Tuesday, December 4, 2012
0 လက်ပံတောင်းတောင်အကြမ်းဖက်မှုတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသမှု ခံယူနေတဲ့ ဆရာတော်တစ်ပါး စိတ်ဝေဒနာခံစားရ
ဆရာ တော် ခ ဗျာ ပုံ မှန် ပြန် ဖြစ် ဖို့  အရမ်း ခက် သွား ပါ ပြီ။ ယခု မြင် ရသည့် အတိုင်း ဘော ပင် ကို တံတွေး ဆွတ် လိုက် စာ ရွက် မှာ အမှန် တွေ ခြစ် လိုက် လုပ် နေ ရှာ ပြီ ။ ကယ် တင် ပေး ကြ ဦး ။
Photo and news ..အောင်သီဟ Facebook(Mandalay)
Monday, December 3, 2012
5 နိုင်ငံတော်အဆင့်တောင်းပန်မှသာ ကျေနပ်မည်ဖြစ်ပြီး ပြည်ပတွင် ကြပ်ကြပ်မက်မက်ကုသရန်လိုအပ်ဟု သံဃာတော်များဆို
မုံရွာဆေးရုံကြီးမှသံဃာတော်များမန္တလေးပြည်သူ့ဆေးရုံကြီးရောက်ရှိလာပြီးနောက် ရောက်ရှိလာသောသံဃာတော်များအနေဖြင့် နိုင်ငံတော်အဆင့်တောင်းပန်မှသာ အပြစ်ပေါ့မည်ဖြစ်ပြီး သံဃာတော်များအနေဖြင့်လည်းကျေနပ်နိုင်မည်ဖြစ်ကြောင်းနှင့် ဒဏ်ရာပြင်းထန်သော သံဃာတော်များအနေဖြင့်ုပြည်ပတွင်သွားရောက် ကုသရန်လိုအပ်ကြောင်းမန္တလေးသို့ရောက်ရှိ လာသော သံဃာတော်များကို ကြီးကြပ်သည့်ပခုက္ကူကျောင်းတိုက်မှ အရှင် ဇ၀နက မြန်မာ့ခေတ်သို့မိန့်ကြားသည်။
ဘုရားသားတော်များဖြစ်သော သံဃာတော်များသို့ ယခုကဲ့သို့ကာယကံမြောက်စွာ ကျူးလွန်မှုအပေါ်နိုင်ငံတော်ရှိ တာဝန်သိသောတာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ယူပါက အပြစ်ပေါ့မည်ဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိသံဃာများအနေဖြင့် လည်း နိုင်ငံတော်အဆင့်တောင်းပန်မှသာ ကျေနပ်နိုင်မည်ဖြစ်ကြောင်း သဘောထားများထုတ်ပြန်ခဲ့သည်ဟု သိရသည်။
"ဦးဇင်းတို့ကတော့ နိုင်ငံတော်အဆင့်တောင်းပန်မှပဲကျေနပ်မယ်၊ဦးဇင်းတို့ကဘုရားသားတော်ဆိုတော့ မေတ္တာတရားရှေ့ထားပြီးခွင့်လွှတ်ပေးလိုက်မှာ၊ဒါပေမယ့် သူတို့အတွက်ဒီလိုတောင်းပန်မှသာကျေလိမ့်မယ်၊ကျေမှပဲကျေမယ်၊ကာယကံမြောက် ကျူးလွန်ထားတာ၊အဲဒီအတွက်သူတို့အပြစ်ပေါ့တာပေါ့၊ အဇာတသတ်မင်းတောင် ဖခင်ကိုသတ်တဲ့ဟာ
2 လက်ပန်းတောင်းတောင်နဲ့ ထပ်ထားတဲ့တိုင်းပြည်ရဲ့ကံကြမ္မာ နှင့် ချဉ်ပေါင်ချဉ်ရည်ချက်တဲ့နေ့ကမွေးတဲ့ သွဲ့သွဲ့ဝင်း
မနက်က6နာရီနိုးတယ် ဆောင်းကသူရောက်လာပြီလို့ ကယောက်ကယက်အိပ်မက်လေးနဲ့ ကျွန်တော့ကိုလှုပ်နိုးတာ အမြဲတမ်းဒီနေ့ ပဲအခုလဲညကအိပ်မက် စမက်ပါတယ်
အဲဒါဆိုရင်ဆောင်ချမ်းမြမြ ဟာ. ----မဟုတ်တော့ပါ ဆောင်းချမ်းမမြတော့ပါ ----နာရီဝက်ကြာသည်ထိ စောင့်ကြည့်တော့ ကျွန်တော့နှလုံးသားကပူလျှက်ပါ
လက်ပန်းတောင်းတောင်အတွက်ပူလျှက်ပါ မြုံနေတယ်လို့  ငြိမ်သက်နေလွန်းတယ်လို့ ထင်မိလို့ တစ်ယောက်ထဲပူနေတာပါ ကျွန်တော်က အဲဒီတောင်နားကလာတာအမေ အဖေ ကအဲဒီတောင်ဟိုဘက် ကပ်ရက်(၁၀) မိုင်မှာအခုရှိနေသေးတယ် အမေအဖေ သတိရတော့လည်း စိတ်က အဲဒီတောင်ကိုကျော်ပြီး အမေအဖေဆီ မရောက်နိုင်တော့ပါ ကျွန်တော့နှလုံးသားမှာနေရာယူထားသူများလည်း ဒီဆောင်းချမ်းမြမြမှာ ဒီတောင်ကိုကျော် ပြီးနေရာမယူနိုင်တော့ပါ တိုင်းပြည်ရဲ့ကံကြမ္မာဟာ ဒီလက်ပန်းတောင်းတောင်နဲ့ ထပ်နေပါတယ်လို့ သူရူးတစ်ယောက်လို ကျွန်တော်တစ်ယောက်ထဲအော်ပြောနေတာပါ
အခု ဗဟိုချက်တွေ ဒီတောင်ကိုလာပြီးစုနေပြီမဟုတ်လား မြန်မာတို့ ရဲ့ သမိုင်းပုံနဲ့ ဆက်စပ်နေပါတယ်လို့ ပြောပါတယ်အဲဒါက လက်ပန်းတောင်းတောင်ဘေးက
( ၂ )မိုင်ပဲဝေးတဲ့ ပြဿနာတက်တဲ့ ထဲပါတဲ့ မိုးကြိုးပြင်ရွာမှာ ကျောက်ခေတ်(စ လယ် ဆုံး) (Paleolithic, Mesolithic,Neolithic)

ကျောက်သင်္ချိုင်းရယ် ၊ စပယ်တောင်၊ကြေးစင်တောင်၊လက်ပန်းတောင်းတောင်ဆိုတဲ့အဲဒီတောင်သုံးလုံးကို ဆန်းကျယ်တဲ့ ဓါတ်သတ္တုတွေနဲ့ ဖြစ်ပေါ်စေခဲ့တဲ့
မြန်မာ့အစောဆုံးရေမြေက အစောဆုံး မဟာပေါက်ကွဲမှုဖြစ်တဲ့ စပယ်တောင်အစွန်းက နေ ၂ မိုင်အကွာစီတန်းစီပြီးချင်းတွင်းမြစ်ကို မျဉ်းဖြောင့်ကြီးတစ်ကြောင်းလို ဖြတ်တက်သွားတဲ့ မီးတောင်ဟောင်းထိပ်ဝ တွင်းကြီး (၅) တွင်းရဲ့ ထိပ်ဆုံးတွင်းဝရဲ့ နှုတ်ခမ်းမှာ မြန်မာပြည်ရဲ့ သမိုင်းပုံကိုပြောင်းသွားစေခဲ့တဲ့
ညောင်ကန်ကြေးခေတ်(Bronze Age) သင်္ချိုင်းကိုသွားတွေ့ တာရယ်ကိုပြောတာပါ NASA အာကသသိပ္ပံမှာရေဒီယိုကာဗွန် ၁၄စီ(CarbonDating)နည်းနဲ့ 
သက်တမ်းတွက်ခိုင်းတော့ လွန်ခဲ့ တဲ့နှစ် (4000) က အဆင့်မြင့်တဲ့ မြန်မာပြည်ထဲက ပထမဆုံး ယဉ်ကျေးမှုနောက်တစ်ခေတ်ကိုမြှင့်တင်လိုက်တဲ့နေရာအဖြစ်ကမ္ဘာက
အသိအမှတ်ပြုသွားပါတယ်။ ပထမဆုံးသတ္တုကိုစကိုင်ပြီး မြန်မာပြည်ထဲမှာကျောက်လက်နက်ကနေ ကြေးလက်နက်ကိုပြောင်းကိုင်လိုက်တဲ့ကြေးခေတ်ယဉ်ကျေးမှုကို ကမ္ဘာကိုကြေငြာနိုင်ခဲ့တယ်။ ပထမဆုံးကြေးလက်နက်တွေက အဲဒီ စပယ်တောင်၊ကြေးစင်တောင်၊လက်ပန်းတောင်းတောင်က ကြေးတွေဆိုတာရှေးဦးလူတွေ ကြေးထုတ်ယူသွားတဲ့ ကြေးဖိုတွေတွေ့ ပြီးသာပါ အဲဒီသမိုင်းပါပျောက်သွားမှာ စိုးပါတယ်။


ရောင်းစားကြတာလဲ မိုက်မဲလွန်းလှတယ်။ စစ်ပြန်စစ်မှုထမ်းတွေဆိုက်ကားနင်းနေရလို့  သူတို့ဘဝတွေမြှင့်တင်ဖို့ ဒီတောင်ဖြတ်ရောင်းရတာလို့
လွှတ်တော်လိုနေရာမျိုးကနေ သတင်းစာတက်ရှင်းတာကိုနိုင်ငံတကာက ရယ် နေရင်အဲဒါကျွန်တော်တို မဟုတ်ဖူးလို့သူတို့ ကြားနိုင်ပါ့မလား
ကံကြမ္မာကလက်ပန်းတောင်းတောင်လို့ ပြောရတာကအမှန်ပဲ။
အင်အားအကြီးဆုံးနိုင်ငံက သမ္မတကို မနေ့ ကပေါင်းပြီး ဒီနေ့ ဒီပြဿနာကို ရုပ်ပျက်ဆင်းပျက် ယောင်းမမြင်းစီးထွက်လိုက်ရတဲ့သမ္မတခမျာ သနားစရာ ခန့် ထားတဲ့အရပ်သားဝန်ကြီးများသနားစရာ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့  ပူးပေါင်းလုပ်ကြစို့ ပြောလို့ ယုံမိတဲ့အတိုက်ခံတွေသနားစရာသမ္မတထွက်မလာနိုင်သေးပါ အနည်းဆုံးအမေရိကန်နိုင်ငံခြားရေးဝန်ကြီးကပါးရိုက်ပါလိမ့်မယ် သူ့သမ္မတကိုလိမ်ငြာပြီးဒီနိုင်ငံထဲ အာမခံပြီးသွင်းမိထားပြီးကမ္ဘာမှာအရှက်ကွဲနေတဲ့
စမတ်ပါဝါ ဖြစ်သွားပါတယ် သွားသွား လုပ်လုပ် ဝင်ဝင် ဆိုပြီးလစ်ဗျားအမေရိကန်သံအမတ် အသတ်ခံလိုက်ရသောကြောင့် ကလင်တန်အစစ်ခံနေရပါတယ် မြန်မာပြည်သမ္မတကိုပိုပြီးစိတ်ဆိုးပါလိမ့်မယ်။
မြန်မာနိုင်ငံ၏တရားဥပဒေသည် ရင်းနှီးမြှူတ်နှံသူများကို ကာကွယ်ပေးရမည် ဟုဆန်းကျယ်လှသောအရေးပေါ်အနီရောင်ဆိုင်းဘုတ်ကြီးများအောက်မှ
လက်နက်ကိုင်ဆောင်ထားသောလုံထိန်းတပ်သားများက တရုပ်ကုမ္ပဏီ၏ရှေ့ မှရပ်ပြီး မိုးကြိုးပြင်ရွာသားများ ဝှက်မှေးရွာသားများအား ရင်ဆိုင်ပြီး နှိမ်နှင်းလိုက်သောအခါ မျက်ရည်ယိုဗုန်းများက ဘုန်းကြီးများ မီးလောင်သွားသည်ကို မျက်လှည့်ဟုသတင်းထုတ်ပြန်ပြီးမှ ဆောရီးဆောရီးဟု ၂ နာရီအကြာတွင်ပြန်ရုပ်သွားသည်ကိုမြန်မာတွေ ရယ်ပွဲဖွဲ့ ပြီးပျော်နေသော်လည်း ဆိုင်းဘုတ်တွင် တရုပ်စာမပါစေကာမူ ကမ္ဘာကဘာသာပြန်နိုင်ပြီဖြစ်ပါတယ်။

နှာစေးပြီးနေရာမှ သမိုင်းဘီးလည်ချိန်တွင် နောက်ဆုံးဆူးကို နှုတ်ရန်တည့်တည့်ရောက်လာသောအခါ သမ္မတကိုယ်တိုင်ဆူးစူးနေသည်ကို ကျွန်တော်အပါအဝင် မြန်မာပြည်သူများက သမ္မတကိုသနားနေကြပါသေးတယ် ညှစ်ပြီးရုန်းကာနောက်ဆုံးအားမာန်နှင့် နှုတ်မည်ဟုထင်နေတာလည်းပါပါတယ်
ဗဟိုချက်အားလုံး လက်ပန်းတောင်တွင်ဆုံသွားပါပြီ၊( ၅ )တန်းမျှပင်မအောင်သောဝက်မှေးရွာသူသွဲ့ သွဲ့ ဝင်းကို ယောင်္ကျားရင့်မကြီးအာဏာရှိသူတွေ
ရှင်းလို့ မရသည်မှာမှန်ကန်ခြင်းမရှိသောကြောင့် ရဲရင့်ခြင်း မရှိဆိုသည်ကို တစ်နိုင်ငံလုံးကပြတ်သားစွာနားလည်ထားဖို့ လိုပါတယ်
နောက်ဆုံး သမ္မတက ကိုယ်စားလွှတ်လိုက်တာပါဟုကြေငြာပြီးလာသော စေ့စပ်ညှိနှိုင်းရေးဇာတ်လိုက် ထွက်လာပါတယ် ကချင်ထဲသွားလိုက် ကရင်ထဲသွားလိုက်လုပ်ပြီးကျွန်တော်တစ်နိုင်ငံလုံး မြေပုံမလိုဘူး စကားပြန်မလိုဘူးသွားနိုင်တယ် ဘာလို့ တုန်းဆိုတော့ ကျွန်တော်ကအားလုံးကိုသိတယ်လေ အားလုံးကိုနားလည်တယ်လေအားလုံးကိုဘာသာပြန်နိုင်တယ်လေ ဟုကိုယ့်ကိုယ်ကိုထင်ထားလေသမျှ လက်ပန်းတောင်းတောင်ပေါ်တွင်ဘာသာမပြန်နိုင်တော့ပဲ ကျသွားရရှာပါတယ် ကိုယ့်ကိုယ်ကိုလဲနားမလည်နိုင်သေးဟုထင်ပါတယ်။
ငရုပ်သီးစိမ်းရောင်းသည့် (၅)တန်းမျှမအောင်သော ဝက်မှေးရွာသူ သွဲ့ သွဲ့ ဝင်း၏ရှေ့ တွင်မှန်ကန်ခြင်းမရှိလို့ ရဲရင့်ခြင်းမရှိသော သော်တာဆွေဆောင်းပါးထဲက
သူကြီးဦးဖြူသီးဖြစ်သွားရရှာပါတယ်
အံ့သြလောက်ဖွယ် မှတ်တမ်းတင်ရမည့်စကားများကို မြန်မာနိုင်ငံကို အုပ်ချုပ်နေကြသူများက တရုပ်ကိစ္စများတွင် မအောင့်နိုင်တော့လောက်အောင် (၄)တန်းအောင်အဆင့်ပင်မရှိသည့်စကားများ ထွက်ထွက်လာတတ်သည့်နမိတ်
2 တိုက်ပုံအင်္ကျီဝတ်ပြီး သူတော်ကောင်းယောင်ဆောင်နေသော ဦးစိုးသိန်း (သို့ မဟုတ်) ဒေါင်းယာင်ဆောင်သောကျီး နှင့် သူရဲ့သွေးသောက် ၀န်ကြီး ဦးအောင်မင်းတို့ အကြောင်းများ
သမ္မတကြီး၊ နိုင်ငံတော်အစိုးရ၊ လွှတ်တော်နှင့် ပြည်သူအများ သိစေရန်
ပြည်ထောင်စု ၀န်ကြီး - စက်မှု (၁)၊ စက်မှု (၂)၊ MIC ဥက္ကဌ တာဝန်ယူထားသော ဒေါင်းယောင်ဆောင်နေသည့် ကျီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးသိန်း၊ အစိုးရအဖွဲ့ ရှိနေသ၍ တိုင်းပြည်ဖွံ့ ဖြိုးဖို့ အတွက် အလွန်ခက်ခဲမည်ဖြစ်ကြောင်း ဗဟုအဖွဲ့ မှ ပြောဆိုချက်များအရ စာရေးသူမှာ တိုင်းပြည်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကြားသိခဲ့ရပါသည်။ ဘာကြောင်လဲလို့  စာရေးသူက မေးတဲ့အခါ ၁၉၉၆ လောက်က တနင်္သာရီ ရေတပ်ဌာန ချုပ်မှာ တာဝန်ထမ်းဆောင်စဉ်ကာလတွင် မြန်မာ နိုင်ငံရေပိုင်နက်အတွင်း ထိုင်းငါးဖမ်း စက်လှေတွေကို တစ်ခါဝင်ဖမ်းတိုင်း ၀ါးလက် (၁)စီးကို သူအတွက် ဘတ်ငွေ ၅ သောင်းပေးရကြောင်း၊ အစီး (၅၀၀) ထက်မနည်းခွင့်ပြုကြောင်း၊ မှောင်ခိုစက်လှေဆိုလျှင် ဘတ်ငွေ (၁၀၀၀၀၀) ပေးရကြောင်း၊ ငွေပေးရသည် အပြင် တစ်ခါတစ်ရံ ကော့သောင်း မိုတယ်မှ အဆိုတော်လေးများ ထည့်ပေးရကြောင်း၊ ထိုင်းလှေပိုင်ရှင်များမှ သူဌေးကျွန်း ဟိုတယ်သို့ ထိုင်းအမျိုးသမီးများကို ဦီးစိုးသိန်းအတွက် ပို့ ပေးရကြောင်းကို ကော့်သောင်းမြို့ မှ လှေလုပ်ငန်းရှင်များမှ ပြောဆိုနေကြသည်။စက်မှု(၂) ၀န်ကြီးဖြစ်စဉ်မှာလည်း စက်မှုဇုန်ကားထုပ်လုပ်ခွင့်လိုင်စင်ချပေးလျှင် တစ်စီးကို ကျပ်ဆယ်သိန်း ပေးရကြောင်း၊ စုစုပေါင်း အစီရေ (၃၀၀၀) ခန့် လိုင်စင်ထုပ်ပေး၍ တရားမ၀င်တင်သွင်းလာသော ကားများကို စက်မှုဇုန် လိုင်စင်ရအောင် ဆောက်ရွက်ပေးရသည့်အတွက် ပြည်သူတွေကြားမှာ ကယ်ရီခေါင်းဆောင် ဦးစိုးသိန်းဟု နာမည်ကျော်ကြားခဲ့ပါသည်။
ရွှေးကောက်ပွဲ နီးသည့်အခါ စက်မှုဇုန်ကားလိုင်စင် ထပ်မံချပေးပြီး မဲဆွယ်ခဲ့ပါတယ်။ ရွှေးကောက်ပွဲမှာ စက်မှုဇုန်မှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ အရေအတွက် များသည့်အတွက် မဲအရေအတွက် များများရကာ ပြည်ထောင်စု ၀န်ကြီးထပ်မံဖြစ်လာပါသည်။
ဝန်ကြီးဖြစ်လာသည့်အခါ ကျပ် ၁ဝ သိန်းလာဘ်ယူပြီးထုပ်ပေးထားသော တရားမ၀င် တင်သွင်းလာသည့် စက်မှုဇုန်ကားများကို ပြည်သူတွေ လက်ထဲရောက်သည့်အခါ ထပ်မံ၍ ဒါဏ်ငွေ ကျပ်သိန်း တစ်ရာခန့် ကို ဆောင်ခိုင်းပြီး သမ္မတကြီးကို ၀င်ငွေရှာနိုင်သည့် ၀န်ကြီးဌာနလို့ ပြောပြီး နေရာဝင်ယူပါသည်။ ဒါကိုရိုးသားသော သမ္မတကြီးမှ
0 မြင်းခြံမြို့မှလက်ပန်းတောင်းတောင်ဆန္ဒပြပွဲ အကြမ်းဖက်မှုအား ကန့်ကွက်ရှုံ့ချ ဆန္ဒဖော်ထုတ်ပွဲ မြင်ကွင်း
မြင်းခြံမြို့ မှကြွေးကြော်သံ
၁။ အကြမ်းဖက်မှု…. အလိုမရှိ…။
၂။သာသနာတော်ကို…. စောင့်ရှောက်ကြ…။
၃။သံဃာတော်များကို…စောင့်ရှောက်ကြ…။
သံဃာတော်…..။ကျောင်းသား…။ပြည်သူ….။စုစုပေါင်း အင်အား ( ၁၀၀၀ ) ကျော်ပါဝင်ဆင်နွှဲကြကြောင်းသတင်းရရှိပါတယ် ။
သတင်းဓာတ်ပုံ။ ။။ လင်းပွင့် သစ္စာ
Sunday, December 2, 2012
1 ၈၈မျိုးဆက်ကျောင်းသားများ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ သီးခြားတွေ့ဆုံ လက်ပံတောင်းအရေး ဆွေးနွေးခဲ့ကြ

လက်ပံတောင်းတောင် ကိစ္စရပ်များဆိုင်ရာအတွက် မုံရွာမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများထဲမှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ် နှင့် မြအေးတို့သည် ယနေ့ ဒီဇင်ဘာလ ၂ ရက် မွန်းလွဲပိုင်းတွင် မုံရွာမြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြပြီး ညနေ ၃း၀၀ နာရီတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနှင့် တစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
လက်ပံတောင်းတောင် အရေးကိစ္စများနှင့် လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင် ကိစ္စရပ်များကို ဆွေးနွေးကြရာတွင် ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့သည် ကော်မရှင်တွင် ပါဝင်ရန်ဆန္ဒမရှိကြသော်လည်း ၈၈မျိုးဆက်ကျောင်းသားများ အနေဖြင့် လက်ပံတောင်းတောင် အရေးကိစ္စများကို ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်စွာ ညှိနှိုင်းဆောင်ရွက် ပေးသွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
၈၈မျိုးဆက်ကျောင်းသားများသည် ညနေ ၅း၃၀ နာရီတွင် ဒေါ်အောင်ဆန်းစုကြည် ထံသို့ သွားရောက်ခဲ့ကြပြီး တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့ကြရာတွင် လက်ပံတောင်းတောင် အရေးကိစ္စများအပါအ၀င် နိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော ပြဿနာများနှင့် ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
၎င်းနောက် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်နှင့် မြအေးတို့သည် ၆း၅၀ နာရီတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာခဲ့ကြသည်။
88 Generation studients
Photo..Sun ny
4 ရာဇဝတ်သားတွေကိုတောင် လူသားပီပီသသ ဆက်ဆံရတာပါ။

ပုံ။ ဒီနေ့ ရန်ကုန်က လမ်းပေါ်မှာ ကိုအောင်စိုး(၇န်ကုန်ပြည့်သူ့အကျိုးဆောင်ကွန်ယက်) ကို သေနတ်ထောက် ကားပေါ်ဆွဲတင်ဖမ်းတယ်(Photo..Bo Bo htoon)
သူတို့လက်ပံတောင်းတောင်ကို ရောက်ရှိတဲ့ အချိန်မှာ တရုတ်လိုရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုကိုတွေ့ရလို့ ဖတ်တတ်တဲ့သူတွေကို မေးကြည့်တဲ့အခါမှာ `တရုတ်အမျိုးသားပိုင်နယ်မြေ´ လို့ ရေးသားထားခြင်း ဖြစ်ကြောင်း အချုပ်အခြာကို ထိပါးစော်ကားလာနေပြီဖြစ်ကြောင်းပြောဆိုသွားပါတယ်။အခုတော့ ကိုအောင်စိုး အဖမ်းခံလိုက်ရပါပြီအခု ခင်ဗျားတို့ ဖမ်းချင်နေတဲ့ လူတွေအားလုံးကို စာရင်းလုပ် ...ဖမ်းရမယ့် အကြောင်းအရင်းနဲ့ ဖမ်းဝရမ်းထုတ်ထားတာကြောင့် တာဝန်အရဖမ်းမယ်ဆိုတာကိုဖမ်းဝရမ်း(အစစ်) ပြပြီး အေးအေးဆေးဆေး သာပြောသူတို့က သိက္ခာရှိရှိ ဥပဒေအရ ရင်ဆိုင် အဖမ်းခံလိမ့်မယ်။ (ဥပဒေအတိုင်း ဖြစ်ပလေ့စေပေါ့ဗျာ။) ဘာလို့လဲဆိုတော့ .. အဲဒီ လူတွေက အများအတွက် သိက္ခာကို ရင်းပြီး အနစ်နာခံပြီး အလုပ်လုပ်နေကြတာ။ သိက္ခာကို တန်ဖိုးထားတယ်။
ဥပဒေကို တန်ဖိုးထားတယ်။ တရားဥပဒေအတွက် တိုက်ပွဲဝင်နေကြတာ။ တရားဥပဒေမဲ့မှုနဲ့ ခင်ဗျားတို့ကို တုန့်ပြန်မှာ မဟုတ်ဘူး။
ပြည်သူကို လေးလေးစားစား ဆက်ဆံပါ။ ရာဇဝတ်မှု ကျူးလွန်တဲ့ ရာဇဝတ်သားတွေကိုတောင် လူသားပီပီသသ လေးလေးစားစား ဆက်ဆံရတာ။ ဒီလူတွေက ရာဇဝတ် သမားတွေ မဟုတ်ဘူး။ ခင်ဗျားတို့ အကျိုးအတွက်ပါ ပါဝင်တဲ့ တိုက်ပွဲတွေ ကို ဝင်နေကြတာ။
ဒါ့ကြောင့် လေးလေးစားစား ဆက်ဆံဖို့လိုတယ်။လူရိုင်းတွေရဲ့ အပြုအမူနဲ့ အကြမ်းဖက်ပြီးဖမ်းမယ်ဆိုရင် .... အဲဒီ အပြုအမူကြောင့် လူမုန်း ပိုများတာပဲ အဖတ်တင်လိမ့်မယ်။
နိုင်ငံကြီးသား ပီသပါ။ ဥပဒေ ဘက်တော်သား ဝန်ထမ်းကောင်း ပီသပါ။ တရားဥပဒေကို လိုက်နာပါ။ ပြည်သူကို လေးစား တန်ဖိုးထားပါ။
အဲဒီ စံတွေ၊ တန်ဖိုးတွေအတိုင်းသာ လိုက်နာ ... ပြည်သူတွေက ဥပဒေ လိုက်နာဖို့ အသင့်ပဲ။
ဒါကြောင့် ခင်ဗျားတို့ ပြည်သူကို အကြမ်းဖက်ပြီး ဖမ်းစရာ မလိုဘူး။
(ကိုထိုက်)
0 လက်ပံတောင်းတောင်ကဲ့သို့ အကြမ်းဖက်မှုမျိုး မြန်မာ့သမိုင်းတွင်သာမက ကမ္ဘာ့သမိုင်းတွင်ပင်မရှိ
အဆိုပါ သုံးသပ်ပြောကြားချက်ကို ဒီဇင်ဘာလ ၂ရက်နေ့က တော်ဝင်နှင်း ဆီစားသောက်ဆိုင်တွင် ကျင်းပသော နိုင်ငံရေးအကျဉ်းသားဟောင်းများ ကွန်ယက်၏ လက်ပံတောင်းတောင် အကြမ်းဖက်မှု စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ မီးလောင်ဗုံးလို့ခေါ်တဲ့ ဒီလို ဓါတုလက်နက်ကို သပိတ်ဖြိုခွဲတဲ့နေရာမှာ သုံးတယ်ဆိုတာ ကမ္ဘာမှာ ကျနော်တို့နိုင်ငံက ပထမဆုံးပါပဲ “ ဟု ဓါတုဗေဒပညာရှင် စာရေးဆရာဒေါက်တာခင်မောင်ညို က ယင်း
0 အရှေ့တောင်အာရှတွင် တရုတ်၏ ကဏ္ဍမေးခွန်းထုတ်ဖွယ်ဖြစ်လာ
တရုတ်နိုင်ငံအတွက် တစ်ချိန်က ချစ်ကြည်ရင်းနှီးခဲ့သော အရှေ့တောင်အာရှသည် အဆင်မပြေသော အချိန်ရောက်နေပြီ ဖြစ်ပါသည်။ အငြင်းပွားနေသောကျွန်းများနှင့် ပတ်သက်၍ တရုတ်အပေါ်စိတ်ဆိုးမှုများ၊ တစ်ချိန်က စိတ်ချရသော မဟာမိတ်မြန်မာနိုင်ငံကလည်း ဒီမိုကရေစီ လမ်းကြောင်းလျှောက်နေမှုများ၊ ဒေသတွင်း အမေရိကန်၏စိတ်ဝင်စားမှု အသစ်တစ်ဖန် ဖြစ်လာမှုများရှိနေပါသည်။
Beijing အတွက်အခြေအနေများ ပြောင်းနေပြီဆိုသည်ကို ပြီးခဲ့သည့်အပတ်က ကမ္ဘောဒီးယားတွင်ကျင်းပသော အရှေ့တောင်အာရှနိုင်ငံများ တွေ့ဆုံမှုကို ရှုမြင်ခြင်းဖြင့် သိနိုင်ပါသည်။ မကြာမီ ရာထူးမှ ဖယ်ပေးရတော့မည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ပျော့ပြောင်းသည့် အသွင်ရှိ သော်လည်း တောင်တရုတ်ပင်လယ်ကျွန်းများကိစ္စတွင် ပြတ်ပြတ်သားသားတင်ပြလာမှုများကို ကြုံတွေ့လာရပါသည်။ ကမ္ဘောဒီးယားက အဆိုပါ အငြင်း ပွားမှုတွင် အမေရိကန်ကို ရည်ညွှန်းသော အခြားနိုင်ငံတစ်ခုခေါ်သွင်း မလာရန်အကြံပြုမှုကို ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ဗီယက်နမ်တို့က စိတ်ဆိုးစွာ တုန့်ပြန် ခဲ့ကြပါသည်။
တစ်ချိန်တည်းမှပင် Barack Obama သည်မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်သောအမေရိကန် သမ္မတတစ်ဦးအဖြစ် မိမိကိုယ်ကို ယုံကြည် မှုရှိသော ဖော်ရွေသော အမေရိကန်အဖြစ်ပြသခဲ့ပြီး တင်းမာမှုများ လျှော့ချရန်ပြောဆိုခဲ့သည်။
Beijing သည်၎င်း၏ပါဝါကြီးထွားလာရေးအတွက်ရုန်းကန်လျှက်ရှိပါသည်။ သို့သော် အမေရိကန်ကလည်း ဒေသတွင်းတွင် တရုတ်လွှမ်းမိုးမှုရှိနေခြင်းအား ငြင်းဆန်ခဲ့ပြီး အခြားတိုင်းပြည်များ
0 လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်သူများအား အကြမ်းဖက်ဖမ်းဆီး(ဓာတ်ပုံ)-ရုပ်/သံ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆန့်ကျင်ကာ ဆန္ဒပြ လမ်းလျှောက်ခဲ့ရာတွင် ပါဝင်သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား တရားရုံးမှ တရားဝင်အမိန့်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒုတိယရဲမှူးကြီး သက်လွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က ပြောကြားသည်။
“ငါတို့က တရားဝင် ဖမ်းဝရမ်းနဲ့ဖမ်းတာ ပန်းဘဲတန်းတရားရုံးက ရာဇသတ်ကြီး အမှတ် ၃၇၃/၁၂၊ ပုဒ်မ ၅၀၅(ခ) ကျောက်တံတား ရဲစခန်း ရာဇသတ်ကြီး အမှတ်၃၉၂/၁၂ ပုဒမ ၅၀၀နဲ့ ၅၀၅(ခ)တို့အရ ဖမ်းတာပါ”ဟု ဒုတိယရဲမှူးကြီးသက်လွင်က ပြောဆိုကာ ဆန္ဒဖော်ထုတ်လမ်း လျှောက် ရာတွင် ပါဝင်ခဲ့သော ကိုမိုးသွေးနှင့် ကိုအောင်စိုးတို့အား ငါးထပ်ကြီးဘုရား အနီး၊ ဗာဒံပင်မှတ်တိုင်တွင် ညနေ ၅း၁၅နာရီတွင် ဖမ်းဆီးသွားခဲ့ ခြင်း ဖြစ်သည်။
“ခင်ဗျားတို့ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား”ဟု လည်း အဆိုပါပုဂ္ဂိုလ်က ပြောဆိုခဲ့ရာ ဆန္ဒပြသူများဘက်မှ “အမေစုကို ယုံတယ် ခင်ဗျားတို့ကို မယုံတာ”ဟု ပြန်လည်ပြောကြားပြီး ရဲနှင့် ဆန္ဒပြသူများ နှစ်ဖက်ကြားတွင် ရုန်းရင်းဆန်ခတ်များ ဖြစ်ပွားခဲ့သည်။
မြန်မာ့ခေတ်















