Monday, October 8, 2012

1 ထိုင်းတောင်ပိုင်းမှာ ဆွမ်းခံကြွထွက်တဲ့သံဃာတွေကို ထိုင်းတပ်မတော်က ကျည်အသင့်ထိုးပြီး လုံခြုံရေးယူ (ရုပ်/သံ)

0 ဘယ်မြေဘယ်နေရာရောက်ရောက် မျိုးချစ်စိတ်မပျောက်တဲ့ အောင်လ ထိုးသတ်ကြေးရသမျှ စစ်ဘေးဒုက္ခသည်များကို လှူမည်

အမေရိကန်နိုင်ငံတွင်ကျင်းပသည့် အားကစားနည်းတစ်မျိုးဖြစ်သောMixed Martial Artist MMA ဘက်စုံသုံးကိုယ်ခံပညာပြိုင်ပွဲဝင် တစ်ဦးဖြစ်သူ ကချင်တိုင်းရင်းသား အောင်လအန်ဆောင်က လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့တွင်ထိုးသတ်ရမည့်ပွဲစဉ်မှ ရရှိသော ငွေများအား ကချင်ဒုက္ခသည်များအား ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ကချင်ပြည်နယ်မြစ်ကြီးနားဇာတိဖြစ်သူအောင်လအန်ဆောင်သည် အမေရိကန်နိုင်ငံ မစ်ချီကန်ပြည်နယ်၊ အင်ဒရူးတက္ကသိုလ်မှ စီးပွားရေးနှင့် မွေးမြူရေး သိပ္ပံဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်ပြီး Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင်သင်ကြားခဲ့သူတစ်ဦးဖြစ်သည်။

The Burmese Pythonဟုအမည်ပြောင်ခေါ်ကြသောအောင်လ အန်ဆောင်သည် ၂၀၀၇ ခုနှစ်မှစတင်ကာပရော်ဖက်ရှင်နယ်ပြိုင်ပွဲများ သို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ လက်ရှိအချိန်အထိ ၂၃ ပွဲယှဉ်ပြိုင်ကစားအပြီးတွင် ၁၅ ပွဲနိုင်၊ ၈ပွဲ ရှုံး၊ သရေပွဲမရှိ စံချိန်ရရှိထားသူဖြစ်ပြီး လာမည့်အောက်တိုဘာလ ၁၃ ရက်နေ့တွင် အမေရိကန်နိုင်ငံRollins Center တွင် မိုက်ဝယ်ကော့ခ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။
လက်ရှိကချင်ပြည်နယ်အတွင်းဖြစ်ပေါ်လျက်ရှိသောပဋိပက္ခများကြောင့်ဘေးလွတ်ရာသို့ထွက်ပြေးနေရသည့် ကချင်တိုင်းရင်းသားများနှင့်ပတ်သက်၍ အောင်လအန်ဆောင်က..... “ကျွန်တော်ကငယ်ငယ်လေးကတည်းကမြန်မာနိုင်ငံမှာကြီးပြင်းလာတာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ကျွန်တော်ကြားသိနေရပါတယ်။ ဒါကြောင့်လာမယ့်အောက်တိုဘာလ ၁၃ ရက်မှာထိုးမယ့်ပွဲကနေရလာတဲ့ငွေတွေ၊ စပွန်ဆာကြေးတွေ၊လက်မှတ်ရောင်းရငွေတွေအားလုံးကိုကချင်ဒုက္ခသည်တွေဆီကိုလှူဒါန်းမှာပါ။ ဒုက္ခရောက်နေတဲ့သူတွေဆီကိုလည်း ကျွန်တော့်မှာရှိတဲ့ နည်းလမ်းတွေနဲ့အားပေးစကားပြောကြားမှာပါ။ သူတို့ရဲ့ငိုသံတွေကိုကျွန်တော်နားထဲမှာအမြဲကြားနေရပါတယ်”ဟု ပြောကြားခဲ့သည်။

(Weekly Eleven Journal မှ)

0 ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ( အမေရိကန်နိုင်ငံ Harvard တက္ကသိုလ်မှ ) -ဘာသာပြန်-Spring Flowers


  •                     လူကြီးမင်းတို့ တက္ကသိုလ်ရဲ့   ဥက္ကဌကို အောက်စ်ဖို့တက္ကသိုလ်မှာရော သူမရဲ့ ဌာနေဖြစ်တဲ့ ဒီဟားဗတ်တက္ကသိုလ်မှာပါ တွေ့ရတာ ကျမသိပ်ကို ၀မ်းသာပီတိဖြစ်ရပါတယ် ။ ဒီမှာတွေ့လို့ဆိုတာထက် တက္ကသိုလ်တစ်ခုမှာ တွေ့ရလို့ ဆိုရင် ပိုမှန်ပါတယ် ။ ဒါက ဘာကို ပြသလဲဆိုရင် ကမ္ဘာ့အထင်ရှားဆုံးတက္ကသိုလ်ကြီးတွေဟာ   တစ်ခုနဲ့ တစ်ခု   ချိတ်ဆက်မှုတွေ ရှိတယ် ဆိုတာပါ ။  သင့်တော်တဲ့ အချိန်တစ်ခုရောက်ရင် ဒါမျိုး ဆက်သွယ်မှုတွေကို ကျမတို့တိုင်းပြည်က တက္ကသိုလ်တွေမှာလည်း  ရှိလာဖို့ မျှော်လင့်ပါတယ် ။
  • Harvard University Campus
  • Classroom တစ်ခု
  •                   ဒီညနေ ကျမပြောချင်တာ ပညာရေးအကြောင်းမဟုတ်ဘဲ လွတ်လပ်တဲ့လူ့အဖွဲ့အစည်းတစ်ခုမှာ နေဖို့ရာအတွက် ဘယ်လိုပြင်ဆင်မှုမျိုးတွေ လုပ်ဖို့ လိုအပ်လဲဆိုတဲ့ အကြောင်းကို ပြောချင်ပါတယ် ။ မြန်မာပြည်ဟာ  ရာစုနှစ်တစ်ဝက်လောက် စစ်အုပ်ချုပ်ရေးအောက်မှာ နေခဲ့ရတဲ့ တိုင်းပြည်ပါ ။ စစ်တပ်က ပထမဆုံး အာဏာသိမ်းလိုက်တာ  ( ၁၉၆၂ )  မှာပါ.... အခုဘဲ  ( ၂၀၁၂ )  ရှိပြီ ဆိုတော့ လွန်ခဲ့တဲ့ အနှစ် ( ၅၀ ) လောက်က ဖြစ်ခဲ့တာဆိုပါတော့ ။  မြန်မာပြည်မှာ အပြောင်းအလဲစပြီး ပေါ်လာပြီဆိုပေမယ့် အဲဒီအပြောင်းအလဲရဲ့ အသီးအပွင့်ကိုတော့ မခံစားရသေးပါဘူး ။ ဒီအပြောင်းအလဲကို ကျမတို့ဟာ  '' ဒီမိုကရေစီကျတဲ့ပြုပြင်ရေးတွေလုပ်ဖို့ ''  ဆိုတဲ့ အုတ်မြစ်ပေါ်မှာ တည်ပြီး စလုပ်ခဲ့ကြတာပါ ။ ဒီလမ်းကို ဆက်လျှောက်ရင်းနဲ့ ကျမတို့ဟာ ကျမတို့ ပြည်သူတွေကို လွတ်လပ်တဲ့

5 ပန်းကောင်းများကို အညွှန့်ချိုးရေနွေးပူလောင်းနေသော ဒဂုံ(၁) ကျောင်းတော်မဟာ

မြန်မာနိုင်ငံ၏ ပညာရေးလောကတွင် အစဉ်အလာကောင်းပြီး ထိပ်တန်းအဆင့်ရှိ ဒဂုံ(၁) ကျောင်းတွင် ဆရာမများအနေဖြင့် ကျောင်းသူ/သားများအားပန်းကောင်းအညွှန့်ချိုးနေကြောင်း ကျောင်းသားမိဘတစ်ဦးကပြောကြားလိုက်သည်။ "ကျွန်မရဲ့သားလေးက အခုမှ တတိယတန်းပဲရှိပါသေးတယ်။ ကလေးကငယ်လည်းငယ်တော့ အဆော့သန်တယ်။ ကျောင်းစာကတော့ တော်ပါတယ်။ အမြဲ ထူးချွန်ဆုရတယ်။

အဲဒါပြီးခဲ့တဲ့တစ်ပါတ်က ကလေးကျောင်းကပြန်လာတော့ ရေချိုးပေးမယ်လုပ်တော့ အရှိုးရာတွေတွေ့တယ်။ အရှိုးရာတွေက ခြေသလုံးတွေမှာကော လက်တွေမှာကော ကျောပြင်တွေမှာပါရိုက်ထားတာ။ ဒါနဲ့ကလေးကိုမေးကြည့်တော့ ကျောင်းမှာဆရာမက ဆော့လို့ရိုက်တာတဲ့ ခေါင်းကိုလည်းခေါက်ထားတာ ဖူးယောင်နေတာပဲါ။ ဆံပင်လည်းစောင့်ဆွဲတယ်တဲ့။ ဒါနဲ့ ကလေးပြောတာမယုံလို့ ကျောင်းသွားပြီး ကလေးတွေမေးကြည့်တော့ ဟုတ်တယ်တဲ့ အဲဒီဆရာမက အရမ်းအရိုက်ကြမ်းတယ်တဲ့။

ကျွန်မအနေနဲ့ပြောချင်တာကလေ ကျွန်မသားသမီးကို လက်ဖျားနဲ့ မတို့ရဘူးမဟုတ်ပါဘူး။ ဆရာမပဲ ကလေးကို ပြောလို့မရရင် ခြောက်တဲ့အနေနဲ့ ရိုက်ရမှာပေါ့။ ဒါပေမယ့် လက်ဝါးတို့ ခြေထောက်တို့ကို ရိုက်ပေါ့။ အခုဟာက ရိုက်ပြီးဆုံးမတာနဲ့ မတူဘူး ညှဉ်းဆဲထားတာနဲ့တူနေတယ်။ ခေါင်းကိုရိုက်တာတို့ ဆံပင်စောင့်ဆွဲတာတို့က ကလေးရဲ့စိတ်ဓါတ်ကိုပါ ရိုက်ချိုးပစ်လိုက်သလိုဖြစ်နေတယ်။ ဒါနဲ့ နောက်ရက် ကျောင်းအုပ်ဆရာကြီးဆီတိုင်မယ်လို့ ကျွန်မယောက်ျားနဲ့ ဆွေးနွေးနေတုန်း ကလေးက ဘာပြောသလဲဆိုရင် မေမေရယ်မတိုင်ပါနဲ့တဲ့၊သားကသူ့ဆီမှာကျူရှင်မတက်တော့ နောက်ဆိုသားကိုပဲမဲပြီးရိုက်မှာ သားကြောက်တယ်တဲ့။

အခုမှ ၇ နှစ် ၈ နှစ်လောက်ရှိတဲ့ ကလေးရဲ့စကား ကျွန်မလေ ရင်ထဲကိုဆို့သွားပြီး ဒီလိုကျောင်းဆရာမတွေ ရှိတဲ့နာမည်ကြီးကျောင်းမှာထားမိတာကို တော်တော်နောင်တရသွားပြီ။ နောက်နှစ်ကလေးကို အဲဒီကျောင်းက ထုတ်ပြီး အိမ်နားကကျောင်းမှာပဲထားတော့မယ်"ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသွားပါတယ်။

အခြားကျောင်းသားမိဘတစ်ဦးကလည်း " ကျောင်းကဆရာမတွေဆီမှာ ကျူရှင်မတက်လို့ အမဲခံရတဲ့ ကျောင်းသားတွေအများကြီးပါ။ တိုင်မယ်လို့လုပ်လိုက်ရင် ကိုယ့်ကလေးပဲ တစ်ခြားဆရာမတွေက ညိုညင်မှာလေ။ အဲဒီတော့လည်း ရင်ထဲမကောင်းပေမယ့် တစ်ခါတစ်လေ မျက်စိစုံမှိတ်ထားရတာပေါ့။ အဆင်ပြေရင်လည်း ဆရာမတွေကို လက်ဆောင်ပေးတာတို့ မုန့်ဝယ်ကျွေးတာတို့တော့လုပ်ပေးပါတယ်။ အမြဲတမ်းတော့လည်း ဘယ်တတ်နိုင်မလဲ။" ဟု သူ့ခံစားချက်ကိုပြောပြသွားပါတယ်။

People Development For Knowledge

0 နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲ

မန္တလေးတိုင်းဒေသကြီးသာစည် မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ အောက်တို ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားများ၏ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတွေ့ဆုံဆွေးနွေးပွဲတွင် သာစည်မြို့နယ်ပြည်သူတစ်ဦးမှ ၈၈ မျိုးဆက်ကျောင်းသားကို မင်းကိုနိုင်သည်အရပ်ဘက်လူအဖွဲ့ အစည်းများအတွက် စွမ်းစွမ်းတမံ ကြိုစားဆောင်ရွက်တဲ့ သူတစ် ယောက်ဖြစ်ပါကြောင်း ထိုစကား နောက်ဆုံးတွင် ၈၈ မျိုးဆက် ကျောင်းသားကိုမင်းကိုနိုင်အား မိမိ၏စိတ်ဆန္ဒထဲတွင် နိုင်ငံတော် သမ္မတဖြစ်စေချင်ကြောင်း ကိုမင်းကိုနိုင်မှလည်း နိုင်ငံတော် သမ္မတဖြစ်ရင်ဘာလုပ်မလဲဆိုသည့် ဥပမာလေးပြန်လည်ပြောကြား သည်။

“အဲဒီမှာ ကျွန်တ်ာအကြောက် ဆုံးကိစ္စက နိုင်ငံတော်သမ္မတကြီး အဲဒါတော်တော်ပြဿနာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့တစ်ခါတုန်းက ကိုလိုနီခေတ်ကလွတ်လပ်ရေးရ တော့မယ်ဆိုတော့ နိုင်ငံတော်မှာ ဘယ်လိုအုပ်ချုပ်မှာလဲ ဖွဲ့စည်း ပုံအခြေခံဥပဒေ ၄၇ ကိုဆွဲကြတဲ့ အချိန်မှာ ဟိုကျေးလက်ဒေသတွေ မှာ ကျွန်တော်ပြည်နယ်တွေကို မပြောချင်တော့ဘူး။ သူ့နယ်နဲ့ လူမျိုးကို ကိုယ်စားပြုသလိုဖြစ် သွားမှာစိုးလို့ပြည်နယ်တစ်ခုက တောရွာမှာလှည်းဒေါက်ကိုဘောင်း တိဝတ်ပေးပြီးထောင်ထားရင် တောင်ယူနီဖောင်းဝတ်တွေလာပြီ ဆိုပြီးထွက်ပြေးကြတယ်။ အဲလို ကြောက်တဲ့ရွာ အထူးသဖြင့်ကာ ကီရောင်ဆိုပိုကြောက်တယ် အဲဒီ အရောင်ယူနီဖောင်းဝတ်တွေကြီး စိုးပြီး အဲဒီအရောင်ဝတ်လာပြီဆို လုပ်ချင်တာကို လုပ်လို့ရတယ်ဆို ပြီးထင်နေတဲ့ရွာအဲမှာကလေး တစ်ယောက်ကို ဆရာတော်က ရှင်းပြတယ်။ လွတ်လပ်ရေးလည်း ရတော့မယ်။ လွတ်လပ်ရေးရရင် ကိုယ့်သမ္မတနဲ့ ကိုယ်ဖြစ်တော့ မယ်။ အဲဒီအချိန်မှာ စာစီစာကုံး ရေးခိုင်းတယ်။ ခေါင်းစဉ်က သင်နိုင်ငံတော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ်မလဲ ကျွန်တော်နိုင်ငံ တော်သမ္မတဖြစ်ခဲ့လျှင် ဘာလုပ် မလဲရေးရတော့ ကလေးက ရေးပါတယ်။ ကျွန်တော်နိုင်ငံတော် သမ္မတဖြစ်ခဲ့လျှင် ပုလိပ်လုပ်ပါ မည်လို့ကလေးကရေးလိုက်တယ်။

ပြီးသွားပြီဆရာတော်ကိုကလေးက မေးတယ်။ နိုင်ငံတော်သမ္မတဖြစ် ရင်ဘာလုပ်လို့ရလဲ ဆိုတော့ဆရာ တော်ကလည်း ပြန်ပြောတယ်။ မင်းလုပ်ချင်တာလုပ်လိုရပြီ။ ဘာလဲ၊ ညာလဲပြောတော့အဲတော့ ကလေးကပြောပါတယ်။ ကျွန်တော် ပုလိပ်လုပ်ပါမယ်တဲ့ အဲတော့ ကျွန်တော်ကိုနိုင်ငံတော်သမ္မတဖြစ် အောင်တိုက်တွန်းတဲ့လူက ကျွန်တော်သမ္မတဖြစ်လို့ပုလိပ်လုပ် ရင်ဘယ်လိုလုပ်မလဲ အဲတာ လည်းစဉ်းစားထားပါဒါအရေးကြီး ပါတယ်။

လူဆိုတာဖောက်ပြန်တက် ပါတယ်။ ဒီနေ့နောက်ဆုံးစက္ကန့် အထိပဲ အာမခံနိုင်ပါတယ်။ ဒီခန်းမအပြင်ရောက်သွားရင် ဘာဖြစ်မလဲ ကျွန်တော်မသိပါ ဘူး။ အဲတစ်ခုကတော့ ရိုးရိုးသား ပြောပါမယ်။ ကျွန်တော်တို့ကျောင်း ထဲမှာ ဒေါင်းအလံကိုင်ပြီး၊ ထွက် လာတယ်ဆိုတာတစ်ချက်ထဲပါ သိဖို့ အရေးကြီးပါတယ်။ တစ်ချိန် အနာဂတ်မှာနိုင်ငံတော်မှာ ဦးဆောင်မယ်ဆိုတဲ့ စိတ်မျိုးမရှိခဲ့ တာအမှန်ပါ။ ဒါဆိုဘာလို့ဝင်ရှုပ် တာလဲလို့မေးရင်ခံပါမယ်။ အနိုင်ကျင့်လွန်းနေလို့မခံချင်လို့ပြန် ချတာဒီတစ်ခုထဲပါ ကျွန်တော်သိ တာပေါ့။ ကျွန်တော်ကိုယ်တိုင် ဘတ်စ်ကားနဲ့ စီးပြီးကျောင်းသွား ရတဲ့ ကျောင်းသားတစ်ဦးပါဘာ မှ အခွင့်ထူးခံမရှိပါဘူး။

သာမန် ပြည်သူထဲက မွေးလာတဲ့သားတစ် ယောက်ပါ။ ဘတ်စ်ကားစီးပြီး ကျောင်းသွား နေရတဲ့ဘ၀မှာ ရုံးချိန်ကြီးမှာ နိုင်ငံတော်ကောင်စီတစ်ယောက် ရဲ့ ၉၂၉ ကားကြီးကအတင်း ကျော်တက်ပါတယ်။ သူရုံးသွား မယ်ပေါ့။ ဘတ်စ်ကားကလည်း ရုံးသမားတွေနဲ့ ကျောက်ကုံးပေါ် ကို တက်နေတဲ့အချိန်မှာ အဲတုန်း ကလမ်းလေးတွေက ကျဉ်းကျဉ်း လေးမျက်နှာချင်းဆိုင်နှစ်စီးပဲရှောင် လို့ရတယ်။ ရုံးတက်နေတဲ့အချိန် မှာ ဘတ်စ်ကားကလည်း စစ်ခေတ် တုန်းကကျန်ခဲ့တဲ့ချက်ပလက်ကြီးအဲဒီကားကြီးဂီးဂီးလို့အော်ပြီးတက် နေတဲ့အချိန်မှာ နောက်ကနိုင်ငံ တော်ကောင်စီကသူကိုလမ်းမပေး ရကောင်းလာဆိုပြီးတော့ ဟွန်း တွေတရစပ်တီးပြီးတော့။ သူပေး လို့မရဘူး။

အဲတာကိုသူမစဉ်းစားခိုင်းဘူး။ ရှောင်လိုရတဲ့အချိန်မှာ သူကကျော်တက်ပြီးတော့ ကားပေါ် ကဆင်းပြီးတော့ ကားမောင်းတဲ့ လူကိုကိုယ်ထိလက်ရောက်ကျူးလွန် တယ်။ အဲဒိသတင်းကြားတာနဲ့ ကျွန်တော်တို့ကျောင်းလွယ်အိတ် ကိုချပြီးလိုက်သွားပါတယ်။ ဒါမျိုး တော့ဘယ်လိုမှ လက်မခံနိုင်ဘူး။ သတင်းကြားလိုက်တယ်။ ကား မောင်းတဲ့လူတော်တော်လေးအရှက် အကွဲအကျိုးနည်းဖြစ်သွားတယ်။ ရုံးဝန်ထမ်းတွေလည်း နိုင်ငံဝန်ကို ထမ်းဖို့လာတယ်။ အဲတာကို သူနားမလည်ဘူးလား သူတစ် ယောက်ထဲ နိုင်ငံဝန်ကိုထမ်းဖို့လာ တာမှမဟုတ်တာ ဒီလောက်ပြော သိရောပေါ့။ အဲလို အနိုင်ကျင့်တာ တွေဟာ နေရာတကာမှာ ဒီနေရာ မှမဟုတ်ဘူး။

အခွင့်ထူးခံတယ် အနိုင်ကျင့်တယ်။ နှစ်ချက်အဲနှစ် ချက်ကို မခံချင်လို့ ကျွန်တော်တို့ တုံ့ပြန်တာ။ ကျွန်တော်တို့ အမှန်တရားအတွက်ပဲ။ ဒေါင်း အလံကိုင်ပြီးတက်လာတာကျား မှန်းသိလျက်နဲ့ ဖက်လုံးခဲ့တာပါ။ ခေါင်းကကိုက်ကိုက်ကိုယ်လုံးကပဲ စ၀ါးဝါး ဆိုပြီးတော့ပါ အဲဒီတော့ တစ်ချိန်မှာ နိုင်ငံတော်ခေါင်းဆောင် ငါဖြစ်လာတယ်ဆိုပြီး ဘာမှလေ့လာ ဆည်းပူးတာမျိုးရင့်ကျက်အောင်ပြု စုပျိုးထောင်တာမျိုးမရှိဘူး။ အခြားကျောင်းသားတွေမှာရှိလိမ့် မယ်။ ကိုယ်စီကိုယ်စီအဲနေရာမှာ ကွဲပြားသွားလိမ့်မယ်ငါသာလျှင် နိုင်ငံကိုဦးဆောင်မယ်။ ခေတ်ကို လည်း ငါတို့ဦးဆောင်မယ်ဆိုတဲ့ ကျွန်တော်တို့ မျိုးဆက်ကျောင်း သားတွေရှိပါတယ်။

သူတို့စိတ်အားထက်သန်သူတို့ရဲ့ရိုးသားမှုနဲ့သူတို့ရဲ့အရည်အချင်းတွေကိုကြည့်ပြီးတော့ ပြည်သူတွေဆုံး ဖြတ်ပေးပါ။ လက်ရှိဦးဆောင်နေ တဲ့ သူတွေကိုလည်း ပြည်သူတွေ ပဲအဆုံးဖြတ်ပေးပါအမှတ်ပေးပါ ကျွန်တော်တစ်ဦးထဲ သဘောက တော့ရှင်းပါတယ်။ ကျွန်တော်သာ ပုလိပ်လုပ်ချင်ရင်အကုန်ဒုက္ခ ရောက်ကုန်မယ်ဒါရိုးရိုးစောစော စီးစီးပြောထားခဲ့တာပါ”ဟု ပြော ကြားခဲ့သည်။

အဆိုပါကဲ့သို့ကိုမင်းကိုနိုင်မှ နယ်လှည့်ကာဆွေးနွေးဟောပြော စဉ်များတွင်လည်းသက်ဆိုင်ရာမြို့ နယ်အလိုက်ပြည်သူ့ရဲများ အစိုးရ ရုံးမှတာဝန်ရှိသူများက တစ်စိတ် တစ်ပိုင်းကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

hotnewsweekly သတင်းဂျာနယ်

0 ပုံပြင်ထဲက သားရှေ့နေ (မောင်ဝံသ-ပြောချင်လွန်းလို့)

မပြီးနိုင်တဲ့ စစ်ပွဲဆိုတာ မရှိ
လောကမှာ ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာဆိုတာ မရှိပါဘူး။ အဲသလိုပဲ မပြီးဆုံးနိုင်တဲ့ စစ်ပွဲဆိုတာလည်း မရှိပါဘူး။ အနည်းဆုံးတော့ ကျွန်တော်တို့နိုင်ငံက ပြည်တွင်းစစ်ဟာ ပါလက်စတိုင်း - အစ္စရေး ပဋိပက္ခနဲ့ အခြားအနည်းငယ်သော နိုင်ငံချင်းချင်း ပဋိပက္ခ တွေလို ကမ္ဘာနာတစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် တန်းတူရည်တူ အခြေခံပေါ်မှာ အမြော် အမြင်ရှိရှိ သဘောထားကြီးကြီးထားပြီး ဖြေရှင်းရင် မကျေလည်စရာအကြောင်း မရှိပါ ဘူး။ သဘောထားကြီးရမယ် ဆိုရာမှာလည်း အာဏာကို ကိုင်တွယ်ထားတဲ့ နိုင်ငံတော် အစိုးရဘက်က ထားရှိရမယ့် သဘောထားပါ။

အခု ကျွန်တော်ပြောချင်နေတဲ့ လိုရင်းက ကချင်ပြည်နယ် ငြိမ်းချမ်းရေးကိစ္စပါ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၂၇ စက်တင်ဘာ ၂၀၁၂ မှာ အင်မတန်ကောင်းတဲ့ မိန့်ခွန်းတစ်ရပ် မိန့်ကြားခဲ့တယ်။ မြန်မာ့ အရေး ကမ္ဘာ့အရေး စုံစုံလင်လင် ပြောသွားတယ်။ ကျယ်ပြန့် ပြည့်စုံတယ်။ အပြု သဘောဆောင်တယ်။ တိုင်းပြည်အတွက် အားတက်စရာ မျှော်လင့်ချက်တွေကို ပေးသွားခဲ့တယ်။

အခု ကျွန်တော် ဦးတည်နေတဲ့ အကြောင်းအရာနဲ့ ဆက်စပ်လို့ သမ္မတကြီးရဲ့ မိန့်ခွန်းထဲက ကျွန်တော် သတိထားမိတဲ့ စာပိုဒ်တချို့ကို ကူးယူဖော်ပြပါမယ်။

“စစ်မှန်တဲ့ ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင် ပဋိပက္ခများ အားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်”

“မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစား နိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ခေါင်းဆောင် များနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၊ ယုံကြည်မှု တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင် ပဋိပက္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ၊ အသက်နဲ့ အိုးအိမ်ပစ္စည်း ဆုံးရှုံးမှုရှိပါက မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲ ဖြစ်တယ်လို့ ခံယူထားပါတယ်”

စစ်ဆေးကြည့်ရင် သိနိုင်ပါတယ်

အထက်ပါ ဖော်ပြချက်တွေဟာ ဘယ်သူမှ မငြင်းနိုင်အောင် မှန်ကန်ကောင်းမွန်ပါ တယ်။ သွေးထွက်အောင် မှန်တယ်ဆိုရင်လည်း မမှားပါဘူး။ အသေးစိတ်တွေ မပြောတော့ဘဲ လိုရင်းပြောရရင်ဖြင့် ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် အသက်နဲ့ အိုးအိမ်ဆုံးရှုံးမှုတွေ၊ စစ်ပြေးဒုက္ခသည်တွေ ရှိနေပါတယ်။ သူတို့ဟာ ဘယ်သူ တွေလဲ၊ ဘာကြောင့် ခုလိုဆိုးမျိုးဒုက္ခတွေ ကြုံနေကြရသလဲ၊ သူတို့ကို ဘယ်သူတွေက ကူညီစောင့်ရှောက်နေသလဲ။ စစ်ဆေးကြည့်ရင် အဖြေတွေ့နိုင်ပါတယ်။

ငြိမ်းချမ်းရေး လမ်းပြမြေပုံ

သမ်္မတကြီးက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်လျက် နှစ်ဖက်ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ ပြောတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ဆက်လက် ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝအဆုံးသတ်စေမယ့် အပြီးသတ် သဘောတူညီချက်ရအောင် ဆောင်ရွက်သွားမယ်လို့ ငြိမ်းချမ်းရေး လမ်းပြမြေပုံကို ဩန်းဆိုသွားပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ သိသလောက်တော့ ကချင်မပါသေးဘူး ထင်ပါတယ်။

မော်ကွန်းတင်ခံရမယ့် အခွင့်အရေး

အထူးသဖြင့် ကမ္ဘာ့ အခြေအနေရော မြန်မာ့ အခြေအနေပါ အခွင့်သာမှု ရှိနေတဲ့ အခုလို အချိန်မျိုးမှာ ရာစုနှစ်တစ်ဝက်ကျော် ကြာလာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်ကို အပြီးတိုင် ရပ်စဲ ချုပ်ငြိမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အစိုးရတစ်ရပ်အဖြစ် ကမ္ဘာသမိုင်းမှာ မော်ကွန်းတင်ခံရမယ့် အခွင့်အရေးကို လက်မလွှတ်သင့်တဲ့အကြောင်း ကောင်းမြတ် သော မနသီကာရဖြင့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကျွန်တော် ဆောင်းပါး အချို့ ရေးခဲ့ဖူးပါတယ်။ တစ်ခါတော့ ကျွန်တော်က ရှေ့နေသားအဖ ဟာသပုံပြင် တစ်ခုကို ကိုးကားပြီး ယခင်ခေတ်တစ်ခေတ်က အချိန်ဆွဲနေခဲ့သူတွေ အကြောင်း ပြောခဲ့ဖူးတယ်။ အခု အဲဒီပုံပြင်လေး ပြန်ပြောပါမယ်။

အဲဒီ အမှုနဲ့ မင်းကို ကျောင်းထားခဲ့တာ

နိုင်ငံရေး စိတ်ဝင်စားတဲ့ မြန်မာစာဖတ် ပရိသတ် အများစုကတော့ ကြားဖူးပြီးသား ဖြစ်မှာပါ။ ပုံပြင်က တိုတိုလေးပဲ။ သားရှေ့နေက ဖခင်ရှေ့နေ တစ်သက်လုံး လိုက်ခဲ့ ပေမယ့် မပြီးပြတ်ခဲ့တဲ့ သူဌေးကြီးတစ်ဦးရဲ့ အမှုကို သူပြီးပြတ်အောင် လိုက်နိုင် ခဲ့ကြောင်း အဖေကို ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတဲ့ အခန်းနဲ့ပုံပြင်ကို ဖွင့်ပါတယ်။ အဲဒီတော့ အဖေရှေ့နေက “မင်း တော်တော်မိုက်ပါလား၊ မင်းဘွဲ့တွေ ဘာတွေရပြီး အခုလို ရှေ့နေဖြစ်တဲ့အထိ အဲဒီသူဌေးကြီး အမှုကရတဲ့ငွေတွေနဲ့ ကျောင်းထားခဲ့တာကွ၊ နားလည်လား” လို့ ပြောလိုက်ပါသတဲ့။ ပုံပြင်လေးက ဒါပါပဲ။

ပြည်တွင်းစစ်ကို အချိန်ဆွဲနေခဲ့သလို

အဲဒီပုံပြင်လေးရဲ့ သက်တမ်းဘယ်လောက် ရှိခဲ့ပြီဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော်စပြီး ကြားဖူးတာတင် ဆယ်စုနှစ် အတော်ကြာခဲ့ပြီမို့ တော်တော်တော့ အသက်ကြီး နေလောက်ပါပြီ။ နိုင်ငံရေး စကားဝိုင်းတွေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းစစ်အကြောင်း ရောက်လာတိုင်းလိုလိုမှာ အဲဒီပုံပြင်လေးကို ကြားရလေ့ရှိပါ တယ်။ ပါလီမန် ဒီမိုကရေစီကို ဖျက်သိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အစိုးရတွေဟာ (ပုံပြင်ထဲက ဖခင်ရှေ့နေကြီး အမှုကို အချိန်ဆွဲ လိုက်နေသလိုမျိုး) ပြည်တွင်းစစ်ကို မပြီးနိုင်အောင် တမင် အချိန်ဆွဲနေခဲ့ကြတာ ဖြစ်တယ်ဆိုတဲ့အချက် ပေါ်လွင်အောင် ဖော်ပြဖို့ အဲဒီပုံပြင်လေးကို တီထွင်ခဲ့တာဖြစ်မှာ သေချာပါတယ်။

ပုံပြင်တို့ ပြက်လုံးတို့ဆိုတာက သူတို့ရဲ့ အခြေခံ သဘာဝအရကို ကွင်းကွင်း ကွက်ကွက် ထိထိမိမိ စူးစူးရှရှ ကွဲကွဲပြားပြားဖြစ်အောင် ဖော်ပြရတာမျိုး ဖြစ်တာကြောင့် တကယ့် အခြေအနေမှန်ကို ကိုယ်စားပြုတယ်လို့ မဆိုနိုင်ပါဘူး။ အထူးသဖြင့် ဖိနှိပ်မှု အောက်မှာ နေနေရတယ်လို့ ခံစားနေကြရတဲ့ ပြည်သူတစ်ရပ်ဟာ သူတို့က ဖိနှိပ်သူလို့ မြင်နေတဲ့ လူတန်းစားအကြောင်း ပြောဆိုရာမှာ လွန်ကဲတဲ့ ဥပမာတွေ၊ ဥဒါဟရုဏ်တွေ သုံးစွဲကြလိမ့်မယ်ဆိုတာ ဗေဒင်မေးစရာ မလိုပါဘူး။

သားရှေ့နေအဖြစ် မြင်ချင်ပြီ

ကျွန်တော်ကတော့ စစ်အစိုးရ အဆက်ဆက်ဟာ သူတို့ အကျိုးစီးပွားအတွက် ပြည်တွင်းစစ်ကို မပြီးအောင် တမင်အချိန်ဆွဲပြီး မွေးထားခဲ့ကြတာ ဖြစ်တယ်လို့ မယုံကြည်ပါဘူး။ အဲဒီအစား အတ္တတွေ၊ မာနတွေ၊ အာဃာတတွေ၊ သံသယတွေ၊ ဒေါသတွေကြောင့်သာ ပြည်တွင်းစစ် အခုအထိ သက်ဆိုးရှည်နေတာ ဖြစ်တယ်လို့ ယူဆသူပါ။

ကျွန်တော်တို့ကတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရကို ပုံပြင်ထဲက သားရှေ့နေအဖြစ် မြင်လိုလှပြီ ဖြစ်ကြောင်းပါဗျာ။

၂၉၊ ၉၊ ၂၀၁၂

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၃၊ အမှတ်-၁၁၄၊ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၄)

0 သမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီ မြန်မာဌာနမှူး ဒေါ်တင်ထားဆွေ တွေ့ဆုံမေးမြန်းခန်း (ရုပ်/သံ)

0 နိုင်ငံတော်ပိုင် မြေယာဆိုပါကလားဟရို့

ယမန်နေ့ကမိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်နှင့်အတူမိတ္ထီလာခရိုင်၊သာစည်မြို့နယ်၊ယင်းမာပင်တိုက်နယ်၊ ပြည်ညောင်ရွာသို့ရောက်ခဲ့သည်။ ပြည်ညောင်တစ်ရွာလုံးတွင် စိုက်ပျိုးမြေ ဧက အလွန်ရှားပါးနေလေပြီ။ အဘယ်အတွက်ကြောင့်နည်း ၊ ပုဂ္ဂလိက ကုမ္ပဏီများက နိုင်ငံတော်၏ အမိန့်ဖြင့် ရပ်ရွာနေ ပြည်သူများ၏ လယ်ယာမြေဧကများကို သိမ်းဆည်းနေ သကဲ့သို့ အုပ်ချုပ်ရေးပိုင်းဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုမောင်မှ ရပ်ရွာပိုင် မြေယာများကို မြို့နယ်အုပ်ချုပ်ရေးမှူး၏ သဘောတူညီချက်ပါသည်ဟု ယူဆရကာ လက်ညှိုးထိုးရောင်းစားနေခြင်းကြောင့်ဖြစ်လေသည်။

သို့အတွက် မကျေနပ်သည့် ကျေးရွာမှ လူများက လက်မှတ်ထိုး၍ တိုင်းဒေသကြီးအုပ်ချုပ်ရေးရုံးနှင့် နိုင်ငံတော်အဆင့်အထိ တိုင်တောခဲ့သည်။ သို့အတွက် လာရောက်စစ်ဆေးပေးသည် ဟုဆိုကာ ကျနော်တို့ ပြည်ညောင်ရွာသို့ ရောက်သည့်နေ့မှာပင် လာရောက်စစ်ဆေးကြသည်။ ထိုသို့စစ်ဆေးရာတွင် ဦးဆောင်တိုင်တောသူနှင့် နစ်နာရသဖြင့် လက်မှတ်ထိုးတိုင်ကြားသူ ၁၀ ဦးအား ရဲကင်းရုံးသို့ ခေါ်ယူစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် လာရောက်စစ်ဆေးသူ တိုင်းအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးဆိုသူက တိုင်တန်းသူများအား ဤသို့ စတင်ပြောဆိုခဲ့လေသည် “ခင်ဗျားတို့ရွာတည်ထားတာ နိုင်ငံတော်ပိုင်မြေပေါ်မှာ တည်ထားတာ၊ အဲတော့ နိုင်ငံတော်က ဖယ်ခိုင်းရင်ဖယ်ပေးရမှာပဲ။”

သို့ဆိုလျင် နိုင်ငံတော်ဆိုသည်မှာ အဘယ်နည်း။နအဖ လက်ထက်မှ ဦးသန်းရွှေလား။ လက်ရှိသမ္မတကြီး ဦးသိန်းစိန်လား။လွှတ်တော်ထဲရှိ လွှတ်တော်အမတ်များလား။ စစ်တပ်များ မှ စစ်သားများလား။ကျေးရွာ၊မြို့နယ်၊တိုင်းဒေသ အုပ်ချုပ်ရေး အရာရှိများလား။ ရဲကင်းများမှ အစရှိသော ရဲတပ်ဖွဲ့ဝင် များ ရဲအရာရှိများလား။ ရွေးကောက်ပွဲတွင် မိမိနှစ်သက်ရာ လူပုဂ္ဂိုလ်ကို မဲပေးရွေးချယ်ပေးခဲ့သော ရပ်ကျေး အဆင့်မှ အခွန်ထမ်းပြည်သူများလား။

ပြည်သူ့အစိုးရ၏ အုပ်ချုပ်မှုသည် ပြည်သူများအတွက်သာဖြစ်ရပေမည်။

ငယ်စဉ်ကတည်းက အရိုးစွဲနေထိုင်၊ ရှင်သန်လာခဲ့ ၊ မိဘ ဘိုးဘွားများက ဓားမဦးချခုတ်ထွင်ရှင်းလင်း လုပ်ကိုင်ခဲ့သော မြေယာများကို ဒေသအတွင်းမှ မဟုတ်သော ကုမ္ပဏီများမှ နိုင်ငံတော်“ အမိန့်” ဟူသော စကားလေးတခွန်းနှင့် လူသားချင်းစာနာသော တုန့်ပြန်မှု တခုမှမရှိဘဲ အသိမ်းခံနေကြရခြင်းအပေါ် ပြည်သူ့အစိုးရဟု အမည်ခံထားသော အစိုးရမှ မည်သို့လုပ်ပေးမည်နည်း။

ထိုသို့သော ဘိုးဘွားအဆက်ဆက်ပိုင်မြေယာများအား ယခင် နအဖ လက်ထက်ကလည်း လမ်းဖောက်ရန်ဟုဆို၍တမျိုး၊ ဆည်ဆောက်ရန်ဟုဆို၍တသွယ်၊ ရုံးဆောက်ရန်ဟု ပြော၍တနည်း အမျိုးအမျိုး အဖုံဖုံ လည်း အသိမ်းခံခဲ့ရလေသည်။ ယခု ပြည်သူ့အစိုးရဟု ဆိုသည့် အစိုးရကကော ထိုသို့သော မတရားမှုများကို ဆက်လက်ဖြစ်ပေါ်စေမည်လော။

ဖြစ်ပေါ်ခဲ့သောဖြစ်ရပ်များအတွက် ပြည်သူများဘက်မှ မည်သို့ရပ်တည်ပေးမည်လော။

လက်ပန်တောင်းတောင်တွင်အမှန်တကယ်မတရားခံရသော ကျေးရွာသူ ကျေးရွာသားများနှင့် ကျေးရွာများရွေ့ပြောင်းခံရသူများ နှင့်ပတ်သတ်၍ သမ္မတကြီးက ဤသို့ ပြောခဲ့ပါသည်။. ကျေးရွာသုံးရွာ ပဲကျန်တော့တာပါ။ အဲဒီကျေးရွာသုံးရွာမှာ လဲ ပြောင်းချင်တဲ့လူတွေကတော့ပြောင်းပေးနေပါတယ်။ မပြောင်းပေးတဲ့လူတွေကိုလဲ ကျေနပ်အောင်လုပ်ပေးဖို့ ပြောထားပါသည်ဟု နိုင်ငံတကာ၏ ရှေ့မှောက်တွင် ဖြေကြားခဲ့သည်။

တကယ့်ဖြစ်ရပ်မှာမှု လောလောဆည် ပြောင်းရွေ့ရန် ပြောထားသည်မှာ ရွာပေါင်း ၄ ရွာသာဖြစ်သည်။ ထိုရွာပေါင်း ၄ရွာတွင် ရွာ တစ်ရွာမှာ နေ၍မဖြစ်အောင် မြေများပုံလာသည့်အတွက် ပြောင်းပေးလိုက်ရခြင်းသာဖြစ်ပြီး ကျန်ရွာ သုံးရွာမှာ ကိုယ့် မိဘ ဘိုးဘွားများ ခေါင်းချခဲ့သော အိမ်များတွင်သာ ဆက်လက်နေထိုင်နေကြဆဲဖြစ်လေသည်။

ထိုသို့ ကုမ္မဏီများမှ ဇာတိရပ်ရွာနေ ကျေးလက်ပြည်သူများအား မတရားလုပ်နေခြင်းများအား နိုင်ငံတော်ပိုင်မြေများ ဖြစ်သဖြင့်ဟု အဖြေပေးလာမည်ဆို ပြည်သူမှလည်းနိုင်ငံတော်ဆိုသည်မှာ မည်သည်ကိုဆိုလိုသနည်းဟု မေးမြန်းလာပေတော့မည်။ ဇာတိရပ်ရွာနေပြည်သူများ၏ အကျိုးစီးပွားထိခိုက်ပျက်စီးနေသည်ကို ထိုစကားလေးတစ်ခွန်းနှင့် တကယ်ပင်အဖြေပေးကြမည်လော။

ဖတ်ရှုမိသူအပေါင်းလည်း ကူညီစဉ်စားပေးကြပါဦး၊ ထိုသို့သော နိုင်ငံတော်ပိုင်မြေ ဖြစ်သည်ဟူသော ပုံစံမျိုးနှင့် ပြည်သူများ၏ နစ်နာမှုများကို ဆက်လက်၍ မိတ္ထီလာပြည်သူ့အကျိုးဆောင်ကွန်ရက်မှလည်းတင်ပြပေးဦးမည်ဖြစ်ကြောင်း။

AungKo Oo

Sunday, October 7, 2012

1 " မြတ်သော ဧရာဝတီ " သရက်ထောင်မှာ ကိုမင်းကိုနိုင် ရေးခဲ့တဲ့သီချင်း...

0 KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟလသတင်းသာဖြစ်ကြောင်း KBZ ဘဏ် ဒု-ဥက္ကဋ္ဌ ပြောကြား

Photo..KBZ ပြီးခဲ့သည့် စက်တင်ဘာလကုန်နီးပိုင်းမှစတင်၍ မြန်မာနိုင်ငံ၏ နာမည်ကြီးဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဆရာကျောင်း(ခ) ဦးအောင် ကိုဝင်း စစ်ဆေးဖမ်းဆီးခံရသည်ဆိုသည့် သတင်းထွက်ပေါ်ချက်များသည် မဟုတ်မမှန်သည့် ကောလဟလသတင်းများသာဖြစ်ကြောင်း အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၃နာရီခွဲကျော်ခန့်၌ ယခင်ဗဟိုဘဏ်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ဖူးပြီး ယခုလက်ရှိ ကမ္ဘောဇဘဏ်၏ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်၏ ရှင်းလင်းပြောကြားချက် အရ သိရသည်။

"ဒီသတင်းက ကောလဟလတွေပါ။ အဖမ်းလည်းမခံရပါဘူး။ စစ်ဆေးမေးမြန်းတာလောက်ပဲရှိတာပါ။ ပြီးတော့ ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ ညနေမှာ MRTV ကနေ တိုက်ရိုက်လွှင့်မယ့် မြန်မာ-ဘရုနိုင်း ဘောလုံးပွဲမှာ သူကိုယ်တိုင် လာကြည့်မှာပါ။ အဲဒီကျရင်တော့ ရှင်းသွားမှာပါ"ဟု ၎င်းက ပြော ကြားသည်။

အဆိုပါ ကောလဟလသတင်းထွက်ပေါ်မှုနှင့် စပ်လျဉ်း၍ KBZ ဘဏ်၏ ဒု-ဥက္ကဋ္ဌမှ ယင်းသို့ မဟုတ်မှန်သတင်းထွက်ပေါ်ရခြင်း၏ အကြောင်းမှာ အခြားပြည်သူတစ်ချို့မှ ငွေအလုံးအရင်းများ ပြန်လည်ထွက်ရှိစေရန်နှင့် ဒေါ်လာဈေးများ ရွှေဈေးများ ပြန်လည်တက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ကောလဟလသတင်း ထွက်ပေါ်မှုသည် တစ်နှစ်လျှင် သုံးကြိမ်ခန့်မျှ ထွက်ပေါ်တတ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။

"ဒီလိုသတင်းတွေထွက်တယ်ဆိုတာကလည်း ငွေအလုံးအရင်းတွေ အပြင်ကိုပြန်ထွက်လာပြီး ဒေါ်လာဈေးတွေ ရွှေဈေးတွေ ပြန်တက်လာအောင် လုပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီလိုကောလဟလသတင်းကလည်း တစ်နှစ်ကို သုံးကြိမ်လောက် ထွက်ပါတယ်။ အရေးကြီးတာကတော့ ပြည်သူတွေ အနေနဲ့ ဒီလိုကောလဟလသတင်းတွေကို အထင်မမှားပဲနဲ့ ယုံကြည်ပေးဖို့က အရေးကြီးဆုံးပါပဲ"ဟု ဆိုသည်။

အဆိုပါ ကောလဟလသတင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဘဏ်ရုံးခွဲ၌ ငွေအပ်နှံထားသူ အမျိုး သမီးတစ်ဦးက ၎င်းသည် အောက်တိုဘာလ ၅ရက်နေ့၌ ယင်းမဟုတ်မမှန်သတင်းအား ကြားသိရ၍ မြောက်ဥက္ကလာပမြို့နယ် ဘဏ်ရုံးခွဲသို့ ချက်ခြင်းသွား ရောက်ထုတ်ယူရာ မရသောကြောင့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ရုံးချုပ်သို့ လာရောက်ထုတ်ယူရခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းမှ အမျိုး သမီးတစ်ဦးက ပြောကြားသည်။

"အခုလို KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရတယ်ဆိုတော့ ချက်ခြင်း ငွေထုတ်ဖို့ အပ်ထားတဲ့ မြောက်ဥက္ကလာရုံးခွဲကိုသွားတာ မရတာနဲ့ အခုပြည်လမ်း က KBZ ရုံးချုပ်ကို လာပြီးငွေထုတ်တာပါ။ အခုလိုမျိုး သတင်းအမှန်ကြားရတော့ ဝမ်းသာပါတယ်" ဟု ၎င်းက ဆိုသည်။

၎င်းတို့ ကမ္ဘောဇဘဏ်အနေဖြင့် အောက်တိုက်ဘာလ ၄ရက်နေ့၌ ကမ္ဘောဇဘဏ်ရုံးခွဲအား သုဝဏ္ဏမြို့နယ်၌ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဘဏ်ရုံးခွဲအပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် ၎င်းတို့ ဘဏ်ရုံးခွဲပေါင်း ၇၉ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ကမာရွတ် မြို့နယ် ပြည်လမ်းကမ္ဘောဇဘဏ်၏ မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းချို၏ ပြောကြားချက်အရ သိရသည်။

"ကျွန်တော်တို့ KBZ ဘဏ်ရုံးခွဲတွေကို ရွာတွေအထိ ဖွင့်သွားဖို့ ရှိပါတယ်။ ပြီးတော့ သူများနိုင်ငံတွေမှာ ATM တွေက ထောင်ကျော်ရှိနေပြီ။ အခု အစ်ကိုတို့မှာက ၈၀လောက်ပဲ ရှိပါသေးတယ်ဆိုတော့ ဘဏ်စနစ်တွေကောင်းမွန်အောင် အများကြီးလုပ်ရဦးမှာ။ ဘဏ်စနစ်တွေကောင်းမှလည်း လုပ်ငန်း ရှင်တွေ အစဉ်ပြေပြေ လည်ပတ်နိုင်ပြီး တိုင်းပြည်တိုးတက်မှာပါ" ဟု ၎င်းက ဆိုသည်။

ထို့နောက်အဆိုပါ ကောလဟလသတင်းထွက်ပေါ်ရသည့်အကြောင်းအရင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးရှိဘဏ်များအား အောက်တိုဘာလ ၁ရက်နေ့တွင် ပိတ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း ၎င်းတို့အနေဖြင့် ခြောက်လတစ်ခါ ငွေစာရင်း ချုပ်သည့်အတွက်ကြောင့် အောက်တိုဘာလ ၁ရက်နေ့ အား ပိတ်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌လည်း ဘဏ်အားလုံးပိတ်၍ ငွေစာရင်းချုပ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် ယင်းသို့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ အဖမ်းခံရခြင်းဆိုသည့် မဟုတ်မမှန်သတင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၁နာရီ မှစတင်၍ ဗဟိုဘဏ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန်ရှိကြောင်း သတင်းရရှိသည်။

ATM (Yangon chronicle)

0 မြန်မာ့စီးပွားရေးအလှည့်အပြောင်းနှင့် ခရိုနီပွတ်တိုက်မှု

ယခုတစ်လော ဘဏ်လောက တွင် ငွေကြေး အရှုပ်တော်ပုံများရှိနေပြီး ကမ္ဘောဇဘဏ်ဥက္ကဌအား သက် ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေသည် ဟူသော ကောလ ဟာလများ ထွက်ပေါ်နေပြီး သောကြာနေ့က ကမ္ဘောဇ ဘဏ်များတွင် ပုံမှန်မဟုတ်သော ငွေ သွင်းငွေထုပ်မှုများကို အကြောင်းပြကာ ကမ္ဘေဇ ဘဏ် ဒေ၀ါလီခံရပြီဟု ပြည်သူ လူထုအကြား ထိတ်လန့်အောင် လှုံ့ဆော်မှုများပေါ်ထွက်ခဲ့သည်။

ခဲမှန်ဖူးသော ပြည်သူလူထုသည်လည်း အဟုတ် မှန်ထင်ကာ ဘဏ်များမှ ငွေထုတ်ယူ မှုကြောင့် ငွေကြေး အကြပ်အတည်းဖြစ်ပေါ်လုနီးပါးဖြစ်ခဲ့ရသည်။ သင်္ဃန်းကျွန်းဘဏ်ခွဲတွင် ငွေထုတ်သူပြည်သူများမှာ ည ၈ နာရီအထိစောင့်ဆိုင်း ကာ ငွေများထုတ် ယူခဲ့ကြသည်။ ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကမ္ဘေဇဘဏ် ဒုဥက္ကဌ မှပြောကြားရာ "ဒီလိုပုံစံမျိုး အရင် တစ်ခေါက်ကလည်း လုပ်ခဲ့ပြီးပြီ။ အခုတစ်ခေါက်က သေသေချာချာ အကွက်ချပြီး လုပ်ခဲ့ တာ၊ အောက် တိုဘာ ၁၊၂၊၃၊၄ ရက်တွေက ပုံမှန် ဘဏ်မှာ လူကြပ်ရက်တွေပါ။ ဘဏ်တွေ ၆ လချုပ်ပိတ်တဲ့အချိန် စာရင်း ချုပ်နေလို့ ငွေလွှဲတွေ၊ အတိုးတွေ၊ ငွေထုတ်တာတွေ ခဏ ရပ် တဲ့အချိန်ပါ။ တခြားဘဏ်တွေလဲ ဒီလိုပါဘဲ။

ဒါကိုအကြောင်းပြပြီး ပြည်သူတွေအကြားရှုပ်ထွေးမှုဖြစ်အောင် လုပ်တာ၊ ပြည်သူတွေ ဘဏ်တွေ ကို ယုံကြည် မှုမရှိဘဲ ငွေလက်ကိုင်သုံးစွဲမှ ငွေကြေးဖောင်းပွမှုဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အဆမ တန်မြင့်အောင် လုပ်လို့ရမှာကို၊ ပြည်သူတွေဘက်ကလည်း လိမ်ဆင်ကြီး ထဲမ၀င်အောင်သတိထားဖို့လိုမယ်" ဟုပြောကြားသွားပါတယ်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) အားဆက်သွယ်မေးမြန်းရာ၊ တာဝန်ရှိသူတစ်ဦးက "ယခုလောလောဆယ် ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်တဲ့ အမှုတစ်မှုမှ မရှိသေးပါဘူး။ ဥပဒေပြင်ဆင်ဖို့နဲ့ အဖွဲ့ကို ဖွဲ့စည်းပုံပြင်ဖို့ကိစ္စတွေပဲရှိပါတယ်"ဟု အတည်ပြုဖြေကြားသွားပါတယ်။ ယခုဖြစ် ရပ်များနှင့်ပတ်သက်ပြီး လေ့လာသူ ကိုမျိုးညီညီက သုံးသပ်ပြောဆိုရာမှာ"အရင်ကကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးအခြေအနေကဘာနဲ့တူသလဲဆိုတော့ ကျောက်ကမ်းပါးစောင်းမှာ ကျောက်တုံးတစ်တုံးလိမ့်နေတာနဲ့တူတယ်၊ အရှိန်လေးရနေတော့ စီးပွားရေးသမားတွေကော၊ ပြည်သူတွေကပါ သတိမထားမိဘူး။ စီးပွားရေးတွေ လည်ပတ်နေတယ်ပေါ့၊ အခုအစိုးရပြောင်းပြီးနောက်ပိုင်းမှာ စီးပွားရေးပေါ်လစီတွေ တစ်ခုပြီးတစ်ခုပြောင်းလဲလုပ်ဆောင်နေတော့ အရင် ချောက်ထဲကိုဦးတည်နေတဲ့အရှိန်ရပ်သွားတယ်၊ ရပ်သွားတော့ အကုန်လုံးလုပ်ရကိုင်ရတာခက်ကုန်တယ်။ ကားပါမစ်မရှိတော့ဘူး။ ကားဈေးတွေကျ လာတယ်၊ အရင် ကျပမ်းကားပွဲစားတွေ စထိလာတယ်။ နောက်မြေဘက်ကို လှည့်သွားတယ်။ မြေဈေးတွေ တက်ကုန်တယ်။ အစိုးရပြန်ကိုင်မယ်ဆိုရော တက်တဲ့ဈေးတွေ ပျောက်ချင်းမလှပျောက်ကုန်တယ်။ အဲဒီတော့ အချောင်ရတဲ့ ပါမစ်စီးပွားရေးတို့၊ ခွင်တို့ဆိုတာတွေ သိပ်မတွေ့ရတော့ဘူး၊ ပါမစ်သမားနဲ့ ခွင်သမားတွေ စားခွက်ပျောက်လာတယ်၊

တစ်ချို့အရင်အစိုးရလက်ထက် အောင်မြင်တယ်လို့ပြောနေတဲ့ အမရာဘဏ်တို့ ထူးထရေးဒင်းတို့တွေက တဖြည်းဖြည်းအကျဘက်ကိုရောက်နေပြီ။ အဲဒီထဲကမှ ကမ္ဘေဇ ဘဏ်တို့ Max တို့ကျတော့ အချိန်မှီပြောင်းလဲပြီး Clean Business ဘက်ကိုဦးတည်လာနိုင်တယ်။ အခွန်ပေးသွင်းမှုစာရင်းကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီ။ နောက် သမ္မတကြီးဦးသိန်းစိန် ရဲ့ ပြောင်း လဲမှုကြောင့် နိုင်ငံ တကာကစီးပွားရေးသမားတွေကလည်း မြန်မာနိုင်ငံကို တဖြည်းဖြည်းဝင်လာတယ်။

ဝင်လာတဲ့သူတွေကလည်း ယခင်နာမည်ပျက်စီးပွားရေးသမားတွေထက် အခြားနာမည်ပျက်မရှိသူတွေကို ဦးစားပေးစဉ်းစားလာတယ်။ ဥပမာ Coaca Colar တို့ Pepsi တို့ပေါ့။

ဒီအချက်တွေကိုကြည့်ရင် နိုင်ငံရဲ့စီးပွားရေးသမားတွေထဲမှာ နောက်ပြန်လှည့်ချင်တဲ့သူတွေရှိနေတယ်ဆိုတာ ထင်ရှားတယ်။ သူတို့ တွေက Clean Business ကိုအလေ့အကျင့်မရှိဘူး။ မတိုးနိုင်ဘူး။ ဒီတော့နောက်ပြန်လှည့်ဖို့ နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတာပါ။ ဒါမြန်မာ့စီးပွားရေးအလှည့်အပြောင်းမှာ ခရိုနီပွတ်တိုက်မှုဖြစ်တာပါ။ ဒါကို အစိုးရ ပိုင်းကော ပြည်သူတွေကပါ သတိရှိဖို့လိုတယ်။ သူတို့တွေ ဆွဲခေါ်တိုင်းလိုက်ခဲ့ရ တာ နှစ်၂၀ ကျော် ပါပြီ။ ဒီအချိန်မှာ မအ သင့်တော့ဘူး။ အစိုးရပိုင်းကလည်း လိုအပ်တဲ့အရေးယူဆောင်ရွက်မှုမျိုးတွေ လုပ်ပေးဖို့ လိုပါတယ်။ ပြည်သူတွေဖက်က ရှင်းရှင်းလင်းလင်းသိအောင်လို့လည်း Public Report လုပ်ဖို့လိုပါတယ်။ နိုင်ငံရေးမှာတင် Transparency ရှိဖို့လိုတာမဟုတ်ပါဘူး။ စီးပွားရေးပိုင်းမှာလည်း လုပ်ငန်းရှင်တွေဘက်က Transparency ရှိဖို့လိုပါတယ်" ဟု ထောက်ပြပြောဆိုသွားပါတယ်။

News from :People Development For Knowledge
Post By : Aye Chan Mon

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.