Wednesday, September 26, 2012
0 နိုင်ငံတော်သစ် နှင့် ၈၈ မျိုးဆက်သစ်ကျောင်းသားများ၏ အမြင်
““ဘယ်သူက နိုင်ငံတော်လို့ပြောနေ တာလဲ။ နိုင်ငံဆိုတော်ဆိုတာဘာလဲ။ အခြေခံအယူအဆတွေ ကွဲလွဲနေတာက ရှင်းရှင်းလေးပါပဲ။ ကျွန်တော်တို့ရှင်းပြဖို့ လိုတယ်။ ဒါမှမဟုတ်ရင် ဗလုံးပထွေးနဲ့ နိုင်ငံတော်ဆိုပြီး ကျွန်တော်တို့ချည်းပဲ ခံနေရတယ်။ အဲဒါတစ်ခုခုတော့ မှားနေြ့ပီ။ အဲဒီတော့ ကျွန်တော်က နိုင်ငံတော် ဆိုတာကို ဘာသာရပ်ရှုထောင့်က အရင် ပြောမယ်။နိုင်ငံတော်ရဲ့ ကြန်အင်လက္ခ ဏာဆိုပြီးတော့ (၄)ခုကွဲသွားတယ်။ (၁) နိုင်ငံလို့ပြောရင် နယ်နမိတ်ရှိရမယ်။ ပထ၀ီဝင်နယ်နမိတ် သတ်သတ်မှတ်မှတ် တစ်ခုရှိရမယ်။ (၂) နယ်နမိတ်ထဲမှာနေ တဲ့နိုင်ငံသားတွေ၊ ပြည်သူတွေပါရမယ်။ ပြီးတော့ (၃) အဲဒီနိုင်ငံမှာ အုပ်စိုးနေတဲ့ အစိုးရပါရမယ်။ (၄) အဲဒီနိုင်ငံကနေ ကိုင်တွယ်ကျင့်သုံးနေတဲ့ အချုပ်အခြာ အာဏာဆိုတာ ပါရမယ်။ အဲဒီ (၄)ခု ပေါင်းထားတာကိုမှ လုံခြုံမှုရှိပြီးစစ်မှန်တဲ့ နိုင်ငံတော်လို့သတ်မှတ်တယ်။
ကာလများစွာကျွန်တော်တို့က နိုင်ငံ တော်ဆိုတဲ့ဟာကို ဘယ်လိုမြင်လဲဆို တော့ အစိုးရက သူတို့ကိုယ်သူတို့ နိုင်ငံ တော်လို့သတ်မှတ်တယ်။ အဲဒီတော့ ကျွန်တော်တို့ကလည်း ဟုတ်နိုးနိုးနဲ့ နိုင်ငံ တော်ဆိုလည်း နိုင်ငံတော်ပေါ့ဆိုပြီး နေ လာခဲ့ရတယ်။ ကျွန်တော်တို့ ပြန်ပေးပိုင် ခွင့်မရှိသလို၊ သိခွင့်လည်းမရှိဘူး။ အဲဒီ တော့ လေးလေးနက်နက် ပြန်စဉ်းစား ကြည့်ရင် အစိုးရဆိုတာ နိုင်ငံတော်မှာ အစိတ်အပိုင်း (၄)ခုပေါင်းထားတဲ့အထဲမှာ ကလေးပြောပြောရလျှင် လေးပုံပုံ တစ်ပုံ ပဲရှိတယ်။ သူတို့က အင်္ဂါရပ်တစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံတော်ဆိုတဲ့ဟာက နိုင်ငံပိုင် ပြုလုပ်တယ်ဆိုပြီးတော့ အိမ်တွေ၊ ဈေး တွေ အဆောက်အအုံတွေ အကုန်လုံး အသိမ်းခံနေရတယ်။ အဲဒီ နိုင်ငံတော် ဆိုတဲ့ဟာကြီးကို ပြောတိုင်းပြောတိုင်းမှာ နိုင်ငံသား ပြည်သူတွေက ကိုယ်နဲ့ဘာမှ မဆိုင်သလိုဘဲ နိုင်ငံတော်ဆိုတာ သူတို့ အုပ်ချုပ်နေတဲ့ ကိစ္စပဲဆိုပြီးတော့ နေလာ ခဲ့ကြတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရ တဲ့ နိုင်ငံတော်ဆိုတာဒါပါပဲ။
ကျွန်တော် တို့ဖြတ်သန်းခဲ့ရတဲ့ နိုင်ငံတော်နဲ့ပတ်သက် ပြီးတော့ ကမ္ဘာမှာကျော်ကြားတဲ့စကား တစ်ခွန်းရှိပါတယ်။ ““ပြင်သစ်ဘုရင် လုဝစ် တက်စစ္စတန်က I am the state နိုင်ငံ တော်ဆိုတာငါပဲ၊ ငါ့ကိုဆန့်ကျင်တာဟာ နိုင်ငံတော်ကို ဆန့်ကျင်တာပါပဲ””ဟု ဆို ထားသည်။ အင်မတန်ကျော်ကြားပါ တယ်။ နောက်ဆုံးတော့ ခေါင်းဖြတ်စက် နဲ့ အသက်ခံလိုက်ရတယ်။ နိုင်ငံတော် လည်း ကိစ္စတုံးသွားတယ်။ အဲဒီ အယူ အဆဟာ အခုအချိန်ထိ အာဏာပိုင် နိုင်ငံတွေမှာ ဆက်ပြီးတော့ ရှင်သန်တုန်း ပဲရှိသေးတယ်။ အဲဒီနိုင်ငံတွေက ပြည် သူတွေဟာလည်း အဲဒီအစိုးရနဲ့ နိုင်ငံနဲ့ ကို ကွဲကွဲပြားပြား နားမလည်တော့ဘဲနဲ့ အစိုးရဆိုတာ နိုင်ငံတော်ပဲလို့ ထင်နေ ကြတယ်။ အဲဒီတုန်းက နိုင်ငံတော်ဆို တာ အက်တိုလေးတစ်ချောင်းတောင် မရှိ တဲ့ကြားထဲမှာ တုတ်တစ်ချောင်းရှိရင် အစိုးရတက်လုပ်လို့ရတယ်။ နိုင်ငံတော် အာဏာကို ရယူထားတဲ့သူဟာ ဘယ် နည်းနဲ့ပဲရရ သူ့ကိုသူ နိုင်ငံတော်ဟုသတ် မှတ်ထားတယ်။
လူတစ်ဦးတစ်ယောက် အုပ်ချုပ် တာပဲဖြစ်ဖြစ်၊ လူအနည်းစု လေးငါးဆယ် ယောက်ကနေပြီးတော့ သူ့ကိုသူ နိုင်ငံ တော်လို့ ကိုယ်စားပြုပြီးတော့ လုပ်လာ ခဲ့တဲ့ဟာကို နိုင်ငံတော်အဟောင်းလို့ ကျွန်တော်တို့သတ်မှတ်လိုက်ကြပါစို့။ ဒီနေ့ ဆွေးနွေးမယ့်ခေါင်းစဉ်က နိုင်ငံတော်အသစ် ပါပဲ။ ဘယ်လောက် သစ်လဲ၊ ဘယ်လောက်သစ်ပြီလဲ ဆိုတာ ကိုတော့ ဆင်ခြင်တုံတရားနဲ့သာ သတ် မှတ်ပါ။ ဒီနေရာမှာ ကျွန်တော် ဆုံးဖြတ် ချက်မပေးပါဘူး။ သို့သော် ကျွန်တော်တို့ မျှော်လင့်တာက နိုင်ငံတော်အသစ်၊ နိုင်ငံ တော်အဟောင်းမှာက နိုင်ငံသားတွေရဲ့ အခန်းကဏ္ဍပျောက်ဆုံးနေတဲ့ ကိုယ့်ကို ကိုယ်ရှာမတွေ့နိုင်တဲ့ အခြေအနေတစ်ခု။ အဲဒါနိုင်ငံတော်အဟောင်းပဲ။ အဲဒီတော့ ကျွန်တော်တို့က ခေါင်းစဉ် နိုင်ငံတော် အသစ်မုခ်ဦးကြီးကို ဖြောက်ထားလို့မရ ဘူး။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ ဆိုတဲ့ မုခ်ဦးတွေရှိတယ်။ ခင်ဗျားတို့တွေ့တယ်။ အဲဒီအောက်က ဖြတ်သွားရင် နိုင်ငံတော်သစ်ဆီသို့ ရောက်မလားဆိုတာ မသေချာဘူး။ ကျွန် တော်လည်းမသိဘူး။ ဒါပေမဲ့ကျွန်တော် ရယ်စရာတွေးမိတယ်။ မင်္ဂလာဒုံလေဆိပ် ကိုသွားတဲ့လမ်းမှာလည်း အဲဒီမုခ်ဦးကြီး တွေတွေ့ရတယ်။
““သြော်.. နိုင်ငံတော် သစ်ဆီကိုသွားဖို့ဆိုရင် အဲဒီ လေယာဉ် ပျံကြီးနဲ့သွားမှပဲရမယ်””လို့ ကျွန်တော် ရှင်းရှင်းလေးပဲ တွေးကြည့်မိတယ်။ ကျွန် တော်တို့ နိုင်ငံတော်သစ်ကြီးဆီကို သွား ကြတော့မယ်။ ကျွန်တော်တို့လက်ရှိ နိုင်ငံ တော်မှာတာဝန်ယူထားတဲ့ ပုဂ်္ဂိုလ်ကြီး တွေ၊ အကြီးအကဲတွေ အားလုံးကလည်း ပြောတယ်။ အမူအကျင့်တွေပြောင်းရ မယ်။ အတွေးအခေါ်တွေ ပြောင်းရ မယ်။ လုပ်ပုံကိုင်ပုံတွေ ပြောင်းရမယ်။ တချို့စကားရပ်တွေဆိုရင် အင်မတန် ရိုသေဖို့ကောင်းတယ်။ ကျွန်တော်တို့ တစ်လျှောက်လုံးမှာ အထက်ကနေ အောက်ကို စီးဆင်းတဲ့ စ အသ ကြအအသည ပုံစံနဲ့လာခဲ့ကြတယ်။ ခေါက်ရိုးကျိုးနေကြ ပြီ။ အခုကျွန်တော်တို့သွားရမယ့် နိုင်ငံ တော်ဟာ အောက်ခြေကနေ အထက်ကို တင်ပြဆွေးနွေးတဲ့ အကြံပြုတဲ့ပုံစံတွေကို ဖော်ထုတ်ရမယ်လို့လည်း လူကြီးတွေက ပြောတယ်။ လက်တွေ့ခံစားရတာ၊ မခံစား ရတာထက်စာရင် စကားလုံးတွေကြားရ တာနဲ့တင် ပဏာပီတိဂွမ်စီထိတယ်ဆို တာမျိုးကြားရရုံနဲ့ပဲ တော်တော်ဝမ်းသာမိ တယ်။ တကယ်ခံစားရရင်တော့ အတိုင်း တက်အလွန်ပဲပေါ့ဗျာ။
ကျွန်တော်တို့နိုင်ငံတော်သစ်ကို သွားကြမယ်ဆိုရင် အဓိကကျတဲ့နိုင်ငံ တော်သစ်နဲ့ နိုင်ငံတော်အဟောင်းဘာ ကွာလဲ။ တစ်ခွန်းတည်းပြောရရင် နိုင်ငံ သားတွေရဲ့ အခန်းကဏ္ဍမြင့်တက်လာ တာနဲ့အမျှ နိုင်ငံတော်သစ်ကို တစ်ရွေ့ ရွေ့နဲ့ခြေလှမ်းတိုးနေပြီး ဒီထက်သာ နိုင်ငံ သားအားလုံးမှ တက်တက်ကြွကြွနဲ့ ကိုယ့် တန်ဖိုးကိုယ်သိပြီးတော့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတက်တဲ့ နိုင်ငံသားတွေအဖြစ်နဲ့အဲဒီအခြေအနေရောက်လာပြီဆိုရင်တော့ နိုင်ငံတော်သစ်အဆင့်ကို ရောက်ပြီလို့ ကျွန်တော်တို့ သတ်မှတ်လို့ရပါတယ်။
နိုင်ငံတိုင်းမှာ အယူအဆတွေ အများကြီးရှတယ်။ အခုချိန်ထိ ဘုရင် စနစ်အုပ်ချုပ်တာတွေရှိတယ်။ အာဏာ ပိုင်အစိုးရပုံစံမျိုးတွေ အုပ်ချုပ်နေတာတွေ ရှိတယ်။ ရွေးကောက်တင်မြှောက်ခံရ သော အာဏာရှင်အစိုးရတွေ ပုံသဏ္ဍာန် မျိုးစုံနဲ့ရှိတယ်။ ဒါလည်း အစိုးရပဲ။ ကျွန် တော်တို့လိုချင်တဲ့အစိုးရ၊ ကျွန်တော်တို့ လိုချင်တဲ့ နိုင်ငံတော်သစ်ဆိုတာက ပြည် သူတွေက နိုင်ငံရေးအသိပညာနိုးကြားမှု အပြည့်အ၀နဲ့ သူတို့ကိုယ်စားလှယ်တွေ ကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီးတော့ နိုင်ငံရေးကို စီမံခန့်ခွဲနိုင်တဲ့ အုပ်ချုပ်နိုင် တဲ့ အခြေအနေမျိုးကို ရောက်ရင် ကျွန် တော်တို့လိုချင်တဲ့ နိုင်ငံတော်သစ်အဆင့် ကိုရောက်ပြီလို့ ကျွန်တော်တို့ပြောရမယ်။
စိုးဝင်းနိုင်၊ မျိုးမင်းဇော်(Hot news weekly သတင်းဂျာနယ်)
0
တရုတ်နဲ့ ဆက်ဆံရေးကိစ္စ ပြောရပေဦးမယ် -
ရေးသူ--မောင်ဝံသ
ဆွေမျိုးဆိုတာ မခေါ်ရင်ရပေမယ့် မတော်ချင်လို့တော့ မရဘူးဆိုသလို ကမ္ဘာမှာ အိမ်နီးချင်းနိုင်ငံ ဆိုတာလည်း ရွေးလို့ရတာမျိုး မဟုတ်ဘူးဗျ။ ကိုယ့်အိမ်နီးချင်း ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ မဖြစ်မနေ မိတ်ဝတ်မပျက် ဆက်ဆံရမှာပဲ ဖြစ်တယ်ဗျာ။ သိပ်ဆိုးတဲ့ အိမ်နီးချင်း ဆိုရင်တော့ အဆက်အဆံ မလုပ်ဘဲ ကိုယ့်ခြံစည်းရိုးကို ကိုယ်လုံခြုံအောင် ပိတ်ဆို့ထားဖို့ပဲ ရှိတယ်ဗျ။ ဒါပေမဲ့ ကိုယ့်ထက် အဆပေါင်းများစွာ အင်အား ပိုမို ကြီးထွားတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရတဲ့ နိုင်ငံငယ်တစ်ခုရဲ့ ဦးစီးခေါင်းဆောင်တွေ အနေနဲ့ကတော့ အင်မတန်ကို ပါးပါးနပ်နပ်နဲ့ သတိတမန် ဉာဏ်မြေကတုတ် လုပ်ကြဖို့တော့ လိုသပေါ့ဗျာ။ ရေတိုအကျိုးထက် ရေရှည်အကျိုးကို ကြည့်ပြီး လျှော့တန်လျှော့ တင်းတန်တင်း နည်းပရိယာယ် ကြွယ်ဝစွာနဲ့ ဆက်ဆံခဲ့ကြတဲ့ အိမ်နီးချင်း ဒစ်ပလိုမေစီတွေကို နမူနာ ယူနိုင်ကြမယ် ထင်တယ်ဗျ။
အမျိုးသားရေး သတိနဲ့ ဆင်ခြင်
မြန်မာပြည်သူများရဲ့ အကျိုးစီးပွားရှုထောင့်က ရပ်တည်ပြီး ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို နိုင်ငံတော်သမ္မတကြီးက မိမိရဲ့ ရာထူးသက်တမ်းအတွင်း ဆက်မလုပ်စေဖို့ ရပ်ဆိုင်းခဲ့တာ တစ်နှစ်ကျော်သွားပြီးတဲ့နောက် မနေ့တစ်နေ့က သတင်းတစ်ခု ကြားလိုက်တယ်ဗျာ။ မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားတာတဲ့။ ဖျက်သိမ်းပစ်တာ မဟုတ်ဘူးတဲ့။ ကျွန်တော့်ဗျာ၊ နားရင်းပါးရင်းတွေ ထူပူသွားမိပါတယ်။ လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်မိပါတယ်။ တယ် ခံရခက်ပါလားဗျ။ ဟိုတလောကလည်း အသားထဲက လောက်တစ်ယောက်က ပြောလိုက်သေးတယ် မဟုတ်လား။ မြစ်ဆုံ စီမံကိန်းကို တိုင်းပြည်အကျိုးအတွက် ဆက်လုပ်ရမယ်တဲ့ဗျာ။
= အင်ဒိုချိုင်းနား ဒေသ
သည်အကြောင်းတွေ ပြန်လှန် စဉ်းစားရင်း ကိုယ့်နေရာ ကိုယ့်ဒေသ အကြောင်း သုံးသပ်မိတယ်ဗျ။ အခု အရှေ့တောင် အာရှဒေသလို့ ခေါ်ခေါ်နေကြတဲ့ ဒေသကြီးတစ်ခု လုံးကို တစ်ချိန်က သမိုင်းပညာရှင်တွေက အင်ဒိုချိုင်းနားဒေသကို ခေါ်ဝေါ် ခဲ့ကြတာ အားလုံး အသိပါ။ နိုင်ငံ အကျယ်အ၀န်း ပမာဏအရရော၊ လူဦးရေအရရော၊ ယဉ်ကျေးမှု အစဉ်အလာအရပါ အင်မတန်မှ ကြီးမား ရင့်ညောင်း ခိုင်မာလှတဲ့ အိန်္ဒိယနဲ့ တရုတ်ဆိုတဲ့ နိုင်ငံကြီး နှစ်ခုကြားမှာ တည်ရှိနေတာကြောင့် ပထ၀ီသဘောအရ ကွက်ကွက်ကွင်းကွင်း ထင်းခနဲ လင်းခနဲ ဖြစ်သွားအောင် Indochina လို့ ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်တယ်ဗျ။
စိနနဲ့ မဇ္ဈိမ တိုင်းသား အချိုး
အင်ဒိုချိုင်းနားဆိုတဲ့အတိုင်း အဲဒီဒေသနိုင်ငံတွေ နယ်မြေဒေသတွေဟာ အဲဒီနိုင်ငံကြီး နှစ်ခုကလာတဲ့ လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး စတဲ့ သက်ရောက်မှု မျိုးစုံကို မလွှဲမရှောင်သာ ခံယူခဲ့ကြရတာ ဖြစ်တယ်ဗျာ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကိုပဲ သီးခြား ရွေးထုတ်ပြောမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ လူများစုကြီး ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာဟာ အိန်္ဒိယနိုင်ငံက ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်က အင်မတန်မှ ကျော်ကြားထင်ရှားခဲ့တဲ့ ပါတီကြီးတစ်ခု ဆိုရင် တရုတ်ကွန်မြူနစ် ခေါင်းဆောင်ကြီး မော်စီတုံးရဲ့ အတွေးအခေါ်ကို လုပ်ငန်း လမ်းညွှန်အဖြစ် သတ်မှတ်ခဲ့ဖူးတာ ဖြစ်တယ်ဗျ။ အဲသလိုပဲ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေမှာလည်း (ဆရာငြိမ်းကျော် အသုံးအနှုန်းနဲ့ ခဏငှားပြီး ပြောရရင်) စိန တိုင်းသားတွေနဲ့ မဇ္ဈိမ တိုင်းသားတွေရဲ့ အချိုးက သိပ်မနည်းလှတဲ့ အတိုင်းအတာနဲ့ ပါဝင်နေတယ်ဗျာ။
အိန်္ဒိယ - တရုတ် - ဂျပန်နဲ့ မြန်မာ့ နိုင်ငံရေး
ကျွန်တော်တို့နိုင်ငံဟာ သမိုင်းတစ်လျှောက် ဘာသာရေးနဲ့ ယဉ်ကျေးမှုအရ အိန်္ဒိယ ဘက်ကို ပိုမို တိမ်းညွတ်ခဲ့ပါတယ်။ နိုင်ငံရေးအရလည်း အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု တစ်လျှောက် တရုတ်နဲ့ ပတ်သက်ခဲ့တာ အလွန်နည်းပါးတယ်။ ထင်ရှားတဲ့ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဂန်္ဒီ-နေရူးတို့ ခေါင်းဆောင်တဲ့ အိန်္ဒိယ ကွန်ဂရက် ပါတီနဲ့ အိန်္ဒိယ ကွန်မြူနစ်ပါတီနဲ့ အဆက်အစပ်များခဲ့တယ်။ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်လှုပ်ရှားကြရင်း လူငယ်ခေါင်းဆောင်တွေ အတွေးထဲ “အနုနည်းနဲ့တော့ မရတော့ဘူး၊ အကြမ်းနည်းနဲ့မှပဲ ရတော့မယ်” ဆိုတဲ့ အယူအဆ သနေ်္ဓတည်လာချိန် (၁၉၄၀ တစ်ဝိုက်) ကျတော့မှ တရုတ် တော်လှန်ရေးသမားတွေနဲ့ ဆက်မိအောင် ပထမဆုံး ကြိုးစားခဲ့ကြတယ်။ တရုတ်နိုင်ငံမှာကလည်း ပြည်သူကို ဖိနှိပ် အုပ်စိုးနေပေမယ့် နယ်ချဲ့ ဖက်ဆစ်ဂျပန်ကို တွန်းလှန် တိုက်ထုတ်ဖို့ စိတ်ကူးရှိပုံမရတဲ့ ချန်ကေရှိတ် အစိုးရကို မော်စီတုံး ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ပြည်သူတွေရဲ့ အင်အားကိုပါ ရယူပြီး တော်လှန်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာမို့ သခင်အောင်ဆန်း ဦးဆောင်တဲ့ သခင်လူငယ်တစ်စုဟာ တရုတ် ကွန်မြူနစ်ပါတီဆီ အရောက်သွားပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့ကြတဲ့အထိ တရုတ်ပြည် နိုင်ငံရေးက မြန်မာ့နိုင်ငံရေး အပေါ် သြဇာ သက်ရောက်မှု ရှိခဲ့တယ်ဗျ။ တချို့ သမိုင်းစာ မကျေသူတွေက သခင်အောင်ဆန်းတို့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်နဲ့ တိုက်ရိုက် ဆက်သွယ်ပြီး စစ်သင်တန်းတက်ခဲ့ကြတာလို့ပဲ သိထားကြတယ်။ တရုတ် ကွန်မြူနစ် အဆက်အသွယ်ကို အမွိုင်ကျွန်းမှာ စောင့်နေတုန်း ဂျပန်ထောက်လှမ်းရေးက လက်ဦးအောင် လာမသွားတယ် ဆိုတာ တချို့ မသိကြဘူး။
ပါတီစုံမှ တစ်ပါတီသို့
တရုတ်နိုင်ငံရေးက မြန်မာ့နိုင်ငံရေးအပေါ် သြဇာသက်ရောက်မှုဟာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုးကွေ့သွားခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းမှာ ပိုပြီး ထင်ရှားလာခဲ့တယ်။ အကြောင်းကတော့ အဲဒီနှစ်ထဲမှာ နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ တပ်မတော် ခေါင်းဆောင်စုက နိုင်ငံ လွတ်လပ်ရေးရတဲ့ အချိန်ကစလို့ ကျင့်သုံးလာခဲ့တဲ့ (အိန်္ဒိယ နိုင်ငံရေးစနစ်နဲ့ အနှစ်သာရအားဖြင့် အတူတူဖြစ်တဲ့) ပါတီစုံစနစ်ကို ဖျက်သိမ်းပြီး တရုတ်နိုင်ငံမှာ ကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်နဲ့ “ကြောင်းတူ သံကွဲ” ဖြစ်တဲ့ တစ်ပါတီစနစ်ကို ပြောင်းလဲ ကျင့်သုံးခဲ့ကြလို့ပဲ ဖြစ်တယ်ဗျ။ အဲဒီအချိန်မှာ တောထဲကနေ အစိုးရကို လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်နေကြတဲ့ အဖွဲ့အစည်းတွေထဲက အင်အားအကြီးဆုံးအဖွဲ့ အပါအ၀င် အဖွဲ့အချို့ရဲ့ လက်စွဲ သဘောတရားကလည်း တရုတ် ကွန်မြူနစ်ပါတီ ကိုင်စွဲထားတဲ့ လက်ဝဲ၀ါဒပဲဖြစ်တာမို့ အဲဒီကာလတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဟာ အာဏာရရော အာဏာမဲ့ပါ အိန်္ဒိယထက် တရုတ်နဲ့ အများကြီး ပိုနီးစပ်ခဲ့တာ ဖြစ်တယ်ဗျ။
တရုတ်ကို အားထားခဲ့ရချိန် ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီး နောက်ပိုင်းမှာတော့ အဲဒီ အခြေအနေမက ပိုပြီး နက်ရှိုင်းသွားခဲ့တယ်ဗျာ။ အကြောင်းကတော့ နိုင်ငံတော်အာဏာကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထဲက လွှဲပြောင်းရယူခဲ့တဲ့ တပ်မတော် ခေါင်းဆောင်တွေက နိုင်ငံရေးစနစ်ကို ပါတီစုံစနစ်သို့ ပြန်လည် ပြောင်းလဲလိုက်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် လက်တွေ့မှာ စစ်တပ်ကသာ အုပ်ချုပ်တဲ့စနစ်ဖြစ်နေတာကြောင့် အနောက် ဒီမိုကရေစီ နိုင်ငံကြီးတွေက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ကြတယ်။ ဒီအနေအထားကို ခုခံကာကွယ်နိုင်ဖို့အတွက် မြန်မာ့စစ်ခေါင်းဆောင်တွေဟာ မိမိတို့ အပေါ် နိုင်ငံတကာ မျက်နှာစာမှာ ရှေ့နေလုပ်ပြီး အခိုင်အမာ ကာကွယ်ပေးခဲ့တဲ့ ဗီတို အာဏာပိုင် တရုတ်နိုင်ငံနဲ့ သမိုင်းမှာ မကြုံဖူးလောက်အောင် ရင်းနှီး နီးစပ်လာခဲ့တာပဲ ဖြစ်တယ်ဗျ။
ဖိတဲ့ အိတဲ့ ဒဏ်
နိုင်ငံနှစ်ခု အဲသလောက် နီးနီးကပ်ကပ် နက်နက်ရှိုင်းရှိုင်း ဆက်ဆံလာကြတဲ့ ကိစ္စမှာ နှစ်နိုင်ငံစလုံးက ပြည်သူတွေ ရှုထောင့်က ကြည့်ရင် အကျိုးအမြတ်တွေ ရှိခဲ့ကြလိမ့်မယ် ဆိုတဲ့ အချက်ကတော့ သံသယဖြစ်စရာ မလိုဘူးဗျ။ ဒါပေမဲ့ အင်အားကြီးတဲ့ နိုင်ငံတစ်ခုနဲ့ အင်အားသေးတဲ့ နိုင်ငံတစ်ခု၊ အထူးသဖြင့် ခြံစည်းရိုးချင်းကပ်နေတဲ့ အင်အားကြီးတဲ့ နိုင်ငံတစ်ခုနဲ့ အင်အားသေးတဲ့ နိုင်ငံတစ်ခုတို့ရဲ့ ပုံမှန်ထက် ပိုပြီး နက်ရှိုင်း နီးကပ်တဲ့ ဆက်ဆံရေးမှာ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုဒဏ်ကို နိုင်ငံငယ်က ပိုပြီး ခံရမှာ ဖြစ်တယ်ဆိုတာ ရှင်းတယ်ဗျ။ နိုင်ငံကြီးရဲ့ ဖိတဲ့ အိတဲ့ဒဏ်ကို နိုင်ငံငယ်က ကြာလေ ပိုခံစားရလေ ဖြစ်မှာ အသေအချာပါပဲဗျာ။
နယ်စပ်မြို့တွေနဲ့ မန္တလေး
ဒါကြောင့်လည်း မြန်မာနယ်စပ်မြို့တွေဟာ တရုတ်မြို့တွေနဲ့ တစ်နေ့တခြား ပိုပိုပြီး တူလာနေကြပြီ။ မြန်မာဘုရင် နောက်ဆုံးမင်းစိုက်ခဲ့ရာ မန္တလေးမြို့ရဲ့ အချက်အချာ နေရာအားလုံးလိုလိုကိုတောင် မြန်မာအမည်နဲ့ပေမယ့် မြန်မာစကားမပြောတတ်တဲ့ အသားဖြူနီစပ်စပ် မျက်ပေါက်ကျဉ်းကျဉ်းတွေက စီးနင်း သိမ်းပိုက်ထားကြပြီဆိုတဲ့ အရေးအသားတွေ၊ ကာတွန်းလက်ရာတွေ ဒီဖက်နှစ်ပိုင်းမှာ ကျွန်တော့်ကို ခပ်စိပ်စိပ် ဖတ်လာခဲ့ကြရတာ ဖြစ်တယ်ဗျာ။
မနှစ်က ကျွန်တော် ဖတ်လိုက်ရတဲ့ International Herald Tribune သတင်းစာပါ ဆောင်းပါးတစ်ပုဒ်ကလည်း အမျိုးပျောက်မှာစိုးကြောက်သူ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ သွေးတိုးနှုန်းကို ပိုပြီး မြန်စေမှာ ဖြစ်တယ်ဗျ။ အဲဒီဆောင်းပါးက တရုတ်နိုင်ငံမှာ ကျားမအချိုး အလွန်အမင်း ကွာဟမှုကြောင့် အိမ်ထောင်ဖက် ရှာမတွေ့နိုင်သူ တရုတ်အမျိုးသားတွေ ပိုမိုပြီး များလာနေတဲ့အကြောင်း ဖြစ်တယ်ဗျ။ အမေရိကန်နိုင်ငံမှာ ကျားမအချို့က ၁၀၅း၁၀၀ ရှိနေချိန်မှာ တရုတ်ကျေးလက် ဒေသတွေမှာ ၁၂၀း ၁၀၀ ဖြစ်နေတဲ့အကြောင်း၊ ပြည်နယ် ၉ ခုမှာဆိုရင် ၁၆၀း ၁၀၀ လောက်တောင် ဖြစ်နေတဲ့အကြောင်း ဖော်ပြထားတယ်ဗျ။ ကျွန်တော်တို့ မြန်မာအမျိုးသမီးငယ်လေးတွေ တရုတ်ပြည်မှာ အရောင်းစားခံနေကြရတဲ့ ခပ်စိပ်စိပ် ကြားခဲ့ရတဲ့ သတင်းတွေနဲ့ ဒီဆောင်းပါးကို ဆက်စပ်ကြည့်ပြီး ကျွန်တော်တော့ ရင်မောမိတာ အမှန်ပဲဗျာ။
သံခင်းတမန်ခင်း ဆောင်ရွက်ချက်များ
အဲဒီတုန်းမှာပဲ မန္တလေးမြို့က ကြော်ငြာဘုတ်ကြီးတွေမှာ မြန်မာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုက လွဲပြီး တခြားဘာသာစကားတွေ အသုံးမပြုဖို့ တားမြစ်လိုက်တယ်ဆိုတဲ့ သတင်းတစ်ရပ် ကြားလိုက်ရတယ်ဗျ။ ဘယ်လောက် အာဏာတည်သလဲဆိုတာတော့ ကျွန်တော် စစ်တမ်း မကောက်ကြည့်မိဘူးဗျာ။ အဲဒီလုပ်ရပ်ရဲ့ ပစ်မှတ်က တရုတ် ဘာသာစကားလို့ ဆိုကြတယ်။ များမကြာခင်မှာ နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ် သံအမတ်ကြီးက ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့ မနှစ်က လာတွေ့သွားတယ်။ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ဟာ ယခု စက်တင်ဘာလအတွင်း တရုတ်ပြည်ကို အလည်အပတ်သွားတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် အလွန်တရာ အရေးကြီးတယ်လို့ ပြောနိုင်တဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ နိုင်ငံခေါင်းဆောင်များရဲ့ သံခင်းတမန်ခင်း ဆောင်ရွက်ချက်တွေကို ပြည်သူအများနဲ့အတူ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်ကလည်း မျက်ခြည်မပြတ် စောင့်ကြည့်နေမည် ဖြစ်ကြောင်းပါဗျာ။
maungwuntha@gmail.com
၂၃၊ ၀၉၊ ၂၀၁၂
0 ကတိများကို မဆောင်ရွက်နိုင်ပါက ပြန်ကြားရေးဝန်ကြီးအဖြစ်မှ နှုတ်ထွက်မည်ဟုဆို
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူထားသော ဦးအောင်ကြည်က ပေးထားသောကတိများကို မဆောင်ရွက်နိုင်ပါကဝန်ကြီးအဖြစ်မှ နှုတ်ထွက်ပေးမည်ဖြစ်ကြောင်း၎င်း၏ပြောစကားကိုကိုးကား၍ ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြောကြားသည်။
နေ့စဉ်ထုတ်သတင်းစာများကို လပိုင်းအတွင်း ထုတ်ဝေခွင့်ပြုမည်ဖြစ်ပြီး၊ မီဒီယာလွတ်လပ်ခွင့်များကို ဖော်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန် ကြီးအဖြစ် စတင်တာဝန်ယူသော ရက်ပိုင်းအတွင်း သတင်းမီဓီယာများကို ဦးအောင်ကြည်က ထုတ်ဖော်ပြောကြားခဲ့သည်။
"မီဒီယာလောကအတွက် လမ်းစပွင့်လာပါပြီ"ဟု ဝါရင့်သတင်းစာဆရာတစ်ဦးဖြစ်သူ မောင်ဝံသက သုံးသပ်ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့အပြောင်းအလဲတွင် သတင်းဂျာနယ် ၂စောင် အပိတ်ခံရမှုကြောင့် သတင်းမီဒီယာသမားများ၏ ဆန္ဒ ပြမှုများ ဖြစ်ပေါ်စေခဲ့သော ယခင်ဝန်ကြီး ဦးကျော်ဆန်း၏နေရာတွင် ၎င်းကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
Yangon chronicle
Tuesday, September 25, 2012
0 စေတနာဝဿန်၏ မြတ်ဒါန
ယင်းလှူဒါန်းပွဲအား ပြုလုပ်ဖြစ်ခြင်းနှင့် ၈၈ မျိုးဆက် ရန်ပုံငွေ “စေတနာဝဿန် ဂီတဖျော်ဖြေပွဲ” ကျင်းပဖြစ်ပုံအား ၈၈ ကျောင်းသားအဖွဲ့ ဒေါ်မီးမီးမှ ပြောကြားခဲ့ရာ “ကျွန်မတို့ ၈၈ မျိုးဆက်ကျောင်းသား များသည် အများသိတဲ့အတိုင်း ထောင်ထဲသို့ ဝင်လိုက်/ထွက်လိုက် ဖြစ်ကြပြီး အချို့သည်လည်း ဘွဲ့မရ၊ ကျောင်းမပြီးဆုံးကြဘဲ အထိန်းသိမ်းခံရသူများ ဖြစ်ကြကြောင်း၊ ပြည်သူလူထုတို့၏ အကျိုးအား ပြည်သူ လူထုနှင့်အတူ ရင်ခုန်သံထပ်တူ ခံစားပြီး လုပ်ဆောင်နိုင်ရန် ပြည်သူချစ်သည့် အနုပညာရှင်များ၏ တတက် တအား ပါဝင်ကူညီကြသည့်အတွက် စေတနာဝဿန် ဂီတဖျော်ဖြေပွဲ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ၄င်းမှရရှိလာသည့် ငွေကြေးများအား ကချင်စစ်ဘေးဒုက္ခသည်များ၊ ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် ဒုက္ခ ရောက်နေသူများ၊ ရေလွှမ်းမိုးမှုနေရာများသို့ လှူဒါန်းခဲ့ကြသလို နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လှူဒါန်း ရခြင်းသည် ၈၈ ကျောင်းသားများသည် ပြည်သူလူထု၏ အကျိုးအား ထမ်းဆောင်နေသော်ငြားလည်း သက်ရှိများ၏ အကျိုးကိုသာ ဆောင်ရွက်နိုင်ခဲ့ပြီး သေဆုံးသွားသူများအား ၈၈ ကျောင်းသားများအနေဖြင့် ယနေ့အထိ ဘာမှဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် သေဆုံးသူ များသာမက သက်ရှိသူများအစ ကလေးငယ်များ၏အကျိုးလည်း ဘက်ပေါင်းစုံမှ ဆောင်ရွက်နေသည့် အဖွဲ့ အစည်းတစ်ခု ဖြစ်နေသည့်အတွက် စေတနာဝဿန်ပွဲမှ ရရှိသည့် ငွေကြေးများထဲမှ လာရောက်လှူဒါန်း ခြင်း” ဖြစ်ကြောင်းပြောကြားကာ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ၊ ကိုဆောင်းဦးလှိုင်နှင့် အလုပ်အမှုဆောင်များထံသို့ ၈၈ ကျောင်းသားများမှ အလှူငွေ ၂၅ဝဝဝဝဝိ/- (နှစ်ဆယ့်ငါးသိန်း) ကျပ်တိတိအား ပေးအပ်လှူဒါန်းခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “၈၈ ကျောင်းသားများနှင့် အတူတူလက်တွဲ၍ မလုပ်ကိုင်ကြသော်လည်း အားလုံး၏ ရည်ရွယ်ချက် သည် အတူတူဖြစ်ကြပြီး တိုင်းပြည်၏အကျိုးအား တက်စွမ်းသည့်ဘက်မှ ကိုယ်ကျိုးမဖက် လုပ်ဆောင် နေကြခြင်း ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ပြောစရာမလိုအောင် နားလည်ကြပြီး ဖြစ်ကြောင်း၊ ၈၈ ကျောင်းသားများ ကိုယ်တိုင် ရှင်သူများအား လုပ်ဆောင်နိုင်သလို သေဆုံးသူများအတွက် လုပ်ဆောင်နိုင်ရန် နာရေးကူညီမှုအသင်းသို့ လာရောက်လှူဒါန်းသည့်အတွက် အထူးကျေးဇူးတင်ကြောင်း” ပြောကြားသွားခဲ့သည်။
ထို့နောက် စေတနာဝဿန် ဂီတဖျော်ဖြေပွဲ၌ ကိုယ်တိုင်ပါဝင် သီဆိုခဲ့သူ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ အထူးဧည့်သည်တော် အသင်းသားဖြစ်သူ ကိုဆောင်းဦးလှိုင်မှ အမှတ်တရစကား ပြောကြား ခဲ့ရာ “ရဲဘော်ရဲဘက် အချင်းချင်း တစ်ဦးအပေါ်တစ်ဦး စာနာနားလည်စိတ်ဖြင့် အကြံဉာဏ်ပေးခြင်းဖြင့် အများပြည်သူတို့၏ အကျိုးများအား ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြား ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား ကိုမျိုး (မြန်မာစာ)မှ ပြောကြားခဲ့ရာတွင် “တစ်ချိန်က ၆၂ နှင့် ၂၆ ပေါင်းလိုက်ပါက ၈၈ ဆိုပြီး ပါးစပ်မှ မပြောထွက်ရဲခဲ့ကြောင်း၊ စာအုပ်များ၏ စာမျက်နှာ ၈၈ တွင် ဖော်ပြမည့် အကြောင်းအရာသည် အင်မတန်လေးနက်ပြီး ထင်ယောင်ထင်မှား ဖြစ်စေမည့် အသုံးအနှုန်း (စကားလုံး) များ ထား၍မရခဲ့သည့် အချိန်ကာလမှ တစ်တိုင်းပြည်လုံး သိရှိအောင် ဖော်ပြနိုင်ခဲ့သည့်အတွက် ၈၈ အား ဂုဏ်ယူကြောင်း” ပြောကြားသွားခဲ့သည်။
တစ်ဦးအပေါ်တစ်ဦး လေးစားမှု၊ ဂုဏ်ယူမှုများစွာဖြင့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် လက်တွဲ၍ ညီရင်းအစ်ကို မောင်နှမရင်းသဖွယ် တိုင်းပြည်တွင်းရှိ လိုအပ်ချက်များအား တစ်သွေးတည်း တစ်သား တည်း စိတ်ထားရှိပြီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲမှ ရုန်းထွက်နိုင်ရန် မိမိတို့ အသက်ရှင်သရွေ့ ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်တော့သည်။
FFSS
0 လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနှင့်ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)ရပ်တည်ချက်၊လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေတို့နှင့်ပတ်သက်၍ (ABSDF) လက်ရှိဥက္ကဌ ရဲဘော် ကိုသံခဲ နှင့် တွေ့ဆုံဆွေးနွေးပွဲ (ရုပ်/သံ)
0
ရွေးပေးပါ -
ရေးသူ-ဦးခွန်ထွန်းဦး(SNLD)
အာဏာရှင်စနစ်ရဲ့ သေနတ်ပြောင်းဝအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ အသက် (၆၀) အရွယ် နိုင်ငံသားတစ်ဦးဟာ မွေးကတည်းကရင်း ယခုအချိန်ထိ သူ့ဘဝတစ်လျှောက်လုံးမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်တဲ့ မဲပေးပိုင်ခွင့်၊ လွတ်လပ်တဲ့ ရွေးချယ်ပိုင်ခွင့် စတဲ့ ဒီမိုကရေစီ အခြေခံအခွင့်အရေးမျိုးကို ဘယ်သောအခါကမှ ရရှိခဲ့ခြင်း မရှိခဲ့ပါဘူး။ အသက် (၃၈)နှစ် အရွယ်ရောက်နေပြီဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့ လူငယ်တစ်ဦးဟာ သူ့ဘဝ တစ်လျှောက်မှာ လွတ်လပ်စွာ မဲပေးခွင့် တစ်ကြိမ်ကြုံတွေ့ခဲ့ရတာဟာ ဒီမိုကရေစီ အခွင့်အရေးတွေ ခံစားနေရပြီဆိုတဲ့ လုံလောက်တဲ့ သက်သေတစ်ခုလို့ စိတ်ချလက်ချများ သတ်မှတ်နိုင်ပြီလား။
လျှပ်စစ်မီးတွေ ဝင်းထိန်နေတဲ့မြို့တွေ၊ မဲပြောင်နေတဲ့ ကတ္တရာလမ်းမကြီးတွေ ရှိတဲ့နေရာတွေ၊ ခွဲစိတ်ခန်းမှာ ဆရာဝန်တွေ စုပြုံပြီး အလုပ်ရှုပ်နေတဲ့ ဆေးရုံကြီးတွေ၊ ဆရာက ကျောင်းသားတွေကို သေသေချာချာ နားလည်သွားအောင် ရှင်းပြနိုင်တဲ့ တက္ကသိုလ်ကြီးတွေ၊ စက်မှုဇုံကြီးတွေ၊ ကမ္ဘာလှည့်ခရီးသည်တွေ တည်းခိုနေကြတဲ့ ဟိုတယ်ကြီးတွေ၊ ပြီးတော့ စစ်ယူနီဖောင်းတွေ ဝတ်ပြီးကင်းလှည့်နေကြတဲ့စစ်သားတွေကိုမတွေ့ရတဲ့မြို့တွေကို တွေ့မြင်နိုင်တဲ့နေရာဟာ ပြည်မလို့ခေါ်တဲ့ နိုင်ငံရဲ့အလယ်ပိုင်းနဲ့ အောက်ပိုင်းမှာပါ။
တစ်ချိန်တည်းမှာပဲ တောင်တွေအထပ်ထပ်နဲ့ အေးမြတဲ့လေတွေ တိုက်ခတ်ပြီး ရိုးသားတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ နေထိုင်ရာ တောင်တန်းဒေသမှာတော့ အာဟာရချို့တဲ့နေရှာတဲ့ ရင်သွေးငယ်တွေ၊ မိခင်ဘာသာစကားနဲ့ စာပေသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ စာသင်ကျောင်းက ကလေးငယ်တွေ၊ သတင်းအချက်အလက်တွေ ပေါကြွယ်ဝတဲ့ ကမ္ဘာကြီးရဲ့ သတင်းနည်းပညာဖွံ့ဖြိုးတိုးတက်မှု အကျိုးတရားကို မခံစားရသေးတဲ့ဒေသတွေ၊ ကျယ်လောင်တဲ့ သေနတ်သံတွေအကြားမှာ ကိုယ့်ရဲ့နေအိမ်တွေကို စွန့်ခွာနေကြရရှာတဲ့ အပြစ်ကင်းမဲ့တဲ့ ပြည်သူတွေ၊ မိသားစုကို လုပ်ကျွေးနေချင်သေးတဲ့ လူကုန်ကူးခံနေရတဲ့ အမျိုးသမီးငယ်တွေရဲ့အရေးဟာ ငြိမ်းသတ်လို့ မရနိုင်သေးတဲ့ တောမီးပမာပါပဲ။
နာကြည်းချက်တွေကို သေနတ်နဲ့လဲလှယ်ပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးသမားတွေ၊ ကိုယ့်ရဲ့ မျိုးရိုးဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် တိုက်ပွဲဆင်နွှဲနေကြတဲ့ အဖွဲ့အစည်းတွေဟာ နှစ်ပေါင်းခြောက်ဆယ် ကြာလာပေမယ့်လည်း သေနတ်ကို ဆုပ်ကိုင်ထားတဲ့ လက်တွေဟာ မြဲမြံနေကြဆဲပါ။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ် စတဲ့ တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေမှာ စစ်ဘေးစစ်ဒဏ်တွေကို ကာလရှည်ကြာ ခံစားနေရတာဟာ အဖြေမရှိတဲ့ မေးခွန်းတစ်ခုလား၊ အဖြေမရှာကြသေးတဲ့ ပုစ္ဆာတစ်ပုဒ်လေလား။
စစ်အာဏာရှင်တွေရဲ့ လက်အောက်တစ်လျှောက်လုံး လူမျိုးစုတွေနေထိုင်ရာ ပြည်နယ်တွေမှာ စစ်ပွဲတွေ ဘာကြောင့် ဖြစ်ပွားနေခဲ့ရသလဲ။ စစ်ပွဲတွေက ဘာလို့ အတောမသတ် ဖြစ်နေရသလဲ။ စစ်ပွဲတွေကြောင့် ပြည်သူတွေဟာ အတိဒုက္ခရောက်ရတယ်။ စစ်ပွဲတွေကြောင့် ပြည်သူတွေရဲ့ဘဝ နိမ့်ကျခဲ့ရတယ်။ စစ်ပွဲတွေကြောင့် ကလေးတွေ စာသင်ကျောင်းနဲ့ ဝေးခဲ့ရတယ်။ စစ်ပွဲတွေကြောင့် အမျိုးသမီးတွေ ဖျက်ဆီးခံခဲ့ရတယ်။ စစ်ပွဲတွေကြောင့် ဝမ်းနည်းစရာတွေ ကြုံတွေ့ခဲ့ရတယ်။ စစ်ပွဲတွေကြောင့်ပဲ အရာအားလုံးကို ဆုံးရှုံးစေခဲ့တယ်။ အဲဒီအထဲမှာ ပြည်သူတွေရဲ့ အသိဥာဏ်တွေ၊ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေ နိမ့်ကျသွားခဲ့ရတာတော့ အဆိုးရွားဆုံး ဆိုးကျိုးတွေပဲပေါ့။
ယနေ့မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ဆီကို ခြေလှမ်းစတင် လှမ်းလာနေတာကို မြင်တွေ့နေရပါပြီ။ ဒီမိုကရေစီ စနစ်ဆီကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြပါပြီ။ ဒီပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုးတရားကို တစ်ပြည်လုံး တပြေးညီ သက်ရောက်ပြီး အကျိုးခံစားခွင့် ရနိုင်ပါ့မလားဆိုတာကိုတော့ စိုးရိမ်နေမိပါတယ်။ ပြုပြင်ပြောင်းလဲရေး ကတဆင့် စစ်ပွဲတွေကို အဆုံးသတ်နိုင်စေဖို့၊ ထိပ်တိုက်ရင်ဆိုင်တာတွေကို လျှော့ချပစ်ဖို့၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် လေးစားမှုကို တည်ဆောက်ကြဖို့ ကျနော်တို့တတွေ ဘယ်လိုပါဝင် ကူညီလုပ်ဆောင်ကြမလဲ ဆိုတာ စဉ်းစားပြင်ဆင် နေခဲ့မိပါတယ်။
နှစ်ပေါင်းများစွာ လွတ်လပ်ခွင့်တွေ ဆိတ်သုဉ်းဆုံးရှုံးနေခဲ့ရတဲ့ တိုင်းရင်းသားတွေအဖို့ ဒီမိုကရေစီအခွင့်အရေး ဆိုတာ ဘဝနဲ့ရင်းပြီးခံစားခဲ့ရတဲ့အတွက် တခြားသူတွေထက်စာရင် ပိုပြီး လိုလား မြတ်နိုး မျှော်လင့်နေကြမယ်ဆိုတာ သဘာဝကျပါတယ်။ ဒီမိုကရေစီအလေ့အကျင့် ထွန်းကားစေဖို့၊ ဒီမိုကရေစီအဝန်းအဝိုင်း ကျယ်ပြန့်လာစေဖို့၊ ဒီမိုကရေစီရဲ့ အငွေ့အသက် ပျောက်ကွယ်မသွားစေဖို့အတွက် တိုင်းရင်းသားမျိုးနွယ်စုတွေတင်မက နိုင်ငံသူ နိုင်ငံသား အားလုံးကပါ ဝိုင်းဝန်းလက်တွဲကာ ပြုစုပျိုးထောင်သွားကြရမှာပါ။ အခုအချိန်မှာ ဒီမိုကရေစီစနစ်ကို စနစ်တကျ ထူထောင်သွားနိုင်ဖို့အတွက် တရားဥပဒေစိုးမိုးရေးဟာ တစ်နိုင်ငံလုံးကို အကျိုးသက်ရောက်နေစေဖို့ လိုအပ်နေတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရသစ်ရဲ့ခေါင်းဆောင် သမ္မတကြီး ဦးသိန်းစိန်ဟာ ကောင်းမွန်သော ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို (ဗမာပြည်ကွန်မြူနစ်ပါတီကလွဲလို့) အပစ်အခတ်ရပ်စဲပြီး ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ တပြိုင်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော်အတွင်းမှာလည်း လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး ရရှိစေဖို့အရေး တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်းငြိမ်းချမ်းရေး ဆွေးနွေးပြီးသဘောတူလက်မှတ် ရေးထိုးကြတိုင်း နောက်ကွယ်မှာတော့ သေနတ်သံတွေ ပြန်ပြန်ပြီးကြားနေရပါတယ်။
ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ရှေ့တစ်ဆင့်တိုးပြီးငြိမ်းချမ်းရေး ဆွေးနွေးနေတုန်းမှာပဲ အောက်ခြေနယ်မြေခံတပ်တွေက ရန်သူနယ်မြေကို ရှေ့တစ်လှမ်းတိုးဝင်နေတာဟာ ကောင်းမွန်တဲ့လက္ခဏာတစ်ရပ် မဟုတ်ပါ။
ယနေ့မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ကြရာမှာ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကို မဖြတ်သန်းဘဲနှင့် မအောင်မြင်နိုင်ပါ။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု မရှိဘဲနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆိုတာ ခရီးဝေးနေဦးမှာပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ကို လက်ခံကျင့်သုံးမယ်ဆိုရင် တွေ့ဆုံဆွေးနွေးရေးကို ရှောင်လွှဲလို့ မရနိုင်ပါ။ ဒါပေမယ့်လည်း အံ့သြဖွယ်ရာကောင်းတာ တစ်ခုကတော့ အမျိုးသားညီညွတ်ရေးကိုတော့ တွင်တွင်တောင်းဆိုနေပြီး လက်ရှိမြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းကိုတော့ လက်ရှောင်နေကြခြင်းပါပဲ။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အဓိကကျတဲ့ အင်အားစုကြီးက တွေ့ဆုံဆွေးနွေးရေးကို ဥပက္ခာပြုနေတာဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ရင်လေးစရာပါ။
ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်ကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ထို့အတူ အများစုရဲ့ ဆုံးဖြတ်ချက်ကို အနည်းစုက လေးစားလိုက်နာရမှာ ဖြစ်ပြီးအနည်းစုရဲ့အခွင့်အရေးတွေကိုအများစုကကာကွယ်စောင့်ရှောက်သွားကြရမှာ ဖြစ်ပါတယ်။
သဘောထားလမ်းစဉ်မတူညီတဲ့အဖွဲ့အစည်းတွေရှိနေသရွေ့အမျိုးသားညီညွတ်ရေးကိုတည်ဆောက်ချင်တယ်ဆိုရင်အဓိပ္ပာယ်ပြည့်ဝပြီးတာဝန်ယူမှုရှိတဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို ရှောင်လွှဲပစ်လို့မရနိုင်ဘူးလို့ယုံကြည်ပါတယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုကို ရှောင်ထွက်ပြီး ရွေးကောက်ပွဲကျင်းပပေးရုံမျှနဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်သွားနိုင်ပါ့မလား ဆိုတာ မွေးခွန်းထုတ်ရမယ့် ကိစ္စတစ်ခုပါ။ စစ်ရေးနည်းလမ်းကို ကျင့်သုံးတာဟာ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ရန်အတွက် ဖြေရှင်းနည်းမဖြစ်နိုင်ပါ။ ဒီမိုကရေစီနည်းလမ်း အတိုင်း တရားမျှတတဲ့အခြေအနေတစ်ရပ်ဖန်တီးပေးပြီးစစ်မှန်တဲ့ ပြည်သူ့ဆန္ဒကို ဖော်ထုတ်လိုက်နာတာဟာ အကောင်းဆုံးအဖြေတစ်ခုလို့ ထင်မြင်မိပါတယ်။
လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရပါပဲ။ ထို့အတူ တိုင်းရင်းသားတွေ မျှော်လင့်တောင့်တနေကြတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သမ္မတကြီးက သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်ပြီးပြောသွား ပါတယ်။ တောထဲတောင်ထဲမှာ သေနတ်ကိုင်နေရတဲ့ တော်လှန်ရေး ရဲဘော်တွေကို သေနတ်တွေအစား လက်တော့ပ် တွေကိုပဲ ကိုင်စေချင်မိတယ်တဲ့။ တော်လှန်ရေး ရဲဘော်တွေကလည်း စစ်သီချင်းတွေကို မဆိုချင်ကြတော့ပါဘူး။ ကိုယ့်ရိုးရာ ဘာသာစကားတွေနဲ့ သီကုံးထားတဲ့ အချစ်သီချင်းတွေကိုဘဲ ဆိုချင်နေရှာမှာပါ။ သူတို့လေးတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးကြပါ။
တစ်ခုထဲ ရှိတာကို ယူရမှာထက်စာရင် အများကြီးထဲက ရွေးယူရတာ ပိုပြီးတော့ ကောင်းတာပေါ့။ တစ်မျိုးတည်း ရှိနေတာကို သုံးနေရတာထက်စာရင် လူတိုင်းကြိုက်ရာ ရွေးချယ်ခွင့်ရတာ ပိုပြီး သာယာပျော်ရွှင်စရာပေါ့။ တစ်ယောက်တည်း အထီးကျန်နေရတာထက်စာရင် အားလုံးနဲ့ ချစ်ချစ်ခင်ခင်နေရတာ အကောင်းဆုံးပေါ့။
ဒါကြောင့် ကျနော်တို့နိုင်ငံက လူငယ်တွေ သူတို့ကို ရွေးချယ်ခွင့်ပေးကြပါ။ ကျနော်တို့နိုင်ငံက ပညာရှင်တွေ သူတို့ကို ရွေးချယ်ခွင့် ပေးကြပါ။ ကျနော်တို့နိုင်ငံက အမျိုးသမီးတွေ သူတို့ကို ရွေးချယ်ခွင့်ပေးကြပါ။ ကျနော်တို့နိုင်ငံက တောင်သူလယ်သမားတွေ ……. အလုပ်သမားတွေ ………. တပ်မတော်သားတွေ …….. သူတို့ ရွေးချယ်ခွင့် ရှိကြပါစေ။
တိုင်းပြည်တစ်ခု ဒါမှမဟုတ် နိုင်ငံတစ်ခုဟာ ဆင်းရဲတွင်းနက်ပြီး ချွတ်ခြုံကျနေတာဟာလည်း စစ်ပွဲတစ်ပွဲ ဖြစ်ပွားနေတာထက် ပိုပြီး ဆိုးဝါးစေပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ဆင်းရဲတဲ့နိုင်ငံ အဖြစ်ကနေ လွတ်မြောက်စေဖို့၊ စစ်ပွဲတွေဆီကနေ လွတ်မြောက်စေဖို့ ရွေးပေးပါ။ လူကြီးမင်းကိုယ်တိုင် ရွေးပေးပါ …။
ခွန်ထွန်းဦး
၂၀၁၂
0 ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေး အတွေ့အကြုံ လိုအပ်ဟု လေ့လာသူများပြောကြား
(Channel News Asiaမှ 23 September 2012ရက်စွဲပါ“ Suu Kyi an icon larking political experience: analysts ”သတင်းဆောင်းပါးကို ဘာသာပြန်သည်)
သြစတြေးလျ နိုင်ငံသား ခံယူထားသူ သားတစ်ဦး ရှိသောကြောင့် ဦးမြင့်ဆွေကို ဒုတိယသမ္မတလောင်း အမည်စာရင်းမှ ပယ်ဖျက်ပြခဲ့ခြင်းသည် ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းစာရင်းသို့ အမည်တင်သွင်းခွင့်ပေးမည် မဟုတ်ကြောင်း ဦးသန်းရွှေက သွယ်ဝိုက်၍ အရိပ်အမြွက် ပြ လိုက်ခြင်း ဖြစ်သည်ဟု ပြည်တွင်းမှ နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ဖွယ်ရှိသော်လည်း စီးပွားရေး ပြိုလဲနေသော မြန်မာနိုင်ငံကို ပြန်လည် ထူထောင်ရန် လုပ်ဆောင်ရာတွင်မူ အတိုက်အခံ ခေါင်းဆောင်အနေဖြင့် အကူအညီ လိုအပ်လိမ့်မည်ဟု အကဲခတ် လေ့လ သူများက ဆိုကြသည်။
ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်သည် မြန်မာနိုင်ငံနှင့်ပြည်သူများ၏ ဒီမိုကရေစီလွတ်လပ်ခွင့်အတွက် ၁၅နှစ်နီးပါး အကျယ်ချုပ်ကျခံ၍ စွန့်လွှတ်အနစ်နာ ခံခဲ့ခြင်းကြောင့် ယခုတစ်ပတ် အမေရိကန် ခရီးတွင် ကြိုဆိုခဲ့ရသည့်အတိုင်း ပြည်တွင်းပြည်ပတွင် အလွန်အမင်း လေးစားကြခြင်းကို လက်ခံရရှိခဲ့သည်။
သို့သော်လည်း အောက်စဖို့ကျောင်းဆင်း ဒီမိုကရေစီခေါင်းဆောင်သည် နှစ်ပေါင်းများစွာ သီးခြားထိန်းသိမ်း ခံခဲ့ရခြင်းကြောင့် ၂၀၁၀ ရွေးကောက် ပွဲ အပြီး မကြုံစဖူး ပြောင်းလဲလာခဲ့သော မြန်မာနိုင်ငံ၏ စိမ်ခေါ်မှုတစ်ပုံတစ်ပင်ကို ကိုင်တွယ်ရန်အတွက် လိုအပ်သော နိုင်ငံရေး အတွေ့အကြုံ ချို့တဲ့နေ သည်ဟု လေ့လာသူများက ပြောကြားသည်။
သူမ၏ပါတီမှ အကြီးတန်းခေါင်းဆောင် အများစုမှာလည်း အကျဉ်းထောင်ထဲတွင် နှစ်ပေါင်းများစွာ အချိန်ကုန် ခဲ့ရသူများ ဖြစ်ကြသည်။ “ဒေါ်အောင် ဆန်းစုကြည်၏ NLDပါတီသည် နာမည်ကျော် ခေါင်းဆောင်နှင့် ကြီးမားသော အားပေးထောက်ခံမှုတို့ကို ရရှိထားသော်လည်း ထိုအရာနှစ်ခု အကြားတွင် ဘာ မှမရှိပါ”ဟု နိုင်ငံခြား သံတမန်တစ်ဦးက ပြောကြားသည်။
“NLDပါတီဟာ ရေပေါ်ဆီ အီလစ်တွေရဲ့ ပါတီမဟုတ်သလို လူအများစုရဲ့ ပါတီလည်း မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် မူဝါဒ မရှိလို့ပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLDပါတီ အနိုင်ရစေမယ့် အခွင့်အလမ်းတွေ ပြည့်နေပေမယ့် ကြီးကျယ်တဲ့ တော်လှန်ရေးနေ့ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းသံ တမန်က ဆိုသည်။
မြန်မာ့အတိုက်အခံ ခေါင်းဆောင်သည် ရင့်ကျက်ပြောင်းလဲမှု ဖြစ်စဉ်ကို ကျော်ဖြတ်ခဲ့ပြီဟူသော အချက်ကို လေ့လာသူများက သံသယ အနည်း ငယ် ရှိနေကြသည်။
သူမသည် တပ်မတော် အစိုးရ (အထူးသဖြင့် ယခင်အကြီးအကဲဟောင်း၏) ရန်သူသဖွယ်ဖြစ်ခဲ့ဘူးသော်လည်း တရားဝင်လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ခဲ့ခြင်းသည် မနှစ်က အာဏာရလာသော ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ဟောင်းကြီးများနှင့် အတူတကွအလုပ်လုပ်ရန် သဘောတူ လိုက်ခြင်း ဟု ရှုမြင်ကြသည်။
သို့သော်လည်း အောက်လွှတ်တော်ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLDအမတ် ၄၁ဦးတို့သည် မြန်မာနိုင်ငံကို ဆင်းရဲတွင်းမှ ဆွဲတင်ရာတွင် အရေးကြီးသည့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဥပဒေ အပါအဝင် လက်ရှိစီးပွားရေးရာ ငြင်းခုန်စရာ ကိစ္စရပ်များတွင် အနည်းငယ်သာ ပြောဆိုနိုင်ကြသည်။
“သူတို့မှာ စီးပွားရေး အတွေ့အကြုံမရှိဘူး”ဟု ရိုးမဘဏ်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။ အရင်အစိုးရလက်ထက် အတိုက်အခံ နိုင်ငံရေးသမားတွေ ထောင်ကျနေတဲ့ အချိန်မှာ အစိုးရအာဏာရ ပါတီထဲက ပြိုင်ဘက်တွေက စီးပွားရှာခဲ့ ကြတဲ့အတွက် အခုအချိန်မှာ စီးပွားရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံ ပိုရှိကြပါတယ်”ဟု ဦးမြတ်သင်းအောင်က ဆိုသည်။
“သူတို့မှာ စီးပွားရေး အမြင်မရှိဘူး၊ နားထောင်နေကြပေမယ့် လုပ်ငန်းစဉ် တစ်ခုလုံးကို နားမလည်ကြဘူး”ဟု UMFCCIအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးမြတ်သင်းအောင်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ရိုသေ လေးစားကြသော အတိုက်အခံ အသိုင်းအ၀ိုင်းထဲ၌ပင် နာတာရှည် ဒုက္ခရောက် ပြည်သူများ၏ မျှော်လင့် ချက် တစ်ပုံတစ်ပင်ကို NLDပါတီက ဘယ်လိုဖြည့်ဆည်း ပေးမလဲဟု စိုးရိမ်ပူပန်နေကြ သည်။ NLDပါတီ၏ ထိပ်ပိုင်းကော်မတီ များကိုလည်း ပါတီကို နှစ်ပေါင်း၂၀ ဦးစီးခဲ့သူ များကသာ လွှမ်းမိုးထားကြသည်။
ပါတီ၏ အသက်၈၀ကျော် သက်ကြားအို ခေါင်းဆောင်များသည် သူတို့၏ ဒီမိုကရေစီ ခရီးရှည် တိုက်ပွဲအတွက် ချီးကျူးခံ နေရသော်ငြားလည်း လက်ရှိနိုင်ငံ ဖွံ့ဖြိုးရေးကို ပိုမိုထိန်းကျောင်းနိုင်မည့် မျိုးဆက်သစ်များ ထွက်ပေါ်ရေးအပေါ် အဟန့်အတား ဖြစ်နေသည်ဟု အကဲခတ်များက မှတ်ချက်ပေးကြ သည်။
NLD လွှတ်တော်အမတ်များက ၄င်းတို့အနေဖြင့် စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ရန် လုံလောက်သော ကျွမ်းကျင်မှုရှိသည်ဟု အခိုင်အမာ ပြောကြားကြသော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင် ဒီမိုကရေစီ လက်ဟောင်းကြီးများ၏ စွမ်းရည်ကို ယုံကြည်စိတ်ချသည်ဟု ထုတ် ဖော် ပြောဆိုထားသည်။
မည်သို့ပင်ဖြစ်စေ၊ သူမကိုယ်တိုင် အသက်၆၇နှစ်အရွယ် ရှိနေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဇာတ်ခုံမှ အနားယူချိန်တွင် မျိုးဆက် သစ် ပါတီဝင်များအား ပုခုံးပြောင်း တာဝန်ယူရန် လိုလားမည့် အချက်ကို သံသယရှိစရာ မလိုပါ။
သမ္မတ ဦးသိန်းစိန်၏ ကြိမ်ဖန်များစွာ လွတ်ငြိမ်းချမ်းသာ ခွင့်များအတွင်း ဇန်န၀ါရီလတွင် ဇော်သက်ထွေးက “NLD ပါတီကိုယ်တိုင် လူငယ်တွေကို နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် ပေးခြင်းအားဖြင့် ပြုပြင်ပြောင်းလဲ ရမှာဖြစ်တယ်”ဟု ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကွယ်လွန်သူ ခင်ပွန်းနဲ့ သားနှစ်ဦးဟာ မြန်မာနိုင်ငံသား မဟုတ်လို့ အခြေခံဥပဒေက သူမ အစိုးရ အကြီးအကဲနေရာ မရအောင် တားမြစ်ထားပါတယ်။ ဒါကြောင့်မျိုးဆက်သစ်တွေ နေရာပေးဖို့ကိစ္စဟာ အလျင်စလို အရေးကြီး နေပါပြီ”ဟု ကိုဇော်သက်ထွေးက ဆက်လက်ပြော ကြားသည်။
“အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်တော့ဘူး၊ ဒီအိုင်ဒီယာကို ကျွန်တော်တို့ စွန့်လွှတ်ရ လိမ့်မယ်။ ဒီကိစ္စ မဖြစ်နိုင် တော့ ဘူး”ဟု ၄င်းကAFPသို့ ပြောကြားခဲ့သည်။
သြစတြေးလျ နိုင်ငံသား ခံယူထားသူ သားတစ်ဦး ရှိသောကြောင့် ဦးမြင့်ဆွေကို ဒုတိယသမ္မတလောင်း အမည်စာရင်းမှ ပယ်ဖျက်ပြခဲ့ခြင်းသည် ၂၀၁၅တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတလောင်းစာရင်းသို့ အမည်တင်သွင်းခွင့်ပေးမည် မဟုတ်ကြောင်း ဦးသန်းရွှေက သွယ်ဝိုက်၍ အရိပ်အမြွက် ပြ လိုက်ခြင်း ဖြစ်သည်ဟု ပြည်တွင်းမှ နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
ယခုအခါ ဒီမိုကရေစီ ခေါင်းဆောင်အနေဖြင့် နိုင်ငံရေး ကျွမ်းကျင်မှု အတွေ့အကြုံ နည်းပါးခြင်းကို သတိပြု၍ ပြင်ဆင်ရန် အရေးကြီးနေပြီဟု လေ့ လာသူများက ယုံကြည်နေကြသည်။
မြန်မာ့နိုင်ငံရေး ခရီးတွင်လာမည့် အဓိက မှတ်တိုင်မှာ ၂၀၁၅ရွေးကောက်ပွဲ ဖြစ်သော်လည်း ထို့နောက်ပိုင်းတွင် စစ်ပြန် ဒီမိုကရေစီ ပြောင်းလဲရေး သမားများထံမှ ပုခုံးပြောင်း တာဝန်လွှဲပြောင်းယူမည့် နိုင်ငံရေး ဟဲဗီးဝိတ် ခေါင်းဆောင်သစ်များ ပေါ်ထွက်လာရန် လိုအပ်ပါသည်။
ရန်ကုန်မှ နာမည်ကျော်ပညာရှင် ဦးအောင်ထွန်းသက်က “၂၀၂၀၊ ၂၀၃၀စသည်ဖြင့် ရှေ့ကိုကျော်ကြည့်ကြဖို့ လိုပါတယ်။ နှစ်တွေကြာလာတဲ့အခါ အဓိက မဏ္ဍိုင်ဟောင်းကြီးတွေလည်း မှေးမှိန်ပျောက်ကွယ် သွားမှာပါ။ ဒါဆိုရင် အတူတကွ လက်တွဲလုပ်ကိုင် နိုင်ကြမယ့် မျိုးဆက်သစ်တွေ ပေါ်ပေါက်လာ အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မေးခွန်းပဲကျန်ပါတော့တယ်”ဟု ရှင်းလင်းပြောကြားသွားသည်။
Yangon chronicle
0 ရက်လွန်ဒါဏ်ကြေး၊ဒေသဖွံဖြိုးရေးကြေး၊VIP ကြေးများ၊ငါးဦးစီးဌာနနှင့်တနင်္သာရီငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏အရှုပ်အထုတ်များ။
တနင်္သာရီတိုင်းဒေသကြီးသည်ရေထွက်သံယံဇါတအရင်းမြစ်များနှင့်ပေါကြွယ်ဝပြီးဒေသခံအများစုမှာရေလုပ်ငန်းနှင့်ပင်စီးပွားအသက်မွေးကြသည်။ထိုကိစ္စများတွင်ငါးဦးစီးဌာနနှင့်ငါးလုပ်ငန်းအဖွဲ့ချုပ်တို့သည်အရေး
ပါသောကဏ္ဍမှပါဝင်သည်။
တနင်္သာရီဒေသကြီးမြိတ်မြို့ရှိလုပ်ငန်းရှင်များမှငါးဖမ်းလှေ(လိုင်းနီ)ငါးသယ်လှေ(လိုင်းဖြူ၊လိုင်းပြာ)များဖြင့်လုပ်ကိုင်ကြသည်။ထိုသို့လုပ်ဆောင်ရာတွင်နိုင်ငံတော်မှသတ်မှတ်ချက်အတိုင်းအခွန်အခများပေးဆောင်ပြီးလုပ်ကိုင်ကြသည်။
တရားဝင်ပေးဆောင်ရသောအခွန်အခများအပြင်၊ခေါင်းစဉ်အမျိုးမျိုးတပ်ကာပေးဆောင်နေရသောအခကြေးငွေများလည်းရှိပြီး၊စစ်အစိုးရခေတ်တလျှောက်လုံးပေးဆောင်ရသည့်အပြင် ယနေ့ တိုင်အောင် အစဉ်အလာ မပျက်ပေးကမ်းနေရဆဲဖြစ်သည်။
၁...ဒေသဖွံ့ဖြိုးရေးကြေးဆိုသည်မှာငါးသယ်လှေများဖြစ်သောလိုင်းဖြူနှင့်လိုင်းပြာတို့မှထိုင်းနိုင်ငံသို့တခေါက်ထွက်ခွာတိုင်းလိုင်းဖြူတစ်ခေါက်လျှင်(၃၀၀၀၀)သုံးသောင်းကျပ်နှင့်လိုင်းပြာတစ်ခေါက်လျှင်(၁၅၀၀၀)တစ်သောင်းခွဲကျပ်ပေးဆောင်ရသည်။ လွန်ခဲ့သော(၁၀)နှစ်ကျော်လောက်ကတည်းမှယနေ့တိုင်အောင်ကောက်ခံနေဆဲဖြစ်ပြီး၊ဒေသဖွံဖြိုးရေးကိစ္စရပ်များတွင်အမှန်တကယ်အသုံးပြုနေခြင်းမရှိခဲ့ပါ။အရေးပေါ်လိုအပ်လာလျှင်လဲနောက်ခေါင်းစဉ်တစ်မျိုးဖြင့်ထပ်ကောက်လိုက်ဦးမှာဖြစ်ပါသည်။။။၎င်းငွေများကိုမည်သူကမည်သည့်နေရာတွင်မည်ကဲ့သို့အသုံးချနေသလဲ။။။
၂...VIP ကြေးဆိုသည်မှာ လိုင်းနီ(ငါးဖမ်း)လှေ တစ်ခေါက်လျင်(၅၀၀၀)ငါးထောင်ကျပ်၊လိုင်းဖြူ(ငါးသယ်)လှေ တစ်ခေါက်လျင်(၁၀၀၀၀) တစ်သောင်းကျပ်၊လိုင်းပြာ(ငါးသယ်)လှေ တစ်ခေါက်လျင်(၅၀၀၀)ငါးထောင်ကျပ်ကို နှစ်ပေါင်းဆယ်နှစ်ကျော်ခန့် ပေးဆောင်လာရသည်မှာ
0 ဒေါ်အောင်ဆန်းစုကြည် ဘ၀တစေ့တစောင်း မှတ်တမ်းရုပ်ရှင်ကားသစ် (ရုပ်/သံ)
Filmed over a year of tumultuous change in Burma, the film has two long interviews with Suu Kyi, with her colleagues in Burma and with her family and friends outside. Hillary Clinton describes the impact of meeting this woman, who she had long admired, as 'seeing a long lost friend', yet comparing her to Nelson Mandela.
Suu Kyi talks of sadness but no regrets over the decision she took, while her colleagues outline clearly the ongoing gamble that they are all taking in compromising with the regime. Made over an extended period, the film uses a range of extraordinary unseen archive - not least the moment she meets her husband and son for the first time after five years.
Broadcast on :BBC Two, 8:10PM Sat, 22 Sep 2012
Available until : 9:09PM Sat, 29 Sep 2012
First broadcast : BBC HD, 8:10PM Sat, 22 Sep 2012
Duration : 60 minutes
Monday, September 24, 2012
2 လက်တုံ့ပြန်မှု မဟုတ်သည့် အိတ်ဖွင့်ပေးစာ ဦးသန်းရွှေနှင့် ဦးခင်ညွှန့်ထံပေးပို့
လက်တုံ့ပြန်မှု မဟုတ်သော်လည်း သဘောထားကြီးစွာ ပြန်လည် တောင်းပန်ရန် ယခင် နိုင်ငံတော် အကြီးအကဲ နှစ်ဦးထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သည့် ဦးအောင်ထွန်းက စက်တင်ဘာ ၂ဝ ရက်က ပေးပို့ခဲ့သည်။ ယခင်အစိုးရ လက်ထက်တွင် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူ ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဥက္ကဋ္ဌ (ငြိမ်း) နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး တည်ဆောက်မှု အဖွဲ့၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီနှင့် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွှန့်၊ ဝန်ကြီးချုပ်(ငြိမ်း)တို့ နှစ်ဦးကို အကျဉ်းထောင်တွင်း ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ အသနားခံစာ(သို့) တောင်းပန်စာ ပေးပို့ပေးရန် ၂ဝ.၉.၂ဝ၁၂ နေ့စွဲဖြင့် အိတ်ဖွင့်ပေးစာ တစ်စောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ အိတ်ဖွင့်ပေးစာ ပေးပို့သည့် ဦးအောင်ထွန်းမှာ ၁၉၉ဝ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်အထိ လည်းကောင်း၊ ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ ၂ဝဝ၉ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်အထိလည်း ကောင်း၊ အင်းစိန်အကျဉ်းထောင်၊ သာယာဝတီအကျဉ်းထောင်၊ M17၊ ဗထလ စစ်ကြောရေးစခန်းများတွင် ၁၅ နှစ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ခံရစဉ် ညှဉ်းပန်း နှိပ်စက်မှုများစွာကို ခံခဲ့ရသူ ဖြစ်သည်။ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းနှင့် ပတ်သက်၍ ဦးအောင်ထွန်းက ပြောကြားရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်နေစဉ် ကာလအတွင်း နောက်ကြောင်းပြန် အရေးယူမှု မရှိစေရဟု ပါရှိသော်လည်း ICC (နိုင်ငံတကာ ရာဇဝတ်မှုတရား ရုံး)နှင့် ICJ(နိုင်ငံတကာ တရားမျှ တမှုခုံရုံး)တို့တွင် တရားစွဲဆိုနိုင်ခွင့် မရှိစေရဟု မပါရှိသောကြောင့် ယခင် နိုင်ငံတော် အကြီးအကဲဟောင်း နှစ်ဦးကို မိမိထံသို့ တရားဝင် အသနားခံစာ (သို့) တောင်းပန် စာ ပေးပို့ရန် ယင်းတို့နှစ်ဦးထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားကြောင်း၊ သတ်မှတ် ထားသည့် အချိန် အကန့်အသတ် ကို ကျော်လွန်ပါက အဆင့်ဆင့် လုပ်ဆောင်မှုများဖြင့် တရားစွဲဆိုရန် အဆင့်ထိ စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ နိုင်ငံရေး အကျဉ်းသား အများအပြား ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ယခင်အကြီးအကဲများထံ အိတ်ဖွင့်ပေး စာ ပေးပို့ခြင်း နှင့် ပတ်သက်၍ ယင်းကပြောကြားရာတွင် မိမိကဲ့သို့ မည်သူမဆို လွတ်လပ်စွာ လုပ်ဆောင်ပိုင်ခွင့် ရှိကြောင်းနှင့် အကျဉ်းထောင်အတွင်း ညှင်းပန်း နှိပ်စက်မှုများမှာ ယခင်အကြီးအကဲ များတွင် တာဝန်ရှိကြောင်း ပြောကြား ခဲ့သည်။ ဦးအောင်ထွန်းသည် ၁၉၉ဝ ခုနှစ် ဗကသ အတွင်းရေးမှူး တာဝန် ထမ်းဆောင်စဉ် အထိန်းသိမ်းခံခဲ့ရပြီး မြန်မာနိုင် ငံ ကျောင်းသားများ လှုပ်ရှားမှု သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ လက်ရှိကာလတွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသည်။ မြန်မာအင်ဒီပဲဒန့်ဂျာနယ်

