မုံရွာမြို့ ဆန္ဒပြပွဲကို ည ၉နာရီ ၃၀ မိနစ်တွင် ရပ်နားလိုက်ပြီး အဖမ်းခံထားရသောတောင် ၁၂ဦးမလွတ်မခြင်း ဗကသ(မုံရွာ)မှ ဦးဆောင်၍ မတရားဖမ်းခံရသူများလွတ်မြောက်ရေး ဆက်လိုက်တိုက်ပွဲဝင် ဆန္ဒထုတ်ဖေါ်သွားမည်ဖြစ်ပါသည်။ ပြည်သူတရပ်လုံးမှမတရားဥပဒေမဲ့လယ်ယာမြေသိမ်းဆည်းခံရသည့်အပြင် ဖမ်းဆီးချုပ်နှောင်ခံထားရသော တောင်သူ ၁၂ဦးလွတ်မြောက်ရေးအတွက် ပူပေါင်းပါဝင်ကြပါရန်ပန်ကြားအပ်ပါသည်။
လူပဲဖမ်းလို့ရမယ် တောင်ကိုမသိမ်းနဲ့
ကြေးနီတောင်စီမံကိန်းက ဗိုလ်ပြုတ်အောင်ကျော်ကျော် ဆိုသူက ဒီလိုရိုက်ပြီး သူ့အဖေတွေကိုပြတယ်လေ
ရွာမြို့နယ်ရဲတပ်ဖွဲ့မှူး-ဦးကြူအင်းက ဆန္ဒထုတ်ဖော်သူတွေ ရဲ့လက်ထဲမှာ ကိုင်ဆောင်ထားသော စာတမ်းကိုလည်း လုယူပြီးဆုတ်ဖြဲခဲ့တယ်လို့ဆိုပါ တယ်။ဆုတ်ဖြဲခံရသော လက်ကိုင်စာတမ်း။
မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွား
10-9-2012နေ့ မုံရွာမြို့အမှတ်၁စခန်းရှေ့၌ဖမ်းစီးခံထားရသောအမျိုးသမီး၁၂ဦးအားလွှတ်ပေးရန် ငြိမ်းချမ်းစွာ
ဆန္ဒဖော်ထုတ်နေကြသော ရွာသူ/ရွာသားများ
အနောက်ဘက်ကမ်းကိုပြန်မလား ? မပြန်ဘူးလား ? မပြန်ရင်ဖမ်းမယ် ဟု မသွဲ့သွဲ့ဝင်းအားမေးနေစဉ်တွေ့ရသောပုံ။ ရဲမှူးကြူအင်းနှင့် မသွဲ့သွဲ့ဝင်း။
စက်တင်ဘာလ ၁၀ရက်နေ့၌ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကျေးရွာ၌ ကြေးနီစီမံကိန်းအတွက် လယ်ယာမြေများ မတရားအသိမ်း ခံရခြင်းကြောင့် မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရားတွင် လာရောက်ဝတ်ပြုဆုတောင်းသူ တောင်သူလယ်သမားများထဲမှ ၁၂ဦးအား မုံရွာမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ယင်းလှုပ်ရှားမှု ၌ ပါဝင်သူ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
"ကျွန်မတို့က ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဖက်စပ်လုပ်မည့် ကြေးနီစီမံကိန်းအတွက် မတရားလယ်တွေအသိမ်းခံရလို့ မုံရွာက ဆုတောင်းပြည့်ဘုရားမှာ လာပြီး ဆုတောင်းတာပါ။ အဲဒါကို မုံရွာက သက်ဆိုင်ရာတွေက ကျွန်မတို့ ဘုရားရင်ပြင်မှာ ဆုတောင်းနေတဲ့အချိန် ဘုရားအတက်အဆင်းအပေါက်တွေ ပိတ်တာတွေလုပ်ပြီး နန်ချွန်ကူးတို့ဆိပ်ကမ်းကနေအပြန် ဝက်မှေးတောင်သူ ၁၂ယောက်ကို ဖမ်းဆီးထားပါတယ်"ဟု ၎င်းက ဆိုသည်။
ယင်းသို့ မုံရွာမြို့နယ်ရှိ ဆုတောင်းပြည့်ဘုရား၌ လယ်မြေများ မတရားအသိမ်းခံရခြင်းကြောင့် လာရောက်ဆုတောင်းသည့် တောင်သူလယ်သမား များအား ဖမ်းဆီးထားရခြင်းနှင့် စပ်လျဉ်း၍ နေ့လည် ၁နာရီမှစတင်၍ မုံရွာမြို့ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် လက်ပံတောင်း တောင်ခြေရှိ တောင်သူလယ်သမားများမှ အဆိုပါရဲစခန်းရှေ့၌ ဖမ်းဆီးခံထားရသည့် ဝတ်မှေးတောင်သူ
လယ်သမားအမျိုးသမီး ၁၂ဦးအား ပြန်လည်လွှတ် ပေးရန် ဆန္ဒပြတောင်းဆိုမှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
"ဒီဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အထဲမှာ ဒီဆုတောင်းပွဲကို ဦးဆောင်လုပ်တဲ့ မသဲ့သဲ့ဝင်းနဲ့ မအေးနက်တို့လည်းပါတယ်။ ဒီလိုမျိုး ဖမ်းဆီးမှုတွေ လုပ်တဲ့အတွက် ပြန်လွှတ်ပေးဖို့ နေ့လည် ၁နာရီကနေ စပြီးဆန္ဒပြတာပါ။ သက်ဆိုင်ရာဘက်ကတော့ ဝက်မှေးတောင်သူ ၁၀ယောက်လွှတ်ပေးမယ်။ မသဲ့သဲ့ဝင်းနဲ့ မအေးနက်ကိုတော့ အရေးယူမယ်လို့ပြောတယ်။ အခု ညနေ ၄နာရီကျော်သွားပြီ ဆန္ဒပြတဲ့လူတွေကို လူစုခွဲဖို့ဆိုပြီး မီးသတ်ကားတွေရှိတယ်။ ပြီးတော့ သက်ဆိုင်ရာကလည်း အသံချဲ့စက်တွေနဲ့ အော်နေတယ်"ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။
ထို့နောက် ယင်းသို့ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် တောင်သူလယ်သမားများထဲမှ ဝက်မှေးတောင်သူ ၁၀ဦးပါဝင်ပြီး ၎င်းတို့အား ပြန်လွှတ်ပေး မည်ဖြစ်ကာ ယခုဆုတောင်းပွဲအား ဦးဆောင်မှုပြုလုပ်သည့် မသဲ့သဲ့ဝင်းနှင့် မအေးနက်တို့အား တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယခုကဲ့သို့ မုံရွာမြို့နယ် အမှတ် (၁)ရဲစခန်းရှေ့၌ ဆန္ဒပြနေသူများအား လူစုခွဲရန် သက်ဆိုင်ရာမှ အသံချဲ့စက်နှင့်အော်၍ လူစုခွဲခိုင်းထား ကြောင်း သိရှိရပြီး မီးသတ်ကားများလည်း ရောက်ရှိလျက်ရှိရာ လုံခြုံရေးအင်အားများကိုလည်း တိုးမြှင့်ချထားကြောင်း သိရှိရသည်။
ATM (Yangon chronicle)
Photo..Aung Nay Myo ,Hunter Rose ,ThanLarWaddy TimesFacebook

သတင်းအကျဉ်းချုပ် ...
အရှိန်အ၀ါကြီးမားလှသော စာပေတိုက်တစ်ခု၏ ရုံးခန်းအတွင်းသို့ မောင်လင်းရောင်တစ်ယောက် တွန့်ဆုတ် တွန့်ဆုတ်နှင့် ၀င်သွားသည်။ အယ်ဒီတာဟုထင်ရသော လေးထောင့်မျက်မှန်ထူထူနှင့်ပုဂ္ဂိုလ်ကြီးက စာမူ တစ်ခုကို ငုံဖတ်နေရာမှ မျက်လုံးလှန်၍ မေး၏။
“ဘာကိစ္စလည်း သူငယ်..”
“ဟိုလေ.. ကျွန်တော့် စာမူလေး ပေးထားတာ... အဲဒါ.. ဟိုလေ.. ဖတ်များဖတ်ပြီးပြီလား..လို့...လို့..”
“နာမည်”
စကားတောင် မဆုံးသေး။
အယ်ဒီတာကြီးက ခပ်ပြတ်ပြတ်မေးသည်။
“ဟို..ဟို..လင်းရောင်ပါ”
ကြောက်ကြောက်ဖြင့် ဖြေ၏။
အယ်ဒီတာကြီးက စာမူတစ်ထပ်ကြီးကို ဟိုလှန်..ဒီလှန်ရှာချင်ယောင်ဆောင်၍...
“မရှိဘူး.. တို့ဆီမှာ...
စာမူပေးထားတဲ့လူတွေထဲမှာ .. “ဟိုမိုလင်းရောင်” ဆိုတာ တစ်ယောက်မှ မရှိဘူး...”
“ခင်ဗျာ.. ..ဆရာရယ်.. လင်းရောင်ပါ.. ဟိုမိုလင်းရောင်မဟုတ်ပါဘူး”
သူ အမြန် ဖြေရှင်းရ၏။
“သြော်..ဆောရီး...ကိုယ်က မင်းကို ခပ်နွဲ့နွဲ့နဲ့ဆိုတော့ .. “ဟိုမို” ထင်လို့..”
ဘုရား...ဘုရား..
သူ နည်းနည်းတော့ လေသွားသည်။
ဒီနေ့ သူ ပန်းရောင်အကျီ င်္အကျပ်ဝတ်ထားသဖြင့် အမြင်မှားခြင်းဖြစ်နိုင်သည်။
မျက်ပေါက်ကျဉ်းကျဉ်း၊ နှာခေါင်းပွပွ.. မုတ်ဆိတ်မွှေး ဟိုတစ်စ ..ဒီတစ်စနှင့် သူ့ကို (ဟိုမို)ဟု ထင်တာတော့ နည်းနည်းလွန်သည်။
စကားပြောလျှင် နည်းနည်းနွဲ့သော်လည်း သူ ဟိုမိုမဟုတ်ပါ။ ဒါတော့ ဒီဘဲကြီးနည်းနည်းတော့များပြီဟု ထင်လေသည်။
“ကဲ..ပြောပါဦး မင်းစာမူခေါင်းစဉ်က ဘာလဲ”
“ကိုယ်ရယ်...မေမေရယ်ပါ...”
“ဘာာာာ.....”
အမငီး ...လန့်ထှာ..
သူ ကတုန်ကယင်ဖြစ်သွားသည်။ သူ့စာမူမှာ ပြဿနာတစ်ခုခုများ ဖြစ်ပြီလား။
“ခင်ဗျာ..ဟုတ်ကဲ့...ကိုယ်ရယ် ..မေမေရယ်... ဆိုတဲ့ ခေါင်းစဉ်နဲ့ပါ”
သူ ကသုတ်ကယက် ပြန်ဖြေရသည်။ အလွဲအချော်တစ်ခုခုများ ဖြစ်နေပြီလား။ နည်းနည်းတော့ စိုးရိမ်၏။
အယ်ဒီတာကြီးမျက်နှာ ရုတ်တရက် နီသွား၏။
ရုတ်တရက် စကားမပြောနိုင်ပဲ သူ့ကို သေသေချာချာစိုက်ကြည့်သည်။
သူ၏ ပွယောင်းယောင်းမျက်နှာမှ နှာခေါင်းထွားထွားကြီး ပိုပွလာသလား ထင်ရလေ၏။
မျက်ရည်များ ဝေ့ခနဲ စို့တက်လာသည်။
ထို့နောက် မျက်တောင်တွေ တဖျက်ဖျက်ခက်၏။
ဝဲကျလာသော မျက်ရည်များကို .. ပုတ်ခက် ပုတ်ခက်လုပ်ရင်း ..
အသံ ရှိုက်မ၀င်သွားအောင် အားတင်းပြီး ပြောလေသည်။
“အဟင့်.. အဟင့်... အဲဒါ ညီလေး စာမူလား...”
“ခင်ဗျာ.. ဟုတ်.......ဟုတ်ကဲ့.. ”
“အာား... ”
အသံအကျယ်ကြီးဖြင့် ရုတ်တရက် ထအော်သည်။
မက်တပ်ရပ်ကာ လေးလေးစားစား လက်ကမ်းပေးသည်..။
ဝဲလ်ကမ်း... ကြိုဆိုပါတယ်ဆိုသည့် အနေအထားဖြစ်၏။
“ လေးစားတယ်ကွာ...လေးစားတယ်. ညီရာ...
ကိုယ် မင်းကို စောင့်နေတာ...”
အယ်ဒီတာကြီး မတ်တပ်ရပ်ကာ သူ့ကို အသိအမှတ်ပြုလေသည်။
“ဟုတ်ကဲ့...ဟုတ်ကဲ့.. အဲဒါ...အဲဒီစာမူလေးများ.....”
“အေး... အဲဒီစာမူ အစ်ကို ဖတ်ပြီးပြီ.. အရမ်းသဘောကျတယ်ကွာ.. ကောင်းလိုက်တာ..
စဖတ်ကတည်းက သဘာဝကျကျနဲ့ ဆွေးဆွေးမြေ့မြေ့အရသာမျိုး ခံစားရတယ်..
မိခင်နဲ့ သားတစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးထားတာ..
Broken Family .. တစ်ခုရဲ့ ဘ၀ကို တင်ပြထားတာ...
ဒါမျိုးဟာ ဂန္ထ၀င်အမျိုးအစားပဲ... စာအုပ်ထဲက ဇာတ်လိုက်ဟာ.. သူဌေးသားမဟုတ်ဘူး.. ရုပ်မချောဘူး.. ပြီးတော့ ကောင်မလေးတွေ တစ်ယောက်ပြီးတစ်ယောက် ရည်းစားထားတတ်တဲ့.. မြင်ဖူးနေကျ ဇာတ်ကောင်မဟုတ်ဘူး.. မွဲပြာပုဆိုးဇာတ်ကောင်တွေထဲက ခွဲထွက်ပြီး အသက်လေးငါး ခြောက်နှစ်လောက် ကလေးလေးကို အဓိက ဇာတ်ဆောင်နေရာမှာ ထားထားတာ .. အစ်ကို သိပ်သဘောကျတယ်ကွာ....”
အယ်ဒီတာကြီး ကရားရေလွှတ် ချီးမွှန်းသည်။
သူ့မှာ .. ၀မ်းသာရမလိုလို.. ၀မ်းနည်းရလိုလို...
မျှော်လင့်ချက်များ ဟုန်းကနဲ ထ လာသည်။
ကိုယ့်လို ဘာမဟုတ်တဲ့ ပမွှားတစ်ကောင်ရဲ့ စာမူကို ဒီလို နိုင်ငံကျော် အယ်ဒီတာကြီးတစ်ယောက်က နွေးနွေးထွေးထွေးကြိုဆိုသဖြင့် ရင်ထဲမှာလှုပ်ရှားသွားရခြင်းဖြစ်၏။
စာသမား ပေသမားပီသသော အယ်ဒီတာကြီး၏ မျက်နှာဖောအစ်အစ်ကြီးမှာ
ရုတ်တရက်ကြီး ခင်မင်စရာ ချစ်စရာကောင်းလာသည်ဟု သူထင်လေသည်။
“ဒါဆို.. ဒါဆို.. ကျွန်တော့် စာမူလေးကို ရွေးလိုက်ပြီပေါ့နော်...”
သူ အငမ်းမရမေး၏။
သူ့ပတ်ဝန်းကျင်မှာ အရောင်များလက်လာသလား ခံစားရသည်။
တောက်ပသော အလင်းရောင်တစ်ခုကို ခံစားရလေသည်။
ကြိုးစားအားထုတ်မှု၏ အခြားတစ်ဖက်မှာ အောင်မြင်ခြင်းတစ်ခုခုကတော့ စောင့်ကြိုနေမြဲမဟုတ်ပါလား။
“အေးးး... အဲဒီလိုတော့လဲ ..မဟုတ်သေးဘူးကွ....”
“ဗျာ....”
အယ်ဒီတာကြီး၏ စကားကို သူ ရုတ်တရက်နားမလည်။
အယ်ဒီတာကြီးက အားနာသလိုလို.. ပြော၏။
သူ အံ့သြမင်တပ်စွာ နားထောင်၏။
“ဒီလိုကွ.. အစ်ကိုတို့ မဂ္ဂဇင်းက ကလောင်သစ်တွေအတွက် နေရာတစ်နေရာစာပေးဖို့ သိပ်ခက်နေတယ်။ အရင်ပေးနေကျ စာမျက်နှာကလည်း ညီလေးအရင်.. ရွေးထားပြီးသားစာမူတွေက ရှိနေတယ်။ ပြီးတော့ ...ညီလေးရဲ့ စာမူကလည်း တစ်ပတ်ထဲ ထည့်လို့ရတာမဟုတ်ဘူး... အခန်းဆက်ဝတ္ထုအနေနဲ့ ထည့်မှ ရမှာဆိုတော့ကွာ.... အခက်အခဲ တစ်ခုအနေနဲ့က.......”
အယ်ဒီတာကြီးက စကားကို ဆုံးအောင်ဆက်မပြောဘဲ.. သူ့ကို အားနာသယောင်ဖြင့် စားပွဲခုံကို လက်ညှိုးလေးဖြင့် တစ်ဒေါက်ဒေါက်ခေါက်ကာ ငြင်းပယ်ရန် စကားလုံး ရွေးချယ်နေဟန် ရှိလေသည်။
သူ၏ စိတ်ဓာတ်များ အမြင့်ဆုံးတစ်နေရာမှ ငရဲအထိ စိုက်ဆင်းသွားသလို ၀ုန်းကနဲ ပြုတ်ကျသွားသည်။
ဟုတ်တော့လည်း ဟုတ်သည်။
သူ့ ၀တ္တုက နည်းနည်းရှည်၏။ သူလို သာမာန်အွန်လိုင်း စာရေးသူတစ်ယောက်အတွက် နာမည်ကြီး လစဉ်ထုတ် မဂ္ဂဇင်းမှာ နေရာပေးဖို့ ခက်ခဲမည်မှာ သဘာဝကျပါသည်။ ကိုယ့်ဝတ္ထုရှည်ကို အခန်းဆက်
နေရာပေး မည့်အစား.. နာမည်ကျော်ကြားသော စာရေးဆရာ၊ ဆရာမများကိုသာ နေရာပေးချင်လိမ့်မည်။
“ဒါပေမယ့်.....”
အယ်ဒီတာကြီးက စကားဆက်သည်။
“အစ်ကိုတို့ မဂ္ဂဇင်းမှာ နေရာမပေးနိုင်ပေမယ့်.. ညီလေးဝတ္ထုကို ဖတ်ပြီး ထုတ်ဝေသူတစ်ယောက်က အရမ်းစိတ်ဝင်စားနေတယ်ကွ”
သူ့ ရင်ထဲမှာ ဟာ...ခနဲ ဖြစ်သွားသည်။ အယ်ဒီတာကြီးက ဆက်ပြော၏။
“အဲဒါ.. ညီလေးက လုံးချင်းတစ်အုပ်စာ ရေးနိုင်မယ်ဆိုရင်တော့ ညီလေးဝတ္ထုကို ထုတ်ပေးချင်တယ်လို့ အစ်ကို့ကို ကမ်းလှမ်းထားတယ်”
အယ်ဒီတာကြီးက ပြုံးစစဖြင့် သူ့ကို အကဲခတ်သလိုကြည့်သည်။
သူ.... ရုတ်တရက် စကားမပြောနိုင်။ မယုံနိုင်အောင် ဖြစ်နေလေသည်။
သူ့လို ပါချီပါချက်တစ်ယောက်၏ စာကို ထုတ်ဝေသူတစ်ယောက်က စိတ်ဝင်စားခြင်းဆိုသည်မှာ နည်းနည်းနောနော ကုသိုလ်ကံလား။
အိပ်မက်လား ..တကယ်လား.. သူ့ လက်ဖ၀ါးကို ခပ်ပါးပါးလေး ဆိတ်ဆွဲကြည့်သည်။
နာ၏။
ဒါဆို အိပ်မက်မဟုတ်ဘူးပေါ့..။ တကယ်ပေါ့။ .. အယ်ဒီတာကြီးက ဆက်စကားပြောသည်။
“ဒါပေမယ့် .. ညီလေး....
မင်း... ထောင်ကျဖူးသလား...”
“ခင်ဗျာ.. ဟင့်အင်းခင်ဗျ.. မကျဖူးဘူးခင်ဗျ... ကျွန်တော့်မှာ ထောက်ခံစာပါပါတယ်...”
သူ အားတတ်သရောဖြေ၏။
အယ်ဒီတာကြီးမျက်နှာ ရုတ်တရက် ရှုံ့မဲ့သွားပြန်သည်။
“ဒါဆိုရင်လည်း အဆင်မပြေသေးဘူးကွ”
“ခင်ဗျာ....”
သူ ဘာပြန်ပြောရမှန်းမသိ။
အယ်ဒီတာကြီးက......
“ဒီလိုကွ.. ဒီခေတ်က တစ်ခါမှ စာအုပ်မထုတ်ဖူးသေးတဲ့ စာရေးဆရာအသစ်တွေဟာ ..
အနည်းဆုံးတော့ ထောင်ကျဖူးရမယ်ကွ.... ဒါမှလည်း သူ့ဝတ္ထုက ရောင်းလို့စွန်တာ..
စာအုပ်ကြော်ငြာထည့်တာတောင် .. “ထောင်ထဲမှာ ရေးသည်”..ဆိုတာ မပါရင် လူရာမ၀င်ဘူးကွ”
“ဒါဟာ လက်ရှိ စာပေလောကရဲ့ မတ်သက်ပဲ ...။ ဒါကို ဘယ်ထုတ်ဝေသူမှ မလွန်ဆန်နိုင်ဘူး..
မင်းသာ ထောင်ကျဖူးတယ်ဆိုရင်.. ဒီနေ့ ထုတ်.. မနက်ဖန် မင်းစာအုပ်ကို ရုပ်ရှင်ဒါရိုက်တာတွေ လာဝယ်လိမ့်မယ်..
အစ်ကိုတို့ဘက်က အဲဒီလောက်အထိ တာဝန်ယူပေးနိုင်တယ်.. ဒါပေမယ့် အဓိက ကတော့ မင်းထောင်ကျဖူးဖို့တော့ လိုတယ် ညီလေးရ”
“အာဗျာ.. ကျွန်တော်မှ ...တစ်ခါမှ မှ .. ထောင်မကျဖူးတာ.. အဲဒါ ဘယ်လိုလုပ်ရမလဲ...”
“အေး..ဒါဆို .. ညီလေး အရင် ထောင်ကျကြည့်လိုက်ကွာ.. ဟုတ်လား... နို့မို့ဆို ညီလေး စာမူ ဘယ်လောက်ကောင်းကောင်း ထုတ်ဝေသူကလည်း စိတ်ဝင်စားမှာ မဟုတ်ဘူးကွ... အဲဒီတော့.. ဘာမှုနဲ့ ဖြစ်ဖြစ်ကွာ.. ထောင်ခဏတော့ ကျလိုက်..
ပြီးရင် ထောင်က လွှတ်ဝရမ်းလေး အစ်ကို့ဆီယူလာပြီး သက်သေပြ.... အစ်ကိုက ညီလေးနဲ့ ထုတ်ဝေသူနဲ့ကို တွေ့ပေးမယ်လေ..
စိတ်ချပါ.. ညီလေးလို အရေးအသားမျိုးနဲ့ စာပေနယ်မှာ အောင်မြင်မယ်ဆိုတာ အစ်ကိုယုံပါတယ်.. ”
အယ်ဒီတာကြီး၏ စကားနားထောင်ပြီး သူ တော်တော်စိတ်ဓာတ်ကျသွားသည်။
ဘယ်ခေတ် ဘယ်အချိန်တုန်းကမှ စာရေးဆရာများ ထောင်ကျဖို့လိုသည်ဟု သူ မကြားစဖူး။
ယခုတော့ လုံးချင်းဝတ္ထုလေး တစ်အုပ်ထွက်ရရေး ထောင်ကျပေးရမည့် အဖြစ်မျိုးနှင့် လာတွေ့နေရသည်။
သူ အယ်ဒီတာရှေ့မှ စာမူကို ဖျက်ခနဲ ကောက်လိုက်သည်။
“ဒီမယ်.. ကျုပ် ..လုံးချင်းလဲ မထုတ်ဘူး.. စာရေးဆရာလည်း မလုပ်ဘူး.. ရှင်းလား..
ထောင်ကျမှ အောင်မြင်မယ်ဆိုရင် ခင်ဗျားဘာသာ ထောင်ကျခံပြီး စာအုပ်ထုတ်.. သွားမယ်”
သူ အယ်ဒီတာကြီး ဘာစကားမှ မပြောနိုင်ခင် ထ ထွက်လာမိသည်။
ရင်ထဲမှာ လှိုက်ကာလှိုက်ကာ နာ၏။
နောက်ဘယ်တော့မှ စာမရေးတော့ဘူးဟု တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချဖြစ်၏။
လမ်းပေါ်သို့အရောက် .. သူ့စာမူလေးကို ပြန်ငုံကြည့်သောအခါ....
“ကိုယ်ရယ်..မေမေရယ်” ဟုသော ခေါင်းစဉ်နောက်တွင် အယ်ဒီတာကြီး၏ လက်ရေးဖြင့် ကွင်းစကွင်းပိတ်ခက်ထားသော...
(ထောင်ထွက်ဖြစ်လျှင် ထုတ်ဝေမည်) ဟူသော မှတ်ချက်ကို တွေ့ရလေသည်။
(လင်းရောင်) Linn Yaung Facebook
(သရော်စာရေးချင်တဲ့ လူကတော့ သရော်စရာတွေ့ရင် သရော်မိတာပါပဲ။ မုန်းလို့ ချစ်လို့ မဟုတ်ပါ။
ဒီစာကြောင့် ကိုယ်ချစ်ခင်လေးစားရတဲ့သူတွေကို ထိပါးသလိုဖြစ်တယ်ဆိုရင်လည်း ခွင့်လွှတ်နားပေးကြပါကုန်..)

သတင်းအကျဉ်းချုပ် ...
Photo..ဒီမိုဖက်တီး
ဒီတော့ ကိုယ့် လူမို. ဖွဖွလေးနဲ. ဟပေးပြိး ဟို ပြိုင်ဖက်ဖြစ်တဲ့ မိုးသီးကျတော့ အပိုင်း(၅) ခွဲပြီး---မီးကင်သလို Grilled လုပ်ခဲ့တာမျိုးတွေ ရေးသားခဲ့တော့ အဲဒီလိုမျိုးဟာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်ကို တကယ် လေးစားလိုက်နာတဲ့ တန်ဘိုးထားတဲ့ စောင့်စည်းတဲ့ သတင်းသမား Professional Journalist တွေက လုပ်လေ့ မရှိပါ။
စာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြည်သူတွေ ကြိုက်သည်။ စာပေစီစစ်ရေးကို လူတွေက မလိုလားပါ။ အဲဒီအထဲမှာ သတင်းသမားတွေက ပိုပြီး စာနယ်ဇင်းလွတ်လပ်ခွင့် ရှိစေချင်ပြီး စာပေစီစစ်တဲ့ ဆင်ဆာအဖွဲ.ကို ပိုပြီး မရှိစေချင်ဆုံး အုပ်စုတွေပါ။ ။
တချိန်တည်းမှာလည်း သတင်းသမားတွေကိုယ်တိုင်က တာဝန်ခံ တာဝန်ယူသော- Responsible and Reputatable ဖြစ်တဲ့ သတင်းသမား Professionalism ဖြစ်ဖို.လိုသည်။ သတင်းသမားတွေ လိုက်နာရမည့် Journalistic ethic and Code of Conducts စည်းကမ်း ကျင့်ဝတ်ဆိုတာတွေလဲ စောင့်စည်းဖို. လိုပါသည်။
မျှတမှု-Fairness, ဘက်မလိုက်မှု-Impartiality, သမာသမတ်ကျမှု-Objectivity, တဖက်စောင်းနင်းမဖြစ်ခြင်း၊ ညီမျှမှုဖြစ်ခြင်း-Balance ဖြစ်တဲ့အပြင် အချက်အလက်တွေ အပေါ်မှာ အခြေခံရမည်ဖြစ်ပါသည်။ Based on Facts, not on fiction ဖြစ်ဖို.လိုသလို အချက်အလက်တွေကလည်း မှန်ကန်တိကျဖို. Correct and Truthful ဖြစ်ရပါမည်။ News နဲ. Views— သတင်းနဲ. ထင်မြင်ချက်ဟာ လုံးဝ မတူပါ။
ဒါတွေဖြစ်ဖို.ဆိုတာကလည်း အပြန်အလှန် ထိမ်းကြောင်းမှု- Check and balance ဖြစ်နေမှ သာ အလွဲးသုံးစားပြုခြင်း Abuse and Use the position လုပ်ပိုင်ခွင့်တွေကို တလွဲမသုံးနိုင်မှာ ဖြစ်ပါသည်။
ကိုယ့်ကိုယ်ကို သမာဓိရှိတဲ့ တာဝန်သိတဲ့ ကျင့်ဝတ် ဂုဏ်သိက္ခာတွေနဲ. ညီညွတ်တဲ့ စနစ်တကျ လေ့လာပြီး တတ်ကျွမ်းတဲ့ သတင်းသမားတဦး Media Professional or Professional Journalist တဦးလို. ကြွေးကြော်ထားရင်တော့ ကိုယ်တိုင်ကလည်း Professional ethic နဲ. ကိုက်ညီရမည့်အပြင် Code of Conducts လိုက်နာစောင့်ထိမ်းရမည့် ကျင့်ဝတ်တွေကိုလည်း အမြဲတမ်း ရိုသေလေးစားဖို. လိုပါသည်။ သတင်းရေးတဲ့အခါ ကိုယ်ပိုင် ခံစားချက် Personal view, personal appeal, personal feeling တွေကို ချန်ထားခဲ့ရမှာ ဖြစ်ပါသည်။
သို.မှသာ တကယ်သတင်းသမားတဦးအနေဖြင့်လူတွေရဲ့ယုံကြည်လေးစာမှုအားကိုးမှုကို ရေရှည်ခံယူနိုင်မည်ဖြစ်ပါသည်။
အဲလိုမဟုတ်ပဲ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ကလောင်တချောင်း၊ ကွန်ပြူတာ တလုံး အသံဖမ်း စက်တခု နောက် ကင်မရာတလုံးရှိတာနဲ. ပြောချင်တာ ပြောမယ် ရေးချင်တာ ရေးမယ် ရိုက် ချင်တာတွေ ရိုက်ပြီး တင်ပြမယ်ဆိုရင်တော့ မကြာခင်မှာပဲ အဲဒီ သတင်းသမားတဦးရဲ့ အလုပ် တွေ ရေးသားတင်ပြမှုတွေနဲ. ကျင့်ဝတ် စည်းကမ်းတွေကို စောင့်ထိမ်းမှုရှိတဲ့သူ ဟုတ် မဟုတ် စာဖတ်သူ ပရိတ်သတ်က အကဲဖြတ်ပြီး တန်ဘိုးကပ်ခါ ဈေးဖြတ်တာကို ခံရမှာ ဖြစ်ပါသည်။
ကုမ္မဏီတခုမှာ အစုရှယ်ယာပိုင်ရှင်တွေက တကယ့် ပိုင်ရှင်တွေဖြစ်သလို သတင်း မီဒီယာနဲ. စာနယ်ဇင်းတွေမှာလည်း စာဖတ်သူ ပရိတ်သတ်-Audience or Reader တွေဟာ ပိုင်ရှင်အစစ် ရှယ်ယာဝင်တွေ ဖြစ်တယ်ဆိုတာ မမေ့လျော့ဖို. လိုပါသည်။
ဒါကြောင့် ပရိတ်သတ်တွေကို မသိဖူးထင်ပြီး ပါးပါးလေးနဲ. ငါတော့ ကစားလိုက်မယ် လိုတဲ့သူ ကို တင်ပြီး မလိုသူကို ထိုးချဖို. ငါ့ကလောင် ငါ့လုပ်ပိုင်ခွင့် ဂွင်လေးနဲ. ဘိမ်းမောင်းတီးမယ်ဆို ရင်တော့ အဲဒီလို သိက္ခာမရှိတဲ့ စာနယ်ဇင်း ကျင့်ဝတ်နဲ.မညီတဲ့ ဂုဏ်သိက္ခာမဲ့တဲ့ သတင်းသမား ဟာ ကြာကြာ ရပ်တည်နိုင်မှာ မဟုတ်ပါ။
သတင်းသမားအတွက် ပရိသတ်၏ Trust ယုံကြည်လေးစားမှုဟာ အခရာပါ။ အသက်ပါ။ ပရိ သတ်က
မယုံကြည်တော့ဖူးဆိုရင်ဖြင့် ဟားဗက်တက္ကသိုလ်ကနေ စာနယ်ဇင်းနဲ. ဒေါက်တာ ဘွဲ. PhD ရထားလဲ သတင်းသမားအဖြစ် ရေရှည်ရပ်တည်နိုင်မှာ မဟုတ်ပါ။
ပြောရရင် သတင်းသမားတွေဟာလည်း ကျောင်းဆရာတွေလိုပဲ စေတနာက အတော် အရေး ကြီးတဲ့အချက်ပါ။ ဘက်လိုက်လို. မဖြစ်ပါ။ တဖက်စောင်းနင်း မလုပ်သင့်ပါ။ ကိုယ်လူ တင်ပြီး တခြားသူကို နင်းဖို. ဖိမယ်ဆိုရင် ပရိသတ်က မြင်တတ်တာမို. ကိုယ့်ပဲ ခြောက်ထဲ ကျသွား မည်သာ။
အခုတလော ပြည်တော်ပြန်တွေ နာမည်ပျက်နှင့် ကျော်ဇော်တဲ့-BL-Black List ထဲက အကောင်ကြီးကြီးဆိုသူတွေ ပြည်တော်ပြန်လာတော့ မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန် သတင်းလောကမှာ သတင်းသမားတွေ ကုလားဘုရားပွဲလို ဖြစ်နေခဲ့ပါတယ်။
ဘယ်နားမှာပဲ သံပုံးပဲ တီးတီး ပန်းကန်ပြားပဲ ခေါက်ခေါက် အရင်ဆုံးနဲ. တရုန်းရုန်းနဲ. ကင်မရာ တွေ တဖျပ်ဖျပ်နဲ. ထိပ်ဆုံးက ရောက်လာသူတွေဟာ သတင်းသမားတွေပါ။ ဒီနေရာမှာ ဘယ် လောက်များ သတင်းတန်ဘိုး- News Worthy ဖြစ်လို.လည်း အခုလောက် သဲသဲခပ် ရွစိတက် နေရတာ မေးစရာ ဖြစ်လာပါတယ်။ ရခိုင်ကိစ္စ၊ ရေကြီးတဲ့ကိစ္စ။ တောင်သူလယ်သမားတွေ ဆန္ဓပြတဲ့ကိစ္စ၊ လက်ပံတောင်း တောင်မှာ ရွာသားတွေ ဆန္ဒပြတဲ့ကိစ္စ။ ကချင်က တိုက်ပွဲကိစ္စ။ ဒုက္ခသည်တွေကိစ္စ။ လွတ်တော်မှာ Foreign Investment law ကိစ္စတွေအတွက် သတင်း ထောက်တွေ အချိန်ယူ လူသုံးပြီး Dig and Depth ဖြစ်အောင် Investigative Reporting တွေ လုပ်လို.ရတဲ့ Human Interest Stories တွေ ရှိနေပါလျက် ထပ်ခါတလဲလဲ ဒီအကြောင်း ပဲ ပြောနေတဲ့သူတွေနောက် တကောက်ကောက်လိုက်နေခြင်းဟာလည်း လွဲတော့ လွဲနေသလိုပါ။
အဲဒီလိုဖြစ်နေရင်တော့ သတင်းသမားတွေကို တန်ဘိုးထားမှာ မဟုတ်ပဲ လွယ်ပါတယ် ပူတူး တူးဆိုပြီး အသုံးချသွားမှာ စိုးရိမ်ရပါသည်။ သတင်းသမားတွေ လာစေချင်ရင် သံချောင်း ခေါက် လိုက်ယုံပဲလို. ဖြစ်သွားနိုင်ပါသည်။ သူများတိုင်းပြည်တွေမှာ သတင်းထောက်တွေ လာဖို. မနည်း အားထုတ်ရပြီး သတင်းထောက်တဦးမှ မလာတဲ့ သတင်းစာရှင်းလင်းပွဲ တွေ တောင်ရှိပါသည်။
တရုန်းရုန်းနဲ. နောက်ကနေ တကောက်ကောက်လိုက်နေပေမယ့် လုပ်ရမည့် အိမ်စာကျတော့ မပြင် ဆင်ထားပဲ ရှေ.ရောက်တဲ့အခါ Open Questions တွေ တင်ပြီး မိုက်ကရိုဖုန်းကို ပါးစပ် နား ထိုးအပ်တာဟာ သတင်းသမား စစ်စစ်တွေရဲ့ လုပ်ထုံးမဟုတ်ပါ။ ဘယ်လို ယူဆပါသလဲ ဘယ်လို ထင်ပါသလဲ။ ဘယ်လို မြင်ပါသလဲ ဆိုတဲ့--- ပြောချင်တာ ပြောခွင့်ရအောင် ဖွင့်ပေး ပြီး သတင်းမေး သတင်းယူတာ တကယ့် စစ်မှန်တဲ့ သတင်းသမား Professional Reporter တွေက မလုပ်ကျပါ။
လိုချင်တဲ့အချက်အလက်တွေကို ရအောင် သေသေခြာခြာနဲ. မေးခွန်းတွေကို လိုတိုရှင်းနှင့် Craft လုပ်ဖို. လိုပါသည်။ ပြောတဲ့အခါ သေခြာနားထောင်-Listening လုပ်ပြီး အဖြေထဲမှာ ဒွိဟဖြစ်တာ ခြားနားချက်တွေရှိတာတွေပါလာရင် Back-Up Question နဲ. Follow up လုပ်ပြီး လွတ်မထွက်အောင် အမိအရ ဖမ်းဆုပ်ထားဖို.ဆိုတာ တကယ့် တွေ.ဆုံမေးမြန်းခန်းရဲ့ အနုပညာ Art of Interview လို. ခေါ်ရမှာပါ။
ရန်ကုန်မှာ အခုတလော နာမည်ထွက်နေတဲ့ သတင်းထောက် အမျိုးသမီးတဦး ကိုနိုင်အောင် အိမ်မှာ အင်တာဗျူးတဲ့အကြောင်း ဖတ်လိုက်ရပါတယ်။ အင်တာမဗျူးခင်ကတည်က မေးခွန်း တွေ ကြိုပြီး အသိပေးတတ်တဲ့ ကျမရဲ့ အကျင့်လို. စစခြင်း ဖတ်လိုက်ရတော့-- ဟာ ဘယ်လို ဟာကြီးလဲလို. တခါတည်း တွေးမိပါတယ်။
တကယ်တော့ နိုင်ငံရေးသမားတွေက မေးခွန်းတွေကို ကြိုသိချင်ကျပေမယ့် Professional Journalist တွေ ဘယ်တော့မှ အဲဒီလိုမျိုး လုပ်ဖို. တောင်းဆိုလာရင်တောင် လက်ခံလေ့ Deal လုပ်လေ့မရှိပါ။ မေးခွန်းကို ကြိုအသိပေးရင် ၀ါဒဖြန်.သလို ကိုယ့်ဖက်က သူ.ရဲ့စကား အာဘော် Massage တွေကို ကူညီဖြန်.ပေးသလို ဖြစ်တာမို. တကယ့် သတင်းသမားအစစ်တွေက ဒါမျိုး လက်မခံပါ။
မေးခွန်းတွေကို ကြိုသိထားရင် ကြိုပြင်ဆင်ထားတော့ တကယ့် ရင်ထဲ စိတ်ထဲ ယုတ္တရက် ပေါ်လာတဲ့ အဖြေတွေမဟုတ်ပဲ Prep Answers ပြင်ထားတဲ့ စကားလုံး လှလှလေးတွေနဲ. ကိုယ့်က ပန်းကုံးလို သီပေးသလို ဖြစ်သွားစေပါမည်။ ဒါကြောင့် On the Spot မှာပဲ ပေါ်လာ တဲ့အတိုင်း ထင်မထား တွေးမထား ပြင်ဆင်မထားတဲ့ မေးခွန်းတွေ မေးနိုင်ဖို.ဟာ သတင်းသမား ကောင်းတွေရဲ့ အလုပ်ပါ။ ဒါကြောင့် ကျမရဲ့ အကျင့်အတိုင်း မေးချင်တဲ့ မေးခွန်းတွေကို ကြို အသိပေးထားလိုက်တယ် ဆိုတာ ဖတ်လိုက်ရတော့ ဘယ်လိုဟာကြီးလဲ ဆိုတာ စိတ်ထဲမှာ ဖြစ်သွားရတာပါ။ ။ တကယ့် စာနယ်ဇင်း အစစ်အမှန်လောကမှာ ဒါမျိုးမှ မရှိတာ။
နောက်တခုက တွေ.ဆုံ မေးမြန်းခန်း လုပ်တဲ့အခါ မေးခွန်းကို မေးချင်တာတွေကို အာရုံ မစိုက်ပဲ တဖက်က လူ ဘာတွေ ဖြေနေ ဘာတွေ ပြောနေတာလည်းဆိုတာ သေခြာ ဂရုစိုက် နားထောင်ဖို.လိုပါသည်။ ဒါမှ ထောက်စရာ Back-up or Clarify or Follow up နဲ. အဓိပ္ဗါယ် ပြည့်ပြည်စုံစုံရဖို. ကျိုးစားနိုင်မှာပါ။
အဲဒီ သတင်းထောက် မေသင်္ကြန်ဟိန်နှင့် ကိုနိုင်အောင်တို. အမေးအဖြေလုပ်တဲ့ထဲက အပိုင်းလေး တခုကို ဥပမာအနေဖြင့် ပြလိုပါတယ်။
မေး။ ။ အကိုတို့အခုလိုဝင်လာမယ်ဆိုတဲ့အပေါ်မှာကော လေဆိပ်မှာဖမ်းပြီးတော့ပေါ့နော် ဖမ်းဆီးလိုက်မှာမျိုး အဲ့လိုစိတ်ပူတာမျိုးကောရှိခဲ့ပါသလားရှင့်။
ဖြေ။ ။ကျနော့်စိတ်ထဲမှာ အမှန်အတိုင်းပြောရင်တော့ အဲ့ဒါသိပ်မရှိဘူး ။ ဟိုတစ်နေ့နေ့တချိန်ချိန်ပေါ့ဗျာ
ကျွန်တော်တို့အားလုံးက ဒီမှာအပြီးပြန်လာလို့ရလို့ ပြန်လာလို့ရှိရင်လည်း တစ်နေ့နေ့တချိန်ချိန်ဒီလိုမျိုးကြုံရင် ကြုံမယ်
ဆိုတာလည်း ရင်ဆိုင်ထားပြီးသားပါ။ အခုတစ်ခေါက်လာတဲ့အချိန်မှာပြောမယ်ဆိုရင်တော့ ကျနော်မှာ အဲ့လိုစိတ်ထဲမှာလည်းမထင်ထား သလို ထင်စရာအကြောင်းလည်းမရှိဘူးလို့ပြောရမှာပေါ့နော်။ ဒါကတော့ အတင်းသက်သက်မဲ့ ယုံကြည်မှုပေးတာတော့မဟုတ်ပါဘူး။ ဟို ကျွန်တော်တို့လူကြီးလူကောင်းဆန်ဆန်အလုပ်လုပ်ကြတာပဲဆိုတော့ ကျနော် အဲ့သဘောကိုပဲဖြစ်ပါတယ်။
ဒါပေမဲ့စိတ်လှုပ်ရှားတယ်ဆိုတာကတော့ ခုနပြောသလိုပေါ့တစ်သက်လုံးပြန်နင်းခွင့်မရတဲ့ ဒီအမိမြေကိုပြန်နင်းခွင့်ရတဲ့ စိတ်လှုပ်ရှားမှုကတစ်ပိုင်းရှိသလိုတစ်ဖက်မှာလည်း ကျွန်တော်တို့ပြောပြောနေတဲ့ မြောက်ပိုင်းကိစ္စပေါ့ ဒီကိစ္စတွေနဲ့ပတ်သက်လို့လည်းဖြစ်တဲ့အခါကျတော့ အော်ဒါကတော့အခက်အခဲလေးတွေပေါ့ စိန်ခေါ်မှုလေးတွေ လည်းရင်ဆိုင်ရမယ်ဆိုတဲ့အပေါ်မှာတော့ စိတ်လှုပ်ရှားမှုတော့ရှိတာပေါ့။
မေး။ ။ဟုတ်ကဲ့ပါရှင့်ရန်ကုန် လေဆိပ်မှာအကို့ကိုသတင်းထောက်တွေက၀ိုင်းပြီးတော့မေးကြတယ်၊မေးတဲ့ထဲမှာလည်း မြောက်ပိုင်း ကိစ္စတွေလည်းပါတယ်ဆိုတော့လေ။ အဲ့လိုအခြေအနေမျိုးနဲ့ ခုလိုမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်ထားခဲ့သလား၊ အဲဒီအတွကရော၊ ပြင်ဆင်ခဲ့တာမျိုးရော ရှိပါသလားရှင့်။
(ရုတ်တရက် သူမျက်နှာပျက်သွားသလိုပဲလို့ ထင်လိုက်မိတယ်- သူကတော့ မျက်နှာသိပ်ပျက်ပုံမရဘဲ အေးအေးဆေးဆေးပဲ ဆက်ဖြေခဲ့တယ်)
ဖြေ။ ။ကျနော်နဂိုကတည်းက ပြောထားတော့ လေဆိပ်မှာသတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ပြောထားတော့
တစ်စုံတစ်ရာတော့ မေးလာကြမှာပဲလို့ တွေးထားပါတယ်။ မြောက်ပိုင်းကိစ္စလည်း ပါမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရည်ရွှန်းပတ်ရွှန်းနဲ့ပြောရရင်တော့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ကင်မရာနဲ့တော့အရိုက်မခံဘူးဘူးပေါ့လေ။
ဆိုတော့အဲ့တာ လေးတွေ့တဲ့အခါကတော့ နည်းနည်းတော့…အော်..ဒီမှာမီဒီယာလွတ်လပ်ခွင့်များတော်တော်လေး ရနေပြီးလားပေါ့လေ ။
မေး ။ ။ဟုတ်ကဲ့ အကို ဒါကို မီဒီယာလွတ်လပ်ခွင့်ရနေပြီလို့မြင်တာလားရှင့်။
ဒီအမေး အဖြေ အပိုင်းလေးကို ကြည့်လိုက်တာနဲ. တခုခု လွဲချော်နေတာကို သတိထား မိပါသည်။ ဂရုစိုက် နားမထောင်လို. ဖြစ်သွားတာလား--- သို.မဟုတ် သတင်းသမားကိုယ်တိုင် က အကြောင်းတခုခုအတွက် ကာကွယ်ပေးစေချင်လို.လား ဆိုတာကတော့ ကာယကံရှင်ပဲ အသိဆုံး ဖြစ်မှာပါ။
ကိုနိုင်အောင် မြန်မာပြည် လေဆိပ်ရောက်တဲ့အခါ စိတ်ပူတာတွေ ရှိသလားလို. မေးလိုက်တဲ့ အခါ ကိုနိုင်အောင်က လူကြီးလူကောင်းတွေ လုပ်တဲ့အလုပ်ဖြစ်လို. အစိုးရကတော့ ဖမ်းဆီးမယ်လို မထင်ဖူး မစိုးရိမ်ဖူး-- ဒါပေမယ့် မြောက်ပိုင်း ABSDF ကိစ္စတွေ ပြောကျ ဆိုကျ တာတွေ ရှိနေတော့ ဒီအခက်အခဲတွေ စိန်ခေါ်မှုတွေက ရင်ဆိုင်ရမယ့်အရာတွေ ဖြစ်နေတော့ စိတ်လှုပ်ရှားမှုတော့ ဖြစ်တာပေါ့လို.---
ပရိသတ်အများစု မြန်မာပြည်သူတွေ အများစု သိချင် ကြားချင်နေတဲ့ မြောက်ပိုင်း ကျောင်းသားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့အမှုကို ကာယကံရှင် တာဝန်ရှိသူ ကိုယ်တိုင်က အခက်အခဲတွေ စိန်ခေါ်ချက်တွေ ရင်ဆိုင်ရမယ့်အရာ တွေဖြစ်နေလို. စိတ်လှုပ်ရှားပါတယ် လို. စပြီး ဖွင့်ပြောလာတဲ့အပေါ် ဘာကြောင့် သတင်းထောက် မေသင်္ကြန်ဟိန်က--Follow up မေးခွန်းဖြင့် ဘာကြောင့် စိတ်လှုပ်ရှားရသလဲ ဘာကြောင့် စိန်ခေါ်မှုတွေအဖြစ် အခက်အခဲတွေဖြစ်တယ်လို. ပြောရတာပါလဲရှင်း လို- ကာယကံရှင် ကိုနိုင်အောင်ကို ရှင်းပြဖို. Verify လုပ်ဖို. မေးခွန်းမထုတ်ခဲ့တာလည်း ဆက်ပြီး မမေးခဲ့တာလည်း---- ဆိုတာ--- မေးစရာ ဖြစ်စေပါသည်။
နစ်နာသူတွေ မြောက်ပိုင်းက တောတွင်းပြန် ခံရသူတွေက ဒီကိစ္စမှာ ကိုနိုင်အောင်မှာ တာဝန်ရှိပါတယ်လို. သတင်းစားရှင်းလင်းပွဲ လုပ်ပြီး တရားဝင် ထုတ်ဖော်ထားတာ ဖြစ်လို. သူတို.ပြောတာ ဟုတ်ပါသလား--- ဒီ ကျောင်းသား လူသတ်မှုကြီးမှာ ဘယ်သူတွေမှာ တကယ် တာဝန်ရှိခဲ့ပါသလဲ အဲဒီအချိန်က ABSDF အဖွဲ.၏ တာဝန်အရှိဆုံး ခေါင်းဆောင်တဦးအနေဖြင့် ဖြေကြားပေးပါလို.-----
ဒီလောက်အထိ ဒီအကြောင်းအရာ ဒီအခြေအနေမျိုး ရောက်နေ ပါလျက် သတင်းထောက် အမျိုးသမီးက ဘာကြောင့် ထောက်ပြီး မမေးခဲ့ပဲ လမ်းကြောင်းလွဲ သွားခဲ့တာလည်း။
ဒီကိစ္စဟာ စာဖတ် ပရိတ်သတ်တွေမပြောနဲ. သူ.မရဲ့ သတင်းဌာနက သတင်းထောက် လူငယ် တွေကိုယ်တိုင် စိတ်ဝင်စားတဲ့ကိစ္စပါလို. အစ ကနဦးမှာ စကားခံထားပါလျက် ဘာကြောင့် ကာယကံရှင် ကိုနိုင်အောင်ကိုယ်တိုင်က တိုက်ရိုက်မမေးတဲ့ အရာကို အစ ဖော်ပြီး ပြောလာ တဲ့အပေါ် သတင်းသမားတဦးက ဒီလောက် အရေးကြီးပြီး စိတ်ဝင်စားတဲ့ လူတွေ သိသင့် သိထိုက်တဲ့ အချက်ကို ကာယကံရှင် တာဝန်ရှိသူတဦး ကိုယ့်ရှေ.မှာ လာပြီး စကားခံနေပါ လျက် တည့်တည့် မေးမထွက်ခဲ့တာ ဘာကြောင့်လည်း---။ စနစ်တကျ လေ့.ကျင့် ထားသူ မဟုတ်လို. မသိလိုက်တာလား သို.မဟုတ်ပဲ သိသိကြီးနဲ. ဟ ပေးလိုက်တာလား စဉ်းစားစရာ တွေ ဖြစ်စေပါသည်။
မေးသင့်တဲ့ မေးခွန်းကို နောက်ဆက်တွဲအဖြစ် ဆက်မမေးပဲ ကိုနိုင်အောင်ကို ရှောင်ထွက်လို. ရအောင် လမ်းလွဲစေတဲ့သဘောနဲ.---
အဲ့လိုအခြေအနေမျိုးနဲ့ ခုလိုမျိုး တွေ့လိမ့်မယ်လို့ မျှော်လင့်ထားခဲ့သလား၊ အဲဒီအတွကရော၊ ပြင်ဆင်ခဲ့တာမျိုးရော ရှိပါသလားရှင့်။
ဆိုတဲ့ Open Ended Quesiton နဲ. ဖွင့်ပေးလိုက်ပြီး ပြောချင်တာ ပြော ဖြေချင်တာ ဖြေလို.ရအောင် တမင် သက်သက် လုပ်ပေးလိုက်သလို ဖြစ်စေပါသည်။ ။ ဒီလို အချက်တွေက သတင်းသမားတွေအပေါ် ပရိတ်သတ်တွေ နားလည်မှု လွဲတဲ့အပြင် အယုံအကြည်ပါ ပျက်စေပါ။ ။
ဒီတော့လည်း ကိုနိုင်အောင်က မြောက်ပိုင်းကိစ္စကို ဖေါ့ဖေါ့လေး ပြောပြီး ဟာသပါနှောကာ အကြောင်းအရာတခုကို အခုလို ပြောင်းလိုက်ပါသည်။
မြောက်ပိုင်းကိစ္စလည်း ပါမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ဒါပေမဲ့ ရည်ရွှန်းပတ်ရွှန်း နဲ့ပြောရရင် တော့တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ကင်မရာနဲ့တော့အရိုက်မခံဘူးဘူးပေါ့လေ။ ဆိုတော့အဲ့တာ လေးတွေ့တဲ့အခါကတော့ နည်းနည်း တော့…အော် ..ဒီမှာမီဒီယာ လွတ်လပ်ခွင့်များတော်တော်လေး ရနေပြီးလားပေါ့လေ ။
မေး ။ ။ဟုတ်ကဲ့ အကို ဒါကို မီဒီယာလွတ်လပ်ခွင့်ရနေပြီလို့မြင်တာလားရှင့်။
ကဲ အရေးကြီးတဲ့ လူတွေအများ စိတ်ဝင်စားတဲ့ မြောက်ပိုင်း အုပ်စုဖွဲ. သတ်ဖြတ်တဲ့ လူသတ်မှုကြီးကနေ
စာနယ်ဇင်း သတင်းအလုပ်နဲ.ဘာမှ မဆိုင်တဲ့ ကိုနိုင်အောင်ကို သတင်းထောက် မေသင်္ကြန်ဟိန်က မီဒီယာလွတ်လပ်ခွင့်တွေ ရနေပြီလို. မြင်ပါသလား--- ဆိုတဲ့ နောက် ဆက်တွဲ မေးခွန်းတွေနဲ.--- လမ်းလွဲပြီး တခြား အကြောင်းအရာစီ ဆွဲခေါ် ထုတ်သွားသလို ဖြစ်မနေတော့ဘူးလား။ ။ ဒီတော့ ကိုယ့် လူမို. ဖွဖွလေးနဲ. ဟပေးပြိး ဟို ပြိုင်ဖက်ဖြစ်တဲ့ မိုးသီးကျတော့ အပိုင်း(၅) ခွဲပြီး---မီးကင်သလို Grilled လုပ်ခဲ့တာမျိုးတွေ ရေးသားခဲ့တော့ အဲဒီလိုမျိုးဟာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်ကို တကယ် လေးစားလိုက်နာတဲ့ တန်ဘိုးထားတဲ့ စောင့်စည်းတဲ့ သတင်းသမား Professional Journalist တွေက လုပ်လေ့ မရှိပါ။
လုပ်ရင် Balance လဲ မဖြစ်။ Fair လဲ မဖြစ်တဲ့အပြင် Objectivity, Impartiality မဖြစ်တာကြောင့် ဒါမျိုးကို bias ဘက်လိုက်တယ် မျက်နှာလိုက်တယ်ဆိုတဲ့အချက်တွေနဲ. စာဖတ် ပရိတ်သတ်တွေက ထောက်ပြလာမှာ သေခြာပါသည်။
ဒါကြောင့် သတင်းသမားဆိုရင် အမြဲတမ်း ကိုယ်တိုင်ကလဲ စာနယ်ဇင်း ကျင့်ဝတ် Journalistic Ethic ရှိဖို. လိုတဲ့အပြင် လုပ်တဲ့အခါမှာလည်း Professional ဖြစ်ရမည့်အပြင် သတင်းသမားတွေ လိုက်နာ စောင့်ထိမ်းရမည့် စည်းကမ်း ကျင့်ဝတ် Code of Conducts တွေကို ထိမ်းသိမ်းမှာသာ လူရိုသေ ရှင်ရိုသေတဲ့ ရေရှည်ခံတဲ့ တာဝန်ယူ တာဝန်သိ သိက္ခာရှိတဲ့ Responsible and Reputable Reporter/Journalist အဖြစ် ရင်မော့ကာ ကိုယ့် အလုပ်ကိုယ် ရဲရဲ လုပ်ရဲ ရပ်တည်ရဲပြီး ပြောရဲ ဆိုရဲ ရေးသားရဲတယ့် တကယ့် သတင်းသမား ဖြစ်ပေလိမ့်မည်။
သတင်းသမားဟူသည် ဒီအချက်တွေနဲ. ကိုက်ညီဖို. အထူး လိုပေသည်။
UDP myanmar

သတင်းအကျဉ်းချုပ် ...
သမ္မတ၏ ဖိတ်ကြားချက်ဟု အကြောင်းပြပြီး ပြည်တွင်းသို့ သွားရောက် ခဲ့သော ပြည်ပ အတိုက်အခံ အုပ်စုကို သမ္မတက တွေ့ဆုံရန် ငြင်းပယ် ခဲ့သည်ဟု ပြည်တော်ပြန် အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ ကျနော်တို့ဗျာ သမ္မတနဲ့ တွေ့ဖို့ ဆိုပြီးတော့ မနေ့က နေပြည်တော်မှာ သွားစောင့်ပါတယ်။ ဦးအောင်မင်း၊ ဦးစိုသိန်း၊ အလုပ် သမား ၀န်ကြီး ဦးမောင်မြင့်တို့နဲ့တော့ တွေ့ပါရဲ့ ။ ဒါပေမဲ့ သမ္မတက သူမအားတော့ပါဘူး ဆိုပြီး မတွေ့လိုက်ရဘဲ ရန်ကုန်ကို ပြန်ခဲ့ရတယ်လေ” ဟု ဆိုပါသည်။
သမ္မတနှင့် တွေ့လိုသော ပြည်တော်ပြန် အဖွဲ့တွင် ၊ လူ့ဘောင်သစ် ပါတီဥက္ကဌ ကိုမိုးဇော်၊ ကျောင်းသား တပ်မတော် (ABSDF) ဥက္ကဌဟောင်း ကိုမိုးသီးဇွန် ကိုနိုင်အောင်နှင့် ကိုထွန်းအောင်ကျော်၊ အန်အယ်ဒီ(LA)မှ ကိုညိုအုန်းမြင့်၊ မြန်မာနိုင်ငံ အလုပ် သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင် နှင့် တခြား အဖွဲ့ဝင်များက သွားရောက် ခဲ့ခြင်းဖြစ်ပါ သည်။
သမ္မတ၏ ဖိတ်ကြားချက်ဟု ဆိုသော်လည်း သမ္မတနှင့် တွေ့ခွင့် မရဘဲ သမ္မတရုံး၏ ၀န်ကြီး များနှင့်သာ တွေ့ခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။ ပြည်တော်ပြန်ထဲမှ ကိုနိုင်အောင်အပါဝင် အဖွဲ့ဝင် (၇) ဦးကိုလည်း ကချင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ကျောင်း သား တပ်မတော် လူသတ်မှုကိစ္စ၌ သေဆုံး သွားခဲ့သော ရဲဘော်များ၏ မိသားစုများက တရားစွဲရန် ဖြစ်လာခဲ့ပေသည်။
ထို့အပြင်၊ တော်လှန်ရေး ကာလ၌ ဆောင်ရွက်ခဲ့သော လိမ်လည်မှုများ၊ နစ်နာမှုများ၊ ကိုယ်ကျိုးရှာမှုကြောင့် ထိခိုက်ခဲ့မှုများကို တရားစွဲရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု တရားစွဲရန် စောင့်စားနေသူတဦးက ပြောပါသည်။
“ ဒီလိုပါဗျ၊ ၈၈ ကြောင့် တောခိုသွားတဲ့ ခေါင်းဆောင်တွေကို သိပ်လေးစားခဲ့တယ်။ ယုံတယ်။ ပုံလည်း ပုံအပ်ခဲ့ဘူး ပါတယ်။ အဲဒီ
ယုံကြည်ချက်ကို ခုတုံး လုပ်ပြီးတော့ လိမ်ကြတယ်ဗျ၊ နာမည် မပြောချင်သေးဘူး။ တရားစွဲဖို့ အခွင့်အလန်းကိုဘဲ စောင့် နေမယ်။ ဘ၀ ပျက်သွားတဲ့သူတွေလဲ အများကြီးဘဲ လုပ်ဖေါ်ကိုင်ဖက်တွေ၊ ဒီတော့ ဘုရား မဟုတ်မှန်းတော့ ပြည်သူကိုဖွင့် ချဖို့ အချိန်တန် ပြီးလို့ ယူဆတယ်။ ကိုးကွယ်မှု မမှားအောင်လို့ပါ။ ဘုရားမဟုတ်ဘူး တောင်ပို့ပါဗျာ။ တခုတော့ပြောထား မယ် စစ်မှန်တဲ့ တော်လှန်ရေး သမား အားလုံးကို ပြောတာ မဟုတ်ဘူးနော်”ဟု ရန်ကုန်ကို ရောက်ရှိနေတဲ့ ၈၈ အရေးအခင်းမှ တောခို ကျောင်းသားဟောင်း တဦးက ဆိုပါသည်။
ပြည်တော်ပြန်များနှင့် သမ္မတရုံး ၀န်ကြီးများ တွေ့ဆုံစဉ်
အစိုးရသည် ပြည်တော်ပြန် များကို ပုဂ္ဂိုလ်အရ တဦးချင်း ဖိတ်ကြား ခဲ့ခြင်းသာ ဖြစ်ပါသည်။ ၄င်းတို့ကိုလည်း နာမည်ပျက်စာ ရင်းမှ ပယ်ဖျက် ပေးခဲ့ပါသည်။ သို့သော် ၄င်းတို့ ပါဝင် ပတ်သက်နေသော အဖွဲ့အစည်းကို ဥပဒေအရ မတရား အသင်းကနေ လွတ်ငြိမ်းချမ်း သာခွင့် ပေးနေခြင်း မဟုတ်ပေ။ ဥပမာ မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ကိုမောင်မောင်ကို ပုဂ္ဂိုလ်အရ ဖိတ်ကြား ခဲ့သော်လည်း ၄င်း၏ အဖွဲ့ကိုမူ တရားမ၀င် အသင်းမှ ပယ်ဖျက်ပေးခဲ့ခြင်း မဟုတ်ပေ။
ဤသို့ကြောင့် ပြည်တော်ပြန်များနှင့် ပါဝင် ပါတ်သက်နေသော အဖွဲ့အစည်း ၀င်များက ဤအခြေအနေကို သတိထားကြရန် ဖြစ်သည်ဟု ၈၈ တောခိုကျောင်း သားဟောင်းများက သတိပေးနေပါသည်။
၁၉၆၃ ခုနှစ်တွင် အိမ်စောင့် အစိုးရ ဦးနေ၀င်းသည်၊ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးရေး လမ်းစဉ်ကို တော တွင်း အတိုက်အခံအဖွဲ့ မှန် သမျှကို ဖိတ်ကြားခဲ့ပါသည်။ တောမှ မြို့ပေါ် တက်လာသော ခေါင်းဆောင် များသည် မြို့ပေါ်ရှိ ၄င်းတို့၏ မြေအောက် အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံကြပါသည်။ အချိန် ကာလ တခုကို ပေးထားပြီးနောက် ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၊ သဘော တူညီချက် မရပါဟု အကြောင်းပြကာ တွေ့ဆုံ ဆွေးနွေးရေးကို ဖျက်ပြီး လိုက်လံ တိုက်ခိုက် ခဲ့ပါသည်။
ဤအထဲတွင် တွေ့ဆုံ ဆွေးနွေးရေး ကာလ၌ မျက်နှာပြခဲ့ကြသော မြေအောက် အုပ်စုဝင် အားလုံးနီးပါးသည် ထောင်နန်းစံရ ခြင်း၊ သတ်ပစ်ခံရခြင်း၊ ဘ၀ပေါင်းများစွာ နှိပ်စက်ခံရပြီး ဘ၀ ပျက်ခဲ့ကြရသည်ဟု လက်တွေ့ဖြစ်ခဲ့ သူများက ဆိုပါသည်။ ဤအဖြစ် အပျက်ကို ယခုအချိန်ထိ သမိုင်းမှီသူများ ဒုနဲ့ဒေး ရှိနေဆဲဖြစ်ပါသည်။
ယခု၌လည်း ပြည်တော်ပြန်များသည်၊ မိမိတို့ ဆိုင်ရာဆိုင်ရာ အုပ်စုများနှင့် တွေ့ဆုံ ဆွေးနွေးနေကြပါသည်။ ဘယ်သူက ဘယ်သူ့ကို ဘာကိစ္စ ဆွေးနွေးခဲ့သည်မှာ မိမိတို့အပြင် အပြင်လူလည်း သိရှိနိုင်ပါ လိမ့်မည်။ ဤကိစ္စအတွက် ပြည်တွင်း လှုပ်ရှား နေသူများ သတိထားကြရန် လိုအပ်ကြောင်း ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေး ခဲ့စဉ်က ပါဝင်ခဲ့သူများမှ သတိပေးနေပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2101-2012-09-09-11-37-29.html

သတင်းအကျဉ်းချုပ် ...
ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ (MJU) မှ ဖြစ်မြောက်ရေး အဖွဲ့ဝင် ဒေါ်အေးအေးဝင်း၊ ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးဇော်သက်ထွေးတို့တွေ့ဆုံ (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)
ဆယ်စုနှစ်များစွာအစိုးရ၏ဝါဒဖြန့်ချီရေးအနေနှင့်သာရပ်တည်ခဲ့သောနိင်ငံပိုင်သတင်းစာများကို ပြန်ကြားရေးဝန်ကြီးအသစ် ဦးအောင်ကြည်က ၂ လအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမည်ဟု ၎င်း၏စကားကို ကိုးကားကာ စာပေစီစစ်နှင့် မှတ်ပုံတင်ဦးစီးဌာန ဒုညွှန်ချုပ် ဦးတင့်ဆွေက ပြောကြားသည်။
"လွယ်တော့မလွယ်ဘူးပေါ့၊ ပုဂ္ဂလိက မီဒီယာလုပ်ငန်းတွေက ရှေ့မှာရောက်နေတယ်"ဟု ၎င်းက လူသားအရင်းအမြစ်များစွာ လိုအပ်သည့် အခြေအနေနှင့်ပတ်သက်ပြီး ပြောဆိုသည်။
ပြန်ကြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတို့၏ မျက်နှာဖုံးတွင် ဖော်ပြထားသော သတင်းများကို ရည်ညွန်းကာ သတင်းစာများကို ပြုပြင်ပြောင်းလဲမှု၏ ရလဒ်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
"ယခင်က ဒီသတင်းများကို အတွင်းမှာပဲ ဖော်ပြခဲ့ပါတယ်။ အခုတော့ အယ်ဒီတာများက လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပါတယ်"ဟု ၎င်းက ဆိုသည်။
အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေလျက်ရှိသော နိင်ငံပိုင် The News Light of Myanmar သတင်းစာကို မကြာမီ
ရက် ပိုင်း အတွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိ ဂျာနယ်များကဲ့သို့ ကာလာစာမျက်နှာများနှင့် ဖြန့်ချီမည်ဖြစ်ကြောင်း ယင်း တိုက် တာဝန်ခံ အယ်ဒီတာတစ်ဦးက ရှင်းပြသည်။
" သတင်းစာမှာထည့်မဲ့သတင်းတွေကို ဂျာနယ်မှာပါတဲ့ အတိုင်းရေးခိုင်းနေတာ၊ ဦးတို့က အရိုးစွဲနေပြီ "ဟု ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ၏ ခရီးစဉ်များကို အမြဲလိုက်ပါ သတင်းယူရသူ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ထမ်း သတင်းစာဆရာတစ်ဦးက ညီးတွားပြောဆိုသည်။
မီဒီယာလောကကို ၁၈ လအတွင်း ပြုပြင်ပြောင်းလဲသွားမည်ဖြစ်ပြီး ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများကိုလည်း ထုတ်ဝေခွင့် ရရှိအောင် ဆောင်ရွက် ပေးသွားမည်ဟု ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သော ရက်ပိုင်းအတွင်း ဦးအောင်ကြည်က မြန်မာတိုင်းဂျာနယ်နှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ကတိပြု ပြောကြားခဲ့သည်။
သတင်းစာပညာအခြေခံများကို ယခင်နှစ်ပိုင်းလောက်ကပင် ပြန်ကြားရေးဝန်ထမ်းများကို သင်ကြားပေးခဲ့ရဘူးသည်ဟု သတင်းစာဆရာ တစ်ဦးဖြစ်သူ ဥိးရဲနိုင်မိုးက ရှင်းပြသည်။
sweet (Yangon chronicl)

သတင်းအကျဉ်းချုပ် ...
ဒီပုံကိုမတင်ချင်လည်းတင်လိုက်ပါတယ်။မတင်ပြန်ရင်လည်း မကောင်းဘူး၊ တင်ရင်လည်းမကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တင်သင့်တယ်ထင်လို့ တင်ပေးလိုက်ပါပြီ။ ဒီကနေ့ ၉-၉-၂၀၁၂ မှာ ကျရောက်တဲ့ ၃၇နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားမှာ ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုပန်းခွေချရာတွင် ၄င်းအသင်းမှ တာဝန်ရှိသူအကြီးအကဲတစ်ယောက်က ဦးဥတ္တမရင်ပြင်ပေါ်တွင် ဖိနပ်မချွတ်ပဲ တက်ရောက်ခဲ့သည်။ ပုံတွင်ကြည့်ပါ။
ဦးဥတ္တမရင်ပြင်ပေါ်ကို ဖိနပ်မစီးပဲ တက်သင့်တယ်ဆိုတာ ကလေးက အစသိပါတယ်။ ဘုရားရဲ့သားတော်တွေလို့ပြောတဲ့ သဃာံတော်အရှင်သူမြတ်တွေတောင်မှဆရာတော်ဦးဥတ္တမရဲ့ ဂုဏ်သိက္ခာကိုလေးစားလို့ ဖိနပ်ချွတ်ပြီးမှ တက်ရောက်ကန်တော့ပူဇော်ကြပါတယ်။
ဖိနပ်မချွတ်ပဲတက်ရောက်တဲ့သူဟာ ပညာတတ်အသိုင်းအ၀ိုင်းထဲကတစ်ယောက်ဖြစ်ပြီး ဒီစစ်တွေမြို့မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်
D nwe oo

သတင်းအကျဉ်းချုပ် ...
(၁)
လွင့်ကြွေတာဟာ
ပွင့်ဝေဖို့ပဲမဟုတ်လား---
လွင့်ကြွေခြင်းဆိုတာ
စွန့်လွှတ်အနစ်နာခံခြင်းရဲ့ဒုတိယအမည်ဖြစ်ရဲ့။
သမိုင်းတစ်ခုပွင့်ဖို့
သမိုင်းများစွာကျွေးခဲ့ကြ
သမိုင်းအဆက်ဆက်အတွက်
သူရဲကောင်းအဆက်ဆက်တွေအသက်စွန့်ခဲ့ရဲ့။
ဒါဟာ
သွေးနဲ့ရေးတဲ့သမိုင်း
ဒါဟာ
အသက်တွေပုံသြလိုက်ရတဲ့သမိုင်း
ဒါဟာ
သာသနာ့အလံတော် တလူလူလွှင့်ခဲ့တဲ့သမိုင်း
ဒါဟာ
သွေးစွန်းထင်းခဲ့တဲ့သင်္ကန်းများရဲ့သမိုင်း
ဒါဟာ
ဂလိုဘယ်ရွာကြီးသားတွေ
အံ့သြတုန်လှုပ်ခဲ့ရတဲ့ ရွှေဝါရောင်သမိုင်းပေါ့။
(၂)
ယုံကြည်ချက်တွေကို
ပူပြင်းလွန်းလှတဲ့တော်သလင်းနေကမတားဆီးနိုင်ခဲ့ဘူး
မွန်မြတ်လှတဲ့ဆန္ဒတွေကို
မိုးရေမိုးပေါက်တွေက မတားဆီးနိုင်ခဲ့ဘူး
မေတ္တာတရားတွေကို
ထောင်နံရံတွေက မတားဆီးနိုင်ခဲ့ဘူး။
သာသာနာ့အလံတွေဟာ
ကောင်းကင်မှာတလူလူလွှင့်တင်လို့
မေတ္တာသံတွေဟာ
လမ်းပေါ်မှာ အပြည့်အလျှံလွင့်လို့။
သတ်ဖို့ဖြတ်ဖို့ဆို
ဘယ်လိုလက်နက်မျိုးကိုမှမကိုင်ဆောင်
ခဲချွန်ဓားကိုမျှမဆောင်
သွားကြားထိုးတံမဒုတ်ကိုမျှမကိုင်ဆောင်ခဲ့ပါဘူး။
တိုက်ပွဲမှမဟုတ်ပဲ
တော်လှန်ရေးမှမဟုတ်ပဲ
မေတ္တာတရားတွေကိုသာ

သတင်းအကျဉ်းချုပ် ...
အခုတလော ကျနော့်ကို ညီငယ်များ၊ မိတ်ဆွေများက တမေးတည်း မေးလာကြသည်။ ပြည်တော်ပြန်ဝင်လာတဲ့ ဘယ်သူ့ကို ဘယ်လိုထင်သလဲ။ တပ်မတော် အရာရှိဟောင်း အနေနဲ့ရော လက်ရှိ လူမှုနိုင်ငံရေး လှုပ်ရှားမှုတွေ မှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ လူတယောက် အနေနဲ့ရော ဘယ်လို ထင်မြင် ယူဆပါသလဲ။ ဘယ်သူတွေ နဲ့ ဘယ်လို လက်တွဲဆောင်ရွက်သွားပါမလဲ ဘာတွေ ဆက်လုပ်ဖို့ ရည်စူးထားပါသလဲ ဆိုတာကို အတော်လေး မေးလာကြပါတယ်။
ကျနော့် ပင်ကိုယ် ရည်မှန်းချက် ကိုက ညီညွတ်ရေး ၊ တိုးတက်ရေး နဲ့ ငြိမ်းချမ်းရေး အတွက် ဦးတည်ပြီး ရှုဒေါင့်ပေါင်းစုံကနေ တိုင်းပြည်ကောင်းဖို့ နောက်လာနောင်သားတွေ ကောင်းစားဖို့ အတွက် ရတဲ့နည်းမှန်သမျှနဲ့ ညီညွတ်ရေးကို အခြေတည်ပြီး တပ်မတော်နဲ့ ပြည်သူ ဟန်ချက်တူစွာနဲ့ ပေါင်းကူးချိတ်ဆက် နိုင်ငံသစ် အတွက် တည်ဆောက် ကြိုးစားသွားချင်တာ ကျနော့် ဆန္ဒပါ ။
ဒီအတွက် အချို့သော မေးခွန်းမေးလာသူ များကို အခုလို ဖြေခဲ့ဖူးပါတယ်။
....................ပြည်တော်ပြန်ဝင် လာတဲ့ သူများရော။ လက်ရှိ နိုင်ငံရေး ရပ်ဝန်းထဲမှာ ထင်ပေါ်သူ မထင်ပေါ်သူ ၊ ထောင်ကျဖူးသူ၊ ထောင်မကျဖူးသူ အားလုံးသော နိုင်ငံရေး အပြေးပြိုင် ၀င်္ကဘာထဲမှာ ဦးတည်ချက် အမျိုးမျိုးနဲ့
သွားနေသူတိုင်းကို ဘယ်လိုမြင်သလဲ ဆိုတဲ့ မေးခွန်းအတွက်။
.........တရားဥပဒေ စိုးမိုးမှု ဖြစ်လာတဲ့ တနေ့ သူ့လမ်းသူသွားမယ် သူတွေဖြစ်တယ်။
သူစိုက်ခဲ့တဲ့ မျိုးစေ့ကို သူရိတ်သိမ်းရမယ့် နိုင်ငံရေး သမား တွေ ဖြစ်တယ်။
ကိုယ့် ယုံကြည်ချက်နဲ့ ကိုယ် တိုင်းပြည်အတွက် အလုပ်လုပ်နေကြသူတွေ လို့ပဲမြင်ပါတယ်။
အလင်းအမှောင်၊ နေ့ည၊ အကောင်းအဆိုး ဆိုတာ အမြဲဒွန်တွဲလေ့ရှိတတ်တဲ့ အတိုင်း အဖွဲ့အစည်းတိုင်း မှာ ကောင်းသူ မကောင်းသူ ဆိုတာတွေ ရှိနေစမြဲပါ။ ဒါကြောင့် ...........................
နိုင်ငံရေး အသွင်ကူးပြောင်းစ အခု လတ်တလော ကာလ အတွင်း မှာတော့ ဘယ်သူဟာ ဘာဖြစ်လာနိုင်မယ်။
ဘယ်သူဟာ ဘာအတွက် ဘယ်လိုနည်းနဲ့ ဘယ်သူ့ကို ချည်းကပ် နေတယ် သိပ် မသဲကွဲသေးပါဘူး ဥပမာ နှိုင်းပြရရင် အမြီးလေးတွေ ကိုယ်စီနဲ့ ငါးဖလောင်းလေးတွေ ရေထဲမှာလူးလားခေါက်တုန့် သွားနေသလိုပါပဲ။
ငါးလား ဖါးလား ကွဲမှာ မဟုတ်ပါဘူး။
အားလုံးသော လှုပ်ရှားနေကြသူ အပေါင်းဟာ ရေထဲမှာဖလောင်းလေးတွေ အမြီးလေး တရမ်း ရမ်းသလို အလုပ်တွေ တကုပ်ကုပ်တော့ ရှုပ်နေကြတာပဲမဟုတ်လား။
ဒါပေမယ့် ................
အချိန်တန်ရင်တော့
ငါးလား............
. ဖါးလား .........................
ရေထဲမှာနေကျန် မှာလား
ကုန်းတပိုင်းရေတပိုင်း အသက်ရှင်မယ့်သူလား ................................... ကွဲသွားမှာပါ။
အချိန်က စကားပြောလာပါလိမ့်မယ်။.................................
.. ပြည်သူက မှတ်ကျောက်တင်ပေးသွားပါလိမ့်မယ်။................................
.သမိုင်း စာမျက်နှာတွေက အသက်ဝင်လာပါလိမ့်မယ်။
နေမျိုးဇင်
(မျိုးချစ်တပ်မတော် အရာရှိဟောင်း တဦး)
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

သတင်းအကျဉ်းချုပ် ...
ရန်ကုန်မြို့တိုင်းဒေသကြီးလွှတ်တော်တွင်ယနေ့ကျင်းပနေသောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တရားသူကြီးဟောင်းများ၊ဥပဒေပညာရှင်များတွေ့ဆုံပွဲသို့လက်ရှိတာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာအရာရှိများတက်ရောက် မရှိကြောင်း သိရသည်။ မတက်ရောက်သောဌာနများမှာတရားဥပဒေစိုးမိုးရေးနှင်တည်ငြိမ်အေးချမ်းရေးအတွက်အဓိကဌာနများဖြစ်သည့် ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ တိုင်းလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် တရားစီရင်ရေးဆိုင်ရာဌာန များမှ တက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက်သည့် ယင်းအခမ်းအနားကို အဆိုပါ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်ခြင်းမရှိခြင်းမှာအုပ်ချုပ်ရေးအခန်းကဏ္ဍနှင့်ဥပဒေပြုရေးကဏ္ဍတို့ပူးပေါင်းဆောင်ရွက်နိုင်မှုအားနည်းနေခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ယခင်လို ပြုမူဆောင်ရွက်နေခြင်းမျိုးဖြစ်နိုင်ကြောင်း ယင်းပွဲသို့ တက်ရောက်နေသော တရားဥပဒေ၀န်ထမ်းဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသွားသည်။
ရန်ကုန်မြို့တွင်ယနေ့ကျင်းပခဲ့သောတရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းများ၊ ဥပဒေပညာရှင်များတွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက"ဘာကို ကြောက်နေကြတာလဲတော့ မသိဘူး၊ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိဘူး၊ ရဲရဲဝင့်ဝင့်ပြောကြ၊ လုပ်ကြလေ" ဟုမေးခွန်းထုတ်လိုက်သည်။
၎င်းကပင် ““တရားဥပဒေစိုးမိုးရေးဆိုတာ အပြောနဲ့တော့မရဘူး။ ဟန်ပြနဲ့တော့မရဘူး။ အပြောလေးနဲ့ ဟန်ပြနဲ့မရသလိုပဲ ကျွန်တော်တို့က ရဲရဲဝံ့ဝံ့သတ္တိရှိရှိမလုပ်ဘူး ဆိုရင်တော့ မဖြစ်ဘူး။ ဒီမိုကရေစီနုနယ်တယ်ဆိုတာ ဒီမိုကရေစီက ရှိပြီးသားကြီးပဲ။ နုနယ်တာက ဒီမိုကရေစီစနစ်နဲ့ ကျွန်တော်တို့နုနယ်တာ။ နုနယ်တဲ့ဟာကိုမှ အခြေခံကျတဲ့ဟာကိုမှလက်မခံနိုင်ဘူးဆိုရင် လက်မခံနိုင်တဲ့လူတွေသွားပေတော့။ ဒီမိုကရေစီပြောင်းကာစမို့လို့
ဒီဟာကိုခွင့်လွှတ်ရမယ်ဆိုရင် ခွင့်လွှတ်တဲ့ဟာက မှန်သလား မှားသလား ပြန်ပြီးကြည့်ဖို့လိုတယ်။ ခွင့်လွှတ်လိုက်ရင် နောင်လည်းလုပ်လို့ရတာပဲဆိုပြီး ဒီလိုပဲဖြစ်သွားမှာပဲ။ ဘာဖြစ်မလဲ။ သံသရာတစ်ပတ်လည်မယ်။ အလေးအနက်ထားစဉ်းစားဖို့လိုတယ်။ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း လမ်းခုလတ်မှာ ကျလည်းကျဆုံးသွားနိုင်တယ်။ ဒါပေမယ့် ကျန်တဲ့လူတွေက ဆက်လက်တိုက်ဖို့လိုတယ်။ ပြောမယ်ဆိုရင်တော့ ဒီမိုကရေစီ ကျွန်တော်တို့နိုင်ငံမှာ ဆက်လက်မရှင်သန်ဘူး။ မကျင့်သုံးဘူးဆိုရင် ကျွန်တော်တို့နိုင်ငံဟာ နိမ့်ကျနောက်ကျနေမှာပဲ”” ဟု ဆက်လက်ပြောကြားသွားသည်။
ကော်မတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှလည်း
""တရားဥပဒေစိုးမိုးရေးကိုအများပြည်သူနားလည်အောင် ပြောရမယ်ဆိုရင်တော့ ကျွန်မရဲ့အမြင်မှာ တရားဥပဒေစိုးမိုးရေးရှိတဲ့ လူ့အဖွဲ့အစည်းမှာဆိုရင် လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ရေးကို တရားဥပဒေက ကာကွယ်ပေးမယ်ဆိုတဲ့ ယုံကြည်ချက် ရှိဖို့လိုပါတယ်။ ဒီလိုပဲ နိုင်ငံသူ နိုင်ငံသားအားလုံးဟာ ငါတို့ရဲ့ လွတ်လပ်ပိုင်ခွံင့်တွေနဲ့ ငါတို့ရဲ့ လုံခြုံမှုကို ဥပဒေတွေက ကာကွယ်ပေးနိုင်တယ် ပေးလည်းပေး မယ်။ ပေးနိုင်တဲ့အခြေအနေမှာရှိတယ် လို့ ယုံကြည်မှုရှိပြီ ဆိုရင်တော့ ဒီလူ့အဖွဲ့အစည်းမှာ တရားဥပဒေစိုးမိုးရေးရှိပြီလို့ ကျွန်မတို့ ပြောလို့ရ ပါတယ်"" မိန့်ခွန်းပြောဆိုသွားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ညိုညိုသင်းမှလည်း ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပြည်သူလူထုစိတ်ကြိုက်ဖြစ်အောင်လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို စိန်ခေါ်လိုက်သည်။ လူငယ်ပိုင်းနိုင်ငံရေးလေ့လာသူ ကိုမျိုးညီညီက ပြောကြားရာမှာ “ဒါကျွန်တော့်အမြင်ပေါ့နော်၊ ကျွန်တော်မြင်တဲ့ပုံစံက အခု ဥပဒေပြုရေးအာဏာစွဲကိုင်ထားတဲ့လွှတ်တော်တွေက အုပ်ချုပ်ရေးအာဏာပိုင်တွေကို ဆက်တိုက်ဆိုသလို ဖိအားပေးနေတယ်လို့မြင်ရတယ်၊ ဒါဟာဘာဖြစ်လို့လဲဆိုတော့ အုပ်ချုပ်ရေးပိုင်းက အောက်ခြေပိုင်းဝန်ထမ်းတွေ ညွှန်ချုပ်အဆင့်ကနေ အောက်အထိ ပုံစံမပြင်ကြသေးလို့ဘဲ၊ လက်ရှိအုပ်ချုပ်ရေးရဲ့ ထိပ်ပိုင်းဆိုင်ရာတွေကို သမ္မတကြီးကဦးဆောင်ပြီးအောင်မြင်အောင်ပြုပြင်ပြောင်းလဲနေတယ်၊ ဒါပေမယ့် ၀န်ကြီးဌာနတစ်ခုချင်းစီရဲ့ ဦးစီးဌာနအောက်ခြေ၀န်ထမ်းတွေမှာ အရင်လို ရှေးရိုးဆွဲတွေ၊ ပုဒ်မလေး(ပေးမှလုပ်) အကျင့်တွေမပျောက်ကြသေးဘူး၊ ဒါကအုပ်ချုပ်ရေးမဏ္ဍိုင် ရဲ့အဓိကအားနည်းချက်ပေါ့နော်။
တရားစီရင်ရေးပိုင်းမှာလဲဒီလိုပဲ ငွေများငွေနိုင်ဆိုတဲ့ခေတ်ကမပျောက်သေးဘူး။ ငွေရှိမှ အမှုဖြစ်လို့ရတဲ့ခေတ် ကျန်နေသေးတယ်။ ဒါတွေကို အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးမဏ္ဍိုင်ကြီးတွေရဲ့ အကြီးအကဲတွေနဲ့တင် ပပျောက်အောင်၊ အားနည်းအောင်လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါကြောင့်လည်း ပြည်သူတွေကိုယ်တိုင်ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်အမတ်တွေပါဝင်တဲ့ ကော်မတီတွေ ကော်မရှင်တွေပါ ပါဝင်လာကြတယ်လို့ထင်တယ်၊” ဟု သုံးသပ်ပြောဆိုသွားပါတယ်။
အုပ်ချုပ်ရေး၊ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်သုံးခုနှင့်ပတ်သက်ပြီး ကိုမျိုးညီညီက ဆက်လက်ပြောကြားရာမှာ “ဒါကတော့ ဒီမိုကရေစီကျင့်သားမကျသေးတဲ့နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အတိုင်းပါပဲ၊ တစ်ချိန်မဟုတ်တစ်ချိန်မှာ မဏ္ဍိုင်အချင်းချင်း ပွတ်တိုက်မှုလေးတွေ၊ ထိပ်တိုက်တွေ့မှုလေးတွေတော့ ရှိလာမှာပဲ။ ဒီနေ့ကျင်းပသွားတဲ့ပွဲမှာကို မြင်နိုင်တယ်။ တရားဥပဒေစိုးမိုးရေးခေါင်းစဉ်အောက်က ပါဝင်သင့်တဲ့ လက်ရှိဝန်ထမ်းအများစုမလာဘူး။ဒါဟာဘာကိုပြနေသလဲဆိုရင်သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ညွှန်ကြားချက်ကြောင့်လား၊ ဒါမှမဟုတ်အရင်တုန်းကလိုဝန်ထမ်းဆိုရင်NLDနဲ့ကင်းအောင်နေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ကင်းအောင်နေ၊ နိုင်ငံရေးနဲ့ မပတ်သက်ရဆိုတဲ့ အတွေးအခေါ်ဟောင်းတွေကျန်နေကြသေးတယ်လို့မြင်တယ်။ ပြီးတော့ ခပ်ရိုင်းရိုင်းပြောရရင် “ဘယ်သူ့ကိုအဖေခေါ်ရမလဲ” ဆိုတဲ့ပြဿနာရှိနေတယ်လို့ ယူဆလို့ရတယ်။ မိမိရဲ့သက်ဆိုင်ရာ ၀န်ကြီးဌာနက အဓိကလား ကော်မတီတွေ ကော်မရှင်တွေကအဓိကလားဆိုတာသူတို့ကိုယ်တိုင်ဝေခွဲလို့မရသေးဘူးလို့မြင်မိတယ်။
နောက်ပိုင်းကျတော့ ဘယ်သူညွှန်ကြားတာကို လုပ်ရမှာလဲဆိုတဲ့ Complaint တွေဖြစ်လာမယ်။ အဲဒီမှာ ထိပ်တိုက်တွေ့ကြမှာ။ ဒါပေမယ့် အကောင်းဘက်ကို သွားတဲ့ ထိပ်တိုက်တွေ့တာမျိုးဆိုရင်တော့ ကြိုဆိုရမှာပေါ့၊ ဒီလိုမှမဟုတ်ဘဲ နောက်ပြန်လှည့်နိုင်တဲ့ဖြစ်ရပ်မျိုးဆိုရင်တော့အားလုံးတတ်နိုင်သလောက်ရှောင်လိုက်ရင် ပြည်သူတွေအတွက် အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်” ဟုပြောကြားသွားပါတယ်။
People Development For Knowledge

သတင်းအကျဉ်းချုပ် ...
Photo..Voa
(VOA သတင်းဌာနမှ 7 September 2012 ရက်စွဲပါ “Tourism Surge Presents New Problems for Burma”ကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့် ခရီးသွား တိုးရစ်နှင့် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာသူ နိုင်ငံခြားသား ဦးရေမှာ ၃၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသလို ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းမှာလည်း နိုင်ငံတွင်း အပြောင်းအလဲ ဖြစ်မှုများကို ဖော်ကျူးသည့် ညွှန်းကိန်းတစ်ခု ဖြစ်လာသည်။
ယခုနှစ် ၇လတာ ကာလအတွင်း မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာသော တိုးရစ်ဦးရေမှာ သုံးသိန်းဖြစ်ပြီး အဆိုပါ ပမာဏသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း ဝင်ရောက်ခဲ့သော ပမာဏ နီးပါးရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်လည်ပတ် သူများထဲတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်သည်။ ထိုင်းနိုင်ငံပြီးလျှင် ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားတို့ရှိသည်။ ဥရောပ တိုက်သားများမှာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် တိုးရစ်စုစုပေါင်း၏ လေးပုံ တစ်ပုံခန့် ရှိသည်။
လာမည့် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံထိပ်သီး ဆွေးနွေးပွဲ လက်ခံကျင်းပချိန်တွင် နိုင်ငံခြားသား တိုးရစ် တစ်သန်းနီးပါးခန့် ဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ လက်ရှိအနေအထားတွင် နိုင်ငံတစ်ဝန်း၌ ဟိုတယ်အခန်းပေါင်း ၂၅၀၀၀ရှိသည်။ စီးပွားရေးမြို့တော်ဟု ဆိုသော ရန်ကုန် တွင်မူ ဟိုတယ်ခန်း စုစုပေါင်း ၈၀၀၀ရှိသည်။
သို့သော် နိုင်ငံခြား တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများတွင် လုပ်ငန်းကြန့်ကြာမှုနှင့် အခက်အခဲများ တွေ့ကြုံလာရသလို တိုးရစ်နှင့် စီးပွားရေး ခရီးသွားများ အကြား
ဟိုတယ်အခန်း ရရှိရေး ယှဉ်ပြိုင်မှုမှာလည်း မြင့်တက်လာသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် Asian Trailsမှ အမှုဆောင် အရာရှိချုပ် Luzi Matzigက မြန်မာနိုင်ငံတွင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း အဆမတန် ကြီးထွားလာခြင်းမှာ မကြုံစဖူးပင် ဖြစ်ကြောင်းပြောဆိုသည်။
"ယခုလို တိုးရစ်ဝင်ရောက်မှု အဆမတန် မြင့်တက်လာတာမျိုးကို ကျွန်တော်တို့ ဘယ်နိုင်ငံမှာမှ မကြုံဖူးပါဘူး။ ဘယ်တုန်းကမှလည်း ဒီလိုမျိုး မဖြစ် ဖူးပါဘူး။ ယခု မြန်မာနိုင်ငံကို သွားချင်တဲ့ ခရီးသည်တွေ များပြားနေချိန်မှာ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ပြဿနာက အတော့်ကို ကိုင်တွယ်ဖြေရှင်းရ ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဟိုတယ်ခန်းတွေ ဒါမှမဟုတ် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ လုံလုံလောက်လောက် မရှိတာပါပဲ" ဟု ပြောကြားသည်။
ဟိုတယ်ခန်း ငှားရမ်းမှု နှုန်းထားများ ဈေးအဆမတန် မြင့်တက်ခြင်း၊ အခန်းငှားရမ်းမှုအတွက် အဆင့်မြင့် ကန်ထရိုက်ချုပ်ဆို ပေးနိုင်မှု မရှိခြင်း အစ ရှိသည်တို့ကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းများက မကျေမနပ် ဖြစ်လျက်ရှိသည်ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး မှတ်တမ်းများ တိုးတက်ကောင်းမွန် လာခြင်းကြောင့် အနောက်နိုင်ငံများက သတ်မှတ်ပြဋ္ဌာန်းခဲ့သော ပိတ်ဆို့ အရေးယူမှုများ ဆိုင်းငံ့သွားရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ရေးအတွက် လာရောက်သူ နိုင်ငံခြားသား ခရီးသွားဦးရေမှာလည်း မြင့်တက်လာကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ယခင်တိုးရစ်များ ပုံမှန်ငှားရမ်းလေ့ရှိသော အခန်းများကို အချို့သော ကုမ္ပဏီကြီးများက ကြိုတင်ဘွတ်ကင် လုပ်ထား ကြသည်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးဌေးအောင်က တိုးရစ်ဝင်ရောက်မှုနှုန်း မြင့်တက်လာမှုမှာ ကြိုဆိုရမည့် ကိစ္စဖြစ်သော်လည်း စိန်ခေါ်မှု အသစ်များကို ဖန်တီးလာကြောင်း၊ အထူးသဖြင့် လူသားအရင်းမြစ်နှင့် အခြေခံအဆောက်အဦး လိုအပ်ချက်ပင် ဖြစ်ကြောင်း ပြောကြားသည်။
"ကျွန်တော်တို့ အနေနဲ့ အဆင့်အတန်းတွေ၊ ဝန်ဆောင်မှု အဆင့်အတန်းတွေ မြှင့်တင်ရပါမယ်။ အဲဒီကိစ္စဟာ အင်မတန် အရေးကြီးပါတယ်။ နောက် တစ်ချက်က သယ်ယူပို့ဆောင်ရေးပါ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပေါ့။ နောက်ပြီးတော့ ဟိုတယ်တွေ၊ ရှိပြီးသား ဟိုတယ်တွေရဲ့ အဆင့်အတန်းကိုလည်း မြှင့်တင်ရပါမယ်။ ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်ကြည့်ရှုတဲ့ နေရာတွေ ကိုလည်းပဲ အလားတူ အဆင့်မြှင့်တင် ရမှာဖြစ်သလို တိုးရစ်တွေအတွက် နေရာသစ်တွေကိုလည်း ထပ်မံဖွင့်လှစ် ရမှာဖြစ်ပါတယ်"ဟု ဦးဌေးအောင်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ယခုအခါ ရန်ကုန်မြို့အနီး၌ နိုင်ငံတကာ လေဆိပ်သစ်ကြီးတစ်ခု တည်ဆောက်ရန် စီစဉ်လျက် ရှိသလို ရန်ကုန်ရှိ တိုက်ခန်းများကို ဟိုတယ်ခန်းအဖြစ် ပြောင်းလဲလျက်ရှိရာ ယခုနှစ်အတွင်း ဟိုတယ်ခန်းပေါင်း ၅၀၀အထိ တိုးမြင့်လာသည်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ကမူ မြန်မာနိုင်ငံအတွက် တိုရစ်ဇင်လုပ်ငန်းဆိုင်ရာ မဟာစီမံကိန်းကြီး တစ်ရပ်ကို ပြင်ဆင်ပေးလျက်ရှိပြီး အာရှဒေသ တွင်း လေကြောင်းလိုင်း များကလည်း မြန်မာနှင့် ချိတ်ဆက်ကာ ခရီးစဉ်သစ်များ ပြေးဆွဲပျံသန်း ပေးလျက်ရှိသည်။
ADBမှ စီးပွားရေးပညာရှင် Alfredo Perdigueroက တိုင်းပြည်စီးပွားရေးအတွက် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးသည် လွန်စွာအခရာကျကြောင်း ပြောကြားသည်။
"ဆိပ်ကမ်းတွေမှာရော နယ်စပ်ဒေသတစ်လျှောက်မှာပါ သယ်ယူပို့ဆောင်ရေးကိစ္စနဲ့ပတ်သက်တဲ့ အဟန့်အတားတွေရှိနေဆဲဖြစ်ပါတယ်။ လုပ်ကိုင်နိုင်မှု စွမ်းအားကို ကြည့်မယ်ဆိုရင် အလုပ်သမားတွေ လိုအပ်လာပါတယ်။ ကျွန်တော်တို့မှာ လုပ်ကိုင်ပေးနိုင်စွမ်းတွေ အသေအချာ ရှိနေပေမယ့် လည်း မြန်မာနိုင်ငံရဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ တက္ကသိုလ်ပညာရေးစနစ် ဆိုးရွားညံ့ဖျင်းမှုကြောင့် ဘာမှလုပ်လို့မရပဲ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရကမူ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဆိုင်ရာ မူဝါဒများသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် အထောက်အကူဖြစ်ကြောင်း၊ အမျိုးသမီးများ အတွက်လည်း အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း၊ ပုံမှန်အနေအထားဖြင့် တိုးရစ်ဝင်ရောက်မှု တိုးတက်လာခြင်းကြောင့် ပြည်တွင်းမှ လူ့အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အကျိုးအမြတ် ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
Yangon chronicle

သတင်းအကျဉ်းချုပ် ...
၂၀၁၂ သြဂုတ်လ (၃၁) ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပ သို့ထွက်ခွာသွားသောဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူများအနက်တိုင်းပြည်သို့ပြန်လာခွင့်ရ သော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံး မြင့်တို့ကို ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ သွားရောက်ကြိုဆို ခဲ့ပါသည်။ လေဆိပ်တွင် သတင်း ရယူရန်စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင် ပြေစွာသတင်းရယူနိုင်ရန် စီစဉ်ပေး ခဲ့သော်လည်း အဆင်မပြေဘဲ အခြားခရီးသည်များကိုပါ အနှောင့် အယှက်ဖြစ်စေခဲ့သည်။
ထို့အပြင် သတင်းထောက်တစ်ဦးက ကျွန်တော့် အားတွန်းလိုက်သည့်အတွက်လဲကျ သွားရာမှ အမှတ်မဲ့ဆဲမိပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း စိတ်အနှောင့်အယှက် ဖြစ်စေသည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်းစိတ်မကောင်း ဖြစ်ရပါသည်။
ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ် မှုနှင့် တိုးတက်ရေးအတွက်သာအမြဲ လုပ်ဆောင်လိုသောဆန္ဒရှိပြီး နိုင်ငံ ၏ အရေးပါသောစတုတ္ထမဏ္ဍိုင် ကို အရှင်းစော်ကားလိုသော စိတ် မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူများနှင့် မီဒီယာ များအား တောင်းပန်အပ်ပါသည်” ဟု ဇာဂနာရဲ့ ကိုယ်ပိုင် Facebook ပေါ်မှာ လူကြီးလူကောင်းဆန်ဆန်
ဂုဏ်သရေရှိစွာဖြေရှင်းရေးသား ထားတာကို တွေ့ရပါတယ်။
ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်တွင်းဝါရင့်သတင်းဂျာနယ် အယ်ဒီတာချုပ်တစ်ဦးက “မီဒီယာ သမားဆိုတာ သတင်းဦးရချင်တယ် ဆိုတာ လက်ခံပါတယ်။ အသိအမှတ် လည်းပြုပါတယ်။ ဒါပေမဲ့ သတင်း ရရင်ပြီးရော ဘယ်သူဘာဖြစ်ဖြစ်၊ ဘယ်သူသေသေဆိုတဲ့ စိတ်မျိုးက သတင်းသမားတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုးမဟုတ်ဘူး။ မီဒီယာ တွေမှာ ဇာဂနာကမီဒီယာတွေကို ဆဲတယ်လို့ရေးတာတွေဖတ်ရတော့ အံ့သြမိတယ်။ ဇာဂနာဆိုတာ မီဒီယာအသိုင်းအ၀ိုင်းကမွေးဖွား လာတဲ့သူလေ။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာကြီး နန်းညွန့်ဆွေ၊ ဒေါ်ကြည်ဦးတို့က မွေးတဲ့သားပါ။ မီဒီယာရဲ့ စစ်မှန် တဲ့ တန်ဖိုးကိုအလေးအနက်ထား တဲ့ ပုဂ်္ဂိုလ်ပါ။ဟုတ်ရောဟုတ်ရဲ့ လားလို့ သံသယဖြစ်မိတယ်။
ဇာဂနာ Facebook ပေါ်မှာ သူကိုယ်တိုင်ရေးတဲ့တောင်းပန်စာ လေးကို ဖတ်ရမှတကယ်ဖြစ်ခဲ့တာ ပါလားလို့လက်ခံလိုက်ရတာ။ မီဒီယာဆိုတာ ကျီးကန်းတွေမဟုတ် ဘူး။ အသားတစ်တုံးကို တွေ့တာ နဲ့ ဘယ်သူဘာဖြစ်ဖြစ်ဝိုင်းထိုးမယ် ဆိုတာ ကျီးကန်းစိတ်ပဲ။ ဒီလိုအဖြစ် အပျက်မျိုးဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပွဲမှာ တစ်ခါဖြစ်ခဲ့ပြီးပြီ။ မင်းကိုနိုင်တို့ ပြန်လွတ်လာတဲ့နေ့ က လေဆိပ်ကအဖြစ်အပျက်တစ် ခုကို ပြောပြမယ်။
သတင်းထောက် ဆိုတဲ့ ပုဂ်္ဂိုလ်က ကိုယ့်ရှေ့မှာရပ် နေတဲ့ သတင်းထောက်မိန်းကလေးတစ်ယောက်ကို နောက်ကလူတိုး သလိုလိုဓာတ်ပုံရိုက်ချင်သလိုလိုနဲ့ ရှေ့ကသတင်းထောက်မိန်းကလေး ရဲ့ တင်ပါးကို မသိမသာပွတ်နေ တာ၊ အတင်းဝင်ဖိနေတာ၊ ကျွန်တော့်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ တယ်။
အဲဒီလိုသတင်းထောက်မျိုးဆိုရင်ဆဲရုံတင်မဟုတ်ဘူး။ဆွဲပါထိုးပစ်ရမယ်၊သတင်းထောက် လောကထဲကတောထုတ်ပစ်ရမယ်။ ဒါမှမီဒီယာတန်ဖိုးတက်လာမယ်။ အသားထဲကလောက်ထွက်တဲ့ မသမာသူတစ်ယောက်ကြောင့် ကျီးကန်းလိုဝိုင်းအာတာမျိုးကျွန်တော် ရွံမုန်းတယ်။ အီတလီမှာ မာဖီးယား ဂိုဏ်း၊ ဂျပန်မှာ ယာကူဆာဂိုဏ်း ကို လူတွေကြောက်ကြသလို၊ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်းမီဒီယာဆိုသူများကိုမှားမှားမှန်မှန် ကြောက်နေရတယ်ဆိုရင်မဟုတ် သေးဘူးလို့ပဲ ပြောချင်တယ်”လို့ မှတ်ချက်ပေးပြောကြားတာကိုလည်း ကြားသိခဲ့ရပါတယ်။
ညီညီ (hotnewsweekly)

သတင်းအကျဉ်းချုပ် ...