ကြံ့ဖွတ်ပါတီခေါင်းဆောင်လုပ်ပြီး ၀န်ကြီးချူပ်ရာထူးဖြင့်လည်း ဘိလပ်မြေစက်ရုံဖွင့်ပွဲသို့သွားရောက်နေသည့် ဦးသိန်းစိန်(
ဧရာဝတီ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ခေါင်းဆောင်အနေဖြင့် ၀န်ကြီးချုပ် ရာထူး ဆက်လက်ကိုင်စွဲထားခြင်းသည် ပါတီ မှတ်ပုံတင်ခြင်း ဥပဒေများနှင့် ကိုက်ညီခြင်းမရှိကြောင်း တခြားသော ပါတီများက ဝေဖန်မှုများရှိနေသည်။
ယမန်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဦးသိန်းစိန်ပါ(၂၇) ဦးသည် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ”ကို မှတ်ပုံ တင်ခွင့် လျှောက်ထားကြောင်း ဖော်ပြထားပြီး ဦးသိန်းစိန်သည် ၀န်ကြီးချုပ်ရာထူးဖြင့် ဘိလပ်မြေစက်ရုံဖွင့်ပွဲ တက်ရောက်နေသည် ကိုလည်း တွေ့ရှိရသည်။
နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း(၂) အပိုဒ်(၄)တွင် ပါတီတည်ထောင်လိုသူများသည် နိုင်ငံ့ဝန်ထမ်း မဖြစ်ရဟု ပါရှိ သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ် ပါတီမှ ဦးအေးလွင်က“စစ်တပ်က နားလိုက်ရုံနဲ့ သူက ၀န်ထမ်းမဟုတ် တော့ ဘူးလား၊ ၀န်ကြီးချုပ် ဆိုတာ တိုင်းပြည်ရဲ့ အမြင့်ဆုံးဝန်ထမ်းမဟုတ်ဘူးလား၊ မှတ်ပုံတင်ဖို့ လျှောက်ကတည်းက အစိုးရ ၀န်ထမ်းမဖြစ်ရဆိုတဲ့ အချက် ပါတယ်ဗျ၊ အခုဟာကတော့ ၀န်ကြီးချုပ်ဆိုတာ နိုင်ငံ ၀န်ထမ်း မဟုတ်ဘူးလို့ မြင်ပြီးလုပ်နေသလား မသိဘူး"ဟု ပြောသည်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကလည်း ပါတီခေါင်းဆောင်သည် ၀န်ကြီးချုပ်ရာထူးဆက်လက် ရယူထားသည့်အပေါ် ရှင်းလင်းမှုမရှိဟု ပြောဆိုသည်။
“ဖဆပလ ခေတ်တုန်းကတော့ ၀န်ကြီးတွေက ရွေးကောက်ပွဲဝင်နိုင်တယ်လေ၊ အခုဟာကတော့ ဘယ်လိုသဘောလဲမရှင်းဘူး၊ ကျနော်တို့ ပါတီ တည်ထောင်ခွင့် အတွက် လျှောက်လွှာသွားတင်ရင်း ဒီအချက်တွေကို မေးသွားဖို့ရှိပါတယ်"ဟု ၎င်းက ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)သည် ပါတီ ဖွဲ့စည်းလာလိမ့်မည် ဆိုသည်ကိုမူ မြန်မာ့နိုင်ငံရေး အသိုင်း အ၀ိုင်း က ကြိုတင် မှန်းဆထားကြပြီးဖြစ်ကြောင်းလည်း ဦးသုဝေက ပြောသည်။
“ဒီလိုပဲလုပ်မယ်ဆိုတာကို ကျနော်တို့တွက်ပြီးသားပါ။ ဒါပေမယ့် ကြံ့ခိုင်ရေးဆိုတဲ့ နာမည်သုံးတာကိုတော့ ကျနော်တို့ သိပ်မကြိုက် ဘူး၊ ဘာဖြစ်လို့ ဒီနာမည်ယူသုံးသလဲ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဆိုတာ လူမှုရေးအသင်းအဖွဲ့ကြီးပါလို့ သူတို့ အစဉ်တစိုက် ပြောခဲ့တာ ရှိတယ်လေ"ဟု ဦးသုဝေက ဆက်လက် ပြောဆိုသည်။
ကြံ့ဖွံ့သင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာပြီး နောက်တနှစ် ၁၉၉၃ ခုနှစ်တွင် လူမှုရေးအသင်း အမည်ခံ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ တရားဝင် ထုတ်ပြန်ချက်များအရ အသင်းဝင် ၂၄ သန်း ရှိသည်ဟု ဆိုသည်။ စစ်ခေါင်း ဆောင်များသည် ကြံ့ဖွံ့ ၏ နာယက အဖွဲ့ဝင်များ ဖြစ်ကြသည်။ ယင်းကြံ့ဖွံ့အသင်းအဖွဲ့ဝင်များတွင် အစိုးရ၀န်ထမ်းများ ၊ ကျောင်း သားများလည်း ပါဝင်သည်။
၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များကို စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ်၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ကြံ့ဖွံ့က ဦးဆောင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုခဲ့ကြသည်။
ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ တွင် ၀န်ထမ်းများ ၊ ကျောင်းသားများ ပါဝင်လာနိုင်ဖွယ် ရှိမရှိကိုလည်း တခြားသော နိုင်ငံရေး ပါတီများက စောင့်ကြည့်နေကြကြောင်း သိရသည်။
ယခုကဲ့သို့ စစ်အစိုးရအဖွဲ့ဝင်များ အရပ်သားအသွင်ပြောင်းကာ ပါတီဖွဲ့လိုက်ခြင်းသည် အနာဂါတ်နိုင်ငံရေးဖြစ်စဉ်တွင် အရပ် သားများ၏ အခန်းကဏ္ဍမရှိသလောက်ဖြစ်သွားရန် ပြုလုပ်လိုက်ခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ် အမှုဆောင် ဦးဝင်းတင် က ပြောဆိုသည်။

သတင်းအကျဉ်းချုပ် ...
ကဗျာဆရာကိုငြိမ်းလူ ရဲ့ နောက်ဆုံးကဗျာလေးပါ.....
ပြောင်းခင်းထဲက နေ(သို့) ရင့်မှည့်စေသောစာမျက်နှာ
ထားခဲ့ညနဲ့
သွားမဲ့ည
မှောင်တာတူတာပဲလား
ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား
ထိတာနဲ့
ရုန်းဖို့လား
အနီလားအစိမ်းလာ
ကမ်းပါးကိုမထိတဲ့ လှိုင်းဆိုတာကော
ရှိလား
ညကိုလမ်းလျှောက်
တောင်မြောက်ကို ကြည်ခွင့်မရတာ
အပြစ်လား
ဖုန်းဆိုးတောင်ယာ
တသီတတန်း
ဒီလမ်းကိုတော့ ကဗျာမဖွဲ့နဲ့
တို့မှာ
တောင်တန်း
ကမ်းပါး
လမ်းသွားတွေရှိပါလျှက်
ဖြစ်ရရင်လေ
ရက်ရက်စက်စက်
အရည်ပြားပေါ်မှာ
ထင်ကျန်နေတဲ့
အမဲ့စက်တစက်အတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်
ခရီးမထွက်နဲ့လို့
ပြောပြသူတွေအတွက်တော့
မနက်ဖြန်မှာ
လ္ဘက်ရည်ဖန်ဖန်လေး
တခွက်...
တိုက်လိုက်ပါ
ဒါပြီးရင်လေ
သူတို့က
ပါရီကနံရံတွေအကြောင်း
ဇီမာလမ်းဆုံအကြောင်း
ခင်ဗျာကို ကောင်းကောင်း ပြောပြလိမ့်မယ်
ဆေးရေးနှုတ်သွင်း
ချစ်ခြင်းသီဖွဲ့
ပင်းနစ်ရဲ့ ပန်းခင်းလှေတွေအကြောင်း
မညောင်းတမ်းပေါ့
မြင်းတစီး
ဓားတလက်နဲ့
ဇောရိုးရဲ့ ရုပ်ရှင်ကို
မကြည့်ရစကောင်းလားလို့
စောင်းပါးရိပ်ခြေ
ပြောလေအုံးမယ်
ပြီးတော့ စစ်တွေနဲ့ ညှပ်ထားတဲ့
ပါမုန့်တချပ်လက်ဆောင်
စကပ်တိုတိုပေါင်ပေါ် တင်ပေးလိုက်မယ်
အဲဒီအချိန်မှာပဲ
အသံမကြားအောင်
ကြေရေသုတ် ပန်းကန်တချပ်ကွဲ
ဟန်ဆောင်ပြီးထွက်ခွာသွားမြဲ........။
ခင်ဗျားတို့ လေ့လာနေကြ
ကဗျာထဲက
နာရီမဲ့တဲ့ အိုကိုးရဲ့ ဘဝထဲမှာ......
ကျနော်မွေးတုန်းကလည်း
လင်းကြက်တွန်စဲ
တောင်ယာပေါ်ချိန်ပဲနော်......။
ဆရာမောင်သစ်ဆင်းအား ဦးခိုက်စွာဖြင့်
ငြိမ်းလူ
Australian Burmese Community Journal အတွဲ(၁) အမှတ်(၁၀)မေလထုတ်အတွက်
ကိုငြိမ်း(ကဗျာဆရာ ငြိမ်းလူ) ရေးပေးခဲ့တဲ့ ကဗျာပါ။ ဒါဟာကဗျာဆရာ ငြိမ်းလူ ရဲ့ နောက်ဆုံး
ကဗျာဆိုလဲ မမှားပါဘူး
ဓာတ်ပုံနှင့်ကဗျာပေးပို့သူ။ ။ မမြတ်လေးငုံ

သတင်းအကျဉ်းချုပ် ...
သတင်းဓာတ်ပုံ။ ။ စိုးသီဟ ၊သန့်မျိုးထွေး(moethaukkye)
သတင်း-သန့်မျိုးထွေးဂျပန်နိုင်ငံရောက်မြိတ်မြို့နယ်သားများစုပေါင်းဖွဲ့စည်းထားသည့် "မြိတ်ခရိုင်အသင်း"၏ နှစ်ပါတ်လည်မိတ်ဆုံစားပွဲကိုယနေ့နေ့လည် (၁)နာရီက တိုကျိုမြို့၊အီကဲဘူကုရိုးရှိဗဟိုမီးသတ်အဆောက်အဦး၏ (၆)ထပ်ခန်းမတွင် ကျင်းပရာ အသင်းသူအသင်းသားများနှင့်ဧည်သည်များအပြင်လိုက်ဖ်ရှိုးပွဲအတွက် ဖျော်ဖြေရန်ရောက်ရှိနေသည့် ပြည်တွင်းအဆိုကျော်များပါ တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ဂျပန်ရောက်မြိတ်မြို့သူမြို့သားအချင်းချင်းပြန်လည်တွေ့ဆုံ၍အချင်းချင်းရိုင်းပင်းကူညီကြရန်၊မိမိတို့မြို့ရွာကိုပြန်လည်ကူညီနိုင်ရန်နှင့်မြိုတ်မြို့၏ပရိဟိတလှုမှုရေးလုပ်ငန်းများကိုကြိုးစားဖြည့်ဆည်းဆောက်ရွက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဖြစ်ခဲ့ခြင်းဖြစ်ကြောင်း အသင်းအတွင်းရေးမှူးဦးတင်မောင်ညီမှ ရှင်းလင်းပြောပြသည်။
"မြို့မြို့မှာရှိတဲ့ ပရဟိတဂေဟာတွေက အဖေခေါ်စရာမရှိတဲ့ ကလေးတွေကို ကျနော်တို့က မွေးစားအဖေ၊ မွေးစာအမေတွေအဖြစ် ခံယူနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်၊ လူဆိုတာကလည်း တဦးတယောက်တည်း ရပ်တည်လို့မရပါဘူး၊ အပေါင်းအသင်းမိတ်ဆွေရှိမှ ပါတ်ဝန်းကျင်ဆိုတာမျိုးရှိမှ ရပ်တည်လို့ရပါတယ်၊ အဲ့ဒိအပေါင်းအသင်းဆိုတာကလည်း ရင်ထဲက ခံယူချက်ခြင်းတူမှ ပေါင်းသင်းလို့ရတာပါ၊ ဟန်ဆောင်တယ်ဆိုရင် အကြာကြီးရပ်တည်လို့မရပါဘူး၊ ခံယူချက်ခြင်းတူမှ ရေရှည်လက်တွဲသွားလို့ရတာပါ၊ ဒီဗော်လံတီယာလုပ်ငန်းဆိုတာ ကိုယ့်အိတ်ထဲက စိုက်ထုတ်နိုင်မှ လုပ်လို့ရတာပါ၊ အဲ့လိုခံယူချက်ခြင်းတူတဲ့ ညီလေးတွေ၊ ညီမလေးတွေအများကြီးလည်းရပါပြီး။ ကျေးဇူးလည်းတင်ပါတယ်။ ၀မ်းလည်သာပါတယ်ဗျာ။"ဟု အသင်းရေရှည်ရပ်တည်ရေးအတွက် လူမှုရေးခံယူချက်အကြောင်းကို ဦးတင်မောင်ညီမှပြောဆိုသွားသည်။
ယခုပွဲသို့ ဂျပန်တွင်ကျင်းပမည့်လိုက်ဒ်ရှိုးဖျော်ဖြေပွဲအတွက် ရောက်ရှိနေသည့် ၀ါရင့်ဂီတအဆိုကျော် ခိုင်ထူး၊ ဖြူဖြူကျော်သိန်း၊ ရှင်ဖုန်း၊ ဂျင်းနီနှင့်မြိုတ်မြို့သူတဦးဖြစ်သည့် သရုပ်ဆောင်နှင့်အဆိုတော်ဇူးဇူးမောင်အပြင် ကီးဘုတ်ပလေယာဥက္ကာဦးသာနှင့် Metal Zone Bandမှ လိဒ်ဂစ်တာသမားဇော်လတ်တို့က တက်ရောက်ဆင်နွှဲအားပေးခဲ့ကြပြီး တက်ရောက်လာသူအားလုံးကို မြိတ်ရိုးရာအစားအစာများဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယင်းနောက်တွင်ခိုင်ထူးမှစတင်၍ဂျပန်ရောက်မြန်မာများအတွက်၎င်း၏နံမည်ကျော်"အိမ်အလွမ်း"သီချင်းဖြင့်စတင်သီဆိုပေးပြီးနောက် ဖြူဖြူကျော်သိန်းမှ"အချစ်တဲ့လား"သီချင်းနှင့်လည်ကောင်း သီဆိုပေးခဲ့သလို ရှင်ဖုန်းတို့မှလည်း အလှည့်ကျဖျော်ဖြေပေးခဲ့ပြီး အဆုံးပိတ်တွင် ဘယ်လိုမှမရိုးနိုင်သည့် "မန်းတောင်ရိပ်ခို"သီချင်းကို အားလုံးစုပေါင်းဝိုင်းဝန်းသီဆို၍ ဂျင်းနီနှင့်ဇူးဇူးမောင်တို့က အကဖြင့်ကပြဖျော်ဖြေပေးခဲ့ကြသည်။
မြိတ်ခရိုင်အသင်းတွင် ဂျပန်နိုင်ငံ၌ အမျိုးမျိုးသောနယ်ပယ်အသီးသီးတွင် ပညာသင်ယူအလုပ်လုပ်ကိုင်နေသည့် မြိုတ်မြို့သူမြို့သား စုစုပေါင်း(၃၀)ဦးဖြင့် ဖွဲ့စည်းထားပြီး စတင်တည်ထောင်ပြီးသည့် တနှစ်တာကာလအတွင်း လူမှုရေးလုပ်ငန်းများလုပ်ကိုင်ရန် ရံပုံငွေရှာဖွေခြင်းအဖြစ် လိုက်ဒ်ရှိုးပွဲတင်သွင်းကျင်းပခြင်း၊ အပျော်ခရီးထွက်ခြင်းစသည့် လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး ယခုတဖန် မြိုတ်မြို့တွင် ပရိယတ္တိစာသင်တိုက်ကြီးတခု ပေါ်ပေါက်ရေးအတွက် လိုက်ဒ်ရှိုးပွဲတခုကို မနက်ဖြန် မေလ(၂)ရက်နေ့တွင် တိုကျိုမြို့၌ကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။

သတင်းအကျဉ်းချုပ် ...
အောက်ပါစာရင်းတွင်ပါဝင်သော ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန် နှင့်အပေါင်းပါများမှာ စစ်ဘောင်းဘီချွတ်ပြီး ဒီပဲယင်းအရေးအခင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒီမိုကရေစီလိုလားသူများအားသတ်ဖြတ်ရန် စီစဉ်ခဲ့သည်ဟုနာမည်ဆိုးဖြင့်ကျော်ကြားသည့် ကြံဖွံ့(ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး)အသင်းအဖြစ်ရွေးကောက်ပွဲ ၀င် ရန် အတွက် ပါတီ အဖြစ်မှတ်ပုံတင် လိုက်ပြီ ဖြစ်ကြောင်း ယနေ့ ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
စဉ် | အမည် | မူလရာထူး |
၁ | ဗိုလ်ချုပ်ကြီးသိန်းစိန် | ၀န်ကြီးချုပ် |
| ၂ | ဗိုလ်မှူးကြီးဇော်မင်း | လျှပ်စစ် ၁ ဝန်ကြီး |
| ၃ | ဗိုလ်မှူးချုပ်သိန်းဇော် | ဆက်သွယ်ရေးဝန်ကြီး |
| ၄ | ဗိုလ်မှူးချုပ်တင်နိုင်သိန်း | စီးပွားကူးသန်း |
| ၅ | ဗိုလ်ချုပ်ခင်မောင်မြင့် | လျှပ်စစ် ၂ |
| ၆ | ဗိုလ်မှူးချုပ် သန်းဌေး | စွမ်းအင် |
| ၇ | ဗိုလ်မှူးချုပ် ဘုန်းဆွေ | ပြည်ထဲရေးဒုဝန်ကြီး |
| ၈ | ဗိုလ်ချုပ် ဉာဏ်ဝင်း | နိုင်ငံခြားရေးဝန်ကြီး |
| ၉ | ဗိုလ်ချုပ် စိုးနိုင် | ဟိုတယ်ခရီးဝန်ကြီး
|
| ၁၀ | ဗိုလ်ချုပ် မောင်ဦး
|ုပြည်ထဲရေးဝန်ကြီး
|
| ၁၁ | ဗိုလ်ချုပ် မောင်မောင်ဆွေ | လူမှုဝန်ထမ်း ကယ်ဆယ်နေရာချထားရေး
|
| ၁၂ | ဗိုလ်ချုပ် လှထွန်း | ဘဏ္ဍာအခွန်ဝန်ကြီး
|
| ၁၃ | ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် | မြိုတော်ဝင် မန္တလေး
|
| ၁၄ | ဗိုလ်မှူးချုပ် ကျော်အောင် | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး
|
| ၁၅ | ဗိုလ်မှူးချုပ် ဝင်းအောင် | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး
|
| ၁၆ | ဗိုလ်မှူးချုပ်ညီထွန်း | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး
|
| ၁၇ | ဗိုလ်မှူးချုပ်စိုးဦး
| ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေး
|
| ၁၈ | ဗိုလ်ချုပ် ကျော်စွာခိုင် | စက်မှု ၂ ဒုဝန်ကြီး
|
| ၁၉ | ဗိုလ်ချုပ် အေးမြင့် | ကာကွယ်ရေုးဒုဝန်ကြီး
|
| ၂၀ | ဗိုလ်မှူးကြီးကျော်ကျော်ဝင်း | နယ်စပ်ဒေသ ဖွံ့ဖြိုးရေး
|
| ၂၁ | ဗိုလ်မှူးကြီးသန့်ရှင်း | ဝန်ကြီးချုပ်ရုံးဝန်ကြီး
|
| ၂၂ | ဒုဗိုလ်မှူးကြီးဝင်းကို
| ရှေ့နေချုပ်ရုံး
|
စစ်ရာထူးခန့်ချုပ်ရုံး၏ ၂၆-၄-၂၀၁၀ ရက်စွဲပါ စာအမှတ် ၂၀ ရာထူး(၆) ၂၀၁၀ အရ တပ်မတော် (ကြည်း)တွင် စစ်မှုထမ်းခြင်းမှ အငြိမ်းစား ယူခွင့်ပြုလိုက်သူများ

သတင်းအကျဉ်းချုပ် ...
ချင်းမိုင်(မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဆက်လက် ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် တရားရုံးချုပ်သို့ အတိုက်အခံ ပါတီအမတ်များက ယနေ့ ဦးတိုက် လျှောက်ထားလိုက်ကြသည်။
အတိုက်အခံ ပါတီကြီးသည် မှတ်ပုံတင်ထားသော ပါတီဖြစ်ကြောင်းနှင့် စစ်အစိုးရက ထပ်မံ ထုတ်ပြန်လိုက်သော နိုင်ငံရေးပါတီများ မှတ်ပုံများ မှတ်ပုံတင်ခြင်း ဥပဒေက ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံမတင်လျှင် အလိုအလျောက် ပျက်ပြယ်သွားမည် ဆိုခြင်းကို ကန့်ကွက်သောအားဖြင့် တရားရုံးက တားဝရန်း ထုတ်ပေးရန် လျှောက်ထားခြင်း ဖြစ်သည်။
ထို့အပြင် ရွေးကောက်ပွဲ ဥပဒေကြောင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ သက်တမ်း အလိုအလျောက် ပျက်ပြယ်သည်ဆိုခြင်းက ထိခိုက်နစ်နာမှု ဖြစ်သောကြောင့် တရားရုံးက အမတ်များ၏ ရပ်တည်ပိုင်ခွင့်ကို အသိအမှတ်ပြု ကြေညာပေးရန်နှင့် လွှတ်တော်ခေါ်ယူပေးရန် လျှောက်ထားလိုက်ကြခြင်း ဖြစ်သည်။ရှေ့နေ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်နှင့် ဦးကျော်ဟိုးတို့က နံနက် ၁၁ နာရီချိန်တွင် သွားရောက် လျှောက်ထားခဲ့ကြခြင်း ဖြစ်ပြီး လျှောက်ထားချက် အဆိုပြုလွာများကို ၁ နာရီချိန်တွင် တရားရုံးချုပ်မှ ဒု ညွန်ကြားရေးမှူး ဒေါ်စုငယ်က လက်ခံထားလိုက်သည်။
အန်အယ်ဒီဥက္ကဌ ဦးအောင်ရွှေအပါအဝင် လွှတ်တော်အမတ် ၂၆ ဦးက တရားရုံးသို့လျှောက်ထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က တရားရေးအရ ရင်ဆိုင်ရန် တိုက်တွန်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။
တရားရုံးသို့လျှောက်ထားသူများတွင် အန်အယ်ဒီ ပြန်လည်မှတ်ပုံတင်ရေး၊ မတင်ရေး အငြင်းပွားမှုတွင် မှတ်ပုံတင်လိုသော လူနည်းစုဘက်မှဖြစ်သော စမ်းချောင်းမြို့နယ်အမတ် ဦးခင်မောင်ဆွေ၊ ကျောက်တန်းမြို့နယ်အမတ် ဒေါက်တာသန်းငြိမ်းတို့လည်း ပါဝင်သည်။
အမှုများကို တရားရုံးက လက်ခံသင့် မသင့်ကို မနက်ဖြန် မွန်းလွဲ ၁ နာရီတွင် အမိန့်ချမည်ဟု ချိန်းဆိုလိုက်ပြီး လက်ခံစဉ်းစားလျှင် အမှုတခုချင်း သီးခြားရင်ဆိုင်ရမှာဖြစ်သည်။
၁၉၉၀ ခု ရွေးကောက်ပွဲတွင် အန်အယ်ဒီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၈၅ ဦးအနက် အန်အယ်ဒီက ၃၉၂ နေရာ အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပေးရန် ငြင်းဆန်သည်။
အန်အယ်ဒီက တရားရေးအရ ရင်ဆိုင်သော်လည်း မြန်မာနိုင်ငံ၏ တရားရုံးများမှာ အစိုးရ အလိုကျ ဆုံးဖြတ်သော တရားရုံးများ ဖြစ်သဖြင့် ထိရောက်မှုမရှိဟု ဝေဖန်သူများက ပြောသည်။။
ဦးဥာဏ်ဝင်းကတော့ ” ကျနော်တို့ ပြောချင်တာက တရားဥပဒေအရ လုပ်ပိုင်ခွင်တရှိတာ ဥပဒေဘောင်ထဲက လုပ်ပိုင်ခွင့်ရှိတာ အကုန်လုပ်မယ်။” ဟုပြောသည်။
ရွေးကောက်ပွဲဥပဒေများ တရားမျှတမှုမရှိ ဆိုကာ အန်အယ်ဒီက နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်ရန် ဆုံးဖြတ်ထားသည်။
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှကျန်ရစ်သော နိုင်ငံရေးပါတီ ၁၀ ပါတီအနက် ပါတီ ၄ ခုသာလျှင် ပြန်လည်မှတ်ပုံတင်ရန် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားသည်။
၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ မေလ ၆ ရက်နေ့မတိုင်မီ ပါတီဟောင်း ပါတီသစ်များ မှတ်ပုံတင်ရမှာဖြစ်ပြီး ကျော်လွန်သွားလျှင် ပါတီပျက်မှာ ဖြစ်သည်။

သတင်းအကျဉ်းချုပ် ...
စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံနိုင်သည့် အချို့ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ တော် (DKBA)နှင့် စစ်အစိုးရအကြား တိုက်ပွဲ ဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ကရင်ရွာသား ၁သောင်းခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာနိုင်သည်ဟု လူသားချင်းစာနာထောက်ထားသည့် အကူအညီ ပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုသည်။

ဧပြီလ ၂၇ရက်နေ့ညမှ ၂၈ရက်နေ့အထိ ကရင်ပြည်နယ်ဘက်ခြမ်းမှ ရွာသား ၃၀၀ကျော်သည် ထိုင်းနိုင်ငံနယ်စပ်၊ မဲဆောက်မြို့ တောင်ပိုင်းရှိ ဝေါ်လေကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း ထိုင်း-မြန်မာအခြေစိုက် အဆိုပါ လူသားချင်းစာနာ ထောက်ထားသည့် အကူညီပေးရေးအဖွဲ့များက ပြောသည်။
ယနေ့သည် စစ်အစိုးရက ၎င်းတို့နှင့် အပစ်ရပ်ထားသည့် DKBA ကို နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး သတ်မှတ်ရက် နောက်ဆုံးဖြစ်သည့်အတွက် DKBA ခေါင်းဆောင်များအတွင်း သဘောထားကွဲလွဲမှုများရှိနေပြီး အသွင်ကူးပြောင်းရေးကို လက် ခံသည့် ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်ကြောင့် ပဋိပက္ခ တိုးပွားမည်ကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။
စစ်တပ်၏ကြိုးကိုင်မှုအောက်တွင် ပြန်လည်ဖွဲ့စည်းမည့် DKBA တပ်ကို နယ်ခြားစောင့်တပ်အသွင်ဖွဲ့စည်းရန် လက်ခံသဘော တူမည်ကို ဒေသခံများက စိုးရိမ်နေကြပြီး ထိုသဘောတူညီမှု၏ နောက်ဆက်တွဲအဖြစ် ဒေသခံရွာသားများကို အဓမ္မ စစ်သားစု ဆောင်းမှုများ ပြုလုပ်လာမည်ကိုလည်း ရွာသားများက စိုးရိမ်နေကြသည်ဟု သိရသည်။
ယခုလို အငြင်းပွားဖွယ်ရာ နယ်ခြားစောင့်တပ်(BGF)ကို လက်ခံမည့် DKBA ခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက်အပေါ် ၎င်းတို့ အဖွဲ့မှ ကျန်ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်သားများကလည်း ကျေနပ်မှုမရှိဟု သိရသည်။
စစ်တပ်က ၎င်းတို့လိုလားသည့် BGF အသွင်ပြောင်းရေးကို သေချာမှုရှိစေရန် DKBA နယ်မြေတွင် စစ်တပ်က အင်အားပြသည့် အနေဖြင့် တပ်ရင်း ၁၀ခုကို ဧပြီ ၂၇ ရက်နေ့ ညနေက ထပ်မံ ပို့ဆောင်ထားကြောင်း နယ်စပ်သတင်းများအရ သိရသည်။
ယခုလို BGF အသွင်ပြောင်းရေး ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်သည့်အပြင် DKBA အဖွဲ့အတွင်း ၂ ဖွဲ့ဖြစ်နေသည့် အနေအထား ရှိနေပြီး ၎င်းတို့အတွင်း ပဋိပက္ခဖြစ်ရန် သေချာနေကြောင်း DKBA အဖွဲ့မှ ဗိုလ်ကြီးတဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“DKBA အဖွဲ့ထဲမှာ အော်တိုမက်တစ် ၂ခြမ်းကွဲလာနိုင်တယ်။ နယ်ခြားစောင့်တပ်ကို လက်ခံတဲ့အဖွဲ့တွေက ကျနော်တို့ BGF ကို လက်မခံရင် သူတို့နဲ့ တိုက်ပွဲတွေ ဖြစ်နိုင် တယ်။ လက်ခံသူတွေက ကရင်လူထုတွေ ပိုပြီးဒုက္ခပိုမိုခံစားမယ်လို့ အငြင်းပွား ပြော နေကြတယ်။ ဒါပေမယ့် ကျနော်တို့ ကရင်လူထုတွေက ဒုက္ခခံစား နေကြပြီးသား ပါ”ဟု ပြောသည်။
ယခုသတင်းကို ရေးသားနေချိန်တွင်ပင် လူသားချင်း စာနာကူညီပေးရေးအဖွဲ့၊ ဆေးဝန်ထမ်းများနှင့် ကရင်ခေါင်းဆောင်များ သည် ထိုင်းနယ်စပ်ကို လတ်တလော ရောက်ရှိလာနိုင်သည့် ဒုက္ခသည် ၁သောင်းခန့်ကို ၀န်ဆောင်ပေးကြရမည်ဟု ပြောဆိုခဲ့ ကြသည်။
သတင်း ။ ။ ကေအိုင်စီ

သတင်းအကျဉ်းချုပ် ...
(၈၁)ကြိမ်မြောက် (မေဒေး)အလုပ်သမားနေ့ချီတက်ပွဲအခမ်းအနားကို တိုကျိုမြို့yoyogiပန်းခြံမှာ ယနေ့ကျင်းပပြုလုပ်ခဲ့ကြရာ ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် FWUBC ၊ နှင့်အတူ ဂျပန်ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ဂျပန်ရောက်မြန်မာနိုင်ငံသားများပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများမပါဝင်နိုင်အောင်ပြုလုပ်ထားပြီးစစ်အစိုးရမှ စိတ်ကြိုက်ရေးဆွဲထားသော တရားမျှတမှုမရှိသည့်အခြေခံဥပဒေ။ တရားမျှတမှုမရှိသော (၂၀၁၀)ရွေးကောက်ပွဲကို အသိအမှတ်မပြုကြပါနဲ့ဆိုတဲ့ စာသားရှည်ကိုဆွဲကိုင်ပြီး မြန်မာဒီမိုကရေစီလှုပ်ရှားသူများက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အခမ်းအနားကို ဂျပန်ဝန်ကြီးချုပ် YUKIO Hatoyama ကိုယ်တိုင်တက်ရောက်အမှာစကားပြောကြားပြီး တက်ရောက်သူပေါင်း ၃သောင်း၃ထောင်ခန့်ရှိကြောင်း ဂျပန်သတင်းဌာနမှကြေငြာသွားခဲ့ပါသည်။
ဓာတ်ပုံမှတ်တမ်း။ ။ ဦးသန်းဝင်း

သတင်းအကျဉ်းချုပ် ...

ပြီးခဲ့သည့်ရက်ပိုင်းက ကယားပြည်နယ် ဒီမောဆိုဘက်မှ လာသော လူ(၂)ဦးအား ရဲတွေက ဆိုင်ကယ်သူခိုးလို့ မသင်္ကာမှုဖြင့် လွိုင်ကော်မြို့ မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စခန်းတွင် စစ်ဆေးမေးမြန်း နေစဉ် ၎င်း၏ ခန္တာကိုယ်ထဲ တွင် အသင့်ပါလာသည့် ဆပ်ပြာဗူး အရွယ် ပစ္စည်း လေးများ အား ရဲလက်သို့အပ်မည့်ပုံစံပြုလုပ်ပြီးနောက် စနက်တန်ဖြုတ်၍ပေါက်ကွဲခြင်းဖြစ်ပွားကြောင်းသိရှိရပါသည်။ ဖောက်ခွဲသူမှာ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးသွားပြီး ဒုရဲအုပ်မှာ လက်တဖက်ပြတ်သွားပြီး အခြား(၃)ယောက်မှာ ဆေးရုံသို့အရေးပေါ်ခေါ်ဆောင်သွားပါသည်။ ဒီမောဆို ဈေးထဲ ဗုံးခွဲရန် ကြံစည်နေသူ မှာ နှစ်ဦး ဖြစ်ပြီး၎င်းနှင့်ပါသောအဖော် တဦးမှာ ဗုံးပေါက်ကွဲစဉ် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။
ယခု ဗုံးပေါက်ကွဲမှု သည် ဧပြီလ အတွင်း ခုနှစ်ကြိမ်မြောက် ဗုံးပေါက်ကွဲ မှု ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့ မြန်မာ
သင်္ကြန် အကြတ်နေ့ ရန်ကုန် မြို့ မင်္ဂလာ တောင်ညွှန့် မြို့ နယ်၌ ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် အနည်းဆုံး လူနှစ်
ဆယ်ကျော် သေဆုံးပြီး တစ်ရာ ကျော် ဒဏ်ရာရရှိသည်။
ဧပြီလ အတွင်း ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်း အပါအ၀င် ၊တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်အေးရှားဝေါလ် ဂိတ် နှင့် ကော့ကရိတ် မြို့ နယ် တို့ တွင် လည်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
သတင်းနှင့် ဓာတ်ပုံအတွက် dawbote အားကျေးဇူးတင်ရှိပါသည် ။ အောက်ပါပုံများမှာ အမျိုးသမီးများ (သွေးထွက်သံယိုထိတ်လန့်တတ်သူများ)မကြည့်သင့်သောပုံများပါ၍ မကြည့်သင့်ပါ။










သတင်းအကျဉ်းချုပ် ...

အခုရက်ပိုင်းအတွင်း မြန်မာပြည်မှ အင်တာနက်ဆိုင်များတွင် စစ်အစိုးရရဲ့ စအဖ (စစ်ဖက်ရေးရာ အထူးလုံခြုံရေးအဖွဲ့)မှ အင်တာနက် ဆိုင်များတွင် ဆိုင်ရှင်များအား ဖိအားပေးပြီး ဆိုင်ဝန်ထမ်းပုံစံဖြင့် အမျိုးသမီးငယ်များအား လာရောက်ထည့်သွင်း မြုပ်နှံထားကြောင်း ရန်ကုန်မှ အင်တာနက်ဆိုင်ရှင်တစ်ဦးမှ ဆက်သွယ် ပြောဆိုလာပါတယ်။
ဆိုင်ပိုင်ရှင်မှ ပြောဆိုရာမှာတော့
လာရောက် သုံးစွဲတဲ့ လူငယ်တွေက အမျိုးသမီးဝန်ထမ်းတွေပဲဆိုပြီး သိပ်ပြီးဂရုမစိုက် ကြတဲ့အတွက် အန္တရာယ်များကြောင်း .. စအဖမှ အင်တာနက်ဆိုင်ရှင်များကို ဖိအားပေးပြီး အတင်းလာရောက် ထည့်ထားခြင်းဖြစ်ကြောင်း ဆိုင်တော်တော်များများမှာ ထည့်ထားကြောင်း.. ယခုရက်ပိုင်းအတွင်း လာရောက် ထည့်သွင်းထားတာဖြစ်ကြောင်း ...ဆိုင်ပိုင်ရှင်များလည်း စိတ်ညစ်နေရကြောင်း
ဒီသတင်းကို ဆက်လက်ဖြန့်ဝေပေးစေလိုကြောင်း ဆက်သွယ် ပြောကြားလာပါတယ်။
(ဒီမိုဝေယံ)

သတင်းအကျဉ်းချုပ် ...
လက်နက်ကိုင်အပစ်ရပ်တပ်ဖွဲ့များအားလုံး အသွင်ပြောင်းရမည်ဆိုသည့် နအဖ၏ တဘက်သတ် အစီအစဉ်ကြောင့် ပြည်တွင်းစစ် တကျော့ပြန်ဖြစ်လာနိုင်သည်ဟု လွယ်တိုင်းလျဲန်းအခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်က ပြောကြား လိုက်ပါသည်။
“အပစ်ရပ်တွေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ အပစ်ရပ်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပြီ၊ နိုင်ငံရေးစကားဝိုင်းမရောက်ဘဲ ပြည်သူ့စစ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့၊ အသွင်ပြောင်းဖို့ဘဲ နအဖက တဘက် သတ်ပြောနေတာ။ လက်မခံရင် အင်အားသုံးမယ်လို့တောင် အကြိမ်ကြိမ်ပြောခဲ့တယ်။ ဒီအတိုင်းဆက်သွားမယ် ဆိုရင် တော့ ကျနော်တို့ တိုင်းပြည်မှာ ပြည်တွင်းစစ်ဖြစ်လာမှာမလွဲဘူး” - ဟု SSA ခေါင်းဆောင် စ၀်ယွက်စစ် ကပြောပါသည်။

လွယ်တိုင်းလျဲန်း အခြေစိုက် SSA ခေါင်းဆောင် စ၀်ယွက်စစ်
နအဖ သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းလိုဘဲ စစ်အင်အားသုံး၍ တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့များအား အမြစ်ပြတ် ခြေမှုန်းလိုသောကြောင့် နိုင်ငံရေးပြဿနာဖြေရှင်းသည့် နည်းလမ်းကောင်း မဟုတ် သဖြင့် တိုင်းပြည်ပြဿနာ ပိုမိုရှုပ်ထွေးလာစေမည်သာဖြစ်ကြောင်း - စ၀်ယွက်စစ်က သျှမ်းသံတော်ဆင့်သို့ပြော၏။
“နအဖ က သူ့မဟာဗျူဟာအတိုင်းသူလုပ်မှာဘဲ၊ ပြည်သူအရေးစဉ်းစားမှာမဟုတ်ဘူး၊ တိုင်းရင်းသား ပြည်သူလူထု တိုးတက်ကြီးပွားမှာ၊ တိုင်းပြည်သာယာစိုပြေမှာကို သူမလိုလားဘူး၊ မိမိမွေးရပ်ကနေစွန့်ခွါကြလေ သူကကြိက်လေဘဲ၊ တိုင်းရင်းသားပိုင်ရေမြေတွေကို အပိုင်ရဖို့က စစ်အုပ်စုရဲ့ အဓိကမဟာဗျူဟာဘဲ” - ဟု စ၀်ယွက်စစ်က ဆက်ပြော ပါသည်။
တိုင်းရင်းသားများ စည်းရုံးညီညွတ်မှုရမည်ကို နအဖ အင်မတန်စိုးရိမ်နေကြောင်း၊ မိမိအမျိုးသားကောင်းစားရေးအတွက် သာကြည့်ပြီး နအဖ ဖျားယောင်းသွေးဆောင်မှုနောက် လိုက်မည်ဆိုပါက အားလုံးရေတိမ်နစ်မည်မှာ မလွဲကြောင်း၊ စည်းရုံးညီညွတ်မှုဖြင့် လက်တွဲအဖြေရှာကာ စစ်အုပ်စု၏ ဖိနှိပ်မှုရန် တွန်းလှန်မှသာလျှင် တိုင်းရင်းသားလူမျိုးစုတိုင်း တန်းတူအခွင့်အရေးရရှိနိုင်မည်၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုကို နအဖ သတိမူစေရမည်ဟု ပြောကြားခဲ့ပါသေး သည်။
ထို့အတူ SSA ခေါင်းဆောင်စ၀်ယွက်စစ်က တိုင်းရင်းသားလူမျိုးစုများအားလုံး နေရပ်မှ စွန့်ခွါခြင်းသည် ပြဿနာဖြေရှင်း သည့် နည်းလမ်းမှန်မဟုတ်သည့်အပြင် စစ်အုပ်စုအသိုင်းအ၀ိုင်းတို့ အစားထိုးနေရန် ရှောင်တိမ်းပေးသကဲ့သို့ဖြစ်နေ ကြောင်း၊ ထို့ကြောင့်မွေးရပ်မြေမှစွန့်ခွာခြင်းမပြုဘဲ သေတူ ရှင်မကွဲ ရရာလက်နက်စွဲကိုင်ပြီး လွတ်မြောက်ရေးတိုက်ပွဲ ၀င်ကြဖို့ရန် ပြောကြားခဲ့ပါသေးသည်။
SSA ခေါင်းဆောင် စ၀်ယွက်စစ်သည် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌဖြစ်၏။ ထို့ပြင် သျှမ်းပြည်တိုင်းရင်း သားများတန်းတူအခွင့်အရေးအတွက်ရှေ့တန်းတင်ပြီး သျှမ်း၊ ပအိုဝ်း၊ ၀ ၊ အခါ၊ လားဟူ နှင့် အခြားတိုင်းရင်းသားများပါ ၀င်သည့် သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းစဉ်ကလည်း ဦးဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သည်။
(
သျှမ်းသံတော်ဆင့်)

သတင်းအကျဉ်းချုပ် ...