Thursday, September 6, 2012
0 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖိတ်စာ
စစ်အစိုးရရဲ့ အတ္တကို ဖော်ကြူးမှုကြောင့် ညီအစ်ကို မောင်နှမအချင်းချင်း စစ်ခင်းတာကို ပျော်မွေ့
နေကြတာကို အမွေဆက်ခံထားတဲ့ လက်ရှိ အစိုးရကြောင့် မြန်မာနိုင်ငံ တ၀ှမ်းမှာ ဒုက္ခသည်များ တနေ့တခြား တိုးပွားလာတာကို တွေ့မြင်ရတော့ အရမ်းကို ၀မ်းနည်းစရာ ကောင်းပါတယ် ။
ငါအယူအဆသာ အမှန်ပါဆိုတဲ့ ခံယူချက်ကို လက်နက်နဲ့ ကိုယ်တိုင်ဖြေရှင်းကြခြင်းကြောင့်
တိုင်းပြည် ဘဏ္ဍများ အလဟဿ ဆုံးရှုံးသွားသလို လူသားများစွာရဲ့ အသက်တွေလည်း သွေးမြေကျနေတာကို သိနေပါလျှက် ဆက်လက် မိုက်မဲကြသူများကို ဘယ်သူမှ မဟန့်တားပေးနိုင်ကြတော့ဘူးလား ။
ထိုစစ်ပွဲတွေ ရပ်တန့်သွားအောင် လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်း မရှိတော့လို့လား ။
ပြည်တွင်းစစ်ဆိုတာ အသာထား နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာစစ်ကြီးများတောင်
ရပ်တန့်သွားအောင် ငြိမ်းချမ်းရေး လိုလားသူများက ကြိုးစားနိုင်ခဲ့ကြတာပါဘဲ ။
လူကြီးတွေ အတ္တနဲ့ ပုံဖော်ထားတဲ့ သွေးပန်းချီကားတွေ နေရာမှာ ကျနော်တို့ လူငယ်များက
ငြိမ်းချမ်းရေးပန်းချီးကားများ အစားထိုး ချိတ်ဆွဲထားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာဂတ်က
ပိုမို လှပလာမှာပါ လို့ ယုံကြည်ထားတယ် ဆိုရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အခမ်းအနားကို ကြွရောက် ချီးမြှင့်ပေးကြပါလို့ ပွဲစီစဉ်သူများ ကိုယ်စား လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး
0 မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ဆု ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ပေးအပ်
Dominic Nardi က မစ်ရှီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ Ph.D ကျောင်းသားဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် မြန်မာ ၊ ဖစ်လစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့ရဲ့ judicial politics ကို စိတ်ဝင်စားလေ့လာသူပါ ။ လွန်ခဲ့တဲ့ ၁၁ နှစ်က မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး ခရီးမှာ ရန်ကုန်လေဆိပ်မှာ အတားခံခဲ့ရဖူးတယ် ။
တားခံရတဲ့ အကြောင်းရင်းက သူ့မှာ ပါလာတဲ့စာအုပ်တွေထဲကတစ်အုပ်ရဲ့မျက်နှာဖုံးမှာ ဒေါ်စုပုံ သေးသေးလေးတစ်ခု ပါလို့ပါ တဲ့ ။
2011 မှာ မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ကို ဒေါ်စုကို လာရောက်ပေးအပ်စဉ်က ရိုက်ထားတဲ့ ပုံပါ ။
Wallenberg Medal ဆိုတာက ဒုတိယကမ္ဘာစစ်အတွင်းမှာ ထောင်ပေါင်းများစွာသော ဂျူးတွေကို ကယ်တင်ခဲ့တဲ့ ဆွီဒင်လူမျိုး သံတမန် Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးတဲ့ ဆုပါ ။ အကာအကွယ်မဲ့ ဖိနှိပ်ခံရသူများအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ပေးမှုကို ဂုဏ်ပြုသော ဆု ။
အဲဒီဆွီဒင်လူမျိုးRaoulWallenbergဆိုတာမစ်ရှီဂန်တက္ကသိုလ်မှာဗိသုကာပညာသင်ကြားခဲ့တဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ် ။
ဒလိုင်းလားမား၊ တောင်အမေရိက က Desmond Tutu တို့ အပါအ၀င် ကမ္ဘာပေါ်မှာ ဒီဆုကို ပေးအပ်ခြင်းခံရသူ ၂၁ ယောက်တိတိရှိပြီး ဒေါ်စုက ၂၁ ယောက်မြောက် ( ၂၀၁၁ တွင် ပေးအပ်ခြင်း ခံရ )
ဒေါ်စုက မစ်ရှီဂန်ပြည်နယ် Ann Arbor မြို့ထိ သွားရောက် မယူနိုင်လို့ University of Michigan က မြန်မာပြည်ထိ လာပေးဖို့ Dominic Nardi ကို လွှတ်လိုက်ခြင်း.........။
http://globalportal.umich.edu/2012/01/burma-wallenberg/
ဘာသာပြန်သူ Spring Flowersအားကျေးဇူးတင်ရှိပါသည်..
2 ဒီကနေ့မိုးသီး..မနက်ဖြန်ကျနော်တို့လား?
မိုးသီးဇွန်နောက်လိုက်လည်း မဟုတ်သလို မိုးသီးဇွန်ဘာလုပ်လုပ် ထောက်ခံသူလည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်သည်းဆိတ်ရင်တော့ လက်ထိတ်နာတယ်။ သူနဲ့ကျနော်တို့ မျိုးဆက်အတူတူ ဖြစ်တယ်။ သူ့ကိုဆဲရင် ကိုယ့်ကိုလည်း ဆဲနေသလိုပဲ။ ကိုယ့်မျိုးဆက် ထဲက သိကြသူတွေ ဆဲတာဆိုတာ နားကြားကောင်းနေသေးပေမယ့် ဘုမသိဘမသိ သမိုင်းကြောင်းလဲမသိ၊ နားမလည်သူတွေက အသားလွတ် ၀င်သမတာတော့ အတော် စော်ကားတဲ့ လုပ်ရပ်ပဲ။ အခု ကိုမိုးသီးတို့အပေါ် အဆိုးမြင်တွေနဲ့ ရေးနေသူတွေ ကရော စစ်အစိုးရအောက် ပြားပြားမှောက်စဉ် ကာလတွေက ဘာများလုပ်ခဲ့ကြသလဲ ဆိုတာ ပြန်ဆန်းစစ်သင့်တယ်။ အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)ကအယ်ဒီတာအမျိုးသမီးတယောက်က မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။ ညီညွတ်ရေးအမြင်နဲ့မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ) ပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။ဆောင်းပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထားရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ တော့ဖတ်ရတာစာကကောင်းမလာဘူး။အခုတလောကြားနေရတဲ့သတင်းတွေ၊ဖတ်နေရတဲ့စာတွေကြောင့်အမျက်တွေစူးတယ်။သတင်းသမားပီပီစာရေးချင်၊ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊အမြင်မတူတာကိုချရေးပြီး၊ဆူးပေါက်နေမှာမို့ဆင်ဆင်ခြင်ခြင်နေလိုက်သေးတယ်။
ကိုယ့်အတွေ့အကြုံအတွေးအမြင်ကိုမြိုချလို့ရပေမဲ့အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့စာတွေပိုပိုများနေတာကျတော့မျက်ကွယ်ပြုထားသလိုစိတ်ထဲခံစားလာရတယ်၊သတင်းသမားတယောက်တာဝန်မကျေသလိုဖြစ်မှာစိုးလို့ကိုယ့်စိတ်ထဲရှိတာကွယ်ဝှက်လည်းမနေ၊ဟန်ဆောင်ပြီးလဲထိမ်းမနေချင်တော့ဘူး၊ပွင့်ပွင့်လင်းလင်းဘဲရေးလိုက်တော့မယ်။
----------------
ဒီရက်ပိုင်းသတင်းတွေထဲမှာထိတ်ဆုံးကလှုတ်ခတ်တဲ့သတင်းက ပြည်ပရောက်ABSDFကျောင်းသားခေါင်းဆောင်ဟောင်း တချို့နဲ့အမေရိကားကနိုင်ငံရေးလှုပ်ရှားသူ၈၈ကျောင်းသားတချို့ပြည်တော်ပြန်ခရီးဖြစ်တယ်။အမှန်တော့သူတို့မသွားခင်ကတဲကအပြင်မှာပူညံပူညံအချင်းများနေတာ။
ပြည်ပရောက်ကျောင်းသားအားလုံးကိုကိုယ်စားပြုသွားမှာလား?၊ဘယ်သူ့ကိုကိုယ်စားပြုပြီး၊ဘယ်သူနဲ့တွေ့၊ဘာတွေဆွေးနွေးမှာလဲ?နိုင်ငံရေးအကျဉ်းသားတွေကိုဆက်ဖမ်းထားသလို၊ပြည်တွင်း၈၈အုပ်စုတွေကပြည်ပကျောင်းသားတွေဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးလုပ်နေချိန်၊ဒီလိုခွဲခြားပြီးသွားသင့်သလား?
ကချင်စစ်မီးဟုန်းဟုန်းတောက်နေတဲ့ဒီလိုကာလသွားသင့်ရဲ့လား?၊အပြင်မှာလုပ်စရာကုန်ပြီလား?
စတဲ့စတဲ့မေးခွန်တွေကိုအင်တာနက်ချပ်တင်တွေ၊အွန်လိုင်းMeetingတွေ၊Debateတွေနဲ့အချိန်အတော်ကြာလုပ်ခဲ့ကြတယ်လို့သိထားပါတယ်။
ကျနော်ကိုမိုးသီး၊ကိုထွန်းအောင်ကျော်၊ကိုမူးသာတို့နဲ့မေးမြန်းကြည့်ရသလောက်သူတို့ဟာပြည်ပရောက်၊ဘယ်အဖွဲ့၊ဘယ်သူ့ကိုမှကိုယ်စားမပြုဘူး၊မိမိကိုယ်ကိုတာဝန်ယူမှု၊ကိုယ်စားပြုမှုနဲ့ဘဲသွားမှာလို့ပြောခဲ့ဖူးပါတယ်။သူတို့ကိုယ့်ဖာသာကိုယ်တာဝန်ယူမှုနဲ့ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ပြီးတော့ တချိန်က၊ကျောင်းသားတပ်မတော်ကိုဦးဆောင်ခဲ့သူတွေပါ။
သူတို့ကပြည်ပအင်အားစုတွေနဲ့မဆိုင်ပါဘူးလို့ဘယ်လိုဘဲပြောပြော၊မဆိုင်လို့မရပါဘူး။သူတို့သွားတဲ့ခရီးက တခြားနိုင်ငံကိုလော်ဘီလုပ်ဘို့သွားတဲ့ခရီးမဟုတ်သလို၊ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာမဟုတ်ဘူး၊မိသားစုဝင်တယောက်ယောက်အသဲအသန်ဖြစ်လို့အရေးပေါ်သွားတွေတာမဟုတ်ဘူး။
၂၄နှစ်လောက်ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊ကိုယ့်နိုင်ငံ၊စစ်ကျွန်ဘ၀ကလွတ်မြောက်ရေး၊ဒီမိုကရေစီရေးအတွက်၊(အောင်မြင်တာ၊မအောင်မြင်တာအသာထား)လုပ်ခဲ့ကြသူတေဖြစ်တယ်။မိုးထဲလေထဲမှာတော်လှန်ရေးနဲ့၊နိုင်ငံရေးနဲ့အင်မတန်တူတဲ့အလုပ်ဘဲဖြစ်ဖြစ်၊အင်မတန်မနီးစပ်တဲ့အလုပ်ဘဲ
ဖြစ်ဖြစ်လုပ်ခဲ့ကောင်းလုပ်ခဲ့သူတွေဖြစ်တယ်။
မိုးသီးတို့ကိုထွန်းအောင်ကျော်တို့လိုဘဲပြည်ပရောက်၈၈တောခိုသူတွေနဲ့နောက်ပိုင်းတောခိုလာသူတွေတိုင်းတပါးနဲ့နယ်စပ်ဒေသမှာအငတ်ငတ်အပြတ်ပြတ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တေနေ့နေ့ညညတွေးတော၊ပြောဆို၊လုပ်ခဲ့ကြတာပဲမဟုတ်လား?
တတိယနိုင်ငံတွေရောက်တော့လည်းတဘက်ကမိသားစုနဲ့ဝမ်းစာအတွက်(အသက်တွေကြီးပြီး၊မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို)
ပင်ပင်ပမ်းပမ်းလုပ်ရင်းအကြွေးတွေနဲ့ရပ်တည်နေရတယ်။
တဘက်ကကိုယ်ယုံကြည်တဲ့နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း(ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ထောက်ပံ့)နေခဲ့ကြတယ်။
ဒါဟာဖြစ်စဉ်အမှန်၊တတိယနိုင်ငံရောက်နေသူတိုင်းချမ်းသာသူတွေမဟုတ်သလို၊ ချမ်းသာနေသူတိုင်းကလည်းပြည်တွင်းကအချောင်သမားခေတ်ပျက်သူဌေးတွေလိုဗြုန်းစားကြီးကြီးပွားခဲ့ကြတာမဟုတ်ဘူး။
သူတို့ချွေးတွေ၊လေ့လာမှုတွေ၊သီးခံစိတ်၊လုံ့လ၊၀ီရိယတွေနဲ့အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။
ငယ်ရွယ်ပြီး၊ပညာသင်နိုင်တဲ့ပြည်ပရောက်တော်လှန်ရေးကျောင်းသားတွေကဆက်ပြီးပညာသင်နိုင်ပေမဲ့၊အသက်အရွယ်ရ လာမှတတိယနိုင်ငံရောက်သူတွေကမနိုင်ဝန်ထမ်း၊အများတကာမလုပ်ချင်တဲ့၊ကိုယ်လည်းစိတ်မ၀င်စားတဲ့အလုပ်တွေကိုလုပ်ရင်းမိသားစုဝမ်းစာနဲ့သားသမီးတွေစနစ်တကျကြီးပြင်းနိုင်ဘို့ပေးဆပ်နေရတယ်။ဒါကိုယ်တွေ့။ဒီနေရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေမဟုတ်တဲ့၊
ပြည်ပမှာအခြေစိုက်နေထိုင်တဲ့သာမန်မြန်မာပြည်ဘွားညီအကိုတွေကိုဆိုလိုတာမဟုတ်ဘူး။အဲလိုသာမန်ကိုယ့်နိုင်ငံသားပြည်သူတွေတောင်စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသလောက်အားပေးကူညီပြီးပါဝင်နေတာတွေရှိပါတယ်။
ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေမဟုတ်ဖူး။ကိုမိုးသီးတို့၊ကိုထွန်းအောင်ကျော်တို့မှားတာမှန်တာအပထား၊သူတို့စွန့်လွှတ်ခဲ့တာ၊အနစ်နာခံခဲ့တာကိုယ်နိုင်ငံအတွက်အချိန်တွေပေး၊လေ့လာကြတာ၊ပြောဆိုကြတာ၊
အာရုံနှစ်ပြီးလှုပ်ရှားနေတာကိုတော့အသိအမှတ်ပြုပေးရမယ်။
အတိတ်ကသူတို့မှားခဲ့တာကိုသူတို့ခံရမှာဘဲ။ဒါမငြင်းလိုဘူး။သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်းမငြင်းလိုဘူး။
ဒါပေမဲ့၊လူဆိုတာအမြဲတန်းမမှားနိုင်သလို၊မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကိုကိုယ့်အသိုင်းအ၀ိုင်းကနေ
ဆွဲခွါထုတ်ပယ်တာမျိုးမလုပ်သင့်ဘူး။အပြစ်ရှိရင်လည်းအများကပြစ်ထားမှာမဟုတ်ဘူး။ကိုမိုးသီးကိုကျနော်စကားပြောဘူးတယ်၊ခင်ပါတယ်၊
ဒီနေ့အထိလူချင်းမဆုံဘူးဖူး။ကိုမိုးသီးအတွေးအခေါ်တိုင်းလဲကျနော်မကြိုက်ဘူး။သူ့အတွေးအခေါ်ကြောင့်ကျနော်တို့တတွေဒုက္ခရောက်ဖူးတယ်။
ဥပမာ.သူဥက္ကဌတာဝန်ယူခဲ့စဉ်..ABSDFရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့
“တော်လှန်ရေးသည်
ငါတို့ကျောင်း၊ငါတို့တက္ကသိုလ်”
ဆိုတဲ့ကြွေးကြော်သံကိုသဘောကျမိလို့အရွယ်ကောင်းစဉ်လိုအပ်တဲ့အထောက်အကူပြုပညာတွေမသင်ခဲ့ဘဲ၊လက်နက်ကိုင်နယ်ပယ်နဲ့၊Activistလှုပ်ရှားတက်ကြွသူဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်ပြီးဘ၀တွေမရေမရာဖြစ်သွားကြတာမနည်းဘူး။
အိန္ဒိယနိုင်ငံနယူးဒေလီမှာကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့မြန်မာကျောင်းသားတွေအဖြစ်ရပ်တည်နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီးပညာသင်ဘို့ကောင်းတဲ့အသက် ၂၀ကျော် လူငယ်တွေကိုပညာသင်ဘို့တိုက်တွန်းတော့
“တော်လှန်ရေးဟာကျနော်တို့တက္ကသိုလ်ဘဲဗျ”လို့ထိထိမိမိဆင်ခြေပေးပြီးအတွေးခေါင်သွားသူတွေအမှန်ဘဲရှိခဲ့တယ်။
ကျနော်တို့မှာမှန်ကန်တဲ့သဘောတရားတွေတပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေမမွေးထုတ်နိုင်ခဲ့ဘူး။မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။
“ဗဟိုကော်မတီဝင်တွေကိုမျက်လုံးအိမ်သဖွယ်ကာကွယ်စောင့်ရှောက်ကြ”ဆိုတဲ့ကြွေးကြော်ဆောင်ပုဒ်။ကျနော်တို့ အတော်ရွံခဲ့တဲ့ဆောင်ပုဒ်။
ဒါပေမဲ့ကျနော်တို့နဲ့ABSDFကဘယ်တုံးကမှမပတ်သက်ခဲ့သူတွေ၊အိန္ဒိယအခြေစိုက်ABSLအဖွဲ့ကပါ။
အကြမ်းမဖက်နိုင်ငံရေးဘဲလုပ်ခဲ့တယ်။နယ်မြေဒေသကွဲသလို၊အိုင်ဒီယာလည်းကွာတယ်။ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင်ကျနော်တို့သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။သူ့ကိုပုဂ္ဂိုလ်ရေးတွေထိုးနှက်တိုက်ခိုက်ပြီးဂုဏ်သရေမဲ့
သိက္ခာကျအောင်စော်ကားစရာမလိုဘူး။ဒါလူယဉ်ကျေးအလုပ်မဟုတ်ဘူး။
ABSDFမြောက်ပိုင်းသတ်ဖြတ်မှုကိုအကြောင်းပြုပြီးသူတို့ပြည်တော်ဝင်ချိန်နဲ့အချိန်ကိုက်သတင်းစာရှင်းပွဲတွေ၊သတင်းဂျာနယ်အင်တာဗျူးတွေလုပ်တာတွေ့ရတယ်။
လုပ်သင့်တာလုပ်တာဘဲလို့ယူဆတယ်။အမှန်တရားဆိုတာတခါခါသူ့အလိုလိုပေါ်တတ်တာမဟုတ်၊ပယောဂတွေနဲ့ဖုံးကွယ်နေတတ်တယ်။ဒါကိုသတိ၊၀ီိရိယနဲ့အားထုတ်ဖော်ထုတ်ရတာတွေရှိတယ်။ဒါကိုလက်ခံတယ်။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့ကိုယ်တိုင်လဲဒီကိစ္စကိုရှောင်လွှဲနေတာမဟုတ်ဘူး၊ရင်ဆိုင်နေတာဘဲ။၁၉၉၃လာက်ထင်တယ်၊ကိုနိုင်အောင်အနောက်ဘက်ဒေသမှာ ABSDFအလံစိုက်ဘို့ရောက်လာတယ်။
ကျနော်တို့ကမြန်မာကျောင်းသားများအဖွဲ့နာမည်နဲ့နယူးဒေလီမှာမြေပေါ်နိုင်ငံရေးလုပ်ကြတယ်။အိန္ဒိအစိုးရ၀န်ကြီးတချို့နဲ့၊
အမတ်ဟောင်းတွေ၊နိုင်ငံရေးပါတီတချို့နဲ့NGOအဖွဲ့တချို့၊သတင်းစာသမားတွေ၊အမျိုးသမီးအဖွဲ့အစည်းတွေက အားပေးတယ်၊
ကျနော်တို့လှုပ်ရှားမှုကိုထောက်ခံကူညီတယ်။ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကိုအိန္ဒိယပြည်တွေက
အားပေးနေတဲ့အချိန်။မြန်မာအိန္ဒိယနယ်စပ်မှာတိုင်းရင်းသားသူပုန်အဖွဲ့တွေ(ချင်း၊ရခိုင်၊ဇိုမီး)အဖွဲ့တွေရှိတယ်။
အိန္ဒိအစိုးရထောက်လှမ်းရေးတို့၊စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသားသူပုန်လက်နက်ကိုင်တွေသိတ်ကင်းလို့မရဘူး၊
တနည်းပြောရရင်မလွတ်လပ်ဖူး၊လက်နက်ကိုင်တော်လှန်ရေးဟာအိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ရေခံမြေခံမဟုတ်ဖူး။အဲ
ဒါကိုနိုင်အောင်လာတော့ရှင်းပြတယ်။သူကလက်မခံဘူး၊နယ်စပ်(ဒုက္ခသည်စခန်း၊မဏိပူ)ကိုအခြေခံပူးပေါင်းဘို့သူလာတာ။
ဒေလီနိုင်ငံရေးအင်အားစုနဲ့ပူးပေါင်းနိုင်တာမနိုင်တာကသူ့အတွက်အရေးမပါဘူး။
သူ့အဓိကလုပ်ငန်းစဉ်ကအနောက်ဘက်ဒေသ(အိန္ဒိယ)မှာလက်နက်ကိုင်ကျောင်းသားတပ်(ABSDF)ဖွှဲ့နိုင်ဘို့ဘဲ။
ထားပါတော့ ဒီကိစ္စပြောရရင်ရှည်တယ်။ပြောချင်တာကသူလာတုံးက မြောက်ပိုင်းကချင်မှာထောက်လှမ်းရေး
ဆိုပြီးလုပ်ကြံမှုတွေဖြစ်ပြီးခါစပူပူနွေးနွေး။နယူးဒေလီကကျနော်တို့ရုံးမှာဘဲကိုနိုင်အောင်နဲ့ကျနော်တို့
ဒီကိစ္စအငြင်းပွားတယ်။
ကျနော်တို့နဲ့နယ်စပ်ဒုက္ခသည်စခန်းမှာတဖွဲ့တည်းအတူနေခဲ့တဲ့ထိန်လင်း(ပန်းချီထိန်လင်း)ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကိုသူထွက်ပြေးလွတ်မြောက်ပြီးစစ်အစိုးရသတင်းစာမှာပါလာမှကျနော်တို့သိလိုက်တယ်။
ထိန်လင်းကကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာရင်းရင်းနှီးနှီးရှိသလို၊စိတ်တူကိုယ်တူတွေ၊စခန်းထဲက နံရံကပ်တို့၊အနုပညာကိစ္စ
၊ဖြော်ဖြေရေးကိစ္စတွေတူတူလှုပ်ရှားခဲ့ကြတာ။
သူပြည်ထဲဝင်သွားပြီးမြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊အဆက်ကလုံးဝပြတ်နေတာနောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့သတင်းထွက်တော့ကျနော်တို့လုံးဝလက်မခံဘူး။ကိုနိုင်အောင်ကိုခါးခါးသီးသီးငြင်းတယ်။မြောက်ပိုင်းသူလျိုကိစ္စဟာမှားယွင်းလုပ်ကြံမှုလို့ပြောပြတယ်။ကိုနိုင်အောင်ဘက်ကလည်းရေလှိုင်းစစ်ဆင်ရေးတို့၊စစ်ဆေးဖော်ထုတ်ချက်တို့ဘာတို့နဲ့အသေအချာရှင်းပြပါတယ်။
ဒါပေမဲ့ကျနော်တို့ကလက်မခံဘူး။နောက်ဆုံးကိုနိုင်အောင်က“ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကိုကျနော်ခံပ့ါမယ်”လို့ကတိပေးပြီးအငြင်းအခုန်အဆုံးသပ်သွားတယ်။နောက်ပိုင်းတော့လည်းကျနော်တို့တတွေရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်မျာူးကွန်ဂရက်SYCBကိုတောင်တိုင်းရင်းသားတွေနဲ့လက်တွဲပြီးနယူးဒေလီမှာဘဲ(1996)ကလူငယ်တပ်ပေါင်းစုတရပ်အနေနဲ့ဖွဲ့ခဲ့ကြတယ်။
မြောက်ပိုင်းကိစ္စမမေ့ပေမဲ့ဘုံရန်သူကိစ္စအရင်ရှင်းကြတယ်။တချိန်ကကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကိုဒီနေ့ကြံ့ဖွတ်အစိုးရကအမွေဆက်ခံထားတာပါ။န၀တ၊နအဖစစ်အစိုးရခေတ်ရော၊ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊ကျူးလွန်လာခဲ့တဲ့လူသတ်မှု၊မုဒိန်းမှု၊ခြစားမှု၊ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊လူ့အခွင့်အရေးချိုးဖောက်မှု၊ဒီပဲရင်းလုပ်ကြံမှု၊စစ်ရာဇ၀တ်မှု၊နိုင်ငံတော်သစ္စာဖောက်မှု၊နာဂစ်မုန်တိုင်းမှု၊
…ဘာအမှု၊ညာအမှုနံပါတ်စဉ်တပ်လို့မကုန်နိုင်အောင်အမှုပေါင်းမြောက်မြားစွာကျူးလွန်ခဲ့ကြတာလည်းမမေ့သင့်ဘူး။
အခုဟာဆန်ရင်းနာနာဖွတ်ဆိုသလို၊နိုင်ရာဖိထောင်းနေတာကတဘက်သတ်ပွဲကြီးလိုဖြစ်နေတယ်။ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ရိုင်းစိုင်းတယ်။
အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)ကအယ်ဒီတာအမျိုးသမီးတယောက်က
မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။
ညီညွတ်ရေးအမြင်နဲ့မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ)
အောက်ကကွန်မင့်တွေကပိုရိုင်းတယ်။ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရအဖွဲ့တွေလောက်တောင်စာနာစရာမကောင်းတဲ့ဟန်၊ပြည်ပရောက်တွေကအသုံးမကျသူတွေလိုမြင်အောင်ရေးကြတယ်။
ထားပါတော့စစ်ကျွန်တွေ၊ကြံ့ဖွတ်လူတွေကဒီလိုဝင်နှောက်တာလည်းဖြစ်နိုင်တာမို့ကွန်မင့်တွေအကြောင်းသိတ်မပြောလိုဘူး။ ဒါပေမဲ့ဒီလိုကာလ(အသွင်ကူးနေတဲ့စပ်ကူးမတ်ကူးကာလ)ထားစေချင်တဲံစိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင်တယ်။
ဒီအချိန်မှာပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။ဆောင်းပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထားရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ
တော့ဖတ်ရတာစာကကောင်းမလာဘူး။
တကယ်တော့ကိုမိုးသီးတို့အဖွဲ့ကရန်သူမဟုတ်ပါဘူး။နှိမ့်ချရေးစရာမလိုတဲ့လူတွေပါ.သူတို့နိုင်ငံခြားသားခံထားတာလည်းအခြေအနေအရပါ။အချိန်မရွေးကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။သူတို့အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည်သူတွေကိုသစ္စာမဲ့နေတာမဟုတ်ဖူး။
မြန်မာပြည်ထဲမှာအကောင်းဆုံးတခုခုပေးချင်တဲ့စေတနာနဲ့လာသူတွေလို့အပြုသဘောနဲ့မြင်သင့်တယ်။သေချာတာက သူတို့ဟာNGOတွေ၊ပရောဂျက်တွေ၊ပရိုပိုဆယ်တွေနဲ့လုံးထွေးပြီးကိုယ်ကျိုးတ၀က်၊ကိုယ့်အလုပ်တ၀က်နဲ့ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊နိုင်ငံရေးပရောဟိတ်တွေယောင်ယောင်၊နိုင်ငံရေးပွဲစားယောင်ယောင်၊မီဒီယာယောင်ယောင်၊အဖွဲ့မဟုတ်ဘူး။မိုးသီးတို့အဖွဲ့ဟာ ကိုယ့်ထမင်းကိုစားပြီးနိုင်ငံရေးလုပ်နေတာပါ။
ပြည်တွင်းမှာတခုခုလုပ်နိုင်အောင်အရဲစွန့်ဝင်ခဲ့သူတွေဖြစ်တယ်။ဒီခရီးအတွက်သူတို့ဟာလေး၊ငါး၊ခြောက်လလောက်အပြင်ကရဲဘော်ရဲဘက်တွေနဲ့စကားစစ်ခင်းသွားခဲ့ရတာ၊
တချို့အပြင်ကရဲဘော်တွေကသိတ်ကြည်ကြတာမဟုတ်ဘူး။ဒါပေမဲ့ကိုယ့်ဘက်က ရှေ့ပြေးကင်းတွေလိုသဘောထားတယ်။
သူတို့ပြန်လာရင် အခြေအနေအားလုံးနားစွင့်ကြအုံးမှာပါ။မိုးသီးဇွန်တို့က နယ်စပ်မှာကိုယ်ပိုင်ကားတ၀ီဝီစီးပြီး
နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။NGOအထောက်အပံ့နဲ့ပြည်တော်ဝင်တာမဟုတ်ဘူး။
ကျနော်တို့ကအစောကပြောသလိုမိုသီးဇွန်နောက်လိုက်လည်းမဟုတ်သလို၊မိုးသီးဇွန်ဘာလုပ်လုပ်ထောက်ခံသူလည်းမဟုတ်ဘူး။
ဒါပေမဲ့လက်သဲဆိတ်ရင်တော့လက်ထိတ်နာတယ်။သူတို့နဲ့ကျနော်တို့မျိုးဆက်အတူတူဖြစ်တယ်။
သူ့ကိုဆဲရင် ကိုယ့်ကိုလည်းဆဲနေသလိုဘဲ၊ကိုယ့်မျိုးဆက်ထဲကသိကြသူတွေဆဲတာဆိုတာနားကြားကောင်းနေသေးပေမဲ့၊
ဘုမသိဘမသိ၊သမိုင်းကြောင်းလဲမသိနားမလည်သူတွေအသားလွတ်ဝင်သမတာတော့အတော်စော်ကားတဲ့လုပ်ရပ်ဘဲ။အခုကိုမိုးသီးတို့ပေါ်အဆိုးမြင်တွေနဲ့ရေးနေသူတွေကရောစစ်အစိုးရအောက်ပြားပြားမှောက်စဉ်ကာလတွေက
ဘာများလုပ်ခဲ့ကြလဲဆိုတာပြန်ဆန်းစစ်သင့်တယ်။
၁၉၈၈ကာလကတပါတီအာဏာရှင်စနစ်ကမျက်ကန်းတစ္ဆေမကြောက်ဗြောက်တိုက်ခဲ့ကြ၊၊ဓားဓားချင်းလှံလှံချင်းရင်ဆိုဘို့ဆိုပြီးနယ်စပ်ထွက်ခဲ့ကြ၊ဆင်းရဲကြ၊ငတ်မွတ်ကြရန်သူစစ်တပ်သတ်လို့သေတာကတမျိုး၊ကိုယ့်မဟာမိတ်တိုင်းရင်းသားသူပုန်ကသတ်လို့သေတာကတဖုံ၊ကိုယ့်အချင်းချင်းသတ်လို့သေတာကတမှောင့်။
ကြုံလို့ပြောရမယ်။အခုမြောက်ပိုင်းလူသတ်မှုကမှအရိုးတွန်ပြီးပြန်ပေါ်လာသေးတယ်။ကျနော်တို့တတွေရဲ့မဟာမိတ်ကရင် နဲ့ချင်းတွေသတ်လို့သေတာကြောင့်အရိုးတွေဆွေးပြီးမတွန်နိုင်၊မကနိုင်တဲ့ခွတ်ဒေါင်းအရိုးတွေအများကြီးရှိသေးတယ်။
ဥပမာ
အိန္ဒိယနယ်စပ်မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းဒုက္ခသည်စခန်းကိုလာခိုလှုံတဲ့မြန်မာကျောင်းသားတွေထဲကကိုကြည်အောင် (ရန်ကုန်)နဲ့ကိုမြသောင်း(ကလေးမြို့)တို့ကိုအဲဒီကချင်းလက်နက်ကိုင်CNFက၁၉၉၀အစောပိုင်းမှာစပိုင်ထောက်လှမ်းရေးလို့စွတ်စွဲပြီးရက်ရက်စက်စက်မြေမြှုတ်သတ်ဖြတ်ခဲ့ကြတယ်။ဒီကနေ့အချိန်ထိတောင်မိသားစုတွေသူတို့သားတွေပြန်လာမလားလို့မျော်နေသလားမသိ။
နောက်တခုကကိုနိုင်အောင်တို့လာဖွဲ့စည်းခဲ့တဲ့ကိုလှဌေးဦးဆောင်တဲ့ABSDF(အနောက်ပိုင်း)ကဘင်္ဂလားဒေခ်ျမြန်မာနယ်စပ်ကနေ မီဇိုရမ်နယ်ထဲအ၀င်ကျနော်တို့သူငယ်ချင်းကိုဝင်းထွဋ်နောက်ကျောကျီဆံမှန်ပြီးကျသွားတယ်။
အချင်းချင်းလုပ်ကြံတာလား၊မဟာမိတ်တိုင်းရင်းသားအဖွဲ့ကလုပ်ကြံတာလားဒီနေ့ထိမသိရဘူး၊ကိုဝင်းထွဋ်မှာဇနီးနဲ့သမီးလေးကျန်ရစ်ခဲ့တယ်။ဒီလိုအဖြစ်အပျက်တွေကရင်နယ်မှာအများကြီး၊တောခိုကျောင်းသားတွေ၊ဆရာဝန်လောင်း၊အင်ဂျင်နီယာလောင်းနဲ့ပညာတတ်တွေတောထဲမှာစစ်မတိုက်ရဘဲနောက်ကျီဆံနဲ့ကျဆုံးသွားသူတွေမနည်းဘူး။(ဒါတွေစနစ်တကျမှတ်တမ်းတင်ထားသင့်တယ်)
အဲလို..၈၈ကျောင်းသားတွေဟာတချိန်ကဘ၀တွေစွန့်ပြီးစနစ်တခုရဲ့ပြဌာန်းပေးလိုက်တဲ့တာဝန်ကိုပုခုံးပေါ်နိုင်သလောက်တင်ထမ်းခဲ့ကြတာပါ။
ဟိုးတချိန်ကတောခိုကျောင်းသား၊ပြည်ပြေးတွေကိုသူရဲကောင်းလို့တောင်ပြည်သူတွေကသတ်မှတ်ခဲ့ကြတာမဟုတ်ဖူးလား။
ဒီနေ့အထိအဲဒီယုံကြည်ချက်နဲ့တောထဲမှာဒုက္ခခံရပ်တည်နေတဲ့ကျောင်းသားလူငယ်တွေရှိနေပါသေးတယ်။
ဟိုတုံးကသူရဲကောင်းတွေကိုအခုအချိန်ကျမှသစ္စာဖောက်တွေလိုမဆက်ဆံသင့်ပါဘူး။အခုပြည်တော်ပြန်ကိုမိုးသီးတို့အဖွဲ့ဟာ
တချိန်ကစစ်ခေါင်းဆောင်တွေနဲ့ဒီကနေ့ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေလောက်ပြည်သူအပေါ်ဘိုကျနှိပ်ဆက်မဲ့သူတွေမဟုတ်သလို၊ခေတ်ပျက်သူဌေးတွေလိုလည်းအတ္တလွန်ကဲစီးပွားရှာနေမဲ့သူတွေမဟုတ်ပါဘူး။
လက်တဆုတ်စာNGOအကြိုက်လုပ်နိုင်ငံရေးအဖွဲ့၊မီဒီယာအဖွဲ့တွေကြောင့်အမှန်တကယ်ယုံကြည်ချက်နဲ့စွန့်လွှတ်အနစ်နာခံသူတွေဘေးဒုက္ခရောက်ခဲ့တယ်။တော်လှန်သူတွေနာမည်ပျက်ခဲ့တယ်။
ပိုဆိုးတာကတော်လှန်ရေးကြီးတခုလုံးအကြော်သည်လက်သုတ်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ဟိုကတည်းကNGOတွေနဲ့
ပလူပလဲလုပ်သူတွေ၊ငွေကြေးအရင်းအမြစ်ကိုင်ထားသူတွေကိုပဲအထည်ကြီးပျက်ကြံ့ဖွတ်အစိုးရကတော်ကောက်ထားတယ်။မြှောက်စားထားတယ်၊သွေးခွဲထားတယ်။
ဒါကိုအခွင့်အရေးသမား၊နိုင်ငံရေးကျပ်မပြည့်တွေကသိရက်နဲ့အချောင်နှိုက်တယ်။ဒီကနေ့ကျနော်တို့လျှောက်နေတဲ့ခရီးဟာအလွန်သိမ်မွေ့ပါတယ်။အားပြိုင်မှုတွေရှိနေပါတယ်။အပြုဝါဒီတွေနဲ့လမ်းဟောင်းဝါဒီတို့လွန်ဆွဲနေပါတယ်။
လွှတ်တော်ထဲမှာလည်းအင်အားပြိုင်နေသလို၊စီးပွားရေးနယ်ပယ်၊NGOလောက၊နိုင်ငံရေးနယ်ပယ်နဲ့မီဒီယာလောကထဲမှာပါအင်အားပြိုင်တာ၊စားကျက်လုတာ၊ခွက်စောင်းခုတ်ခြေထိုးကန်ကြောက်တံတောင်နဲ့တွက်နေတာကိုအပြင်ကနေတောင်ကြားရမြင်ရတာပါ။လတ်လောလေးတင်ဆရာကြီးဒဂုံတာရာက
“ကျနော်တို့တိုင်းပြည်၌ ဒီမိုကရေစီပန်းနုရောင်ကလည်း သန်းစအချိန်ဖြစ်ပါသည်၊
ထိုသို့သော ဒီမိုကရေစီပန်းနုရောင်ကာလတွင် အချင်းချင်းမေတ္တာဖြင့်တစ်ဦးနှင့်တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့်ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက်အလေးထားလုပ်ဆောင်ရန်မေတ္တာရပ်ခံပါသည်။
ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်တွင် လှေကိုမလှုပ်အောင်လူးအောင်မလုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။
လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ယခုကာလကိုစိုးရိမ်စွာစောင့်ကြည့်နေရသောအချိန်ဟု ကျွန်တော်ယူဆပါသည်။၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုင်းဝန်းထိန်းသိမ်းကြ”
လို့ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။
ဒီအချိန်မှာကိုမိုးသီးတို့ပြည်တော်ပြန်တာဝမ်းသာအားရကြိုဆိုသင့်ပါတယ်။ရန်သူအားပေးမလုပ်သင့်ပါဘူး။ပြည်တွင်း၈လေးလုံးနိုင်ငံရေးအင်အားစုထဲမှာတောင်ကိုမိုးသီးဇွန်ကိုလေဆိပ်သွားကြိုဖို့မဲခွဲဆုံးဖြတ်တယ်ကြားတော့ကျနော်တို့အတော်လေးအံ့သြသွားတယ်။စိတ်လည်းပျက်သွားတယ်။ဒီကိစ္စမဲခွဲရမဲ့ကိစ္စလား?အဲလောက်အထိဖြစ်သင့်သလား၊အထဲကအင်အားစုတွေကိစ္စအပြင်အင်အားစုတွေမျက်စိမှိတ်ထောက်ခံခဲ့တယ်။
ညီအကိုတွေလိုမြင်တယ်။ကျနော်ခိုင်ခိုင်လုံလုံသိရတဲ့သတင်းအရကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုမြအေးတို့ကသူငယ်ချင်းတွေ အဖြစ်လေဆိပ်သွားကြိုမဲ့ကိစ္စတောင်မဲရှုံးလို့ငယ်သူငယ်ချင်းကိုတောင်မကြိုလိုက်ရဘူးတဲ့၊ထူးဆန်းအံ့ဘွယ်သတင်းဘဲ။
လေဆိပ်သွားကြိုဘို့ကိစ္စတောင်မဲခွဲနေရသတဲ့လား?ဘာတွေဖြစ်ကုန်ပြီလဲ?ကျနော်တို့နွားတွေတော့တကောင်ချင်းကွဲနေပါပြီ။ကျားဟိန်းသံလည်းကြားနေရတယ်။တောကလည်းနက်ပါတယ်။အချိန်ကလည်းညီအကိုမှန်းတောင်မသိတသိ။
ကျနော်တို့ရဲ့ဝါရင့်စစ်ဘိုရှုတ်တွေကအခုဆိုအကွက်ကျကျနဲ့ပြည်ပမီဒီယာတွေ၊ဒီမိုကရေစီဘန်းပြNGOတွေ၊ပရောဂျက်နိုင်ငံရေးအဖွဲ့အစည်းတွေဆီကအဆက်အသွယ်နဲ့၊အရင်းအမြစ်တွေအရယူနေပါတယ်။
မုဆိုးစိုင်သင်လုပ်နေပါတယ်။ပြည်ပဒီမိုကရေစီလှုပ်ရှားမှုကိုခါးလည်ကပိုင်းလိုက်ပါပြီ။သူတို့က၂၀၀၈ဖွှဲ့စည်းပုံကိုင်ပြီးအပေါ်စီးကနေကစားနေတာပါ။
မင်းသားစရိုက်အမျိဲုးမျိုးကိုတယောက်ပြီးတယောက်ထုတ်ရှိုးပြီးဒီတကွေ့မာလိုက်ဟောက်လိုက်၊ဟိုတကွေ့ပျော့လိုက်ချော့လိုက်လုပ်နေပါတယ်။တချိန်ကကျနော်တို့ဘက်တော်သားတချို့နဲ့ပုလင်းတူဗူးဆို့ဖြစ်နေပါတယ်။
ဒီကနေ့ကိုမိုးသီးတို့ပြည်တော်ပြန်အုပ်စုကိုပင့်လိုက်၊မြှောက်လိုက်၊ရိုက်ချလိုက်နဲ့လုပ်နေတာသိတ်မလှပါဘူး။ကျနော်တို့တတွေညီညွတ်ရေးအမြင်နဲ့ခရီးဆက်ဘို့လိုပါတယ်။အားလုံးဟာတပင်ကိုတပင်ယှက်နေတာပါ။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့
နဲ့ကချင်မြောက်ပိုင်းကိစ္စလိုဘဲငြိမ်းချမ်းရေးကိစ္စ၊ပြည်ပရောက်ကျောင်းသားတွေဂုဏသိက္ခာရှိရှိပြန်နိုင်ရေးကိစ္စလည်းအရေးကြီးပါတယ်။
ဒီနေ့ကိုမိုးသီးတို့ကိုဆဲနေတယ်။မနက်ဖန်ကျနော်တို့ပြည်ပရောက်တွေကိုဆဲလိမ့်မယ်။ဒီကနေ့ကိုမိုးသီးတို့ကိုစော်ကားနိုင်တယ်ဆို၊မနက်ဖန်ကျနော်တို့ကိုလည်းစော်ကားပါလိမ့်မယ်။ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင်မရှိရင်ကျနော်တို့ကျဆုံးမယ်။
သတင်းထောက်ကိုညို
၎စက်တင်ဘာ၂၀၁၂
Wednesday, September 5, 2012
58 စက်မှုဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနတွင်း မကျေမနပ်မှုများ ဖြစ်ပေါ်နေ
တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။စက်မှုဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနမှ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့သို့ (၄၈) ဦးစာရင်းတင်ပြလိုက်ပါတယ်။
၎င်း (၄၈)ဦးထဲတွင် ဌာနအတွက် အနစ်နာခံဆောင်ရွက်သူများနှင့် စီနီယာဝန်ထမ်းများကို ချန်ထားခဲ့ပြီး၊ လူကြီးနားနေသူများ၊ အရှာရှိထမင်းခူးပေး၊ လက်ဖက်ရည်ဖျော်ပေးသူများနှင့် နီးစပ်သူတွေကိုသာ ဦးစားပေးရွေးချယ်လိုက်ပါတယ်လို့ ဌာနတွင်း သတင်းများအရ သိရပါသည်။
တစ်ချို့မှာ လုပ်သက် (၆) နှစ်ကျော်နှင့်ရွေးချယ်ခံခဲ့ရပြီး လုပ်သက် (၃၀) ကျော် စီနီယာသမားများမှာ ချန်ထားခံခဲ့ရသည့်အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ၀န်ထမ်းများမျှော်လင့်ထားသည့်က ရွေးချယ်သည့်အထဲတွင် တကယ့်ပါသင့်ပါထိုက်သူများ ပါဝင်မယ်လို့များစွာ မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တမ်း စာရင်းတင်ပို့သည့်အခါကျမှ ၎င်းတို့အမည်များပါမလာကြောင်းသိရပြီး မကျေမနပ်ဖြစ်နေကြပါတယ်။
၎င်းတို့ မကျေမနပ်ဖြစ်နေသည်ကို သိသောကြောင့် (၄၈) ဦးစာရင်းတင်ပြသော အသက်(၄၆)နှစ်အောက်သာရွေးချယ်ကြောင်း သတင်းလွှင့်ထားပါတယ်။ တစ်ချို့ဝန်ထမ်းများမှာ နေပြည်တော်ရုံးချုပ်သို့ ရောက်ရှိလာသည်မှာ မကြာသေးပဲ ရုံးချုပ်လုပ်ငန်းများကို နားမလည်သေးပဲ ရုံးချုပ်လုပ်ငန်းများကို ကျွမ်းကျင်စွာလုပ်ဆောင်နေသူများထက် ဦးစားပေးရွေးချယ်ခဲ့ခြင်းကြောင့် အံ့သြရကြောင်း၊ ၎င်းတို့မှာတော့ ရာထူးတိုးမြင့်ရေးအတွက် ဒုဝန်ကြီးကိုယ်တိုင် လူတွေ့စစ်ဆေးမည်ဆိုသောကြောင့် လုပ်ငန်းနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ရသည့်အတွက် စိတ်ပန်လူပန်း ဖြစ်ခဲ့ကြပါတယ်။
တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။
ရွေးချယ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာများသို့ တိုင်ကြားမည် ဖြစ်ကြောင်း ၎င်းတိုင်းကြားမှုအတွက်လည်း ဌာနအရာရှိမှ မကျေနပ်လို့ ပို့ချင်တဲ့နေရာပို့ သွားနိုင်လျှင်သွားမည်၊ မသွားနိုင်လျှင်ထွက်စာတင် နှုတ်ထွက်မယ်၊ အကြောင်းရှာ၍ အလုပ်ဖြုတ်လျှင်လည်း အလုပ်ဖြုတ်ခံပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်တောင်ဆိုမည်ဖြစ်ကြောင်း နောက်ဆုံးသိရှိရပါသည်။
ကိုခင်မောင်ဝင်း (Nld)
0 ဘောလုံးအသင်းများကို ၀န်းရံကြသလို စာသင်ခန်းများကိုလည်း ၀န်းရံကြပါ
အားရစရာကောင်းတဲ့ မြန်မာ့ဘောလုံး
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေထဲမှာ အားရစရာအကောင်းဆုံး အပြောင်းအလဲတစ်ခု ကို ပြောပါဆိုရင် မြန်မာ့ဘောလုံးလောကလို့ပဲ ပြောရမယ်ထင်ပါတယ်။နိုင်ငံတကာမှာ ဘောလုံးအသင်းတွေကို သူဌေးတွေကအသီးသီးဝယ်ယူသိမ်းပိုက်နေကြသလို မြန်မာနိုင်ငံကသူဌေးမင်းများဟာမြန်မာ့ပရော်ဖက်ရှင်နယ် ဘောလုံးလောက ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် မိမိတို့တတ်နိုင်တဲ့အပိုင်းက ကူညီတဲ့အနေနဲ့ ကိုယ်ပိုင်ဘောလုံးအသင်းတွေ ထူထောင်လို့ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းဖို့ ၀င်ရောက်ကူညီ အားဖြည့်ကြပါတော့တယ်။
ဘောလုံးသမားများ အားတက်ဖွယ်ကောင်းအောင်လည်း လုပ်ခလစာငွေတွေကို ပုံအောလို့ပေးကမ်းတဲ့ အဆင့်အထိဖြစ်လာကြပါတော့တယ်။ တချို့ဘောလုံးသမားတွေရဲ့ လစာဟာဆိုရင်အနှစ်၃၀ လောက် ငွေကုန်လူပမ်းခံပြီး ပညာသင်ကြားထားတဲ့ပါမောက္ခတစ်ယောက်လခရဲ့ဆယ်ဆခန့်ကိုရရှိကြပါတယ်။
ဘောလုံးအသင်းနည်းပြကြီးများကိုလည်း ပြည်ပမှအကောင်းဆုံးရှာဖွေကာမိမိတို့အသင်းများမှာသင်ကြားပြသစေပါတယ်။ နိုင်ငံတကာက ဘောလုံးသမားများကိုပင်မက်လုံးပေးကာကိုယ့်နိုင်ငံအတွင်းမှာလာရောက်၍ကြေးစားကန်စေတာတွေလည်း တွေ့မြင်နေရပါတယ်။ ဒီလိုတွေကြောင့်ပဲ မြန်မာဘောလုံးအသင်းအနေနဲ့ မနိုင်တာကြာပြီဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း အစရှိတဲ့ အသင်းတွေကို ပြန်လည်ချေပလို့ အနိုင်ယူကစားလာနိုင်တာတွေ့ရလို့ အထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်။
နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကကျတာက
ခုလို မြန်မာဘောလုံးလောကဘက်မှာ တိုးတက်မှုတွေ တွေ့မြင်နေရသလောက် တခြားသော နိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကအရေးကြီးသော ပညာရေးကဏ္ဍလိုနေရာတွေမှာ တိုးတက်တဲ့အရိပ်အယောင်တွေ သိပ်ပြီးမမြင်တွေ့ရတာကတော့ အထူးပင်ဝမ်းနည်းစရာကောင်းလှပါတယ်။ ဘောလုံးအကယ်ဒမီတွေ အလျှိုလျှိုပေါ်လာပေမယ့် တက္ကသိုလ်အဆောက်အဦးတွေ တိုးတက်မလာခဲ့ပါ။ တက္ကသိုလ်ကျောင်းဆောင်များ ပြန်လည်မွမ်းမံဖို့ပင် ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာတွေလည်း ကြားသိနေရပါတယ်။
တကယ်တော့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးမဏ္ဍိုင်ကြံ့ခိုင်ဖို့လိုပါတယ်။ ဘောလုံးသမားများ ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းကောင်းတွေရှိသလို နိုင်ငံတော်ပြန်လည်တည်ဆောက်ရာမှာ အဓိကပလေယာများဖြစ်ကြတဲ့ ကျောင်းသားကျောင်းသူများ ပညာဥာဏ်ကြံ့ခိုင်ဖို့ ကျောင်းကောင်းများတည်ထောင်ဖို့လိုပါတယ်။
ပြည်တွင်းကိုဝင်ရောက်လာမယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေနဲ့ယှဉ်ပြိုင်ဖို့
ယခုအချိန်အခါလို တံခါးဖွင့်စီးပွားရေးဝါဒ ကျင့်သုံးလိုက်ချိန်မှာ ပြည်တွင်းကစီးပွားရေး လုပ်ငန်းရှင်များအနေနှင့် ယခင်ကထက် ဈေးကွက်မှာ ယှဉ်ပြိုင်မှုတွေ ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်။
ယခင်ကလို ပြည်တွင်းကုမ္ပဏီအချင်းချင်းသာ ယှဉ်ပြိုင်ရတော့မည်မဟုတ်ဘဲ၊ ပြည်ပမှဝင်ရောက်လာမည့် အဆင့်မြင့်ကုမ္ပဏီများနှင့် ရင်ဘောင်တန်းရတော့မည်ဖြစ်လေသည်။ ထိုသို့ ပြည်ပကုမ္ပဏီများကို ယှဉ်ပြိုင်ဖို့အတွက် အရေးအကြီးဆုံးမှာ Human Resources ခေါ်သော လူသားအရင်းအမြစ်ပင် ဖြစ်လေသည်။ ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် မိမိတို့လုပ်ငန်းများ တခြားသော ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် မည်ကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ကို ယခုကတည်းက သေသေချာချာ စဉ်းစားအဖြေရှာကာ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ပေသည်။
တက္ကသိုလ်များကိုလှူဒါန်းတဲ့ နိုင်ငံတကာသူဌေးကြီးများ
မြန်မာပြည်သူများအနေနဲ့ အင်္ဂလန်ဘောလုံးလောကတွင် ခြေစွာနေကြသော နိုင်ငံတကာ သူဌေးကြီးများ၏ နာမည်ကိုအလွတ် နီးပါးရနေသော်လည်း တက္ကသိုလ်များ၊ သုတေသနဌာများ၊ ကျောင်းအဆောက်အဦးများ လှူဒါန်းကြသော ကမ္ဘာကျော်သူဌေးကြီးများကိုတော့ ကြားဖူးသူနည်းပါးပေလိမ့်မည်။ နေရာတကာတွင် အဖြူအမည်းဒွန်တွဲနေသကဲ့သို့ ကမ္ဘာပေါ်တွင် အပျော်အပါးနှင့် စီးပွားရေးမျက်နှာစာကိုသာ ကြည့်တတ်သော သူဌေးကြီးများရှိသလို တိုင်းပြည်ကောင်းကျိုး၊ လူသားထုတစ်ရပ်လုံးကောင်းကျိုးကို ရှေးရှုကာ အလှူအတန်းပြုကြသော သူဌေးကြီးများလည်းများစွာရှိလေသည်။အားကျအတုယူစေချင်
ထိုကဲ့သို့ အများကောင်းကျိုးတွင် အမြော်အမြင်ကြီးကြီး လှူဒါန်းတတ်သူများတွင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်ကတော့ စံနမူနာတင်လောက်စရာပင်။ မိမိစည်းစိမ် ဥစ္စာတို့ကို ဆေးဝါးသုတေသနရံပုံငွေများ၊ HIV ၊ ငှက်ဖျား၊ ပိုလီယို ကာကွယ်ဆေး ကုသဆေးသုတေသန လုပ်ငန်းများ ၊ ပညာရေးအတွက်လှူဒါန်းငွေများမှာ ပြောမဆုံးနိုင်အောင်ပင်။ Microsoft ကို ပူးတွဲတည်ထောင်သူ ပေါလ်အလန်ဟာဆိုရင်လည်း Allen Institute for Brain Science တွင် သုတေသနလုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာသန်းသုံးရာ၊ Heyman နှင့် Moritz တို့မှနေ၍ ၀င်ငွေနည်းသော မိသားစုဝင်မှ သားသမီးများကို ထောက်ပံ့ရန်အတွက် University of Oxford သို့ လှူဒါန်းငွေ ဒေါ်လာ ၁၁၆.၈ သန်း၊ Symbiotis Energy မှ CFO ဖြစ်သော Robert Klein မှလည်း Rice University တွင် လူမှုရေးသိပ္ပံဌာန အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် အလှူငွေ ၂၅ သန်း စသည်ဖြင့် ပညာရေးအဆင့်အတန်း၊ နည်းပညာအဆင့်အတန်းမြင့်မားစေရန် တက္ကသိုလ်များသို့ လှူဒါန်းကြသော သူဌေးကြီးများလည်း များစွာရှိလေသည်။ မြန်မာနိုင်ငံမှ သူဌေးသူကြွယ်များ လေးစားအတုယူသင့်လှပေသည်။
မြန်မာပြည်ကသူဌေးများအတွက် အချိန်အခါကောင်း
ယခုဆိုလျင် မြန်မာနိုင်ငံမှ တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့သည် မိမိတို့ကျောင်းများ အရှေ့တောင်အာရှတွင် အဆင့်အတန်းမီတက္ကသိုလ်တစ်ခု ဖြစ်မြောက်လာရေးအတွက် အကောင်အထည်ဖော်ရန် အစီအစဉ်များရေးဆွဲနေကြသော ကာလဖြစ်လေသည်။ မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ ပြစ်ပယ်ခံထားခဲ့ရသော တစ်ချိန်က လျှမ်းလျှမ်းတောက် ရန်ကုန်စက်မှုတက္ကသိုလ်လို အရှိန်အ၀ါရှိ တက္ကသိုလ်များကိုလည်း အဆင့်အတန်းမီတက္ကသိုလ်တစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်လာရေးအတွက် အကောင်အထည်ဖော်နေကြလေပြီ။ အဖက်ဖက်မှ ယိုယွင်းနေသော နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရာတွင် အစိုးရတစ်ခုတည်း အားနှင့်မဖြစ်နိုင်ပေ။ ပြည်သူအစိုးရ လက်တွဲလို့ကူမှသာလျင် တိုင်းပြည်မြန်မြန် နာလန်ထူပေမည်။
ယခုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေသော တက္ကသိုလ်များတွင် အဆောက်အဦးများမလုံလောက်မှု၊ လက်တွေ့ပစ္စည်းများမပြည့်စုံမှု..အစရှိသည့် မပြည့်စုံမှုများစွာကို ရင်ဆိုင်နေရမည်မှာ သေချာပေသည်။ ထိုကဲ့သို့သော လိုအပ်ချက်များကို စီးပွားရေးချွတ်ခြုံကျနေသော နိုင်ငံတော်အနေနှင့် လိုအပ်သလို ထောက်ပံ့ကူညီနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုလိုအချိန်အခါမျိုးတွင် တတ်နိုင်သော လုပ်ငန်းရှင်များမှ ဘောလုံးအသင်းများကို ၀င်ရောက်ကိုင်တွယ်ကူညီကြသလို တက္ကသိုလ်စာသင်ခန်းများအတွင်း ကျောင်းသားများ အင်တိုက်အားတိုက် သင်ယူနိုင်ရန်အတွက်လိုအပ်သည်များကိုဝိုင်းဝန်းလှူဒါန်းဖို့အချိန်အခါကောင်းပင်ဖြစ်လေသည်။ ဘောလုံးကွင်းများဆောက်သလို ကျောင်းအဆောက်အဦးများတည်ဆောက်နိုင်အောင်၊ နိုင်ငံခြားမှ ဘောလုံးနည်းပြများငှားရမ်းကြသလို နိုင်ငံခြားတက္ကသိုလ်များမှ ပါမောက္ခများ မိမိတို့တက္ကသိုလ်သို့ လာရောက်သင်ကြားနိုင်အောင် ၀ိုင်းဝန်းကူညီကြစေချင်သည်။
လှူလိုက်စမ်းပါ
နိုင်ငံတကာမှာကဲ့သို့ပင် ဘယ်သူဘယ်ဝါလှူဒါန်းလိုက်သော ကျောင်းအဆောက်အဦးကြီး၊ ဘယ်သူဘယ်ဝါ ကူညီထောက်ပံ့ပေးနေသော သုတေသနဌာနကြီး၊ ဘယ်သူဘယ်ဝါက မတည်ပေးထားသော စကော်လားရှစ်များ အစရှိသည်တို့ကို မြင်ခွင့်ကြားခွင့်ရဖို့ မြန်မာပြည်သူလူထုက အထူးမျှော်လင့်စောင့်စားနေကြလေသည်။ မြန်မာပြည်မှ သူဌေးများအနေနဲ့ ခေတ်ပျက်ရုရှားသူဌေးခရိုနီမိုဗစ်၏နည်းလမ်းသာမလိုက်ကြဘဲကမ္ဘာသူကမ္ဘာသားတိုင်း လေးစားအားကျ အတုယူကြသော စွန့်ဦးတီထွင်လုပ်ငန်းရှင် ပေါလ်နှင့်ဘေလ်တို့ကဲ့သို့ မိမိနိုင်ငံသူနိုင်ငံသားများ နှင့် လူသားထု တစ်ရပ်လုံးကို အကျိုးပြုမည့်နေရာများတွင် ၀င်ရောက်လှူဒါန်းကြဖို့ အကြံပြုလိုပါသည်။
မိမိနိုင်ငံပညာရေး အဆင့်အတန်းမြင့်မားမှသာလျင် မိမိတို့အတွက်လည်း နိုင်ငံတကာအဆင့်မီ လူ့စွမ်းအားအရင်းအမြစ်များကို ရရှိနိုင်မှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ဘောလုံးအသင်းများကို ငွေပုံအောကာကိုင်တွယ်နေကြသလို မိမိတို့အတွက် လိုအပ်သော လူသားအရင်းအမြစ်ထုတ်ပေးမည့် စက်ရုံကြီးများဖြစ်သော တက္ကသိုလ်စာသင်ခန်းများကိုလည်း အချိန်မီဝန်းရံကြဖို့အထူးလိုအပ်လှပေသည်။
မောင်မျိုး(စက်မှု)
0 ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာနိုင်
နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား အစားထိုးခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ စက်တင်ဘာလ ၃ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည့်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်လျက်ရှိသည်။
“ဒီစက်တင်ဘာ ၃ ရက်နေ့က ကာကွယ်ရေးဝန်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို အစားထိုးခန့်အပ်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ဆီကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီသဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းကို စစ်ဘက်မူလတာဝန်တွေ ပြန်ထမ်းဆောင်ဖို့အတွက် သူ့အစား ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကို တာဝန်ပေးအပ်လိုတယ်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမ္မတဆီကို တင်ပြလာတယ်လို့ ဖော်ပြထားပါတယ်”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
ယင်းသဝဏ်လွှာတွင် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် သဝဏ် လွှာပေးပို့ထားပြီးဖြစ်သည့်အတွက် ဥပဒေများနှင့် ညီညွှတ်ပါက ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ယခင် နိုင်ငံတော် ဒု-သမ္မတ သီပာသူရတင်အောင်မြင့်ဦး အနားယူစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိသည်ပာု ထင်ကြေးပေးခံခဲ့ရသူတစ်ဦးဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန်သာ ပြောင်းရွှေ့ခန့်အပ်ခဲ့ကြောင်း သိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ စစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
Yangonchronicle
Tuesday, September 4, 2012
0 ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့ လာရောက်ခဲ့သော အမေရိကန်သံတမန်များနှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ
၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးသို့ရောက်ရှိလာသော အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ် ။
အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲနှင့် သံတမန်အရာရှိများအား ၈၈မျိုးဆက်ကျောင်းသားများက လက်ခံတွေ့ဆုံဆွေးနွေးစဉ် ...
၎၊၉၊၂၀၁၂ နေ့၊ နံနက် ၉း၃၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့သည်၊ ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးသို့ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့်ကိုဌေးကြွယ်တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။
88 Generation Students
0 Webpage တွေပေါ် ကျော်လွှာဖြတ်သန်း ဖတ်ရှုနိုင်ဖို့
မင်္ဂလာပါ ခင်ဗျား
မြန်မာပြည်တွင်းရှိ မိဘပြည်သူ ညီအစ်ကို မောင်နှမများအနေနဲ့ပိတ်ဆို့တားမြစ်ထားတဲ့ အင်တာနက် စာမျက်နှာ
Webpage တွေပေါ် ကျော်လွှာဖြတ်သန်း ဖတ်ရှုနိုင်ဖို့ Tor Proxy Browser နဲ့
မိတ်ဆက်ပေးလိုပါတယ်။
Tor Proxy Browser စတင်အသုံးပြုသူတွေအတွက် အဓိက ရည်ရွယ်ပြီးရေးသားပြုစုထားမှုကို Attached File နဲ့ တွဲပြီးပို့လိုက်ပါတယ်။
လိုအပ်တာ ရှိရင်ဘဲ ဖြစ်ဖြစ်၊ နားမလည်တာ ရှိရင်ဘဲ ဖြစ်ဖြစ် ပြန်လည်
ပြောကြားပေးစေလိုပါတယ်။
လိုရင်းတိုရှင်း Proxy Website ဆိုရင်တော့ http://thanhtut88.appspot.com/, http://tunnelmyanmar.appspot.com/, သုံးပါလို့ တိုက်တွန်းလိုပါတယ်။
ခင်မင်ရင်းနှီးလျက်
ကိုဖိုးတရုတ်
1 ပြည်သူ့လွှတ်တော်မှာလည်း မတ်တတ်ရပ်ခိုင်းပြီ
ဒီနေ့ လွှတ်တော်မှာ ဦးအောင်သိန်းလင်း တင်ပြသော စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍၎င်း၊ ကုမ္မဏီအမည်ဖောက်၍၎င်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္မဏီမှ သီးစားခယူနေခြင်းများရှိပါသဖြင့် လယ်ယာမြေကို လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ဖောက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးသင့်ကြောင်း အဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့်ဆုံးဖြတ်ရာ လွှတ်တော်၌် တစ်ခါမှမကြုံစဖူး ၎င်းအဆိုကို ကန့်ကွက်သူပေါ်လာပါတယ်။
၎င်းကန့်ကွက်သူကတော့ NLD က ဦးစိန်ဝင်းပါ။ သူကပြန်ရှင်းပြတာက နိုင်ငံတစ်ဝှမ်းလုံးရှိ စားကျက်မြေများကို လယ်မြေအဖြစ်မသိမ်းပိုက်သင့်ကြောင်း ဥပဒေအကိုးအကားဖြင့် ကန့်ကွက်သွားပါတယ်။ ဒါကြောင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် မတ်တတ်ရပ်ခိုင်းပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အများစုက မတ်တတ်ရပ်ပြီး NLD အမတ်များကတော့ တစ်ယောက်မှ မရပ်ကြပါ။ လွှတ်တော်တက်ရောက်သူ (၃၈၈)ဦး မှ ထောက်ခံသူ (၁၇၇) ဦးရှိသဖြင့် အဆိုကိုဆွေးနွေးရန် အတည်ပြုခဲ့ပါသည်။ ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များဟာ စားကျက်မြေကော မည်သည့်မြေအမျိုးအစားဖြစ်ဖြစ် သိမ်းယူချင်နေတာကို ထောက်ခံကြောင်းပြသရာရောက်ပါတယ်။
အမိန့်အမှတ် ၂/၂၀၁၂
ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များမှ စုံးစမ်းစစ်ဆေးရေးဥက္ကဌနှင့် အဖွဲ့ဝင်များကို ဥက္ကဌ (ဦးနန္ဒကျော်စွာ) အား ကန့်ကွက်ကြောင်း အမိန့်အမှတ် ၁/၂၀၁၂ ကို ပို့လိုက်ပါသည်။ ဦးနန္ဒကျော်စွာ ဥက္ကဌ အနေဖြင့် ဆောင်ရွက်နေလျှင် တရားမျှတမှုရှိမှာမဟုတ်ကြောင်း အကြောင်းကြားလာသဖြင့် ပြည်သူ့လွှတ်တော်အနေနှင့် အမိန့်အမှတ် ၂/၂၀၁၂ ဖြင့် ခုံရုံးမှ ကန့်ကွက်သူများ၏ ဆန္ဒအရ၎င်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထောက်ရှု့ခြင်းဖြင့်၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌအား ဦးနန္ဒကျော်စွာ၏နေရာတွင် (ဦးသိန်းဆွေ) ဖြင့် အစားထိုးပြောင်းလဲခဲ့ပါသည်။
ု့Khai khant(ကိုခင်မောင်ဝင်း)
0 ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော ၁၉၉၉ ခုနှစ်အတွက် John Humphrey ဆုကို ကိုမင်းကိုနိုင်နှင့် ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးတို့အားပေးအပ်
ဒေါက်တာသောင်းထွန်းက ဆုတံဆိပ်လာရောက်ပေးအပ်စဉ် ... ။
John Humphrey ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ကြသည့် ထင်ရှားသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သည်။ထိုဆုကို ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးကိုလည်း ပေးအပ်ခဲ့သည်။
John Humphrey ဆုဆွဲပြား ... ။
( ၃၊၉၊၂ဝ၁၂ ။ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ရုံးခန်း )
88 Generation studients














