Sunday, May 29, 2011

0 မြန်မာနိုင်ငံမြို့ကြီးများ အင်အားပြင်းငလျင်ဒဏ်ခံရသည်ရှိသော်…

ရန်ကုန်၊ မေ ၂၇၊ ၂၀၁၁ (YPI) - မြန်မာနိုင်ငံ၏ လူနေသိပ်သည်းသော မြို့များကို အင်အားပြင်းငလျင်လှုပ်ခါခဲ့မည်ဆိုလျှင်…

(၁) ခင်ဗျားတို့၊ ကျနော်တို့ နေထိုင်နေသော တိုက်တာအဆောက်အအုံများသည် ငလျင်ပြင်းအား မည်မျှအထိကို တောင့်ခံနိုင်ကြမည်နည်း။

(၂) ငလျင်လှုပ်နေချိန်မှာ အထိအခိုက်နည်းနိုင်သမျှနည်းအောင် မည်သို့ အကာအကွယ်ယူရမည်ကို မြို့ပြနေလူဦးရေ ရာခိုင်နှုန်းမည်မျှက သိရှိထားကြသနည်း။

(၃) အဆောက်အအုံအပြိုအပျက်တွေအောက်မှာ ခင်ဗျားတို့၊ ကျနော်တို့ ပိတ်မိနေလျင် လာရောက် ရှာဖွေကယ် ထုတ်ပေးမည့်သူ (search and rescue workers) တွေ လုံလုံလောက်လောက်ရှိပါသလား။ လေးလံသော အပျက်အစီးတွေကို ဖယ်ရှားပြီး ခင်ဗျားတို့၊ ကျနော်တို့ကို ကယ်ထုတ်ဖို့ သူတို့မှာ ကျွမ်းကျင်မှု၊ ပစ္စည်းပစ္စယစုံစုံ လင်လင်၊ လုံလုံလောက်လောက်ရှိပါသလား။

(၄) ခင်ဗျားတို့၊ ကျနော်တို့ အစုလိုက်၊ အပြုံလိုက် ဒဏ်ရာဒဏ်ချက်တွေ ရထားပြီဆိုလျင် ခင်ဗျားတို့၊ ကျနော်တို့ကို ဆေးဝါးကုသမှုပေးနိုင်လောက်အောင် ပြည်သူ့ဆေးရုံ တွေမှာ ကျန်းမာရေးလုပ်သား၊ ဆေးဝါးပစ္စည်း လုံလုံလောက်လောက်ရှိပါသလား။

(၅) ဟေတီငလျင်ဘေးလောက် ကြီးမားသည့် အပျက်အစီးမျိုးနှင့် ကြုံရလျင် အစိုးရသစ်အနေနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘယ်လိုလုပ်မည်နည်း။ နိုင်ငံတကာအသိုင်းအ၀ိုင်းက အရေးပေါ် ကယ်ဆယ်ရေးတွေ ပြုလုပ်ပေးဖို့ ကမ်းလှမ်းလာခဲ့လျင် အစိုးရသစ်က ယင်းအကူအညီများကို ချက်ချင်း လက်ခံမည်လား။ သို့မဟုတ် ပုတ်ချလိုက်မည်လား။

…အစရှိသည့် မေးခွန်းတွေ၊ စိုးရိမ်မှုတွေ ခင်ဗျားတို့၊ ကျနော်တို့ ခေါင်းထဲ ၀င်ရောက်လာကြမည်မှာ သေချာသည်။ ထို့ထက်မကသော မေးခွန်းတွေ၊ စိုးရိမ်စရာတွေလည်း ရှိကောင်းရှိနေနိုင်ပါသေးသည်။
အင်အား ၆.၈ မဂ္ဂနီကျုရှိသော ငလျင်ကြောင့် ဗုံးအကြဲခံလိုက်ရသကဲ့သို့ ပြိုကျပျက်စီးသွားသော ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲအတွင်းမှ တိုက်ပျက်တစ်လုံး

မြို့ပြနှင့် ငလျင်ဘေး

လွန်ခဲ့သောအတိတ်က မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ငလျင်ပြင်းများလှုပ်ခဲ့စဉ်က လူနေကျဲပါးသည်ကတစ်ကြောင်း၊ အဆောက်အဦးတိုက်တာ ဆိုသည်မှာလည်း ယနေ့ခေတ်နှင့် ယှဉ်လျင် ထိုစဉ်က အနည်းငယ်မျှသာရှိခြင်းတို့ ကြောင့် အထိအခိုက် အပျက်အစီးဟူ၍ သိပ်များများစားစား မရှိခဲ့ပေ။

၁၉၃၀ ပဲခူးငလျင်လှုပ်စဉ်က မြန်မာနိုင်ငံ၏လူဦးရေမှာ ၁၅ သန်းမျှသာရှိခဲ့သည်။ သို့သော်လည်း နှစ်ပေါင်း ၈၀ ကျော်ကြာလာသည့်ယနေ့ချိန်တွင် လူဦးရေ ၅၈ သန်းအထိ လေးဆနီးပါးမြင့်တက်လာခဲ့ပြီးဖြစ်သည်။

ထိုနှစ်ပေါင်း ၈၀ ကျော်အတွင်း ကျေးလက်မှ မြို့ပြသို့ ရွှေ့ပြောင်းနေထိုင်သည့် လူဦးရေမှာလည်း များပြားလာပြီး အထပ်မြင့်အဆောက်အအုံများလည်း ပေါများလာလျက်ရှိသည်။

ထိုသို့ လူနေသိပ်သည်းလာသော မြို့များတွင် ငလျင်ဇုန်များအတွင်း တည်ရှိနေသော မြို့များလည်းပါဝင်သည်။ သို့သော်လည်း ထိုမြို့များကား ငလျင်အန္တရာယ်ကို ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားခြင်းမရှိကြသေးသကဲ့သို့ လူနေအိမ်ယာများမှာလည်း အင်အားပြင်းသော ငလျင်ဒဏ် မည်မျှခံနိုင်မည်ကို မသိရှိနိုင်ကြသေးရာ အကယ်၍ အားကြီးသော ငလျင်သာလှုပ်လာခဲ့လျင် စိုးရိမ်ရသည်ဟု ပညာရှင်များက သတိပေးထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် မတိုင်ခင်အထိ အဆောက်အအုံများ တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်ရှိ အောင် ထည့်သွင်းတွက်ချက်စဉ်းစားဖို့ကို မဖြစ်မနေ ပြုလုပ်ရမည့်လုပ်ငန်းစဉ်အဖြစ် အစိုးရက ပြဌာန်းကြပ် မတ်ခဲ့ခြင်းမရှိပေ။

သို့ဖြစ်ရာ ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်းမရှိသော အဆောက်အအုံများ၊ ဟောင်းနွမ်းနေသော အဆောက်အအုံများ ငလျင်ဇုန်အတွင်းကျရောက်နေသည့် ရန်ကုန်၊ မန္တလေး၊ ပဲခူးစသည့် မြို့ကြီးများတွင် မည်မျှရှိနေမည်နည်း။

ကိုလိုနီခေတ်က တည်ဆောက်ခဲ့သော အဆောက်အအုံများအနက် လူအများနေထိုင်ဆဲ၊ အသုံးပြုဆဲ အဆောက်အ အုံများ ငလျင်ဇုန်များထဲတွင် မည်မျှရှိနေမည်နည်း။

ယင်းအဆောက်အအုံများအားလုံး ငလျင်ပြင်းအား မည်မျှကို ခံနိုင်ရည်ရှိကြသနည်း။ ယင်းအဆောက်အအုံများ ပေါ်တွင် မြို့နေလူထု၏ ရာခိုင်နှုန်းမည်မျှ နေထိုင်နေကြသနည်း။

ထိုမေးခွန်းများကို ဖြေကြားဖို့ ဘေးအန္တရာယ်လျှော့ချရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများမှာ အချက် အလက်များ၊ စစ်တမ်းများ မရှိကြသေး။

စစ်အစိုးရက ပစ်ထားခဲ့သော ရန်ကုန်မြို့တွင်တော့ ၁၉၉၀ ခုနှစ်မတိုင်ခင်က ဆောက်လုပ်ခဲ့ကြသော အဆောက်အဦးအများစုမှာ အင်အားပြင်းသော ငလျင်လှုပ်လျင် စိတ်မချရဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ကုလသမဂ္ဂ၏ သတင်းဌာနတစ်ခုဖြစ်သော IRIN (Integrated Regional Information Network)နှင့် အင်တာဗျူးတစ်ခုတွင် သတိပေးပြောဆိုထားသည်။

၁၉၉၀ နောက်ပိုင်း ဆောက်လုပ်ခဲ့သော တိုက်တာအဆောက်အအုံများမှာမူ ပြင်းအား ၆ ဒသမ ၈ အဆင့်လောက်ရှိသည့် ငလျင်ဒဏ်ကို ခံနိုင်ကောင်းခံနိုင်လိမ့်မည်ဟု ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ပေါ်က တိုက်များ ၆ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ကြပုံများနှင့် နှိုင်းယှဉ်ပြီး ဦးစိုးသူရထွန်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံသည် ငလျင်အန္တရာယ်ကို အချိန်မရွေး ရင်ဆိုင်ကြုံတွေ့နိုင်သော နိုင်ငံဖြစ်သောကြောင့် ငလျင်ဇုန်များ အတွင်း အဆောက်အဦးများဆောက်လုပ်ရာတွင် ငလျင်ဒဏ်ခံနိုင်အောင် မဖြစ်မနေ ထည့်သွင်းစဉ်းစား ဆောက်လုပ်သင့်ကြောင်း ကျွမ်းကျင်ပညာရှင်များက အကြံပြုပြောဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ပြင်းအား ၆.၈ မဂ္ဂနီကျုရှိသော ငလျင်လှုပ်စဉ် ပြိုလဲသွားသော သစ်သားအိမ်တစ်လုံး

မြန်မာနှင့် မြေငလျင်

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လှုပ်ခဲ့သမျှ ငလျင်အားလုံး၏ ၉၀ ရာခိုင်နှုန်းဖြစ်ပွားရာ၊ လှုပ်ခဲ့သမျှ အင်အားပြင်းထန်သော ငလျင်အားလုံး၏ ၈၀ ရာခိုင်နှုန်းဖြစ်ပွားရာ ပစိဖိတ်သမုဒ္ဒရာ ပတ်ပတ်လည်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ငလျင်ရပ်ဝန်းကြီးနှစ်ခုအနက် အယ်လ်ပိုက်ငလျင်ရပ်ဝန်း (Alpide Belt)ပေါ်မှာ အလျားလိုက်ကျရောက်နေသည့် နိုင်ငံလည်းဖြစ်သည်။

ယင်း ငလျင်ရပ်ဝန်းသည် မြေထဲပင်လယ်မြောက်ပိုင်းမှစကာ တူရကီ၊ အီရန်၊ အာဖဂန်နစ္စတန်၊ ဟိမ၀န္တာ၊ ထိုမှ မြန်မာပြည်ကို အလျားလိုက်ဖြတ်ကာ အင်ဒိုနီးရှားနိုင်ငံ ဆူမတြား၊ဂျာဗားအထိ ရှည်လျားသည့် ငလျင်ရပ်ဝန်း ကြီးဖြစ်သည်။

ယင်းငလျင်ရပ်ဝန်းပေါ်၌ ကျရောက်လျက်ရှိသော မြန်မာနိုင်ငံအတွင်း ပြတ်ရွေ့ကြောအမြောက်အများရှိပြီး ယင်းတို့အနက် စစ်ကိုင်းပြတ်ရွေ့ကြောတစ်လျောက်တွင် ငလျင်ကြီးများလှုပ်ရှားလေ့ရှိသည်။

၁၈၃၀ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း ၁၇၀ အတွင်း မြန်မာနိုင်ငံတစ်ဝန်း ရစ်ခ်ျတာစကေး ၇ အဆင့်ဝန်းကျင်ရှိ အင်အားပြင်းငလျင်အကြိမ်ရေ ၁၇ ကြိမ်လှုပ်ခဲ့သည့်အနက် ၁၃ ကြိမ်မှာ ဤစစ်ကိုင်းပြတ်ရွေ့ကြော တစ်လျောက်တွင် လှုပ်ခဲ့ကြသည့် ငလျင်များဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့ကြောမှာ ပူတာအို-မြစ်ကြီးနားပိုင်း၊ တကောင်း-မန္တလေးပိုင်း၊ သာစည်-ပျဉ်းမနားပိုင်း၊ တောင်ငူ-ပဲခူးပိုင်းနှင့် ပဲခူး-မုတ္တမပိုင်းဟူ၍ အပိုင်းငါးပိုင်းရှိပြီး ပြတ်ရွေ့ကြောတစ်လျောက်ရှိသော မြို့အများအပြားမှာ လူနေသိပ်သည်းသော မြို့ပြများဖြစ်သည်။

လွန်ခဲ့သည့် ငါးနှစ်ကျော်က ဘူမိဗေဒပညာရှင်များ ငလျင်လှုပ်လျင် ဖြစ်ပေါ်လာနိုင်သည့် အဖျက်စွမ်းအားကို တွက်ဆပြီး ဇုန်ငါးဇုန်သတ်မှတ်ခဲ့ကြသည်။

ယင်းဇုန်ငါးဇုန်အနက် အစိုးရိမ်ရဆုံး၊ ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင်သည့် (ရစ်ခ်ျတာစကေး ၇ နှင့် အထက်ရှိမည့်) ဇုန်(၅)ထဲတွင် ဧရိယာလေးခုပါဝင်ပြီး ယင်းတို့မှာ လူနေသိပ်သည်းသော ပဲခူး-ဖြူးဧရိယာ၊ မန္တလေး-စစ်ကိုင်း-တောင်ငူဧရိယာ နှင့် လူနေကျဲပါးသော ပူတာအို-တနိုင်းဧရိယာ နှင့် ကလေး-ဟုမ္မလင်းဧရိယာတို့ ဖြစ်သည်။

ဇုန်(၅)လောက် ပျက်စီးမှုအားမကြီးနိုင်သော်လည်း ဆိုးရွာသော ပျက်စီးမှုများဖြစ်ပေါ်နိုင်သည့် ဇုန်(၄)ထဲတွင် တောင်ငူ၊ တောင်တွင်းကြီး၊ ပုဂံ-ညောင်ဦး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ရွှေဘို၊ ၀န်းသို၊ ခမ္မတီး၊ ဟားခါး၊ မြစ်ကြီးနား၊ တောင်ကြီးနှင့် ကွမ်းလုံမြို့တို့ပါဝင်သည်။

ရန်ကုန်ဧရိယာသည် ပျက်စီးနိုင်ခြေအသင့်အတင့်ရှိနိုင်လောက်သည့် ဇုန် (၃)နှင့် ဇုန်(၂)ကြားတွင်ရှိသည်ဟုဆိုသည်။

ရန်ကုန်ဧရိယာအနေနှင့် ပျက်စီးမှုအားအကြီးဆုံးဖြစ်နိုင်လောက်သည့် ဇုန်ထဲတွင်မပါဝင်သော်လည်း စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည့်တည့်ခွထိုင်ထားသည့် ပဲခူးမြို့နှင့် မိုင် ၅၀ မျှသာ ဝေးကွာသောကြောင့် ပဲခူးမြို့ ငလျင်ဒဏ်ခံရလျင် ရန်ကုန်သည်လည်း ခံစားရတတ်သည်ကို ၁၉၃၀ ပဲခူးငလျင်က သက်သေထူနေသည်။

၁၉၃၀ ခုနှစ်တုန်းက လှုပ်ခတ်သွားသော ငလျင်ကြောင့် ပဲခူးမြို့မှာ လူနေတိုက်တာအဆောက်အအုံ အမြောက်အများပျက်စီးပြီး လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရတုန်းက ရန်ကုန်မှာလည်း အပျက်အစီးများရှိခဲ့ပြီး လူပေါင်း ၅၀ ၀န်းကျင် သေကြေခဲ့ဖူးသည်ဟု ငလျင်မှတ်တမ်းများကဆိုသည်။

ရန်ကုန်အနေနှင့် နောက်ထပ် စိုးရိမ်စရာရှိသည်မှာ ရန်ကုန်သည် စစ်ကိုင်းပြတ်ရွေ့နှင့် မလှမ်းမကမ်းမှာ တည်ရှိနေသည့်အပြင် ဒေးဒရဲပြတ်ရွေ့၊့ အနောက်ပဲခူးရိုးမပြတ်ရွေ့တို့ကလည်း ရန်ကုန်အနီးတ၀ိုက်တွင် တည်ရှိနေကြသည်။

အားပြင်းငလျင် လာနိုင်ချေရှိ

ငလျင်ပြင်းများ လှုပ်ရှားလေ့ရှိသော စစ်ကိုင်းပြတ်ရွေ့ကြောရှိ အချို့အပိုင်းများ ငြိမ်သက်နေ သည်မှာ နှစ်ပေါင်း ၅၀ မှ ၇၅ နှစ်ပင်ရှိနေပြီဖြစ်ရာ ဤမျှကြာအောင် စုလှောင်ထားသော ဒဏ်အားများနှင့် ငလျင်ကြီးတစ်ခု အချိန်မရွေး လှုပ်ရှားလာနိုင်စရာရှိ သည်ဟု ၂၀၀၈ ခုနှစ်ထုတ် UN-Habitat(Myanmar) အပါအ၀င် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လူမှုအဖွဲ့အစည်းပေါင်း ၂၇ ခုတို့ပူးပေါင်းရေးဆွဲခဲ့ သော Manual on Earthquake (Causes, Effects & Preparedness) အမည်ရှိ ငလျင်လက်စွဲစာစောင်မှာ ဖော်ပြထားသည်။

မြန်မာပြည်မှ သုတေသီအချို့နှင့် ဂျပန်နိုင်ငံမှ သုတေသီအချို့ ပူးပေါင်းပြုစုထားသည့် သုတေသနစာတမ်း တစ်စောင်ကလည်း ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိ အားကြီးသော ငလျင်ပြင်းတစ်ခု မြန်မာပြည် အလယ်ပိုင်းကို ဗဟိုပြု၍ အချိန်မရွေးလှုပ်ခတ်လာနိုင်သည်ဟု သတိပေးထားသည်။

လူဦးရေ တစ်သန်းဝန်းကျင်ရှိသည်ဟုဆိုသော အသစ်ဖော်ဆောင်နေသည့် မြို့တော်သစ် နေပြည်တော်သည် အဆိုပါငလျင်လှုပ်ခတ်နိုင်သည့် အ၀န်းအ၀ိုင်းအတွင်းမှာ တည်ရှိနေသည်ဟူ၍လည်း အဆိုပါ သုတေသန စာတမ်းက ထောက်ပြသတိပေး ထားသည်။

ဦးစိုးသူရထွန်းကတော့ သူ့အနေနှင့် နေပြည်တော်မြို့တော်သစ် အတွက် မစိုးရိမ်မိဟုဆိုသည်။ အကြောင်းမှာ နေပြည်တော်ရှိ အဆောက်အအုံများမှာ ငလျင်ဒဏ်ခံနိုင်ရည်ရှိ အောင် တောင့်တောင့်တင်းတင်း၊ ကောင်းကောင်းမွန်မွန် တည်ဆောက်ထားသောကြောင့်ဟု IRIN နှင့် အင်တာဗျူးတစ်ခုတွင် ပြောပြသွားခဲ့သည်။

လူနေသိပ်သည်းပြီး အဆောက်အအုံ အအိုအဟောင်းများစွာရှိသော ရန်ကုန်၊ မန္တလေး၊ ပဲခူးကဲ့သို့သော မြို့များအတွက် သူက အဓိကစိုးရိမ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ၏ ငလျင်ဇုံများပြမြေပုံ

အဆင်သင့် မဖြစ်သေး

ငလျင်ကြောပေါ်က လူနေသိပ်သည်းသော မြို့များအနေနှင့် ငလျင်အန္တရာယ်ကျရောက်လာလျင် အထိအခိုက်၊ အသေအပျောက်လျော့နည်းအောင် ကြိုတင်ပြင်ဆင်မှုများ လောလောဆယ်အထိ ပြုလုပ်ထားခြင်းမရှိသေးဟု ပညာရှင်များက စိုးရိမ်မကင်းထောက်ပြကြသည်။

ထို့ပြင် အစုလိုက်အပြုံလိုက် ထိခိုက်ဒဏ်ရာရရှိမှုများကို အပျက်အစီးများကြားက ရှာဖွေဖော်ထုတ်၊ ကယ်ဆယ် ကုသပေးနိုင်သည့် လူသားအရင်းအမြစ်၊ စွမ်းဆောင်ရည်နှင့် အထောက်အပံ့ပစ္စည်းပစ္စယများမှာလည်း မြန်မာ နိုင်ငံမှာ လောလောဆယ်အထိ လုံလုံလောက်လောက် မရှိသေးဟု ပညာရှင်တို့က ဆိုသည်။

“အစုအပြုံလိုက် ထိခိုက်ဒဏ်ရာရတာတွေကို ကိုင်တွယ်ကုသနိုင်လောက်တဲ့ ဆေးရုံရယ်လို့ ဒီ(မြန်မာနိုင်ငံ)မှာ မရှိဘူး။ …(ဒဏ်ရာရသူတွေကို) ဘယ်လို ရှာဖွေကယ်ဆယ်ရေး တွေလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မြို့ပြနေလူထုနဲ့ ကယ်ဆယ်ရေး လုပ်အားပေးသူတွေကို လေ့ကျင့်ပေးထား တာလည်းမရှိသေးဘူး” ဟု Action Aid မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာရှီဟတ်အူဒင်အာမတ်က IRIN သတင်းဌာနကို ပြောပြခဲ့သည်။

အပျက်အစီးကြီးကြီးမားမားနှင့် ကြုံကြရသည့်အခါ နိုင်ငံတကာမှ ကမ်းလှမ်းလာသော အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ဖို့ အကူအညီပေးသူများနှင့် အကူအညီပေးမှုများကို အစိုးရသစ်အနေနှင့် မည်သည့် အတိုင်းအတာအထိ လက်ခံရယူမည်ဆိုသည်မှာလည်း လောလောဆယ်တွင် မခန့်မှန်းနိုင်သေးသည့် အနေအထားဖြစ် နေသည်။

အရေးပေါ်အခြေအနေမှာ ကယ်ဆယ်ရေးတွေပြုလုပ်ဖို့ အဆင်သင့်မဖြစ်ကြသေးသလို သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားလာလျင်လည်း အထိအခိုက်အသေအပျောက် နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ရေးဆိုင်ရာ အသိပညာပေးခြင်းများလည်း ပြည်သူလူထုကြားထဲမှာ နှံ့နှံ့စပ်စပ်မရောက်ရှိသေးသည်ကို တွေ့ရသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပံ္ပနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ပံ့ပိုးပေးမှုကြောင့် နာဂစ်လေဘေးသင့်ဒေသရှိ ကလေးသူငယ်များမှာ သဘာဝဘေးအန္တရာယ်များ နှင့်ကြုံရလျင် မည်သို့ အသက်ရှင်သန်အောင်၊ အထိအခိုက်နည်းအောင် ကြိုတင်ကာကွယ်မှုယူရမည်ကို စာသင်ကျောင်းများမှာ လေ့လာ သိရှိခွင့်ရနေကြသော်လည်း ကျန်ပြည်နယ်နှင့် တိုင်းများမှ ကလေးသူငယ်များမှာ ဘေးအန္တရာယ်လျှော့ချရေးနှင့် ပတ်သက်ပြီး ဘာမျှ မသိ၊ မသင်ကြားရဘဲရှိနေသည်။

UNESCO ကတော့ သူတို့အနေနှင့် တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးတွင် လည်း သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးရေးအတွက် ပညာရေးဝန်ကြီး ဌာနသို့ တင်ပြထားသည်ဟုဆိုသည်။ သို့သော် မည်သည့်အချိန်ကျမှ အကောင်အထည်ဖော်ခွင့်ရမည်ကိုမူ ပညာရေးဝန်ကြီးဌာနက အကြောင်းမပြန် သေးဟုဆိုပါသည်။

မြန်မာနိုင်ငံအနေနှင့် ငလျင်အန္တရာယ်ကို ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးသော်လည်း ငလျင်ကပ်ဘေးကတော့ စောင့်ဆိုင်းနေလိမ့်မည်မဟုတ်၊ ညှာတာလိမ့်မည်မဟုတ်ဆိုသည်ကို ပြီးခဲ့သည့် နှစ်လလောက်ကလူပေါင်း ၇၀ ကျော်သေဆုံးကာ ၁၀၀ ကျော် ဒဏ်ရာရစေပြီး ၃,၀၀၀ ကျော်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည့် ပြင်းအား ၆.၈ မဂ္ဂနီကျုရှိ ရှမ်းပြည်ငလျင်က သက်သေပြလိုက်သကဲ့သို့ရှိသည်။

လောလောဆယ်အနေအထားတွင် ငလျင်ဇုန်များအတွင်းရှိနေသော မြို့ပြများရှိ အဆောက်အအုံများသည် ငလျင်ပြင်းအားကို မည်မျှအထိခံနိုင်ရည်ရှိမည်ကို ငလျင်ဘေးအန္တရာယ်လျော့ချရေးလုပ်ဆောင် နေသော အသင်းအဖွဲ့ များအနေဖြင့် စစ်ဆေးတိုင်းထွာမှုများ အရေးပေါ်လုပ်ဆောင်ကြဖို့လိုအပ်ကြောင်း ဦးစိုးသူရထွန်းက တိုက်တွန်းပြောဆိုသည်။

ယင်းရလဒ်များပေါ်အခြေခံပြီး ငလျင်အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ဆောင်သွားသင့်ကြောင့်လည်း ဦးစိုးသူရထွန်းက အကြံပြုပြောဆိုသည်။

တစ်နည်းအားဖြင့် ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ရာမှာ အင်မတန် အားနည်းနေသေးသော၊ မြန်မာနိုင်ငံကို ပြင်ဆင်မှုတွေ အရေးပေါ်လုပ်ထားကြဖို့ အချက်ပေး ခေါင်းလောင်းထိုးလိုက်သကဲ့သို့ရှိသည်။

ယင်းခေါင်းလောင်းထိုးသံကို ခင်ဗျားတို့၊ ကျနော်တို့ ပြည်သူတွေအပါအ၀င် လက်ရှိအစိုးရသစ်နှင့် သဘာဝဘေး အန္တရာယ်လျှော့ချ ရေး လုပ်ဆောင်နေသူတွေ ဘယ်လိုတုံ့ပြန်ကြမည်နည်း။


0 ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ မိခင်ကြီး၏နာရေးသတင်း

လားရှိုးအကျဉ်းထောင် ၆၅နှစ် ၆လ ပြစ်ဒဏ်စီရင်ခြင်းခံထားရသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဖြစ်သူ ကိုမင်းဇေယျ ၏ မိခင်ကြီးဖြစ်သူဒေါ်(မိ)ချစ်ဖွား(၇၆)နှစ်သည် မွန်ပြည်နယ်၊မုဒုံမြို့ နယ်၊ ကမာဝက်ကျေးရွာ နေအိမ်တွင်လူကြီးရောဂါဖြင့် ၂၇.၅.၂၀၁၁ခုနှစ် ညး ၁၁နာရီ၂၀မိနစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း-နိုင်ဘရင်နှင့်သားသမီး(၈)ဦး ကျန်ရစ်ခဲ့ပါသည်။

အသုဘဈာပနအစီအစဉ်မှာ...

၂၉.၅.၂၀၁၁ ခုနှစ်နေ့ လည်(၁)နာရီ မွန်ပြည်နယ်၊မုဒုံမြို့ နယ်၊ကမာဝက်ကျေးရွာသုဿန်တွင်ဂူသွင်းသင်္ဂြိုလ်မည်ဖြစ်ပါသည်။

၃.၆.၂၀၁၁ ခုနှစ် တွင်ရက်လည်ဆွေးကျွေးပြုလုပ်မည်ဖြစ်ကြောင်းသိရပါသည်။

Friday, May 27, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှဒီကနေ့ပြုလုပ်ခဲ့တဲ့လွတ်မြောက်နိုင်ငံရေးအကျဉ်းသားများကြိုဆိုနှုတ်ဆတ်ပွဲနှင့်ရွေးကောက်ပွဲဆိုင်ရာစာတမ်းဖတ်ပွဲ



Daw Aung San Suu Kyi made a welcoming remarks for newly released prisoners at 21st anniversary of 1990 elections.





Photo/ Reuters

0 သမီးလေး ရယ်နိုင်ပြီ





သမီးလေး ရယ်နိုင်ပြီ

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်း သာမရွေးတို့၏ ရောဂါဝေဒနာများကို အခမဲ့ ကုသပေးလျှက်ရှိရာ နေ့စဉ် လူနာစုစုပေါင်း (၂၀၀) ကျော် ကို အခမဲ့ကုသပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ဆေးခန်းသန့်ရှင်းရေး၊ ပိုးမွှားများ သန့်စင်ရေးအတွက် လကုန်ရက် (၁) ရက်တည်းသာ ပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး စေတနာရှင် ဆရာဝန်ကြီးများ (၅၀) ဦးခန့်ဖြင့် အခမဲ့ ကုသပေးလျှက်ရှိသည်။ ထိုသို့ကုသပေးရာတွင် မျက်စိ၊ အရိုး အကြော၊ နား နှာခေါင်း လည်ချောင်း၊ မီးယပ်သားဖွား၊ အပ်စိုက်၊ အရေပြား၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ အသေးစားခွဲစိတ်မှုများ၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ E.C.G၊ U.S.Gနှင့် မကြာမီ ရက်ပိုင်းအတွင်း မျက်စိခွဲစိတ်ခန်းကိုပါ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ ကုသမှုမပေးနိုင်သော ဝေဒနာရှင်များအား သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်၍ ကုသစားရိတ်အား သတ်မှတ်ချက်ဖြင့် အကုန်အကျခံကာ ကူညီကုသပေးလျှက်ရှိရာ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း၌ ဧရာဝတီတိုင်းနေ မနှင်းနုဇော် အသက် (၁၄) နှစ် အရွယ်ရှိ (၇) တန်းကျောင်းသူ မိန်းကလေးငယ်သည် ငယ်စဉ်အရွယ်က နေအိမ်ရှိ မီးဖိုခန်းအတွင်း ရေနွေးအိုးပေါ်သို့ မှောက်လျက်လဲမိရာမှ မေးရိုး၊ ရင်ဘတ်နှင့် ပေါင်တံတို့တွင် ရေနွေးပူလောင်ကျွမ်း ကာ အရေပြားများ ပျက်စီးသွားခဲ့သည်။ ယင်း ဒဏ်ရာဒဏ်ချက်သည် ငယ်စဉ်အရွယ်၌ မိဘများက သတိမထားမိသော်လည်း ယခု (၇) တန်း ကျောင်းသူအရွယ်သို့ ရောက်ရှိသောအချိန်တွင် ထို မီးလောင်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသော အမာရွတ်ဆိုးကြီးသည် ကလေးငယ်၏ ဘ၀ရှင်သန်မှု အား အကြီးမားဆုံး အနှောင့်အယှက်ဖြစ်စေတော့သည်။ စာသင်ကျောင်းသို့ သွားရာတွင် သူငယ်ချင်း အပေါင်းအသင်းများမှ မခေါ်မပြော ပြုလုပ်ခြင်း၊ အိမ်နီးပါတ်ဝန်းကျင်တွင်လည်း ကစားဖော်မရှိခြင်း တို့ကြောင့် ကလေးငယ်မှာ စိတ်ခံစားမှုများ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် မိဘများမှ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေ ဦးဋ္ဌေးလွင်မှတဆင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ ဆက်သွယ်ကာ ကလေးငယ်၏ မေးစေ့အသားအရေမှ ရင်ညွန့်အထိ တွဲကပ်နေသော ရေနွေးပူလောင် အရေပြားကြီး အား ကလေးငယ်၏ ဘ၀ရှေ့ရေးအတွက် လာရောက်အကူအညီတောင်းခဲ့ကြသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ခွဲစိတ်ခန်းခဖိုးငွေ ပေးအပ်ကာ ကလေးငယ်၏ အနာဂတ်ရေးအား ရှေးရှုကာ ကူညီဖေးမမှုကို ပြုလုပ်နိုင်ခဲ့သည်။ ခွဲစိတ်ပြီးသည့်နောက် ကလေးငယ်နှင့် အုပ်ထိန်းသူ မိဘများမှ နေရပ်ဖြစ်သော ဧရာဝတီတိုင်းသို့ မပြန်မီ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကာ ကျေးဇူးတင် ၀မ်းသာစကားကို ပြောကြားခဲ့ကြသည်။ ယခုမူ မနှင်းနုဇော် တစ်ယောက် ရယ်နိုင်၊ ပြုံးနိုင်၊ သူငယ်ချင်း အပေါင်းအသင်းများနှင့် လက်ချင်းတွဲကာ လူ့ဘ၀ခရီးလမ်းကြောင်းပေါ်တွင် အနိုင်မခံ အရှုံးမပေး၊ မားမားမတ်မတ် လျှောက်လှမ်းနိုင်တော့မည် ဖြစ်ပါသည်။

ကိုကျော်သူ

Thursday, May 26, 2011

0 "ခရီးသွားများ"(မြန်မာပြည်မှပေးစာ)

ထရူးမဲန် ခက်ပုတ်စ်ရဲ့ မတုပနိုင်တဲ့ သူရဲကောင်းမလေး ဟော်လီဂိုလိုက်လီ(ခိုကိုးရာမဲ့ကလေးငယ်များအနက် အသိဉာဏ်ကြွယ်ဝဆုံးသူ)ဟာ သူ့ပိုင်ဆိုင်တာတွေကို ခရီးဆောင်သေတ္တာများအတွင်း သိမ်းဆည်းထားခဲ့ပါတယ်။ လိပ်စာအစား ‘ခရီးသွားခြင်း’ဆိုတဲ့ စာတန်းလေးကို

သေတ္တာများမှာ ချိတ်ဆွဲထားပါတယ်။ နေထိုင်ဘို့အတွက် ဒီ မူလကိုင်တွယ်ဖြေရှင်းရေး နည်းလမ်းရှာဘို့ရာ ပထမဆုံးတွေ့ကြုံရချိန်မှာတော့ ကျွန်မဟာ ဆယ်ကျော်သက်ရွယ် လွန်မြောက်ခါစပါ။ အံ့သြစရာနဲ့ စွန့်စားစရာလို့ထင်ခဲ့ပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုလို့လဲ ရှင်းရှင်းသန့်သန့်ပဲ
အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

မိုက်ကယ်ရဲ့ ဟိမဝန္တာဒေသလေ့လာဆည်းပူးမှုအတွက်နှစ်မြှုပ်ထားစဉ်ကျွန်မနဲ့ လက်ထပ်ပြီး
နောက်ဒီခံယူချက်ဟာပိုမိုအားကောင်းလာကာကမ္ဘာရဲ့ဝေးသီခေါင်ဖျားတဲ့အရပ်တွေဆီမကြာခဏသွားစေခဲ့ပါတယ်။ကျွန်မတို့ကိုလဲရွေ့လျားသွားလာစေခဲ့ပါတယ်။ခရီးဝေးများမှပြန်လာတိုင်း ကျွန်မတို့ရဲ့မိတ်ဆွေများဟာလိပ်စာဟောင်းများမှာ ဆက်လက်နေထိုင်လျက်ရှိတာကို ကျွန်မ အံ့သြစွာတွေ့မြင်ရပါတယ်။

ဘဝရဲ့လှည့်လည်သွားလာခြင်းနည်းလမ်းဟာကျွန်မတို့အတွက်သာမန်အနေအထားလို့ခံစားထင်မြင်စေခဲ့ပါတယ်။သားနှစ်ယောက်ကိုမွေးလာပြီးတဲ့တိုင်ခရီးသွားလာခြင်းဟာကျွန်မတို့ဘဝရဲ့သမူဟအစိတ်အပိုင်းအဖြစ်ဆက်လက်တည်ရှိနေပါတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီရေးလှုပ်ရှားမှုအတွင်းပါဝင်မလာမီနောက်ဆုံး၃နှစ်မှာကျွန်မတို့ဟာအင်္ဂလဲန်၊ဂျပန်နဲ့အိန္ဒိယတို့မှာပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ခရီးသွားလာခြင်းလို့ဖော်ပြရတဲ့ဘဝများဟာယေဘူယျအားဖြင့်စိတ်ဝင်စားဘွယ်အဖုံဖုံနဲ့ပြည့်စုံနေပါတယ်။သာမန်နေ့များကိုဖြတ်သန်းခြင်းမျှဟာ“ခရီးသွားခြင်း”ဝေါဟာရနဲ့ ထိုက်ထန်တယ်လို့ ထူးထူး ခြားခြား မမြင်မိပါ။

ထပ်ကာထပ်ကာဖြစ်ပျက်ခြင်းများဖြင့်ပြောင်ချောအသွင်မဲ့ဖြစ်သွားခ့တဲ့ဖြစ်စဉ်များဟာရေခဲမြစ်အသွင်ဝင်ရောက်သွားကာတဖြည်းဖြည်းလှုပ်ရှားမှုဟာထင်ရတဲ့ငြိမ်သက်သွားပုံအေးခဲသွားပါတယ်။ကျွန်ုပ်တို့ရဲ့ပတ်လည်ရှိစကြာဝဠာရဲ့လှိုင်းထခြင်းနဲ့စီးဆင်းမှုများကိုကျွန်ုပ်တို့အာရုံပြုခံစားဘို့ကို ဒီ တည်ငြိမ်ခြင်းကိုယ်တိုင်ကသာ နှိုးဆွပေးနေတာပါ။

အိမ်အကျယ်ချုပ်အချခံနှစ်များအတွင်း‘ခရီးသွားခြင်းဟာဘဝ’ဆိုတာထက်‘ဘဝဟာခရီးသွားခြင်း’ဖြစ်တယ်လို့စတင်သိရှိလိုက်ပါတယ်။ကျွန်မရဲ့နေ့စဉ်လုပ်နေကျဆောင်ရွက်မှုများထပ်တူဖြစ်နေခြင်းကအချိန်ရဲ့မြန်ဆန်ခြင်းနဲ့ခြေလှမ်းသွက်နေတဲ့တနေ့တာရဲ့မှန်စီကွက်ချရုပ်ပုံလွှာအဖြစ်ဖွဲ့တည်နေတဲ့မိနစ်ပေါင်းများစွာနဲ့နာရီပေါင်းများစွာတို့ရဲ့တခုချင်းစီမတူညီမှုအပေါ်ကျွန်မရဲ့တုန့်ပြန်ခံစားမှုကိုအရှိန်မြှင့်ပေးခဲ့ပါတယ်။မတည်မြဲခြင်းဟာဒဿနတွေးခေါ်ခြင်းဖြစ်ရုံမျှနဲ့ရပ်ဆိုင်းသွားပါတယ်။ဘဝရဲ့နိစ္စဓူဝကိစ္စတွေအဖြစ်ရက်သတ္တပတ်များ၊လများနဲ့နှစ်များအဖြစ်ပြောင်းလဲသွားတဲ့ အချိန်တွေ ပေါ်လာတာနဲ့ ပျောက်ကွယ်သွားတာတွေကတော့ ဖြစ်ရပ်မှန်ပါပဲ။

သံသယမပွါးစရာပါပဲ၊မှန်မှန်တရားထိုင်ခြင်းဟာအဲဒီလိုသတိတရာထားနိုင်မှုကိုပိုမိုထက်မြက်
စေခဲ့ပါတယ်။ စိတ်အနေအထားတခုကနေ နောက်တခုကို သတိထားဖြတ်ကျော်လာရတော့ ကျွန်မရဲ့အမြဲတမ်းလိပ်စာဟာ “ခရီးသွားခြင်း”ပဲအမှန်ဖြစ်ကြောင်း စတင်ခံစားလာခဲ့ရပါတယ်။ လွှင့်ပစ်သင့်တာတွေလွှင့်ပစ်နိုင်ဘို့ အချိန်တိုင်းမှာ ကျွန်မရဲ့ “ခရီးဆောင်အိတ်”ကိုစိစစ်ရန် လေ့လာခဲ့ရပါတယ်။ အစဉ် ခရီးသွားမှာဖြစ်လို့ ပေါ့ပေါ့ပါးပါးပဲ သွားလိုခဲ့ပါတယ်။

အချိန်နဲ့သံသရာတွင်းမှာကြာမြင့်တဲ့လမ်းလွဲခြင်း၌စိတ်ကူးယဉ်ပုံပြင်ထဲကဇာတ်ကောင်တယောက်လိုပဲကျွန်မရောက်ရှိနေတယ်ဆိုတဲ့အသိတရားဟာဂိတ်အမြင့်များ၊သံဆူးကြိုးအကာအရံများနဲ့မဆုံးနိုင်တဲ့မိုင်ရှည်များရှိလင့်ကစားခရီးသွားဖော်များဆီရောက်နိုင်လိမ့်မယ်လို့ကျွန်မမှာစိတ်ခံစားမှုဖြစ်ပေါ်စေခဲ့ပါတယ်။သေချာပါတယ်။ဘယ်ကိုရှေ့ရှုပြီးဘယ်မှာဆုံးမယ်ဆိုတာမသိလင့်ကစားခရီးလမ်းပေါ်ရောက်နေကြတဲ့သူတွေဟာဘာသာစကားနဲ့ယဉ်ကျေးမှုများနည်းတူအချိန်နဲ့နေရာများကိုကျော်လွန်ပြီးနားလည်မှုရှိခြင်းဆိုတာနဲ့တဦးနဲ့တဦးဆက်သွယ်နေကြတယ်ဆိုတာကို သတိထားမိကြပါတယ်။
အညွှန်းမဲ့နယ်မြေကိုခရီးနှင်သူများဟာသစ္စာတရားနဲ့ရဲရင့်ခြင်းကိုသာဒိုင်းနဲ့လက်နက်သဖွယ်သုံးကာအမျိုးအမည်မသိစွန့်စားမှုအန္တရာယ်များရဲ့ဘုံအတွေ့အကြုံအပေါ်အခြေခံတဲ့အပြန်အလန်မျှဝေခံစားမှုများတည်ဆောက်ထားကြပါတယ်။ကျွန်မရဲ့လုပ်ဖော်ကိုင်ဘက်များနဲ့ကျွန်မဟာလွန်ခဲ့တဲ့အနှစ်၂၀ကျော်မှာကြမ်းတမ်းတဲ့ခရီးလမ်းကိုလျှောက်လှမ်းခဲ့ကြပါတယ်။တကမ္ဘာလုံးသိနေတဲ့စိန်အခေါ်ဆုံးတခုဖြစ်တဲ့ပြန်လည်နေရာချထားခြင်းနဲ့ပြန်လည်တည်ဆောက်ခြင်းများရဲ့တောင်အတက်လမ်းပေါ်မှာဂျပန်လူမျိုးများစတင်တက်နေကြတာကျွန်မတို့မြင်တွေ့ကြရတဲ့အခါကျွန်ုပ်တို့ဟာနက်နက်ရှိုင်းရှိုင်းအကြင်နာသက်ရရုံမျှသာမကအောင်မြင်မှုအပေါင်းရရှိစေကြောင်း စိတ်အားထက်သန်စွာဆန္ဒပြု ဆုမွန်ချွေသလိုက်ရပါတယ်။

ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်ဒုက္ခဆင်းရဲများနဲ့အခက်အခဲများကိုကျော်လွန်အောင်မြင်လာဘို့ဆန္ဒပြုဆုတောင်းသကဲ့သို့ဂျပန်လူမျိုးများလဲသူတို့ရဲ့ဒုက္ခဆင်းရဲများနဲ့အခက်အခဲများကိုကျော်လွှားအောင်ပွဲခံနိုင်ကြပါစေရန်ကျွန်ုပ်တို့လိုလားလျက်ပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာဖိနှိပ်ချုပ်ခြယ်ခြင်းလှိုင်းတံပိုးများကိုစီးနေကြရပါတယ်။အဆိုးဆုံးကာလများမှာတော့ညကဘယ်သူများအဆွဲခံလိုက်ရပြီလဲဆိုတဲ့ စုံစမ်းမှုနဲ့ နေ့စဉ်စတင်ခဲ့ကြရပါတယ်။ တနင်္လာနေ့များဟာ အထူးသဖြင့် ဆိုးရွားလှပါတယ်။ ကျွန်ုပ်တို့အဖွဲ့ဝင်များတဦးနဲ့တဦးဆက်သွယ်မှုခက်ခဲမဲ့စနေ၊တနင်္ဂနွေများမှာ လုံခြုံရေးတပ်များဟာ အန္တရာယ်ပေးမဲ့သူတို့ရဲ့လုပ်ငန်းများကိုလုပ်ကိုင်တတ်လို့ပါ။ကျွန်ုပ်တို့ရုံးနဲ့အိမ်ကဖုံးများနှစ်ပေါင်းများစွာ အဖြတ်ခံထားရပါတယ်။ကျွန်ုပ်တို့ရဲ့အတက်ကြွဆုံးရဲဘော်ရဲဘက်များရဲ့ ဖုံးများလဲအချိန်တိုင်း အဖြတ်ခံနေကြရပါတယ်။ဒါတွေကတော့လက်ကိုင်ဖုံးပေါ်ထွန်းမှုမတိုင်မီနေ့များဖြစ်ပါတယ်။ အချိန်များစွာ ဆုတောင်းနေခဲ့ရတာပါ။

သူတို့ရဲ့ကိုယ်ပိုင်အိပ်ရာတွေပေါ်မှာငြိမ်းချမ်းစွာအိပ်စက်နေနိုင်ဘို့တရားဥပဒေနဲ့လူမှုကျင့်ဝတ်များရဲ့သတ်မှတ်ချက်များမှသွေဖီကာအဆွဲခံရသူများရဲ့ သတင်းအချက်အလက်များကိုရနိုင်ရန် ကျွန်ုပ်တို့ရဲ့လူငယ်များကို ပြေးလွှားစုဆောင်းစေခဲ့ရပါတယ်။ ဒီလိုရက်စက်တဲ့စီရင်မှုများရှိနေတဲ့ရက်များအတွင်းကျွန်ုပ်တို့ရဲ့ ဆင်ခြင်တုံတရားနဲ့ရွှင်ပျဉာဏ်ခံစားမှုတွေ မူလအခြေမပျက်ထိဆက်မှုရှိအောင် အဘယ်အရာက စွမ်းဆောင်ပေးနိုင်ပါ့မလဲ။

ဒါဟာကျွန်ုပ်တို့ရဲ့ပြင်းထန်တဲ့စည်းလုံးညီညွတ်ခြင်းရဲ့ခံစားမှုဖြစ်ခဲ့ပါတယ်။ဘယ်လောက်ကြီးမားတဲ့ဖိနှိပ်မှုကိုမဆိုကျော်လွှားသွားဘို့ဒီခံစားမှုကကျွန်ုပ်တို့နောက်ကျောများကိုဖြောင့်မတ်ပေးခဲ့ပါတယ်။
ကျွန်ုပ်တို့ရဲ့စည်းလုံးညီညွတ်မှုကိုကပ်ဘေးသင့်ဂျပန်ဒေသတွင်းမှပြည်သူများကိုကျွန်ုပ်တို့ပေးပါတယ်။ပြန်လည်နလန်ထူရေးနဲ့ပြန်လည်အသစ်ဖြစ်ရေးခရီးကိုသွားနေတဲ့သင်တို့နဲ့အတူကျွန်ုပ်တို့အတူရှိနေပါတယ်။ဒီလအတွက်ပေးစာရဲ့အကြောင်းအရာကိုဆုံးဖြတ်ဘို့ကြိုးစားနေစဉ်မှာ ကျွန်မကိုယ်ကိုကျွန်မမေးခွန်းထုတ်ခဲ့ပါတယ်။ဒီလိုအချိန်မျိုးမှာယနေ့ဂျပန်ရဲ့အဓိကနေရာယူနေတဲ့အကြောင်းခြင်းရာနဲ့မဆီလျော်မဲ့ရေးသားမှုမျိုးဟာအံဝင်ပါ့မလားလို့။ဆူနာမီနဲ့သူရဲ့အကျိုးဆက်တို့နဲ့မသက်ဆိုင်တဲ့အကြောင်းအရာဟာ ဒုက္ခခံစားနေကြရတဲ့ ပြည်သူများအတွက် ကြိုဆိုစရာအပြောင်းအလဲဖြစ်စေပါ့မလားလို့။ပြီးခဲ့တဲ့လက‘တိရစ္ဆာန်များအကြောင်းစကားလက်ဆုံ၂’ကိုရွှေ့ဆိုင်းဘို့ဆုံးဖြတ်ခဲ့ပါတယ်။အခုလိုအရေးအခင်းဖြစ်ချိန်မှာတိရစ္ဆာန်အကြောင်းစမြှုံ့ပြန်ခြင်းဟာသင့်လျော်မယ်လို့မထင်လို့ပါ။နောက်လလို့စဉ်းစားခဲ့ပါတယ်။အဲဒီနောက်လဆိုတာ အခုအချိန်ပေါ့။ ကျွန်မလက်တွန့်နေပါသေးတယ်။ သင့်တော်ပါ့မလားလို့။

အခုလိုအချိန်မျိုးမှာဂျပန်ပြည်သူတွေဖတ်ချင်မဲ့အတွေးအမြင်မျိုးကိုကွန်မမှာရှိနိုင်ရင်ကောင်းမယ်လို့သိမြင်ခဲ့ရပါတယ်။ကျွန်မရဲ့စာဖတ်ပရိသတ်များကကျွန်မရဲ့စာများဟာသူတို့ကိုဘယ်လိုအကောင်းဆုံးကူညီနိုင်မလဲဆိုတာ ကျွန်မကိုအသိပေးနိုင်ကြပါ့မလားရှင်။
ဒေါ်အောင်ဆန်းစုကြည်
၂၀၀၁၁ မေလ ၂၃
မိုင်အိနိချိ သတင်း
(ဂျပန်နိုင်ငံ ၂၀၀၁၁ မေလ ၂၃ ထုတ် မိုင်အိနိချိသတင်းစာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့
TRAVELLERS”ဆောင်းပါးကို ဘာသာပြန်ပါသည်။)
မောင်မောင်လှကြိုင်
၂၀၀၁၁ မေလ ၂၅

Wednesday, May 25, 2011

0 NLD မှ ခရီးသွားလုပ်ငန်းနှင့်ပတ်သတ်၍ ထုတ်ပြန်ကြေငြာချက်

nld

0 အစာငတ်ခံ ဆန္ဒပြနေသော နိုင်ငံရေးအကျဉ်းသား (၇) ဦး တိုက်ပိတ်ခံရ


၂၀၁၀ ခုနှစ် မေလ ၂၂ နေ့တွင် တောင်းဆိုချက် အကျဉ်းသား ရပိုင်ခွင့်များဖြစ်သော တောင်းဆိုချက် (၆) ချက်တောင်း၍ အစာငတ်ခံဆန္ဒပြနေသော အကျဉ်းသားများအနက် (၇) ဦးကို အင်းစိန်ထောင်ရှိ အပြင်းထန်ဆုံး ညဉ်းပန်းနှိပ်စက်ရာ စစ်ခွေးတိုက်သို့ယမန်နေ့မှစ၍ ပြောင်းရွှေ့ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း မိမိတို့ အေအေပီပီ မှ သိရှိရပါသည်။

၎င်းတို့မှာ
အောင်ကျော်စိုး(ခ)ဖိုးခွား ဦးရွှေစိုး ၂၅ နှစ်
ညီညီထွန်း ဦးသန်းစိုး ၁၃ နှစ်။
ဥာဏ်ထွန်းလင်း(ခ)ဥာဏ်ကြီး ဦးမြသိန်း ၂၂ နှစ်
စိုးမိုးထွန်း ဦးတင်ထွန်း ၈ နှစ်
ဇော်နိုင်ထွန်း ဦးဖေ၀င်း ၃ နှစ်
ဝသုဒ္ဓ(ခ)၀ဏ္ဏဌေး ဦးဝင်းဦး ၅ နှစ်
ရေ၀တ(ခ)ရဲမင်းချောင် ဦးစံထွန်း ၉ နှစ်
တို့ဖြစ်သည်။

ကျန်နိုင်ငံရေးအကျဉ်းသားများကို ထောင်ပြောင်းရွှေ့မည်ဟု သိရှိရပါသည်။

No. Name Father's Name Section of Law Sentenced Organization Prison Address Arrested Date
1 Aung Kyaw Soe U Shwe Soe 505/b, 420, 112, 468 25 years Former AASYC Ann Police Station Arakan 24-Apr-09
2 Nyi Nyi Tun @ Mee Dote U Than Soe 17/1, 13/1, 6/1, 505/b 3+5+3+2= 13 Yrs Editor, Poet Insein S/Dagon, Rangoon 14-Oct-09
3 Soe Moe @ Soe Moe Tun U Tin Tun 13/1, 17/1 5+3= 8 yrs Activist Insein Bahan, Rangoon 14-Oct-09
4 Nyan Lin Tun U Mya Than N/A 28 yrs Student Insein Irrawaddy 11-Sep-07
5 Zaw Tun Naing U Phay Win 7 3 yrs AASYC Insein Sittwe, Arakan 4-Sep-09
6 U Vithoddi @ Wunna Htay U Win Oo 6, 505/b 5 yrs Monk Insein Zawtikayone, Pakokku, Magwe 28-Aug-09
7 U Yayvata @ Ye Min Naung U San Tun 6, 13/1 9 yrs Monk Insein Ahnout Ngwetaung, Chauk, Magwe 17-Aug-09


နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်…

ကိုတိတ်နိုင်(အတွင်းရေးမှုး) +၆၆(၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည်(တွဲဖက်အတွင်းရေးမှုး) +၆၆(၀) ၈၁ ၉၆၂ ၈၇၁၃


Thanks N Regards,

Assistant Association for Political Prisoners (Burma)
Office Ph: 66-55-545495
Web: http://www.aappb.org/, http://www.fbppn.net/

0 မြန်မာ့အလင်း သတင်းစာအရမင်းတြားကြီး အနားမယူသေး


ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာအရမူ မင်းတြားကြီး အနားမယူသေးသည်ကို ဓာတ်ပုံများနှင့်တကွ တွေ့မြင်ရသည်။ သို့သော် ကိုယ်ပျောက် မင်းတြားကြီး အသွင်ဆောင်ထားသဖြင့် ဓာတ်ပုံထဲတွင် မင်းတြားကြီးကို တွေ့မြင်ရခြင်း မရှိပေ။

ဘုရင် မင်းတြား၏ ရာဇပလ္လင်ကြီး အစိုးရထုတ် သတင်းစာများတွင် ပေါ်ထွက်လာခြင်း၊ သမ္မတ ဦးသိန်းစိန်၏ နောက်တည့်တည့်မှနေ၍ တန်ခိုး ဣဒ္ဓိပါဒ်ဖြင့် ကိုယ်ယောင်ဖျောက်ကာ "ကိုယ်ပျောက် မင်းတြားကြီး" အဖြစ် ရာဇပလ္လင်ပေါ်တွင် မိန့်မိန့်ကြီး ဆောင့်ကြောင့် ထိုင်နေသည်ကို ဓာတ်ပုံများတွင် တွေ့ရခြင်း တို့ကြောင့် မင်းတြားကြီး အနားမယူသေးသည်မှာ အမှန်ပင် သေချာကြောင်း၊ မြန်မာ့အရေး အကဲခတ်များက သုံးသပ်ကြသည်။

ဒီမိုဖက်တီး(Facebook)

Tuesday, May 24, 2011

0 အားလုံးစုစည်းနေရင်ဘာမှမဖြစ် (အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချမ်း၊ ဇေယျာသော်)


အားလုံးစုစည်းနေရင် ဘာမှမဖြစ်....

ငါတို့ လက်တွဲလျှောက်လာခဲ့တာက သုံးယောက်

နောက်တစ်ယောက်ထပ်ရောက်လာတော့ အားလုံးပေါင်း လေးယောက်

ငါတို့ တွေ့ ခဲ့ကြတာ ၀ါသနာတူတွေမို့ 

ညီအစ်ကိုအရင်းတွေအတိုင်းဘဲချစ်ခင်ကြတယ် ငါတို့ 

ဘာလာရှုပ်ညာတာမဟုတ်

ဘာမှမလုပ်နဲ့ ညှာမှာမဟုတ်ဘူး

မြေမှာဒူးထောက်ကာ အထူးတောင်းပန်လည်း ငါမကျေပါဘူး

မပြောနဲ့ မဆိုနဲ့  မကြိုက်ဘူး

လေနဲ့ ထိတောင်မခံဘူး

ငါနေတော့ရူး မနေတော့ဘူး ငါမင်းတို့ ကြားမှာမနေတော့ဘူး

တစ်နေ့ တစ်နေ့ အတင်းချကြ လေကုန်တော့အိပ်မောကျ

ဒါတွေအားလုံးဂရုမစိုက်ဘဲနဲ့  ရှေ့ ဆက်ကြမယ်ငါတို့ 

ဘာ့ကြောင့်လာကာရှုပ် ကိုယ်နဲ့ မဆိုင်ဘဲဘာလာလုပ်

မမြှောက်ပါနဲ့  ငါမမြောက်ပါဘူး

ခြောက်လှည့်လည်း ငါမကြောက်ပါဘူး

အသေအချာအထူး မဖြေမရှာဘူး

မင်းတို့ တွေက မရေရာဘူး လေမှာမြူး

စိတ်ကူးတဲ့အလုပ်တွေ ငါတို့ မလုပ်ဘူး

အကုန်လုံး ထ ကကြ စိတ်ဓာတ်တက်ကြွဖို့ 

အခန်း (၇)သင်ခန်းစာ နားထောင်လိုက်ကြပါစို့ ....
(ရန်ရန်ချမ်းတစ်ခုခုသာဖြစ် ငါတို့ ရမှာကအပြစ်

အားလုံးစုစည်းနေရင်ဘာမှမဖြစ်)

အတင်းအဖျင်းပြောတဲ့လူတွေ စကားတွေ ဘေးဖယ်ပြီး ရှေ့ ဆက်

ခေါင်းထဲကနေ အခုထွက်

နားထဲမှာလေကန့် လန့်  ဖွင့်ဟ၀န်ခံမပြောရဲ

နောက်ကွယ်ကနေကြိုးဆွဲ

ယှဉ်ပြိုင်ရင်ဆိုင်နိုင်ဖို့ အတွက်တော့ မင်းတို့ မကြိုးစားနဲ့ 

ရင်ဆိုင်ပြီးတိုက်ခိုက် ယှဉ်ပြိုင်ပြီးလိုက်လိုက်

တစ်သွေးတစ်သားတည်းကဲ့သို့  ညီညွတ်နေတော့ဂရုစိုက်

ငါတို့ အားလုံးညီအစ်ကိုရင်းလို ကြင်နာစိတ်တွေအမြဲရှိ

သွေးသောက်ရဲဘော်စိတ်တွေရှိကာ မင်းတို့ မယုံရင်ကြည့်

တစ်ယောက်တစ်ပေါက်ခွဲထွက်ပြီးတော့ လုပ်ချင်ရာကို ဘယ်တော့မှမလုပ်

အားလုံးစုစည်းပြီးတော့မှသာ လုပ်သင့်တာကိုလုပ်

လေနဲ့ ထိတောင်မခံနဲ့ ဦး ပြောခဲ့ဖူးတာအသေချာဆုံး

ငါထပ်ပြောမယ်နားထောင်ဦး သတ္တိရှိရင်စိန်ခေါ်ဦး

လူမိုက်အဖြစ်နဲ့ အမြဲတမ်း

ရပ်တည်နေတဲ့ဘုဂလန့် များတော့မဟုတ်

သွေးစည်းညီညွတ်ခြင်းကိုသာ ပြသချင်တဲ့ငါတို့ အလုပ်

ညီအစ်ကိုအရင်း ခင်မင်ခြင်း

ရိုင်းပင်းကူညီခြင်းတွေပြည့်နှက်နေတယ် အမြဲမပျက်

အခက်အခဲအားလုံးစုရှင်းလျက်....


(ဟိန်းဇော်တစ်ခုခုသာဖြစ် ငါတို့ ရမှာကအပြစ်

အားလုံးစုစည်းနေရင်ဘာမှမဖြစ်)

အားလုံးပေါင်းစပ်ပြီးတော့မှ ငါတို့ တွေက

အက်စစ်တွေဆိုပြီးတော့ဖြစ်ပေါ်လာရ

သိလား

အခုငါတို့ စုစည်းခဲ့အင်အားဘဲ

ငါပြောမယ်ဘယ်သူလဲ ဒီအဖွဲ့ ကိုလာယှဉ်မလဲ

တစ်ယောက်ရဲ့ လုပ်ကိုင်မှုက မှားနေခြင်း

နောက်တစ်ယောက်က ပြင်ဆင်ပြီးတော့ဖြေရှင်း

ပြောလိုက်

ငါတို့ စုစည်းနေတော့အပြစ်မမြင်

နောက်ပြီး ရည်းစားတွေထက်လည်း ငါတို့ ပိုချစ်ခင်

သိပ်ခက်တဲ့အလုပ်တွေနဲ့  ဖြစ်ပျက်မှုတွေလည်း

အားလုံးစုစည်းပြီးတော့ဘဲ ငါတို့ တွေဖြေရှင်းခဲ့

အာရုံထဲကထုတ်ပစ် မင်းတို့ ရဲ့ အတွေးတွေလည်း

ဘယ်တော့မှမပျက်နိုင်တဲ့ ငါတို့ ရဲ့ ခင်မင်မှုဘဲ

ပိတ်ထား

မင်းတို့ ပါးစပ်လည်း ဘယ်သူမှလည်းခွဲလို့ မရဘဲ

ငါတို့ ထဲက တစ်ယောက်ယောက်ကို လာထိရင်

အက်စစ်နဲ့ လောင်မြိုက်ခံရမယ်ဆိုတာ မင်းတို့ သိစေချင်....


(ဇေယျာသော်တစ်ခုခုသာဖြစ် ငါတို့ ရမှာကအပြစ်

အားလုံးစုစည်းနေရင်ဘာမှမဖြစ်)

ဟေ့ကောင် ဟေ့ကောင် မလုပ်နဲ့  ရန်ရန်ချမ်းဆိုတာငါတို့ လူဘဲ

အရိုးသားဆုံးဟာသူဘဲ

လမ်းဘေးစရိုက်ကို သူ မကြိုက်

ညီအစ်ကိုချင်း ရိုင်းစိုင်းသည့်စိတ်မရှိ

စိတ်ပုတ်တာအလွန်ကင်း လိမ်ညာတာရှင်း ဒါက ဂုဏ်ယူစရာသတင်း

ငါတစ်ခုတွေးကြည့်

ဆန်းပြားသည့်အသံ မင်းပါးစပ်က အခုထွက်ပေါ်လာပြန်

ဟိုအရင်တုန်းကလူတွေ မလုပ်တဲ့အသံကို အခုသူလုပ်ပစ်

ငါ့မှာဝမ်းသာမိတာ စိတ်အတွင်းငါဖြစ်မိ

ကဲ အခု ငါတို့ ရန်တွေ ထ ဖြစ်

ရန်ရန်ချမ်းကိုထိလို့  ငါတို့ ပြန်လုပ်ကြ ငါတို့ ထူးခြားတာတွေရှိ

အဲဒါက ညီအစ်ကိုချင်းတွေအခက်အခဲရှိရင် ဘယ်အချိန်မဆိုရိုင်းပင်းရမယ်

ငါ့ဆိုရင်သူကူညီပြီး

ဇေယျာသော်နဲ့ ဟိန်းဇော် ငါ့မှာအလိုရှိ

အမြဲလိုလိုအခုငါ့မှာ ကျေးဇူးတင်နေမိ

ဒီတော့ ငါတို့ အားလုံးစုစည်းနေရင်ကောင်းမှာပေါ့

အခန်း (၇)သင်ခန်းစာ ငါပြောမယ်မင်းတို့ နားထောင်တော့....


(အနဂ္ဂတစ်ခုခုသာဖြစ် ငါတို့ ရမှာကအပြစ်

အားလုံးစုစည်းနေရင်ဘာမှမဖြစ်)


အက်စစ်တစ်ခုခုသာဖြစ် ငါတို့ ရမှာကအပြစ်

အားလုံးစုစည်းနေရင်ဘာမှမဖြစ်

အက်စစ်တစ်ခုခုသာဖြစ် ငါတို့ ရမှာကအပြစ်

အားလုံးစုစည်းနေရင်ဘာမှမဖြစ်....


စာသား။ အနဂ္ဂ၊ ဟိန်းဇော်၊ ရန်ရန်ချမ်း၊ ဇေယျာသော်


ACID အခွေမှ ကူးယူဖော်ပြပါသည်။


၂၁ ရက်၊ မေလ၊ ၂၀၁၁ ထုတ်၊ နံနက်ခင်းသတင်းဂျာနယ်၊ ဇေယျာသော်နှင့် အင်တာဗျူးမှ

ဓာတ်ပုံဖြစ်ပါသည်။


ဟိန်းဇော်မှာ ကွယ်လွန်သွားပြီဖြစ်ပါသည်။


aung myo tun

0 မြန်မာနိုင်ငံဘယ်ကိုသွားမလဲ

၁၆- ၅- ၂၀၁၁ ရက်နေ့ ညပိုင်းက မြန်မာ့အသံ၊ ရေဒီယိုနဲ့ ရုပ်မြင်သံကြားသတင်းက ထုတ်လွှင့်သွားတဲ့
သမ္မတသစ်ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြေငြာချက်ကတော့ သာမန်မြန်မာပြည်သူများနဲ့ မြန်မာ
နိုင်ငံရဲ့ နိုင်ငံရေးအဖွဲ့ အစည်းများ၊ ကုလသမဂ္ဂအပါအ၀င် မြန်မာ့ဒီမိုကရေစီဖြစ်ထွန်းရေးကို လိုလားကြတဲ့
ကမ္ဘာ့ နိုင်ငံများအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရတဲ့သတင်းဘဲဖြစ်ပါတယ်။

အစိုးရသစ်စတင်ဖွဲ့ စည်းတဲ့နေ့ က ပြောကြားခဲ့တဲ့ သမ္မတရဲ့ ပထမဆုံးမိန့် ခွန်းပါ အချက်အလက်များအပေါ်ထားတဲ့ မျှော်လင့်ချက်များကိုလည်း မှေးမှိန်သွားစေသလိုပါဘဲ။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံများ၊ မြန်မာ့နိုင်ငံရေးပါတီများက ဦးစားပေး တိုက်တွန်း ပြောဆိုနေတဲ့ အဓိကအချက်က ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော် လွှတ်ပေးရေးဆိုတဲ့ ကိစ္စဘဲဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းကို စတင်ဖော်ဆောင်ခြင်း
ပြယုဂ်အဖြစ်လည်းကောင်း၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ အဆင်ပြေနိုင်တဲ့လမ်းစကို စတင်နိုင်ခြင်း
အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအပေါ်အရေးယူထားတဲ့ စီးပွားရေးပိတ်ဆို့ မှုများကို ရုတ်သိမ်းရေးအတွက်
လည်းကောင်း ဆက်စပ်ပက်သက်နေလို့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများအတွက် အရေးကြီးလှပါတယ်။

မြန်မာနိုင်ငံဟာ LDC လို့ ခေါ်တဲ့ ဖွံ့ ဖြိုးမှုနိမ့်ကျတဲ့ ၄၈နိုင်ငံများထဲမှာ ပါဝင်နေပေမယ့် မြန်မာနိုင်ငံရဲ့ 
လူ့ အခွင့်အရေးအခြေအနေဖိနှိပ်မှုများနဲ့ မြန်မာနိုင်ငံအစိုးရများရဲ့ ဆောင်ရွက်မှုများကို နိုင်ငံတကာအဖွဲ့ အစည်းအသိုင်းအ၀ိုင်းက မနှစ်သက်ကြလို့  LDC နိုင်ငံများရရှိတဲ့ ကူညီထောက်ပံ့မှုများကို န.အ.ဖ. သက်တမ်းတလျှောက် နှစ်၂၀ ခန့် နဲ့ ယနေ့ ထက်ထိ မရရှိသေးပါဘူး။ ဒီတစ်နှစ်စာအတွက် ရရှိမယ့် အကူအညီဟာလက်ရှိမြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ တစ်နှစ်ရောင်းချရငွေပမာဏလောက်ရှိပါတယ်။ အိမ်နီးချင်းလာအိုနိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ မှာ တစ်နှစ်အတွက် လူတစ်ဦးစီကို အမေရိကန် ၄၅ ဒေါ်လာမှ ၅၅ ဒေါ်လာကြား နိုင်ငံ့လူဦးရေအားလုံးအတွက် ထောက်ပံ့ကူညီမှုရရှိပါတယ်။

ဒီ ထောက်ပံ့ငွေပမာဏဟာ မြန်မာနိုင်ငံရဲ့ နိမ့်ကျနေတဲ့ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အသုံးစရိတ် တွေအတွက် သုံးစွဲနိုင်ရင် ပြည်သူများအတွက် အထိုက်အလျှောက် အဆင်ပြေနိုင်တဲ့ပမာဏဘဲ ဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်းမှာဆွေးနွေးနေတဲ့ ကျေးလက်ဒေသဖွံ့ ဖြိုးရေးနဲ့ ဆင်းရဲနိမ့်ကျမှုလျော့ပါးရေးလုပ်ငန်းများ
အတွက် အမှန်တကယ်လက်တွေ့ ကျတဲ့ဆောင်ရွက်မှုတွေကို ထိရောက်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဥရောပသမဂ္ဂနိုင်ငံများထဲက ဂျာမဏီနဲ့ ပြင်သစ်တို့ အပါအ၀င် နိုင်ငံတချို့ ဟာလည်း မြန်မာနိုင်ငံကို ထိတွေ့ ဆက်သွယ်ကုန်သွယ်မှုမလုပ်နိုင်ရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ လက်ဝါးကြီးအုပ်ကြီးစိုးမှုအောက် ရောက်ရှိမှာကို တွေ့ မြင်နေလို့  ထိတွေ့ ဆက်ဆံကုန်သွယ်လိုပေမယ့် သူတို့ လုံးဝလက်မခံနိုင်တဲ့ အဓိကအချက်ဟာနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ကို ဖမ်းဆီးထားတဲ့ကိစ္စပါဘဲ။
အရင်က တရုတ်တစ်နိုင်ငံထဲကိုသာ မှီခိုအားထားခဲ့တဲ့ ဗီယက်နမ်နိုင်ငံဟာ အခုတော့ သူတို့ နည်းသူတို့ ဟန်နဲ့ တရုတ်သြဇာခံအဖြစ်မှ ခွာထွက်လာနေပါပြီ။ ဗီယက်နမ်ဟာ သူ့ ရဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးကို ကောင်းမွန်အောင်မြှင့်တင်ပြီး အမေရိကန်အပါအ၀င် ဥရောပသမဂ္ဂ၊ အာဆီယံတို့ နဲ့ ပူးပေါင်းပြီး ရင်းနှီးမြုပ်နှံမှုနဲ့ ကုန်သွယ်စီးပွားရေးကို တိုးတက်ကောင်းမွန်အောင်လုပ်ဆောင်ပြီး တရုတ်တစ်နိုင်ငံထဲရဲ့  သြဇာခံဘ၀ကနေ ရုန်းထွက်နေပါပြီ။
မြန်မာနိုင်ငံမှာတော့ အရင် န.အ.ဖ. ခေါင်းဆောင်များဟာ သူတို့ အစိုးရရပ်တည်နိုင်ရေးအတွက် တရုတ်နိုင်ငံကိုသာ အဓိကအားကိုးလာရာက တဖြည်းဖြည်းနဲ့ အခုအခါမှာဆိုရင် တရုတ်ရဲ့ သြဇာကို မဖယ်ရှား မလွန်ဆန်နိုင်တဲ့အခြေအနေဖြစ်လာနေတာ၊ “၀” ဒေသမှာဆိုရင် သိသိသာသာဖြစ်လာနေပါပြီ။ လက်နက်ကိုင်တပ်စွဲထားတဲ့ “၀”နယ်မြေကို မြန်မာစစ်တပ် မ၀င်ရောက်နိုင်တာ၊ မထိတို့ နိုင်တာက တရုတ်တို့ တားမြစ်ထားတဲ့အတွက်ဘဲ ဖြစ်ပါတယ်။
အခု န.အ.ဖ. အဖွဲ့ ကနေ အရပ်ဝတ်ပြောင်းလာတဲ့ စစ်ဘက်ခေါင်းဆောင်အများစုပါဝင်တဲ့ ကြံ့ဖွံ့ အစိုးရလက်ထက်မှာလည်း ဒီအကြပ်အတည်းဟာ နယ်မြေဒေသကို ဆုံးရှုံးခံနေရတဲ့ အခြေအနေမျိုး ဖြစ်နေပါတယ်။ တရုတ်ဟာမြန်မာစစ်တပ်ကိုလည်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုတဲ့ခေါင်းစဉ်တပ်ပြီး ချဉ်းကပ်လာနိုင်မယ့်အရိပ်အယောင်တွေတွေ့ လာနေရပါတယ်။ “၀” ဒေသမှာလည်း သတ္တု သယံဇာတတွေ ကို တရုတ်ကုန်သည်တွေက ဈေးပေါပေါနဲ့ ဝယ်ယူမှုတွေလုပ်လာနေပါပြီ။

ယခုလာမယ့် ရက်အနည်းငယ်အတွင်းမှာလည်း အစိုးရသစ်အဖွဲ့ ရဲ့ သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို
သွားရောက်မှာဖြစ်ပြီး စီးပွားရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေးဆိုတဲ့ခေါင်းစဉ်တွေကို တရားဝင် ဖော်ပြဆွေးနွေးမှာ ဖြစ်ပေမယ့်တရုတ်နယ်စပ်နဲ့ ထိစပ်နေတဲ့နယ်မြေတွေမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ ကို တိုက်ခိုက်ဖို့ တရုတ်ရဲ့ ခွင့်ပြုချက်ယူရမယ့်ကိစ္စလည်း ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံကို တဖြည်းဖြည်းနဲ့ ချုပ်ကိုင်လာနေတဲ့ တရုတ်တစ်နိုင်တည်းကိုဘဲ အဓိကမှီခိုပြီး သြဇာခံနေရမယ့်လမ်းကြောင်းမှ စွန့် ခွာလို့ နိုင်ငံတကာနဲ့ ရင်းနှီးအဆင်ပြေနိုင်မယ့် လမ်းကြောင်းကိုပြောင်းလဲနိုင်အောင်ပထမခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများကို တစ်ဆင့်စီ အမြန်ဆုံး လုံးဝလွှတ်ပေးပြီး မြန်မာနိုင်ငံအတွက်ရေရှည်အကျိုးစီးပွားဖြစ်ထွန်းနိုင်မယ့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ ရင်းရင်းနှီးနှီးဆက်ဆံနိုင်ဖို့ မူဝါဒနဲ့ အခြေအနေကို ဖန်တီးသင့်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လုံခြုံမှုနဲ့ တကွ ဖွံ့ ဖြိုးတိုးတက်အာင် အဓိကဖော်ဆောင်နိုင်မှာကတော့ စစ်အင်အား၊ လက်နက်အင်အားဖြင့်သာမဟုတ်ဘဲ ပြည်တွင်းစည်းလုံးညီညွတ်မှု၊ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာနဲ့ ပြေပြစ်ချောမွေ့ တဲ့ဆက်ဆံမှု၊ ကုန်သွယ်ရင်းနှီးမြုပ်နှံမှုတို့ နဲ့ သာ ဖြစ်နိုင်ပါလိမ့်မယ်ခင်ဗျား...။

S ခင်ဇိုင်

Monday, May 23, 2011

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးဌာန နဲ့ ပြင်ပဓါတ်ပုံအနုပညာရှင်များ ပူပေါင်းပြုလုပ်တဲ့ ”အလင်းနှင့်ရေးတဲ့ပန်းချီ ” ဓာတ်ပုံပြပွဲ


ယနေ့  မနက် (၁၀) နာရီက ရွှေဂုံတိုင်ရှိ အဖွဲ့ချုပ်ရုံး၌ ပြင်ပဓါတ်ပုံပညာရှင်များနဲ့ အဖွဲ့ချုပ်မှ ဓါတ်ပုံဝါသနာရှင်များ ပူးပေါင်းပြီး ဓါတ်ပုံပြပွဲ ခင်းကျင်းပြသခဲ့ပါတယ်။ ပြပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အထွေထွေအတွင်းရေးမှုး) ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဓါတ်ပုံပြပွဲကဒ်တလောက်များကို ဒေါ်အောင်ဆန်းစုကြည်မှ အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့ပါတယ်။ ဓါတ်ပုံများကို အမှတ်တရအဖြစ် ၀ယ်ယူသိမ်းဆည်းလိုသူများအတွက် ဓါတ်ပုံတပုံလျှင် (ကျပ်၅သောင်း) နှုန်းဖြင့် ရောင်းချပေးပါတယ်။ ရောင်းရသောငွေကြေးများကို ဓါတ်ပုံပညာရှင်များမှ အဖွဲ့ချုပ်သို့ အထွေထွေရန်ပုံငွေအဖြစ် လှုဒါန်းပေးအပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်းယူနေစဉ် အချိန်အတွင်းမှာပင် ဓါတ်ပုံမြတ်နိုးသူများမှ ဓါတ်ပုံ (၇) ပုံ ၀ယ်ယူအားပေးသွားကြောင်း သိရှိရပါတယ်။ ကြွရောက်လာကြသော ဓါတ်ပုံပညာရှင်များ၊ ဧည့်သည့်တော်များနှင့် နိုင်ငံခြားဧည့်သည်များအား ကော်ဖီဖြင့် တည်ခင်း ဧည့်ခံခဲ့ပါတယ်။

ပြပွဲကို မေလ (၂၃) ရက်မှ (၂၅) ရက်နေ့အထိ နံနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်းသိရပါတယ်။

မှတ်ချက် ။ ။ ဒေါ်အောင်ဆန်းစုကြည်ပုံကို ကြည့်နေသော ဆံပင်ရှည်နှင့် သူမှာ မစ္ဈိမလှိုင်းတေးဂီတအဖွဲ့မှ ကိုရဲလွင် ဖြစ်ပါတယ်။ NLD လူငယ်များနှင့် တွဲရိုက်ထားသောပုံ၏ အလည်မှ အင်္ကျီအဖြူနှင့် လူငယ်မှာ မတရား အသင်း ဆက်သွယ်မှု ထောင် (၄) နှစ်ကျခံခဲ့ရသော HIP HOP အဆိုတော် ဇေယျာသော် ဖြစ်ပါတယ်။

(မျှဝေပေးပို့လာသော ဒီမိုဝေယံအား အထူးကျေးဇူးတင်ရှိပါသည်)။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.