Saturday, January 23, 2010

0 ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တားဆီးခံရ


သန့်မျိုးထွေး (moethaukkye)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် လာရောက်ဖျော်ဖြေတင်ဆက်မည့် လူရွင်တော်မေတ္တာဦးဆောင်သော အနုပညာသမားများ ရန်ကုန်လေဆိပ်တွင် တားဆီးခံရကြောင်း စုံစမ်းသိရှိရသည်။
ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ တားဆီးခံရခြင်းလည်းဖြစ်သည်။

ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကိုမေတ္တာနှင့်အတူ မိုးဒီ၊ မော့်စ်၊ ခင်လှိုင်နှင့် လင်းဇာနည်ဇော်၊ မိုးပြည့်ပြည့်မောင်တို့ပါ ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရခြင်းလည်းဖြစ်သည်။

လေဆိပ်တွင် Dဖောင်ထုတ်ပေးပြီးခါမှ ပြည်ထဲရေးကခွင့်မပြုချက်မရလို့ဟုဆိုကာ ဂျပန်သို့လာမည့် အနုပညာသည်များ၏ ပစ်စပို့စာအုပ်တွေ အသိမ်းခံလိုက်ရကြောင်း၊ ပြည်တွင်းရှိ သတင်းသမားများလည်း လေဆိပ်သို့သွားရောက်၍ အင်တာဗျူးမှုတွေလုပ်နေကြောင်းလည်း သိရှိရသည်။
ကိုမေတ္တာတို့အဖွဲ့ကို ဂျပန်သို့သွားရောက်ဖျော်ဖြေမည်ဆိုကတည်းက ရုပ်ရှင်နှင့် သဘင်ကောင်စီတို့မှ ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခံရကြောင်း၊ ဂျပန်ဗီဇာကို ထုတ်ပေးပြီးကာမှ ဆိုင်းငံ့အဖြစ် ပြန်လည်ရွေ့ပြောင်းမှုတွေပြုလုပ်ခံရကြောင်း၊ အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့်အနုပညာရှင်များ၏ ဂျပန်ပြည်ဝင်ခွင့်ဗီဇာနှောင့်နှေးကြန့်ကြာ နေသောကြောင့် ပျက်ပြားဖွယ်ရှိကြောင်း အစဦးကတည်းက ကြားသိနေရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကိုမေတ္တာကို ဖုန်းဆက်မေးမြန်းကြည့်ရာ "ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီးတား ထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇတ်တို့၊ ရုပ်ရှင်တို့ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ"ဟု ရှင်းပြသည်။
ဆက်လက်၍ ကိုမေတ္တာမှ"ကျနော်တို့ကတော့ ဘာမှမသိဘူးခင်ဗျ၊ ကျနော်တို့ကို ဂျပန်မှာလာဖျော်ဖြေပေးပါလို့ အဲဒီ့မှာရှိတဲ့လူတွေက ဖိတ်လာတဲ့အတွက် ကျနော်တို့အနုပညာကိုဖျော်ဖြေတင်ဆက်ဖို့အတွက်သွားမှာပါ။ ဒါဘဲရှိတာပါ"ဟု ဆက်လက်ပြောဆိုသည်။
ယင်းကိစ္စအတွက် တာဝန်ခံခေါ်ယူပေးသူ ဂျပန်လူမျိုး မစ္စတာခိမိဟိကို ဟိဂုရရှီ(kimihiko higurashi) ပွဲမဖြစ်မြောက်သည့်အတွက် တောင်းပန်ကြောင်းနှင့် ဂျပန်တွင် လာရောက်ဖျော်ဖြေခွင့်ရသည့်အထိ ဆက်လက်ကြိုးစားမည်ဟုလည်း စာထုတ်ပြန်ထားသည်။

ကိုမေတ္တာဦးဆောင်သည့် အငြိမ့်ပွဲကို ”Tokyo Sakuya ပျော်စရာအငြိမ့်”ဟု ခေါင်းစဉ်ပေးထားပြီး၊ ဇန်န၀ါရီလ ၂၄ ရက် (တနင်္ဂနွေနေ့)တွင် တိုကျိုမြို့၊ Ikebukuro အရပ်ရှိ မြန်မာအနုပညာဖျော်ဖြေပွဲများ ကျင်းပလေ့ရှိသည့် ခိုကိုင်းခိုးခန်းမတွင် ညနေ (၄)နာရီမှစတင်၍ ဖျော်ဖြေတင်ဆက်ရန် စီစဉ်ထားပြီးကာမှ ပျက်ပြယ်သွားရခြင်းဖြစ်သည်။
ယခင်က ဂျပန်နိုင်ငံသို့ ဇော်ဝင်းထွဋ်၊ လေးဖြူနှင့် အိုင်စီအဖွဲ့အပြင် နာမည်ကြီး အဆိုတော်များ၊ အနုပညာရှင်များ မကြာခဏလာရောက်ဖျော်ဖြေခဲ့ဖူးပြီး ယခုလိုဗီဇာ အခက်ခဲနှင့် အာဏာပိုင်တို့၏ ခေါ်ယူတားမြစ်ဖူးခြင်းမရှိခဲ့ကြောင်းသိရသည်။


日本国・東京都・さくらコンサートに、
前もってチケットを買って楽しみにお待ち下さっている日本人、ミャンマー人の友人、ファンの皆様へ、

2010年1月24日(日曜日)池袋公会堂ホールにて行うよう、前から予定しました。
ミャンマーから来る芸能人たちは、日本の入国ビザを手に入れましたが、いろいろな事情で、ミャンマーから出国することが困難なため、コンサートを延期させていただきます。お世話になっている日本人、ミャンマー人のファンの皆様にご迷惑かけてしまい、お詫び申し上げます。何卒、ご理解をいただけますようにお願い申し上げます。再開する予定日は改めてご報告させていただきます。

尊敬とともに
コンサートに協力するグループと芸能人たち

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ဆာကူရာပျော်စရာအငြိမ့်ပွဲကို ကြိုတင်လက်မှတ်ဝယ်ယူပြီး ပျော်ရွှင်စွာစောင့်စားနေကြသော ဂျပန်၊ မြန်မာ မိတ်ဆွေ ပရိတ်သတ်များခင်ဗျား.....

၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ (တနင်္ဂနွေနေ့) IKEBUKURO, KOKAIDO HALL တွင်ကျင်းပရန်မူလက စီစဉ်ထား ပါသည်။ မြန်မာနိုင်ငံမှ အနုပညာရှင်များသည် ဂျပန်နိုင်ငံဝင်ခွင့်ဗီဇာကို လက်ဝယ်ရရှိထားပါသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည်မှ ထွက်ခွာရန် အခက်အခဲ အချို့ရှိနေပါသဖြင့် အငြိမ့်ပွဲအစီအစဉ်အား ရက်အနည်းငယ် ရွေ့ဆိုင်းရမည် ဖြစ်ပါသည်။ ထို့အတွက် လေးစားရသောဂျပန်၊မြန်မာ ပရိတ်သတ်များအားလုံး နားလည်ခွင့်လွတ်ပေးပါရန် တောင်းပန်အပ် ပါသည်။ ပြန်လည်တင်ဆက်မည့်ရက်ကို ထပ်မံအသိပေးကြေငြာပေးပါမည်။

အထူးကျေးဇူးတင်ရှိလျက်

ပွဲစီစဉ်သူများနှင့် အနုပညာရှင်များ


0 နျူကလီးယားအာဏာရူး နအဖ စစ်အုပ်စုအားဆန့် ကျင် ဆန္ဒပြပွဲ


မှတ်တမ်းဓါတ်ပုံ- ကိုမင်းညိုဝမ်း (Moethaukkye)

0 ဧည့်သည်ကြီး ဋ္ဋီကာ


ဆေးလိပ်တိုမှာ နေညိုမှာကို
သူကြိုပြောခဲ့သား မဟုတ်လား။

သူဟာ အိမ်ကွင်းမှာ မပါနိုင်ခဲ့
ဒါပေမဲ့ ဘယ်လို မက်လုံးတွေ ကောင်းကောင်း
ဘယ်တော့မှ အသင်းမပြောင်းခဲ့
အဲ့သလို မာ..။

သူလွမ်းတဲ့အခါဆို
ဟော..ဟိုနောက်ဖေး
ခြံစည်းရိုးကနေ လာလာငေးသတဲ့။

ကြမ္မာရိုင်းလက်ကြမ်းကြီးက
ပုတ်ချလိုက်တဲ့အခါ
အရာရာ တဒင်္ဂပြိုလဲ... မှောင်းမည်း
သူ့ ဖန်မီးအိမ်လေးကတော့ မကွဲ
ကဲ.. ဒီအလင်းနဲ့ပဲ
ဆေးလိပ်တိုတို နေညိုညိုမှာ
သူ့ကို နောက်ဆုံး ပို့ ကြစို့။ ။

မင်းကိုနိုင်
(ကဗျာဆရာ တင်မိုး ကွယ်လွန်ခြင်း တလပြည့် အမှတ်တရ စာအုပ်မှ..)

Friday, January 22, 2010

0 မမေ့နိုင်သော နာဂစ်


ပြန်မတွေးချင်တော့ပေမယ့် ဖတ်မိပြန်တော့ပြောချင်ပြန်လာတယ်....

မြန်မာ့သမိုင်းစဉ် တလျှောက် အဆိုးဆုံးသဘာဝဘေးကြီးဖြစ်ခဲ့သလို မြန်မာပြည်သူတွေ အနေနဲ့ အဆိုးဝါးဆုံးအစိုးရကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရခြင်းပါပဲ ။ ဘာသာရေးရှုထောင့်ကကြည့်ရင်တောင် လူအများချမ်းသာသုခရစေဖို့ပြုလုပ်မယ့် အလှုဒါနကို တားဆီးခြင်း၊ပိတ်ပင်ခြင်း၊နှောင့်ယှက်ခြင်း ဆိုတာ အတော့်ကို အပြစ်ကြီးမားလှပါတယ် ။ ဘာအကြောင်းပြချက်မှ မလိုအပ်ပါဘူး ။

အခွင့်အလမ်းနဲ့ ပါတ်သက်ပြီး တွေးမိပြန်တယ်။ နာဂစ်ရဲ့ အဖျက်စွမ်းအားနဲ့ လူများရဲ့ ဘဝဆုံးရှုံးပျက်ဆီးရပုံများကို သိရှိကြတဲ့ ကမ္ဘာတလွှားက လူအများအနေနဲ့ ငွေကြေး၊ ပစ္စည်းများအပါအဝင်အကူအညီများ ပေးအပ်ဖို့ သဒ္ဓါ
တရား များစွာဖြစ်ခဲ့ကြပါတယ်။ အဲဒီ စေတနာ သဒ္ဓါကိုပဲ ပျက်ယွင်းအောင်လျှော့ပါးအောင် လုပ်ခဲ့ကြပါတယ် ။ အခွင့်အလမ်းကောင်းကို မဆုပ်ကိုင် ခဲ့တဲ့အပြင် ငြင်းတောင် ငြင်းခဲ့ပါသေးတယ် ။ ရအောင် မယူတတ်ခဲ့ ကြပါဘူး ။ နာဂစ်အပြီး တစ်ပတ်အကြာ တရုတ်ငလျှင်ဖြစ်ပါတယ်......
ကမ္ဘာတလွှားကလူအများကပဲ ထပ်မံလှုဒါန်းကြပြန်ပါတယ် ။ အခြေအနေခြင်း တုံ့ပြန်ပုံခြင်းမတူတာကို အားလုံးအသိပါပဲ ။ အားကျစရာ ၊လေးစားစရာ ကောင်းလောက်အောင် တရုတ်အစိုးရက သူ့ပြည်သူများ ကို စောင့်ရှောက်ခဲ့ပါတယ် ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလများကပဲ နာဂစ်အတွက် TCG သုံးပွင့်ဆိုင် အလှူငွေကိစ္စများ ဘန်ကောက်မှာ ဆွေးနွေးခဲ့ကြပါသေးတယ် ။ သိပ်နောက်ကျသွားပါပြီ ....လူအများ သွေးအေးသွားကြပါပြီ.....။

ဟော...အခု ဟေတီမှာ အဆိုးဝါးဆုံး လူနှစ်သိန်းလောက်သေမယ်လို့ ခန့်မှန်းကြတဲ့ ငလျှင်ကြီးလှုပ်ပြန်ပါတယ် ။ ကမ္ဘာကြီးမှာ သဘာဝဘေးတွေဟာ တစ်ခုမဟုတ် တစ်ခုဖြစ်နေမှာပဲ.....အဲဒီတော့ အကူအညီတွေဟာ လည်း တစ်မျိုးမဟုတ် တစ်မျိုးလိုအပ်နေမှာပါပဲ ။
တကယ်တော့ ကျွန်တော်တို့ကသာ မမေ့နိုင်ပဲ ပြန်ပြောနေကြတာပါ ။ သူတို့ကတော့ မေ့တောင်မေ့လောက်ပြီပေါ့ ။ ၂ဝ၁ဝ မှာ ဘယ်လိုသယ်ရမလဲဆိုတာပဲ အကွက်ချဖို့အလုပ်များနေကြမှာပါ ။

မြန်မာမျှားနတ်မောင်စကားဝိုင်းမှ ကောက်နူတ်ဖော်ပြပါသည်။

0 KNU နှင့် KNLA အား ထိုင်းမြို့တော်ဝန်နှင့် စစ်ဒေသ(၃)တိုင်းမှူးမှ သတိပေးစာပေးပို့ခြင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ တာမလာဘောနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် မူတူးဆေးဖိုးတို့ဆီကိုတာ့ခ်ခရိုင် မြို့တော်ဝန်ကနေပြီး KNU ပါတီဟာ မူးယစ်ဆေးဝါးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေကြောင်း ထိုင်းနယ်မြေအတွင်းမှာ KNU အနေနဲ့ မည်သည့် ပြဿနာမျှ ဖြစ်ပွားမှုမရှိစေရန် သတိပြုရမည်ဖြစ်ကြောင်း သတိပေးစာပေးပို့ခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။ ထို့အပြင် အမှတ်(၃)စစ်ဒေသတိုင်းမှူးမှလည်း KNU ရဲ့မူးယစ်ဆေးဝါးလုပ်ငန်းအတွင်း ပါဝင်ပတ်သက်နေမှု အထောက်အထားများ၊ စာရွက်စာတမ်းများကို ပေးပို့ခဲ့တယ်လို့ ထိုင်းစစ်တပ်နှင့် နီးစပ်သောသူများထံမှ သတင်းရရှိခဲ့ပါတယ်။

အခုလို KNU ဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အတွက်ကြောင့် သတိပေးခံရ၊ အထောက်အထားတွေ အပြခံရတာနဲ့ပတ်သက်ပြီး KNU ဥက္ကဋ္ဌ တာမလာဘောကတော့ KNLA စစ်ဦးစီးချုပ် မူတူးဆေးဖို့ရဲ့ ကိစ္စရပ် များသာဖြစ်ကြောင်း၊ KNU အနေနဲ့ ဒီမူးယစ်ဆေးဝါးကိစ္စတွေမှာ ပတ်သက်မှုမရှိကြောင်း လွှဲချခဲ့ ပါတယ်။ KNLA စစ်ဦးစီးချုပ် မူတူးဆေးဖိုးကတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စတွေဟာ ကွယ်လွန် သွားရှာပြီဖြစ်တဲ့ ဖထီးမြရဲ့သား နယ်ဒါးမြ လုပ်တာပါလို့ ပြောဆိုပါတယ်။

ဖထီးမြရှိတုန်းကတော့ KNU နဲ့ မူးယစ်ဆေးဝါးဟာ ပတ်သက်မှု မရှိကြောင်း အခိုင်အမာ ငြင်းဆိုခဲ့ပေမဲ့ အခုခေါင်းဆောင်တွေ အလှည့်ကျမှ အဖွဲ့အစည်းထဲမှာကိုပဲ ဟိုလူလက်ညိုး ထိုးရ၊ ဒီလူလက်ညိုးထိုးရနဲ့ နောက်ဆုံးကွယ်လွန်သွားရှာတဲ့ ဖထီးမြရဲ့ မျက်နှာကိုမှမထောက် ဖထီးရဲ့သား နယ်ဒါးမြကိုပါ တရားခံအဖြစ် လွှဲချပြောဆိုနေကြပါတယ်။ ဖထီးမြသာ မြင်နိုင် ကြားနိုင်အုံးမယ်ဆိုရင် သူချစ်မြတ်နိုးခဲ့တဲ့ အဖွဲ့အစည်းက သူ့သား နယ်ဒါးမြအပေါ် ဆက်ဆံပုံတွေကြောင့် မျက်ရည်ကျနေမိမှာပါ။

ဖထီးမြရဲ့ရဲဘော်ဟောင်းl

Thursday, January 21, 2010

0 ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်မည် ရွေးကောက်ပွဲက ဒီနှစ်ထဲ မသေချာ(ရင်းမြစ်: ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိတစ်ဦး)


နေအိမ်တွင်အကျယ်ချုပ်ဖြင့်အထိန်းသိမ်းခံထားရသည့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် မကြာခင် လွတ်မြောက်လာနိုင်မည် ဟု ရာနှုန်းပြည့် ဖြစ်နိုင်ချေရှိ သော် လည်း ၂၀၁၀ ခုနှစ် တွင် ရွေးကောက်ပွဲ ကျင်းပမည်ဆိုခြင်းမှာသေချာပြီဟုကျိန်းသေတစ်ထစ်ချမပြောနိုင်သေးကြောင်းနေပြည်တော်ရှိစစ်ဗိုလ်ချုပ်များတွင်
သုံးသပ်ပြောကြားနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြန်လည် လွတ်မြောက်လာမည် ရွေးကောက်ပွဲကတော့လိုအပ်လျှင် ရွှေ့ဆိုင်းမည် ဆိုသည့် သတင်းနှင့် ပတ်သက်၍ Freedom News Group မှအမေရိကန် နိုင်ငံထုတ် Foreign Affairs မဂ္ဂဇင်း လစဉ် ဖတ် သော စစ်တပ်အရာရှိ ဗိုလ်မှုးကြီးတစ်ဦးထံသို့ မေးမြန်းကြည့်ရာ “သူက (ဗိုလ်ချုပ်မှုးကြီး သန်းရွှေ) အဓိက ဘာလဲဆိုတော့ သူခေါင်းချတဲ့ အချိန် ထိ စစ်တပ်က နိုင်ငံကို အုပ်ချုပ်တာ ကို ပဲမြင်ချင်တဲ့ ပုံရှိတယ်၊Playing Gameနဲ့ ပြောရရင် ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးမယ်။

ပြီးရင်အခု မှ လွတ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘယ်လိုလုပ် ရွေးကောက်ပွဲ ၀င်လိုရအုံးမှာ လဲ ဆိုပြီး ရွေးကောက်ပွဲကို နောက်ဆုတ်မယ်။ ဒေါ်စု သေသေချာချာ အချိန် ယူပြီးပြင်ဆင် နိုင်အောင် ပေါ့ ။နိုင်ငံတကာ ကို ပြောမယ်။ ကဲ …ဘယ်သူက ဘာပြောလို့ ရအုံးမလဲ “ သူ၏ ရွေးကောက်ပွဲ နှင့် ပတ်သက် ၍ သုံးသပ်ချက် အား Freedom News Groupသို့ ပြောသည်။

လတ်တလော တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရထံမှမည်သည့် သတင်းထုတ်ပြန်ကြေညာ ချက်များ မပြုလုပ်သလို ရွေးကောက်ပွဲ အတွက်တရား ၀င်မဲဆွယ်ခွင့် ရရှိသည့် ကြံဖွတ် နှင့် တစည ကဲ့သို့ အဖွဲ့ များက ပင် မည်သည့်အားတက် သရော
ပြုလုပ်ခြင်းမျိုးမှ တွေ့ ရှိရခြင်း မရှိ ဟု ရန်ကုန်မြို့ ရှိ တတိယ အင်အားစု ၀င် တစ်ဦးက ပြော
သည်။

စစ်အစိုးရ ၏ ရွေးကောက်ပွဲ ကို ထောက်ခံ သည့် တတိယ အင်အားစု ၀င် အချို့ မှာရွေးကောက်ပွဲ ဥပဒေ ကို မထုတ်ပြန် သေး၍ မချင့်မရဲ ဖြစ်ကြသည် ဟု သတင်းရရှိသည်။ထိုကဲ့သို့ ရွေးကောက်ပွဲအား ယခုနှစ်ထဲ တွင် ကျင်းပရန် စိတ်မပါ ခြင်းမှာ မကြာခင်ကဖြစ်ပွားခဲ့သည့် အီရန် ရွေးကောက်ပွဲ ဂယက်ကြောင့် လပေါင်းများစွာ ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလှုပ်ရှား တက်ကြွသူ တစ်ဦးက သုံးသပ်သည်။

မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည်မဖော်လိုသော အရာရှိ တစ်ဦးကမူစစ်တပ်ကတစ်သက်လုံး အချိန်ဆွဲ တည့် နည်းဗျူဟာ (Delaying Tactics)တွေ နဲ့ ကစားလာတာ ဘာမှယုံလို့ မရဘူး ဟု ပြောသည်။

source။ ။ Freedom News Group

Wednesday, January 20, 2010

0 မတရားပြစ်ဒဏ်ချမှတ်ခံရသော၈၈မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ

0 ထိုင်းနိုင်ငံရှိ နို့ဖိုးဒုက္ခသည်စခန်း UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်များမှဆန္ဒပြ


ယနေ့  (၁၉၊ ၁၊ ၂၀၁၀) ရက်နေ့ နေလည် (၁) နာရီခန့်တွင် ထိုင်းနိုင်ငံရှိ နို့ဖိုးဒုက္ခသည်စခန်း UNHCR ရုံးရှေ့တွင် တတိယနိုင်ငံသို့  ထွက်ခွာခွင့် မရသေးဘဲ အချိန်ကြာမြင့်စွာ နေထိုင်နေကြရသော မြန်မာဒုက္ခသည်များ၊ တတိယနိုင်ငံသို့  ထွက်ခွာခွင့် ငြင်းပယ်ခံရသော မြန်မာဒုက္ခသည်များနှင့် တတိယနိုင်ငံထွက်ခွာရေးနှင့် ပတ်သက်၍ ကြန့်ကြာစွာ စောင့်ဆိုင်းနေကြရသော မြန်မာဒုက္ခသည်များမှ ဆန္ဒပြခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရရှိသည့် အချိန် (၂) နာရီ (၄၀) မိနစ်အထိ ငြိမ်းချမ်းစွာ ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်ကြောင်း သိရှိရပါသည်။

UNHCR တာဝန်ရှိသူ ဘရာရမ်မှ ဒုက္ခသည်များ၏ ကိုယ်စားလှယ်တဦးစီကို ခေါ်ယူဆွေးနွေးနေသော်လည်း တိကျသည့် အဖြေတခုမျှ မရရှိသေးကြောင်း သိရှိရပါသည်။

နို့ဖိုးဒုက္ခသည်စခန်းမ၏ ထိုင်းနိုင်ငံသား လုံခြုံရေးအရာရှိမှ UNHCR နှင့် ဆန္ဒပြသူများကြားတွင် ညှိနှိုင်းဖြေရှင်းပေးလျှက် ရှိနေကြောင်းနှင့် အဆိုပါ မြန်မာဒုက္ခသည်များ ဆန္ဒပြမှုနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းနိုင်သော ဖုန်းနံပတ်များမှာ ၀၅၅၅၇၇၃၈၆၊ ၀၅၅၅၇၇၃၈၉ နှင့် ၀၅၅၅၇၇၃၂၆ ဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ဒုက္ခသည်စခန်းအတွင်းမှ ဆိုင်ဖုန်းဖြစ်ပြီး ကိုလှအေးနှင့် အခြားသက်ဆိုင်ရာ ဆန္ဒပြမှုတွင်ပါဝင်သူတဦးဦးကို ခေါ်ပေးပါရန် ပြောကြားနိုင်ကြောင်း ဖေါ်ပြထားပါသည်။

ယခုထပ်မံသိရှိရသော သတင်းအရ အဆိုပါဖုန်းများကို အဆက်အသွယ်ဖြတ်ထားကြောင်း သိရှိရပါသည်။

ပေးပို့လာသော မမြတ်လေးငုံအားကျေးဇူးတင်ရှိပါသည်။

0 နအဖရောင်းစားလို့  တိုင်းပြည်သယံဇာတပစ္စည်းတွေ ကုန်ပါပြီ။ မြန်မာ့ကျောက်စိမ်းတုံးကြီး ဗီယက်နမ်က ဘုရားဆင်းတုတော် ထုလုပ်မယ်တဲ့။



ပေးပို့သော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်။

Tuesday, January 19, 2010

0 နှစ်ခါသုံးခါ အလိမ်ခံရမှတော့ ကိုယ့်အပြစ်ပေါ့

ပီရူးနိုင်ငံ သမ္မတဟောင်း ဂျပန်နွယ်ဖွား ဖူဂျီမိုရီကို ပီရူးနိုင်ငံ တရားရုံးက သူသမ္မတအနေနဲ့ အုပ်ချုပ်တုံးက တိုင်း ပြည်အတွင်း လူ့အခွင့်အရေးကစလို့ ချိုးဖောက်ခဲ့တဲ့ ပြစ်မှုပေါင်း များစွာအတွက် ထောင်ဒဏ် ၂၅နှစ်ကျခံဖို့ တလောလေးက ဆုံးဖြတ်စီရင်ချက် ချခဲ့သည်။

ပီရူးနိုင်ငံမှာ ဖူဂျီမိုရီ သမ္မတလုပ်ခဲ့တုံးက တိုင်းပြည်အတွက် တိုးတက်ရာ တိုးတက်ကြောင်း မယ်မယ်ရရ မလုပ် ခဲ့ဘူးဟု ဆိုကြသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများကလည်း အပုံအပင်။ ကိုယ်ကျိုးအတွက် အိတ်ထဲ ထည့်ခဲ့သည့် ပိုက်ဆံများ ကလည်း မနည်းဟု ဆိုကြသည်။ အာဏာရှင်လို အုပ်ချုပ်သူတွေဟာ တဦးနဲ့တဦး သိပ်မကွာလှပါ။ ကိုယ့်အာဏာ အတွက်ကလွဲ၍ ဘာကိုမျှ ဂရုစိုက်သူ တွေလည်း မဟုတ်ပါ။

ဖူဂျီမိုရီနှင့် ပတ်သက်၍ ကျနော့်တွင် မှတ်မှတ်ရရ သတင်းတခု ကြားခဲ့ဖတ်ခဲ့ ဖူးသည်။ နှစ်အတိအကျတော့ မမှတ်မိတော့။ လွန်ခဲ့သည့် ဆယ်နှစ်ကျော် ဆယ့်ငါးနှစ်ခန့်က ဖြစ်မည်ဟု ထင်သည်။ ထိုသတင်း အချက် အလက်ကတော့ ပီရူးနိုင်ငံတွင် တစတစ ပြန့်ပွား လာနေသော အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နှင့် ပတ်သက်၍ဖြစ်သည်။ အထူးသဖြင့် ပီရူးကျေးလက် ဒေသများတွင် ဆင်းရဲသားများ ထိုရောဂါအတွက် ဆေးဝါးမကုသနိုင်ကြသောကြောင့် အများအပြား သေဆုံးနေခဲ့ကြသည်။ ဒေသခံအန်ဂျီအို အဖွဲ့အစည်းများက ဖူဂျီမိုရီ အစိုးရကို အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ခံစားနေရသော နိုင်ငံအတွင်းမှ ဆင်းရဲသားများအတွက် အကူအညီပေးရန် ဘက်ပေါင်းစုံမှ ဖိအားပေး တိုက်တွန်းခဲ့ကြသည်။

ထိုအချိန်ကာလမျိုးတွင် သမ္မတလုပ်သူ ဖူဂျီမိုရီက ဘာထလုပ်သည် ထင်သနည်း။ နိုင်ငံတော် ကာကွယ်ရေး အတွက်ဟု ဆိုကာ နိုင်ငံခြားမှ တိုက်လေယာဉ်အသစ် ဆယ်စင်း ဝယ်ယူလိုက်ခြင်းဖြစ်သည်။ ထိုတိုက် လေယဉ်များ ဝယ်ဖို့အတွက် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ သုံးစွဲခဲ့သည်။ အိတ်ခ်ျအိုင်ဗွီ သယ်ဆောင်နေသူ၊ အေအိုင်ဒီအက်စ် ခံစားနေရသူ ဆင်းရဲသားများအတွက် ဖူဂျီမိုရီ ပေးလိုက်သော အဖြေပင်ဖြစ်တော့သည်။ ထိုငွေများသည် ကမ္ဘာ့ဘဏ်နှင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံအချို့မှ ပီရူးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီထားသော ငွေများဖြစ်သည်။ တိုက်လေယာဉ်ဝယ်ဖို့ ကူညီသော ငွေများမဟုတ်ပါ။ လက်ထဲငွေ ရောက်လာသောအခါ အာဏာရှင်တို့သည် သူတို့လုပ်ချင်တာကိုသာ လုပ်လေ့ရှိသည်။

အဖြစ်ကတော့ ဆင်ဆင်တူသည်။ မြန်မာပြည်တွင် ဒီနှစ် ၂ဝ၁ဝ အတွင်း ရွေးကောက်ပွဲအသစ် ပြုလုပ်ပေးမည်ဟု စစ်အစိုးရက ထပ်မံ အတည်ပြု ပြောကြားခဲ့သည်။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဘာညာတွေကလည်း ပါလိုက် သေးသည်။ တချိန်တည်းမှာလည်း မြန်မာနိုင်ငံက ရုရှားအစိုးရထံမှ တိုက်လေယာဉ်များ ဝယ်ယူရန် သဘောတူ စာချုပ်လိုက်သည်ဟု မကြာမီရက်ပိုင်းအတွင်းက ကြားရသည်။ မြန်မာပြည်တွင် တိုက်လေယာဉ်က ပြည်သူ ပြည်သား များထက် အရေးကြီးနေပုံရသည်။ မြန်မာ ပြည်တွင်လည်း ပီရူးနိုင်ငံမှာ ကြုံခဲ့သလို အိတ်ခ်ျ အိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါနှင့် တိုင်းသူပြည်သားများ ရင်ဆိုင်နေရသည်မှာ ဆယ်စုနှစ် တခုမကတော့။ နောက်တချက်ကလည်း လတ်တလော အဖြစ်အပျက်ကို ပြန်ကြည့်ပါက ၂ဝဝ၈ ခုနှစ်အတွင်း နာဂစ် မုန်တိုင်း ဒဏ်ကြောင့် လူတသိန်းကျော် သေဆုံးခဲ့ကာ ရှိသမျှပိုင်ဆိုင်သမျှ ပစ္စည်းများ ဆုံရှုံးခဲ့ရသော လယ်သမားများ မြစ်ဝကျွန်းပေါ်တွင် သန်းနှင့်ချီ၍ ရှိနေသည်။ သူတို့အတွက် စစ်အစိုးရက လောက်လောက် လားလား ကူညီခဲ့ ပါသလား။ မေးရမည့် မေးခွန်းဖြစ်သည်။ သို့မဟုတ်ပါကလည်း နိုင်ငံရပ်ခြား အစိုးရများနှင့် အဖွဲ့ အစည်း များက ကူညီပါမည်ဟု ပြောလာသည်ကို လွတ်လွတ်လပ်လပ် ကူညီခွင့် ပေးခဲ့ပါသလား။ စစ်အစိုးရ၏ လက်ကတုံး တောင်ဝှေး သဖွယ် ဖြစ်နေသော လူမှုအခြေပြု အဖွဲ့အစည်းအတုများ မြစ်ဝကျွန်းပေါ်တွင် လမ်းသလား နေကြသည်ကိုတော့ မြင်နေရ ကြားနေရသည်။

များမကြာမီကလည်း ရန်ကုန်တွင် အသေးစား ပြိုင်ကားကွင်းဖွင့်ပွဲ လုပ်သည်တဲ့။ ပြိုင်ကားမောင်းနေရအောင် မြန်မာပြည် ၏ ဓနက အဲသလောက် ပိုလျှံနေလို့လားဟု မေးစရာဖြစ်လာသည်။ ဂေါက်သီးကွင်းသစ်များ ဖွင့်လှစ်၍ ဂေါက်သီး ရိုက်နေသည်ပင် လွန်လှပြီ ဖြစ်သည်။ အခုတော့ ပြိုင်ကားမောင်း ကားကွင်းတဲ့။ ဗိုလ်ချုပ်မှူးကြီး၏မြေး ပြိုင်ကားရောဂါ အရူးထရာမှ ဖြစ်လာခဲ့သည့် စနက်ဟု ဆိုနိုင်သည်။ မြန်မာပြည်က စစ်ဗိုလ်ချုပ်များသည် အာဏာမက်ခြင်းနှင့် မိုက်မဲခြင်းတို့တွင် သူမတူအောင် ထူးချွန်သူများ ဖြစ်သည်။ နေရာတကာတွင်လည်း ဝင်ပါသည်။ ကြည့်ပါလား မြန်မာ့တူရိယာများနှင့် အနောက်တိုင်းတူရိယာများ တွဲဖက်တီးမှုတ်ခြင်း မပြုရဆိုပြီး အမိန့် ထုတ်လိုက်သေးသည်။ အနုပညာကိစ္စကို အနုပညာသည်များသာ လွတ်လွတ် လပ်လပ် ဖန်တီးသီကုံးဖို့လိုသည်။ အနုပညာနှင့် သင်းတို့ ဘာဆိုင်သနည်း။

ငွေအကုန့်တကာ အကုန်ဆုံး ကိစ္စကြီးပြန်ကြည့်မည် ဆိုပါက နေပြည်တော်သစ်ကြီး တည်ဆောက်ခဲ့ခြင်းနှင့် ကာကွယ်ရေးအတွက် မြေအောက်လှိုဏ်ခေါင်းများ တူးဖော် ဆောက်လုပ်နေခြင်းတို့ ဖြစ်သည်။ မြန်မာပြည်သားများ အတွက် မြို့တော်နောက်ထပ် အသစ်တခု မလိုပါ။ အမှောင်ထဲတွင် ဆင်းနေစရာ မလိုသည့်အတွက် လှိုင်ခေါင်းများ ဥမင်များလည်း မလိုပါ။ နိုင်ငံသားတို့ အတွက်အလွန် လိုအပ်နေသည် များကတော့ ကျန်းမာရေး၊ ပညာရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့အတွက် အကူအညီများသာ ဖြစ်သည်။ ထိုကဏ္ဍများအတွက် ငွေကိုမသုံးဘဲ တလွဲတွင် ဆံပင်ကောင်း နေကြသည်။

ဗိုလ်ချုပ်များ ရောဂါအထဆုံး ကိစ္စကတော့ ညူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး ဖြစ်သည်။ မြန်မာပြည်တွင် ညူကလီးယား စွမ်းအင်သုံးဖို့ အရေးတကြီး လိုနေသလားဟု စောကြောစရာ ရှိလာသည်။ မြန်မာပြည်က ထွက်ရှိနေသော သဘာဝ ဓာတ်ငွေ့သည် တကယ်တန်းဆိုပါက ပြည်တွင်း၌ စွမ်းအင်အဖြစ် ပြည်သူများ သုံးစွဲရန် လက်ဦးဆုံး အရေးကြီး သည်။ ပိုလျှံသည်ကို နိုင်ငံခြား ထုတ်ရောင်းတာ မပြောလို။ နောက်ထပ်လည်း ကမ်းလွန် ပင်လယ်ပြင်မှ သဘာဝ ဓာတ်ငွေ့ များ ထပ်မံထွက်ရှိဦးမည်။ စွမ်းအင်အတွက် မြန်မာပြည်သားတို့ ပူစရာ မလိုပါ။ သို့သော် မိမိတိုင်းပြည်မှ သဘာဝ အရင်း အမြစ်ကို နိုင်ငံသားတို့ သုံးစွဲခွင့် မရသည်မှာ အတော် ရင်နာဖို့ကောင်းသည်။

ညူကလီးယား ရောဂါအရူးထသောကြောင့် စစ်ဗိုလ်အများအပြားကို ရုရှားသို့ ပညာသင်လွှတ်သည်။ ငွေအမြောက်အများ သုံးစွဲရသည်။ ညူကလီးယား ဓာတ်ပေါင်းဖိုအတွက် စတင်ပြင်ဆင်နေသည် ဟုလည်း ကြားရသည်။ ထိုစရိတ်များက တပြားနှစ်ပြားနှင့် လုပ်လို့ရသည့် အမျိုးမဟုတ်။ ဒေါ်လာသန်းပေါင်းရာနှင့် ထောင်နှင့်ချီ၍ သုံးစွဲရမည့် ကိစ္စမျိုးဖြစ်သည်။ သို့သော် တချိန်တည်းမှာလည်း ပြည်သူများကတော့ ပါးစပ်ဟောင်းလောင်းနှင့် ငတ်၍နေကြသည်။ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခြင်းကို ဗိုလ်ချုပ်များ ဘယ်လိုနားလည် နေသလဲမသိ။

မြောက်ကိုရီးယားကို ကြည့်၍ မြင်နိုင်သည်။ မြောက်ကိုရီးယားသည် အနုမြူထိပ်ဖူးတပ် ဒုံးပျံများ ပစ်လွှတ် နိုင် သည့် အဆင့်တွင် ရောက်နေပြီဖြစ်သည်။ ဒီမိုကရေစီနှင့် လွတ်လပ်မှုဆိုသည်မှာ ရေပြင်တွင် အရုပ်ရေး သည့်နှယ်။ ထားတော့။ သို့သော် ထိုအစိုးရသည် သူ့နိုင်ငံသားများ၏ ကျန်းမာရေးနှင့် စားဝတ်နေရေးကို ပြေလည်အောင် မဖြေရှင်းနိုင်သေး။ ကလေးငယ်အများစု ပါဝင်သော အငတ်ဘေးနှင့် သေဆုံးခဲ့သူ မြောက်ကိုရီးယားနိုင်ငံသားများ သန်းနှင့်ချီ၍ ရှိခဲ့သည်ကို ကျနော်တို့ မမေ့သင့်။ ရိုးရိုးနှင့် လွယ်လွယ်ပြောရပါက အနုမြူထိပ်ဖူးတပ် ဒုံးကျည်သည် ကိုက်စား၍မရပါ။ အနုမြူ ထိပ်ဖူးတပ် ဒုံးကျည်အလုံးတထောင် ပိုင်ပြီး တိုင်းသူပြည်သားများက ငတ်နေသည် မွဲနေသည် ပညာမတတ်၊ နိုင်ငံတကာ အလယ်တွင်လည်း မဝင်ဆန့်ဟု ဆိုပါက ရေရှည်တွင် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ သယ်ဆောင်လာမည် ဖြစ်သည်။

တဖက်တွင်လည်း စစ်အစိုးရကို ဖားနေသူများက ပြောနေတာတွေ ကြားနေရသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးလို့ အချိန်အခါ တခုကို ရောက်သည်နှင့် တိုင်းပြည်ကို ဗိုလ်ချုပ်များ လက်ထဲမှနေ၍ တစတစနှင့် ပြုပြင်ယူသွား မည်ဟု ဆိုနေကြသည်။ ပြောသည့်အတိုင်း ဖြစ်ပါက ပန်းကုံးစွပ်ကာ ချီးကျူးပါမည်။ သို့သော် စစ်တပ်အသာစီး ယူထားသော အစိုးရတခုအောက်တွင် လူ့အဖွဲ့အစည်း တခုသည် ဘယ်လောက် ဖွံ့ဖြိုးတိုးတက်နိုင်သနည်း။ ဤမေးခွန်းကိုတော့ ထိုသူများ ဖြေဖို့လိုသည်။ နောက်နောင်မှ ကျနော်တို့လည်း အတွက်မှားသွားတယ်ဗျာ ဒီဗိုလ်ချုပ်တွေကို ကျနော်တို့ နားချလို့ရလိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒီလောက်ခေါင်းမာ လိမ့်မယ်လို့ အစက မထင် ခဲ့ဘူးဟု တောင်းပန်သော်လည်း တကယ်တန်း နစ်နာရမည့် သူများကတော့ အများစုသော နိုင်ငံသားများသာ ဖြစ်သည်ကို မမေ့သင့်။ တံတားအောက်က စီးသွားသော ရေများသည့် တံတားအောက်ကို ပြန်လာလေ့ မရှိတာကို သတိချပ်သင့်သည်။

ပြန်ကောက်ရမည် ဆိုပါက ဖူဂျီမိုရီသည် ရွေးကောက်ပွဲနှင့် တက်လာခဲ့သော ပီရူးနိုင်ငံ၏ သမ္မတ ဖြစ်သည်။ စစ်ဗိုလ်ချုပ် ဖြစ်ခဲ့ဘူးသူ မဟုတ်။ သို့သော် သူသည်လည်း အာဏာရှင် ဖြစ်ခဲ့ဖူးသည်။ လုပ်ချင်တာတွေ လုပ်ခဲ့သည်။ တိုင်းသူပြည်သား မျက်နှာကို မထောက်ထားခဲ့။ ရွေးကောက်ပွဲနှင့် တက်လာတိုင်း ဒီမိုကရေစီနှင့် လွတ်လပ်ခြင်းကို မြတ်နိုးသော ခေါင်းဆောင်ဟု ကောက်ချက်ချ၍မရ။ ရွေးကောက်ပွဲဘန်းပြ၍ တက်လာသူ သည် တိုင်းသူပြည်သားတို့ အကျိုးကို ဆောင်လိမ့်မည်ဟု ရူးရူးမိုက်မိုက် မတွက်ချက်သင့်။

မြန်မာ၏ နိုင်ငံရေးအဆင်က ပီရူးထက် ပိုဆိုးဖို့ ရှိသည်။ ရွေးကောက်ပွဲ ရှိမည်ဟု ဆိုသော်လည်း စစ်ဗိုလ်များက အော်တိုမက်တစ် ၂၅% ပါလီမန်မှာ နေရာယူမည်။ အခြေခံဥပဒေသစ်ကလည်း စစ်ဗိုလ်များအတွက်သာ ဖေးမပေး ထားသည့် ဥပဒေဖြစ်သည်။ နိုင်ငံတော်ဟာ ချောက်ထဲကြတော့မဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်က ရှု့မြင်ရင် လက်ရှိအစိုးရ လက်ထဲကနေ နိုင်ငံတော် အာဏာကို သိမ်းလို့ရတယ်လို့ ဆိုထားမှတော့ သူတို့ဖို့ ချည်းပဲပေါ့။

နိဂုံးချုပ်ရပါက ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်၍ အစိုးရသစ် ပါလီမန်သစ်များက ရှိလာသည့်တိုင် အခွင့် အရေး မှန်သမျှကို စစ်တပ်နှင့် သူတို့နောက်မြှီးဆွဲများက ဖားလာသိမ်း ငါးလာသိမ်း အကုန်သူတို့ အိတ်ထဲ ထည့်နေသမျှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည် မဟုတ် (သို့မဟုတ်) လုပ်လိမ့်မည် မဟုတ်ဟု တင်ပြလိုရင်းသာ ဖြစ်သည်။

သက်ဆိုင်သူအားလုံးကို ခဏခဏ အလိမ်မခံကြရပါစေနဲ့လို့ သတိပေးလိုက် ရပေတော့သည်။

ဇော်မင်း (လူ့ဘောင်သစ်)

Monday, January 18, 2010

0 လက်ရှိဖြစ်ပေါ်နေသော လူငယ်နှင့်အလောင်းကစား။


ကျွန်တော်တို့နိုင်ငံကို မဖွင့်ဖြိုးသေးသောနိုင်ငံဟု အများနှင့်ကမ္ဘာကသတ်မှတ်ထားပါသည်။ မှန်ပါသလားဟု မေးလျှင်မမှားပါ ဆိုရာတွင်မှားနေပါသည်။ အဘယ်ကြောင့်ဆိုပါမူမြန်မာနိုင်ငံမှလူငယ်အများစုသည်တစ်လုံး၊ နှစ်လုံး၊ သုံးလုံး ကြားတွင်နစ်မျောနေကြပါသည်။ဘာကြောင့်များပါလဲ ဆိုလျှင် အလုပ်အကိုင်မရှိသူများနေသောကြောင့်လားဆိုလျှင် မဟုတ်ပါဟုမဆိုလိုပါ မှန်သလောက်မှန်ပါသည်။ သို့ရာတွင် လမ်းများ၊ ရပ်ကွက်များအတွင်း အမိန့်ရသလို ပေါ်တင်လုပ်ကိုင်နေကြပါသည် ။ သူတို့တင်မဟုတ် ရဲများပင်ပါဝင်နေကြသေးသည်။

ရဲများက သူတို့နားတွင်ထိုင်ကာ ဘီယာဘူးလေးများနှင့် အေးအေးလူလူ အပန်းဖြေနေကြသလိုပင် ဖြစ်နေတော့သည်။ု သူတို့ကထို အချိန်များတွင် ဘောလုံးစာရွက်ဝေပေးသူလူငယ်များကိုအကာအကွယ် ပင်ပေးနေပါသည်။ ဒါကမဆန်း တိုင်းမှူးဦးအောင်သိန်းလင်းတောင်လမ်းဖွင့်ပွဲလာ၇ာတွင် ခြောက်ကောင်(ကြွေ)ကစားနေတာမြင်တာတောင် ဘာလုပ်နေတာလဲဟု မသိဟန်ဆောင်ကာ မေးသွားသေးသည့် ဥပမာကရှိနေသေးသည်၊

မည်သို့ပင်ဆိုစေ ထိုသူတို့ကိုဘယ်လိုများအရေးယူပေးနိုင်ကြမည်နည်း။ မြန်မာနိုင်ငံ့အရေးကိုတွေးရင်လေးစရာမဟုတ်ပါလား ..ဒီလိုအစိုးရနှင့်ဒီလိုလူငယ်တွေက ဒီနိုင်ငံကိုမည်သို့များဦးဆောင်လမ်းပြကြမည်လဲ။ အလောင်းကစားတခုတည်းလားဆိုမဟုတ်ပြန်ပါ။

လူငယ်တယောက်မူးပြီးလမ်းပေါ်တွင်အိပ်နေလျှင်မည်သည့်အတွက်ကြောင့်မှအထိန်းအသိမ်းမခံရပါ။ သို့ရာတွင် သပ်သပ်ရပ်ရပ်နှင့်နေပြီး အိမ်ပြန်နောက်ကျပြီး ယောင်ကာလမ်းဘေးအပေါ့မသွားလေနှင့် မှောင်ရိပ်ခိုမှု ဖြင့် ကျိန်းသေနေပါသည်။

ဘောလုံးပွဲတွေ ကလည်းကောင်းကြေးတွေကလည်းကောင်း ရဲတွေလည်းကောင်းပေါ့ဗျာနော်..ဒီလိုအခြေအနေက ဘယ်မှာလဲ ...မြန်မာနိုင်ငံ ကဘယ်နေရာမဆိုပေါ့နော် ..အထူးအားဖြင့် နာမည်ကြီးတွေနော် ..ဗဟန်း၊ တာမွေ၊ ရန်ကင်းပေါ့ဗျာ။ ဘောလုံးပွဲလာသည့်နေ့ဆို ENGLAND တောင်မှီမယ်မထင်ပါ ..လုံးဝ Casino town နော်။ မယုံရင်လာကြည့်ကြပေါ့ဗျာ။ ဖိတ်ခေါ်တယ်နော်။ လူငယ်တော်တော်များများ လည်းမိဘဆီကမုန့်ဘိုးမတောင်းတော့ ၀င်ရောက်ကူညီပေးလျှင်2000လား 3000လား တည တည်းနော်။ ဒီတော့ သူတို့လေးတွေအတွက်ကကောင်းတာပေါ့နော်။ အကောင်းဆုံးက မြန်မာစစ်အစိုးရအနေနှင့် သူတို့ကိုတရားဝင်သတ်မှတ်ပေး လိုက်ပါလို့သာဆိုပါရစေတော့။

ပြည်တွင်းမှပေးပို့လာသောမိတ်ဆွေအားကျေးဇူးတင်ရှိပါသည်။

Sunday, January 17, 2010

0 ( ညီညွတ်သော ၂၀၁၀ခုနှစ် ) ဖြစ်ရလိုပါ၏.......

0 ဂျပန်နိုင်ငံတွင်ပြုလုပ်သော လူထုဦးလှ နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်


ပေးပို့သော မိုးသောက်ကြယ်စာကြည့်တိုက်(ဂျပန်)မှ အဖွဲ့သားများအားကျေးဇူးတင်ရှိပါသည်။

0 နိုင်ငံခြားသားများ မဲပေးခွင့်ရရှိရန် အစိုးရမှ လွှတ်တော်သို့ ဥပဒေတင်ပြမည်


ဝန်ကြီးချုပ် ယူဇီအို ဟာတိုယာမ၏ ဝန်ကြီးအဖွဲ့က ဂျပန်တွင်အမြဲနေနိုင်ငံခြားသားများ မဲပေးခွင့်ရရှိရေးအတွက် ဥပဒေ တစ်ရပ်ကို လာမည့်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် တင်ပြသွားမည်ဟု အစိုးရ၏ ဥပဒေပြုအဖွဲ့က အင်္ဂါနေ့က ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အစိုးရအတွင်း အပြင်းအထန်ကန့်ကွက်မှုများ ရှိနေသော်လည်း ဟာတိုယာမနှင့် DPJ ခေါင်းဆောင်များက ထောက်ခံကြသည်။ “ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အစိုးရအတွင်း နားလည်မှုရယူနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အစိုးရအတွင်းမှာလည်း စဉ်းစားနေကြပါတယ်။ ဒီနှစ်ဟာ ဂျပန်က ကိုးရီးယားကို ကျူးကျော်ခဲ့တဲ့ နှစ်တစ်ရာပြည့် နှစ်ဖြစ်နေသောကြောင့် စဉ်းစားစရာတွေ အများအပြားရှိနေပါတယ်။” ဟု၍ ဝန်ကြီးချုပ်က သတင်းအထောက်များသို့ ပြောကြားခဲ့သည်။

ဝန်ကြီးရုံးအတွင်းရေးမှုးချုပ် ဟီရိုဖူဖီ ဟီရာနိုကလည်း တနင်္လာနေ့တွင် စတင်မည့် ရက်1500 စည်းဝေးပွဲအတွင်း တင်ပြမည့် ဥပဒေများထဲတွင် ဤဥပဒေလည်းအပါအဝင်ဖြစ်သင့်ကြောင်း ပြာကြားသည်။ မည်သည့်နိုင်ငံခြားသားသာ မဲပေးခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း မေးမြန်းရာ အစိုးရထိပ်တန်းပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်တစ်ဦးက သတင်းစာရှင်းလင်းပွဲတစ်ရပ် တွင် “ ဒါအန်မတန် အရေးတကြီးထားရှိရမယ့် အချက်ပါပဲ။ အဲဒီလိုအချက်အလက်တွေ ပါဝင်တဲ့ ဥပဒေတစ်ရပ်ဖြစ်ဖို့ ကျွန်တော်တို့ စဉ်းစားနေကြပါတယ်။” ဟူ၍ ပြောဆိုခဲ့သည်။ ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ရပ်တည်မှုနှင့်အညီ နိုင်ငံခြားသားများကို ဆန္ဒမဲပေးပိုင်ခွင့် အပ်နှင်းရာတွင် ထွက်ပေါ်လာမည့်အသေးစိတ် အချက်အလက်များကိုလည်း အစိုးရအနေနှင့် အသေအချာ ထည့်သွင်းစဉ်းစားသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အခြေခံဥပဒေ အပိုဒ် ၁၅ တွင် “ လူထုခေါင်းဆောင်များကို ရွေးချယ် ထုတ်ပယ်နိုင်သော၊ လွှဲပြောင်းမရနိုင်သော အခွင့်အရေး လူထုတွင် ရှိရမည်။” ဟူ၍ပြဋ္ဌာန်းထားသည်။

ဂျပန်နှင့်သံတမန် ဆက်ဆံရေးမရှိသော မြောက်ကိုရီးယား နိုင်ငံသားခံယူသားသူများကို ဂျပန်၌ အမြဲနေဖြစ်သော်လည်း ဆန္ဒမဲပေးပိုင်ခွင့် မပေးသင့်ကြောင်း အချို့ကဆိုကြသည်။ DPJ၏ ညွန်ပေါင်းပါတီ နှစ်ခုအနက် တစ်ခုဖြစ်သော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကမူ ဤဥပဒေ ပြဋ္ဌာန်းရေးအတွက် အားတက်သရော ထောက်ခံပြီး လူထုပါတီသစ် (People‘s New Party) ၏ခေါင်းဆောင် ဘဏ္ဍာရေး ဝန်ဆောင်မှုဝန်ကြီး ရှီဆူကာ ခါမဲအီ ကလည်း ထောက်ခံသည်။ ဥပဒေတွင် ဂျပန်ရှိအမြဲနေနိုင်ငံခြားသားများဝင်ရောက်ရွေးကောက်နိုင်ခွင့် ပါရှိမည်မဟုတ်ပေ။ ဥပဒေရေးဆွဲမှုအတွက် စဉ်းစားရန် ဟီရာနို က ပြည်ထဲရေးဝန်ကြီး ခါဇူဟီရို ဟာရာဂူချီ ကိုညွှန်ကြားထားကြောင်း အစိုးရ ဥပဒေပြု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဝန်ကြီးများရုံးတွင် တနင်္လာနေ့က ကျင်းပခဲ့သော ဝန်ကြီးချုပ် ဟာတိုယာမနှင့် အစည်းအဝေးတွင် DPJ ၏အထွေထွေ အတွင်းရေးမှူး အီချီရို အိုဇဝါက တောင်ကိုးရီးယားနှင့် ဆက်ဆံရေး အရေးကြီးမှု ရှုထောင့်မှ ကြည့်ရူ၍ ဥပဒေပြု အဖွဲ့မှ တင်သွင်းသည်ထက် အစိုးရမှ ဥပဒေကိုတင်သွင်းရန် တိုက်တွန်းခဲ့သည်။ DPJ ၏လွှ့တ်တော်ရေးရာ ဦးဆောင်တာဝန်ခံ ခန်းဂျီယာမာအိုကာ ကလည်း လာမည့်အစည်းအဝေးတွင် အတည်ပြုနိုင်ရန် မျှော်လင့်ချက်ရှိသည်။

အိုဇာဝါ၏ ပါတီအတွင်း သြဇာသက်ရောက်မှုကြောင့် DPJ အတွင်း အချို့သော ကန့်ကွက်မှုများမှာလည်း အာပျော့သွား ဖွယ်ရှိသည်။ ထိုအချိန်တွင် အဓိကအတိုက်အခံပါတီ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) ၏ အထွေထွေအတွင်းရေးမှူး တာဒါမိုရီ အိုရှီမာက သတိထားစောင့်ကြည့်လျှက်ရှိသည်။

“ဒေသအလိုက် စည်းဝေးပွဲတွေကနေ ကန့်ကွတ်တဲ့ အဆိုတွေထွက်ပေါ်လာပြီး အဆိုပြုချက်တိုင်းကို အလေးထားပြီး ကျွန်တော်တို့ ဆွေးနွေး အဖြေရှာကြရပါမယ်” ဟူ၍ ၎င်းကသတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောဆိုသည်။ LDP ဥက္ကဌ ဆာဒါခါကူ တနီဂါကီ က ဥပဒေနှင့် ပတ်သက်၍ မူဝါဒချမှတ်နိုင်ရန် ပါတီ၏ သဘောထားများ ကောက်ခံရန် မူဝါဒရေးရာ ဦးဆောင် ရှီဂဲရူ အီရှီသား ကို တာဝန်ပေးခဲ့သည်။ ကိုရီးယား အနွယ်ဝင်စသည့် အမြဲနေနိုင်ငံခြားသားများကို ဆန္ဒမဲပေးခွင့် မပေးထားချေ။ ယင်းနိုင်ငံခြားသားများသည် နိုင်ငံသာများကဲ့သို့ပင် အခွန်ပေးဆောင်ရသောကြောင့် ၎င်းတို့၏ အခြေခံရပိုင် ခွင့်များကို တောင်းဆိုလျှက်ရှိသည်။ လွန်ခဲ့သော လက တောင်ကိုရီးယား၌ ဆွေးနွေးပွဲတစ်ရပ်တွင် ပြောကြားခဲ့ရာမှာ အိုဇာဂါက ပုံမှန်အစည်းအဝေးပွဲ အပြီးတွင် ဥပဒေအတည်ပြု ပြီးစီးမှုကို ၎င်းက မြင်တွေ့လိုကြောင်း ဂျပန်အနေဖြင့် ၎င်းကိစ္စကို ရှေ့သို့မြှော်မြင်၍ လုပ်ဆောင်ရမည် ဖြစ်ကြောင်းဆို၏။

ဂျပန်နိုင်ငံတွင် အမြဲနေနိုင်ငံခြားသားများတွင် ကိုးရီးယားအနွယ်ဝင် များမှာ အများစုဖြစ်၏။ ဂျပန်က ကိုလိုနီ ပြုထားသော အချိန်မှစ၍ ဂျပန်တွင်နေထိုင်လာခဲ့သော ကိုရီးယား ကျွန်းဆွယ်နှင့် ထိုင်ဝမ်မှ လူများကို ဂျပန်အစိုးရက အထူးနေထိုင်ခွင့်ပေးထားသည်။ 1910 တွင် ကိုရီးယား ကျွန်းဆွှယ်ကို ဂျပန် သိမ်းပိုက်ခဲ့သဖြင့် ယခုနှစ်သည် နှစ်တစ်ရာပြည့် ဖြစ်၏ ဤကျူးကျော်မှုသည် 1945 ဒုတိယကမ္ဘာစစ် ပြီးဆုံးအချိန်တွင် အဆုံးသတ်ခဲ့သည်။ (၀မ်းအိုဝမ်း)

0 ငါ့နိုင်ငံမှာဘယ်တုန်းက တရားမျှတဖူးလို့လဲ....


ကာတွန်း စောငို (မိုးမခ၀က်ဘ်ဆိုက်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.