Saturday, October 6, 2012

0 "ကိုင်း.....လယ်ပြင်မှာဆင်သွားတာတောင် ဆင်ခြေရာခံချင်သေးသပါ့ဆိုရင်ဖြင့်...."

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်အရေးလှုပ်ရှားမှုတွေကို စက်တင်ဘာ (၁၃)ရက်နေ့မှာတွေ့ဆုံဆွေးနွေး ကြတယ်။ ၀န်ကြီးချုပ်နဲ့ ၈၈မျိုးဆက်ကျောင်းသားများ၊ NLDပုလဲလွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တို့ တွေ့ဆုံဆွေးနွေးကြတယ်။ ဗကသကိုယ်စားလှယ်တွေပါသလို၊တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌ ၊တိုင်းသတ္ထုတွင်းဝန်ကြီး ဦးသိန်းထိုက်လဲပါတယ်။

ဒေသခံတောင်သူလယ်သမားတွေနဲ့ဒေသခံကျောင်းသူကျောင်းသား ပြည်သူလူထုတွေကအချက်သုံးချက်တောင်းဆိုတယ်။

(၁)ဖမ်းဆီးထားသူများပြန်လည်လွှတ်ပေးရေး
(၂)ဆန္ဒပြမှုတွင်ပါဝင်သူများအားအရေးယူခြင်း၊ကျောင်းထုတ်ခြင်း၊တရား စွဲခြင်း တစ်စုံတစ်ရာမပြုရန်
(၃)လက်ပံတောင်းတောင် စီမံကိန်း ရပ်စဲရေး ..... ဆိုတာတွေပါပဲ
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးက (၈၈)မျိုးဆက်ကျောင်းသားတွေနဲ့NLD ပုလဲလွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်တို့ကို... (၁)ဖမ်းဆီးထားသူတွေကို လွှတ်ပေးမယ်။
(၂)ဆက်လက်ဖမ်းဆီး၊အရေးယူတာတွေမလုပ်ဘူး၊။ကျောင်းသားတွေကိုလဲ ကျောင်းမထုတ်ပါဘူး။
(၃)လက်ပံတောင်းတောင် စီမံကိန်းရပ်စဲဖို့ကတော့ ပြည်ထောင်စုအစိုးရကမှဆုံးဖြတ်လို့ရမှာဖြစ်တယ်
လို့ဆိုခဲ့ပြီး...ဒီအရေးကိုလဲ ဥပဒေဘောင်အတွင်းကနေ တင်ပြဖို့ လုပ်ကြပါလို့ ပြောဆိုခဲ့တယ်။ (၈၈)ကျောင်းသားတွေနဲ့ဒေါ်ခင်စန်းလှိုင်လဲ ၀န်ကြီးချုပ်စကား တရားအတည်ဖြစ်လတ္တံလို့ ယုံကြည်ပေးခဲ့ကြတယ်။

စက်တင်ဘာ(၁၄)ရက်နေ့ညနေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ လွတ်လာတယ်။ ကန့်သတ်ချက်တစ်စုံတစ်ရာနဲ့...............

အဲဒီညမှာပဲ ၀က်မှေးရွာမှာ ကြေငြာခဲ့တယ်။အခု ဖမ်းဆီးထားသူတွေ လွတ်လာပြီ။ဆန္ဒပြခဲ့သူတွေကိုလဲ ဘယ်သူ့ကိုမှ ဆက်လက်ဖမ်းဆီးမှာမဟုတ်ဘူးဆိုတာနဲ့ အမှုဖွင့်ထားတာတွေကိုလဲ ရုတ်သိမ်းလိုက်ပြီဆိုတာတွေ...(၈၈)နောင်တော်တွေ ယုံကြည်စွာ လူထုကိုအသိပေးခဲ့ကြတယ်။ပါတီဝင်တွေကလဲ ပြည်သူတွေ စိတ်မအေးရင် ထပ်တူပါပဲဆိုတာ ရပ်တည်ပြခဲ့ကြတယ်။

ကိုင်း....ခုတော့....ဒီလူတွေလွတ်မြောက်ပြီး (၁)လမပြည့်မှီ.....အမှုသစ်တွေတပ်.....လူသစ်တွေတိုးပြီး.....ညစ်ပက်မှု ခရီးရှည်ကြီးကိုစတင်လိုက်ပါပြီ။ဒေသခံတွေအပါအ၀င် ပြည်သူ့အကျိုးဆောင်တွေ၊ဗကသ ကျောင်းသားတွေ၊မုံရွာသားတွေအပါအ၀င်(၁၆)ယောကို အမှုဖွင့်လိုက်ပါပြီ။ဗကသကျောင်းသားတစ်ယောက်ကို ကျောင်းထုတ်လိုက် တယ်။ လူထုလှုပ်ရှားမှုတွေ ရပ်ခဲ့ရပြီး....လူထုမျှော်လင့်ချက်တွေ ရပ်ခဲ့ရတာကလွဲရင်...လက်ပံတောင်းတောင်ပြည်သူတွေနဲ့ ပေါင်းကူခဲ့သူတွေ ဘာတွေဖြစ်ခဲ့ရပါသနည်း။

မေးခွန်းတွေထုတ်နေစရာမလိုပဲ ပြည်သူ့အရေးကိုမျက်ကွယ်ပြု ပြည်သူကို ခရိုနီအကြိုက် ဥပဒေအမည်တပ်ပြီး ဖိနှိပ်မှုတွေ လုပ်လာကြပြီ။

နောင်တော်ကျောင်းသားကြီးများ၊လွှတ်တော်အမတ်မင်းတို့ ယုံကြည်မှု၊ပြည်သူလူထုရဲ့ ယုံကြည်မှုကို တိုင်းဒေသကြီး အစိုးရက လုံးဝမဖောက်ဖျက်ပါဘူးဗျာ.....။

တစ်ခုပါပဲ.....ဦးပိုင်အမည်တပ်ထားတဲ့ ဘယ်သူပိုင်တယ်သေချာမသိတဲ့ ဗိုလ်မှူးဟောင်တွေ လူကြီးလုပ်နေတဲ့ကုမ္ပဏီက(၄.၁၀.၂၀၁၂)ရက်နေ့မှာ ဒေသခံတွေအပါအ၀င်၊ဗကသတွေ၊ပြည်သူ့ အကျိုးဆောင်တွေကို အမှု(၃)ခုနဲ့ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့မှာ အမှုဖွင့်လိုက်ပါပြီ။

လူထုကို တိုက်ရိုက် တာဝန်ယူပြောခဲ့သူများ မိမိစကားများကို ဘယ်သူတည်တည်မတည်တည် တာဝန်ယူတည်ကြည်အောင်ဆောင်ရွက်ဖို့ မိမိတို့မှာ တာဝန်ရှိပါတယ်။

ကျွန်တော်ကတော့ ၀န်ကြီးချုပ်နဲ့မပြောခဲ့ရပါဘူး။လွှတ်တဲ့နေမှာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးနဲ့သာတွေ့ခဲ့ရပြီး သူကိုယ်တိုင်ကလဲ ဘယ်သူ့ကိုမှ ထပ်မံတရားမစွဲဘူးဆိုတာပြောခဲ့တော့... ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိပါတယ်။အခုတော့ စစ်ကိုင်းတိုင်းဒေသကြီးမှာ တရားဥပဒေဆိုတာ ခရိုနီလက်ကိုင်တုတ်လိုဖြစ်နေတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပြီမို့ မိမိတို့ စွမ်းသမျှ တရားဥပဒေစိုးမိုးရေးကိုကြိုးစားပါတော့မည်။

(၈၈)နောင်တော်များနှင့် NLD လွှတ်တော်အမတ်မင်းမှလဲ မတည်ကြည်ခဲ့သော စကားကို ယုံကြည်ပြီးလူထုကို ရပ်နားစေခဲ့မှုကို တရားဝင် တောင်းပန်ပြီး ယခုဖြစ်စဉ်အား တာဝန်ရှိသူများပီပီတာဝန်ယူလိမ့်မည်ဟု မျှော်လင့်ယုံကြည်မိပါသည်။

ချွင်းချက်။ ။ကျွန်တော် ခုထိ နောင်တော်များနှင့်NLD အင်အားစုများကို ယုံကြည်နေပါသေးသည်။

လေးစားလျှက်
ကိုဝေဠု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ကျောင်းသားလူငယ်

1 သံသယဖြစ်ခွင့်ပေးပါ

 မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းနေပြီလို့ လူတွေ ပြောကြတယ်၊ အမှန်မှာ ဒီမိုကရေစီစနစ် မထွန်းကားသေးဘူး၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့ လုပ်စပဲ ရှိတယ်လို့ သမ္မတသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ဝန်ခံကြတယ်။ ဒီမိုကရေစီ မရှိသေးဘူးဆိုယင် ပြောင်းပြန်ကောက်ကြည့်ပါ။ အာဏာရှင်စနစ် ရှိသေးတယ်လို့ ဆိုလိုရာရောက်ပါတယ်။ အာဏာရှင်စနစ် ရှိနေသေးတယ်ဆိုယင် ဇာတ်ဆရာလည်း ရှိသေးတယ်လို့ သိရပါလိမ့်မယ်။ ကန့်လန့်ကာနောက်မှာ ဇာတ်ဆရာ ရှိနေသေး ယင် ရှေ့ထွက်နောက်ထွက်မင်းသားမင်းသမီးတွေဟာ ဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံနေကြရတယ်ဆိုတာကိုလည်း သိထားကြရမှာဖြစ်ပါတယ်။
ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်က အစိုးရဝန်ကြီးများနဲ့ ပြည်သူ့လွှတ်တော်အမတ်များ မရိုးသားကြောင်း ပြောနေပါပြီ။ မရိုးသားဘူးဆိုတယ့်နေရာမှာ လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းအပါအဝင် ဘေးသင့်စီမံကိန်းများရပ်တန့်ဖို့ကိစ္စနဲ့ ပိုင်ဆိုင်မှုမကျေညာတယ့်ကိစ္စမျိုးကို ရည်ညွှန်းတယ်။ အစိုးရက ဒီပြင်မှာကော ရိုးသားပါရဲ့လား။

စစ်အစိုးရလက်ထက်က စပြီး ဒီကနေ့အထိ သူတို့ချဉ်းကပ်တယ့်အဖွဲ့အစည်းတိုင်းလိုလို ကွဲပြဲကြတယ်။ ဒီချုပ်လည်း ကွဲခဲ့တာပဲ။ ကချင်လည်း ကွဲခဲ့တာပဲ။ ရှမ်းတွေလည်း ကွဲသလားမမေးနဲ့။ အကွဲဆုံးက ကရင်တွေပါ။ လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး (K.N.U.) က ထပ်ကွဲဖို့ မြင်နေရပြီ။ တိုင်းရင်းသားအချင်းချင်း မတူညီတယ့် အခွင့်အရေးများပေးကာ သွေးခွဲနေတုန်းပါပဲ။ အစိုးရရဲ့ ချဉ်းကပ်မှုနည်းဗျူဟာဟာ လူကြီးလူကောင်းမဆန်ပါ။ အစိုးရရဲ့ ပေါ်လစီဟာ ရိုးသားးမှု ရှိမယ်ဆိုယင် တိုင်းရင်းသားတွေဟာ ပိုပြီး စုစည်းညီညွတ်လာဖို့ပဲ ရှိတယ်မဟုတ်လား။

ရခိုင်အရေးအခင်းကိုလည်း ကြည့်ပါ။ အစမှာ ဒီဘင်္ဂါလီတွေက ခိုးဝင်လာသူများဖြစ်ကြောင်း ပြောတယ်။ ခိုးဝင်သူများကို နိုင်ငံသားဖြစ်ခွင့်မပေးဘူး၊ တတိယနိုင်ငံကို တင်ပို့မယ်လို့ ပြောတယ်။ နောက်ကျတော့ လဝကမှားယွင်းမှုလည်း မရှိ၊ ခိုးဝင်သူများလည်း မရှိဘူးလို့ ပြောပြန်တယ်။ အစမှာ ရခိုင်တွေကို မြှောက်ပေးတယ်၊ အိုအိုင်စီ၊ ဥရောပ၊ အမေရိကန်နဲ့ ကုလသမဂ္ဂတို့ ဖိအားပေးတော့ ရခိုင်တွေကို အပြစ်ပုံချတယ်။ အမှန်မတော့ ဒီကိစ္စ အစိုးရမှာ လုံးလုံးတာဝန်ရှိတယ်။ တာဝန်ရှိပေမယ့် မသိယောင်ဆောင်ပြီး ဒိုင်လူကြီး ဝင်လုပ်တယ်။ အစိုးရပေါ်လစီအားနည်းချက်ကို လူတွေ အာရုံမရောက်ဖို့ မူစလင်မုန်းတီးရေးကို မသိမသာ အားပေးတယ်။ ရိုးရိုးသားသားတွေးကြည့်ယင် ဒီမူစလင်များကို နိုင်ငံသားပေးဖို့ အစိုးရမှာ အစီအစဉ်ရှိတာ သေချာတယ်။ မယုံယင် ၂၀၁၄ ခုမှာ စောင့်ကြည့်ပါလေ။

ပြည်တွင်းပြည်ပကြားမှာ ကွဲအောင်လည်း ကစားခဲ့သေးတယ်။ စာရေးသူက ဘယ်သူဘယ်ဘက်မှ မပါပါ။ ဘယ်သူက မှန်တယ်၊ ဘယ်သူက မှားတယ်လို့ မပြောပါ။ ဒါပေမယ့် မိုးသီးဇွန်းကို ကြိုရေးမကြိုရေး မင်းဇေယျာနဲ့ ကိုကိုကြီးတို့ ကွဲကြရာ ကိုကိုကြီးက မဲအသာနဲ့ နိုင်သွားလို့ မကြိုဖြစ်ခဲ့။ ဝန်ကြီးအောင်မင်းတို့အဖွဲ့က ဖိတ်ခဲ့ခြင်းလည်း မဟုတ်၊ မိမိတို့သဘောနဲ့သာ ပြန်တယ်လို့ ပြောနေပေမယ့် တံခါးဟပေးတာက ဝန်ကြီးဦးအောင်မင်းတို့ပါပဲ။ ဒါက နပိုလီယံက အင်အားငါးဆလောက် ကြီးတယ့် သြစကြီးယားတပ်ကို တိုက်သလိုမျိုး ခွဲတိုက်တာပါ။ ပါတီခွဲတွေများလေ ဒီချုပ်က အထိနာလေမို့ ဒီအကွက်ကို ထွင်တယ်။ ပြန်ဝင်ကြသူများ သိလားမသိလားတော့ မသိပါ။ စာရေးသူတို့က အဲဒီလိုပဲ ထင်တယ်။ အမှန်မတော့ ပြည်တွင်းနဲ့ပြည်ပတို့ဟာ အတိုက်အခံလုံးဝမဖြစ်သင့်ကြပါဘူး။ ဒီချုပ်ကိုဆက်ဆံတယ့်နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဦးစားပေးတာတို့၊ ကျောင်းသားအဖွဲ့မှာ မင်းကိုနိုင်ကိုပဲ ခရီးသွားစာအုပ် ထုတ်ပေးတာတို့ ဒါတွေက မရိုးသားမှုတွေပဲလို့ ယူဆပါတယ်။

သံသယရှိတာ မကောင်းဘူးလို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပြောနေပေမယ့် စာရေးသူတို့က ခဲမှန်ဖူးတယ့် စာသူငယ်လို သံသယက ခပ်ကြီးကြီးပါ။ လာမယ့် ၂၀၁၅ ခုနှစ်မှာ လွှတ်တော်က ဥပဒေကို ပြင်ပေးခဲ့ယင်၊ လူထုက မဲပေးခဲ့ယင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်နိုင်ပါတယ်လို့ သမ္မတသိန်းစိန်က ပြောပါတယ်။

လွှတ်တော်ရှိသူရရွှေမန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ဥပဒေကို ပြင်ပေးမယ်လို့ မပြောသေးဘူး။ တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး လိုအပ်လို့ ရှိယင် ဥပဒေကို ပြင်ပေးမယ်လို့ ဝန်ကြီးဦးအောင်မင်းက ပြောနေပေမယ့် သူ့ကို လွှတ်တော်က ငြိုငြင်မှာ ကြောက်နေကြောင်း ပြောဖူးတာကို မမေ့ကြပါနဲ့။ လွှတ်တော်ကလည်း ဝန်ကြီးဦးအောင်မင်း ပြင်ခိုင်းတိုင်း ပြင်ပေးမှာမဟုတ်ဘူး။ ဒါတွေက လက်လွတ်စပယ် ပြောကြတာ ဖြစ်တယ်။

စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းနိုင်ခဲ့လို့ အနားယူသွားသူဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေသတင်းတွေ ထွက်လာတယ်၊ စစ်ပညာသင်တန်းကျောင်းများကို လေ့လာနေတယ့် ကာချုပ်မင်းအောင်လှိုင်သတင်းတွေ တက်လာတယ်၊ သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အမေရိကန်ဘက် ပါ႟ပြီး သူရရွှေမန်းနဲ့ ကာချုပ်ဟောင်းတို့က တရုတ်နဲ့ တိတ်တဆိတ် အဆက်အသွယ်ရှိတယ်လို့ ကောလာဟလထွက်လာတယ်။ ဒါကို အတည်ပြုလို့ မရပေမယ့် သူရရွှေမန်းဟာ အလားအလာကောင်းတယ့် နောက်ခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်ပါတယ်။ ကာချုပ်သစ်ကလည်း သူ့အခန်းကဏ္ဍ ရှိကြောင်း ပြသဖို့ အခု ရှမ်းတပ်ကို ပြဿနာသွားရှာနေပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ဖြစ်ထွန်းနေပြီလို့ လူတွေ ပြောကြတယ်၊ အမှန်မှာ ဒီမိုကရေစီစနစ် မထွန်းကားသေးဘူး၊ ဒီမိုကရေစီစနစ် ထွန်းကားဖို့ လုပ်စပဲ ရှိတယ်လို့ သမ္မတသိန်းစိန်ရော ဒေါ်အောင်ဆန်းစုကြည်ပါ ဝန်ခံကြတယ်။ ဒီမိုကရေစီ မရှိသေးဘူးဆိုယင် ပြောင်းပြန်ကောက်ကြည့်ပါ။ အာဏာရှင်စနစ် ရှိသေးတယ်လို့ ဆိုလိုရာရောက်ပါတယ်။ အာဏာရှင်စနစ် ရှိနေသေးတယ်ဆိုယင် ဇာတ်ဆရာလည်း ရှိသေးတယ်လို့ သိရပါလိမ့်မယ်။ ကန့်လန့်ကာနောက်မှာ ဇာတ်ဆရာရှိနေသေးယင် ရှေ့ထွက်နောက်ထွက်မင်းသားမင်းသမီးတွေဟာ ဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံနေကြရတယ်ဆိုတာကိုလည်း သိထားကြရမှာဖြစ်ပါတယ်။ တကယ့်အာဏာက ဘယ်သူ့မှာ ရှိနေမလဲ၊ ကာလုံမှာ ရှိသလား၊ ကာလုံကို ချုပ်ကိုင်ထားသူမှာ ရှိသလား တွေးကြည့်ပါ။

သမ္မတသိန်းစိန်၊ ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီးဦးစိုးသိန်းတို့ဟာ ဘယ်လောက်ပိုင်လဲ မခန့်မှန်းတတ်ပါ။ ဒါပေမယ့် အာဏာရှင်စနစ်မှာဆိုယင် သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေ ဖြစ်တတ်ပါတယ်။ ဟိုလွန်ခဲ့တယ့် ၂၀၀၄ ခုနှစ်က အဖြစ်အပျက်တစ်ခုကို လူတိုင်း မေ့ကြမယ်မထင်ပါ။ ဒီအောက်တိုဘာလ (၁၈)ရက်နေ့မှာပဲ တက်လူဝန်ကြီးချုပ်ခင်ညွန့်ကို ကျည်ဆံတစ်လုံးမှ သုံးစရာမလိုဘဲ ဝါကျတစ်ကြောင်းထဲနဲ့ အမွေးနုတ်ပြီး ဖြူတ်ပစ်ခဲ့ဖူးပါတယ်။ အခု သိန်းစိန်ကို ဖြုတ်ဖို့ဆိုယင် ဝါကျဝက်ပဲ လိုမယ်လို့ ထင်ပါတယ်။ အကောင်းချည်းကိုပဲ မျှော်လင့်မထားဖို့ သတိပေးလိုရင်းပါ။

"ဟိုတုန်းကသာ ဒီလို လုပ်ယင် ကျုပ်လည်း အဖမ်းခံရပြီပေါ့ကွာ" ဝန်ကြီးဦးစိုးသိန်း ပြောသလို ဟိုခေတ်နဲ့ အခုခေတ်မတူကြောင်း သက်သေပြဖို့ ရိုးသားမှုကလေး ပြကြပါ။ သံသယတွေကို ပယ်ဖျောက်ဖို့ဆိုယင် အစိုးရရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ် ဒီ(၃)ဖွဲ့ဟာ သဘောထားကြီးကြီး ထားပေးပါ။ အခြေခံဥပဒေနဲ့ပတ်သက်ပြီး အကြီးစားပြုပြင်ပြောင်းလဲရေးတစ်ခုကို သုံးလအတွင်း ပြုလုပ်ပေးပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီနည်းမကျတယ့် ပုဒ်မတွေကို ဖယ်မထုတ်နိုင်သေးသရွေ့တော့ သံသယဖြစ်ခွင့်ပေးပါ။

Ven Ravika

0 လွမ်းလို့ကျန်ရစ်ခဲ့ရပြီ အမေ (ဖြစ်ရပ်မှန် ဆောင်းပါး)

၂ဝ၁၂ ခုနှစ် အောက်တိုဘာ (၄) ရက်နေ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ်စကိုမြို့တော် စံတော်ချိန် နံနက် (၈းဝဝ) နာရီအချိန်တွင် ကျွန်တော်တို့အားလုံးရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့သို့ ည (၉း၃ဝ) နာရီအချိန်ခန့်တွင် အမေရိကန်နိုင်ငံမှ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။

မြန်မာ ပြည်သူလူထုတို့၏ ဝမ်းပန်းတသာနဲ့ တခဲနက်ကြိုဆိုမှု မြင်ကွင်းအစုံတို့ကို ကျွန်တော်တို့ Online ပေါ်မှ တဆင့်မြင်တွေ့ရမှုသည် ကျွန်တော်တို့နှင့်အတူ ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာပြည်သူလူထုတို့ အတွက် ကြက်သည်းမွေးညင်းများ ထလောက်အောင်ကို ဝမ်းသာပီတိ ဖြစ်စေခဲ့ရသည်။

ဝမ်းသာပီတိ ဖြစ်ခဲ့ရသလို ဝမ်းနည်းလွမ်းဆွတ်မှုသည်လည်း ထပ်ချပ်မကွာ ခံစားခဲ့ရသည်။ ပြည်တွင်းရှိ မြန်မာလူထူတို့ အတွက် အားကိုးအားထားရာ ငြိမ်းချမ်းရေးမိခင်တစ်ဦးရဲ့ နွေးထွေးမှု ရင်ခွင်ထဲသို့ လုံခြုံစိတ်ချစွာ ပြန်လည် ရောက်ရှိသကဲ့သို့ ခံစားခဲ့ကြသလို ပြည်ပရှိ မြန်မာလူထုအတွက်မူ နာရီပိုင်းကလေးအတွင်းသာ အိပ်မက် မက်သကဲ့သို့ နွေးထွေးမှု၊ ကြည်နှုးမှုတို့ကို ခံစားထိတွေ့ခဲ့ရသည်။ သို့သော် အမေစု၏ သြဝါဒ စကားများ ကား အဖိုးမဖြတ်နိုင်၊ ပြည်တွင်းပြည်ပ မြန်မာပြည်သူလူထုအားလုံး လက်တွေ့ကျင့်ကြံကြဖို့သာ အရေးကြီး လှသည် မဟုတ်ပါလား။ ဘုရားသခင်တိုင်းသည်လည်း လူသားအားလုံးအတွက် ငြိမ်းချမ်းရေး တရားတော် မြတ်တို့ကို ဟောကြားခဲ့ကြသည်။ သို့သော်ငြားလည်း လူသားတို့သည် ဘုရားသခင်တို့၏ ဆိုဆုံးမ စကား များအား မလိုက်နာ၊ မကျင့်ကြံခြင်းကြောင့် စစ်ပွဲပေါင်းမျိုးစုံတို့ကို ရင်ဆိုင်ကြုံတွေ့ နေရခြင်းပင် မဟုတ် ပါလား။ ဤနေရာတွင် အမေစုအား ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းကားမဟုတ်။ အသိပညာ၊ အတတ်ပညာ များစွာတို့နှင့် ပြည့်စုံသောပညာရှိတစ်ဦးအဖြစ် တင်စားပြောဆိုခြင်း သက်သက်သာဖြစ်သည်။

ထို့ကြောင့် ပြည်ပတွင်ရှိကြကုန်သော မြန်မာပြည်သူလူထုတို့သည်လည်း အမေပြောကြားခဲ့သော၊ ဆုံးမခဲ့သော သြဝါဒစကားများကို လိုက်နာကျင့်ကြံကြပြီး မြန်မာ့အရေးကို စွမ်းဆောင်ကြဖို့ ပြင်ဆင် နေကြပြီဟု ယုံကြည်မိပါတော့သည်။ အတ္တနဲ့ပရကို ဒွန်တွဲလက်ကိုင်ပြုကြကာ အများအကျိုး တိုင်းပြည် အကျိုး၊ နိုင်ငံအကျိုးကို ပေးဆပ်ကြရမည်ဖြစ်သည်။ ထို့မှသာ မြန်မာပြည်တွင်းရှိ အခြေခံလူတန်းစားများ ဖြစ်သည့် ဆင်းရဲချို့တဲ့သော ဒုက္ခသည်များအတွက် ဘဝလမ်းခရီးသည် သာယာဖြောင့်ဖြူးတော့မည်။သို့မှသာတိုင်းပြည်သာယာဝပြောကာငြိမ်းချမ်းမှုပန်းတိုင်ကိုဆုပ်ကိုင်နိုင်မည်ဖြစ်တော့သည်။ ပြည်တွင်း မြန်မာပြည်လူထုအတွက်အင်အားများရှိသွားသကဲ့သို့ ပြည်ပရှိမြန်မာလူထုများတွင်လည်း ရှေ့ဆက် လျှောက်လှမ်းရမည့် ဘဝရပ်တည်မှု လမ်းကြောင်းမှန်ကိုလည်း သိရှိတွေ့မြင်ခဲ့ရပြီဖြစ်သည်။



အမေစုကို မြန်မာလူထု လူကြီး၊ ကလေးမကျန် သိရှိကြသည်မှာ အမေစုသည် နာမည်ကြီး အဆိုတော်မဟုတ်၊ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်ယောက်မဟုတ်၊ အမေစု၏တိုင်းပြည်အပေါ်၊ လူထု အပေါ်ထားရှိသော မှန်ကန်သည့် စေတနာ၊ မေတ္တာ၊ သစ္စာတရားများကြောင့်ပင် ဖြစ်တော့သည်။ အမေစု ၏မေတ္တာသည် မည်မျှထိရောက်သနည်းဆိုရသော် ကျွန်တော်ပြောပြပါတော့မည်။ ကျွန်တော်တို့ နေထိုင် ရပ်တည်ရာဖြစ်သော ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံအသီးသီးတို့တွင် ဆင်းရဲမွဲပြာကြနေသော နိုင်ငံများ ရှိနေသကဲ့သို့ ချမ်းသာကြွယ်ဝနေသော တိုင်းဌာနေများလည်း များစွာရှိကြသည်။ ယခု အမေစုကို တစ်ကမ္ဘာလုံးသော ကမ္ဘာပြည်သူများအားလုံးလိုလို သိရှိကြသည်မှာ အမေ့ရဲ့ လူသားများအပေါ်ထား ရှိသောမေတ္တာ၊ စေတနာများကြောင့်ပင် ဖြစ်တော့သည်။ ကမ္ဘာ့ချမ်းသာကြွယ်ဝသော အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံကြီးများတင်မက ကမ္ဘာံအဆင်းရဲဆုံး နိုင်ငံစာရင်းဝင် အီသီယိုး ပီးယားနိုင်ငံမှ ပြည်သူများကပင် အမေစုအား လေးစားကြည်ညိုမှုကို ကျွန်တော်မျက်ဝါးထင်ထင်တွေ့ မြင်ခဲ့ ရခြင်းကြောင့်ပင် ဖြစ်တော့သည်။

ထိုနေ့သည်ကား ၁၇.၉.၂ဝ၁၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့ရှိ Department of States တွင် အမေရိကန်အစိုးရအရာရှိကြီးများနှင့် NED ဆုပေးပွဲအတွက် တွေ့ဆုံအပြီးတွင် ကျွန်တော်တို့တည်းခိုရာ ဟိုတယ်သို့ TAXI ကားဌါးပြီး အပြန်လမ်းတွင် Taxi မောင်းသူ သည် ကျွန်တော်တို့အား ဘယ်နိုင်ငံမှလာကြောင်းဟု စကားစမေးတော့သည်။ ကျွန်တော်တို့မှ မြန်မာ နိုင်ငံမှလာကြောင်း ပြန်လည်ပြောသောအခါ မည်သည့်နေရာတွင် အဲ့ဒီ မြန်မာနိုင်ငံဆိုတာ ရှိသလည်းဟူ၍ စပ်စုပြန်သည်။ ထိုအခါ ကျွန်တော်တို့နှင့်ပါလာသူ NED အဖွဲ့မှ ပုဂ္ဂိုလ်က တရုတ်ပြည်၊ အိန္ဒိယပြည်တို့ အကြား ယိုးဒယားနိုင်ငံရဲ့ နံဘေးမှာရှိကြောင်း ပြောပြသော်လည်း ထိုယာဉ်မောင်းလုပ်သူသည် ခေါင်းတ ညိမ့်ညိမ့်နှင့်လုပ်ကာ သိပ်မရှင်းကြောင်း၊ မျက်စိတွင် သိပ်မပေါ်ကြောင်းပြောနေတော့သည်။ ထိုအခါ ကျွန်တော်သည် “Do you know Aung San Suu Kyi ?” (အောင်ဆန်းစုကြည်ကို…သိလား) ဟုမေးလိုက်သော် ထို Taxi မောင်းသမားသည် ပြာပြာသလဲနှင့် “Ah! I see … I see … I really admire her and I have the greatest respect for her. She is the real leader.”(ဟာ သိတယ် … သိတယ် ငါသူ့ကို သိပ်လေးစားတယ်၊ သိပ်ကြည်ညိုဖို့ကောင်းတယ်၊ တကယ့်ခေါင်းဆောင်ကောင်းဘဲ) ဟုပြောကြားခြင်းကို ကျွန်တော်တို့ အံ့သြဝမ်းသာ ဂုဏ်ယူစွာဖြင့်ကြုံတွေ့ ခဲ့ရသည်။ ထို Taxi မောင်းသမား သည် ဤသည်နှင့် မကျေနပ်သေး “Do you have the photo of Aung San Suu Kyi. I want it!.”(မင်းတို့ဆီမှာ အဲဒီ အောင်ဆန်းစုကြည်ရဲ့ပုံရှိလား … ငါလိုချင်လို့ပါ) ဟု ပြောကြားခဲ့ ပြန်တော့သည်။ ထိုအခါ ကျွန်တော်တို့တွင် မရှိကြောင်း ပြန်လည်ပြောကြားသောအခါ သူသည်အတော့်ကို စိတ်မကျေမနပ် ဖြစ်သွားကာ၊ “I put my heros, my god and the leaders who saved my country in the front of my car, benefactor, and drive it. Because your leader stands by the side of commoners all the people, I idolize her and want to put it in the front of my car.” (ငါက ငါ့ရဲ့ သူရဲကောင်း တွေ… ငါတို့ဘုရားသခင်… ငါ့တို့ရဲ့တိုင်းပြည်ကို ကယ်တင်ပေးခဲ့တဲ့ ခေါင်းဆောင်တွေကို… ငါ့ရဲ့ကျေးဇူးရှင် ဒီ မော်တော်ကား ခေါင်းခန်းမှာထားပြီး ငါအလုပ်လုပ်တယ်။ ဒါကြောင့် မင်းတို့ရဲ့ ခေါင်းဆောင်ဟာလည်း လူသားအားလုံး… ငါ့တို့လို အခြေခံလူထုတွေဖက်ကရပ်တည်လို့ ငါလေးစားချစ်ခင်ပြီး ငါ့မော်တော်ကား ရှေ့မှာထားချင်လို့ပါ) ဟု စိတ်မကောင်းစွာ ပြောကြားတော့သည်။ ကျွန်တော်လည်း မည်သို့ပြန်လည် ပြောရမည် မသိဖြစ်နေကာ ကျွန်တော်၏လက်သည် ကျွန်တော့်ရဲ့လွယ်အိတ်အား ကိုင်လိုက်စဉ် တစ်စုံ တစ်ရာအား စမ်းမိသွားတော့သည်။ ထိုအရာကား ကျွန်တော်ခရီးသွားတိုင်း ကျွန်တော်လွယ်သွားလေ့ရှိ သော ကျွန်တော်၏ လွယ်အိတ်တွင် ချိတ်ဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံ ရင်ထိုးလေးပင် ဖြစ်တော့သည်။ ထိုအခါ ကျွန်တော်သည် ဝမ်းသာအားရဖြင့် ရင်ထိုးငယ်အားဖြုတ်ယူကာ “This is our mother, Aung San Suu Kyi who you want.” (မင်းလိုချင်တဲ့ ငါ့တို့အားလုံးရဲ့ အမေစုပုံ) ဟု ပြောကြားကာ သူ၏လက်ထဲသို့ ပေးလိုက်တော့သည်။ သူသည် ချက်ချင်း ဆိုသလို သူ၏မော်တော်ကား အား လမ်းတစ်နေရာတွင်ထိုးရပ်ပြီး မော်တော်ကားရှေ့ရှိ သူတို့၏ သူရဲကောင်းများ၊ ခေါင်းဆောင်များ၊ သူတို့၏ ဘုရားသခင်တို့ကို မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားသော နေရာတွင် အမေစုအား နေရာတစ်နေရာပေး ချိတ်ဆွဲထားလိုက်တော့သည်။

ထို့ကြောင့် အမေစုအား ကမ္ဘာ့နိုင်ငံအသီးသီးမှ ကမ္ဘာပြည်သူအပေါင်း ဆင်းရဲချမ်းသာမရွေး၊ ကမ္ဘာနိုင်ငံ ခေါင်းဆောင်ဟူသမျှ လေးစားအသိအမှတ် ပြုကြသည်မှာ အမေစုရဲ့ ပြည်သူလူထုအပေါ်ထားရှိသော မှန်ကန်သည့်သစ္စာတရား၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားရှိသော မေတ္တာ တရားတို့၏ စွမ်းပကားတို့၏ ထုထည်ကြီးမားလှသော အရှိန်အဝါအား လက်တွေ့ပြသလိုက်ခြင်းပင် ဖြစ်တော့သည်။ "ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံ ပြန်လာမည်" ဆိုသည့်စကား မှန်ကန်လှ ပေတော့သည် အမေရယ်။ သို့သော် ပြည်ပမှာရှိနေကြတဲ့ သားတို့ သမီးတို့ အားလုံးကတော့ လွမ်းလို့ ကျန်ရစ်ခဲ့ရပြီပေါ့ အမေ။

(ဤဖြစ်ရပ်မှန် ဆောင်းပါးဖြင့် ပြည်ပရှိ မြန်မာပြည်သူလူထုအားလုံးတို့အား ဂုဏ်ပြုလိုက်ရပါသည်။)

ကျော်သူ

0 ဒဂုံအရှေ့စက်မှုဇုန်ရှိ ဂျုံစက်ရုံတစ်ရုံအတွင်း လက်နက်ခဲယမ်းများ တွေ့ရှိရသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဂျုံစေ့ပါရှိသည့် ကွန်တိန်နာသယ်ဆောင်လာသော ပြည်တွင်းလမ်းကြောင်းများကို စစ်ဆေးလျက်ရှိ

အသေးစိတ်သတင်းကို http://www.weeklyeleven.com/index.php?option=com_content&view=article&id=15845:2012-10-03-13-34-32&catid=43:2009-11-10-07-39-09&Itemid=111

ကျွန်တော့်အမြင်အရ ကျွန်တော်တို့သတိကြီးကြီးကိုထားသင့်ပါတယ်။

1.     ဂျုံတွေက အကြမ်းဖက်သမားတွေရဲ့ရိပ်မြုံ ပါကစ္စတန်နိုင်ငံကလာတာရယ်။

2.     ကျည်ဆံတွေက အကြမ်းဖက်သမားတွေအကြိုက် AK 47 ချေမှုန်းရေးရိုင်ဖယ်မှာ သုံးတဲ့ 7.62 အမျိုးအစားဖြစ်တာရယ်။

3.     ပါကစ္စတန်တာလီဘန်အကြမ်းဖက်အဖွဲ့တစ်ခုကနေပြီးမြန်မာနိုင်ငံကို ခြိမ်းခြောက်ထားတာရယ်။

4.     ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့ကနေပြီး လူ200ကျော်လောက်သေတဲ့ မွန်ဘိုင်းတိုက်ခိုက်မှုလုပ်ခဲ့ဖူးတာရယ်

5.     ကန်တော်မင်္ဂလာပန်းခြံမှာ ကာဘိုင်ကျည် 199 တောင့်ကို အမှိုက်ပုံးထဲကတွေတာရယ်။

6.     လစ်ဗျားမှာလဲ မကြာသေးခင်က အမေရိကန်သံအမတ်လုပ်ကြံသတ်ဖြတ်ခံထားရတာရယ်။

7.     ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစု ဗုဒ္ဒဘာသာဝင်တွေကို အကြမ်းဖက်နေတာရယ်။

အားလုံးကိုပေါင်းစပ်စဉ်းစားကြည့်ရင် တစ်ခုခုကိုညွှန်ပြနေပါတယ်။ လူစည်ကားတဲ့နေရာ တစ်ခုခုကို ၀င်ရောက်စီးနင်းပြီး ဓားစာခံဖမ်းတာမျိုး အကြမ်းဖက်တိုက်ခိုက်တာမျိုးမလုပ်ဖူးလို့မပြောနိုင်ပါဘူး။

မြန်မာနိုင်ငံရဲ့ပြည်သူချစ်သော Icon နှစ်ဦးဖြစ်တဲ့ နိုင်ငံတော်သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ရဲ့လုံခြုံရေးကို အဆင့်မြှင့်ထားသင့်ပါတယ်။

ပြည်သူပြည်သားများမှလဲ သွားလာနေထိုင်ရာတွင် မသိလိုက်မသိဘာသာမနေပဲ သတိမူပြီးဂရုတစိုက်နဲ့ မိမိရဲ့ပတ်ဝန်းကျင်မှာ မသင်္ကာစရာတွေ့ရင် ရဲတပ်ဖွဲ့ကို ချက်ချင်းအကြောင်းကြားသင့်ပါတယ်။

မွန်ဘိုင်းတိုက်ခိုက်မှုမှာတွေ့ရှိရတာက အကြမ်းဖက်သမားတွေရဲ့ AK 47 နဲ့ လက်ပစ်ဗုံး ပစ်အားကို အိန္ဒိယရဲတပ်ဖွဲ့က မလှန်နိုင်ခဲ့တဲ့အတွက် အမေရိကန် SWAT အဖွဲ့လို ထိထိရောက်ရောက် တန်ပြန်နိုင်အောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ခေတ်မီလက်နက်တပ်ဆင်ထားတဲ့ rapid response team နဲ့ လက်ဖြောင့်သေနတ်သမား sniper team တွေကိုလဲထည့်သွင်းဖွဲ့စည်းထားသင့်ပါတယ်။

လုံခြုံရေးအဖွဲ့များ ကိုင်တွယ်ရခက်အောင် နေရာအမြောက်အမြားကို တပြိုင်တည်းတိုက်ခိုက်လာနိုင်တဲ့အတွက် လုံလောက်တဲ့ တပ်ဖွဲ့ဝင်များကို အသင့်ထားရှိဖွဲ့စည်းထားသင့်ပါတယ်။

Prevention is better than cure ဆိုတဲ့ ဆိုရိုးအတိုင်း ကြိုတင်ပြင်ဆင်ထားခြင်းဟာ တကယ်ဖြစ်လာတဲ့အခါမှာ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကို အနည်းဆုံးအတိုင်းအတာအထိ လျော့ချနိုင်တဲ့အတွက် ရန်သူကို အထင်မသေးပဲ ပြင်ဆင်ထားခြင်းဟာ မမှားတဲ့အလုပ်ဖြစ်ကြောင်းအကြံပြုလိုပါတယ်။

 ဗမာ့သွေး 

1 ကိုမြင့်အေးရေ (၃) -ရေးသားသူ -ခွန်ဆိုင်း


တိုင်းပြည်ထာဝရ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး အတွက် ဆုတောင်းခြင်း။ တောင်းဆိုခြင်း ။ လှုပ်ရှားမှုတခု (photo @U Saw Hlaing -Inndaw)


ခေါင်းအရိုက်ခံရတဲ့အမှုတိုင်း.. ရဲစစ်ချက်နဲ့-အမှုဖွှင့်ရပါတယ်။  ဆေးရုံမှာအနည်းဆုံး တရက်တင်ပြီး သေချာကြတ်မတ်ရပါတယ်။ လူနာ ဦးနှောက်တွင်းတစိမ့်စိမ့် သွေးယိုစီးမှုနဲ့  တပတ်ကြာမှကွယ်လွန်ဆုံးပါးတဲ့ ဆေးမှတ်တမ်းတွေလည်း အများကြီးပါ။
  မလဲ့… ခင်ဗျားကမိန်းမသားတယောက်ထဲ ခင်ပွန်းသည်အသက်အတွက် အပူမီးတောက်နေချိန် မှာ ရဲနဲ့စစ် ထောက်လှမ်းရေးတွေက အချိန်ပြည့်လာရောက်စောင့်ကြပ်နေတယ်ဆိုတဲ့သတင်း-ကျွန်တော်တို့ရတယ်။
ကျွန်တော်တို့သိတယ်။ဒါအမှုပေါ်ဘို့ကြိုးစားတာမဟုတ်ဘူး။ ဆေးရုံကိုဘယ်သူတွေလူနာလာမေးလဲဆိုတာကို မှတ်တမ်းယူတာ။ ကွယ်လွန်ဆုံးပါးသွားရင်လည်းဘာလုပ်ကြမှာလဲ။  အခြေအနေကြည့်ပြီးလူနာရှင်ဆန္ဒမပါ။  သူတို့ဆန္ဒနဲ့ ကြိုက်တဲ့အချိန်လူပရိသတ်မသိလိုက်အောင် သဂြိုလ်တတ်ကြတယ်။

နအဖလက်ထက်မှာသေချာခဲ့တာတခုကတက်ကြွလှုပ်ရှားသူတွေအများကြီး အရိုက်ခံခဲ့ရတဲ့အမှုများစွာမှာ တရားခံကိုဖေါ်ထုတ်ခဲ့တာ အခုထိတယောက်မှမရှိတဲ့အချက်။ချင်းချောင်းနန်းတော်ရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ် ဒေါ်စုတို့ကားတန်းအရိုက်ခံရတဲ့ ၁၉၉၅ ကနေ ၂၀၀၂-ဒီပဲယင်း လူများစွာသေကျေ။လူရာဂဏန်းချီ အရိုက်ခံရတဲ့အမှုတွေအဆုံး   ဘယ်သူရိုက်သွားတယ်ဆိုတာကို အစိုးရက မစုံစမ်း။အရေးမယူ။ တာဝန်မရှိဘူး။

၂၀၀၅လောက်မှာကမာရွတ်စားသောက်ဆိုင်ထဲကနေဖမ်းသွားတဲ့အင်န်အယ်ဒီအဖွဲ့ဝင်လူငယ်အောင်လှိုင်ဝင်း ။ ၆ရက်အကြာမှာ အသဲရောဂါနဲ့ကွယ်လွန်၊သဂြိုလ်ပြီးစီးကြောင်းစာလေးနဲ့ ကျေနပ်လိုက်ရတဲ့ သူ့ဇနီးသည်အင်တာဗျူးကိုထိုင်းမှာ ကြည့်ခဲ့ရတယ်။ ခင်ပွန်းကိုအလောင်းတောင်မမြင်လိုက်ရရှာပဲသမီးလေးတယောက်နဲ့ကျန်ခဲ့တဲ့ဇနီးသည်အကြောင်း။။ ဘေးကကြည့်နေတဲ့ နယ်သာလန် သံအရာရှိမက -ကလေးမိခင်တယောက် ဖြစ်ပုံရတယ်။ မျက်ရည်တွေနဲ့

0 NLD အမတ်လောင်းကိုဇေယျာသော်နဲ့ အမေရိကန်သမ္မတ အိုးဘားမား


ကမ္ဘာပေါ်မှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်ဆိုတဲ့ စကားကို ဒီပုံထဲက လူသားနှစ်ဦးက သက်သေပြနေတာပါ။ အိုဘားမား - အမေရိကန်နိုင်ငံရဲ့ ပထမဦးဆုံးသော လူမည်း သမ္မတ။ ဒီလို လူမည်းမျိုး ဒီလို နိုင်ငံမှာ သမ္မတ ဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဇေယျာသော် (Nitric Acid) - မြန်မာနိုင်ငံကို Hip Hop ဂီတနဲ့ ပထမဦးဆုံး စတင်မိတ်ဆက်ပေးခဲ့သော အက်ဆစ်အဖွဲ့ရဲ့ Nitric နေရာက ငါ ဇေယျာသော် ။ ဂီတ အနုပညာလိုင်းကနေ နိုင်ငံရေးဖက်ကို ကူးပြောင်းသွားပြီး အကျဉ်းကျသွားခဲ့တဲ့ ပုဂ္ဂိုလ်။ မမျှော်လင့်ထားတဲ့ အချိန်မှာ ပြန်လည် လွတ်မြောက်လာပြီး ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိတဲ့ နေပြည်တော် မဲဆန္ဒနယ်ကနေ အနိုင်ရလာခဲ့တဲ့ NLD အမတ်လောင်း။ အခု ဒီလိုမျိုး ပုဂ္ဂိုလ်နှစ်ဦး အိမ်ဖြူတော်မှာ လက်ဆွဲ နှုတ်ဆက်ဖြစ်ခဲ့ကြတယ်။ သိပ်သေချာတယ်.......... လောကမှာ မဖြစ်နိုင်တာ မရှိဘူး၊ မဖြစ်သေးတာပဲ ရှိတယ်။

Mai Ko Ko Kham

Zayyar thaw facebook

0 ဘ၀ကို အရှုံးမပေး စိတ်ဓါတ်ကြံ.ခိုင်သူ ကိုတင်အေး (ခ) ဒေးဗစ်ချမ်း

ဒီနေ့ ..မနက်က က.ည.န ရုံးရောက်တော့ .... လိုင်စင်ဖြေတဲ့ အဆောင်ထိပ်မှာ မုန့်ရောင်းနေတဲ့ သူ့ကိုတွေ့တာပါပဲ...... မြင်မြင်ချင်းပဲ လေးစားသဘောကျလွန်းလို့ .... ခွင့်တောင်းပြီး ဓာတ်ပုံရိုက်လိုက်တာပါ..... သူ့ မှာလက်နှစ်ဘက်လုံး မရှိတော့ပါဘူး .... တဘက်က
ကြေးလက် အတုတပ်ထားတာဖြစ်ပြီး ... အဲဒီလက်အတုရဲ့ ထိပ်မှာ ... ချိတ်ကောက်လေး နှစ်ခုကို .. ကပ်ကျေးများလို ညှပ်လို့ ပါရအောင်စီစဉ်ထားပြီး .... အဲဒါလေးနဲ့ လက်တစ်ဘက်လို အသုံးချပြီး ဈေးရောင်းနေတာပါ.....

သူနာမည်က ကိုတင်အေးတဲ့ ... ဒါပေမယ့် သူ့ကို ဒေးဗစ်ချမ်းလို့ ပဲ သိတာများတယ်လို့ ပြောပါတယ်.... မိဘနှစ်ပါးလုံးလည်းမရှိတောပါဘူး ... အဘိုးအဘွားများနဲ့ နေပြီး အဘိုးအဘွားများကို ပါလုပ်ကျွေးနေသူပါ...... ဘာကြောင့် လက်မရှိတော့တယ်ဆိုတာကို ကိုတော့ အားနာလို့ မမေးခဲ့ပါဘူး ... ဒါပေမယ့် အဲဒီလို လက်နှစ်ဘက်လုံးမရှိပဲ.... မုန့်ရောင်းရင်းနဲ့ ပဲ ... ၀ယ်ခဲ့တာ ရွာသာကြီး မှာမြေကွက် နှစ်ကွက်ရှိပါပြီတဲ့ခင်ဗျာ .. လက်ထဲမှာလည်း သိန်းနှစ်ဆယ်လောက် ရှိပါတယ်တဲ့ .... ကျွန်တော်ကတော့ သူ့ကို လေးလည်းလေးစား ... သိပ်လည်း သဘောကျမိပါတယ်.... ဒီကြားထဲ အဲဒီလိုင်စင်ရုံးရှေ့မှာထိုင်နေသူတွေ အမှိုက်ချရင်လည်း သူက လိုက်ပြောပေးသေးတယ်... ပြီးရင်သူပဲ ကောက်ပြီး အမှိုက်ပုံးအထိရောက်အောင်သွားထည့်ပေးတယ်..... နိုင်ငံကြီးသားမပီသဘူး တဲ့လေ.... ဒါသူပြောတဲ့ စကားပါ.........

(ကျွန်တော်ကတော့ ပျော်ပျော်ပဲနေတယ်... စိတ်ညစ်နေတော့လည်း ဘာထူးမှာလဲ .... ညစ်တာပဲ အဖတ်တင်မယ်.... ကိုယ်ပင်ပန်းတာပဲ အဖတ်တင်မယ်..... ကျွန်တော်ကတော့ စိတ်မညစ်အောင်ကို ....နေတယ်...ဟဲဟဲ)
တကယ်လည်း အဟုတ်ဗျာ ... သူ့ကိုကြည့်ရတာ ပျော်နေတာပါပဲ ..... တစ်ရုံးလုံးကလည်း သူ့ကို ခင်ခင်မင်မင်ဆက်ဆံတယ်.. ဈေးသည်ချင်းဆိုလည်း လေးစားတယ်.... ဒါက ကျွန်တော် ထိုင်ကြည့်နေလို့ သိခဲ့တာပါ..... ဆေးလိပ် တို့ မုန့်တို့ ဆို ကုန်သွားရင်.. သူ့ဆီကပဲလာယူရောင်းကြရတာကိုး .... ဟိုးအပြင်အထိ ထွက်မ၀ယ်ချင်သူတွေကို .... သူက ပဲ တစ်ပြန် ပြန်သနားပြီး ..ဆေးလိပ်ဘူး တွေ မုန့်ထုပ်တွေ သူ့ဆီက ပေးရောင်းသေးတာ... ....

ဒီတော့ .... တစ်ချို့ တစ်ချို့ ခြေစုံလက်စုံရှိပါလျက်... အလုပ်မလုပ်သူတွေ.... အလုပ်လုပ်နေတာတောင်... ငြီးငြူနေသူတွေ...... ကိုဒေးဗစ်လို နေကြည့်ဖို့ အကြံပေးပါရစေ ..... ကျွန်တော်တို့ သာ သူ့နေရာမှာဆို .... သူ့လို နေနိုင်ပါ့မလား....... သူ့လို ရှာဖွေနိုင်ပါ့မလား ....... တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမှာပါ......

By: လင်းလွန်းညို at Ozzy Win
(ကိုဒေးဗစ်ချမ်းအား ယခုစာဖြင့် ... ဂုဏ်ပြုလိုက်ပါသည်... )

2 GENERATION WAVE (မျိုးဆက်သစ်လူငယ်များ)၏ ၅နစ်ပြည့် မွေးနေ့ ဖိတ်ကြားလွှာ

ကျွန်ုပ်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များ)ရဲ့ ၅နှစ်ပြည့်မွေးနေ့ကို ၉.၁၀.၂၀၁၂(အဂါင်္နေ့)၊မနက်(၉)နာရီ မှနေ့လည်(၁၂)နာရီအထိ အမှတ်(၂)ရပ်ကွက်၊သမိုင်းမြို့မ ပရိယတ္တိ စာသင်တိုက်၊ သမိုင်းဘူတာရုံလမ်း၊ မရမ်းကုန်းမြို့နယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကြွရောက်ချီးမြှင့်ပေးဖို့ လေးလေးစားစား ဖိတ်ကြားအပ်ပါသည်။

Friday, October 5, 2012

0 လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ     တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့်  ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက်ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံရွာသားများအပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃၊၁၂    ပြစ်မှုပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်းသိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ က မြန်မာ-၀မ်ပေါင်ရုံး ကြေးနီစီမံကိန်းဧရိယာအနီး ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းနှင့် ပုလဲ-မုံရွာ ကားလမ်းဆုံ၌ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှ ဟန်ဝင်းအောင်၊အောင်စိုး၊ ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ ကို ဥပဒေနှင့်ဆန့်ကျင်သောလူစုလူဝေးကိုဦးဆောင်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့်

0 "တောင်တန်းကြားက ပါးကွက်ကြားမလေးများ"

ခြေမချနဲ့... လောဘရမက်တွေ...တက်မက်မှု့များစွာနဲ့ ...
ငါတို့သွေး...ငါတို့ချွေး... ငါတို့သားမြေးတွေအတွက်...

ခြေမချနဲ့... အကျိုးအမြတ်အတွက်...
ပေသီးခေါက် တရုတ်အတက်တွေနဲ့...
ငါတို့ရွာ...ငါတို့ယာ...ငါတို့တောင်တန်းတွေအတွက်...

ခြေမချနဲ့... အဖိုးမဖြတ်နိင်တဲ့...သဘာဝအလှတွေကို
အာဏာနဲ့နေ ပေါင်းစပ် ဖိနှိပ်မှု့တွေနဲ့ရက်စက်မယ်ဆို...
လှမ်းလာမယ့်ခြေလှမ်းတိုင်းကို ငါတို့ တားဆီးတယ်...

ရိုးအတာ ငါတို့ပြရုပ်... မသိခြင်းတွေက ငါတို့တန်ဆာ...
အကြောက်တရားတွေက ငါတို့ ၀တ်ရုံဖြစ်ခဲ့ပေမယ့်...
ယုံကြည်ချက် သရဖူဆောင်းပြီး...အမှန်တရားခရီးရှည်ကို နှင်ဖို့တော့...
ငါတို့မှာ ရဲရင့်တဲ့ ခြေအစုံရှိတယ်...

ယှဉ်ချင်သပဆို...လှမ်းခဲ့ပါ...
ရိုးအတဲ့ ပါးကွက်ကြားဆီကနေ...
စူးရှတဲ့ သတ္တိမာနတွေနဲ့ ဘ၀ခြင်းထပ်မဲ့ပွဲကို ကြုံချင်သပဆိုရင်ဖြင့်...

ခြေမချနဲ့ ... ငါတို့ပြည်...ငါတို့မြေအတွက်...

ခြေမချနဲ့...ခြေ..မချနဲ့...ခြေ..မချနဲ့......................

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်မိမိတို့ရပိုင်ခွင့်အတွက်ရဲဝံစွာရပ်တည်နေသော
 ကျေးရွာသူလေးများအား လေးစားဂုဏ်ပြု ရေးသားအပ်ပါသည်။

ကိုဝေဠု ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ကျောင်းသားလူငယ်

0 အတူလက်တွဲ ပေးဆပ်ခြင်း

အတူလက်တွဲ ပေးဆပ်ခြင်း

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အများပြည်သူတို့၏ နာရေးကိစ္စများကို ဖေးမကူညီခဲ့သည်မှာ ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့ ဆိုလျှင် (၁၂) နှစ်တင်းတင်း ပြည့်မြောက်တော့မည်ဖြစ်သည်။ ထိုနည်းတူ အများပြည်သူတို့၏ ယုံကြည် အားကိုမှုနှင့် အသင်းသား/သူ၊ ဝန်ထမ်းတို့၏ ရိုးသားဖြောင့်မတ်မှန်ကန်သော သစ္စာစောင့်သိ ပေးဆပ်မှုတို့ ကြောင့် တစ်နှစ်ထက်တစ်နှစ် တိုးတက်၍ ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ပေသည်။

၂.၉.၂ဝ၁၂ (အင်္ဂါနေ့)တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ အသင်းသူ/သားများ၊ အလုပ်အမှု ဆောင်များ၊ ဝန်ထမ်းများသည် ဈာပနလမ်းကြောင်း လက်ခံရာဌာနတွင် တယ်လီဖုန်းခေါ်သံကို အားလုံး စူးစိုက်စွာဖြင့် အာရုံစွင့်နေကြသည်။ ၂ဝ၁၂ ခုနှစ်အတွက် နာရေးကူညီမှုပေါင်း တစ်သောင်းပြည့်မြောက် အတွက် ပေးဆပ်ကူညီရမည့်သူသည် မည်သူဖြစ်မလဲဟုပင် အသင်းသား/သူအားလုံး စိတ်ဝင်တစား ငြိမ်သက်စွာ စောင့်ဆိုင်းနေကြလေသည်။ နံနက် (၉း၃ဝ) နာရီ အချိန်ခန့်တွင် တစ်သောင်းပြည့် ကူညီ ရမည့် နာရေးလမ်းကြောင်း ဖုန်းဝင်လာတော့သည်။ ကွယ်လွန်သူမှာ အမှတ်(၆၂)၊ တတိယထပ်၊ ဒဂုံသီရိ လမ်း ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့နယ်နေ ဦးသိန်းဝင်း အသက် (၉ဝ) နှစ်ဖြစ်သည်။ ၄င်း နာရေးလမ်းကြောင်းအား လက်ခံပြီးနောက်အသင်းမှ တာဝန်ရှိသူများသည် ထိုနာရေးအိမ်သို့ သွားရောက် ကာ နာရေးကူညီမှု တစ်သိန်းနှစ်သောင်းပြည့်အဖြစ် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပေးလိုကြောင်း အား မိသားစုဝင်များနှင့်တွေ့ဆုံ၍ ရှင်းပြခဲ့ပြီး လိုအပ်သည်များကို စနစ်တကျ ပြန်လည်စီစဉ်ခဲ့ကြသည်။

ယင်း တစ်သောင်းပြည့်အခမ်းအနားတွင် ယခင်နှစ်များ၌ ဥက္ကဋ္ဌ ဦးကျော်သူ ကိုယ်တိုင်ကိုယ်ကျ မောင်းနှင် ကူညီပေးဆပ်ခဲ့သော်လည်း ယခုတွင် ဥက္က၏ ဦးကျော်သူသည် အမေရိကန်နိုင်ငံသို့ အသင်း၏ လုပ်ငန်းရပ်များဖြင့် ရောက်ရှိနေသည့်အတွက် မောင်းနှင်ကူညီပေးနိုင်ခြင်း မရှိသော်လည်း နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ အထူးနိဗ္ဗာန်ယာဉ်ကြီး မောင်းနှင်ကူညီခဲ့သည့်အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဝတ်ရွတ်အဖွဲ့၊ နာရေးပို့ဆောင်သူများ လိုက်ပါနိုင်ရန် BM မော်တော်ယာဉ် (၁) စီးနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ Ever Top ရုပ်ရှင်နှင့် ဗီဒီယို ထုတ်လုပ်ဖြန့်ချီရေးမှ မကြာခင်က လှူဒါန်းထားသည့် (၄၅) ယောက်ဆံ Express မော်တော်ယာဉ်ကြီးဖြင့် ကူညီပေးခဲ့သည်။ နိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ အခေါင်းအား အသင်းသူများတို့မှ သယ်ဆောင်ခဲ့ကြပြီး နေအိမ်၌ ကျန်ရစ်သူနာရေးရှင် မိသားစုတို့အား အသင်းသား/ သူများ စုပေါင်းထည့်ဝင်လှူဒါန်းထားသည့် အလှူငွေ ၂၁၆ဝဝဝိ/- (နှစ်သိန်းတစ်သောင်းခြောက်ထောင်) ကျပ်တိတိနှင့် ရက်လည်ဆွမ်းဆပ်ကပ်ရာ၌ သံဃာတော်အတွက် သင်္ကန်း ပရိက္ခရာတစ်စုံတို့အား ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီနှင့်အဖွဲ့ဝင်တို့မှ ပေးအပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်ပြီး ကွယ်လွန်သူ၏ ရုပ်ခန္ဓာအား အခေါင်းထဲသို့ ထည့်သွင်းပြီး ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များနှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများတို့ လက်တွဲကာ လက်ဆင့်ကမ်း၍ နိဗ္ဗာန်ယာဉ်ပေါ်သို့ သယ်ဆောင်ခဲ့ကြပြီး ရေဝေးသုဿန်သို့ ဝတ်ရွတ်အဖွဲ့၏ မေတ္တာပို့ သံဝေဂအလင်္ကာ ရွတ်ဖတ်သံတို့ဖြင့် မီးသင်္ဂြိုလ်ခြင်းအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းသူ/သားများသည် လူမှုရေးလုပ်ငန်းလုပ်ဆောင်ရာ၌ ကျား/မ ခွဲခြားမှုမရှိ။ ထို့အတူ ကျွန်တော်တို့ လူမှုရေးသမားများနှင့် ၈၈ မျိုးဆက်ကျောင်းသား သူရဲကောင်းများသည်လည်း ခွဲခြားမှုမရှိ။

ထို့ကြောင့် ၂ဝ၁၂ ခုနှစ်၏ တစ်သောင်းပြည့် ဈာပနအခမ်းအနားကို အများပြည်သူတို့အတွက် ကျွန်တော်တို့အတူလက်တွဲ ပူးပေါင်းကာ အများပြည်သူအတွက် ပေးဆပ်ခဲ့ကြသည်။

ထိုအရှိန်အဝါတို့ကြောင့် ကောင်းရာသုဂတိဘုံသို့ရောက်ရှိ ခံစား၊ စံစားရမည်မှာ မလွဲပေ။ နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား/သူများကလည်း ကောင်းရာသုဂတိဘုံသို့ ရောက်ရှိပါစေကြောင်း မိသားစုနှင့် ထပ်တူထပ်မျှ ဆန္ဒပြုဆုတောင်းရင်း အမျှဝေကာ သာဓုအနုမောဒနာ သုံးကြိမ်တိုင်တိုင် ခေါ်ဆိုလိုက်ရပါတော့သည်။

ဇွဲမဟိတ်ခ (ခ) ဇော်စိုင်း

1 မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ်။

Photo..7 days news journal,Eleven media group

0 တရုတ်ပိုင်ကုမ္ပဏီများအား သပ်သပ်ရပ်ရပ်ဖြင့် နောက်ပြန်လှည့်ရန်နည်းလမ်းများ ရှာဖွေထားဖို့လိုကြောင်း ၈၈ ဆို

ယခင်အစိုးရလက်ထက်၌ တရုတ်ပိုင်ကုမ္ပဏီများမှ ချုပ်ဆိုထားခဲ့သော စာချုပ်များတွင်နိုင်ငံ၏ပုံရိပ်ဖြစ်သော ဧရာဝတီမြစ်စုံစီမံကိန်းအပါအဝင် အခြားစီမံကိန်းများအတွက် သပ်သပ်ရပ်ရပ်ဖြင့် နောက်ကြောင်းပြန်လှည့်နိုင်သော နည်းလမ်းများကို ရှာဖွေ၍ ရှေ့ဆက်မတိုးသင့်တော့ကြောင်းနှင့် နိုင်ငံရှိ ပြည်သူများအား ထိခိုက်နိုင်သော မည်သည့်စီမံကိန်းကိုမဆို ကန့်ကွက်ရန်ပြင်ဆင်လျက်ရှိကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက အောက်တိုဘာလ ၃ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ တောင်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ပြုလုပ်သော ဧရာဝတီကိုကယ်တင်ခြင်းတစ်နှစ်ပြည့် အထိမ်းအမှတ်လှုပ်ရှားမှုပွဲ၌ ပြောကြားခဲ့ ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်းကို အခွင့်ကောင်းယူ၍ အမြတ်ထုတ်ယူနေသော လုပ်ငန်းရှင်များအား ရည်ညွှန်း၍ ပြောကြားခြင်းဖြစ်ကြောင်းနှင့် ယခု အစိုးရသစ် သမ္မတကြီးဦးသိန်းစိန်လက်ထက်တွင် ၎င်း၏သမ္မတသက်တမ်း၌ မြစ်စုံစီမံကိန်းအား ပြုလုပ်ခြင်းမပြုရန် ရပ်ဆိုင်းထားသောလည်း ထာဝရရပ် ဆိုင်းသွားရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံမှာမရှိမဖြစ်တဲ့၊ တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့၊ နိုင်ငံရဲ့ပုံရိပ်ကြီး ဧရာဝတီကိုဖျတ်စီးဖို့ မကြိုးစားပါနဲ့၊ အရင်အစိုးရလက်ထက်က အမဲစက်တွေကို ရအောင်ဟန့်တားမယ်၊ တရုတ်တွေလည်း အရင်အစိုးရလက်ထက်ကစာချုပ်တွေနဲ့ ပတ်သက်ပြီး သပ်သပ်ရပ်ရပ် နောက်ပြန်လှည့်မည့် နည်းလမ်းတွေကို ရှာထားဖို့လိုမယ်၊ နောက်စာချုပ်တွေချုပ်တဲ့အခါမှာလည်း နိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်မယ့် ကိစ္စတွေပါဝင်လာ မယ့်အပြင် နိုင်ငံတကာစံနှုန်းတွေနဲ့ပါ ချုပ်ဆိုစေရမယ်” ဟု ကိုပြုံးချိုက ပြောသည်။

၈၈ မျိုးဆက်ကျောင်းသာများအနေဖြင့် မြစ်စုံစီမံကိန်းအား နိုင်ငံတော်သမ္မတကြီးမှ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ရက်တွင် ၎င်း၏သမ္မတသက် တမ်းတစ်လျှောက်တွင် ဆိုင်းငံထားမည်ဟုကြေညာခဲ့သော်လည်း ထာဝရရပ်ဆိုင်းသွားစေရန်အတွက် တိုင်းရင်းသားများ၏ နစ်နာဆုံးရှုံးမှုအား နားလည်စာ နာတက်သူများ၏ ပူးပေါင်းပါဝင်မှုကိုလိုလားကြောင်းနှင့် သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ပညာရှင် ဦးထွန်းလွင်က “ကျနော်အသက်ကြီးပြီ ကြောက်လည်း ကြောက်တက်ပါတယ်၊ ဒါပေမယ့် ဒီဧရာဝတီ မြစ်စုံစီမံကိန်းကို လုံးဝသဘောမတူဘူး”ဟု ငြင်းဆိုခဲ့ကြောင်း ညွှန်းဆိုခဲ့သည်။

“နိုင်ငံတကာမှာ မြန်မာလို့ပြောနေပြီး မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ပုံရိပ်ကိုမြှင့်ဖို့ လိုပါတယ်၊ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မြင့်ချင်တယ်လို့ ပြောနေ ပြီး မြန်မာပြည်သူတွေမွဲနေရင်တော့ မကောင်းပါဘူး”ဟု မြစ်ဆုံစီမံကိန်းအား လုပ်ဆောင်ရန်အတွက် တရုတ်နိုင်ငံပိုင်ကုမ္ပဏီများနှင့် သဘောတူလက်မှတ် ထိုးခဲ့သော ယခင်အစိုးရအား ထပ်မံပြောဆိုပြီး“မြစ်ကြီးရှိနေမှ ကျနော်တို့ မိသားစုဝင်တွေဖြစ်တဲ့ တိုင်းရင်းသားတွေအပြင် မှီခိုနေတဲ့ လူသန်းပေါင်းများစွာ ထမင်းစားရမှာပါ”ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးရေကာတာဆောက်လုပ်ရေးကုမ္ပဏီ CPI ၏ဥက္ကဌ လီချီဂျိုနှင့် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသိန်းလွင်တို့ သည် တရုတ်နိုင်ငံပီကင်းမြို့ရှိ ပြည်သူ့ခန်းမ တွင် မြစ်ဆုံရေကာတာဆောက်လုပ်ရန်အတွက် အတည်ပြုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။

မြစ်ဆုံရေကာတာ စီမံကိန်းအား ကချင်ပြည်နယ်မြစ်ကြီးနားမြို့အထက် ၂၅ မိုင်အကွာတွင် တည်ဆောက်မည်ဖြစ်ပြီး ရေကာတာအမျိုးအစားမှာ ကျောက်ကွန်ကရစ်၊ အမြင့်ပေ ၅၀၀နှင့်အရှည် ၂၉၀ မီတာရှည်လျားကြောင်း၊ ၎င်းရေကာတာမှ လျှပ်စစ်မီဂါဝပ် (၆၀၀၀)အား ထုတ်လုပ်မည်ဖြစ်ကြောင်းနှင့် အဆိုပါလျှပ်စစ်ဓက်အားများအား တရုတ်နိုင်ငံအား ရောင်းချခြင်းဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၀၀)ခန့်ရရှိမည်ဖြစ်ကြောင်း သိရ သည်။

အဆိုပါမြစ်ဆုံစီမံကိန်းပြုလုပ်ပါက ရေလွှမ်းမိုးမည့်ဧရိယာမှာ စင်္ကာပူနိုင်ငံ၏အကျယ်အ၀န်းနှင့်ညီမျှမည်ဖြစ်ပြီး ဟတ်တာ ၄၈၀၀၀ ခန့်ရှိမည်ဖြစ် ကြောင်းနှင့် ရေဝပ်ဧရိယာအတွင်း ကျေးရွာပေါင်း(၄၉)ရွာ၊ လူဦးရေ (၁၈၀၀၀) ခန့် နေရာရွှေ့ပြောင်းရမည့်အပြင် မြစ်ကြောင်းတစ်လျှောက် မှီတင်းနေထိုင် လျက်ရှိသော လူသန်းပေါင်းများစွာအတွက် အခက်အခဲများဒုက္ခများဖြစ်စေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် နိုင်ငံရေးအသိုင်းအ ဝိုင်းမှ သိရသည်။

မင်းခဏ့်(Yangon chronicle)

0 မြန်မာနိုင်ငံတွင် ဥပဒေများ အသက်ဝင်စေခြင်း

(3 Oct 2012ရက်စွဲပါ The Wall Street Journal )မှ Robert Pe ရေးသားသော Bringing Law to Burma ကိုဘာသာပြန်ဆိုသည်)

ကမ္ဘာ့စီးပွားရေးလုပ်ငန်းများသည် ရုတ်တရတ် မြန်မာနိုင်ငံသို့ ဦးတည်နေကြသည့် သဘောရှိသည်။ စစ်အစိုးရက တင်းကြပ်စွာကိုင်တွယ်နေရာမှ သမ္မတဥင်္ီးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရ အာဏာရယူ၍ ဖြေလျာ့မှုများပြုလုပ် လာခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အားလွှတ်တော်တွင် ပါဝင်ခွင့်ပြုခြင်း ကဲ့သို့သော နိုင်ငံရေးအရ ပြောင်းလဲမှုများသည် ဥရောပသမဂ္ဂနှင့်အမေရိကန်တို့ကို အရေးယူမှုများအား ဖြေလျော့မှုသို့မဟုတ် ရုတ်သိမ်းမှုများကိုဖြစ်စေခဲ့ပြီး စီးပွားရေးအရ တံခါးပွင့်လာစေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအတွက် တံခါးဖွင့်ခဲ့သောကြောင့် ဦးသူအသာရစမြဲ ဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက် ရှိသည်။ သို့သော် မြန်မာအစိုးရ သော်လည်းကောင်း နိုင်ငံခြားကုမ္ပဏီများသော်လည်းကောင်း လျှောက်ရမည့် လမ်းသည် ဖြောင့်ဖြူးနေ ပါသည်ဟု လက် ခံခြင်း မရှိကြသေးပေ။ အကယ်၍ အစိုးရသည် ယခုအားလုံးက စုပြုံစိတ်ဝင်စားမှုသည် အရှိန်အဟုန် ကောင်းလာစေလိုပါက စိန်ခေါ်မှုများစွာကို ကြုံတွေ့ ရမည် ဖြစ်သည်။

အရေးကြီးဆုံး ကိစ္စမှာ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အခြေခံများပင် ဖြစ်လိမ့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် နှစ်ပေါင်းငါးဆယ်မျှ စစ်အစိုးရက ဗဟိုမှ စီမံပြီး တံခါးပိတ် စီးပွားရေး နိုင်ငံအဖြစ်မှ ရုန်းထွက်ခဲ့ရသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အစိုးရသည် ဈေးကွက်စီးပွားရေး ပီပြင်စွာ ဖြစ်ပေါ်လာရေး အတွက် တရားဥပဒေဆိုင်ရာ အခြေခံ အဆောက်အဦများကို အရေးပေါ် စတင်လုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် ထောက်ချွန်နှစ်ခုနှင့် ထိန်းမ ချဉ်းကပ်မှု လိုအပ်သည်။

ပထမတစ်ခုမှာ အစိုးရသည်ပြည်တွင်း တရားဝင် အဖွဲ့အစည်းများ ဥပဒေများကို အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်။ထိုသို့လုပ်ဆောင်ရာတွင် တရားဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် အခြေခံကျသော ခြေလှမ်းတစ်ခုဖြစ်သည်။ အကြောင်းမှာ အဆိုပါဥပဒေတွင် နိုင်ငံခြား ကုမ္ပဏီ များအတွက် ကန့်သတ်ထားသော စက်မှုလုပ်ငန်းများနှင့် ၎င်းတို့ခန့်ထားရမည့် မြန်မာနိုင်ငံသားစသည်တို့အပါအဝင် သိသင့်သည့်အချက်များရှင်း လင်းသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။ လက်ရှိအားဖြင့် အဆိုပါ ကိစ္စများနှင့် ပတ်သက်သော အစိုးရ၏ မူဝါဒများ သည် ရှင်းလင်းပြတ်သားခြင်း မရှိသေးပဲ အမိန့်အာဏာဖြင့် တရားမျှတမှု မရှိသေးသည့် သဘောတွင်ရှိသည်။ အဆိုပါဥပဒေတွင် နိုင်ငံခြားစီးပွားရေး လုပ်ငန်းများအတွက် အခြေခံ ပိုင်ဆိုင် ခွင့်များ၊ အတိအကျဆိုသော် ငှားရမ်းခြင်းဆိုင်ရာ များကိုရှင်းရှင်းလင်းလင်း ဖော်ပြမည်ဖြစ်ပြီး အခွန်ကင်းလွတ်ခွင့်လည်း ပိုပေးမည်ဖြစ်သည်။

အဆိုပါဥပဒေသည် အရေးပါသော ခြေလှမ်းတစ်ရပ် ဖြစ်သော်လည်း ၎င်းသည် မြန်မာနိုင်ငံတွင် လိုအပ်သော တရားဝင်မှုများ စုစည်းရေးအတွက် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သည်။ောက်ထပ်အဓိက စိန်ခေါ်မှု တစ်ခုမှာ မြန်မာနိုင်ငံ၏ ကုမ္ပဏီများအက်ဥပဒေကို ပြောင်းလဲရေးဖြစ်သည်။ ၎င်းသည် ၁၉၁၄ခုအက်ဥပဒေကို အခြေခံ၍ အံသြဖွယ်အပြောင်းအလဲများစွာ လုပ်ဆောင်ထားသော ဥပဒေဖြစ်သည်။ ထို့ပြင်မြန်မာနိုင်ငံတွင် ခေတ်မီသော ဥပဒေများ မရှိခြင်းက ထပ်မံပေါင်းထည့် လိုက်သောအခါ ကုမ္ပဏီဒါရိုက်တာများ၏ တရားဝင်လုပ်ငန်း တာဝန်များသို့မဟုတ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသော ကုမ္ပဏီများ နှင့် ပတ်သက်၍ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။ ကုမ္ပဏီဥပဒေသစ်တစ်ခုသုံးသပ်ရေးဆွဲ၍ အစားထိုးနိုင်ရန် ဆိုလျှင်နှစ်အတန်ငယ်ကြာနိုင်သည်။

ထို့ပြင် အစိုးရသည် ပြဋ္ဌာန်းထားသော ဥပဒေများကို သေချာစွာ အကောင်းအထည်ဖော်နိုင်ရေးကိုလည်း အာရုံပြုရန်လိုအပ်သည်။ ဒေါ်အောင် ဆန်းစုကြည်ကလည်း မကြာသေးခင်က ပြောကြားခဲ့သည်။ “မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မယ့်သူတွေ ကိုသတိပေးလိုပါတယ်။ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ရှိနေသည့်တိုင်၊ ဒီဥပဒေတွေကို တရားမျှတအောင် လုပ်ပေးမယ့် လွတ်လပ်ပြီး သန့်ရှင်းတဲ့ တရားရုံးတွေ မရှိရင် အသုံးမဝင်နိုင်ပါဘူး”ဟု သတိ ပေးခဲ့သည်။

လက်ရှိအားဖြင့် အဓိကကျသော နိုင်ငံခြားရင်းနှီးမြှုပ်မှု မှန်သမျှသည် ၎င်းတို့၏ အမှုဆောင်အရာရှိတစ်ဦးကို နေပြည်တ်ာရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုကော်မရှင်မှ လူကြီးတစ်ဦးအား တွေ့ဆုံစေလွှတ်ရေး လိုအပ်သည်။ အရာရှိငယ်များသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သဘောပေါက်ခြင်း မရှိခြင်း သို့မဟုတ် အပေါ်မှ မီးစိမ်းပြမှသာ လုပ်ဆောင်ခွင့်ရှိကြသည်။

ထိုအချက် သည် အသစ်ဖြစ်ပေါ်မှုများကို အကန့်အသတ်ထားသည့် နှယ်ရှိသည်။ MICသည် ခေတ်နောက်ပြန်ဆွဲသည့် အဖွဲ့ကြီးသဖွယ်ဖြစ်ပြီး ဆင်ပြောင်ကြီး အမြီးရောက်မှ တစ်သော ဖြစ်ရပ်များကို ဖန်တီးပေးသကဲ့သို့ရှိသည်။ ထို့ကြောင့် အဂတိလိုက်စားရန် အခွင့်အလမ်းများ ဖန်တီးပေးသကဲ့သို့ ရှိကာ၊ တာဝန် ရှိသူတစ်ဦး၏ လက်ထဲတွင်သာ ဆုံးဖြတ်ခွင့်အာဏာ ထည့်ထားခြင်းကြောင့် ဥပဒေကို တရားမျှတမှုမရှိစွာ အကောင်းအထည်ဖော်နေသည့် နှယ်ဖြစ် နေသည်။ ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရေးကိုပင် MIC ၏အတည်ပြုချက်ရယူနေရသော အဖြစ်မျိုးကိုပင် ကြည့်ကြ ပါတော့ ဟု ဆိုချင်သည်။ မကြာသေးခင် ကာလများ အတွင်းက MICသည် ရင်းနှီးမြှုပ်နှံသူများ လွယ်ကူစေရန် လုပ်ဆောင်လာခဲ့သော်လည်း ၎င်းတို့ကိုယ် တိုင် ဝန်ခံချက်အရ အကောင်အထည်ဖော်ရန် ဝန်ထမ်းလုံလောက်မှု မရှိကြောင်း သိရသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံအတွင်း လည်ပတ်နေသော အရင်းအနှီးများ စာရင်းလွှဲပြောင်း ပေးပို့ရေးအတွက် စည်းမျဉ်းများမှာ ခန့်မှန်း၍ မရနိုင်ပေ။ ကြွေးများပြန်လည်ပေးခြင်း၊ ပေးရန်ငွေများ ပေးချေးခြင်းများတွင် ချော့မွေ့မှုရှိသော်လည်း အမြတ်ငွေများကိုပြန်လည်ပေးပို့ရာတွင် နိုင်ငံခြား ငွေလဲလှယ်ရေး စီမံခန့်ခွဲမှု ဘုတ်အဖွဲ့၏ ခွင့်ပြုချက်လိုအပ်သည်။

ထိုပြဿနာများကို ဖြေရှင်းရာတွင် တရားသူကြီးများ၊ ဥပဒေပညာရှင်များနှင့် အစိုးရ တာဝန်ရှိသူများ ကိုမလွဲမသွေ ပညာပေးခြင်းများ ပါဝင်ရာချိန်ယူရမည်ဖြစ်သည်။ ယခုအခါ အခြေအနေတွင်မူ အစိုးရသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ယာယီကာကွယ်စောင့်ရှောက်မှုများဖြင့် အာမခံ ရန် လိုအပ်သည်။ ယခုအခါ မြန်မာနိုင်ငံ ပြည်တွင်းဥပဒေများကို အဆင်မြင့်တင်လျှက်ရှိသည့်နည်းတူ နယ်စပ်ကုန်သွယ်ရေးကို စီမံသော စနစ်များကို နိုင်ငံတကာစံများနှင့် အညီ အရှိန်မြှင့်တင်ရေး လိုအပ်လျက်ရှိသည်။ အစိုးရက ခွင့်ပြုမည်ဆိုပါက နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှု International Arbitrationက ကူညီပေးနိုင်မည်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများ အနေဖြင့် မြန်မာနိုင်ငံပြင်ပတွင် နိုင်ငံတကာမှ ကြားလူများ ရွေးချယ်ခွင့်ပြုသင့်သည်။ သို့မှသာ မြန်မာနိုင်ငံတွင်း တရားမျှတသော အခြေအနေဖြစ်လာပြီး ယုံကြည်မှု ရှိလာမည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် မြန်မာနိုင်ငံသည် Recognition and Enforcement of Foreign Arbitral Awards ဆိုင်ရာ နယူးယောက် သဘောတူညီချက်ကို သဘောတူရန်လိုအပ်သည်။ အဆိုပါ သဘောတူညီချက်ကို နိုင်ငံပေါင်း တစ်ရာ့လေးဆယ်က သဘောတူပြီးဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံသည် အငြင်းပွားမှု ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်မှ ဥပဒေဖြစ်နေသည်။ ထိုဥပဒေတွင် နိုင်ငံတကာ ကုန်သွယ်ရေးဥပဒေနှင့် ပတ်သက်သော ကုလသမဂ္ဂ ကော်မရှင်(UNCITRAL) ကို လက်ခံရန်ဖြစ်သည်။ အဆိုပါ ကော်မရှင်သည် နိုင်ငံများက ၎င်းတို့၏ အငြင်းပွားမှု ဆိုင်ရာ ဥပဒေများကို ခေတ်မှီအောင် ပြုပြင်ရာတွင် အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံတကာ ရောင်းဝယ်မှု အငြင်းပွားခြင်းများအတွက် အဖြေကို အဆင်သင့်ပေးနိုင်အောင် ကူညီနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယနေ့ စိန်ခေါ်မှုများမှာ ကြီးမားလွန်းလှပြီး မည်သည်ကို ဦးစားပေးရမည် ဆိုသည်ကို သတ်မှတ်ရေးကပင် စိန်ခေါ်မှုဖြစ်နေသည်။ သို့သော် ရှင်းနေသည့် အချက်မှာ တရားဥပဒေ စိုးမိုးရေးကို ထိပ်ဆုံးက ထားရှိရမည်ဆိုသည့် အချက်ပင် ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံသည် ကော်ပိုရေးရှင်းများနှင့် ပက်သက်သော ဥပဒေကို မှန်ကန်စွာ ချမှတ်နိုင်ပါက အများအသိအမှတ်ပြုနိုင်သော တိုးတက်မှုကို ရနိုင်မည် ဖြစ်ပါသည်။

Yangon chronicle

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန်ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင်လာရောက် ကြိုဆိုနေကြသူများ

အမေရိကန်နိုင်ငံသို့ သုံးပတ်ကြာ သွားရောက်ခဲ့ပြီး ယနေ့ အောက်တိုဘာ ၄ ရက်နေ့ည ၁၀ နာရီ ခန့်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင်လာရောက် ကြိုဆိုနေကြ သူများကို တွေ့ရစဉ်။

Photo-nyein khine aye,7 news weekly

Thursday, October 4, 2012

0 ကျနော်က အညတြဘ၀ လာတာပါ၊(သမ္မတဦးသိန်းစိန်နှင့် စကားပြောခြင်း)

Bill Keller: နိုင်ငံရေးကိစ္စတွေကို မမေးခင်မှာ သမတကြီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးချင်ပါတယ်၊ အမေရိကန်လူမျိုးတွေက သမတကြီးကို ကောင်းကောင်းသိပ်မသိကြသေးဘူးဆိုတေ
ာ့ သမတကြီးရဲ့
မိဘတွေအကြောင်းနဲ့ ပညာရေးနောက်ခံအကြောင်းလေး ဦးစွာပြောပြပါဦး၊၊

Thein Sein: ကျနော်က အညတြဘ၀ လာပါတယ်၊ ကျနော့်မိဘတွေက လက်လုပ်လက်စားတွေပါ၊၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ဟိုင်းကြီးကျွန်းနားက ရွာလေးတရွာမှာ ကျနော့်ကို မွေးပါတယ်၊ ကျနော့် မိဘတွေက လယ်သမားတွေပါ၊၊

BK: ကျနော် ဖတ်ဖူးတာက သမတကြီးရဲ့ ဖခင်က ဘုန်းကြီးဝတ်ဖူးသလား
လို့၊၊ အဲဒါအမှန်ပဲလား၊၊

TS: ကျနော့်ဖခင်က အမေဆုံးပြီးတော့မှ ရဟန်းဘောင်ဝင်ခဲ့တာပါ၊ သူ့ဇနီးဆုံးပြီးတော့ အဖေက ကျနော်နဲ့ ဆယ်နှစ်လောက်နေပါတယ်၊
ပြီးတော့မှ ရဟန်းဘောင်ဝင်သွားတာပါ၊ ရဟန်းဘ၀နဲ့ပဲ ကွယ်လွန်သွား
ပါတယ်၊ (ဗုဒဘာသာဝင်အမျိုးသားတွေဟာ ဇနီးသည်တွေ ကွယ်လွန်သွား
တဲ့အခါမှာ ရဟန်းဘောင်ဝင်ပြီး ရဟန်းဘ၀နဲ့ ခေါင်းချတာက ထုံးစံပဲလို့ သမ္မတရဲ့လက်ထောက်တစ်ယောက်က နောက်တော့ ပြောပြပါတယ် )

BK: အဲဒီတော့ သမ္မတက အဲဒီရွာမှာပဲ ကျောင်းတက်ခဲ့တာလား၊။

TS: ရွာမှာက မူလတန်းကျောင်းပဲရှိတယ်လေ၊၊ အဲဒါကြောင့် မြို့ (ပုသိမ်) တက်ပြိးတော့

0 “ကောက်လို့ရတာ အကုန်ကောက်”

ကျန်တဲ့ဟာတွေထား၊ လက်ကိုင်ဖုန်းအတွက် ငွေကောက်တာကတော့ နဲနဲ တရားမလွန်လွန်းဖူးလား?? ကင်မရာပါတဲ့ လက်ကိုင်ဖုန်းကိုဆိုလိုချင်တာ နားလည်ပေမယ့် ရေးထားတာ အတိအကျမရေးထားတော့ ကြိုက်သလို bend လုပ်လို့ရတယ်၊ လုပ်လို့ရတယ်လို့ပြောတဲ့အခါ ဆိုလိုချင်တာက လုပ်ကိုလုပ်လိမ့်မယ်လို့ ဆိုလိုချင်တာ။ ကင်မရာ ပါပါမပါပါ ကောက်တော့မှာ ကြိမ်းသေပဲ။ ကြားကြားနေတာ များပြီ၊ ခုနောက်ပိုင်း ရန်ကုန်မှာ ငွေမရှိရင် ဘုရားပေါ်တက်ဖို့တောင် သိပ်မလွယ်တော့ဘူး၊ ဖိနပ်ဆိုလဲ ကိုယ့်ဖာသာကိုယ် ကြွပ်ကြွပ်အိပ်လေးယူလာပြီး သယ်သွားလို့မရဘူး၊ ဖိနပ်မအပ်မနေရတွေ လုပ်လာတယ်၊ အပြင်က ပန်း ယူမလာရဆိုတာတွေလဲ ကြားနေရတယ်။ နောက်ဆို လူဝင်ကြေးပါ ကောက်တော့မလားမသိ၊ ဒီးယမ်ရဲ့ ဘာသာရေးအသိပညာကလဲ ၅နှစ်သားကလေးတစ်ယောက်ထက် သိပ်အများကြီး ပိုမသိလို့ အကြီးကြီးတွေ မပြောလိုပါဘူး၊ ဒါကြီးကတော့ တော်တော်ကြည့်ရဆိုးတယ်။ ဒီပုံရိုက်လာတာ ရန်ကုန်ကဘုရားပေါ်မှာ မဟုတ်ဘူး၊ ပဲခူး ရွှေသာလျောင်းရင်ပြင်ပေါ်မှာ တွေ့လို့ ရိုက်လာတာတဲ့။

 ခွန် ဒီးယမ်

0 ကျွန်တော့် ကျန်းမာရေးဆေးစစ်ပြီး အခြေအနေ (မောင်ဝံသ)

မိတ်ဆွေများခင်ဗျာ
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။

အောက်တိုဘာ ၃ မှာ အဖြေတွေရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ် ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။

သူ့ဆီကနေ Oncologist Dr Benjamin  ထံ လွှဲပေးလိုက်လို့ ဆွေးနွေးပြီး အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပါမယ်။ အောက်တိုဘာ၁၁မှာ နောက်တစ်ကြိမ် ဆေးထပ်သွင်းကုသခံပြီး အောက်တိုဘာ လလယ်ထဲမှာ ရန်ကုန်ပြန်ပါမယ်။ ရန်ကုန်မှာ ကီမို ဆေးသွင်းကုသမှု ဆက်လုပ်ပြီး ရက်ချိန်းစေ့ရင် စင်ကာပူ ပြန်ပြရပါမယ်။

အကြမ်းဖျင်းတော့ ဒီလောက်ပဲ အစီရင်ခံနိုင်ပါသေးတယ်။ ကင်ဆာရောဂါဆိုတာကတော့ မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။

ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါ။
ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ ခရီးထွက်ဖို့ ရှိတာကြောင့်  ရန်ကုန်မှာမိမိသဘောနဲ့ မိမိ အထွေထွေစစ်ဆေးမှု လုပ်ရာက ခုလို  စတွေ့ခဲ့တာပါ။
တစ်နည်းပြောရရင် ကံကောင်းတယ် ဆိုရမှာပါ။ ခရီးထွက်နေတုန်း တစ်ခုခု ဖြစ်ရင် ပိုဆိုးမယ်ထင်ပါတယ်။

ကျွန်တော် ကျန်းမာရေးဆေးစစ်ခံနေတဲ့ အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့ facebook တွေမှာ တွေ့မိကောင်းတွေ့မိပါလိမ့်မယ်။ ကျွန်တော် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံးကို ကျွန်တော့်အနေနဲ့ ဒီစာနဲ့ အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
maungwuntha@gmail.com

3 သမ္မတဦးသိန်းစိန်မှ မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ပြင်ဆင်တာ နှစ် ၂၀အချိန်ယူခဲ့တယ်လို့ပြော

မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ် အမှတ် ၂၁- မနက်ဖြန်ထွက်မည့်စာစောင်

မြန်မာနိုင်ငံဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ပြင်ဆင်တာ နှစ် ၂၀ တည်ဆောက် က ၂၀ အကောင်အထည်ဖေါ်တာက ၂၀ ဆိုတော့  ..သေမှဘဲဆိုပါတော့ 

Wednesday, October 3, 2012

0 ဒါမျိုးကျတော့ မီးနဲ့ ရေ လိုမျိုး တခြားစီကွာဟနေတယ် (ကျော်ကိုကို)

ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ ကဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ၀င်မယ်လို့  ကြေညာကတည်းက ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD အဖွဲ့ ဘဲနိုင်ကိုနိုင်မှာဘဲလို့  ကျွန်တော်တို့ က မျှော်လင့်ထားပြီးသား။ ဒေါ်စုတို့ နိုင်တယ်၊ နိုင်တဲ့အတွက်ကြောင့် လွှတ်တော်ထဲရောက်သွားပြီ။လွှတ်တော်ထဲရောက်သွားတော့ အနည်းဆုံးတော့ ပါတီရဲ့ ပေါ်လစီအရပြောနိုင်ဆိုနိုင်မယ်၊ ပြည်သူတွေရဲ့ လိုလားချက်အသံကို ထုတ်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ က မျှော်လင့်တယ်၊ ယုံလည်းယုံကြည်တယ်။ ဒါ့ကြောင့်မို့ လို့ အတိုင်းအတာတစ်ခုထိတော့ ပြောင်းလဲမယ်လို့ ခန့် မှန်းတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်တော့မယ်ဆိုတဲ့ အခြေအနေမျိုးမှာကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်ဆွေးနွေးပါတယ်။ရွေးကောက်ပွဲအပြီး မေလအတွင်းမှာဖြစ်ပါတယ်ခင်ဗျ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ကျွန်တော်တို့ သမဂ္ဂကို ဒီအစိုးရက တရားဝင်အဖွဲ့ အစည်းအဖြစ် အသိအမှတ်ပြုမထားဘူးခင်ဗျ။ ကျွန်တော်တို့ ကို ခေါ်ယူပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကနေ ၆/၈၈ နဲ့ ငြိစွန်းတဲ့ အဖွဲ့ အစည်းဆိုပြီး ခြိမ်းခြောက် တာမျိုးတွေရှိနေတယ်။ ဒါ့ကြောင့် အန်တီ့အနေနဲ့  လွှတ်တော်မှာ တက္ကသိုလ်အက်ဥပဒေကို တရားဝင်ဖြစ်အောင် အတည်ပြုပေးပါ၊ တက္ကသိုလ်အက်ဥပဒေမှာသမဂ္ဂ လွတ်လပ်စွာဖွဲ့ စည်းခွင့်ရှိတယ် ဆိုတဲ့အချက်တွေကို ထည့်သွင်းပြီးတော့ တောင်းဆိုပေးပါ ဆိုပြီးတော့ ကျွန်တော်တို့  ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးခဲ့ပါတယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ လည်း တတ်နိုင်သမျှ ကျွန်တော်တို့ ဘက်ကိုကူညီသွားမယ်ဆိုပြီးတော့ ပြောခဲ့ပါတယ်။

ကျွန်တော်တို့ ကတော့ ပိုပြီး တိုးလုပ်ဖို့ တော့ မျှော်လင့်ထားတယ်။ပိုတိုးလုပ်လာနိုင်မလားဆိုတော့ အဲဒီအချိန်မှာ မေ ဇွန် ဆလိုင်းကိုတင်မောင်ဦးကြိုးပေးခံရတဲ့ နှစ်ပတ်လည်ပွဲမျိုး၊ ၇၄ ၇၅ ကျောင်းသားတွေ ဇွန် အလုပ်သမား နှစ်ပတ်လည်ပွဲမျိုး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပွဲမျိုးတွေ၊ ပြီးခဲ့တဲ့စစ်အာဏာရှင် အစိုးရ စတက်လာတဲ့ ကိုဖုန်းမော်အရေးအခင်းတို့ ၊ မြေနီကုန်းအရေးအခင်းတို့ ၊ တံတားနီအရေးအခင်းတို့  အားလုံးအဆင်ပြေတာကို ကျွန်တော်တို့  တွေ့ ရတယ်ခင်ဗျ။ ၈၈ မျိုးဆက်ကျောင်းသားတွေလုပ်တဲ့ပွဲတွေမှာလည်း အဆင်ပြေတာကို တွေ့ ရတယ်။ ဇွန်ပြီးတော့ ဇူလိုင်၊ လွန်ခဲ့တဲ့မဆလ အစိုးရ တက်ခါစလက ၁၉၆၂ ခုနှစ်က ကျောင်းသားတွေကို ပစ်သတ် ခဲ့တယ်၊ ကျောင်းသားသမဂ္ဂ ပြိုကျခဲ့တယ်။ သမဂ္ဂအဆောက်အအုံကိုဗုံးဖောက်ခွဲတယ်၊ အရေးအခင်းတစ်ခုရဲ့  နှစ် (၅၀)ပြည့် ပွဲ အခမ်းအနားတစ်ခုကို ကျင်းပဖို့  ကျွန်တော်တို့ က စဉ်းစားထားတယ်။ကျွန်တော်တို့  ဆဲဗင်းဇူလိုင် ကျင်းပဖို့  ငှားရမ်းထားတဲ့ခန်းမကို အရင်ဦးဆုံးမြို့ နယ်အုပ်ချုပ်ရေးအာဏာပိုင်တွေက လာရောက် ပိတ်ပင်သွားပါတယ်။ နောက်တစ်ချက်က ကျွန်တော့်ကို ရန်ကုန်တိုင်းဒေသကြီးရဲ့ နယ်စပ်ရေးရာဝန်ကြီးကနေ ခေါ်ယူပြီးဆွေးနွေးပါတယ်။ အဲဒီမှာလည်း သူတို့ က မကျင်းပဖို့ ပြောပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှာရှိတဲ့သမဂ္ဂနေရာဟောင်းမှာပန်းခွေသွားမချဖို့ တားဆီးပါတယ်။

ကျွန်တော်တို့ ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပဖို့  မတိုင်ခင်မှာကတည်းက ကျွန်တော်တို့ အပေါ်မှာ ဖိအားတွေပိုတိုးလာတယ်။ အဲဒီနေ့ ညမှာ ကျောင်းသားတွေအကုန်လုံးကို ဖမ်းဆီးတယ်။ တစ်နိုင်ငံလုံး (၂၃)ယောက် ထိန်းသိမ်းခံရတယ်။ ဒါမျိုးကျတော့မီးနဲ့ ရေလိုမျိုးတခြားစီကွာဟနေတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ကျွန်တော်တို့  ကျောင်းသားတွေအားလုံးရဲ့ ရင်ထဲမှာတော့တော်တော်ကို မျှော်လင့်ချက်ကုန်ဆုံးသွားတယ်လို့  ပြောရပါလိမ့်မယ်။စစ်မှန်တဲ့အာဏာရဲ့  မူလပိုင်ရှင်တွေဖြစ်တဲ့ ပြည်သူတွေလက်ထဲ ပြန်ရောက်ဖို့ အတွက်ကျွန်တော်တို့ ကျောင်းသားတွေကကြိုးစားနေတာဖြစ်တယ် ။

ကျောင်းသားနဲ့ ပြည်သူတွေက တစ်သားတည်းကျတဲ့အတွက်ကြောင့်မို့ လို့ အဲဒီတစ်ချက်ကို သူတို့ က စိုးရိမ်လိမ့်မယ်။ နောက်တစ်ချက်ကတော့နိုင်ငံတကာမျက်နှာစာမှာ အပြောင်းအလဲ ပြဖို့ အတွက်ကျတော့ကျွန်တော်တို့  ဗကသ ထက် ပိုပြီးတော့ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့အဖွဲ့ အစည်းတွေ၊ နိုင်ငံတကာနဲ့ ထိစပ်နေတဲ့ လူပုဂ္ဂိုလ်တွေကို သူတို့ ကအချိုသပ်တဲ့နည်းနဲ့  စည်းရုံးကောင်းစည်းရုံးလိမ့်မယ်။ ဗကသ ကDo Or Die အချိုသပ်တဲ့နည်းနဲ့ လည်း စည်းရုံးလို့ မရဘူးဆိုတာ သူတို့ သိတဲ့အတွက်ကြောင့်မို့ လို့  ဗကသ ကိုတော့ ဒီနည်းနဲ့ မရဘူး၊ဟိုနည်းနဲ့ ဘဲလုပ် ဆိုတဲ့ပုံစံမျိုးနဲ့  အကြမ်းဖက်တဲ့ပုံစံမျိုးတွေ၊ ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေကို သုံးစွဲလာရတယ်လို့ ဘဲ ကျွန်တော်မြင်တယ်ခင်ဗျ။

လွှတ်တော်နိုင်ငံရေးဟာဆိုလို့ ရှိရင် အခုမြင်ရတဲ့အပိုင်းမှာ ဘာ Result မှ၊ဘာရလဒ်မှ ကောင်းကောင်းမွန်မွန် ထွက်ပေါ်လာတာ မတွေ့ ရသေးဘူး။ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ က လွှတ်တော်ထဲဝင်ရခြင်းအကြောင်းအရင်းမှာ တရာဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီရရှိရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတဲ့ အချက်သုံးချက်ကို တင်သွားတယ်။ တကယ်တမ်းမှာ အခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝထိတွေ့ လို့ မရနိုင်သလိုတရားဥပဒေစိုးမိုးရေးဟာလည်း မက်မောလောက်စရာကောင်းတဲ့ရလဒ်မရှိဘူး။ ဒီမိုကရေစီရေးဟာလည်းဘဲ အခြေခံပြည်သူတွေမှာ ရတာ မတွေ့  သေးဘူး။ ထပ်ပြီးတော့ ချိုးဖောက်ခံနေရတာကို အသက်နဲ့ လဲပြီး ကာကွယ်နေရတာကို တွေ့ ရတဲ့အတွက်ကြောင့်မလို့  ကျွန်တော်ကတော့ လွှတ်တော်အခင်းအကျင်း လက်ရှိအနေအထားကို အားရကျေနပ်စရာကောင်းသေးတယ်ဆိုတာကို လက်မခံသေးဘူးခင်ဗျ။ လာမယ့် လပိုင်းအတွင်းမှာတော့ ခန့် မှန်းကြည့်လို့ မရနိုင်လောက်အောင် မြင်ကွင်းကမှုန်ဝါးနေပါတယ်။

အခုလက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားဟာသူတို့ က ကိစ္စတစ်ခုခု ပြုလုပ်တော့မယ်။ လိုချင်တာတစ်ခုခု ရှိတော့မယ်ဆိုလို့ ရှိရင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီးတော့ အပေးအယူ၊ ကစားသလိုလုပ်နေတဲ့ဟာမျိုးကျ ကျွန်တော့်အနေနဲ့ မနှစ်သက်ဘူးခင်ဗျ။အဓိကကတော့ဒီတစ်ခေါက်လွှတ်တာကဦးသိန်းစိန်အမေရိကန်ခရီးစဉ်ရှိတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း လွှတ်နေပါတယ်ဆိုတဲ့အချက်ကို ထုတ်ပြောနိုင်တဲ့အနေအထားမျိုးရှိအောင်လို့  နိုင်ငံရေးအကျဉ်းသားကို လွှတ်ပြီးတော့နိုင်ငံတကာမျက်နှာစာရဲ့ အမှတ်ပေးမှုကို ရယူသွားတယ်လို့ ကျွန်တော်မြင်တယ်။ အခုလက်ရှိမှာ နိုင်ငံရေးအကျဉ်းသားလို့ အဓိပ္ဖာယ်သတ်မှတ်ချက်နဲ့ ကျွန်တော်တို့ ဘက်က ဖွင့်ဆိုထားတဲ့သူတွေ အများကြီးဘဲ ထောင်ထဲမှာကျန်နေသေးတယ်။ ကိုလက်ယျာထွန်းတို့ လိုမျိုး အခုအချိန်ထိ ကျန်နေသေးတာ တွေ့ ရတယ်။ ကျွန်တော်က တောင်ကြီးထောင်မှာ နေခဲ့ရတယ်ဆိုတော့တောင်ကြီးထောင်မှာဘယ်လိုလူမျိုးတွေရှိနေသေးလဲဆိုတော့ SSA နဲ့ ပက်သက်တယ်ဆိုပြီးတော့ အဖမ်းခံထားရတဲ့သူတွေ ရှိနေသေးတယ်။

သူတို့ တွေက သူတို့ ကိုယ်သူတို့ နိုင်ငံရေးအကျဉ်းသားမှန်းတောင် မသိဘူး။ ရွာသူရွာသားတွေဖြစ်တယ်၊ အခြေခံလူတန်းစားတွေဖြစ်တယ်၊ တိုင်းရင်းသားလူမျိုးတွေဖြစ်တယ်။ အဲဒါတွေက အများကြီးဘဲဗျ။ နေရာတိုင်းမှာရှိပါတယ်။ ကျွန်တော်ပြောချင်တာကတော့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အနေအထားမျိုးကို ပေးကိုပေးရမယ်။ အဲဒီအစီအစဉ်မျိုး ချမှတ်မှသာလျှင် တကယ့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတစ်ခုဖြစ်လိမ့်မယ် လို့  ကျွန်တော်မြင်တယ်။

အပစ်အခတ်ရပ်စဲရေးကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့  ဆွေးနွေးနေတယ်လို့  ကျွန်တော်တို့ သိတယ်။ အပစ်အခတ်ရပ်စဲရေးကနေ ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကိုသွားမယ်လို့  တရားဝင်ကြေညာထားတယ်။ အဲဒီကြေညာချက် အရ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် ပါတီထောင်ပြီး လွှတ်တော်ထဲဝင်မှဆွေးနွေးမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒီ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကို ကာကွယ်ရေးဦးစီးချုပ်လက်အောက်မှာ ထားပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို လိုက်နာရမယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်နေသေးသ၍တော့ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့်က အောင်မြင်မှုရဖို့  ရာခိုင်နှုန်း နည်းနည်းနည်းနေသေးတယ်လို့ မြင်တယ်။ တကယ်တမ်းကျ အပစ်အခတ်ရပ်စဲရေးတင် မကဘဲနဲ့  အစစ်အမှန်ငြိမ်းချမ်းရေးရဖို့  ဆောင်ရွက်ရလိမ့်မယ်။ ငြိမ်းချမ်းရေးလှုပ်ရှားတဲ့သူတွေကိုလည်း တရားစွဲနေတယ်၊ ဖမ်းဆီးမယ်၊ ထောင်ချမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတာကိုလည်း အင်မတန်စိတ်မကောင်းစွာ ကျွန်တော်တို့ တွေ့ ရတယ်။ ဒါဟာဆိုလို့ ရှိရင် မဖြစ်သင့်ဘူး။ ငြိမ်းချမ်းရေးကိုသာ တကယ်လိုလားမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် စီတန်းလမ်းလျှောက်သူတွေကို ခြမ်းခြောက်စရာမလိုဘူးလို့  ကျွန်တော်မြင်တယ်ခင်ဗျ။

(ဗကသ ဗဟိုလုပ်ငန်းကော်မတီဥက္ကဌ ကျော်ကိုကို ၏ လူငယ်နိုင်ငံရေးသမား တစ်ယောက်ရဲ့ ဘ၀နဲ့ အမြင် “အရွေ့ ရဲ့ အရိပ်” ဘီဘီစီအထူးအစဉ် မှ ထုတ်နုတ်ဖော်ပြပါတယ်)

Aung myo tun

0 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ( Los Angeles) မြန်မာတိုင်းရင်းသားမိသားစုများနဲ့တွေ့ဆုံပွဲ (ရုပ်/သံ) အစအဆုံး

အခုချိန်ဟာဗမာပြည်ကို စေ့စေ့စပ်စပ် သတိနဲ့ ကြည့် ဖို့ လိုပါတယ်။ သိပ်ပြီးလဲ အကောင်းမမြင်ကြပါနဲ့ဦး။ သတိဆိုတာပိုတယ်လို့ မရှိဘူး။သတိဆိုတာ လွန်ကဲတယ်လို့ မရှိဘူးလို့ တရားတော်မှာ ပါတဲ့အတိုင်း ဒီအချိန်မှာ မြန်မာနိုင်ငံကို လေ့လာသုံးသပ်တဲ့အခါမှာ သတိဆိုတာ ဘယ်တော့မှ ဘယ်လိုမှ လွန်ကဲနိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”

“ကျမတို့နိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စတွေကို အမြဲပဲလေ့လာနေတဲ့ ပုဂ္ဂိုလ်တွေ သိမှာကတော့ ဆန္ဒပြဖို့ဆိုလို့ ရှိရင်လည်း အခုအချိန်မှာ လွယ်ကူသေးတာ မဟုတ်ပါဘူး။ ဥပဒေအရ ဆန္ဒပြနိုင်ခွင့်ရှိတယ်ဆိုပေမဲ့ ခွင့်ပြုချက်ရမှ ဆန္ဒပြပိုင်ခွင့် ရှိပါတယ်။ ဒါဟာ ကျမက ဆန္ဒပြတာတွေကို အထူး အားပေးချင်တဲ့စိတ် နဲ့ ပြောတာမဟုတ်ပါဘူး။ ဒီမိုကရေစီအခွင့်အရေးတစ်ခုနဲ့ ပတ်သက်လို့တောင်မှ ကျမတို့ အခြေအနေ ဟာ ဒီမိုကရေစီရရှိပြီးသား လူ့အသိုင်းအဝိုင်းတွေနဲ့ မတူဘူးဆိုတာကို ရှင်းပြချင်လို့ ပြောတာ ဖြစ်ပါ တယ်။”

“ကျမကတော့ ဘယ်သူ တစ်ဦးတစ်ယောက်နဲ့ လက်တွဲပြီးတော့ လုပ်ဆောင်မယ်လို့ စိတ်ထဲမှာ ဒီလို မထားပါဘူး။ နိုင်ငံအတွက် အကျိုးပြုနိုင်မယ်ဆိုလို့ ရှိလို့ရှိရင် ကျမတို့ဟာ အားလုံးနဲ့အတူ လက်တွဲ လုပ်ဆောင်ရမှာပါ။ အရေးအကြီးဆုံးကတော့ တပ်မတော်နဲ့ အတူ လက်တွဲပြီး လု
ပ်ဆောင်ရမယ်။ ဒါက ကျမတို့ အမြဲပဲပြောနေတဲ့ ကိစ္စပါ။ ပြီးတော့ တပ်မတော်ဟာ ကျမတို့ပြည်သူတွေနဲ့ တသားတည်း ဖြစ် သွားပြီးတော့ ပြည်သူတွေရဲ့ဆန္ဒဟာလည်း တပ်မတော်ရဲ့ဆန္ဒပဲ၊ တပ်မတော်ရဲ့ဆန္ဒဟာလည်း ပြည် သူတွေရဲ့ဆန္ဒပါပဲဆိုတဲ့ အခြေအနေ ရောက်သွားမှသာလျှင် ကျမတို့မြန်မာနိုင်ငံရဲ့တိုးတက်မှုဟာ စိတ်ချရပြီလို့ ယူဆရမှာပါ။

အဲဒီတော့ အရေးကြီးတာက လူကို စိတ်ချနိုင်ဖို့ မဟုတ်ပါဘူး။ အခြေအနေကို စိတ်ချနိုင်ဖို့ပါ။ ကျမတို့ တိုးတက်ရေးအခြေအနေကို စိတ်ချရအောင်လို့ လုပ်သွားရမှာဖြစ်ပါတယ်။”

“ကျမ တစ်ခုတော့ အကြံပြုချင်ပါတယ်။ ကိုယ်သန်ရာ ဘက်တစ်ခုကို ရွေးလိုက်ပါ။ ဥပမာဆိုလို့ရှိရင် ပညာရေးဘက်မှာသန်သလား၊ ကျန်းမာရေးဘက်မှာသန်သလား၊ ဒါမှမဟုတ် အဲဒီဘက်ကို အားပေး ချင်သလား၊ ကြီးပွားရေးဘက်မှာ အားပေးချင်သလား၊ လူငယ်တွေ ဖွံ့ဖြိုးရေးအတွက် အားပေးချ
င် သလား။ တခုခု ကိုယ်သန်ရာ၊ ကိုယ်စေတနာရှိရာ ကဏ္ဍတခုကို စဉ်းစားလိုက်ပါ။ စဉ်းစားပြီးတော့မှ အဲဒီ ကဏ္ဍမှာ ထိထိရောက်ရောက်ဖြစ်အောင် ကူညီမယ်ဆိုပြီး အဲဒီကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ သူတွေနဲ့ ဆက်သွယ်ကြည့်ပါ။

ဆက်သွယ်တဲ့အခါကျရင် တယောက်တည်းကို မဆက်သွယ်ပါနဲ့။ တစ်ယောက်တည်း ပြောနေတာနဲ့ပဲ မပြီးနေပါနဲ့။ သုံးလေးယောက် ဆက်သွယ်ပါ။ သူတို့ပြောတာတွေ နားထောင်ပါ။ အကောင်းဆုံး အဖြေကိုရှာပါ။ အားလုံး အားလုံး၊ လူတိုင်းလူတိုင်းဟာ တယောက်ချင်း တယောက်ချင်း ဘယ်လိုလုပ် အကောင်းဆုံး ကူညီနိုင်မလဲဆိုပြီးတော့ စဉ်းစားပြီးတော့ ရုန်းကန်ရမယ့် အချိန်ကိုတော့ စဉ်းစားကြပါ၊ ကြိုးစားကြပါ၊ ရုန်းကန်ကြပါ။ နောက်ပြီးတော့ စောစောကပြောသလို ပေးဖို့ ကမ်းဖို့လည်း မတွန့်တိုကြပါ နဲ့လို့ ပြောပါရစေ။”

တစ်ကယ်လို့ ကျွန်မဟာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့ရင် ဘယ်လို
ကိုင်တွယ်သွားမလဲဆိုတာကို မေးတာထက် လက်ရှိ မြန်မာ သမ္မတက အခြေအနေတွေကို ဘယ်လိုကိုင်တွယ်နေတယ် ဆိုတာကို စဉ်းစားသင့်ပါတယ်။ လက်တွေ့ကျကြပါ"
ဒေါ်အောင်ဆန်းစုကြည် (Los Angeles Convention Center)  (2-10-2012)

0 ဦးသိန်းစိန်၏ စကားကပြသနေသော နိုင်ငံရေးပရိယာယ်

(Gulf News မှ 1 Oct 2012 ရက်စွဲပါ TheinSein overture shows political guile သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးနွေးထွေးကြောင်း အချက်ပြခြင်းဖြင့် သူ့ကိုယ်သူအာဏာရှင်အဖြစ်မှ ခေါင်းဆောင် အဖြစ်သို့ ကူးဖြတ်ပြောင်းလဲမှုပြုလုပ်လိုက်သည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်တင်မြှောက်ခံပါက သမ္မတဖြစ်လာနိုင်သည်ဟု လက်ရှိသမ္မတဦးသိန်းစိန်က လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ခြင်းသည် မြန်မာအစိုးရအကြီးအကဲ၏ နိုင်ငံရေးလာဘ်မြင်မှုနှင့် နိုင်ငံရေးစွမ်းဆောင်ရည်ကို ဖော်ကျူးနေသည်။

ဦးသိန်းစိန်သည် တိုင်းပြည်၏ ကျဆင်းနေသောစီးပွားရေးနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ၄င်း၏ပုံရိပ်ကိုမြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ယခင်ကထိုးဖောက်မရနိုင်ခဲ့သော နိုင်ငံရေး၊ စီးပွားရေးစနစ် စင်္ကြန်လမ်းများကိုဖွင့်ပေးရန် လိုလားထောက်ခံသူတစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံသည် သယံဇာတကြွယ်ဝသော်လည်း တိုင်းပြည်အာဏာကို အဓမ္မသိမ်းပိုက်ခဲ့သော တပ်မတော်အစိုးရဟောင်း၏ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးညစ်ပတ်မှုများအပေါ် အရေးယူဒဏ်ခတ်သည့် Sanctions များကြောင့် ဖွံ့ဖြိုးနိုင်စွမ်းထိခိုက်ခဲ့ရသည်။ နှစ်ပေါင်းများစွာအကျယ်ချုပ် ထိန်းသိမ်းခံရခြင်းမှ လွှတ်မြောက်လာကာ ဒေါ်အောင်ဆန်းစုကြည်သည် ယင်းဖြစ်ရပ်များ၏ အထင်ရှားဆုံးဥပမာပင်ဖြစ်ပါသည်။

ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီသို့ဦးတည်ရာလမ်းပေါ်တွင် ရုန်းကန်ချီတက်နေပြီဖြစ်ပြီး၊ တင်းကြပ်လွန်းသော ပြည်တွင်းဥပဒေများကို ဖြေလျော့ပေးခြင်းသည် ငွေထုပ်ကိုင်ကာ လည်ပင်းရှည်အောင်စောင့်နေကြသော ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းသတင်းအဖြစ်ပေါ်ထွက်လာခဲ့ပြီး တိုးတက်ပြောင်းလဲခြင်း စန်းထတော့မည့်အချိန်တွင် ဆိုင်ရာဆိုင်ရာအင်စတီကျူးရှင်းများ အဖွဲ့အစည်းများကလည်း ကိုယ်စီကိုယ်စီမောင်းတင် ကြိုးစားကြဖို့ လိုပါလိမ့်မည်။

မည်သို့ပင်ဖြစ်စေဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်ဆက်ဆံရေးနွေးထွေးကြောင်းကို အေးဆေးသက်သာစွာ ပြောကြားခြင်းဖြင့် သူ့ကိုယ်သူအာဏာရှငအဖြစ်မှ ခေါင်းဆောင်အဖြစ်သို့ ကူးဖြတ်ပြောင်းလဲလိုက်ပါသည်။ ဤစကားကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းအလယ်တွင်လည်း သိသိသာသာအားပေးထောက်ခံမှု ရရှိခဲ့သည်။

“ဦးသိန်းစိန်သည် ၄င်း၏ပုံရိပ်ကိုမြှင့်တင်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ တန်းတူညီမျှရပိုင်ခွင့်ကို ဖော်ထုတ်လိုက်သော်လည်း ယင်းစိတ်ကူးကိုပွင့်ပွင့်လင်းလင်းစိန်ခေါ်လိုသူအနည်းသာရှိကြောင်း၊အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတွင် ပြည်သူများ၏ကောင်းစားရေးကိုသာ ဦးစားပေးကြရမည် ဖြစ်ကြောင်း”ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

Yangon chronicle

0 သတင်းထောက်နဲ့စေတနာ၊သတင်းထောက်နဲ့ရပ်တည်ချက်။

“ခင်ဗျားသတင်းထောက်ဆောင်းပါးကလည်းတပုဒ်နဲ့တပုဒ်စောင့်ဖတ်ရတာ
ဘုရားတဆူ၊တဆူပွင့်လောက်တယ်”လို့
လုပ်ဖော်ကိုင်ဘက်တယောက်ကကောင်းကင်မဂ္ဂဇင်းက
ဖော်ပြနေကျ၊ ကျနော်ရေဒီယိုသတင်းထောက် လို့နာမည်ပေးထားတဲ့
အခန်းဆက်ရေးနေတဲ့
ကျနော့်စာမူအရမ်းကြာလွန်းလို့ဝေဖန်တယ်။
ကျနော်ကလည်းသတင်းထောက်သာဖြစ်တယ်၊စာရေးအင်မတန်ပျင်းတဲ့
ခတ်ညံ့ညံ့သတင်းထောက်။
စာဖတ်ရတာမပျင်းပေမဲ့စာရေးပျင်းလို့သူ့အချိန်အခါ၊
ရာသီဂွင်နဲ့အညီရေးရမဲ့သတင်းဆောင်းပါးတွေ၊
ဟိုစဉ်းစား၊ဒီစဉ်းစားအချိန်တွေဆွဲပြီး
ဘာတပုဒ်မှဖြစ်မလာတာတွေအများကြီး။
သတင်းဆောင်းပါးဟာ၊သင့်တော်တဲ့
အချိန်အခါကျတဲ့အခါမျိုးရေးမှတန်ဘိုးပိုရှိတယ်
။ဖြစ်ပျက်မှုတွေက၊လက်ရှိကာလနဲ့ရော၊
အချိန်အခါရော၊တိုက်ဆိုင်မှုတွေရှိပေမဲ့
၊ဒီထက်ကောင်းတဲ့အချက်အလက်ရဘို့၊ပြည့်စုံဘို့၊
ဆိုတဲ့စေတနာလွန်ပြီးရေးသင့်ရေးထိုက်တဲ့အချိန်မှာ
မရေးမိရင်အလကားပဲ။
ကိုယ်ကပြည့်စုံအောင်ရေးဖို့အင်တာဗျူးတွေ၊
အချက်အလက်တွေရှာနေတုံး၊
သူများကရတဲ့အချက်အလက်နဲ့ဖြစ်အောင်

0 မြန်မာနိုင်ငံ၏ တိုးတက်သောအမြင်

(2 October 2012 ရက်စွဲပါ Khaleej Time မှ ခေါင်းကြီးပိုင်းဖြစ်သော Myanmar’s Progressive insight ကိုဘာသာပြန်ဆိုသည်) မြန်မာအစိုးရသည် တမူထူးခြားစွာ ခွဲထွက်စဉ်းစားလျက်ရှိသည်။ လာမည့် နိုင်ငံခေါင်းဆောင်အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဦးသိန်းစိန်က လက်ခံကြောင်းမှတ်ချက်ပေးခဲ့ရာ နောက်ကွယ်မှ အဓိပ္ပါယ်များစွာပါရှိနေသည်။ အဆိုပါ ရပ်တည်ချက်သည် မြန်မာနိုင်ငံတွင် ယခုမှ ဖွံ့ဖြိုးစဒီမိုကရေစီယဉ်ကျေးမှုကို ပိုမိုအားကောင်းအောင် လမ်းခင်းပေးခြင်းကြောင့် ကြိုဆိုရမည်ဖြစ်သော်လည်း အာဏာရှိသောစစ်တပ်ကို နိုင်ငံရေးရာများတွင်ပါဝင်ခြင်းမှ ပို၍စည်းခြားလိုက်သည့် သဘောကိုညွှန်ပြနေပေသည်။

ရည်ရွယ်ချက်မှာ အစိုးရက ၎င်းအပေါ်ချမှတ်ထားသော အရေးယူမှုများ ရုတ်သိမ်းနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အား အသုံးချ နိုင်ရေးအတွက်ဖြစ်ပုံရပြီး၊တစ်ချိန်တည်းမှာပင် နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုထားသော ပြုပြင်ပြောင်းလဲရေးနှင့် ဒီမိုကရေစီအတွက် လုပ်ဆောင်မှုများကို လုပ်ကိုင်နေကြောင်းပြသလိုခြင်းဖြစ်သည်။ အကြောင်းပြချက်များ မည်သို့ပင်ရှိစေကာမူ၊ မြန်မာပြည်သူများအတွက် ၎င်းတို့၏ ကြိုးပမ်းမှုများထဲမှ အသီးအပွင့်ခံစားရတော့မည့် လက္ခဏာကောင်းတစ်ခုဖြစ်သည်။

သို့သော်အစိုးရတွင် ကြီးမားသောစိန်ခေါ်မှုများရှိနေပြီး ထိုသို့ဆွဲဆောင်မှုရှိသောအပြောမျိုးဖြင့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်မပာုတ်ပေ။ ပထမဆုံးလုပ်ဆောင်ရမည့်ကိစ္စမှာ လူမှုအုပ်ချုပ်ရေး(Social Polity)ကို အမှန်တကယ်ပြောင်းလဲပစ်ရမည်ဖြစ်ပြီး လူထုတွင် အာဏာတည်သည်ဆိုသည့် အချက်ကိုသေချာအောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် အနိမ့်ကျဆုံးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အာဏာရှင်အုပ်ချုပ်မှုကို နှစ်ရှည်လများထပ်ဆင့်ခံစားခဲ့ကြရသည်။ ပြည်သူများကို လွတ်လပ်စွာပြောဆိုခွင့်မပေးဘဲ၊ စီးပွားရေးလုပ်ခွင့်များလည်းမရကြပါ။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့်ဆိုင်သော ကိစ္စရပ်များတွင် ရောဂါရင့်နေပြီဖြစ်သည်။ မကြာခင်ကဖြစ်ပေါ်ခဲ့သော ရိုပာင်ဂျာများနှင့် ရခိုင်လူမျိုးများကြား ပဋိပက္ခကသက်သေဖြစ်သည်။ ထို့အတူပင် တိုင်းရင်းသားများနှင့်ဆိုင်သော ကိစ္စရပ်များတွင်လည်း မည်သို့ဆုံးဖြတ်ရမည်ကိုမသိသော ခက်ခဲသောအခြေအနေများ ဖြစ်ပေါ်နေသည်။

သမ္မတဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ရှုပ်ထွေးသော နိုင်ငံရေးနှင့် လူမှုစီးပွားကိစ္စများကိုင်တွယ်ဆောင်ရွက်ရန် ယခင်ကထက်စာလျှင် ယုံကြည်မှု ပိုရှိလာပြီး အသာစီးရနေသည်။ ဒေါ်အောင်ဆန်းစုကြည်ပြဿနာသည် အစိုးရအပေါ်တိုက်ပွဲဝင်ခဲ့ပြိး တာဝန်ကျေခဲ့ပြီးဖြစ်သည်။ ပြည်သူများကိုယ်စားသူလုပ်ပေးခဲ့သည့်ကြီးမားသောအလုပ်များကိုအသိအမှတ်ပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သော စစ်တပ်နှင့် အစိုးရသည် အမည်ခံရွေးချယ်တင်မြှောက်သော လွှတ်တော်ကိုဖော်ဆောင်ပေးသောရက်ရောမှုမျိုးနှင့်ပြီးလိမ့်မည်ပာု မျှော်လင့်၍မရနိုင်ပေ။ ပြောင်းလဲမှုတွင် စစ်မှန်သောအနှစ်သာရ ရှိရမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်ပုဂ္ဂိုလ်ရေးဆည်းကပ်ကိုးကွယ်မှုသည်တမူခြားနားသောတစ်ခုခုကိုဖြစ်စေလိမ့်မည်ဆိုသော မျှော်လင့်ချက်သည် မဖြစ်နိုင်သော သီအိုရီတစ်ခုဖြစ်သည်။ အာဏာရှင်၏အမွေဆိုးများ(Legacy of repression)ကို ဆက်ခံခြင်းအား ရပ်ဆိုင်းရန်အချိန်ရောက်နေပြီဖြစ်သည်။

Yangon chronicle

1 ဒေါ်အောင်ဆန်းစုကြည်ပုံ ဖော်ပြခွင့်ရရုံဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့် ရှိပြီဟု ခေါ်ဆို၍ ရ၊ မရကို ဦးဝင်းတင် မေးခွန်းထုတ်

ပြည်သူလူထုက မည်သည့်အရာ လိုချင်နေသည် ဆိုသည်ကို မီဒီယာများ အနေဖြင့် သိရန် လိုအပ်ပြီး ယင်းတို့အနေဖြင့် အချက်အလက်အား လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်တွင်ပင် ကျေနပ်မနေဘဲ အယူအဆ၊ အတွေးအမြင်များ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကိုပါ အားပေးရန်လည်း လိုကြောင်း ပြောသည်။ ယခု အချိန်သည် “စ”လုံးရေ”စ” အချိန်သာ ရှိသေးကြောင်းနှင့် “စ” လုံးကို လုပ်ငန်းစခြင်း၊ စတင်ခြင်း စသည်ဖြင့် အဓိပ္ပါယ် အမျိုးမျိုးဖွင့် ဆိုသော်လည်း “စ”လုံးသည် “စ”လုံးသာ ဖြစ်ကြောင်းလည်း ဦးဝင်းတင်က ပြောဆို
ထင်ရှားသည့် အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံဖော် ပြခွင့်ရရုံဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်ရှိပြီဟု ခေါ်ဆို၍ ရ၊မရကို ဝါရင့် သတင်းစာဆရာတစ်ဦးဖြစ်သူ ဟံသာဝတီဦးဝင်းတင်က စက်တင် ဘာ ၂၈ ရက်တွင် မေးခွန်းထုတ်လိုက်သည်။ ဒေါ်အောင်ဆန်းစု ကြည်၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက တစ်ဦးလည်းဖြစ်သူ ဦးဝင်းတင်က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့ သည့် မဇ္စျိမဂျာနယ် စတင်ထုတ်ဝေ ခြင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ နှစ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ ဒီမိုကရေစီ ခေါင်းဆောင် တစ်ယောက်ကို သတင်းစာ ထဲမှာ နာမည်တောင် ဖော်ပြလို့မရဘူး။ သေရင်တောင်မှ သူ့နာမည် ထည့်လို့ရပါမလား ဆိုတာ မသိတဲ့ အနေအထား ပါ။ အဲဒီလို အနေအထားကနေ အခုရေးလို့ရတယ်၊ ဖော်ပြလို့ရတယ် ဆိုတော့ ဟုတ်ပြီ၊ ဒါသတင်းစာ လွတ်လပ်ခွင့်လား ဆိုတာ ပထမအဆင့် စဉ်းစားရမှာပေါ့။ ပြီးဒေါ်စုဆို နာမည်တောင် ဖော်ပြလို့မရတာကနေ မနေ့တစ်နေ့က စပြီးတော့ ဦးသိန်းစိန်နဲ့ သွားနှုတ်ဆက်တဲ့ပုံ စပြီး ပါလာတယ်။ သူ့သတင်း ပါလာတယ် ဆိုတော့ ဒါသတင်းလွတ်လပ်ခွင့်လား။ မေးစရာမေးခွန်းတွေ အများကြီး ရှိတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ဆက်လက်ပြီး ယင်းကပင် ပြည်သူလူထုက မည်သည့်အရာ လိုချင်နေသည် ဆိုသည်ကို မီဒီယာများ အနေဖြင့် သိရန် လိုအပ်ပြီး ယင်းတို့အနေဖြင့် အချက်အလက်အား လွတ်လပ်စွာ ဖော်ပြနိုင်ခွင့်တွင်ပင် ကျေနပ်မနေဘဲ အယူအဆ၊ အတွေးအမြင်များ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကိုပါ အားပေးရန်လည်း လိုကြောင်း ပြောသည်။ ယခု အချိန်သည် “စ”လုံးရေ”စ” အချိန်သာ ရှိသေးကြောင်းနှင့် “စ” လုံးကို လုပ်ငန်းစခြင်း၊ စတင်ခြင်း စသည်ဖြင့် အဓိပ္ပါယ် အမျိုးမျိုးဖွင့် ဆိုသော်လည်း “စ”လုံးသည် “စ”လုံးသာ ဖြစ်ကြောင်းလည်း ဦးဝင်းတင်က ပြောဆို ခဲ့သည်။

“ကျွန်တော်တို့လိုချင်တာ “စ”လုံးရေ “စ” မဟုတ်ဘူး။ ကျွန်တော်တို့ လိုချင်တာ အဲဒီ“စ” လုံးရေ စ နဲ့အတူ တွဲပြီးတော့ “က”ကြီးလည်း လိုချင်တယ်၊ “ခ”လည်း လိုချင်တယ်၊ ဖြစ်နိုင်ရင် “အ”ထိအောင်ကို လိုချင်တယ်။ ပြီရင် အဲဒီ စာလုံးတွေနဲ့ ပေါင်းပြီး သရတွေ လိုချင်တယ်။ အဲဒါတွေ ပေါင်းပြီးမှ ကျွန်တော်တို့က အကြောင်းအရာ တစ်ခု၊ အတွေးအမြင် တစ်ခုကို ဖော်ပြတာ လိုချင်တာ” ဟု ယင်းက ပြောသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးကလည်း မိမိတို့နိုင်ငံ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ရန် ဆိုလျှင် မီဒီယာတို့၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဆိတ်ကွယ်ရာ မရှိသော ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်ရန် ဆိုလျှင် မီဒီယာများမှ တစ်ဆင့် တည်ဆောက်နိုင်မှသာ နိုင်ငံတော် သမ္မတ ပြောကြားခဲ့သော သန့်ရှင်းသည့် အစိုးရ ဖြစ်လာမှာ ဖြစ်ကြောင်းနှင့် သန့်ရှင်းသော အစိုးရသည် အဖုံးအကွယ် မရှိရန်လည်း လိုအပ်ကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ သတင်းစာနယ်ဇင်း လောကက အဖွင့်တော့ ကောင်းပါတယ်။ ကျွန်တော်တို့ ခဏ ခဏ ကိုးကားတဲ့ မင်းတုန်းမင်းကြီး၊ ငါမကောင်း ငါ့အကြောင်းရေး၊ မိဖုရားမကောင်း မိဖုရားအကြောင်း ရေး ဆိုတဲ့ ဆောင်ပုဒ်နဲ့ စဖွင့်ခဲ့တဲ့ ကျွန်တော်တို့ စာနယ်ဇင်း လောကဟာ နှစ်ပေါင်း ရာနဲ့ချီကြာသွားတော့ ငါမကောင်း ဖုံးထား၊ မိဖုရား မကောင်း ဖုံးထားဆိုတဲ့ အခြေအနေကို ရောက်သွားလိုက်တာ အခုမှ ခေတ်သစ်တစ်ခုကို ပြန်စဖို့ အရှိန်ယူနေတဲ့ အချိန် ရောက်တယ်” ဟု ယင်းက ဆိုသည်။

ထို့ပြင် သတင်းသမားများ အနေဖြင့် မိမိသတင်းအား မိမိတာဝန်ယူနိုင်သူများ ဖြစ်ဖို့လိုကြောင်းနှင့် အချို့သော သတင်းသမားများ ဆိုလျှင် မိမိမေးမြန်းရမည့်သူ၏ နောက်ခံ ရာဇဝင် မသိသဖြင့် အင်တာဗျူး သူက ဦးဆောင် ရမည် ဖြစ်သော်ငြား အင်တာဗျူး ခံရသူက ဦးဆောင်၍ မိမိပြောချင်တာ ပြောလွှတ်လိုက်ခြင်းမျိုး ရှိကြောင်း ကိုကိုကြီးက ပြောသည်။

ယင်းကပင် ယခုမီဒီယာ လောကအား မြို့ပြ သတင်းလောက ဟုပင် ခေါ်ရမည် ဖြစ်ပြီး မီဒီယာများ အနေဖြင့် မြို့ပြတွင် ကျင်လည်နေရုံ သာမက တောကြိုအုံကြား ပါမကျန် သွားရောက်နိုင်သည့် သတင်းသမားများ ဖြစ်ရန် လိုကြောင်းလည်း ပြောကြားခဲ့သည်။

မဇ္စျိမ မီဒီယာမှ စီမံခန့်ခွှဲရေး အယ်ဒီတာနှင့် ထုတ်လုပ်ရေး ဒါရိုက်တာဖြစ်သူ ဦးစိန်ဝင်းကလည်း မိမိတို့နိုင်ငံ ပြင်ပတွင် ရှိစဉ်က မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒီမိုကရေစီရေးကို စိတ်ဝင်စားသည့် အဖွဲ့အစည်းများထံမှ ထောက်ပံ့မှု ရရှိခဲ့ကြောင်း၊ သို့သော် ထိုကဲ့သို့ ထောက်ပံ့မှုများအား ရေရှည်ယူရန် မသင့်ဟု မိမိတို့ ယူဆပါကြောင်း၊ ရေရှည်တွင် မိမိတို့ မဇ္စျိမမီဒီယာသည် စာဖတ်သူ ပြည်သူလူထုနှင့် ကြော်ငြာအပေါ်တွင် ရပ်တည် အားယူ၍ ဆက်လက် လည်ပတ် သွားမှာ ဖြစ်ကြောင်း ဆိုသည်။

ဒီမိုကရေစီ လူ့အဖွဲ့အစည်း အောင်မြင် ထွန်းကားမှုတွင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် ပြဒါးတိုင် ဖြစ်ကြောင်း ယုံကြည်သည်ဟု ဆိုသော မဇ္စျိမ မီဒီယာသည် ၁၉၈၈ ခုနှစ်တွင် အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် စိတ်ကူးတူ ကျောင်းသား သုံးဦးဖြင့် စတင်ထူထောင် ခဲ့သော မြန်မာသတင်းဌာန တစ်ခု ဖြစ်ကာ ၂ဝဝ၇ ရွှေဝါရောင် အရေးအခင်း၌ လူထု၏ စိတ်ဝင်စားမှုကို ရရှိခဲ့သော သတင်းဌာနများတွင် တစ်ခု အပါအဝင်လည်း ဖြစ်သည်။

ပြည်ပတွင် ရှိစဉ်က မဇ္စျိမ မီဒီယာကို Open Society Institute National Endowment for democracy နှင့် IMF ကဲ့သို့သော အဖွဲ့အစည်းများမှ ထောက်ပံ့ ကူညီခဲ့ကြောင်းလည်း ဦးစိန်းဝင်း၏ ပြောကြားချက် အရ သိရှိ ရသည်။

http://www.myanmarij.com

0 မြန်မာ-အမေရိကန် စစ်ရေးပူးပေါင်းလေ့ကျင့်မည်မပာုတ်ကြောင်း သမ္မတငြင်းဆို

ပြင်ပ၌ သတင်းထွက်ပေါ်လျက်ရှိသည့် မြန်မာ့တပ်မတော်နှင့် အမေရိကန်တပ်ဖွဲ့များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ငြင်းဆိုခဲ့ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ မြန်မာမီဒီယာပိုင်းဆိုင်ရာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“တပ်မတော်ကိုစပြီးတော့ ပြုပြင်ပြောင်းလဲနေတဲ့ အနေအထားတွေရှိပါတယ်။ အဲဒီတော့ အမေရိကန်နဲ့ပူးပေါင်းပြီးတော့ ထရိန်နင်တွေပေးဖို့တို့ စစ်ရေးလေ့ကျင့်ဖို့တို့ ဘာတို့ ဒါတွေကတော့ ကျွန်တော်တို့ အစီအစဉ်မရှိပါဘူး။ နောင်လည်း ကျွန်တော်တို့ရှိစရာတော့လည်း သိပ်အကြောင်းမရှိပါဘူး”ပာု နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့တပ်မတော်အနေဖြင့် Standard Army ဖြစ်နိုင်ရန် အမေရိကန်နိုင်ငံသာမက တရုတ်၊ ရုရှား၊ ဂျပန် စသည့်နိုင်ငံများ နည်းပညာ၊ အတတ်ပညာများကို ရယူရမည်ဖြစ်ပြီး တိုင်းပြည်စီးပွားရေးတက်လာသည်နှင့်အမျှ တစ်ဦးချင်းဝင်ငွေများပြားလာပြီး တပ်မတော်သားများအပြင် အခြားဝန် ထမ်းများကိုလည်း အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ဆက်လက်ပြောကြားသည်။

“သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်မှာ မြန်မာပိုင်းဆိုင်ရာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဒီစကားကိုပြောသွားတာပါ။ ပြီးတော့ လက်ပံ တောင်းတောင်ကိစ္စ၊ တိုင်းရင်းသားရေးရာတွေနဲ့၊ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာကိစ္စတွေကိုပါ ပြောသွားပါတယ်။ အမေရိကန်နိုင်ငံနဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မယ်ဆိုတဲ့ကိစ္စ သမ္မတကြီးကိုယ်တိုင်မပာုတ်ပါဘူးလို့ ပြောခဲ့ပါတယ်”ပာု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာ့တပ်မတော်အနေဖြင့် အမေရိကန်နှင့် ပူးတွဲစစ်လေ့ကျင့်မှုများ ပြုလုပ်သွားမည်မပာုတ်ဘဲ အမေရိကန်နိုင်ငံ၏ နည်းပညာနှင့် အတတ်ပညာ များကိုသာ လေ့လာသွားမည်ဖြစ်ပြီး တပ်မတော်၏အဓိကအလုပ်အနေဖြင့် တိုင်းပြည်ကိုသာ ကာကွယ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ထည့်သွင်းပြောကြားသွားခဲ့သည်။

yangon chronicle

Tuesday, October 2, 2012

0 ကိုလိုနီပြုဖို့က လက်နက်မှ မလိုပဲ

တွေးလေလေ ဆွေးမပြေဘူး ။ သားကြီးခေါ်လို့ မထူးတဲ့အခြေအနေကို ရောက်နေတာ ခရိုင်ပြည်ပဲဗျ။ ကိုလိုနီ လို့ ပြောရင် ယခင့် ယခင်က လက်နက်နဲ့ တိုက်ပွဲဆင်ပြီး ကိုလိုနီပြုတာ။ အဲဒီခေတ် ကုန်ပြီ ။ ကိုလိုနီပြုခြင်း အမျိုးမျိုးနဲ့ ကိုလိုနီ ပြုလာကြပြီ။ လက်နက်နဲ့စိုးမိုးတဲ့ကိုလိုနီခေတ်ကိုတော့ တော်လှန်နိုင်ခဲ့တယ်ပေါ့ဗျာ ။ လက်နက်မပါ ငွေချည်းသက်သက်နဲ့ လာပြီး ကိုလိုနီ ပြုတာကိုတော့ သိသိကြီးနဲ့ မှိန်းခံ ကြိတ်ခံနေရတယ်။ အဲဒီမှာလေ ကြည့်ကြဦး ခရိုင်ပြည်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ ကိုမြန်မာပြည်တစ်နံ တစ်လျှား ဖြတ်ပြီးတော့ မှ တရုတ်ပြည်မကြီးကို သယ်မယ်။ တရုတ်ပြည်မကြီး အလိုကျ မြန်မာပြည် အစိုးရကလည်း စားပြီးသောက်ပြီး ခွင့်ပြုတော့မှ ရတော့ပေမကိုး။


ယှဉ်ကြည့်ကြဗျာ ။ စကားလုံးအဟောင်းတွေကိုလည်းအထပ်ထပ် အခါခါပြောရတာ မောပါတယ်။ ဒီစကားလုံးတွေကလည်း ကျွန်တော်တို့ ထွင်ပြီးပြောတာ မဟုတ်ပါဘူး။ အစိုးရမင်းကြီးတွေရဲ့ ပါးစပ်ထဲကနေမှ ကျွန်တော်တို့ ပါးစပ်ဖျားရောက်လာတာ။ ဆင်းရဲမွဲတေမှု လျှော့ချရေးတဲ့။ လျော့ချရေး ဆိုကတည်းက များနေလို့ပေါ့နော်။ အဲဒီ(ခရိုင်) က သဘာဝဓာတ်ငွေ့တွေရောင်းပြီး နိုင်ငံခြားဝင်ငွေရှာတော့

3 အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်

လတိုင်း၊ လတိုင်း၏ စက်တင်ဘာလ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henry ကသတ်မှတ်ခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြောခဲ့ပြီးတော့ စက်တင်ဘာ ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့သတ်မှတ်ဖို့မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာတွေအတွက်တော့ ဂုဏ်ယူစရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးပာာ တစ်ခေတ်မှာတယောက်ပဲ ပေါ်လာနိုင်မှာပါ”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီကြိုးပမ်းမှုတွေအတွက် အမေရိကန်နိုင်ငံကတောင် အသိအမှတ်ပြုတဲ့အနေ နဲ့ ခုလိုသတ်မှတ်ပေးခဲ့တာ အရမ်းကိုကောင်းပါတယ်။ မြန်မာနိုင်ငံသားတွေအတွက်လည်း တကယ်ကို ဂုဏ်ယူဖွယ်ရာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်တို့ ပာန်ချက်ညီညီနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်နိုင်မယ်ဆိုရင် ပန်းတိုင်က သိပ်မဝေးတော့ပါဘူး”ပာု မြန်မာ့အရေးလေ့လာနေ သူတစ်ဦးက ဆိုသည်။

အမေရိကန်နယူးယောက်မြို့သို့ရောက်ရှိနေသည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစု ကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဝါရှင်တန်မြို့၊ ကပ်ပီတော်၌ အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးဆု(ကွန်ဂရက်)ရွှေတံဆိပ်ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဝါရှင်တန်မြို့ ကက်ပီတော်၌ ရုံးစိုက်သော NED(National Endowment for Democracy)ဆုအားလည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် နယူးယောက်မြို့အခြေစိုက် အတ္တလန်တစ်ကောင်စီမှ ချီးမြှင့်သော ၂၀၁၂ ဂလိုဘယ်နိုင်ငံကြီးသားဆုအားလည်းကောင်း၊ နယူးယောက်မြို့၊ ကွင်းစ်ကောလိပ်ကျောင်းသားများအား စကားပြောအပြီး ကျောင်းအထိမ်းအမှတ်လက်ဆောင်အားလည်းကောင်း ရရှိခဲ့သည်။

Yangon chronicle

1 သတင်းထောက်ငပေါများ

၁။ မီဒီယာများဟု စာရေးရန်စပြီးကာမှ ပြန်တွေးမိသည်။ မီဒီယာများမဟုတ်ပါ။ ဂျာနယ်လစ်များဖြစ်ပါသည်။ သို.သော် ဂျာနယ်လစ်အကုန်လုံး မဟုတ်ပါ။ အချို.သော မြင်းစီး၍ အထီးအမမှန်းမသိသည့် ဂျာနယ်လစ်များအတွက် မရေးချင်သော်လည်းရေးရပါလိမ့်ဦးမည်။ မြင်းစီး၍ အထီးအမမသိသည်က တော်ပါဦးမည်၊ ယခုတော့ မြင်းပေါ်ထိုင်၍ ခေါင်းဘက်လှည့်ထိုင်သလား၊ အမြီးဘက် လှည့်ထိုင်သလားမသိသော ဂျာနယ်လစ်များ ရှိနေပါသေးသည်။

၂။ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် (လူတိုင်းတင်ချင်ရာတင်နေသောကြောင့်) ပြောချင်ရာပြောနေသည်ကို လက်ခံပါသည်။ သို.သော် ပရင့်စာမျက်နှာပေါ်တွင် အများပြည်သူ အထင်မှားစေရန် တင်လာခြင်းမျိုးကို သည်းမခံနိုင်ပါ။ ပြည်သူ၏ အမြင်မကျယ်မှုကို ခုတုန်းလုပ်သည်ဟုပဲ မြင်ပါသည်။

၃။ ကိုယ့်ကိုယ်ကို သေကြောင်းကြံသော လူနာနှင့်တွေ.ရန် ဆေးရုံသို.သွားသည်။ သတင်းထောက်သတင်းလာယူရင်ပြန်တော့ဟု ပြောသော ဆရာဝန်များကို မခြေမငံပြောသည်၊ အပေါ်စည်းမှပြောသည်၊ ရိုင်းစိုင်းသည်ဟု စွပ်စွဲကာ ဂျာနယ် စာမျက်နှာပေါ်တင်လာသည်။ နောက် ဂျာနယ်လစ်ကွန်ယက် အတွင်းရေးမှူးဆိုသူကလည်း 'ဆေးရုံဝင်းအတွင်း သတင်းယူခွင့်ရှိမရှိ၊ သတင်းထောက်အား ၀င်ရောက်ခွင့် ပြုမပြု မေးခွန်းထုတ် စရာ ဖြစ်လာပါသည်။ သတင်းထောက်များလည်း ၀ိုင်းဝန်း မေးမြန်းကာ ယခုကိစ္စကို လူသိများအောင် လုပ်သင့်သည်ဟု ယူဆပါသည်။ ဥပဒေအရ မည်သို့ ညွှန်ကြားထားသလဲ စသည်အချက်များကို ၀ိုင်းဝန်းဆွေးနွေး အဖြေရှာသင့်ပါသည်' ဟု ကြေညာချက်သဖွယ် ထုတ်လာပါသည်။ ဆိုရေးရှိလာသဖြင့် ဆိုရပါမည်။

၎။ ရိုင်းစိုင်းသည်၊ အပေါ်စီးမှ ဆက်ဆံသည်စသော မှတ်ချက်များကိုဖယ်ထား၍ (တကယ်တော့ ထိုသို.ပြောမှသိမည့်သူများကို ထိုသို.ပြောခြင်းဖြစ်ဟန်တူပါသည်၊ သူရို.လိုပဲ ထင်ရာမှတ်ချက်ပေးကြည့်ခြင်းပါ) မူရင်းတရားကိုယ်ကို ကြည့်လျှင် လူနာနှင့်တွေ.လိုခြင်းပင်ဖြစ်သည်။ လူနာမှ ကိုယ့်ကိုယ်ကို သေကြောင်းကြံသည်အထိ စိတ်ကစင့်ကလျားဖြစ်နေရှာသော လူနာဖြစ်ပါသည်။ တာဝန်မဲ့လွန်းပါတကားဟု မှတ်ချက်ချရန်မှတပါးအခြားမရှိပါ။

၅။ ၁၉၉၃ ဇူလိုင်၁ရက်နေ.တွင် ကျင်းပသော RESOLUTION 1003 (1993) on the ethics of journalism ကြေညာချက်တွင် ပုဂ္ဂလိက လုံခြုံခွင့် (Right of individuals to privacy) ကို လေးစားရန် အတိအလင်း ဆိုထားပါသည်။ ထို.အပြင် ပြည်သူလူထု အချက်အလက်များကို တာဝန်ယူထားသော အဖွဲ.အစည်းများ၊ ရုံးများအနေဖြင့် ပြည်သူတို.၏ ပုဂ္ဂလိက လုံခြုံခွင့်ကို (အခြား အများနှင့် ဆိုင်သော ဆုံးရှုံးမှု နှင့် မသက်ဆိုင်ပါက) ကာကွယ်ပေးရန်တာဝန်ရှိကြောင်းလည်း ဖေါ်ပြထားပါသည်။ ဆေးရုံလူနာသည် ဆရာဝန်၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပါသည်။ သတင်းဦး သတင်းထူးအတွက် လာသော သတင်းထောက်သည် ထိုသို.သော သာမန်ကျင့်ဝတ်လေးကိုပင်မသိပဲ အများပြည်သူဆေးရုံကို (ကိုယ့်အဖေ အိမ်ကဲ့သို.) စွပ်ကနဲ ၀င်၍မရပါ။ ဆေးရုံသည် သက်ဆိုင်ရာ ဆရာဝန်၊သူနာပြု၊၀န်ထမ်းများနှင့် လူနာ၊ လူနာစောင့်၊ လူနာနှင့် ပတ်သက်သောဧည့်သည်မှတပါး အခြားသူလာခွင့်မရှိပါ။ လာခွင့်ရှိစေရန် သက်ဆိုင်ရာ၏ ခွင့်ပြုချက်တောင်းခံရုံမှတပါး အခြားမရှိပါ။ သက်ဆိုင်ရာမှ ငြင်းပယ်ခွင့်ရှိကြောင်းကိုလည်း သိစေချင်ပါသည်။

၆။ သက်ဆိုင်ရာဟု ပြောသောအခါ ယခင် စနစ်ဟောင်းက စိတ်များ မကုန်သေးဟု မေးငေါ့ချင်သူများရှိလာပါလိမ့်မည်။ စနစ်ဟောင်းခေတ်ဟောင်းနှင့် မဆိုင်ပါ။ စည်းမျဉ်းစည်းကမ်းဟူသည် စနစ်သစ်ခေတ်သစ်တွင် ပိုလိုပါသည်။ (တာဝန်ခံဆရာဝန်၊ ဆေးရုံအုပ်ချုပ်သူတို.လည်း သက်ဆိုင်ရာဟူသော စာရင်း တွင်ပါပါသည်) သတင်းထောက်သည် သတင်းထောက် ကျင့်ဝတ်တော့သိရပေမည်။ ရီဆိုလူးရှင်း ၁၀၀၃ အရပြောရလျှင် သတင်းအချက်အလက်ဖေါ်ပြခွင့်ကို ကိုင်ထားခွင့်ရရုံနှင့် ပုဂ္ဂလိက လုံခြုံခွင့်ကို မလေးမစားထိပါး၍ မရကြောင်း သိစေလိုပါသည်။ ထိုလုံခြုံခွင့်ကို ကာကွယ်သူများအားလည်း အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် ရောချ၍ မရပါ။ သတင်းအချက်အလက်ရယူပိုင်ခွင့်သည် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်လာဖွယ်ရာရှိမှသာ အကျုံးဝင်ပါသည်။ မီဒီယာလုပ်ပိုင်ခွင့်ကို လက်နက်သဖွယ် အသုံးပြုကာ ကိုယ်ကျိုးရှာခြင်းကို အမှန်တရားသဖွယ် ပြောနေသည်မှာ ရှက်ဖို.ကောင်းပါသည်။

၇။ ထည့်ပြောရန်ရည်ရွယ်ရင်းမရှိသော်လည်း လိုအပ်သည်ထင်၍ တစ်ချက်ခန်.ပြောပါဦးမည်။ သတင်းထောက်ဟူသည် သတင်းနှင့် မှတ်ချက်ကို ခွဲနိုင်ရပါမည်။ သတင်းကိုသာ ဖေါ်ပြခွင့်ရှိပါသည်။ မှတ်ချက်ပေးလိုလျှင် ဖေါ်ပြထားသော သတင်းအပေါ်သာ အခြေခံ၍ မှတ်ချက်ပေးရပါမည်။ ရိုင်းစိုင်း၊ အပေါ်စည်း၊ မခြေမငံဟူသော မှတ်ချက်များသည် ရည်ရွယ်ရင်းရှိရှိ ပြည်သူနှင့် ဆရာဝန်ကို တိုက်ပေးလိုက်ခြင်းဖြစ်ပါသည်။ မလုပ်ကောင်းပါ။ သတင်းထောက်က ခံစားချက်မထိန်းနိုင်လျှင်တောင်မှ အယ်ဒီတာက ထိန်းထိန်းသိမ်းသိမ်း ရှိရပါမည်။ထိုသို. တိုက်ပေးခဲ့သည်မှာ များနေပါပြီ။ ပြည်သူများအထင်မှား၍ ဆေးရုံမလာပါက နစ်နာသူမှာ ပြည်သူများသာဖြစ်ပါသည်။ မလုပ်ကောင်းပါဟု ထပ်မံသတိပေးပါသည်။

၈။ စော်ကားလိုစိတ်နှင့် ရေးခြင်းမဟုတ်ပါ။ အမှန်အတိုင်းပြောရလျှင် ကင်မရာကိုင်ရုံနှင့် နေရာတကာ ၀င်ခွင့်ရှိပြီထင်ကာ လူတကာကို ခြိမ်းခြောက်ခွင့် ရှိပြီထင်နေသော 'သတင်းထောက် ငပေါများ' ကြောင့် ကျန်သော မှန်ကန်စွာကြိုးစား အားထုတ်နေကြသော ကျင့်ဝတ်ပြည့် သတင်းထောက်များ ထိခိုက်မည်စိုးသဖြင့် ရေးရခြင်းဖြစ်ပါကြောင်း။

၉။ အခြားဆိုရန်မရှိပါ။

Thet Ka Moenyo Facebook

0 မန္တလေးမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်း ABSDF က သမ္မတထံစာပို့မည်

မန္တလေးမြို့တော်ဝန်ဦးအောင်မောင်းအားအယုံအကြည်မရှိကြောင်းABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ပောာင်း များ အဖွဲ့က သမ္မတထံ စာပို့သွားမည်ဖြစ်ကြောင်း သိရသည်။

“မန္တလေးမြို့တော်ဝန်ပာာ ပြည်သူတွေရဲ့အသံကိုနားထောင်မှုမရှိဘဲ လုပ်ချင်ရာကိုလုပ်နေပါတယ်။ ဒီကိစ္စတွေအတွက် သမ္မတဆီကို မန်းမြို့တော် ဝန်ကို အယုံအကြည်မရှိကြောင်း စာပို့သွားမှာပါ။ လက်ရှိမှာလည်း ပြည်သူတွေရဲ့ ဆန္ဒမဲလက်မှတ်တွေကို ရယူနေပါတယ်။ ပြီးတော့ ပြည်သူတွေအပေါ် မတရားတရားစွဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့လည်း တိုင်ကြားသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းတိုင်စာအား စက်တင်ဘာလကုန်တွင် သမ္မတထံသို့ပေးပို့သွားမည်ဖြစ်ပြီး ယင်းသို့တိုင်ကြားနိုင်ရန် ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများသာမက အခြားအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဦးအောင်မောင်းသည် ၎င်း၏ မန္တလေးမြို့တော်ဝန်အဖြစ် စတင်တာဝန်ယူသည့် သက်တမ်းခြောက်လအတွင်း ဈေးချိုပျံကျကုန်စိမ်းဈေး အပြောင်းအရွှေ့ကိစ္စရပ်များ၊ ချမ်းမြေ့ သာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ လယ်ယာမြေပြဿနာများတွင် တပ်ဖွဲ့အင်အား အများအပြားအသုံးပြု၍ မန္တလေးဒေသခံပြည်သူများအား နှိမ်နင်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ခုလိုလုပ်ဆောင်တာပာာ ပုဂ္ဂိုလ်ရေးမုန်းတီမှု တစ်စွန်းတစ်စတောင်မပါပါဘူး။ သူ့သက်တမ်းအတွင်းမှာ ရဲတပ်ဖွဲ့ဝင် အင်အားတွေကို မလိုအပ်ဘဲ အများအပြားသုံးတယ်။  ပြည်သူတွေရဲ့ စိတ်ဓာတ်ရေးရာတွေကို ချိုးနှိမ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ခု ဆန္ဒမဲရယူပြီး တာနဲ့ သူ့ကိုပြန်ရုတ်သိမ်းဖို့အတွက် လုပ်ဆောင်တော့မှာပါ”ပာု ABSDF မြောက်ပိုင်းကျောင်းသားရဲဘော်ပောာင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

လက်ရှိ မန္တလေးမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးအောင်မောင်းသည် အစိုးရသစ်လက်ထက်တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Yangon chronicle

Monday, October 1, 2012

1 ချင့်ချင့်ချိန်ချိန်ပြောပါ ဘကြီးစိန်

လူထုကလိုလားရင် ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်နိုင်မယ်ထင်
ထင်မြင်စကား ပြောကြားလိုက်တဲ့
သမ္မတဦးသိန်းစိန်စကား
ဟားတိုက်လို့သာ ရယ်လိုက်ချင်သား
ဟား ဟား ဟား…။

နောက်ကြောင်းပြန်လှည့်
၁၉၉၀-ကရွေးကောက်ခဲ့တဲ့ ရွေးကောက်ပွဲ
ဘယ်သူတွေ ၀က်ဝက်ကွဲပြီး
ဘယ်သူက ဗိုလ်ဆွဲသွားတာလဲ
မဲအပြတ်အသတ် အမှတ်ခတ်ကောင်းကောင်းနဲ့
အကြောင်းလှလှ နိုင်သွားတဲ့ဒေါ်စုတို့လက်ထဲ
အာဏာလွှဲပေးခဲ့ပါသလား
ခုနေခါများ သဘောထားကြီးကြီးနဲ့
ကပ်စေးမနည်းပဲ အာဏာလွှဲပြောင်းပေးရင်လဲ
အခါမနှောင်းသေးဘူးဘဲ…။

လယ်ပြင်မှာဆင်သွားသလို ထင်ထင်ရှားရှား
မြင်ရဲ့သားနဲ့ လူထုလိုလားနေတာဘယ်သူလဲ
ထပ်ခါပဲမေးနေရသေးလား
ဗေဒင်မေး ယတြာတွေကြွေးမနေနဲ့တော့
အဖြေက ပေးနေစရာမလို
သူ့အလိုလိုပေါ်နေပြီးသားပါ…။

၂၀၀၈ အခြေခံဥပဒေမှာ
ဒေါ်စုဝင်ပါပြီးမတွေး
စစ်မှုထမ်း ဘယ်ရွေ့ဘယ်မျှ
ထမ်းဆောင်ပြီးသူမှ သမ္မတရွေးချယ်ခွင့်
အဆင့်ရှိတယ်လို့ဆွဲထားပြီးသား…။

နောက်အထောက်ထားကလဲ ရှိထားပြန်
ရွေးချယ်ခံမည့်သူသားသမီးများ
အခြားနိုင်ငံသား ခံယူပြီးသွားရင်လဲ
မဲမည်မျှသာသာ အမြဲသာ ရှောင်ခွာပြေး
သမ္မတရွေးခွင့်နဲ့ဝေး…။

ဒါကိုအတွေးရောက် သဘောပေါက်ရင်
မတောက်တခေါက်ရေးဆွဲထားတဲ့
မဟားဒယား ၂၀၀၈-ဥပဒေ
မသွေပြန်လည်ပြင်ဆင်ပေး
အဲဒီအရေးကိုသာ လွှတ်တော်မှာ
မြန်စွာမနှေး အကောင်ထည်ဖေါ်ပေးပါ။

သမ္မတကြီးကိုအရေးထား လေးစားပါသည်
ပြည်သူကိုယ်စား ပန်ကြားပါသည်ခင်ဗျား။

တက္ကသိုလ်ဘုန်းကြွယ်(၉-၃၀-၁၂)

Sunday, September 30, 2012

0 ကမ္ဘာကျော် ရုရှား စစ်တုရင်ချန်ပီယံဟောင်း၊Russian pro-democracy activist ဖြစ်တဲ့ Garry Kasparov မှ ဒေါ်အောင်ဆန်းစုကြည်အတွက် ပေးပို့သော ရုပ်သံ

Garry Kasparov was unable to attend the San Francisco Freedom Forum on September 28, where he was scheduled to present the Vaclav Havel Prize for Creative Dissent to Burmese human rights leader Aun Aung San Suu Kyi. With pressing issues before the Russian opposition movement in Moscow, Kasparov sent this video message to the SF Freedom Forum.

Former world chess champion Garry Kasparov is the chairman of the Human Rights Foundation and founder of the Russian opposition group, the United Civil Front.

I was very disappointed I could not travel as planned to the San Francisco Freedom Forum last week. I was to present the amazing human rights leader Aung San Suu Kyi with the Vaclav Havel Prize for Creative Dissent. But with so many important meetings and elections in the Russian opposition I had to stay here in Moscow. Here is the video message I made for the Freedom Forum at the last minute, with the help of my cousin Eugeni's camera!

1 စင်ကာပူ သဲတင် သင်္ဘော ထားဝယ် အထိ ခရီးဆန့်

Photo..Eleven media group

ကုန်းမြေချဲ့ရန် သဲအမြဲစတေ လိုအပ်နေသော မြို့ပြကျွန်းနိုင်ငံ စင်ကာပူ သဲသယ်ယာဉ်များ ထားဝယ်မြစ်ဝ အထိ ခြေဆန့်ကာ သဲလာရောက်ဝယ်ယူရန် ရှိကြောင်း သဲတင်ပို့မည့် ကျော်ကျော်ဖြိုးကုမ္ပဏီ ထံမှ သိရသည်။

မြန်မာနိုင်ငံတောင်ပိုင်းမှ ကော့သောင်းဒေသတွင် သဲတူးဖော်ဝယ်ယူနေသော စင်ကာပူသဲတင် သင်္ဘောများသည် မြောက်ဘက် မိုင်လေးရာခန့်အကွာရှိ ထားဝယ်မြစ်ဝအထိ ခရီးဆန့်လာခြင်းဖြစ်သည်။

ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေး သောင်တူးသည်အနေဖြင့် ကျော်ကျော်ဖြိုး ကုမ္ပဏီမှ သဘောင်္ ရှစ် စင်း ဖြင့် သဲတူး၊ သဲသယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်နေပြီး ယခုလနောက်ဆုံးအပတ်တွင် စင်ကာပူမှ သဲဝယ်ယူမည့် သင်္ဘောရောက်ရှိမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ယင်းကုမ္ပဏီသည် ယင်းလုပ်ငန်းများကို ထားဝယ်မြစ်ဝရှိ ကျောက်နီမော်နှင့် ဆင်ဖြူပြင်ကျေးရွာအကြားတွင် လုပ်ကိုင်ခွင့်ရရှိထားပြီး လုပ်ငန်းလည်ပတ်ရန်အတွက် အကြိုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ကျော်ကျော်ဖြိုး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သဲတူးယူမှုကြောင့် ကမ်းပါးပြိုမှု ပိုများလာနိုင်ပြီး ပင်လယ်ဆားငန်ရေများ လယ်ယာမြေများအတွင်း ၀င်ရောက်လာကာ လယ်ယာမြေများ မဖြစ်ထွန်းတော့မည်ကို ယင်းမြစ်ကမ်းအနီး နေထိုင်သော ဒေသခံအချို့က စိုးရိမ်လျက်ရှိသည်။

“သဲတူးယူသွားလို့ ချောင်းနက်လာရင် ကမ်းပြိုတာတွေ ပိုများလာမယ် ” ဟု ယင်းမြစ်ကမ်းအနီး တီတွတ်ပြင်ရွာမှ အသက် ၅၀ အရွယ် လယ်သမား တစ်ဦးက ၎င်း၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောဆိုသည်။

ရာမည သောင်တူး သဘောင်္တစ်စီးသည် ပြီးခဲ့သည့် ၁၀ နှစ်ကျော်က ဆင်ဖြူပြင်ဆိပ်ကမ်းအ၀င် လမ်းကြောင်းတွင် သဘောင်္များ ၀င်ထွက်လွယ်ကူစေရေးအတွက် သောင်တူးဖော်ပြီး တူးယူရရှိသည့် သဲ၊ နှုန်းမြေများကို အိမ်ရှေ့ပြင်ကျေးရွာအနောက်ဘက်ကမ်းရှိ သောင်မဲကျွန်းတွင် စုပုံခဲ့သည်ဟု ဆင်ဖြူပြင် ကျေးရွာမှ ဒေသခံများက ဆိုသည်။

ထားဝယ်မြို့၏ တောင်ဘက် မိုင် ၂၀ ခန့် အကွာတွင်ရှိသည့် ဆင်ဖြူပြင် ဆိပ်ကမ်းသည် ထားဝယ်ဒေသသို့ လာရောက်သော သင်္ဘောကြီးများ အဓိက ဆိုက်ကပ်ရာ နေရာတစ်ခုဖြစ်သည်။

ထိုအချိန်က သောင်တူးခဲ့ခြင်းကြောင့် တီတွတ်ပြင် ကျေးရွာ ကမ်းခြေအနီးရှိ တောင်သူများနှင့် ရေလုပ်သားများ အသုံးပြုနေသော ရေတွင်းအချို့ ဆားငန်ရေ ၀င်သွားသည့်အတွက် ပျက်စီးခဲ့ကြောင်း၊ ထားဝယ်-မြိတ်-ကော့သောင်းမြို့များသို့ ပြေးဆွဲနေသော ကမ်းရိုးတန်းအမြန်ယာဉ်များ စတင်ပြေးဆွဲလာချိန်တွင် ကမ်းပြိုမှု ပိုမိုများလာကြောင်း ယင်းကျေးရွာများမှ ဒေသခံများက ပြောဆိုသည်။

သောင်တူးသည့်အခါ ကမ်းပါးလျှောစောက်အား တစ်အချိုး၊ သုံး နှင့် လေး အကြားထားရှိလျှင် အကောင်းဆုံးဖြစ်ပြီး ယင်းသို့ ထားခြင်းဖြင့် ကမ်းပါးပြိုမှု နှင့် ကမ်ပါး နှင့် ကပ်ပြီး ရေစီးဆင်းမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှုး ဦးဝင်းအောင်က ရှင်းပြသည်။

“ကမ်းပါးစောက်ရင် ကမ်းပြိုမှုဖြစ်နိုင်တယ်။ ကမ်းပါးရေကပ် စီးရင် ကမ်းပြိုမှု ဖြစ်နိုင်တယ်” ဟု ဦးဝင်းအောင်က ဆိုသည်။ လွန်ခဲ့သည့် ၁၀နှစ်က သောင်တူးခြင်းကြောင့် ငါးစားကျက်များ ပျက်စီးခဲ့ပြီး ငပိပြုလုပ်ရန် ပုစွန်ငယ်များရှာဖွေရရှိမှုမှာ ခြောက်ပုံတစ်ပုံအထိ ကျဆင်းသွားကြောင်း တီတွတ်ပြင်ကျေးရွာမှ ရေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအောင်မြင့်က ရှင်းပြသည်။

ကုန်မြေတိုးချဲ့ရန် အလွန်အမင်း လိုအပ်နေသော စင်ကာပူသည် ကမ္ဘောဒီးယားနိုင်ငံမှ သဲအလွန်အမင်း ၀ယ်ယူခဲ့သောကြောင့် ဂေဟဗေဒစနစ် ပျက်စီးသည်ဟုဆိုကာ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဝေဖန်မှုကို ခံခဲ့ရဖူးသည်။

“လှေတွေလည်း သွားလို့ရအောင် ကမ်းပါးလည်း မပြိုအောင် လုပ်ပေးစေချင်တယ် ” ဟု အိမ်ရှေ့ပြင် ရပ်ကွက်မှ အသက် ၆၄ နှစ်အရွယ် ဦးစံယုက ဆိုသည်။

ထားဝယ်မြစ်ကြောင်း ရှင်းလင်းရေးမည်ဆိုသည့် အဆိုပါ စီမံကိန်းကို ပို့ဆောင်ရေး ၀န်ကြီး ဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ကျော်ကျော်ဖြိုး ကုမ္ပဏီ နှင့် စင်ကာပူနိုင်ငံက ITPM ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကာ အသုံးပြု၍ရမည့် သဲများကို စင်ကာပူကို တင်ပို့မည်ဖြစ်ပြီး စီမံချက်ကာလ ၅ နှစ်ဖြစ်သည်။

Dawei Watch

0 သမ္မတဦးသိန်းစိန် မြန်မာမီဒီယာများနဲ့ အမေးအဖြေ(ရုပ်/သံ)

0 ကိုယ်ကျိုးစီးပွားသမားတွေကို နောက်မှာ ချန်ထားဖို့ (ဗသုန်)

 ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့ အဖြစ်ကို မေ့လျော့ပြီး ပြည်သူတွေရဲ့ အသံကို နားမထောင် ပြည်သူတွေရဲ့ အကျိုးစီးပွား ကိုလည်း ရှေးမရှု ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ တကွ အပေါင်းပါ ဖြစ်နေတဲ့ ကိုယ်စားလှယ် တွေကို နောက်တစ်ကြိမ် လွှတ်တော်ထဲ မရောက်အောင် နောက်မှာ ချန်ထားခဲ့ဖို့ ကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တာဝန် သာ ဖြစ်ပါကြောင်း 
Crony ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် မြန်မာ အဓိဓာန်မှာ မြန်မာဘာသာဖြင့် ဘယ်လို ဖော်ပြထားသည် ဖြစ်စေ အဘိဓာန်မှာ ဖော်ပြထားတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုက နားလည် လက်ခံကြတာ မဟုတ်ပါဘူး။ ဝေါဟာရတွေရဲ့ ၀ိပ္ပလ္လာသ, သဘောကို လိုက်ကာအဓိပ္ပာယ်တစ်မျိုးနဲ့ နားလည် နေကြပြီး အဲဒီလို နားလည်မှုကလည်း ကောင်းတဲ့အမြင်နဲ့ နားလည်တာ မဟုတ်ဘူးဆိုတာကတော့ သေချာပါတယ်။ အဲဒီတော့ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း တင်ပြရမယ်ဆိုရင် Crony တွေရဲ့အပေါ်မှာ ပြည်သူတွေက အမြင် မကြည်မလင် ဖြစ်နေမှုဟာ ကြာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ Crony တွေနဲ့ ပတ်သက်လာရင် အောက်ခြေမှာ ရှိကြတဲ့ ဘယ်အလွှာကမှ ထောက်ခံ ပြောဆိုတာ မကြားရဖူးပါဘူး။ ဒီလို ဖြစ်ရတာကလည်း Crony တွေနဲ့ ပတ်သက်လာရင် သူတို့ရဲ့ မောက်မာမှု တွေနဲ့တကွ ဆင်းရဲသား ပြည်သူတို့အပေါ် ငဲ့ကွက်ခြင်းမရှိမှုစတဲ့ ချီးမွမ်းဘွယ် မရှိတဲ့ သတင်းများကသာ ပြည်သူတွေရဲ့ အကြားမှာ ပျံ့နှံ့နေခဲ့မှုကလည်း ကာလ အတော်ကြာနေလို့ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ဥပဒေသစ်နဲ့ ပတ်သက်လို့ ဒီဥပဒေ ကို လွှတ်တော်တွင်းရှိ Crony အုပ်စုနဲ့ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း ဖြစ်နေသူတို့ ပူးပေါင်းကာ ဦးဆောင် ရေးဆွဲကြပြီး ပြည်တွင်း Crony တွေ သာလျှင် ပိုမို အကျိုးဖြစ်ထွန်းစေလိမ့်မယ် လို့ မီဒီယာတွေကနေတစ်ဆင့် သိကြရတဲ့ အခါ အလတ်စား အငယ်စား လုပ်ငန်းရှင် များကစပြီး ပြည်သူတွေ အတွင်းမှာ Crony တွေနဲ့ ပတ်သက်လို့ အဆိုးမြင်မှု တွေ ပိုမို ပျံ့နှံ့လာတာကို တွေ့ရပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ရှိလာမှ ပြည်တွင်း ဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ် လာပြီး ပြည်သူတွေအတွက် အခွင့် အလမ်းကောင်းတွေ ဖြစ်ပေါ်လာလိမ့်မယ် လို့ မျှော်လင့်ထားကြလို့ ဖြစ်ပါတယ်။ နောက်ဆုံးမှာ ပြည်တွင်း Crony တွေရဲ့ အကျိုးစီးပွားကို သိသာစွာ ရှေ့ရှုနေတဲ့ အချက်အချို့အား ဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုခဲ့သည့် တိုင်အောင် ဒီဥပဒေ ရေးဆွဲမှု အခြေအနေ ကို ပြည်သူတွေအတွင်းမှာ မေးခွန်း ထုတ်စရာ အများအပြား ရှိနေပါတယ်။

အမှန်အားဖြင့် တင်ပြရရင် ၁၉၈၈ ခု နောက်ပိုင်း အာဏာရှင် အစိုးရ လက်ထက်အတွင်း ကျွန်တော်တို့ နိုင်ငံ မှာ Crony တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ဒီCrony တွေဟာအာဏာရှိသူတွေနဲ့ သွေးသား တော်စပ်သူတွေ သော်လည်းကောင်း၊ ပုဂိ္ဂုလ်ရေးအားဖြင့် ရင်းနှီးကျွမ်းဝင်လွန်းသူတွေ သော်လည်း ကောင်း ဖြစ်ကြပါတယ်။ Crony တွေရဲ့ စီးပွားရေး လုပ်ငန်းတွေဟာ အာဏာရှင် အစိုးရရဲ့ အာဏာရှိ သူတို့နဲ့ တိုက်ရိုက် အားဖြင့် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပတ်သက်နေခဲ့ကြ ပါတယ်။ အာဏာရှင်အစိုးရရဲ့ နှစ်နှစ်ဆယ်နီးပါး မျှကြာအောင် အုပ်ချုပ်မှု ကာလအတွင်း နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးတဲ့ စီမံကိန်းတွေနဲ့ Crony တွေဟာ သူတို့ရဲ့ စီးပွားဖြစ်ထွန်းမှုများနဲ့ စီးပွားရေး အခွင့် အလမ်းတွေကို အဆမတန် ကြီးထွား အောင် လုပ်နိုင်ခဲ့ပါတယ်။ အာဏာရှင် အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခွင့်အလမ်းများကို မြန်မာ Crony တွေ ခွဲဝေရယူကြပုံကတော့ ၁၉ ရာစုနှစ်အတွင်းက အနောက် ဥရောပ နယ်ချဲ့တို့ အာဖရိကတိုက်ကို ခွဲဝေယူကြပုံ နဲ့ အလားသဏ္ဍာန် တူတယ်လို့ ပြောနိုင် ပါတယ်။

နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတွေဖြစ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လုပ်ငန်း၊ စွမ်းအင်၊ သတ္ထု၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း စတဲ့ ကဏ္ဍစုံ၊ ရေပေါ်ရေအောက်၊ မြေပေါ် မြေအောက်၊ နိုင်ငံအနှံ့ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေ ရှိနေပါတယ်။ ဒီလိုနိုင်ငံအနှံ့ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းတွေရှိနေလို့ ဒေသခံတွေ အလုပ် အကိုင် အခွင့်အလမ်းတွေ ရကြတယ်။ ၀င်ငွေတွေ တိုးတက်ကြတယ်ဆိုတဲ့ အခြေ အနေက နည်းပါးပြီး Crony တို့နဲ့ ဒေသ ဆိုင်ရာ အာဏာပိုင်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကြောင့် လယ်ယာမြေ လက်လွတ်ဆုံးရှုံး နစ်နာမှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်ယွင်းမှုတွေကြောင့် ဒေသခံ ပြည်သူလူထုဟာ အကျပ် အတည်းတွေ တွေ့ကြရပြီး ဒုက္ခဆင်းရဲ ရောက်တာတွေ ရှိခဲ့ပါတယ်။ သာဓက တစ်ခုအနေနဲ့ တင်ပြရရင် လက်ရှိအစိုးရ အဖွဲ့သစ် လက်ထက်မှာ ဖြေရှင်းလို့ မပြီး နိုင်သေးတဲ့ တောင်သူ လယ်သမားတွေ လယ်ယာမြေ ဆုံးရှုံးမှု ပြဿနာတွေဟာ ယခင် အစိုးရဟောင်း လက်ထက်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ပြဿနာတိုင်းဟာ Crony တွေကြောင့် ဖြစ်နေရတာလို့ သုံးသပ်သူ အများအပြား ရှိနေတာ ကိုလည်း တွေ့ရပါတယ်။ နိုင်ငံအတွင်း ဒေသ အများအပြားမှာ ပြဿနာတွေ ဖြစ်ပေါ်နေတာ ဖြစ်လို့ ယခုအခါ လွှတ်တော်က ဒီပြဿနာတွေ ပြေလည် စေရေးအတွက် ကော်မရှင်ဖွဲ့ပြီး စုံစမ်းဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အစိုးရဟောင်း လက်ထက်မှာ အာဏာရှိသူတွေနဲ့ ပတ်သက်နေမှုတွေ ကြောင့် Crony တွေဟာ အခွင့်ထူးခံတွေ အဖြစ်နဲ့ ဥပဒေအထက်မှာ ရှိနေတဲ့ လူတန်းစား ဖြစ်ခဲ့ပါတယ်။ Crony တို့ရဲ့ စီးပွားရေး လုပ်ငန်းများ နိုင်ငံအတွင်းမှာ ပျံ့နှံ့နေတာနဲ့အတူ Crony တို့ရဲ့ အမှုထမ်း များ လက်ရင်း လက်ဖျား လက်ဝေခံများ ဟာလည်း နိုင်ငံအနှံ့ ရှိနေခဲ့ပါတယ်။ Crony တို့ရဲ့ အရှိန်အ၀ါ ကြီးမား လွန်းတာကြောင့် Crony တို့နဲ့ ပတ်သတ် လာရင် အစိုးရ၀န်ထမ်း အဆင့်ဆင့်တွေ ကလည်း အလျှော့ပေး ဆက်ဆံကြရပါ တယ်။ အကျိုးဆက် အနေနဲ့ကတော့ တရားဥပဒေ စိုးမိုးမှု ပိုမိုအားနည်း လာတာတွေ၊ အဂတိလိုက်စားမှု ပိုမို များပြားလာတာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် လက်ရှိအစိုးရ လက်ထက်မှာ ကြုံတွေ့နေရတဲ့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုပြဿနာ၊ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ ပြဿနာနဲ့ အဂတိ လိုက်စားမှု ပိုမိုများပြားလာတဲ့ ပြဿနာ တွေမှာ Crony တွေမှာလည်း တာဝန် ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး စနစ် ပြောင်းလဲနိုင်ရေးအတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့တဲ့အခါ Crony အချို့နဲ့ အာဏာရှင် အစိုးရဟောင်း လက်ထက်က အာဏာရှိခဲ့သူ အများစု တို့ဟာ လွှတ်တော်တွေမှာ ပြည်သူ့ ကိုယ်စားလှယ်တွေ ဖြစ်လာကြပါတယ်။ အဲဒီလို ဖြစ်လာရတာကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဖြစ်လာကြတာ ဖြစ်ပါ တယ်။ ဒီလို Crony အချို့နဲ့တကွ သူတို့နဲ့ နှီးနွှယ် ပတ်သက်နေတဲ့ အာဏာရှင် အစိုးရဟောင်း လက်ထက်က အာဏာ ရှိသူ အများစုတို့ဟာ ဥပဒေပြု လွှတ်တော် မှာ အဓိကအင်အားလို ပါဝင်လာ သောကြောင့် စောစောပိုင်း ကာလတွေမှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေး ပေါ်လစီကို ပြည်သူတွေက ပြည့်ဝစွာယုံကြည်မှုမရှိခဲ့ကြပါဘူး။ နိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အတွက် လွှတ်တော်များနဲ့တကွ အစိုးရ အဖွဲ့သစ်တို့ ပေါ်လာကာစ စောစောပိုင်း ကာလတွေမှာ လွှတ်တော်တွေနဲ့ အစိုးရ အဖွဲ့သစ်တို့မှာ ပါဝင်လာကြတဲ့ Crony အချို့နဲ့ အစိုးရအဖွဲ့ဝင် အချို့ဟာ အာဏာရှင် အစိုးရလက်ထက်က ပုံစံ အတိုင်း ပြည်သူတွေအပေါ်မှာ စီးမိုးတဲ့ အပြောအဆို အနေအထားများနဲ့ ဒီမိုကရေစီစနစ်ဦးရဲ့ မျက်နှာစာမှာ မဖုံးနိုင် မဖိနိုင် ခပ်ပြောင်ပြောင် ရပ်ပြခဲ့တာကို လည်း တွေ့ကြရပါတယ်။ ထိုကဲ့သို့သော အပြောအဆိုနဲ့ လုပ်ရပ်များကြောင့် ထိုပုဂိ္ဂုလ်များကို လည်းကောင်း၊ လွှတ်တော်များနဲ့ အစိုးရအဖွဲ့သစ် အတွင်းမှာ ပါဝင်နေကြတဲ့ Crony များနဲ့ အာဏာရှင် အစိုးရ လက်ထက်က အာဏာရှိသူ အချို့ကို လည်းကောင်း၊ ပြုပြင် ပြောင်းလဲရေးကို မလိုလားတဲ့ ရှေးရိုးစွဲများ နောက်ကြောင်း ပြန်လှည့်မည့် သူများအဖြစ် ပြည်သူတွေက သတ်မှတ် ခဲ့ကြပြီး ဒီမိုကရေစီရေးအတွက် သောက ပွားခဲ့ကြရပါတယ်။

အဲဒီလို ပြည်သူတွေရဲ့ သောကကို သိရှိတဲ့အတွက် ၁-၃-၂၀၁၂ နေ့က ပြည်ထောင်စု လွှတ်တော်မှာ သမ်္မတကြီး ဦးသိန်းစိန်က အစိုးရအဖွဲ့ အတွင်းမှာ ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်းဆိုတာ မရှိပါ ဘူးလို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း အစိုးရအဖွဲ့အတွင်းက ရှေးရိုးစွဲဝါဒီတွေကို ချန်ထားခဲ့မယ်လို့ သမ္မတကြီး က မေလ အတွင်းမှာ ကြေညာခဲ့ပြီး စက်တင်ဘာ လဆန်းမှာ အစိုးရအဖွဲ့ကို အကြီးအကျယ် ပြင်ဆင် ဖွဲ့စည်းခဲ့ ခြင်းဖြင့် မေလအတွင်းက ပြောကြားခဲ့မှုကို သမ္မတကြီးက အကောင် အထည်ဖော်ခဲ့တာကို တွေ့ရပါတယ်။ ပြည်ထောင်စု အစိုးရ အဖွဲ့အတွင်းမှာ ယခုကဲ့သို့ ဖြစ်ပေါ်လာခဲ့ခြင်းဟာ ပြည်သူ တွေ သုံးသပ်ခဲ့ကြတဲ့အတိုင်း ပြည်ထောင် စု အစိုးရ အဖွဲ့အတွင်းမှာ သဘောထား တင်းမာသူများနဲ့ ပျော့်ပြောင်းသူများ (ခေါင်းမာဂိုဏ်း အပျော့ဂိုဏ်း) ရှိနေတယ် ဆိုတာ ရှင်းလင်းစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကတော့ ပြည်ထောင်စု အစိုးရအဖွဲ့ အတွင်းက အနေအထား ဖြစ်ပြီး အုပ်ချုပ်ရေး မဏ္ဍိုင်ရဲ့ အကြီးအကဲ ဖြစ်တဲ့ နိုင်ငံတော် သမ်္မတကြီးက သမ္မတရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာအရ ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။

တကယ်တော့ လွှတ်တော်တွေ အတွင်းမှာလည်း သဘောထား တင်းမာ သူများနဲ့ ပျော့ပြောင်းသူများ (ခေါင်းမာ ဂိုဏ်း၊ အပျော့ဂိုဏ်း) ဆိုပြီး ရှိနေတာကို တဖြည်းဖြည်း ပေါ်လွင်စွာ မြင်နေရပြီ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ အများ အကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွားတို့ စပ်ယှဉ်တဲ့ ကိစ္စရပ်တွေမှာ ပိုမိုပေါ်လွင်စွာ မြင်တွေ့ရပါတယ်။ သို့သော် အစိုးရအဖွဲ့ မှာကဲ့သို့ ဆောင်ရွက်လို့ မရနိုင်ပါဘူး။ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့ အဓိပ္ပာယ် အရ ပြည်သူတွေက ရွေးချယ်ထားတဲ့ သဘောဖြစ်လို့ ဒီပုဂိ္ဂုလ်တွေ ကိုယ်စား လှယ် ဖြစ်လာမှုဟာ၊ မဲဆန္ဒရှင် ပြည်သူ တွေနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ပြည်သူ့ ကိုယ်စားလှယ်ဆိုတဲ့ အဖြစ်ကို မေ့လျော့ပြီး ပြည်သူတွေရဲ့ အသံကို နားမထောင် ပြည်သူတွေရဲ့ အကျိုးစီးပွား ကိုလည်း ရှေးမရှု ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ တကွ အပေါင်းပါ ဖြစ်နေတဲ့ ကိုယ်စားလှယ် တွေကို နောက်တစ်ကြိမ် လွှတ်တော်ထဲ မရောက်အောင် နောက်မှာ ချန်ထားခဲ့ဖို့ ကတော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တာဝန် သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

(ပြည်သူ့ခေတ်၊ အတွဲ ၃၊ အမှတ် ၁၁၃)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.