Saturday, June 12, 2010

0 ကလေးစစ်သားအဖြစ်မတရားအသွင်းခံရသော အောင်လှိုင်ဖြိုးအတွက် ဖခင်ဖြစ်သူမှ ရင်ဖွင့်ပြောဆိုချက်

0 Morekha Art Gallery (သို့) ကျော်သူ၏ ခြေတစ်လှမ်း


Morekha Art Gallery ဖွင့်ပွဲအခမ်းအနားကို ပုလဲကွန်ဒို၊ တိုက် (C)၊ Gr.07,09၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇွန်လ ၁၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ပန်းချီပညာရှင် (၅၅) ဦးတို့၏ ခံစားချက်လက်ရာများနှင့် ဖွင့်လှစ်ခဲ့ပါသည်။ ယင်းပြပွဲသို့ ပန်းချီအနုပညာရှင်များ၊ စာပေအနုပညာရှင်များ၊ ပြည်တွင်း ပြည်ပ ၀ါသနာရှင်များ လာရောက် အားပေးခဲ့ကြသည်။ ယင်းအနုပညာ ပန်းချီပြပွဲသည် မတွေ့ဆုံခဲ့ပြီဖြစ်သော အနုပညာ မောင်နှမများ၊ အနုပညာ သွေးသောက်များ တွေ့ဆုံခွင့်ရသည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

ပြပွဲကိုဦးစီးကျင်းပပေးခဲ့သူမှာမိုးခပန်းချီပြခန်းပိုင်ရှင်ဦးဘိုဘိုဦးနှင့်ဦးဆန်နီငြိမ်းတို့ဖြစ်ကြောင်းသိရှိရပါသည်။

မကြာမီကမှ ပြင်ပလောကသို့ ရောက်ရှိလာသော ကဗျာဆရာ ကိုစောဝေနှင့် အနုပညာ လောကသို့ ခြေတစ်လှမ်း လှမ်းလိုက်သော ကျော်သူတို့ တွေ့ဆုံခွင့် ရရှိခဲ့သည့် ပွဲတစ်ပွဲလည်း ဖြစ်သည်။

ယင်းပွဲတွင် “ အနုပညာကို စတေးပြီး ငြိမ်းချမ်းရေးကိုရအောင် လုပ်ယူရမည် ” … ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုထားသည့် ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ၏ ပန်းချီကား (၃) ကားကိုလည်း ပြသထားရှိပါသည်။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစပြီး အနုပညာလုပ်ငန်းများ ( ရုပ်ရှင်၊ စာပေ … ) စသဖြင့် ထုတ်ဖော်ပြသခွင့်ကို ပိတ်ပင်ထားခြင်း ခံခဲ့ရသော ကျော်သူ၏ ပရိတ်သတ်များအပေါ် ပန်းချီအနုပညာကို ချပြခွင့်ရရှိသော ထူးခြားသည့် ပွဲတစ်ပွဲလည်း ဖြစ်ပေသည်။ အနုပညာသမားတစ်ယောက်ကို အနုပညာလုပ်ငန်းများ ပိတ်ပင် တားဆီးထားမှုမှ ပထမဦးဆုံး ပြင်ပလောကမှ အနုပညာနယ်ပယ်ထဲသို့ ခြေလှမ်းတစ်လှမ်း လှမ်းခွင့် ရရှိမှုဖြစ်သည်။

ပန်းချီပြပွဲဖွင့်လှစ်ခြင်းအခမ်းအနားသို့စာပေအနုပညာရှင်များ၊ပန်းချီအနုပညာရှင်များ၊သရုပ်ဆောင်အနုပညာရှင်အချို့လည်းတက်ရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။စာရေးဆရာအဏ္ဏ၀ါစိုးမိုး၊စာရေးဆရာမဒေါ်သန်းမြင့်အောင်၊ရုပ်ရှင်သရုပ်ဆောင်၊ဒါရိုက်တာအကယ်ဒမီဆုရှင်၊နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဌဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်၊ပန်းချီဖေစိုးအောင်၊သီချင်းနှင့်ကဗျာဆရာသော်ဒီဝေ၊မကြာသေးမီအချိန်ကရမည်းသင်းအကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာခဲ့သောကဗျာဆရာကိုစောဝေစသည့်အနုပညာရှင်ပေါင်းများစွာတက်ရောက်အားပေးကြည့်ရှုခဲ့ကြပါသည်။

ဓာတ်ပုံ။ ။ ကိုကျော်သူ။ Burma paparazi

0 ပဲခူးမြို့ရှိဦးအေးမြင့်ခေါင်းဆောင်သောလမ်းပြကြယ်အဖွဲ့မှ စက်ရေတွင်းများအောင်မြင်စွာတူးဖော်နေ


စင်္ကာပူနိုင်ငံရောက်မြန်မာများတည်ထောင်ထားသောLOTUSFOUNDATIONအဖွဲ့၏ ၁၄တွင်းမြောက်
စက်ရေတွင်းအလှူပါ--ပဲခူးမြို့နယ်၊ အိုးဖို၊ ကျေး၇ွာတောင်ဖက်အပိုင်း--ကုလားရွာတွင်းဖြစ်ပါသည်--

အားလုံးသာဓု....ခေါ်ရန်ပါ

ပေးပို့သော ဦးအေးမြင့် (လမ်းပြကြယ်)အားကျေးဇူးတင်ရှိပါသည်။

0 နိုင်ငံ အနှံ ဘောလုံးပွဲ လောင်းကြေးထပ်မှု များ ကြောင့် မြန်မာ ငွေဈေး ကမောက်ကမ ဖြစ်နိုင်



(freedom new group)
ဇွန် လ ၁၁ ရက် မှ ဇူလိုင် လ ၁၁ ရက်နေ့ ထိတောင် အာဖရိက နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲ ပွဲစဉ်များ အား ရန်ကုန် မြို့ လူဦးရေ ၏ထက်ဝက်ကျော်က လောင်ကြေးထပ် ကြည့်ရှုကြောင်း ကျပ်ငွေသိန်း ၂၀၀ (ဈေးကွက် အခေါ် ဘုံး ၂၀၀)ထိ ကြေးတင် နိုင်သည့် လောင်ကစား ဒိုင်ကြီး တစ်ခုက FreedomNews Group သို့ ပြောသည်။ အဆိုပါဒိုင်၏ တာဝန်ရှိ သူ တစ်ဦးက မနေ့က မက္ကဆီကိုနဲ့တောင်အာဖရိက ကျွန်တော့်တစ်ယောက်တည်းဆီမှာပဲလေးထောင်ကျော်တက်တယ်။ ထင်တောင်မထင်ဘူး၊အရင်နှစ်တွေက ဆိုရင် ပွဲတစ်ဝက် လောက်မှ မာန်တက်ပြီး တင်ကြ တာ အခု ပထမ ဆုံးနေ့ ပဲရှိသေးတယ်။

ယမန်နေ့ က ကျင်းပခဲ့သည့် ပွဲဦးထွက် ပွဲစဉ် တစ်ခုဖြစ်သည့် တောင်အာဖရိက နှင့် မက္ကဆီ ကို ပွဲ စဉ်တွင် မက္ကဆီကို မှ အထက်ကြေး ဖြစ်သည့်  သရေဆယ်ပြား အရှုံးပေါက်ရာ မြန်မာ ပရိသတ် က မက္ကဆီကို ဘက်မှ လောင်းကြေးထပ် ၍ သရေ ကျသည့် အတွက် ဆယ်ပြားရှုံးခဲ့ရသည် ဟု ဆိုသည်။

ရန်ကုန်မြို့ မှ ဘောလုံးလောင်းကစား ပါသည့် နာမည်ကျော် စီးပွားရေး သမားတစ်ဦး မှာ တစ်နေ့ လျှင်အပျော်လောင်း ကြေး ပင်လျှင် တစ်ပွဲလျှင် သိန်း ငါးထောင် ကျော်လောင်းသည် ဟု ဆိုသည်။ထင်ရှားသော မြန်မာစီးပွားရေး လုပ်ငန်းရှင် အချို့ မှာ ဘောလုံးလောင်းကစားမှု တွင် သိန်းထောင်ချီ လောင်းကြေးထပ်ကြသည်။

ပြီးခဲ့သည့် မေလက ကျင်းပပြီးစီးခဲ့သည့် ဥရောပ တံခွန်စိုက်ဒိုင်း ချံပီယံလိဂ် ဖိုင်နယ် ပွဲစဉ် တွင် လောင်းကြေး မြန်မာ တစ်နိုင်ငံလုံး၏ လောင်းကြေး ပမာဏ မှ ကျပ်ငွေ သိန်းဘီလျှံ ၉၀ ကျော်သည် ဟု သိရသည်။

ယနေ့ ကန်မည့် အသင်းများ ၏ ပေါက်ဈေးမှာ အင်္ဂလန်အသင်းက အမေရိကန် အသင်းကို ၁ လုံး ၁၀ပြားရှုံး၊အာဂျင်တီးနား အသင်းက နိုင်ဂျီးယား အသင်းကို တစ်လုံးငါးမူးရှုံးနှင့် ဂရိအသင်း က တောင်ကိုရီးယား အသင်း ကို လည်ပယ် တစ်မတ် ရှုံး ဖြင့်ကြေးဖွင့်သည် ဟု သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသား တစ်ဦးက ဘယ်သူ နိုင်နိုင်၊ဘယ်သူ ရှုံးရှုံး၊ ထိုးသား တွေ ကတော့ကော်မရှင် ကြေးဆယ်ပြား၊ငါးပြား အကွာ နဲ့  အရှုံးတွေ ချဉ်းပဲ ဒိုင်တွေ နဲ့  ဒိုင်တွေ က ဆက်ကြေးကောက်တဲ့ လူတွေ ပဲ နိုင်မှာ ဟု သုံးသပ်သည်။

မြန်မာ နိုင်ငံတွင်း မှ လောင်းကြေးထပ်ငွေများ များပြား လာပါက ဟောင်ကောင် ၊တရုတ် ၊ထိုင်ဝမ်နှင့် ထိုင်း နိုင်ငံတို့ မှ ဘွတ်ကီဒိုင်များ အား တစ်ဆင့် ထပ်မံ တင်သည် ဟု ရန်ကုန် မြို့ ရှိ လောင်းကြေး တာဝန် ခံ တစ်ဦး ကပြောသည်။

ဘောလုံးလောင်ကစား အကြီးအကျယ် ပြုလုပ်လာခြင်းသည် တိုင်းပြည်၏ စီးပွားရေးထိုင်းမှိုင်းမှုကြောင့်ဖြစ်ပြီး လောင်းကစား ကျသူများ မှာ စီးပွားရေး နှင့် ၀င်ငွေ နိမ့်ကျခြင်း ကို ထွက်ပေါက်ရှာသည် သူများ က အများစု ဖြစ်သည် ဟု သိရသည်။

မြန်မာ စီးပွားရေး ဆောင်းပါးရှင် တစ်ဦးက ‘ဘောလုံးပွဲ တအားရှုံးရင် မလွယ်ဘူး၊မြန်မာ ပြည်ကပိုက်ဆံတွေ နိုင်ငံခြားကို ထွက်မှာ ပြည်ပ နိုင်ငံတွေ ကို ပေးဖို့ ဒေါ်လာ ၀ယ်ရမယ်လေ ၊ဒေါ်လာဈေး တအား တက်သွားမယ် ငွေဖောင်းပွ လာ နိုင်တယ်။နိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့ဟု ပြောသည်။

ဘောလုံးလောင်းကစား ကြသူများမှာ အသက် ၁၅ နှစ် အရွယ်မှ အသက် ၇၅ နှစ် အရွယ်ထိ ပါသည်
ဟု သိရသည်။

0 2010 FIFA World Cup South Africa Concert Shakira Orlando Stadium

0 လမ်းပြကြယ်ဦးအေးမြင့်က ကလေးစစ်သား မောင်အောင်လှိုင်ဖြိုး(မော်လမြိုင်) အကြောင်း ထုတ်ဖော်ပြောဆို


video by Burma Democratic Concern (BDC)

0 ရွှေဝါရောင်သံဃာ-ကျောင်းသား-လူထုပူးပေါင်းလှုပ်ရှားမှု့အဖွဲ့ အထူးထုတ်ပြန်ကြေငြာချက်-(၂/၂၀၁၀)


ပေးပို့သူ ။ ။ ဒီမိုဝေယံ

0 တပ်ရင်း တစ်ခုလုံး နုတ်ထွက်ဖို့ကြိုးပမ်းမှုကြီး

ကရင်ပြည်နယ် နတ်ကြီးကျေးရွာမှာ အခြေစိုက်တဲ့ တပ်မ (၄၄) လက်အောက်ခံ ခြေမြန်တပ်ရင်း (၃) မှာ တပ်ရင်း တစ်ရင်းလုံး နုတ်ထွက်ဖို့ ကြိုး ပမ်းမှု ဖြစ်ပွား ခဲ့တယ် လို့ စစ်တပ်နဲ့ နီးစပ်တဲ့ ဘီးလင်း မြို့ခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

Burmese Soldiersစစ်တပ်အတွင်း အောက်ခြေနဲ့ အထက် အရာရှိ တွေကြား ကွာဟမှုတွေရှိအဲဒီတပ်ဟာ မော်လမြိုင် ရန်ကုန် ကားလမ်း နံဘေးက ဘီးလင်းမြို့အနားမှာ အခြေစိုက်တာ ဖြစ်ပါတယ်။တပ်တွင်းမှာ အောက်ခြေက တပ်သားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အထက်က အမိန့်ပေး ခိုင်းစေတာတွေကို မကျေနပ်ကြတဲ့ အတွက် တပ်ရင်းမှူးက အစ အောက်ခြေ တပ်သားတွေ အဆုံး နုတ်ထွက်ဖို့ ပြင်ဆင် ကြတာကို တပ်မမှူး သိသွားလို့ ထိန်းချုပ် ထားလိုက်တဲ့ အကြောင်းလည်း ဘီးလင်း မြို့ခံက ဘီဘီစီကို ပြောပါတယ်။

အခုတော့ တပ်ရင်းမှူး အပြောင်းအလဲ လုပ်လိုက်ပြီး ပထမတပ်ရင်းမှူး အပါအဝင် ဂျီတူး နဲ့ ဂျီ သရီး တွေ အပြင် တခြား တာဝန်ရှိသူ တွေကိုလည်း ထုချေလွှာ တောင်းပြီး စစ်ဆေးမှု ပြုလုပ် နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။မြန်မာ စစ်တပ် အတွင်းမှာ အခုလို တပ်တွင်းမှာ မကျေမနပ် ဖြစ်မှုတွေ အကြောင်း မကြာ ခဏကြားရတတ်လေ့ ရှိပေမဲ့ မြန်မာ အစိုးရ ဘက်က တရားဝင် သတင်း ထုတ်ပြန် လေ့ မရှိလို့ အတည်ပြုချက် ရယူဖို့ ခက်ပါတယ်။ဒီနှစ်ဆန်းပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ထဲမှာ စားဝတ် နေရေး မပြေလည်တဲ့ အတွက် အင်းမက တပ်မ (၆၆) နဲ့ တပ်မ (၇၇) တို့မှာ တပ်တွင်း အမိန့်မနာခံမှု တွေ ဖြစ်ခဲ့ပါတယ်။
(ဘီဘီစီ)

0 ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆို

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ပြည်သူလူထုက မဲဆန္ဒပေးတာလည်း မိမိရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ မိမိရဲ့ အခွင့်အရေးပဲလို့ ပြောဆိုကြောင်း ယနေ့ နေ့လည် ၁နာရီမှ ၃နာရီအထိ နေအိမ်ပြင်ဆင်ခွင့် ကိစ္စနဲ့ ပတ်သတ်ပြီး တွေ့ဆုံခွင့်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့အန်ကယ်တို့ အင်ဂျင်နီယာဦးခွန်သာမြင့်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ် ဦးထင်ကျော်ရယ် အန်ကယ်ရယ် ဒီနေ့ ၁နာရီကနေ ၃နာရီထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရပါတယ်။ အဓိက သွားတွေ့တာကတော့ ခြံဝင်းထဲမှာ ပျက်ဆီးနေတဲ့ အိမ်တစ်လုံးရှိတယ်။ အဲ့ဒါကို ဖျက်သိမ်းဖို့ စည်ပင်ကို တင်တော့ပထမ ခွင့်ပြုတယ်..... နောက်တစ်ခါ ပြန်ရုပ်သိမ်းတယ်....။ အဲ့ဒါကို မြို့တော်ဝန်ကို တင်ပြဖို့ ဥပဒေအချက်အလက်တွေ အဲ့ဒါတွေကို သွားဆွေးနွေးတာ။ အဲ့ဒါရေးပြီး နောက်တစ်ပတ်ထဲမှာ တင်ဖို့ သွားဆွေးနွေးတာ...။

နောက်တစ်ခု ပြောဖြစ်တဲ့ အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်လူငယ်တွေကို ပျိုးထောင်ဘို့လိုတယ်။ ပျိုးထောင်တဲ့ လူတွေကိုယ်တိုင်က သဘောထားကြီးရမယ်။ ရဲဘော် ရဲဘက်စိတ် ရှိရမယ် အဲ့ဒါလေးပြောပါတယ်။ နောက်တစ်ခုက NLD အတွက်ခုလို ခက်ခဲနေချိန်မှာ NLD အဖွဲ့ဝင်တွေ၊ လူငယ်တွေ ၊ အမျိုးသမီးအဖွဲ့ဝင်တွေ ညီညီညွတ်ညွတ် ဆောင်ရွက်နေတဲ့ အတွက် ဒါဟာအကောင်းဆုံးပဲ ဂုဏ်ယူပါတယ် လို့ပြောပါတယ်... ဒုတိယအချက်ပေါ့ နောက်ပြည်သူလူထုတွေ ဒီမိုကရေစီနဲ့ ပတ်သတ်ပြီးတော့ ပိုပြီးသိရှိလာအောင် ကြိုးစားဆောင်ရွက်ရမယ် ဒီလိုကြိုးစားဆောင်ရွက်ဖို့ အားလုံးမှာ တာဝန်ရှိပါတယ် လို့ပြောပါတယ်။

မဲပေးတာနဲ့ ပတ်သတ်ပြီး ပြည်သူလူထုက မဲဆန္ဒပေးတာလည်း သူရဲ့ အခွင့်အရေးဖြစ်သလို မဲမပေးတာလည်းပဲ သူ့ရဲ့ အခွင့်အရေးပဲလို့ အဲ့သလို ပြောပါတယ်။ သတင်းအနေနဲ့ ပြောနိုင်ဖို့ အဲ့ဒီအချက်တွေ ပေးလိုက်ပါတယ်.. ဟုရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လာမယ့် အပတ် ၁၉ရက်နေ့ စနေနေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅)နှစ်ပြည့် မွေးနေ့ ပွဲ အခမ်းအနားကို မင်္ဂလာဒုံ ၁၀မိုင်ကုန်းမှာရှိတဲ့ မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းကြည် အိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက် အရ အဲ့ဒီမှာလုပ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်က ဆင်းရဲချို့တဲ့တယ့် ကျောင်းသားလေးတွေ ကို ခဲတံ၊ စာအုပ်၊ Dictionary တွေလှုမယ်။ အဲ့တော့ ဒီမှာလည်း ဗဟိုအမျိုးသမီးအဖွဲ့က အဲ့ဒါတွေကို ပြင်ဆင်ထားပြီးပါပြီ " ။ ဟု ဆက်လက်ပြောဆို သွားပါတယ်။

ပြောခဲ့တယ့်နှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၄)နှစ်ပြည့် မွေးနေ့ပွဲအခမ်းအနားကို အဖွဲ့ချုပ်ရုံးမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်...။ ထိုအချိန်က အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်ထော နေအိမ်သို့ ဝင်ရာက်မှုနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်အတွင်း ပြောင်းရွှေ့ ခံထားရချိန်၌ အနီးအနားရှိ လုံခြုံရေးကျနေတဲ့ အကျဉ်းထောင် ဝန်ထမ်းများအား ဒေါ်အောင်ဆန်းစုကြည်မှ ဒံပေါက်ထမင်း လှူဒါန်းကျွေးမွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား နေအိမ်သို့ ဝင်ရောက်မှုနဲ့ ပတ်သတ်ပြီး ဆိုင်းငံပြစ်ဒဏ် ၁နှစ်ခွဲ မတရားကျခံနေရပြီး လာမယ့် နိုဝင်ဘာလမှာ ပြန်လည် လွတ်မြာက်မှာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ မှာ ကျင်းပမယ်လို့ သတင်း ရရှိတဲ့ အကြောင်း အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် က ကမ္ဘာလုံး ဆိုင်ရာ အာရှ အဖွဲ့အစည်းရဲ့ ညီလာခံမှာ မနေ့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်(BBC)။ စစ်အစိုးရကကတော့ ယနေ့အထိ ရွေးကောက်ပွဲရက်ကို အတိအလင်း ထုတ်ဖော် ကြေငြာခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်မစေ့မှီ စစ်အစိုးရမှ ရွေးကောက်ပွဲ ကျင်းပဖို့ ဆုံးဖြတ်ထားပုံရကြောင်း မြန်မာ့အရေးလေ့လာ သူများကဆိုပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူလူထုထောက်ခံမှု၊ တိုင်းရင်းသားတွေ ယုံကြည်လေးစားမှု ရရှိထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါပဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း အကဲခတ်တွေက ဆိုပါတယ်။

သတင်း.. ဒီမိုဝေယံ....။

0 စစ်အစိုးရ နှုတ်မပိတ်နိုင်တဲ့ လူနှစ်ယောက် သို့မဟုတ် ဇာဂနာမော်ကွန်း

တစ်ယောက်က ပြည်ပမှာ ခုံလှုံနေသူဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ အာဏာရှင်စစ်အစိုးရကို ဝေဘန်မှုနဲ့ အကျဉ်းချခံထားရသူ။ ဒါပေမဲ့ မကြာသေးခင်ကထွက်ပေါ်လာတဲ့ ဝေဘန်ရေးကဗျာတစ်ပုဒ်က အနုပညာရှင်တွေဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုထိန်လင်းတို့ဟာ စစ်အစိုးရအတွက်တော့ ဆူးငြောက်ကြီးတစ်ခု ဖြစ်နေတုန်းပဲဆိုတာကို ပြသနေလေရဲ့။

-မူရင်းဆောင်းပါးရှင် = Andrew Buncombe (09/06/2010/ The Independent)


မြန်မာအာဏာပိုင်များက အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နာမည်ကျော်လူရွှင်တော် ကိုဇာဂနာကို (၅၉)နှစ်လောက် ထောင်ထဲထည့်ထားလိုက်ရင်တော့
စစ်အစိုးရကို ဝေဖန်ရေးမှာ နာမည်ကြီးလှတဲ့ ဒီလူဟာ နှုတ်ပိတ်သွားမှာပဲ လို့ ထင်နေကြမှာပါ။ ဒါပေမဲ့ ရုပ်ရှင်၊ ပြဇာတ်၊ ကဗျာတွေနဲ့ လူအသိများလှတဲ့ ဒီလူ့ကို ရန်ကုန်ရှိသူ့မိသားစုအိမ်ကနေ ဝေးကွာလှတဲ့ ထောင်ထဲပို့ထားလင့်ကစား၊ သံဘောင်တွေနောက်က သူ့ဘ၀ကတော့ သူ့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ ထုတ်ဖေါ်ပြောဆိုရဲတဲ့ဆန္ဒတွေကို လျော့ပါးသွားစေပုံမရပါဘူး။

ပြီးခဲ့တဲ့ သတင်းပတ်တွေတုန်းက (သူ) နောက်ထပ်ရေးလိုက်တဲ့ကဗျာလေးတစ်ပုဒ်ဟာ တိုတောင်းပေမဲ့ အားပြည့်လှတာကိုတွေ့ရပါတယ်။ အသက် (၄၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီအနုပညာရှင်ဟာ အဲဒီကဗျာကို ထောင်ထဲက ခိုးထုတ်ပြီး သူ့မိတ်ဆွေတွေဆီ ပေးပို့ခဲ့ပါတယ်။ အဲဒီကဗျာကတော့-----------


"It's lucky my forehead is flat

Since my arm must often rest there

Beneath it shines a light I must invite

From a moon I cannot see

In Myitkyina."

~~~~~~~~~~~~~~~~~~~~~

ကံထူးလို့ မှတ်ယူ

ငါ့နဖူး ပြားချပ်ကွဲ့

ငါ့လက် နားယူ

လရောင်မူ

အပြင်မှာတောက်လင်း

အတွင်းဆောင်ချင်ငဲ့

ဒီငထောင် မြစ်ကြီးနားမှာ

မိုက်မှောင်က ဖျက်။

မှတ်ချက်။ (အထက်ပါကဗျာကို ဘာသာပြန်သူက ကိုထိန်လင်းရဲ့အင်္ဂလိပ်ကဗျာအတိုင်း တိုက်ရိုက်ပြန်ထားခြင်းဖြစ်ပါသည်၊ ကိုဇာဂနာရေးတဲ့ မူရင်းကဗျာကို ရပါက ဆက်လက်ဖေါ်ပြပေးမည် ဖြစ်ပါကြောင်း။)

မြန်မာပြည်မြောက်ပိုင်းရှိ မြစ်ကြီးနားထောင်ထဲက အကျဉ်းသားတွေရဲ့ ဒုက္ခကို ထင်ဟန့်စေတဲ့ ဒီကဗျာလေးကို လက်ခံရရှိသူကတော့ ကိုဇာဂနာရဲ့ မိတ်ဆွေကြီး ကိုထိန်းလင်းပါ။ မြန်မာအနုပညာရှင်ကိုထိန်းလင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး အခု ယူကေမှာ အခြေကျနေပါပြီ။ သူက ဒီကဗျာလေးကို ဗြိတိသျှလူမျိုးဖြစ်တဲ့ သူ့ဇနီးအကူအညီနဲ့ အင်္ဂလိပ်လိုပြန်ဆိုရုံတင်မက သူ့မိတ်ဆွေရဲ့ကဗျာစာကြောင်းတွေနောက်လိုက်ပြီး ပိုမိုစိတ်ဝင်စားဘွယ်ဖြစ်အောင် သီကုံးရေးချယ်ခဲ့ပါတယ်။ (ဒီကဗျာရဲ့) ထိရှတဲ့ပုံရိပ်ထဲမှာ အကျဉ်းစံမိတ်ဆွေရဲ့ ဦးခေါင်းဟာ သူ့လက်ဖျံတွေထဲ နစ်ဝင်နေပြီလို့ ညွှန်းဆိုထားပါတယ်။ လက်တွေဟာ အမြဲတမ်းမြှောက်ထားရတဲ့ အခြေအနေပါ။

ကိုထိန်းလင်းက “ကျနော်သူနဲ့စတွေ့တာ ၁၉၈၄-ခု၊ တက္ကသိုလ်တက်တုန်းကပါ၊ အဲဒီမှာ ကျနော်တို့ သူငယ်ချင်းတွေဖြစ်ခဲ့ကြတာပေါ့၊ ကျနော်က ထောင်ထဲမှာ ခြောက်နှစ်နဲ့ ခြောက်လလောက်နေခဲ့ရပါတယ်၊ ထောင်ကထွက်လာတော့ ကျနော့်မှာ နေစရာမရှိတော့ပါဘူး၊ ကိုဇာဂနာက ကျနော့်ကို နေစရာပေးခဲ့တဲ့အပြင် အနုပညာရှင်တစ်ယောက်အနေနဲ့ ကိုယ့်လုပ်ငန်းအတွက် ကွန်ပျူတာသုံးပုံသုံးနည်းကိုပါ ပြသခဲ့ပါတယ်…ကျနော်ပန်းချီဆရာလုပ်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်” လို့ (သူနဲ့ ကိုဇာဂနာတို့ ဆုံစည်းရပုံကို ပြန်ပြောင်း) ပြောပြပါတယ်။

ကိုဇာဂနာဟာ လူလတ်တန်းစားဖြစ်တဲ့ ရန်ကုန်က ပညာတတ်မိသားစုမှာ မွေးဖွါးလာသူတစ်ယောက်ဖြစ်ပြီး ကျောင်းသားဘ၀ကတည်းက ကဇာတ်ဖျော်ဖြေရေးနဲ့ စည်းရုံးရေးတွေမှာ စတင်ပါဝင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရင်းနဲ့ သူဟာ အာဏာရှင်တွေရဲ့ချို့ယွင်းချက်တွေကို အလိမ္မာသုံးပြီး ဝေဘန်ညွန်ပြလေ့ရှိတဲ့ မြန်မာ့ဇာတ်သဘင်လောကက အနုပညာရှင်တွေ၊ လူရွှင်တော်ကြီးတွေရဲ့ ရှည်လျားလှတဲ့ အစဉ်အလာထဲ ၀င်ရောက်ခဲ့ပါတော့တယ်။ သူဟာ ၂၀၀၂ ခုနှစ်တုန်းက ကွယ်လွန်သွားတဲ့ အာဏာရှင်ဦးနေ၀င်းကို “သူတောင်းစား” ဆိုတဲ့နာမည်နဲ့ ပျက်လုံးထုတ်ခဲ့ပေမဲ့ အလွန်နာမည်ရလာပြီးတော့ တီဗွီဖန်သားပြင်ပေါ်မှာ ပုံမှန်တွေ့လာရပါတယ်။

အနုပညာသမားကိုဇာဂနာဟာ ၁၉၈၈-ခုနှစ် အထွေထွေသပိတ်ကြီးထဲ ပါဝင်ရာကနေ နောက်ဆုံးတော့ အာဏာပိုင်တွေနဲ့ ပြဿနာဖြစ်ပြီး ဖမ်းဆီးထောင်ချတာကို ခံရပါတော့တယ်။ အဲဒီအချိန်ကစပြီး (အာဏာပိုင်တွေနဲ့) အနှစ်ဆယ်လောက်နီးပါး ကြောင်နဲ့ကြွက်လို ပြေးတမ်းလိုက်တမ်းကစားလာတာ အခုအချိန်အထိဆိုပါတော့။ သူဟာ အစမှာ ဇာတ်ခုံပေါ်တင်ဆက်ဖျော်ဖြေမှုတွေ ရုပ်သိမ်းခံခဲ့ရပြီး၊ ၂၀၀၆-ခုနှစ်မှာတော့ ဘယ်အနုပညာဆိုင်ရာလုပ်ငန်းမှ လုပ်ခွင့်မရအောင် အပိတ်ခံလိုက်ရပါတယ်။

၂၀၀၈-ခုနှစ် ဆိုင်ကလုန်းနာဂစ်အရေးအခင်းမှာလှုပ်ရှားမှုကြောင့် (ကိုဇာဂနာဟာ) ထောင်ထဲမှာ လောလောဆယ်အကျဉ်းချခံထားရပါတယ်။ နာဂစ်ပေါ် စစ်အစိုးရရဲ့ တာဝန်မဲ့တုန့်ပြန်မှုတွေကြောင့် မြန်မာပြည်သူပြည်သား အတော်များများဟာ သူတို့ကိုယ်တိုင်စုပေါင်းတာဝန်ယူပြီးတော့ မုန်တိုင်းဒဏ်ကြောင့်အိုးမဲ့အိမ်မဲ့ အလုပ်လက်မဲ့ဖြစ်သွားကြရရှာတဲ့ ဧရာဝတီလူထုထောင်ပေါင်းများစွာတို့ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ကူညီဖြေရှင်းပေးခဲ့ကြပါတယ်။ ကိုဇာဂနာဟာလည်း အဲဒီလိုဆောင်ရွက်ပေးသူတွေထဲမှာ တစ်ယောက်အပါအ၀င်ပါပဲ။

သူဟာ စစ်အစိုးရရဲ့ တာဝန်ယူညံ့ဖျင်းမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားသတင်းထောက်တွေကို ဖွင့်ဟပြောပြခဲ့လို့ အဖမ်းခံခဲ့ရပါတယ်။ ဧရာဝတီမဂ္ဂဇင်းကတစ်ဆင့် “အာဏာပိုင်တွေက ဆင်းရဲသူဆင်းရဲသားတွေအတွက် အကူအညီပေးနေတဲ့အဖွဲ့အစည်းတွေကို အကူအညီကောက်ခံလို့ မရအောင် တားဆီးပိတ်ပင်ဖို့ ကြိုးစားနေကြောင်း” ပြောကြားခဲ့ပါတယ်။

“အစမှာတော့ ကျနော်တို့ တော်တော်လေးကို အရဲစွန့်ရပါတယ်၊ ကိုယ့်ဖာသာ ရှေ့ဆက်ချီတက်ရမည့်ကိစ္စကိုး၊ တစ်ခါတစ်ခါ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ရတွေလည်း မနည်းဘူး၊ ဥပမာဗျား၊ ကျနော်တို့ကို မေးတယ်၊ သူတို့ကို မတိုင်ပင်ပဲနဲ့ ဘာဖြစ်လို့ ကိုယ့်ဖာသာလုပ်နေရတာလဲတို့၊ ကျနော်တို့ကို သူတို့နဲ့ ညှိနှိုင်းဆောင်ရွက်စေချင်တယ်တို့ ဘာတို့ပေါ့၊ ပြီးတော့ ပြောသေးတယ်၊ ကျနော်တို့အသက်ကို တာဝန်မယူနိုင်ဘူးဆိုပြီးတော့”။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားပါ။

စစ်အာဏာရှင်တွေဟာ လူပေါင်း (၁၃၅၀၀၀)လောက် အသက်ဆုံးရှုံးပျက်စီးခဲ့ရတဲ့ ဒီသဘာဝဘေးကြီးအပေါ် သူတို့ရဲ့တုန့်ပြန်မှုတွေ အချိုးမကျကြောင်း အပြစ်တင်ဝေဖန်သံတွေကို လျှစ်စ်လျှူရှုပြီးတော့ အတိုက်အခံတွေ၊ သတင်းထောက်တွေ၊ ဝေဖန်သူတွေ ဒါဇင်ပေါင်းများစွာကို ထောင်သွင်းအကျဉ်းချခဲ့ကြပါတယ်။ ကိုဇာဂနာကိုတော့ (၅၉) နှစ်ထိ ထောင်ဒဏ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ (၃၅)နှစ်အထိ လျော့ချပေးခဲ့ပါတယ်။ အခုလောလောဆယ်မှာတော့ ကိုဇာဂနာဟာ ရန်ကုန်နဲ့ မိုင် (၉၀၀) လောက်ဝေးတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်ထဲမှာပါ။

အခြားနိုင်ငံရေးအကျဉ်းသားအများစုလိုပဲ ကိုဇာဂနာကိုလည်း သူ့အိမ်နဲ့ဝေးကွာတဲ့ဒေသမှာ အကျဉ်းချထားတာဖြစ်ပါတယ်။ ယူကေရှိ မြန်မာ့လှုပ်ရှားရေးအဖွဲ့သားတစ်ဦးဖြစ်သူ Anna Roberts ကတော့ “ဒါဟာ စစ်အစိုးရက အကွက်ချစီစဉ်ထားတဲ့ မူဝါဒတစ်ခုပဲ၊ ဒီမူဝါဒ ဟာ ၂၀၀၇ အရေးအခင်းအပြီးမှာ ပိုအသက်ဝင်လာတယ်” လို့ဆိုပါတယ်။ သူကဆက်ပြီးတော့ “ဒီလိုလုပ်တာကတော့ စစ်အစိုးရဲ့ အပြစ်ပေးနည်းတွေထဲက အစိတ်အပိုင်းတစ်ခုပေါ့၊ ထောင်ထဲမှာ အစားအသောက်တွေ၊ ဆေးဝါးတွေဟာ သိပ်ရှားပါးလှပါတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးအကျဉ်းသားတွေဟာ လိုအပ်တဲ့အထောက်အပံ့တွေရဖို့အရေး သူတို့သက်ဆိုင်ရာအိမ်ကိုပဲ အားကိုးကြရရှာတာပါ၊ စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို အိမ်နဲ့ဝေးတဲ့ ဒေသတွေဆီပို့ပြီး သူတို့မူဝါဒကို အကောင်အထည်ဖေါ်နေတာပါ၊ အဓိပ္ပါယ်ကတော့ သက်ဆိုင်ရာမိသားစုတွေအတွက် သွားရေးလာရေးအခက်အခဲရှိပြီး ငွေကုန်ကျေးကျများအောင်ပါပဲ” လို့ သုံးသပ်ထားပါတယ်။

ဗြိတိသျှမှတ်တမ်းရုပ်ရှင်ကား ရိုက်ကူးသူ Rex Bloomstein က ကိုဇာဂနာရဲ့အကြောင်းကို သူရေးတဲ့ကဗျာလေး ရောက်လာတဲ့သတင်းကို အခြေခံပြီးတော့ မှတ်တမ်းတင်ကားတစ်ခုအနေနဲ့ “ဒါ ကျုပ်နေတဲ့ ထောင်ပါ” ဆိုတဲ့ကားတစ်ကား ရိုက်ကူးနေပါတယ်။ ဒီမှတ်တမ်းတင်ကားကို ဒီ (ဂျွန်) လမကုန်ခင် မြူးနစ်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့စီစစ်ထားပါတယ်။ မစ္စတာ ဘလူးစတိန်းဟာ လူ့အခွင့်အရေးတွေနဲ့ ကပ်ဘေးကြီးတွေအမျိုးမျိုးကို လေ့လာနေသူတစ်ယောက်ဖြစ်ပါတယ်။ သူက ပြီးခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည်မှာ ကိုဇာဂနာနဲ့ ဆုံခဲ့ရကြောင်း ပြောပါတယ်။

“ကျုပ်မှတ်တမ်းတင်ရိုက်ကူးခဲ့တဲ့ အမှတ်ရဘွယ်သူသားတွေထဲမှာ သူ့ကိုလည်း တစ်ယောက်အနေနဲ့ မြင်မိပါတယ်၊ သူဟာ တကဲ့ကို အသိအမှတ်ပြုထိုက်တဲ့လူတစ်ယောက်ပါ၊ အကြောက်အရွံ့ကင်းသလို ဖျားယောင်းသွေးဆောင်လို့ ရမည့်လူစားလည်းမဟုတ်ပါဘူး၊ သူဟာ ဗမာ့စိတ်ဓာတ်ရဲ့ အံ့ဘွယ်ပြယုဂ်တစ်ခုပါပဲ၊ ဒါကြောင့်လည်း စစ်အစိုးရက ဒီစိတ်ဓာတ်ကို ရိုက်ချိုးဖို့ ကျိုးစားနေတာပါ၊ ဒါပေမဲ့ မရပါဘူး” လို့ မစ္စတာ ဘလူးစတိန်းက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်က ဆုရဓာတ်ပုံဆရာ James Mackay လုပ်ခဲ့တဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ စီမံကိန်းတစ်ခုမှာ အတူပါဝင်ဆောင်ရွက်ခဲ့သူ ကိုထိန်းလင်းက “ကိုဇာဂနာဟာ ထောင်ထဲရောက်နေပေမဲ့လို့ နောက်ထပ် သူ့ဆီက သတင်းတွေ ထပ်ကြားရဖို့ မျှော်လင့်ကြောင်း” ပြောပါတယ်။ လူရွှင်တော်ဇာဂနာဟာ နိုင်ငံရေးအကျဉ်းသားပေါင်း (၂၁၀၀)ကျော်ကျော်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူတို့တွေ အားလုံးဟာ ဗမာ့ထောင်တွေထဲမှာ ဒုက္ခအကြီးအကျယ်ရောက်နေကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ယုံကြည်နေကြပါတယ်။

“ကျနော့်အတွက်တော့ သူဒီကဗျာကို ရေးတယ် ဆိုတဲ့သတင်းကြားရတာဟာ အံ့သြစရာတစ်ခုမဟုတ်ပါဘူး၊ ကျနော်က သူ့အကြောင်း ကောင်းကောင်းသိနေတာကိုး၊ အရင် ထောင်ထဲနေရစဉ်တုန်းကလည်း ရုပ်ရှင်ကားတစ်ခုလုံးရဲ့ဇာတ်ညွှန်းကို သူ့ခေါင်းထဲ ရေးခဲ့ဘူးတယ်၊ ထောင်ကထွက်ထွက်ချင်း အဲဒီရုပ်ရှင်ကားရိုက်တော့ လူတွေကတောင် “ခင်းဗျား ဇာတ်ညွှန်းကို ဘယ်တုန်းက ရေးခဲ့တာလဲ” လို့ မေးနေကြသေးတယ်၊ သူ အဲဒီဇာတ်ညွှန်းကို ထောင်ထဲမှာ နေ့တိုင်းရေးခဲ့တာ၊ တစ်ချိန်လုံး သူအလုပ်လုပ်နေတာပါပဲ၊ ကျနော်သိတယ်ဗျာ့၊ သူက ကဗျာတစ်ပုဒ်ကို ရေးနေတာမျိုးလည်းဖြစ်မယ်၊ ဒါမှမဟုတ်၊ ပျက်လုံးတစ်ခုခု ထုတ်နေတာလည်းဖြစ်မယ်၊ နေ့တိုင်းပေါ့” လို့ ကိုထိန်လင်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

*ဘာသာပြန်ဆိုသူ-မင်းထက်*


အနုပညာရှင် ကိုထိန်လင်း
အနုပညာရှင် ကိုထိန်လင်း
ကိုမျိုး (design)အားကျေးဇူးတင်ရှိပါသည်။

0 ဗိုလ်ကြီး - စိုင်းသိန်းဝင်း ၊ ဗိုလ်မှူး - အောင်လင်းထွဋ် နှင့် DVB အပေါ် စစ်အစိုးရမှ မတရား စွတ်စွဲ ပြောဆိုချက်


http://www.htwd.info/2009/11/dvb.html

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.