Saturday, February 26, 2011

0 ၂၀၀၇ စက်တင်ဘာ-ရွှေဝါရောင်တော်လှန်ရေး ဘာ့ကြောင့်မအောင်မမြင်ဖြစ်ခဲ့ရလဲဆိုတဲ့အကြောင်းအချက်များ


တစ်ခါမှ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေမရေးဖြစ်ပါဘူး။ ဘာလို့လည်းဆို အဓိကကတော့ မရေးကိုမရေးချင်လို့ပါ ဒါပေမယ့်ဒီတစ်ပုဒ်မှာတော့ စက်တင်ဘာအရေးအခင်း ဘာလို့ကျရှုံးခဲ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီးမူရင်းစာရေးသူက ပြောထားတဲ့အချက်တွေကို ကြိုက်လို့ တစ်ပုဒ်လုံးဘာသာပြန်ဖြစ်သွားတာပါ။ ခင်ဗျားတို့လည်း ဖတ်တဲ့အခါကြရင် အဲဒီအချက်တွေကို သတိထားပြီး ဖတ်စေချင်တယ်။

နှစ်ရက်လုံးလုံး ထမင်းစားတဲ့အချိန်ရယ်၊ အိမ်သာတက်တဲ့အချိန်ရယ်၊ အိပ်တဲ့အချိန်ရယ်ကလွဲလို့ ကျန်တဲ့အချိန်တွေတော်တော်များများကို ရင်းနှီးပြီးရေးခဲ့ရတာပါ။ ဖတ်ကြည့်ပါ။ ကြိုက်ရင် comment မှာ တစ်ခုခုရေးခဲ့ပါ။ ထောက်လှမ်းရေးကိုလည်း လက်မတို့ကြပါနဲ့ဦး။ ဘာလို့လည်းဆိုတော့ ကြောက်ကြောက်နဲ့ပဲ ဆက်လုပ်နေရလို့ပါ။

Oxford University Press, USA မှနေထုတ်ဝေပြီး Adam Roberts နှင့် Timothy Garton Ash တည်းဖြတ်တဲ့
CIVIL RESISTANCE & POWER POLITICS : The Experience of Non-violent Action from Gandhi to the Present
စာအုပ်မှ အခန်းတစ်ခုဖြစ်တဲ့ စာရေးဆရာမ Christina Fink ရဲ့ The Moment of the Monks: Burma, 2007 ဆောင်းပါးကို
Poe C ကနေ မူရင်းအင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဆီလျောအောင်ပြန်ထားတာဖြစ်ပါတယ်။

စည်သူအောင်
The Moment of the Monks
ဒီနေရာမှာ

0 မမှန်သူစံစား မှန်သူခံစား




ကြီးသည့်အမှုကို ငယ်အောင်၊ ငယ်သည့်အမှုကို ပပျောက်အောင် သူတော်ကောင်းဓာတ်ကိန်းဝပ်ကြသော လူအပေါင်းတို့ တဆင့်ဖြန့်ဝေးပေးကြရန် နှိုးဆော်လိုက်ပါသည်။

ပေးပို့ပေးသော dhammaswy dhammagdyအားကျေးဇူးတင်ရှိပါသည်..

0 ခံစားမှု၏နိဂုံး

ခံစားမှု၏နိဂုံး


သင်တို့နှင့်ကျွန်ုပ် . . . ဆန့်ကျင်ဘက်ကြီး ဖြစ်ချင်ဖြစ်နေလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . နားလည်မှုတွေ တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . လျှောက်လှမ်းကြသည့်လမ်း တူချင်မှတူလိမ့်မည်။
သင်တို့နှင့်ကျွန်ုပ် . . . ရည်ရွယ်ချက်ခြင်း တူချင်မှတူလိမ့်မည်။
မည်သို့ဖြစ်စေ …. ဤအရာများသည် ခံစားမှုမှ ပေါ်ပေါက်လာခြင်းပင် ဖြစ်တော့သည်။
တကယ်တော့ …. ခံစားမှုဟာ
နူးညံ့သိမ်မွေ့တဲ့ ကဗျာစာနုတွေ ထွက်လာသလို
ကြမ်းတမ်းဆိုးမွေ့တဲ့ ကဗျာစာကြမ်းတွေ ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ငြိမ်းချမ်းရေးသံစဉ်ဂီတတွေ မွေးဖွားစေသလို
ပေါက်ကွဲမှုဂီတသံစဉ်တွေကို ပေါ်ပေါက်စေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
သမိုင်းကို ပျက်ရယ်ပြုနိုင်ခဲ့သလို
သမိုင်းရဲ့ အတ္ထုပ္ပတိကို အတည်ပေါက်လုပ်ပြနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လူသားများကို ချွတ်ခြုံကျ ငတ်ပြတ်စေနိုင်သလို
လူသားများ တိုးတက်ကြီးပွား အောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
စည်းလုံးမှုကို ပြိုကွဲစေသလို
ညီညွတ်မှု ပင်လုံစိတ်ကို မွေးဖွားနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ကမ္ဘာမြေပြင်ကြီး သွေးချောင်းစီးစေနိုင်သလို
ကမ္ဘာမြေပြင်ကြီး စိမ်းလန်းသာယာမှုကို ဖြစ်ပေါ်စေနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အာဏာရှင်တွေ ပေါ်ပေါက်လာနိုင်စေသလို
အဖိနှိပ်ခံ ပြည်သူတွေကို မွေးဖွားပေးစေခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
ဒို့အရေးတွေ ပေါက်ကွဲစေသလို
ငြိမ်းချမ်းတဲ့ မေတ္တာပို့သံတွေ လွှမ်းခြုံနိုင်ခဲ့တယ်။
တကယ်တော့ …. ခံစားမှုဟာ
လောကကြီးကို ဖြိုခွင်းမယ့် အနုမြူတွေကို ဖော်ထုတ်နိုင်တဲ့ ယမမင်းဖြစ်သလို
လောကကြီးအတွက် ငြိမ်းချမ်းရေးပန်းပွင့်တွေကို ပွင့်စေနိုင်တဲ့ ဥယျာဉ်မှူးဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
အဆိုးမြင်ဝါဒများကို မွေးဖွားပေးသော “ဗာလမိခင်” ဖြစ်သလို
အကောင်းမြင်ဝါဒများကို မွေးဖွားပေးနိုင်သော “ပဏ္ဍိတမိခင်” ဖြစ်တယ်။
တကယ်တော့ …. ခံစားမှုဟာ
တုံ့ပြန်မှုကို တန်ပြန်စေနိုင်သလို
တန်ပြန်မှုကို ရိုက်ချိုးနိုင်စေတယ်။
တကယ်တော့ …. ခံစားမှုဟာ
ဝါဒအစွဲများ ပေါ်ပေါက်လာစေသလို
ဥပေက္ခာဝါဒလည်း မွေးဖွားပေးနိုင်တယ်။
တကယ်တော့ …. ခံစားမှုဟာ
သုံးတတ်ရင် “ဆေး”
မသုံးတတ်ရင် “ဘေး”
တကယ်တော့ …. ခံစားမှုဟာ
ခံစားခဲ့ကြရတဲ့ အမှုအခင်းလေးပါ။
ကြီးတဲ့အမှုကို ငယ်အောင်လုပ်
ငယ်တဲ့အမှုကို ပပျောက်အောင်လုပ်
ဒါမှ … ခံစားမှု မဇ္စျိမပဋိပဒါ ဥပဒေသ
      မြတ်ဗုဒ္ဓရဲ့ ဓမ္မနည်းဥပဒေသ ဖြစ်တော့မှာ။
တကယ်တော့ …. ခံစားမှုဟာ
ဖန်ဆင်းရှင်မဟုတ်ဘူး ခံစားမှုသက်သက်သာဖြစ်တယ်။
ခံစားမှုကို အကျိုးရှိအောင် သုံးတတ်ဖို့ပဲလိုတယ်။
ကျွန်ုပ်အတွက်တော့     ခံစားမှုတိုင်းဟာ ငြိမ်းချမ်းမှုပန်းပွင့်တွေကိုဘဲ ပွင့်စေနိုင်ရမယ်။
ဒါကြောင့်, ကျွန်ုပ်၏ ခံစားမှုနိဂုံးဟာ …. ကျွန်ုပ်ရဲ့ ငြိမ်းချမ်းမှု
        ကျွန်ုပ်၏ ငြိမ်းချမ်းမှုဟာ …. ကျွန်ုပ်၏ ထွက်ရပ်လမ်း
          ကျွန်ုပ်၏ ထွက်ရပ်လမ်းဟာ …. ကျွန်ုပ်၏ ထွက်ပေါက်
          ကျွန်ုပ်၏ ထွက်ပေါက်ဟာ …. ကျွန်ုပ်၏ ဗြဟ္မစိုရ်တရားဘဲ ဖြစ်တော့တယ်။
၂၂.၂.၂၀၁၁ (03:00 am)
                              ကျော်သူ 
(လူမှုရေး … ပြည်သူ့အရေး … နိုင်ငံ့အရေးကို စိတ်ဓါတ်မကျ စိတ်မပျက်ဘဲ စွဲစွဲမြဲမြဲ စိတ်နာနာနဲ့ ဖိလုပ်ခဲ့ရာမှ (၁၀) နှစ်ကျော်ကာလ၊ (၂) လ စွန်းစွန်းအချိန်ကာလမှာ ပေါ်ပေါက်လာတဲ့ ခံစားမှု)

0 ပိုင်ရှင်မဲ့များ



ပိုင်ရှင်မဲ့များ
      နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သန္ဓေတည်ခဲ့ပုံမှာ ကျေးဇူးရှင် စာရေးဆရာ/ဒါရိုက်တာကြီး ဘဘ ဦးသုခ ဆေးရုံတက်စဉ်အချိန်ကာလမှ စတည်ခဲ့ပါသည်။ ဘဘ ဦးသုခ၏ ဆေးရုံကုတင် နံဘေး တွင် ဆေးဝါးလာရောက်ကုသနေသော အမေအိုကြီးကို အမေအိုကြီး၏ မိသားစုမှ နေ့စဉ် အမေအိုကြီး အား လာရောက်ကြည့်ရှုအားပေး ခဲ့ကြသည်။ အမေအိုကြီး၏ မိသားစုသည် ဆင်းရဲနွမ်းပါးလှသော မိသားစုဖြစ်သည်။ တစ်ရက်တွင် အမေအိုကြီး၏ မိသားစုအား သက်ဆိုင်ရာဆရာဝန်ကြီးမှ အမေအို ကြီးအား နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လိုပါက ခေါ်ဆောင်သွားနိုင်ပြီဖြစ်ကြောင်း ဆေးဝါးကုသမှု အပိုင်းကဏ္ဍသည်လည်း အစွမ်းကုန်ကုသပေးခဲ့ပြီးဖြစ်ကြောင်း သို့သော် အမေအိုကြီး၏ ရောဂါသည် ကျွမ်းနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုနေ့မှစ၍ အမေအိုကြီး၏ မိသားစုသည် ဆေးရုံသို့ လာရောက်ခြင်း မပြုခဲ့သည်ကို ဘဘ ဦးသုခ သတိထားမိသည်။ အကြောင်းမှာ အမေအိုကြီးအား မိသားစုမှ နေအိမ်သို့ ပြန်လည်ခေါ်ဆောင်သွားပါက အမေအိုကြီးအား ပြုစုဂရုစိုက်မည့် အဖော်မရှိခြင်း အမေအိုကြီးအား ကျွေးမွေးပြုစုရမည့် စရိတ်မရှိခြင်း၊ အမေအိုကြီး ဆုံးပါးသွားပါကလည်း အမေအိုကြီး အား မီးသင်္ဂြိုလ်ရန် စရိတ်၊ အသုဘစရိတ်၊ နိဗ္ဗာန်ယာဉ်ငှါးခစရိတ် စသည့် စသည့် ကုန်ကျစရိတ်များ မတတ်နိုင်၍ ဖြစ်ကြောင်းဟု နောက်ပိုင်းတွင် သိရှိခဲ့ရတော့သည်။ အမေအိုကြီးမှာ ယင်းဆေးရုံတွင် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားခဲ့ပြီး ပိုင်ရှင်မဲ့အနေဖြင့် ဆေးရုံမှ သင်္ဂြိုလ်ပေးခဲ့ရသည်။
      ထို့ကြောင့် ထိုစဉ်အခါက ဘဘ ဦးသုခသည် အခြားသော (ခရစ်စယာန်၊ ဟိန္ဒူ၊ အစ္စလာန်) စသည့် ဘာသာများတွင် နာရေးကူညီမှုလုပ်ငန်းများ ရှိနေခဲ့ပြီး မြန်မာပြည်တွင် မြန်မာလူမျိုး ဗုဒ္ဓဘာသာလူမျိုးများအတွက် နာရေးကူညီမှုလုပ်ငန်း ဟူ၍ မရှိသေးသောကြောင့် ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့တွင် စေတနာရှင်လူမှုရေးသမားများနှင့် ပူးပေါင်း၍ နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော (အခမဲ့) နာရေးကိစ္စများကို ဖေးမကူညီ ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်မှစ၍ နာရေးကူညီမှုအသင်း (ရန်ကုန်)သည် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ နာရေးကိစ္စများဖြစ်ပေါ်လာပါက (အခမဲ့) မီးသင်္ဂြိုလ်ပေးခြင်း၊ အအေးခန်းထားပေးခြင်းတို့ကို အလူမီနီယမ်အခေါင်းများ၊ မှန်ခေါင်းများဖြင့် ကူညီမှုကို လုပ်ဆောင်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်တော့သည်။ ထိုသို့ လုပ်ဆောင်ရာတွင် ပိုင်ရှင်ရှိ သေဆုံးသွားသူများအပြင်၊ ပိုင်ရှင်မဲ့ (အမည်၊ လိပ်စာ၊ မိသားစု) မသိသူများ၏ ရုပ်အလောင်းများကိုပါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သယ်ဆောင်သင်္ဂြိုလ်ခြင်း၊ သက်ဆိုင်ရာရင်ခွဲရုံများသို့ ပို့ဆောင်ပေးခြင်းများကို ပေးဆပ်လျှက်ရှိသည်။ 
      ပိုင်ရှင်မဲ့များသည် လမ်းဘေးတွင် သေဆုံးခြင်း (အဆိပ်မိခြင်း၊ လုယက်ခံရခြင်း၊ ခိုက်ရန်ဖြစ် ပွားခြင်း)၊ ရေနစ်သေဆုံးခြင်း၊ ရထားကြိတ်သေဆုံးခြင်း၊ ကားတိုက်သေဆုံးခြင်း စသည့်တို့ဖြစ်သည်။ ယင်းတို့သည် မိသားစုနှင့် တကွဲတပြားဖြစ်နေသော လမ်းဘေးတွင်လေလွင့်နေသော ကလေးငယ်များ လူငယ်/ရွယ်များနှင့် သားသမီးတို့မှ စွန့်ပစ်ခြင်းခံခဲ့ရသည့် မိဘများတို့ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတွင် ဤကဲ့သို့ ဖြစ်ရပ်များသည် မဖြစ်ပေါ်သင့်၊ မမြင်သင့်၊ မကြားသင့်ပေ။ လောကဓံ၏ ရိုက်ပုတ်ခြင်း ဒဏ်ရာဒဏ်ချက်တို့ကို ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးလှသည်။ အမှန်စင်စစ် ပိုင်ရှင်မဲ့ ဟူသည် မရှိသင့်သော စကားရပ်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိလာ ကတည်း က ပိုင်ရှင်များရှိကြသည်။
      မည်သို့ဖြစ်စေ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ တာဝန်မှာ သေဆုံးသွားသူ တို့၏  ရုပ်အလောင်းများကို ကောင်းမွန်စွာသင်္ဂြိုလ်ပေးရန်သာ ဖြစ်ပေသည်။ ကမ္ဘာမြေပြင်ပေါ်တွင် အာဏာကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးကြောင့် တိုက်နေတဲ့စစ်ပွဲ … စတဲ့ စတဲ့ ၀ိရောဓိစစ်ပွဲများတွင် ကျဆုံးသွားသော၊ ဆုံးပါးသွားသော သူများ၏ ရုပ်အလောင်းများအား လူလူချင်း စာနာစိတ်မွေးကာ ဗြဟ္မစိုရ်တရားလက်ကိုင်ပြု၍ ကူညီဖေးမသွားကြဖို့ အရေးကြီးလှ ပေသည်။
ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

0 ၁၀မိနစ်ကျော်ကျော်သာပြုလုပ်တဲ့ပြည်ထောင်စု လွှတ်တော် ကျပ် ၆ သိန်းစီခွဲတမ်းထုတ်ပေးပြီးရပ်နား

(azawgyi)
အင်း လွှတ်တော်ကြီး ကျင်းပ နေတာ ရက်စွဲ နဲ့ ဆို တလ ကျော်ကြာ ရှိတော့ မယ် ဗျာ။ဒီ နေ့ တော့ ပြည်ထောင်စု လွှတ်တော် က ခန နား သွားပြီး ၊ မတ်လ ၁ ရက် နေ့ မှာပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် တွေ ခွဲ ပြီး ဆက် လုပ် ကြ ဦး မှာ ပါ။

ပြီး ခဲ့ တဲ့ လွှတ်တော် က တော့ သတင်း ကြည့် ရ တာ ပျင်း တောင် လာ ပြီ ဗျာ ။တနေ့ တနေ့ ဘာ များ ထူး မလဲ ကြည့် လိုက် ရင် ၊ ပထမ လွှတ်တော်ပုံ ပြ တယ်။
ပြီး ရင် ဘတ်ကားသေးသေး လေး တွေ နဲ့ လူ တွေ ရောက် လာ တာ ပြ တယ်။ပြီး ရင် လှေကားထစ် တွေ အများကြီး တက် နေ ရ တာ ပြ တယ် ၊
ပြီး ရင် အတန်းဒင့် ဆိုင်းထိုး ကြ တာ ကို ပြ တယ် ၊ ပြီး ရင် သတင်းကြေငြာသူ ကထောက်ခံကြာင်း ဖတ်ပြတယ် ၊ ပြီး ရင် အားလုံး လက်ခုတ်တီး တာ ပြတယ် ၊ပြီး ရင် ၊ ပြီး ပါ ဘီ ပေါ့ ဗျာ။

ဘယ် နေ့ ပြ ပြ ၊ တသွေ မတိမ်း ပါ ဘဲ ၊ နောက် က သတင်း ဖတ် သူ က ရွက် စွဲ ဖတ်၊မပြောရင် ၊ ဘယ် နေ့ က သတင်း ပြ ပြ ၊ အဆင် ပြေ ပါ တယ် ၊ နေ့ တိုင်း အတူတူ ဘဲ မို့ပါ..တနေ့ လုံးနေ မှ လွှတ်တော် အစည်းဝေးကြာချိန် က ၁၀ မိနစ် ကျော်ကျော် လေး ပါ။
ဒါတောင် သတင်း ထဲ ကြည့် ရ တာ ၊ ရှေ့ဆုံး က ဒုတ်ကြီး ကိုင် လာ တဲ့ သူ ရယ်.အလယ် က လွှတ်တော် နာယက ရယ် ၊ နောက် ဆုံး က ၊ နာယကထိုင်ဘို့ ကုလားထိုင် မ ပေးမဲ့ သူ ရယ် ၊ သူ တို့ ၃ ယောက် ၊ တလှမ်းချင်း လှုပ်စိ ၊ လှုပ်စိ ၊ နဲ့ ၊ အခန်း ထဲ ကြွ လာတာ က တင် ငါးမိနစ် ကုန်သွားပါဘီ ၊ သူ တို့ ၃ ယောက် လမ်းလျောက် လာ တာ နဲ့ တင် ၊
အဝင် တခါ အထွက် တစ်ခါ ဆို တော့ အစည်းအဝေးချိန် ၁၀ မိနစ် က ပြီး သွား ပြီ ပေါ့ ဗျာ ။

ဟန်ကျတယ် ဗျာ ၊ လွှတ်တော် အမတ်မင်း လုပ် ရ တာ ၊ တနေ ကုန် မှ ၁၀ မိနစ် ဆို တာအင်မတန် လုပ်ပျော် ပါတယ် ၊ ကျွန်တော် တောင် လွှတ် တော် မှာ အလုပ်လေး များ ရ မလားစိတ် ဝင်စား ပါ တယ် ၊ ၁၀ မိနစ် လောက် လုပ် ယုံ နဲ့ လခ ကောင်း ကောင်း ရ မယ် ဆိုရင်လေ၊ ဒါ လဝမ် ဘဲ လုပ် ရ ၊ လုပ် ရ ၊ တံ မျက်စည်း ဘဲ လှည်း ရ ၊ လှည်း ရ ပါ ခင် ဗျာ ၊
လွှတ်တော် မှာ အလုပ် တခု တော့ ၊ ရ ချင် နေ သ ပ ဗျာ ။ ဒီ နေ့ ဘဲ ၊ အမတ်မင်း တို့ ၊တတွေ ၊ နေ့တွက် တလ စာ က ၃ သိန်း ၊ လစာ က ၃ သိန် ၊ နဲ့ တယောက် ၆ သိန်းလက် ဝယ် ရ လို့ အို ကေ သွားကြ ပါ ဘီ။ ဒီ လောက် နဲ့ တော့ ကြေနပ် မယ် မထင် ပါခင်ဗျာ ၊ လွှတ်တော် နာယက ရှေ့ က လူကြီးထမ်းလာ တဲ့ ၆ ပိသာစီး တဲ့ ဒုတ်မျိုးတယောက် တချောင်း ရ ကြမယ် ဆိုရင် တော့ ၊ အတိုင်း ထက် အလွန် တံခွန် နဲ့ ကုတ်ကားပေါ့ ပါ ခင် ဗျာ ၊ ထောက် ခံ ရ ကျိုး နပ် ကြ ရ သ ပ ဗျာ ။

ခုချိန် အထိ တော့ တိုင်းရေးပြည်ရာ ဆွေးနွေး ကြ တာ ၊ မယ် မယ် ရ ရ ၊ မကြား ရ သေး ပါဗျာ ၊ နေ့ တိုင်း တော့ ကန့် ကွက် သူ မရှိ ၊ ထောက် ခံ သံ သာ ကြား ရ ပါ တယ်။
အခု ရာထူး များ က တော့ ၊ အရင် က တဲ့ က၊ ခွဲတမ်း ချ ပြီး ထင် ပါ ရဲ့ ဗျာ။နဂို က ဘယ် ထဲ မှာ မပါ ၊ ဘယ် နိုင်ငံ ရေး မှ မလုပ် ဘဲ ၊ ကိုယ့် စီးပွား ကိုယ် ရှာ စားနေကြ ပြီး ၊ ရွေးကောက်ပွဲ နီးခါ မှ ၊ ကိုယ် စားလှယ် ထ ဖြစ် သွား သူ တွေ က၊ အင်မတန်
သနား စ ရာ ကောင်း နေ ပါ ဘီ ခင် ဗျာ ၊ နဂို သူ တို့ စီးပွား ကို က တလ ၃ သိန်း မကဝင်ငွေ ရှိ ပြီးသား လူ တွေ ပါ။ အမတ် လုပ် မှ စီးပွား ဖြစ် တာ မဟုတ်ပါဘူး ၊

ရွေးကောက် ပွဲ ထဲ ပါ ဘို့ အိမ် ကို လာ ခေါ်ပြီး အမတ် စာရင်း အသွင်း ခံ ရ တော့ ၊အိမ် က သူ တို့ မိန်းမ တွေ က ၊ နိပ်ဟ ၊ အိမ် က လူ ကို ဝန်ကြီး ခန့် မလို့ လား မသိ ၊အင်း ၊ စိန် တလုံး ၊ နားကပ်ကြီးတော့ ပန် ရ ချီသေး ရဲ့ ဆို ပြီး ၊ ထင် တလုံး နဲ့ ၊
မျက်နှာ လေး ၊ တမော့ မော့ ၊ စိတ် ထဲ မှာ တရွ ရွ ပေါ့ ဗျာ။

ခုများတော့ ၊ ခန့် စရာ ၊ ရာထူး တွေ က လဲ ကုန်သလောက် ရှိ နေ ပြီ၊ နဂို ခွဲတမ်း အတိုင်းအပို မပါ ၊ ပါ စရာ လဲ ၊ မကျန်တော့ ဆို တော့ ၊ ကိုင်း ၊ အခု တော့ ၊ ဘယ့် နဲ့ ရှိ ပါ စဆိုပြီး ၊ အမတ်မင်း လူသစ်တန်း တို့ ၊ တယောက် မျက် နှာ တယောက် ကြည့် ပြီးသက် ပြင်း တွေ သာ ၊ အခါ ခါ ချ နေ ကြ ရ ပေါ့ ဗျာ ။

ဒါပေမဲ့ စိတ် မပျက်ကြပါနဲ့ ခင်ဗျာ ၊ လာမဲ့ မတ်လ ၁ ရက် နေ့ မှာ လွှတ် တော် ၂ ခုခွဲကျင်းပချိန် ရောက်ရင် ၊ ဘာ ရေးရာ ကော် မတီ ၊ ညာ ရေး ရာ ကော်မတီ တွေ အများကြီးထပ် ဖွဲ့ ဦး မှာ ပါ။ အဲ ဒီ အခါ ကျ ၊ အမတ်မင်း တို့ တဦး မှ ရာထူး မရ ၊ မရှိစေ ရ ပါဘူးတယောက် တမျိုး ၊ မရိုး ရ အောင် ၊ ရာထူး တွေ ရ ကြ ဦး မယ် ကြား နေ ရ ပါ တယ် ။

အဲ ၊ ဒီ ရေး ရာ ကော်မတီတွေ ဖွဲ့ ပြီး သွား ရင် ၊ အခု ရာထူးရပြီး သား ဆရာကြီး တွေ ကိုထပ်ပြီး ကြီးကြပ် လမ်းညွှန် မဲ့ ၊ ဆရာ့ ဆရာ ကြီး များ ကော်မတီ ထပ် ဖွဲ့ ဦး မယ် လို့ လဲ ၊ကြားပါတယ် ၊ အဲဒီ ဆရာ့ ဆရာကြီး များ အဖွဲ့ က မှ တကယ့် ကို ( ရွှေ ) ဖြစ် ပါ လိမ့်မယ်...
အရင် တုံး က လဲ ( ရွှေ )၊ အခု လဲ ( ရွှေ )၊ နောင် ကို လဲ ( ရွှေ )၊ ဘဲဖြစ်နေအောင် ပါ ဘဲ တဲ့ ၊ ခင် ဗျ ။

တိုင်းရေး ပြည်ရာ ဆောင်ကျဉ်း ကြ မဲ့ အမတ် မင်း များ ခင် ဗျာ ၊ ဥပဒေသစ် တွေ ဘာတွေမတင် သွင်း နိုင် သေး လဲ ၊ အခု ရှိ နေ တဲ့ ဥပဒေ တွေ အပေါ် လူ တွေနားမလည် နိုင်ကြတာတွေ ကို မေးခွန်းလေး တွေ များ များ မေး ပေးကြ ပါ ခင် ဗျာ ၊ အခုကြားနေ ရတဲ့ရသုံးခန့် မှန်းချေ ငွေစာရင်း ဥပဒေ ၃/၂၀၁၁ ဆိုတာ လေး က ဘယ် လိုလဲ ဆိုတာပါ။အခုဟာ က မြန်မာပြည် ထဲ က ဥပဒေ ကို အမေရိကန် အသံ က ကြေညာပေး မှပြည်တွင်း က လူ တွေ က သိ ရ တာ ဆို တော့ ၊ မ နိပ် သေး ပါ ခင် ဗျာ ။

မေးခွန်းတွေ များများမေး မှ လူတွေ ရဲ့ တကယ့် အသံ ကို လွှတ်တော် က ကြားနိုင်မှာပါ..ကမောက် ကမ ဖြစ် နေ တာတွေ ပုံပေါ်လာ မှာ ပါ ၊ ရှေ့ေ နာက် အကျိုးအကြောင်းမညီ ညွတ်တာတွေ ၊ ထင်သာ မြင်သာ မရှိ တာတွေ ၊ ပွင့်လင်းမှု မရှိတာတွေ ၊
တိုင်းပြည်အတွက် အကျိုး မဲ့ နေတာတွေ ကို တွေ့ လာ နိုင် မှာ ပါ။
ဘာ တွေမေး ရ မလဲ ၊ အမတ်မင်းတို့ သိ ချင် ကြ ရင် လဲကျူးပစ်ကြီး ထဲ စာ မှန် မှန် လာ ဖတ် ကြည့် စမ်း ကြ ပါ ခင် ဗျာ ။

အခု များတော့ ကုန်ဈေး က တဖျောက်ဖောက် တက် လိုက် တာ ပါ ဗျာ ၊ ဟို လူ့ မေး လိုက်လဲ ရွှေဈေး ဒေါ်လာဈေး တက် လို့ ၊ အကြောင်းပြ ချက် က မရိုးနိုင် ပါ ခင် ဗျာ။
လစာ တွေ တိုးမယ် အသံကြား လို့ က တော့ မပျော် နိုင် ပါ ၊ ဟာ ကွာ ၊ ဒုတ် ခ တော့ရောက်ကြ ဦး မယ် ဘဲ ၊ စိတ် ထဲ ထင် ပါ တယ် ၊ ဘယ့် နဲ့ ဗျာ ၊ ဘေး က အိမ်နီးချင်း နိုင်ငံဘယ် နိုင်ငံ ကို ဘဲ ကြည့် ကြည့် ၊ ကုလားပြည် လဲ တရူးပီတန် လေး နဲ့ အကြွေစေ့ လေး နဲ့တရုပ် နိုင်ငံ က လဲ တယွမ်တန် နဲ့ အကြွေစေ့ လေး နဲ့ ၊ ယိုးဒယား က လဲ တဘတ် တန် နဲ့
အကြွေစေ့ လေး နဲ့ ၊ ဘယ် ခေတ် မဆို ၊ သူ့ ငွေ ကြေး က ဘယ် အချိန် သုံး သုံး ၊ ဘယ် နေရာ သုံး သုံး ၊ တန်ဘိုး မပျက် ၊ အသုံး ခံ ပါ တယ်။

အရင်ကြားဘူး တဲ့ ၊ အနိမ့်ဆုံး နေ့စားခ ၃ ကျပ် ၁၅ ပြား ဘဲ ၊ ပြန် ရ ချင် ပါ တယ်။အဲဒီ အချိန် က ထမင်း အဝစား ပြား (၃၀) ဆို သ ကိုး ခင် ဗျ။အခု များ နေ့စားခ အနဲဆုံး ၁၀ဝ၀ကျပ် တိုးပြီး ပေး နေ တာ တောင် ခပ်ညံ့ညံ့ ထမင်း တနပ်
က ၁၅၀ဝ ပါ။ အလုပ် လုပ် ပီ ဆို မှ တော့ အနည်းဆုံး ၊ တယောက်စာ ထမင်း ၂ နပ် ဘိုးက တော့ ဖြစ်သင့် တာပေါ့ ဗျာ ၊ မိသားစု ဝမ်းရေး မပြေလည် နိုင် တောင် ၊အလုပ် လုပ်သူ အတွက် တော့ တနေ့ စာ ထမင်း စား နိုင် သင့် တာပေါ့။ ဒါလေးတွေ ကိုလွှတ်တော် ထ ၊ဲ မေး ပေး ၊ စမ်းပေး ၊ ဆွေးနွေး ပေး ကြ ပါ ဦး ၊ အမတ် မင်း တို့ ခင် ဗျာ ။

သတင်းစကား ကြား နေ ရ သလို အနိမ့်ဆုံး လစာ ၁ သိန်း ဖြစ် သွား လို့ က တော့အခု ကိုင် နေ တဲ့ တထောင် တန် က ၊ ၁ ကျပ် တန် အဆင့် ၊ ဘဝ ပြောင်း သွား လို့ပလာစတာတွေ ၊ ကော်တွေ ၊ ဖန်တရာ တေ နေ တဲ့ စက်ကူစုတ် ဖြစ် ရ ဦး မယ် ထင် ပ ဗျား ။

( မြန်မာကျူးပစ် ကွန်မြူနတီ ဖိုရမ် မှ ကူးယူဖော်ပြပါသည် )

0 အရှေ့အလယ်ပိုင်းဒေသ အုံကြွမှုနဲ့ မြန်မာနိုင်ငံ အခြေအနေ ဒေါ်စု နှိုင်းယှဉ်သုံးသပ်

ကဒါဖီဖြုတ်ချရေးအတွက်လစ်ဗျားရှိဆန္ဒပြပြည်သူများနှင့်အတူပူးပေါင်းပါဝင်လာသော စစ်မှုထမ်းဟောင်းတဦးအား လှိုက်လှိုက်လှဲလှဲဝိုင်းဝန်းကြိုဆိုနေကြပုံBENGHAZI, LIBYA (Photo-Getty images)

အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းမှာ လူထုဆန္ဒပြမှုတွေကို မြန်မာနိုင်ငံက လူထုတွေကလည်း နီးနီးကပ်ကပ် စောင့်ကြည့်နေကြတယ်လို့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အီဂျစ်နဲ့ တူနီးရှား နိုင်ငံတွေမှာ အနည်းနဲ့အများ ဆိုသလို ငြိမ်းချမ်းတယ်လို့ ဆိုရမယ့် ဆန္ဒပြမှုတွေကတဆင့် အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် လုခ် ဟန့်တ် (Luke Hunt) မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။

အခုတလော နိုင်ငံတကာ သတင်းတွေမှာ ထိပ်ကပြေးနေတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းရှိ ဒီမိုကရေစီရေး လှုပ်ရှား ဆန္ဒပြမှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ လက်လှမ်းဝေးအောင် မြန်မာစစ်အစိုးရက နိုင်ငံတွင်းမှာ ဟန့်တားဖို့ ကြိုးစားပေမဲ့လည်း သိပ်အောင်မြင်မှု မရရှိတာ တွေ့ရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ရန်ကုန်ကနေ တယ်လီဖုန်းကတဆင့် ကွာလာလမ်ပူရှိ နိုင်ငံခြား သတင်းထောက်တွေနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တူနီးရှားနဲ့ အီဂျစ်မှာ အစိုးရတွေကို ဖြုတ်ချနိုင်ခဲ့တဲ့ ဆန္ဒပြမှုတွေအပြင် လစ်ဗျားခေါင်းဆောင် မိုမာ ကဒါဖီ (Moammar Gadhafi) ကို ထောက်ခံသူတွေနဲ့ အစိုးရ ဆန့်ကျင်သူတွေကြား ထိပ်တိုက် ရင်ဆိုင်မှုတွေကို မြန်မာနိုင်ငံသားတွေ အနေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေကြတာ ဖြစ်တယ်လို့ အသက် ၆၅ နှစ်အရွယ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်က ပြောပါတယ်။

“မြန်မာပြည်သူလူထုက ၁၉၈၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ ယှဉ်ကြည့်ကြရာမှာ တူနီးရှားနဲ့ အီဂျစ်မှာ စစ်တပ်က သူတို့ ပြည်သူတွေအပေါ် ပစ်ခတ်ခဲ့ခြင်း မပြုတဲ့ အချက်ကို သတိထားမိကြသလို လစ်ဗျားနိုင်ငံမှာတော့ အခြေအနေက အဲဒီလို မဟုတ်ဘူး ဆိုတာကိုလည်း သတိထားမိကြပါတယ်။ တူနီးရှားနဲ့ အီဂျစ်နိုင်ငံထက်စာရင် လစ်ဗျားမှာ အခြေအနေက ပိုရှုပ်ထွေး၊ ပိုဆိုးဝါးတာကို မြင်ရပါတယ်။ အထူးသဖြင့် အီဂျစ်နိုင်ငံမှာ အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တဲ့အတွက် လူတွေက သိပ်ကို သဘောကျပြီး စိတ်ဝင်တစားနဲ့ အခြေအနေတွေကို စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံလို့ ခေါ်တဲ့ ၁၉၈၈ ခုနှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရေစီရေး လိုလား ဆန္ဒပြမှုတွေကို မြန်မာစစ်တပ်က သွေးထွက်သံယို နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပေမဲ့လည်း မြန်မာစစ်အစိုးရက အာဏာလွှဲပြောင်းပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းမှုအတွက် ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း စုစုပေါင်း ၃ ကြိမ်တိုင်အောင် ၁၅ နှစ်နီးပါး နေအိမ်အကျယ်ချုပ် ကျခံနေရတာလည်း ဖြစ်ပါတယ်။ သူမကို ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲများ ကျင်းပအပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီနည်း မကျဘဲ မြန်မာစစ်ခေါင်းဆောင် အာဏာတည်မြဲရေးအတွက် ပိုပြီး အခြေခိုင်စေတယ်လို့ နိုင်ငံတကာက ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ အဆက်ဆက်က နှစ် ၄၀ ကျော် အုပ်ချုပ်မှုအတွင်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြဿနာ ပေါင်းစုံတို့ကြောင့် လူထုက လမ်းမတွေပေါ်မှာ ထွက်ပြီး ဆန္ဒပြမှုတွေ ရှိခဲ့ရာမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အတွင်းလည်း ငြိမ်းချမ်းစွာ မေတ္တာပို့ လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ သံဃာတော်များကိုလည်း မြန်မာစစ်တပ်က ရက်ရက်စက်စက် ရိုက်နှက် ပစ်ခတ် ဖမ်းဆီး ထောင်ချခဲ့တာတွေ ရှိခဲ့ပါတယ်။

အီဂျစ်နဲ့ တူနီးရှားရှိ အာဏာရှင် အစိုးရတွေအောက်မှာ နေထိုင်ကြရသူတွေနဲ့ အတိဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကြား အတွေ့အကြုံ ကွာခြားမှုကတော့ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် ရက်ရက်စက်စက် ပစ်ခတ်မှုနဲ့ လစ်ဗျားမှာတော့ ပြည်သူတွေအပေါ် နှိမ်နင်းရာမှာ စစ်တပ်အနေနဲ့ စိတ်ဝမ်းကွဲမှု ရှိတဲ့အချက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ထောက်ပြခဲ့ပါတယ်။

“သိတဲ့အတိုင်းပါပဲ၊ မြန်မာနိုင်ငံမှာလည်း ပြည်သူလူထုက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ဆန္ဒပြမှုတွေ အတွင်းမှာ စစ်တပ်က ပြည်သူလူထုကို ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ အဓိက ကွာခြားချက်ပဲလို့ ကျမ ထင်ပါတယ်။ လစ်ဗျားနိုင်ငံက အခြေအနေကတော့ စစ်တပ်ကိုယ်တိုင်က အခြေအနေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး စိတ်ဝမ်းကွဲနေကြပုံ ရပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်ရဲ့ မူဝါဒ ပေါ်လစီတွေနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ စိတ်ဝမ်းကွဲမှုတွေ မရှိဘူးလို့ ကျမ ယူဆပါတယ်။”

ဒါပေမဲ့ အီဂျစ်၊ တူနီးရှား၊ လစ်ဗျား အစရှိတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို အောင်အောင်မြင်မြင် စည်းရုံးနိုင်ခဲ့ပြီး အစိုးရရဲ့ ကြားဝင် စွက်ဖက်မှုကို ရှောင်နိုင်ခဲ့တဲ့ ၂၁ ရာစုရဲ့ သိပ္ပံနည်းပညာ တိုးတက်မှုကိုတော့ မြန်မာနိုင်ငံ အနေနဲ့ ရှောင်လွှဲလို့ ရနိုင်မှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒါကြောင့်လည်း Facebook နဲ့ Twitter တို့လို အင်တာနက် ကွန်ရက်တွေကတဆင့် ဆက်သွယ်နိုင်ဖို့လည်း အစီအစဉ်ရှိပြီး အခုလို ပြည်တွင်းရော ပြည်ပကပါ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပွဲဆီကို မြန်မာအစိုးရ အနေနဲ့ ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့လည်း သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ (VOA)

0 အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရေးဆွဲထားသော ဗိုလ်ချုပ်အောင်ဆန်း ပုံတူပန်းချီများ


By: National League for Democracy

0 ဗိုလ်ချုပ်အောင်ဆန်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏မိန့်ခွန်းကောက်နူတ်ချက်များပါသော ၂၀၁၁အင်္ဂလိပ်-မြန်မာပြက္ခဒိန်

2011 Birthday Gift
 Download Mediafire Link
Download Ifile Link
suuchitthu.blogspot.com/

Friday, February 25, 2011

0 အိန္ဒိယနိုင်ငံတွင် ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရသော ရခိုင်၊ ကရင် မျိုးချစ် ရဲဘော် (၃၄) ယောက် အပြီးတိုင်လွတ်မြောက်ရေး ဂျပန်ရှိုမြန်မာ့ဒီမိုကရေစီအင်အားစုများ အိန္ဒိယသံရုံးရှေ့တွင်ဆန္ဒပြ


ဓာတ်ပုံပေးပို့သော ကိုမင်းညိုဝမ်း (Moethaukkye)အားကျေးဇူးတင်ရှိပါသည်...

(၁၉၉၈) ခုနှစ် ဖေဖေါ်ဝါရီ (၈) ရက်နေ့တွင် အိန္ဒိယနိုင်ငံ အန်ဒမန်ကျွန်းစုရှိ လန်း (ဒ်) ဖေါ့ကျွန်း အိန္ဒိယစစ်တပ်နှင့် သဘောတူညီမှု ရရှိပြီး ရေတပ် အထောက်စခန်း တည်ဆောက်ရန် ရခိုင်ပြည် အမျိုးသား ညီညွတ်ရေးပါတီ (NUPA) ၏ ကာကွယ်ရေးဌာန တာဝန်ခံ၊ ရခိုင်ပြည် တပ်မတော် (Arakan Army – AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်ရာဇာ အပါဝင် ရခိုင်ရဲဘော် (၂၇) ဦး၊ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဗဟိုကော်မတီဝင် နိုင်ငံရေးမှူး ဖဒိုမူးလွယ်အပါအ၀င် ကရင်ရဲဘော် (၁၃) ဦး စုစုပေါင်း (၄၀) ဦး ထိုင်း-မြန်မာနယ်စပ်မှ စတင် ထွက်ခွာလာခဲ့ကြသည်။

ဖေဖေါ်ဝါရီ (၁၀) ရက်နေ့တွင် လန်း(ဒ်)ဖေါ့ကျွန်းသို့ ဆိုက်ရောက်ခဲ့ပြီး ဖေဖေါ်ဝါရီ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် အိန္ဒိယ ထောက်လှမ်းရေးများ၏ လှည့်စားမှုကြောင့် (NUPA) မှ ဗိုလ်ချုပ် ခိုင်ရာဇာ အပါအ၀င် ဗိုလ်မှူးကြီး စောထွန်း၊ ဗိုလ်ကြီး ရန်နိုင်၊ ဗိုလ်ကြီး လင်းဇံခိုင်နှင့် (KNU) မှ ဖဒိုမူးလွယ်၊ ဗိုလ်ကြီး မြင့်ဆွေတို့ လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ကြရသည်။ ကျန်ရှိနေသည့် ရခိုင်၊ ကရင် (၃၆) ဦးတို့သည်လည်း မျှော်လင့်ချက်မဲ့ကာ ညှင်းပမ်းနှိပ်စက် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီး အန်ဒမန်ကျွန်းရှိ ပို့ဒ်ဘလေးယား အကျဉ်းထောင်တွင် တရားစစ်ဆေးမှု တစုံတရာမရှိဘဲ (၈) နှစ်ကြာမျှ ချုပ်နှောင်ထားခဲ့သည်။

ထိုသို့ ဖမ်းဆီး ထိန်းသိမ်းထားစဉ်အတွင်း ရခိုင်ရဲဘော် (၁) ဦးနှင့် ကရင်ရဲဘော် (၁) ဦး ပျောက်ဆုံးသွားခဲ့ပြီး သတင်းအစအနကို ယနေ့အချိန်ထိ မရရှိခဲ့ဘဲ လုပ်ကြံ သတ်ဖြတ် လိုက်သည်ဟုလည်း ယူဆလျက် ရှိနေကြသည်။

(၂၀၀၆) ခုနှစ်တွင် လူ့အခွင့်အရေးတိုက်ပွဲဝင် ရှေ့နေ နန္ဒိတဟာ (က) ဆာနှင့် မြန်မာ့ ဒီမိုကရေစီ တိုက်ပွဲဝင် မျိုးချစ်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ကြိုးပမ်းမှုများကြောင့် ပို့ဒ်ဘလေးယား အကျဉ်းထောင်မှ ကာလက္တားအကျဉ်းထောင်သို့ ပြောင်းရွှေ့ယူလာကာ တရားရုံးတော်နှစ် (၂၀၁၀) ခုနှစ် ဇူလိုင်လ (၁၂) ရက်နေ့တွင် အမှုကို အပြီးသတ် စီရင်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း လက်ရှိ အမှုသည် အိန္ဒိယဥပဒေကြောင်းအရ အတိုင်းအတာတခုထိ ပြီးစီးခဲ့ပြီဟု ယူဆနိုင်သော်လည်း အပြီးပိုင် လွတ်မြောက်ရေးအတွက် အခက်အခဲ ရှိနေသေးကြောင်း သိရှိရပါသည်။

Ref; Arakan review

0 ချိတ် ထမီ

ချိတ်ထမီ

Thursday, February 24, 2011

0 ယုံရခက်ကြီး ဇေကမ္ဘာ

သာသနနုဂ္ဂဟအသင်းနဲ့ ပက်သက်လို့  ၂၀၁၀ အစောပိုင်း လ တွေထဲကသတိပြုမိနေပါတယ်။

ဒီနေ့  ဘီဘီစီဘန်ကောက်ရုံးခွဲက ဦးဝင်းမြင့်နဲ့  ဇေကမ္ဘာဦးခင်ရွှေ အင်တာဗျူးကိုနားထောင်ရပါတယ်။ နှစ်ဘက်စလုံးက မရအရယူကြ၊ ကျားကုတ်ကျားခဲခုခံကြနဲ့ ကြားရတာ အင်မတန်စိတ်ဝင်စားစရာပါ။

တခါတလေ ရန်ဖြစ်နေသလားလို့ တောင် ထင်ရပါတယ်။

ကျွန်တော် ၃ လ နီးပါးလောက် ရန်ကုန်နဲ့ ဝေးခဲ့စဉ်က သံဃာတော်တွေရှိတဲ့နေရာနဲ့ နီးခဲ့ပါတယ်။ သံဃာတစ်ပါးက သာသန နုဂ္ဂဟ အသင်းနဲ့ ပက်သက်ပြီး မှတ်ချက်ပေးခဲ့ပုံက

ဦးခင်ရွှေ မက လို့  ဘယ်သူဘဲ လုပ်လုပ်..နိုင်ငံရေးအရောင်အသွေးကင်းစင်မယ်ဆိုရင်ကြိုက်တယ်။ ကြံ့ဖွံ့ ပါတီရဲ့ အနာဂတ်သြဇာထူထောင်ရေးအတွက် ခြေလှမ်းအစ ဆိုရင်တော့သံဃာထုက ကန့် ကွက်သွားရမှာဘဲ...” လို့ မိန့် ကြားခဲ့ပါတယ်။

တစတစနဲ့  မြို့ နယ်တွေက တဆင့် ရပ်ကွက်တွေထဲအထိ ဒီ အသင်း ဖွဲ့ စည်းရေး ကိစ္စတွေမကြာခင် ရောက်လာတော့မှာပါ။ အခုတောင် ကျွန်တော့်ရပ်ကွက်မှာ သိုးသိုးသန့် သန့် ကြားနေရသလောက်က ကြံ့ ဖွံ့ ပါတီက သိမ်းကြုံးဝါးမြိုတော့မယ့် လက္ခဏာ တွေ့ ရပါတယ်။

“ နိုင်ငံရေးနဲ့ ပက်သက်ခဲ့တယ်ဆိုရင် ကျွန်တော် ဒီအသင်းကိုဖျက်ပစ်လိုက်မယ်...” ဆိုတဲ့ ဦးခင်ရွှေရဲ့ စိန်ခေါ်သံကိုလည်း စောင့်ကြည့်နေပါတယ်။
ဘီဘီစီဦးဝင်းမြင့်ကိုလည်း ဒီလိုပြောလာအောင် လှလှပပ မေးတတ်ခဲ့တာအတွက်လည်း အသိအမှတ်ပြုပါတယ်။

ကျွန်တော်တို့ နိုင်ငံဟာ ထေရ၀ါဒဗုဒ္ဓဘာသာနိုင်ငံ ဖြစ်လို့ ဒီအသင်းရဲ့ရှေ့ ရေး  နောက်ရေးဟာ
ဗုဒ္ဓဘာသာဝင် နိုင်ငံသားအားလုံးအတွက် သိပ်အရေးကြီးပါတယ်။ ခုရှုပ်မှနောင်ရှင်း ဆိုတဲ့ 
မြန်မာစကားပုံ ရှိတယ် မဟုတ်လား။ ကြံ့ဖွံ့ အသင်း ကနေ ကြံ့ဖွံ့ ပါတီဖြစ်လာခဲ့သေးတာဘဲ။

လူထုနဲ့ သံဃာတော်တွေ စိုးရိမ်မယ်ဆိုလည်း အပြစ်မပြောနိုင်ပါဘူး။

၈၀ % ကျော်က ကြံ့ဖွံ့ ပါတီဝင်တွေ လုံးဝမဟုတ်ပါဘူး...လို့ ဦးခင်ရွှေကရဲရဲကြီးအာမခံသွား
ပါတယ်။  ဒါဆိုရင် ဒီအသင်းရဲ့ ခေါင်းဆောင်ပိုင်းမှာ ဦးဆောင်နေတဲ့သူတွေရဲ့နံမည်ကို ထုတ်ပြန်
ပေးဖို့ လိုပါတယ်။

ကမ္ဘာမှာ ဗုဒ္ဒဘာသာဝင်တွေ လုံးပါးပါး လာပြီး တခြားဘာသာဝင်တွေ ကြီးထွားလာတာကို
ကျွန်တော်တို့  သတိမမူဘဲ မနေနိုင်ပါဘူး။ ထေရ၀ါဒစစ်စစ် ဆိုရင်ပိုခက်ခဲလှပါတယ်။ တစ်ဘက်က
ဒါကိုလည်း တွေးမိပါသေးတယ်။ သာသနာတော်ထွန်းကားပြန့် ပွားအောင် စေတနာသန့် သန့် နဲ့ 
လုပ်ဆောင်နေတဲ့ တခြားသော ဘာသာရေးအဖွဲ့ အစည်းတွေ ရှိပြီးသားဆိုတာ အားလုံးသိကြပါတယ်။

သာဓု ခေါ်စရာဆို ကျွန်တော်တို့ အားလုံး ရှေ့ ထွက်ပြီး သာဓု ခေါ် ဖို့ အသင့်ပါ။

ဒါပေမယ့်...ဇေကမ္ဘာဦးခင်ရွှေ ဆိုတာ နေပြည်တော်က ကြံ့ဖွံ့ ပါတီရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်သဖွယ် ဖြစ်နေတော့ ဒီအသင်းနဲ့ ပက်သက်လို့ ယုံရခက်ကြီး လို့  အားလုံးကရှုမြင် နေကြကြောင်းပါခင်ဗျာ။

အောင်မျိုးထွန်း

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.