ပြီးခဲ့တဲ့ ရက်တွေ ကတဲက ဗျာ ၊ တလ လောက်ရှိနေပါပီ ၊ အင်တာနက် တွေ က ဘယ်လို မှစိတ် မရှည် နိုင် အောင် နှေးလွန်း လှ သဗျာ ၊ ကွန်နက်ရှင် အယ်ယာတွေ ဘဲ တချိန် လုံး တက် နေ ပြီးပို့စ်လေး တွေ တင်လို့ ရ လို ရ ငြား ၊ ထိုင် စောင့် နေ ခဲ့ ရ တဲ့ ရက် တွေ များ စွာ နဲ့ ဘဲ ၊ဝယ်ထားတဲ့ မန်ဘာကဒ် ကလေး ၊ ပလုံ သွား ခဲ့ ရ ပေါ့ ခင် ဗျာ ။
သတင်းတွေ ထဲ ဖတ်ရပါတယ် ၊ ဟက်ကာတွေ က ကြေညာချက် ထုတ်ပြီး သူတို့ကို ကူညီပြီး မြန်မာပြည် အင်တာနက် ကို ဝိုင်း တိုက်ပေး ဘို့ ပြောထား တာတွေ တွေ့ ပါတယ်တော် ပါ တော့ ဆရာ တို့ ရယ် ၊ ဘာ မှ လဲ အကျိုး မရှိပါဘူး ၊ အခု ကျွန်တော်တို့ လိုပိုက်ဆံပေး သုံး နေတဲ့ သူ တွေ တို့ ၊ အင်တာနက် ကြည့် မရ တော့ ၊ ဆိုင်တွေ ကိုလူ မဝင် လို့ ၊ ဆိုင် ပိုင်ရှင်တွေ ၊ ဒုက္ခ ရောက် ရ တာ ပါဘဲ အဖတ် တင် ပါ တယ်။
အခု ရန်ကုန် မှာ သာ သုံး ရ တာ နှေး နေတာ ၊ ပြင်ဦးလွင် တို့ ၊ နေပြည်တော် တို့မှာ ဟောင်ကောင် ၊ အိုင်ပီ တွေ နဲ့ သုံး ရ တာ ၊ ဖလန်း ဖလန်း ထ နေ ဆို ပါ ဘဲ။နောက်ထပ် ဂိတ်ဝေး တွေ သီးခြား ခွဲ သုံး နေ တယ် လို့ သိ ရ ပါ တယ်။အခု မြန်မာ ဆိုဒ် တွေ နဲ့ ဆက်သွယ်ရေး က အိုင်ပီ တွေ ကို တိုက် နေ တယ် ဆို ပေ မဲ့
အစိုးရဆိုဒ် တွေ က အခု လို မတိုက် လဲ ၊ နဂို က တည်းက ဘယ်သူ မှ မကြည့် ပါဘူးအဲဒီ အစိုးရ ဆိုဒ် တွေ က လဲ တနှစ် နေ လို့ မှ တခါ အပ်ဒိတ် မှ မလုပ်တာစ တင် လိုက် ၊ ကတဲက ၊ ဒီ နေ့ အထိ ဒီ နဂို ရုပ် အတိုင်း ပါ ဘဲ။
အခု အပြင် ကုန်မဏီ တွေ က လဲ သူတို့ နည်း သူ တို့ ဟန် နဲ့ ၊ နိုင်ငံခြား စလောင်းလိုင်းတွေဝယ်သုံးကြတယ် ကြား ရ ပါ တယ် ၊ အခုခေတ် စလောင်း ကွန်နက်ရှင် ဈေး က လဲဘယ်လောက် မှ မကြီးတော့ ပါဘူး ၊ ဗမာပြည် မှာ ရောင်းပေးတော့ မယ် ကြေငြာထား တဲ့စကိုင်းနက် ၊ စလောင်း အင်တာနက် လိုင်း ဆိုတာ က မှ ခုနှစ်သိန်း ကျော်ကျော် ရယ် ပါ။
ရန်ကုန် မှာ သူများဆိုင်တွေ တအားနှေး နေတုံး ၊ ဖလန်း ဖလန်း ထ အောင် သုံးလို့ ရ နေတဲ့ဂွတ် ရှယ် ဆိုင် တွေ အခု ရှိ လာ ပါ တယ် ၊ နယ် မြို့ တွေ မှာ လဲ ၊ ဘယ် တော့ မှကွန်နက်ရှင် မဒေါင်း တဲ့ ဆိုင် ကလေး တွေ ပေါ်လာ ပါ ပြီ။ ဒီ လို ပါ ဘဲ ၊ နည်း ပညာ တွေတိုးတက် လာ တော့ ၊ လူတွေ လဲ ကိုယ့် နည်း ကိုယ့် ဟန် နဲ့ နည်း လမ်း တွေအဆင်ပြေ အောင် ရှာ တတ် ၊ လုပ် တတ် လာ ကြ ပါပြီ။
အဲ ဒီ တော့ ၊ တော် ပါ တော့ ၊ ကိုဟက်ကာ ၊ အာဇာနည် တို့ရေတ လွဲ ဆံ ပင် ၊ ကောင်း မနေ ကြ ပါ နဲ့ တော့ ဗျာ ၊ ဘယ် သူ့ အတွက် မှ ၊အကျိုး မရှိ တဲ့ အလုပ် တွေ ကို ၊ ဆက် မလုပ် ကြ ပါ နဲ့ တော့ ခင် ဗျ။
အခု ကြားနေ ရတာ က စီဒီအမ်အေ ၈၀ဝ တွေ ကို ပါ တပြည်လုံး ပေးသုံး တော့ မယ် လို့ဂျာနယ်တွေ မှာ ဖတ် ရ ပါ တယ်။ စီဒီအမ်အေ ၈၀ဝ တွေ ကို စီဒီအမ်အေ ၄၅၀ နက်ဝပ် အထဲရုန်းမင်း လုပ်ခွင့်ပေး လိုက် တော့ မဲ့ သဘော ပါ။ ဒါ က လဲ စီဒီအမ်အေ ၈၀ဝ နံပါတ်တွေ ကိုစီဒီအမ်အေ ၄၅၀ ဒေတာဘေ့စ် အထဲ ပေါင်း ပေး လိုက် တဲ့ သဘော ပါ။
အခု သုံး နေတဲ့ စီဒီအမ်အေ အိပ်ချိန်း အများစု က ၄၅၀ တွေ ဆို တော့ ၊ ဒီ ဆက်ကြောင်းတွေ ထဲကို စီဒီအမ်အေ ၈၀ဝ နံပါတ်တွေ ကို ပါ ချိတ်ပေး လိုက်တာပါ တဲ့ ခင် ဗျ။သို့ သော် ၊ ၈၀ဝ အာယူအိုင်အမ် ကဒ် ကို တော့ ၄၅၀ ဟန်းဆက်ထဲ ပြောင်း ထဲ့ ပြီး မှ သုံးလို့ ရမှာ ပါ ၊ ၄၅၀ ဟန်းဆက် တွေ အတော် ရောင်းကောင်း ဦး မှာ ပါ။ဖိုးတရုပ်ကြီး တို့ က တော့ ဝမ်စွေ့ ၊ ဝမ် စွေ့ ၊ ဝမ် ဝမ် ကြွေ့ ၊ ဆိုပြီး ၊ တပြုံး ပြုံး ပါ ဘဲ ၊
အင်း ဒီ စီဒီအမ်အေ ၄၅၀ စနစ် က တော့ မြန်မာပြည် အတွက် လိုင်း အင်အား အများဆုံး ၊လူသုံး အများဆုံး ၊ အသုံးပြုနေရာ အများဆုံး အဓိကမိုဘိုင်း စနစ်ကြီး ဖြစ်သွားတော့ မှာ ပါ။အင်း ၊ နောက် တမျိုး ပြော ရရင် ၊ ဒီ စီဒီအမ်အေ ၄၅၀ စနစ် က တော့ မြန်မာပြည် အတွက်အခေါ်ရ အခက်ဆုံး ၊ လိုင်း အကြပ် ဆုံး ၊ စိတ်ပျက်စရာ အကောင်းဆုံး ၊ ခေါ် မကြား ၊အော် မကြား ၊ အဓိက မိုဘိုင်း စနစ်ကြီး ဖြစ်သွား ရ တော့ မှာ ပါ။
အခုပေးထား တဲ့ ဖုန်း အမျိုးအစားတွေ ထဲ မှာ ၊ ပြော လို့ ဆို လို့ ကောင်း တာကဂျီအက်အမ် ပါ။ ဒါ ပေ မဲ့ ၊ ည နေ ပိုင်း ၊ လူ တွေ စကားပြော ဘို့ အချိန် အား၊ များသွားပြီ ဆို ရင် ၊ သူ လဲ လိုင်းကြပ်ပြီး ၊ အတော် ခေါ် ရ ခက် လာ ပါ တယ်။
အခု ပုဂ္ဂလိက ကုန်မဏီ တချို့ ကို စိဒီအမ်အေ လိုင်း ထောင် ချင်ရင် ၊ ပိုက်ဆံ အရင် စိုက်ပြီး ရင် နှစ် အကန့် အသတ် နဲ့ ပြောခ ကို အစိုးရ နဲ့ ရှယ် ပြီး ၊ ဘီအိုတီ စနစ် စ ပေး နေပါတယ်။ အခု နယ်မြို့ လေး တွေ အတွက် စ ပြီး လုပ်ငန်း ချပေး နေ ပါ တယ် တဲ့ ခင် ဗျ..
ကောင်း ပါတယ် ၊ ဆက်သွယ်ရေး ကောင်း ရင် ၊ လူမှု ဘဝ အမှန် တိုးတက် ပါတယ်။ဟိုး အဝေး ကြီး ၊ ၂ ရက် လောက် ၊ ချေလျင်လျောက် မှ ကားလမ်း စ တွေ့ ရ တဲ့ချင်းပြည်နယ် က ပြည်သူ ပြည်သား များ ၊ နောင် ဆို ရင် အမေရိကန် မှာ သွားပြီးပညာတတ်တွေ လူလယ်တွေ လုပ် နိုင် ကြ တော့ မှာပါ။
တရုပ် ကို ပို့ မဲ့ ရေ နံ ပိုက် လိုင်း ၊ ဓါတ်ငွေ့ ပိုက်လိုင်း တွေ လဲ စ ဖောက် နေပါပြီ။ရခိုင် ဘက် က နေ ၊ ယူနန်နယ် ထဲ အရောက် ပါ။ အခု နောက် ထပ် တမျိုး ကြား ရ တာကအဲဒီ ရခိုင် ဘက် မှာ ဘဲ ၊ တရုပ် ပိုင် ရေနံချက် စက်ရုံတွေ တန်းစီ ဆောက်ဘို့ ရှိ ပါ သတဲ့ ဗျ
ကုန်ကြမ်း ရေ နံ ကို ၊ တရုပ် ပြည် ထဲ သယ် မဲ့ အစား ၊ အရှေ့ အလယ် ပိုင်း က ဝယ်လာ မဲ့ရေနံစိမ်း ကို မြန်မာပြည် ထဲ မှာ အပြီးချက်ပြီး မှ ၊ ဒီဇယ် ဓါတ်ဆီ ကို ဘဲ ၊ ပိုက် နဲ့ သယ် ပါတော့ မယ် တဲ့ ခင် ဗျ။ မြန်မာ ပြည် အတွက် ဒီဇယ် ဓါတ်ဆီ ကို လဲ ၊ အဲဒီ စက်ရုံ တွေ ကဘဲ တဆင့် ဝယ်သုံး ရ ပါ တော့ မယ် တဲ့ ခင် ဗျ။
မြန်မာပြည် က အခု လဲ ဒီဇယ် ဓါတ်ဆီ ကို ကုန်ချော အဆင့် ဘဲ ဝယ်သုံး နေ ရ တာပါ။ပြည်တွင်း က ရေနံစိမ်း က လဲ အိမ် ထရံ သုတ်လောက် အောင် တောင် မထွက်၊ရှိတဲ့ သံလျင် ၊ မန်းသံပုရာကန် ၊ ချောက် ရေနံချက် စက်ရုံတွေ က ၊ စက် တွေ က ဟောင်းနည်း စနစ် က ခေတ် မမီ ၊ ကုန်ချော အဖတ်တင် တဲ့ နှုန်း က လဲ ကျ၊ ရေနံစိမ်း အမျိုးတိုင်းကို လဲ ချက် လို့ က လည်း မရ ၊ ဆို တော့ ၊ ငုတ် တုတ် ထိုင် နေ ရတာ များ ပါ တယ်။
တခါ တရုပ်ကြီး က ဘဲ ၊ ယူနန် နဲ့ ရန်ကုန် ကို မြန်နှုန်းမြင့် ရထား လမ်း ဖောက် ပေးတော့ မှာ တဲ့ ခင် ဗျ ၊ ၂၀၁၁ ဆန်းတာ နဲ့ စဖောက် တော့ မှာ ပါ။ တရုပ်ပြည်ဖြစ်ဘူးလက်ထရိန်း ပေါ့ ဗျာ။ နေပြည်တော် နဲ့ ရန်ကုန် ကို တနာရီ ခွဲ ဘဲ ကြာ မှာ တဲ့ ဗျ။တဖြေးဖြေး နဲ့ တော့ ၊ တရုပ် က ဖိ ၊ ရှမ်း က အိ ၊ ရှိ သည့် ဗမာ အနောက် မှာ ဆို တဲ့ဆို ရိုး လေး က တော့ သ ရုပ် အတော် ပေါ် လာ ပါ ပြီ။
ထားဝယ်ဘက် မှာ လဲ ၊ ယိုးဒယား က ရေ နက် ဆိပ်ကမ်း စ ပြီး အကောင်ထည် ဖော်ဘို့လုပ် နေပါဘီ ၊ ကချနာဘူရီ နဲ့ထားဝယ် ကို ၊ ကားအမြန်လမ်း ရော ၊ ရထား လမ်း ပါဖောက် ဘို့ လုပ် နေပါတယ် ၊ သူ့ နိုင်ငံ ထဲ က စက်ရုံတွေ ၊ ဒီဘက် မြန်မာပြည် ထဲရွှေ့တာတို့ ၊ ပင်လယ်ကူး သင်္ဘောတွေ ၊ မလေးကျွန်းဆွယ် ကို ပါတ်ပြီး သွား ရတဲ့ခရီးစရိတ် နဲ့ အချိန် တွေ သက်သာ အောင် တို့ အတွက်ပါ။
ဦးသန်းရွှေ တို့ အဖွဲ့ လဲ ၊ စစ်တက္ကသိုလ်ကျောင်းဆင်း တာ ၊ စစ်အင်ဂျင်နီယာ ကျောင်းဆင်းတာ တွေ ပြီး သွား ကြ လို့ ၊ အခု လာ မဲ့ အပါတ်ဆိုရင် ၊ စစ်..ဆေးတက္ကသိုလ် ကျောင်းဆက်ဆင်းတာ ကို သွားကြဦး မှာ ပါ။ အဲဒါ ပြီး ရင် တော့ ဒီ လ ကုန်ပိုင်း ရောက် ပါဘီ။အဲဒါတွေ ပြီး လို့ ၊ သူ တို့ အဖွဲ့ နေပြည်တော် ပြန်ရောက် ရင် ၊ နောက် အစိုးရနောက် လွှတ်တော် တွေ ဖွဲ့ ဘို့ ၊ ကြေငြာသံ တွေ စ ကြား ရ တော့ မှာ ပါ။
အခု အရွေးခံကြ ရ တဲ့ နိုင်ငံရေးပါတီ တွေ လဲ ၊ အခု ရက်ပိုင်း ပါတီ ညီလာခံ တွေ လုပ်ကြပါတယ် ၊ လွှတ်တော်တက်ဘို့ ပြင်ဆင်တာ ၊ ဗဟိုကော်မတီ တွေ ရွေးကြတာ တွေလုပ်နေကြ ပါတယ် ၊ နိုင်ငံရေး ပါတီ တွေ အားလုံး လိုလို ၊ ပါတီ ရေရှည် ရပ်တည်ရေးအတွက် စီးပွားရေးကုန်မဏီ တွေ ဖွဲ့ ကြ ဘို့ အတော်လေး ၊ ကြိုးစားနေကြ ပါတယ်။
ဒါ လဲ ၊ ဗမာပြည် ထုံးစံ ပါ ဘဲ ၊ အရင် ငြိမ်းချမ်းရေး အဖွဲ့ တွေ လဲ ၊ ဒီ လို ပါ ဘဲ။သစ်ကွက် ၊ ကျောက်စိမ်းကွက် ၊ ပါမစ် ၊ ဆောက်လုပ်ရေး ကန်ထရိုက် အမျိုးမျိုး လုပ်ကြတာပါဘဲ ၊ ဟုတ်ပါတယ် ၊ နိုင်ငံရဲ့ ကောင်းရာ ကောင်းကျိုး တွေ ကို ၊ ဘယ် နဲ့ လုပ်မယ်ဒီ နဲ့ လုပ် မယ် ၊ အာ ဘောင် ၊ အာ ရင်း သန်သန် ၊ ပြော ပြီး သွား ရင် ၊ ရေ သောက်
ဘိုက် မှောက် ၊ အိပ် လိုက် လို့ မှ ၊ မ ရ တာ ပါ လား ခင် ဗျာ။
ဘယ်သူ ဘဲ ဖြစ်ဖြစ် ၊ နိုင်ငံရေး ဘဲ လုပ် လုပ် ၊ လူမှုရေး ဘဲ လုပ်လုပ် ၊ ဘာ ဘဲ လုပ် လုပ် ၊အချိန် တန် ရင်တော့ ထမင်း စား ဘို့ က လို ပါ တယ် ၊ ရေ ရှည် ရပ်တည် ဘို့ ကစီးပွားရေး က လို လာ ပါ တယ် ၊ တကယ် တော့ ပါတီ တွေ မှာ ၊ စီး ပွား ရေး လုပ် တတ်တဲ့ လူ တွေ အဆင်သင့် မရှိသေး ပါဘူး ၊ ကိုမာမွတ် တို့ ၊ ကိုဟူစိန် တို့ ၊ ဦးကျင်စွိ တို့ကိုဟုတ်လျောင် တို့ က တော့ နောက်ကွယ် က အဆင်သင့် ပါ ဘဲ ခင် ဗျ။နောက်ဆုံးတော့ ဗမာ့ ထုံးစံ အတိုင်း ပါ ဘဲ ၊ ပေး တာ ယူ ၊ ကျွေး တာ စား ၊ခိုင်း တာ လုပ် ၊ ငြိမ် ငြိမ် နေ ၊ ဆိုတာ တွေ နဲ့ ဘဲ ၊ ပြီး ကြ ရ မယ် ထင် ပ ဗျာ။
ဘာ လိုလို နဲ့ ၂၀၁၀ က ကုန်တော့ မှာ ပါ။ကဘာ မှာ နည်းပညာတွေ တိုးတက်တာ ၊ ဆက်သွယ်ရေး တွေ ပိုလွယ်လာတာ တွေ ကခေတ်အပြောင်း အလဲ ကို ပို မြန်စေပါတယ် ၊ အချိန် တွေ မဖြုန်း ကြ ပါ နဲ့ တော့ ဗျာ။
ကုန်သွားတဲ့ အချိန်တွေ အင်မတန် နှမျော ဘို့ ကောင်း ပါ တယ်။
ကမ္ဘာ က တိုးတက် လာ လေလေ ၊ နိုင်ငံတိုင်း ရဲ့ နယ် နမိတ်တွေ က ကျဉ်းလာ ပါတယ်အများပြော သလို ၊ ကဘာ က ရွာ တခု သာသာ ဘဲ ဖြစ် လာ ပါတယ်။ တ နေရာ နဲ့တနေရာ ကွက်လပ် ပေါ်လာ တာ နဲ့ ဝင် ဖြည့် မဲ့ သူ တွေ က အများကြီး ပါ။
အခု ခေတ်စား နေ တဲ့ ( စပေ့စ် ) စကားလုံး လို ပါ။ ဖြည့် မဲ့ သူ တွေ အများကြီး ပါ။နိုင်ငံသားတွေ အရည်အချင်း ရှိဘို့ လို ပါတယ် ၊ အားလုံး ကို ခုခံ နိုင် မှာ၊ ယှဉ်ပြိုင်နိုင်မှာ ကပညာ လက်နက် တမျိုး ဘဲ ရှိပါတယ် ၊ စီးပွားရေး နိုင်ငံရေး တွေ မှာ ပါတ်ဝန်းကျင်နိုင်ငံတွေ နဲ့ ၊ကိုယ် က စိမ်ခေါ်တာ မဟုတ် ပေမဲ့ ၊ ရှောင် လွှဲ လို့ မရ နိုင် ပါ။ကိုယ့် မှာ နေရာ လွတ် ဖြစ် တာ နဲ့ ၊ ကိုယ့် ထက် ညဏ်ရည်သာ သူ က ချက်ချင်း ဝင် မှာပါ။
အထက် မှာ ရေး ပြထား သလို ၊ တရုပ် က ရထား လမ်း ဖောက် ၊ ယိုးဒယား ကရေနက် ဆိပ်ကမ်းဆောက် ဆိုတာ တွေ က ၊ မြန်မာ ပြည် ကို ချစ်လို့ လာ လုပ် ပေး ကြတာ မ ဟုတ် ရ ပါ ခင် ဗျာ ၊ သူတို့ နိုင်ငံ ၊ သူ တို့ လူ မျိုး အကျိုး အတွက်သာဒါ တွေ ၊ သူ့ ထက် ငါ ၊ လက် ဦး အောင် လာ လုပ် နေ ကြ တာပါ။
ကျွန်တော် တို့ ပြည်သူ ပြည်သားတွေ ၊ ပညာ မရှိ ၊ ညဏ် မရှိ ၊ အရည်အချင်း မရှိရင်၊ကိုယ် က ခါတိုင်း လို ဘဲ ၊ အေးအေး နေ ၊ စိမ် မခေါ် ခဲ့ ဘဲ နေ ခဲ့ ပေ မဲ့ လဲဖြစ်လာ ရ မဲ့ ၊ ပါတ်ဝန်းကျင် နိုင်ငံ တွေ နဲ့ ၊ ယှဉ်ပြိုင် ရ မဲ့ ၊
နိုင်ငံရေး စီးပွားရေး လက်ဝှေ့ ကြိုးဝိုင်း တွေ ထဲ မှာ ၊ ဘယ် လို မှ ၊လက်ရည် မမျှ ဘဲ ၊ အလဲ လဲ ၊ အကွဲ ကွဲ ဖြစ် ကြ ရ မှာ ပါ။
ကျွန်တော်တို့ နိုင်ငံသားတွေ က လဲ ပညာ မတတ်ရင် ၊ အရည်အချင်း မရှိရင်သူများ ရဲ့ နောက်လိုက် ၊ ထီးတော်မိုး ၊ ဘိနပ်တော် ကိုင်တွေ ဖြစ်ကြ ရ မှာ ပါ။
မြန်မာပြည်ရဲ့ နောင်မျိုးဆက်များ အတွက် ကောင်းသော အမွေ ပေး နိုင်ကြရ အောင်ပါဗျာ။လုပ်သင့်တာ ၊ မလုပ်သင့်တာ ကို သေချာစဉ်းစား ပေး ကြ ပါ ခင် ဗျာ ၊အနှစ် ၆၀ ကျော် က သယ် လာ တဲ့ အမွေ ဆိုး တွေ ကို ရပ် တန်း က ရပ် ဘို့အချိန် တွေ တောင် ၊ အတော် နှောင်း နေ ခဲ့ လှ ပါ ပ ဗျား ။
azawgyi (MMCP)
MPTADSL လိုင်းသုံးသူများ Proxy ပြောင်းလဲအသုံးပြုရန် လိုအပ်
မြန်မာဆက်သွယ်ရေး၏ ADSL အင်တာနက်လိုင်းကို ရယူအသုံးပြုနေသူများ အနေဖြင့် အင်တာနက် Proxy နေရာတွင် ယခင်အသုံးပြုနေသော 203.xx.xx.xxxအစား ygncahe.mpt.net.mm ဟု ပြောင်းလဲထည့်သွင်း၍ အသုံးပြုရန်လိုအပ်ကြောင်းနှင့် မူလ Proxy ဖြစ်သော 203.xx.xx.xxx ဖြင့် လုံးဝအသုံးပြု၍ မရတော့ကြောင်း MPTADSL လိုင်းအသုံးပြု နေသူများထံမှ သိရသည်။ ယခင်အသုံးပြုနေသော 203.xx.xx.xxx Proxy များမှာ နိုဝင်ဘာ လလယ်ခန့်မှစ၍ အင်တာနက်လိုင်း လုံးဝမတက် လာတော့ ဘဲ Proxy ပြောင်းလဲမှသာ အသုံးပြု၍ ရကြောင်းသိရသည်။ Proxy ကိုပါ ygncache.mpt.net.mm ကို ပြောင်းလဲပြီး Port မှာ မူလအတိုင်း 8082 ဖြစ်ကာ Network settingကို auto (DHCP)ထား၍ အသုံးပြုပါက အဆင်ပြေစွာ အသုံးပြုနိုင်ကြောင်း လက်တွေ့အသုံးပြုနေသည့် အင်တာနက်ဆိုင်ရှင် တစ်ဦးကပြောသည်။ ထိုသို့ proxy သစ်ပြောင်းလဲခြင်းကို MPT က တရားဝင် ကြေညာခြင်းမရှိဘဲ အသုံးပြုသူများက နည်းပညာဆိုင်ရာ ဖိုရမ်များတွင် ဝင်ရောက် မျှဝေရေးသားလျက်ရှိသည်။
တဆက်တည်းမှာဘဲ koChan Myae(FB)ကမျှဝေထားတဲ့ 19.12.2010 proxy update တွေကို ဖော်ပြလိုက်ပါတယ်။
http://nisnas.co.cc/
http://landfire.co.cc/
http://www.crowstunnel.co.cc/
ကျော်ချင်သူများ အတွက် ပါ မှတ်ရလွယ်တဲ့ဆိုက်လေးပါ
http://dual-core.co.cc/
Sunday, December 19, 2010
0 ပြည်တွင်းက ကြားနေရသောအသံများ
0ူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ဘီဘီစီ အင်တာဗျူး(အသံဖိုင်)
photo by Gettyimage
Daw Aung San Suu Kyi talks about People's Economically Hardship and not Satisfied on Current Education and Health Care Systems!
Daw Aung San Suu Kyi talks about Youth Meeting! It's BBC Burmese Service Interview!
အသံတည်းဖြတ်မျှဝေပေးသောဘီဘီစီမြန်မာပိုင်းအစီအစဉ်မှ
အစီအစဉ်မှူးကိုမျိုးသာထက်အား ဒေါင်းမာန်ဟုန်မှကျေးဇူးတင်ရှိပါသည်.
Saturday, December 18, 2010
3 ဦးသန်းရွှေပိုင်ဒေါ်လာများတရုပ်ဘဏ်များသို့ပြောင်းရွှေ.အပ်၊ ထားဝယ်ရေနက်ဆိပ်ကမ်း ၊ ကရင်လက်နှက်ကိုင်များအား ထိုင်းမှဖိအားပေး
ရဲသူရိန်မင်း 17၊12၊2010 16း45
ထားဝယ်ရေနက်ဆိပ်ကမ်းက စရပေလိမ့်မည်၊ ထားဝယ်ဆိပ်ကမ်းသည် ကမ္ဘာရေလမ်းကြောင်းတွင် မည်မျှ အရေးပါသနည်း၊ အင်ဒိုချိုင်းနားကျွန်းစွယ်တွင် ရေအောက်ကျောက်ဆောင်များ ထူထပ်နေခြင်း၊ မလိုအပ်ဘဲ ၄င်းကျွန်းစွယ်အား ကွေ့ပတ်သွားနေရသောကြောင့် ရေလမ်းကြောင်းပို၍ရှည်လျှားသဖြင့် ကုန်ကျစရိတ်ပိုများခြင်း ဆိုးကျိုးများ ရှိနေရသည်။
အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုပ် ပင်လယ်ပြင်သွားသင်္ဘောတို့မှာ ရှည်လျှားသော ရေလမ်းကြောင်း မလေးရှား၊ စင်္ကာပူကို ကွေ့ဝိုက်၍သွားနေရပါသည်။ ထားဝယ်မြို.မှ ထိုင်းနိုင်ငံကို ဖြတ်ဖေါက်လိုက်လျှင် ဘန်ကောက်မြို.အနီးသို့ပေါက်ထွက်သွား လိမ့်မည်။ ထို့ကြောင့်ဘန်ကောက်မြီု.သည်လည်းပိုမိုဖွင့်ဖြိုးသွားလိမ့်မည်။ အခြားနေရာများ (အင်ဒိုချိုင်းနားကျွန်စွယ်ကြီးတွင်) ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် သင့်တော်သောနေရာမရှိပါ။ ပင်လယ်ရေအောက်ကျောက်ဆောင်များကြောင့် ထားဝယ်မြီု.သည်သာ အကောင်းဆုံး အချက်အခြာ အကျဆုံးဖြစ်နေသည်။
ရေလမ်းကြောင်း တိုတောင်းသွားသောကြောင့် တရုပ်၏စီးပွါးရေး ဈေးကွက်သည်လည်းပိုမို ပွင့်လန်းလာမည်။ ထိုအကြောင်းကို သိသော တရုပ်၊ ထိုင်းနိုင်ငံတို့မှ ထိုရေနက်ဆိပ်ကမ်းအား တည်ဆောက်ရန်အကြိမ်ကြိမ် စစ်ဗိုလ်ချုပ်ကြီးများအား နားချခဲ့သောလည်း ၄င်းတို့မှ လက်မခံခဲ့ချေ။ အကြောင်းမှာ ဤသို့တည်း.............ကုန်တင်သင်္ဘောများသည် အိန္ဒိယ သမုဒ္ဒရာကို ရှည်လျှားစွာဖြတ်မောင်းလာရသောကြောင့် ခရီးတထောက် စင်္ကာပူ တွင်နား၍ ပြုပြင်ထိန်းသိမ်းမှု များပြုလုပ်ရသည်၊ ထို့ကြောင့် စင်္ကာပူသည် သင်္ဘောလုပ်ငန်းဖြင့် ၀င်ငွေမြောက်များစွာရရှိကာ ချမ်းသာလျှက်ရှိပေသည်၊ အကယ်၍ ထားဝယ်ဆိပ်ကမ်းသာ တည်ဆောက်ခဲ့လျှင် စင်္ကာပူနိုင်ငံသို့ သင်္ဘောများ ဖြတ်သွားစရာ မလိုတော့သောကြောင့် စင်္ကာပူ၏ အနာဂတ်သည် မရေရာတော့လောက်အောင် ဖြစ်သွားနိုင်သည်။ စင်္ကာပူသည် ထိုအဖြစ်ကို ကြောက်ရွံ.သည်၊
စည်းပွါးရေးတွင်အောင်မြင်နေသော ဂျပန် တိုယိုတာကဲ့သို့သော ကုမ္မဏီ များမှလည်း ကမ်းလှမ်းမူအကြိမ်ကြိမ်လုပ်သောအခါ စင်္ကာပူ၏ စီုးရိမ်မှု သည် အထွတ်အထိပ်သို့ရောက်ရတော့သည်။ ထိုအခါ စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း Goh Chok Tong (ဂိုရှောက်တောင်) 1994 march မှာ မြန်မာနိုင်ငံကို ထားဝယ်ရေနက်စီမံကိန်း ဆောက်လုပ်မှုအားတားမြစ် နားချရန် လာခဲ့ပါတော့သည်။ အပေးအယူကား အနောက်နိုင်ငံများမှ ပိတ်ဆို့ထားသော စစ်ဗိုလ်ချုပ်ကြီးများပိုင် ဒေါ်လာများအား စင်္ကာပူမှ တာဝန်ယူ အပ်နှံခြင်းကို လက်ခံ သိမ်းဆည်းပေးမည်.အပြင် အမေရိကန်ဒေါ်လာ ၃ သန်းကို ပါ မြန်မာနိုင်ငံ နည်းပညာ ဖွင့်ဖြိုးမှု အတွက်ထောက်ပံ့ပေးခဲ့ပါတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ၄င်းတို့ပိုင်ငွေကြေးများ စိတ်ချ လုံခြုံမှုအတွက် ၀မ်းမြောက်ဝမ်းသာစွာ ထားဝယ်ရေနက်စီမံကိန်းအား စွန့်လွှတ်ခဲ့ပါတော့သည်။
ကြားနေ တခြားသူပြည်တွင်းရေး မစွက်ဖက်ရေး နိုင်ငံခြားရေးမူကို ကျင့်သုံးသော တရုပ်သည်လည်း ၄င်း၏စီးပွါးရေးဖွင့်ဖြိုးလာသည်နှင့်အမျှ ထိုစီမံကိန်းအား ပို၍အာရုံစိုက်လာသည်နှင့်အမျှ ၄င်း၏နိုင်ငံခြားရေးမူကိုပင် ချိုးဖောက်ကာ စစ်ဗိုလ်ချုပ်ကြီးများအား ထားဝယ်ရေနက် ဆိပ်ကမ်းအား တည်ဆောက်ရန် နည်းမျီုးစုံဖြင့် ဖျောင်းဖျ ကြတော့သည်။ စစ်ဗိုလ်ချုပ်ကြီးများမှလည်း ၄င်းတို့ပိုင်ငွေကြေးမြောက်များစွာ သိမ်းဆည်းထားသော စင်္ကာပူနှင့်လည်း ဆက်ဆံရေး မထိခိုက်ရေးကို ပိုမို၍ စဉ်းစားရပေသည်။ ထိုအခါ တရုပ်က မက်လုံးပေး၍ စည်းရုံးတော့သည်၊ ဗိုလ်ချုပ်ကြီးများပိုင်ငွေကြေးများအား ဟောင်ကောင် ဘဏ်များနှင့် တရုပ်ဘဏ်များတွင်ပြောင်းရွှေ.အပ်နှံခွင့်ပြုမည်ဟူ၍ဖြစ်သည်။ စစ်ဗိုလ်ချုပ်ကြီးများကလည်း ထိုမျှလောက်နှင့်မယုံကြည်သေး၊ တရုပ်ကလည်း ထပ်မံ၍ မက်လုံးပေးပြန်သည်၊ အပေးအယူအဖြစ် ဦးသန်းရွှေပိုင်ငွေကြေး၏နှစ်ဆဖြစ်သော ဒေါ်လာ ၄ ဘီလျှံ အတိုးမဲ့ အနှစ် သုံးဆယ် ချေးဌားမည်။ ဦးသန်းရွှေ အတွက် သွားရေကျစရာပင် ၄င်းပိုင်ငွေများလည်း ဘဏ်စားရင်းထဲတွင် ရှိနေမည်.အပြင် ထိုချေးငွေ ၄ ဘီလျှံအပေါ်တွင်လည်း ၁ ဘီလျှံလောက် အိတ်ထဲ ထည်.ရပေမည်။ ထိုအခါ ထားဝယ်ရေနက်စည်မံကိန်းကြီ ပေါ်ပေါက်လာရပေတော့သည်။ ဗိုလ်ချုပ်ကြီးပိုင်ငွေကြေးများအား တရုပ် ဟောင်ကောင်ဘဏ်များသို့ပြောင်းရွှေ. အပ်နှံသောအခါ ဗိုလ်ချုပ် ဗိုလ်ပေါက်စများလညး ၄င်းတို့ပိုင်ဒေါ်လာများအား စင်္ကာပူတွင် မထားရဲတော့၊ ၄င်းတို့အဆက်အသွယ်ရှိရာ ဥရောပနိုင်ငံများသို့ ဆွေမျိုးများမှတဆင့် ပြောင်းရွှေ.အပ်နှံကြရတော့သည်။ ထိုသို့မအပ်နိုင်သော ဗိုလ်ချုပ်များက တော့ဒေါ်လာများကို ပြည်တွင်းသို့ သယ်ဆောင်ယူလာကြတော့သည်။ ထိုနောက်ဆက်တွဲမှာ ဒေါ်လာမှောင်ခိုဈေးကွက်တွင် ဒေါ်လာ အလုအယက်ဝယ်ယူ စုစောင်းလေ့ရှိသော စစ်ဗိုလ်ချုပ်တို့၏ ဒေါ်လာဝယ်ယူစုစောင်းမှုလျှော့ကျကာ ဒေါ်လာဈေးမှာလည်း အဆမတန် ထိုးကျဆင်းရတော့သည်.
ထိုမျှနှင့် မပြီးသေး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်လျှင် အနှောင့်အယှက်ပေးမည်.သူများရှိနေသည်၊ ၄င်းတို့ကိုလည်း ရှင်းလင်းရအုန်းမည်၊ ပထမရန်သူမှာ ပြည်ပထောက်ခံမှုရရှိထားသော ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ပ ဖိအားများ၊ ပြည်ပဖိအားများ ကျဆင်းသွားစေရန်၊ အတုအယောင် ရွေးကောက်ပွဲဆင်နွှဲရမည်။ NLD ရွှေးကောက်ပွဲဝင်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လမ်းမမြင် ဟူသော NLDခေါင်းဆောင်ပိုင်းတို့၏ ယူဆချက်တို့ဖြင့် NLD ပါတီ၏ ၂၂ နှစ်ကြာသမိုင်းကို နိဂုံးချုပ်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အား ကံစမ်း အလျှော်အစားလုပ်ခဲ့ကြရပေသည်။ စစ်ဗိုလ်ချုပ်ကြီးတို့၏ မျော်လင့်ချက်များ ပြည့်ဝကြပေပြီ၊NLDကိုလည်းနုတ်ပိတ် ပြည်ပဖိအားများလည်းလျှော့နည်းလာချိန်၊ ဒုတိယအုပ်စုဖြစ်သော မွန်လက်နှက်ကိုင် နှင့် ကရင် လက်နှက်ကိုင်များအား ရှင်းလင်းရအုန်းမည်။ ၄င်းတို့သည် ထားဝယ်ရေနက်စည်မံကိန်း ဆောက်လုပ်ရာတွင် အနှောင့်အယှက်ပေးမည့်သူများတည်း၊ တိုက်သည် သတ်သည် ရွာပုန်း ရွာရှောင်များ ထိုင်းဘက်သို့ပြေးသည်၊ ထိုင်းနိုင်ငံက ပြန်ပို့သည်။ ဘာကြောင့်ထိုင်းက စစ်ဖြစ်နေတာသိလျှက်၊ ဒုက္ခသည်တွေမှန်းသိလျှက် ပြန်ပို့နေရသနည်း၊ အကြောင်းမှာ ထားဝယ်ရေနက်စီမံကိန်းတွင် ထိုင်းနှင့် ၀န်ကြီးချုပ် အဘီစစ်တို့၏ ရင်းနှီးမြုပ်နှံမှုများ ပါဝင်နေရာ ထားဝယ်ဒေသ တ၀ိုက် လက်နှက်ကိုင်ပပျောက်ရေးအား ထိုင်းနိုင်ငံအနေနှင့် ပူးပေါင်းပါဝင် ရန်လိုအပ်နေပေသည်။ ကရင်နှင့်မွန်ကို နိုင်အောင်တိုက်ပြီးလျှင် ထားဝယ်ရေနက်ဆိပ်ကမ်းအား အောင်မြင်စွာတည်ဆောက်မည်။ အလွန်အင်မတန် သာယာဝပြော၊ငြိမ်းချမ်း ခေတ်မှီတိုးတက်သော အစိုးရအသစ်နှင့် နိုင်ငံတော်သစ်ကြီး အစိမ်းရောင်များလွှမ်းခြုံကာ ရှေ.သို့ ချီတက်ပေတော့မည်။
အထက်ပါဆောင်းပါးပါ အကြောင်းအရာအားလုံးသည် ကျွန်တော်၏ ထင်မြင်ယူဆချက်များအား ကိုးကား၍ရေးသားထားခြင်းဖြစ်သည်၊ အမှားအမှန်ပေါ်တွင် တာဝန်မယူပါ။ သင်တို့၏ ထင်မြင်ယူဆချက်များအားလည်း မျှဝေပါရန် တောင်းခံအပ်ပါသည်။
0 အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းအလုပ်သမားနေ့ချီတက်ပွဲ ယနေ့မနက်ကမဲဆောက်တွင်ကျင်းပ
ယနေ့ကျရောက်တဲ့နိုင်ငံတကာရွှေ့ပြောင်းအလုပ်သမားနေ့ကို ယနေ့နံနက်တွင်မဲဆောက်မြို့ မဲဆောက်ကျောင်းကြီး ဘုန်ကြီးကျောင်းမှ စီဒီစီကျောင်းသို့ စုပေါင်းလမ်းလျှောက်ချီတက်ကျပါသည်။
ကိုဇော်သူရ(မဲဆောက်)
0 တောင်းရမ်း စားသောက်နေရသော မြန်မာကျောင်းဆရာအိုများ၏ လူမှုဒုက္ခများ
ဆယ်စု နှစ်ပေါင်းများစွာ ပညာရေးတာဝန်များကို ကျရာ ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြအပြီး အငြိမ်းစား ယူထားကြသူ မြန်မာကျောင်းဆရာအိုများမှာ လူမှုဒုက္ခ အ၀၀ကို ခါးစည်း ခံရလျက် ရှိကြောင်း သတင်းရရှိသည်။
မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃၀ ကျော် ကထိကတာဝန်ယူခဲ့အပြီး အငြိမ်းစားယူထားသူ ဆရာကြီးတစ်ဦးမှ မောက္ခသို့ ရင်ဖွင့်ပြောပြခဲ့သည်။ “အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မ၀ဘူး။”
ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သို့ တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် ဘ၀၏ နောက်ဆုံးနှစ်များကို ဖြတ်သန်းနေရကြောင်း ပြောပြခဲ့သည်။
ရန်ကုန်တိုင်းအတွင်း အထက်တန်းကျောင်းအုပ် တာဝန်များ ထမ်းဆောင်ခဲ့ပြီး မြို့နယ်တစ်ခုတွင် ပညာရေးမှူး လုပ်ခဲ့ဖူးသူ ဆရာကြီး ဦးအေးသိန်းမှ ကျောင်းဆရာစလုပ်ခါစ ကာလများနှင့် မတူတော့ဘဲ ဆရာတန်ဖိုး လုံးဝ ကျဆင်းနေရသဖြင့် လုပ်ခဲ့သမျှ အရာမထင်ဟု ခံစားရကြောင်း၊ ရင်နာနေရကြောင်း၊ ပညာရေးစနစ်ကြီး ပျက်စီးနေသည်ကို ကြည့်ပြီး စိတ်ဆင်းရဲရကြောင်း ခံစားပြောပြခဲ့သည်။ “ဒီနေ့ခေတ် ပညာရေးစနစ်ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။ ဆရာဟာ ဆရာနဲ့ကို မတူတော့ဘူး။ မနက်ကျောင်းမသွားခင် ဈေးဗန်းကိုင်ပြီး ဈေးရောင်းရတဲ့ ကျောင်းဆရာမတွေလေ။ သူတို့ကို အပြစ်တော့ မတင်ရက်ဘူး။ ဒါပေမဲ့ တန်ဖိုးကတော့ သွားပြီ။ ကျောင်းသားဟာလည်း ဆရာတွေအပေါ်မှာ တန်ဖိုးထားမှု ကျဆင်းသွားတာ။ အနှစ် ၂၀ ကျော် ကာလမှာ အဆိုးဝါးဆုံးပါ။”
မူလတန်းကျောင်းအုပ်တာဝန်ကို ၄၅ နှစ်တိုင်တိုင် ထမ်းဆောင်ခဲ့သူ ပဲခူးတိုင်း၊ နယ်မြို့လေးတစ်မြို့မှ အသက် ၆၈ နှစ် ရှိပြီဖြစ်သည့် ဆရာမကြီး ဒေါ်ခင်ခင်ဝင်းက သူတို့ ပညာသင်ကြား ပေးခဲ့ကြသောသူများမှာ ယခုအခါ နိုင်ငံ ခေါင်းဆောင်များပင် ဖြစ်နေကြကြောင်းနှင့် မည်သည့်အခါကမျှ ဆရာကန်တော့ပွဲ အခမ်းအနား မလုပ်ခဲ့ကြဘူးကြောင်း ပြောပြခဲ့ပါသည်။ ထို့အပြင် စားဝတ်နေရေးအတွက် မလောက်မငဘ၀နှင့် ရှင်သန်နေရကြောင်း၊ တောင်းရမ်း စားသောက် နေရကြောင်းတို့ကိုလည်း မျက်ရည်အပြည့်ဖြင့် ခံစားပြောပြခဲ့သည်။
“ကျမ မူအုပ်တာဝန်ကို ၄၅ နှစ် ထမ်းဆောင်ခဲ့ပါတယ်။ ကျမတို့ ရှက်လည်း ရှက်နေလို့မရတော့ပါဘူး။ ဆေးကုဖို့က ငွေမရှိဘူး။ သားသမီးနောက်ခံကလည်းမရှိဘူးလေ။ တောင်းရမ်း စားသောက်နေကြရပါတယ်။ ရှက်လည်း မရှက်တော့ပါဘူး။ တပည့် ကျောင်းသားတွေ အခုအခါမှာ လူကြီးတွေဖြစ်၊ ကုမ္ပဏီဒါရိုက်တာကြီးတွေ၊ စီအီးအိုတွေဖြစ်၊ အချို့ဆို ဗိုလ်မှူးကြီးတွေ၊ ဗိုလ်ချုပ်တွေတောင် ဖြစ်နေကြပြီ။ မုဒိတာပွားရပါတယ်။ သို့သော်လည်းပဲ ကျောင်းသားဟောင်းများမှ လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို မျှော်လင့်နေကြရတာပါ။ ပုံမှန်ရပ်တည်လို့မှ မရတာ။ လူအိုရုံကလည်း လက်မခံဘူး။ အဲဒါနဲ့ အခုမြင်တဲ့အတိုင်းပဲ တောင်းရမ်းစားသောက်ပါတယ်။”
ပြီးခဲ့သည့် သြဂုတ်လတွင် ကျောင်းဆရာဆရာမများအပါအ၀င် အငြိမ်းစား ၀န်ထမ်းများ ၅၀ ဦးမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပင်စင်လစာတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြသည်။
မောက္ခ ပြည်တွင်းပညာရေးသတင်း
0 မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၂)
တပ်မှူးတပ်သား ပြောစကား (၀၃၉)
မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကို ယူဆောင်ပြီး၊ ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင် နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းပါ။ တပ်မတော်နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်းအပတ်စဉ်(၁)က ကျောင်းဆင်းခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာစက်မှုဘာသာရပ် နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောကြားချက် ဒုတိယပိုင်းကို ဒီသီတင်းပတ်ရဲ့ “တပ် မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက် ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့က DSTA အပတ်စဉ်(၁)က ဆင်းတာဆိုတော့ ရုရှနိုင်ငံကို ဒီလို တပ်ကစစ် အင်ဂျင်နီယာတွေကို နျူကလီးယားဘာသာရပ်တွေ ဒုံးကျည်ဘာသာရပ်တွေ တက်ဖို့လွှတ်တာဟာ ဘယ်တုန်း လောက်က စခဲ့ပြီးတော့ ဗိုလ်မှူးက ဘယ်အသုတ်လောက်မှာ သွားရတာပါလဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်က ပထမဆုံးအသုတ်နဲ့ သွားရတာပါ။ ၂၀၀၁ခုနှစ် မေလကနေ စပြီး တော့ တက် ရပါတယ်။ ကျနော်တို့ ရုရှမှာ စာသင်လာခဲ့ရတဲ့ပုံစံက projectလုပ်တယ်ဆိုတာက ကိုယ်နဲ့သက် ဆိုင်တဲ့ ဘာသာရပ်မှာ၊ ဥပမာ rocket engine design လုပ်တယ်ဆိုရင် ကျနော်လုပ်တဲ့ project ဟာ ရုရှ rocket company တွေက design တွေမို့လို့ သူက မြန်မာပြည်ပြန်ရောက်တဲ့အချိန်မှာ ဆက်လက်စမ်းသပ် ပြီးတော့ အသုံးချလို့ ရနိုင်တဲ့ project အပြည့်အစုံ ဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ကျောင်းပြီးလို့ ပြန် လာတဲ့အချိန်မှာ ‘သသန’ ရောက်တဲ့အချိန်မှာ ကျနော်တို့ ကိုယ့် project ကိုယ်အကုန်အင်္ဂလိပ်လို ပြန်လုပ်ပြီး တော့ သိပ္ပံနှင့်သုတေသနဌာန ဌာနချုပ်မှူးဆီမှာ ကျနော်တို့တင်ပြရတာပါ။ အဲဒါတွေက ကျနော်တို့ လက်တွေ့ လုပ်မယ်ဆိုရင် စမ်းသပ်သုတေသနလုပ်နိုင်တဲ့ project တွေဖြစ်ပါတယ်။ဦးရော်နီညိမ်း။ ။ဟုတ်ကဲ့ခင်ဗျ၊ ဌာနချုပ်မှူးဆိုတာက ‘သသန’ ဌာနချုပ်မှူးပေါ့နော်။ ဘယ်သူပါလဲ မသိ ဘူးခင်ဗျ။ ဗိုလ်မှူးတို့ အချိန်တုန်းက။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဗိုလ်ချုပ်စိန်ဝင်း ဖြစ်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ အခုတော့ သူက ‘လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်’ ဖြစ်သွားပါပြီ။ ဗိုလ်မှူးတို့ က ပထမဆုံးအသုတ် လွှတ်တာဆိုတော့ လူကြီးတွေက ပထမဦးဆုံးအသုတ်သွားမယ့် သင်တန်းသားတွေကို မှာကြားတာမျိုး ရှိပါသလား ခင်ဗျ။ ဗိုလ်မှူးတို့ကို ဘယ်လိုများ မှာကြားလိုက်ပါသလဲ။ ဒီလိုမျိုးပညာတွေ တတ် ပြီး ပြန်လာရင် ဘာလုပ်ဖို့လို့ ပြောပါသလဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့မသွားခင် (၂)ရက်အလိုမှာ ဗိုလ်ချုပ်မှူးကြီးမောင်အေး “နိုင် ငံတော်ကာကွယ်ရေးတက္ကသိုလ်”ကို ရောက်လာပြီးတော့ ကျနော်တို့ တပ်မတော်အရာရှိတွေချည့်ပဲ စုပြီးတော့ မိန့်ခွန်းပြောပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းလည်း ပါပါတယ်။ ကျနော်တို့ကိုပြောတဲ့အထဲမှာ တော့ ဒီနေ့ခေတ် မြန်မာ့တပ်မတော်အနေနဲ့ ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်ဖို့လိုအပ်ကြောင်း ဒါကြောင့်မိုလို့ nuclear ၊ rocket နဲ့ဆိုင်တဲ့ ပညာရပ်တွေသွားသင်ဖို့ ကျနော်တို့ကို ရုရှကိုလွှတ်မယ်ဆိုတဲ့အကြောင်း ကျနော် တို့ကိုပြောပါတယ်။ ပထမ စစချင်းမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဦးသောင်းက ကျနော်တို့ကို နျူကလီးယား ပညာရပ်တစ်မျိုးအတွက် တရုတ်ပြည်ကိုသွားပြီးတော့ ညှိနှိုင်းတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်က ငြင်းလိုက်တယ်။ အိန္ဒိယကို သွားတယ်၊ အိန္ဒိယက လက်ခံတယ်။ ဒါပေမယ့် ရုရှသွားတဲ့အခါ ရုရှကလည်း လက်ခံတဲ့အတွက်ကြောင့်မို့ ကျနော်တို့ကို ရုရှကိုပို့လိုက်တယ်ပေါ့။ သပိတ်ကျင်းစီမံကိန်း ဆိုတာတွေက အား လုံးလုပ်ပြီးသွားတဲ့ အချိန်လောက်ကျမှ ကျနော်တို့ကို အသိပေးတဲ့ပုံစံ တွေ့ရပါတယ်။ သပိတ်ကျင်းကို ၂၀၀၆ နှစ်လယ်ပိုင်းလောက်ကျမှ ကျနော်တို့ရုရှပြန်အရာရှိတွေကို စုစည်းပြီး သိပ္ပံနှင့်နည်းပညာတပ်အမှတ်(၁)ဆိုပြီး ဖွဲ့စည်းပြီးတော့ လွှတ်လိုက်တာ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ ရုရှနိုင်ငံကကော နျူကလီးယားပညာရပ်ဒုံးကျည်ပညာရပ်တွေကို တကယ် ပဲ သူတို့ဆီကပညာရှင်တွေကို သင်ကြားမွေးထုတ်ပေးသလို ဗိုလ်မှူးတို့ကိုကော စံချိန်အပြည့်စံချိန်မှီသင်ကြား ပေးပါသလား ခင်ဗျ။ သွားတက်ရတဲ့ ကျောင်းတွေကကော ကမ္ဘာ့အဆင့်နဲ့အညီ သတ်မှတ်ထားတဲ့ ဥပမာ အင် ဂျင်နီယာပိုင်းဆိုရင် အမေရိကားမှာ MIT (Massachusetts Institute of Technology) တို့ အိန္ဒိယက IIT (Indian Institutes of Technology) တို့လိုမျိုး ထိပ်တန်း အင်ဂျင်နီယာဘာသာရပ်သင်တက္ကသိုလ်ကြီးတွေနဲ့ ယှဉ်ရင် ဘယ်လိုအနေအထား ရှိပါသလဲခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ သွားတက်လာခဲ့တဲ့ Bauman University (Bauman Moscow State Technical University) က မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင်တော့ စက်မှုတက္ကသိုလ်ကြီးပဲပေါ့။ သူ က University ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ဆောက်ခဲ့တဲ့ RIT - Rangoon Institute of Technology ဆိုတာကတော့ Institute အဆင့်ပဲ ရှိတာကိုး။ University အောက်မှာမှ Institute တွေရှိတာ ကိုး။ သဘောက မြန်မာပြည်မှာရှိတဲ့ RIT ဆိုတာ ကျနော်တို့ Bauman University ကြီးရဲ့ အခွဲတစ်ခု လိုမျိုး ပေါ့၊ အဲဒီလို ရှိပါတယ်။ ရုရှားမှာလည်း main ပင်မ တက္ကသိုလ် ရှိတယ်။ သူ့ကို အမ်ဂယ်(လ်)တဲအူး (ရုရှဘာ သာနှင့် М.Г.Т.У - Московский Государственный Технический Университет имени Н.Э. Баумана – အင်္ဂလိပ်ဘာသာ MSTU- Moscow State Technical University) လို့ခေါ်တယ်။ ဆိုလိုတာက မော်စကိုစက်မှုတက္ကသိုလ်ပေါ့ ခင်ဗျာ။ ကျနော် တက်ခဲ့တာ က အဲဒီ မော်စကိုစက်မှုတက္ကသိုလ်မှာပါ။ သူတို့ သင်တဲ့ပုံစံကတော့ ရုရှကျောင်းသားတွေကိုသင်တာနဲ့ အနည်းအကျဉ်း ကွာခြားမှုရှိပါတယ်။ ဥပမာ ကျနော်တို့ rocket engine design ဌာနမှာဆိုရင် ကျနော်တို့ကို liquid fuel (လောင်စာအ ရည်) နဲ့အသုံးချတဲ့ rocket engine design ကိုပဲ သင်ပေးတယ်။ solid fuel (လောင်စာခဲ)သုံးတဲ့ rocket engine design ကို သင်မပေး ပါဘူး။ နောက်ပြီးတော့ project လုပ်တဲ့အခါမှာလည်း ကျနော်တို့ကို First Stage Rocket Engine Design ကို project မလုပ်ခိုင်းဘဲ Second Stage Rocket Engine Design ကိုပဲ လုပ်ခိုင်းတာရှိပါတယ်။
(မှတ်ချက်။ ။ liquid fuel (လောင်စာအရည်) - ဒုံးကျည်တွေမှာ လောင်စာအရည်အဖြစ် စသုံးဖို့ ၁၉၀၃ ခုနှစ်မှာ ရုရှ သိပ္ပံပညာရှင် Konstantin Tsiolkovsky လမ်းညွှန်မှုပေးခဲ့ပြီး အမေရိကန်ပါမောက္ခ Robert H. Goddard က ၁၉၂၆ မှာ စတင်ဆောင်ရွက်ခဲ့ပါသည်။ solid fuel (လောင်စာခဲ) – (၁၃)ရာစုကနေ (၂၀)ရာစု မတိုင်ခင် (သို့မဟုတ်) လောင်စာရည်သုံး ဒုံးကျည်တွေက efficiency နှင့် control ပိုမိုကောင်းမွန်ကြောင်း မဖော်ထုတ်နိုင်ခင်အထိ၊ ဒုံးကျည်တွေမှာ လောင်စာခဲအဖြစ် ယမ်းမှုန့်များကို သုံးခဲ့ပါသည်။ Multistage Rocket ဆိုသည်မှာ အဆင့် နှစ်ဆင့်ထက်ပိုပြီး ပါဝင်တဲ့ ဒုံးကျည်အမျိုးအစားတွေပါ။ ပုံမှန်အားဖြင့် First Stage ဆိုတာ အောက်ဆုံးက အကြီးဆုံး အပိုင်းဖြစ်ပြီးတော့ Second Stage ဆိုတာကတော့ တွဲဆက်ပါနေ တဲ့ အပေါ်ကအပိုင်းကို ဆိုလိုပါသည်။)
ဦးရော်နီညိမ်း။ ။ အဲဒီတော့ဘယ်လိုပဲပြောပြော၊ ဒီတက္ကသိုလ်ကြီး ကမ္ဘာ့ထိပ်တန်း အင်ဂျင်နီယာတက္က သိုလ်တွေထဲမှာ စာရင်းဝင်တဲ့ တက္ကသိုလ်ကြီးတစ်ခုမှာ ဗိုလ်မှူးတို့ သွားရောက်ပညာသင်ကြားခဲ့တဲ့ သဘောပဲ ပေါ့။ နောက်ပြီးတော့ နျူကလီးယားပညာရပ်ကို သွားသင်တယ်ဆိုတာ ဘာမှတော့ ပြဿနာမရှိဘူး။ ငြိမ်းချမ်း တဲ့ကိစ္စမှာသုံးဖို့ အရပ်ဘက်သုံး ဘာညာဆိုလို့ရှိရင် သူတို့တည်ဆောက်မယ့် nuclear reactor တွေကိုလည်း သူတို့က IAEA ရဲ့အစစ်မခံနိုင် လို့ ဗိုလ်မှူးတို့လို တပ်မတော်အရာရှိတွေကို ပြန်လာရင်လည်း တောထဲမှာပဲ ကြိတ်ပြီး စက်ရုံတွေဆောက်ပြီး လုပ်တယ် ဆိုတဲ့ သဘောမျိုးပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ အသုတ်တွေမှာ အရပ်ဖက်အင်ဂျင်နီယာတွေလည်း ပါပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက GTI (Government Institute of Technology)ကျောင်းအုပ်တွေ ဆရာတွေ ပေါ့။ ဆရာတွေ ပါပါ တယ်။ ထူးခြားတာ တစ်ခုကတော့ ကျနော်တွေ့ခဲ့တာက ကျောက်ဆည်က ကြံ့ခိုင်ဖွံ့ဖြိုး ရေး စည်းရုံးရေးမှူး တစ်ယောက် ပါတယ်။ သူက မြန်မာစာ အဓိကနဲ့ ပြီးထားတဲ့လူ။ သူ့ကို MEPhI (Moscow Engineering Physics Institute) ဆိုတဲ့ Nuclear Physics ကျောင်းကို စာသင်ဖို့ လွှတ်ခဲ့တာ ကျနော် တွေ့တယ်ဗျ။
ဦးရော်နီညိမ်း။ ။ ဆိုလိုတာက ကျောက်ဆည်မြို့ ကျောက်ဆည်နယ်ထဲက မြန်မာစာအဓိကနဲ့ ကျောင်း ပြီးထား တဲ့ပုဂ္ဂိုလ်ကို ရုရှမှာ နျူကလီးယားဘာသာရပ်သင်ဖို့ စေလွှတ်တယ်ဆိုတော့၊ သက်ဆိုင်ရာပုဂ္ဂိုလ်ကြီး တွေရဲ့ ကိုယ့်ဒေသခံလူမို့လို့ ဆိုတဲ့ သဘောလား ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီလို ယူဆလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တပ်မတော်ထဲမှာ အခု အသင်း အဖွဲ့ မဖွဲ့ရ ဆိုပေမယ့် ‘ကျောက်ဆည်အသင်း’ ဆိုပြီးတော့ ဦးသန်းရွှေကို နာယကခန့်ပြီးတော့ လုပ်နေခဲ့တာ တွေကလည်း ရှိတယ်။ အမျိုးမျိုး အဖုံဖုံပဲ။ ကျနော်တို့ တပ်မတော်အစဉ်အလာတွေလည်း တော်တော်တော့ ပျက်နေပြီခင်ဗျ။
ဦးရော်နီညိမ်း။ ။ နောက်ပြီးတော့ ဒီလိုပညာရှင်တွေပေါ့နော်။ ဗိုလ်မှူးတို့လိုအင်ဂျင်နီယာအရာရှိတွေကို သီးသန့် DSTA လို ကျောင်းတွေထောင်ပြီးတော့မှ မွေးထုတ်လာခဲ့တာလည်း နှစ်တွေကြာလာခဲ့ပြီ၊ တခါ ဗိုလ် မှူးတို့ဆိုရင်လည်း RIT လိုဟာမျိုးကို သွားပြီးတော့ Master တက်ခဲ့ရသေးတယ်။ နောက်တခါ နိုင်ငံခြားကို လည်းသွားပြီးတော့ အခုလို မျိုးဘွဲ့လွန်တွေ ထပ်ပြီး တက်ရတယ်။ အဲဒီတော့ (၁၅) နှစ်လောက် ကြာလာခဲ့တဲ့ အချိန်မှာ အခုချိန်ထိ မအောင်မြင်တဲ့ ကိစ္စ၊ အောင်မြင်ဖို့ အလှမ်းဝေးနေတဲ့ ကိစ္စလို့ နိုင်ငံတကာက ပညာရှင် တွေက သုံးသပ်နေရတဲ့ အဖြစ်ကို ဗိုလ်မှူး ဘယ်လို ထင်ပါသလဲခင်ဗျ။ ဒီ စစ်အစိုးရ ကြိတ်ပြီး လုပ်နေတဲ့ နျူကလီးယားစီမံကိန်း မအောင်မမြင် ဖြစ်နေရတဲ့ အပေါ်ကို၊ ဗိုလ်မှူး ဘယ်လို ခံစားမိပါသလဲ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ စီမံခန့်ခွဲမှု အပေါ်မှာပဲ မူတည်ပါတယ်။ ပြီးတော့ လူမှန် နေရာမှန် မရောက်တာ၊ အဲဒီ ပြဿနာက အဓိက ပါပဲ။ ကျနော်တို့ nuclear ၊ rocket စီမံကိန်းတွေမှာ ဆိုလျှင်လည်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက တာဝန်ယူပြီးတော့ စီစဉ်ပေမယ့် ရုရှကို ရောက်သွားတဲ့ အချိန်ကျတော့ ကိုယ်သင်ရမယ့်subjectနဲ့ ကိုယ့်ရဲ့ အခြေခံ knowledge နဲ့ မကိုက်တာတွေ အများကြီးရှိပါတယ်။ ကွန်ပျူတာ ဘာသာရပ်နဲ့ ကျောင်းပြီးလာတဲ့ DSA က ညီတွေဆိုရင် Nuclear Physics သွားတက်ရတဲ့အခါ ကိုးလို့ကန့် လန့်နဲ့ ဒုက္ခရောက်ကုန်ကြတာရှိတယ်။ တချို့ကျ တော့ ဒီ entrance စာမေးပွဲမှာတင် ပြန်ခဲ့ရတာတွေ ရှိတယ်၊ အဲဒီလိုပေါ့ ကျနော်တို့ စကတည်းကိုက လူ့ အရင်းအမြစ်ကို တည်ဆောက်တဲ့အချိန်မှာ ကတည်းကိုက လွဲ ချော်နေတာလေးတွေ ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ နောက်ပြီးတော့ နည်းပညာပိုင်းဆိုင်ရာမှာလည်း ဒီနိုင်ငံကြီးတွေကတောင်မှ မအောင် မြင်နိုင်လို့ စွန့်လွှတ်ထားတဲ့နည်းပညာမျိုးကိုပဲ အသုံးပြုတယ်၊ အဲဒါကလည်း ဒီကိစ္စ မအောင်မြင်ရ တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေတယ်လို့ ကျနော်တို့ ပြောသံကြားဖူးပါတယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါကတော့ Carbon Monoxide Laser Beam ကိုသုံးပြီးတော့ isotopes တွေကိုခြား ပြီးတော့ uranium သန့်စင်တာ ပေါ့။ အဲဒီနည်းလမ်းကို အမေရိကားကတောင်မှ အကုန်အကျများ လို့ ဆိုပြီးတော့ စွန့်လွှတ်ခဲ့တာ ကြာပါပြီ။ အဲဒါကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက လုပ်တယ်။ အဲဒီမှာ သူတို့ က presentation တစ်ခု လုပ်တယ်၊ ဗိုလ်ချုပ်ကြီး မောင်အေးကို ခေါ်ပြီးတော့။ အဲဒီမှာ သံပြားကိုဖောက်သွား တယ်ပေါ့ သူတို့ရဲ့ laser beam က။ ဒါပေမယ့် အဲဒီအဆင့်ထက် ပိုပြီးတော့ သူတို့ ဆက်မလုပ်နိုင်ပါဘူး။ အဖျားရှူး သွားတာပါပဲ။
(မှတ်ချက်။ ။ Carbon Monoxide (CO) Laser = Carbon Dioxide (CO2) Laserထက် အရည်အသွေး efficiency ပိုကောင်းသည်။ Carbon Dioxide (CO2) Laser = ၁၉၆၄ မှာ တီထွင်ခဲ့သော အစောဆုံး Gas Lasers တွေထဲက တစ်ခု ဖြစ်ပါငည်။ Carbon Monoxide (CO) Laser ကို ၁၉၆၉ မှာ တီထွင်ခဲ့ပြီး isotopes separation ကို ၁၉၇၀ နှစ်ကုန် ပိုင်းမှာ ပြုလုပ်နိုင်ခဲ့ပါသည်။)
ဦးရော်နီညိမ်း။ ။ ဆိုတော့ တခြားနိုင်ငံ မြောက်ကိုရီးယားနဲ့ကော လုပ်တာရှိပါသေးလားခင်ဗျ။ ‘သသန’ က။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြောက်ကိုရီးယားနဲ့လုပ်တဲ့ ဟာတွေက သမရိုးကျလက်နက်အစီအစဉ်တွေပဲ ရှိပါတယ်။ ဒီ နျူကလီးယားနဲ့ ပတ်သက်တဲ့ ကိစ္စမှာတော့ မြောက်ကိုရီးယားတွေကို ကျနော် မတွေ့ခဲ့ရပါဘူး။
ဦးရော်နီညိမ်း။ ။ ဥမင်လှိုင်ခေါင်းတွေ ကိစ္စကတော့ ဒီ ‘သသန’ နဲ့ မဆိုင်ဘူးပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ဥမင်လှိုင်ခေါင်းကိစ္စကို ကကယာ(ကာကွယ်ရေးဝန်ကြီးဌာနစစ်အင် ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး) လုပ်တာပါ။ သူတို့မှာ ဌာနတစ်ခုရှိပါတယ်။ အဲဒီကနေပြီးတော့ မြန်မာအရာရှိ တွေကို မြောက်ကိုရီးယား အင်ဂျင်နီယာ ဥမင်လှိုင်ခေါင်း ဘာသာရပ် တွေလာသင်ပေးပါတယ်။ နောက်ပြီး တော့ FCCS (Far Control Computer System) ဆိုတဲ့ သင်တန်းကိုလည်း မြောက်ကိုရီးယားတွေက လာ သင်ပေးပါတယ်။ အဲဒါကတော့ လက်ရုံးတပ်(တိုက်ခိုက်ရေးတပ်များအတွက် အထောက်အကူပေးရသောတပ်) တွေက အရာရှိတွေကိုခေါ်ပြီးတော့ သင်ပေးတာပါ။ နောက် ရေဒါသင်တန်း တစ်ခုကလည်း ရှိပါသေးတယ်၊ အဲဒါလည်း မြောက်ကိုရီးယားတွေပဲ လာသင်ပေးတာ ပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးက မြိုင်မြို့နယ် စက်ရုံက ဆိုတော့ နောက်ထပ် ‘သနလ’ ရှိသေးလား ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်စက်ရုံက သနလ(၂) ဖြစ်ပါတယ်။ သနလ(၁) က ပြင်ဦးလွင် စက်ရုံပါ။ သိပ္ပံနှင့်နည်းပညာဝန်ကြီးက ပြောထားတာကတော့ သနလ (၁)၊(၂)၊(၃)၊(၄)၊(၅) အထိဆက်ပြီးတော့ ဖွဲ့စည်း သွားဖို့ရှိတယ်လို့ ပြော ပါတယ်။ ဒါပေမယ့် (၂)မှာပဲ သူတို့ ဆုံးသွားတယ်။ သနလ(၃) ရဲ့နေရာကိုတော့ အလောင်းတော်ကဿပဥယျဉ်နားက 'ပုထိုးလုံ'ဆိုတဲ့ ရွာနားလေးမှာလုပ်ဖို့ လျာထားတယ်လို့တော့ကြားလိုက် ပါတယ်။ ဒါပေမယ့် စီမံကိန်းက ပျက်သွားပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီတော့ ဗိုလ်မှူးလုပ်ခဲ့တဲ့ ဒီ သနလ(၁) က ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ဘူးပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ် ခင်ဗျ၊ ဒီနေရာမှာ အင်မတန် ရှုပ်ထွေးပါတယ်။ ကျနော် သေသေ ချာချာ ရှင်းပြမှ ရမှာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ပြောပါဦး။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီစက်ရုံတွေကို စပြီးတော့ foundလုပ်တာ (တည်ထောင်တာ)က စပြီးတော့ အခြေချတာက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကလုပ်တာပါ။ ပြီးသွားတဲ့အချိန်မှာ အဲဒီစက်ရုံတွေမှာ ၀င်ပြီး တော့ နေရာယူမယ့်လူတွေကျတော့ ကျနော်တို့ ဖြစ်ပါတယ်။ ကျနော်တို့ကို ရုရှက ပြန်လာတဲ့အချိန်မှာ အဲဒီ စက်ရုံတွေထဲကို ထည့်လိုက်ပါတယ်။ ပြင်ဦးလွင်စက်ရုံကို သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံ အမှတ်(၁)ဆိုပြီး တပ်ဖွဲ့စည်းလိုက်ပြီးတော့ ကျနော်တို့ကို အဲဒီကို လွှတ်လိုက်တယ်။ နောက်ပြီးတော့ မြိုင်စက်ရုံကိုကျတော့ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေးအလုပ်ရုံ အမှတ်(၂)ဆိုပြီး တပ်တစ်တပ် ဖွဲ့ပြီး တပ်မှူးတစ်ယောက်နဲ့ကျနော်တို့ကို လွှတ်လိုက်ပြန်ပါတယ်။ နောက်ပြီး သပိတ်ကျင်းစီမံကိန်းက ဆောက် ပြီးသွားပြီ။ အဲဒီမှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက သိပ္ပံပညာရှင်တွေကလည်း အဲဒီကို ရောက်နေပြီပေါ့။
ဦးရော်နီညိမ်း။ ။ Nuclear Physics ပညာရှင်တွေ ပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့။ အဲဒီအချိန်မှာမှ ကျနော်တို့ဆီက ရုရှကပြန်လာတဲ့ နျူကလီးယားဘာ သာရပ် နဲ့ ကျောင်းပြီးလာတဲ့ အရာရှိတွေကို၊ တခါ တပ်မှူးတစ်ယောက်နဲ့ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့ အဲဒီအထဲ ကို ထည့်လိုက်ပါ တယ်။ အဲဒီမှာ….
ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးက နောက်ဆုံး သနလ(၁) ကနေ ပြည်ပကို ထွက်ခွါလာတာလား၊ သနလ(၂) ကနေ ကို ထွက်ခွါလာတာလား ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော် သနလ (၁) ကနေ ထွက်လာတာပါ။
ဦးရော်နီညိမ်း။ ။ ပြင်ဦးလွင်က နေပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ခင်ဗျာ။
ဦးရော်နီညိမ်း။ ။ ဒါပေမယ့် အများကသိနေတာက ဗိုလ်မှူးကို မြိုင်ကလို့ပဲ သိနေတာ။ မြိုင်လည်း သွား ပြီး တာဝန်ထမ်းဆောင်ဖူးတယ် ပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် မြိုင်ကို ၂၀၀၇ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၀ဇန်န၀ါရီ အထိ ကျနော် မြိုင်မှာ ရှိနေခဲ့ပါတယ်။ (၃)နှစ်လောက် ပေါ့။ အဲဒီအချိန်မှာ ၂၀၁၀ ဇန်န၀ါရီမှာ ကျနော် ပြင်ဦးလွင်ကို ပြန်ပြောင်းရပါတယ်။ သနလ(၁) ကို ပြန်ပြောင်းပြီး အဲဒီမှာ (၁)လလောက် နေပြီးမှ ကျနော် ထွက်လာတာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆို ဗိုလ်မှူး ဒီဓါတ်ပုံတွေနဲ့ ဂျာမဏီက စက်ကြီးတွေနဲ့ ပုံတွေကတော့ မြိုင် က ပုံတွေ ပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ မြိုင်က ပုံတွေလည်း ပါပါတယ်။ ပြင်ဦးလွင်က ပုံတွေလည်း ပါပါတယ်။ ရုရှက နေ၂၀၀၅ နိုဝင်ဘာမှာ ကျနော် ရောက်ပါတယ်။ ပြန်လာခဲ့ပြီးတဲ့အချိန်မှာ ကျနော်တပ်(၃)တပ်လုံးမှာ နေပြီး သွားခဲ့တဲ့ သဘောရှိပါတယ်။
ဦးရော်နီညိမ်း။ ။ မြန်မာစစ်အစိုးရရဲ့ နျူကလီးယားလက်နက်စီမံကိန်း အကြောင်း ဖော်ထုတ်တင်ပြပေး နေတဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ ပြောစကား အပိုင်း(၃)ကိုတော့ ရှေ့သီတင်းပတ် ဗီအိုအေမြန်မာပိုင်းအစီ အစဉ် စနေ၊ တနင်္ဂနွေ နံနက်တွေမှာ ဆက်လက် တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။
(ဗီအိုအေ)
0 ဝီကီလိ(က်)နှင့် အင်တာနက်လွတ်လပ်ခွင့်
ဟိုရက်ပိုင်းတွေက Wikileaks နဲ့ ပတ်သက်ပြီး တော်တော်လေးကို ဆူညံသွားပါတယ်။ ခုလည်း ဆူညံနေဆဲပါ။ ဒါပေမယ့် ကျွန်တော်ကတော့ WikiLeaks ကို တိုက်ရိုက် စိတ်ဝင်စားတာ မဟုတ်ပဲ WikiLeaks နဲ့ ထိစပ်နေတဲ့ နည်းပညာ အကြောင်းတွေ ကိုသာ စိတ်ဝင်စားပါတယ်။ နောက် WikiLeaks ရဲ့ Ideology ပိုင်းကိုလည်း စိတ်မဝင်စားပါဘူး။ အဲဒီအပြင် ဝီကီလိ(က်) တည်ထောင်သူ ဂျူလီယန်အဆန့်(ဂ်ျ)ရဲ့ အကြောင်းကိုလည်း စိတ်မဝင်စားပါဘူး။ အဲဒီအပြင် ဝီကီလိ(က်) အနေနဲ့ ထိပ်တန်း လှို့ဝှက်တွေနဲ့ ပတ်သက်ပြီး တင်သင့်၊ မတင်သင့် ဆိုတဲ့ အပိုင်းကိုလည်း စိတ်မဝင်စားပါဘူး။
ဝီကီလိ(က်) အမေရိကန် သံတမန်ရေးရာနဲ့ ပတ်သက်တဲ့ ကေဘယ် သတင်းအချက်အလက်ပေါင်း မြောက်များစွာကို ဖွင့်ချလိုက်တယ်၊ အဲဒီမှာ အမေရိကန် အစိုးရနဲ့ တစ်ခြား နိုင်ငံတွေ မျက်စိမျက်နှာတွေ ပျက်ကုန်ပါတယ်။ အဲဒီအပြင် ဝီကီလိ(က်)က ဘဏ်ကြီးနှစ်ခုနဲ့ ပတ်သက်တဲ့ ငွေစာရင်း အလွဲသုံးစားတွေကို ဖော်ထုတ်ဖွင့်ချမယ်လို့ စိန်ခေါ်လိုက်တော့ ဘဏ်တွေပျက်ပြီး စီးပွားရေး ပြုတ်ကျထားတဲ့ အနာမကျက်သေးတဲ့ အစိုးရနဲ့ တစ်ခြား စီးပွားရေး အဖွဲ့အစည်းတွေကပါ စိုးရိမ်မှုတွေ ပိုပြီး တိုးလာပါတော့တယ်။ ဒါတွေသာ ဖွင့်ချလိုက်ရင် နောက်ထပ် စီးပွားရေးနှေးကွေးမှု တစ်ကြိမ် ထပ်ဖြစ်မလားဆိုတဲ့ စိုးရိမ်သောကတွေ အပြင် သိသိနဲ့ မသိချင်ရောင်ဆောင်ပြီး မျက်စိပိတ် ရှေ့ဆက်နေရတဲ့ အိုဘားမား အစိုးရအတွက်လည်း တကယ့်ကို အကြပ်ရိုက်စရာ ဖြစ်လာမယ့် အနေအထားပါ။ တကယ်တော့ ဝီကီလိ(က်)ဖွင့်ချမယ့် ဘဏ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေဟာ အိုဘားမား အစိုးရ မသိ မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုမှု ပြန်သိမ်းလို့ရမှာ မဟုတ်တော့တဲ့ သံတမန်ရေးရာ အချက်အလက်တွေအတွက် စိုးရိမ်တာထက် နောက်ထပ် တက်လာမယ့် လိုင်းလုံးကို တွေးမိပြီး ဝီကီလိ(က်)ကို အသည်းအသန် လိုက် တိုက်ခိုက်နေတယ်လို့ ကျွန်တော် ယူဆပါတယ်။
အဲဒီလို ပိတ်ဆို့ကြတဲ့ အထဲမှာ အစိုးရမင်းတွေ လုပ်ကြတဲ့ ကိစ္စအထိ ကျွန်တော် စိတ်ဝင်စားတဲ့ အထဲမှာ မပါသေးပါဘူး။ ဒါပေမယ့် နည်းပညာ ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Papal လို၊ Amazon နဲ့ အခြား Credit Card ကုမ္ပဏီတွေကပါ ပါဝင်ပတ်သက်ပြီး ပိတ်ကြဆို့ကြတာကတော့ ကျွန်တော် အမှန်တကယ်ကို စိတ်ဝင်စားမိပါတယ်။ အဲဒီလို ပိတ်ကြဆို့ကြတဲ့ ကုမ္ပဏီတွေရဲ့ ဝီကီလိ(က်)အပေါ် အရေးယူမှုဟာ ဖြစ်ကော ဖြစ်သင့်ရဲ့လား၊ ပါဝင်ပတ်သက်နေတဲ့ သူတွေ ထိခိုက်မှာစိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝီကီလိ(က်)ကို ပိတ်တယ်ဆိုတာ မခိုင်လုံဘူးလို့ ကျွန်တော် လုံးဝယုံကြည်ပါတယ်။ အဲဒီလို ထိခိုက်မှာစိုတဲ့အတွက် လူ့အခွင့်အရေး အဖွဲ့အစည်းတွေက တောင်းဆိုလာတဲ့အခါ ဝီကီလိ(က်)ကလည်း နာမည်တွေနဲ့ ပတ်သက်ပြီး တည်းဖြတ်မှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။ မတရာဘူးဆိုတာ သူတို့လောက် Freedom of Press ဆိုပြီး အော်နေတဲ့ နိုင်ငံတွေက စီးပွားရေး လုပ်ငန်းကြီးတွေက ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်လာရင် Freedom of Press ကို လစ်လျူရှုတယ်ဆိုတာ အလွန်ကို အကြည့်ရဆိုးတဲ့ ကိစ္စပါ။ တကယ်တန်းတော့ Freedom of Press တစ်ခုတည်းကို ထိခိုက်တာ မဟုတ်ပါဘူး။ Internet Freedom ကိုပါ ထိခိုက်ပါတယ်။ ကျွန်တော်တို့က ဝီကီလိ(က်)တစ်ခုတည်းကို လုပ်တာပါဗျာ။ ကျန်တာတွေကို မလုပ်ပါဘူးလို့ မပြောပါနဲ့။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပါပဲ။ Freedom of Press ဆိုတာ ပုံနှိပ်စာလုံးတွေ ကိစ္စဆိုပြီး လစ်လျူရှုလို့ ရသေးတယ်ထားဦး၊ နက်တီဇင်လို့ခေါ်တဲ့ ဗွီကမ္ဘာက နိုင်ငံသားတွေ အတွက်တော့ Internet Freedom ကို ထိခိုက်လာတာ လုံးဝလက်ပိုက်ကြည့် မနေသင့်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။
Amazon က သူ့ရဲ့ Amazon Web Service လို့ခေါ်တဲ့ Hosting Service ကနေ ဝီကီလိ(က်)ကို ထုတ်ပစ်ခဲ့ပါတယ်။ သူတို့အကြောင်းပြချက်က သူတို့ရဲ့ Terms and Conditions ကို မလိုက်နာလို့ပါတဲ့။ တကယ်တန်း ပြောကြကြေးဆိုရင် ဟိုးအရင် အာဖကန်ကိစ္စတွေ ဖွင့်ချတုန်းက ဘာကြောင့် ပြဿနာ မလုပ်ပါသလဲ၊ တကယ်တန်း Terms and Conditions ကို ထိခိုက်တယ်ထားဦး။ ဘယ်နေရာတွေတော့ ထိခိုက်နေပါတယ် ဆိုပြီး အကြောင်းကြား ပြုပြင်ရုံနဲ့ မလုံလောက်ဘူးလား။ ကျွန်တော်ကတော့ အဲဒီလောက်နဲ့ လုံလောက်တယ်လို့ ယုံကြည်ပါတယ်။ ခုတော့ ဘာမပြော ညာမပြော ပိတ်ပစ်ပါတယ်။ နောက် Credit Card Company တွေနဲ့ Paypal ကလည်း ဒီအတိုင်းပါပဲ၊ သူတို့ အပြောအရတော့ Terms and Conditions ဆိုတာပါပဲ၊ တကယ်တန်း Terms and Conditions ဆိုတာ ရောင်းသူနဲ့ ဝယ်သူ အဆင်ပြေအောင် စနစ်တကျ လည်ပတ်နိုင်အောင် စီစဉ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပါ၊ ရောင်းသူဖက်က ပိတ်ချင်တိုင်းပိတ်လို့ ရအောင် အာဏာသုံးလို့ရအောင် စီစဉ်ထားတာတွေ မဟုတ်ပါဘူး။ (ဒါပေမယ့် Hosting Company တွေရဲ့ Terms and Conditions တွေက အသုံးပြုသူတွေအတွက် ထောင်ချောက်တွေ ဖြစ်နေတတ်တာ တွေ့တွေ့နေရပါတယ်) အဲဒီလို နှစ်ဦးနှစ်ဖက် သဘောတူညီချက်ကို လုပ်ချင်တာလုပ်ဖို့ အသုံးချတယ်ဆိုတာ အခြေခံ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ။ ငါတို့ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ အပေါက်ချိုးတာပါပဲ။
အဲဒီနေရာမှာ အိုဘားမားအစိုးရဆိုတာ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ရှေ့ကအစိုးရတွေထက် အသံအကျယ်ဆုံး ပြောတဲ့ အစိုးရဖြစ်ပါတယ်။ အိုဘားမားကိုယ်တိုင် အင်တာနက်ရဲ့ Web 2.0 ကို စပါယ်ရှယ် အသုံးချပြီး မဲဆွယ်စည်းရုံးရေး တွေလုပ်ခဲ့၊ အင်တာနက် လွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် မိုးမွှန်အောင် ပြောလာတဲ့သူ ဖြစ်ပါတယ်။ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် ဆိုတာလည်း ထိုနည်း လည်းကောင်း၊ သူမကတော့ အင်တာနက် လွတ်လပ်ခွင့်ဆိုတာထက် လွတ်လပ်စွာ ချိတ်ဆက်ခွင့်ဆိုတဲ့ အပိုင်းကို အဓိကထား ပြောဖူးပါတယ်။ လွတ်လပ်စွာ ချိတ်ဆက်ခွင့်ဆိုတာ ငါးခုမြောက် လွတ်လပ်မှုဆိုပြီး ဟိုးအရင်က ဘိုးတော်ကြီး သမ္မတရုစဗဲ့ကို ပြောခဲ့တဲ့ လွတ်လပ်မှု လေးခုဆိုတာကို သံယောင်လိုက်ပြီး ပြောခဲ့ဘူးသူပါ။ အဲဒီအပြင် ဟီလာရီကလင်တန်က ကော်ပိုရိတ်တွေနဲ့ ပတ်သက်ပြီး အင်တာနက်မှာ သတင်းအချက်အလက် လွတ်လပ်ခွင့်ကို ပိတ်ဆို့တာမျိုး မလုပ်ဖို့ အမြဲတမ်း တိုက်တွန်းနေခဲ့သူ ဖြစ်ပါတယ်။ ခုကိစ္စလိုမျိုး အင်တာနက် လွတ်လပ်ခွင့်ကို ချိုးဖောက်ပြီး နည်းပညာကုမ္ပဏီကြီးတွေ လုပ်ချင်တာ လုပ်နေတာကြတော့ နှုတ်ဆိတ်ပြီး လေသံလေးတောင် မဟကြတာ တွေ့နေရပါတယ်။ ဒါပေမယ့် ကျွန်တော့်အထင် သူတို့ကိုယ်တိုင်က ဖိအားပေးတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ သမိုင်းမှာ အစိုးရက ဖိအားပေးတိုင်း လိုက်လုပ်တယ်ဆိုတာ လူကြားကောင်းအောင် အသံကောင်းဟစ်တာပဲ ဖြစ်နိုင်ပါတယ်။ တကယ်တန်း ဘယ်ကုမ္ပဏီမှ သူတို့ရဲ့ အကျိုးစီးပွားကို အထိခိုက်ခံပြီး အစိုးရစကား နားထောင်လေ့ မရှိပါဘူး။
ဒါပေမယ့် တစ်ဖက်မှာလည်း Twitter လို Facebook လို နည်းပညာ ကုမ္ပဏီကြီးတွေက အစိုးရရဲ့ ဖိအားကို ဆန့်ကျင်ပြီး ဝီကီလိ(က်)ကို ဆက်လက် အထောက်အပံ့ပေးထားဆဲ ရှိပါတယ်။ သူတို့အနေနဲ့ ပိတ်စရာ အကြောင်း မရှိဘူးလို့လည်း ထုတ်ပြန်ကြေညာ ထားပါတယ်။ အဲဒီလိုတွေ ရှိတယ်ဆိုတော့လည်း နက်တီဇင်တွေအတွက် နတ်လူသာဓုခေါ်စရာ အကြောင်းလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အထင်တော့ သူတို့ အကျိုးစီးပွားကို သက်ရောက်မှု ကြီးကြီးမားမား မရှိတာကြောင့်ပဲလို့ ယူဆပါတယ်။ တကယ်လို့သာ ထိခိုက်လာမယ်ဆိုရင် တစ်ခြား နည်းပညာကုမ္ပဏီတွေရဲ့ ပုံစံကို ချိုးဦးမှာ သေချာပါတယ်။
အဲဒီတော့ နည်းပညာကုမ္ပဏီတွေ အနေနဲ့ ဝီကီလိ(က်)ကို ပိတ်တယ်ဆိုတာ တကယ်တန်း သေသေချာချာ သုံးသပ်ရင် သူတို့အကျိုးစီးပွားကို ထိခိုက်လာမှာ စိုးရိမ်တဲ့အတွက်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒီတော့ ဘယ်လိုထိခိုက်မှာလဲ၊ ကျွန်တော့်အထင် နောက်ဆုံး ဝီကီလိ(က်)အနေနဲ့ ဖွင့်ချမယ်ဆိုတဲ့ ဘဏ်ဆိုင်ရာ ငွေစာရင်း အလွဲသုံးစားမှုတွေနဲ့ တိုက်ရိုက်သက်ဆိုင် နေမယ်လို့ ကျွန်တော် ယူဆပါတယ်။ တကယ်တန်း ပိတ်ကြဆို့ကြတဲ့အထဲမှာ ထိပ်ဆုံးက ပါနေတာတွေက Paypal နဲ့ Credit Card ကုမ္ပဏီတွေ ဖြစ်နေတာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ Amazon ကတော့ ဘယ်လိုနည်းနဲ့ ပဲကြီးလှော်ထဲ ဆားညပ်သွားတယ် မသိပါ။ သူကိုယ်တိုင်လည်း အဲဒီလို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှု ရှိလို့လား၊ တစ်ခြား ဖိအားတွေ ကြောင့်လား၊ ဒါကတော့ သူတို့ပဲ သိပါလိမ့်မယ်။
ဝီကီလိ(က်)နဲ့ အင်တာနက် လွတ်လပ်ခွင့်ကတော့ နက်တီဇင်တွေအတွက် သတိထားစရာ ကိစ္စကြီး ဖြစ်လာပါပြီ။ အဲဒီအပြင် ပြောတော့ Internet Freedom တကယ်ဖြစ်လာတော့ မသိချင်ရောင်ဆောင်နေတဲ့ အင်တာနက် လွတ်လပ်ခွင့် ခေါင်းဆောင် ကြီးတွေလည်း ရှိနေပါပြီ။ အင်တာနက် လွတ်လပ်ခွင့်ကို အသုံးချ စီးပွားရှာပြီး အကျိုးစီးပွားနဲ့ ပတ်သက်လာတဲ့ အခါမှာ အလွယ်တကူ ချိုးဖောက်တတ်တဲ့ ကုမ္ပဏီကြီးတွေလည်း ရှိလာနေပါပြီ။ ဒီတော့ နည်းပညာလောကမှာ ထုံးစံအတိုင်း ကြီးနိုင်ငယ်ညှင်းတွေ ရှိလာဦးမယ့် လက္ခဏာတွေ မြင်နေရပါတယ်။ ဘာတွေ ဖြစ်လာဦးမယ် စောင့်ကြည့်ကြတာပေါ့ဗျာ။
ကိုသီဟ (www.myanmartutorials.com)အားကျေးဇူးတင်ရှိပါသည်.0 ညီအကို မောင်နှမ အားလုံးအတွက် ဖတ်ရှုစရာ သတင်း လက်ဆောင် ..
ကျနော်တို့ အားလုံး မျက်စိတွေ နားတွေ ဖွင့်ထားလိုက်ကြရအောင်ဗျာ.......
ကျနော်တို့တွေ အားလုံး မျက်စိတွေ နားတွေ ဖွင့်ထားကြလိုက်စို့ ဆိုတာ က လည်း ပြည်တွင်းမှာ ငါးမင်းဆွေ၊ မြန်မာအီးဂရက် အစရှိတဲ့ သတင်းအမှောင်ချခံထားရတဲ့ မြန်မာပြည်သူတွေကို မှိုင်းတိုက်နေတဲ့ စစ်အစိုးရ အလိုတော်ရိ သိစ္စာခံ တစ်ဘ၀စံတွေလို လက်ကိုင်တုတ်တွေရဲ့ လူမဆန်တဲ့ အကြံယုတ်တွေ၊ သတင်းစာ ကိုင်လိုက်ရင် ဓာတ်လိုက်နိုင်တဲ့ ဆိုတဲ့ အဝေးမှုန်၊ မြန်မာ့အမှောင် အစရှိတဲ့ အတင်းစာတွေ (သတင်းစာ မဟုတ်ပါ) ကလည်း၊ တပ်ချုပ်ကြီး ဦးဆောင်တဲ့ စစ်အာဏာရူးတစ်သိုက်က မြန့်မာ့တပ်မတော်ကို လက်ကိုင်တုတ်လုပ်ပြီး အတင်းရော အဓမ္မ အကြမ်းဖက်ကာ မြန်မာပြည်ကို မဖွံ့ဖြိုးတဲ့ ကဏ္လမရှိတော့အောင် အဲ့ဒီ့ အတင်းစာတွေထဲမှာ ပဲ အောင်မြင်စွာ တည်ဆောက်နေကြောင်း ( အပြင် လက်တွေ့လောကမှာတော့ ပြောင်းပြန်ပါ။ ) မျက်နှာပြောင်ပြောင် ခေါင်းချောင်ချောင်နဲ့ ၀ါဒဖြန့်နေတဲ့ အချိန်မို့ ကျနော်တို့ အားလုံးဟာ တကယ့် သတင်း အမှန်ကို သိချင်ရင် Radio, Online website and blog တွေကိုပဲ အားထားရမှာဖြစ်ပါတယ်ဗျာ။
လွတ်လပ်မှု၊ လုံခြုံမှု၊ တရားမျှတမှုကို လိုချင်ရင်၊ အကြောက်တရားတွေက လွတ်မြောက်ပြီး ကျနော်တို့ အားလုံးရဲ့ အနာဂတ် မျိုးဆက်တွေကို ကျနော်တို့ လက်ထက်မှာရှိနေတဲ့ နိုင်ငံထက် ပိုမိုကောင်းမွန် လုံခြုံစိတ်ချ တရားမျှတတဲ့ နိုင်ငံတစ်ခုကို လက်ဆင့်ကမ်းနိုင်ဖို့ဆိုရင် အမေစု ပြောခဲ့သလိုပဲ ကျနော်တို့ အားလုံး နိုးကြားတက်ကြွနေဖို့လိုပါတယ်။ ကိုယ့်နိုင်ငံ့အရေး ဘယ်လိုအခြေအနေတွေ ရှိတယ်၊ ဘာတွေကတော့ နိုင့်ထက်စီးနင်း မတရားမှုတွေ ရှိနေတယ်ဆိုတာလည်း အမှန်ကို အမှန် အတိုင်း သိရှိနေဖို့ လိုတယ်လို့ ယုံကြည်ပါတယ်ဗျာ။
ဒါမှလဲ ကျနော်တို့ အနေနဲ့ မှန်တာကို မလုပ်ရဲ မပြောရဲရင်တောင်၊ မမှန်တာ၊ မတရားတာကိုတော့ မထောက်ခံမိအောင် ရှောင်ကြဉ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်တော့ လူရယ်လို့ ဖြစ်လာရင် မတရားတာ ကို မနှစ်သက်တဲ့ ဗီဇလေးတွေကတော့ အနည်းနဲ့ အများရှိကြပါတယ်။ အကြောက်တရားကြောင့် ဖြစ်စေ၊ ကိုယ်ကျိုးစီးပွားကြောင့် ဖြစ်စေ၊ မသိနားမလည် မှိုင်းတိုက်ခံထားရလို့ ဖြစ်စေ ( Egress မှ စစ်အာဏာရှင် လက်ကိုင်တုတ် နေ၀င်းမောင် ၏ မှိုင်းတိုက်ခြင်းကို ခံထားရသော ပြည်တွင်းမှ မိန်းကလေး၊ ယောင်္ကျားလေးများက လက်ရှိအကောင်းဆုံး ဥပမာဖြစ်ပါတယ်။) မှန်ကန်မှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေးဆိုတာတွေကို သိကောင်း သိပေမဲ့၊ လက်ခံကောင်း လက်ခံပေမဲ့ ပါးစပ်ပိတ်နုတ်ဆိတ်နေမှာဖြစ်နိုင်သလို၊ မြေနိမ့်ရာ လှံစိုက် အာဏာရှင် အကြိုက်လိုက်ပြီး မျက်နှာလို မျက်နှာရ ပုတ်ခတ်စော်ကား အနိုင်ကျင့်နေတာတွေလဲ တပုံတပင်ရှိနေပါတယ်။
စစ်အစိုးရဘက်က ၀ါဒဖြန့် လုပ်ကြံမှိုင်းသွင်းမှုတွေကတော့ ပြည်တွင်းက အစိုးရထိန်းချုပ်ထားတဲ့ လက်အောက်ခံ Media တွေမှာ မတွေ့ချင် အဆုံးပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အစားချောင်လို့ ကိုယ်ကျိုးစီးပွားအတွက်ဖြစ်စေ၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရလို့ ဖြစ်စေ၊ မထည့်မနေရ မပြောမနေရဆိုတဲ့ ဒီလို လက်ကိုင်တုတ် သတင်းတွေ၊ ဒီလောက်တတိုင်းပြည်လုံး အဘက်ဘက်က ဆင်းရဲနိမ့်ကျနေပြီး၊ လူထုရဲ့ ဆန္ဒကိုလည်းလစ်လျှူရှုကာ၊ အမှန်အတိုင်းထုတ်ဖော်ဆန္ဒပြတဲ့ သူဆိုရင် ယောင်္ကျား၊မိန်းမ၊ သံဃာပါမကျန် နှစ်ရှည် လုပ်ကြံအမှုဆင်ထောင်ချပြီး တစ်တိုင်းပြည်လုံး ဘက်စုံဖွင့်ဖြိုးတိုးတက်နေပါတယ်ဆိုတဲ့ စစ်အာဏာရူးတသိုက်ရဲ့ အသုံးချခံ Media တွေ၊ အလိုတော်ရိတွေရဲ့ လက်တွေ့အခြေအနေတွေနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ လုပ်ကြံလီဆယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စာတွေ၊ အသံတွေကိုလည်း လူထုက ငြီးငွေ့စိတ်ကုန်နေတာလည်း နှစ်ပေါင်းများစွာရှိနေပါပြီဗျာ...
ဒီလို အာဏာရှင်တွေထဲမှာ အဆိုးဆုံးဖြစ်တဲ့ စစ်အာဏာရှုင်တွေရဲ့ လက်အောက်မှာ ပြားပြားဝပ် ပါးစပ်၊ မျက်စိ၊ နားတွေ အကုန်ပိတ်ခံထားရတဲ့၊ မှိုင်းတိုက်ခံ အမှောင်ဖုံးလူထုအတွက် အလင်းရောင်ကို ဖော်ဆောင်ပေးမဲ့၊ တကယ့်ဖြစ်ရပ် အခြေအနေတွေကို ထင်ဟပ်ဖော်ပြနေတဲ့ လင့်တွေ၊ ဆိုက်တွေ၊ ဘလော့တွေကို Share လိုက်ပါတယ်ဗျာ...
http://narinjara.com/burmese.asp
http://www.mongloi.org/burmese/
http://www.kaowao.org/b/index.php
http://burmatoday.net/index_news_agencies.htm
http://www.voanews.com/burmese/news/
http://saffrontoward.blogspot.com/
http://malaria88.blogspot.com/
http://soneseayar.blogspot.com/
http://yoma3blog.blogspot.com/
http://abbsoluteright.blogspot.com/
http://www.revolution8888.mmn.co.in/
သတင်းအမှောင်ချမှုကို တိုက်ဖျက်ပြီး အမှန်တရား နဲ့ တရားမျှတမှုကို ကျနော်တို့အားလုံး ပူးပေါင်းဖော်ထုတ်ကြပါစို့ ......
~ ရွှင်းလန်းချမ်းမြေ့ပါစေ ~
Candidly yours
San Maung
PS : ဘလော့ (Block)လုပ်ထားလို့ လင့်တွေကိုကြည့်လို့မရဘူး၊ Proxy တွေလဲ ကျော်လို့ခွလို့မရတော့ဘူး... Proxy အသစ်လေးများရှိရင် ဝေမျှပါဦးဆိုတဲ့ ညီအကို မောင်နှမ များအတွက် Admin ကိုချမ်းမြေ့က ကျွန်တော် တို့ရဲ့ Freedom From Fear Group နဲ့ သူ့ရဲ့ Account မှာ ကျော်လို့ရမဲ့ လိုင်းတွေ နေ့တိုင်းနီပါးတင်ပေး ပါမယ်...ဒီထဲက နည်းပညာ အကျွမ်းတ၀င်ရှိသူများကိုလည်း ဖိတ်ခေါ်ပါတယ်...
Chan Myae
http://www.facebook.com/notes/chan-myae/17122010-proxy-sites-update/178929262126771