Saturday, August 22, 2009

0 အဆိပ်သင့်နိုင်ငံရေးအတွေးအခေါ်များ


poison idea1 -

1 ဗိုလ်မှူး အောင်လင်းထွဋ်၏ သြဂုတ်လ အစီရင်ခံစာ


0 သံဃာတပ်ပေါင်းစုအဖွဲ့ခွဲများ ဖွဲ့စည်းခြင်း

0 နအဖမှ ဘုန်းကြီးအချင်းချင်းရန်တိုက်ပေးရန် " ဘုန်းကြီးစွမ်းအားရှင်အဖွဲ့ "ကိုဖွဲ့စည်း

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်နီးလာပြီဖြစ်လို့  သံဃာများဆန္ဒပြမှု့ ကိုနှိမ်နှင်းရန်အတွက် " သာသနာသန့်ရှင်းရေးထိန်းသိမ်းရေးအဖွဲ့  " လို့ နံမည်တပ်ထားတဲ့ " ဘုန်းကြီးစွမ်းအားရှင်အဖွဲ့ "ကို
ဖွဲ့ စည်းထားကြောင်း သတင်းရရှိပါတယ်။

အဲ့ဒီအဖွဲ့ ထဲမှာ ဘုန်းကြီး၊ မယက၊ ရဲ၊ မီးသတ်နဲ့ လဝကတွေပါတယ်။
သား ၃ သားထဲမှာ
၁) ကျောင်းသားအချင်းချင်းရန်တိုက်ပေးပြီးပြီ။ (ကိုမင်းကိုနိုင်အဖွဲ့ 
နဲ့ ကိုဌေးလွင်အဖွဲ့ )
၂) အခု ဘုရားသားတွေကို ရန်တိုက်ပေးပြန်ပြီ။
၃) စစ်သားတွေ အလှည့်ပဲကျန်တော့တယ်။ ???

0 Orphaned children fend for themselves in Burma after Cyclone Nargis.


August 19th, 2009
Eyes of the Storm

On May 2, 2008, a Category 4 cyclone made landfall on Burma’s southern coast. Winds of 130 miles per hour raged all night, and storm surge drowned much of the Irrawaddy Delta in over 12 feet of water. Whole villages vanished, at least 130,000 people died, and two million were left homeless, making Cyclone Nargis the worst natural disaster in Burma’s history. Among the survivors were thousands of children orphaned or separated from their parents.

Eyes of the Storm tells the struggles of several orphaned children left to fend for themselves and rebuild their shattered lives in the aftermath of Cyclone Nargis. Among others we meet 10-year-old Ye Pyint who is now surrogate father to his younger brother and sister; they live in a makeshift hut in what remains of their village. We follow Min, the 16-year-old who is the sole survivor from his family and is now trying to live as a monk in a Buddhist monastery miles away from his devastated home.

Through the eyes of the Burmese filmmaking team who shot undercover for over 10 months in defiance of the ruling junta’s media blackout, WIDE ANGLE provides a rare window into one of the world’s most secretive countries. The hour-long documentary also features American and British journalists who have reported from Burma and speak of its history and the hopes and fears for its future.

0 နအဖလုံခြုံရေးတွေ ဂျွန်ယက်တောကိုလက်ဆွဲနူတ်ဆက်ပြီး ဒေါ်စုခြံထဲပေးဝင်ခဲ့ပါတယ်တဲ့..

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာ စောင့်နေကြတဲ့ လုံခြုံရေးတွေက ဂျွန်ယက်တော ၀င်ရောက်တဲ့အချိန်မှာ တားဆီးမပိတ်ပင်တဲ့အပြင်သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး ၀င်ခွင့်ပေးခဲ့ပါတယ်တဲ့။Newsweek သတင်းဂျာနယ်နဲ့  အင်တာဗျူးမှာ ယက်တောကပြောသွားပါတယ်။
(But now, in an exclusive interview with NEWSWEEK, Yettaw has offered an explanation: Burmese security officials let him. "I don't know why they didn't stop me," he says. "The man with the AK-47 shook my hand and let me in.")

http://dassk.org/index.php/topic,11111787.0.html

0 ဒီပဲယင်း၏အဓိကတရားခံတဦး ဂျပန်ကိုရောက်နေပြီ။

Friday, August 21, 2009

0 အရူးဌေးဦး


‘အရူးဌေးဦး’ ‘အရူးဌေးဦး’ ‘အရူးဌေးဦး’။ ကင်ဇိုတို့ ငယ်စဉ်ကလေးဘ၀တုန်းက အဲသလိုအော်ဟစ်ပြီး စခဲ့နောက်ခဲ့ကြတဲ့ အရူးတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူ့နာမည်က ဌေးဦး ပါတဲ့။ လူပုံလူပန်းက ခပ်ထွားထွားရယ်ပါ၊ ဘယ်တော့များကြည့်လိုက် ဌေးဦးတို့က သနပ်ခါး အဖွေးသားနဲ့ သန့်လို့ပြန့်လို့။ ၀တ်တာစားတာလည်းကြည့်ဦး၊ ဇင်သားနဲ့ချုပ်ထားတဲ့ စစ်ဘောင်းဘီခပ်နွမ်းနွမ်းကိုဝတ်၊ အဲဒီအပေါ်ကမှ ဘယ်ကြိုဘယ်ကြားက ရထားမှန်းမသိတဲ့ အစိမ်းပုပ်ရောင် ပုဆိုးတထည်ကို ကျကျနနထပ်ဝတ်၊ အဲ ကိုယ်အပေါ်ပိုင်းမှာတော့ စစ်ဆွယ်တာ လက်ရှည်အပေါ်မှာ တိုက်ပုံအဖြူ ရောင်တစ်ထည်ကို ထပ်ဝတ်ထားပြန်ပါတယ်။ အိုးလေလေ ခြေထောက်မှာလည်း ပေါ့လို့တော့မရ ဘယ်ဖယ်က ဘွတ်ဖိနပ်၊ ညာဖက်က ကတ္တီပါဖိနပ်တဖက် ကို စီးပြီး ဌေးဦးတို့ ခပ်ကြွားကြွားကြီး လမ်းလျှောက်လာလိုက်လို့ကတော့ ကလေးတွေတဟီဟီ၊ ခွေးတွေတစီစီနဲ့ သိပ်ကိုပနံရလှတာကလား။ အဲ မေ့လို့၊ ပြောရဦးမယ် အရူးဌေးဦးက သွားလေ ရာမှာတော့ အထုပ်ကြီးတစ်ထုပ်တော့ အမြဲဆွဲထားလေ့ရှိတယ်။ အညာစောင် ခပ်ဟောင်း ဟောင်း တစ်ထည်နဲ့ တိုလီထွာလီထည့်ထုပ်ထားတဲ့ အထုပ် ခပ်ကြီးကြီးတစ်ထုပ်ပဲ။ အဲ အဲဒီ အထုပ်ကြီးထဲမှာ သူတကာသောက်ထားတဲ့ ဆေးလိပ်အတိုအထွာတွေပါမယ်၊ ပိတ်တိုပိတ်စ အဟောင်းအပျက်တွေပါမယ်၊ နို့ဆီခွက်အဟောင်းတွေလည်း ပါတယ်။ နောက် ပလပ်စတစ် အိတ်ကလေးနဲ့ ထုပ်ထားတဲ့ ဟိုဟာနည်းနည်း ဒါနည်းနည်း ဘာတွေမှန်းမသိတဲ့ ပုစိ ပုစိ အထုပ်သေးသေး ကလေးတွေလည်း ပါတယ်၊ နောက် သူ့လက်သုံးတော် ကျိုက်ထီးရိုးလုပ် ဝါးသေနတ်တစ်ခုလည်း ပါလိုက်သေးတယ်ဗျ။ မပြောမဖြစ် ပြောရဦးမယ်ဆိုရင် အရူးဌေးဦး နောက်မှာ ခွေး လေးငါးခြောက်ကောင်လောက်က အမြဲလိုလိုပါတယ်။ အဲဒါက သူ့ကိုယ်ရံတော် တွေပေါ့လေ။ သူများတကာ ပေးလို့ကမ်းလို့ရလာတဲ့ ထမင်းကျန်ဟင်းကျန်တွေကို ဌေးဦးလည်း စား၊ ခွေးတွေကိုလည်း ကျွေးကျွေးနေတော့ ခွေးတွေခမျာ အရူးကိုပဲ သခင်မှတ်လို့နေရတော့ တာပေါ့လေ။ ဒါပေတည့် အဲဒီခွေးတွေက အရပ်တကာလှည့်သွားနေတဲ့ အရူးဌေးဦးနောက်ကို သာ တကောက်ကောက်လိုက်နေတာ ဘယ်နေရာမှာမှ ဘယ်သူ့ကိုမှ ကိုက်လေ့ဟောင်လေ့ မရှိ ပေါင်၊ အင်မတန်လိမ္မာကြတဲ့ ခွေးတွေပါ။

‘အရူးဌေးဦး’ ‘အရူးဌေးဦး’ ‘အရူးဌေးဦး’။ အရူးဌေးဦး အရပ်ထဲလာပြီဆိုရင် ကင်ဇိုတို့လို ကလေးတွေကလည်း ပျော်ကြပါတယ်။ လူကြီးတွေလည်း ပြုံးကြပါတယ်။ ဘဇာကြောင့်များ ဆိုရင် အရူးဌေးဦးက တစ်လမ်းလုံး သီးချင်းတွေအကျယ်ကြီး အော်ဆိုလာမယ်။ အဲ သူ စိတ်ကူး ပေါက်တဲ့နေရာရောက်ရင် ဇာတ်ထုတ်တွေဘာတွေလည်း တစ်ယောက်တည်း ကလိုက်သေး တယ်။ ဆိုရရင် ပျဉ်းမငုတ်တိုဇာတ်လမ်းဆိုပါတော့။ အပေါ်ကထပ်ဝတ်ထားတဲ့ တိုက်ပုံဖြူနဲ့ ပုဆိုး စိမ်းကိုချွတ်လိုက်တော့ အောက်ကစစ်ဘောင်းဘီနဲ့ စစ်ဆွယ်တာပေါ်လာမယ်၊ အဲဒါ သူ့ယူနီ ဖောင်းပေါ့၊ ပြီးတော့ ကျိုက်ထီးရိုးလုပ်ဝါးသေနတ်ကို တဒတ်ဒတ်ဆွဲလို့ “တက်၊ တက်၊ မှန်တဲ့ ရဲဘော်တွေကျကုန်ပြီ၊ မမှန်တဲ့သူတွေတက်၊ တက်” စသဖြင့် တမျိုး။ “ ရဲဘော် မင်း ဒီသီချင်းကို ဘယ်ကရသလဲ” “ဇီးထုတ်ထဲကပါ ဗိုလ်ကြီး” အဲသလို တဖုံ။ တစ်ယောက်တည်း ဇာတ်လိုက် လုပ်၊ တစ်ယောက်တည်းဇာတ်ပို့လုပ်နဲ့ အတော်လေးကို ရယ်ရတာပါ။ အဲ ထွေးညိုဇာတ်လမ်း ဆိုရင်လည်း တိုက်ပုံအဖြူကို ကြယ်သီးစေ့အောင်တပ်လို့၊ ပုဆိုးစိမ်းကြီးကို ကျကျနန ၀တ်ပြီး “ဘကြီးမှုံ ဘကြီးမှုံ ထွေးညို ဘယ်မှာလဲ၊ ထွေးညိုဘယ်သွားလဲ”၊ “ထွေးညို နောက်ဖေးသွား တယ်”၊ “ထွေးညိုနောက်ဖေးသွားတယ် ဟုတ်လား” “ထွေးညိုနောက်ဖေးသွားတာ ဘကြီးမှုံ မနံဘူးလားဗျာ” အဲသလို တစ်ယောက်တည်း တိုင်လိုက် ဖောက်လိုက်၊ ကလိုက် ခုန်လိုက်နဲ့ ဆိုတော့ တွေ့ရတဲ့သူတိုင်းက အရူးဌေးဦးဆီကအပျော်တွေကို ကူးစက်ကြတာပါ။ ဒါကြောင့် လည်း ကင်ဇိုတို့မြို့သားတွေများ အရူးဌေးဦးဆိုရင် မသဒ္ဓါတဲ့သူမရှိ၊ ကျွေးကြ မွေးကြ ပေးကြ ကမ်းကြတာချည်းပဲ၊ ဌေးဦးကလည်း ရူးတယ်သာပြောတယ် စည်းကမ်းရှိတယ်၊ ဘယ်တော့မှ ခိုးမစားဘူး၊ ဇွတ်ကနဲ နှိုက်မစားဘူး၊ လုမစားဘူး၊ အဲသလို အဲဒီလောက် စည်းကမ်းရှိတယ်။ ဌေးဦးကို နှစ်ရက်သုံးရက်များမတွေ့ရရင် “ ဒီအရူးတော့ ဖျားများနေသလား”၊ “ဟိုသွား ဒီသွား နဲ့ မျက်စိလည်လမ်းမှားသလား” လို့ အဲသလို စိတ်ပူကြတဲ့သူတွေကလည်း မနည်းပါဘူး၊ မြို့သူ မြို့သားတွေခမျာ အဲဒီ အရူးဌေးဦးကို အဲသလိုချစ်ကြ အဲဒီလောက် သံယောဇဉ်ထားကြတာပါ။

အဲသလို သူတကာချစ်တဲ့ ဌေးဦးခမျာ တစ်နေ့သား အသေဆိုးနဲ့သေရရှာတယ်။ (၁၉၈၈) ခုနှစ်မှာ စစ်ခွေးဘီလူးတစ်စုက တိုင်းပြည်အာဏာကို အဓမ္မသိမ်းလိုက်တယ်၊ ပြီးတော့ နေ၀င်မီးငြိမ်း ညမထွက်ရအမိန့် ထုတ်လိုက်တယ်။ ညထွက်ရင် ထွက်တဲ့သူကို ပစ်တဲ့။ ကင်ဇိုတို့ နေတဲ့ မြို့သေးသေးလေးလည်း ညနေစောင်းပြီဆိုတာနဲ့ ဆိတ်ကနဲ ငြိမ်ကျသွားတော့တယ်။ အဲဒီညမှာပဲ သေနတ်သံလေးချက်လောက် ဆင့်ကနဲ ဆင့်ကနဲထွက်လာတယ်။ မနက်ကျတော့ အရူးဌေးဦးသေပြီတဲ့။ ဌေးဦးက ညမထွက်ရမှန်းလည်းမသိ၊ သူ့အထုပ်ကြီးဆွဲပြီး သူ သွားနေကျ အတိုင်း လွတ်လွတ်လပ်လပ်ပဲ သွားတယ် လာတယ်။ အဲဒါကို ပစ်သတ်လိုက်ကြတယ်။ “ရက်စက်လိုက်ကြတာကွာ”၊ “ဘာမှ မသိနားမလည်တဲ့ သူကိုများ ဟယ်”၊ “ဌေးဦးတော့ မတရား နှိပ်စက်ညှင်းဆဲအုပ်ချုပ်မယ့် မိစ္ဆာတွေလက်က စောစောဝဋ်ကျွတ်သွားတာပေါ့လေ”၊ “ဌေးဦးရေ အမျှ အမျှ အမျှ”။ အဲဒီအကြောင်းကို ကြားကြတဲ့သူတိုင်း စုတ်တသပ်သပ်ဖြစ်ကြတယ်။ စိတ် မကောင်းဖြစ်ကြတယ်။ စိတ်ဆိုးကြတယ်။ ကင်ဇိုတို့မြို့ကလေးမှာ အဲဒီအကြောင်းကို အခုအချိန် အထိ ပြောမဆုံးသေးဘူး။ မြို့သူမြို့သားတွေ စကားစပ်မိတိုင်း အရူးဌေးဦးအကြောင်းကို ပြောကြတုန်း။

အရူးဌေးဦးအကြောင်းကို ပြောကြတုန်း၊ အရူးဌေးဦးအကြောင်းကို မမေ့ကြသေးခင်မှာပဲ အရူးဌေးဦးနောက်တစ်ယောက် ထပ်ပေါ်လာတယ်။ ဒါပေတည့် ဟိုး ကင်ဇိုတို့ ငယ်ငယ်တုန်း ကလို ရပ်ကျော်ရွာအဆင့်လောက် အရူးမဟုတ်၊ နိုင်ငံကျော် ကမ္ဘာသိအရူး။ ပေါ့လျှော့ကရော့ တော့မဟုတ်၊ အနှီအရူးကိုများ အရူးဌေးဦးလို့ ခေါ်မိလေမလား၊ မနက်လင်းတာနဲ့ မျက်နှာသစ် စရာ ခေါင်းမရှိသူပဲ ဖြစ်သွားပေလိမ့်မယ်။ (ကင်ဇိုတို့တော့ မခေါ်ရဲပေါင်၊ မျက်နှာသစ်ရမှာလည်း မပျင်းပေါင်၊ ကြောက်လွန်းလို့ပါ အငှဲ့)။ အနှီပုဂ္ဂိုလ်ကား အသူနည်း၊ ဘောက်မဲ့ကြောင့် နိုင်ငံ ကျော် ကမ္ဘာသိအရူး (အဲလေ ယောင်လို့နော်) နိုင်ငံကျော် ကမ္ဘာသိကြီးဖြစ်ရချေပြီနည်း။ အနှီပုဂ္ဂိုလ်ကား (နအဖ)ပြဇာတ်ထဲမှ နှစ်ယောက်မဟုတ်၊ နှစ်ကိုယ်ခွဲမဟုတ်သော တစ်ဦးတည်း သော အဓိက အရူးဇာတ်ပို့ (အဲလေ ယောင်ပြန်ပေါ့) လယ်ယာနှင့်ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ် ဌေးဦးတဖြစ်လဲ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူး ဦးဌေးဦး ဖြစ်ချေတော့သည်တကား။ အနှီပုဂ္ဂိုလ်အကောင်းစားကြီးကား ကင်ဇိုတို့ငယ်ငယ်က အရူးဌေးဦးကဲ့သို့ အလွန့်အလွန် ရယ်ဖွယ်ကောင်းလှသည်ကား မှန်၏၊ သနားစရာကောင်း မကောင်း၊ ချစ်စရာကား မကောင်း။

ကြည့်ကြချေဦးတော့၊ တလောကသတင်းစာတွေထဲမှာ “လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး ဆိတ်ဖြူမြို့နယ်တွင် တည်ဆောက်နေသော တမာ ရေလှောင်တမံကို ကြည့်ရှုစစ်ဆေးစဉ်”ဆိုပြီး စစ်ဝတ်စစ်စား ဓါတ်ပုံကြီးနဲ့တကွပါလာပြီး၊ နောက် သုံးလေးရက်မှမကြာလိုက် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေအတွင်း ရေးမှူး ဦးဌေးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အမှုဆောင်များ အဆင်မြင့် စီမံခန့်ခွဲရေး (အထူး)သင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အမှာစကားပြောကြားစဉ်” ဆိုပြီး တိုက်ပုံဖြူ၊ ပုံဆိုးအစိမ်းကိုဝတ်လို့ အသုံးတော်ခံပြန်တယ်။ ဒါတင်မက ဒါ့အပြင် ဒါ့အရင် တွေမှာလည်း မနက်ခင်းကို လယ်/ဆည် ၀န်ကြီးအဖြစ်နဲ့ ဟိုကြည့် ဒီကြည့် လိုက်ကြည့်ရ၊ အခမ်းအနားတွေတက်ရ၊ ညနေခင်းကျပြန်တော့ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူးအနေနဲ့ ဟိုနေရာ ဟောရပြောရ၊ နိုင်ငံခြားသံတမန်တွေကို လက်ခံတွေ့ဆုံ ညစာစားရနဲ့၊ သူ့တစ်ယောက် တည်း အလုပ်တွေ ရှုပ်ယှက်ကိုခတ်နေတာပါပဲ။ ဒါကြောင့်ပဲ ထင်ပါရဲ့၊ နအဖ၀န်ကြီး အသိုင်းအ၀ိုင်းမှာတောင် ဗိုလ်ရှုပ်ဦးဌေးဦးလို့ နာမည်ရပါသတဲ့။ ကင်ဇိုကတော့ ဗိုလ်ချုပ်ဌေးဦးရဲ့ အလုပ်ရှုပ်ပုံကြီးကိုကြည့်ပြီး အရူးဌေးဦးကို ပြေးပြေးအမှတ်ရပါရဲ့။ အဖြစ်ကတူတာကိုး။ လယ်/ဆည် ၀န်ကြီး ဗိုလ်ချုပ်ဌေးဦးနေနဲ့ စစ်ဝတ်စစ်စားကို ၀တ်လို့ သတင်းစာတွေ တီဗွီတွေ မှာများ မြင်လိုက်ရရင် အရူးဌေးဦးရဲ့ ပျဉ်းမငုတ်တိုဇာတ်လမ်း ကနေတဲ့ပုံကို အမှတ်ရမိတယ်။ အဲ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူးအနေနဲ့ တိုက်ပုံဖြူ ပုဆိုးစိမ်း ၀တ်ထားတာတွေ့ရပြန်တော့ အရူးဌေးဦးရဲ့ ထွေးညိုဇာတ်လမ်း ကပြနေတာကို ပြေးမြင်မိပြန်တယ်။ အင်း ဗိုလ်ချုပ်ဌေးဦး ခင်မျာ ကင်ဇိုတို့ငယ်ငယ်က အရူးဌေးဦးကို အားကျဟန်တူပါရဲ့လို့ တွေးမိသား။ တခါတလေ များ ဗိုလ်ချုပ်ဌေးဦးခမျာ တစ်နေ့တည်း အလုပ်နှစ်ခု ဇယ်ဆက်သလိုလုပ်ရမှာမို့ စစ်ယူနီဖောင်း အပေါ်က တိုက်ပုံအဖြူနဲ့ ပုဆိုးစိမ်းကို ထပ်ဝတ်ထားတတ်သေးတယ်။ ဒါပေတည့် ခါးကြားက ကျိုက်ထီးရိုးလုပ်သေနတ် (အဲ မှားလို့) ကိုးမမ ပစ္စတိုချိတ်ထားတဲ့နေရာက ဖောင်းနေတယ်၊ ပုဆိုးအစိမ်းအောက်က လူမမြင်အောင်ခေါက်ထားတဲ့ စစ်ဘောင်းဘီက ပေါ်ပေါ်နေတယ်။ ဗိုလ်ချုပ်ဌေးဦးကို အဲသလိုလေးမြင်ရပြန်တော့ အရူးဌေးဦး အ၀တ်တွေ ထပ်ဝတ်ထားတဲ့ အဖြစ်ကို ကင်ဇိုတို့ အမှတ်ရပြန်တယ်။ အင်း အရူးဌေးဦးလို ဘွတ်ဖိနပ်တဖက် ကတ္တီပါဖိနပ် တဖက် မစီးတာပဲကျန်တယ်၊ ဒါတောင် လူမသိ သူမသိပေမယ့် ကင်ဇိုပြောသလို ဖြစ်ချင်ဖြစ်နေ ဦးမှာ။ (ဗိုလ်ချုပ်ဌေးဦးခမျာ အလုပ်ကများသားကလား၊ မှားချင် မှားနိုင်တာပေါ့လေ)။

အဲသလို အဲသလို ဗိုလ်ချုပ်ဌေးဦးနဲ့ အရူးဌေးဦး တူတာတွေ အတော်များများရှိသလို မတူတာတွေလည်း ရှိပါရဲ့။ အရူးဌေးဦးက နောက်တော်ပါ နောက်လိုက်ခွေး လေးငါးခြောက် ကောင်လောက် အမြဲရှိသလို၊ ဗိုလ်ချုပ်ဌေးဦးမှာလည်း ကြံ့ဖွတ်အမာခံ လူမိုက်တသိုက်ကို လက်သပ်မွေးထားလေတယ်။ (ကင်ဇိုက ကြံ့ဖွတ်အသင်းသားတိုင်းကို မဆိုလိုပါဘူး၊ သူ့ဘာသာသူ အင်အား သန်းနှစ်ဆယ်ကျော်ရှိတယ်လို့ပဲပြောပြော၊ ငါးဆယ့်သုံးသန်းရှိတယ် လို့ပဲဆိုဆို၊ အများတကာ့ အများစုကြီးက ကြံ့ဖွတ်အသင်းထဲကို အတင်းအဓမ္မ သွတ်သွင်းခံထား ရတာ မဟုတ်လား။ ဒါကြောင့် ကြံ့ဖွတ်အမာခံ လူမိုက်တသိုက်လို့ပြောတာ။) နောက်ပြီး မတူ တာက အရူးဌေးဦးရဲ့ခွေးတွေက အရပ်တကာလှည့်သွားနေတဲ့ အရူးဌေးဦးနောက်ကိုသာ တကောက်ကောက်လိုက်နေတာ၊ ဘယ်နေရာမှာမှ ဘယ်သူ့ကိုမှ ကိုက်လေ့ဟောင်လေ့မရှိပေါင်၊ အင်မတန် လိမ္မာကြတဲ့ခွေးတွေပါ။ အဲ ဗိုလ်ချုပ်ဌေးဦးရဲ့ လက်သုံးတော် လူမိုက် ကြံ့ဖွတ် တသိုက်ကတော့ ဟိုနေရာရိုက်ချင် ဒီနေရာနှက်ချင်နဲ့ အင်မတန်မှ လက်ဝါးစောင်းထက်ချင် သပေါ့လေ။ အရူးဌေးဦးက ဘယ်သွားသွား ဘယ်လာလာ အညာစောင်နဲ့ ထုပ်တားတဲ့ အထုပ် ကြီးကို ဆွဲသွားလေ့ရှိပါရဲ့၊ ဗိုလ်ချုပ်ဌေးဦးကတော့ တနေရာသွားရင် ဘာအထုပ်မှ ဆွဲသွားတာ သယ်သွားတာမရှိပေါင်၊ အဲ ပြန်လာမှပဲ အရပ်တကာက ကြံ့ဖွတ်အသင်းသားတွေ၊ လယ်/ဆည် ၀န်ထမ်းတွေဆီက လည်ပင်းညှစ်အရယူလာခဲ့တဲ့ အထုပ်ကြီးအထုပ်ငယ်တွေကို အရပိုက်လို့ အိမ်ပြန်တတ်ပါသတဲ့။ အဲသလို အဲသလို အရူးဌေးဦးနဲ့ တူသလိုလို မတူသလိုလိုတွေက အများ သား။ အရူးဌေးဦးက ခိုးမစားဘူး၊ ဇွတ်ကနဲ နှိုက်မစားဘူး၊ လုမစားဘူး။ ဗိုလ်ချုပ်ဌေးဦးရဲ့ ကြံ့ဖွတ်အသင်းကတော့ ရုပ်ရှင်မင်းသား ကျော်သူလုပ်တဲ့ နာရေးကူညီမှုအသင်းကိုတောင် မရှောင်၊ အတင်းဝင်လု အတင်းနေရာဝင်ယူတယ်။ ဇွတ်ကျတဲ့နေရာမှာကျတော့လည်း အတင်းအဓမ္မ အလှူခံတယ်။ မလှူရင်ပဲ ကြံ့ဖွတ်အသင်းက ဘာလိုလုပ်လိုက်မှာလိုလို ညာလိုလုပ် လိုက်မှာလိုလို သူလျှိုဒလံတွေကတဆင့် မလှူလှူအောင် ဖိအားအမျိုးမျိုးပေးပြန်တယ်။ အင်း ခိုးစရာနေရာကျပြန်တော့လည်း သူတကာဝန်ကြီးတွေလို တနေရာတည်းကမဟုတ်၊ လယ်/ဆည်ဌာနကလည်း ခိုးလို့ရ၊ ကြံ့ဖွတ်အသင်းကလည်း ခိုးလို့ရနဲ့ ဟန်ကိုကျနေတော့တာ ပေါ့။

ကင်ဇိုတို့မြို့ကလေးကလူတွေ အရူးဌေးဦးကို နှစ်ရက်သုံးရက်မမြင်ရရင် လွမ်းသလိုလို စိုးရိမ်သလိုလို ဖြစ်ကြသေးတယ်။ ဗိုလ်ချုပ်ဌေးဦးကို နှစ်ရက်သုံးရက်များ သတင်းစာတို့ တီဗွီ တို့မှာ မမြင်ရရင် တစ်တိုင်းပြည်လုံးက လူတွေက လွမ်းဖို့နေနေသာသာ ပြောကြတာက “ဘယ် ချက်ပုဆိုးနဲ့ ထွက်လာမလဲ၊ ဘယ်ချက်ဘောင်းဘီနဲ့ ထွက်လာမလဲ မသိပေါင်ကွာ၊ တကတည်း သူ့တစ်ယောက်တည်းကို ရူးနေသလိုပဲ”၊ “ဘောင်းဘီနဲ့လာလာ ပုဆိုးနဲ့လာလာ သတိတော့ထား၊ ဘယ်နေရာက ဘယ်လောက်သယ်သွားဦးမယ်မသိဘူး”၊ “မြန်မြန်ပြုတ်သွားလည်း အေးတားပဲ”၊ “အိုအေ မြန်မြန်သေသွားတာက ပိုကောင်းပါလေ့”၊ အဲသလို အဲသလို လယ်/ဆည်ဝန်ကြီး ဗိုလ်ချုပ်ဌေးဦးတဖြစ်လဲ ကြံ့ဖွတ်အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို တိုင်းပြည်က အဲသလို မေတ္တာထားကြတာကလား။

နောက်ဆုံးကင်ဇိုပြောချင်တာက အရူးဌေးဦးနဲ့ ဗိုလ်ချုပ်ဌေးဦးတို့ ရူးပုံချင်းတူတာတောင် “အရူး”ဆိုတဲ့ အသံထွက်ချင်းတူတာတောင် အကြောင်းအရာကား ကွာလွန်းလှရဲ့၊ ခြားနားလွန်း လှရဲ့။ “ဌေးဦး” ဆိုတဲ့ “နာမ” ချင်းတူတာတောင် လူချင်းကား ကွာလွန်းလှရဲ့၊ ခြားနားလွန်းလှ ရဲ့။ ကုန်ကုန်ပြောရရင်ဖြင့် “ဌေးဦး”ချင်း ပုံခိုင်းနှိုင်းပြောရတာတောင် ကင်ဇိုတို့ ငယ်စဉ်က အင်မတန် ချစ်စရာကောင်းခဲ့သော၊ အင်မတန် ရယ်ရွှင်ဖွယ်ကောင်းခဲ့သော၊ အရူးဌေးဦးကို အားတောင့်အားနာ ဖြစ်မိသေးတော့တယ်။

x x x x x

ကင်ဇို
၁၂၊ ၁၊ ၂၀၀၇

ဒီပဲယင်း လူသတ်ပွဲကြီးနဲ့ ရွှေဝါရောင် တော်လှန်ရေး လူသတ်ပွဲကြီးရဲ့ အဓိက စီစဉ်ညွှန်ကြားသူထဲမှာ ဌေးဦးလည်း ပါတယ်။ ဒီလူဟာဒီနေ့ လူကြီးလူကောင်းယောင်ဆောင်ပြီ ဂျပန်နိုင်ငံကိုရောက်ရှိနေပါတယ်။ လိပ်စာကတော့

New Otani Hotel

The Nearest Metro Station is the Akasakamitsuke on Ginza Line, Marunochi Line.

# Hotel is 3 minute walk from station.

Address of the New Otani Hotel Tokyo:

4-1 Kioi-cho Chiyoda-ku Tokyo 102-8578 Japan ပါ။ဂျပန်ရောက်မြန်မာများသွားရောက်ဆန္ဒပြကြဖို့စီစဉ်နေကြပါတယ်။

Thursday, August 20, 2009

0 nld ဦးဥာဏ်ဝင်း၏ပြောဆိုချက်များ

0 ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးချီတက်ဆန္ဒပြပွဲအသေးစိတ်အစီအစဉ်(ဂျပန်)

0 ကြံ့ဖွံ့ အတွင်းရေးမှူး မနက်ဖြန် ဂျပန် ရောက်မည်

နန်းဒေဝီ
နယူးဒေလီ (မဇ္စျိမ)။ ။ စစ်အစိုးရ ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး ဦးဌေးဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မနက်ဖြန်တွင် ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဟီရိုဖူမီ နာဂါဆိုနီ (Hirofumi Nakasone) ဖိတ်ကြားထားသည့် ၇ ရက်ကြာ ခရီးစဉ်တွင် ကြံ့ဖွံ့ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦးတဖြစ်လည်း ဦးဌေးဦးနှင့်အတူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွဋ်ဦး၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အရာရှိများအပြင် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အရာရှိများပါ သွားရောက်မည် ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း TG ဖြင့် မြန်မာနိုင်ငံမှ စတင်ထွက်ခွာပြီး၊ ဂျပန်မြို့တော် တိုကျိုသို့ ANA – 916 ခေါ် နီပွန်လေကြောင်းလိုင်းဖြင့် ၂ဝ ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်မည်။

ယခုလ ၂၆ ရက်နေ့တွင် အဆုံးသတ်မည့် ခရီးစဉ်အတွင်း မြန်မာအဖွဲ့သည် တိုကျိုမြို့လယ်ရှိ Hotel New Otani တွင် တည်းခိုမည်ဖြစ်ကြောင်းနှင့် ရောက်ရှိသည့်နေ့တွင် တိုကျိုမြို့တောင်ဘက်ရှိ နိုင်ငံခြားသား ခရီးသွားများဖြင့် စည်ကားလျက်ရှိသော Kamakura အရပ်မှ ဗုဒ္ဓကြေးရုပ်ပွားတော်နှင့် ဇင်ဘုရား ပုထိုးဟောင်းများသို့ သွားရောက် ဖူးမျှော်မည်ဖြစ်ကြောင်း သတင်းရပ်ကွက်တခုက ဆိုသည်။

၂၃-၂၄ ရက်နေ့များတွင် ဂျပန်နိုင်ငံ လက်ရှိ အတိုက်အခံပါတီမှ ပါလီမန် အမတ်တချို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး ၂၅ ရက်နေ့ နံနက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟီရိုဖူမီနှင့်သော်၎င်း၊ ထိုနေ့ညနေတွင် စိုက်ပျိုးရေး ဒုဝန်ကြီးနှင့် တွေ့ဆုံမည်။

ချစ်ကြည်ရေး ခရီးစဉ်ဖြစ်သည့်အပြင်၊ ယခုလ ၃၀ ရက်နေ့တွင် ကျင်းပမည့် ဂျပန်ရွေးကောက်ပွဲ၌ လက်ရှိ အတိုက်အခံပါတီ Democratic Party of Japan (DPJ) က အနိုင်ရခဲ့ပါက ဂျပန်က မြန်မာအပေါ် ထားရှိသည့် မူဝါဒများအပေါ် ကြိုတင်ညှိနှိုင်းရေးအတွက် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။ DPJ သည် ယခုရွေးကောက်ပွဲ၌ အနိုင်ရရှိလိမ့်မည်ဟု အကဲခတ်အများက တစ်ကြိုပေး ခန့်မှန်းထားကြသည်။

ကြံ့ဖွံ့ခေါင်းဆောင်နှင့် အဖွဲ့သည် ယခင်ကလည်း အိမ်နီးချင်း တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ ဖိတ်ကြားချက်အရ သွားရောက်ခဲ့သေးသည်။

အခြားသော ဆက်စပ်သတင်းတခုမှာ ကြံ့ဖွံ့အသင်း၏ သင်းလုံးကျွတ်အစည်းအဝေးကို အောက်တိုဘာလအတွင်း နေပြည်တော်ရုံးသစ်တွင် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

အစည်းအဝေးပွဲကြီးမတိုင်မီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပေါ်ထွက်လာဖွယ်ရှိနေပြီး အစည်းအဝေးက တခဲနက်အတည်ပြုရမည်ဟု အသင်းကြီး၏ ထိပ်တန်းသတင်းရပ်ကွက်များက ပြောသည်။

နေပြည်တော်၏ ဆင်ခြေဖုံး ရန်ကုန်ဘက်သို့လာသည့် အဝေးပြေးလမ်းမဘေးတွင် ကြံ့ဖွံ့ရုံးသစ်ကြီးကို အပြီးသတ်လျှက်ရှိသည်။

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.