Saturday, April 3, 2010
0 နအဖခေါင်းဆောင်အမည်နဲ့ “ဘ၀နတ်ထံပျံ”စကားလုံးတွဲသည့် သတင်းစာခေါင်းစဉ်ကြောင့် ပြဿနာဖြစ်

မိုးမခအင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
ဧပြီလ တရက်နေ့ထုတ် အစိုးရသတင်းစာ ခေါင်းစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်နှင့် ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ထားဖေါ်ပြခဲ့ခြင်းကြောင့် သတင်းစာတိုက်မှ ၀န်ထမ်းများ ပြဿနာဖြစ်နေကြောင်း ကြားသိရသည်
ပြီးခဲ့သည့် ရက်ပိုင်းက ပျံလွန်တော်မူ ခဲ့သည့် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် အဖွဲ့ဥက္ကဌ မကွေးဆရာတော်၏ ရုပ်ကလပ်ကို နအဖ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဖူးမြော်ကန်တော့ ဆိုသည့် သတင်းကို ရေးသားရာတွင် သတင်းခေါင်းစဉ်နေရာတွင် ဗိုလ်ချုပ်မှူးကြီး အမည်ကို ရှေ့ဆုံးမှ တင်ရိုးထုံးစံရှိသည့် အတိုင်းရေးသားပြီးမှ `ဘ၀နတ်ထံ ပျံလွန်တော်မူသွားသော ဆိုသည့် နာမ၀ိသေသနကို ကပ်လျက်ဖေါ်ပြခဲ့ရာ နအဖ ခေါင်းဆောင်အတွက် မကောင်းသည့် နိမိတ်အဖြစ် ယူဆက သတင်းစာတိုက်မှ ၀န်ထမ်းများ ပြစ်တင်ပြောဆိုခံရခြင်း ဖြစ်သည်။
နအဖ ခေါင်းဆောင်များနှင့် ပတ်သက်သည့် သတင်းများရေးသားရာတွင် သတင်းစာပညာရပ်၏ ထုံးထမ်းနည်းနာများကို ဆန့်ကျင်ပြီး အစဉ်အမြဲ ရှေ့ဆုံးသို့မဟုတ် ထိပ်ဆုံးမှ ဖေါ်ပြရေးသား ခံလိုခြင်း၊ ဘွဲ့နှင့် ရာထူးအပြည့်အစုံကို မည်သည့် သတင်းတွင်မဆို ရေးသားရမည့် ထုံးစံရှိခြင်းတို့ကြောင့် အစိုးရပိုင် သတင်းစာ အနေဖြင့် သတင်းစာပညာ သင်ကြားချက်များကို လျစ်လျူရှုကာ အာဏာရှင်များအကြိုက် ရေးသားဖေါ်ပြ နေကြရသည်။
ထိုသို့ အရှေ့ဆုံးမှ ဖေါ်ပြရမည်ဟူသည့် ညွှန်ကြားချက် အတိုင်းရေးသားခဲ့ရာမှ ယခုလို ရုတ်တရက် နားလည်မှုလွဲစေနိုင်သည့် သတင်းခေါင်းစဉ်မျိုး ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ပြည်တွင်းမှ ၀ါရင့် သတင်းထောက် တဦးက ပြောသည်။
အဆိုပါ သတင်းထောက်က
“အစိုးရသတင်းစာ မှာ နအဖခေါင်းဆောင် တွေအကြောင်းရေးသား ဖေါ်ပြတယ်ဆိုရင် အဲဒီသတင်းတွေဟာ သတင်းစာပညာအရာ အညံ့ဆုံး နမူနာတွေ ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆို တိုအောင် ရှင်းအောင် စာဖတ်သူနားလည်လွယ်အောင် ရေးခွင့်မရှိပဲ သူတို့ရဲ့ ဘွဲ့ထူးဂုဏ်ပုဒ်တွေကို တန်းစီပြီး ရေးလိုက်တာ စာကြောင်းသုံးကြောင်း လောက်ရောက်တာတောင် ဘယ်သူဆိုတာ မသိနိုင်သေးတဲ့အဖြစ်မျိုး၊
နောက်တခါ ဘာသတင်းလဲ ဆိုတာထက် လာကြည့်တဲ့သူ၊ လာစစ်ဆေးတဲ့သူကို ဦးစားပေးဖေါ်ပြတဲ့ အတွက်မူရင်းရေးချင်တဲ့ အကြောင်းက နောက်မှာ မှိန်မှိန်ပဲ ကျန်တော့တဲ့ ဟာမျိုး၊
နောက် နိုင်ငံခြားခေါင်းဆောင်တွေ လာတွေ့တယ်ဆို ဘာတွေဆွေးနွေးတယ် ဆိုတာတလုံးတပါဒမှ မပါဘဲ ၊ ဘယ်သူတွေရှိနေကြတယ်ဆိုတာပဲ ပါတာမျိုးပေါ့ ဒါကြောင့် သတင်းစာပညာ သင်တန်းတွေမှာ အညံ့ဆုံး ဥပမာပေးရင် အစိုးရသတင်းစာက သတင်းတွေကို ဥပမာပေးလေ့ရှိတာ”
ဟု ဆိုသည်။
ယခုအဖြစ်အပျက်ကြောင့် အစိုးရသတင်းစာတိုက်မှ တာဝန်ရှိ ၀န်ထမ်းများအား ဖမ်းဆီးခြင်းသို့မဟုတ် ရာထူးမှ ထုတ်ပယ်ခြင်းမျိုး မကြားသိရသေးသော်လည်း ဖြေရှင်းတောင်းပန်ရသည်ဆိုသည့် အနေအထားတွင် ရှိသည်ဟု အစိုးရ သတင်းစာတိုက်ဝန်ထမ်း တဦးကပြောသည်။
လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းတွင် ဗိုလ်ချုပ်ခင်ညွှန့်သတင်းနှင့် ကမ္ဘာ့လူလိမ်ကြီးများဟူသည့် သတင်းတို့ကို ဟိုဘက်ဒီဘက် ဖေါ်ပြမိသည့် အတွက်သတင်းစာတိုက်ဝန်ထမ်းများ အဖမ်းခံရခြင်း၊ ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင် ဆိုသည့် စကားရပ်ကို `မ´ဖြုတ်လိုက်ပြီး ဒီမိုကရေစီရနိုင် ဟုဖေါ်ပြမိသဖြင့် ၀န်ထမ်းများ စစ်ဆေးခံရပြီး အလုပ်မှထုတ်ပယ်ခဲ့ခြင်း တို့မကြာခဏဖြစ်ပွားခဲ့သည်။
0 ဥာဏ်မရှိ ကြံလိုက်တိုင်း မွဲ
ကိုဂျူး
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့တုန်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေများဟာ တရားမျှတမှု မရှိတဲ့အတွက် ပြန်လည် မှတ်ပုံတင်မှာ မဟုတ်တဲ့ အကြောင်း နဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြု ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်တဲ့ အကြောင်း ကြေညာ လိုက်ပါတယ်။ ပြည်သူတွေ ကတော့ နှစ်ထောင်း အားရ ကြိုဆိုကြပါတယ်။
မြန်မာတပ်မတော် စစ်ဗိုလ်ကြီးများ လိုချင်တဲ့ လမ်းကြောင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၂၀၀၈ အခြေခံ ဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ရမယ်။ ဒီချုပ် ၀င်ပြိုင်ရင် ရွေးကောက်ပွဲ တရားဝင် ဖြစ်မှုရပြီလို့ နိုင်ငံတကာ အလယ် ပြောအား ရှိသွားလို့ သူတို့အတွက် အတော် မက်လောက်ပါတယ်။ ပြိုင်လဲ ပြိုင်လိမ့်မယ်လို့ ထင်ထားတယ်။ နိုင်တော့ မနိုင်စေရဘူး၊ အစွမ်းကုန် ချမယ်၊ မနိုင်အောင် ညစ်မယ်။ ပြင်ဆင်ပြီးသား။ ၀င်ပြိုင်စေချင်လို့ “၀င်မပြိုင်ရင် ပါတီဖျက်မယ်´´ ဆိုတဲ့ အချက် ထည့်ထား တာပေါ့။ ရွေးကောက်ပွဲ ၀င်ဖို့ ဇောင်းပေး ရေးနေတဲ့ ဆောင်းပါးတွေကို ကြည့်ရင်လဲ သိသာပါတယ်၊ “စဉ်းစဉ်း စားစား ချင့်ချင့် ချိန်ချိန်” “အတွေးမမှား အရွေးမမှားဘို့” “လမ်းမှား မလိုက်ကြစေဘို့” “ဒီချုပ် ရေတိမ် မနစ်စေချင်ပါ” “နောင်သမိုင်းကြောင်း မှောင်မိုက်မသွားအောင် (၁) (၂)” စသဖြင့် . . .
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီအဖျက်ခံပြီး ရွေးကောက်ပွဲကို အခုလို “ကလန့်” ထွက်သွား ရဲလိမ့်မယ်လို့ မထင်ထားပါဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တောင် မထင်ဘူး။ သူတို့ အပြောအရ “ဘာတွေ ပြောနေနေ ရွေးကောက်ပွဲကြရင် ဒီချုပ်က ကောင်တွေ အမြှီးနှံ့ဝင်ကြမှာပါ၊ ရွေးကောက်ပွဲ ၀င်ချင်ရင် ဒေါ်စုနဲ့ ပါတီ ရပ်တည်ရေးကို လဲရမှာဘဲ” လို့ လျော့တွက် ထားခဲ့ကြတယ်။ ပြိုင်ဘက်ကို ဦးချိုး ကြိုးတုတ်ပြီး ထားခဲ့နိုင်မယ် ထင်ခဲ့ကြတယ်။ အခုတော့ ရွေးကောက်ပွဲ မ၀င်ဘို့ ဒီချုပ်က ဆုံးဖြတ်လိုက်တယ်။ ကမ္ဘာ့အလယ်မှာ တစ်ယောက်ထဲ ပြိုင်တဲ့ ပွဲကြီး ဖြစ်သွားအောင် လုပ်လိုက်တယ်။ ဒီချုပ် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂနဲ့ အမေရိကန် ပြည်ထောင်စုကပါ ခြေမြန် လက်မြန်နဲ့ ထောက်ခံလိုက်တော့ နအဖ နင်သွားပါတယ်။ တချို့ကတော့ ဒေါ်စုက side kick ပေးလိုက်တယ် ပြောပါတယ်။ ကျွန်တော် ကတော့ နအဖ တကွက် နောက်ကျ သွားပြီလို့ မြင်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ နအဖ လက်ခုတ်ထဲက ပါတီတွေ ပြန်ကြည့်တော့လဲ တစ်ယောက်မှ လောက်လောက် လားလား မရှိပါဘူး။
လူအင်အားရော ပါတီရံပုံငွေကော အားလုံး “ဟန်” ဘဲရှိပါတယ်။ တစညတောင် မဲဆန္ဒနယ် ရာဂဏန်း ၀င်ပြိုင်နိုင်ရင် ကံကောင်းပါမယ်။ ကျန်တာတွေက တစ်ပါတီ အလွန်ဆုံး အစိပ်သုံးဆယ် လောက်ဘဲ ၀င်နိုင်မဲ့ သဘော ရှိတယ်။ ဦးသုဝေနဲ့ ဦးရွှေအုံး နှစ်ယောက်က လွဲလို့ လက်တည့် စမ်းချင်တဲ့ ပုဂ္ဂိုလ်တွေ ချည်းပါဘဲ။ ဂျာနယ် တစ်စောင်မှာ တွေ့လိုက်ရတဲ့ ပါတီ ခေါင်းဆောင် ပေါက်စ တစ်ယောက် ဆိုရင် နိုင်ငံရေး လုပ်ကြည့်မယ်၊ မအောင်မြင်ရင် စာရေးမယ်တဲ့ဗျာ။
NLD မှတ်ပုံ မတင်တော့ နိုင်ငံရေး ပါတီတစ်ခုရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမယ် ဆိုကြတယ်။ အခုကော နိုင်ငံရေး ပါတီ အခွင့်အရေး ဘာများ ရနေလို့လဲ။ ၁၉၉၀ ရွေးကောက်ပွဲ ကထဲက ရလဒ်ကို အသိအမှတ်မပြုဘူး၊ တွေ့ဆုံ ဆွေးနွေးရေးကို ဆိုက်စီ (sexy) မဖြစ်လို့ ဆိုပြီး ငြင်းပယ်တယ်။ ပါတီ ခေါင်းဆောင်တွေကို စစ်တပ်သုံးပြီး ၀ိုင်းရိုက်တယ်၊ ဘာအမှုမှ မရှိဘဲ အကျယ်ချုပ် ချထားတယ်။ ပါတီရုံးတွေ ပိတ်ခံ ထားရတယ်။ လက်နက်ကိုင် အစောင့်ချထားတဲ့ ခြံထဲ သူခိုးဝင်တာကိုလဲ သတင်းပို့ရဲ့သားနဲ့ အပြစ် ရှိတယ်ဆိုပြီး ထောင်ထပ်ချတယ်။ ကုလ အထွေထွေ အတွင်းရေးမှုးချုပ်က လာပြီး လွှတ်ပေးဘို့ တောင်းပန်တာ၊ တွေ့ခွင့် တောင်းတာလဲ ခွင့်မပြုဘူး ဆိုတော့ သူပြောတဲ့ တရားဝင် နိုင်ငံရေး ပါတီ အခွင့်အရေးတွေက ဘာတွေလဲ မေးရမယ်။ NLD က မမက်တော့ဘူး။
ဦးသန်းရွှေပြောတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခုတောင် ရန်ကုန် မြို့တော်ဝန် စစ်ဗိုလ်ကြီးက စည်ပင် သာယာမှာ မောင်နှမသားချင်း မကြားဝံ့ မနာသာ မဲဆွယ်သွားတယ်။ ဘယ်သူမှ ဘာမှမ ပြောရဲကြဘူး။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလဲ အစကထဲက နိုင်ငံတော် အထောက်ပံ့ ခံပြီး ပြည်သူ့ ဘဏ္ဍာတွေနဲ့ ထောင်ထားတဲ့ လူမှုရေး အသင်းကနေ ခပ်တည်တည်နဲ့ နိုင်ငံရေး ပါတီ ပြောင်းလိုက်ပြီ။ ဘယ်မှာလဲ သူတို့ကိုယ်ပိုင် ပိုက်ဆံ။ တပြားမှမပါဘူး။ ဒီလုပ်ရပ်က ဘယ်မှာလဲ တရားမျှတမှု။ ရွေးကောက်ပွဲ ၀င်မယ် ဆိုသူတွေ ငုံ့ခံနေကြတယ်။ ငွေစာရင်းစစ်ဘို့၊ ကန့်ကွက် တောင်းဆို သင့်ပါတယ်။ ဒီလို မတရားတဲ့ ရွေးကောက်ပွဲကြီးကို နာမည်ပျက်ခံ ၀င်ပြိုင် နေဦးမလား၊ မတရား ညစ်နေတာ မျက်မြင်ဘဲ။ ၀င်ပြိုင်ရင်လဲ ရှုံးမှာဘဲ။
ကျွန်တော့် အမြင်ကတော့ မထူးတော့ဘူး NLD လုပ်သလို တစည အပါအ၀င် ဒီမိုကရေစီ လိုလားသူ ဆိုသူတွေ ညီညီ ညာညာနဲ့ ၂၀၁၀ ကို အားလုံး ကန့်ကွက်ပြီး ၀င်မပြိုင်ဘဲ နေလိုက်တာ အကောင်းဆုံးဘဲလို့ ထင်တယ်။ တော်ကြာ ပလုံစွပ်ဖြစ်သွားမှ ပိုက်ဆံ ငါးသိန်းလဲဆုံး၊ နာမည်လဲ အဖတ်ဆည်မရ ဖြစ်နေရဦးမယ်။
စေတနာဖြင့်၊
ကိုဂျူး
(ပိတောက် မြေ အင်တာနက် စာမျက်နှာမှ)0 ကြံ့ဖွံ့အဖွဲ့ မဲရရန် လမ်းခင်းပေးလျှက်ရှိ
လွန်းဒင် ရိုးမ(၃)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှ ကြံ့ဖွံ့ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း)များ ရွေးကောက်ပွဲအတွက် မဲရရှိရန် စည်းရုံးသည့်အနေဖြင့် ရပ်ကွက်လမ်းများကို ပြင်ပေးနေကြောင်း မြို့ခံတဦးက ပြောသည်။
၎င်းအဖွဲ့သည် လူထုအကျိုးအတွက် လမ်းပြင်ပေးခြင်းမဟုတ်ပဲ ရွေးကောက်ပွဲတွင် အသင်းဝင် အင်အားတိုးလာရန် လူထုအပေါ် အကြပ်ကိုင်သည့် စည်းကမ်းများထုတ်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့အသင်းက ပြင်ပေးမယ့်လမ်းဘေး ဝဲယာမှာ နေကြတဲ့ အိမ်ထောင်စုတွေထဲက အနည်းဆုံး တအိမ်ထောင်ကို တယောက် ကြံ့ဖွံ့အသင်းကို မဝင်မနေရ ဝင်ခိုင်းတယ်၊ အဲဒီလမ်းထဲကလူတွေက အသင်းဝင်ဖို့ ငြင်းဆန်ခဲ့ရင် အခြားလမ်းတလမ်းကိုပဲ သွားပြင်ပေးမယ်လို့ သန်လျင်မြို့နယ် ကြံ့ဖွံ့အမှုဆောင်တွေက ရပ်ကွက် (ရယက) ရုံးမှာ အစည်းအဝေးခေါ်ပြီး ပြောတယ်” ဟု ပြောသည်။
လမ်းကို မြေညှိ၊ ကျောက်ခင်းသည့် အချိန်ကစ၍ ကတ္တရာခင်းပြီးအထိ ပြည်သူများက တအိမ်ထောင်လျှင် တယောက် ကိုယ့်အားကိုယ်ကိုး ပါဝင်လုပ်အားပေးရမည်ဆိုသည့် စည်းကမ်းချက်ခုလည်း ပါဝင်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စည်းကမ်းချက်များသည် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ဥပဒေများနှင့် ညှိစွန်းကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။
“ရပ်ကွက်ပြည်သူတွေကတော့ ကြံ့ဖွံ့အသင်းမတရားလုပ်တာ သိနေပေမယ့်လည်း ကိုယ့်အိမ်ရှေ့လမ်း ကတ္တရာ မခင်းပေးမှာစိုးတဲ့အတွက်ကြောင့် ပြန်မပြောရဲပဲ ငြိမ်ခံနေကြတာ၊ ကိုယ့်အိမ်ရှေ့ကိုယ် အနက် (၂) ပေ၊ အကျယ် (၁) ပေရှိတဲ့ ရေမြောင်းတခုကိုပါ တူးပေးရမယ်လို့ ရပ်ကွက် ရယကနဲ့ကြံ့ဖွံ့တွေက လိုက်ပြောနေကြတယ်” ဟု ပြောသည်။
အသင်းက ခင်းပေးသည့်လမ်းများမှာ ထန်းပင်ကုန်း(၁)လမ်း (ထန်းပင်ကုန်းရပ်ကွက်)၊ နှင်းဆီလမ်း (မြို့မတောင်ရပ်ကွက်)၊ ရွာသစ်လမ်း (ဗိုလ်ချုပ်ကျေးရွာ)၊ ဗိုလ်ချုပ်ကျေးရွာတောင်ပိုင်းလမ်းနဲ့ သောက်တော်တွင်းရပ်ကွက်လမ်းတို့ဖြစ်သည်။
ရွေးကောက်ပွဲနီးလာသည့်နှင့်အမျှ စစ်အစိုးရလက်အောက်ခံ လူမှုရေးအဖွဲ့များနှင့် ၎င်းတို့ ကျောထောက်နောက်ခံ ပြုထားသည့်အဖွဲ့များအနေဖြင့် လူထုစည်းရုံးရေးလုပ်ငန်းများကို လုပ်ကိုင်နေလျှက်ရှိသည်။
Friday, April 2, 2010
0 မန္တလေး အထွက် စက်မှုဇုန် ၊ စွယ်တော်စေတီနား မှလမ်းပြင်ငနွားနှင့် ရပ်ကွက်ကောင်စီ ကိုကြောင်ဖား
လမ်းခရီးမှာ ကြုံခဲ့ ရ တာပါ ၊ ရန်ကုန် မန္တလေး လမ်းမကြီး အပေါ် မှာကြာသာပတေးနေ့ ၊ ၁၁-၃-၁၀ ပေါ့ဗျာ
မန္တလေး အထွက် စက်မှုဇုန် ၊ စွယ်တော်စေတီနား မှာ တွေ့ ခဲ့တာပါ။စည်ပင်သာယာ အဖွဲ့ က လမ်းပြင် မလို့ နဲ့ တူပါ တယ်။
ကျောက်ခဲ သေး သေး လေး တွေ ကို အပုံ လိုက် ၊ လမ်း အလည် ခေါင်မှာ အ ပုံ ကြီး ၊ အပုံ ငယ် ပုံ ထား ကြ ပ ဗျာ ။ ဒါ လေး တွေ ကလမ်း အလည် ခေါင် ပုံ ထား တော့ ၊ ဖြတ် သွား ကြ တဲ့ ကား တွေ ကတက် နင်း ကုန် တော့ ၊ ကျောက် ခဲ အသေး လေး တွေ ၊ တ လမ်း လုံး ပြန့် ကုန် ကြ ပ ဗျာ။
အချိန် က ည ၁၀ နာရီ နီး ပါ ဘီ ၊ ကျွန်တော် တို့ ကား က သိပ် မကောင်း တော့ခပ် ဖြေး ဖြေး ဘဲ မောင်း ခဲ့ ပါ တယ်။ ရှေ့ မှာ ၊ ခု န ပြော တဲ့ နေ ရာ ရောက် တော့ဆိုင် ကယ် ၅ စီး လောက် ၊ ဆပ် ကပ် ပြ တာ ထင် ရ ပ ဗျာ။
ခု န ပြော တဲ့ ကျောက် ခဲ သေး သေး လေး တွေ ကြောင့်ရှေ့ ဆင့် နောက် ဆင့် အကုန် ၊ မှောက် ကုန် ကြ တယ် ဗျ။
တော် တော် ချောက် ခြား စရာ ပါ ။ ဒီ လို ဆိုင်ကယ် တွေ အစု လိုက် အပြုံ လိုက်အက် စီး ဒင့် ဖြစ်တာ ၊ တခါ မှ ၊ မမြင် ဘူး ခဲ့ ရ လို့ ပါ။ဒါ နဲ့ ဆင်း ကြည့် တော့ ကံ အကောင်း ဆုံး လူ က ပေါင် ကျိုး သွား ပါ တယ် တဲ့ ဗျ
ကျန် တဲ့ လူ တွေ က တော့ မျက် နှာ တွေ ၊ ခေါင်း တွေ ထိ ထား တော့သွေး သံ တရဲ ရဲ နဲ့ ပေါ့ ဗျာ။
ဒါ နဲ့ ဘေး က လူ တွေ ကို စပ် စု ကြည့် တော့ ၊ ဟာ အဲ ဒါ က ဘာ ဟုတ်သေး လဲ တဲ့ ၊ ဒီ နေ့ တနေ့ ထဲ တင် ၊ ဒီ နေ ရာ မှာ ဆိုင် ကယ် မှောက် တာအစီး ပေါင်း ၄၀ ကျော် ပြီ တဲ့ ဗျ။ မနက် က တဲ က ၊ တ စီး ပြီး တစီး
ဒီ ကျောက်ခဲ အသေး လေး တွေ ကို တက် နင်း မိ ပြီး ၊ မှောက် နေ ကြ တာတဲ့ ဗျ ၊ ဖြစ် သင့် ပါ သ လား ဗျာ ၊
ခေါင်း ထဲ မှာ ဒိန်း က နဲ ၊ သွေး က နထင် ကို ရောက် သွား ပါ တယ်။ဒေါ သ ဖြစ် လိုက် တာ ဗျာ ၊
ဘယ် လို များ ဖြစ် ရ တာ လဲ ဗျာ ၊ စည် ပင် သာ ယာ က လမ်း ပြင် တာ ရောဟုတ် ရဲ့ လား ဗျာ ၊ သူ ၊ လမ်း ပြင် တာ နဲ့ ၊ လူ တွေ မှာ လမ်း သွား လို့ မရ ဖြစ် သွား တာ ရောသိ ကြ ရဲ့ လား ဗျာ ၊ အလွန်ဆုံး အခန့် မသင့် ဖြစ် ခဲ့ ရင် ၊ တစီး ၊ တ ယောက် လောက် ဘဲဆိုင် ကယ် မှောက် သင့် ပေါ့ ဗျာ ဒီ ကျောက် ခဲ တွေ ကြောင့် တနေ ကုန် ၊ဆိုင်ကယ် အစီး ၄၀ ကျော် လောက် မှောက် နေ ရ တာ ဖြစ် သင့် ပါ သ လား ဗျာ ။
ဘေး က ထိုင် ကြည့် နေ တဲ့ သူ တွေ က ရောပြည် သူ့ နီ တိ ဆို တာ ကို ၊ သိ ကြ ရဲ့ လား ဗျာ။
တရားခံ အစစ် က က စည် ပင် သာ ယာ က လမ်း ပြင် တယ် ဆို တဲ့တာဝန်ခံ ကိုငနွား ဘဲ ဖြစ်ပါတယ် ၊ ဒီ လူ က ဦး ဏှောက် ရှိ ဘို့ ကောင်း ပါ တယ်။ဒုတိယ တရား ခံ က ၊ အဲ ဒီ နား က ရပ်ကွက် ကောင်စီ ကိုကြောင်ဖား ပေါ့ ဗျာ
သူ့ နေရာ မှာ အန္တရာယ်ဖြစ်လာပြီ ဆိုရင် ၊ ပြည်သူလူထု ကို သတိပေးတာ တို့ဒီ ကျောက်ခဲ တွေ နေရာ မှာ သတိပေး ဆိုင်းဘုတ် တပ်တာ တို့ လုပ် ရ မှာပါ။အခု တော့ ၊ အဲ ဒီ နေရာ မှာ ၊ မီး ကင်း ကြေး ကောက် ဘို့ ၊ ပိုက် ဆံ မ ရ တော့ဒီ နေရာ က ၊ သူနဲ့ မဆိုင် သလို ပါ လား ဗျာ။
တည်း အိမ် ရောက် တော့ ၊ တည်းမဲ့ အိမ် က အိမ်ရှင် တွေ ကို မတွေ့ ပါဘူးဘေး အိမ် ကို မေးကြည့် တော့ ၊ သားတော်မောင် ၊ ဆိုင် ကယ် မှောက်လို့ ဆေးရုံ လိုက် သွား ကြ ရ တယ် တဲ့ ဗျ ၊ ဘယ် နား မှာ မှောက် သလဲ မေး ကြည့် တော့ခု န ပြော တဲ့ စွယ်တော် စေတီ နား မှာ ဘဲ တဲ့ ဗျာ ၊ ကောင်း ရော ၊ ကောင်း ရော ၊
စည်ပင်သာယာ က လမ်းပြင် တယ် ဆို တဲ့ ကိုငနွား နဲ့ ရပ်ကွက် ကောင်စီကိုကြောင်ဖား တို့ ရေ ၊ နောင် ဆို ၊ ဘာ အလုပ် မှ ဝင် မလုပ် ပါ နဲ့ တော့စဉ်း စား ညဏ် ၊ ဦးဏှောက် မရှိ ရင် ၊ လမ်း လမ်း ဘေး မှာ သာ
အေး အေး လူ လူ ထိုင် နေ ကြ ပါ ဗျား ။
mmcpမှ azawgyi အားကျေးဇူးတင်ရှိပါသည်။
0 နအဖ စစ်အစိုးရ အတွက် သင်္ကြန်စာ
၁၃၇၂ ပြည့်နှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၅ - ရက်၊ ခရစ်နှစ်၊ ၂၀၁၀ခု၊
ဧပြီလ ၁၄ ရက်၊ဗုဒ္ဓဟူး နေ့၊ မြန်မာစံတော်ချိန် နံနက်၊ စက် ၃ နာရီ ၁၅ မိနစ် ၃၆စက္ကန့် …..။
“ဗမာပြည်” အမည်ရှိသော ဗြဟ္မာမင်းဦးခေါင်းကို ကိုင်ထားသည့် သောကြာသားသည်အစိမ်းရောင် အဝတ်ကို ဝတ်ဆင်လျှက် အင်္ဂါသမီး ထံ လွှဲအပ်ရမည့်အစား “ပေးဘူး၊ပေးဘူး” ဟု အတင်း ကာရော ငြင်းဆန်ကာ ဆက်လက် ကိုင်ဆောင် ထားဦးမည်ဖြစ်သောကြောင့် မိုးတွင်းတွင် မိုးရွာလတ္တံ့၊ မိုးတဖြိုက်နှစ်ဖြိုက်ရွာရုံမျှဖြင့် ရန်ကုန်တွင် ရေကြီးအံ့၊ ထီပေါက်သူများ ပိုက်ဆံဝင်လတ္တံ့၊ လျှပ်စစ် မီးကြောင့်ဖြစ်သော ဓာတ်လိုက်ခြင်း အန္တရာယ်ကင်းဝေးလတ္တံ့၊ ကိုရီးယားကား လူကြိုက်များလတ္တံ့၊ အင်တာနက် ဆက်သွယ် ရေးနှေးအံ့၊ တိုင်းသူပြည်သားများမှာ ဆန်အစား ဆန်ကွဲကို စားရသောကြောင့်အစာကြေလွယ်အံ့၊ ညဘက်မီးမှန်မှန် ပျက်သောကြောင့် စောစော အိပ်ရာဝင်ရ လတ္တံ့၊ခြင်အစရှိသော အတောင်ပါသော သတ္တဝါများ ပေါများသောကြောင့်ခြင်ထောင်မရှိသူများ ဂေါ်ဇီလာဖြင့် အိပ်ရအံ့။ သင်္ကြန်အခါရှောင်ကျဉ်ရန်အမှုများကား နိုင်ငံရေးတံဆိပ်များပါသည့်တီရှပ်ဝတ်ဆင်ခြင်းဖြစ်ပေသည်။ ဤကား စစ်အစိုးရအလိုတည်း။
သင်္ကြန်အကျအလိုမူကား ကြောင်းလျားစုံစေ့သင်္ကြန်နေ့၌အင်းလျားလမ်းတွင်မဏ္ဍပ်ဝင်က၊ကညာနှမမြင်သမျှမှာ လှချင်တိုင်းလှ၊ ဗိုက်ပေါ်ခါးပေါ်ပေါ်ချင်သလို ပေါ်၍ တွေ့မရှောင်ငမ်း ကြမ်းရမ်းဂီတ ဖွင့်ကုန်ကြရင်းမျောက်လိုကကာ သောက်ထုတ်သေရက် ဤတချက်ကိုလူ့ပြည်လူ့ခွင်လူကိုစင်ထားမြင့်မိုရ် ဖျားဝယ် သိကြားသော်မှ ခွက်ပုန်းချရ၏ သို့သော်မြန်ပြေ (ပြည်)ဆန်းသည့်မြေ၌ အရက်စတုဒီသာပေးနေ ပါ၍ သိကြားထက် ထူးသည့် ကုသိုလ်တည်း။စတုဒီသာ ကုန်သွားပါက စပွန်ဆာရှာ၍သောက်ပါလေ။
တနင်္ဂနွေသားသမီး (အေး) သည် - အနေအထိုင်မတတ်ပါက ရာထူးကျကိန်းရှိပြီးကံဆိုးပါက ရာထူးမှ ဖယ်ရှားခံရကိန်းရှိသည်။ ယတြာအနေဖြင့် သောကြာသား၏အနားမှ တဖဝါးမှမခွာဘဲ ဝတ်ကြီးဝတ်ငယ် ပြုစုကာ ..ကြာသပတေးနာမ်နှင့်ဆိုင်သော ကိစ္စများ ဆောင်ရွက်ပါလေ (ဥပမာ - ဖားခြင်း၊ပေါင်းခြင်း၊ ပေါတောတော နေကာ ရူးချင်ယောင်ဆောင်ခြင်း)
တနင်္လာ သားသမီး (ကြိုင်) သည် - သောကြာသားသမီးကို ညွှန်ကြားနိုင်သောအရည်အချင်း ရှိပေသည်။ သူများ မသထာ ရေစာများ စားနေသောကြောင့်ထမင်းစားလျှင် မကြာခဏ နင်ကိန်းရှိသည်။ ယတြာမှာ အုန်းသီးတလုံးကိုအခွံမနွှာဘဲ အာမထိလျှာမထိမြိုပါ။ အညံ့များ အားလုံး ကင်းစင်မည်။
အင်္ဂါ သားသမီး (စု) သည် - အရူးတသိုက်၏ ချုပ်နှောင်ထားခြင်းခံရကိန်းရှိသည်။ ရူးနေသူများ ဖြစ်သောကြောင့် လွှတ်ပေးပြီးလျှင် လည်းပြန်ဖမ်းကောင်း ဖမ်းနိုင်သည်။ ကြာသပတေးနာမ်ဖြင့် စသော နိုင်ငံရပ်ခြားမှအကူအညီ ရချင်ရနိုင်သော်လည်း သောကြားသား အဖျက်ရှိသည်။ ယတြာမှာ“လုပ်ချင်တာသာ လုပ်ကြတော့ဟေ့” ဟု သုံးကြိမ်အော်၍ ဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်စောင့်ပါလေ။
ဗုဒ္ဓဟူးသားသမီး (ရွှေ) သည် - စိတ်မမှန်သော အထက်လူကြီးက မကြာခဏဟိန်းဟောက်ကာ မကြာခဏ ဆုလာဘ် ချပေးသောကြောင့် မကြာခဏ ကြောင်တောင်တောင်ဖြစ်တတ်သည်။ သားဖြစ်သူ တနင်္ဂနွေ သား၏ စီးပွားရေးလုပ်ငန်းမှာ အထက်လူကြီး၏မိုးလေဝသ အခြေအနေ ပေါ်တွင်သော် လည်းကောင်း အင်္ဂါနာမ် တခု ပေါ်တွင်လည်းကောင်း မူတည်နေသည်။ ယတြာမှာ ကုန်း၍ “ဆန်ရှင်မြန်မြန် ရုပ်မှပါပဲ” ဟုလိပ်ခေါင်း မထွက်မချင်း အော်ပါ။
ကြာသပတေး သားသမီး (မင်း) သည် - အရူးများ၏ နှိပ်စက်ခြင်းမှမကင်းလွတ်နိုင်သေးပေ။ အညံ့ကာလ ဖြစ်နေသည်။ ယတြာမှာ အနောက်အရပ်ကိုမျှော်ရင်း “သောကြာသား နင်သေမှ အေးမဟဲ့” ဟု သုံးကြိမ် အော်ပါ။
သောကြာသားသမီး (သန်း၊ သိန်း) သည် - ဘုရင်ရူးရူးနေသောကြောင့် ပလ္လင်ပေါ်မှဒလိန့်ကောက်ကွေး ကျကိန်း ရှိသည်။ ပေါင်းလျှင် ၃ ရသောနှစ်၌ ထူးထူးခြားခြားမဟုတ်တရုတ်လုပ်လိမ့်မည်။ လူအများ ပို့သသော မေတ္တာကြောင့် ကျန်းမာရေးအထူးကောင်းနေသေး သော်လည်း မကြာခင် ငေါက်ခနဲ သေကိန်းရှိသည်။ ယတြာမှာတနင်္လာသမီး၏ ထဘီစကိုဆွဲ၍ ဆူးကြီးကြီး ဒူးရင်းသီတလုံးကို ပုံစံမပျက်မြိုပါ။
စနေသားသမီး (တေ) သည် - ပွဲလန့်တုန်းဖျာခင်းတတ်သော အရည်အချင်းကြောင့်ကြီးပွားကိန်းရှိသည်။ ကြာသပတေးနာမ်နှင့်ဆိုင်သော အလုပ်များ (ဥပမာ -ဖားခြင်း) အထူးကျွမ်းကျင်ပြီးအင်္ဂါနာမ် (ဆန်ရှင်)ကြောင့် လတ်တလောဘာလုပ်ရမှန်းမသိဖြစ်နေသည်။ ဗုဒ္ဓဟူးနာမ် အကြိုးပေးမည် (ဥပမာ -ပိုင်ဆိုင်သော လေယာဉ်တစီးစီး ရပ်နေရင်း ခါးမှထက်ပိုင်းပြတ်ကြိုးသွားခြင်း) ယတြာမှာ “အနောက်က ဆန်ရှင်ရင်အောက်ကသစ်ခိုး ထုတ်မယ်” ဟူ၍ သက်တမ်းရင့် ကျွန်းပင်ကြီး တပင်ကိုဖက်ရင်းလည်ချောင်းကွဲသည်ထိ အော်ပါ။
သင်္ကြန်အတာ တက်အံ့သောအခါကား .. အမူးလွန်၍ အန်ဖတ်ဆို့သေကြသူများ၊ ရေနစ်၊ရန်ဖြစ် ယာဉ်မတော် တဆဖြစ်၍ မာလက ဈာန်ကြွကြသူများ၊ ဆေးရုံရောက်သူများ၊အကဲ လွန်သောကြောင့် ဗိုက်ထွက် ကြသူများ စာရင်း ထွက်ပေါ်ချိန်တည်း။
အတာဆန်းထူး နှစ်ဟောင်းကျူး၍ တန်ခူးလည်သည် နှစ်အမည်ကား ဇေယျနှစ်တည်း ..နှစ်ကို ၁ နှင့် ၃ ရှိထားပြီးဖြစ်သော ဖဲသမား စောင့်၏၊ လ ကို မီးပျက်သည့်ညတိုင်းစောင့်၏၊ ရက်ကို နှလုံးထီသမား စောင့်၏၊ မြေကိုမြေပိုင်ရှင်စောင့်၏၊ ရေကို ရေစည်လှည်းတွန်းသူ စောင့်၏၊ မိုးကို တနွေလုံးရေမချိုးရ သူများစောင့်၏၊ လူတို့၏အဓိပတိကား အရူး၊ ငှက်တို့၏ အဓိပတိကားလင်းတ၊ ငါးတို့၏ အဓိပတိကား ငါးရွှေ၊ အပင်တို့၏ အဓိပတိကား ကြက်ဆူပင်။
နက္ခတ် ၃ လုံး ငုတ်၏၊ ၄ လုံးပေါ်၏ ၃ နှင့် ၄ ကို တနှစ်လုံးမွေးထိုးကမနှေးအမြန် မွဲကိန်းမြင်၏။ မိုးရွာလျှင် ရေရအံ့၊ ခြင်ပေါအံ့၊ မြောင်းပုပ်နံ့ နံအံ့၊ ဝဲပေါက်အံ့၊ လူတို့ အနာအဖျား များသည့်အခါအစိုးရမင်းများ၏ စေတနာကြောင့် ကိုယ့်ပိုက်ဆံနှင့်ကိုယ် ဆေးကုရအံ့၊ မကုနိုင်သူများ သေအံ့၊ ပြည်ရွာ မီးလောင်လျှင် မီးသတ်တွင်ရေမရှိသောကြောင့်ပြာဖြစ်အံ့၊ မြန်မာ့ လောင်းကစား ကမ္ဘာကိုလွှမ်းအံ့၊ ဂျီအက်စ်အမ်ဖုန်းများဆက်သွယ်ရေးခက်ခဲအံ့၊ ထိုနှစ်ဖွားသော သားကား ကံဆိုးသောကြောင့်မြန်မာပြည်တွင်လူဖြစ်အံ့။
Thursday, April 1, 2010
0 “လူထုတိုက်ပွဲ ဦးဆောင်ပါတီ NLD”
ရဲဘော်ဗိုလ်သူ
စစ်အုပ်စု နိုင့်ထက်စီနင်း ထုတ်ပြန်လာတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ရွေးကောက်ပွဲကော်မရှင် ဥပဒေတွေက NLD ဘာလုပ်မလဲလို့ စိန်ခေါ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ထိုးနှက်မှုကြောင့် NLD ပါတီတွင်း ရှေ့ ဘယ်လိုရပ်တည်မလဲ၊ သဘောထားကွဲလွဲမှုတွေ ထုံးစံအတိုင်းရှိခဲ့ပေမယ့် “ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်နဲ့ ရွှေဂုံတိုင်ကြေညာ စာတမ်းကို အခိုင်အမာ ဆုပ်ကိုင်ရင်း အညံ့မခံ အရှုံးမပေးတဲ့ ဆုံးဖြတ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ချမှတ်လိုက်ပါပြီ။
ဒါဟာ စစ်အုပ်စုရဲ့ စိန်ခေါ်မှုကို “မှတ်ပုံမတင်ဘူး၊ ဘာလုပ်မလဲ” ဆိုတဲ့ စိန်ခေါ်မှုနဲ့ တုန့်ပြန်လိုက်တာပဲဖြစ်ပါ တယ်။ ခုလောက်ညီညွတ်ကြမှာမဟုတ်ဘူးလို့ တွေးထင်ပြီး ရည်ရွယ်ချက်ရှိရှိ NLD ပြိုကွဲအောင်လုပ်ခဲ့ပေမယ့် ဒီလို မပြိုမကွဲ တညီတညွတ်ထဲ ဆုံးဖြတ်လိုက်တော့ စစ်အုပ်စု နည်းနည်းတော့ ပြာယာခတ်သွားမှာပါ။ ဒါပေ မယ့် ဒီလိုဖြစ်လာရင် ဘာလုပ်မလဲဆိုတဲ့ ကြိုပြင်ထားတာမျိုးလည်း ရှိချင်ရှိမှာပါ။ သူတို့ရဲ့ထုံးစံအတိုင်း တက် ကြွသူတွေကို ဖမ်းမယ်၊ မတရားအသင်း ကြေညာမယ်၊ ပါတီဆိုင်းဘုတ်တွေ ဖြုတ်ချခိုင်းမယ်၊ အနိုင်ကျင့်မှုမျိုးစုံ ကို ကောက်ကျစ်တဲ့ နည်းလမ်းစုံသုံးပြီး လုပ်လာမယ်။ ကြံ့ဖွတ်တွေ၊ ရာဇ၀တ်သားတွေကို သုံးပြီး NLD အဖွဲ့ဝင် တွေကို ၀ိုင်းရိုက်တာမျိုးတွေ လုပ်လာမယ်။ ပြီးတော့ NLD ထဲက မှတ်ပုံတင်ချင်တဲ့ လူကြောက်တွေ၊ ရွေး ကောက်ပွဲဝင်ချင်တဲ့ အခွင့်ရေးသမားတွေကို မြှောက်ပေးပြီး အနိမ့်ဆုံးအဆင့် NLD က နှုတ်ထွက်ပါသည် ဆို တာမျိုး လုပ်ခိုင်းနိုင်ပါတယ်။
“စစ်အုပ်စုက ဖိနှိပ်မှုမျိုးစုံ လုပ်လာခဲ့ရင် နယ်စပ်ကို ထွက်လာတာမျိုးမဖြစ်ဖို့တော့ သတိထားရပါမယ်။ ကိုယ်က နယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့ တောင်းပန်ပါတယ်။ စစ်အုပ်စုက နယ်စပ်က တော်လှန်ရေးအင်အားစုတွေကို လက်ရှိအခြေအနေမှာ ဂရုကိုမစိုက်ပါဘူး။ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ။ လူတွေ နယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကို ခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ။ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ်သွားကြတာ များပါတယ်”
NLD အနေနဲ့လည်း ရှေ့လုပ်ငန်းစဉ်တွေ ပြင်ရပါတော့မယ်။ စစ်အုပ်စုရဲ့ မတရားတဲ့ ဥပဒေတွေအောက်မှာ ပါ တီမှတ်ပုံမတင်ဘူး၊ တင်စရာမလိုတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံတွေကြားမှာ ဗမာပြည် ပြည်သူလူထုကြားမှာ ဒီမိုကရေစီအင်အားစုတွေကြားမှာ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်ချက်သာဖြစ်ပါ တယ်။ အဲဒီရပ်တည်ချက် ခိုင်မာကြောင်းပြဖို့၊ ရန်ပြုလာမယ့် စစ်အုပ်စုကိုကာကွယ်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ရ ပါမယ်။
ရွှေဂုံတိုင်ကြေညာစာတမ်းပါ အချက်တွေကို ကြွေးကြော်သံအဖြစ်ကိုင်ဆွဲရင်း လူထုကို ဦးဆောင်ရပါမယ်။ NLD ဟာ လူထုဦးဆောင်ပါတီ၊ လူထုရှေ့က တပ်ဦးပါတီ ဖြစ်နေရပါမယ်။ စစ်အုပ်စုက ဖိနှိပ်မှုမျိုးစုံ လုပ်လာခဲ့ရင် နယ်စပ်ကို ထွက်လာတာမျိုးမဖြစ်ဖို့တော့ သတိထားရပါမယ်။ ကိုယ်က နယ်စပ်မှာနေပြီး ဒီလိုပြောရတာ NLD ကို အားနာမှုများစွာနဲ့ တောင်းပန်ပါတယ်။ စစ်အုပ်စုက နယ်စပ်က တော်လှန်ရေးအင်အားစုတွေကို လက် ရှိ အခြေအနေမှာ ဂရုကိုမစိုက်ပါဘူး။ ပြည်သူလူထုအုံကြွမှာနဲ့ ငြိမ်းချမ်းရေးရထားတဲ့ တိုင်းရင်းသားအဖွဲ့တွေက ပြန်တိုက်မှာပဲ ဂရုစိုက်တာပါ။ လူတွေ နယ်စပ်ကိုထွက်တာ တခြားနိုင်ငံတွေကို ခိုလှုံတာ စစ်အုပ်စုအကြိုက်ပါ။ နယ်စပ်ရောက်သွားပြီးရင် တော်လှန်ရေးအလုပ်ထက် ဘ၀ရပ်တည်ရေးအလုပ်တွေပဲ လုပ်ဖြစ်သွားကြတာများ ပါတယ်။
လက်ရှိ နယ်စပ်တွေမှာ ရှိနေကြတဲ့ နိုင်ငံရေးသမားဆိုသူ အများစုဟာ အလုပ်သမားရေး၊ ကျန်းမာရေး၊ ပညာ ရေး၊ကလေးအခွင့်အရေး၊ အမျိုးသမီးအရေး ... စသဖြင့် ခေါင်းစဉ်တွေပြ၊ NGO တွေနဲ့ပေါင်းပြီး ကိုယ့်ရပ်တည် ရေးအတွက် ကိုယ်လုပ်နေကြတာများပါတယ်။ လင်မယားနှစ်ယောက်ရှိရင် လင်က တဖွဲ့၊ မယားက တဖွဲ့၊ လင် မယားနှစ်ယောက်ပေါင်းပြီး တပ်ပေါင်းစုရယ်လို့ တဖွဲ့၊ နှစ်ယောက်ရှိရင် သုံးဖွဲ့ ဖွဲ့ပြီး လစာထုတ်စားနေကြတဲ့ လ ခစား နိုင်ငံရေးသမားတွေ များပါတယ် (မှန်မှန်ကန်ကန် တိုက်ပွဲဝင်နေသူတွေကို မပြောပါ)။
ဒါကြောင့် စစ်အုပ်စုက နယ်စပ်က လူတွေကို မကြောက်ပါဘူး။ ပြည်တွင်းထဲက NLD အဖွဲ့ဝင်တွေကိုတော့ လူ ငယ်လေးတွေကအစ သူတို့ ကြောက်ပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့နေပြီး ပြည်သူ့အုံကြွမှုကို ဦးဆောင်နိုင် မယ့်သူတွေ ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ ဗမာပြည် အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား (၂၁၀၀) ကျော်မှာ NLD အဖွဲ့ဝင် (၅၀၀) နီးပါးရှိနေတာ လူထုက ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့တဲ့ NLD ကို စစ် အုပ်စု တလျှောက်လုံး ကြောက်နေခဲ့လို့ပါ။ အဲဒီတော့ အဖမ်းခံစရာရှိ ရဲရဲအဖမ်းခံ၊ သေစရာရှိ ရဲရဲသေပြီး ပြည် တွင်းမှာပဲ ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ရင်း ဖြတ်သန်းဖို့၊ ပြည်သူကို ဦးဆောင်မှုပေးဖို့ အားနာနာနဲ့ပဲ တောင်း ဆိုပါရစေ။
“ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုသည်” လို့ တဆက်တည်း ဆုံး ဖြတ်ခဲ့တာ ဒီကနေ့အဖြေအနေနဲ့ အကိုက်ညီဆုံး တောင်းဆိုမှုပါ။ အရေးကြီးတာက တောင်းဆိုမှုက အချိန်အ ကန့်အသတ် လိုနေပါတယ်။ ပြီးရင် အဲဒီအချိန်အတွင်း တောင်းဆိုမှုကို မလိုက်လျောရင် ဘာလုပ်မလဲဆိုတာ ပါ။ ကြိုတင်ပြင်ထားဖို့လိုပါတယ်။ တောင်းဆိုနေရုံသက်သက်ဆိုရင်တော့ စစ်အုပ်စုက မလိုက်လျောတတ်ဖူး ဆိုတာ (၂၁) နှစ်စာ အတွေ့အကြုံတွေကနေ သိသင့်ပါပြီ။ တိုက်ပွဲနဲ့ တောင်းဆိုမှရမှာပါ။
ကျနော်တို့ ဒီမိုကရေစီဘက်တော်သားအားလုံးကလည်း NLD ကို တပ်ဦးတင် လိုက်ပါဖို့ လိုပါတယ်။ စစ်အုပ်စု က NLD ကို (၂၁) နှစ်တာကာလ တလျှောက်လုံး နှိပ်ကွပ်ခဲ့သလို ခုလည်း အရင်ထက်ဆိုးတဲ့ နှိပ်ကွပ်မှုတွေနဲ့ တုန့်ပြန်လာတော့မှာပါ။ ခုချိန်မှာ NLD အရေးဟာ ပြည်သူ့အရေးပါ။ NLD ဖြိုခွဲခံရရင် ကျနော်တို့တော်လှန်ရေး ကြာသထက်ကြာနေဦးမှာပါ။ “စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ ပါတီမှတ်ပုံတင်ဖို့မလိုပါ” ဆို တဲ့ NLD ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါသည်ဆိုတာမျိုး၊ ကြေညာချက်တွေ ထုတ်နေရုံသာမဟုတ်ပဲ NLD နှင့်ထပ်တူ ထိထိရောက်ရောက် တိုက်ပွဲဝင်မှုမျိုး လုပ်ကြရပါတော့မယ်။ ၂၀၁၀ လူထုတိုက်ပွဲကြီး လူထုအရေး တော်ပုံကြီးဆင်နွှဲဖို့ အချိန်ကျပါပြီ။ ဦးဆောင်ရမှာက NLD ပါ။
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်။
ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အောင်ရမည်။
ယုံကြည်ချက်ဖြင့် ...
ရဲဘော်ဗိုလ်သူ
Wednesday, March 31, 2010
0 မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ၈၈ မျိုးဆက်ကျောင်းသားများ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် စာအမှတ် ။ ၅/၂၀၁၀
0 စစ်အစိုးရ၏မတရားတဲ့ရွေးကောက်ပွဲအတွက် ဗဟိုဦးစီးအဖွဲ့ အထူးအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မှာကြားသော အချက် (၆) ချက်
မှတ်ပုံတင် ထပ်မံလုပ်ဖို့ မလို၊ ယခင် မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
၁။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ လက်မခံနိုင်၊ အဖွဲ့ ချူပ်၏ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်စွဲထားရမည်။
1။ She would never accept the 2008 State Constitution of the military junta and would stick to Shwegonedine Declaration, which was issued by the NLD on April 29 last year.
၂။ တရားမျှတမှု မရှိ၊ တစ်ဘက်သတ် ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ။ ဥပဒေပါ စည်းကမ်းချက်များမှာ ဒီမိုကရေစီနည်းလမ်း မကျ။
2။ She would never accept political party registration law and elections promulgated by the military junta as these laws are unjust and unfair.
၃။ အဖွဲ့ ချူပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်၊ မည်သူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်း မဟုတ်။
3။ The NLD is not her own property. Neither is it the property of anyone.
၎။ အဖွဲ့ ချူပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့်အလုပ်များ လုံးဝ မကြိုက်၊ လက်မခံ။
4။ She is not in favour of hatching personal followers within the NLD.
၅။ ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားပါ။
5။ She would like to say the people of Burma that she would continue to strive for democracy in Burma.
၆။ အဖွဲ့ ချူပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ ချူပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်း မဟုတ်။
6။ Even if the NLD is abolished, she does not consider it as the end of the NLD.