Photo..News and Information Department of NLD
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပါဝင်ကြဖို့နဲ့ အကြောက်တရားကင်းကြဖို့ ဒီကနေ့ ရှမ်းပြည်နယ် သိန္နီ လူထုကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအရေး အတွက် တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရင် မြန်မြန်ဆန်ဆန် တိုးတက်လာမယ်လို့လည်း ပြောပါတယ်။ ရှမ်းပြည်နယ်ကို ၂ ရက်ကြာ ခရီးစဉ် အဖြစ်နဲ့ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ဒုတိယမြောက်နေ့ အဖြစ်နဲ့ လားရှိုးမြို့က တက္ကသိုလ် ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ရှမ်းပြည်နယ် သိန္နီမြို့ကို သွားရောက်ပြီး ဒေသခံ လူထုနဲ့ တွေ့ဆုံပါတယ်။ မြန်မာ့ ဒီမိုကရေစီ အရေး အပြောင်းအလဲဟာ တပ်မတော်နဲ့ ပြည်သူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှ အောင်မြင်တိုးတက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သိန္နီ လူထုကို အခုလို ပြောပါတယ်။
“နိုင်ငံရေး အပြောင်းအလဲတွေ တည်ငြိမ်ဖို့ဆိုတာဟာ တပ်မတော်ရဲ့ပါဝင်ပတ်သက်မှုဟာ လိုအပ်တယ်လို့ ကျမ ထင်ပါတယ်။ ကျမတို့ ပြည်သူတွေနဲ့ တပ်မတော်ဟာ ညီညီညွတ်ညွတ်နဲ့ အများအကျိုးအတွက် လုပ်သွားနိုင်ရင် ဒီနိုင်ငံဟာ အချိန်ကာလ တိုတိုအတွင်းမှာ တိုးတက်နိုင်ပါတယ်။”
တိုင်းရင်းသား သွေးစည်း ညီညွတ်မှုနဲ့ လွတ်လပ်ရေး အရယူနိုင်ခဲ့တဲ့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးရာမှာ သိန္နီ စော်ဘွားလည်း ပါဝင်ခဲ့တဲ့အကြောင်းနဲ့ ဒေသခံ လူထုအနေနဲ့ အကြောက်တရား ကင်းကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တယ်လို့ ရုံးအဖွဲ့ဝင် ဦးခွန်သာမြင့်က ပြောပါတယ်။
“အဓိက ကတော့ သိန္နီ ဆိုတာက အစဉ်အလာရှိပါတယ်။ ပင်လုံစာချုပ်ကို စတင်အကောင်အထည် ဖော်ကြတာမှာ သိန္နီစော်ဘွားကြီး ပါပါတယ်။ ပါတော့ ပြည်ထောင်စု စိတ်ဓာတ်ပေါ့နော်။ ပြည်ထောင်စု အခြေခံမူကို စတည်ထောင်ခဲ့တာ ပင်လုံမှာ သိန္နီရဲ့ ပါဝင်မှုက အများကြီး ရှိပါတယ်။ ပြီးတော့ သိန္နီမှာ အများစုကလည်း ရှမ်းပါ။ ခုချိန်ထိလည်း ရှမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာကိုပဲ အဓိကထား ပြောပါတယ်။ အကြောက်တရား ကိစ္စတွေ ဘာတွေလည်း ပြောပါတယ်။”
စနေနေ့က မဲဆွယ်စည်းရုံးပွဲ လုပ်ခဲ့တဲ့ လားရှိုးဒေသခံတွေကတော့ နိုင်ငံရေး စိတ်ဓာတ် တက်ကြွပြီး အကြောက်တရား ကင်းသလောက် သိန္နီ ဒေသခံတွေကတော့ အကြောက်တရား ကြီးစိုးနေပုံ ရတယ်လို့လည်း ဦးခွန်သာမြင့်က ပြောပါတယ်။
“လူထုရဲ့ အခြေအနေ စိတ်ဝင်စားမှုက လားရှိုးမြို့တ၀ိုက်ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ သန္နီနယ်က နှစ်ပေါင်းများစွာ ဖိနှိပ်ခံရတာပေါ့နော်။ လူတွေက အကြောက်တရားတော့ တော်တော် ကြီးစိုးပါတယ်။ သန္နီမှာ NLD ဆို ရုံးတောင် မဖွင့်နိုင်သေးပါဘူး။ ဆိုင်းဘုတ်တောင် မတင်နိုင်သေးပါဘူး။ မတင်နိုင်တော့ ကျနော်တို့ တိုးရတာလည်း ခက်ပါတယ်။ နောက်ပြီးတော့ အခုမှ ပြန်ပြီး တည်ရမယ်ဆိုတော့ ကျေးရွာလေးတွေက လူတွေ အသိနည်းပါတယ်။ အစ်မ လာမယ်ဆိုတာတောင် အစ်မ အပြန်ခရီးကျမှ ပိုများပါတယ်။ အဲဒီကျမှ တဆင့်ကြားနဲ့ လာကြတာပေါ့။ လုပ်နိုင်ကိုင်နိုင်တာလည်း နည်းပါတယ်။ မြို့ပေါ်က ပရိသတ်ကတော့ သိန္နီမြို့ပေါ်က ပရိသတ်ကတော့ နားထောင်ကြ၊ တက်ကြွကြတယ်ပေါ့။ သြဘာပေးကြပေါ့။ ဒါပေမဲ့ ရွာတွေမှာတော့ အကြောက်တရား တော်တော် လွှမ်းနေသေးတဲ့သဘော ရှိပါတယ်။ တော်တော်လုပ်ရဦးမှာပေါ့။”
သိန္နီမြို့နယ် ကိုယ်စားပြု အမျိုးသား လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက် အရွေးခံမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင် ကိုလည်း လူထုနဲ့ မိတ်ဆက်ခဲ့ပါတယ်။ အကျဉ်းကျနေဆဲ ဖြစ်တဲ့ သိန္နီ NLD ဥက္ကဋ္ဌ ဦးစိုင်းအောင်လှ မိသားစုကိုလည်း ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံခဲ့ပြီး လားရှိုးက နည်းပညာ တက္ကသိုလ်နဲ့ လားရှိုး တက္ကသိုလ်က ကျောင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
“ဒီနေ့မနက် ကျနော်တို့ လားရှိုးကနေ မနက် ၈ နာရီလောက် လားရှိုးနဲ့ ၃၂ မိုင်ဝေးတဲ့ သိန္နီကို သွားပါတယ်။ သိန္နီက ကျောင်းဆိုင်ကျောင်း ဆိုတာ သိန္နီက အထင်ကရ ဘုန်းကြီးကျောင်းပါပဲ။ အဲဒီမှာ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ သံဃာ့မဟာနာယကအဖွဲ့ ဆရာတော်ကြီး နောက်ထပ် လေးပါးကို လှူဖွယ်ပစ္စည်းတွေနဲ့ ဆပ်ကပ်ပါတယ်။ ဆပ်ကပ်ပြီးတော့ ပြန်အထွက်မှာ မြို့လူထုရဲ့ တောင်းဆိုချက်အရ ဘုန်းကြီးကျောင်းအ၀ ကားလမ်းပေါ်မှာပဲ မြို့လူထုကို ၁၅ မိနစ်လောက် ကြာပါတယ်။ မြို့လူထုကို စကားပြောတယ်။ ပြောပြီးတော့ သိန္နီ NLD ဥက္ကဋ္ဌပေါ့၊ အခု ထောင်ထဲရောက်နေပါတယ်။ ဦးစိုင်းအောင်လှ ဆိုတာ၊ သူ့နေအိမ်ကိုသွားပြီးတော့ သူ့မိသားစုကို အားပေးစကားပြောပြီးတော့ ကျနော်တို့ နေ့လယ်ကပဲ လားရှိုးကို ပြန်ပါတယ်။ လားရှိုးမှာ အခု ထမင်းစားပြီးတော့ လားရှိုး နည်းပညာ တက္ကသိုလ်နဲ့ လားရှိုးတက္ကသိုလ်က ကျောင်းသားတွေက လာ ကန်တော့တာတို့၊ ဂါရ၀ပြုတာတို့၊ နှုတ်ဆက်တာတို့၊ အဲဒါတွေနဲ့ တွေ့ပါတယ်။ တွေ့ပြီးတော့ လေယာဉ်ကွင်းကို သွားဖို့စောင့်နေပါတယ်။ ရန်ကုန်ကို ပြန်မှာပါ။”
ရှမ်းပြည်နယ်က လားရှိုး၊ သိန္နီ၊ ကွမ်းလုံ၊ မိုင်းရယ်နဲ့ တန့်ယန်း မြို့နယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ အတွက် အမျိုးသား လွှတ်တော် အမတ်နေရာ ၅ နေရာ လစ်လပ်နေတာမှာ NLD က ၅ နေရာလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ လားရှိုးနဲ့ သိန္နီ မြို့တွေကိုပဲ မဲဆွယ်ပွဲ သွားရောက်တာ ဖြစ်ပြီး ကျန်တဲ့ မြို့နယ်တွေကိုတော့ သွားဖို့ မရှိပါဘူး။ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာပဲ ရှမ်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကို ပြန်ဖို့ ရှိနေပါတယ်။
(VOA)
Monday, March 19, 2012
0 နိုင်ငံရေးအပြောင်းအလဲ တည်ငြိမ်ဖို့ တပ်မတော်ရဲ့ ပါဝင်မှု လိုအပ်
Sunday, March 18, 2012
0 မဲဘယ်လိုခိုး၊ ဘယ်လိုလိမ်ကြသလဲ (၁)
အသည်းကြားက မဲတစ်ပြားဟု ဆိုကြ၏။ ဆိုလိုသည်မှာ မဲတစ်ပြား၏ တန်ဖိုးကြီးပုံ၊ အရေးကြီးပုံကို တင်စားပြောဆိုခြင်းဖြစ်ပေသည်။ မှန်ပါသည်။ ကျွန်ုပ်တို့၏ ကောင်းကျိုးဆိုးပြစ်ကို ပြုပြင်ဖန်တီးမည့် ပုဂ္ဂိုလ်တစ်ယောက်ကို ရွေးချယ်တင်မြှောက်ရာ၌ မဲတစ်ပြားသည် လွန်စွာမှ တန်ဖိုးကြီး၏။ အရွေးမှားက ခွေးများဖြစ်သွားနိုင်၏။ ထိုကဲ့သို့ပင် အမှတ်စဉ် (၅၈၇၉) ကိုသိန်းထိုက်၊ (၅၈၈၀) မယဉ်ယဉ်ဝင်း၊ (၅၈၈၁) မောင်စိုင်းဝဏ္ဏတို့သည် အကွက် ၂၉၄ ၌ မဲဆန္ဒစာရင်းဖော်ပြထားသလို အမှတ်စဉ် (၅၄၄၈)၊ (၅၄၄၉)၊ (၅၄၅၀) ၌လည်း အကွက် ၂၈၉ အတွက် မဲစာရင်းဖော်ပြထားပြန်၏။ မှတ်ပုံတင် နံပတ်များမှာ မပြောင်းလဲ။ ဖွားသက္ကရာဇ်များကိုမူ ယခင် ရဲကျော်သူ ကဲ့သို့ပင် ပြောင်းလဲထား၏။ ကိုသိန်းထိုက်သည် တစ်နေရာ၌ ၉-၃-၁၉၇၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၉-၁၀-၁၉၇၂ ဖြစ်၏။ မယဉ်ယဉ်ဝင်းသည် အကွက် ၂၈၉ ၌ ၁၂-၁-၁၉၇၄ မွေးဖြစ်၍ အကွက် ၂၉၄ ၌ ၇-၀၄-၁၉၇၄ မွေးဖြစ်၏။ သူတို့၏သား မောင်စိုင်းဝဏ္ဏမှာ အကွက် ၂၈၉ ၌ ၁၀-၉-၁၉၉၂ ဖြစ်၍ အကွက် ၂၉၄ ၌ ၂၈-၄-၁၉၉၂ ဖြစ်၏။ ဆက်လက်စုံစမ်းသိရှိရသည်မှာ သူတို့မိသားစုသည် မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက် မဲဆန္ဒကော်မရှင်ဥက္ကဌ၏ တူများဖြစ်ကြောင်း သိရှိရ၏။ ထို့အတူ ဆန္ဒမဲအမှတ်စဉ် (၅၇၅၈) ကိုမိုးဇော်ဦး၊ အမှတ်စဉ် (၅၇၅၉) မခင်မျိုးဝင်းတို့သည်လည်း အကွက် ၂၉၄ ၌ တစ်ခါပါ၏။ အကွက် ၂၉၄ ၌ပင် အမှတ်စဉ် (၅၉၁၈)၊ အမှတ်စဉ် (၅၉၁၉) တို့တွင်လည်း ကိုမိုးဇော်ဦး၊ မခင်မျိုးဝင်းတို့ ထပ်ပါပြန်၏။ ဤသည်မှာ ကျွန်ုပ်တို့ ဖော်ထုတ်နိုင်သေးသော လတ်တလော စာရင်းသာဖြစ်၏။ သူတို့ဆွေမျိုးများကို အသက်မပြည့်သေးဘဲ ထည့်ထားသည်မှာ ဘယ်မျှ ကျွန်ုပ်တို့ မသိနိုင်သေး။ အတွင်းရေးမှူးဆိုသူများ၏ ဆွေတော်အပေါင်း၊ မျိုးတော်ရှစ်သောင်းကိုလည်း မဖော်ထုတ်နိုင်သေး။ မဲတစ်ပြား၏ တန်ဖိုး မည်မျှရှိသည်ကို မဲရေတွက်ရာ၌ သိနိုင်၏။ ယခုပင် ၁၂ မဲမျှတွေ့ရပေပြီ။ ၁၂ မဲ နှစ်ပြန်ဆိုလျှင် ၂၄ မဲ။ ဤသို့ ပြန်ကြည့်လျှင် ခေါက်ချိုးတက်၍ သွားပေမည်။ ကင်းဝန်မင်းကြီး ဆန်ကို နှစ်ပြန်စားသလို ဖြစ်မည်ကို ပြည်သူအပေါင်း သတိကောင်းကောင်းထား၍ စောင့်ကြည့်ဖော်ထုတ်သင့်ပေကြောင်း တင်ပြအပ်ပေသည်။ ယောမင်းလေး www.facebook.com/cjmyanmar DTP by Nyo Gyi (ပူးတွဲပါ သက်သေခံ မဲလိမ်ပုံများ(Evidence Photos)ကို ပြတ်သားရှင်းလင်းစွာကြည့်ရှုနိုင်ရန်နှင့် PDF ဖိုင်အား Download ရယူချင်သူများအတွက် http://www.scribd.com/nyog_1/d/85829263-Fake-Vote-Created-by-USDP-for-2012-by-Election တွင် Upload တင်ထားပါကြောင်း...)
ကျွန်ုပ်တို့ကို ဖိနှိပ်လိုသူများကလည်း နည်းမျိုးစုံဖြင့် ခိုးကြလိမ်ကြ၏။ တစ်တိုင်းပြည်လုံး ဖက်ဆစ်စနစ်ကို အလိုမရှိသဖြင့် တွန်းလှန်ဖြိုဖျက်နေသည့်ကြားမှ ထိုလူများနှင့် ထမင်းဝနေသော (သို့မဟုတ်) အရိုးအရင်းအရင်းစုတ်ရသူများက ထိုစနစ်၊ ထိုလူတို့ကို ပံ့ပိုးကူညီ လိမ်လည်ခိုးဝှက်ပေးကြ၏။
ထိုသည်လည်း အပြစ်မဆိုသာပါပေ။ ဂျပန်ခေတ်၌ ဂျပန်အလိုတော်ရိ၊ အင်္ဂလိပ်ခေတ်မှ အင်္ဂလိပ် အလိုတော်ရိ တို့ကို မသိအောင်ရှောင်ရှား၍ ဗိုလ်ချုပ်အောင်ဆန်းတို့သည်ပင် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ရသေးသည် မဟုတ်ပါလော။
ယခု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လစ်လပ်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာ၌ ရွေးကောက်ပွဲကော်မရှင်သည် နည်းမျိုးစုံနှင့် မဲလိမ်မဲခိုးပြုလုပ်၏။ သူတို့ မဲခိုးမဲလိမ်နည်းတစ်ခုမှာ ဤသို့ဖြစ်၏။ သူတို့ကြံ့ခိုင်ရေးသို့ သေချာပေါက် မဲထည့်မည့်ပုဂ္ဂိုလ်ကို အကွက် (၂၈၉)၌လည်း မဲစာရင်းထည့်ထား၏။ ထိုနှင့်မျက်နှာချင်းဆိုင် အကွက် (၂၉၄)၌လည်း မဲစာရင်းထည့်ထား၏။ ဤသို့ထည့်ခြင်းဖြင့် တစ်နေရာ မဲအတွက် ကြိုတင်မဲယူ၍ တစ်နေရာ၌ လူကိုယ်တိုင်သွားရောက်ထည့်၏။ ဤသို့ဖြင့် ကြံ့ခိုင်ရေးမဲရအောင် ကြံစည်ကြ၏။ အတိုက်အခံဘက် ထည့်မည်ဟု သေချာသော မဲဆန္ဒရှင်များကိုတော့ မေ့တာလိုလို၊ အသက်မပြည့်တာလိုလိုနှင့် မဲစာရင်း၌ ချန်ခဲ့၏။ သွားရောက်ပြောသောအခါ သေချာစိစစ်ပါဦးမည်။ လေးရက်လောက်စောင့်ပါဟု ပြော၏။ သူတို့ချန်ခဲ့သော ပုဂ္ဂိုလ်မှာ အသက်မပြည့်သေးပြောရအောင်ကလည်း ကလေး နှစ်ယောက်ပင်ရ၍ သားသမီးသည်ပင် အမှတ် ၁၄ ကျောင်း၌ ကျောင်းတက်နေပေပြီ။
ကျွန်ုပ်တို့သည် အရမ်းစွပ်စွဲ အပုပ်ချသည်မဟုတ်။ ကျွန်ုပ်တို့၏ စူးရှထက်မြက်လှသော သတင်းထောက်များမှ တစ်ဆင့် ခိုင်လုံသော သတင်းအချက်အလက်တို့ကို ရှာဖွေတွေ့ရှိခဲ့ရပေပြီ။
ဥပမာ- မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်မှ ဆန္ဒမဲအမှတ်စဉ် (၅၃၉၆) ဦးရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇ သည်အကွက် ၂၈၉ ၌လည်း မဲဆန္ဒစာရင်းပါ၏။ အကွက် ၂၉၄ ၌လည်း ကိုရဲကျော်သူ (၉/မဟမ(နိုင်)၀၀၁၅၂၇) အမှတ်စဉ် (၅၉၂၀)ဟု ပါပြန်၏။ ထို၌ မွေးသက္ကရာဇ် ၃-၂-၁၉၇၄ အစား ၉-၀၈-၁၉၇၃ ဟု ပြောင်းထားသည်သာ ကွာ၏။Evidence 1
Evidence 2
Evidence 3
Evidence 4
Evidence 5
Evidence 6
0 အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအတွက် လွှတ်တော်နဲ့ ပြည်သူတို့မှာ တာဝန်ရှိ
တရားဥပဒေ စိုးမိုးရေးကို တကယ်တမ်း စတင် လုပ်ဆောင်ရတဲ့ နေရာဟာ ဥပဒေပြု လွှတ်တော် ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးနိုင်မှ --- ထပ်ပြီး ပြောရရင် အစိုးရနဲ့ လူထု နှစ်ရပ်စလုံးအပေါ် တရားဥပဒေ စိုးမိုးနိုင်မှ အဂတိ လိုက်စားတာ အပါအဝင် အခြားကိစ္စပေါင်းများစွာကို တိုက်ဖျက်နိုင်မှာ၊ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။
အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အစိုးရရဲ့ အမိန့်၊ ကြေညာချက်၊ စည်းကမ်းတွေနဲ့ မလုံလောက်တဲ့အတွက် ဥပဒေပြဌာန်းပေးရတာ ဖြစ်ကြောင်း ရှင်းသွားပါပြီ။
ဒါဟာ ရှက်စရာကိစ္စ မဟုတ်ဘဲ ဂုဏ်ယူစရာသာ ဖြစ်ပါတယ်။ ဝမ်းသာအားရ ကြိုဆိုရမယ့် ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ အဂတိလိုက်စားမှုကို တိုက်ဖျက်နေကြပြီး ကောင်းသထက်ကောင်းအောင် ပြုပြင်ရင်းနဲ့ ဂုဏ်ယူနေကြပါတယ်။
မြန်မာနိုင်ငံမှာ အခုဆိုရင် လွှတ်တော်ဟာ မှန်ကန်တဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ခြေချနိုင်ဖို့ အားယူနေပါပြီ။ နည်းနည်းတော့ ဒယိမ်းဒယိုင် ဖြစ်နေတာ ရှိပါတယ်။ ပိုပြီးအားကောင်းလာစေဖို့ နိုင်ငံရေးသမားကောင်းတွေကို အားဖြည့်ရမှာ ဖြစ်ပါတယ်။ အရည်အချင်း မပြည့်ဝသူတွေနေရာမှာ ပြည့်ဝသူတွေနဲ့ အစားထိုးရမှာလည်း ဖြစ်ပါတယ်။
လွှတ်တော်မှန်သမျှဟာ ပြည်သူ့အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင် သယ်ပိုးနေတာ ဖြစ်တယ် ဆိုတဲ့ ခံယူချက်ကို ပြည်သူကို ကိုယ်စားပြု ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်အမတ်တွေက အမြဲသက်သေထူ ထိန်းသိမ်းနေရမှာ ဖြစ်ပါတယ်။
မကြာခင် ထွက်လာတော့မယ့် အဂတိ တိုက်ဖျက်မှု ဥပဒေကြမ်းကို ပြည်သူတွေအားလုံးက လေ့လာကြပါ။ လိုအပ်တာတွေကို ပြတ်ပြတ်သားသား ထောက်ပြကြပါ။ အဂတိလိုက်စားမှုကို ဒီတကြိမ်မှာ လုံးဝ အမြစ်ပြတ် တိုက်ဖျက်နိုင်မှ မြန်မာနိုင်ငံဟာ ဂျပန်၊ စင်ကာပူတို့လို ခိုင်မာတဲ့ တိုးတက်ဖွံ့ဖြိုးမှုမျိုးကို မြန်မြန်ဆန်ဆန် ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတာတွေကိုလည်း ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။
စက်မှုစီမံကိန်းတွေ ဘယ်လောက်ပဲကောင်းကောင်း၊ နိုင်ငံခြားနဲ့ နိုင်ငံပိုင် ငွေရင်းမြှပ်နှံမှုတွေ ဘယ်လောက်များများ အဂတိ လိုက်စားမှုတွေ ရှိနေသရွေ့ တိုင်းပြည်မတိုးတက်ဘဲ ခရိုနီတွေသာ ကြီးပွားချမ်းသာသွားမှာ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုကိုလည်း ဘယ်တော့မှ တိုက်ဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ဘာကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ လိုအပ်သလဲလို့ သိနိုင်ကြမှာ ဖြစ်ပါတယ်။
ပြည်သူတွေမှာ အစိုးရကို ဝိုင်းဝန်း တည့်မတ် ထိန်းကျောင်းဖို့ တာဝန်ရှိပါတယ်။ လုပ်ပိုင်ခွင့်လည်း ရှိပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးစနစ်မှာ အစိုးရကို ပြည်သူတွေက ရွေးချယ်ထားတာ ဖြစ်ပြီး၊ အစိုးရဘက်က တာဝန်မကျေရင် နောက်ထပ် အစိုးရအသစ်နဲ့ အစားထိုးပိုင်ခွင့်တောင် ရှိပါတယ်။
ပြည်သူတွေ မပါရင်၊ ပြည်သူတွေက လစ်လျူရှုထားရင် အစိုးရကို လုပ်ချင်သလိုလုပ်ဖို့ ခွင့်ပြုထားသလို ဖြစ်သွားနိုင်ပါတယ်။ အရှင်းဆုံးကတော့ … ပြည်သူက အစိုးရကို ကြိုးဆွဲ တည့်မတ်ပေးရတာသာဖြစ်ပြီး အစိုးရက ပြည်သူကို ကြိုးဆွဲ ထိန်းကျောင်းပေးရတာ မဟုတ်ပါဘူး။
ဥပဒေပြု လွှတ်တော်က ဥပဒေပြုရပါတယ်။ ဒီအတွက် ပြည်သူတွေက လုပ်ပိုင်ခွင့်အာဏာ (Mandate) ပေးထားတာ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်အာဏာကို ပြည်သူတွေအတွက် မှန်မှန်ကန်ကန် အကျိုးဖြစ်ထွန်းစေအောင် လွှတ်တော်အမတ်တွေကို ပြည်သူတွေက ရွေးချယ်တင်မြှောက်ရတယ်လို့ လူအများ သိနေကြပါတယ်။ ဒါ့အပြင် လိုအပ်သလို ထိန်းကျောင်း တည့်မတ်ပေးရပါသေးတယ်ကိုလည်း သိထားကြရပါမယ်။
စစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းလာရုံနဲ့ ဒီမိုကရေစီလို မခေါ်နိုင်သေးပါဘူး။ အာဏာရှင်စနစ် အောက်ကနေ လွတ်မြောက်လာရုံနဲ့လည်း ဒီမိုကရေစီ ပန်းတိုင်ရောက်ပြီလို့ မဆိုနိုင်သေးပါဘူး။ အသွင်ကူးပြောင်းရေးကာလမှာ ကနဦးအနေနဲ့ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၊ အခြေခံဥပဒေ၊ လွှတ်တော်၊ ရပိုင်ခွင့်များစတဲ့ ဒီမိုကရေစီ အခြေခံတွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါ့အပြင် လွတ်မြောက်ခြင်း နှစ်ခုနဲ့လည်း ထပ်မံ ပေါင်းစပ်ဖို့ အရေးကြီးပါတယ်။ ပထမလွတ်မြောက်ခြင်းဟာ လူတိုင်း အကြောက်တရားမှ လုံးဝ လွတ်မြောက်ခြင်း ဖြစ်ပြီး ဒုတိယလွတ်မြောက်ခြင်းတော့ အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှုမှ လွတ်မြောက်ခြင်း ဖြစ်ပါတယ်။
လွင်အောင်စိုး
၁၈-၃-၂ဝ၁၂
ဆက်စပ်သတင်း - EMG -
0 ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌဦးထွန်းအောင်ကျော်နှင့် ဂျပန်နှင့် ကိုရီးယားတွင် မြန်မာနိုင်ငံ့အရေးဆွေးနွေးတင်ပြချက်များ
ပထမဆုံးကျောင်းသားတပ်မတော်ဥက္ကဌ ဦးထွန်းအောင်ကျော် ဂျပန်နိုင်ငံနှင့်ကိုရီးယားနို
၁။ ဒေါ်အောင်ဆန်းစုကြည်၏လက်တွေ့ကျကျ
၂။ သို့ မှသာနှစ်၂၀ကျော်ကြာမတရားဖိနှိပ်
၃။ ယခုကြားဖြတ်ရွေးကောက်ပွဲသည်အဓိ
၎။ ၂၀၁၄ သည် ၂၀၁၅ တွင်လွတ်လပ်တရားမျှတသည့်ရွေးကော
၅။ ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ေ
ဆွေးနွေးတင်ပြသွားခဲ့ပါသည်။
ထို့အပြင်မတ်လ ၁၃ ရက်နေ့တွင်ဂျပန်အထက်လွှတ်တော်၊ အောက်လွှတ်တော်တို့မှလွှတ်တော်
၁။ ဒီမိုကရေစီရေးလမ်းကြောင်းသည် အပြုသဘောဆောင်သောပြောင်းလဲမှုသိ
၂။ ဂျပန်အစိုးရ မှ ODA ပြန်လည်ပေးရန်စဉ်းစားနေခြင်းအေ
၃။ ဦးသိန်းစိန်ကပြည်ပရောက်မြန်မာ
ပေးပို့ သူ ကိုထွန်းဝေ(ဂျပန်) အားကျေးဇူးတင်ရှိပါသည်။
0 ရေပိုင်နက်အငြင်းပွားမှုမှာ ဘာကြောင့် ဘင်္ဂလားဒက်အနိုင်ရသလဲ
စစ်အုပ်ချုပ်ရေးကြောင့် ရှုံးတာလား
မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုမှာ မြန်မာရှုံးသွားပြီဖြစ်ပါတယ်။ တကယ်တော့ မရှုံးသင့်ပဲ ရှုံးရတဲ့အမှုဖြစ်တယ်။
ဒီအမှုဖြစ်ချိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့စစ်အစိုးရလက်ထက်ဖြစ်တယ်။ နိုင်ငံတကာ က ရှေ့နေတွေငှားဖို့ ငွေအလုံအလောက်ရှိရက်သားနဲ့ ကိုယ်အိတ်ထဲ ခိုးဖို့သာ အာရုံထားပီး မြန်မာရှေ့နေ ချာတူးလန်အဖွဲ့နဲ့ ပေါချောင်ကောင်း အမှုရင်ဆိုင်ရာမှာ ခုလို မရှူမလှ ရှုံးသွားတာဖြစ်တယ်။
ဒီအမှုဖြစ်ကထဲက ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်။ ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာဘက်ကကိုယ်စားလှယ်အဖြစ် ဒေါက်တာထွန်းရှင် ဗိုလ်မှူးကြီးမင်းသိမ်းတင့်၊ ဒေါ်လှမျိုးနွယ် ဦးကျော်ဆန်း ဒေါ်ခင်ဦးလှိုင် တို့သာဖြစ်တယ်။ ၂ဘက်ရှေ့နေခြင်း ယှဉ်ကြည့်ရင် အဖြေကသိသာနေတယ်။မြန်မာဘက်ကရှေ့နေ ဒေါက်တာထွန်းရှင်
တိုင်းပြည်ကို စစ်အုပ်ချုပ်ရေးနဲ့အုပ်ချုပ်ခဲ့တဲ့ ဆိုကျိုးထဲက အကောင်းဆုံးသင်္ခဏ်းစာဖြစ်တယ်။ စစ်အုပ်ချုပ်ရေးကြောင့် စစ်တပ်က အုပ်ချုပ်ရေးမှာ ၀င်စွက်တာကြောင့် ခုလို ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရတာဖြစ်တယ်။
ခုလဲဘဲ သိန်းစိန်အစိုးရက သန်းရွှေအစိုးရလို ငါတကောကောပီး ညစ်ပတ်တဲ့နည်းတွေနဲ့ ရွေးကောက်ပွဲအနိုင်ရအောင်လုပ် ဆက်အုပ်ချုပ်ရင် နောက်ထပ်ဆုံးရှုးမှုတွေ ရင်ဆိုင်ရမယ်ဆိုတာ ဒီအမှုက မီးမောင်းထိုးပြနေတယ်။ စစ်သွေးကြွနေတဲ့ မြန်မာစစ်တပ်ကို နေရာတိုင်း လက်နက်ကိုင်ဖြေရှင်းလို့မရဘူးဆိုတာ ဒီအမှုက သက်သေပြနေတယ်။
=================================================================
အမှုနောက်ခံ
မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုဟာ ခုတော့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရောက်သွားပီ ဖြစ်ပါတယ် ဒီအမှုရဲ့ နောက်ဆုံးအခြေအနေတွေကို ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။
အမှုရဲ့အကျဉ်းချုပ်ကို သောတရှင်များ သတိရအောင် ပြန်ပြောရမယ်ဆိုရင် အငြင်းပွားတဲ့နေရာဟာ ဘင်္ဂလားပင်လယ်အော်အတွင်း စိန့်မာတင်ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၅ဝ ခန့်အကွာမှာဖြစ်ပါတယ်၊ ဒီနေရာမှာ မနှစ်က ဒေးဝူးကုမ္ပဏီက ရေနံရှာဖွေရေး ပဏာပလုပ်ငန်းဖြစ်တဲ့ ဟိုက်ဒရိုကာဘွန်ရှာဖွေရေး လုပ်ငန်းတွေကို လုပ်နေတုံး ဘင်္ဂလားဒက်နိုင်ငံနဲ့ ပြဿနာဖြစ်ခဲ့တာပါ။
မြန်မာဘက်က ရေနံရှာတဲ့နေရာဟာ ဘင်္ဂလားဒက် ရေပိုင်နက်မှာဖြစ်တဲ့အတွက် မြန်မာဘက်က ကျူးကျော်တယ်လို့ ဘင်္ဂလားဒက်နိုင်ငံက စွပ်စွဲခဲ့ပါတယ်၊ ၂ ဘက်နိုင်ငံ ရေတပ်သင်္ဘောတွေနဲ့ အခင်းဖြစ်တဲ့နေရာမှာ အင်အားပြပီး မကြာခင် မြန်မာဘက်က စစ်သင်္ဘောတွေ ရုတ်တရက် ဆုတ်ပေးခဲ့ပါတယ် နောက်ပိုင်း ဒီသတင်းတွေ တိမ်မြုတ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာနဲ့ဘင်္ဂလားဒက် ၂နိုင်ငံကြားဖြစ်ပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုနဲ့ ပတ်သက်ပီး ဂျာမဏီနိုင်ငံ ဟမ်းဘတ်မြိုအခြေစိုက်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကနေ အဆုံးအဖြတ်ပေးဘို့ ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့ပါတယ်။
တနည်းပြောရရင် ပင်လယ်စာချုပ်ဥပဒေလို့လဲခေါ်တဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက် ၁၉၈၂ ခု ပုဒ်မ ၂၈၇ ပုဒ်မခွဲ ၄ အရ ဖြေရှင်းပေးပါဆိုပီး ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ဘင်္ဂလားဒက်နိုင်ငံက လျှောက်ထားခဲ့တာ ဖြစ်ပါတယ်၊
ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတာ စောစောက ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ သဘောတူညီချက်ရဲ့ နိုင်ငံတကာ ရေကြောင်းအငြင်းပွားမှုကိစ္စတွေ တရားစီရင် ဆောင်ရွက်ဘို့ဆိုပီး ၁၉၉၄ မှာ စတင်ဖွဲံစည်းခဲ့တဲ့ နိုင်ငံတကာ ခုံရုံး ဖြစ်ပါတယ်။ နိုင်ငံတကာ တရားသူကြီး ၂၁ ဦးပါတဲ့ ခုံအဖွဲ့ဖြစ်ပါတယ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးဆိုတဲ့ ITLOS အဖွဲမှာ အဖွဲ့ဝင်နိုင်ငံ ၁၅ဝကျော် ပါဝင်ပါတယ်။
၂ဝဝ၉ ခု နိုဝင်ဘာလ ၄ ရက်မတော့ မြန်မာစစ်အစိုးရကလဲ ဘင်္ဂလားဒက်နဲ့ အငြင်းပွားနေတဲ့ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးကိစ္စအတွက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး အဆုံးအဖြတ်ကို လက်ခံမယ်ဆိုပီး ကြေငြာခဲ့ပါတယ်၊ ဒီကြေငြာချက်ကို ဘင်္ဂလားဒက်နိုင်ငံက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ၂ဝဝ၉ ခု ဒီဇင်ဘာ ၁၂ ရက်မှာ ဆက်လက်ပေးပို့ခဲ့ပါတယ်။
ထူးခြားတဲ့အချက်က မြန်မာစစ်အစိုးရအနေနဲ့ ဘင်္ဂလားဒက်နိုင်ငံနဲ့ ရေပိုင်နက် အငြင်းပွားတဲ့ကိစ္စနဲ့ ပတ်သက်ပီး ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးကို မရွေးချယ်ဘဲ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကို ရွေးချယ်လိုက်တဲ့အချက်ဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံ ဒါဟန်းတက္ကသိုလ် နိုင်ငံတကာနယ်နိမိတ်သုတေသနအဖွဲ့က သုံးသပ်ပါတယ်။
ICJ ခေါ်တဲ့ နိုင်ငံတကာတရားရုံးဟာ ရေကြောင်းနယ်နိမိတ် သတ်မှတ်ရေးနဲ့ ပတ်သက်တဲ့အမှုတချိုံကို စီရင်ခဲ့တဲ့ အတွေ့အကြုံရှိတယ်။ ဂျာမဏီနိုင်ငံအခြေစိုက် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံး ITLOS ကတော့ နိုင်ငံတကာတရားရုံးက အမှုတွေ ဆက်ခံဘို့ ပြင်နေတယ်ဆိုတဲ့တိုင် စဖွဲ့တဲ့ ၁၉၉၄ ခုနှစ်ကနေ ကနေ့ထိ နိုင်ငံတကာ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့ အမှု တခုမှ ဆုံးဖြတ်ခဲ့တဲ့ အတွေ့အကြုံ မရှိဖြစ်နေတယ်လို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ထောက်ပြပါတယ်။
မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို အမှုအမှတ် ၁၆ လို့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးက စာရင်းသွင်းထားပေမဲ့ ဘယ်တော့ အပြတ်စီရင်မယ်ဆိုတဲ့ ကာလအပိုင်းအခြား သတ်မှတ်ထားတာ မရှိဖြစ်နေပါတယ်။ ဒါပြင် ဒီအမှုကို ခုံအဖွဲ့အပြည့်နဲ့ စီရင်မှာလား-ခုံရုံးအဖွဲ့ငယ်နဲ့ စီရင်မလားဆိုတာလဲ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက ပြောပါတယ်။
ဘာဘဲပြောပြော မြန်မာ ဘင်္ဂလားဒက် ၂ နိုင်ငံလုံးက ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို ရွေးလိုက်တဲ့အတွက် နောင်အလားတူ ပင်လယ်ပြင်အငြင်းပွားမှုတွေ ဖြစ်လာရင် ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာ ခုံရုံးကို အသုံးချဘို့ တခြားနိုင်ငံတွေကို အားပေးဘို့မျှော်လင့်တယ်လို့ပါ ဒါဟန်းတက္ကသိုလ် သုတေသနအဖွဲံက မှတ်ချက်ချပါတယ်
ဒါဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ဘယ်လို ရှေ့နေတွေက အကျိုးဆောင်ကြမလဲ ပြန်ကြည့်ဘို့လိုပါတယ်-
ဒီအမှုအတွက် ဘင်္ဂလားဒက်အစိုးရငှားထားတဲ့ ရှေ့နေအဖွဲံကြီးက ရှေ့နေ ၂ဝဝ ကျော်ရှိတဲ့ အမေရိကန်နိုင်ငံက နာမယ်ကြီး ရှေ့နေကုမ္ပဏီဖြစ်တဲ့ Foley Hoag ဖြစ်ပါတယ် ဒီအမေရိကန် ရှေ့နေကုမ္ပဏီကြီးက နိုင်ငံတကာ အစိုးရတွေကြား ဖြစ်ပွားတဲ့ ပင်လယ်ပြင်နယ်နိမိတ်အငြင်းပွားတဲ့ အမှုပေါင်းများစွာကို အကျိုးဆောင်ပေးခဲ့တဲ့ ရှေ့နေကြီးတွေ ဖြစ်ပါတယ်
ဒါတင်မက Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ အကျိုးတူစီးပွားဘက် ရှေ့နေတွေ ကနေဒါနဲ့ အင်္ဂလန်က ဥပဒေရေးရာ ပါမောက္ခတွေကပါ ဘင်္ဂလားဒက်အစိုးရဘက်က အကျိုးဆောင်ကြမှာဖြစ်တယ်လို့ Foley Hoag ရှေ့နေကုမ္ပဏီကြီးက သတင်းထုတ်ပြန်ထားပါတယ်
မြန်မာစစ်အစိုးရဘက်က အကျိုးဆောင်မဲ့ သူကတော့ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲဖြစ်တယ်လို့ စစ်အစိုးရ အဆင့်မြင့် အရာရှီတဦးက အတည်ပြူပြောပါတယ် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ဥက္ကဌနဲ့ ဇန္နဝါရီလ ၁၄ ရက်နေ ၁၆ ရက်ထိ ဂျာမဏီနိုင်ငံ ဟမ်းဘတ်ကို သွားရောက် တွေ့ဆုံ ဆွေးနွေးရမှာ ဖြစ်ပါတယ်
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာဘက်က ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲက စစ်အစိုးရကို အက်ျိုးဆောင်မှာဖြစ်ပီး ဘင်္ဂလားဒက်ငှားထားတဲ့ ရှေနေကုမ္ပဏီကြီးနဲ့ လက်ရည်မမျှ ဖြစ်နေတယ်လို့ ရန်ကုန် ရှေနေအသိုင်းအဝိုင်းက ယူဆပါတယ်
ဒီနေရာမှာ မြန်မာစစ်အစိုးရဘက်က ဘာကြောင့် ဘင်္ဂလားဒက်လို အမေရိကန်ရှေ့နေတွေ မငှားသလဲ မေးစရာရှိပါတယ်-ပင်လယ်ထဲက သဘာဝဓါတ်ငွေ့တွေ ရေနံတွေ တွေ့ခဲ့ရင် နိုင်ငံအတွက် အကျိုးအများကြ၊ီးရှိနိုင်တာမို့ ဘင်္ဂလားဒက်က အမေရိကန်ရှေနေတွေကို ဈေးကြီးပေး ငှားခဲ့တာပါ။
ဒါဆိုရင် မြန်မာက ဘာကြောင့် ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်ရသလဲ-
Foley Hoag ရှေ့နေကုမ္ပဏီကြီးရဲ့ ဦးဆောင်ရှေ့နေတဦးဖြစိတဲ့ Paul Reichler ရဲ့ပြောဆိုချက်အရဆိုရင် ခုလို ပင်လယ်ပြင်နယ်နိမိတ် အငြင်းပွားတဲ့ အမှုမျိုးကို ဆုံးဖြတ်ချက်ချဘို့အတွက် အနည်းဆုံး ၃ နှစ်ကနေ ၄ နှစ်ထိ ကြာနိုင်တယ်လို့ဆိုပါတယ် ဒီနှုန်းနဲ့သာဆိုရင် မြန်မာနဲ့ဘင်္ဂလားဒက် ၂ နိုင်ငံ ပင်လယ်ပြင် နယ်နိမိတ် သတ်မှတ်ရေးအငြင်းပွားတဲ့အမှုကို ၂ဝ၁၄ ခုနှစ်မှ ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။
၂ဝ၁ဝ အောက်တိုဘာမှာ ရွေးကောက်ပွဲလုပ်ဖြစ်တယ်ဆိုရင် ၂ဝ၁၁ ခုအစောပိုင်းမှာ ရုပ်သေးအရပ်သားအစိုးရ ပေါ်လာတော့မှာဖြစ်တယ်-ဒါကြောင့် ဘင်္ဂလားဒက်နဲ့ ပြဿနာုဖြစ်တဲ့ ပင်လယ်ပြင်အမှုကို နောက်အစိုးရလက်ထက်မှ အဖြေရမှာဖြစ်တယ်-
ဒီအချိန်မှာ စစ်အစိုးရ အသွင်ပြောင်းသွားတော့မှာမို့ စစ်အစိုးရလက်ထက် လောလောဆည်မှာ ဒီအမှုအတွက် နိုင်ငံခြားရှေ့နေငှားဘို့ နိုင်ငံခြားငွေ မသုံးဘဲ ရှံးမဲ့အတူတူ ဒုတိယ ရှေ့နေချုပ် ဒေါက်တာထွန်းရှင်တဦးထဲကိုသာ လွှတ်တဲ့သဘောလို့ ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြောင်းပါခင်ဗျား။
(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)
0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား လားရှိုးမြို့က သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ကြိုဆိုနေကြပုံ မြင်ကွင်း(ရုပ်/သံ)
0 ဘာကြောင့် စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာနသစ်ဖွဲ့ရသလဲ
သြဇာကြီးမားတဲ့ နယ်စပ်ရေးရာဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သိန်းဌေး
ဒီဝန်ကြီးဌာနသစ်ကို ဘာကြောင့်ဖွဲ့တယ်-ဒီဝန်ကြီးဌာနသစ်ကနေ တိုင်းပြည်အတွက် ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတာ သမတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို အသိမပေးခဲ့သလို ဘယ်လွှတ်တော် အမတ်က မှ လဲ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့သလဲဆိုတာ မေးခွန်းထုတ်ခဲ့တာ မတွေ့ရပါဘူး။
နောက်တိုးဝန်ကြီးဌာန အသစ်ဖြစ်တဲ့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ အရပ်သား ပုဂ္ဂလိက စက်မှုကဏ္ဍ တိုးတက်အောင် လုပ်ကိုင်မဲ့ ၀န်ကြီးဌာနလား-စစ်တပ် ကာကွယ်ရေးကဏ္ဍ တိုးတက်အောင်လုပ်မဲ့ ၀န်ကြီးဌာနလားဆိုတာ ဦးစိန်ကျော်လှိုင်က ခုလို သုံးသပ်ထားပါတယ်။
အရပ်သားအစိုးရသစ်ရဲ့ ၀န်ကြီးဌာန ၃၄ ခုထဲမှာ စိတ်ဝင်စားဘို့ အကောင်းဆုံးဝန်ကြီးဌာနက မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဘဲ ဖြစ်ပါတယ်။
ဒီဝန်ကြီးဌာနသစ်ကို ဘာကြောင့်ဖွဲ့တယ်-ဒီဝန်ကြီးဌာနသစ်ကနေ တိုင်းပြည်အတွက် ဘယ်လိုလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတာ သမတ ဦးသိန်းစိန်အစိုးရက တိုင်းပြည်ကို အသိမပေးခဲ့သလို ဘယ်လွှတ်တော် အမတ်က မှ လဲ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့သလဲဆိုတာ မေးခွန်းထုတ်ခဲ့တာ မတွေ့ရပါဘူး။
ဝန်ကြီးတွေကို ၀န်ကြီးဌာနတာဝန် မပေးသေးတဲ့အချိန်မှာ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို အသစ်ဖွဲ့ထားတယ်လို့ကြေငြာတော့ နေပြည်တော် ၀န်ထမ်းတွေကြား အတော်လေး စဉ်းစားရကြပ်သွားပါတယ်။
အရပ်သားအစိုးရသစ်လက်ထက်မှာ စက်မှုတစ်ဆိုတဲ့ ၀န်ကြီးဌာနလဲရှိတယ်-စက်မှု၂ ဆိုတဲ့ အကြီးစား စက်မှုလုပ်ငန်းဌာနကြီးလဲ ရှိတယ်။ အဲသလို စက်မှုပိုင်းဆိုင်ရာ ၀န်ကြီးဌာနတွေ အသီးသီး ရှိနေတဲ့ကြားက မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနသစ်ကို ထပ်ဖွဲ့တယ်ဆိုတော့ အရပ်သားလုပ်ငန်းရှင်တွေအတွက် ပုဂ္ဂလိကကဏ္ဍ တိုးတက်အောင်များ လုပ်တော့မလားဆိုပီး လုပ်ငန်းရှင်တွေနဲ့ နေပြည်တော်က အင်ဂျင်နီယာ အရာရှိတွေ ထင်ခဲ့ပါတယ်
ဒါပေမဲ့ ၀န်ကြီးနဲ့ဝန်ကြီးဌာနတွေ တွဲပီး တာဝန်ပေးတဲ့အချိန်မှာ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီး ဌာနကို အရပ်သားဝန်ကြီးတဦးကို သီးခြားတာဝန် မပေးဘဲ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးကသာ တွဲကိုင်ထားလို့ နေပြည်တော် အင်ဂျင်နီယာ အရာရှိတွေကြား သံသယတွေ ပွားလာပါတယ်။
ဒီနေရာမှာ အသစ်ဖွဲ့တဲ့ ၀န်ကြီးဌာနတခုကို သီးခြား အရပ်သားဝန်ကြီးကို တာဝန်မပေးဘဲ ဘာကြောင့် စစ်သားဖြစ်တဲ့ ဗ်ုလ်ချုပ်သိန်းဌေးကို ၀န်ကြီးဌာန ၂ခု တွဲအကိုင်ခိုင်းရသလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။
ဗိုလ်ချုပ်သိန်းဌေး(ယခု ဒုဗိုလ်ချုပ်ကြီး) ဆိုတာ ၁၉၇၈ ခုနှစ်မှာမှ ရန်ကုန် စက်မှုတက္ကသိုလ်က B.E Mechanical စက်မှုအင်ဂျင်နီယာဘွဲ့ရပီး စစ်ထဲဝင်ခဲ့သူ ဖြစ်ပါတယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းနဲ့ မြောက်ကိုရီးယား လျို့ဝှက် ခရီးစဉ်တွေမှာ လိုက်ပါခဲ့တဲ့ထိ စစ်အစိုးရလက်က အားကိုးခဲ့တဲ့ ညာလက်ရုံး အင်ဂျင်နီယာ ဗိုလ်ချုပ်တဦးဖြစ်ပါတယ်။
မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ၂ ဦးကိုကြည့်ပြန်တော့ ဦးဟန်စိန်နဲ့ ဦးချန်မောင်လို့သာ မထင်မရှား ဖော်ပြထားပါတယ်-တကယ်တော့ အဲဒီ ဒု ၀န်ကြီးအသစ်၂ ဦးဟာ သာမန်အရပ်သားတွေ မဟုတ်ဘဲ ဘယ်သူတွေဖြစ်သလဲဆိုတာကို ဒုဝန်ကြီး ၂ ဦးနဲ့ရင်းနှီးတဲ့ နေပြည်တော်အရာရှိတဦးက အာအက်အေကို ပြောပြပါတယ်။
စာရင်းချုပ်တဲ့အခါ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ ၀န်ကြီးဆိုသူက ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ဗိုလ်ချုပ်သိန်းဌေး-ဒုဝန်ကြီး ဦးဟန်စိန်ကလဲ ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ ရေတပ် ဗိုလ်မှုးချုပ်ဟောင်း-ဒုဝန်ကြီး ဦးချန်မောင်ကလဲ ရန်ကုန်စက်မှုတက္ကသိုလ် စက်မှု အင်ဂျင်နီယာဘွဲ့ရ အငြိမ်းစား လေတပ် ဗိုလ်မှူးကြီးဖြစ်နေပါတယ်-တနည်းဆိုရရင် ဗိုလ်မှူးချုပ်ဟောင်း ဟန်စိန်နဲ့ ဗိုလ်မှူးကြီး ချန်မောင်တို့ဟာ သက်ဆိုင်ရာ ရေတပ်စက်မှုလုပ်ငန်း လေတပ်စက်မှုလုပ်ငန်းတွေမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အားထားခဲ့ရတဲ့ ညာလက်ရုံးတွေ ဖြစ်နေပါတယ်။
ဒါကြောင့် မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဆိုတာ ပြည်သူတွေအတွက် စက်မှုကဏ္ဍတိုးတက်အောင်လုပ်မဲ့ ၀န်ကြီးဌာန ဟုတ်ပါ့မလားလို့ နေပြည်တော် အင်ဂျင်နီယာ အရာရှိတွေက သံသယရှိတာ ဖြစ်ပါတယ်။
နေပြည်တော်အရာရှိ အသိုင်းအ၀ိုင်းရဲ့ အယူအဆအရဆိုရင် အရပ်သားအစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ကာကွယ်ရေးအသုံးစရိတ်ကို တရားဝင်ထုတ်ပြန်ရတော့မယ်-ကမ္ဘာကလဲ စောင့်ကြည့်နေမယ်-ဒါကြောင့် ကာကွယ်ရေးဝန်ကြီးဌာန စုစုပေါင်း အသုံးစရိတ်ကို စာရင်းပျောက်သွားဘို့အတွက် ကာကွယ်ရေးဝန်ကြီးဌာနလို့ နာမယ်ခံမထားဘဲ စစ်အင်ဂျင်နီယာတွေသာ ကိုင်ရမဲ့ ၀န်ကြီးဌာနသစ်တခုဖန်တီးပီး နိုင်ငံတော်ဘတ်ဂျက်ကို ကဲ့ထုတ်ဘို့ ကြိုးစားတဲ့လုပ်ရပ်လို့သာ မြင်ပါတယ်။
တကယ်လို့သာ နေပြည်တော်အရာရှိတွေ ယူဆသလို မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကိုသာ ကာကွယ်ရေးအတွက် တဘက်လှည့်နဲ့ မသိမသာ အသုံးချမယ်ဆိုရင် စုစုပေါင်းကာကွယ်ရေး အသုံးစရိတ်က တရားဝင်ထုတ်ပြန်တဲ့ ကာကွယ်ရေးအသုံးစရိတ်ထက် အမြဲတန်း များနေမှာဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီး ၃ ဦးဟာ ၀န်ကြီးဆိုပေမဲ့ သမတ ဦးသိန်းစိန်က ခန့်ပိုင်ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ကသာ တိုက်ရိုက်ခန့်နိုင်တဲ့ ၀န်ကြီးတွေ ဖြစ်ပါတယ် ဒါပြင် ဒီဝန်ကြီး ၃ ဦးဟာ အရေးပါတဲ့ အမျိုးသား ကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီအဖွဲံဝင်တွေလဲဖြစ်နေပါတယ်။
ဒါပေမဲ့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနကို တွဲကိုင်ထားတဲ့ ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေးဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်နေတာမို့ မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာန ဟာလဲ စစ်တပ်က တိုက်ရိုက်ကိုင်တွယ်တဲ့ ၀န်ကြီးဌာနတခုလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
သောတရှင်များခင်ဗျား
နေပြည်တော် အရာရှိအသိုင်းအ၀ိုင်းက ယူဆသလို မြန်မာ့စက်မှုဖွံဖြိုးရေးဝန်ကြီးဌာနဟာ ကာကွယ်ရေးဆိုင်ရာ စက်မှုကဏ္ဍကို တိုးတက်အောင်လုပ်ဘို့ မျက်နှာဖုံးစွပ်ထားတဲ့ ၀န်ကြီးဌာနအသစ်လားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါ ခင်ဗျား။
(အာအက်အေ ဦးစိန်ကျော်လှိုင်ရဲ့ သုံးသပ်ချက်ကဏ္ဍမှ ကောက်နှုတ်ချက်)
4 ကြံ့ဖွတ်ဦးအောင်သောင်း၏မနာလိုမရှုစိမ့်တဲ့ အင်တာဗျူးကို မြတ်ခိုင်ရဲ့ဂျာနယ်တွင်ဖေါ်ပြ
ယနေ့ထုတ်လျှပ်တပြက်ဂျာနယ်မှာကြံ့ဖွတ်ဝန်ကြီး ဦးအောင်သောင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီးများအတွင်းမှာ ရောက်လေရာမြို့၊ ကျေးလက်ဒေသ များမှ ဒေသခံပြည်သူတွေက သောင်းသောင်းဖြဖြ တခဲနက် ကြိုဆိုကြခြင်းအပေါ်ကို ဝေဖန်တိုက်ခိုက် ပြောဆိုခဲ့သည်။
မြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ် နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ။
အောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။ ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။
တကယ်တမ်းကျတော့ ဘာမှမပေးနိုင်ဘူး ဘာမှမလုပ်နိုင်ဘူးဆိုတာတွေက ဘာကတိမှလည်း မပေးနိုင်ဘူး ဆိုတာတွေက ကတိပေးထားတဲ့သူတွေကိုသရော်တာ။ ပြည်သူ့အကျိုးလုပ်နေတဲ့သူတွေကို ကိုယ်မလုပ် နိုင်လိုဝေဖန်တဲ့သဘောလေးလည်းဆောင်တယ်။ တကယ်တမ်းကတော့ ဒါကမလုပ်သင့်ပါဘူး။ ပြည်သူ့အကျိုးပြုလုပ်တာကောင်းတယ် လို့ပြောရမှာပေါ့။ ဟုတ်လား။ ပြည်သူတွေအတွက်လုပ်ပေးတာ ကောင်းတယ်ဆိုတာမျိုးပဲပြောရမှာ။ ပြည်သူ့ အတွက် လုပ်ပေးတာမကောင်းဘူးလို့ပြောလာတာတွေက ဒီနိုင်ငံရေးအဓိပ္ပာယ်ကို ကျွန်တော်လည်း နားမလည်ပါဘူး။ ဘာဖြစ်လို့ပြောတာလည်းဆိုတာ ကျွန်တော်တို့လည်းမသိဘူး။ ကျွန်တော်တို့ အဲ့ဒီအဆင့်မမီဘူး။ ဒီတော့ ဒီမိုကရေစီလိုလားတယ်။ နောက်ပြီတော့မှ တရားဥပဒေ စိုးမိုးရေးလိုလားတယ်လို့ အကြိမ်ကြိမ် နေရာတိုင်မှာပြောတယ်။ တကယ့် လက်တွေ့မှာ သူတို့သွားတာ လာတာတွေ အားလုံးက တကယ်လက်တွေ့မှာ တရားဥပဒေကို တကယ်လိုက်နာလား။ မလိုက်နာဘူးလားဆိုတာ ကိုယ့်ဘာသာ ပြန်ဆန်းစစ်လိုက်ရင်သိတယ်။ တိတိကျကျတော့ မပြောလိုပါဘူး။
(လျှပ်တစ်ပြက် သတင်းဂျာနယ် အတွဲ ၃ အမှတ် ၈၀ မှ)
လျှပ်တပြက်ဂျာနယ်တည်ထောင်သူ မြတ်ခိုင်ဟာအဝါရောင်သတင်းသမားအဖြစ် ကျော်ကြားသူတဦးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏လူယုံတဦးလည်းဖြစ်သည်။
အဆိုပါဂျာနယ်အင်တာဗျူးအပြည့်အစုံကို မကြာခင်တင်ဆက်ပေးမည်။
( ကောင်းပါတယ်..ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးဝင်ခေါင်းဆောင်တွေက ဒီလို စကားတွေ များများပြောလေ.. ပြည်သူက NLD ကို ပိုယုံကြည်လေပါဘဲ...)
December Min
0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးမြို့ စည်းရုံးရေးခရီးစဉ် မြင်ကွင်းများ (ဓာတ်ပုံ)
လားရှိုးမြို့ ရန်တိုင်းအောင် ဘုရားကြီး ကွင်းပြင်အတွင်း ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ပြောကြားသည့်မိန့်ခွန်း(အပြည့်အစုံ)(burma vj media network)
Photo..AP.Getty images
(ဓါတ်ပုံ -လားရှိုးမြို့ ဓါတ်ပုံ၊ ဗွီဒီယို ဝါသနာရှင် လူငယ်များ @iCJ)
Saturday, March 17, 2012
0 တံခါးတွေဖွင့် - ACID
Open The Doors by anegga
Written by - Yan Yan Chan, Zayar Thaw & Anegga
Produced by - G-Tone
Mixed by - K.G.K
Recorded at D.R.E.A.M
Mastered by - Myint Zaw
0 ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်
မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူတစ်ဦးက မဲဆန္ဒရှင်ပြည်သူများကို ခြိမ်းခြောက်ခဲ့သဖြင့် ခြိမ်းခြောက်ခံရသော ပြည်သူတစ်ဦးက အသိသက်သေ ( ၈ ) ဦး ၏ လက်မှတ်နှင့်အတူ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှူးထံသို့ လိပ်မူပြီး အမှုဖွင့် အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။(Photo.Burma vj media network)
ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွ လှုပ်ရှားနေသူ ဌေးဝင်းလှိုင်၏မိခင် ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးလှမင်းဦးက Yangon Chronical သတင်းဌာနသို့ ပြောကြားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ် (၁၃)၊ အခန်း(H) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးမှ မတ်လ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် ရပ်ကွက်ဓမ္မာရုံသို့ ချေးငွေသွားရောက် ထုတ် ယူစဉ် ချေးငွေလာရောက်ထုတ်ယူသူများရှေ့မှောက်တွင် လိုင်း အမှတ်(၁၅)၊ အခန်း(D) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဦးဝင်းလှိုင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်)က “ ဒေါ်သန်းသန်းဌေး ခင်ဗျား သားက NLD ပါတီမှာ အရမ်း တက်ကြွနေပါလားဗျ၊ အဲ့ပုံတွေကျုပ်တို့ ဓာတ်ပုံရိုက်ထားတာ စီဒီတစ်ခွေစာ အပြည့်ရှိတယ် ထောင်ကျသွားချင်သလား ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း ကိုလှမင်းမှ ဆိုသည်။
တရားလို ဒေါ်သန်းသန်းဌေးက “ ကျွန်မသားအကြီးကောင် ဇင်မျိုးလှိုင်က R.B.E အကြီးတန်းစက်ရုံဒီဇယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတယ် ဦးဝင်းလှိုင်၏ ခြိမ်းခြောက်စကားထဲမှာက သားအငယ်ကောင် ဌေးဝင်းလှိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကြီးကောင်ကို အလုပ်ဖြုတ်ပစ်မယ်ဟု ထည့်ပြောသွားတယ် ” ဟု ဆိုသည်။
ဦးဝင်းလှိုင်အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလိုပြရှေ့နေအဖြစ် ပန်ဘဲတန်းမြို့နယ်မှ ဦးမောင်မောင်အေးမှ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း ပြောကြားထားသည်။
ထိန်လင်းလက်(transparencymyanmar)