ပြည်သူ့ခံတွင်း နှိုက်ယူခြင်းဖြင့် ရက်စက်ယူဆောင် သူကြွယ်ပြောင်သည်၊ တရွာလုံး မုန်းသည့် အင်းသူကြီး
(ဖိုးလမင်းကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ အင်းသားကြီး ဦးကျဉ်ညိမ်း)
ထို ထုံးဖြူစည်း နောက်တွင် သေနက် အသင့်နှင့် ရဲများ။ ရဲများ အနောက်တွင် အင်းသူကြီး ရုံးခန်း ၊ ရုံးခန်း အရှေ့တွင် ချောင်းကို ပိတ်ပြီး ငါးဖမ်းထားသည့် ရှော အတားအဆီး အကြီးကြီး။ မျက်နှာထား တင်းမာလှသည့် ရဲတပ်ဖွဲ့များက သေနက် အသင့်ဖြင့် ရွာသူ ရွာသားများကို ဦးဆောင်လာသည့် ကျနော်တို့ အဖွဲ့ကို စောင့်ကြည့်နေသည်။
ပြီးခဲ့သော ငါးရက် ကတည်းက အင်းသူကြီး အိမ်ကို အကာကွယ်ပေးနေရသည့် မြို့နယ်ရဲမှူးနှင့် တခါ ထပ်မံ စကားပြောရသည်။ သူ့နောက်က သံဆူးကြိုး အတားအဆိးများ ရဲလက်နက်ကိုင်များ၊ စူပုတ်နေသော မျက်နှာများနှင့် အင်းသူကြီးဧ။် လူမိုက်များ အကြား ကျနော် ၀င်သွားသည်။
တစ်နာရီမျှ စကားတွေ အပြန်အလှန်ပြောဖြစ်သည်။
နောက်ဆက်တွဲ ဖြစ်စဉ်များကို ထပ်မံ တင်ပြပါမည်။ ပြည်သူ့ လက်ခုပ်သံ တဖြောင်းဖြောင်း ကြားမှာ ပြည်သူ့ရဲတို့ မျက်နှာထား တင်းတင်းများ တဖြည်းဖြည်း လျော့ကျသွားသည်။
သံဆူးကြိုး အတား အဆီးများ တခု ချင်းရုပ်သိမ်းသွားသည်။ ရဲလက်နက်ကိုင် အဖွဲ့များ အနားယူရန် သစ်ပင်ရိပ်သို့ ရွှေ့သွားသည်။ ရဲ မြို့နယ်မှူးထံ အထက် လူကြီးလား မည်သူမှန်း မသိရသူ ထံမှ ဖုန်း တဂွမ်ဂွမ် လာသည်။ အခြေအနေ တင်းမာမှုများ တဖြည်းဖြည်း လျော့ကျသွားသည်။
လူထု အောင်ပွဲ တခု ရရှိခဲ့ပေပြီ။
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို
အဝေးထိန်းဗုံးနဲ့ တိုက်ခိုက်
-
မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့
အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး
အသစ်ကို အ...
2 years ago
ကိုနေမျိုးဇင်...ဘေးရန်ကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ပါစေ၊
ReplyDeleteရပ်တည်မဲ့ မဟုတ်ပါ ရပ်တည်မည့် ဟုထင်ပါသည်။
ReplyDelete