မတ်လ ၅ရက်နေ့ မနက် ၁၀နာရီကျော်ခန့်တွင် နွားထိုးကြီးမြို့နယ်တွင် ဟောပြောမှုပြုလုပ်ခဲ့ပြီး မိတ္ထီလာမြို့ရှိ အောင်မင်္ဂလာ ခန်းမတွင်လည်း ဟောပြောမှုခဲ့သည်။
ထို့နောက် ညနေ ၄နာရီကျော်တွင် နေပြည်တော်မြို့ရှိ Royal Kumudra Hotelတွင် ခေတ္တအနားယူ၍ ညနေ ၅နာရီခွဲခန့်မှစ၍ ဒက္ခိဏသီရိမြို့ နယ်ရှိ လမ်းပျဉ်းမနားကျေးရွာ အနီးမှကွင်းပြင်တစ်ခု၌ ဟောပြောပွဲပြုလုပ်ခဲ့သည်ဟု သတင်းများအရ သိရသည်။
“ဒီမိုကရေစီစနစ်ဆိုတာ ပြည်သူတွေရဲ့ သြဇာလွှမ်းမိုးတဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူတွေမှာ ဘာဖြစ်သလဲဆိုတော့ တကယ်စဉ်းစား ကြည့်ရင် ပြည်သူတွေရဲ့ အင်အားက နည်းတာမဟုတ်ဘူး။ ပြည်သူမရှိရင် နိုင်ငံဆိုတာမရှိဘူး။ အဲဒါပါပဲ။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာ အမြဲမှတ်ထားပါ”ဟု နေပြည်တော်ရှိ ဒက္ခိဏသီရိမြို့နယ်မှ လမ်းပျဉ်းမနားကျေးရွာအနီးရှိ ကွင်းပြင်တစ်ခုတွင် ဟောပြောခဲ့သည့် မိန့်ခွန်းများထဲမှ ကောက် နုတ်ဖော်ပြခြင်းဖြစ်သည်။
ထို့နောက် ၎င်းသည် ဇဗ္ဗူသီရိမြို့တွင် ဟောပြောမှုထပ်မံပြုလုပ်ခဲ့ပြီး တက်ရောက်သည့် လူဦးရေ တစ်သိန်းကျော်ရှိသည်ဟု သိရှိရသည်။ ယင်း နောက် မတ်လ ၆ ရက်နေ့ မနက်ပိုင်းတွင်လည်း တောင်ငူမြို့နယ်ရှိ မိုင်ဒါကွင်း၌လည်း ပါတီစည်းရုံးရေးအတွက် လူထုဟောပြောပွဲပြုလုပ်မည်ဟုလည်း သတင်းများအရ သိရ သည်။(transparencymyanmar)
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိ မြို့နယ် လမ်းပျဉ်းမနားရွာမကွင်း မိန့်ခွန်းပြောကြားစဉ်နှင့် ပောာကြားသောမိန့်ခွန်းကောက်နှုတ်ချက်´(Yangon press international)
“ဒီထဲမှာဆိုလို့ရှိရင် ဒက္ခိဏသီရိမြို့နယ်က ပြည်သူတွေဟာ အင်မတန်မှ ဘ၀ကိုရုန်းကန်ရပါတယ် အဲဒီတော့ကျွန်မကပြောတယ် ဘ၀တူတွေဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လောက်ရုန်းကန်ရ သလဲ ဆိုတာ အများသိပြီးသားဖြစ်ပါတယ် ။ အဲဒီတော့ ရုန်းကန်ရတဲ့လူခြင်း အတူတူတော့နားလည်မှုရှိတယ် ။ဘ၀မှာဘယ်လိုရုန်းကန်ရသလဲ ၊ဘ၀မှဘယ်လိုအခက်အခဲတွေနဲ့ တွေ့ရသလဲ။ ကျွန်မတို့အဖွဲ့ချုပ်မှာဆိုလို့ရှိရင်ဆင်းဆင်းရဲရဲပင်ပင်ပန်းပန်းနဲ့ ရပ်တည်တဲ့ နေရာမှာအနှစ် နှစ်ဆယ်ကျော်သွားပါပြီ။ ဒါကြောင့်မို့လို့ ကျွန်မတို့က ပြည်သူတွေရဲ့ဆင်းရဲနွမ်းပါးမှုကို တစ်ကယ့်ကို လက်တွေ့ကျကျ နားလည်တဲ့ အဖွဲ့ဖြစ်ပါတယ်လို့ ကျွန်မပြောပါရစေ”
“ကျွန်မတို့နိုင်ငံဟာ သယံဇာတတွေ အင်မတန်ချမ်းသာတဲ့နိုင်ငံပါ။ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံ လို့ပြောရင်တောင်မှ မှားမယ်လို့မထင်ပါဘူး။ဒါပေမယ့်လည်း တစ်ချိန်တဲမှာ ကျွန်မတို့ရဲ့ပြည်သူတွေဟာအရှေ့တောင်အာရှမှာအဆင်းရဲဆုံးပြည်သူတွေဘဲလို့ပြောလို့ရှိရင်လည်းမှန်မှာဘဲ”
“တစ်ခြားလူကို အားကိုးလို့မဖြစ်ဘူး ကိုယ့်ကိုယ်ကို အားကိုရမယ် ။ ဒီတော့ပြည်သူတွေကထင်တယ် ငါတို့ဒီလောက်တောင်အားနည်းနေတာ ၊တို့ဒီလောက်တောင်ဆင်းရဲနေတာ တို့မှာရှိစုလယ်တွေယာတွေ တောင် ပျောက်သွားပြီဆိုကတည်းက ဘယ်လိုလို့ကိုယ့်ကိုယ်ကို အားကိုနိုင်မှာလည်းလို့ အဲဒီလို တစ်ချို့က စိတ်ထဲမှာတွေးတယ်။ ဒါပေမယ့်ပြည်သူတွေမှာဘာဖြစ်လဲဆိုတော့ တကယ်စဉ်းစားကြည့်လို့ရှိရင် ပြည်သူတွေရဲ့အင်အားဆိုတာနည်းတာမဟုတ်ဘူး ။ပြည်သူမရှိရင် နိုင်ငံဆိုတာ မရှိနိုင်ဘူး အဲဒါဘဲ။ အမြဲမှတ်ထားပါ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူရှိမှ တည်နိုင်မယ်ဆိုတာအမြဲမှတ်ထားပါ”
“နိုင်ငံဆိုတာ ထောက်ထားတဲ့ပြည်သူရှိရင် ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး ဘယ်တော့မှ မမြင့်မားနိုင်လာနိုင်ဘူးဆိုတာ သေသေချာချာ စွဲစွဲမြဲမြဲ မှတ်ထားပါ´´
” ပြည်သူတွေရဲ့သြဇာလွှမ်းမိုးတဲ့စနစ်ဆိုတာ ဒီမိုကရေစီဘဲ ။ ဒီမိုကရေစီရဲ့အဓိပ္ပါယ်ဟာ ဒါပါဘဲ
“လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စကိုတော့ လုပ်နိုင်အောင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်စွာလုပ်ရမယ်။ အဲဒါဟာဘ၀မှာ တိုးတက်ချင်ရင် ဒီလိုဘဲလုပ်ရမှာဘဲ
photo..thihanwe,Gettyimages,7daysnewsjournal
Tuesday, March 6, 2012
0 နေပြည်တော်မှာမဲဆွယ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်