Chat ရင် စာလုံးပေါင်း အသံထွက်ပြီး ချက်တတ်တဲ့ သူတွေအတွက်တော့ ပိုပြီးသဘောကျမယ်လို့ထင်ပါတယ်..
Saturday, December 25, 2010
0 Merry Christmas and Happy Newyear ရေးထားသောစာသားဖြင့် ကရင်ပြည်နယ်ရှေ့တန်းတနေရာမှမြင်ကွင်းပုံ
ပြီးခဲ့တဲ့ ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တိုးတက်ကောင်းမွန်နေလို့ပြောသွားပါတယ်....
photo။ ။ danielpedersen
0 ပိုက်ဆံကိုစတာပလာနဲ့တွဲ တိတ်တွေနဲ့ ကပ်တဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးကိုနအဖကတော့တည်ထောင်နေပြီ
ပိုက်ဆံကိုစတာပလာနဲ့တွဲတဲ့tape တွေနဲ့ ကပ်တဲ့ခေတ်သစ်ကိုနအဖကတော့တည်ထောင်နေပြီ
ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးတည်ဆောက်နေတယ်တဲ့...ပီားပီား....ယုံဘူးဒီပုံကိုကြည့်
အတူတူဘဲနော် မြန်မာပြည်ဘဏ်တွေကမလည်းပေးလို့ဒီတိုင်းသုံးနေကြတာပါသူတို့တွေကျတော့ဒေါ်လာတွေကိုင်ကြတယ်ပြည်သူကိုတော့င်္ခြသေ့အစုတ်ကိုင်ခိုင်းတယ်နော်
ဓာတ်ပုံ. Min Thuya(ပြည်တွင်း)။
“ပိုက်ဆံအားလုံးက ဒီအတိုင်းချည်းပဲ။ လဲခိုင်းလည်း အသစ်ရမှာ မဟုတ်ဘူး” လို့ပြောပါတယ်။ ဈေးသည်တွေ ကားသမားတွေဆီက ပြန်အမ်းတဲ့ ပိုက်ဆံကို သတိထားကြည့်မိတယ်။ ဟုတ်ပါတယ် ၊ တော်တော်များများ ပိုက်ဆံတွေက ဟောင်းနွမ်း စုတ်ပြဲနေပြီး တချို့ဆို ပြဲနေတာကို tape တွေစတာပလာတွေနဲ့ ကပ်ပြီး ချုပ်ပြီး ပြန်သုံးနေကြတယ်။ ၅၀ တန်၊ ၂၀ တန်၊ ၁၀ တန်၊ ၅ ကျပ်တန်တွေဆို မတွေ့မိသလောက်ပဲ။ အစုတ်ပေးရင် အရင်လို ဘာမှ ပြန်မပြောတော့ပဲ ဒီအတိုင်းပဲ ယူလိုက်ကြတယ်။ ပိုက်ဆံကြီး စုတ်နေတယ် ပြန်လဲပေးပါ ဘာညာဆိုပြီး ပြောသံဆိုသံ မကြားရတော့ဘူး။ ကားသမားတစ်ယောက်ကတော့ “အစုတ်ပေးတာ မထူးဆန်းတော့ဘူး၊ အသစ်ပေးရင်တောင် အတုလားဆိုပြီး သံသယ ၀င်နေဦးမယ်” ဆိုပြီး ပြောလို့ ရီရသေးတယ်။ လို့ ရန်ကုန်မြို့ခံလူငယ်တဦးကပြောဆိုပါတယ်။
0 “ငါးဆယ့်နှစ်”
“ငါးဆယ့်နှစ်”
- ၅၂ နှစ်တဲ့ဗျာ . . .
အရေးအကြောင်းတွေကစလာခြဲ့
သူမရဲ့ အတွေးအခေါ်တွေက နုပျိုလာဆဲ။
- ၅၂ နှစ်တဲ့ဗျာ . . .
ခြေလှမ်းတွေက နှေးကွေးလာမြဲ၊
သူမရဲ့လှမ်းချက်တွေကတက်ြ
- ၅၂ နှစ်တဲ့ဗျာ . . .
အရွယ်နှောင်းလို့ ဖေးမကူကာတွဲ၊
သူမရဲ့ ဖေးမပေးဆပ်မှုကလူသားမျိုးစုံဘဲ။
- ၅၂ နှစ်တဲ့ဗျာ . . .
ဖြတ်သန်းမှုတွေက ဘ၀မျိုးစုံထဲ၊
သူမရဲ့ဖြတ်သန်းမှုဘ၀ကတော့ သီလလုံဆဲ။
- ၅၂ နှစ်တဲ့ဗျာ . . .
ဇရာဖက်ကို ခြေလှမ်းခဲ့ပြီဘဲ၊
ကျွန်တော့်အဖို့ကတော့ လှပနေဆဲ။
- ၅၂ နှစ်တဲ့ဗျာ . . .
သူမနဲ့ ကျွန်တော်က မတိမ်းမယိမ်းရှိနေဆဲ၊
ကျွန်တော်နဲ့ သူမတို့ရဲ့ ဦးတည်အရပ်ကား အစဉ်ထာဝရ ငြိမ်းချမ်းမှုဒေသဘဲ။
(မောင်တစ်ထမ်းမယ်တစ်ရွက် ရုန်းကန်၊ တိုက်ခိုက်၊ ဖေးမ၊ ကူညီ၊ ပံ့ပိုးပေးခဲ့သော ကျွန်တော့်မဟေသီ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၏ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ မွေးနေ့အတွက် နှစ်သစ်ကြိုဂုဏ်ပြု မွေးနေ့စာသား)
ကျော်သူ0 ခရစ်စမတ် Flash သီချင်းလေးလက်ဆောင်ပါ
သီချင်းနားထောင်ရန်အပေါ်ကလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ဆန်ဒါကလော့ပုံလေးကိုနှိပ်ပြီးနားဆင်နိုင်ပါတယ်။ Taylor Swiftရဲ့ Last Christmassသီချင်းလေးပါ။
photo created by dawnmanhon
Friday, December 24, 2010
0 ပြည်တွင်းကပေးပို့လာသောစာ
ကရင်ပယက ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းသည် သူ့လက်အောက်ရှိ ဌာနဆိုင်ရာ ပြည်နယ်အဆင့်များကို ဆဲဆိုကြိမ်းမောင်း ထိုးကြိတ်ခဲ့မှုသည် (၁) နှစ်လျှင် အနည်းဆုံး( ၁၀ ) ကြိမ်ထက်မနည်းရှိခဲ့သည့်အတွက် ဌာနဆိုင်ရာပြည်နယ်အဆင့်ရှိ ၀န်ထမ်းများမှာ ကြောက်ရွံ့  နေရပါသည်။ ၄င်းဝန်ထမ်းများသည် ကရင်ပြည်နယမှ ပြောင်းရွေ့ ခွင့် ရအောင် ကြိုးစားနေရကြောင်းကို စုံစမ်းလျှင်သိရှိနိုင်ပါသည်။
ကရင်ပြည်သူအတွက် မည်သည့်တိုးတက်မှုများကိုမှ တာဝန်ထမ်းဆောင်စဉ် ကာလထဲမှ ယနေ့တိုင်မ လုပ်ပေးဘဲနှိပ်ကွပ်လျက်ရှိပြီး ပြည်နယ်မှ ကရင်လူမျိုးများ အချင်ချင်း မသင့်မြတ်အောင် လုပ်ဆောင်နေခြင်း၊ ငြိမ်းချမ်းရေး အဖွဲ့ဝင်များကို အစိုးရနှင့် မသင့်မြတ်အောင် လုပ်ဆောင်ဖန်တီးခြင်း၊ လာဘ် အကြီးအကျယ်စားပြီး မန္တလေးမြို့တွင် မူးယစ်ဆေး အရောင်းအ၀ယ်ပြုလုပ်သည့် လူနှစ်ဦးထံမှ လာဘ်ငွေ ကျပ်သိန်း ( ၅၀၀၀) ခန့်ကို ယူပြီး မြ၀တီရှိ ကျောက်ခွဲစက်နျင့် ပဲတီစိမ်းစိုက်ရန် အတွက် ချပေးထားသော မြေဧက ( ၅၂) ဧကကို အိမ်ယာစီမံကိန်းအဖြစ် ဆောက်လုပ်ရန် (၀) အဖွဲ့အစည်းမှ လောစန်း၏ ကိုယ်စားလှယ်ခင်စန်းရီ ( ပင်းပဒုမ္မာ ) ကုမ္ပဏီ အမည်ဖျောက်ပြီး သူ၏ညီဖြစ်သူကို ကုမ္ပဏီ ထဲတွင်အလုပ်လုပ်ခိုင်ပြီး ရှယ်ယာဝင်ယူခဲ့ပါသည်။
၎င်းမြေ၏ အမည်ပေါက် ( ၃) ဦးရှိပါသည်။ နှစ်ဦးမှာ မူးယစ်ဆေးရောင်း ၀ယ်မှုဖြင့် သေဒါဏ် ကျခံနေရသော ဦးရန်လောက်ဟိုငင်း ၁၃ ၊ တလန (နိုင်) ၀၂၂၆၄၅ ကိုင်ဆောင်သူဖြစ်ပြီး ကျန်တစ်ဦးမှာ မူးယစ်အမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေရသော ဦးမယူတဲ့ ၁၃။ တစန(နိုင်) ၀၃၃၆၈၁ ကိုင်ဆောင်သူ ဖြစ်ပါသည်။ ၄င်းတို့ ကျူးလွန်ခဲ့သော မူးယစ်ဆေးများမှာ မင်းပဒုမ္မာ ကုမ္ပဏီမှ ခင်စန်းရီ. နောက်ကွယ်မှ ၀အဖွဲ့အစည်း၏ အဖွဲ့မှ လောစန်းဖြစ်ပါသည်။ မူးယစ်ဆေးတန်ဘိုးများမရရှိသည့်အတွက် မြ၀တီမြို့ ရှိ ကျောက်ခွဲစက်နှင့် ပဲတီစိမ်းစိုက်ခင်းကို သိမ်းယူပြီး ပယက ဥက္ကဌ ဗိုလ်မှူး ချုပ်ဇော်မင်းကို ငွေပေး ပြီး မန္တလေးမြို့  တွင် တိုက်ဆောက်ပေးပြီး ဥက္ကဌ ညီကို ကုမ္ပဏီတွင် ပါဝင်ခိုင်ပြီး ရှယ်ယာဝင်ယူပြီး မူးယစ်ဆေးရောင်း ချသူ ထုပ်လုပ်သူ (၀) လူမျိုး လောက်စန်းတို့အား ကူညီပါဝင်ပတ်သက်နေသည့်ကို စုံစမ်းလျှင်သိရှိနိုင်ပြီး လာရောက်မစုံစမ်း မစစ်ဆေးဘဲနေသည်ကို ကရင်ပြည်သူလူထုနှင့် မြ၀တီမြို့ မှ တာဝန်ကျဝန်ထမ်းများမှာ သိလျက်နှင့် ပယက ဥက္ကဌ ကို ကြောက်နေရပါဝသည်။ ၀န်ထမ်းများမှာလည်း ၄င်းတို့ ကြံရာပါ အဖြစ် သတ်မှတ်ခံရမှာကို နေ့စဉ် စိုးရိမ်နေကြပါသည်။
ပယက ဥက္ကဌ အနေဖြင့် မူးယစ်မှုနှင့် ပတ်သက်သည့် မြေ အဆောက်အဦးတို့ကို နိုင်ငံပိုင် အဖြစ်ပြန်လည်သိမ်းယူရမည်ကို သိလျက်နှင့် (၀)လူမျိုး လောစန်း. အဆမတန် ပေးထားသော လာဘ်ငွေကြောင့် ယခုကဲ့သို့ အိမ်ယာစီမံကိန်ကို မင်းပဒုမ္မာကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်မှ စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်ခဲ့ခြင်းဖြစ်ပါသည်။
မြို့ တော်ဝန်( မန္တလေး) ဗိုလ်မှူးချုပ် ( အငြိမ်းစား) ဖုန်းဇော်ဟန်ဟာ တပ်မမှူးဖြစ်စဉ်က မိမိတပ်မ၏လက်နက်တိုက်ကို မီးလောင်မှုဖြစ်အောင်လုပ်ဆောင်ပြီး သူ၏ဆရာသမားများ၏ အစီအစဉ်ဖြင့် မန္တလေး စည်ပင်သာယာသို့ အရည်အချင်းမရှိပဲ ရောက်ရှိလာပြီး လုပ်ငန်းရှင်၊ စီးပွားရေးသမားတွေနျင့် ပေါင်းသင်ပြီး နည်းမျိုးစုံလာဘ်စားခြင်း ကိုယ့်ထက်စီနီယာများကို နှိပ်ကွပ်ခြင်း၊ မြို့ တါင်းရေမြောင်းများကို မြေဖိှု့ အိမ်မြေကွက်များရောင်းစားခြင်း၊ ၄င်းဇနီးအမျိုးများ၏ကုမ္ပဏီ များ မိတ်ဆွေးများနှင့် ပူးပေါင်းကာ လာဘ်လာဘ မျိုးစုံယူ၍ တိုက် ခြံမြေ ဈေးဆိုင်ခန်းမြောက်များစွာကို ပိုင်ဆိုင်ပြီး အများပြည်သူ၏ဘဏ္ဍာငွေများကို လစဉ်အထက်လူကြီးဧည့်ခံစရိတ်ဟု ပြပြိး ကျပ်သိန်း (၈၀၀ ) မှ သိန်း (၁၀၀၀) ကြား လာဘ်ပေးပြီး ပြည်သူကို နှိပ်စက်ဒုက္ခပေးနေသည်။ ၄င်းထံမှ လာဘ်ရထားသော ဆရာသမားများကလည်း လာဘ်ငွေရရဗိနေသောကြောင့် သိလျက်နှင့် ငြိမ်နေပြီး ယခုအခါ ဦးနုသမီးဒေါ်သန်းသန်းနုနှင့် ယှဉ်ပြိုင်အမတ်ရွေးရန်လုပ်နေပြီး ပြည်သူလူထုကို ထပ်မံဒုက္ခပေး ဖို့ ကြံရွယ်နေသောသူ့ ကို မဲထည့်မည်စိုးရိမ်မိသဖြင့် DVB ၊ VOA တို့ကို သတင်းပေးခြင်းဖြစ်ပါသည်။ (စုံးစမ်းလျှင်သိနိုင်ပါသည်။)
မီးမလောင်ခင် ရတနာပုံဈေးကြီးကိုလည်း လမ်းများပိတ်၍ ဆိုင်ခန်းအသစ်ဆောက်ခြင်း၊ မီးသတ်လမ်းများကို ပိတ်၍ ဆိုင်ခန်းဆောက်ခြင်း၊ ရတနာပုံဈေး၏ မူလကန်ထရိုက်အင်ဂျင်နီယာမှ ယခုကဲ့သို့လုပ်လျှင် ပြိုကျမည်ဖြစ်ကြောင်း၊ မီးလောင်မှုဖြစ်လျှင် မီးသတ်ရန် ခက်ခဲမည်ဖြစ်ကြောင်းကို စာနှင့်တကွ အကြိမ်ကြိမ် ထိုသို့ မလုပ်ရန် တင်ပြသော်လည်း မြို့ တော်ဝန် ဖုန်းဇော်ဟန်မှာ လိုက်နာမှုမရှိဆက်လက် လုပ်ကိုင်ပြီး ဈေးအဟောင်း၏ ရေစင်များ အရေးပေါ်ထွက်ပေါက်များကို ပိတ်၍ ဆိုင်ခန်းများ ထပ်မံဆောက်ပြီး ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သိန်း(၁၀၀၀) မှ (၁၅၀၀) ဖြင့် ရောင်းချပါသည်။ ပြီးသည့်အခါ ဈေးလုံခြုံရေးကို လျှပ်စစ်ဝါယာ လျှော့(စ်) ဖြစ်အောင် ဖန်တီးခိုင်ပြိး ရတနာပုံဈေးကြီးကို မီးရှို့ ခိုင်းခဲ့ပါသည်။ ရတနာပုံဈေးကြီးမီးလောင်းသွားသည့်အခါ သူ့၏သမက်ဖြစ်သူနှင့် M.G.W ကုမ္ပဏီ ကို ဆောက်လုပ်ရေး တင်ဒါ မခေါ်ပဲ လက်သိပ်ထိုးဆောက်ခွင့်ပြု ပြီး သူ၏ ဆရာသမားများ မိန်းမ၏ မိတ်ဆွေများ အမည်ခံများအတွက် ဆိုင်ခန်းပေါင်း (၁၅၀) ကျော်ကို ချပေးပြီး တစ်ဘက်လှည့် နှင့် လာဘ်ငွေ ယူနေသည်ကို စုံစမ်း လျှင်သိနိုင်ပါသည်။ မန္တလေး စည်ပင်သာယာအတွက် လိုအပ်သော သံချောင်း၊ ဘိလပ်မြေ၊ ကတ္တရာ များကို ပေါက်ဈေးထက် ကျပ်(၁)သိန်းကျော်ပိုပေး၍ ယောက်ဖများ၊ ဆွေမျိုးများကို ကြိုတင်၍ ၀ယ်ခိုင်းပြီး တစ်ဘက်လှည့်နှင့် ငွေများလာဘ်စားနေကြောင်းကို စည်ပင်သာယာဝန်ထမ်းများမှ ပြောကြားနေပြီး မည်သူမှ လာရောက်မစစ်ဆေးသည့် အတွက် ပြောရန်ခက်ခဲနေကြပြီး တိုင်းကြားရန် ခက်နေပါသည်။ သက်ဆိုင်ရာမှ လာရောက်စစ်ဆေးလျှင် ပြောဆိုရန် အသင့်ရှိနေပါသည်။
ပေးပို့သော komyothantအားကျေးဇူးတင်ရှိပါသည်
0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်၂၀၀၃ခုနှစ်က BBC 4 ကလွှင့်ခဲ့တဲ့ ရုပ်/သံ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျနေစဉ်က 2003 ခုနှစ်က BBC 4 ကလွှင့်ခဲ့တဲ့ အစီအစဉ်လေးပါ ။မိနစ် ၃၀ ကြာ အစီအစဉ် ဖြစ်ပြီး သူမရဲ့ နိုင်ငံရေးအမြင်များကိုလည်း သုံးသတ်တင်ပြထားပါတယ်။ ဒီထဲမှာ သူမရဲ့ စီးပွားရေး၊ နိုင်ငံရေး အကြမ်းမဖက်လှုပ်ရှားရေးတွေ ရှင်းပြထားပါတယ်။
မျှဝေသော ရဲသူရိန်မင်းအားကျေးဇူးတင်ရှိပါသည်.
0 ဘယ်သူမှာတာဝန်ရှိလဲ
ဒီနေ့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ငယ်ငယ်က ဖတ်ခဲ့ဘူးတဲ့ပုံပြင်လေးတစ်ပုဒ်ထဲက သူကြီး အိမ်က နွားနို့အိုးကြီးနဲ့ တူနေပါတယ်။ပုံပြင်လေးကတော့ ဒီလိုပါ….
တခါက ရွာလေးတရွာမှာ ပွဲလုပ်ဖို့ ရှိနေပါသတဲ့။ ကျေးရွာတွေမှာ လုပ်တဲ့ပွဲလေးဆိုတော့လည်း ထုံးစံ အတိုင်း စည်ကားအောင် လုပ်ရမှာက သူကြီးရဲ့တာဝန်ပဲမဟုတ်လား။ ဒီတော့ သူကြီးက မောင်းကို ထု၊ လူစုပြီးတော့ ပြောပါသတဲ့ “လာမဲ့ စနေနေ့ညနေမှာ ကျုပ်တို့ရွာမှာ ပွဲတော် လုပ်မှာကိုလူတိုင်းလည်း အသိဖြစ်တယ်။ ပွဲတော်မှာ လာတဲ့လူတွေကို ဧည့်ခံဖို့အတွက်အစားအသောက်ကို ရွာကလူတွေကပဲ စုပေါင်း ကျွေးမွေးရအောင်၊ ဒီတော့ ကျုပ်အိမ်ရှေ့မှာ ရာဝင်အိုးကြီး တစ်လုံးထားထားမယ်။ စနေနေ့ မနက်ကျရင်ရွာသားတွေက တစ်အိမ်ကို နွားနို့ ၂ ပိဿာစီလာထည့်ကြပါ။ ပွဲတော်ကိုလာတဲ့လူတွေကို နွားနို့နဲ့ ဧည့်ခံမယ်” လို့ ကြေငြာပါသတဲ့။ရွာသားတစ်ယောက်က အိမ်ပြန်ရောက်တော့ စဉ်းစားမိသတဲ့ “ ပွဲတော်မှာ နွားနို့တိုက်ဖို့ဆိုတော့ အိမ်တိုင်းကတော့ ပို့ရမှာပဲ။ ငါလည်း ပို့တော့ပို့ချင်တယ်။ ဒါပေမဲ့ ငါ့မှာက သားသမီးကလည်းများ၊ မိန်းမကလည်း မမာနဲ့ဆိုတော့ စီးပွားရေး ကအဆင်ပြေလှတယ်မဟုတ်ဘူး။ နွားနို့ ၂ပိဿာရဲ့တန်ဖိုးဆိုတာကလည်း နည်းတာ မဟုတ်လေတော့ ငါ အပိုမသုံးနိုင်ဘူး။
ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုပြီး စဉ်းစားပါသတဲ့။ စဉ်းစားနေရင်းနဲ့မှ သူအကြံတစ်ခုကို ရလိုက်တဲ့အတွက် အရမ်း ၀မ်းသာသွားပြီး အဲဒီလိုလုပ်ဖို့ပဲဆုံးဖြတ်လိုက်ပါသတဲ့။ သူ့အကြံကတော့ သူကြီး အမိန့်နဲ့ ရွာပွဲတော်အတွက် အလှူဆိုတော့ လူတိုင်းကတော့ နွားနို့လာထည့်ကြမှာပဲ။ ငါကတော့ ဆင်းရဲတဲ့လူလည်းဖြစ်ပြန်၊ စီးပွားရေးလည်း အဆင်မပြေပြန်ဆိုတော့ နွားနို့အစား ရေ၂ပိဿာပဲ သွားထည့်လိုက်မယ်။
လူတိုင်း နွားနို့ ထည့်ထားတဲ့ အိုးထဲကို ငါရေ ၂ပိသာလောက် ရောရုံနဲ့တော့ဘာမှ မဖြစ်သွားလောက်ပါဘူး ဆိုပြီး တွေးမိ တော့ သူအတော်စိတ်ချမ်းသာသွားတယ်။ နွားနို့ထည့်ရမဲ့ စနေနေ့ မနက်ကျတော့ သူလည်း ရေ၂ပိသာကို နွားနို့ ပုံးထဲထည့် ပြီးသူကြီးအိမ်ရှေ့က အိုးထဲကိုသွားထည့်ခဲ့တယ်တဲ့။ အိုးကြီးကလည်း ရာဝင် စဉ့်အိုးကြီး ဖြစ်နေလေ တော့အထဲမှာ မှောင်မှောင်မဲမဲ ဘာမှ မမြင်ရလေတော့ သူ့အတွက် အတော်လေးအဆင်ပြေသွားတာပေါ့။
အဲဒီလိုနဲ့ ညနေရောက်လာလို့ ဧည့်သည်တွေကို ဧည့်ခံရတော့မဲ့အချိန်ရောက်တော့သူကြီးက ဧည့်သည် တွေကို ရွာသားတွေစုပေါင်း ဧည့်ခံမှုအဖြစ် နွားနိ့နဲ့ဧည့်ခံမယ့်အကြောင်းကြေငြာပြီး နွားနို့ အိုးကို ဖွင့် ပြီး ခွက်နဲ့ခပ်လိုက်သတဲ့ ပြီးတော့ မှ ဧည့်သည်တွေကို ခွက်ပေးမယ်အလုပ်မှာ သူကြီးရဲ့မျက်နှာဟာ ပျက်သွားပြီး ခွက်ကို အိုးထဲ ပြန်ထည့်ပြီး ပြန်ခပ်ပြန်သတဲ့။သူကြီးတစ်ယောက် အိုးထဲကို ခွက်နဲ့ ခပ်လိုက် ကြည့်လိုက် ပြန်ခပ်လိုက်လုပ်နေရင်းကနေ တဖြည်းဖြည်း မျက်နှာကြီးနီလာပြီး“ဟေ့၊ ဒီအိုးထဲကို နွားနို့ ၂ပိသာစီ ထည့်ရမယ် မှာထားရက် နဲ့ ရေ တွေထည့်တာ ဘယ်သူတွေလည်းကွ” လို့ အော်ပါသတဲ့။ ဒီတော့ ရွာသားတွေလည်း အပြေးလာကြည့်ကြတော့ အိုးကြီး တစ်လုံးလုံးမှာ နွားနို့နဲ့ တူတာဆိုလို့တစ်စက်မှ မရှိပဲ တစ်အိုးလုံးဟာ ရေတွေကြီး ဖြစ်နေတာကို တွေ့ရ ပါသတဲ့။
ကဲ ကျမတို့ မြန်မာနိုင်ငံတော ဒီမိုကရေစီ အရေးတော်ပုံနဲ့ သူကြီးအိမ်ရှေ့ကနွားနို့အိုးကြီးနဲ့ ဘာများ ကွာခြားပါသေးလည်း။ ဒီမိုကရေစီအရေးတော်ပုံအတွက် လူတိုင်းလူတိုင်းမှာ တာဝန်ရှိနေပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ရဖို့အရေးကို ကုလသမဂ္ဂ ကလည်း လာလုပ်ပေးလို့ မရပါဘူး၊အမေရိကန်ကလည်း မကူနိုင်ပါဘူး။ ပြည်သူတွေက မိမိတို့ ကံကြမ္မာကိုမိမိကိုယ်တိုင်ဖန်တီးမှ ဖြစ်မှာပါ။ အဲဒီလို ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြရမဲ့အချိန်မှာ ကျမတို့ မြန်မာ လူမျိုး ပြည်တွင်း၊ ပြည်ပက လူတွေ ဘာလုပ်နေကြပါသလဲ။ အင်တာနက် စာမျက်နှာပေါ်မှာတော့ နအဖ စစ်အစိုးရကိတိုက်နေလိုက်ကြတာ၊ ဇာတ်ပွဲတွေထဲမှာ လူရွှင်တော်တွေ ပြက်သလိုမျိုးကောင်မလေးကို ဘယ်နှယ့်ဝိုင်းမယ်၊ ဒီနှယ်ဝိုင်းမယ် ဆိုပြီးမိုးလုံးပြည့်ပဲ။ ဒါပေမဲ့ လက်တွေ့မပါတဲ့ စကားလုံးတိုင်းဟာ အလုပ်မပြီးမြောက်ဘူး၊ နွားနို့အိုးထဲကို ထည့်တဲ့ ရေတစ်ပုံးဖြစ်သွားမှာပဲ ဆိုတာကိုသတိရစေချင်တယ်။
ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တွေကရော၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့သမိုင်းကပေးတဲ့ ဒီမိုကရေစီ အရေးကို လက်ဆင့်ကမ်းနိုင်ဖို့၊ လူတွေမှာရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို လူနဲ့အတူ၊ သူများတွေနဲ့ အမျှခံစားနိုင်ဖို့ ဘာတွေများကြိုးစားပမ်းစား ဆောင်ရွက်နေကြပါသလဲ။
တနေ့တနေ့chat room ထိုင်၊ ဘောပွဲကြည့်၊ ဘီယာဆိုင်သွား၊ ဟေးလားဝါးလားလုပ်နေရုံနဲ့တော့ ဘာမှ ဖြစ်မလာနိုင်ပါဘူး။ ကိုယ့်သွားရမဲ့ လမ်းကိုကိုယ့်ဘာသာ ရှာကြည့်ဖို့ မကြိုးစားကြပဲနဲ့ အမှောင်ခေတ်မှာ မွေးလာရတာမို့လမ်းလျှောက်ရင်း လမ်းပျောက်နေရ တာပါလို့ ပြောနေကြမယ်ဆိုရင်တော့ အတွေးအခေါ်အယူအဆတွေ လွဲနေပြီလို့ပဲ ထင်ပါတယ်။
ကျမတို့ ပြည်သူလူထုတွေ သူတလူ ငါတစ်မင်းနဲ့ မညီမညွတ် စည်းလွတ်ဝါးလွတ်ကိုယ်ကချင်တဲ့ ဇာတ်ကို ကိုယ်ရေးလို့ ပြည်တွင်းက လူတွေကလည်း ကိုယ်ထင်ရာကိုယ်စိုင်း၊ ပြည်ပကလူတွေကလည်း အင်တာနက် ပေါ်ကအော်လိုက်၊ သံရုံးရှေ့သူများ စာရွက်ကိုင်ရင် လိုက်ကိုင်လိုက်၊ ဒါတွေကိုပဲ ကိုယ့် အကျိုးအတွက်လှည့်ကွက်လုပ်ပြီး သုံးတဲ့လူက သုံးသွားလိုက်လုပ်နေတဲ့ အချိန်မှာ နအဖစစ်အစိုးရကတော့ ငကန်းပြီးသွားရင် ထားသွားရမဲ့ ငစွေလေးတွေကို မွေးနေပါတယ်။လူတွေ မှတ်မှတ်သားသား သတိမထားမိခင်မှာပဲ သူတို့အတွက် အသေခံပေးဖို့တန်ဆာခံလေးတွေကို ရုရှားပို့ ပညာရပ်ပေါင်းစုံတွေကို သင်ပြီးပညာမတတ်ခဲ့တဲ့ သူတို့ ထက် ပို ယုတ်မာတဲ့ မျိုးဆက်တွေကို မွေးဖို့လုပ်နေကြပါပြီ။
ကျမတို့ ပြည်သူလူထုရဲ့ ရင်သွေး အနာဂတ်လူငယ်လေးတွေက B.Sc (copy), B.A(မိတ္တူ) ဘွဲ့တွေပိုက် လို့ ပိုက်ဆံရပြီးရောဖွင့်ထားပြီးတက်တဲ့လူတိုင်းအောင်လက်မှတ်ရနေတဲ့ သင်တန်းတွေက အောင်လက်မှတ်တွေနဲ့လူရာဝင်နေတဲ့အချိန်မှာ နအဖက သူတို့ရဲ့ အနာဂါတ်ကို နအဖက ရုရှားပြန်စစ်ဗိုလ်တွေနဲ့ တည်ဆောက် နေပါတယ်။ နောင်တစ်ချိန်မှာ ပညာမတတ်တဲံ့အစိုးရလက်အောက်မှာ ငါတို့မနေနိုင်ဘူး၊ ၅ယောက်ပေါင်းလို့မှ၁၀တန်းမအောင်တဲ့ကောင်တွေ အုပ်ချုပ်တာမခံနိုင်ဘူးလို့ ပြောလာကြမဲ့ပါးစပ်တွေကို ကြိုတင်ပိတ်ထားနိုင်ဖို့ သူတို့စီစဉ်နေကြပါပြီ။
ပိုက်ဆံရှိတဲ့လူတွေက မြန်မာပြည် ပညာရေးကို အထင်မကြီးလို့ကိုယ့်ပိုက်ဆံနဲ့ ကိုယ် နိုင်ငံခြားမှာ ကျောင်းတွေ ကိုတက်၊နိုင်ငံခြားတက္ကသိုလ်တွေက ရတဲ့ M.B.A, Engineer, Network ပညာရှင်ဘွဲ့တွေကို ရထားတဲ့ လူငယ်တွေကလည်း ကိုယ့်တိုင်းပြည် ကိုယ်မပြန်ပဲသူတို့ဘွဲ့နဲ့ ထိုက်တန်တဲ့လစာ ရတဲ့ ရေကြည် ရာမြက်နှရာမှာ ဒေါ်လာတွေစားပြီး သေချာတဲ့ အနာဂါတ်ကို တည်ဆောက်နေကြချိန်မှာ မြန်မာပြည်ရဲ့အနာဂါတ်မှာ ဘယ်သူတွေက ဦးဆောင်မှာလဲ ဆိုတဲ့ မေးခွန်းဟာမေးစရာမလိုလောက်အောင် ရှင်းလင်းတဲ့ အဖြေထွက်လို့ နေပါပြီ။
ဘာမှ လေ့လာသင်ယူထားခြင်းမရှိပဲ၊ ကမ္ဘာ့စီးပွားရေး၊လူမှုရေးတွေကိုအကျွမ်းတ၀င် နားမလည်၊ ဘ၀ကိုရေစုန်မျောရင်း၊စားဝတ်နေရေးအတွက် ရုန်းကန်ရင်း နဲ့ အသိပညာတွေ ထပ်ဖြည့်မထားနိုင်ဘဲတစ်လုံး၊ နှစ်လုံး၊ သုံးလုံး သံသရာဝဲထဲက ရုန်းမထွက်နိုင်တဲ့ လူတွေကိုအုပ်ချုပ်နိုင်ဖို့ ဆိုတာ အရမ်းကို လွယ်ကူတဲ့ ပုစ္ဆာတစ်ပုဒ်ဖြစ်တယ်ဆိုတာကို ကျမတို့ သတိမထားမိခင်မှာပဲ နအဖက သိရှိပြီးပြည်သူတစ်ရပ်လုံးကို အဲဒီလမ်းကို တွန်းပို့ ထားပြီးပါပြီ။
အဲဒီတော့…….။ သူကြီးအိမ်ရှေ့မှာတော့ မြန်မာပြည်ရဲ့ အနာဂါတ်အတွက်နွားနို့အိုးကြီး တစ်လုံး ရှိနေပါပြီ၊ အဲဒီအိုးကို ဖွင့်တဲ့အချိန်မှာနွားနို့ရှိမလား၊ ရေတွေချည်းပဲ ဖြစ်နေမလားဆိုတာကတော့ အိုးကြီးထဲကိုနွားနို့ ထည့်ရမဲ့ တစ်ဦးတစ်ယောက်စီရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။
ကျမတစ်ဦးတစ်ယောက်ထဲရဲ့ အမြင်ကို ပြောရရင်တော့ ခုချိန်အထိ မြန်မာပြည်ဒီမိုကရေစီ မရသေးတာဟာ နွားနို့အိုးထဲမှာ ရေများနေသေးလို့ပဲ ထင်ပါတယ်။
(ရေးသားသူ - မေမင်းဆက်)။
ဘယ်သူမှာတာဝန်ရှိလဲ ဆို အားလုံးသော မြန်မာပြည်သူပြည်သားအားလုံး( ပြည်တွင်း၊ပြည်ပ ၊ရဟန်း သံဃာ ၊နိုင်ငံရေးသမား အစစ ) မှာတာဝန်ရှိတယ် အစိုးရ ၊( သူ့မှာလုပ်ပိုင်ခွင့်အရှိဆုံး ) သူကနွားနို့ အိုးကို ခွဲလိုက်ရင်ရသလို အမျိုးမျိုးလုပ်ပိုင်ခွင့်အရှိဆုံး ၊ပြည်သူတွေကလဲနွားနို့ထည့်ရမယ်ဆိုတဲ့အသိညဏ် လဲရှိရအုံးမယ် ၊အားလုံးကညီတူမျှတူ ဖြစ်ရမယ်ဆိုတဲ့ အခွင့်ရေးတွေရှိရင်တော့ မြန်မာပြည်သူပြည်သားအားလုံး နွားနို့ တွေရေမရောပဲ ထည့်ကြမှာပါ..
လူတိုင်းလူတိုင်းကအမြင်တူကြမှာမဟုတ်ဘူး ကိုယ်ဝါသနာနဲ့ ကိုယ်လုပ်နိုင်တာတွေလဲ တူမှာမဟုတ်ဘူး ၊အားလုံးသတိထားရမှာက အမှားကိုအမှန်မဖြစ်စေပို့ အမှန်အမှားသုံးသပ်နိုင်ပို့ ၊အမှားတွေကိုမပံ့ပိုးမိစေပို့ အမှန်တရားဘက်က ရပ်တည်ကြပို့ ကိုယ်ကိုတိုင်မလုပ်နိုင်သော်လည်း လုပ်နိုင်တဲ့သူတွေကိုမစော်ကားပို့ အာဃာတမထားကြပို့ အနစ်နာခံနိုင်အောင်ကြိုးစားကြပို့ မှားခဲ့ရင်လည်း သင်ခန်းစာယူနိုင်ပို့ ၊ညီညွတ်ကြပို့
Thursday, December 23, 2010
0 ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးနေရွှေသွေးအောင်အား ဝေဖန်ပြောဆိုမှုများ
စစ်အစိုးရအကြီးအကဲဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ပြီးခဲ့တဲ့စက်တင်ဘာလဆန်းတရုတ်ပြည်ခရီးစဉ်ကစလို့မကြာခင်ရက်ပိုင်းက wikileaksအင်တာနက်စာမျက်နှာတွေကနေပေါက်ကြားခဲ့တဲ့ရန်ကုန်အမေရိကန်သံရုံး လျှို့ဝှက်ကြေးနန်းစာ တွေမှာပါဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မြေးဖြစ်တဲ့နေရွှေသွေးအောင်နဲ့ပတ်သတ်တဲ့ဝေဖန်ပြောဆိုမှုတွေကျယ်ကျယ်လောင်လောင်ကိုထွက်ပေါ်လာပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အချစ်ဆုံးမြေးလို့ လူသိများတဲ့နေရွှေသွေးအောင်ကို ပြီးခဲ့တဲ့စက်တင်ဘာလ တရုတ်ပြည်ခရီးစဉ်မှာတရုတ်အစိုးရအဖွဲ့နဲ့မြန်မာအစိုးရအဖွဲ့ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးတဲ့ပွဲတခုမှာ ဗိုလ်ချုပ်ကြီးရာထူးကနေနုတ်ထွက်ခါစ သူရဦးရွှေမန်းနဲ့အတူ ယဉ်တွဲထိုင်ခိုင်းခဲ့တာ၊ ပြီးခဲ့တဲ့ရက်ပိုင်း စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းပွဲတခုမှာ အတွင်းရေးမှူး(၁) သူရဦးတင်အောင်မြင့်ဦးနဲ့ တတန်းတည်းအထိုင်ခိုင်းခဲ့တာတွေကို ထောက်ပြီးတော့ ဒါတွေဟာထူးခြားချက်တွေအဖြစ် ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လုပ်ငန်းရှင်တွေတချို့အကြားမှာ ဝေဖန်ပြောဆို သုံးသပ်တာတွေရှိနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့မြောက်ကိုးရီးယားသမတ ကင်ဂျုံအီးလ်လို မြေးဖြစ်သူကို နိုင်ငံရေး နေရာပေးချင်လို့အခုလိုပွဲထုတ်လာတာလား? စသဖြင့်သို့လောသို့လော တီးတိုးဝေဖန်တာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ဦးနေ၀င်းရဲ့ အကျဉ်းကျနေတဲ့မြေးတွေဖြစ်တဲ့ ကျော်နေ၀င်း။ ဇွဲနေ၀င်းနဲ့ အေးနေ၀င်းတို့တုန်းးကလို တပ်က အရာရှိတွေကိုလည်ကတုံးစတစ်ကော်လံအင်္ကျီတွေဝတ်ခိုင်းပြီး သက်တော်စောင့်ဖွဲ့ထားတဲ့ နေရွှေသွေးအောင်ရဲ့အဖွဲ့သစ်ကလည်း ဒီရက်ပိုင်း ရန်ကုန်က ညကလပ်လောကမှာ လက်စောင်းထက်လာနေတယ်လို့ပြောကြပါတယ်။
အမည်မဖော်လိုတဲ့ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်တဦးကအခုလိုပြောပြပါတယ်။ ဘယ်လိုပြောမလဲ ..သူ့ကိုလုံခြုံရေးယူထားတဲ့အဖွဲ့တွေကနေပြီးတော့ သူလုပ်ချင်ရာလုပ်ခွင့်ဆိုတာ အောက်ကပြဿနာတော့အစကတည်းက ကျနော်တို့ဆီမှာ စံနစ်ကပျက်သွားပြီလေ ဥပဒေ တရားဥပဒေဆိုတာမရှိဘူး ဥပမာပြောရရင် တိုင်းမှူးတယောက်ရဲ့သား အဲဒီတိုင်းမှာသူဆရာကြီးဘဲ သူလုပ်ချင်ရာလုပ်မှာဘဲ တိုင်းမှူးထက်မြင့်တဲ့ ကောင်ထက်မယဉ်ရသေးသ၍တော့ သူကဆရာကြီးဖြစ်နေတာ ဥပဒေကိုမရှိတော့. အဲဒီတော့ တိုင်းမှူးသားလောက်တောင်မှဖြစ်ချင်ရာဖြစ်နေတာဆိုတော့ No(1)ရဲ့မြေးဆိုတော့သူ့ကိုပြပြီးတော့အောက်ကလူတွေကလုပ်ခံရမယ်သူ့ကိုပြပြီးတော့လုပ်ချင်တာတွေလုပ်မယ်ကလေးကလည်းငယ်တော့ဘာမှနားမလည်တော့ဘူး. သူ့အတွက်ကောင်းတယ် သူ့ကို ဦးစားပေးတယ်ဆိုရင်ကြိုက်တယ်. အဲဒါမျိုးတွေဖြစ်လာတော့ ဒါကဖြစ်မှာဘဲ ဥပဒေရဲ့ ထိန်းကြောင်းမှုမရှိတဲ့နေရာမှာတော့ဒါကဖြစ်မှာသဘာဝဘဲ။
ဒီလူမှမဟုတ်ဘူးနောက်လူတွေတက်လာရင်လုပ်မှာဘဲ။ ဒါပေမဲ့ နိုင်ငံတော်အခမ်းအနားတွေဘာတွေတော့ နေရာပေးတာမပေးတာတော့ရှိချင်မှ ရှိမှာပေါ့။ အခုဥစ္စာကအကြည့်ရဆိုးတာကတော့ နိုင်ငံတော်အခမ်းအနားတွေမှာထည့် officalကိစ္စတွေမှာ ထားထားတော့။
ပြီးခဲ့တဲ့ဒီဇင်ဘာလ(၆)ရက် wikilaksကပေါက်ကြားခဲ့တဲ့ သတင်းမှာဗိုလ်ချုပ်ကြီးသန်းရွှေမြေး ဖိုးလပြည့်က မန်ချက် စတာကလပ် ရှယ်ယာများကို ၀ယ်ယူဖို့ အကြိမ်ကြိမ် ပူဆာခဲ့ကြောင်း ဗိုလ်ချုပ်မှုးကြီးက ဒေါ်လာ သန်း တစ်ထောင်(တစ်ဘီလီယံ) ဖြင့် မန်ယူကို ၀ယ်ယူလိုက်လျှင် အစိုးရအတွက် ဝေဖန်မှုများဖြစ်ပေါ်ပြီး အဆိုးဖြစ်ပေါ်လာနိုင်သောကြောင့်၊ ဒေါ်လာ သန်းပေါင်း များစွာ အကုန်ကျခံပြီး မြန်မာ့ အမျိုးသားဘောလုံးကလပ်များ ဖန်တီးဖို့ အမိန့်ပေးခဲ့သည်။ အဲဒီအချိန်က နာဂစ်မုန်းတိုင်းဒဏ်မှ အသက်ရှင် ကျန်သူများမှာ အိုးမဲ့အိမ်မဲ့၊ သောက်သုံးရေမဲ့ ဖြစ်နေချိန်လည်းဖြစ်ပါသည်။
ဖိုးလပြည့်လို့လူသိများတဲ့ နေရွှေသွေးအောင်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့သမီးတဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်ရွှေ နဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးဦးနေစိုးမောင်တို့က၁၉၉၁ခု မေလ၂၂ရက်နေ့မှာ မွေးဖွားတာဖြစ်ပါတယ်။ သူ့ကိုမွေးအပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အာဏာရခဲ့တဲ့အတွက် ကံထူးခြားစေတဲ့ကလေးအဖြစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့မိသားစုအသိုင်းအ၀ိုင်းမှာပိုပြီး တော့မျက်နှာသာရခဲ့တယ်လို့အစိုးရလုပ်ငန်းရှင်ကပြောပြပါတယ်။ သူက ဦးသန်းရွှေအနေနဲ့ သူကဒီလိုမျိုးထိပ်ကိုမရောက်လာခင်မှာ ဗေဒင်ဆရာတဦးကသူ့ကိုဟောတာကတော့ သူ့မိသားစုမှာကလေးတယောက်မွေးလာမယ် ဒီလိုကလေးတယောက်ကြောင့် သူဟာထိပ်ကိုရောက်လိမ့်မယ်. မင်းဖြစ်လာမယ်။ လို့ဟောတယ်။ တကယ်ဘဲမထင်မှတ်ဘဲဗြုံးစားကြီး ဒီကလေးမွေးပြီးဦးသန်းရွှေဟာထိပ်ရောက်သွားတယ်ပေါ့နော်. အဲဒီလိုဖြစ်လို့ဆိုပြီး ဒီကလေးကို အရမ်းဦးစားပေးတယ်။ဟိုပွဲတွေဒီပွဲတွေမှာလည်း သူတယောက်တည်းတော့မဟုတ်ပါဘူး တခြားလူတွေလည်းပါပါတယ်။ အောက်ကစီစဉ်တဲ့တပည့်တွေကလည်း ဖားကောင်းကောင်းနဲ့လုပ်နေရင်းနဲ့ သူလည်းဘာမှမပြောဘဲနဲ့ကြည့်နေတာလားတော့မသိဘူးပေါ့လေ။
နေရွေသွေးအောင်ဟာ ပြီးခဲ့တဲ့၂၀၀၇ခုနှစ် ၁၆နှစ်ပြည့်မွေးနေ့ပွဲကစလို့ ၂၀၀၈ခုနှစ်ဇွန်လက စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်အပါ မူးယစ်ဆေးအမှု၊ ၂၀၀၉ခုနှစ်ဇန္န၀ါရီလက မော်ဒယ်အမျိုးသမီးတဦးငယ် ခေတ္တပျောက်ဆုံးသွားတဲ့အမှု တွေနဲ့ သတင်းစာမျက်နှာတွေအပြင်ဖက်မှာ ထင်ရှားသူတဦးလည်းဖြစ်ပါတယ်။ တခြားတဖက်မှာလည်း အသက်အရွယ်ငယ်ပေမဲ့ အစိုးရနိုင်ငံတော်ပွဲလမ်းသဘင်တွေမှာ နေရာရလာတာတွေလည်းရှိတဲ့အတွက် မြန်မာ့နိုင်ငံရေးလေ့လာသူတွေအကြားမှာ ကွယ်လွန်သူအာဏာရှင်ကြီးဦးနေ၀င်းနဲ့ နိုင်ငံရေးသံဝေဂတွေအကြောင်းစပ်ဆက် တွေးစကြတာတွေလည်းရှိလာကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစုအကြောင်းကို တစိုက်မတ်မတ်လေ့လာရေးသားဖော်ပြနေတဲ့ ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီသတင်းဌာနက ကိုအောင်ဇော်က အခုလိုသုံးသပ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဆုံးသွားတဲ့ ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့မတူတာလေးတွေရှိတယ်။ ကျနော်မြင်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကသူ၁၉၉၂/၉၃အာဏာရလာကတည်းကသူ့ရဲ့မြေးကိုအဲဒီတုန်းကတော်တော်ငယ်သေးတာပေါ့နော်..သူpromoteလုပ်ခဲ့တာတွေအခုထိကလူတွေကြားမှာပြောစရာတခုဖြစ်သွားတယ်ပေါ့လေ။ ဗိုလ်ချုပ်နေ၀င်းကြတော့ အဲဒီလိုမဟုတ်ဘူး။ ဗိုလ်ချုပ်နေ၀င်းကသူရဲ့သမီး ဒေါ်ခင်စန္ဒာဝင်းရှိတယ်သူ့ရဲ့မြေးတွေ ရှိတယ်ပေါ့နော်။ အခုလက်ရှိထောင်ကျနေတဲ့သူ့ရဲ့မြေး၃ယောက်ရှိတယ်ပေါ့။ နိုင်ငံရေးကိုအဲလိုမျိုးဆွဲသွင်းတာမျိုး တွေ ခုနလိုမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေခရီးထွက်တဲ့အခါမျိုးမှာ ပေါ်ပေါ်ထင်ထင်ခေါ်သွားပြီးတော့ Dsaသင်တန်းဆင်းပွဲဖြစ်ဖြစ် ဘုရားဖူးတာဘဲဖြစ်ဖြစ် တရုတ်ပြည်အိန္ဒိယပြည်ကိုသွားတဲ့ခရီးစဉ်မှာဘဲဖြစ်ဖြစ် အဲဒီလိုမျိုး လူကြားထဲမှာကန့်လန့်ကန့်လန့်ပါလာတာမျိုးတွေ မရှိခဲ့ဘူး။ ပြန်လေ့လာကြည့်မယ်ဆိုရင် ..ဒေါ်ခင်စန္ဒာဝင်းဓားထက်တယ် အာဏာအရမ်းကြီးတယ်ဆိုတာက အတိုင်းအတာတခုဘဲ ကျနော်တို့သိရတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အဲဒီလိုမျိုးမဟုတ်ဘူး သူ့ရဲ့မိသားစုကို အကြီးအကျယ်ကိုရှေ့တန်းတင်တာကိုတွေ့ရတယ် ဒါက ထူးခြားမှုတခုလို့မြင်တယ်။ အဲဒါကြောင့်မိုလို့လည်း လူတွေကမေးခွန်းထုတ်တာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ရဲ့မြေးကို အထူးသဖြင့် သူအရမ်းချစ်တဲ့ နေရွှေသွေးအောင်ကို နိုင်ငံရေးထဲကိုဆွဲသွင်းချင်တာလား ဒါမှမဟုတ်သူ့ရဲ့အစီအစဉ်ကဘာလဲ။ ဘာကြောင့်လဲဆိုတော့ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာမကြာခင်မှာဘဲ ဒီတပ်ထဲက အနားယူရတော့မယ် နောက်ကွယ်ကကြိုးဆွဲမှာလား သူစိတ်ချရတဲ့သူထားမှာပါဆိုရင် သူ့ရဲ့အုပ်စုတစုဖန်တီးဖို့ လိုအပ်လာတဲ့အခါကြတော့ ဒါကြောင့်ဘဲနေရွှေသွေးအောင်ကို promoteလုပ်နေတာလားလို့ မေးခွန်းထုတ်လာပါတယ်။ ဒါကလည်းဒီအချိန်မှာအတော်ပြောရခက်ပါတယ်။ နေရွှေသွေးအောင်ကို စစ်တပ်ထဲဆွဲသွင်းတာမတွေ့ရဘူး။ စီးပွားရေးသမားတွေနဲ့လုံးတာတွေ့ရတယ်၊ သူ့ရဲ့ကိုယ်ရံတော်တွေနဲ့အပျော်အပါးလိုက်စားတာမျိုးတွေ မာဖီးယားဆန်ဆန်လုပ်လာတာမျိုးတွေ့ရတယ်။
ဦးနေ၀င်းရဲ့တော်ဝင်မိသားစုကို အခြေအနေယိုင်လဲသွားတဲ့အထိ အရေးယူခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူ့အလှည့်မှာဒီလိုအဖြစ်မျိုးမဖြစ်ရအောင် အထူးသတိထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့မိသားစုထဲမှာ စစ်တပ်ရာထူးလက်ကိုင်ရှိသူကို နေရာချန်မထားခဲ့နိုင်တဲ့ ဦးနေ၀င်းတုန်းကလို အဖြစ်မခံဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ဘယ်လိုနိုင်ငံရေးကျားကန်မလဲဆိုတာကတော့ အထူးစောင့်ကြည့်ရမှာ ဖြစ်ပါတယ်လို့လည်း မြန်မာနိုင်ငံရေးလေ့လာသူတွေနဲ့ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လေ့လာသုံးသပ်နေကြပါတယ်။
ကိုကျော်မင်းထွန်းစုစည်းတင်ပြသော Rfaမှ အသံလွှင့်ချက်အားပြန်လည်ဖော်ပြလိုက်ပါတယ်။