တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှစ၍ တပ်မတော်အရာရှိကြီးများ၏ ပွဲတက်ဝတ်စုံအချို့ကို ပြောင်းလဲခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပသော တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် ၁၄ သင်တန်းဆင်းပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မ တော်အရာရှိကြီးများ တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ညစာစားပွဲတည်ခင်း ဧည့်ခံရာသို့ တက်ရောက်ခဲ့သော အရာရှိကြီးများ၏၀တ်စုံမှာ (ပုံပါအတိုင်း) ပြောင်းလဲခဲ့သော ၀တ်စုံများအဖြစ် ရုပ်သံသတင်းများတွင် တွေ့မြင်ခဲ့ကြရသည်။ နံနက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားရာ၌ ပုံမှန်ဝတ်စုံဖြင့်
Thursday, December 27, 2012
5 တပ်မတော် ပွဲတက်ဝတ်စုံအချို့ ပြောင်းလဲ
2 Burma VJနှင့် အောင်ကျော်စော တို့ရဲ့ KIAအကြောင်းInterview (ရုပ်/သံ)
Burma VJနဲ့ ဦး အောင်ကျော်စော တို့ရဲ့ KIA, နှင့် မြန်မာ အစိုးရတို့ အကြား ဖြစ်ပွားနေသော စစ်ပွဲ အကြောင်း (ဦးသိန်းစိန် + ဦးအောင်မင်း တို့ ပြောပြောနေတဲ့ KIA, ကို ထိုးစစ်ဆင်ခြင်းမရှိပါဘူး၊ ခံစစ် အကြောင်း)
Wednesday, December 26, 2012
0 ကျေးဇူးဆပ်သည့်ပွဲ (သို့) ၁၂ နှစ်ပြည့်နှစ်ပတ်လည်ပွဲ
၁.၁.၂၀၀၁ ရက်နေ့မှစတင်၍ ဖွဲ့စည်းထူထောင်ခဲ့သော နာရေးညီမှုအသင်း(ရန်ကုန်) တည်ထောင် ခြင်း (၁၂) နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားအား ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက် (အင်္ဂါနေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။ အမှတ် (၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နံနက် (၉း၀၀) နာရီအချိန်မှ စတင်၍ မျက်စိခွဲစိတ်ခန်း၌ မျက်စိခွဲစိတ်ပြီး မျက်စိဝေဒနာရှင်တို့အား စက္ခုအလင်း ပြန်လည်မြင်နိုင်ရန်အတွက် ခွဲစိတ်ထားသော လူနာများ၏ မျက်လုံးအား ဖုံးအုပ်ထားသော ဂွမ်းပတ်တီး ဖြည်ပေးခြင်းဖြင့် (၁၂) နှစ်ပြည့် အခမ်းအနားအား ထူးခြားစွာ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် အများနည်းတူ အခမ်းအနားဖွင့်လှစ်ခြင်းအား ဖဲကြိုးဖြတ်ဖွင့လှစ်ခြင်း၊ ပူဖေါင်းလွှတ်၍ ဖွင့်လှစ်ခြင်းတို့ဖြင့် ဖွင့်လှစ်သော အခမ်းအနားမျိုးမဟုတ်သည်ကား ….ပထမထူးခြားချက်။
နံနက် (၉း၀၀) နာရီအချိန်တွင် အခမ်းအနားဖွင့်လှစ်ပြီးသည်နှင့် တပြိုင်နက် သုခကုသိုလ်ဖြစ်ဆေး ခန်းများ၏ (အခမဲ့) ကုသပေးမှုပြခန်းများ၊ သုအလင်း စာကြည့်တိုက်နှင့် ပညာရေးလှုပ်ရှားမှုပြခန်းများ၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်းတို့အပြင် အများပြည်သူတို့ မေ့လျောါနေကြသော အနိစ္စတရားကို အသိသတိရှိနေစေရန်နှင့် ကုလိုလ်ကောင်းမှုများအား စဉ်ဆက်မပြတ် လုပ်ဆောင်ကြရန်
0 မျက်ရည်စများကို သုတ်ပေးတော့မည့် ဝိုင်းစုခိုင်သိန်း
နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူများအပေါ် လူမှုအကျိုးပြုပေးဆပ်မှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပါ အသိအမှတ်ပြုလာချိန်တွင် ပြည်တွင်းရှိ အနုပညာလောကသားများ၊ အနု ပညာရှင်များပါ လူမှုရေးလုပ်ငန်းများတွင် ပိုမိုလုပ်ဆောင် ကူညီပေးဆပ်လာကြသည်ကို ဝမ်းမြောက် ဖွယ်ရာ တွေ့မြင်လာရပေသည်။ ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မေတ္တာဖြင့် လုပ်အားဒါနပြု ကူညီဖေးမပေးဆပ်ကြသည့် အနုပညာရှင်များ၊ အနုပညာလောကသားများရှိသလို သဒ္ဒါဖြင့်လာရောက်ကာအလှူငွေများလှူဒါန်းထောက်ပံ့ကူညီကြသောအနုပညာရှင်များ၊အနုပညာ လောကသားများသည်လည်း မြောက်များစွာရှိလေသည်။ ထိုအနုပညာရှင်များထဲတွင် သရုပ်ဆောင်/ အဆိုတော် ဝိုင်းစုခိုင်သိန်း တစ်ယောက်သည်လည်း အပါအဝင်ဖြစ်ခဲ့ပြီ ဖြစ်တော့သည်။
၂၄.၁၂.၂၀၁၂ ရက်နေ့ နံနက် (၁၂း၀၀) နာရီအချိန်ခန့်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့ သရုပ်ဆောင်/အဆိုတော် ဝိုင်းစုခိုင်သိန်းသည် မိဘနှင့်အတူလာရောက်၍ သူမ၏ ချွေးနည်းစာ အနုပညာကြေးများထဲမှ မိမိမွေးနေ့ အမှတ်တရအဖြစ် အလှူငွေကျပ် (၁ဝ) သိန်းအား နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုကူညီရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခဲ့လေသည်။ သရုပ်ဆောင်/အဆိုတော် ဝိုင်းစု ခိုင်သိန်းနှင့် မိသားစုအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသားများမှ
3 Air-Bagan လေယာဉ် ဟဲဟိုးမြို့တွင် အရေးပေါ်ဆင်းသက်ရာမှ ကျိုးပြတ်မီးလောင်
လေယာဉ်ပေါ်ရှိ နိုင်ငံခြား သား(၅၁)ဦး အပါအ၀င် ခရီး သည်များအား ကယ်ထုတ်နိုင်ခဲ့ပြီး (၁)ဦးသေဆုံးကာ လေယာဉ်မှူး ဦးမောင်မောင်ထွေး၊ တွဲဖက်လေ ယာဉ်မှူး ကိုနေလင်းထွန်းနှင့် နိုင်ငံခြားသား(၄)ဦး အပါအ၀င် ခရီး သည်(၈)ဦး စုစုပေါင်း(၁၁)ဦး ဒဏ်ရာရရှိခဲ့သဖြင့် ဟဲဟိုးဆေးရုံ နှင့် တောင်ကြီးစ၀်စံထွန်း ဆေးရုံ များသို့ ပို့ဆောင်ကုသလျက်ရှိပြီး ကျန်ခရီးသည်များကို အနီးရှိဘုန်း တော်ကြီးကျောင်းတွင် ခေတ္တပြုစု စောင့်ရှောက်ထားကြောင်းသိရသည်။ အရေးပေါ်ဆင်းသက်စဉ် မန္တလေး-တောင် ကြီးကတ္တရာလမ်း ပေါ်တွင် ဆိုင်ကယ်စီးနေသူ (၂) ဦး အားတိုက်မိပြီး (၁)ဦးသေဆုံး ၍(၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၀က်ဘ်ဆိုက်မှသိရှိရသည်။
လေယာဉ်မ တော်တဆမှုတွင် သေဆုံးသွား သော ခရီးသည်မှာ ဧည့်လမ်းညွှန် ဖြစ်သူ
3 ဒေါ်အောင်ဆန်းစုကြည် မြိတ်ခရီးစဉ်သွားတုံးက စင်ပေါ်မှာ ဖြစ်ပေါ်ခဲ့တဲ့ဖြစ်ရပ်တစ်ခု
ဒေါ်အောင်ဆန်းစုကြည် ဘိတ်သွားတုံးက စင်ပေါ်မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်တစ်ခုကိုတင်ပြပေးတာပါ။ ကျွန်တော်သိချင်တာ ဘိတ်လုံခြုံရေးနဲ့ ဘိတ်ထိပ်ပိုင်းတာဝန်ခံခေါင်းဆောင်တွေ လုံခြုံရေးတင်းတင်းကျပ်ကျပ်ထားရဲ့ သားနဲ့ နှင့် ရန်ကုန်ဗဟိုလုံခြုံရေးကော တာဝန်ရှိသူတွေကော မသိကြဘူးလားလို့ ..ဒီလိုကောင်တွေစင်ပေါ်တက်လာတာ အကြောင်းပြချက်က မခိုင်လုံဘူး.. ဒေါ်စုသာတစ်ခုခုဖြစ်ခဲ့ရင် တကယ်လို့ ဘယ်လိုရှင်းကြမလဲ?
ဒါမျိုးလေးတွေ သိ၇အောင်ဖော်ပြတာပါ ဒါဖွတာမဟုတ်ပါ..။အမြင်ရှင်းအောင်ကြည့်ကြစေချင်ပါတယ်။
နောက်ခရီးစဉ်တွေမှာ လဲ လုံခြုံရေးကိုသတိကြီးကြီးနဲ့ လုပ်စေခြင်ကြောင်းနှိုးဆော်အပ်ပါတယ်..။
ခင်မင်လေးစားလျက်
ကိုထွန်းဝေ
0 အရှင်သစ္စဏထိုင်းနိုင်ငံတွင်ဆေးကုသမှုခံယူရန် ရန်ကုန်ဆေးရုံကြီးမှထွက်ခွာ
လက်ပံတောင်းတောင် အရေးတွင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော အရှင်သစ္စဏသည် ထိုင်းနိုင်ငံတွင် ဆေးကုသရန် ယနေ့နေ့လည်
နှစ်နာရီတွင် ရန်ကုန်ဆေးရုံကြီးမှ ထွက်ခွာသွားသည်။
"ဒီမှာကုတာထက် ပိုမိုကောင်းမွန်မယ်ထင်လို့ သွားရောက်ကုသခြင်းဖြစ်တယ်။ ဒဏ်ရာအခြေအနေမသက်သာလို့ သွားရောက် ကုသ တာ မဟုတ်ပါဘူး"ကို ဒဏ်ရာရသံဃာတော်များ စောင့်ရှောင့်နေသောဆရာတော်ဦးဝိမလက မိန့်ကြားခဲ့သည်။
ဆေးကုသရန်အတွက် နိုင်ငံတော်မှခွင့် ပြုပေးရုံသာမဟုတ်ပဲ၊ဆေးကုသမှုနှင့် ပက်သက်ပြီး အားလုံးတာဝန်ယူ မည်ဆိုသောကြောင့်
ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
နိုင်ငံတော်မှ ကူညီမှုသည် စောစောပိုင်း အချိန်ကတည်းက စတင်သင့်ကြောင်းယခုလိုအချိန်ကြာမှ ကူညီသောကြောင့်
ရောဂါဝေဒနာ ပိုခံစားရပြီး၊ အနာများမှာ ပိုရင်းလာကြောင်းဒဏ်ရာရ သံဃာတော်များ စောင့်ရှောင့်ပေးနေသူ ကိုခိုင်နေမင်းက ပြောကြားသည်။
"နိုင်ငံတော်က ဘာကိုတာဝန်ယူမှာလဲ၊ ဘာကိုအာမခံချက်ပေးမှာလဲ ဆိုတာ စောစောထဲက ပြတ်သားသင့်တယ်။ အခုလို
အချိန်ကြာလာတော့ ဒဏ်ရာတွေပိုရင်းတယ်၊ ပိုခံစားရတယ်"ဟုကိုခိုင်နေမင်းက ပြောကြားသည်။
အရှင်သစ္စဏအပါအ၀င် ထိုင်းနိုင်ငံသို့ ဆေးကုသမှုခံယူရန် သွားရောက်ခဲ့သော သံဃာတော်နှစ်ပါးရှိပြီဖြစ်သည်။
ဟိန်းကို(မြန်မာခေတ်)
3 မြန်မာအစိုးရစစ်တပ်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ဒုံးများဖြင့် ကချင်ပြည်နယ်ရှိ ကေအိုင်အေတပ်အားတိုက်ခိုက်
မြန်မာအစိုးရ စစ်ရဟတ်ယာဉ်ပေါ်က ပစ်တဲ့ ရုရှား ဒုံးကျည်
မြန်မာပြည်ငြိမ်းချမ်းရေးကို ဒါတွေနဲ့တည်ဆောက်မလို့တဲ့
မြန်မာ စစ်အစိုးရတပ်များ ရဟတ်ယာဉ်အသုံးပြုကာ လိုင်ဇာ အောက်ဘက်ခြမ်းရှိ ဆမ်တိန်းဂျန်ကျေးရွာသို့  လက်နက်ခဲယမ်း ရိက္ခာများ လာရောက်ပို့ ဆောင်သွားကြောင်းသိရသည် ။
ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ တပ်ရင်း(၂၄)နယ်မြေ ဘွမ်ဆောင်ဒေသ တွင် ကေအိုင်အေ တပ်ပေါင်းစု တပ်ဖွဲ့ ဝင်များ နှင့် အစိုးရတပ်များ ညနေ (၅)နာရီ အချိန်ခန့် ထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရသည်။
ထို့ အပြင် ယနေ့ မွန်းလွဲပိုင်း ၂ နာရီမှ ၄ နာရီခန့် အတွင်း မြစ်ကြီးနား - ဆွမ်ပရာဘွမ် လမ်းမကြီးအတိုင်း မြန်မာအစိုးရတပ်မှ စစ်ကား အစီး (၈၀) ခန့် စစ်ကြောင်းထိုး တက်သွားကြောင်း သိရှိရသည်။
Photo..ကိုမင်းဌေး
0 မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန် ကြေညာချက်
၂၀၁၂-ခု ဒီဇင်ဘာလ (၂၅) ရက်၊ အင်္ဂါနေ့
၁၃၄၇-ခု-နတ္တော်လဆန်း-၁၂-ရက်
၁။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရမှ အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သော သံဃာတော်များအား မိမိတို့ အပြစ်ကို ၀န်ခံ၍ (၁၅၊ ၁၂၊ ၁၂) နေ့တွင် မန္တလေး၌ တောင်းပန်ခဲ့ခြင်းကို ဖေါ်ပြပါ သံဃာထု အားလုံးက အသိအမှတ်ပြု လက်ခံ သည်။
၂။ ။ နိုင်ငံတော် အစိုးရမှ သံဃာတော်များအား ၀န်ချ တောင်းပန်သည့် အလျောက် နောက်နောင် သံဃာထု တစ်ရပ်လုံး အပေါ် ကာယကံ၊ ၀စီကံ တို့ဖြင့် မကျူးလွန်ရန်-
ဥပမာ …….. သံဃာတော်များသည် ဥပဒေကို မလိုက်နာ၍ အစိုးရမှ ဥပဒေနှင့် အညီ ဆောင်ရွက်ရပါ သည်ဟု သမ္မတ ဦးသိန်းစိန်၏ မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး ခရီးစဉ်၌ ပြောကြားသော စ ကားမျိုးကို ဆိုလိုသည်။
၃။ ။ ၂၉၊ ၁၁၊ ၂၀၁၂ နေ့ နံနက် ၂ နာရီ ၃၀ မိနစ် အချိန်တွင် ငြိမ်းချမ်းစွာ ဆန္ဒ ဖေါ်ထုတ်နေသည့် သံဃာတော်များနှင့် ပြည်သူများကို ပြည်သူ့ ရဲတပ်ဖွဲ့၏ အကွက်ကျကျ ကြိုတင် ပြင်ဆင်လျက် ဥပဒေမဲ့ လူမဆန်စွာဖြင့် မီးလောင်စေသော ဓာတုဗေဒ ပစ္စည်းများ သုံးစွဲပြီး အကြမ်းဖက် ဖြိုခွဲ ဖျက်ဆီးမှုတွင် တာဝန်ရှိသူ၊ အမိန့်ပေးသူ အားလုံးကို အစိုးရ အဖွဲ့မှ အရေးယူ ထုတ်ပယ်ပေးရန်။
၎။ ။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဆန္ဒ ထုတ်ဖေါ်မှုကြောင့် ဖမ်းဆီး ခံထားရသူ အားလုံးကို ချွင်းချက်မရှိ အမြန်လွှတ်ပေးရန်။
၅။ ။ ဒေသခံ ပြည်သူများ၏ ဆန္ဒနှင့် ထပ်တူ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်း ပေးရန် ဖေါ်ပြပါ သံဃာထု တစ်ရပ်လုံးက တောင်းဆိုလိုက်သည်။
မုံရွာ-ပခုက္ကူ-ရေစကြို-မြိုင်-ချောက်-ရေနံချောင်း-ကျောက်ပန်တောင်း-ဆားလင်းကြီး ဒေသရှိ သံဃာတော်များ
ဒီဇင်ဘာလ ၂၅ ရက်နေ့ ယနေ့ ထုတ်ပြန်လိုက်သည့် မုံရွာ၊ ပခုက္ကူ၊ ကျောက်ပန်တောင်း၊ ချောက်၊ ရေနံချောင်း၊ ဆားလင်း၊ ရေစကြို၊ မြိုင် ဒေသရှိ သံဃာတော်များ၏ သဘောထား ထုတ်ပြန်ချက် တစ်စောင်ကို ဖြန့်ဝေလိုက်ပါသည်။
ဆက်သွယ်မေးမြန်းရန် ဖုံးနံပါတ်များကို ပေးပို့လိုက်ပါသည်။
ရှင်မတောင်ဆရာတော်။။။။။။။။။။။၀၉ ၄၇၂၂၇၅၅၆ (ရေစကြို)
ဦးရေ၀တ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၇၁၉၁၈ (ချောက်)
ဦးဥတ္တရ။။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၇၂၃၁၀၂၂ (ပခုက္ကူ)
ဦးပါကဋ။။။။။။။။။။။။။။။။။။။။။။။။။။၀၉ ၄၀၁၅၁၂၅၆၉ (ပခုက္ကူ)
ဦးသုမန။။။။။။။။။။။။။။။။။။။။။။။။။။၀၆၁ ၅၂၁၅၅ (ကျောက်ပန်တောင်း)
ဦးအာလောက။။။။။။။။။။။။။။။။။။ ၀၉ ၄၀၀၄၁၅၇၃၁၊ ၀၉ ၄၉၂၉၀၆၁၉ (ဆားလင်းကြီး)
ဦးအာစရိယ။။။။။။။။။။။။။။။။။။။။၀၇၁ ၂၃၀၉၁ (မုံရွာ)
ဦးလက္ခဏ။။။။။။။။။။။။။။။။။။။။။ ၀၉ ၂၃၀၁၉၂၇ (ပခုက္ကူ)
ကိုဟန်ဝင်းအောင်
0 ကျီးကန်း ငမည်းနဲ့ ဟံသာဝတီ ဦးဝင်းတင် (မောင်ဝံသ)
တတိယအကြိမ်ဆေးစစ်ဖို့ စင်ကာပူကို ပြန်ရောက်နေတုန်း သည်စာကို ရေးဖြစ်ပါတယ်။ ကီမိုဆေးသွင်းကုသမှု စင်ကာပူမှာ နှစ်ကြိမ်၊ ရန်ကုန်မှာ နှစ်ကြိမ်အပြီး ဒုတိယအကြိမ် ဆေးလာစစ်တုန်းက အဆုတ်က အကြိတ်ရဲ့အရွယ်ပမာဏ အတော်ကလေး ကျုံ့သွားတယ်လို့ သိရပါတယ်။ ဆေးသွင်းကုသမှု ရန်ကုန်မှာနောက်ထပ် လေးကြိမ်အပြီး ယခုတစ်ကြိမ်မှာ ဆေးစစ်ချက်အဖြေက အကြိတ်ဟာ ထပ်ပြီးလျော့မသွားပေမယ့် ပိုလည်း ကြီးမလာဘူး၊
တစ်ခြားနေရာတွေကိုလည်း ပျံ့နှံ့မှု မရှိဘဲ ထိန်းထားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောုင့် ကုသနေတဲ့ သမားတော်က ဆေးတစ်မျိုး ပြောင်းပေးလိုက်ပါတယ်။ အရင်က gemcitabine ကို cipllatin နဲ့ Avastin နဲ့ တွဲပြီး သွင်းခဲ့ရာက အခု gemcitabine ကိုဖယ်လိုက်ပြီး Alimta ဆိုတဲ့ ဆေးအသစ်ကို ပေးလိုက်ပါတယ်။ ကျွန်တော့်ကို ချစ်ခင်ကြင်နာစွာ သတင်းမေး အကူအညီပေးနေကြတဲ့ ပြည်တွင်းပြည်ပ မိတ်ဆွေများထဲက ဆေးအကြောင်း နားလည်သူများ သိနိုင်ဖို့ ဆေးအမည်များဖော်ပြလိုက်တာပါ။ ဆေးဝါးတွေရဲ့ ဈေးနှုန်းကတော့ ကြောက်ခမန်းလိလိပါ။ ကျွန်တော် အရင်တစ်ကြိမ်က အစီရင်ခံခဲ့ဖူးသလိုပါပဲ၊ မိတ်ဆွေသင်္ဂဟများရဲ့ ကူညီထောက်ပံ့မှုသာ မရှိရင် ဘယ်လိုနည်းနဲ့မှ ကျွန်တော် ဆေးမကုနိုင်ပါဘူး။ အမည်နာမတွေကို မဖော်ပြနိုင်ပေမယ့် ကူညီနေသူအားလုံးကို အထူးကျေးဇူးတင်ကြောင်း ထပ်လောင်းပြောပါရစေ။
ဆေးစစ်တာတွေပြီးတော့ ရန်ကုန်မပြန်ခင်နားနားနေနေရှိခိုက် စာအုပ်တချို့ ဖတ်ဖြစ်ပါတယ်။ သမီးကြီးထိုက် ဖတ်ချင်လို့ မှာလိုက်တဲ့ စာအုပ်တွေ ၀ယ်လာတဲ့အထဲမှာ ဇာဂနာရဲ့ "ပထမ"နဲ့ မသိတာစမ်းချောင်းရဲ့" စမ်းချောင်း အင်းစိန် ဟားဗတ်"တို့ ပါပါတယ်။ အချိန်ရတုန်း အဲဒီနှစ်အုပ်စလုံး ဖတ်ပြီးသွားပါတယ်။ ဇာဂနာစာအုပ်က ခပ်ပါးပါးဆိုတော့ အရင်ဖတ်ပြီးသွားတယ်။ မသီတာစာအုပ်က ထူပြီး အကြောင်းအရာတွေက များလေတော့ ဖြည်းဖြည်းဖတ်ရပါတယ်။
ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ အမှာစာမှာ မသီတာရဲ့ စာအုပ်ဟာ သူ့ရဲ့ "ဘာလဲဟဲ့ လူ့ငရဲ"စာအုပ်ထက် ပိုကောင်းတယ်လို့ ရဲရဲကြီး ညွှန်းထားပါတယ်။ "ကျွန်တော့်စာအုပ်က သတင်းစာကလောင်နဲ့ ရေးတယ်။ အဖြစ်ကိုရေးတာ။ သနစ်ကိုရေးတာ။ ထောင်ဆိုတာ ငရဲဟေ့လို့ ပြောပြတာ။ ထောင်ဆိုတာ ကျောင်းဟေ့လို့ ပြော ပြတာ။ ရသဆွံ့ရှားတယ်။ ခံစားချက် များတယ်။ မသီတာစာအုပ်က














