ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။
မန္တလေး နန်းမြို့နှင့် ရေကျူံးသိပ်မကြာခင်က ဂျာနယ် တစ်စောင်က သတင်းတစ်ပုဒ် ဖတ်လိုက်ရတဲ့ အတွက် ရက်ပေါင်းများစွာ စိတ်ထဲမှာ ဖျောက်လို့မရအောင် စွဲထင်နေတယ်။ စိတ်လက်မ ကြည်မသာလည်း ဖြစ်ရတယ်။
ပွဲသဘင်ပေါတဲ့မြို့မန္တလေးမြို့မှာ ဒီနှစ်အငြိမ့်အဖွဲ့ နှစ်ဖွဲ့သာ ရှိတော့တယ်ဆိုတဲ့ သတင်းပါ။ မယုံနိုင် လောက် အောင် ကို အံ့သြမိတယ်။ ဖြစ်နိုင်ပါ့မလားလို့ အထပ်ထပ် စဉ်းစားကြည့်တယ်။ မန္တလေးကလူတွေကို ကိုယ်တိုင် မေးကြည့်တော့မှ ဟုတ်တယ...်ဆိုတာ မယုံချင်ဘဲ ယုံလိုက်ရတယ်။ ရှေးက မန္တလေးဆိုတာ မြန်မာပြည်က ဘယ်မြို့နဲ့မှ မတူအောင် ပွဲလမ်းသဘင်တွေ ပေါများတဲ့မြို့ဖြစ်တယ်။ ဆယ့်နှစ်လရာသီ ပွဲပြတ်တယ်မရှိဘူး။ ကိစ္စကြီးငယ်ရှိလို့ ညဘက် အသွားအလာလုပ်ရင် အငြိမ့်စင်တွေ ဇာတ်စင်တွေနဲ့ ပိတ်မနေတဲ့လမ်းကို အတော်ရှာပြီးသွားရတယ်။ မန္တလေး က ရပ်ကွက်တိုင်းမှာ ဘုရားတစ်ဆူ အနည်းဆုံးရှိတယ်။ တချို့ရပ်ကွက်ဆို နှစ်ဆူရှိတယ်။ ဘုရားပွဲ၊ ကထိန်ပွဲ၊ ဘာပွဲဖြစ်ဖြစ် အငြိမ့် တစ်ခုနဲ့ ဇာတ်တစ်ခုပါမြဲပဲ။ ပြီးတော့ ၂ရက် ကျင်းပမြဲဖြစ်တယ်။ တချို့ချမ်းသာ တဲ့ရပ်ကွက်ဆိုရင် အငြိမ့်နှစ်ခုလောက်ထိ ထည့်လေ့ရှိတယ်။
သဘင့်တက္ကသိုလ်ပွဲတွေများတော့ အငြိမ့်တွေ ဇာတ်တွေလည်း များတယ်။ အငြိမ့် အဖွဲ့ပေါင်း နှစ်စဉ် လေးငါးခြောက်ဆယ် ရှိတယ်။ ရုံနဲ့ကတဲ့ ဇာတ်ကြီးနဲ့ ကြည့်ချင်ပွဲကတဲ့ ဇာတ်ကလေးတွေလည်း အတော်များတယ်။ ရဟန်း၊ သံဃာများ စာဝါလိုက်ကြရာမှာ မန္တလေးမှာ လာပြီး စာမသင်ဖူးသေးရင် စာတတ်ပြီလို့ မယူဆကြဘူး။ အဲဒီလိုပဲ သဘင်သည်များလည်း မန္တလေးလာပြီး ပညာမဆည်းပူးရသေးရင် ပညာစုံပြီ၊ သဘင်သည် လားမြောက်ပြီလို့ မယူဆဘူး။ ဒါကြောင့် သဘင်လောကမှာ မန္တလေး ကို သဘင့်တက္ကသိုလ်လို့ ခေါ်လေ့ရှိတယ်။ ဒါတွေအပြင် တခြား ထူးခြားချက်တွေလည်း ရှိသေးတယ်။ ဥပမာ ဘုရားဆင်းတုတော် တွေထုလုပ်တဲ့ ကျောက်ဆစ် လုပ်ငန်း၊ ကြေးသွန်း လုပ်ငန်းနဲ့ နိဗ္ဗာန်ကုန် လို့ခေါ်တဲ့ ဘုရားထီးတော်၊ စိန်ဖူးတော်၊ ပလ္လင်တော်၊ မှန်စီရွှေချလုပ်ငန်း စတဲ့ လုပ်ငန်းတွေ အကြီးအကျယ် လုပ်တာဆိုလို့လည်း မန္တလေးတစ်မြို့ပဲရှိတယ်။ မန္တလေးမြို့မှာတောင် ဘုရားကြီးအရှေ့မုခ်နဲ့ အနောက်မုခ် ကျောက်ဆစ်တန်းတို့မှာပဲ လုပ်ကြတယ်။
အနုပညာမြို့တော်ဘုရားရွှေချတဲ့ ရွှေဆိုင်းလုပ်ငန်း ဆိုရင်လည်း မြန်မာပြည် ဘယ်အရပ်ဘယ်ဒေသ မှာမှ မရှိဘူး။ မန္တလေးက မျက်ပါးရပ်
တစ်ခုတည်း မှာပဲလုပ်တယ်။ မြန်မာပြည်အနှံ့က ဘုရားပုထိုးစေတီများ ရွှေချဖို့ မန္တလေးကပဲ မှာယူကြရတယ်။ ရှင် ပြု၊ နားသတွေမှာ ဝတ်ဆင်ကြတဲ့ မောင်ရင်လောင်းဝတ်စုံ၊ ဦးသျှောင်၊ မကိုဋ်၊ စလွယ်၊ ဟင်္သာခြေနင်းနဲ့ နားထွင်းသူ ဝတ်ဆင်ရတဲ့ ဒွါဒယာ ဘယက်နဲ့ စည်းပုံစတဲ့ ရွှေချည်ထိုး ပစ္စည်းများလည်း မန္တလေးက ရွှေချည်ထိုးရပ် တစ်ခုတည်းမှာပဲ လုပ်တယ်။ ဒါတွေကြောင့် ရှေးခေတ် အဆက်ဆက်ကပဲ မန္တလေးကို ယဉ်ကျေးမှု အနုပညာမြို့တော်လို့ ခေါ်ဆိုခဲ့ကြတယ်။
အလုပ်ကို စွန့်တယ် မန္တလေးကို မစွန့်ဘူးမင်းနေပြည်တော် အဖြစ်ကနေ ဒုတိယ မြို့တော်အဆင့်ကို လျှောကျ သွားပေမယ့် မန္တလေးသားတွေက ဝမ်းမနည်းဘူး။ မြန်မာ့ ယဉ်ကျေးမှု အနုပညာမြို့တော်အဖြစ်ရှိ နေရတာ ကိုပိုပြီး ဂုဏ်ယူကြတယ်။ ပိုပြီးမြတ်နိုးကြတယ်။ အစိုးရဝန်ထမ်းတွေ ရာထူးတက်ပြီး ရန်ကုန် ကို ပြောင်းရတယ် ဆိုရင် ရာထူးကို မယူဘဲ မန္တလေးမှာပဲ တွယ်ကပ်ပြီး နေကြတယ်။ ငြင်းမရဘူးဆိုမှ မန္တလေးက ခွာတယ်။ တချို့နောက်ခံ တောင့်တင်း သူများဆိုရင် အလုပ် ကိုစွန့်လိုက်တယ်။ မန္တလေးကိုမစွန့်ဘူး။ မန္တလေးသားတွေ မန္တလေး ချစ်တာကို ရန်ကုန်က လူတွေက နားမလည်နိုင်ကြဘူး။ အမြင်ကျဉ်းတယ်။ ဒေသစွဲကြီးတယ်လို့ ဆိုကြတယ်။
အမြင်ကျဉ်းတာမဟုတ်ဘူးအမှန်တော့ ဒေသစွဲကြီးတာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အနုပညာတွေကို ချစ်တာ၊ တွယ်တာ မြတ်နိုးတာဖြစ်တယ်။ အမြင်ကျဉ်းပြီး ငါမြို့မှငါ့မြို့၊ ငါ့လူမျိုးမှ ငါ့လူမျိုး ဆိုတဲ့ သဘောမရှိဘူး။ မင်းတုန်းမင်း တရားကြီး မန္တလေးမြို့ကို စတည်ကတည်းက အလောင်းမင်း တရားလက်ထက်မှာ ဖမ်းဆီး ခေါ်ဆောင်လာခြင်းခံခဲ့ရတဲ့ ယိုးဒယား လူမျိုး လက်မှုပညာသည်တွေနဲ့ သဘင်ပညာရှင်တွေကို ရပ်ကွက်တည်ပေးပြီး စုဝေးနေထိုင်စေခဲ့တဲ့ အတွက် မြန်မာတွေနဲ့ ထွေးရော ယှက်တင် နေခဲ့ကြတယ်။ ပသီမျိုး နွယ် အစ္စလာမ်ဘာသာဝင်များ အတွက်လည်းရပ်ကွက်တွေ တည် ပေးပြီး ဗလီကျောင်းကြီးတွေ တခမ်းတနားဆောက်လုပ်နေထိုင် စေခဲ့တယ်။ အမေရိကန်သာသနာ ပြုဆရာ ဒေါက်တာမတ်ကြီးကို လည်း သာသနာပြုခွင့်ပေးရုံမက စာသင်ကျောင်းပါဆောက်ပေးပြီး စာသင်စေခဲ့တယ်။ အဲဒီကျောင်းမှာ သားတော်တွေကို အပ်နှံပညာသင် ကြားစေခဲ့တယ်။
ဆွေလိုမျိုးလိုနေကြမန္တလေးမှာ ရတနာပုံ နေပြည်တော်သတင်းစာ ထုတ်ဝေတော့လည်း တရုတ်လူမျိုး ဦးအဟီးကို အယ်ဒီတာခန့်ပြီး ဘိုးဝဇီရနဲ့ အတူ လုပ်ကိုင်စေခဲ့တယ်။ မြန်မာလူမျိုးများ ဟာ ရှေးဟောင်း အစဉ်အဆက် ကတည်းက ဘာသာခြားတွေ၊ လူ မျိုးခြားတွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေခဲ့ကြတာ ဖြစ်တယ်။ ဇာတ်ခွဲတာတွေ ခွဲခြားဆက်ဆံတာ တွေ မရှိဘူး။ အားလုံးကို ဆွေမျိုးလိုပေါင်းသင်းတယ်။ သဘာဝကိုက ခင်မင်တတ်တော့ ဘယ်သူ့ကိုမဆို ဖော်ဖော်ရွေရွေ ဆက်ဆံတယ်။ အဲဒီတော့ ဘာသာခြား လူမျိုးခြားတွေကလည်း တုံ့ပြန်ပြီး ခင်ခင်မင်မင်နဲ့ ဆွေမျိုးလို ဆက်ဆံကြတယ်။ ကျွန်တော်တို့ ခပ်ငယ်ငယ်အချိန် ရောက်တော့ ဘာသာခြား လူမျိုး ခြားရယ်လို့တောင် မထင်မှတ်ကြတော့ဘူး။ အားလုံး ရောရောနှော နှောနဲ့ သူ့အိမ်ကိုယ်ဝင်စား၊ ကိုယ့်အိမ်သူဝင်စား ဖြစ်နေကြပြီ။ ကျွန်တော်တို့အိမ်ရဲ့ဘယ်ဘက်မှာ ဘောလုံးကန်ဖက် သူငယ်ချင်း နန်ဒူးတို့ အိမ်ရှိတယ်။ သူက ဟိန္ဒူလူမျိုး ဖြစ်တယ်။ ညာဘက်ကတော့ တရုတ်လက်ဖက်ရည်ဆိုင်ဖြစ်တယ်။ အဖေ တစ်ခု သမီးတစ်ခု နေကြတာမို့ ကျွန်တော် တို့ကိုပဲ ဆွေမျိုးလို မှတ်ယူထားကြတယ်။
ဗမာတွေဖြစ်ကုန်ကြအိမ်နောက်ဘက်မှာနေတဲ့ သူငယ်ချင်းထွန်းကြည်၊ ထွန်းလှ၊ ထွန်းအေးတို့ကျတော့ အစ္စလာမ် ဘာသာဝင်တွေ။ ဒါပေမဲ့ လဖုန်းကျောင်းမှာ အတူနေကြတာဆိုတော့ အမြဲတမ်း လည်ပင်းဖက် နေခဲ့ကြသူတွေ ဖြစ်တယ်။ တချို့များဆို တရုတ်ရယ်၊ ကုလားရယ်လို့ အခေါ်သာ ရှိတော့တယ်။ တရုတ်စကား၊ ကုလားစကားတောင် တတ်ကြတော့တာ မဟုတ်ဘူး၊ အားလုံး ဗမာစကားပြောပြီး ဗမာတွေ ဖြစ်ကုန်ကြတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ့်ရပ်ကွက်ထဲ ရောက်လာ ကြသူတွေက ဗမာစကား တစ်လုံးမှ မတတ်ကြလေတော့ ဘယ်သူနဲ့မှ အပေါင်းအသင်း မလုပ်ဘူး။ အုတ်တံတိုင်း အမြင့်ကြီးတွေ ကာရံပြီးသူတို့ဟာ သူတို့သီးခြားနေ ကြတယ်။ လမ်းမှာတွေ့လို့ ကိုယ်က ဗမာ့ထုံးစံအတိုင်း ပြုံးပြရင်လည်း မျက်နှာထားတင်းတင်းနဲ့ မတူသလိုမတန်သလို ကြည့်ပြီး မျက်နှာလွှဲသွားကြတယ်။ သူတို့က လာမရော သလို သူတို့ကို လာရောတာလည်း မကြိုက်ဘူး။
သူတို့လူများစုဘယ်သူနဲ့မှမရောဘဲ ခပ်တင်းတင်း နေနိုင်မှာပေါ့။ သူတို့လို လူမျိုးတွေက နေရာတိုင်း ရပ်ကွက် တိုင်း မှာ လက်ညှိုးထိုးမလွဲ ရှိနေကြတာကိုး။ တချို့ရပ်ကွက်တွေဆို သူတို့တောင် လူများစု ဖြစ်နေသေးတယ်။ မူလက သောင်းဂဏန်းလောက်သာ တန်ဖိုးရှိတဲ့အိမ်တွေ မြေတွေကို သူတို့က သိန်းရာချီပေးပြီး ဝယ်ကြလေတော့ ရွာခံမြို့ခံတွေက ရောင်းပြီး မြို့သစ်တွေဘက် ပြောင်းကုန်ကြတယ်။ နောက်တော့ ရာဂဏန်းက ထောင်ဂဏန်း၊ အခုဆို သောင်းဂဏန်းအထိ တောင်ပေးပြီး ဝယ်ကြတော့ ဗမာတွေက မရောင်းဘဲ မနေနိုင်ကြတော့ဘူးလေ။
ဘုရားတွေ ကျီးနဲ့ဖုတ်ဖုတ်ပိုက်ဆံတွေ ဘယ်လိုရလို့ ဘယ်လောက်ထိများပေါနေသလဲ မသိတော့ဘူး။ ဒီလူတွေက အခုဆို မန္တလေးကနေပြီး ထားဝယ်တို့ ကျောက်ဖြူတို့အထိပါ သွားပြီး ဝယ်နေကြတယ်တဲ့။ ဗမာစကားသာ တစ်လုံးမှ မတတ်တာ သူတို့က စီးပွားရေးတော့ အကွက်သိပ်မြင်တယ်။ တဖြည်းဖြည်းချင်း နယ်ပယ် ချဲ့ထွင်နေလိုက်ကြတာ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး။ မြို့တွင်းအချက်အချာနေရာ တွေမှာသူတို့က လူများစုလိုဖြစ်လာတော့ အစဉ်အလာ မပျက်ကျင်းပတဲ့ ရပ်ကွက်ဘုရားပွဲတွေ၊ ကထိန်ပွဲ တွေလည်း မကျင်းပနိုင်တော့ဘူး။ ဘုရားဒကာတွေက အဝေးကို ရောက်ကုန်ကြပြီဆိုတော့ ဘုရားတွေဆိုတာလည်း ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေကြတော့တယ်။ ဘုရားပွဲတွေ မကျင်းပနိုင်တော့ဘူး ဆိုတော့ အငြိမ့်တွေ ဇာတ်တွေလည်း ဘယ်ကရတော့မှာလဲ။ အစကတော့ ဇွဲမလျှော့ဘဲ တင်းခံသေးတယ်။ ကြာတော့ ဘာသားနဲ့ထုထားလို့ ခံနိုင် တော့မှာလဲ။ အငြိမ့်တွေ ဇာတ်တွေ က တဖြုတ်ဖြုတ်နဲ့ ပြုတ်ကုန်ကြ ရပါတော့တယ်။
ဗမာစာပါ ပျောက်မှာစိုးယဉ်ကျေးမှု အနုပညာတွေ ပျောက်ဆုံးသွားရတာဟာ ဘာနဲ့မှကို မတူတဲ့ ဆုံးရှုံးမှု ဖြစ်တယ်။ ယဉ်ကျေးမှုပပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း အင်မတန် ကြောက်စရာကောင်းတယ်။ ယဉ်ကျေးမှု အနုပညာပျောက် ပြီးတဲ့နောက် ထပ်ပျောက်မှာက ဗမာစကား ဖြစ်တယ်။ အခုတောင် မြို့ထဲက ဆိုင်းဘုတ်တွေမှာ ဗမာစာနဲ့ရေးတဲ့ ဆိုင်းဘုတ် အတွေ့ရ နည်းပြီး အင်္ဂလိပ်စာနဲ့ တရုတ်စာ ဆိုင်းဘုတ်တွေချည်း တွေ့ရတော့တယ်။ မူကြိုကျောင်းနဲ့ ကလေး ထိန်းကျောင်း တွေဆိုရင်လည်း တရုတ်စာပါသင်ပေးမှ မိဘတွေက အပ်ချင်ကြတယ်။ အဲဒါကြောင့် မန္တလေးသားများက မန္တလေးကို ကာကွယ်စောင့်ရှောက်ကြဖို့ အခွင့်ရတိုင်း ပြောနေရေးနေကြရတာဖြစ်တယ်။ ဒေသစွဲကြီးလို့ အမြင်ကျဉ်းလို့ လုံးဝမဟုတ်ပါဘူး။ မန္တလေးကို ကာကွယ်စောင့်ရှောက်တာဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်နိုင်ငံကို ကာကွယ် စောင့်ရှောက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။
လူထုစိန်ဝင်း

သတင်းအကျဉ်းချုပ် ...
(The Telegraph မှ 23 September 2011 ရက်စွဲပါ "General's ways" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
ပြုပြင်ပြောင်းလဲမှုကို မလိုလားဆုံး အာဏာရှင် အုပ်ချုပ်သူများပင်လျှင် ပြုပြင်ပြောင်းလဲသူများအဖြစ် ဟန်ဆောင်ပြရန် လိုလားနေကြသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ အစိုးရသစ်မှာမူ ပြုပြင်ပြောင်းလဲမှု အချို့ကို ယင်းတို့ အမှန်တကယ် ပြုလုပ်လိုခြင်းဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှ ဝေဖန်ဆန်းစစ်သူများကို အသိပေးစည်းရုံးရန် စစ်မှန်သော အကြောင်းရင်းများ ရှိနေသည်။
အရပ်သား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် အစိုးရက သူကိုယ်တိုင်နှင့် နိုင်ငံကို ဇာတ်ဝင်ခန်း အသစ်အဖြစ် မီးမောင်းထိုးပြသည့် မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၌ တရားဝင် ရပ်တည်လှုပ်ရှားနိုင်သည့် ကဏ္ဍမရှိသလို သူမ၏ပါတီသည်လည်း မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးခေတ်ကို အဆုံးသတ်ပေးသည်ဟု ဆိုနိုင်သော မနှစ်က မတော်မတရား ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါ။ အမှန်စင်စစ် သူမ၏ NLD ပါတီသည် ယခင် စစ်ဖက်အာဏာရှင်များက ဆန္ဒ ခံယူပွဲအတုဖြင့် ပြည်သူများကို အဓမ္မ ထောက်ခံခိုင်းခဲ့သော အခြေခံဥပဒေကိုပင် အသိအမှတ် မပြုခဲ့ပါ။
ယခုအခါ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား တွေ့ဆုံရုံမျှသာမကပဲ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် ကန့်သတ်ထားမှု အတော်များများကိုပင် ဖြေလျှော့ပေးလိုက်လေသည်။
သမ္မတကြီးက ပြည်ပရောက် နိုင်ငံရေး အတိုက်အခံများ ပြည်တော်ပြန်လာကြရန် မေတ္တာရပ်ခံလိုက်သည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြသော နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအပေါ်တွင်လည်း ပိုမိုလိုက်လျော ပွင့်လင်းမှုကို ပြသခဲ့ပြန်သည်။
အနောက် အင်အားကြီးနိုင်ငံများနှင့် လွတ်လပ်သော အကဲခတ် စောင့်ကြည့်သူများ၏ တူတူတန်တန် အဖတ်လုပ်ခြင်းကို မခံသည့် မြန်မာအစိုးရက ယင်းတို့၏ ဒီမိုကရေစီ "ရှိုး" ကို အသိအမှတ် ပြုခံရစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အထက်ပါ အချက်အားလုံးက ညွှန်ပြနေသည်။
နောက်ပိတ်ဆုံးတွင်မူ အုပ်ချုပ်သူ အစိုးရသစ်ဆိုသည်မှာ အရပ်ဝတ် ဆင်မြန်းထားသော စစ်သားဟောင်း များသာ ဖြစ်ကြပေသည်။
ယခုအခါ မြန်မာအစိုးရသစ်အပေါ် အဆိုးမြင်သည့် အယူအဆမှာ ခေတ်မစားတော့ဘဲ နည်းလမ်းသစ်များ ထွက်ပေါ်လာမည့် အလားအလာများ ရှိနေသည်။ ယင်းသို့ ဖြစ်လာနိုင်သည့် အကြောင်းရင်းများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် အဘယ်ကြောင့် အစိုးရသစ်နှင့် ဒိုင်ယာလော့ ဆွေးနွေးပွဲတံခါးကို သူမကိုယ်တိုင် မပိတ်ချင်ရသလဲဟူသော မေးခွန်းကို အရင်ဆုံးတွေးရမည်။ သူမသည် ၂၀၀၈ ခုနှစ်က ဆန္ဒခံယူပွဲအတုကို ကန့်ကွက်ကာ မနှစ်က ရွေးကောက်ပွဲများနှင့် ဝေးဝေးနေခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ခြင်းကို လက်လျှော့ခဲ့ခြင်း မရှိပေ။
သမ္မတကြီးနှင့် တွေ့ဆုံရန် သဘောတူခြင်းဖြင့်လည်း သူမသည် ထိပ်တိုက် ရင်ဆိုင်ရခြင်းထက် စေ့စပ်ညှိနှိုင်းခြင်းကို ပိုမို နှစ်သက်ကြောင်း ပြသခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ပေးရန်ကိုပင် သူမက သဘောတူဖွယ်ရှိသည်။
သို့သော်လည်း သမ္မတ ဦးသိန်းစိန်သည် သူမဖက်က အပြုသဘောဆောင်သော အချက်ပြမှုများကို ပြန်လည်တုံ့ပြန်ရန်နှင့် မြန်မာပြည်သူ များကို စစ်မှန်သော ဒီမိုကရေစီ အရသာပေးရန် လုံလုံလောက်လောက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာလားဟူသော အဓိက မေးခွန်းကြီး ထွက်ပေါ်လာသည်။
လက်ရှိ မြန်မာအစိုးရသည် သူ့ပုံရိပ်သူ ကြော်ငြာထိုးရန် အလွန်တရာပင် စိတ်ဝင်စားနေသည်။ အသိအမှတ်ပြု ခံချင်သည်ဆိုသော်လည်း ပို၍ အရေးကြီးသည့် အနောက်နိုင်ငံ အရေးယူဒဏ်ခတ်မှုများကို ဖယ်ရှားပေးစေလိုခြင်း ဖြစ်သည်။
စစ်သားတစ်ဖြစ်လဲ အရပ်သား သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှသာမက ကမ္ဘာကပါ စိတ်ချယုံကြည်မှု ရရှိအောင် များစွာ ကြိုးစား ရပေလိမ့်ဦးမည်။
လက်ရှိအချိန်တွင် သမ္မတကြီး ဦးသိန်းစိန်ကို တကယ့် ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံရန် အချိန် စောလွန်း နေသေးသည်။
yangonchronicle

သတင်းအကျဉ်းချုပ် ...

လေမှာဝဲပျံ ခွပ်ဒေါင်းအလံ
ံ( မောင်မောင်ဝမ်း )
- မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှု့သမိုင်း၊အာဏာရှင်ဆန့်ကျင်ရေးသမိုင်း၊ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကြိုးပမ်းမှု့ သမိုင်းများတွင် ကျောင်းသားထု၏ကိုယ်စားပြု တိုက်ပွဲဝင်ခွပ်ဒေါင်းအလံအား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ဘတ်ဖဲလိုးမြို့တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင်လွင့်ထူခွင့်ပေးခဲ့သည်မှာ ယခုအကြိမ်သည်..ဒုတိယအကြိမ်မြောက်ဖြစ်ပါသည်။
- မူလက ခွပ်ဒေါင်းအလံတော်သည်..ကျောင်းသားထု၏ကိုယ်စားပြုအထွတ်အမြတ်ထားရာသင်္ကေတ ဖြစ်ခဲ့သော်လည်း သမိုင်း၏တောင်းဆိုချက်အရ….ပြည်သူလူထုတရပ်လုံး၏ နှလုံးသည်းပွတ် ၊တိုက်ပွဲဝင် နမိတ်ပုံ အားမာန်ဖြစ်ခဲ့ပါသည်။
- ခွပ်ဒေါင်းအလံတော်သည်…ဒီမိုကရေစီနှင့်လူ့အခွင့်ရေးရရှိရန်ကြိုးပမ်းမူ့ခရီးကြမ်း၏အထွတ်အမြတ် ထား ရာ….ပုံရိပ်တခုလည်းဖြစ်သည်။
ခွပ်ဒေါင်းအလံတော်သည်…အာဏာရှင်များကိုဆန့်ကျင်ရာ…မတရားမှု့ကိုတော်လှန်ရာ၏..မိုးကြိုးသွားလက်နှက်လည်းဖြစ်သည်…..
ခွပ်ဒေါင်းအလံတော်ကိုဦးညွတ်ခြင်းသည်…..အာဏာရှင်ကိုဆန့်ကျင်ခြင်း၊မတရားမှု့ကိုတွန်းလှန်ခြင်း…ဒီမိုကရေစီနှင့်လူ့အခွင့်ရေးကိုတာဝန်ယူခြင်းဟူသောအဓိပ္ပါယ်များဖြင့်ပြည့်နှက်နေယုံမက…ပြည်သူလူထုတရပ်လုံးအား ဦးခိုက်လိုက်ခြင်းလည်းဖြစ်သည်။
- ခွပ်ဒေါင်းအလံတော်ကို အသိမှတ်ပြုခြင်းသည်…အထက်ဖော်ပြပါ..အချက်များကို အလေးထားခြင်း ဟူသော..သဘောထားဖြစ်ယုံမက…မြန်မာပြည်သူလူထုအားတန်ဘိုးထားခြင်းလည်း ဖြစ်သည်ဟု… အလေးအနက်ယုံကြည်ပါသည်။ယင်းအတွက်အသိမှတ်ပြုပေးသောအမေရိကန်ပြည် ထောင်စုအစိုးရနှင့် အမေရိကန်နိုင်ငံသူ၊နိုင်ငံသားများအားလုံးကိုလည်း အထူးပင်ကျေးဇူးဥပကာရ တင်ရှိပါသည်။
ယနေ့မြန်မာနိုင်ငံတော်သည်အာဏာရှင်များ၏လက်အောက်မှမလွတ်မြောက်သေးသောနိုင်ငံတနိုင်ငံဖြစ်သည်။ ဒီမိုကရေစီနှင့် လူ့အခွင့်ရေးဆိတ်သုဉ်းဆဲနိုင်ငံတနိုင်ငံဖြစ်သည်။

- စစ်အာဏာရှင်များမှမွေးဖွားပေးလိုက်သောစစ်အသွင်ပြောင်းအရပ်သားအစိုးရသည်…လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အပြုသဘောဆောင်သောတွေ့ဆုံမှု့များရှိလင့်ကစား..အပြုသဘော ဆောင်သော အကျိုးရလာဒ်များယနေ့တိုင်ကောင်းမွန်စွာထွက်ပေါ်လာခြင်းမရှိသေးပါ….
- သို့ဖြစ်ပါသောကြောင့်….ယနေ့ကျရောက်သော…သမိုင်းဝင်ခွပ်ဒေါင်းအလံလွှင့်ထူခြင်း အခန်းအနားမှတော်လှန်ရေး၊နိုင်ငံရေးအင်အားစုများအနေဖြင့်…အောက်ပါအချက်များကိုတောင်းဆိုလိုက်ပါသည်။
ပြည်တွင်းစစ်များကိုရပ်စဲပြီး စစ်မှန်သောငြိမ်းချမ်းရေးကိုအမြန်ဆုံး အကောင်ထည်ဖော်ရန်၊
နိုင်ငံရေး အကျဉ်းသားများအား ချွှင်းချက်မရှိအမြန်ဆုံးလွှတ်ပေးရန်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစွမ်းကုန်အကောင်ထည်ဖော်ရန် နှင့်
ယနေ့လတ်တလောဖြစ်ပေါ်နေသော….နိုင်ငံတော်၏သဘာဝအရင်းအမြစ်များနှင့်လူသားများအားဒုက္ခဖြစ်ပေါ်စေနိုင်မည့်… ဧရာဝတီမြစ်ပျက်စီးရေးမည်သည့်စီမံကိန်းမဆို ရပ်တန့်ရန်တို့ဖြစ်သည်။
ဒါကတော့ …ယနေ့ကျရောက်သည့် အလံတင်အခန်းနားအတွက် ဒီမိုကရက်တစ်အင်အားစုများ၏ သဘောထားထုတ်ပြန် ကျေငြာချက်……အမေရိကန်ဒေသတလွားဆီမှ နိုင်ငံရေးတော်လှန်ရေးအင်အားစုများ အင်တိုက်အားတိုက်ရောက်ရှိလာကြတယ်…. အဝေးရောက်ညွန်ပေါင်းအစိုးရအဖွဲ့ရဲ့ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ကစလို့ ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတွေ နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ငံရေးတက်ကြွလှုတ်ရှားသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေ….တော်တော်စုံလို့…
အလံတော်ကိုလွှင့်ထူဖို့အချိန်ရောက်လာတော့ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းများရဲ့
ဂုဏ်ပြုတပ်ဖွဲ့ကနေရာယူလိုက်တယ်….ဒီမိုကရက်တစ်အင်အားစုတွေက အသင့်အနေအထား…အားလုံးက ငြိမ်သက်လျှက်…ဂုဏ်ပြုတပ်ဖွဲ့ရဲ့ခေါင်းဆောင်ကိုသန်းစိုးရဲ့ရဲ့တပ်ဖွဲ့အမိန့်ပေးသံက…လေထုကိုဖောက်ခွဲရင်း…
တိုက်ပွဲဝင်ခွပ်ဒေါင်းအလံတော်အား…..အလေးပြုအားလုံးရဲ့ဦးညွတ်မှု့မှာ ထွက်ပေါ်လာတဲ့…နိုင်ငံတော်သီချင်းသံက…ကျက်သရေရှိလိုက်တာ….ဒီအချိန်မှာ အားလုံးဟာ စုံညီ ပီတိတွေနဲ့ရင်ခုန်နေမယ်ဆိုတာကိုပြောနိုင်ပါတယ်လေ……….
ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်း က လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျဉ်းကို မိန့်ခွန်း ချွှေပြီး… အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ -အမေရိကန်ဌာနခွဲ ဥက္ကဌ ကိုမျိုးသန့်က… ခွပ်ဒေါင်းအလံတော်အကြောင်းကိုတင်ပြခဲ့တယ်…၈၈ ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ဝမ်းက ဒီမိုကရက်တစ်အင်အားစုများရဲ့ သဘောထားကျေငြာချက်ကို ဖတ်ကြားသွားခဲ့ပြီးနောက်…ဆရာတော် ဦးပညာဇောတ ( ရွှေဝါရောင်ဆရာတော် ) ကလည်း ရွှေဝါရောင်နဲ့စပ်လျဉ်းတဲ့ အကြောင်းအရာများကို ဟောပြောသွားခဲ့ပါတယ်…။
နောက်မှာတော့…တက်ရောက်လာတဲ့ ဒေသအသီးသီးမှ ဒီမိုကရက်တစ်အင်အားစုများက.. ဂုဏ်ပြုအမှာစကားတွေ ပြောကြားပြီး…ကျောင်းသားတပ်မတော် ( ABSDF ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ ) ၊ ဗကသများအဖွဲ့ချုပ် ( နိုင်ငံခြားရေးရာကော်မတီ ) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်အပါဝင်…အဖွဲ့အစည်းအသီးသီးက သ၀ဏ်လွှာများကိုဖတ်ကြားခဲ့ကြတယ်…….
ခွပ်ဒေါင်းအလံတော်ကတော့…အမေရိကန်ပြည်ထောင်စု၊နယူးရောက်ပြည်နယ်။ဘတ်ဖဲလိုးမြို့ရဲ့ကျက်သရေဆောင် မြို့တော်ခန်းမရှေ့ကျောက်တိုင် ပန်းခြံဝန်းရဲ့ တိုင်ထိပ်မှာ ကြွားကြွားဝံ့ဝံ့ ငွားငွားစွံ့စွံ့…….
အလံဆိုတာမိမိယုံကြည်ချက်၊ခံယုံချက်တွေကိုမြှုတ်နှံပူဇော်ခြင်းရဲ့သင်္ကေတလက္ခဏာတခုပါ…..ခွပ်ဒေါင်းအလံမှာမြန်မာပြည်သူတွေရဲ့…….ဒီမိုကရေစီနဲ့လူ့အခွင့်ရေးငြိမ်းချမ်းရေး။တန်းတူညီမျှရေးဆိုတဲ့ယုံကြည်မှု့တွေကိန်းဝပ် နေတယ်……ကျဆုံးသွားတဲ့ ကျောင်းသားပြည်သူရဟန်းရှင်လူတို့ရဲ့ဝိဥာဉ်တွေ ရှင်သန်နေတယ်။ …အာဏာရှင်မှန်သမျှ မတရားမှု့မှန်သမျှကို ခြောက်လှန့်ဖယ်ရှားပစ်မဲ့ ခွန်အားသစ်တွေ အမြဲလန်းဆန်း နေတယ်…..
မကြာခင်တနေ့ အမိနိုင်ငံတော်ရဲ့မြေပေါ်မှာ ခွပ်ဒေါင်းအလံတော်ကို အမြင့်ဆုံးထိ လွှင့်ထူ နိုင်အောင်… ..တို့ရဲ့မနက်ဖြန်တွေကိုအကောင်ထည်ဖော်ကြပါစို့…..





အားလုံးကိုလေးစားစွာဖြင့်
မောင်မောင်ဝမ်း

သတင်းအကျဉ်းချုပ် ...
မေသင်္ကြန်ဟိန်း(မြစ်မခ)
တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။
`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ ???????????????????
အိပ်မက်ဆိုးတွေ မက်နေပြီ။တကယ်ကို ချွေးစီးတွေနဲ့ ခြောက်ခြားစရာကောင်းတဲ့ အိပ်မက်ဆိုးပါ။
ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။
တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။
နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။
`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ် လား` တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။
စက်တင်ဘာ ၂၃ ရက်နေ့၊တော်ဝင်နှင်းဆီမှာ မြန်မာငှက်နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းက ဦးစီး
ပြီး ရန်ကုန်က ပညာရှင် အသီးသီး ကို ဖိတ်ပြီး ဆွေးနွေးကြတဲ့ ဆွေးနွေးပွဲကို ကျမ တက်ခဲ့တယ်။ အဲဒီက ပြန်တော့ ကျမ တကိုယ်လုံး ညှိုးခြုံးပြီး တွေးစရာတွေ ပါလာခဲ့တယ်။ အဲဒီနောက်တော့ ကျမရဲ့ခြောက်အိပ်မက်က စတော့တာပါပဲ။
အိပ်မက်ထဲမှာ မြန်မာနိုင်ငံက ပျောက်သွားတယ်။ ကျမနေတဲ့ ပြည်ရိပ်မွန်ဟာလည်း ပျောက်သွားတယ်။
လှည်းတန်းဈေးကလည်း တရုတ်ဈေးဖြစ်နေတယ်၊ မြင်မြင်သမျှ လူတွေကတော့ မျက်လုံးမှေးမှေး၊ အသား နီစပ်စပ်နဲ့ ချွေးတွေ စီးကျနေတဲ့ တရုတ်လူမျိုးတွေ ဖြစ်နေတယ်။ နောက်ဆုံး ကျမ လက်ထဲက ကိုင်နေတဲ့စာအုပ်တောင်မှ တရုတ်စာလုံးတွေနဲ့ စာအုပ်ဖြစ်နေတယ်။
ဖျတ်ခနဲ လန့်နိုးလာတဲ့ ကျမ ဘယ်လိုမှ ဆက်အိပ်လို့မရတော့ဘူး။ အမှောင်ထဲမှာ ငုတ်တုတ်ထိုင်ပြီး စဉ်းစားမိတော့တာပါပဲ။
တော်ဝင်နှင်းဆီက ပညာရှင်အသီးသီးက မတူညီတဲ့ အမြင်တွေနဲ့ ဧရာဝတီမှာမြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး သူတို့အမြင်နဲ့သဘောထားတွေကို ပြောဆိုကြတယ်၊ တင်ပြကြတယ်။
ပညာရှင်အားလုံးဟာ လေးစားစရာကောင်းပါတယ်။ ကျမတို့ မသိတာတွေ။ မမြင်တဲ့ ရှုထောင့်တွေ၊ မသိတဲ့ ပညာရပ်တွေ ဘယ်လောက် များပြားကျယ်ပြန့်သလဲ။ ဒီဆွေးနွေးပွဲကိုတက်ပြီးတော့ ကျမ မြစ်ဆုံနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေကို မရေးရဲလောက်အောင်ဖြစ်ရပါတယ်။ သိတ်ကို ကျယ်ပြန့်ပါတယ်။ ကျမ မသိတဲ့ နားမလည်တာတွေလည်းအများကြီး၊ မမြင်မိတာတွေလည်း အများကြီးပါ။
ဒါပေမဲ့ သာမန်ပြည်သူ၊ သာမန်သတင်းသမားတယောက်အနေနဲ့ တော့ ရေးချင်တယ်၊ အမျိုးသားရေးမို့ ပိုပြီး ရေးချင်တယ်။ ပညာရှင်ရှုထောင့်မျိုးကနေ မရေးနိုင်ပေမဲ့ သာမန်ပြည်သူတဦး၊ သာမန်သတင်းသမားတဦး၊ မြန်မာ အမျိုးသမီးတဦး၊ မိခင်တဦးအနေနဲ့ တော့ ကျမ ရေးချင်ပါတယ်။
ဧရာဝတီမြစ်ဆုံ စီမံကိန်းဆောက်လုပ်တဲ့ နေရာကို တရုတ်ကုမ္ပဏီကနေ တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းကို ခေါ်သွင်းလာမယ်လို့ ကြားတော့ ကျမ တော်တော်လေး စိတ်ပျက်သွားမိတယ်။
တရုတ်အလုပ်သမား အမျိုးသား ၅ သောင်းရောက်လာရင် ကချင်ပြည်နယ်က အမျိုးသမီးတွေရဲ့ ဘ၀ ဘယ်လို ဖြစ်သွားနိုင်မလဲ။ မြန်မာအမျိုးသမီးတွေ တရုတ်ပြည်ကို လူကုန်ကူးခံနေရတဲ့ကိစ္စကိုတောင် မဖြေရှင်းနိုင်သေးတာ။ မြန်မာပြည်ထဲကို ရောက်လာတဲ့ တရုပ်အလုပ်သမား ၅ သောင်းကြောင့် မြန်မာပြည်သူ အမျိုးသမီးဘယ်လောက်တောင် ပျက်ဆီးသွားမလဲ ဆိုတာကို ကျမ တွေးမကြည့်ရဲတော့ဘူး။
နောက်ထပ် ကျမကို ဆက်ပြီး အတွေးပွားစေတာတွေ ရှိပါသေးတယ်။ တော်ဝင်နှင်းဆီဆွေးနွေးပွဲမှာ ဒေါက်တာခင်မောင်ညို မေးခဲ့တဲ့ မေးခွန်းပါ။
`မြစ်ဆုံဆည်ကြီးရဲ့ လုံခြုံရေးကို ဘယ်သူ တာဝန်ယူမှာလဲ၊ မြန်မာ စစ်တပ်လား၊ တရုတ်စစ်တပ်လား`တဲ့...။ သိပ်ကောင်းတဲ့ မေးခွန်းပါ။
တကယ်ပဲ ကျမတို့ဟာ ဧ၇ာဝတီမြစ်ကိုတင် ဆုံးရှုံးရမှာ မဟုတ်ပါဘူး၊ မြန်မာပြည်သူတွေ၊ ပြီးတော့ မြန်မာပြည်ကိုပါ ဆုံးရှုံးရတော့မဲ့ အခြေအနေမျိုးပါ။
စစ်ဗိုလ်များပြီး ရဲဘော်မရှိတဲ့ မြန်မာစစ်တပ်ကို တရုတ်အစိုးရက သူတို့ဆည်လုံခြုံရေးအတွက် တာဝန်ပေးပါ့မလား။
တရုတ်စစ်တပ် ၀င်လာရင် အင်အားဘယ်လောက်နဲ့ ၀င်လာကြမှာလဲ။
အဲဒီ စစ်တပ်က ကချင်ပြည်နယ်ကိုတင် မက နေပြည်တော်ထိ တက်ပြီး သိမ်းနိုင်တဲ့ အခြေအနေ ရောက်လာနိုင်မှာလား။
လက်ရှိ မြန်မာအစိုးရပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိတွေထဲမှာကော တရုတ်ပြည်က စပိုင်တွေ မရှိနိုင်ဘူးလား။
ယနေ့ ထိတ်ထိတ်ကျဲကျဲ မြန်မာစီးပွားရေးလုပ်ငန်းရှင် ၂ ဦးခန့်ကိုတရုတ်အစိုးရက ငွေကြေးအလုံးအရင်းနဲ့ ထောက်ပံ့ပေးပြီးလူမွေးထားတဲ့ သတင်းတွေက ဘာကြောင့် ထွက်လာတာလဲ။
မန္တလေးကို တရုတ်တွေက ဖြည်းဖြည်းခြင်း စီးဝင်ခဲ့တာပါ ဧရာဝတီမြစ်ဆုံကိစ္စကတော့ တရုတ်တွေ ဝေါကနဲ မြန်မာပြည်ရောက်လာမဲ့ ကိစ္စလို့ ကျမတော့မြင်လိုက်မိတယ်။
မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် အကျိုးကျေးဇူး ဘယ်လောက်ရှိနိုင်ပါသလဲ၊
မြစ်ဆုံကြောင့် ကျမတို့ မြန်မာပြည် ပျောက်သွားနိုင်တာကတော့ ကျမ အတွေးထဲမှာ သေချာ သလောက် ဖြစ်နေပါတယ်။
ဆောင်းတွင်းမဟုတ်ပဲ ခြောက်အိပ်မက် မက်နေတဲ့ ကျမလို မြန်မာပြည်သူတွေ အများကြီး ရှိပါလိမ့်မယ်

သတင်းအကျဉ်းချုပ် ...

ဧရာဝတီရဲ့ ပဲ့တင်သံများ
နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ၂၃.၉.၂၀၁၁ (သောကြာနေ့) နံနက် (၁၀း၀၀) နာရီမှ ညနေ (၅း၀၀) နာရီအချိန်ထိ ဧရာဝတီနှင့်ပတ်သက်၍ “လူငယ်များရဲ့ ဧရာဝတီ” ဟူသော ဧရာဝတီ မြစ်ဆုံ စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်မှုအတွက် တတ်သိပညာရှင်များ၊ စာပေ၊ ရုပ်ရှင်၊ ဂီတ ပညာရှင်များ၊ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားပြုလူငယ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေး လှုပ်ရှားသူများ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ အခြေခံလူတန်းစားများ၊ ဧရာဝတီကို ချစ်မြတ်နိုး ကြသော လူမျိုးဘာသာ ဆင်းရဲချမ်းသာ မြန်မာပြည်တွင် နေထိုင်ကြသော ဧရာဝတီကို စိတ်ပါဝင်စား သူများနှင့် စည်ကားသိုက်မြိုက် စည်းလုံးညီညွတ် တက်ကြွစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းအခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အပါအ၀င် ကဗျာဆရာ (၁၅) ဦးမှ ကဗျာများ ရွတ်ဆိုခဲ့ကာ ကိုရဲလွင်၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ဇေယျာသော်၊ ရသ၊ တို့မှ ဧရာဝတီလှုံ့ဆော်မှု သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒေါ်ဒေ၀ီသန့်စင်၊ ဦးအုန်း၊ ဦးအောင်ကြည်ညွန့်တို့မှလည်း ဧရာဝတီမြစ်ဆုံ စီမံကိန်းအား ကန့်ကွက် ကြောင်း ဟောပြောခဲ့သည်။ ကိုယ်တိုင် မတက်ရောက်နိုင်သော စာရေးဆရာများ၊ တတ်သိပညာရှင် များ၏ စာတန်းများ၊ အက်ဆေးများကို လူငယ်များမှ ဖတ်ကြားရွတ်ဆိုခဲ့သည်။ ဗွီဒီယိုပြကွက်များ အဖြစ် ဘဘဦးဝင်းတင်၊ လူထုဦးစိန်ဝင်း၊ ဆရာအောင်သင်းတို့ရဲ့ ဧရာဝတီနဲ့ပတ်သတ်သည့် လူငယ်တွေအပေါ် မှာကြားချက်တွေကိုလည်း ပြသခဲ့သည်။ ထို့နောက် လူငယ်များရဲ့ ဧရာဝတီ ဆွေးနွေးပွဲအား တတ်ရောက်လာကြသော လူထုပရိသတ်ထဲမှ ၀ိုင်းဝန်းဆွေးနွေး အကြံပြုကြကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဏ္ဍာရေးမှူး ဒေါ်ရွှေဇီးကွက်မှ နှုတ်ခွန်းဆက် စကားပြောကြားပြီး သည့်နောက် အခမ်းအနားရုပ်သိမ်းချိန်တွင် ကိုရဲလွင် (မဇ္ဈိမလှိုင်း) တို့ဦးဆောင်၍ ထူးအိမ်သင် ရေးစပ်သီဆိုထားသည့် “ရာဇ၀င်များရဲ့ သတို့သမီး” သီချင်းအား တက်ရောက်လာကြသော ဧရာဝတီ ကို ချစ်မြတ်နိုးသော လူမျိုးဘာသာပေါင်းစုံတို့က ၀ိုင်းဝန်းကြွေးကြော် တက်ကြွစွာဖြင့် သီဆိုကြကာ
အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ပါတော့သည်။ ယခု လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံ ပွဲသည် ယခင့် ယခင်များက ကျင်းပခဲ့သော ပွဲများနှင့်မတူ ထူးခြားလှစွာဖြင့် တက်ရောက်ကြသော ဧရာဝတီအား စိတ်ပါဝင်စားသော ဧည့်ပရိတ်သတ်များသည် လူဦးရေအားဖြင့် (၅၀၀) ကျော်တို့ တက်ရောက်သဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ အစည်းအဝေးကျင်းပရာ ခန်းမဆောင်တစ်ခု ထဲဖြင့် မလုံလောက်သဖြင့် စာသင်ခန်း တစ်ခန်းကိုပါ ပရိုဂျက်တာထိုး၍ ပြသကာ အမေးအဖြေကဏ္ဍ အတွက်ပါ မိုက်ကရိုဖုန်းများပါ ဆင့်ပွားထားရှိ ကျင်းပပေးခဲ့ရသည်။
လူငယ်များရဲ့ ဧရာဝတီရင်ခုန်သံပြပွဲ၌ ခံစားမှုများ ဖော်ထုတ်ကြသော ရင်ခုန်သံစကားများ ထဲမှ ကောက်နှုတ်ချက်များ -
“မေခနဲ့မလိခ ပေါင်းစည်းမှ အရှိန်အဟုန်ကြီးမားတဲ့ ဧရာဝတီပေါ်ပေါက်လာတာ။ ကျွန်တော်တို့က မေခဆိုရင် အစိုးရက မလိခ။ အစိုးရက မလိခဆိုရင် ကျွန်တော်တို့က မေခ။ ဒါကြောင့် မြစ်ဆုံကိစ္စကို ဆုံးဖြတ်ချက်ချမယ့် လွှတ်တော်အနေနဲ့ မှန်ကန်တည့်မတ်စွာ ဆုံးဖြတ်သင့်တယ်။ တိမ်းစောင်းပြီး ဇောက်ထိုးဆုံးဖြတ်လိုက်ရင် ပြည်သူနဲ့ အစိုးရ တစ်ကွဲစီဖြစ်သွားမယ်။ မြန်မာပြည်ကြီးကို ဇောက်ထိုး တော့ မကြည့်သင့်။” (ကျော်သူ)
“ဧရာဝတီကို ပိတ်ဆို့တားဆီးတာဟာ အနုပညာကို ပိတ်ဆို့ထားသလို ခံစားရတယ်။” (ကိုရဲလွင် - မဇ္စျိမလှိုင်း)
“ဧရာဝတီပေါ်မှာ ရုပ်ရှင်ရိုက်ခဲ့ဖူးတယ်။ အခုလို ပိတ်ဆို့တားဆီးတာမျိုး မဖြစ်သင့်။” (ရဲတိုက်)
“တမျိုးသားလုံးနှင့် သက်ဆိုင်သော ဧရာဝတီမြစ်ဆုံစီမံကိန်း ရုပ်သိမ်းပေးမှုကိစ္စရပ်အား ထပ်မံ၍ အရှိန်အဟုန်မြင့်ကာ လုပ်ဆောင်ကြဖို့လိုကြောင်း” (ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်)
“အစိုးရအနေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ ပြုပြင်ပြောင်းလဲမှုကို လိုတယ်လို့ ပြောထားသလို ဧရာဝတီနဲ့ ပတ်သက်ပြီး မြစ်ကောရန် အရင်မလုပ်ကြပါနဲ့ စစ်ကောရန်သာ အရင်လုပ် ကြပါ” (ဒေါ်ဒေ၀ီသန့်စင်)
“သမိုင်းတရားခံ မဖြစ်ပါစေနဲ့၊ မင်းတို့နားထောင် ပြည်သူတွေနဲ့ ဧရာဝတီရုပ်ရှင်မှာ မင်းတို့ဗီလိန် မဖြစ်စေနဲ့ လူ့အခွင့်အရေးဟာ အရေးကြီးသလို မြစ်အခွင့်အရေးဟာလည်း အရေးကြီးတယ်။” (ဦးကောဝိသ - မန္တလေး)
“သို့ ဧရာဝတီ,
ထီးနန်းမပြုတ် ဆုတ်ခွာစေ၊
လာမဲ့ဘေး ဝေးပါစေ၊
ရေစီးရေလာ ကောင်းပါစေ”
(ကဗျာဆရာ မောင်ပိုင်စိုး)
“ကျွန်တော် ပြည်ဘက်ကို သွားတဲ့အချိန်မှာ ဧရာဝတီမြစ်ဟာ အလယ်မှာ သောင်ထွန်းနေတယ်။ ၁၉၈၉ ခုနှစ်လောက်က အခုတော့ အဲဒီသောင်ပြင်ဟာ သောင်မဟုတ်တော့ပါဘူး လူတွေတောင် တက် နေနေကြပါပြီ။ သဘာဝပတ်ဝန်းကျင်ဟာ ပြောင်းလဲလာ ပြောင်းလဲလာ ဒီဆည်မဆောက်ခင် ကလည်း ပြောင်းလဲတာပါ။ ကျွန်တော်တို့ အခွင့်အရေးကို ကျွန်တော်တို့ ကာကွယ်ဖို့ပါပဲ။ ကျွန်တော်တို့ က ဧရာဝတီအကြောင်း သီချင်းလေး မဆိုပါဘူး။ ကျွန်တော်တို့ သီချင်းလေးပဲ ကျွန်တော်တို့ ဆိုပါမယ်။ ကျွန်တော်တို့သီချင်းက စစချင်းရောက်လာတော့ အကုန်လုံးထကြ အကုန်လုံးထကဆိုတော့ ကျွန်တော်တို့ဗမာပြည်က ရှိတဲ့လူတွေ အကုန်လုံးကို လှုပ်နိုးဖို့ပဲ ကျွန်တော်တို့ လာတာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ရိုးရိုးတန်းတန်း လမ်းမပေါ်က လူတွေကို ရှေ့ဆက်လျှောက်ဖို့ အတွက်ပါ။” (အနဂ္ဂ)
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြစ်ကြီးတွေအများကြီး ရှိပါတယ်။ အဲဒီမြစ်ကြီးတွေထဲမှာမှ ဧရာဝတီမြစ် ကြီးဟာ မိုင်ပေါင်း ၁၅၀၀ ကျော်ရှည်လျားပြီးတော့ ကျွန်တော်တို့ မြန်မာ့ရာဇ၀င်နှင့် အတူတူ ရှင်သန် လာခဲ့တဲ့ ပါရမီဖြည့်ဘက်ကြီးတစ်ပါးလို့ ပြောလို့ရပါတယ်။ ဒီ ပါရမီဖြည့်ဘက်ကြီးဟာ ကျွန်တော်တို့ ခေတ်ရောက်တော့မှ အသက်လည်း အိုမင်းလာပြီ။ သူ့ကို ဘေးကနေပြီးတော့ စောင့်ရှောက်မယ့်သူ မရှိတော့ဘူးဆိုရင် သူ့မှာ သေဆုံးရမယ့်အချိန် သူ့မှာရှိပါတယ်။ ဒါဟာ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ တရားပါ။ ဒီတော့ ဧရာဝတီ မြစ်ကြီးကိုလည်း ကျွန်တော်ချစ်ပါတယ်။” (ရသ)
“အန်ကယ်က အခုအသက် (၈၅)နှစ် ရှိပြီ။ အန်ကယ်တို့ ဧရာဝတီမြစ်ဆုံကို (၃) ခေါက်ရောက်တယ်။ ၁၉၈၅ ခုနှစ်က ရောက်တာ ရေကလည်း ကြည်တယ်။ ငါးတွေက အများကြီးပဲရှိတယ်။ အရမ်းကို ကျက်သရေရှိတယ်။ နောက်တစ်ခေါက်ရောက်တာက ၂၀၀၇ ခုနှစ်ရောက်တော့ အခြေအနေ တော်တော်ဆိုးတယ်။ တတိယအကြိမ်ရောက်တော့ ၂၀၀၉ တော်တော်လေးကို ဆိုးသွားပြီ။ မေခဟာ အင်မတန် ရေစီးကြမ်းပါတယ်။ မလိခဟာ အင်မတန်နူးညံ့ပါတယ်။ အဲဒီလောက် အဖိုးတန်တဲ့ ဒီ ဧရာဝတီကို ဘယ်အချိန်ကမှ ဆည်ဆောက်တာကို သဘောမတူဘူး။ ကန့်ကွက်ခဲ့ကြတယ်။ သို့သော်လည်း နိုင်ငံရဲ့အကျိုး ဖွံ့ဖြိုးမှု ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ နိုင်ငံတော်ရဲ့ လုပ်ရမယ့်တာဝန်ပါ။ သို့သော်ဖွံ့ဖြိုးတိုးတက်မှု လုပ်တိုင်းလဲ အကောင်းတွေပဲ မဟုတ်ဘူး။ အကောင်းအဆိုးဆိုတာ ရှိတယ်။ ဧရာဝတီမြစ်ဆုံကို (၂)နှစ်လောက် လေ့လာပြီးတော့ လုပ်မယ်ပြုမယ်ဆိုရင် ကမ္ဘာအရပ်ရပ်က ဆည်တွေတောင် (၁၀)နှစ်လောက် အချိန်ယူပြီးတော့ ပြင်ဆင်ရတယ်။ အဲဒီတော့ ဧရာဝတီကို ဗမာပြည်မှာစပြီးတော့ စီးဆင်းတဲ့အခါ ဗမာ့အသက်သွေးကြော ဧရာဝတီမြစ်ဟာ တကယ်တော့ ဗမာလို့ပြောတာတောင်မှ လုံလောက်ပါတယ်။ ကမ္ဘာမြစ်ကြီး (၁၃) သွယ်မှာ ဧရာဝတီမြစ်ကြီးပါတယ်။ အဲလောက် ထင်ရှားပြီးတော့ ကောတော့မယ်။ အဲဒါကို ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်းသိမ်းရမယ်။ ပြုပြင်ရမယ်။” (ဦးအုန်း)
ပေးပို့သော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်..

သတင်းအကျဉ်းချုပ် ...

မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်နိုင်တဲ့ လက္ခဏာတွေ ရှိနေပြီလို့ တချို့က ပြောပေမယ့် ကမ္ဘာ့ တရားမျှတရေး အဖွဲ့ (Global Justice Center) ကတော့ မြန်မာနိုင်ငံမှာ အပြောင်း အလဲ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေ အောက်မှာ ဘယ်နိုင်ငံရေး တိုးတက်ပြောင်းလဲမှု မှ မဖြစ်နိုင်ဘူးလို့ Global Justice Center အဖွဲ့က ဥက္ကဌ လည်းဖြစ် နိုင်ငံတကာ ဥပဒေ ပညာရှင် လည်းဖြစ်တဲ့ မစ္စက် ဂျဲနက် ဘန်းရှုက ဘီဘီစီကို ပြောပါတယ်။
ဒီ အခြေခံ ဥပဒေ မှာ စစ်တပ် နဲ့စစ်တပ်ခေါင်းဆောင် တွေ က နိုင်ငံ ရဲ့ အချုပ်အခြာ အာဏာတွေကို သီးခြားရယူထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။တကယ်တမ်း အရပ်သားအစိုးရပဲ အာဏာရလာရင်တောင် ဒီ ဖွဲ့စည်းပုံ အရဆိုရင် ဥပမာအားဖြင့် ကုလသမဂ္ဂ ကနေ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို အရေးယူ ပါလို့ညွှန်ကြားရင်တောင် အစိုးရ အနေနဲ့အရေးယူ နိုင်တဲ့ အခြေ အနေ မရှိဘူးလို့သူက ပြောပါတယ်။ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ် လာတော့မယ် မျှော်လင့်နိုင်ကြောင်း မကြာခင် ကာလတွေအတွင်း ပြောကြားခဲ့ပါတယ်။
နောက်ပြီး နိုင်ငံတကာ ပဋိပက္ခ လေ့လာရေး အဖွဲ့ (ICG) ကလည်း မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ဖြစ်နိုင်တဲ့ အခြေအနေရောက်နေလို့နိုင်ငံတကာ အသိုင်း အဝိုင်း ကနေ မြန်မာနိုင်ငံ နဲ့ အပြုသဘောပူးပေါင်း ဆောင်ရွက်မှု ကို အမြင့်ဆုံး အဆင့် အထိ လုပ်ကြဖို့အကြံပြုထားပါတယ်။
(bbc)

သတင်းအကျဉ်းချုပ် ...

Photo..myathwayni.com
( UPI သတင်းမှ 22 September 2011 ရက်စွဲပါ “ Myanmar stands firm on Myitsone dam ” သတင်းကို ဘာသာပြန်ဆိုသည်)
မြန်မာနိုင်ငံ၌ ဧရာဝတီမြစ်ပေါ်မှ ဒေါ်လာ ၃.၆ ဘီလျံ ကုန်ကျမည့် ရေအားလျှပ်စစ်တမံ စီမံကိန်းကို ဝိုင်းဝန်းကန့်ကွက်မှုများ ရှိနေသော်လည်း လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖေါ်လျက်ရှိသည်။
မြန်မာတပ်မတော်အစိုးရနှင့် China Power Investment Corp ( CPI ) တို့၏ ဖက်စပ်ကြိုးပမ်းမှုဖြစ်သော မြစ်ဆုံရေလှောင်တမံသည် လျှပ်စစ်ဓါတ်အား ၆၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်ကာ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဖက်သို့ တင်ပို့ရောင်းချမည်ဟု မျှော်လင့်ထားကြသည်။ တရုတ် - မြန်မာ တာဝန်ရှိသူများ၏ သဘောတူစာချုပ်အရ စီမံကိန်း အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို CPI က ရရှိလိမ့်မည်ဟု ဆိုသည်။
CPI သည် ဧရာဝတီနှင့် မြစ်လက်တက်များပေါ်တွင် နောက်ထပ်တမံ ၆ ခု တည်ဆောက်လုပ်ကိုင်ရန် စီစဉ်လျက်ရှိသည်။
မြန်မာပြည်မြောက်ပိုင်း ကချင်မြေပေါ်မှ မြစ်ဆုံတမံသည် ဧရာဝတီမြစ်၏ သဘာဝဂေဟစနစ်များကို ပျက်စီးစေလိမ့်မည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထုတ်ဖေါ်သတိပေးလျက်ရှိပြီး ယခုအခါ အရေအတွက် တိုးပွားလာသော ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများ၊ ပညာရှင်များ၊ လွှတ်တော်အမတ်များနှင့် တပ်မတော်အရာရှိဟောင်းများက ယင်းစီမံကိန်းကို လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်နေကြပြီဟု Asia Times On line သတင်းက ဆိုသည်။
ဒေသခံ ရွာပေါင်း ၆၀ ခန့်မှ နေထိုင်သူ ၁၅၀၀၀ ကျော်ခန့်မှာ စနစ်ကျသော ပြန်လည်နေရာချထားမှု အစီအစဉ်များ မရှိပဲ အဓမ္မ ရွှေ့ပြောင်း ခဲ့ကြရသည့်အပြင် မြစ်အောက်ဖက်မှ သန်းနှင့်ချီသော နေထိုင်သူများအပေါ်ဆိုးကျိုးသက်ရောက်လာလိမ့်မည်ဟု Kachin Development and Networking Group က သတိပေး ပြောဆိုထားသည်။
မြစ်ဆုံတမံကြောင့် ရေလွှမ်းမည့် ဧရိယာသည် စင်ကာပူနိုင်ငံထက် ပို၍ ကြီးမားကြောင်း KDNG အုပ်စုက ထုတ်ဖေါ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခင်လက အိတ်ဖွင့်ပေးစာတွင် အငြင်းပွားဖွယ် ရေလှောင်တမံစီမံကိန်းကို ပြန်လည် အကဲဖြတ်စစ်ဆေးရန် တိုက်တွန်းခဲ့သည်။
ဧရာဝတီမြစ်သည် နိုင်ငံ၏ အရေးပါဆုံး ပထဝီ ဝိသေသ လက္ခဏာ တစ်ခုဖြစ်ပြီး ကြီးကျယ်သော သဘာဝအဝေးပြေး လမ်းတစ်ခု၊ စားနပ်ရိက္ခာထုတ်လုပ်ပေးရာ ရင်းမြစ်တစ်ခု၊ ရေနေသတ္တဝါပေါင်းစုံတို့ ပျော်စံရာ ဌာနေတစ်ခု ဖြစ်သည်ဟု သူမက ပေးစာတွင် ရေးသားထားသည်။
တရုတ် CPI ကော်ပိုရေးရှင်းက အကုန်အကျခံ လုပ်ဆောင်ခဲ့သော သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အကဲဖြတ်ချက်၌ပင် “ရေလှောင်တမံ များစွာကြောင့် ဧရာဝတီမြစ်ကြောင်း ပြိုကွဲမှုသည် မြစ်အထက်ပိုင်းသာမကပဲ ဝေးလံသော မြစ်အောက်ဖက် ဒေသများအထိ ဆိုးဝါးသော လူမှုနှင့် ပတ်ဝန်းကျင် ပြဿနာများကို ဖြစ်ပေါ်စေလိမ့်မည် ” ဟု ဖေါ်ပြထားသည်။
ဧရာဝတီမြစ်ဆုံလိုနေရာတွင် ယခုလို ကြီးမားလွန်းသော ရေလှောင်တမံကြီး တည်ဆောက်ရန် အကြောင်းမရှိပါ ဟုလည်း အစီရင်ခံစာတွင် ရေးသားထားသည်။
၎င်းမြစ်ဆုံနေရာသည် ငလျှင်ဒဏ် စိုးရိမ်ရသော စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ၆၂ မိုင်ပင် ကွာဝေးခြင်း မရှိဟုလည်း အကဲဖြတ် အစီရင်ခံစာက သတိပေးသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများနှင့် နိုင်ငံရေးအုပ်စုများက အစိုးရအား စီမံကိန်းကို ပြန်လည် အကဲဖြတ်သုံးသပ်ရန် တိုက်တွန်းဖို့ ကြိုးစားနေကြချိန်တွင် မြန်မာအစိုးရ၏ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးဇော်မင်းက ယင်းစီမံကိန်းသည် နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ဖြစ်ပြီး စီစဉ်ထားသည့်အတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု ခုခံပြောဆိုလိုက်သည်။
“ကျွန်တော်တို့ ဆက်လုပ်မှာပါ။ လုံးဝ နောက်ပြန်မဆုတ်ပါဘူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက ကန့်ကွက်နေပေမယ့် စီမံကိန်းကို ရပ်ပေးမှာ မဟုတ်ပါဘူး ” ဟု ဝန်ကြီး ဦးဇော်မင်းက ရဲတင်းစွာ ပြောဆိုခဲ့သည်။
၂၀၀၉ ခုနှစ်က စတင်ခဲ့သော စီမံကိန်းကို ၂၀၁၈ တွင် တည်ဆောက်မှု အပြီးသတ်မည်ဟု ဆိုသည်။
yangonchronicle 2011

သတင်းအကျဉ်းချုပ် ...
လူသိထင်ရှား ရှိကြတဲ့ အထဲက ပထမဆုံး ပြန် ၀င်သူတွေကို ပြရရင် သီး ၄-သီး အငြိမ့်အဖွဲ့ က ကိုဂေါ်ဇီလာတို့ ပါ။ ဟော အခု ၁၉။၉။ ၂၀၁၁ တနင်္လာ နေ့ က ပြည်ပရောက် စင်ပြိုင် အစိုးရ အဖွဲ့ က ၀န်ကြီးဟောင်း ဦးပီတာလင်းပင်ဟာ မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့အကွက်ဆင်လှည့်ကွက်ထဲမ၀င်ရအောင်လုပ်ရမယ်လို့ပြောခဲ့တဲ့ ဦးပီတာ လင်းပင်ရဲ့ တချိန်တုန်းကစကား
ဖိုးသောကြာ
၂၀၁၁ ခုနှစ် မတ်လ ၅ ရက် ၆ ရက် က အမေရိကန်ပြည်ထောင်စု၊ အင်ဒီရားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့တွင် ကျင်းပသည့် မြန်မာ့ဒီမိုကရက်တစ် အင်အား စုများ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးပီတာလင်းပင် (ယာ) ကို တွေ့မြင်ရစဉ်။ Photo: Burma Todayမြန်မာ့ နိုင်ငံရေးကတော့ တနေ့ ရွှေ ၊ တနေ့ ငွေ ဆိုသလို အကောင်း ဘက်ကို ဦးတည်မည်လော၊ အလိမ် စခန်း ဘက် ဦးလှည့် ပြန်ဦးမည်လော ခန့် မှန်း လို့  မရအောင် ဖြစ်နေပါတယ်။
တခါသေဖူး ပျဉ်ဖိုး နားလည် ဆိုသလို ခိုင်း နှိုင်းရမလား၊ -`ခဲမှန် ဖူးသည့် စာသူငယ်´ လို နမူနာ ပေးရမည်လော အလိမ် အညာ ခံရပေါင်းများတဲ့ ပြည်သူတွေ-နဲ့  နိုင်ငံရေး လှုပ်ရှားတဲ့ သူတွေကတော့ မယုံကြည် နိုင်အောင် ဖြစ်နေကြ ပါတယ်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကတော့ မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ဦးတည်တဲ့ ကနဦး ခြေလှမ်းတွေ စတင် ပေါ်ထွက် နေပြီလို့ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ Clinton Global Initiative (CGI) နှစ်ပတ်လည် ညီလာခံမှာ ပြောကြား လိုက်ပါတယ်။
အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ဒီနှစ် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် မိန့်ခွန်း တိုက်ရိုက်ပြော ဆိုခဲ့တာပါ။
တကယ်လို့ မြန်မာ့အရေးကို ကမ္ဘာက ကူညီချင်တယ်ဆိုရင် လက်ရှိ ပြည်တွင်းမှာ ဘာတွေဖြစ်နေသလဲ ဆိုတာ ကမ္ဘာက လေ့လာသိရှိဖို့ လိုပါတယ်။ အဲဒီလို သိရှိနေနိုင်ဖို့ သတင်းစာထဲပါတာလောက် ဖတ်ယုံမဟုတ်ဘဲ အဖြစ်အပျက်တွေ နောက်ကိုလည်း မျက်ခြေမပြတ် လိုက်ပြီး ကြည့်နေဖို့ လိုအပ် တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အမေရိကန် သမ္မတဟောင်း ဘီလ် ကလင်တန် ဦးဆောင်တဲ့ CGI ရဲ့ ၂၀၁၁ ခုနှစ် ညီလာခံကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ရန်ကုန်မြို့ နေအိမ်ကနေ အင်တာနက် Skype ဗီဒီယိုက တဆင့် စက်တင်ဘာလ ၂၁ ရက်တွင် တိုက်ရိုက်မိန့်ခွန်း ပြောဆိုနေစဉ်။(AFP)
လက်ရှိ ဦးသိန်းစိန် အစိုးရအပေါ် အကောင်း-အဆိုး အမြင် ၂ မျိုးနဲ့  မြင်နေကြရမှာ ယုံကြည် သူတချို့ ကတော့ မြန်မာပြည်ထဲ ပြန်ဝင် နေကြပါပြီ။
လူသိထင်ရှား ရှိကြတဲ့ အထဲက ပထမဆုံး ပြန် ၀င်သူတွေကို ပြရရင် သီး ၄-သီး အငြိမ့်အဖွဲ့ က ကိုဂေါ်ဇီလာတို့ ပါ။ ဟော အခု ၁၉။၉။ ၂၀၁၁ တနင်္လာ နေ့ က ပြည်ပရောက် စင်ပြိုင် အစိုးရ အဖွဲ့ က ၀န်ကြီးဟောင်း ဦးပီတာလင်းပင်ဟာ မြန်မာနိုင်ငံကို ပြန်သွားတယ်လို့ သိရပါတယ်။
သူ ပြန်သွားတဲ့ သတင်းတွေကို ဘီဘီစီ၊ ဗွီအိုအေ၊ အာအက်ဖ်အေ အစရှိတဲ့ မြန်မာ အသံလွှင့်ဌာနတွေကလည်း- အမေရိကန်ရောက် ၉၀ ရွေးကောက်ပွဲ လွှတ်တော်အမတ် မြန်မာနိုင်ငံပြန် ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆက်တိုက် ထုတ်လွှင့်နေကြတာ ကြားနေရပါပြီ။
ဦးပီတာလင်းပင်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ ပြင်ဦးလွင် မဲဆန္ဒနယ်အမှတ်-၂ ကနေ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက် ခံခဲ့ရတဲ့ သူပါ။ သူဟာ ထိုင်း၊ အမေရိကန် စတဲ့ ပြည်ပနိုင်ငံတွေမှာ မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၁ နှစ် ကြိုးပမ်း ဆောင်ရွက် ခဲ့ပြီး၊ ဦးသိန်းစိန် အစိုးရရဲ့ ကမ်းလှမ်းချက် နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံး ပြန်သွားတဲ့ ၁၉၉၀ ခုနှစ် အနိုင်ရ လွှတ်တော် အမတ်လည်း ဖြစ်ပါတယ်။
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် အစိုးရတို့အကြား နိုင်ငံရေးအရ တွေ့ဆုံမှုတွေကို ထောက်ခံကြိုဆိုပြီး၊ ကူညီ ဆောင်ရွက် လို တဲ့ အတွက် မြန်မာနိုင်ငံကို ပြန်လာခဲ့တာ ဖြစ်ကြောင်း အပါအ၀င် ဦးပီတာလင်းပင် ပြည်ပအသံလွှင့် ဌာန တခု ဖြစ်တဲ့ က RFA ကို ထုတ်ဖော်ပြောကြား ရာမှာတော့ -
“ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ အစိုးရ သမ္မတကြီးတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးဟာ လုံးဝ လမ်းစ ပွင့်ပြီဆိုတာ ယုံကြည်တဲ့ အတွက်ကို ကြိုဆိုခဲ့တယ်။ လက်တွေ့ပြချင်တဲ့ အနေနဲ့ ကျနော် မြန်မာပြည် ပြန်လာချင်တယ်၊ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ချင်တယ် ဆိုတာကို သံအမတ်ကြီးက တင်ပေးပါတယ်။ နောက် သုံးလေးရက် နေတဲ့ အခါမှာ သမ္မတကြီး ကိုယ်တိုင်က ကျွန်တော်ရဲ့ တင်ပြချက်ကို လက်ခံပါတယ်” လို့ ထုတ်ဖော် ရင်ဖွင့် ရှာပါတယ်။
ဦးပီတာလင်းပင်ဟာ ပြည်ပအခြေစိုက် NCGUB အဝေးရောက် မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။ သူမြန်မာနိုင်ငံကို ပြန်ဖို့အတွက် နယူးယောက်မြို့ မြန်မာ သံအမတ်ကြီး ဦးသန်းဆွေက ကူညီ ဆောင်ရွက် ပေးခဲ့တယ်လို့ ပြောပါတယ်။
ဦးပီတာလင်းပင် မြန်မာနိုင်ငံ ပြန်သွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ NCGUB အဝေးရောက် မြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်က NCGUB ရဲ့ သဘောထား ကတော့ --“ဒါကတော့ ဦးပီတာလင်းပင်ရဲ့ ဒီကနေ့ သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကြားထဲက ဖြစ်ပေါ် တိုးတက်မှုတွေက အကောင်းဘက်ကို ဦးတည်နေတယ်လို့ သူယုံကြည်လို့ ပြန်သွားတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါက လက်ရှိ အခြေအနေတွေဟာ တကယ်ပဲ အကောင်းဘက်ကို ဦးတည် နေသလား ဆိုတာကို စမ်းသပ်တာလည်း ဖြစ်နိုင်ပါတယ်” တဲ့။
ဒါတွေက အကြမ်းဖျင်း ရေဘူယျ ဖြစ်စဉ်တွေပါ။
ထူးခြားချက်ကတော့ သူ မြန်မာ ပြည်ကို ပြန်မယ့်အကြောင်း ပြည်ပရောက် နာမည်ကြီး နိုင်ငံရေး သမားတွေ ဖြစ်တဲ့ မောင်မောင်ကျော်၊ နေတင်မြင့်၊ ထွန်းအောင်ကျော်၊ ဦးနွယ်အောင်( ဂျာမဏီ) တို့နဲ့ တိုင်ပင်ပြီး မှ ပြန်တာလို့  ဗွီအိုအေ အင်တာ ဗျူးမှာ ထုတ်ဖော်ပြော ဆိုပါတယ်။
နောက်ထူးခြားချက်တရပ်က သူ မြန်မာပြည် ပြန်တာကို ဝေဖန်မှာ မကြောက်ကြောင်း၊ သူ့ ကို ဝေဖန်မဲ့ သူဟာ ပြည်ပမှာ စားခွင့်ရ၊ နေတဲ့ သူတွေက ကသာ ဝေဖန်မှာ ဖြစ်ကြောင်း၊ ပြည်ပ နိုင်ငံရေးဟာ (၂၁) နှစ်ကြာအောင် ကိုယ်တိုင် ထဲထဲ ၀င် ၀င် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ တိုးတက်တဲ့ ဖြစ်ထွန်း မှု မရှိလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တို့  ပူးတွဲ လုပ်ဆောင်နေကြတဲ့ တိုးတက်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ယုံကြည်ပြီး ပြန်တာ ဖြစ်ကြောင်း ဗွီအိုအေ သတင်းဌာနကို ထပ်မံ ဖွင့်ဟ ပြောဆို ပြန်ပါတယ်။
ဒီနေရာမှာ ကျွန်ုပ် သဘောနဲ့ ဦးပီတာ လင်းပင် ပြောဆို ချက် ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်ပါတယ်။
ပြည်ပ နိုင်ငံရေးဟာ (၂၁) နှစ်ကြာအောင် ကိုယ်တိုင် ထဲထဲ ၀င် ၀င် လုပ်ဆောင်ခဲ့ပေမယ့် ဘာမှ တိုးတက်တဲ့ ဖြစ်ထွန်း မှု မရှိဆိုတာ မမှန်ပါ။
တိုးတက် ဖြစ်ထွန်းမှုတွေ အများကြီးရှိပါတယ်။ အနှစ်ချုပ် ထောက်ပြရသော်--
ပြည်သူတွေ ဆင်းရဲ တွင်းက လွတ်အောင် ကယ်တင်မယ်၊ ပြည်ပမှာ ပြည်တွင်းမှာထက် နိုင်ငံရေး ပိုလုပ်နိုင်မယ်လို့ အော်ဟစ်ပြီး ထိုင်းဘက် ထွက်လာတဲ့ ပြည်ပ အတိုက်အခံတွေ လုပ်ရပ် ပြန် ကြည့်ရင်-
(က ) အမေရိကန်ကမ္ဘာ့ ပုလိပ် ငပွကြီး မြန်မာ့ အရေး ၀င်မရှုပ်ရေးသည် ပထမ
(ခ) တရုတ် အကူအညီနဲ့ မြန်မာ့ အရေး ဖြေရှင်း အောင်ပွဲခံရေးသည် ဒုတိယ
(ဂ) နှာခေါင်းရှည် အဖြူကောင်တွေဆီက ရသမျှ ငွေကြေးနှင့် ရနိုင်သမျှ အကူအညီ ရအောင်ယူရေး၊ ညာဝါးရေးသည် တတိယ
(ဃ) မြန်မာ ပြည်သူတွေ လိုချင်တဲ့ လွတ်လပ်မျှတတဲ့ ဒီမိုကရေစီ စနစ် ထွန်းကားရေးသည် စတုတ္တ-
ဖြစ်တယ် ဆိုတာ မျက်စိဖွင့် နားစွင့်ထားတဲ့ နိုင်ငံရေးနားလည် သူတိုင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား နေတာ သိနိုင်မြင်နိုင်ပါတယ်။
အဲဒီ အချက်တွေအရ သူတို့ လုပ်ရပ် အောင်မြင်မှုကို လေ့လာကြည့်ရင်--
၁-ပြည်ပရောက် အတိုက်အခံတွေလုပ်လို့ တော်လှန်ရေး နှစ် (၂၁)ကျော် သက်တမ်း ရှည်တဲ့ အထိ သူတို့ ရည်ရွယ်ချက်ဖြစ်တဲ့ ရှေ့ မျှော် အနောက်မုန်း ၀ါဒ ကို မြန်မာ ပြည်သူတွေ မသိအောင် ဟန်မပျက် ရပ်တည်လာတာ အောင်မြင်မှု တခုပါ။
၂။ ပြည်ပရောက် အတိုက်အခံတွေ လုပ်လို့  အမေရိကန် သမ္မတ ဂျော့ရှ်ဘု ရဲ့ ၂၀၀၆ တွင် ဒီမိုကရေစီ မြင်စေရမည် စီမံ ကိန်း ပျက်ခဲ့ရပါတယ်။
ဒါကြောင့် အမေရိကန်တွေ ၂၀၀၆ မှာ ကတည်းက မြန်မာ ပြည်ကို ဒီမိုကရေစီ ရအောင်လဲ မလုပ်နိုင်၊ မြန်မာပြည်အတွင်း ထဲထဲဝင် နိုင်ငံရေး စီးပွါးရေး တိုးချဲ့ မလာနိုင်တာပါ။
တရုတ်ကသာ စီးပွါးရေး နိုင်ငံရေး ပြည်တွင်းရော ပြည်ပမှာပါ ချုပ်ကိုင် လာတာ ပိုမြင်လာရပါတယ်။
၃။ ပခုက္ကူက စလိုက်တဲ့ စနက်မီးကို ထိုင်းနယ်စပ်ပြည်ပကလူတွေ မီးအထိုးကောင်းလို့ ၂၀၀၇ ရွှေ ၀ါရောင် တော်လှန်ရေးမှာ ဘုန်းကြီးတွေ ဆန္ဒ ပြကြ တယ်။ ဒါကို ပြည်ပရောက် အတိုက် အခံတွေ အလုပ်ကောင်းလို့ စစ်တပ် ရက်စက်မှု ကမ္ဘာက ပိုသိပြီး ခွင်ရိုက်တတ်တဲ့ အဖွဲ့ တွေ နာမည်ကောင်းရ ထောက်ပန့် ကြေးတွေရ ခဲ့ပါတယ်။
၎။ ၂၀၀၈ နာဂစ် မုန်းတိုင်း ကြီးမှာ -ပြည်ပရောက် အတိုက်အခံတွေ နှုတ်ဆိတ်နေကြ၊ အသံတွေ တိုးညှင်းနေခဲ့လို့ လုပ်လို့ အမေရိကန် နဲ့ အပေါင်းအပါ ကူညီရေး စစ်သင်္ဘောတွေ ၀င်ဖို့ အခက်အခဲရှိခဲ့ပြီး ကူညီရေး မအောင်မြင်ခဲ့ပါ။
သူတို့ အသံကျယ်ကျယ်နဲ့ ၀င်ရေး ၀ိုင်းအော်ခဲ့ကြရင် အဲဒါကို အထောက်အထား ယူပြီး ၀င်ရောက်နိုင်ခဲ့ရင် အခြေအနေ တမျိုး ဖြစ်နိုင်ပါတယ်။
အမေရိကန်နဲ့ အပေါင်းအပါများ ခမျာ နအဖ စစ်အစိုးရကလည်း လက်မခံ ၊ ပြည်တွင်း အဓိက အတိုက်အခံ ပါတီတွေကလည်း ၀င်လာဖို့ အသံမထွက်။ ပြည်ပ အတိုက်အခံတွေကလည်း တုန်ဏှိဘာဝေ- တေမိ လက်သစ်တွေလို လုပ်နေကြခဲ့တာ ဆိုတော့ ၀င်ဖို့ အားမရှိ ဖြစ်ခဲ့ပါတယ်။
၅။ စိုင်ရှင်ကို အကြောင်းပြပြီး အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန်၊ နော်ဝေ စတဲ့ ဥရောပ နိုင်ငံတွေ မြန်မာ ပြည်ထဲဝင်ရောက် ရင်းနှီး မြှုပ်နှံတာကို သပိတ်မှောက်ကြ ကန့် ကွက်ကြလို့  မြန်မာ ပြည်က ပြန်ထွက်သွားကြရတယ်။
ဒါပေမယ့် တရုတ်က တဖြည်း ဖြည်း ရင်းနှီး မြှုပ်နှံ လာတာကိုကျတော့ နှုတ်ဆိတ်နေလိုက်ကြတာ အခုဆို တရုတ်ဟာမြန်မာ ပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံ ဖြစ်လာပါတယ်။
မြို့ကြီးတွေရဲ့ အဓိက အချက်အချာ နေရာတိုင်းမှာ တရုတ်မျက်နှာတွေ မမြင်ချင်အဆုံး ဖြစ်ခဲ့ရတယ်။
၆။ တရုတ်က ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို မြန်မာပြည်တွင်းမှာ ကန့် ကွက်ကြ၊ အော်ဟစ်ဝေဖန်ကြ၊ အဖမ်းခံ ဆန္ဒပြကြပေမယ့် ဧရာဝတီဟာ မြစ်ကနေ ချောင်း ဖြစ်ရမှာကို ပီတီ ဖြာပြီး တရုတ် အောင်မြင်မှုကို တစိမ့်စိမ့် ပီတီ ဖြာနေသလားမသိ။ ပြည်ပရောက် ရဲရဲတောက် ဆရာကြီးတွေ က နှုတ်ဆိတ်နေကြတယ်။ မြစ်ဆုံ စီမံကိန်းသာ ဆက်လက် တည်ဆောက်ခွင့်ရခဲ့ရင် အရှေ့ မျှော်တွေရဲ့ နောက်တိုး အောင်မြင်မှု တခုဖြစ်ဦး မှာပါ။
တကယ်တော့ စစ်အစိုးရနဲ့ ပြည်ပ ရဲရဲတောက် အတိုက်အခံတွေဟာ ခေတ်သစ် နီရိုကိုလိုနီတွေဆိုပြီး နှခေရှောင်း၊ အဖြူကောင်တွေ မုန်းကြတာ၊ တရုတ် အားကိုးပြီး အင်အား ကြီးထွား အောင် လုပ်ချင်တာချင်း တူညီကြတာ ဘယ်လိုမှ ငြင်းမရတဲ့ အချက်ဖြစ်ခဲ့တာပါ။
ဦးသိန်းစိန်၊ဦးရွှေမန်းတို့ နဲ့ အပြိုင် ပြည်ပရောက် အမတ်တွေရော၊ နိုင်ငံရေးမှာ ဦးထုပ်ဆောင်းခွင့်ရ-မိုက်ခွက်ကိုင် ပြောခွင့်ရတဲ့ သူတွေရောရဲ့  တိုးတိုး တိတ်တိတ် ခိုးကြောင်ခိုးဝှက်တရုတ်သွား တောလား တွေက သက်သေခံ နေပါတယ်။
အရှေ့ မျှော် အနောက်မုန်း သမားတွေ ရဲ့  အဲသလို အောင်မြင်မှု တွေကို ဦးပီတာလင်းပင် တကယ်မသိတာလား၊ မသိဟန်ဆောင်အောင်ပြီး ပြည်ပရာက် နိုင်ငံရေး သမားတွေ ဘာအောင်မြင်မှု မှ မရှိဘူးလို့ ပြောလေသလား။
သူများတွေ ဒီမိုကရေစီဖော်ဆောင်ရေး ရံပုံငွေကို လှီးဖြတ်၊ ခိုးဝှက်ကြသလို ``မင်းသွေး မင်းဆက် လင်းပင်မင်းသားကြီးရဲ့´´ ဂုဏ်တော်ငဲ့ပြီး ဦးပီတာလင်းပင် မခိုးဘူးဆိုတာ လက်ခံနိုင်ပေမယ့် ပြည်ပမှာ အထက်က ဖော်ပြထားတဲ့ အောင်မြင်မှုတွေ လုပ်တာ ကျွန်တော်မသိပါ ဆိုတာ မဖြစ်နိုင်ပါ။
အဓိက လိုရင်း ချုပ် ပြောရမည်ဆိုပါက--
ထိုင်းနယ်စပ် ရောက်ပြီး စင်ပြိုင်အစိုးရ ဖွဲ့စမှာ ယူအင် အစည်းအဝေး အတွင်း ထိုင်ခွင့်ရစဉ်က ဖြစ်စေ၊
အမေရိကန် သမ္မတေ၈ျာ့ဘုရှ်၏လ၂၀၀၆ မှာ ဒီမိုကရေစီမြင်စေရမည် စီမံချက်မှာ ဖြစ်စေ၊
ရွှေဝါရောင် တော်လှန်ရေးမှာ အဓိက ကူညီနိုင်မယ့် နိုင်ငံတွေ အင်အား လစ်ဗျားတွေလို အသုံးချနိုင်ခဲ့ရင် ဖြစ်စေ၊
နာဂစ်ကူညီရေးမှာ အမေရိကန် စစ်သင်္ဘောတွေ ၀င်ဖြစ်ရောင် ၀ိုင်းဝန်း ဆောင်ရွက်တွန်းအားပေးခဲ့လျှင်ဖြစ်စေ
ပြည်ပရောက် စင်ပြိုင် အစိုးရနှင့်တကွ မြန်မာ့ အတိုက်အခံတို့ စွမ်းစွမ်းတမံ အသုံးချ အမြတ်ရအောင် လုပ်နိုင်ခဲ့လျှင် မြန်မာ့ အရေးဟာ လစ်ဗျားမှာထက် အဖြေရလဒ်ကောင်း ထွက်မှာ သေချာပါတယ်။
အကယ်၍သာ လစ်ဗျား အတိုက်အခံတွေလို ပြတ်သားတဲ့ မျိုးချစ်စိတ် နဲ့ ဒီမိုကရေစီ ဘယ်လို နည်းနဲ့ ရရ အောင်ပွဲရရှိရေးဘက် ဦးတည်ခဲ့ရင်ရှိခဲ့ရင် ပြည်သူတွေ ဒီမိုကရေစီရ မရသွားနိုင်ပေဖူးလား။
လင်းပင်မင်းသားကြီး ရဲ့ သွေး ဦးပီတာ လင်းပင်ရေ-
တွေးရခက်ကြီးပါခင်ဗျ။
ဖိုးသောကြာ
--၂၃-စက်တင်ဘာ -၂၀၁၁
hittai.netမှ ကူးယူဖော်ပြပါသည်...

သတင်းအကျဉ်းချုပ် ...
ရွှေဝါရောင်တော်လှန်ရေး(၄)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်(ရွှေဝါရောင်သွေးမှတ်တမ်း)သီချင်းကို ညီမင်းသစ်ကခံစားသီဆိုပြီးကိုသော်(ဂျပန်)မှပုံဖော်ခံစားတင်ပြထားပါသည်။အသက်ပေးတိုက်ပွဲဝင် သွားကြသောရဟန်းရှင်လူ၊ပြည်သူအပေါင်းအားဂုဏ်ပြုဦးညွတ်ကာအလေးပြုပါသည်။
Video..ကိုသော်(ဂျပန်)

သတင်းအကျဉ်းချုပ် ...