နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လူမှုရေးလုပ်ငန်းများဖြစ်သည့် နာရေးကူညီမှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊
ပညာဒါနသင်တန်းများနှင့် စာကြည့်တိုက်များအား အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေနှင့် အသင်းသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး အများပြည်သူတို့ အယူသီးမှုပပျောက်ရန်နှင့် လူမှုရေး လုပ်ငန်းများအား လူငယ်မျိုးဆက်သစ်များ စိတ်ဝင်စားစေရန် အားပေးအသိအမှတ်ပြုသည့်အနေဖြင့် မအားလပ်သည့်ကြားမှ အချိန်ပေး၍ လာရောက်လှူဒါန်းခဲ့ကြသည့် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ခိုင်သင်းကြည်(မိသားစု)တို့၏ မြတ်ဒါနအလှူသည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထား သည့် အလှူဒါနပြုခြင်းသည် သံသရာတစ်လျှောက် လျှောက်လှမ်းရမည့် ခရီးလမ်းအတွက် အမြင့်မြတ် ဆုံးသော ကောင်းမှုကုသိုလ်ပြုသည့် နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။
၎င်းလှူဒါန်းမှုသတင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အမေရိကန်နိုင်ငံမှ ကြားသိခဲ့ရ၍ ဦးကျော်သူနှင့် (၇) နှစ်ခန့် အနုပညာလောကမှ ကွဲကွာခဲ့ရသော အနုပညာမောင်နှမတစ်ဦးမှ လာရောက်လှူဒါန်းသည့်အပေါ် ဦးကျော်သူသည် လက်ရှိအနုပညာလောက၌ မရှိတော့ပေမယ့် လူအများ နှင့် ခွဲမရနိုင်သည့် နာရေးကိစ္စရပ်များ လုပ်ဆောင်နေခြင်းအပေါ် လူသားပီသစွာဖြင့် လူသားခြင်းစာနာစိတ် မွေး၍ မလွန်ဆန်နိုင်သော အနိစ္စတရားခရီးလမ်းကြောင်းအတွက် ကူညီဖေးမလှူဒါန်းမှု ပြုလုပ်ပေးခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သူ ခိုင်သင်းကြည်နှင့် မိသားစုအား အဝေးမှ သာဓု … သာဓု … သာဓု ဟုခေါ်ဆို လိုက်ပါသည်။
ကိုကျော်သူ






0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်