Saturday, January 22, 2011

0 ကံ ဆိုတာ '' အလုပ် '' ပါပဲလို့ပြောကြားခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့်NEWSWEEK သတင်းထောက်တို့အင်တာဗျုး

မြန်မာ ပြည် တပ်မတော် အစိုးရ ၏ ထိန်းသိမ်းမှု အောက်တွင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မှ စီးပွားရေးပိတ်ဆို့မှု များ ၊ ကံ ကံ၏ အကျိုး နှင့် နောင် အနာဂတ် အကြောင်းများကို  NEWSWEEK သတင်းထောက် DANIELLE BERNASTEIN  နင့် အင်တာဗျုးတွင်  ပြောကြားခဲ့ ပါသည် ။

နေအိမ် အကျယ် ချုပ် ချထားခဲ့တာကြောင့် ခငိဗျားရဲ့ အချိန် တော်တော် များများ ကို ရေဒီယို နားထောင်ရင် ကုန်ဆုံးခဲ့ ရတယ်ဆိုတော့ ဘာတွေ ကို ခငိဗျား နားထောင် ဖြစ်ပါ သလဲ ?

နိုင်ငံရေး အကြောင်းနဲ့ပတ်သတ်တဲ့ အစီအစဉ်တွေ ကတော့ တာဝန်တစ်ရပ် အနေနဲ့ နားထောင်ဖြစ်ပါတယ်။ အလုပ် တစ်ခု ပဲပေါ့ လေ။ ဒါပေ့မယ့်လို. ယဉ်ကျေးမှု ဆိုင်ရာ အစီအစဉ် တွေ ကတော့ ကျမ အကြိုက်ပါ ပဲ ။ကျမ က ဘီဘီစီ အသံလွင့် အစီအစဉ် တော်တော် များများ ကို နား ထောင် ဖြစ်ပါတယ် ။ ဒါပေမယ့်ကြည့်ရတာ သုတို့မှာ တေးဂီတ အစီအစဉ်တွေ အတွက် အချိန် သိပ် မပေးနိုင် တာကိုတွေ့ ရပါတယ် ။ကျမ နားထောင်တဲ့ အချိန် ကလည်း ဘီဘီစီ မြန်မာဘာသာ အစီအစဉ်နဲ့လွတ်လပ်သော အာရှ အသံ လာတဲ့ အချိန် မို့လို့လဲ ဖြစ်နိုင်ပါတယ် ။
တစ်နေ့ကို အနည်းဆုံး ခြောက်နာရီ လောက်တော့ နားထောင် ဖြစ်ပါတယ် ။ အချိန်တိုင်းမှာလဲ ကြောက်စရာ တုန်လှုပ်စရာ သတင်းတွေ ချည်းကြားနေရတယ် ။ကြည့်ရတာ ကတော့ ရာသီဥတု ဖေါက်ပြန် ပြောင်းလဲ တာ ၊ အကြမ်းဖက် တိုက်ခိုကတာ တွေ ဟာ မြန်မာပြည်မှာ တင် မဟုတ်ပဲ ကမ္ဘာ တစ်ဝှမ်း လုံး မှာ ဖြစ်ပွားနေတယ် လို့ထင်ပါတယ် ။  မြန်မာပြည်ထဲ မှာ တင်မက ပါဘူး ရေးလွမ်းမိုးမှု တွေ ၊ ငလျင်လှုပ် ခတ်မှု တွေ ၊ ဆိုင်ကလုံး မှုန် တိုင်း တွေ စတာတွေ ပေါ့ ။

ဒါဆိုရင် ၂၀၀၇ ခုနှစိ သံဃာ.လှုပ်ရှားမှု ( မြန်မာပြည် စစ်အစိုးရ ကို ဆန့်ကျင် ရှုံချမှု ) ပေါ့လေ .. ဒီသတင်းကို ကြားရတော့ ခင်ဗျား ဘယ်လို ခံစားရပါသလဲ ?

ကျမ စဖြစ်ကတည်း ကသိလိုက် တယ် ၊အဲဒါက အေးအေးဆေးဆေး ပြီးသွားမှာ မဟုတ်ဘူးလို့ ။ကျမ အရမ်း ၀မ်းနည်းရပါတယ် ။ဒါပေမယ့် ဒီ ဖြစ်စဉ်ဟာ လူတော်တော် များများ ရဲ့ စိတ်ကို ပြောင်းလဲအောင်တော့ ဖန်တီး နိုင်ခဲ့ပါတယ် ။ဒါဟာ အရမ်း အရေးကြီးတဲ့ အချက်ပါပဲ ။ ကျမ ထင်တာပေါ့လေ ..လူတော်တော် များများ က နိုင်ငံရေး ဆိုတာ သူတို့ စိုးရိမ်စရာ ကိစ္စမဟုတ်ဘူး  လို့ ထင်နေတာ သံဃာတွေ တွေ အပေါ်မှာ ပြုမှု လိုက်တဲ့ အခါ ကျတော့ ဒီနိုင်ငံ မှာ ဖြစ်နေတဲ့ ကိစ္စတွေ ကို လုံးလုံး လစ်လျု ရှု လို့ရပါလား လို့နက်နက်ရှိုင်းရှိုင်း သိသွားကြပါတယ်။

ခင်ဗျား ဟာ စီးပွားရေးပိတ်ဆို့ထားမှု  အပေါ်မှာ ခေါင်းမာမာနဲ့(မြန်မာစစ်အစိုးရ၏ဖိနှိုပ်လွမ်းမိုးအုပ်ချုပ်ထားမှုများအားဆန့်ကျင်၍) ရပ်တည်နေမှုကြောင့် ဝေဖန်ခံ နေရတယ် နော် ?

အချို့ လူတွေ ကတော့ စီးပွားရေးပိတ်ဆို့မှု ကို    နိုင်ငံတွင်း စီးပွားရေး ဖွဲ့စည်းပုံ ပျက်နေရတာ   ဒါကြောင့် ဆို  ပြီး ဆင်ခြေဆင်လက် ပေးကြပါတယ် ။ဒါပေမယ့် စီးပွားရေးဆိုင်ရာ ပညာရှင်တွေက တော့ အဓိက ပြသာနာကြီးက လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရရဲ့ လိုအပ်ချက်တွေ ကြောင့် လို့ထင်ကြတယ်၊ ပြီးတော့လည်း IMF (နိုင်ငံ တကာ ငွေကြေးရန်ပုံငွေ အဖွဲ့  )ပြောနေတာကလည်း စီးပွားရေးပညာရှင်တွေ နဲ့အတူတူ ပါပဲ ။

ဒါဆို သူတို့ ဘာလို့ မပြောင်းတာလဲ ?

ဘာလို့လဲ ဆိုတော့ တစ်ချို့လူတွေ က ဒီစီးပွားရေးပိတ်ဆို့မှရှိနေလည်း အပြင်ကနေ ကောင်းကောင်းလုပ်နိုင်တာပဲလေ ဒီလို ပါဝါသုံးပြီး ပိတ်ထား လည်း တစ်ဦးချင်းအလိုက် တစ်ယောက်ချင်း အလိုက်အနည်းစု အတွက်ကိုတော့ ပြောင်းလဲ ချင် အောင် စွမ်း ဆောင် မထားနိုင်ပါဘူး ။

ခင်ဗျားတို့ပါတီရဲ့ခေါင်းဆောင်ပိုင်းတွေ က အသက်ကြီးနေပြီ ဆိုတော့ ဒီ လစ်ဟာနေတဲ့အပေါက်ကို ဘယ်လို ဖာထေးမှာပါလဲ ?

ဒီနိုင်ငံထဲမှာ နိုးနိုးကြားကြားတက်တက်ကြွကြွနဲ့သင်ယူလေ့လာနေတဲ့ လူငယ်တွေ အများကြီး ရှိပါတယ် ။သူတို့နဲ့ အပြိုင် နိုင်ငံရပ်ခြားကို ရောက် ရှိ နေလို့ သိပ်မသိကြသေးတဲ့ လူငယ်တွေလည်း ရှိပါတယ် ။သူတို့လဲ သင်ယူလေ့လာနေကြတာပါပဲ။ ဒီနိုင်ငံ ကနေ ထွက်ခွာပြီး ပညာရေး စနစ်ကောင်းကောင်း နဲ့ ပညာသင်ယူနေတဲ့ လူငယ်တွေကို ကျမတို့နဲ့ အလုပ်လုပ် ဖို့  ဒီနိုင်ငံကို ပြန်လာစေချင်ပါတယ် ။ဒါဟာ လစ်ဟ သွားတယ်လို့ မခေါ်ပါဘူး ။ ကျမ တို့ ဆန္ဒရှိနေတာ ထက် နည်းနည်း လေး နည်း တယ်ဆိုယုံပဲ။

တကယ်လို့ ဆက်နေဖို့ရွေးချယ် လိုက်တဲ့ သူတွေ အနေနဲ့ ရော ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်ပါလဲ ?

အခက်အခဲ အတားအဆီးတွေက အများကြီးပါပဲ ။ ဒါတွေ ကိုတစ်ခုခြင်းလိုက် ပြီး ရေတွက်မနေနိုင်ပါဘူး  ကျမ စဉ်းစားနေတာ '' အခက်အခဲ အတားအဆီး '' ဆိုတာထက် ပို ထိရောက်တဲ့ စကားများရှိ ဦးမလားလို့ပါ။

သူတို့အဖေ တွေ ရဲ့ ခြေရာကို နင်းနိုင်ပြီး နိုင်ငံအတွက် အလုပ်လုပ်ပေးမယ့် အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်တွေ  ကနည်းနည်းလေးပဲ ရှိတယ်နော် ။အဲဒါ ခင်ဗျား အတွက်ဆို မှန်ပါမလား ?

ကျမ အဖေ( မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချူပ်အောင်ဆန်း ) ဟာ ကျမ အတွက်တော့ စံပြပါပဲ။ကျမရဲ့ ဖခင် လည်း ဖြစ်သလို ကျမရဲ့ ခေါင်းဆောင် လည်း ဖြစ်တယ် ။ကျမလုံးဝ ဥသုံ ယုံကြည်တဲ့ ပုဂ္ဂိုလ် ဘာကြောင့်လဲ ဆိုတော့ ကျမ က သူရဲ့ ဘ၀ သူရဲ့ အလုပ် နဲ့သူရဲ့ နိုင်ငံရေး အတွေးအခေါ်တွေကို လေ့လာခဲ့ လို့ပါ။

ဒါခင်ဗျားရဲ့ ဘ၀ပေး ကံ အကြောင်းတရားပဲ လို့ထင်ပါသလား ?

ဒါကျမရဲ့ ကံ အကျိုးပေး လို့ ကျမ မထင်ပါဘူး ။မြန်မာ တွေ ဟာ ကံ ကံ ၏ အကျိုးနဲ့ ပတ်သတ်ပြီး ပြောတတ်ကြတဲ့ စကားတစ်ခွန်း ရှိပါတယ် ကျမလည်းပဲ လူတွေ ပြောကြတာကို လက်ခံပါတယ် ကံ ဆိုတာ အကျိုးရှိလို့ အကြောင်း ရှိတာ ..ကံ ဆိုတာ '' အလုပ် '' ပါပဲ...
ရှင် အစေ့ချခဲ့ တဲ့ အပင် ကို ရှင်ပြန်လည် ရိတ်သိမ်းခူးဆွတ်ရမှာပဲလေ ။ရှင် ကောင်းတာ လုပ်ရင် ကောင်းတာ  ဖြစ်မယ် ။ရှင် ရဲ့ အလုပ် ကြောင့် ရှင်ရဲ့ ကံ ကြမ္မာ ဖြစ်ပေါ်လာတာပဲလေ ။ ရှင်ကိုယ်တိုင် လုပ်ခဲ့ တဲ့ အကျိုး ကို ရှင် ပြန် ခံစားရမှာပဲ ။ ကျမက တော့ ကံကြမ္မာ ကို ဘ၀ပေး ကြောင့်တို့ ၊ ဘုရားသခင်ရဲ့ အလိုတော် အတိုင်းတို့စသည် ပုံစံမျိုး မယူဆပါဘူး ။

ခင်ဗျား ခံစားခဲ့ရတဲ့ ခက်ခဲတဲ့ အချိန်တွေကို ဟာသ တစ်ခုလို့ဖေါ်ပြချင်တာလား ?

အဲ့ ဒီ အတိုင်းပါပဲ ။
DECEMBER 27 , 2010 NEWSWEEK JOURNAL မှ ဆောင်းပါးရှင် DANIELLE BERNASTEIN နှင့် အင်တာဗျုးကို ကိုDaper Aung မှတတ်စွမ်းသလောက် ကြိုးစားပြီး ပြန်ဆိုပါသည်။
မူရင်းလင့်ကိုတော့အသေးစိတ် ဒီနေရာမှာ ဖတ်နိုင်ပါတယ်...

0 TODAY သတင်းဌာနကမနေ့ကထုတ်လွှင့်သွားခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့အင်တာဗျူး (ရုပ်/သံ)


ဗီဒီယိုဖိုင်၂ဖိုင်ပေါင်းစပ်ပြီးတင်ပြလိုက်ပါတယ်။
Myanmar Democracy Advocate Gives First U.S. Television Interview
Suu Kyi: I didn't ‘suffer too much’ under house arrest
Myanmar's Aung San Suu Kyi tells TODAY's Ann Curry that despite being detained under house arrest for 15 of the last 22 years, her home is comfortable and that she didn't suffer too much by being alone.

Jan. 21: Aung San Suu Kyi, who calls Gandhi an inspiration, is refocusing her nonviolent movement for democracy, telling TODAY’s Ann Curry that she is willing to engage in dialogue with the military regime and plans on reviewing the position of international sanctions.
today msn

0 နအဖ၏စစ်မှုထမ်း ဥပဒေအပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏သဘောထား ထုတ်ပြန်ချက်

0 ကွယ်လွန်သွားသော ကျောင်းသားတပ်မတော် All Burma Students’ Democratic Front (ABSDF) မှ ရဲဘော် သန်းလွင် ဈာပန အခမ်းအနား မှတ်တမ်းဓါတ်ပုံများ။





ပေးပို့သော ကိုဇော်သူရအားကျေးဇူးတင်ရှိပါသည်။

0 သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်

သေရင် မီးခိုးနဲ့ပြာ . . . ပါသွားမှာက ကုသိုလ် အကုသိုလ်
      ၂၀.၁.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၃း၀၀) အချိန်ထိ နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် တစ်နေ့တာ နာရေးကူညီမှုပေါင်း (၃၈) ဦးအား မီးသဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်း တို့ကို ကူညီဖေးမ လုပ်ဆောင်ပေးလျှက်ရှိရာ -
      နေ့လည် (၁း၀၀) နာရီခန့်တွင် သန်လျင် ဖားအောက်တောရရိပ်သာ၏ ဘုရား၊ ရဟန်း၊ သိမ်၊ ကျောင်း ဒါယိကာမကြီး မိခင်ကြီး ဆရာကြီး အဘွားဒေါ်သုမေဓာ(ခ) ဒေါ်စိန်လင်း (ပငရွာ) အသက် (၈၅) နှစ်၊ ၀ါတော် (၂၀) သည် ၁၈.၁.၂၀၁၁ (အင်္ဂါနေ့) တွင် ကွယ်လွန်သွားပါသည်။ ဈာပနအခမ်းအနားကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသူ/သားများ၊ ပုံတော်တင်ဆောင်ရန် ရှေ့ပြေးမော်တော်ယာဉ်နှင့် ဂျပန်နိုင်ငံတွင် အသုံးပြုသော အထူးနိဗ္ဗာန် မော် တော်ယာဉ်ကြီးတို့ဖြင့် သွားရောက်၍ ကူညီဖေးမ မီးသဂြိုလ်ပေးခဲ့ပါသည်။ ယင်း ဈာပနအခမ်းအနား သည် သန်လျင်နာရေးကူညီမှုအသင်းနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တို့ ပူးပေါင်းဆောင်ရွက်ခြင်း၊ လူမှုရေးသမားအချင်းချင်း စည်းလုံးညီညွတ်ခြင်းအင်အားကို ပြသနိုင်ခဲ့သည်။
      ယင်း အခမ်းအနား၏ ထူးခြားချက်မှာ ဆရာကြီး အဘွားဒေါ်သုမေဓာ (ခ) ဒေါ်စိန်လင်းကို သက်ဆိုင်ရာ သန်လျင်သုဿန်တွင် မီးသဂြိုလ်ခြင်း မပြုလုပ်ပဲ ဆံတော်ရှင် ကျိုက်ခေါက်စေတီတော် မြတ်ကြီး၏ အနောက်ဘက်ဝင်းတွင် မီးသဂြိုလ်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်း မီးသဂြိုလ်ခြင်း အခမ်းအနားတွင် လောင်မြိုက်နေသော မီးတောက်များ၊ မိုးယံသို့ တက်သွားသော မီးခိုးငွေ့များ၊ လောင်ကျွမ်းသွားသော ရုပ်ခန္ဓာတို့၏ အနောက်ဖက် ခပ်လှမ်း လှမ်းတွင် ဖူးမြော်လိုက်ရသော စေတီတော်တို့ကို မြင်တွေ့လိုက်ရသည်နှင့် . . .
သေရင် … မီးခိုးနဲ့ပြာ
ပါသွားမှာက … ကုသိုလ် အကုသိုလ် ဟူသော စကားရပ်ကို ပြန်လည်​၍ ကြားယောင်မိတော့သည်။ 

ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်...

Friday, January 21, 2011

1 ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ အင်တာနက် တပ်ဆင်ခွင့်ရ

photo create by dawnmanhon
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပြည်ပ ထောက်ခံသူတွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အင်တာနက် တပ်ဆင်ခွင့် လျှောက်ထားခဲ့ရမှာ ဇန်န၀ါရီ (၂၀) ရက် ဒီကနေ့ ညနေမှာတော့ သူမရဲ့ နေအိမ်မှာ အင်တာနက် ဆက်သွယ် တပ်ဆင်ခွင့် ရသွားပြီလို့ သိရပါတယ်။

အင်တာနက် တပ်ဆင်ခွင့်ရနိုင်ဖို့ လွန်ခဲ့တဲ့ တစ်လ၀န်းကျင်ကတည်းက သက်ဆိုင်ရာကို လျှောက်ထားခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ (၃) ရက်လောက်ကမှ အာဏာပိုင်တွေရဲ့ ခွင့်ပြုမိန့် ကျလာတာကြောင့် NLD ပါတီတွင်းက ကွန်ပျူတာ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ ဒီကနေ့ ညနေမှာ တပ်ဆင်လိုက်ပြီလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ပြောပါတယ်။ လက်ရှိမှာ Facebook နဲ့ Twitter အဆင့်ကို လုပ်နိုင်အုန်းမှာ မဟုတ်ဘဲ သာမန် အင်တာနက်နဲ့ ဆက်သွယ်တဲ့ စနစ်ကိုသာ လုပ်သွားမှာ ဖြစ်တဲ့အကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

Twitter အင်တာနက် လူမှုကွန်ယက်က တဆင့် ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ဆက်သွယ်ပြီး လူငယ်တွေရဲ့ သဘောထားကို သိလိုကြောင်း နေအိမ်အကျယ်ချုပ်က ပြန်မလွတ်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးပါတယ်။

(RFA)

1 ကြယ်တွေကောက်နေသူ .......... မောင်လွမ်းဏီ


ဟေမန္တဆောင်းတွေက
နွေထနောင်းရဲ့ 
ရွက်ပျိုတွေကို ကြွေဆင်းစေသတဲ့လား။

အခါမဲ့မိုးနဲ့ 
ငိုချင်းတွေရဲ့ ချိုးကူသံကရော
လွမ်းသံနှောလေသလား သမီးယမုံ။

ရိုးသား ရောင့်ရဲ၊ ရင့်ကျက် ရဲရင့်
ရဲဘော်စိတ်ဓာတ်၊ မြင့်မြတ်ခြင်တွေ
အမွေနှင်းအပ်၊ လက်ထပ်သင်ပေးခဲ့တယ်နော်
သား ၀သုန်သော် ၊ တနေ့ သော်
ဓားတောင်ကိုကျော် မီးပင်လယ်ကို ဖြတ်ရမှာ။

အနာဂတ်မှော်ရုံတော
သမီးထွေး နဒီသော်ရေ၊
အဖေ့ခေါ်သံ၊ သံလွင်မြစ်ကြောင်း
ဒေါင်းအိုးဝေသံ
ခံစားစီးဆင်းရစ်ပေတော့။

အိပ်မက်တွေအောက်
မိုးသောက်အိမ်လို
လင်းလက်ပျိုမျစ်၊ မြစ်သံလွင်ပေါ်
ရဲဘော်သော်ဇင်၊ ကိုသန်းလွင်တယောက်
ကြယ်တွေကောက်နေလောက်ရောပေါ့။ ။


မောင်လွမ်းဏီ
၁၈ - ၁ - ၂၀၁၁
ယနေ့ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် ကျဆုံးသွားသော ကျောင်းသားတပ်မတော်မှ ရဲဘော် သန်းလွင် ကောင်းရာသုဂတိလားပါစေ

ရဲဘော် သန်းလွင် (ခ) သော်ဇင်
ကိုယ်ပိုင်အမှတ် ၃၃၅၄
ဗဟိုကော်မတီဝင်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်)
၈ ဒီဇင်ဘာ ၁၉၆၇ - ၁၉ ဇန်နဝါရီ ၂၀၁၁

ရဲဘော် သန်းလွင် (ခေါ်) သော်ဇင်သည် ၁၉၆၇ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖခင် ဦးရွှေထွန်း၊ မိခင် ဒေါ်တင်မေ တို့မှ မွေးဖွားသည်။ မွေးချင်း ၅ ဦး အနက် တတိယမြောက်သားဖြစ်သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံ ကာလ၌ မော်လမြိုင်တက္ကသိုလ် တွင် ဒုတိယနှစ် (ဘူမိဗေဒအဓိက) တက် ရောက်နေဆဲဖြစ်သည်။ အရေးတော်ပုံကာလအတွင်း ကျိုက်ထိုမြို့နယ် သပိတ်ကော်မတီ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ၊ မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ (ကျိုက်ထိုမြို့နယ်ကိုယ်စားလှယ်)၊ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (SDF) ၏ စည်းကမ်းထိမ်းသိမ်းရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

စစ်အာဏာသိမ်းသည့်နေ့တွင်ပင် လက်နက်ကိုင်တော်လှန်ရေးအတွက် ကရင်ပြည်နယ် သေ့ဘောဘိုး သို့ ထွက်ခွာ လာခဲ့သည်။ ၁၉၈၈-၈၉ ခုနှစ်များ အတွင်း မကဒတ (ကျောင်းသားတပ်မတော်)၊ သေ့ဘောဘိုးစခန်းတွင် စစ်သင်တန်းများ တက်ရောက်ခဲ့ပြီး ၁၉၈၉-၉၁ ကာလများ အတွင်း မကဒတ၊ ကျောင်းသားတပ်မတော်၊ အမှတ် ၂၀၄/၂၀၅ ပူးတွဲစစ်ကြောင်း၌ ဆေးမှူးတာဝန်ဖြင့် ကရင်အမျိုးသားအစည်း အရုံး တပ်မဟာ ၆ နယ်မြေအတွင်း စစ်ဆင်ရေးများတွင် ပါဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် မာနယ်ပလော ခံစစ်တွင် နော်တ စစ်မျက်နှာပြင်တွင်လည်းကောင်း၊ ၁၉၉၂-၉၃ ခုနှစ်များအတွင်း မယ်ညောခီး စစ်မျက်နှာပြင်တွင် လည်းကောင်း ပါဝင်တိုက်ပွဲဝင်ခဲ့သည်။

၁၉၉၃ မှ ၁၉၉၇ ခုနှစ်များအတွင်း အလယ်ပိုင်းဒေသ အထူးအလုပ်အဖွဲ့တွင် ပါဝင်ခဲ့သည်။ အလယ်ပိုင်းဒေသတွင် မတင်တင်နွယ် နှင့် အိမ်ထောင်ကျသည်။

၁၉၉၆ ခုနှစ် မကဒတ ပေါင်းစည်းရေးညီလာခံတွင် အမှတ် ၆ နယ်မြေ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက် ခဲ့သည်။

၁၉၉၇ ခုနှစ် စက်တင်ဘာလ တွင် ကရင့်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ အခြေစိုက် အမှတ် ၈ တပ်ရင်း တွင် ပြန်လည် တာဝန်ထမ်းဆောင်သည်။

၁၉၉၉ ခုနှစ်တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်တွင် ဒုတိယ စစ်ရေးချုပ်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရသည်။ ၂၀၀၃ ခုနှစ် တွင် ကျောင်းသားတပ်မတော် စစ်ရုံးချုပ်၊ စစ်ဦးစီးမှူး ဒုတိယတန်း (စစ်ရေး) အဖြစ် တာဝန်ပေးအပ် ခံခဲ့ ရသည်။ ၂၀၀၃ ခုနှစ် မှ ၂၀၀၆ ခုနှစ်အတွင်း ဗဟိုစစ်ကော်မရှင်၏ ရုံးအဖွဲ့မှူးတာဝန်ကိုပါ ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းကာလအတွင်း ၁၉၈၈ မှ ၂၀၀၆ ခုနှစ် ကာလများအတွင်း ကျောင်းသားတပ်မတော် ၏ ထိခိုက်ဒဏ်ရာ၊ ကျဆုံး၊ သေဆုံး စာရင်းများ ထုတ်ပြန်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

၂၀၀၆ ခုနှစ် သြဂုတ်လ တွင် မကဒတ အဋ္ဌမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေး တာဝန်ခံ အဖြစ် တာဝန်ပေးအပ်ခံရသည်။

၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အဋ္ဌမအကြိမ် ညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ဗဟိုဘဏ္ဍာရေးဌာန တာဝန်ခံ အပြင် ဗဟိုဌာနချုပ် ရုံးအဖွဲ့မှူး တာဝန်များကို ပူးတွဲတာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၁၀ ခုနှစ် နိုဝင်ဘာလ တွင် မကဒတ နဝမအကြိမ် ညီလာခံဖြစ်မြောက်ရေးကော်မရှင်၊ ဘဏ္ဍာရေးတာဝန်ခံ အဖြစ် တာဝန်ပေး အပ်ခံခဲ့ရသည်။

တော်လှန်ရေးတာဝန်များကို ထမ်းဆောင်နေစဉ် ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၁၉ ရက် နေ့လည် ၂ နာရီ တွင် ဦးနှောက် သွေးကြောပြတ်၍ ကျဆုံးသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်တင်တင်နွယ် နှင့် ရင်သွေးများဖြစ်သော သမီး ယမုံသော်၊ သား ဝသုန်သော် နှင့် သမီး နဒီသော် တို့ ကျန်ရစ် ခဲ့သည်။
Absdf Hq  facebookမှ ပြန်လည်ဖော်ပြလိုက်ပါသည်.

0 ၁၁၃ နှစ်မြောက် ဆရာကြီး ဦးရာဇတ် မွေးနေ့

ယနေ့ နံနက်ပိုင်း ၁၁ နာရီတွင် မြန်မာမွတ်စလင် အာဇာနည် ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် ရဲ့ ၁၁၃ ကြိမ်မြောက် မွေးနေ့ ဆုတောင်းပွဲ တစ်ရပ်ကို မြန်မာမွတ်စလင် လူငယ်များ စုပေါင်းပြီး ရန်ကုန်မြို့ တစ်နေရာတွင် ကျင်းပ ခဲ့ပါတယ်။

အဆိုပါ ဆုတောင်းပွဲသို့ မွတ်စလင်လူငယ်များ အပါအ၀င် အခြား ဖိတ်ကြားထားသော လူငယ် စုစုပေါင်း ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။ ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ဖတ်ကြားပြီး ဆုတောင်းပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ဆရာကြီး၏ လွတ်လပ်ရေး အတွက် စွန့်လွတ်အနစ်နာခံပြီး ကြိုးပမ်းခဲ့သည့် အကြောင်းများအား လူငယ်များမှ အခြင်းခြင်း ဆွေးနွေး ဖလှယ်ခဲ့ကြသည်။

နောက်ဆုံးတွင် မိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းပေးခဲ့ကြပြီး အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။
Tun Tun Aung

Web Administrator
Burmese Muslim Association
Email: tuntunaung@b-m-a.org
Website: http://www.b-m-a.org

Thursday, January 20, 2011

1 ဖလူးစစ်ဒေသ နအဖ စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဉ်းသားပေါ်တာများ(ရုပ်သံ)

(နေ့သစ်မီဒီယာမှ ...)

1 ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား

ဆောင်းဦးလှိုင်ရဲ့ ပျံသန်းသွား
      ဂီတပညာရှင်များ သီဆိုပေးထားသော လူမှုရေး၊ ငြိမ်းချမ်းရေး သီချင်းများကို အလှူရှင်များ အတွက် (ကန့်သတ်) အခွေအဖြစ် ဂုဏ်ပြုပေးအပ်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်၊ ပေးဆပ်မှု အရုပ်မြင်ကွင်းများအပြင် အဆိုတော်များ၏ သီဆိုမှုပုံရိပ်လွှာများပါရှိရန် သီးခြားရိုက်ကူးမှုများ ပြုလုပ်လျှက်ရှိရာ ယနေ့ ၁၉.၁.၂၀၁၁ (ဗုဒ္ဓဟူးနေ့) တွင် မြောက်ဒဂုံမြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) အဆောက်အဦးအသစ်ပေါ်တွင် တေးရေး/ဆို ဆောင်းဦးလှိုင် သီဆို တီးခတ်ထားသော “ပျံသန်းသွား” အမည်ရှိ တေးသီချင်းအား ရိုက်ကူးမှုများ ပြုလုပ်ခဲ့သည်။
“ပျံသန်းသွား”
ရေး/ဆို/တီး - ဆောင်းဦးလှိုင်
ပျံသန်းသွား/ကြမယ် မမောနိုင်ဘူး xxx ဘယ်လိုခက်ခဲ လူသားတို့အတွက် xxx သယ်ဆောင်လာခဲ့ မြင့်မြတ်တဲ့နှလုံးသားတွေနဲ့ xxx ယုံကြည်ချက်အတိုင်း xxx ခရီးဆက်လာ/နေမယ်
အမှန်တရားဘက်က ရပ်တည်နေမယ် xxx မလွယ်ကူနိုင်လည်း ဖြတ်သန်းရဲတယ် xxx ရှင်သန်ချိန် ခဏ လူ့ဘ၀ရဲ့နေ့ရက်များ xxx စာနာစိတ်ထား အများအတွက်ကူမယ်
(ငါ့လက်ကိုတွဲ ခွန်အားပေးမယ့် xxx လိုနေတာ ဂရုဏာများနဲ့ မေတ္တာတရားပဲ xxx လောကရဲ့အကျိုး တစ်ထောင့်တစ်နေရာကနေ xxx သယ်ဆောင်ကာပျံသန်းသွားစို့ လက်တွေတွဲလို့)

      မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြု၍ အမှန်တရားနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းကို ဦးတည်လျှောက်လှမ်းနေကြသော ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်)နှင့် လူမှုရေးသမားစစ်စစ်များအတွက် ဤ “ပျံသန်းသွား” တေးသီချင်းသည် မဟာအားဆေး တစ်ခွက်ပင် ဖြစ်တော့သည်။ ဆောင်းဦးလှိုင်၏ သီချင်းစာသားထဲကအတိုင်း ကျွန်တော်တို့ လူမှုရေး သမားများ လက်ချင်းတွဲကာ အများပြည်သူလူထုဘက်မှ မားမားမတ်မတ် ရပ်တည်ဖေးမ ကူညီပေး ကြရန် လိုအပ်ပေတော့သည်။
 





ပေးပို့သောကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.

0 တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ


တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ
      နာရေးကူညီမှုအသင်း(ရန်ကုန်) ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့မှစ၍ နှစ်သစ်တွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမရွေး လူသားတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နာရေးကိစ္စအ၀၀တို့ကို အင်တိုက်အားတိုက် အရှိန်အဟုန်မြင့်စွာဖြင့် အများပြည်သူတို့အတွက် ပေးဆပ်နိုင်ရန် သင်းလုံးကျွတ် အစည်းအဝေးပွဲကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ယခု နှစ်သစ် ဇန်န၀ါရီလတွင် ကလေးသူငယ်များ၏ ပညာရေးအတွက် အင်္ဂလိပ်စာ အခြေခံသင်တန်း များ၊ လူငယ်မျိုးဆက်သစ်များအတွက် အဆင့်မြင့်အင်္ဂလိပ်စာသင်တန်းများ၊ သုခအလင်း စာကြည့် တိုက်မှလည်း စာပေဗဟုသုတများ ရရှိရန်အတွက်၎င်း၊ သုခကုသိုလ်ဖြစ်ဆေးခန်းမှလည်း အများပြည် သူတို့ လှူဒါန်းထားသော မျက်စိခွဲစိတ်ခန်းသုံး အာရုံကြောစမ်းသပ်သည့် စက်ကိရိယာဖြင့် စတင်ကာ အများပြည်သူတို့၏ မျက်စိဝေဒနာများကို အချိန်တိုအတွင်း ကုသပေးလျှက်ရှိသည်။ မျက်စိခွဲစိပ်ခန်း အဆောင်ကိုလည်း ဖွဲ့စည်းတည်ဆောက်လျှက်ရှိသည်။ ဂျပန်နိုင်ငံမှ မှာယူထားသော ခွဲစိတ်ခန်းသုံး ကိရိယာများ ပြည့်စုံမှုရှိပါက ဧပြီလအတွင်း စတင်၍ ဖွင့်လှစ်ခွဲစိပ်မှုများကို ပြုလုပ်နိုင်တော့မည် ဖြစ်ပါသည်။ နာရေးနှင့် ပတ်သက်၍လည်း (၉၆) ပါး ရောဂါဝေဒနာများဖြင့် ဘ၀ကူးပြောင်းသွားသော ပြည်တွင်းရှိ (၇) ရက် သားသမီးတို့၏ ရုပ်အလောင်းများကို (အခမဲ့) သယ်ဆောင်သဂြိုလ် ပေးခြင်းတို့ အပြင် နိုင်ငံရပ်ခြား၌ ဆုံးပါးသွားသော ရုပ်အလောင်းများကိုလည်း သယ်ဆောင်သဂြိုလ်ပေးခြင်းတို့ကို ပြုလုပ်ပေးလျှက်ရှိသည်။ ထို့အပြင် ရဲမှုခင်းဆိုင်ရာ (ရထားကြိတ်၊ ဆွဲကြိုးချ၊ ရေနစ်၊ လမ်းဘေး) အစရှိသည့် သေဆုံးမှုများကိုလည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ (အခမဲ့) ထမ်းရွက် သဂြိုလ် ပေးလျှက်ရှိသည်။
      ထိုသို့ အခမဲ့ ပေးဆပ်ကူညီမှုများရှိသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့လည်း စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ငွေကြေး၊ နာရေးအထောက်အကူပြု ပစ္စည်းများ၊ စာအုပ်စာပေများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လိုအပ်သော ရုံးသုံးပစ္စည်း ပရိဘောဂများ၊ သုခကုသိုလ်ဖြစ် ဆေးခန်းတွင် အသုံးဝင်သော ဆေးဝါးကုသရေးဆိုင်ရာ ဆေးပစ္စည်းများ၊ ဆေးဝါးများ စသဖြင့် လာရောက်လှူဒါန်းမှုများလည်း ရှိခဲ့ပါသည်။
      ထို့ကြောင့် အများပြည်သူတို့အတွက် အများပြည်သူတို့၏ ကောင်းမှုများကြောင့် နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ပေးဆပ်မှုများ၊ ဖေးမမှုများတို့သည် တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက် တစ်လ၊ တစ်ရက်ထက် တစ်ရက်၊ တစ်နာရီထက် တစ်နာရီ အရှိန်အဟုန်မြင့်မားစွာဖြင့် ပေးဆပ်ထမ်းဆောင် လျှက်ရှိပါသည်။ 

ကိုကျော်သူ

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.