video and Interview။ ။ Maungwtoရန်ကုန် (မဇ္ဈိမ)။ ။ သင်္ကြန်အကြတ်နေ့ ရန်ကုန်ဗုံးပေါက်ကွဲမှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲတရပ်ကို မေလ (၆)ရက်နေ့တွင် နေပြည်တော်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ရဲချုပ်ခင်ရီ ဦးဆောင်မည့် အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် ပြည်တွင်းမီဒီယာများနှင့် ပြည်ပသတင်းဌာနများမှ ကိုယ်စားလှယ်များကို ယနေ့ မေလ (၄)ရက်နေ့တွင် စာပေစိစစ်ရေးမှ အကြောင်းကြားခဲ့သည်။"ဂျာနယ်တိုက်တတိုက်ကို အယ်ဒီတာချုပ်နဲ့ နောက်တဦးတက်ခွင့်ရပါတယ်။ တက်မယ့်လူစာရင်းကို တခါတည်းပေးလိုက်ရတယ်။ ရန်ကုန်က မီဒီယာအားလုံးကို စိစစ်ရေးက ကားနဲ့ အကြိုအပို့လုပ်ပေးမယ်လို့ ပြောတယ်။" ဟု ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ အယ်ဒီတာချုပ်ဖြစ်သူက ဆိုသည်။ရေကစားမဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုကြောင့် တာဝန်ကျလုံခြုံရေးအများစု ပါဝင်သော လူ ၁ဝ ဦး သေဆုံးပြီး ၁၇ဝ ခန့် ဒဏ်ရာရရှိခဲ့သည်။
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်
ပို့စ်အသစ်များ အီးမေးမှ ဖတ်လိုလျင် အီးမေးလ်လိပ်စာဖြည့်ပါ။
Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်