ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများမှအဆက်အသွယ်အရ YAMAJI TOROဟာ နအဖရဲ့ ၂၀၁၀ရွေးကောက်ပွဲသတင်းသွားယူဖို့ ထိုင်းနိုင်ငံအနောက်မြောက်မှလှေဖြင့် မြ၀တီသို့ဝင်ြ့ပီးသူနဲ့အတူ ဗီဒီယိုကင်မရာနဲ့အတူမြန်မာပြည်တွင်းမှာအသုံးပြုနိုင်တဲ့ လက်ကိုင်ဖုံးပါကြောင်းသိရပါသည်။
အဖမ်းခံရသေးခင် အဲဒီနေ့မနက်စောစောမှာ သူအသုံးပြုတဲ့ Social Websiteတခုဖြစ်တဲ့ TWITTER မှာ ' မြန်မာစစ်အစိုးရကထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကာလမှာ နိုင်ငံခြားသား မီဒီယာသတင်းထောက်တွေကို နိုင်ငံတွင်းလုံး၀၀င်ရောက်ခွင့်မပေးဘူးဆိုတာကို ရအောင်ဝင်မယ် ဘယ်လောက်အထိဘဲမင်းတို့တားတား ဘယ်လိုပုံစံမျိုးနဲ့မင်းတို့ပိတ်ပင် မှန်ကန်တဲ့သတင်းယူရမဲ့အလုပ်က ငါတို့တွေရဲ့အလုပ်' ကြည့်လိုက်စမ်းပါ Nagai sanလို့ ၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေးမှာ အသတ်ခံခဲ့ရတဲ့ သူ့ရဲ့သူငယ်ချင်းနံမည်နဲ့ တိုင်တည်ရေးထားကြောင်းသိရှိရပါသည်။
သူ၏သူငယ်ချင်းအား အသတ်ခံရသည့်နေရာတွင်လွမ်းသူ့ပန်းခွေချနေစဉ်(၂၀၀၇)
အဖမ်းခံနေရတဲ့ YAMAJI TOROဟာ မြန်မာပြည်သို့တကြိမ်ရောက်ဖူးပြီး အဲဒီအချိန်ဟာလည်း (၂၀၀၇)ရွှေဝါရောင်တော်လှန်ရေးမှာ အသတ်ခံရတဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း ရဲ့အလောင်းကို သွားရောက်ယူငင်တဲ့အခါလည်းဖြစ်ပါတယ်။သတင်း ။ ။ ဒေါင်းမာန်ဟုန်
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်