တိုကျို၊ ဇန္န၀ါရီ ၃၁
သန့်မျိုးထွေး(moethaukkye)
ဂျပန်နိုင်ငံအခြေစိုက် ပုညကာရီမွန်အမျိုးသားအသင်းက ကြီးမှူးပြုလုပ်သည့် ၆၃ နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ဂျပန်ရှိမြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသည့်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများမှခေါင်းဆောင်များ တက်ရောက်၍ ညီညွတ်ခြင်းကိုပြသသည့်အနေနှင့် နွေထွေးပျော်ရွင်စွာ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားကို နှစ်ပိုင်းခွဲ၍ကျင်းပြရာ ပထမပိုင်းတွင် မွန်အမျိုးသားအလံတော်နှင့်ကျဆုံးသွားသော မွန်ခေါင်ဆောင်များကို တညီတညွတ်တည်း အလေးပြု၍ မွန်အမျိုးသားသီချင်းကိုသီဆိုပြီး စတင်ခဲ့သည်။
"လွန်ခဲ့တဲ့အတိတ်ကာလတုန်းက ကျနော်တို့ရဲ့မွန်အမျိုးသားတွေ၊ ခေါင်းဆောင်တွေဟာ မွန်တို့ရဲ့စာပေနှင့် ယဉ်ကျေးမှုကိုပြန်လည်ရရှိဖိုနဲ့ မပျောက်ပျက်အောင်ကြိုးစားအားထုတ်ခဲ့တဲ့သူတွေအားလုံးကို အသိအမှတ်ပြုဖို့ရယ်၊ ကျနော်တို့ရဲ့ ဇာတိဂုဏ်၊ အမျိုးဂုဏ်တွေကို မမေ့ဖို့ရယ်ပေါ့၊ နောက်ကျနော်တို့ရဲ့ မွန်ခေါင်းဆောင်ကြီးတွေပေးထားခဲ့တဲ့ အမျိုးသားရေးစိတ်ဓါတ်တွေကို ရှင်သန်နိုးကြားဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လုပ်တာပါ"ဟု အခမ်းအနား၏ သဘာပတိလည်းဖြစ်၊ ပုညာကာရီမွန်အသင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးမင်းမျိုးချစ်မှပြောပြသည်။

0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်