ပြည်တွင်း စစ်ထိ ဦးတည် နေသော ထိုင်းနိုင်ငံဘန်ကောက်ဆန္ဒပြမှုများတွင်ဆန္ဒပြသူ၆၀နီးပါးသေဆုံးပြီးနောက် ထိုင်းအစိုးက ယနေ့ တနင်္ဂနွေနေ့ ညနေတွင် ကာဖျူးမိန့် ထုတ်ပြန်လိုက်သည်ဟု ထိုင်းရုပ်သံအစီအစဉ်များမှ ကြေညာသွားသည်။
သောကြောနေ့မှစတင်ကာစစ်မြေပြင်သဖွယ်ဖြစ်နေသည့်ဘန်ကောက်မြို့လည်တွင်အပြန်အလှန်ပစ်ခတ်သံများမှာ လည်းဆူညံနေပြီး စစ်မြေပြင် သဖွယ်ဖြစ်နေသည်။ ဘန်ကောက်မြို့ တွင်း နှင့် UDD အင်အားစု များ စခန်းချရာ လုံမဏီ ပန်းခြံတစ်ဝိုက်တွင် လမ်းများ ပိတ်ဆို့ ထားပြီး ဘန်ကောက် မြို့ တွင်း ပြေးဆွဲ နေသည့် သယ်ယူပို့ ဆောင်ရေး ခရီးစဉ်များ လည်း စနေ နေ့ က စတင်ပြီး ရပ်နားထားသည်။
ဘန်ကောက်မြို့ လည်တွင် ထိုင်းစစ်တပ်က ပစ်ခတ်မှု များ နေသော ဇုန် ဟု ဆိုင်းဘုတ်များ ချိတ်ဆွဲထားပြီး ညွှန်ပေါင်း အစိုးရ အဖွဲ့ ၏ ၀န်ကြီးချုပ် ဖြစ်သူ အဘီဆစ်က ဆန္ဒပြသူ များ ကို ဘန်ကောက်မြို့ တော်မှ အပြီးတိုင်ရှင်းလင်းပစ်မည် ဟုဆိုသည်။
တနင်္ဂနွေ နေ့ တွင် ထိုင်းစစ်တပ် မှ ပစ်ခတ် မှု ကြောင့် ဆန္ဒပြသူ အမျိုး သမီး တစ်ဦး နေရာတွင် သေဆုံး
သွားသည်။
သေနတ်ဖြင့် တရပ်စပ် ပစ်ခတ်နေသော်လည်း အလံမလှဲစတမ်း နိုင်ငံရေး အံတုနေသူ တစ်ဦး
ထိုင်း ဘုရင် နှင့် စစ်တပ်မှ ကျောထောက် နောက်ခံပေးထားသည့် အဘီဆစ်အစိုးရမှ၎င်းတို့အာဏာတည်မြဲရေး အတွက် ဆန္ဒပြသူ များ ကို ရက်ရက် စက်စက် သတ်ဖြတ် နေခြင်းသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ နှင့် ပင် တူလှသည် ဟု UDD အဖွဲ့ ဝင် တစ်ဦးက Freedom News Groupသို့ ပြောသည်။
ဘန်ကောက် တွင် သတင်းရယူနေသည့် နိုင်ငံခြား သတင်းထောက်များမှာ လည်း ကျဉ်ကာ အင်္ကျီများဝတ်ကာ သတင်းယူကြသည် ဟု CNN သတင်းဌာန ၏ ဘန်ကောက် သတင်းထောက် ဖြစ်သူ DansRiver မှ ပြောသည်။၎င်းသည် မြန်မာ နိုင်ငံသို့ သတင်း သွား ရောက် ယူရာ တွင် နိုင်ငံ တွင်း မှ နှစ်ခါ နှင် ထုတ်ခံရသည်။
စနေ နေ့ က နေရှင်း သတင်းစာ၏ ၀ါရင့် သတင်းထောက် ဖြစ်သူ ကျဉ်ဆန် ထိမှန်ပြီး နောက်နိုင်ငံခြား သတင်းထောက် သုံးဦး လည်း သေနတ် ကျဉ်ဆန်များ ထိမှန်ခဲ့သည်။
ထိုင်းစပ်တပ် က နိုင်ငံ မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသည့် ဆန္ဒပြမှု များကို လည်း အင်အားသုံးဖြေရှင်းသွားမည် ဟု ဆိုသည်။
ထိုင်း အစိုးရ က ဆန္ဒပြပွဲ အား နှိမ်နှင်းရန် စစ်တပ်အား ဘတ်သန်း ၄၀ နီးပါးပေးခဲ့သည် ဟူသော သတင်းများ လည်း ပေါ်ထွက်နေသည်။
ထိုင်းလုံခြုံရေး အဖွဲ့ ဝင်များက သပိတ်စခန်း အတွင်းရှိ မိန်းမ နှင့် ကလေးများကို ညနေ ၃နာရီနောက်ဆုံးထား၍ ထွက်ခွာပေးရန် ညွှန်ကြားထားသည်။
သတင်း ။ ။ Freedom News Group
video။ ။ CNN News
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်