Saturday, December 22, 2012

0 နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း( KaungMyatOo)



Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို  US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို

2 မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးထက် စစ်ပွဲက လှိုင်

စာရေးသူ ဘာတေးလင့်တနာ(Bertil Lintner)၏ More war than peace in Myanmarကို ဘာသာပြန်ဆိုသည်။

သေနတ်တင် ရဟတ်ယာဉ်များ က စစ်မြေပြင်ထက် ဝေဟင်တစ်ခွင် ပျံဝဲနေကြသည်။ ဒုက္ခသည်နှင့် နေရပ် စွန့်ခွာ ထွက်ပြေးနေရသူ (အိုင်ဒီပီ) ၁၀ဝဝ၀ဝ ခန့်အဖို့ ညနက်တွင် ထိုးဖောက် မြည်ဟိန်းလာသော ဗုံးသံ၊ အမြောက်သံ များကိုသာ အဆက်မပြတ် ကြားနေရသည်။ စစ် ဆေးရုံများမှာ ဒဏ်ရာရ အစိုးရစစ်သားများဖြင့် တင်းကျမ်း ပြည့်နေသည်။ တံတားများ၊ ဆက်သွယ်ရေး လိုင်းများနှင့် အခြား အခြေခံအရေးကြီး အဆောက်အအုံ များမှာ စစ်၏ အပျက်အစီးများထဲတွင် လဲလျောင်းနေကြ သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် အတွင်းမှ ဤပုံရိပ်များနှင့် အသံများက ပြင်ပကမ္ဘာသို့ ပျံ့လွင့် လာနေသော သမ္မတဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီသို့ ဖြည်းဖြည်းမှန် မှန်ချီတက်ရေးအသွင်အပြင်ကို တစ်စစီ ပျက်ပြားသွားစေခဲ့သည်။

ကချင်လွတ်မြောက်ရေး တပ်မတော်(ကေအိုင်အေ) ဌာနချုပ် တည်ရှိသည့် လိုင်ဇာသို့ သွားရာ တောဖြတ်၊ တောင် ပတ်၊ မြွှေလိမ် မြွေကောက် လမ်းတစ်လျှောက်တွင် စစ်ဘေးရှောင် ဒုက္ခသည် အရပ်သားများမှာ သူပုန် တို့က ပေးသော မဝရေစာ အထောက်အပံ့ ကလေးများနှင့် သူတို့စိုက်ပျိုး၍ ရသမျှ အသီးအနှံကလေးများ အပေါ် မှီခိုအသက် ရှင် နေထိုင်နေကြရသည်။ သူတို့မှာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီ အသိုင်းအဝိုင်း ၏ ဥပေက္ခာပြုမှုကို ခံနေရသည်။ လူသားချင်း စာနာကူညီမှု ဆိုင်ရာ အကျပ်အတည်း ဖြေရှင်းရေးကို သဏ္ဌာန် သဘော၊ ဟန်သဘော သာ လုပ်ဆောင်နေသော

1 စာရေးဆရာချစ်ဦးညို -စာပေဟောပြောပွဲ (ရုပ်/သံ)

ကမာရွက်မြို့နယ် အမှတ်(၃)ရပ်၊ ပညာ့အလင်း စာကြည့်တိုက် စာပေ ဟောပြောပွဲ (၀၉-၁၂-၁၂)

ခေါင်းစဉ်မဲ့ ခေါင်းစဉ်- ဆရာ ချစ်ဦးညို

လက်ပန်းတောင်းတောင်နဲ့ ဦးပိုင်အကြောင်း ဟာသနှောပြီး ပီပီပြင်ပြင် ဟောပြောသွားပါတယ်..

0 သီရိလင်္ကာရှိ သံဃာတော်တပါးရဲ့ နိုင်ငံကူးလတ်မှတ် (Passport)အား မြန်မာသံရုံးရဲ့ မဆင်မခြင်လုပ်ဆောင်မှုကြောင့် ဒုက္ခရောက်ရတဲ့အဖြစ်အပျက်

passport စာအုပ် အသစ်ပြောင်းတဲ့အခါမှာ စာအုပ်ဟောင်းမှာရှိတဲ့ စာမျက်နှာတွေကို cancelled တံဆိပ်တုံး အကုန်ထူလိုက်တယ်။ cancelled တံဆိမ်တုံးထုတဲ့နေရာမှာ ဘီစာ(VISA)ရှိ၊ မရှိ သတိမထားပြီးမှ cancelled တံဆိပ်ထုပါလို့ နိုင်ငံခြားရောက် မြန်မာသံရုံးမှ တာဝန်ရှိသူများကို မေတ္တာရပ်ခံပါတယ်။

သတိမထားပဲ re-entry တံဆပ်ကို cancelled တံဆိပ်ထုလိုက်မိတဲ့အတွက် ဘုန်းဘုန်းမှာ ကျောင်းသားဘီစာ လုံးလုံးပျက်သွားပြီး၊ ထိုင်းနိုင်ငံမှာလဲ နေလို့မရတော့ပါဘူး၊ အမိမြန်မာပြည်ကို အပြီးပိုင် ပြန်ရတော့မည်ဖြစ်သည်။

ဘုန်းဘုန်း ကျောင်းသားဘီစာ(Studient Visa)ပျက်သွားတာ ပြဿနာမရှိပါဘူး၊ တာဝန်ကို အလေးမထားတာသည်သာ ကြီးမားသော ပြဿနာတစ်ရပ်ပင်ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ကျောင်းသားတွေကို ဘုန်းဘုန်းလို cancelled တံဆိပ် မှားမထုမိအောင် သေချာစစ်ဆေးပြီးမှ cancelled တံဆိပ်ထုပါလို့ နိုင်ငံခြားရှိ မြန်မာသံရုံးအားလုံးမှ တာဝန်ရှိသူအားလုံးကို ၀မ်းနည်းစွာဖြင့် မေတ္တာရပ်ခံအပ်ပါသည်။


ဒီမနက်တော့ ထောက်ခံစာလေးတစ်ခုရလာခဲ့ပါတယ်။ ဒါပေမယ့် Re-untery ကို cancelled ထုမိတယ်လို့ ရေးပေးလို့မရဘူး ဘုန်းဘုန်းဆိုပြီး။ အောက်ပါစာအတိုင်း ရေးပေးလိုပါတယ်။ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် ဘုန်းဘုန်းရယ်ဆိုပြီး အားပေးစကားလဲ ပြောပါတယ်။

ပြုံးပန်းမေတ္တာ ဆရာတော်

0 ၈၈မျိုးဆက်ကျောင်းသားများရုံးတွင် ABSDF လူ့ဘောင်သစ် နဲ့ ကိုမင်းကိုယ်နိုင်တို့တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြ

ယနေ့ဒီဇင်ဘာလ၊(၂၁)ရက်နံနက်(၁ဝးဝဝ)နာရီကရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ၈၈မျိုးဆက်ကျောင်းသားများရုံး၌ မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိလာကြသောဥက္ကဋ္ဌကိုသံခဲဦးဆောင်သည့် ABSDF အဖွဲ့နှင့် အထွေထွေအတွင်းရေးမှူးကိုငွေလင်းဦးဆောင်သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များ၊ မင်းကိုနိုင် ဦးဆောင်သော ၈၈မျိုးဆက်ကျောင်းသားများ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် တွေ့ဆုံခဲ့ကြသည့်အဖွဲ့(၃)ဖွဲ့ကိုယ်စား မင်းကိုနိုင်၊ ကိုသံခဲနှင့် ကိုငွေလင်းတို့က ရောက်ရှိနေကြသော သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံရှင်းလင်းရာတွင် --

(၁)အဖွဲ့သုံးဖွဲ့စလုံး၏ ဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်သွားရန်၊
(၂) မတူညီသောဖြတ်သန်းမှုများကို အတွေ့အကြုံချင်းဖလှယ်ကြရန်၊
(၃) နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော ၈၈၈၈ အရေးတော်ပုံအင်အားစုများ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲတစ်ရပ် ကျင်းပရန်၊
(၄) ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပိုမိုကျယ်ပြန့်သောနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတစ်ရပ် ကျင်းပရန် တို့ကို အဓိကရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတကာနှင့်နယ်ပယ်အသီးသီးတွင်ပြန့်ကျဲနေသော၈၈၈၈ အရေးတော်ပုံအင်အားစုများ ၏ နိုင်ငံရေးဆွေးနွေးညှိနှိုင်းပွဲ တစ်ရပ်ကို၂ဝ၁၃ ခုနှစ် ပထမ(၆)လအတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းဖော်ဆောင်သွားမည်ကိုလည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ရှင်းလင်းပွဲနိဂုးံချုပ်အနေဖြင့် မင်းကိုနိုင်က ယခုလိုကျနော်တို့(၃)ဖွဲ့စုစည်းမှုဟာတိုင်းပြည်အတွက်အပေါင်းလက္ခဏာသာဆောင်မှာဖြစ်ကြောင်း(၃)ဖွဲ့စလုံးကိုယ်စား ပြောကြားခဲ့သည်။

88 generation studients
Photo.. Moe htet myint

0 ၁၈ နှစ်မြောက် DKBA တပ်မတော်နေ့မြင်ကွင်းများ(ဓာတ်ပုံ)

၁၈ နှစ်မြောက် DKBA တပ်မတော်နေ့ DKBA ဌာနချုပ်ရှိရာဆုံးပေါင်းမြိုင်း ကွင်းတွင်ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည် ဓာတ်ပုံ..ဇော်သူရ (မဲဆောက်)

ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောလားဖွယ်(ခ) ဗိုလ်နှုတ်ခမ်းမွှေးက ယနေ့နံနက် ဒီကေဘီအေ တပ်မတော်နေ့ အခမ်းအနားတွင် ၄င်းတို့၏ တပ်မတော် ကြီးခေတ်မီ ဖွံဖြိုးတိုးတက်လာရန်အတွက် ကရင်လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိစေရန် အရေးကြီးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

စည်းလုံးညီညွှတ်မှု၏ အင်အားသည် အမျိုးသားထုတစ်ရပ်လုံး စာလောင်မွတ်သိပ်လျက်ရှိသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူခြင်း တို့ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်းနှင့် ၄င်းတို့အနေဖြင့် အစိုးရနှင့် လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေးအပေါ် ယုံကြည်မှုရှိစွာဖြင့် ပြည်သူလိုလားနေသော ငြိမ်းချမ်းရေးပန်းတိုင်ကို လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကရင်တစ်မျိုးသားလုံးစည်းလုံးညီညွှတ်မယ်ဆိုရင် ကရင်အမျိုးသားလုံးအတိုင်းအတာနဲ့ အင်အားရရှိလာမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ ယနေ့လူကြီးလူငယ်တွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေတဲ့ စကားတစ်ရပ် ရှိပါတယ်။အဲဒါကို ကျွန်တော်တို့အားလုံး မှတ်သားတန်ဖိုးထားသင့်ပါတယ်၊ အဲဒါကတော့ စည်းလုံးညီညွှတ်ခြင်းသည် အမှန်အင်အားဘဲဖြစ်ပါတယ်” ဟု စစ်ဦးစီးချုပ်က ပြောကြားသည်။

၎င်းကပင် နိုင်ငံခြားအားအထင်ကြီး၍ သွားရောက်လုပ်ကိုင်နေကြသူများကို “ ကျွန်တော်တို့အားလုံးသိ ထားရမှာက သူ့နိုင်ငံနဲ့ သူ့လူမျိုးအကျိုးကို သူတို့ကိုယ်တိုင်သယ်ပိုးကြိုးစားလုပ်ဆောင်ကြရမှာဖြစ်သ လိုငါတို့တိုင်းပြည် ငါတို့လူမျိုး လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအကျိုးအတွက် ငါတို့အားလုံးအမြဲတမ်း အဆင်သင့်ပြင်ဆင်ပြီး မမေ့မလျော့ဘဲ ယုံကြည်မှုအပြည့်အ၀ နဲ့ တက်ညီလက်ညီရှေ့ဆက်ကြိုးပမ်းဆောင် ရွက်ကြမယ်ဆိုရင် သူတပါးနိုင်ငံကောင်းသလို ငါတို့နိုင်ငံလဲ ဧကန်မလွဲကောင်းလာရမှာပါပဲ၊သူတိုနိုင်ငံကောင်းအောင်သူတို့တည်ဆောက်တဲ့နေရာမှာ အရင်းနှီးဟာ အသက်နဲ့သွေး၊ငါတို့နိုင်ငံကောင်းဖိုဆိုလည်း ရင်းနှီးရမှာ အသက်သွေးပဲ” ဟုထပ်မံပြောကြားခဲ့သည်။

အဆိုပါ ကိစ္စရပ်များနှင့်ဆက်လျဉ်း၍ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတစ်ဦး၏ ၁၈ နှစ်ပြည့် ဒီကေဘီအေနေ့အား ပေးပို့သော သ၀ဏ်လွှာတွင် ၄င်းတို့နှင့် ဒီကေဘီအေသည် တူညီသောရည်မှန်းချက် များဖြစ်သည့်တန်းတူရေး၊လွတ်မြောက်ရေး၊ပါတီစုံဒီမိုကရေစီရေးနှင့်စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုအရေးတို့ကို နှောက်ယှက်နေ သည့်ပြည်သူ့ရန်သူများ အား သမိုင်းပေးတာဝန်အရ ပူးပေါင်းဖြေရှင်းကြရဦးမည် ဟု ပေးပို့ထားကြောင်းသိရသည်။

စူးရှ (မြန်မာခောတ်)

Friday, December 21, 2012

1 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပညာရေးကွန်ရက် (၂)နှစ်ပြည့်ရန်ပုံငွေရှာဖွေပွဲတော်အားရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်မှာ ကျင်းပမည်.

Photo..National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ပညာရေးကွန်ရက် (၂)နှစ်ပြည့်ရန်ပုံငွေရှာဖွေပွဲတော်အဖြစ် ဈေးပွဲတော်နဲ့ ဂီတပွဲတော် တို့ကို ရန်ကုန်မြို့ ပြည့်သူ့ဥယျာဉ်(ပြည်သူ့ယျာဉ်ပြင်)မှာ ၂၇.၁၂.၂၀၁၂(ကြာသပတေးနေ့)နဲ့ ၂၈.၁၂.၂၀၁၂(သောကြာနေ့)တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ညဖက်တွေမှာ ပြုလုပ်မည့် စတိပ်ရှိုးတွေမှာတော့ လက်မှတ်တွေကို ၇၅၀၀ကျပ် တန်းနဲ့ ၁၅၀၀၀ကျပ်တန်းဆိုပြီး ခွဲထားပါတယ်။
၁ရက်စာလက်မှတ် တစ်စောင်တည်းဝယ်ရုံ နဲ့ ၂ရက်စလုံးကြည့်ရှုခွင့်ရမယ်လို့လည်းသိရပါတယ်။
လက်မှတ်တွေကို NLDဗဟိုဌာနချုပ်၊ စိန်ဂေဟာ၊ နဲ့အခြားနေရာတွေမှာ ရောင်းချပေးမယ်လို့ လည်းသိရပါတယ်။
လောလောဆယ်မှာ ပါဝင်သီဆိုပေးမဲ့အဆိုတော်တွေအတော်များနေပေမဲ့
နောက်ထပ်သီဆိုပေးမည့်အဆိုတော်တွေလည်းထပ်တိုးနေတယ်လို့သိရပါတယ်။

**********************************
ဖျော်ဖြေရေး(၂၇.၁၂.၂၀၁၂)
**********************************
(1)Aurora Band
*******************

0 “ ယခင်က အထုတ်ရှုပ် နောင်ဆက်၍မရှုပ်ခင် ခုအရင်ရှင်းနေကြချိန်မှာ”

ကလေးသူငယ်ဆိုသည်မှာ ငိုတတ်သည့်အမျိုးဖြစ်ကြသည် ။ ငိုခြင်းသည် သူတို့၏ ဘာသာစကားပင်ဖြစ်သည်။ ဗိုက်ဆာ၍ ငို သည် ၊ တစ်စုံတစ်ခုသောအရာကိုလိုချင်၍ငိုသည် ၊ ကိုယ်ချစ်သော အမိ၊အဖ ၊ ကိုယ့်ကိုထိမ်းကျောင်းသောသူတို့အနားတွင် မရှိ၍ ငို သည် ၊ အကိုအမ ကြီးသူတို့၏ အနိုင်ကျင့်ခံရ၍ ငိုသည် စသည်ဖြင့် ငိုခြင်းငိုပုံစုံလှသည်။ ထိုသို့ ကလေးငယ်များငိုပြီဆိုလျှင် လူကြီး မိဘများက ချော့မော့၍ အငိုတိတ်အောင်ပြုလုပ်ကြသည် ။ အချို့ကလေးများက ငိုကြောရှည်သည်။ ချော့မရ မော့မရ ငိုချင်းတယော ထိုး တတ်ကြသည်။ ထိုသို့သောကလေးမျိုးအငိုတိတ်စေရန် လူကြီးမိဘများကခြောက်လုံးလှန့်လုံးကလေးများ သုံးတတ်ကြသည်။ “ကြောင်ကြီးကိုက်လိမ့်မယ်” ဟူ၍တစ်မျိုး ၊ “ပသျှူးခေါင်းပြတ်ဖမ်းလိမ့်မယ်” ဟုတစ်ဖုံဟန့်ကြလှန့်ကြသည်။များသောအား ဖြင့် “ ဟဲ့-တိတ်တိတ်နေ ဒေဝေါလာတော့မယ်နော် ၊ ဒေဝေါကိုက်လိမ့်မယ် ၊ ဒေဝေါကြီးရေ လူလေးတိတ်ပါတော့မယ် မကိုက်ပါနဲ့နော်”စသည်ဖြင့် ခြောက်လှန့်ကြသည်။ မြန်မာပြည်အနှံ့အပြားမှ ကလေးငယ်များအကြားတွင် ထိုခြောက်လုံးလှန့်လုံးများနှင့် အငိုတိတ်ခဲ့ကြဘူးသူများ များစွာရှိခဲ့ကြပါသည်။ စာဖတ်သူပရိသတ်လည်း ထိုခြောက်လုံးလှန့်လုံးများတွင် အငိုတိတ်ခဲ့ရသူများ ပါဝင်ပါလိမ့်မည်။ ငိုနေရင်းနှင့်ပင် လူကြီးမိဘတို့ မော်ကြည့်၍ ပြောတတ်သော မိုးကောင်းကင်ဆီသို့ မ၀ံ့မရဲမော်ကြည့်၍ ဘယ်အချိန်တွင်များ ဒေဝေါဆင်းလာပါမလဲ ဟု တွေးခဲ့မိဘူးကြပါလိမ့်မည်။ သို့သော် ကလေးငိုတိုင်းလူကြီးများကခြောက်ကြလှန့်ကြသော်လည်း ထိုသို့ခြောက်လှန့်တိုင်း“ ဒေဝေါ” မလာ ခဲ့ပါ။ မိဘနှင့် သားသမီးကြားတွင် ဒေဝေါ လူကြမ်းမလုပ်ခဲ့သည်က သေချာခဲ့ပါသည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်း(၂၀)ကျော်“ငြိမ်ဝပ်-ပိပြား”နေခဲ့ရသော သံဖနောင့်အောက်ကလွတ်ခဲ့ပါပြီ။ ဒီမိုကရေစီလမ်းကြောင်း ပေါ်သို့စတင်လျောက်လှမ်းနေပါပြီ ။ အစိုးရသစ် (ယခင်လူများအတိုင်းပင် ဖြစ်စေကာမူ ယခင်မူနှင့်မတူတော့အောင် နည်းနည်း ပြုပြင် ထားသည်ကိုလည်းအသစ်ဟုဆိုပါရစေ)ကလည်း မိဘပြည်သူများအတွက် ကောင်းမွန်သောအစိုးရ

1 “အမေစုပြန်လာပြီ”တေးသံရှင် အမိမြေပြန်လာပြီ

လားရှိုးသိန်းအောင်သည် အနှစ်လေးဆယ်ကျော် အမေရိကန်နိုင်ငံတွင် နေထိုင်ပြီး မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်ပြန်လည်ရောက်ရှိ လာပြီဖြစ်သည်။ အဆိုတော် လားရှိုးသိန်းအောင်သည် မြန်မာနိုင်ငံတွင် ၂၀၁၃ ဧပြီလအထိ နေထိုင်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ လားရှိုး စသော မြို့ကြီးများတွင် အနှစ် ၄၀ကျော်ဝေးကွာနေသော ၄င်း၏ ပရိတ်သတ်များကို တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သော ၄င်း၏တေးသီချင်းများကို ဖျော်ဖြေတင်ဆက်ရန်စီစဉ်ထားကြောင်း သိရသည်။

မြန်မာခေတ်

Thursday, December 20, 2012

0 “တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာ” (၁) -ကိုမျိုး(မြန်မာစာ)

“ဂြီ...သက္ကရာဇ်တစ်ထောင့်သုံးရာကိုးခုနှစ်ပြာသိုလဆုတ်၉ရက်တနင်္ဂနွေနေ့ ဤငါတို့ မြန်မာပြည်လုံးဝလွတ်လပ်သောအချုပ်အခြာအာဏာပိုင်ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအဖြစ်ကောင်းစွာရောက်သတည်း”၁၉၅၀ပြည့်နှစ်ဒီဇင်ဘာ၂၅ရက်နေ့ ကတည်း ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သောလွတ်လပ်ရေးကျောက်တိုင်ကြီးကိုငေးစိုက်ကြည့်ရင်းနှတ်မှရေရွတ်ဖတ်မိလိုက်ပြန်ပါပြီ။ သမီးနှင့်အတူနံနက်စောစောထလမ်းလျှောက်ဖြစ်လေတိုင်းဤစာကိုဖတ်ဖြစ်လေ့ရှိသည်မို့ စာသားကိုကြည့်ကာဖတ်ကာရေရွတ်မိခဲ့လေသည်လား၊

ရင်ထဲစွဲငြိနေခဲ့ပြီးစာသားမို့ အလွတ်ရွတ်ဆိုနိုင်ခဲ့ခြင်းလားဆိုသည်ကိုတော့ယခုတစ်ကြိမ်မှာကြံကြံဖန်ဖန်တွေးမိ။တွေးလက်စနှင့်တွေးမိပြန်သည်က“ရွတ်ဆိုကျင့်ကြံဒီမိုကရေစီစံ”ဆိုသည့်၈၈မျိုးဆက်ကျောင်းသားကိုဂျင်မီ၏စာအုပ်ခေါင်းစဉ်။ထိုမှကျွန်တော်တို့ ရွတ်နေဆိုနေခဲ့သော်ငြားကျင့်သုံးရကောင်းမှန်းမသိခဲ့မူတွေဘယ်ရွေ့ ဘယ်မျှရှိခဲ့ကြသလဲဆိုသည်ကိုအတွေးရောက်ရပြန်၏။ဤတွင် ကျွန်တော်သတိလက်လွတ်မခံဘဲရေးထုတ်တင်ပြသင့်သည့်အကြောင်းအရာတစ်ခုကိုတွေးတောသတိရမိလိုက် ပါသည်။ဤသည်ကFacebookမှာတွေ့ ရသည့်ဂျင်းဖောမြေအကြောင်းနှင့်စပ်လျဉ်း၍ဗိုလ်ချုပ်မှဦးဘဆွေ နှင့်ဦးဖေခင်တို့  ထံပေးစာ။

************* “ကိုဘဆွေ - ကိုဖေခင်

ကနေ့ ဂျင်းဖောများနှင့် အစည်းအဝေးကို ခင်ဗျားတို့ဘဲ ဆက်လက် ဆွေးနွေးကြပါ -ကျွန်တော် မလာတော့ဘူး -အရင်က လျှော့ထားဒါထက်တော့ လျှော့လို့ မဖြစ်တော့ဘူး -အခုလျှော့ထားတာတောင် တိုင်းပြည်က ဘာပြောအုံးမယ် မသိသေးဘူး ပီးတော့ ဒီလိုပေးတယ် ဆိုတာဟာလဲ တဦးနဲ့တဦး ပေါင်းတယ် ဆိုလို့သာ ပေးတာဘဲ သို့မဟုတ်ရင် ကျူပ်တို့ ပေးနိုင်မှာ မဟုတ်ဘူး -ကရင်ဘက်ကလဲ CID information

0 တောင်ကိုရီးယားက ပထမဦးဆုံး အမျိုးသမီးသမ္မတ

ဒီမိုကရေစီ စနစ် ရဲ့ ချစ်စရာအကောင်းဆုံးအချက်က ဘယ်လိုလူမဆို ပြည်သူ့ထောက်ခံမှုနဲ့ တိုင်းပြည်ရဲ့ အကြီးအကဲ ဖြစ်နိုင်တာပါပဲ။
တောင်ကိုရီးယား နိုင်ငံသမိုင်းမှာ အာဏာရှင် သမ္မတဖြစ်တဲ့ (ပတ်ချုံဟီး Park Chung Hee 1963 to 1979) ရဲ့ သမီးဖြစ်သူ (ပတ်ခ်ဂွမ်းဟေး)ကို ကိုရီးယားပြည်သူတွေက သမ္မတအဖြစ် မနေ့က မဲပေးရွေးချယ်လိုက်ပါတယ်။

ထူးခြားတာက အသက်(၆၀)ရှိပြီဖြစ်တဲ့ (ပတ်ဂွမ်းဟေး)ဟာ အိမ်ထောင် မရှိတဲ့ အပျိုကြီးတဦး ဖြစ်ပါတယ်။

(ပတ်ဂွမ်းဟေး)ဟာ Saenuri ပါတီဥက္ကဌဖြစ်ပြီး သူ့ရဲ့ Saenuri Party ကို ၂၀၁၁ခုနှစ် မတိုင်ခင်က Grand National Party (GNP)ပါတီလို့ အမည်ပေး ခဲ့ပါတယ်။ ရှေးရိုးစွဲပါတီလို့ လူသိများတယ်။

တောင်ကိုရီးယား လက်ဝဲနိုင်ငံရေးသမားတွေက ပတ်ခ်-ကို "Notebook Princess" (수첩공주)လို့ ခေါ်ကြတယ်။ သဘောက သူဟာ ရွှေလင်ပန်း နဲ့ မွေးလာသူ ၊ သမ္မတသမီးအဖြစ် ရာဇ၀င်မှာ မှတ်တမ်းတင်ခံရသူ နိုင်ငံရေး အရ အခွင့်ထူးခံလူသားလို့ ပြောနေတာပါ။ မြောက်ကိုရီးယား နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာတော့ သူ့ကို Ice Princess (얼음공주)လို့ ခေါ်ကြ ပါတယ်။ ဒါက သူ့ရဲ့အသက်မပါတဲ့ အေးစက်စက် လှုပ်ရှားတုန့်ပြန်မှုတွေပေါ် အခြေခံပြီး ဝေဖန်ကြတာပါ။

(ပတ်ဂွမ်းဟေး)ကို သမ္မတ(ပတ်ချုံဟီး)ရဲ့ သမီးဦးအဖြစ် ၁၉၅၂ခု ဖေဖေါ်ဝါရီ (၂)ရက်နေ့ ဒေးဂူးဆိုတဲ့ဒေသမှာ မွေးဖွါးခဲ့ပါတယ်။ ညီမတယောက် မောင် တယောက် ရှိပါတယ်။ အဖေသမ္မတ ပတ်ချုံဟီးလဲ အလုပ်ကြံခံ သေဆုံးခဲ့ရ သလို အမေဖြစ်သူ Yuk Young-soo ယုံးဆိုးဟာလဲ မြောက်ကိုရီးယားရဲ့ ခိုင်းစေမှုအရ ဂျပန်နိုင်ငံဖွါး ကိုရီးယားလူသတ်သမား Mun Se-gwang

0 လားရှိုးသိန်းအောင် ဒီဇင်ဘာ ၂၀ မှာ မြန်မာပြည်ရောက်ရှိမည်

မြန်မာနိုင်ငံသို့ ဒီဇင်ဘာ၂၀ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာမည့် အဆိုတော် လားရှိုးသိန်းအောင်သည် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိမည့် ယင်းနေ့ နံနက် ၁၁ နာရီ တွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို လေဆိပ်အနီးFriendship စားသောက်ဆိုင်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပြီး ၄င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့် ဂီတဖျော်ဖြေပွဲ အစီအစဉ် များကို ပရိသတ်သို့ အသိပေးပြောကြားသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ခောတ်

0 မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသော A.B.S.D.F ခေါင်းဆောင်တို့နဲ့ ၈၈မျိုးဆက်ကျောင်းသားများတွေ့ဆုံ

အံဘွယ်ကျော် (၈၈) နှင့် ရဲဘော်ဆလိုင်းယောအောင် (ABSDF )
ကိုကိုကြီး (၈၈) နှင့် ရဲဘော်ကျော်သူရ (ABSDF )

ဆလိုင်းယောအောင် နှင့် ညီအရင်းဖြစ်သူတို.ရဲ. ပြန်လည်ပေါင်းစည်းခြင်း။

ABSDF နဲ့ ၈၈မျိုးဆက် ကျောင်းသားများ ရန်ကုန်မှာ တွေ့ဆုံကြခြင်း။

၁၉၊၁၂၊၂ဝ၁၂ နေ့၊နံနက် ၁ဝးဝဝ နာရီတွင် မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိလာကြသော A.B.S.D.F ခေါင်းဆောင်အချို့သည် ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးသို့ လာရောက်တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုကိုကြီး၊ကိုမင်းဇေယျ၊ကိုဌေးကြွယ်၊ကိုမြအေး၊ကိုပြုံးချို တို့က လက်ခံတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ A.B.S.D.F အဖွဲ့တွင် ကိုသံခဲ၊ကိုဆလိုင်းယောအောင်နှင့်ကိုမြင့်စိုး၊ကိုဆန်နီ တို့ဦးဆောင်ကာ အဖွဲ့ဝင်(၉)ဦးပါဝင်ကြောင်းသိရသည်။



Photo..kyaw swar myint

0 မြန်မာပြည်မှ အင်မတန်ထူးဆန်းနေတဲ့  (၁ဝ)ချက်အကြောင်း..

အဲဒီ (၁၀) ချက်က မြန်မာ နိုင်ငံမှာပဲ ရှိတာပါ ...

၁။ အုပ်ချုပ်ရေး အကြီးဆုံး ရာထူးရှိတဲ့ သမ္မတက စစ်မတိုက်ဖို့ ပြောထားသော်လည်း စစ်ပွဲများမှာ ထူးဆန်းစွာ ဆက်ဖြစ်နေခြင်း

၂။ စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီမှာ ဒေါ်လာ သန်းပေါင်း ထောင်ချီသော လုပ်ငန်းများ မြောက်များစွာကို ပိုင်ဆိုင် လုပ်ကိုင်နေသော်လည်း ထူးဆန်းစွာဖြင့် .. အောက်ခြေ စစ်သားများ ဝင်ငွေ မလောက်င သဖြင့် နည်းမျိုးစုံဖြင့် ဝမ်းရေး ဖြေရှင်းနေရခြင်း

၃။ မြန်မာနိုင်ငံသားတိုင်းတွင် မိဘ (၄) ပါး ထူးဆန်းစွာ ရှိနေခြင်း။ မွေးမိဘ နှစ်ပါး၊ စစ်တပ်က မိဘ တစ်ပါး၊ အစိုးရက မိဘ တစ်ပါးဟူ၍ ထူးဆန်းစွာ မိဘလေးပါး ရှိနေခြင်း

Wednesday, December 19, 2012

1 လက်နက်ချဖို့ခိုးကြောင်ခိုးဝှက်အိမ်ပြန်တဲ့ခရီးမဟုတ်ပါဘူး လို့ဆိုတဲ့ABSDF ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် မေးခွန်း(၉)ခု

၂၄နှစ်ကြာ အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် ABSDF ကျောင်းသား တပ်မတော် ဥက္ကဌ ကိုသံခဲအပါအ၀င် ထိတ်ပိုင်းခေါင်းဆောင်(၁၀)ဦးမှာ ဒီဇင်ဘာ(၁၈)ရက်နေ့၌ ရန်ကုန်သို့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသည်။ အဆိုပါ ခရီးစဉ်အခြေ အနေနှင့် ပတ်သက်၍ ABSDFဗဟိုဦးဆောင်ကော်မတီဝင် ဆလိုင်းယောအောင်ကို ဆက်သွယ်မေးမြန်းဖြစ်သည် များအား ဖော်ပြအပ်ပါသည်။

မေး- အခုလိုလေ့လာရေးခရီးစဉ်ဟာ ABSDFအတွက်ဖြစ်စေ ၊မြန်မာပြည်သူတွေအတွက် ဖြစ်စေ ဘယ် လောက်အရေးပါသလဲ?

ဖြေ- တိုင်းပြည်အပြောင်းအလဲမှာ ငြိမ်းချမ်းရေးက အဓိကလိုအပ်တယ်၊ တိုင်းပြည်ရဲ့ငြိမ်းချမ်းရေးကိုပဲ ရှေ့ရှုပြီး ဒီလေ့လာရေးခရီးကို အစပြုတာပါ။ အသွင်ကူးပြောင်းရေးကာလ ဒီမိုကရေစီစနစ်ဆီ ဦးတည်နေချိန် ကျွန်တော်တို့အနေနဲ့ လေ့လာကြားနာဖို့လည်း လိုလားပါတယ်။ကျွန်တော်တို့ တဖွဲ့ထဲ အကျိုး စီးပွားကိုမကြည့်ပဲ ပြည်သူတရပ်လုံးရဲ့အကျိုးစီးပွားအပေါ် ရပ်တည်ပြီး ဆုံးဖြတ်ခဲ့တဲ့ ခရီးစဉ်လည်း ဖြစ် တယ်။ ဒီခရီးစဉ်ကနေ အစိုးရဘက်ကအသံ၊ အတိုက်အခံအဖွဲ့အစည်းတွေဘက်က အသံတွေကျွန်တော်တို့ နားထောင်မယ်။

အခုပထမဆုံးအကြိမ်ခရီးစဉ်မှာ အစိုးရနဲ့ ဘာမှအပေးအယူလုပ်ညှိနှိုင်းဆွေးနွေးဖို့ မရှိပါဖူး။ ကျွန်တော်တို့ ၂ ဘက်ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တောင် မရှိသေးပါဖူး။ ဒီမိုကရေစီလိုလားတဲ့အဖွဲ့တွေ ရဲ့ ကျွန်တော်တို့ အပေါ်ဖြစ်စေချင်တဲ့ သဘောထားတွေ ကြားနာစုစည်းပြီး၊ နောက်တခါအစိုးရနဲ့ တွေ့ဆုံဆွေးနွေး ဖို့အတွက် ပြင်ဆင်ထားမှာပါ။

မေး- ဒီခရီးစဉ်အတွင်းမှာပဲ ကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နဲ့ အစိုးရအဖွဲ့တွေ ကြား တိုက်ပွဲ တွေလည်း ဖြစ်နေတယ်။ ဒီခရီးကြောင့် အဲဒီတိုက်ပွဲတွေ တစုံတရာအပြောင်းအလဲ ရှိနိုင်မလား? ပြီးတော့ နှစ်ဖက်တိုက်ခိုက်နေချိန်၊ အပစ်အခတ်ရပ်ဖို့ သဘောမတူပဲ ပြည်တွင်းလေ့လာရေး

7 ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊ ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊

ဦးသိန်းစိန်ကပြောတယ်၊ဘုန်းကြီးတွေနိုင်ငံရေးမလုပ်ပါနဲ့တဲ့၊၀ိနည်းနဲ့မညီလို့ပါတဲ့၊ ဒါဆိုရင်ဦးသိန်းစိန်ရယ် စစ်သားတွေလည်းနိုင်ငံရေးမလုပ်နဲ့ပေါ့၊ ဒါလည်းဝိနည်းမညီဘူးလေ၊ သေနတ်ကိုင်ပြီးအပေါ်စည်းကနိုင်ငံရေး စကားပြောတာ နိုင်ငံရေးမဟုတ်ဘူး၊အတိုက်အခံခေါင်းဆောင်တချို့ကလည်းပြောကြ တယ်၊ သိပ်ပြီးတော့ကွန်ဖရမ်တေးရှင်းမလုပ်ပါနဲ့တဲ့၊ လမ်းလွဲသွားပါလိမ့်မယ်၊ တကယ်ဆိုရင်အဲဒီကွန်ဖရမ်တေးရှင်းလို့ဆိုပြီး အဓိပါယ်ဖွင့်မှားနေတဲ့အဲဒီလူထုတိုက်ပွဲမရှိပဲနဲ့ တွေ့ဆုံဆွေးနွေးဆိုတာအလိုအလျှောက်မပေါ်လာနိုင်ဘူးဆိုတာကတော့ကြိမ်းသေပါတယ်

၊ဘာဖြစ်လို့တွေ့ဆုံဆွေးနွေးရေးကိုအားဖြည့်ပေးနေတဲ့လူထုတိုက်ပွဲကိုအနှောက်အယှက်လို့ယူဆနေကြပါလိမ့်၊ကျနော်(၈၈)တုန်းကတည်းကပဲ မှားခဲ့ပြီလားဗျာ၊ထားလိုက်ပါတော့၊ဦးသိန်းစိန်............ ဒီမှာအမေရိကန်စစ်သားဟောင်းတွေ နိုင်ငံရေးလုပ်ရင် အငြိမ်းစားယူ ယူနီဖေါင်းချွတ်ပြီးမှာလုပ်ကြတယ်၊ သမတဖြစ်သွားတဲ့အမေရိကန် စစ်သားဟောင်းတွေအများကြီးပဲ၊သာမန်စစ်သားလေးဘ၀ကနေသမတဖြစ်လာတယ်ထားဦးတော့ သမတ္တဖြစ်လာပြီဆိုရင် သူဟာစစ်သေနာပတိချုပ်ပဲ၊ ဗိုလ်ချူပ်ကြီးတွေကိုသူခန့်အပ်တယ်၊တာဝန်ပေးတယ်၊ အမိန့်ပေးတယ်၊ သူတာဝန်ပေးတဲ့စစ်ဗိုလ်ချုပ်တွေကလည်း သူအမိန့်ကိုလိုက်နာဆောင်

0 အကျန်အကြွင်းတွေရဲ့ နားပန်ကျင်းမခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ- ဟံသာဝတီဦးဝင်းတင်

ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ” တဲ့။"

ကျုပ်ဘာသိမှာလဲ။
နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ”

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ

0 အလီ ကျက်ခိုင်းတဲ့ ရဲဘော်ကြီး ကမ်းပူးချား

( ဒီနေ့ ၁၈.၁၂.၂၀၁၂ မှာ ကွယ်လွန်သွားတဲ့ ABSDF မှ ရဲဘော်ကြီး ကမ်းပူးချား အမှတ်တရ စာစု) ဒီဆောင်ပါး ကို ကောင်းကင် နိုင်ငံပြု အနုပညာ စာစောင်မှ ရယူပါတယ်။

အလီ ကျက်ခိုင်းတဲ့ ရဲဘော်ကြီး ကမ်းပူးချား

ကျနော်တို့ ကြားမှာ သင့်တော် အံဝင်တဲ့ နေရာ တွေကျရင် သုံးစွဲနိုင်ဖို့ အတွက် ..အလီ သွားကျက် လိုက်ဦး.. ဆိုတဲ့ စကားလေး တခု ပေါ်လာ ဘူး တယ်ဗျ။

ဒီစကားလေး ကို ထွင်ပေးတဲ့ ရဲဘော် ရဲ့ အမည် က ကမ်ပူးချား တဲ့။ သူ့  နာမည် ရင်း တော့ မဟုတ်ပါဘူး၊ ကမ်ပူးချား လို့ ဘာကြောင့် ခေါ်ကြ သလဲ ဆိုတာ တော့ ကျနော် မမေးမိဘူး။ သူက ရဲဘော်အများ ကြားမှာ လူသိများ တယ်။ အလုပ်ကြိုးစားတယ်၊ စိတ်ထားကောင်းတယ်၊ သူ က ပြဿနာ တခု ရှာလိုက်တယ် ဆိုတာမျိုး တခါမှ မကြားရသလို တခြားရဲဘော် တွေ ကို ကူညီ ပေးတဲ့ စိတ် အမြဲ ရှိတဲ့ ရဲဘော်ဆိုတော့ အများ က သူ့ ကို ချစ်ကြတာ အဆန်း မဟုတ်ဘူးပေါ့။

သူ က ရှစ်လေးလုံး ကာလ မတိုင်မီ အထိ အတန်းပညာရေး ကောင်းကောင်း မသင်ဘူးဘူး၊ သူ စာမဖတ်တတ်ဘူး၊ ကြမ်းရှတဲ့ သူ့ ဘဝ ကပေးတဲ့ အသိကိုက မြန်မာအစိုးရ ကို ပုန်ကန်ရဲတဲ့ သတ္တိ ကို မွေးဖွားပေးခဲ့တယ် ထင်ပါ တယ် ဗျာ၊ သူ ရှစ်လေးလုံး ရဲဘော် တဦးဖြစ်လာတယ်၊ စက်တင်ဘာလ စစ်တပ် က အာဏာသိမ်းတော့ ABSDF ကျောင်းသား တပ်မတော် သား တဦး ဖြစ်လာ ပါတယ်။

၁၉၉၂ မယ်နပလော တိုက်ပွဲမှာ မိုင်းဒဏ်ရာ ရပြီး သူ့ ခြေထောက် တချောင်း ပေးလိုက်ရပါတယ်၊ အသက် ၂၀ ကျော် အရွယ် မှာ ခြေထောက် အတု တပ်ထား ရပေမယ့် သူ့ အဖွဲ့ အစည်း နဲ့  တော်လှန်ရေး အတွက်

0 မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ ရန်ကုန်ခရီးစဉ် ထုတ်ပြန်ချက်။

Tuesday, December 18, 2012

1 တိုက်ပွဲအတွင်းဖမ်းဆီးခံရသော.မြန်မာ အစိုးရစစ်သားများနှင့်.ABSDF ဗိုလ်မှုးမင်းဌေးရဲ့ မေးမြန်းချက် ရုပ်သံမှတ်တမ်း။

တိုက်ပွဲအတွင်းဖမ်းဆီးခံရသော.မြန်မာ အစိုးရစစ်သားများနှင့်.ABSDF ဗိုလ်မှုးမင်းဌေးရဲ့ မေးမြန်းချက် ရုပ်သံမှတ်တမ်း။

(၁၄၊၁၂၊၂၀၁၂)ရက်နေ့ KIO, ဌာနချုပ် အနီးလဂျားယာန် သို့ထိုးစစ်ဆင်ရောက်ရှိလာသော မြန်မာ အစိုးရ စစ်တပ် နှင့် KIA, ဗဟိုလုံခြုံရေးတပ်, ABSDF တို့ နှင့်ဖြစ်ပွားသော တိုက်ပွဲ အတွင်းဒဏ်ရာရရှိသော မြန်မာ အစိုးရ စစ်သားများသည် ၄င်းတို့ မြန်မာ အစိုးရ တပ်၏ စွန့် ပစ်ခံရတာတင်မဟုတ်ပဲ ပစ်သတ်ဖို့ ပါခံထားရတာတဲ့ ။

0 မြန်မာသူရဲကောင်းတွေ..ဓားပျောက်နေတယ်..။

ဗမာ စစ်သားတွေလက်ထဲက ဓါး အလက်(၃၀)အခိုးခံရ - မြန်မာ့သမိုင်းမှာ ဗမာစစ်သားတွေက ထိုင်းနိုင်ငံ အယုဒ္ဓရမြို့ကို တက်တိုက် ခဲ့တဲ့ သမိုင်း ကြားဖူးပါရောလား။ အယ် ... အဲဒီ အ ယုဒ္ဓရမြို့က သမိုင်း အထိမ်းအမှတ် ပြည်သူ့ပန်းခြံထဲမှာ ဗမာစစ်သားရုပ်တုတွေရှိ တယ်လေ ။ အယုဒ္ဓရ ဆင်ဥယာဉ်လို့ အမည်ပေးထားတဲ့ ပန်းခြံထဲမှာ ဆင်တပ်တွေနဲ့ စစ်ထိုးနေကြတဲ့ သမိုင်းဝင်ပြကွက် နေရာပေါ့။ အဲဒီ ဗမာစစ်သားတွေရဲ့ လက် ထဲက ဓါးတွေဟာ ကြေးနဲ့သွန်းလုပ်ထားတာတဲ့။ အခုတော့ အလက် (၃၀) ပျောက်သွားပြီ။ သူခိုး အခိုးခံရတယ်လို့ ဆိုတယ်။ ခိုးတာကလည်း ဓါးတွေကို ရသလောက်ဖြတ်ခိုးသွားတာ။ ပန်းခြံတာဝန်ရှိသူတွေ ကတော့ ကြေးကို ပြန်ရောင်းစားဖို့ လာခိုးသွားတယ်လို့ ယူဆနေတယ်။

ဆင်တွေပေါ်က ဗမာစစ်သားတွေ လက်ထဲမှာ ရှိနေတဲ့ ဓါးတွေ ကိုတော့ ခိုးမသွားဘူးတဲ့.. အဲဒီပန်းခြံထဲက ရုပ်တုတွေကို အသက် ပိုဝင်အောင် သဘာဝအချိုးအစားအတိုင်း ထုထားတာ ဆိုတော့ ဆင်ရုပ်တုတွေက အမြင့်ကြီးလေ။ ၃ မီတာမြင့်တာ။ လူရုပ်ဆိုလဲ တကယ့် လူတွေ အရွယ်အစားအတိုင်းပဲ ၁၇၀ စင်တီမီတာ အမြင့်နဲ့။ စစ်သား တယောက်ကို လက်ထဲမှာ ကြေးဓါး ၂လက်စီနဲ့ .. အခုတော့ ဓါးအခိုးခံလိုက် ရပြီ။ တရားခံ ဘယ်သူမှန်း မသိရသေး။

Bangkok Post သတင်းစာပါ Look, there’s something missing ကို ပြန်ဆိုသည်။

Blue Cat

0 မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဥက္ကဌရဲဘော်သံခဲနှင့်အဖွဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဦးအောင်မင်း၏ဖိတ်ကြားချက်အရတွေ့ဆုံရန်ထွက်ခွာ

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) (ABSDF) မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်းရေအဖွဲ့ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဦးအောင်မင်း၏ဖိတ်ကြားချက်အရ ယနေ့နံနက်တွင်မဲဆောက်မြို့မှတဆင့် မြဝတီလမ်းကြောင်းအတိုင်းထွက်ခွါသွားပါသည်။

ဥက္ကဌရဲဘော်သံခဲ ဦးဆောင်သည့်အဖွဲ့အား နယ်စပ်ရေးရာနှင့်လုံခြုံးရေဝန်ကြီးဗိုလ်မူးကြီးအောင်လွင်မှ မြဝတီမြို့တွင်လာရောက် ကြိုဆိုခဲ့ပါသည်။ ဥက္ကဌရဲဘော်သံခဲနှင့်အတူအဖွဲ့ဝင်များအဖြစ် -ရဲဘော်ဆန်နီ(အထွေထွေအတွင်းရေးမူး) ရဲဘော်ဆလိုင်းယောအောင်-ရဲဘော်မောင်းဦး-ရဲဘော်ကျော်ကို-ရဲဘော်ကျော်သူရ-ရဲဘော်ကျော်ကျော်လင်း-ရဲဘော်မဆူးပွင့်-ရဲဘော်ဝင်းတင်ဟန်း(ရုံးအုပ်ကြီး)တိုလိုက်ပါသွားကြပါသည်။

မြန်မာအာဏာပိုင်များအား၂၄နှစ်ကြာလက်နက်ကိုင်တော်လှန်နေသည့်ထိုင်းမြန်မာနယ်စပ်အခြေစိုက်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်၏ဥက္ကဌကိုသံခဲအပါအ၀င်ခေါင်းဆောင်(၁၀)ဦးယနေ့နံနက်မြ၀တီမှရန်ကုန်သို့ပထမဆုံးအကြိမ်၊မြန်မာ့နိုင်ငံရေးအပြောင်းအလဲလေ့လာရေးခရီးစဉ်အဖြစ်ရန်ကုန်မြို့သို့ခရီးထွက်ခွါသွားကြောင်းသတင်းရရှိသည်။“ကျနော်တို့ဒီနေ့မနက်မြ၀တီကနေဖားအံကိုကားနဲ့ထွက်မယ်၊ဖားအံမှာကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းနဲ့အဖွဲ့ကကြိုဆိုပြီးသူတို့ရဲ့အစီအမံနဲ့ရန်ကုန်ကိုခရီးဆက်မှာဖြစ်ပါတယ်” ဟုကျောင်းသားတပ်မတော်ဗဟိုဦးဆောင်ကော်မတီဝင်ဆလိုင်းယောအောင်ကပြောသည်။

ဂျန်န၀ါရီလ၃ရက်နေ့တွင်အဆုံးသပ်မည့်၂ပတ်ကြာပြည်တော်ဝင်ခရီးစဉ်အတွင်းမြန်မာအစိုးရနှင့်အတိုက်အခံဒီမိုကရေစီအင်အားစုများ၏နိုင်ငံရေးအပြောင်းအလဲနှင့်ပတ်သက်သည့်အမြင်များကိုကြားနာလေ့လာယုံကလွဲပြီးအစိုးရနှင့်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမည့်အစီအစဉ်မရှိသေးကြောင်းသိရသည်။

“ဒီခရီးစဉ်ရည်ရွယ်ချက်ပထမအချက်ကဒီနေ့အပြောင်းအလဲမှာ၂ဘက်မြင်တဲ့အမြင်ကိုကျနော်တို့နားထောင်ချင်တယ်၊နောက်တချက်က၊အတိုက်အခံတွေကကျနော်တို့ပေါ်မြင်တဲ့အမြင်၊ကျနော်တို့ဘာတွေဆက်လုပ်စေချင်သလဲဆိုတာနားထောင်ချင်တယ် ၊ပြီးတော့အနှစ်၂၀ကျော်ခွဲခွါနေရတဲ့မိသားစုတွေနဲ့ပြန်လည်တွေ့ဆုံဖို့ပေါ့”ဟုကိုဆလိုင်းကဆိုသည်။

။ကျောင်းသားတပ်မတော်၏ခရီးစဉ်အတွင်း၊နေပြည်တော်ရှိအစိုးရ၀န်ကြီးဌာနအကြီးအကဲများနှင့်တွေ့ဆုံခြင်း၊အတိုက်အခံဒီမိုကရေစီအင်အားစုများနိုင်ငံရေးပါတီများ၊အဖွဲ့အစည်းများနှင့်လည်းတွေ့ဆုံရန်ရှိသည်ဟုသိရသည်။ ။လောလောဆယ်၊၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ဗကသ၊UNAတိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်အဖွဲ့အစည်းများနှင့်တွေ့ဆုံရန်ရှိသော်လည်းNLDပါတီအပါအ၀င်၊ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန်ရက်ချိန်းမရသေးဟုသိရသည်။

လက်ရှိမြန်မာမြောက်ပိုင်းဒေသကချင်ပြည်နယ်အခြေစိုက်ကျောင်းသားတပ်မတော်နှင့်ကချင်လက်နက်ကိုင်တပ်များပူးတွဲပြီးမြန်မာ့တပ်မတော်နှင့်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေချိန်နှင့်လည်းကောင်း၊လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်ပြီးအစိုးရနှင့်ပြည်သူအကြား သဘောထားတင်းမာမှုများရှိနေချိန်ကျောင်းသားတပ်မတော်ခေါင်းဆောင်များ၏ပြည်တော်ဝင်လေ့လာရေးခရီးစဉ်ကို အဖွဲ့အစည်းအတွင်းကန့်ကွက်မှုများလည်းရှိခဲ့ကြောင်းစုံစမ်းသိရှိရသည်။“ဒီခရီးစဉ်အစီအစဉ်ကိုယာယီနောက်ပြန်ရွှေ့ထားလည်းရတယ်၊ ဒါမှမဟုတ်ဥက္ကဌနဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေအကုန်မပါတဲ့ကိုယ်စားလှယ်တွေစေလွှတ်လည်းရတာပဲ၊

ဒီလိုနိုင်ငံရေးအရရှုတ်ထွေးနေတဲ့ကာလမှာ.ကျနော်တို့ကျောင်းသားတပ်မတော်ကကျွန်ဝယ်ရာအဆစ်မပါစေချင်ဖူး” ဟုအမည်မဖော်လိုသည့်ကျောင်းသားတပ်မတော်ဗဟိုကော်မတီဝင်တဦးကခရီးစဉ်အပေါ်ဝေဖန်ပြောဆိုခဲ့သည်။

၁၉၈၈နိုဝင်ဘာလတွင်ဖွဲ့စည်းခဲ့သောမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်မတော်သည်၊အစိုးရနှင့်အပစ်အခတ်ရပ်စဲရေးသဘောတူညီမထားပဲမြန်မာပြည်တွင်းဝင်ရောက်သည့်တခုတည်းသောလက်နက်ကိုင်တပ်ဖွဲ့လည်းဖြစ်သည်။

ယခ္ခုခရီးစဉ်သည်ဖေဖ၀ါရီလအတွင်းကသမတရုံးဝန်ကြီးဦးအောင်မင်းအပါအ၀င်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့နှင့်ထိုင်းနိုင်ငံ၌တွေဆုံဆွေးနွေးခဲ့သည့်ရလဒ်ဟုသိရသည်။“အခုခရီးစဉ်ဟာဦးအောင်မင်းနဲ့ပထမအကြိမ်တွေ့ခဲ့တုံးကကျနော်တို့ဘက်က၊နိုင်ငံရေး အရတွေ့ဆုံဆွေးနွေးမှုတွေဆက်လုပ်မယ်၊ပြည်တွင်းလေ့လာရေးခရီးထွက်မယ်၊ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးရမယ်ဆိုတဲ့သဘောတူညီမှုတွေရဲ့အကျိုးဆက်ပါ”ဟုကိုဆလိုင်းယောအောင်ကပြောသည်။

အေဘီအက်စ်ဒီအက်ဖ်ကျောင်းသားတပ်မတော်၏ခရီးစဉ်အပြီးရန်ကုန်မြို့နှင့်ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့၌သတင်းစာရှင်းပွဲပြုလုပ်မည်ဟုသိရသည်။

ကိုညို။
Photo..ကိုဇော်သူရ(မဲဆောက်)

0 ထိုင်းဝန်ကြီးချုပ် ထားဝယ်သို့သွား ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကန့်ကွက်

ဘပြောင် တိုးတိုး တိုးတိုးနဲ့ ကြိတ်ပြီး ရောင်းမစားနဲ့နော်။ ထားဝယ် အရေးအခင်း ထပ်ဖြစ်ရင် ကျနော် မသိဘူး လုပ်ဦးမယ်
(Bangkok Post မှ 17 Dec 2012 ရက်စွဲပါ “PM in Myanmar for Dawei meet” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာသည် ထားဝယ်အထူးစီးပွားရေးဇုန် နှင့်ပတ်သက်၍ အရေးကြီးသော ဆွေးနွေးမှုပြုလုပ်ရန် တနလာင်္နေ့ တွင် မြန်မာနိုင်ငံ၌ ဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိသည်။

၎င်းအစည်းအဝေးက ရင်းနှီးမြှုပ်နှံမှုများ၏ ယုံကြည်စိတ်ချမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရကြောင်း ပို့ဆောင်ရေးဝန်ကြီး ချတ်ချတ်ဆစ်တီပွန် ကပြောကြားသည်။

စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်မှုကို အတည်ပြုပြသသည့် ခရီးစဉ်တွင် ယင်လပ် နှင့်အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄၀ လိုက်ပါသွားကြသည်။

ယင်လပ်သည် ဦးသိန်းစိန်နှင့် တွေ့ဆုံမည်ဖြစ်ပြီး စီမံကိန်းပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်စပ်ရင်းနှီး မြှုပ်နှံမှုများ၏ တိုးတက်မှုအခြေအနေကို လေ့လာစစ်ဆေးမည့်ဖြစ်သည်။

ယခုခရီးစဉ်သည် ၂၀၀၈ မေလက ထားဝယ်စီမံကိန်းအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ထိုးပြီးနောက်ပိုင်း ထားဝယ်သို့ ပထမဦးဆုံးအကြိမ် ယင်လပ်ရောက်ရှိလာခြင်း ဖြစ်သည်။

သောကြာနေ့က အစည်းအဝေးတွင် နှစ်နိုင်ငံပူးတွဲ ညှိနှိုင်းရေးကော်မတီက စီမံကိန်း၏အခြေခံ

0 ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိစစ်ဆေး

(အသက် ၆၅ နှစ် အရွယ် လူနာအမျိုးသမီးကြီးတစ်ဦးအားကြည့်ရှုနေစဉ် )
ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကုသရေးဝန်ထမ်းများနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား ယနေ့နံနက်တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်၉နာရီ၄၀မိနစ်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာပြီး လူနာဆောင်များ၊အိမ်သာများ၊ဆေးသိုလှောင်ခန်းများနှင့် ဆေးပေးဆေးယူကိစ္စများကို ကြည့်ရှုစစ်ဆေးနေကြောင်းသိရသည်။ ပါမောက္ခဦးချစ်စိုးအခန်းသို့လည်း ၀င်ရောက်ကြည့်ရှုခဲ့ကြောင်း၊ ရန်ကုန်ပြည့်သူ့ဆေးရုံကြီး ၀န်ထမ်းများကဒေါ်အောင်ဆန်းစုကြည်သို့ သစ်ခွပန်းပန်းချီကားတစ်ချပ်အမှတ်တရအဖြစ်ပေးခဲ့ကြောင်း၊ ဆေးရုံကြီး၏လေ၀င်လေထွက် ကောင်းမကောင်း၊ သောက်ရေသန့်ရှင်းမှုများကိုလည်း မေးမြန်းနေကြောင်း၊ လူနာဆောင်(၁၊၂) ။လူနာဆောင် (၇၊၈) တို့ အပြင် သွားဆေးဘက်ဆိုင်ရာ အခန်း နှင့် သက်ကြီး၊သက်ငယ် လူနာများကို တွေ့ ဆုံ အားပေးခဲ့ ပြီး လူနာ များအားရင်းရင်း နှီးနှီးတွေ့ဆုံကာ အဆင်ပြေ မှု များရှိမရှိမေးမြန်းခဲ့ သည်။

ထို့ပြင် ဆေးရုံ အတွင်းပိုင်းများ မှ ပြင်ဆင်ရန် လို အပ်ချက်များနှင့် လက်ရှိ လုပ်ဆောင်နေမှုများကို ဆေးရုံတာဝန်ရှိပဂ္ဂိုလ် များကလည်း ပြန်လည် ရှင်းလင်းပြောကြားခဲ့ ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် ရန်ကုန်ဆေးရုံ ကြီးအတွင်းမှ ပြန်လည် ထွက် ခွာသွားကြောင်းသိရသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်မည့်အစီအစဉ် ကြောင့် ဆေးရုံအတွင်းကြိုတင် ပြင်ဆင်လုပ်ဆောင်ထားမှု မရှိကြောင်း လူနာများ၏ပြောပြချက်အရ သိရသည်။

ဓါတ်ပုံ။အောင်ကျော်လတ်- ခွန်ဒီးယမ် Facebookမှ ရယူပါသည်.

0 ဒီစကား- အောင်ဆန်းစုကြည်

ကျွန်မတို့ ငယ်ငယ်တုန်းက "ဘ၀သံသရာ" ဆိုတဲ့ ရုပ်ရှင် အင်မတန် နာမည်ကြီးပါတယ်။ ကြည့်တော့ မကြည့်ဖူးပါဘူး။ ဒါပေမယ့် ရုပ်ရှင်ထဲက သီချင်းကို ခဏခဏ ကြားဖူးလို့ စာသားတွေခုထိ မှတ်မိနေပါတယ်။ "ဘဝသံသရာတဲ့ ရှည်လျားထွေပြား မနေမနား၊ တသွားတည်း သွားရတာ"။ အခုတစ်လော ဟိုသွားရ၊ ဒီသွားရနဲ့ ရပ်နားခြင်း မရှိသလို ဖြစ်နေတော့ကိုယ့်ကိုယ်ကို သံသရာ ခရီးသည်လိုလို၊ အခြေတကျ မရှိတဲ့ သိုးထိန်းအုပ်စုဝင် လိုလို ခံစားမိပါတယ်။ သွားပုံလာပုံကလည်း လွယ်လွယ်တည့်တည့် မဟုတ်ပါဘူး။ မုံရွာသွားဖို့ နေပြည်တော်ကနေ ရန်ကုန်ကို လေယာဉ်နဲ့ဆင်း၊ နောက်လေယာဉ်နဲ့ပဲ ရန်ကုန်ကနေ မန္တလေးတက်၊ မန္တလေးက မုံရွာကို ကားနဲ့သွား၊ မုံရွာကတခါ နေပြည်တော်ကားနဲ့ပြန်၊ နောက်တစ်ကျော့ ကြတော့ လေယာဉ်နဲ့ပဲ ရန်ကုန်ပြန်ဆင်း၊ အလုပ်တွေ ပြီးတော့ နေပြည်တော် ပြန်တက်၊ နေပြည်တော်က တောင်တွင်းကြီး၊ နတ်မောက်၊ မကွေးကားနဲ့သွား၊ မကွေးကနေ ညောင်ဦးကားနဲ့သွားပြီး ညောင်ဦးက ရန်ကုန်လေယာဉ်နဲ့ ပြန်ဆင်း။

ဘဝခရီးမှာ ပါလာတာကတော့ ကံနဲ့ လောကဓံပါ။ ဘဝရဲ့ ယခုအပိုင်းမှာတော့ ခရီးရှည်ဖြစ်ဖြစ်၊ တစ်မြို့တွင်း ခရီးတိုလေးပဲ ဖြစ်ဖြစ် ကျွန်မ အဖော်တွေက ဒေါက်တာတင်မာအောင်ရယ်၊

Monday, December 17, 2012

0 အန္တရာယ်ဇုံ -
ဧရာမ တရုတ်စက်မှုဇုံကြီးက ရခိုင်ကမ်းရိုးတန်းဒေသကို ခြိမ်းခြောက်နေလေပြီ..

Giant Chinese Industrial Zone threatens Burma’s Arakan coast

A new report by Arakan Oil Watch called “Danger Zone” exposes how a planned Chinese industrial zone is threatening the livelihoods of tens of thousands of people in Arakan State as well as Burma’s second largest mangrove forest.

The 120 sq km Kyauk Phyu Special Economic Zone, planned around the terminals of the trans-Burma natural gas and oil pipelines, will evict up to 40 villages, while many fear the impacts of toxic waste and pollution from petrochemical and metal industries. China’s construction of the pipelines and a deep seaport has already caused large-scale land confiscation in Kyauk Phyu.

The US$109 billion project involves China’s CITIC Group, Japan’s Nippon Koei and Burma’s Htoo Trading, but no comprehensive project plans have been presented by the government to affected communities or local politicians.

“What is the government thinking – handing over our pristine coastlands to foreign companies to turn into a toxic industrial zone?” said Jockai Khaing, Director of Arakan Oil Watch. The project also includes an 800 km railway and highway from Arakan State to Yunnan, expanding the pipeline corridor across Burma. China will build and operate the railway for 50 years before handing over control to Burma’s government.

“China’s projects will uproot tens of thousands of people in Arakan State and spark conflict. Burma’s government and investing companies should learn from what is happening at the Monywa copper mines,” said Jockai Khaing.

Arakan Oil Watch is calling for community consultations, stringent regulations, and laws to protect the peop

le and environment before projects such as the Kyauk Phyu Special Economic Zone go ahead. See report at www.arakanoilwatch.org

0 KIA and ABSDF soldiers fight fiercely against the invading Burmese government troops in Laja Yang (ရုပ်/သံ)

Burmese army withdrew its troops after one of the most intense fighting against Kachin Independent Army near Kachin administrative capital Laiza on Dec 14. The fierce battle started as Burmese army's mortar fire began at 5 am on Dec 14. About 400 government soldiers from 384th LIR, 383rd LIR and 40th LIB under MOC-3 began an offensive against KIA capital security forces and ABSDF troops at Laja-yang located on Myitkyina-Laiza-Bhamo road. Meanwhile, Burmese army's Dawhpum-yang-based 367th artillery unit fired several rounds of 105 mm and 120 mm mortar shells on Laja-yang village to aid advancing ground troops

2 ကချင်ပြည်နယ်လဂျားယန်တိုက်ပွဲတွင်ဖမ်းဆီးမိသောမြန်မာစစ်တပ်မှ သုံ့ပန်းများကို ABSDFကျောင်းသားတပ်မတော်မှပြုစုစောင့်ရှောက်ထား (ဓာတ်ပုံ)

Photo..ကိုမင်းဌေး

Sunday, December 16, 2012

0 ကမ္ဘာကျော် အမေရိကန်အဆိုတော် ဂျေဆင်မရက်ဇ် ပါဝင်ဖျော်ဖြေသည့် လူကုန်ကူးမှု အန္တရာယ် အသိပညာပေး တေးဂီတဖျော်ဖြေပွဲ (LIVE)

MTV EXIT က စီစဉ်တဲ့ MTV EXIT Live in Myanmar အခမဲ့ ဂီတဖျော်ဖြေပွဲမှာ ကမ္ဘာကျော် အမေရိကန်အဆိုတော် Jason Mrazနဲ့ MTV EXIT ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး သံတမန် မြန်မာ အဆိုတော်နှစ်ဦးဖြစ်သော Rဇာနည်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ ဖြိုးကြီး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကလည်း ပါဝင်အားဖြည့် သီဆိုဖျော်ဖြေသွားပါမယ်။

ကမ္ဘာကျော် အမေရိကန်အဆိုတော် Jason Mraz ဟာ လူကုန်ကူးမှုကာ ကွယ်ရေးကို မီးမောင်းထိုးအသိပညာ ပေးတဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ကျင်းပ မယ့် နိုင်ငံတကာဂီတဖျော်ဖြေပွဲကြီးမှာပြည်တွင်းမှ အနုပညာရှင်များနဲ့အတူ ဖျော်ဖြေတင်ဆက်မှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာဖြစ်ပြီး အမြတ်ထုတ်မှုနဲ့ လူကုန်ကူးမှုအဆုံး သတ်ရေး နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ MTV EXIT ကစီစဉ်တာ ဖြစ်ပါတယ်။

အဆိုတော် Jason Mraz ကတော့အစိုးရ သစ်လက်ထက်မှာ မြန်မာနိုင်ငံကို ပထမ ဆုံးလာရောက်ဖျော်ဖြေတဲ့ နာမည်ကျော်နိုင်ငံတကာအနုပညာရှင်ပဲဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီပေးမှုနဲ့ အဆိုတော်Ozomatliလာရောက်ဖျော် ဖြေခဲ့ဖူးတာေ ကြာင့် ဆယ်စုနှစ်အတွင်း အနောက်နိုင်ငံကနေ မြန်မာနိုင်ငံမှာလာရောက်ဖျော်ဖြေတဲ့ ဒုတိယမြောက် ကမ္ဘာကျော်အနုပညာရှင်လည်းပဲ ဖြစ် ပါတယ်။

"အစိုးရသစ်လက်ထက်မှာ မြန်မာ နိုင်ငံကို ပထမဦးဆုံးလာရောက်ဖျော် ဖြေတဲ့သူဖြစ်ရတာကျွန်တော် အရမ်းကို ၀မ်းသာပါတယ်။ ကျွန်တော် မြန်မာနိုင်ငံ ကို ကျေးဇူးတင်ဝမ်းမြောက်စွာသွား ရောက်ဖျော်ဖြေမှာပါ။ ကျွန်တော်တို့ အပြောင်းအလဲတစ်ရပ် လုပ်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

"ကျွန်တော့သီချင်းတွေနဲ့ တစ်ခုခုလုပ် ပေးနိုင်တယ်ဆိုတာကိုလည်း သက်သေ ပြနိုင်မှာပါ။ကျွန်တော့သီချင်းတွေဟာ အခြေအနေဆိုးတစ်ခုကို ကောင်းလာ အောင်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိလာ စေတာမျိုးဖြစ်ချင်တာပါ။ ဒါကို အမ်တီဗီ က အသိအမှတ်ပြုပေးရင်ကျွန်တော် လည်း ၀မ်းမြောက်ဝမ်းသာ ကျေးဇူးတင် နေမှာပါ"လို့ Jason Mraz ပြောကြား ထားတာကို ၀ါရှင်တန်ပို့စ်မှာ ဖော်ပြထား ပါတယ်။

လူကုန်ကူးနဲ့ပတ်သက်တဲ့ကိစ္စတွေကို လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက စိတ်ဝင်စားလာခဲ့တဲ့ Jason ဟာ တခြား နိုင်ငံတွေလည်း ခုလိုပွဲတွေအတွက် သွားရောက်ဖျော်ဖြေခဲ့ဖူးပါတယ်။

"မကြာသေးခင်ရထားတဲ့ ခန့်မှန်းချက် တွေအရ ကမ္ဘာပေါ်မှာကျွန်ပြုခံနေရတဲ့ သူ ၂၇ သန်းလောက် ရှိနေပါတယ်။ ဒီလို ဖြစ်ရတာ ဟာ စီးပွားရေးအကျပ် အတည်းကြောင့် ဖြစ်ရတာပါ။လူလူချင်း အမြတ်ထုတ်မှုတွေကို အနောက်နိုင်ငံ တွေမှာတင်မကဘူး။ ဆင်းရဲပြီး မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာလည်း တွေ့နေရပါ တယ်။

"လူသားကို ကုန်ပစ္စည်းတစ်ခုအဖြစ် ရောင်းဝယ်တာဟာ အမြတ်အစွန်း အများကြီးရတဲ့လုပ်ငန်းတစ်ခုပါ။ ဒါ ကြောင့် ဒီလိုမျိုး လူလူချင်းခေါင်းပုံဖြတ် တာကို တိုက်ဖျက်ဖို့ ကျွန်တော့ရဲ့အသံ၊ ကျွန်တော့ရဲ့သီချင်းနဲ့ အားဖြည့်ကူညီ ပေးဖို့ ခုလိုပါဝင်ခဲ့တာပါ" လို့ Jason ကပြောပါတယ်။

MTV EXITက မြန်မာနိုင်ငံမှာ၂၀၀၉ခုနှစ်နဲ့၂၀၁၂ခုနှစ်အတွင်းမှာလူကုန်ကူးမှုတိုက်ဖျတ်ရေးကို ဖော်ညွှန်းတဲ့ ဖြစ်ရပ်မှန်မှတ်တမ်း ရုပ်ရှင်တွေကို ရိုက် ကူးထုတ်လွှင့်ခဲ့ပေမယ့်နိုင်ငံတကာဂီတ ဖျော်ဖြေပွဲကြီးကိုတော့ ပထမဆုံးအကြိမ် စီစဉ်ခြင်းပဲ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံရဲ့လူကုန်ကူးမှုတိုက်ဖျက် ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ MTV EXIT ကမှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီးပါပြီ။ အခုဒီတစ်ကြိမ်မှာ တော့ တေးဂီတ၊ အကအဖွဲ့၊ သရုပ် ဆောင် စတဲ့အလွှာစုံက အနုပညာရှင်တွေ ပါဝင်တဲ့ ခမ်းနားကြီးကျယ်တဲ့ အခမဲ့တေးဂီတ ဖျော်ဖြေပွဲကြီးကို မြန်မာနိုင်ငံမှာ ပထမ ဆုံးအကြိမ်ပြုလုပ်မှာပါ" လို့ MTV EXIT ရဲ့ Campaign Director Mr. Matt Love ၊ကမြန်မာတိုင်း(မ်)ကိုပြောပါတယ်။

သူက တေးဂီတပွဲဆိုပေမယ့်လည်း သူတို့ရိုက်ကူးထားတဲ့ လူကုန်ကူးမှုဆိုင် ရာ မှတ်တမ်းရိုက်ရှင်များ၊ အနိုင်ကျင့်ခံ ရသူများနဲ့ အင်တာဗျူးများကို ဖျော်ဖြေ ပွဲမှာ ပရိုဂျက်တာနဲ့ ပြသပြီး ပရိသတ်ကို လူကုန်ကူးမှုအကြောင်း မီးမောင်းထိုးပြ သွားမှာပါလို့လည်း ရှင်းပြပါတယ်။

ခုလိုနိုင်ငံတကာဂီတဖျော်ဖြေပွဲမျိုးကို အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင်၊ဗီယက်နမ်၊ လာအို၊ နီပေါနဲ့ တရုတ်နိုင်ငံတွေမှာတော့ အကြိမ် ၃၀ ကျော်ကျင်းပခဲ့ပြီးအောင်မြင်မှုတွေ လည်း ရရှိခဲ့တယ်လို့ Mr Love ကပြော ပါတယ်။

"တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့် လိုက်ရင် မြန်မာနိုင်ငံမှာ နိုင်ငံတကာ ဂီတဖျော်ဖြေပွဲကျင်းပဖို့ ပြင်ဆင်ရတာ နည်းနည်းတော့ကွာခြားပါတယ်။ အရမ်း စည်းလုံးကြတဲ့ မြန်မာနိုင်ငံသားတွေ အတွက် အပြောင်းအလဲတွေအများကြီး ဖြစ်ပျက်နေတဲ့ကာလမှာ ပထမဆုံးနိုင်ငံတကာ ဖျော်ဖြေပွဲ၊ ပြီးတော့ အခမဲ့ဆိုတာ တွေကြောင့် မျှော်လင့်ရတာတွေက လည်း အများကြီးပါပဲ" လို့လည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခုလို ဂီတဖျော်ဖြေပွဲ ကျင်းပနိုင်ဖို့အတွက်ကို တစ်နှစ်ကျော် အချိန်ယူ ပြင်ဆင် ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မြန်မာတိုင်း(မ်)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.