အောင် နဲ့ပေါင်းပြီး ပြည်သူတွေကို အဆိပ်ကျွေးနေတာ ဖြစ်တယ်။
လယ်သမား မြေသိမ်းခံရတဲ့ ကိစ္စ သူ့လွှတ်တော်က ဘာဖြစ်လို့ မကိုင်ရဲတာလဲ။ ခရိုနီတွေ ကြီးစိုး နေတာကို သူ့လွှတ်တော်က ဘာဖြစ်လို့ အသံမထွက်ရဲတာလဲ။ တစ်လောက ပိုင်ဆိုင်မှု ကြေညာဖို့ ငြင်းကြတော့ လွှတ်တော်ကိုယ်စားလှယ်တွေပါ ကြေညာသင့်တယ် ဆိုတော့ လွှတ်တော် အသံတိတ်သွား တာ မျက်နှာပြောင်နဲ့ နေရဲတယ်။ ဗိုလ်ရွှေမန်းနဲ့ မိသားစုဝင်တွေရဲ့ ချမ်းသာမှုဟာ အာရှထိပ်တန်း (၅၀) ထဲမှာ ၀င်နေတယ်လို့ စင်ကာပူက ဓါတ်သိတွေက ပြောတယ်။ အစိုးရ၀န်ကြီးဌာနတွေထဲမှာ တိုျးနိုင်မန်း၊ အောင်သက်မန်းတို့ ၀င်ပြီး ကိုင်ထားတာ အတော်များနေပြီ။ ၀န်ကြီးတွေက တိုးနိုင်မန်းကို မလှန်ရဲဘူး။ အဆိုးဆုံး ဗိုလ်သိန်းထွန်း ကိုင်ထားတဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနပဲ ဖြစ်တယ်။ ဆက်သွယ်ရေးဝန်ကြီးဌာန တစ်ခုလုံးဟာ ဗိုလ်ရွှေမန်းရဲ့ သူလျှိုတွေချည်းပဲ ပြည့်နှက်နေတာ ဖြစ်တယ်။ အလားတူ ပို့ဆောင်ရေး၊ သတုတွင်း၊ လယ်ဆည်၊ စီးပွား/ကူးသန်း၊ ဟိုတယ်/ခရီး ဒီဝန်ကြီးဌာနတွေဟာ အောင်သက်မန်းနဲ့ တိုးနိုင်မန်းတို့ရဲ့ လက်ခုပ်ထဲက ရေသာသာ အဆင့်တွေပဲ ဖြစ်တယ်။ ဒါကို ဗိုလ်သိန်းစိန် က ရှင်းပစ်တော့မှာ သိတော့ ဗိုလ်ရွှေမန်းဟာ တိုက်ကွက် တစ်ခုပြီး တစ်ခု ဖော်လာတာ ဖြစ်တယ်။

အမှန်တော့ လွှတ်တော်အမတ်တွေက ဘာမှ သိကြတာ မဟုတ်ဘူး။ တစ်လောက ဗိုလ်မြင့်လှိုင် ပြောတာ လွှတ်တော်ရဲ့ အနေအထားမှန်ပဲ။ ထိုင်ဆိုထိုင်- ထဆိုထ အများယောင်ရင် လိုက်ယောင်နေတာ။ တစ်ပါတ်က Hot News ဂျာနယ်မှာ အမတ်တွေ အိပ်မနေကြဖို့ ဗိုလ်ခင်အောင်မြင့်က သတိပေးလိုက်တယ် ဆိုတာ တွေ့ရတယ်။ သတင်းစာထဲမှာလည်း ဥပဒေ စည်းမျဉ်းတွေနဲ့ ပြည့်စုံအောင် အင်ဂါရပ်နဲ့ညီအောင် လုပ်သင့်တယ်လို့ ရှေ့နေချုပ်ရုံးက ပြောတော့ ဗိုလ်ရွှေမန်း အနာပေါ်ထုတ်ကျပြီး ပြန်ပြောလိုက်တာ တွေ့ရတယ်။ ပြောစရာ မလိုဘူး၊ လွှတ်တော်က ဘာလုပ်လုပ်ဆိုတဲ့ သဘောမျိုး ငါ့မြင်းငါစိုင်း စစ်ကိုင်း ရောက်ရောက် ဆိုပြီး လုပ်နေတာ ဖြစ်တယ်။

ဗကပဘက်က ကြားရတဲ့ သတင်းတွေအရ ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ရွှေမန်းကို ဖြုတ်ဖို့ ခွင့်တောင်းထား ပြီးပြီ လို့ သိရတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်ရုံအင်အားစုတွေ ရှိတဲ့ ဇေယျာသီရိမြို့နယ်က ဗိုလ်ရွှေမန်း ကို တင်မြှောက်ထားတာ ဖြစ်လို့ Right to recall အရ (၁%)လက်မှတ်ရေးထိုးရင် ဗိုလ်ရွှေမန်း ပြုတ်သွား ပြီ ဖြစ်တယ်။ ဗိုလ်မြင့်လှိုင်နဲ့ ပြဿနာမှာ ဗိုလ်ရွှေမန်းကို ဗိုလ်မောင်အေး၊ ဗိုလ်သန်းရွှေတို့က အတော်လေး မကျေမနပ် ဖြစ်တယ်လို့ ဆိုတယ်။ အခုလည်း တပ်ကို ဖြိုခွဲတဲ့ သဘောမျိုး လုပ်လာလို့ ဗိုလ်မင်းအောင် လှိုင်က လွှတ်တော်ကိုယ်စားလှယ်တွေ လဲလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းကို နိုင်တာက ဗိုလ်မင်းအောင် လှိုင်ပဲ။ သူက အချိန်မရွေး ဗိုလ်ရွှေမန်းကို ဖြုတ်ပစ်နိုင်တဲ့ အာဏာ ရှိတယ်။ အခု ကြားရတာကတော့ ဗိုလ်သိန်းစိန်က စိတ်ရင်းကောင်းနဲ့ ဗိုလ်မင်းအောင်လှိုင်ကို တားထားတယ်လို့ ဆိုတယ်။ ဗိုလ်မင်းအောင် လှိုင်ရဲ့ စစ်ရုံးဘက်က သတင်းတွေအရ စစ်ရုံးမှာ ကာကွယ်ရေးဘတ်ဂျက်ဖြတ်ဖို့ လူတွင်ကျယ်လုပ်ခဲ့တဲ့ တိုးနိုင်မန်းကို အတော်ကလေး မကျေမနပ် ဖြစ်နေတယ်လို့ ဆိုတယ်။

အခု နောက်ဆုံးခုံရုံးနဲ့ ဖြစ်တဲ့ ပြဿနာမှာ ဗိုလ်မင်းအောင်လှိုင်ဘက်က ကိုယ်စားလှယ်တွေက လုံးဝ မထောက်ခံဘူး လို့ သိရတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ကျားဖြူဦးရဲထွန်းဟာ တပ်ကိုယ်စားလှယ်တွေကို လက်မှတ်ထိုးဖို့ သွားစည်းရုံးတော့ ခပ်မာမာပဲ မထိုးနိုင်ဘူးလို့ ပြောလွှတ်လိုက်တယ်။ ပြီးတော့ စနေနေ့ မြ၀တီသတင်းစာနဲ့ ရတနာပုံသတင်းစာတွေမှာ မောင်အေးချမ်း(ဟားဗတ်)ရဲ့ ဆောင်းပါးတွေ ထည့်သွင်း ဖော်ပြထားတာ တွေ့ရတယ်။ ဒီသတင်းစာတွေဟာ တပ်သတင်းစာတွေ ဖြစ်တဲ့အတွက် တပ်ရဲ့အာဘော်ကို ဖော်ပြလိုက်တာ ဖြစ်တယ်။ ဗိုလ်မင်းအောင်လှိုင် ဆိုလိုချင်တာက တပ်မတော်ကတော့ ဒီလို ဖြစ်စေချင်တယ်၊ ဒီလိုလုပ်ပါ။ မလုပ်ရင်တော့ ဖြုတ်ပစ်ရမယ် ဆိုပြီး ဗိုလ်ရွှေမန်းကို ပြောလိုက်တာ ဖြစ်တယ်။ ဗိုလ်ရွှေမန်းအနေနဲ့လည်း နောက်ဆုတ်လို့မရအောင် ဘုရင့်နောင် ဖော်ဖျက်ပြီး လူသိထင်ရှားလုပ်ထားတာ ဖြစ်တဲ့အတွက် နောက်ဆုတ်ဖို့ ခက်နေပြီ။ မဆုတ်ရင်လည်း ဗိုလ်မင်းအောင်လှိုင်က ဖြုတ်ပစ်တော့မယ့် အနေအထားမှာ ရှိနေတယ်။ ဗိုလ်ရွှေမန်းကတော့ တိုးနိုင်မန်းရဲ့ နိုင်ငံရေးသီအိုရီ အရူးအနှမ်းတွေကို ဆက်ပြီး လက်ခံနေရင်တော့ ဒုက္ခ တွေ့တော့မယ်။ ပြီးရင် ကြံ့ဖွံ့ ပြိုကွဲမယ်။ တပ်နဲ့ ကျောခိုင်းလိုက်ပြီ ဆိုရင်တော့ ဒီတိုင်းပြီင်္ ဘယ်ကိန်းဆိုက်မလဲ မေးစရာ မလိုတော့ဘူး။

အပိုင်း(၂) ဆက်လက် ဖော်ပြပါမည်။

0 ပြည်သူ့လွှတ်တော်ဥက္ကဌ ၂၀၁၅ မတိုင်မီ နိုင်ငံတော်သမ္မတဖြစ်ရေး ကြိုးစားနေပြီလော (သို့မဟုတ်) Parliamentary Coup ?

(ရေးသားသူ၏ အာဘော်သာဖြစ်ပါသည်။)

ကျွန်တော်ကတော့ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ နိုင်ငံသားတစ်ဦးပါ။ တစ်သက်လုံး စိတ်ပျက်စရာနိုင်ငံရေး အခြေအနေနဲ့ ကြီးပြင်းလာခဲ့ရသူတစ်ဦးအနေနဲ့ ၂၀၁၁ အစိုးရသစ်တက်ချိန်မှာ အပြောင်းအလဲတွေမြင်ရတော့ အားတက်မိပါတယ်။ အဲလိုအပြောင်းအလဲတွေစလို့မှ မကြာသေးခင် ဖဆပလလို ကွဲကြ၊ ပြဲကြတော့မယ့် အခြေအနေတွေ မြင်နေရလို့ မနေနိုင်၊ မထိုင်နိုင် ဒီစာကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနာမည်စကြားဖူးတာ သူညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာတဲ့အချိန်ကပါ ၊ အဲဒီ အချိန်က နိုင်ငံကို တပ်မတော်က အုပ်ချုပ်နေပြီး တပ်မတော်မှာ ဗိုလ်ချုပ်ကြီးရွှေမန်းက တတိယအဆင့်ရှိသူဆို တော့ နိုင်ငံတော်အဆင့်မှာလဲ တတိယအဆင့်လို့ပြောနိုင်မယ်ထင်ပါတယ်၊ ညှိကွပ်ဘ၀မှာ သဘောကောင်း တယ်လို့တော့ တပ်မတော်သားတွေက ပြောကြပါတယ်၊ ဒါပေမယ့် တပ်မတော်တိုးတက်ရေးမှာ ဘာတွေစွမ်း စွမ်းတမံလုပ်ခဲ့သလဲဆိုတာတော့ တစ်ခါမှ မကြားဖူးပါဘူး၊

ဒါကတော့သူကိုယ်တိုင်ကလူအထင်ကြီးမခံချင်လို့ နှိမ့်ချထားလို့မသိတာဖြစ်နိုင်သလိုကျွန်တော်အကြားအမြင်နည်းပါးတာလည်း ဖြစ်နိုင်ပါတယ်၊တပ်မတော်နဲ့ပတ်သက်ပြီးဗိုလ်ချုပ်ကြီးရွှေမန်းရဲ့နာမည်အကြီးဆုံးကိစ္စကတော့ မြောက်ကိုရီးယားနိုင်ငံကို လေ့လာရေး သွားတဲ့ အစီရင်ခံစာပေါက်ကြားတဲ့ကိစ္စဖြစ်ပါတယ်။ ဒီအစီရင်ခံစာပေါက်ကြားတဲ့ကိစ္စမှာ တာဝန်အရှိဆုံးသူက သူပဲဖြစ်ပေမယ့် ဘယ်သူတွေပဲ အရေးယူခံရသလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သူကတော့ အရေးယူမခံခဲ့ရဘူးဆိုတာ သေချာပါတယ်။

ဗိုလ်ချုပ်ကြီးဘ၀ကနေပြီးတော့၂၀၁၁ခုနှစ်အစိုးရသစ်ကာလမှာ ပြည်သူ့လွှတ်တော်ဥက္ကဌတာဝန်ထမ်း ဆောင်တဲ့အချိန်မှာတော့ သူရဦးရွှေမန်းဟာ ဒီမိုကရေစီဘက်တော်သားတစ်ဦးဆိုတဲ့ ပုံရိပ်ကို အထင်အရှား ပုံဖော်လာတဲ့အပြင် လွှတ်တော်တွင်းမှာလည်း ထောက်ခံမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကြံ့ခိုင်ရေး ပါတီကမဟုတ်တဲ့ အမတ်တွေကိုယ်တိုင်က ဥက္ကဌကြီးက ပါတီစွဲမရှိဘူး၊ သမာသမတ်ရှိတယ်လို့ လေးစားတဲ့ အသံတွေကြားရပါတယ်။ လွှတ်တော်တွင်း ဆွေးနွေးမှုတွေဟာလည်း လွှတ်တော်တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို ပြီး အသက်ဝင်လာပါတယ်။ ဒီအထိ အားလုံးကောင်းပါတယ်။ နေရာမှန် လူမှန်လို့ ကျွန်တော်တွေးမိပြီး နိုင်ငံ အနာဂတ်အတွက်တောင် မဆီမဆိုင် အားတက်မိပါတယ်။ စိတ်သဘောထားဖြောင့်မတ်မှန်ကန်တဲ့နိုင်ငံတော် သမ္မတကြီး၊ စည်းရုံးရေးကောင်းတဲ့လွှတ်တော်ဥက္ကဌ၊ နိုင်ငံတကာကအသိအမှတ်ပြုတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်။ ဒီလိုခေါင်းဆောင်တွေနဲ့ဆိုတော့ ငါတို့နိုင်ငံအချိန်တိုအတွင်း တိုးတက်လာမှာ မြေကြီး လက်ခတ်မလွဲဆိုပြီးတော့ပေါ့။

ဒါပေမယ့် အချိန်ကြာလာတာနှင့်အမျှ သူရဦးရွှေမန်းရဲ့လုပ်ရပ်တွေဟာ ရိုးသားမှုရှိ / မရှိ သံသယ ဖြစ်စရာ ရှိလာပါတယ်။ ပထမဆုံးအကြိမ် ကျွန်တော်သံသယဖြစ်မိတာကတော့ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ဆုံးဖြတ်ထားပြီးသားကိစ္စတစ်ခုကို ပြည်သူ့လွှတ်တော်က ပြန်လည်ကန့်ကွက်တာပဲ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၅(က)အရ သမ္မတကလက်မှတ်ရေးထိုးထုတ်ပြန်ရေး အတွက်ပေးပို့ခြင်းမပြုမီ ဥပဒေကြမ်းပူးပေါင်းကော်မတီအားစိစစ်ရန်၊ ဥပဒေကြမ်းကော်မတီက စိစစ်ရာ၌ သံသယရှိသော ကိစ္စရပ်များ ပါဝင်သည်ဟုယူဆပါက ယင်းဥပဒေအား အခြေခံဥပဒေ ပုဒ်မ ၃၂၂ (ခ) အရ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ပေးပို့စိစစ်ရန် လို/မလို” ဆိုတဲ့ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးလဲ တက်ရောက်ခဲ့ကြတဲ့ ပြည်ထောင်စုလွှတ်တော်မှာကတည်းက ကန့်ကွက်လို့ရတဲ့ကိစ္စကို အဲဒီမှာတော့မကန့်ကွက်ဘဲ သူတို့ပါအလိုတူ၊ အလိုပါသဘောတူဆုံးဖြတ်ခဲ့ပြီး တစ်ရေးနိုးတော့မှ အကြံပေါ် ပြီးတော့ ပြည်သူ့လွှတ်တော်အနေနဲ့ကန့်ကွက်တာဟာ အင်မတန်အရုပ်ဆိုးတဲ့ကိစ္စပါ ၊ ကိစ္စကလဲ အမျိုးသား အကျိုးစီးပွားနဲ့ ဘာမှမဆိုင်ပါဘူး။ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူ အာဏာ ပိုရှိသလဲဆိုတာ ပြတဲ့ပုံစံလုပ်တာပါ။ အဲဒီကိစ္စဖြစ်တော့ ပြည်သူ့လွှတ်တော်ဥက္ကဌအပေါ် အထင်ကြီး စိတ်နဲနဲလျော့သွားတယ်။ ဒါပေမယ့် ဘေးကမြောက်ပေးတဲ့လူတွေရှိလို့ နားယောင်ပြီး လုပ်တာဖြစ်မယ်လို့ လျော့လျော့ပေါ့ပေါ့တွေးမိပါတယ်။

ဒါပေမယ့် ဥက္ကဌရဲ့ ဒုတိယအကြိမ်တိုက်ကွက်ကို မြင်ရတဲ့အခါမှာတော့ ဥက္ကဌရဲ့လုပ်ရပ်တွေ ရိုးသားမှု ရှိ/ မရှိအပေါ် ကျွန်တော်ရဲ့သံသယက ပိုမိုကြီးထွားလာခဲ့ပါတယ်။ ၀န်ထမ်းအားလုံးမျှော်လင့်တောင့်တနေတဲ့ လစာတိုးမြှင့်ရေးကိစ္စကို ဗန်းတင်ပြီးသူရဲကောင်းလုပ်ပြတာကတော့ အစွယ်ထုတ်ပြတာလို့ပြောလို့ရမယ်။ ၀န်ထမ်းတွေနဲ့အစိုးရ၊ နိုင်ငံတော်သမ္မတကို ရန်တိုက်ပေးပြီး သူကတော့ဝန်ထမ်းတွေဖက်က ရှေ့နေလိုက်ပေး တဲ့ သူရဲကောင်းကြီးပေါ့။ ဒီကိစ္စကိုတော့ ကိုထိန်လင်းက အသေးစိတ်ရေးပြီးဖြစ်လို့ ကျွန်တော်အသေးစိတ် မပြောတော့ပါဘူး။ မဖတ်ရသေးသူများ အောက်ကလင့်မှာ သွားဖတ်နိုင်ပါတယ်။
http://sonenaykya.blogspot.com/2012/02/blog-post_844.html

သူရဦးရွှေမန်းကို ပိုပြီးစိတ်ပျက်ရတာကတော့ သူ့သားတိုးနိုင်မန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်မှာ အဖွဲ့ဝင်အဖြစ်တာဝန်ပေးလိုက်တာပါပဲ။ ဒီကောင်လေးက ဘာများတတ်ကျွမ်းနေလို့လဲ။ အမှန်တကယ်ဖြစ်သင့်ဖြစ်ထိုက်လို့ တာဝန်ပေးတယ်ဆိုရင် တော့ ဘာမှမပြောလိုပါဘူး။ တပ်မတော်ထဲမှာတုန်းကလဲ အဖေအရှိန်နဲ့ဘော်ကြော့နေလာတဲ့ကောင်။ သင်တန်းမှာ တပ်ပြင်ခိုးထွက်။ ကားမှောက် လူသေ၊ ဒါတောင်မှင်နီတစ်ချက်မစွမ်းဘူး။ တပ်ထဲမှာလူစွာလုပ်ရ တာဝတော့ အပြင်ထွက်။ အဖေအရှိန်နဲ့ ပိုက်ဆံရှာ။ အခုတော့နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင် ယောင် လုပ်တော့မယ်ပေါ့။ သူရဦးရွှေမန်းရဲ့ အကြံကလည်းအကြီးသား။ သားကြီးကို အဖေအရှိန်နဲ့ စီးပွားရှာ ခိုင်း၊ သားငယ်ကိုတော့ အဖေအရှိန်နဲ့ နိုင်ငံရေးမှာနေရာပေး၊ ပြီးတော့ မြောက်ကိုရီးယားလို ငမန်းမျိုးဆက်တွေ ထူထောင်ကြမယ်ပေါ့လေ။

တကယ်အရည်အချင်းရှိလို့နေရာပေးရင်တော့ ထားပါ။ စင်ကာပူက လီကွမ်းယူလုပ်သလို သူ့သား လီရှန်လွန်းကို သေချာလေ့ကျင့်ပေးခဲ့သလို လေ့ကျင့်ပေးပြီးမှ နေရာပေးရင်ပေးပေါ့။ အခုတော့ ကိုယ်စွမ်းကိုစ နဲ့ဆို အောက်တန်းစာရေးတောင်ဖြစ်မှာ မဟုတ်တဲ့ တိုးနိုင်မန်းကို ကော်မရှင်အဖွဲ့ဝင်ပေးထားတာကတော့ မရှက်တတ်တာလား၊ အရှက်မရှိတာလား မပြောတတ်တော့ပါဘူး။ သားကို ကော်မရှင်အဖွဲ့ဝင်ပေးပြီးတဲ့အချိန် မှာ လွှတ်တော်ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ ဖွဲ့စည်းပုံအခြေ ခံဥပဒေခုံရုံးက ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ဦးရွှေမန်းအတွက်တော့ တကယ့်အကွက်ကောင်း ရတော့တာပဲ။ အဲဒီအချိန်မှာ သမ္မတနဲ့ ညှိနှိုင်းပေးမယ်ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို ခဏချွေးသိပ်ထားတော့ ဘာလဲပေါ့၊ ကျွန်တော်မျက်စိလည်သွားသေးတယ်၊

လွှတ်တော်စတုတ္ထအကြိမ်အစည်းအဝေးမှာ ဒေါ်စုကို ကော်မတီဥက္ကဌ ပေးတော့မှပဲရှင်းတော့တယ်။ ဒါဆိုရင် ကော်မတီများပြည်ထောင်စုဖြစ်ရေးတိုက်ပွဲမှာ ပြည်သူ လူထု ထောက်ခံမှုရနိုင်ပြီပေါ့။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း သူတို့အကျိုးအတွက် လုပ်ပေးနေတယ် ပေါ့။ အထူးသဖြင့်တော့ ခိုးလို့၊ ၀ှက်လို့၊ အာဏာပြလို့မ၀သေးတဲ့ ၀န်ကြီးဟောင်းများဖြစ်တဲ့ ကြံ့ဖွံ့ စီအီးစီ တွေပေါ့။

လွှတ်တော်ကော်မတီတွေကို ပြည်ထောင်စုအဆင့်သတ်မှတ်ရေးကို ဒီလူကြီးတွေကတော့ အားတက် သရောထောက်ခံမှာပေါ့။ အဲဒီအချိန်မှာ လက်ညှိးထောင်ခေါင်းညိတ် လွှတ်တော်ကိုယ်စားလှယ်အများစု (ကျွန် တော့်စကားမဟုတ်ပါ၊ လယ်ဆည်ဝန်ကြီးစကားကို အငှားယူသုံးခြင်းသာဖြစ်ပါတယ်) အနေနဲ့ ဘုမသိ၊ ဘမသိ နဲ့ ခုံရုံးတခုလုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုတာကတော့ အံ့အားသင့်စရာမရှိဘူးလို့ထင်ပါတယ်။ နမူနာအနေနဲ့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ်က အင်ဂျိုင်းယန် မဲဆန္ဒနယ်မြေ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်အမတ်ဒေါ်ဒွဲဘူရဲ့ပြောစကားကိုပြချင်ပါတယ်။

“ဘာပဲပြောပြော ပြည်ထောင်စုလွှတ်တော်ထဲမှာ ပါပြီးသား ဆိုတဲ့ အခါဆိုတော့ နံမည်ကိုက ပြည်ထောင်စုလွှတ်တော်ဆိုတာပါပြီးမှ အခုကျတော့ အဲဒီအဆင့် မဟုတ်ဘူး ဆိုတဲ့ အခါကျတော့ အဲဒီကဏ္ဍ တချက်ပေါ့နော်” ။ အဲလိုအတွေးအခေါ်မျိုးဆိုတော့ ကျွန်တော်လဲ ပြည်ထောင်စုပါတီဆိုပြီးပါတီထောင်လိုက်ရင် ချက်ချင်း ပြည်ထောင်စုအဆင့်ဖြစ်သွားမလားမသိဘူး။

နောက်ပြီး ပြောချင်တာက ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့်ဆုံးဖြတ်တာနဲ့ ခုံရုံးဥက္ကနဲ့အဖွဲ့ဝင်အားလုံး ထွက်ရမယ်ဆိုတာ လွတ်တော် အနေနဲ့ ငါ့တို့ကိုမထောက်ခံရင်၊ ငါတို့လိုတာ လုပ်မပေးရင် ဖြုတ်ပစ်မယ်လို့ အာဏာပြတဲ့သဘော သက်ရောက်နေတယ်။ ပြီးတော့ ကော်မတီတွေအနေနဲ့သူတို့လုပ်ငန်းဆောင်တာ တွေကို ပြည်ထောင်စုအဆင့်ဖြစ်မှပဲ လုပ်နိုင်တော့မှာလား။ ပြီးခဲ့တဲ့တတိယအကြိမ်လွှတ်တော်တုန်းကလယ်ဆည်ဝန်ကြီးကိုလွှတ်တော်အခွင့်အရေးကော်မတီက ခေါ်ယူကြားနာခဲ့ပြီးတဲ့နောက် ပြည်ထောင်စု လွှတ်တော်မှာ လယ်ဆည်ဝန်ကြီး က ၀န်ချတောင်းပန်ခဲ့ရပါတယ်။ ဒါဆိုရင် လွှတ်တော်ကော်မတီတွေ ဘယ်လောက်လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းပါလိမ့်မယ်။ ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်သည်ဖြစ်စေ၊ မသတ်မှတ်သည်ဖြစ်စေ ကော်မတီတွေဟာ သူ့အလုပ်ကိုသူ လုပ်နိုင်တဲ့အခွင့်အာဏာရှိဖို့က လိုရင်းပဲ မဟုတ် လား။

ဒါပေမယ့် တကယ်ကိုဖြစ်သင့်တဲ့ကိစ္စဖြစ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များပိုင် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော် ကြေညာပြီး မှတ်တမ်းတင်ရန်အဆို ကိုတော့ လွှတ်တော်က ပယ်ချခဲ့ပါတယ်။ ဒီအဆိုကို ဘာလို့ပယ်ချရသလဲ ဆိုရင် ရှေ့နေချုပ်က ဒီကိစ္စကို ရှင်းလင်းတဲ့အချိန်မှာ ဒီပုဂ္ဂိုလ်တွေသာမကဘဲ လွှတ်တော်ဥက္ကဌ၊ ကော်မတီ ဥက္ကဌများနဲ့ လွှတ်တော်ကိုယ်စားလှယ်များပိုင်ဆိုင်မှုတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောလိုက်တဲ့ အတွက် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဌကိုယ်တိုင်က သူ့ပိုင်ဆိုင်မှုတွေ ၊ ဒါတွေကို ဘယ်လိုပိုင်ဆိုင်လာ တဲ့အကြောင်း ပြည်သူလူထုကိုတင်ပြရဲသလားဆိုတာ အဖြေပါ။ လွှတ်တော်တွင်းက ၀န်ကြီးဟောင်းများ၊ ခရိုနီ များရော တင်ပြရဲပါသလား။ ဒါကြောင့်မို့ လွှတ်တော်ကော်မတီများ ပြည်ထောင်စုအဆင့်သတ်မှတ်ရေးဆိုတဲ့ ကိစ္စဟာ ပြည်သူအကျိုး၊ နိုင်ငံအကျိုး တစ်ပြားသားမှ မပါဘဲ ကိုယ်စားလှယ်များရဲ့ အကျိုးစီးပွားသက်သက် အတွက်သာဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါ့အပြင် အပေါ်မှာ ကျွန်တော်တင်ပြထားတဲ့ ဆက်စပ်အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ဒီလောက်ရိုးစင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်ပါတယ်။ သူရဦးရွှေမန်းအနေနဲ့ အခွင့်အရေးပြပြီး လွှတ်တော်ကိုယ် စားလှယ်များကို စည်းရုံးလိုက်ခြင်းဖြစ်ပါတယ်။ ဥက္ကဌကြီးအကွက်မြင်လိုက်ပုံက အမေစု ကော်မတီဥက္ကဌ ပေးပြီးတဲ့အချိန်ထိစောင့်ပြီး အပိုင်ရိုက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တချို့ကလဲ လွှတ်တော်က မှန်တယ်၊ တချို့က ခုံရုံးကမှန်တယ်ပြောနေကြပေမယ့် အဲဒါက သိပ်အရေးမကြီးလှဘူးလို့ ယူဆပါတယ်။ တကယ်အရေးကြီးတာက လူများစုအာဏာရှင်စနစ်မဖြစ်ဖို့လိုတယ်ဆိုတဲ့ ဥက္ကဌကြီးရဲ့စကားဟာ အပြောက တော့ရွှေမန်းပဲဆိုတဲ့ စကားကိုမဟုတ်ကြောင်းပြလိုက်တာပါ။ သူဆန့်ကျင်ရမယ်ဆိုတဲ့ လူများစုအာဏာရှင် စနစ်ကို လူများစု သတိမထားမိစေဘဲတည်ဆောက်လိုက်တာပါ။ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်တဲ့လုပ် ရပ်ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးအတွက်လုပ်ပေးတယ်ဆိုပြီး ကိုယ်စားလှယ်တွေကိုစည်း ရုံးတယ်။ အမေစုကို ကော်မတီဥက္ကဌပေးထားပြီး အမေစုကို ထောက်ခံတဲ့သူတွေကို စည်းရုံးတယ်။ ငါတို့ပြည် သူ့လွှတ်တော်က လုပ်ချင်ရာလုပ်လို့ရတယ်ဆိုတဲ့ အချိုးမျိုးနဲ့ အုပ်ချုပ်ရေးနဲ့ တရားရေးမဏ္ဍိုင် ၊ ကုန်ကုန်ပြောရ ရင် အမျိုးသားလွှတ်တော်ကိုပါ ခြိမ်းခြောက်တယ်။

သူရဦးရွှေမန်းရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင်-

(၁) ပြည်ထောင်စုလွှတ်တော်ကို စိန်ခေါ်ပြီး သူကအာဏာပိုရှိကြောင်းပြတယ်။

(၂) လစာတိုးပေးရေးကိစ္စကို အကြောင်းပြပြီး အစိုးရအဖွဲ့ကို စိန်ခေါ်တယ်။

(၃) ကိုယ်စားလှယ်တွေကို အပေါစားစည်းရုံးရေးနဲ့စည်းရုံးပြီးတော့ အခြေခံဥပဒေခုံရုံးဆိုတာ ပြည်သူ့လွှတ် တော်အလိုကျဆုံးဖြတ်ပေးရမယ်ဆိုတဲ့ပုံစံလုပ်တယ်။

ဒီလိုလုပ်ရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားကဘာလဲ။ နောက်ထပ်ဘာဆက်လုပ်ဦးမှာလဲ။ အဖြေက ရှင်းနေတာပဲလို့ မြင်တယ်။ နောက်အဆင့်တွေမှာ သမ္မတကိုပါ လွှတ်တော်က စွပ်စွဲပစ်တင်ပြီး ဖြုတ်ချနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။ သမ္မတ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားခဲ့ရင် ပြည်သူ့လွှတ်တော်က နောက် ဒုသမ္မတရွေးပေးရမယ်။ သူက ဒုသမ္မတဖြစ်လာမယ်။ အဲဒီအချိန်မှာ ယာယီသမ္မတတာဝန်ထမ်းဆောင်နေတဲ့ ဒုသမ္မတအပါအ၀င် ဒုသမ္မတသုံးယောက်ကို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတရွေးတဲ့အခါ သူအပေါစား စည်းရုံးရေးနဲ့ စည်းရုံးထားတဲ့ ပြည်သူလွှတ်တော်က လူအများဆုံးဖြစ်တဲ့အတွက် သူသမ္မတဖြစ်လာမယ်။

ဘာလို့ဒီလိုလုပ်မှာလဲလို့မေးရင် ၂၀၁၅ ဆိုတာ မသေချာလို့ပါ။ တစ်ချိန်က နိုင်ငံတော်ရဲ့နံပါတ်(၁) နေရာ ကိုမှန်းထားခဲ့ပြီး လက်ရှိအခြေအနေမှာ နံပါတ်(၄/၅)လောက်ဖြစ်နေရတဲ့သူတယောက်ရဲ့ အာဏာမက်မောစိတ် ပါ။ ဒါကိုမြင်အောင်ကြည့်နိုင်ဖို့လိုပါလိမ့်မယ်။

သူရဦးရွှေမန်းသမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းကို ကျွန်တော်စိတ်မပူပါဘူး။ တကယ်လို့ သူ့တိုက်ကွက်တွေအောင်မြင် ပြီး သမ္မဖြစ်သွားတဲ့အခါမှာ မင်းသားခေါင်းဆောင်းကျွတ်သွားမှာကိုပဲ စိတ်ပူပါတယ်။ နဂိုကတည်းက ခရိုနီတွေ နဲ့ပေါင်း စီးပွားရှာ၊ ဆွေမျိုးသားချင်းတွေကို တန်၏၊ မတန်၏၊ သင့်တော်၏၊ မတော်၏ မစဉ်းစားပဲ နေရာပေး တတ်တဲ့လူမျိုးသာ နိုင်ငံတော်အကြီးအကဲ ဖြစ်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ စဉ်းစားကြည့်ကြပါ။ အဲဒီ လိုသာဖြစ်သွားခဲ့မယ်ဆိုရင် လွှတ်တော်ထဲမှာလည်း သူပြောသမျှနားထောင်မဲ့သူကို ဥက္ကဌအဖြစ်ထားခဲ့ပါလိမ့် မယ်၊(တစ်နာရီလောက်မတ်တပ်ရပ်ရလို့ မကျေမနပ်ဖြစ်နေတဲ့သူကို ကျွန်တော့်စကားနားထောင်ရင် ခင်ဗျား နောက်ကို မတ်တပ်ရပ်စရာမလိုတော့ဘူးလို့ ပြောပြီးနေရာပေးတာမျိုးဘဲဖြစ်ဖြစ်ပေါ့)၊ ပြီးရင် ဒီမိုကရေစီလှိုင်း နောက်ပြန်သွားမလား၊ ရှေ့ဆက်သွားမလား ဆိုတာတော့ စဉ်းစားကြည့်ကြပါ။ ဒါကြောင့်မို့ လွှတ်တော်ကိုယ် စားလှယ်ကြီးများလည်း နိုင်ငံရေးတိုက်ကွက်တွေကို မြင်အောင်ကြည့်ပြီး လူတစ်ဦးရဲ့ အာဏာရလိုမှုမှာ အသိမဲ့ အသုံးချမခံကြရပါစေနဲ့လို့ ကျွန်တော်ဥာဏ်မီသမျှတင်ပြလိုက်ရပါတယ်။

1 Goddess of Democracy နဲ့ အမေရိကမှာ သွားတွေ့မယ့် မြန်မာ ၅ ဦး


အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော် နှစ်ရပ်ပေါင်းချီးမြှင့်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆုကိုလက်ခံရယူဖို့ __

1. ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊
2. ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး နဲ့
3. နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ၃ ယောက် စက်တင်ဘာလ
ဒုတိယပါတ် အတွင်း အမေရိကန် နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

ဒီဆုကို အမေရိကန် လွှတ်တော်နှစ်ရပ်ပေါင်း ဖွဲ့စည်းထားတဲ့ National Endowment for Democracy NED က ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆုရသူတွေထဲမှာ ပြည်တွင်းက ၃ ယောက်အပြင်

4. မယ်တော်ဆေးခန်းက ဒေါက်တာစင်သီယာမောင် နဲ့
5. US Campaign For Burma က ဦးအောင်ဒင် တို့လည်း ..ပါဝင်မှာဖြစ်ပါတယ်။ (DVB)

ီthe symbolic statuette of Goddess of Democracy
++++++++++++++++++++++++++++++++++++
ဆု အနေနဲ့ ပေးအပ်တဲ့ အထိမ်းအမှတ် ရုပ်တု လေး သမိုင်းကလည်း အမိုက်စားပါ ..။အံသြစရာ တရုတ် တိန်အန်မင် အရေးအခင်းမှာ တင့်ကားနဲ့ အဖြိုခံခဲ့ရတဲ့ တရုတ် အနုပညာ အကယ်ဒမီက ဆန္ဒပြကျောင်းသားတွေ
တည်ဆောက်တဲ့ Goddess of Democracy ရုပ်တု ပုံစံကို ပွားယူပြီး 1991 က စလို့ National Endowment for Democracy ဆု ရုပ်တုလေးတွေ အနေနဲ့ နှစ်စဉ် ပေးအပ်ခဲံ့တာဖြစ်ပါတယ် ..။
Goddess of Democracy: Symbol of Democracy Around the Globe

The NED’s Democracy Award is a small-scale replica of the Goddess of Democracy that was constructed in Tiananmen Square in Beijing, China during the student movement for freedom and democracy in 1989.

The original statue was created by art students from the Central Academy of Art in Beijing and by democracy demonstrators; it was unveiled in Tiananmen Square on May 30, 1989. During the government crackdown on June 4, the statue was destroyed by a tank-an unforgettable moment that was witnessed throughout the world.

San Francisco sculptor Thomas Marsh led a project to re-create a 10-foot bronze replica of the original Goddess of Democracy with the help of some Chinese students beginning in 1989. The bronze replica was unveiled in 1994 by Chinese dissidents and Representative Nancy Pelosi in San Francisco. Later, Marsh created smaller replicas of the statue to recognize those around the world who have made contributions to the movement for democracy.

In 1991 the National Endowment for Democracy began presenting the symbolic statuette as its annual Democracy Award.

http://www.ned.org/
Khaing Soelynn Facebook

0 ကန်ကြီးထောင့်မြို့တွင်ရေကြီးနေပုံ (ရုပ်/သံ)-ဓာတ်ပုံ

ကန်ကြီးထောင့်မြို့တွင်ရေကြီးနေသောပုံနှင်.ဧရာဝတီတိုင်းလူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်
(HRWDN)မှရေဘေးသင်.ပြည်သူများအားဆန်များလှူဒါန်းနေသည့်ပုံဖြစ်ပါသည်(HRWDN)မှရေဘေးသင့်ပြည်သူများထံသို့အလျူရှင်များအားတိုက်ရိုက်လျူဒါန်းသောစနစ်ဖြင့်ကူညီဆောင်ရွက်ပေးနေပါသည်။ဆက်သွယ်ရန်ဖုန်းနံပါတ်မှာဦးမြင့်နိုင်၀၉၄၂၂၄၄၆၂၁၁နှင့်မစန်းစန်းမြင်၀၉၄၃၁၅၆၀၆၂ကိုမောင်မောင်ကြီး၀၄၂၂၁၉၁၄သို့ဆက်သွယ်နိုင်ကြောင်းသတင်းရရှိပါသည်

ကျောငိးကုန်းပိုင်-သဲဗွက်ကျေးရွာအိမ်ခြေ၁၅၀ကျော်ရှိရာရေမြူပ်အိမ်ခြေ၇၀ကျော်ခန်.ရှိသူဌေးကုန်း။အနောက်စုအုန်းပင်စု
။ဝါးတောစသဖြင့်နစ်မြူပ်နေကြပါသည်ကျောင်းကုန်းမြို.တွင်၆၈အုပ်စုရှိရာ၄၈အုပ်စုခန်.ရေမြှပ်နေကြပါသည်။

အိမ်ခြေ၁၅၀၀၀၊လူဦးရေ၃၆၀၀၀ခန်.ရေဘေးသင်.နေကြပါသည်။ ကျောင်းကုန်းအနောက်ခြမ်းအကုန်နီးပါးနစ်မြူပ်နေပြီး အရှေ.ခြမ်းကမ်းနားတောက်လျောက် နစ်မြူပ်ရာ ကွင်းဘောတွင်ဝါးရု့နားတွင် တယောက်သေဆုံးပြီး ရင်ဆိုင်ကံကုန်းတွင်မြက်ရိတ်ရင်သေဆုံးနေကြောင်းသတင်းရရှိပါသည်။

ကျောင်းကုန်းမြို.နယ်တွင်စိုက်ပြီးဧက၁၃၀၀၀၀ခန်.ရှီရာ လယ်ဧကရ၀၀၀၀ခန်.နစ်မြူပ်နေကြောင်းသတင်းရရှိပါသည်




သတင်းနှင့်Video-ဓာတ်ပုံပေးပို့သောလူ့အခွင့်အရေးစောင့်ကြည့်ကာကွယ်ရေးကွန်ယက်(HRWDN)မှ Ko Htet အားဒေါင်းမာန်ဟုန်မှ ကျေးဇူးတင်ရှိပါသည်..

Monday, August 20, 2012

0 သတင်းဂျာနယ်အားလုံး စိစစ်ရေး ကြိုတင်ပြရန် မလိုတော့

ယခုလက်ရှိ အချိန်ထိ ထုတ်ဝေဖြန့်ချိခြင်းမပြုမီ စာပေစိစစ်ရေးသို့ ကြိုတင်တင်ပြရသည့် သတင်းဂျာနယ်များနှင့် နိုင်ငံရေး ၊ ဘာသာရေး စာအုပ်စာစောင်များ ထုတ်ဝေပြီးမှသာလျှင် စာပေစိစစ်ရေးသို့ တင်ပြရန်လိုအပ်တော့ကြောင်း ယနေ့နံနက် ရန်ကုန်မြို့ စာပေစိစစ်ရေး ရုံးတွင်ပြုလုပ်သည့် ရှင်းလင်းပွဲ၌ တာဝန်ရှိသူများက ပြောသည်။

အပတ်စဉ် ထုတ် ဂျာနယ်များ ရောင်းချသည့် ဆိုင်တဆိုင်

သတင်းဂျာနယ် အယ်ဒီတာများ အနေဖြင့် ၂၀၁၁ ခုနှစ် ဇွန်လတွင် ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ တည်ဆဲ ရာဇသတ်ကြီးဥပဒေတို့ကို သေချာစွာ လေ့လာထားကြရန် လိုအပ်မည်ဖြစ်ကာ သတင်းစာသမားများ လိုက်နာရန် ကျင့်ဝတ် (၁၁) ချက်နှင့် အညီလုပ်ဆောင်ကြရန် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်တို့ ဦးဆောင်ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ယခုထုတ်ပြန်လိုက်သည့်တင်ထုတ်စနစ်တွင်အကျုံးဝင်သည့်အပတ်စဉ်ထုတ်ဂျာနယ်၄၉ စောင်ပါဝင်သည်ဟု ပြန်ကြားရေး ဋ္ဌာနမှ ထုတ်ပြန်သည့် စာရင်းများ အရ သိရှိရသည်။

ရှင်းလင်းပွဲ တက်ရောက်ခဲ့သည့် သတင်းအယ်ဒီတာ တဦးက “စာပေစိစစ်ရေးနဲ့ မှတ်ပုံတင် ဋ္ဌာနကတော့ ဆက်ရှိနေမယ်။ စာစောင်တွေ မှတ်ပုံတင်တာအတွက်လို့ပြောတယ်” ဟု YPI သို့ပြောသည်။

ထို့ပြင် သတင်းစာစောင်များ ထုတ်ဝေခြင်း မပြုမီကြိုတင်စိစစ်မှု မရှိတော့သဖြင့် ပုဂ္ဂလိက နေ့စဉ် သတင်းစာများ ထုတ်ဝေသည့်အဖြစ်လည်း မကြာခင်ဖြစ်ပေါ်လာနိုင်ကြောင်း စိစစ်ရေးမှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။



ပြန်ကြားရေး ၀န်ကြီးဋ္ဌာနက ရေးဆွဲထားသည့် မီဒီယာ ဥပဒေဟု အများသိရှိထားသည့် သတင်းနှင့် ပုံနှိပ်ဥပဒေ မူကြမ်းကို မကြာမီ လွှတ်တော်တွင် တင်ပြရန်ရှိပြီး ယင်းဥပဒေ အတည်ပြုပြီးသည့်နောက်မှသာ အထိ ပုဂ္ဂလိက နေ့စဉ် သတင်းစာများ ထုတ်ဝေခွင့်ပြုလိမ့်မည်ဟု သတင်းမီဒီယာ သမားများက သုံးသပ်ထားကြသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များ အနေဖြင့် ထုတ်ဝေခြင်း မပြုမီ ဖေါ်ပြမည့် သတင်း၊ ဓါတ်ပုံမှအစ စီးပွားရေး ကြော်ငြာများအထိ စာပေစိစစ်ရေး ဋ္ဌာနသို့ ၂ ကြိမ်ခွဲကာ တင်ပြခွင့်ပြုချက် ယူနေကြရရာ ယင်းစနစ်ကို တင်ထုတ် စနစ်ဟု ခေါ်ဆိုပြီး ထုတ်ဝေပြီးနောက် စိစစ်ရေး ဋ္ဌာနသို့ သွားရောက်တင်ပြရသည့် စနစ်ကို ထုတ်တင်စနစ်ဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်ပြီးနောက် သတင်းမီဒီယာ ဖြေလျော့မှု လုပ်ငန်းစဉ်များ အဆင့်ဆင့် လုပ်ဆောင်လာရာတွင် ယခုအဆင့်သည့် ပဉ္စမအဆင့်ဖြစ်သည်ဟုလည်း ပြန်ကြားရေး ၀န်ကြီးဋ္ဌာန တာဝန်ရှိသူက ပြောသည်။

ယမန်နှစ် ဇွန်လလယ်တွင် အပတ်စဉ်နှင့် လစဉ် ထုတ်ဝေလျှက်ရှိသည့် စာစောင်များထဲမှ သုတ ရသ၊ အားကစား၊ ကလေးစာပေ အစရှိသည့် အမျိုးအစား ငါးမျိး၊ စာစောင် စုစုပေါင်း ၈၆ စောင်ကို ထုတ်တင်စနစ်ဖြင့် ပြောင်းလဲ ထုတ်ဝေခွင့်ပြုခဲ့သည်။ ၎င်းနောက် ၂၀၁၁ ခု ဒီဇင်ဘာလဆန်းတွင် စီးပွားရေး၊ မှုခင်းနှင့် ဥပဒေ အုပ်စုထဲမှ စာစောင် ၅၀ ကျော်ကို ထုတ်တင်စနစ်ထဲ ထပ်မံဖြည့်စွက်ခဲ့သည်။

သတင်း ဂျာနယ်များကိုမူ ကြိုတင်စိစစ်ပြီးမှ ထုတ်ဝေသည့် စနစ်ဖြင့် ဆက်လက်ထားရှိခဲ့ကာ တင်ပြခြင်း မပြုပဲ သတင်းများ ဖေါ်ပြမှုကြောင့် သတင်းဂျာနယ် အချို့ မကြာမီ ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းသည့် အဖြစ်အပျက်များ ဖြစ်ပွားပြီးနောက် ယခုလို ဂျာနယ် အားလုံး ထုတ်တင်စနစ်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ယခုလောရှိ မြန်မာနိုင်ငံတွင် အပတ်စဉ် ထုတ် ဂျာနယ် အမျိုးအစား ၁၄၀ ၀န်းကျင်နှင့် လစဉ်ထုတ် မဂ္ဂဇင်း အမျိုးပေါင်း ၁၀၀ ကျော်ရှိသည်ဟု သိရှိရသည်။

လစဉ်ထုတ် မဂ္ဂဇင်း အပတ်စဉ်ထုတ် ဂျာနယ်မှ အစ သင်္ကြန်စာများအထိ ထုတ်ဝေရန် အတွက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဋ္ဌာနတွင် ထုတ်ဝေခွင့် လက်မှတ်ရှိရန် လိုအပ်သည်။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရ အာဏာသိမ်းပြီးနောက် စာပေစိစစ်ရေး နှင့် မှတ်ပုံတင်ဋ္ဌာနကို ဖွဲ့စည်းခဲ့ကာ သတင်းဂျာနယ်များ လုံးချင်းစာအုပ်များကို ဖြတ်တောက် ပိတ်ပင်ခြင်း လုပ်ဆောင်ခဲ့သဖြင့် ယင်းဋ္ဌာနမှာ စာပေကင်ပေတိုင် (ဂျပန်ခေတ် စစ်စုံထောက် အဖွဲ့) ဋ္ဌာနဟု ထင်ရှားခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲဖြင့် အစိုးရဖြစ်လာသည့် သမ္မတ ဦးသိန်းစိန် က တိုင်းပြည်၏ စတုထ္ထမဏ္ဍိုင် ဖြစ်သည့် သတင်းမီဒီယာ အရေးပါပုံကို အသိအမှတ်ပြုကြောင်း မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားခဲ့သည်။

Yangon Press International

0 လာဘ်ပေးလာဘ်ယူ ပြဿနာနှင့် မြန်မာနိုင်ငံက အချောင်သမားများ

လာဘ်ပေးလာဘ်ယူ ပြဿနာသည် မြန်မာနိုင်ငံ၏ ဦးစားပေးဖြေရှင်းရမည့် ပြဿနာ များထဲက တစ်ခုဖြစ်ပါသည်။ အမှန်မှာတော့ လာဘ်ပေးလာဘ်ယူ ပြဿနာဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိသည့် နိုင်ငံအသီးသီး၏ ပြဿနာ ဖြစ်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံက သည်လိုကိစ္စမျိုးမှာ သူများထက်ပိုမို ရှေ့တန်းရောက်သော နိုင်ငံ ဖြစ်သည့်အတွက် ပိုကြီးသောပြဿနာ ဖြစ်နေပါသည်။

လာဘ်ပေးလာဘ်ယူအများဆုံးပြိုင်ပွဲကြီးကျင်းပလျှင် မြန်မာနိုင်ငံက ခေါင်ဆုတစ်ခုခုကို တက်ချိတ်နိုင်လောက်မည် ထင်သည်။ ၀မ်းနည်းစရာပါ။ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ ဒီမိုကရေစီခေါင်းပါး သည့်နိုင်ငံ၊ အချိန်ကြာမြင့်စွာ ဆင်းရဲကျပ်တည်းမှုများကြားမှာ နေခဲ့ရသည့်နိုင်ငံဖြစ်ခဲ့ ရသည့်အခါ လာဘ်ပေးလာဘ်ယူ ကိစ္စက ကြောက်ခမန်းလိလိ ကြီးထွားလာခဲ့တာ ဖြစ်ပါသည်။

သည်လောက် ဆင်းရဲမွဲတေနေသည့် နိုင်ငံတွင်းမှာ မယုံနိုင်စရာကောင်းလောက် အောင် ချမ်းသာသူများ ရှိနေခြင်းကိုက ပြဿနာ၏ အတိမ်အနက်ကို မှန်းဆ နိုင်လောက်ပါသည်။ မြန်မာနိုင်ငံတွင်းမှ အချို့သော အာဏာရှိသူများ၊ အာဏာရှိသူ များနှင့် ပေါင်းသင်းပေးကမ်း အလုပ်လုပ်ကြသည့် စီးပွားရေးသမားများ၏ ချမ်းသာ ကြွယ်ဝမှုမှာ အံမခန်းဖြစ်ပါသည်။ သိန်းကိုသိန်းနှင့်ချီသော၊ သန်းကိုသန်းနှင့်ချီ တန်ဖိုး ရှိသော ၎င်းင်းတို့၏ မြေယာအိုးအိမ်များနှင့် ပိုင်ဆိုင်မှုများက ကမ္ဘာ့အချမ်းသာဆုံး ဆိုသည့် ဘီလျံနာများကို ယှဉ်နိုင်လောက်သည်ဟု ထင်ပါသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချ ပပျောက်ရေးလုပ်မည်ဆိုလျှင် လာဘ်ပေးလာဘ်ယူ ပြဿနာကို ဖြေရှင်း ရပါလိမ့်မည်။

လာဘ်ပေးလာဘ်ယူ ပြဿနာဆိုကတည်းက သည်ပြဿနာမှာ ဘယ်ကမှ ထွက်တာမဟုတ် “မင်းကြီးတာ”ကပဲ ထွက်တာဖြစ်ကြောင်းလည်း သိနိုင်ပါသည်။ လာဘ်ပေးလာဘ်ယူ ဖြစ်ရသည့်နေရာက လုပ်ပိုင်ခွင့်ရှိသူတွေ၊ အာဏာရှိသူတွေနှင့် ငွေရှိသူတွေ၊ ငွေရှာသူတွေကြားမှာပဲ ဖြစ်သည်။ လာဘ်ပေးသူရော၊ လာဘ်ယူသူရော မတရားလိုချင်၊ မတရားရယူချင်သည့် အချောင်သမား စိတ်ဓာတ်ပေါ်မှာ အခြေခံတာ ဖြစ်ပါသည်။ မိမိရပိုင်ခွင့်မရှိတာကို မတရားရယူချင်သည့်အခါ လာဘ်ပေးပါသည်။ လာဘ်ယူသူကလည်း မိမိလုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး မတရားလုပ်ဆောင်ပေးကာ လာဘ်ယူပါသည်။ ဒါတွေက အာဏာရှိသူ လုပ်ပိုင်ခွင့်ရှိသူတွေပဲ လုပ်လို့ရသည့် လာဘ်ပေးလာဘ်ယူ ကိစ္စများ ဖြစ်ပါသည်။

နောက်တော့ သည်စနစ်က တွင်ကျယ်လာသည့်အခါ အာဏာရှိသူ၊ လုပ်ပိုင်ခွင့် ရှိသူတို့က လာဘ်မရလျှင် ဘာမှမလုပ်တော့။ ဘာမှမလုပ်တတ်တော့။ တံစိုး လက်ဆောင်၊ လာဘ်ငွေ တစ်ခုခုမရလျှင် အလုပ်ကို ဘယ်လိုလုပ်ရမှန်း မသိတော့သည် အထိ ဖြစ်လာသည်။ လာဘ်မရလျှင် အလုပ် မလုပ်တော့သည့်စနစ်။ သို့မဟုတ် လာဘ်မရလျှင် အလုပ်ကိုချက်ချင်း လုပ်မပေးတော့သည့်စနစ်။

သည်အခါမှာ ရပိုင်ခွင့်ရှိပါလျက်နှင့်လည်း လာဘ်ပေးလာရသည်။ ကိုယ့်မှာ ရပိုင်ခွင့် ရှိပါလျက်နှင့် လာဘ်မပေးလျှင် မိမိအလုပ် နှောင့်နှေးတော့မည်။ အလုပ် မြန်မြန်ပြီးရေး၊ မိမိသားလေး မှတ်ပုံတင် မြန်မြန်ရရေး၊ မိမိသမီး စာမေးပွဲအောင် လက်မှတ်ရရေးကစပြီး လာဘ်ပေးရသည့်ခေတ် ဖြစ်လာသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က သည်လိုစနစ်ကို မွေးပေးလိုက်သည်။ မီးရထားလက်မှတ် လိုချင် သလား၊ ရုံးထောက်ခံစာ တံဆိပ်တုံးလိုချင်သလား၊ ရပ်ကွက်နေထိုင်ကြောင်းလား ဆိုတာကအစ လာဘ်ပေးခဲ့ရသည်။ မြန်မာပြည်သူ အများစုကတော့ ရွံမုန်း လောက်အောင် လာဘ်ပေးလာဘ်ယူ ပြဿနာကို ရင်ဆိုင်ခဲ့ကြရသည်။ မတရား ချမ်းသာလိုသော စီးပွားရေးသမားများနှင့်အပြိုင် သာမန်အရပ်သားများကပါ လာဘ်ပေး နေခဲ့ကြရသည်။ ပြည်သူလူထုက မိမိရသင့်သော အခွင့်အရေးကိုပင် လာဘ်ပေးပြီးမှ ရတော့သည့် အခြေအနေဖြစ်လာသည်။ သည်လိုနှင့် မြန်မာ့လူ့ဘောင်တွင်၊ စီးပွားရေး သမားများနှင့် အာဏာပိုင်များကြားမှာ မတရားရယူချင်သည့် အခွင့်အရေးပေါ်မှာ မူတည်ပြီး၊ လာဘ်ပေးလာဘ်ယူ လုပ်ကြသည်။ ပြည်သူလူထုနှင့် အာဏာပိုင်များ အတွင်းမှာ မိမိ အခွင့်အရေးအတွက်ကိုပဲ လာဘ်ပေးလာဘ်ယူ လုပ်ကြရသည်။

မြန်မာပြည်သူများအဖို့၊ ရုံးတစ်ရုံးကို ၀င်ရတော့မည်ဆိုလျှင် လာဘ်ပေးဖို့ ငွေဆောင်ကာ သွားရသည်ဆိုတာက ပုံမှန်ဖြစ်လာသည်။ ဆေးရုံမှာ၊ ကျောင်းမှာ၊ အစိုးရရုံးများမှာ ငွေပါမှဖြစ်မည်ဟု သဘောအလိုလို ပေါက်နေကြရသည်။ ပြည်သူလူထု အစိုးရကို ရွံမုန်းရသည့် အကြောင်းရင်းများထဲမှာ သည်ကိစ္စက ရှေ့တန်းက ပါပါလိမ့် မည်။ ထို့ကြောင့်လည်း အစိုးရသစ်က လာဘ်ပေးလာဘ်ယူ ပြဿနာကို ကိုင်တွယ် ဖြေရှင်းမည်ဟု ကြေညာသည့်အခါ ပြည်သူလူထု၏ အားပေးသံမှာ သောင်းသောင်းဖြဖြ ရှိလှသည်။ သည် အစိုးရသစ်သည် ကိစ္စကို တကယ် ကိုင်တွယ်နိုင်ပါ့မလားဟုလည်း စိုးရိမ်ကြသည်။ လက်တွေ့မှာက ဒီမိုကရေစီပြဿနာက အညှာလိုဖြစ်နေသည်။ ဒီမိုကရေစီ ပွင့်လင်းတိုးတက်မှုမရှိဘဲ လာဘ်ပေးလာဘ်ယူ ပြဿနာကို ဖြေရှင်းလို့ မရနိုင်။ ပွင့်လင်းမြင်သာသည့် ဒီမိုကရေစီ လူမှုအဖွဲ့အစည်းတွင်သာ သည်ပြဿနာကို ကိုင်တွယ် ဖြေရှင်းနိုင်မှာ မဟုတ်ပါလား။

အစိုးရသစ်၏ ပထမခြေလှမ်းအဖြစ် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း ၂၀ ဇူလိုင် ၂၀၁၂ ရက်စွဲဖြင့် ထွက်လာတာ တွေ့ရပါသည်။ အဆိုပါ ဥပဒေကြမ်းကိုပင် အမျိုးသားလွှတ်တော်က ၁ သြဂုတ် ၂၀၁၂ နေ့က အတည်ပြုလိုက်ပြီ ဟူသောသတင်း ထွက်ပေါ်လာပါသည်။ အဓိကအားဖြင့် လာဘ်ပေးလာဘ်ယူ အမှုများ ဖြစ်ပေါ်လျှင် သမ္မတအပါအ၀င် မည်သူမဆို ထိထိရောက်ရောက် အရေးယူခံရမည် ဆိုတာပဲ ဖြစ်ပါသည်။ တစ်ခုတော့ရှိသည်။ လာဘ်ပေးလာဘ်ယူ အမှုဆိုသည်မှာ ပြစ်ဒဏ်ပေးရုံနှင့် ပပျောက်သွားတာမျိုးတော့ မဟုတ်ပါ။ တရုတ်နိုင်ငံမှာ အစိုးရ အရာရှိကြီးများ လာဘ်စားတာကို သေဒဏ်အထိ အပြစ်ပေးပါသည်။ အရာရှိကြီးများ သေဒဏ်ကျခံသွားရသည့် သတင်းများကို မကြာခဏ တွေ့မြင် ဖတ်ရှုနေရသည်။ တော်ကြာနေ တွေ့ရပြန်ပြီ။ သေဒဏ်။ နောက်တစ်ခါ တွေ့ပြန်ပြီ၊ နောက်တစ်ယောက် သေဒဏ်။ သဘောကတော့ ဒီလိုအမှုများက ရှိနေဆဲ၊ ရှိနေမြဲဆိုတာပဲ ဖြစ်ပါသည်။

လာဘ်ပေးလာဘ်ယူ ပြဿနာကို ကိုင်တွယ်ဖို့က ဒီမိုကရေစီရှိရမည်။ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ရမည်။ ဥပဒေရှိရမည်။ ဥပဒေအတိုင်း အရေးယူရမည်။ တစ်နည်း ဥပဒေစိုးမိုးရမည်။ ဒါကတစ်ချက်။ နောက်တစ်ချက်ကတော့ ပြည်သူ့အင်အား ဖြစ်သည်။ ပြည်သူလူထုက လာဘ်ပေးလာဘ်ယူမှုများကို တွေ့သည့်နေရာ၊ ကြားသည့်နေရာက ကျယ်ကျယ်လောင်လောင် ရှုတ်ချရမည်။ လာဘ်မပေးရေးမူကို စွဲကိုင်ထားရမည်။ ကိုယ်ကိုယ်တိုင်လည်း လာဘ်မပေး၊ လာဘ်ပေးလာဘ်ယူမှုကို မြင်တွေ့လျှင်လည်း ငြိမ်မနေသည့်မူ ဖြစ်သည်။ နည်းပညာများ တိုးတက်ထွန်းကားလာသည့် အချိန်တွင် ပြည်သူ့ကွန်ရက်များက ပိုမိုကျယ်ပြန့်လာနေတာကို အခွင့်အရေးအဖြစ် အသုံးချကာ ဖော်ထုတ်ရမည်။ ဥပဒေတစ်ခုတည်း အားကိုးလို့မရ။ ပြည်သူ့အားကို ကိုးစားရမည်။

အဆိုပါ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း အခန်း (၈) တွင် -

လုပ်ပိုင်ခွင့်အာဏာရှိသူက ပိုင်ဆိုင်သည့် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များနှင့် စပ်လျဉ်း၍ ကြေညာခြင်းဟူ၍ ခေါင်းစဉ်တပ် ဖော်ပြထားသည်။ ဆိုလိုရင်းမှာ တာဝန်ရှိသော လုပ်ပိုင်ခွင့် အာဏာရှိသူများသည် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင် ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့် များ စာရင်းကို သတ်မှတ်ချက်များနှင့်အညီ ကော်မရှင်သို့ တစ်နှစ်လျှင် တစ်ကြိမ် ကြေညာချက်များ ပေးပို့တင်ပြရမည်ဟု ဖြစ်ပါသည်။ ထို့ပြင် လုပ်ပိုင်ခွင့်အာဏာ ရှိသူများသည် ကြေညာချက် ပေးပို့ရာတွင်

(က) ပိုင်ဆိုင်သည့် ငွေကြေးများ၊ ပစ္စည်းများနှင့် စပ်လျဉ်း၍ မည်သို့မည်ပုံ ပိုင်ဆိုင် ကြောင်း အထောက်အထား မိတ္တူပူးတွဲ တင်ပြရမည်။

(ခ) ပစ္စည်းများ လွှဲပြောင်း ရောင်းချခြင်းရှိပါက ရောင်းချရငွေမှ ၀င်ငွေခွန် ထမ်းဆောင် ထားလျှင် ထိုသို့ ထမ်းဆောင်ထားသည့် အထောက်အထား စာရွက်စာတမ်း မိတ္တူပူးတွဲ တင်ပြရမည်။

(ဂ) ပုဒ်မခွဲ (က) မှ (ခ) အထိပါ ငွေကြေးများ ရရှိမှုနှင့် ပစ္စည်းများ ပိုင်ဆိုင်မှုတို့နှင့် စပ်လျဉ်း၍ ပြည်တွင်းသာမက ပြည်ပတွင်ရရှိသော ငွေကြေး၊ ပစ္စည်း၊ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များ၏ စာရင်းများကိုပါ ဖော်ပြရမည်ဟု ပါရှိပါသည်။

ထို့ပြင် ကော်မရှင်သည် ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရရန်ပိုင်ခွင့်များ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ကြေညာချက်ပေးပို့ရန် တာဝန်ရှိသည့် လုပ်ပိုင်ခွင့်အာဏာ ရှိသူများ၏ အမည်စာရင်းကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တောင်းခံ၍ စိစစ်ပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန် ကြေညာရမည်ဟူ၍ ဖော်ပြထားတာကိုလည်း တွေ့ရပါ သည်။

ယင်း ဥပဒေကြမ်းနှင့် တစ်ဆက်တစ်စပ်တည်းမှာပဲ ၂၅ ဇူလိုင် ၂၀၁၂ နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ မိမိတို့ပိုင်ဆိုင်သော အကျိုးစီးပွား ပစ္စည်းဥစ္စာများကို ထုတ်ဖော်ကြေညာ မှတ်တမ်းတင်ထားရန် လိုအပ်ကြောင်း အဆိုတင်သွင်းလိုက် ပါသည်။ ဥပဒေကြမ်းပါ အချက်အလက်ကို အစိုးရအဖွဲ့ဝင် ၀န်ကြီးများမှ စတင် အကောင်အထည်ဖော်ရန် အဆိုတင်သွင်းလိုက်ခြင်း ဖြစ်ပါသည်။

အစိုးရအဖွဲ့ဝင်များဆိုလျှင် သမ္မတမှစ၍ သမ္မတက ခန့်အပ်ခဲ့ပြီး လွှတ်တော်များ ကအတည်ပြုခဲ့သော သူများအားလုံး ပါဝင်ပါလိမ့်မည်။ ပြည်ထောင်စု တရားသူကြီးချုပ် နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ အားလုံး ပါဝင်ပါလိမ့်မည်။

ယင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးသည့်အခါ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင်က ဒီလိုအစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုများ ထုတ်ဖော် ကြေညာရေးမှာ ကောင်းမွန်ကြောင်း၊ သို့ရာတွင် ဒါကို အစိုးရအဖွဲ့တစ်ခုတည်း မဟုတ်ဘဲ အခြားသော မဏ္ဍိုင်သုံးရပ်စလုံးပါ တာဝန်ရှိသူများပါ ထုတ်ဖော်ကြေညာဖို့ လိုအပ်ကြောင်း ဆွေးနွေးပါသည်။ သည်လိုဆိုလျှင် လွှတ်တော်ဥက်္ကဋ္ဌများ၊ နာယက များပါ ပါဝင်ဖို့ လိုအပ်လာမည်ဟု ဆိုလိုဟန်တူပါသည်။ သည်လို ဆွေးနွေးပြီးနောက် ဤသို့ အခြားသော ကဏ္ဍများကပါ ပါဝင်ရမည်ဆိုလျှင် အလွန် ကျယ်ပြန့်သွားမည် ဖြစ်သောကြောင့် လွှတ်တော်မှ ဆုံးဖြတ်ပေးရန်လိုကြောင်း ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာ၊ ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေမဲ ၁၅ မဲ ဖြင့် အဆို ရှုံးနိမ့်သွားကြောင်း သိရပါသည်။

အစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာ ထားခြင်းဖြင့် လာဘ်ပေးလာဘ်ယူမှု ပြဿနာကို ထိန်းနိုင်လိမ့်မည်ဟု ပြည်သူများက ယူဆပါသည်။ ယင်းသို့ပိုင်ဆိုင်မှုများ ကြေညာထားခြင်းဖြင့် ပြည်သူများကြားတွင် ထင်သာမြင်သာဖြစ်အောင် ပြုလုပ်ထားခြင်းဖြစ်၍ ပြည်သူလူထု၏ ယုံကြည်မှုကို အင်အား ကြီးကြီးမားမား ရရှိသွားနိုင်မှာ ဖြစ်ပါသည်။

ပြည်သူ့ယုံကြည်မှု ပြည်သူ့ထောက်ခံမှုတို့ဖြင့်သာ လာဘ်ပေးလာဘ်ယူ အမှုကိစ္စ များ သာမကတိုင်းပြည်၏ အရေးအရာများကို လုပ်ဆောင်အောင်မြင်နိုင်မှာ ဖြစ်ပါသည် ဟု ယုံကြည်ပါသည်။

၉ သြဂုတ် ၂၀၁၂

(သြဂုတ် ၁၆/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၀၇ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

1 ဘဘဦးကြည်မောင်(ရွေးကောက်ပွဲ အောင်နိုင်ရေးဗိသုကာကြီး--အကြောင်း)

၁၉၃၈တတိယကျောင်းသားသပိတ်တွင်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်အတူ ဦးခေါင်းတွင် အရိုက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ တဦးဖြစ်ပါသည်။။ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် လဲကျသွားရာအချိန်မှ ကွယ်လွန်သည်အထိ အနီးကပ် ဖေးမပြုစု ခဲ့သူလည်း ဖြစ်ပါသည်။

ရွေးကောက်ပွဲအောင်နိုင်ရေးဗိသုကာကြီးးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဗဟိုအလုပ်အမှုဆောင်ဒုတိယဥက္ကဌအဖြစ် တာဝန်ယူခဲ့သောဗဟန်းမြို့ နယ်အမှတ်(၂)မဲဆန္ဒနယ်၏ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးဟောင်းသီရိပျံချီ ဦးကြည်မောင်၏နိုင်ငံရေးဖြတ်သန်းမှုအကျဉ်းချုပ်

ဦးကြည်မောင်ကိုအဖဦးဖိုးသိန်းအမိဒေါ်ငွေခင်တို့မှ၁၉၂၀ဒီဇင်ဘာလ၂၀ရက်တွင်မွေးဖွါးခဲ့သည်..

်၁၉၃၆တွင်တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၁၉၃၈တတိယကျောင်းသားသပိတ်တွင်ကျောင်းသားခေါင်းဆောင်ဗိုလ်အောင်ကျော်နှင့်အတူ ဦးခေါင်းတွင် အရိုက်ခံခဲ့ရှု ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ တဦးဖြစ်ပါသည်။။ ဗိုလ်အောင်ကျော် ဒဏ်ရာ ပြင်းထန်လွန်းသဖြင့် လဲကျသွားရာအချိန်မှ ကွယ်လွန်သည်အထိ အနီးကပ် ဖေးမပြုစု ခဲ့သူလည်း ဖြစ်ပါသည်။

၁၉၄၁တွင်ဘီအေနောက်ဆုံးနှစ်စာမေးပွဲ အားကျောခိုင်း ၍မြန်မာလွတ်လပ်ရေးတပ်မတော်(ဘီအိုင်အေ) သို့ဝင်ရောက်ခဲ့ပါသည်၊

၁၉၄၃ မှ ၁၉၄၅ ထိ ဂျပန်နိုင်ငံစစ်တက့သိုလ်တွင်အပတ်စဉ် (၅၇) သင်တန်း ပြီးဆုံးသည် အထိစစ်သင်တန်း တက်ရောက်ခဲ့သည်၊ ၁၉၄၅တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း(သ န က ၅) သို့ ရောက်ရှိပြီး ၁၉၄၈တွင် တပ်ရင်းမှူး တာဝန်ထမ်းဆောင် ခဲ့သည်၊ ၁၉၅၁တွင် ထိုစဉ်က မေမြို့တွင်အခြေစိုက်သော မြောက်ပိုင်းတိုင်း စစ်ဌါနချုပ့်  စစ်ဦးစီးပထမတန်း တာဝန် ထမ်းဆောင်ခဲ့သည်၊
၁၉၅၃တွင် တပ်မဟာ(၇) တပ်မဟာမှူး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၅၅။၅၆တွင်အမေရိကန် နိုင်ငံ စစ်တက္ကသိုလ်တွင် သင်တန်းတက်ရောက်ခဲ့သည်။။၁၉၆၀ တွင် ရန်ကုန်တိုင်းစစ်ဌါနချုပ် တိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်၊
၁၉၆၂ တွင်တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းယူစဉ် တွင် တော်လှန်ရေးကောင်စီဝင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်၊
၁၉၆၂ = ၆၃ တွင် အနောက်တောင်တိုင်း စစ်ဌါနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူစဉ် စစ်တပ်နှင့်နိုင်ငံရေး အခန်းက္ဂအား ကောင်းစွာခွဲခြား သိရှိသူတစ်ဦး ဖြစ်သည့် အားလျော်စွာ ၁၉၆၂ စစ်အာဏာသိမ်းယူသည့် ကိစ္စအား အပြင်းအထန်ဆန့်ကျင်ခဲ့သည်၊

၁၉၆၃ တွင် တော်လှန်ရေးကောင်စီမှ ကြီးမှူးကျင်းပသည့် ဒူးယားနှီးနှောဖလှယ်ပွဲကို မတက်ရောက်ပဲအမိန့်အာဏာ ဖီဆန်ခဲ့ သဖြင့်အငြိမ်းစားပေးခြင်းခံခဲ့ရပါသည်။။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင်အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဖွဲ့စည်းသောအခါဦးအောင်ကြီး ဦးဆောင်သည့် အဖွဲ့တွင်ပါဝင်လာပြီးဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်သုတေသန ဌါနမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်၊ နိုင်ငံရေးလမ်းစဉ်ချင်း မတူညီကြ၍ အဖွဲ့ချုပ်မှ ဦးအောင်ကြီးအုပ်စု ခွဲထွက်ရာတွင် ဦးအောင်ကြီး. အဖွဲ့ ချုပ်အပေါ်စွပ်စွဲချက်များကို လက်မခံပဲ ဒေါ်အောင်ဆန်းစုကြည် ဖက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပါသည်။။

ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် အဖမ်း ခံခဲ့ရပြီးနောက် အဖွဲ့ချုပ်. ယာယီဥက္ကဌအဖြစ် တာဝန်ယူ ခဲ့ပါသည်။။
၁၉၉၀ တွင်ကျင်းပခဲ့သည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား မဲအပြတ် အသတ်ဖြင့် အနိုင်ရရှိအောင် ဦးဆောင်ခဲ့သည့် ရွေးကောက်ပွဲ အောင်နိုင်ရေး ဗိသုကာ}ကီး တဦး ဖြစ်ပါသည်၊ ကိုယ်တိုင်လည်း ဗဟန်း မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရာ မဲရာခိုင်နှန်း (၇၃ . ၁၇)ဖြင့် အရွေး ချယ် ခံခဲ့ရသူ ဖြစ်သည်။။

၁၉၉၀ပြည်ဇူလှိုင်(၂၈။၂၉)တွင်ကျင်းပခဲ့သည့်ဂန္ဒီခန်းမအစည်းအဝေးကို အောင်မြင်အောင်ဦး ဆောင်နိုင်သူလည်း ဖြစ်သည်။။

ဂန္ဒီခန်းမအစည်းအဝေးပြီးနောက် စစ်အုပ်စုမှ ဖမ်းဆီး ခြင်းခံခဲ့ရသည်။။ ပုဒ်မ ၅ည နှင့်အစိုးရလျို့ ဝှက် အက်ဥပဒေ ပုဒ်မ ၆(၂)ခနှင့် ၆(၃) အရပြစ်မှုထင်ရှားသည်ဟု စီရင်ခြင်း ခံရသည့် အပြင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၁ ည နှင့်ငြိစွန်းသဖြင့်ပြည်သူ လွတ်တော် ကိုယ်စားလှယ် အဖြစ်မှပယ်ဖျက် ကြောင်းရွေးကောက်ပွဲကော်မရှင်မှ ၁၉၉၁ ဒီဇင်ဘာ (၁၀)ရက်နေ့တွင်ကြေညာခဲ့သည်၊

ဦးကြည်မောင်သည် ၁၉၉၅ မတ်လ ၁၄ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ဒေါ်အောင်ဆန်းစုကြည် မှာ ဇူလှိုင်လ ၁၀ရက်နေ့ တွင်ပြန်လည် လွတ်မြောက် လာခဲ့သည်၊

၁၉၉၅ အောက်တိုဘာ ၉ ရက်နေ့တွင် အဖွဲ့ချုပ် အား ပြန်လည်ဖွဲ့စည်းရာ ဦးကြည်မောင်အား ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင် ဒုတိယဥက္ကဌအဖြစ် ရွေးချယ် တင်မြှောက် ခြင်းခံခဲ့ပါသည်၊

အပါတ်စဉ် စနေ တနင်္ဂနွေ ဟောပြောပွဲများတွင် စစ်အုပ်စုအား ပါးနပ်သော စကားလုံးများ။ ထိမိသော သုံးသပ်ချက်တို့ဖြင့်ထောက်ပြဟောပြော ခြင်းကို လာရောက် နားထောင်သော ပြည်သူ လူထုကြီးမှ ကျေနပ် အားရပြီး ဦးကြည်မောင်ရပ်တည်ချက် အပေါ် အားကိုး ယုံကြည်မှုကြီးမားအထူး လေးစားခြင်း ခံရသူလည်းဖြစ်သည်၊
မျိုးဆက်သစ် လူငယ်များအား ခေါင်းဆောင်မှု နည်းပညာများကို ကမ္ဘာတ၀ှမ်းလုံး. ခေတ်မှီ တိုးတက် မှုများနှင့်ချိန်ထိုးပြီးမှတ်သားဖွယ်ရာအတု ယူဖွယ်ရာများကို အချိန်နှင့် အမျှဆွေးနွေး သင်ကြားပြပေး နေခဲ့သူ ဖြစ်ပါသည်။။

ထိုကဲ့သို့ မမောမပမ်းစတမ်း ဦးဆောင်လမ်းပြ ပေးသလို သူ ၀ါသနာ ပါသော ဂီတ အနုညာကိုလည်း လူငယ်များအား လေ့လာတတ်ကျွမ်း စေသည်။။
၁၉၉၆ တလျောက်လုံး ကြီးလေးသည့်ပါတီ တာဝန်များအပြင် အမျိုးသားနေ့ အခမ်းအနား။ လွတ်လပ် ရေးနေ့ အခမ်းအနားများကို ကိုယ်တိုင်ကိုယ်ကျ နေ့ရော ညပါ မနားပဲ လူငယ်များနှင့်လက်ပွန်းတတီး အနီးကပ် ဦးဆောင်မှုပြုခဲ့သည်။။
၉။၁၁။၉၆ တွင်ကမ္ဘောဇရိပ်သာအ၀င်ဝနှင့် တက္ကသိုလ် ရိပ်သာလမ်းတို့ တွင် ၂}ကိမ်တိတိ စစ်အုပ်စု. လက်ကိုင်ဒုတ် များမှ ဦးကြည်မောင် ။ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား အသက်အန္တယ်ဖြစ်နိုင်သည့် လုပ်ကြံမှုကြီး နှစ်ကြိမ် ပြုလုပ်ခဲ့ရာတွင် ဦးကြည်မောင်. ဦးခေါင်းနှင့် ပါးတွင် ထိခိုက်ဒါဏ်ရာရခဲ့သည်။။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ မှစ ဒီမိုကရေစီ တော်လှန်ရေး ကာလ တလျောက်လုံးတွင် ဦးကြည်မောင် သည် စစ်အုပ်စု. မရားလုပ်ကြံမှု အကြိမ်ကြိမ်ခံရသည့် အပြင် ထောင်တွင့်း လေးကြိမ်တိတိ အကျဉ်းချ ထားခြင်း လည်း ခံခဲ့ရသည်၊
အကျဉ်းချခံရမှုများတွင် တပ်မတော်မှ အငြိမ်းစားယူပြီး နောက် ၂၅နှစ်တာကာလအတွင်း ထောင်နှစ်ကြိမ် ကျခံခဲ့ရပြီး ထောင်တွင့်း (၇)နှစ်နေခဲ့ရသည်။။

၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ဖြစ်ဖြစ်ချင်း တတိယအကြိမ် တစ်လခန့် ဖမ်းဆီးခံခဲ့ရသည်၊
၁၉၉၀ စက်တင်ဘာလတွင် လေးကြိမ်မြောက် အဖမ်းခံခဲ့ရပြီး ထောင်ဒါဏ်အနှစ် နှစ်ဆယ် ကျခံခဲ့ရသည်၊ ထောင်တွင့်း (၅)နှစ်နီးပါး နေခဲ့ရပြီး ၁၉၉၅တွင် ပြန်လည်လွတ်မြောက် ခဲ့ပါသည်၊ ဦးကြည်မောင်. နီုင်ငံရေး ဘ၀တလျောက်လုံး ထောင်တွင်း ၁၂နှစ်ခန့် နေခဲ့ရသည်၊ သို့သော် ဦးကြည်မောင်သည် ဘ၀နောက်ဆုံး အချိန် ဖိစီးလာသော ရောဂါဝေဒနာများ ဒဏ်ကို ကြံ့ကြံ့ ခံရင်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ခေတ်မှီ တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နိုင်ရေးအတွက် မျိုးဆက်သစ်များအား လေ့ကျင့် ပျိုးထောင် ပေးခဲ့ပါသည်၊ သွေးလည်ပါတ်မှု စံနစ်ပျက်စီး၍သွေးကြော များမှ သွေးများ ဦးနှောက်တွင်းသို့ ၅၀ ရာခိုင်နှုန်း သာ ပေးပို့ အလုပ်လုပ်တော့သည့်အချိန်အထိ စာပေ သင်ကြား ပေးခြင်းနှင့် နိုင်ငံရေးဗဟုသုတများ ပေးခဲ့ပါသည်၊

အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် ကြားမှတိုင်းပြည် အတွက် ခံစားချက် စေတနာ တရားကြီးမားစွာ ရုန်းကန် တိုက်ပွဲဝင်ရင်း ၁၉။၈။၂၀၀၄မွန်းလွဲ (၁၂း၁၅) အချိန်တွင် ရွှေတောင်ကြား(၁)ရပ်ကွက် ကမ္ဘေဇရိပ်သာ လမ်းနေအိမ်တွင်ဘဘ ချစ်တဲ့ တိုင်းပြည်နဲ့အဖိနှိပ်ခံပြည်သူ တရပ်လုံး အား ခွဲခွာသွားခဲ့ပါသည်၊

ကတိပြု ခြင်း။
ရှစ်နှစ်(၈)နှစ်တာ ကာလ ပြည့်ခဲ့ပြီ ဖြစ်ပါသော်လည်း ဘဘ ဦးကြည်မောင်. စေတနာ။ အနစ်နာခံမှု နှင့် စံပြ ဦးဆောင်ခဲ့မှုများ အား
မျိုးဆက်သစ် လူငယ်များနှင့်လူထု တရပ်လုံးရင်ထဲတွင် အမြဲထာဝရတန်ဖိုးထားမြဲဖြစ်သည်။ ဘဘ ကဲ့သို့ ခေါင်းဆောင်မှုပေးနိုင်သည့် ခေါင်းဆောင်တယောက် ဆုံးရှုံးသွားသည့် အတွက် နှမြောတသ ၀မ်းနည်းနေရင်း ဘဘမှာကြား ခဲ့သည့် ‘’လမ်းတခုလျောက်ရင် အဆုံးအထိလျောက်။ စေတနာ အရင်းခံပြီး သတ္တိ ရှိရှိလျောက် ရောက်ကို ရောက်မယ်” ဆိုတဲ့စကားအတိုင်း ဘဘတပည့်များ အားလုံး ဒီမိုကရေစီတည်းဟူသော ပန်းတိုင်သို့ အရောက် လျောက်လှမ်းပါ့မည်ဟု ကတိပြုအပ်ပါသည်၊ မြင့်မြတ်သည့်ဘုံဘ၀မှ ဘဘ သာဓုအနုမောဓနာ ခေါ်နိုင်ပါစေ။
အနန္တဂိုဏ်းဝင်မို့ 
ထာဝရဦးထိပ်ပန်ဆင်လျက်

သမီး /သားတပည့်များ

မှတ်ချက် ။ ။ ဘဘ၏တပည့်ဟုဆိုရာဝယ် ဆရာသမားဂုဏ်ကို သာတင့်တယ်စေသောသူများဖြစ်သင့်သည်။ တပည့် အမည်ခံ၍ ဆရာသမား ၏ ဂုဏ် နှင့် ရပ်တည်မှုလုပ်ကိုင်စွမ်းရည် ထိခိုက်စေနိုင်လျှင် တပည့်ဟု မဆို နိုင်ပေ ။
ဘဘဦးကြည်မောင် ဖြစ်စေ့ချင်သော တိုင်းပြည်ကို ဖွံ့ ဖြိုးတိုးတက် ခေတ်မှီပြီး နိုင်ငံတကာနှင့်ယှဉ်ဘောင်တန်းနိုင်ရန် စွမ်းစွမ်းတမံ ကြိုးစားကြပါမည်ဟု ဘဘ ကွယ်လွန်ပြီး ရှစ်နှစ်ပြည့်တွင် သံဓိဌါန်ပြုပါသည်။

Ma may Facebook

0 ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရံပုံငွေ မြင့်တင်ရေး စာပေဟောပြောပွဲ -စင်္ကာပူ (၁၉.၈.၂၀၁၂)(ရုပ်/သံ)



ယနေ့ကျင်းပသော ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရံပုံငွေ မြင့်တင်ရေး စာပေဟောပြောပွဲတွင် ပါဝင် ဟောပြောကြသော ဆရာ အော်ပီကျယ်၊ ဆရာ မောင်ဝံသ နှင့် ဆရာ ဦးကျော်ဝင်း။
"နပိုလီယံကြီး တန်ခိုးကြီးတယ်၊ သူ့ထက် နပိုလီယံကြီးရဲ့ကတော်က ပိုတန်ခိုးကြီးတယ်ဗျ။"

ဆရာအော်ပီကျယ်


ဆရာဦးဝံသ ဟောပြောနေစဉ်။
ထောင်ထဲမှာ နေတဲ့ကာလ ကျွန်တော်တို့နေတဲ့ ထောင်ထဲကို ကျောင်းသား ကလေးတွေ ရောက်လာလိုက် ပြောင်းသွားလိုက်နဲ့ နောက်ဆုံး ကျန်ခဲ့တာတော့ ကျွန်တော်တို့ ကျောင်းတိုင်ကြီးတွေပဲပေါ့။

ဆရာဦးဝံသ


ဆရာဦးကျော်ဝင်း ဟောပြောနေစဉ်
"လီကွမ်ယုလို လူမျိုးကတော့ တစ်ယောက် နှစ်ယောက်ပဲ ရှိတယ်။ မားကိုစ့်လို လူမျိုးကတော့ ရိုက်သတ်လို့ မကုန်ဘူး။"

ဆရာဦးကျော်ဝင်း
Photo..Khin Kalayah Soe,ဖိုးဝဏ္ဏအားကျေးဇူးတင်ရှိပါသည်..

Sunday, August 19, 2012

0 မင်းဘူးမြို့နယ်က သူဌေးမောင်လှ တရားမ၀င်ငွေတိုးချေး၊ စည်ပင်နဲ့ ပူးပေါင်းကြံစည်ပြီး ဈေးသည်တွေရဲ့ ဆိုင်ခန်းများ သိမ်းယူခဲ့

မင်းဘူးမြို့ကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကနှင့်အတူ ရောက်ရှိသွားချိန်မှာ ဈေးဆိုင်ခန်း တွေကို မတရားသဖြင့် သိမ်းယူခံခဲ့ရတဲ့ ဈေးသည်တွေ လာရောက်တွေ့ဆုံပါတယ် ....

ဓာတ်ပုံပါ ဈေးသည်တစ်ဦးကတော့ ဈေးအရင်းအနှီးအတွက်မင်းမြို့ကဦးမောင်လှဆီက ငွေတိုးနဲ့၃၀၀၀၀ ချေးယူခဲ့ပါတယ်။ အတိုးနှုန်း (၇) ကျပ်နှုန်းနဲ့ ချေးယူခဲ့ပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အတိုးသာလစဉ် ပေးစပ်နိုင်ခဲ့ပြီး အရင်းကျေတဲ့အထိတော့ ပေးဆပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီအချိန်မှာ သူဌေးဦးမောင်လှက ဈေးသည်ကြီးပိုင်တဲ့ ဆိုင်ခန်း နှစ်ခန်းကို သိမ်းဖို့လုပ်ပါတယ်။ အဲဒါကိုမြို့နယ်စည်ပင်သာယာဌနမှ ဦးစီးမှူး ဦးစိုးအောင် က ငွေက တရားမ၀င်ချေးတာ ဆိုင်ခန်းနဲ့ မပတ်သက်တဲ့အတွက် ဈေးသည်ကြီးကို အနိုင်ပေး ခဲ့ပါတယ်။

အဲဒီလို ဆုံးဖြတ်ပေးပြီး ရာထူးတိုးနဲ့ မကွေးကို ပြောင်းသွားပြီး အသစ်ရောက်လာတဲ့ ဦးစီးမှူးဟာ မောင်လှနဲ့ပေါင်းပြီး ဒီဆိုင်တွေကို မောင်လှပိုင်စေလုပ်လိုက်ပါတယ်။ ၁၉၉၅-၉၆ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ပြဿနာအတွက် ဈေးသည်ကြီးတွေခမျာ ယနေ့အထိ တအုံနွေးနွေးခံစားနေရ ဆဲပါ။ အခုတော့ ဆိုင်ခန်းမရှိတော့လို့ လမ်းဘေး ဈေးသည်တွေ ဖြစ်နေပါပြီ
Naung Taw Lay

0 ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ

ပြီးခဲ့သည့်၂၀၀၇ ခုနှစ် ဇွန်လအတွင်းက စစ်အာဏာရှင်ဟောင်းဗိုလ်ချူပ်မှုးကြီးသန်းရွှေ၏မြေး ဖိုးလပြည့်နှင့်အတူ
ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း သြဂုတ်လ (၂၀) ရက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ပဒုမ္မာကွင်း၌ မြန်မာယူ-၁၉ အမျိုးသားအသင်း၊မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့နှင့်ပူးတွဲလေ့ ကျင့်မှုများပြုလုပ်ရန်စီစဉ်ထားကြောင်း လည်း သိရသည်။

နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

နာကာတာသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်၂၀၀၇ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ကာ ဇွန်လ ၇ ရက်နေ့က လက်ရွေးစင်ကစားသမားများ၊ လက်ရွေးစင်ဟောင်းကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာ ၀န်ရှိသူများနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ရန်ပုံငွေဘောလုံးပြိုင်ပွဲတစ်ခု ကစားခဲ့ရာ ပရိသတ် ၃၀၀၀ ကျော် လာရောက်အားပေးခဲ့သည်။ နာကာတာသည် ဂျပန်လက်ရွေးစင်ဘောလုံးအသင်း၏ အဓိကကစားသမားအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပွဲပေါင်း ၇၇ ပွဲ ကစားခဲ့ကာ ၁၁ ဂိုးသွင်းယူထားနိုင် ခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစား သမားအနေဖြင့် စီးရီးအေကလပ် ပီရူး ဂျီယာ၊ ရိုးမား၊ ပါးမား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနား၊ ပရီးမီးယားလိဂ်ကလပ် ဘော်လ်တန်အသင်းတို့တွင် ကစားခဲ့ပြီး အသက် ၃၀ ၌ အနားယူခဲ့သူဖြစ်သည်။

EMG

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.