Showing posts with label video. Show all posts
Showing posts with label video. Show all posts

Saturday, October 1, 2011

0 မြစ်ဆုံဆည်ရေကာတာစီမံကိန်း upstream ayeyawady Confluence Basin hydropower ကုမ္မဏီမှလွှင့်တင်ထားသောVideoဖိုင်များ


President U Thein Sein Inspected Myitsone Resettlement Village (Photo.http://www.uachc.com/)

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း
နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့) --------ရပ်ဆိုင်းတာ မလိုချင်ပါဘူးဗျာ။ ဖျက်သိမ်းတာလိုချင်တာပါ၊ရပ်ဆိုင်းတယ်ဆိုတာ...အခွင့်သာရင်ခရီးဆက်ဦးမယ့်သဘောတွေပါနေတယ်။ ပြတ်ပြတ်သားသားဖျက်သိမ်းပေးပါ။တဆင့်ခြင်းဖျက်သိမ်းဘို့အကောင်ထည်ဖော်မယ်ဆိုရင် လည်း ကြိုဆိုပါတယ်။..ဖျက်သိမ်းပေးပါ....ကျွန်တော်တို့ အစဉ်တစိုက် ပြောဆိုခဲ့ကြတာ၊ ဧရာဝတီဆည်တွေကို ခေတ္တ ရပ်ဆိုင်းထားဖို့ မဟုတ်ပါဘူး။ လုံးဝဖျက်သိမ်းဖို့ပါ။
ရပ်ဆိုင်းထားစဉ် တရုပ်နိုင်ငံနဲ့ မိတ်ဝတ် မပျက်အောင် ညှိနှိုင်းဆောင်ရွက်သွားမည်ဆိုတဲ့ စကားက ၊ တရုပ်ကိုမညှိနှိုင်းရသေးဘူး ။ တကယ်လို့ ညှိနှိုင်းတဲ့အခါ မပြေလည်ရင်ကော ၊ ဆက်လက်တည်ဆောက်မည်လော ။ ကျွန်တော်တို့ တောင်းဆိုနေတာက ညှိနှိုင်း၍ ရသည်ဖြစ်စေ ၊ မရသည်ဖြစ်စေ လုံးဝဖျက်သိမ်းရေးဖြစ်သည်။
ယခုအစိုးရလက်ထက်မှာပဲ ရပ်ဆိုင်းထားမယ်ဆိုတော့ ခေတ္တခဏငြိမ်သွားအောင် မက်လုံးပေးလိုက်ခြင်းသက်သက်ဟုယူဆမိပါသည်။ ဆည်အားလုံးပြီးဆုံးရန် သတ်မှတ်ကာလသည် ၁၅ နှစ်ဖြစ်၍ ယခုအစိုးရသက်တမ်း ၅ နှစ်ကာလအတွင်း ဆည်ဆောက်လုပ်ရေးရပ်တန့်ထား ခြင်းသည် စီမံကိန်းတခုလုံးအတွက် ထိခိုက်နစ်နာမှုမရှိပါ။ ထို့ကြောင့် အော်ဟစ်သံများ ကို ခဏတာ ထိမ်းချုပ်လိုက်ခြင်းပင် ဖြစ်နိုင်ပါသည်။ နောက် ၅ နှစ်ကြာသောအခါ ယခု တက်ကြွစွာ ပြောဆိုနေသူများသည် အကြောင်းတစုံတရာကြောင့် ယခုလောက် ပြောနိုင်ကြမှာမဟုတ်တော့ပါဘူး။ လှုပ်ရှားသူများအနေဖြင့် သေချာပြန်လည်သုံးသပ်ကြစေချင်ပါသည်။
(Facebookမှ ဧရာဝတီတက်ကြွသူများ၏ အသံ)

ဆက်လက်ပြီး ချီဖွေရေအားလျှပ်စစ်စီမံကိန်းရေကာတာနဲ့ပတ်သက်ပြီးရိုက်ကူးထားတဲ့videoဖိုင်များကိုအောက်မှာဆက်လက်ကြည့်ရူနိုင်ပါတယ်..

Monday, September 19, 2011

1 မိုးညှင်းမြို့နယ်တွင် ဧရာဝတီ (မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး) အကြောင်းဗဟုသုတဖြန့်ဝေခဲ့သော ဦးဝင်းချိုရဲ့  ဟောပြောပွဲဗီဒီယို


မြစ်ဆုံဆည်စီမံကိန်းနဲ့ ပတ်သက်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာပုဒ်မ(၃၇၇)(၃၇၈)အရရှေ့ တော်သွင်းစာချွန်လွှာတောင်းခံမယ်လို့ ကြေငြာထားတဲ့ သူ။လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း ကိုအရေးယူပေးဘို့ တောင်းဆို ထားတဲ့ ဦးဝင်းချို(တစ်သီးပုဂ္ဂလ)ရဲ့ရေးသားချက်တွေကို http://www.dawnmanhon.com/2011/09/blog-post_1765.htmlနဲ့http://www.dawnmanhon.com/2011/09/blog-post_5429.html မှာ ဖတ်ရူနိုင်ပါတယ်..

VIDEOဖိုင်ပေးပို့သော ဆရာဦးဝင်းချိုအားဒေါင်းမာန်ဟုန်မှအထူးကျေးဇူးတင်ရှိပါတယ်..

Tuesday, July 5, 2011

0 ပုဂံဘုရားဖူးသို့လာရောက်သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပြည်သူများမှလှိုက်လဲစွာကြိုဆိုနူတ်ဆတ်


Photo. AP.Reuters

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် (၁)(၂) ရုပ်/သံ

videoအကျယ်ကြည့်ရန်အပေါ်မှပုံကိုနှိပ်ပါ။
Video/ Democratic voice of burma

Saturday, April 16, 2011

0 2011 ThinGyan (Sky Net) Video Clips (အကြတ်​နေ့​)(အတတ်နေ့)











http://linoo.myanmarpress.com/မှ ကူးယူဖော်ပြပါသည်..

Saturday, November 27, 2010

9 ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် ဘာတွေဖြစ်နေလဲ?


ထောက်လှမ်းရေးမှူးချုပ်ဟောင်းခင်ညွန့် နဲ့ ဒေါ်ခင်ဝင်းရွှေတို့ လင်မယားကို ခင်ရီတို့ လို့ ထင်ရတဲ့ရဲတစ်စုက
သူ့ရဲ့နေအိမ်ကနေခေါ်ထုတ်သွားပြီးစကားပြောနေတဲ့ဗီဒီယိုတစ်ခုလက်ခံရရှိလို့တင်လိုက်ပါတယ်။ ဘယ်အချိန်ကာလကရိုက်ထားတာလဲတော့မသိပါ။ အသံတော့မပါဘူး။

ဦးခင်ညွန့်က တခေါင်းလုံးဖြူနေပြီးသူတို့အိမ်ကထွက်လာတော့လဲလွယ်အိတ်ကလေးတစ်လုံးနဲ့။ ကျန်ခဲ့တဲ့အိမ်သားတွေ အကုန်လုံးကိုနှုတ်ဆက်နေတာကိုလည်းတွေ့မြင်ရပါတယ်။ ဗီဒီယိုပါအရ သူ့အိမ်ကနေအင်းစိန်ထောင်ထဲက ကန်သာယာဧည့်ရိပ်သာကို ပြောင်းလိုက်တဲ့နေ့လို့ယူဆရပါတယ်။

သူ့လက်ချက်နဲ့ဘဝပျက်သွားတဲ့ သူတွေထက်စာရင် သူ့အခြေအနေက အများကြီးသာပါတယ်။ တူဖြစ်တုန်းက စိတ်ရှိလက်ရှိနှံပြီးပြီ ပေဖြစ်တဲ့အလှည့်မှာခံပေါ့။ သူပြုတဲ့ကံ သူပြန်ခံရတာဘဲ။
တခါက ဦးခင်ညွှန့်အာဏာရှိစဉ်အခါတုန်းက

ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ပြောဆိုချက်
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကမ္ဘာအေးဘုရားနားကနေအိမ်မှာ တွေ့ဆုံကြတာဖြစ်ပြီး အဲဒီနောက် သူ့ကို တခြားနေရာတခုကို ခေါ်သွားခဲ့ပါတယ်။ သူ့ကို ဘယ်နေရာကို ရွှေ့လိုက်တာဖြစ်နိုင်တယ်၊ ဘာအတွက်ကြောင့် ရွှေ့လိုက်နိုင်တယ် ဆိုတာတွေကို ဗိုလ်ချုပ်ကြီးခင်ညွန့်လက်အောက်မှာ အမှုထမ်းခဲ့ဖူးတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတဦးလည်းဖြစ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှာ သံရုံးယာယီတာဝန်ခံအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က အခုလို သုံးသပ်ပြပါတယ်။

“ခေါ်သွားတဲ့နေရာကတော့ နောက်ပိုင်းပေါ့လေ။ ကျနော်တို့ တပ်မ (၁၁) ဧရိယာ ရဲမွန်တပ်နယ်ဘက်မှာ ဆောက်းထားတဲ့ လုံချင်းပေါ့လေ။ Guest house အနေအထားမျိုး ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီမှာတော့ ကျနော်တို့ အကျဉ်းဦးစီး ညွှန်ချုပ် ဦးဇော်ဝင်း၊ ရဲချုပ် ကိုခင်ရီ ရဲမှူးချုပ်ပေါ့လေ။ ကိုမြင့်သိန်းတို့ကို ကျနော် တွေ့ရမှာဖြစ်ပါတယ်။ ကျနော့်အမြင် ပြောရရင်တော့ အခုချိန်ခါ နိုင်ငံရေးအခင်းအကျဉ်းတွေ အရ၊ ဆိုလိုတာကတော့ တိုင်းရင်းသားအဖွဲ့တွေက ဗိုလ်ချုပ်ခင်ညွှန့်ပြောရင်တော့ လက်ခံတဲ့အနေအထားမျိုး ရှိတယ်လို့ မြင်ပါတယ်။ တဘက်ကလည်း ဒုတိယပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ဒီ အမျိုးသားညီလာခံ ပြန်တက်ရောက်ရေးမှာ ညှိနှိုင်းဆွေးနွေးခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ဒါတွေလည်း တစိတ်တပိုင်းအားဖြင့်တော့ အောင်မြင်ခဲ့တဲ့ အနေအထားမျိုးတွေ ရှိခဲ့တယ်။ အဲဒီတော့ အခု အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ့လေ။ ဒီလမ်းကြောင်းပေါ်တက်ဖို့ဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွှန့် အနေနဲ့လည်း သူ့အနေနဲ့ ဒီဖြစ်စဉ်တွေမှာ ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီ့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ကြီး ခင်ညွှန့်နဲ့ လွတ်လွတ်လပ်လပ် လူကြီးပိုင်း တွေ့ဆုံစကားပြောလို့ရအောင် အခြား တနေရာကို ရွှေ့ပြောင်းသွားတယ်လို့ ကျနော်တော့ အဲဒီလိုပဲ အကောင်းမြင်ပါတယ်ခင်ဗျ။”
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်အပေါ် လာဘ်စားမှုဆိုင်ရာ စွဲချက်တွေနဲ့ ၂၀၀၄ ခုနှစ်မှာ ထောင်ဒဏ် ၄၄ နှစ် ချမှတ် အပြစ်ပေးခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမိန့်နဲ့ နေအိမ်မှာ အကျယ်ချုပ်ချထားတာပါ။ သူဟာ အကျဉ်းချခံထားရသူ ဖြစ်တဲ့အတွက် သူ့ကို အကျဉ်းသားတဦးလိုပဲ ဆက်ဆံရတယ်လို့လည်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောပါတယ်။

updated VOA သတင်းမှ

Sunday, October 24, 2010

0 အာရုဏ်ဦးမှာ SHOCKရှိတယ်

Saturday, October 2, 2010

0 ဂျပန်နိုင်ငံတိုကျိုမြို့တွင်လာရောက်ဖျော်ဖြေသော မြိတ်မြို့မိဘမဲ့ခလေးများရံပုံငွေပွဲအငြိမ့်ပွဲ(စက်တင်ဘာ ၂၀ ရက်၊၂၀၁၀)


အကယ်ဒမီမေသန်းနု၊ ချောရတနာ၊ ဒိန်းဒေါင်၊ ကင်းကောင်၊ ကုသိုလ်

`အာရုံဦးမှာဖူးသည့်ကြာ`နအဖ၀ါဒဖြန့်ဇာတ်ကားတွင်ပါဝင်သောသရုပ်ဆောင်ဒါရိုက်တာကုသိုလ်မှ ဆိုက်ကားစီးလို့ဆန္ဒပြခံရသည်ဟု အငြိမ့်တွင် ပျက်လုံးထုတ်သွားပါတယ်။

အငြိမ့်ပွဲမှ စကားပြောခန်း


မေသန်းနု။ ။ မဆင့်တို့က မိဘမဲ့ မြိတ်မြို့မိဘမဲ့ခလေးများရံပုံငွေပွဲရရှိရေးအတွက် အများကြီးမျှော်လင့်ထားတယ်

ဒိန်းဒေါင်။ ။ အများကြီးမျှော်လင့်ထားတယ်။ ဘာဖြစ်လို့နဲရတာလဲတဲ့။

မေသန်းနု။ ။ ကိုကုသိုလ် အဲဒါရှင့်ကြောင့်လေ။

ကုသိုလ်။ ။ ကျနော့်ကြောင့်? အော်..ကျနော့်ကြောင့်အလှူငွေနည်းသွားတယ်?ကျနော့်ကြောင့်?

မေသန်းနု။ ။ ဟုတ်တယ် ။ ရှင့်ကြောင့်။ ဟုတ်တယ်။ ကျမစိတ်မကောင်းဘူး

ကုသိုလ်။ ။ မဆင့်ရယ် ကျနော် ဆိုက်ကားလေးဘဲစီးမိတာပါ။ မဆင့်ရယ်.. ကျနော်ဆိုက်ကားလေးစီးတာ အဲဒီလောက် ကျနော့်ကိုစိတ်ဆိုးမယ်မထင်လို့ပါ။

မေသန်းနု။ ။ ဟုတ်ပါတယ်ရှင်။ အနုပညာရှင်သမားတွေဆိုတာ ကျရာနေရာဝင်လုပ်ရတာပါ. နားလည်ခွင့်လွှတ်ပေးပါလို့. ...

်video။ ။ ကိုဇော်(ဂျပန်)

Sunday, September 26, 2010

0 ဓမ္မခွန်အား ရွှေဝါရောင်တော်လှန်ရေး (စက်တင်ဘာ ၂၀၀၇ ခုနှစ်)၃နှစ်ပြည့်


တိုင်းပြည်အနှံ့ ပြည်သူတို့ဘဝ လက်တွေ့ ဖြစ်ပေါ်ခံစားနေရသည့် အဖြစ်အပျက်မျိုးစုံကိုသိနိုင်စေရန် ရည်ရွယ်၍ ဒုတိယအကြိမ်မြောက် ရေဒီယိုဖြန့်ဝေလှူဒါန်းခြင်း၊-ပဋ္ဌမအကြိမ် ၂၀၀၉-အမျိုးသားနေ့မှာ ရေဒီယိုအလုံး ၃၀၀- ဖြန့်ဝေလှူဒါန်း၊-ဒုတိယအကြိမ် ရွှေဝါရောင်သုံးနှစ်ပြည့် ရေဒီယိုအလုံး ၃၀၀-ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။
အောက်ပါကြေညာချက်နှင့်ပတ်သက်ပြီးဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဦးပညာဇောတ-ပြည်ပတာဝန်ခံ(၀၀၁-၇၁၈၂၃၀၀၆၀၅)၊
http://allburmamonksalliance.com/
http://allburmamonksalliance.org/

Saturday, June 5, 2010

1 Aljazeera အသံလွှင့်ဌာနမှထုတ်လွှင့်သွားသော Myanmar's Military Ambitions


http://bcbg-bcbgaust.blogspot.com/မှ

Saturday, May 15, 2010

0 ဦးဝင်းတင်(NLD) နှင့် အင်တာဗျူး ဗီဒီယို


ပေးပို့သော shwenandaအားကျေးဇူးတင်ရှိပါသည်။

Saturday, March 6, 2010

0 Burma VJ


မနက်ဖြန်တွင် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် ကမ္ဘာကျော်အော်စကာ ဆုပေးပွဲတွင် မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည်အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိနေပါသည်။

အထူးသဖြင့် ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

Burma VJ မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင်ဖော်ပြထားပါသည်။

Sunday, January 3, 2010

0 စက်တင်ဘာအရေးအခင်းနောက်ခံရိုက်ကူးထားတဲ့ ဟစ်ဟော့အဆိုတော် jon Henry ရဲ့ "I am a living weapon"ဆိုတဲ့ လူ့အခွင့်အရေးသီချင်းတပုဒ်

Wednesday, September 23, 2009

0 Burma: Inside the Saffron Revolution


သံဃာတော်တပါးမှ ထောင်တွင်းမတရားနှိပ်စက်ခံရပုံကို ဖွင့်ဟပြောဆိုထားပါတယ်။

Saturday, August 22, 2009

0 Orphaned children fend for themselves in Burma after Cyclone Nargis.


August 19th, 2009
Eyes of the Storm

On May 2, 2008, a Category 4 cyclone made landfall on Burma’s southern coast. Winds of 130 miles per hour raged all night, and storm surge drowned much of the Irrawaddy Delta in over 12 feet of water. Whole villages vanished, at least 130,000 people died, and two million were left homeless, making Cyclone Nargis the worst natural disaster in Burma’s history. Among the survivors were thousands of children orphaned or separated from their parents.

Eyes of the Storm tells the struggles of several orphaned children left to fend for themselves and rebuild their shattered lives in the aftermath of Cyclone Nargis. Among others we meet 10-year-old Ye Pyint who is now surrogate father to his younger brother and sister; they live in a makeshift hut in what remains of their village. We follow Min, the 16-year-old who is the sole survivor from his family and is now trying to live as a monk in a Buddhist monastery miles away from his devastated home.

Through the eyes of the Burmese filmmaking team who shot undercover for over 10 months in defiance of the ruling junta’s media blackout, WIDE ANGLE provides a rare window into one of the world’s most secretive countries. The hour-long documentary also features American and British journalists who have reported from Burma and speak of its history and the hopes and fears for its future.

Wednesday, August 12, 2009

0 ဂျွန်ဝီလီယံ ယက်တော၏ ရန်ကုန်ဆေးရုံကြီးတွင်ကုသနေသော ဗီဒီယိုဖိုင်


အခက်အခဲများကြားမှ ပြည်တွင်းမှဗီဒီယိုဖိုင် ပေးပို့လာသော ကြယ်ပျိုးခင်းအား အထူးကျေးဇူးတင်ရှိပါသည်။ ဂျွန်ဝီလီယံ ယက်တော ဟာခဏခဏတက်ပြီး ၀က်ရူးပြန်ေ၇ာဂါဖြစ်ခဲ့တဲ့အချိန်တုန်းက ရန်ကုန်ဆေးရုံကြီးမှာရိုက်ခဲ့တဲ့ဗီဒီယိုဖြစ်ပါတယ်။ ဒီဗီဒိယိုဖိုင်ကို ဂျွန်ဝီလီယံ ယက်တောနဲ့ပတ်သတ်သောမိသားစုဝင်များလည်း ကြည့်ချင်လိမ့်မည်ဟုထင်ပါသည်။

Sunday, August 9, 2009

0 21st 8888 held in Japan Part-1


(21st 8888 held in Japan)Part-2

ဗီဒီယိုမှတ်တမ်းတင် ကိုမောင်ကြီးအား အထူးကျေးဇူးတင်ရှိပါသည်။

Saturday, July 18, 2009

0 Orphans of the Storm ( မိဘမဲ့နာဂစ်ကလေးငယ်များ၏ ဘ၀)ဗီဒီယို


http://www.abc.net.au/foreign/ မှ ပြန်လည်ဝေမျှလိုက်ပါသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.