Saturday, February 11, 2012

0 Barcamp(ရန်ကုန်) ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်




တတိယအကြိမ်မြောက် ရန်ကုန်ဘားကမ့်ဖွင့်ပွဲ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားသွားတယ်လို့ သိရပါတယ်။ အဲဒီ အခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက် မနက် ၈ နာရီခန့်က ရန်ကုန်မြို့၊ မြန်မာအင်ဖိုတက်၊ လှိုင်တက္ကသိုလ်နယ်မြေမှာ စတင်ကျင်းပတာ ဖြစ်ပါတ...ယ်။ ဒေါ်အောင်ဆန်းစုကြည်က “အခုလူငယ်တွေဟာ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ရေစီးကြောင်းကြီးမှာ တစ်နေရာက ပါဝင်တာပါ။ ကျွန်မတို့ဟာ ဆက်ဆက်ပြီးတော့ လူသားတွေရဲ့ ကောင်းကျိုးအတွက် ချီတက်နေတဲ့ ရေစီးကြောင်း လိုပါပဲ။ ကိုယ်ဟာ နောင် အနာဂတ်တင် မဟုတ်ဘူး။ အတိတ်နဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဆက်သွယ်ပေးမယ့် မျိုးဆက်တစ်ဆက် ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကိုယ့်နေရာမှာကိုယ် တန်ဖိုးရှိအောင်လို့ နေရမယ်ဆိုတာကို ကျွန်မကတော့ စိတ်ထဲမှာ ထားစေချင်ပါတယ်။ လူတိုင်းလူတိုင်းဟာ နောင်လာမယ့် ခေတ်အတွက် စဉ်းစားရမယ်။ နောင်လာမယ့် ခေတ်အတွက် စဉ်းစားဖို့ဆိုတာ အတိတ်အကြောင်းလည်း သိဖို့လိုတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ရှေ့အနာဂတ် ရှေ့ပြေးဖြစ်နေတဲ့ ဒီပညာကို သင်နေတဲ့လူတွေဟာ အတိတ်ကိုလည်း မမေ့ပါနဲ့ ကျွန်မပြောချင်တာက သမိုင်းကိုလည်း သိဖို့လိုပါတယ်။ သမိုင်းနောက်ခံရှိမှ နောင်အနာဂတ် အတွက် မှန်ကန်တဲ့အလုပ်တွေ လုပ်နိုင်မှာပါ” လို့ ပြောကြား သွားပါတယ်။ ဒီကနေ့ ပြုလုပ်တဲ့ အဲဒီဖွင့်ပွဲ အခမ်းအနားကို လူငယ်၊ လူရွယ် အယောက် ၄၀၀ ခန့် တက်ရောက်ခဲ့တာဖြစ်ပြီး မနက်ဖန် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ အထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။

ရတနာပုံသတင်း

ဒေါ်အောင်ဆန်းစုကြည်သည် ဘားကမ့် ရန်ကုန်ဖွင့်ပွဲအား တက်ရောက်ပြီး ကော့မှူးမြို့နယ်သို့ ဆက်လက်ထွက်ခွာသွားသည်။
Photo. Messenger journal.Twitter

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား တွံတေး-ကော့မှူးလမ်းတွင် ကြိုဆိုကြသူများ





တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးလူငယ်များ ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆိုနေကြစဉ်။

ဒေါ်အောင်ဆန်းစုကြည်၏ ကော့မှူးခရီးစဉ်တစ်လျှောက်လုံး နံနက်စောစောမှ စတင်စောင့်ကြိုနေကြသည်။ ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတဂေဟာမှ ကလေးသူငယ် ၆၃၀ ကျော်လည်း ကြိုဆိုနေကြသည်ကို တွေ့ရသည်။ (ဓာတ်ပုံ-ဥက္ကာကိုကို)

1 မြန်မာအစိုးရရဲ့ လျှို့ဝှက် စီမံကိန်း-ဘာတေးလ် လစ်တနာ


အေးရှတိုင်းမှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကဖော်ပြခဲ့တဲ့ဆောင်းပါးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံရဲ့ လက်ရှိ အစိုးရနဲ့ အရင်အစိုးရတို့ရဲ့ အလွန်ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ အပေါ်မှာ နိုင်ငံတကာက ဝေဖန်ပြစ်တင်တာတွေ ရပ်တန့်သွားပြီး ခုချိန်မှာ မြန်မာအစိုးရအတွက် နိုင်ငံတကာ မိတ်ဆွေတွေ တိုးပွားနေပါတယ်။ အမေရိကန် အစိုးရနဲ့ ဥရောပ သမဂ္ဂ အတွင်းက ရန်သူဟောင်းတွေကလည်း အခု အခါ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းသူက ရုပ်သိမ်းကြသလို၊ တချို့ကလည်း ရုပ်သိမ်းဖို့ ပြင်နေကြပြီ။ နိုင်ငံပေါင်းစုံ ဖြန့်ကျက်လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီကြီးတွေကလည်း အာရှမှာ နောက်ဆုံး ရင်းနှီးမြုပ်နှံရာ မြန်မာစားကျက်မြေကြီးထဲကို ခြေစုံပစ်ဝင်လိုက်ဖို့ရာ ခြေလှမ်းတပြင်ပြင် ဖြစ်နေပြီ။

သမ္မတ သိန်းစိန်ရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေဆိုတာနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကို အနောက်ကမ္ဘာ တခုလုံးက ကန့်ကွက်သူ မရှိသလောက်နီးနီး ချီးမွမ်းသြဘာပေးနေကြတယ်။ ဒါပေမဲ့ တကယ်တန်းဘာတွေ ပြောင်းပါသလဲ။ အဲဒီအပြောင်းအလဲဆိုတဲ့ အပြောတွေရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေသလဲ။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ၂၀၀၇ ခုနှစ် ဆန္ဒပြပွဲတွေ အပေါ်မှာ ရက်ရက်စက်စက် နှိမ်နင်းဖြိုခွဲခဲ့တာ တွေ၊ ၂၀၀၈ ခုနှစ် အစောပိုင်းတုန်းက ဖြစ်ပွားခဲ့တဲ့ နာဂစ် ဘေးဆိုးကာလကြီးရဲ့ အစပိုင်းမှာ အကြင်နာကင်းမဲ့ ရက်စက်တဲ့ တုန့်ပြန်ပုံတွေ၊ ဒီလူသတ်မုန်တိုင်းကြီး ဖြစ်ပြီးကာစမှာပဲ အခြေခံဥပဒေသစ်နဲ့ ပတ်သက်တဲ့ အတုအယောင် ဆန္ဒခံယူပွဲကြီးကျင်းပခဲ့လို့ အများကဝိုင်းဝန်း ရှုတ်ချ ပြစ်တင်ခံရတာတွေ၊ ၂၀၁၀ နိုဝင်ဘာမှာ လုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြောင်ပြောင်တင်းတင်း မဲခိုး မဲညစ်ပြီး စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့တွေက မဲတွေ သိမ်းကြုံးလုယူသွားတာတွေကို မကြာသေးခင်ကာလကလေးမှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းရှုတ်ချအပြစ်တင်ခဲ့ကြပါသေးတယ်။

အခုခေတ်စားနေတဲ့ သီအိုရီ တခုအရ အစိုးရအဖွဲ့အတွင်းမှာ ခေါင်းမာသူတွေနဲ့ ပြုပြင်ပြောင်းလဲလိုသူတွေ အာဏာလွန်ဆွဲနေကြတယ်လို့ ဆိုပါတယ်။ ခုလောလောဆယ်အထိတော့ ပြုပြင်လိုသူတွေက အသာစီးရနေသေးတယ်လို့လည်း ဆိုကြလေရဲ့။ အနောက်နိုင်ငံ တော်တော် များများက ဘာပဲလုပ်လုပ် သူတို့ လုပ်တဲ့ အလုပ်တိုင်းဟာ ပြုပြင်လိုသူတွေကို ထောက်ခံအားပေးရာရောက်ဖို့ နဲ့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နောက်ပြန်ဆုတ်မသွားဖို့ ဆိုတဲ့ အချက် အပေါ်မှာ ပေါ်လစီချ ဆောင်ရွက်နေ ကြတာကလည်း အထင်အရှားပါပဲ။

ဥရောပ သမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဒီသဘောထားကို လူသိရှင်ကြားထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ အီးယူ ဥရောပ သမဂ္ဂ ဥက္ကဌ ဟားမန်း ဗန် ရွန်းပါ က ဘရပ်ဆဲလ် ထိပ်သီး အစည်းအဝေးမှာ ကြေညာ ပြောဆိုခဲ့ရာမှာ “ မြန်မာအစိုးရရဲ့ အရေးပါတဲ့ ပြုပြင်ပြောင်း လဲမှုတွေကို ကြိုဆိုပါတယ်။ အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းအတိုင်းဆက်သွားမယ်ဆိုတဲ့ သန္နိဌာန်ထားရှိဖို့ကိုလည်း တိုက်တွန်းအားပေးပါတယ်” လို့ ပြောခဲ့ပါတယ်။ အဲသလို သူမပြောခင် တရက်အကြိုမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း လာမယ့် ရွေးကောက်ပွဲမှာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါခွင့်ပေးတာ အပါအဝင် မြန်မာနိုင်ငံရဲ့ လောလောဆယ်လုပ်တဲ့ အပြောင်းအလဲတွေကို “အားပေး” ပါတယ်လို့ ပြောခဲ့ပါတယ်။

တချို့လူတွေကတော့ အစိုးရခေါင်းဆောင်တွေကြားက အကွဲအပြဲဆိုတာတွေဟာ ပြည်တွင်း အတိုက်အခံတွေ ငြိမ်နေအောင်၊ အနောက်နိုင်ငံတွေဆီက အရင် ဝေဖန်သူဟောင်းတွေရဲ့ အသံတွေ တိတ်ပြီး နိုင်ငံခြားမိတ်ဆွေတွေတိုးလာအောင် သူတို့ စစ်ဗိုလ် အချင်းချင်း ကြားမှာ လူဆိုးလူကောင်းအုပ်စုခွဲပြီး ဇာတ်တိုက်ကပြနေကြတာလို့ သံသယဝင်ကြပါတယ်။ တချို့ကတော့လည်း သိန်းစိန် အစိုးရဟာ သူတို့ စစ်အာဏာရှင် အသိုင်းအဝိုင်းအတွင်းမှာတောင် သူ့ခြေလှမ်းကို ကြိုမခန့်မှန်းနိုင်လောက်အောင် ဝှက်ဖဲတွေကို ခုချိန်အထိ ပါးပါးနပ်နပ် ကိုင်တွယ်ပြီး ကစားနေတယ်လို့ မြင်ကြပါတယ်။ မြန်မာ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုကို ဆယ်စုနှစ်တွေနဲ့ ချီပြီး လေ့လာသူ မြန်မာတယောက်ကတော့ “တကယ်တန်း အာဏာရှိတာက စစ်တပ်ဗျ။ ဒီမိုကရေစီအစိုးရ ကိုယ်စားလှယ်တွေမှာ ဘာအာဏာ မှ ရှိတာမဟုတ်ဘူး” လို့ ပြောပါတယ်။

စနစ်တကျ အကွက်ချထားတဲ့ အစီအမံ

မြန်မာအစိုးရရဲ့ ပေါ်လစီ အပြောင်းအလဲနဲ့ ဘာ့ကြောင့် အနောက်နိုင်ငံတွေက ဒီလောက်ထောက်ခံနေကြ သလဲ ဆိုတာကို နားလည် နိုင်ဖို့ဆိုရင် ၂၀၀၀ ခုလွန်အစောပိုင်းကာလတွေကို ပြန်ပြောင်းကြည့်ရှုဖို့ လိုပါလိမ့်မယ်။ အဲဒီအချိန်တုံးက နိုင်ငံတကာရဲ့ အပြစ်တင်မှု၊ ဖိအားပေးမှုတွေရှိနေပြီး အုပ်စိုးသူ စစ်အစိုးရဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီသို့ ချီတက်ရာ လမ်းပြမြေပုံ ခုနစ်ချက်ဆိုတာကို ၂၀၀၃ ခု သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီ လမ်းပြမြေပုံအရ အခြေခံဥပဒေသစ်ရေးဆွဲ၊ ရွေးကောက်ပွဲကျင်းပ၊ ပြီးရင် လွှတ်တော် ခေါ်ယူပြီး ခေတ်မီဖွံ့ဖြိုးသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်ဆောက်မယ်လို့ ဆိုပါတယ်။

လမ်းပြမြေပုံကို ပြည်သူသိအောင် ကြေညာခဲ့ပါတယ်။ တချိန်တည်းမှာပဲ လျှို့ဝှက် မဟာစီမံကိန်းတရပ်ကို တပြိုင်တည်း ရေးဆွဲခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ အမေရိကန် အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို ဘယ်လိုဆက်ဆံမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ အတိုက်အခံကို ဘယ်လိုဟန့်တားမယ်ဆိုတာတွေ ထည့်သွင်းရေးဆွဲထားပါတယ်။ ဒီအက်စ်အေရဲ့ သုတေသန အရာရှိတယောက်ဖြစ်တဲ့ ဗိုလ်မှူးအောင်ကျော်လှ ရေးသားတယ်ဆိုတဲ့ အဲဒီလျှို့ဝျက် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ ရေးသားပြီးစီးခဲ့ပါတယ်။ ဗိုလ်မှူးအောင်ကျော်လှဆိုတာ ဘယ်သူလဲဆိုတာတော့ သေသေချာချာ မသိရပါဘူး။

မြန်မာဘာသာနဲ့ ရေးတဲ့ အဲဒီစာတမ်းမှာ မဟာစီမံကိန်းရဲ့ နောက်ကွယ်က သေနင်္ဂဗျူဟာကို သုံးသပ်ဖော်ပြထားပါတယ်။ အောင်ကျော်လှဆိုတာဟာ တကယ်ရှိတဲ့လူတယောက်လား၊ နာမည်ဝှက်လားဆိုတာ သေသေချာချာ မသိရပေမဲ့ နာမည်ဝှက်လို့ ယူဆစရာရှိပါတယ်။

စာမျက်နှာ ၃၄၆ မျက်နှာရှိပြီး မြန်မာ အမေရိကန် ဆက်ဆံရေး လေ့လာချက် လို့ နာမည်ပေးထားတဲ့ အဲဒီစာတမ်းမှာ အဓိကဆွေးနွေးထားတာကတော့ မြန်မာရဲ့ တရုတ်နဲ့ သံတမန်ရေးရာ မဟာမိတ်ဖွဲ့ထားတဲ့ အနေအထားနဲ့ စီးပွားရေး မီခိုအားထားနေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက်ခံနေရတဲ့ အရေးပေါ် အခြေအနေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။

ဒီစာတမ်းရဲ့ အကြံပြုချက်အရ၊ လမ်းပြမြေပုံခုနစ်ချက်ကို အကောင်အထည်ဖော်၊ အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ခြင်းအားဖြင့် ပြင်ပကမ္ဘာက လက်ခံနိုင်လောက်တဲ့ ပုံစံဖြစ်လာအောင်လုပ်တဲ့နည်းလမ်းကျင့်သုံးပြီး အနောက်အုပ်စုနဲ့ မြန်မာရဲ့ ဆက်ဆံရေးကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံကို စစ်အစိုးရပုံစံနဲ့ အုပ်ချုပ်နေသေးသမျှမှာ အနောက်ကမ္ဘာနဲ့ ဆက်ဆံရေး ပုံမှန် မဖြစ်နိုင်ဘူးလို့ သူတို့အတွင်းစည်းမှာတွေးခေါ်ယူဆတာကတော့ ထင်ရှားလှပါတယ်။

ဒါ့အပြင် မဟာစီမံကိန်းစာတမ်းမှာ အောင်ကျော်လှ အကြံပေးထားတာက လူ့အခွင့်အရေး ပြဿနာကို အနောက်နိုင်ငံတွေက စိုးရိမ်ပူပန် တာမှန်ပေမဲ့ အမေရိကန်ဟာ သူတို့ရဲ့ သေနင်္ဂဗျူဟာ အတွက် အရေးပါတဲ့ အကျိုးစီးပွားတွေကြောင့် သူတို့မူကို ပြင်ဖို့ ဆန္ဒရှိလိမ့်မယ်လို့ ဆိုထားပါတယ်။ သေနင်္ဂဗျူဟာကျတဲ့ အကျိုးစီးပွားဆိုတာ ဘာတွေလဲဆိုတဲ့ အချက်ကိုတော့ အတိအကျ ပြောပြ မထားပါဘူး။ ဒါပေမဲ့ သူတွေးခေါ်ပုံဟာ အမေရိကန် တရုတ်အားပြိုင်မှုကို အခြေခံပြီး အမေရိကန်နဲ့ ဘုံအကျိုးတူ အခြေခံကိုရှာဖွေတွေ့ရှိနိုင်မယ်လို့ တွေးတာ ထင်ရှားပါတယ်။ အမေရိကန်ဟာ သေနင်္ဂဗျူဟာအရ အရေးပါတဲ့ အကျိုးစီးပွားတွေနဲ့ သက်ဆိုင်လာရင် ဒီမိုကရေစီနဲ့ ဆန့်ကျင်နေသော် ငြားလည်း သူ့မူဝါဒကို ပြုပြင် အလျော့ပေးတတ်ကြောင်းကို အောင်ကျော်လှက ဗီယက်နမ်နဲ့ အာဏာရှင်ဆူဟာတို လက်ထက် အင်ဒိုနီးရှား ဥပမာတွေနဲ့ ထောက်ပြပြောဆိုပါတယ်။

တကယ်လို့ အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်အောင်လုပ်နိုင်ရင် မြန်မာအနေနဲ့ သေလုမျောပါး လိုအပ်နေတဲ့ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMF ၊ နဲ့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီက ငွေကြေးအကူအညီကို ရနိုင်မယ်လို့ အဲဒီ မဟာစီမံကိန်းကဖော်ပြပါတယ်။ ဒါဆိုရင် မြန်မာဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ စေတနာနဲ့ ကုန်သွယ်ရေး အပေါ်မှာ မီခိုနေ ရတဲ့ ဒေသတွင်းနိုင်ငံတနိုင်ငံအဆင့်ကနေ ကျော်လွန်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲကို ဝင်ရောက်နိုင်လိမ့်မယ်လို့ အကြံပြုထားပါတယ်။

မြန်မာဟာ အနောက်နိုင်ငံတွေရဲ့ ယုံကြည်မှုရအောင် တရုတ်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဆက်ဆံရေးကို မလျော့ချခင်မှာ ပေါ်ပေါက်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မဟာစီမံကိန်းမှာ ပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်။ အဲဒီစီမံကိန်းကို ရေးဆွဲနေစဉ်ကာလဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကာလဖြစ်ပြီး အဲဒီစာတမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သော့ချက်ဖြစ်တယ်လို့ ရေးထား ပါတယ်။ သူ့ကို ဖမ်းထားတဲ့ အချိန်တွေမှာ နိုင်ငံရေးဖိအားတွေ ပိုမိုလာပြီး သူ့ကို လွှတ်ပေးထားရင် ဖိအားတွေလျော့သွားတယ်လို့လည်း သုံးသပ်ထားပါတယ်။ စုကြည်ကို လွှတ်ပေးခြင်းဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကို တိုးတက်စေလိမ့်မယ်လို့ အစီရင်ခံစာမှာ ရေးထား သလို သူ့ရဲ့ အဆုံးစွန်ရည်မှန်းချက်အဖြစ် ရှင်းရှင်းလင်းလင်းရေးသားထားတာကတော့ အတိုက်အခံအင်အားစုကို ဖြိုခွဲရေးပဲ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ရေး ကို ဆန့်ကျင်တဲ့ အနောက်တိုင်း ပညာရှင်တွေကိုလည်း နာမည်နဲ့ တကွဖော်ပြပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ အကြံပြုချက်ကတော့ သြဇာရှိတဲ့ အမေရိကန် ကွန်ဂရက်စ် အမတ်တွေရဲ့ နောက်ခံ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးသော အိန္ဒိယ သံတမန်များကအကူအညီ ပေးပါလိမ့်မယ်လို့ ဆိုထားတဲ့ အချက် ဖြစ်ပါတယ်။

စာတမ်းမှာ အဆုံးသတ်ကောက်ချက်ချထားတာကတော့ အစိုးရဟာ မီဒီယာတွေနဲ့ ပြည်ပရောက် အတိုက်အခံတွေ ဖွဲ့ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ယှဉ်နိုင်မှာ မဟုတ်ပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်အမတ်တွေကို မြန်မာနိုင်ငံလာဖို့ ဖိတ်ကြားလိုက်ရင် နိုင်ငံတကာရဲ့ အမြင်ကို အစိုးရဘက်ပါလာအောင် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာ အမေရိကန် အများအပြားဟာ မြန်မာနိုင်ငံထဲကို ရောက်လာကြပြီး ပြန်သွားတဲ့ အခါ အရင်က ထက်ဝေဖန်တဲ့ အသံတွေ တဖြည်းဖြည်းပျော့လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မြန်မာအစိုးရဟာ အမေရိကန်နဲ့ ထိတွေ့ဆက် ဆံရေးမှာ အပေးအယူအပြန်အလှန်ဆိုတဲ့ အခြေအနေမဟုတ်ဘဲ အသာစီးရတဲ့ အခြေအနေဖြစ်အောင် အောင်အောင်မြင်မြင် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

တရုတ်ကြောက်ရောဂါ

အောင်ကျော်လှရဲ့ ဒီစာတမ်းဟာ တရုတ်နဲ့ နီးနီးစပ်စပ် ဆက်ဆံနေရတဲ့ အပေါ် စစ်အစိုးရရဲ့ မနှစ်သက်မှုကို ပထမဆုံး ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ လက္ခဏာရပ်ဖြစ်ပါတယ်။ တရုတ်နဲ့ နီးစပ်လာတာဟာ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှားမှုကြီး ကို သတ်ဖြတ်နှိမ်နင်းမှုနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြောင့် အနောက်နိုင်ငံတွေက မြန်မာနဲ့ ဆက်ဆံရေးကို လျော့ချလိုက်တာ ကလည်း အကြောင်းတကြောင်းအနေနဲ့ တစိတ်တဒေသအားဖြင့် ပါဝင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေး ပိုပြီး ဆိုးလာတာကိုတော့ ၂၀၁၀ ခုနှစ်အတွင်း စစ်တပ်အတွင်းမှာပဲ ဖြန့်ဝေ ဖတ်ရှုတဲ့ အစီရင်ခံစာတွေကို ဖတ်ကြည့်ရင် ပိုပေါ်လွင်လာပါတယ်။

အဲဒီကာလအထိ တရုတ်ကို အားကိုးထိုက်တဲ့ မိတ်ဆွေလို့ ချီးမွမ်းပြောဆိုမှုတွေ ဆက်ရှိနေသေးပေမဲ့ သစ်တော သယံဇာတတွေကို မတော်မတရား ရယူမှု၊ မူးယစ်မှောင်ခိုကုန်သွယ်ရေးကို ဆိုးဝါးစေမှု အပါအဝင် မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ဆိုးဆိုးဝါးဝါး ကိစ္စအများစုမှာ တရုတ်ဟာ ဇစ်မြစ် အကြောင်းတရားဖြစ်သလားဆိုတာကို တဖြည်းဖြည်း သုံးသပ်စပြုလာတယ်။ မြန်မာနိုင်ငံမှာ အဓိက မူးယစ်ဆေးဝါး ကုန်သွယ်ရေး လုပ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တရုပ်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပတ်သက်နေတာကိုလည်း နေပြည်တော်အစိုးရ အာဏာပိုင်တွေ အနေနဲ့ သတိမပြုမိစရာ အကြောင်းမရှိဘူး။ အဲဒီ့နောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ဒေါ်လာ သန်း ၃၆၀၀ တန် တရုတ်ဖက်စပ် မြစ်ဆုံ စီမံကိန်းကို သိန်းစိန်အစိုးရက ဆိုင်းငံ့လိုက်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာပါတော့တယ်။

အမေရိကန် ပြည်ထောင်စုဘက်က ကြည့်တော့လည်း နေပြည်တော်အစိုးရက အမေရိကန်ပြည်ထောင်စုနဲ့ ထိတွေ့ ပူးပေါင်းလိုကြောင်း ပြသတဲ့ အချိန်မှာ မြန်မာကို တရုတ်နဲ့ ခွဲခွာအောင် အားပေးအားမြှောက်ပြုလုပ်ပေးရေးဟာ အဓိကဦးစားပေး ဖြစ်လာတယ်။ ဒါ့အပြင် သူတို့ အတွက် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ မြောက်ကိုရီးယားနဲ့ မြန်မာအကြား စစ်ရေး ဆက်စပ်မှုကို ပျက်ပြယ်အောင်လုပ်ဖို့လည်း အမေရိကန်အစိုးရ အနေနဲ့ စိတ်အားထက်သန်တယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံကို လာတော့ အမေရိကန်ရဲ့ အဓိက လုပ်ငန်းစဉ်တွေထဲမှာ မြောက်ကိုရီးယားအရေးဟာ ထိပ်ပိုင်းကပါလာတာဟာ ဘာမှ အံ့သြစရာမရှိဘူး။

ပြုပြင်ပြောင်းလဲရေး လိုလားပါတယ်ဆိုတဲ့ သိန်းစိန် သမ္မတဖြစ်လာပြီးနောက်၊ အစိုးရ အရာရှိတွေက သူတို့နဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မရှိပါဘူးလို့ ကြေညာပြီးနောက်၊ ၂၀၁၁ ခုနှစ် မေလ၊ ဇွန်လတွေမှာတောင် မြောက်ကိုရီးယားက နေ မြန်မာနိုင်ငံကို သင်္ဘောနဲ့ လက်နက်တင်ပို့ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ပါတယ်။

မေလ ၂၆ ရက်မှာ မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားက မစ်ဇိုင်းလက်နက် အစိတ်အပိုင်းတွေနဲ့ စစ်လက်နက်တွေ သယ်ဆောင်လာ တယ်လို့ သံသယရှိဖွယ်ဖြစ်တဲ့ M/V Light မြောက်ကိုရီးယား ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်ပိုင် USS McCampbell လေယာဉ်တင် သင်္ဘောက တွေ့ခဲ့တယ်။ အမေရိကန် သင်္ဘောက မြောက်ကိုရီးယာ သင်္ဘောဆီချဉ်းကပ်ပြီး သင်္ဘောပေါ်တက်ရောက် စစ်ဆေးခွင့်တောင်းပေမဲ့ မြောက်ကိုရီးယားဘက်က ငြင်းခဲ့တယ်။ နောက်ထပ် ရက် အနည်းအငယ်အကြာ စင်္ကာပူနိုင်ငံအနီး ရှန်ဟိုင်းတောင်ဘက် ပင်လယ်ပြင် ထဲမှာတော့ နှစ်ဘက် ရင်ဆိုင် အချင်းများခဲ့ကြတယ်။ နောက်ဆုံးမှာတော့ အမေရိကန် ကင်းထောက်လေယာဉ်တွေနဲ့ ဆက်သွယ်ရေး ဂြိုဟ်တုက လမ်းတလျောက် တောက်လျောက် စောင့်ကြပ်လိုက်ပါလာတဲ့ အတွက် မြောက်ကိုရီးယား သင်္ဘော မြောက်ကိုရီးယားကို ပြန်လှည့်သွားခဲ့တယ်။

အဲဒီအဖြစ်အပျက်နောက်ပိုင်း နေပြည်တော် မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းတွေဆီကနေ ငွေကြေးအကူအညီ ရယူနိုင်အောင် အမေရိကန်ဘက်က ပိတ်ဆို့ အရေးယူမှုတချို့ကို လျော့ပေါ့ပေးဖို့ မက်လုံးပေးခဲ့ပြီး မြောက်ကိုရီးယား လက်နက်သင်္ဘော မြန်မာနိုင်ငံကိုလာရောက်ဖို့ နောက်ထပ်ကြိုးစားတာမျိုးလည်း မကြားရတော့ပါဘူး။ မြန်မာအစိုးရအနေနဲ့ တရုတ်ကနေခွဲခွာချင်တဲ့ ဆန္ဒကို အမေရိကန်က ကောင်းကောင်း အမြတ်ထုတ် အသုံးချခဲ့တယ်ဆိုတာ သံသယ ဝင်စရာမရှိပါဘူး။ “အမေရိကန်ပြည်ထောင်စုဘက်က ကြိုးစား ဆောင်ရွက်နေတာကတော့ မြန်မာနိုင်ငံကို လစ်ဘရယ်အသွင်ပြောင်းချင်တဲ့ အင်အားစုတွေကို ထောက်ခံအားပေးကြောင်း ပြသဖို့ပါပဲ” လို့ ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှာ အခုအခါ အလုပ်လုပ်နေတဲ့ အမေရိကန် သံတမန်ဟောင်း ရောဘတ် ဖစ် ကပြောပါတယ်။

မကြာခင်မှာ မြန်မာနဲ့ သံတမန်ဆက်သွယ်ရေး မြှင့်တင်တဲ့ အနေနဲ့ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံကို သံအမတ်ခန့်အပ် ပါတော့မယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်ထုတ် အမေရိကန် နယူးယောက်တိုင်း သတင်းစာမှာ အမေရိကန် ဗဟိုထောက်လှမ်းရေးအဖွဲ့ စီအိုင်အေရဲ့ ညွှန်ကြားရေးမှူး ဒေးဗစ် ပက်ထရီးရပ်စ် ဒီနှစ်ထဲမှာ မြန်မာနိုင်ငံကို သွားမယ်လို့ အမေရိကန် အစိုးရ အရာရှိတွေကို ကိုးကားပြီး ရေးသားခဲ့ ပါတယ်။ စီအိုင်အေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ လစ်ဘရယ်တန်ဖိုးတွေကို မြှင့်တင်ပေးသူ ထောက်ခံအားပေးသူ အနေနဲ့ လူသိများတဲ့ အဖွဲ့အစည်းမျိုး လုံးဝ မဟုတ်ပါဘူး။ စီအိုင်အေရဲ့ ဦးစားပေးလုပ်ငန်းဟာ အမေရိကန်အတွက် မြန်မာရဲ့ သေနင်္ဂဗျူဟာ အရ အရေးပါတဲ့ ကိစ္စလိုဟာမျိုးကို ဆောင်ရွက်ဖို့ပါ။

ဒီနေရာမှာ အန္တရာယ်ရှိလာနိုင်တဲ့ အချက်ကို လွန်ခဲ့တဲ့ (၇) နှစ်ကတည်းက အောင်ကျော်လှက ရေးခဲ့ပါတယ်။ မြန်မာဟာ အမေရိကန်နဲ့ အပြန်အလှန်ဆက်ဆံရေး တိုးမြှင့်လာရင် တရုတ်ဟာ မြန်မာရဲ့ သွေးစည်းခိုင်မာမှုနဲ့ လွတ်လပ်ရေးကို တနည်းနည်းနဲ့ ခြိမ်းခြောက်လာ နိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် အားမျှအောင်ချင့်ချိန်ဆောင်ရွက်ဖို့လိုအပ်တယ်လို့ အောင်ကျော်လှက ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အားမျှအောင်လုပ်မလဲဆိုတာကိုတော့ သူ့ရဲ့ မဟာစီမံကိန်းမှာ ထည့်သွင်းရေးသားမထားပါဘူး။

ကောင်းကောင်းပြင်ဆင်ထားတဲ့ လမ်းကြောင်း

မြန်မာရဲ့ ပေါ်လစီသစ်တွေဟာ ရေရှည် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သံသယဝင်စရာ အကြောင်းတွေရှိပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရဝင်စားတဲ့ အရပ်သားအစိုးရထဲမှာ လူကောင်း၊ လူဆိုး အုပ်စုကွဲပြားနေတယ်ဆိုတဲ့ ဝတ်စုံပြည့် ကပြနေတဲ့ဇာတ်လမ်းကို နိုင်ငံ တကာက ယုံကြည်ပုံရပေမဲ့ ပြည်တွင်းပြည်ပက အဓိက အတိုက်အခံအင်အားစုတွေကတော့ ဒီလောက် အညှာလွယ်လွယ်နဲ့ ယုံကြည် ကြပုံမရပါဘူး။

မြန်မာနိုင်ငံမှာ လောလောဆယ် အရပ်သား အသွင်ပြောင်းထားတဲ့ လူကောင်းတွေထဲက တယောက်ပါဆိုတဲ့ မီးရထားဝန်ကြီး ဗိုလ်ချုပ်ဟောင်း အောင်မင်းဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား ခေါက်တုံ့ ခေါက်ပြန်သွားပြီး ထင်ရှားတဲ့ အဝေးရောက် အတိုက်အခံတွေနဲ့ တွေ့ဆုံနေပါတယ်။ သူနဲ့ လတ်တလော တွေ့ဆုံကြရသူတွေကတော့ သူ့ရဲ့ ရည်ရွယ်ချက်တွေ စစ်အစိုးရ တင်းမာအုပ်စုလူဆိုးတွေဆီက ပြောကြတယ်လို့ သူဆိုတဲ့ ညှိနှိုင်းလိုစိတ်မရှိတဲ့ လက္ခဏာတွေဆိုတာ နဲ့ ပတ်သက်ပြီး သံသယ ကြီးကြီးဝင်နေကြပါတယ်။

အောင်မင်းဟာ ၁၉၈၃ ခုနှစ်တုန်းက ရာထူးဖြုတ်ချခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး မျက်မှန်တင်ဦးရဲ့ တပည့်ဆိုတာကို သူတို့ သတိပြုမိကြ ပါတယ်။ မျက်မှန်တင်ဦးကို အကျင့်ပျက်ခြစားမှုတွေ အကြောင်းပြပြီး ရာထူးက ဖယ်ရှားခဲ့ပေမယ့် သူဟာ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ ခေါင်းဆောင်မှုကို ခြိမ်းခြောက်တဲ့ စင်ပြိုင်ထောင်တဲ့ လုပ်ရပ်တွေကြောင့်သာ ဖယ်ရှားခံခဲ့ရတာက ပိုဖြစ်ဖို့ များပါတယ်။

၁၉၈၃ ခုနှစ်တုန်းက Far Eastern Economic Review မှာ အင်္ဂလိပ်သတင်းစာဆရာ ရော့ဒ်နီ တပ်စကာ က တင်ဦးနဲ့ သူ့ထောက်လှမ်းရေးတွေ အကြောင်းကို အခုလို ရေးသားခဲ့ဖူးပါတယ်။ “သူတို့ဟာ တခြား အမြင်ကျဉ်းတဲ့၊ တရားသေဆန်တဲ့ မြန်မာခေါင်းဆောင်တွေထက် နိုင်ငံတကာ အကြောင်းပိုသိသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ လက်ရှိ စစ်အစိုးရရဲ့ တင်းကြပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ရှိနေပုံရပေမဲ့ သူတို့ကို နိုင်ငံခြား သွားခွင့်ပေးထားတယ်။ နိုင်ငံခြား သားတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့်ပေးထားတယ်” လို့ ဆိုပါတယ်။

ဒါပေမဲ့ သူတို့ဟာလည်း သူတို့ရဲ့ ရန်သူတွေ၊ ပြိုင်ဘက်တွေ အပေါ်မှာ အင်မတန်အညှာတာကင်းရက်စက် ပြီး အလွန်ပါးနပ်လိမ္မာသူတွေ အဖြစ် လူသိများပါတယ်။ မျက်မှန်တင်ဦးကိုယ်တိုင်ဟာ စပိန်နိုင်ငံ ပစိဖိတ်ကျွန်းစုတွေထဲက ကျွန်းတကျွန်းမှာ အမေရိကန် စီအိုင်အေ သင်တန်းကို တက်ရောက်ခဲ့သူ တယောက်ဖြစ်ပါတယ်။ အောင်မင်းဟာ ၁၉၈၃ ရှင်းလင်းပွဲမှာ တနည်းတဖုံကျန်ရစ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ မြန်မာ စစ်ထောက်လှမ်းရေး ၂၁ တပ်ဖွဲ့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာ အမှတ် ၆၆ ခြေမြန်တပ်ရင်းကိုရောက်ခဲ့ပြီး၊ ၂၀၀၁ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်းမှူးအဖြစ်ရာထူးတိုးမြှင့်ခံရပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ အရင် ဗိုလ်ချုပ်သန်းရွှေစစ်အစိုးရ လက်ထက်မှာ မီးရထားဝန်ကြီးဖြစ်လာပါတယ်။

ဒီနေ့ အဖြစ်အပျက်တွေကို ဆက်စပ်ကြည့်ရင် မဟာစီမံကိန်းမှာ ရေးသားထားတဲ့ စစ်အာဏာ သက်ဆိုးရှည်ရေး အစီအစဉ်မှာ ကာလရှည်ကြာ ပြဿနာဖြစ်ခဲ့တဲ့ တိုင်းရင်းသားအရေးဟာ အဓိက ပြဿနာ ဖြစ်ပါလိမ့်မယ်။ စစ်အစိုးရ လက်ရှိ အာဏာလွန်ဆွဲပွဲ ဇာတ်လမ်းမှာ လူဆိုးအုပ်စုထဲကတယောက်ဆိုသူ ကတော့ နောက်ထပ် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးသူတယောက်ဖြစ်တဲ့ အောင်သောင်း ပါ။ ဒီနှစ်ထဲမှာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ရွှေလီမြို့မှာ ကချင်သူပုန်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သူပါ။ သူဟာ အရင် စက်မှုဝန်ကြီးဟောင်းဖြစ်ပြီး၊ ၂၀၀၃ ခုနှစ်မှာ စုကြည်နဲ့ အပေါင်းအပါတွေကို အုပ်စုဖွဲ့တိုက်ခိုက်ခဲ့လို့ စုကြည်ထောက်ခံသူ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတဲ့ ဒီပဲယင်း အရေးအခင်းကို နောက်ကွယ်က စီစဉ်ခဲ့သူတွေထဲက တယောက်လို့ ထင်မြင်ယူဆခံရသူဖြစ်ပါတယ်။ လူကောင်းအောင်မင်းဟာ ရွှေလီဆွေးနွေးပွဲကို မတက်ခဲ့ပါဘူး။ ဒါပေမဲ့ သုံးသပ်သူတချို့ကတော့ နောက်ပိုင်းမှာ ဆွေးနွေးပွဲ ပျက်ပြားမယ့် အခြေအနေရောက်လာရင် အပျော့လိုင်းချဉ်းကပ်ပုံစံနဲ့ အောင်မင်းက ဝင်ရောက်ကယ်တင်လိမ့်မယ်လို့ ထင်မြင်နေကြပါတယ်။

အခုလို လူသိများထင်ရှားတဲ့ ပုဂ္ဂိုလ်တွေက အသေအချာပြင်ဆင်ထားတဲ့ ဆွေးနွေးရေး နည်းလမ်းတွေနဲ့ဆောင်ရွက်နေတာတွေကို ပုန်ကန်သူ တိုင်းရင်းသားတွေဘက်က လက်ခံလက်မခံဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ ဖက်ဒရယ်မူကို အစိုးရဘက်က ထည့်တောင် မစဉ်းစားဘဲ တောက်လျောက်တသမတ်တည်း ငြင်းဆန်နေတဲ့ အချက်ဟာလည်း လက်နက်ကိုင် အဖွဲ့တွေနဲ့ သဘောတူညီ ချက်ကို တာရှည်တည်တန့်ဖို့ မဖြစ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေဟာလည်း စစ်တပ်ကို အဓိကထားပြီး ဗဟိုကချုပ်ကိုင်တဲ့ အစိုးရပုံသဏ္ဍန်ကို အခြေခံရေးသားထားပါတယ်။

ဒါ့ကြောင့် လတ်တလော ပြောနေကြတဲ့ “ပြုပြင်ပြောင်းလဲရေး” ဆိုတာနဲ့ ပတ်သက်ပြီး အပျော်လွန်နေတဲ့ကာလဟာ သိပ်ရှည်ကြာမယ်မထင်ပါဘူး။ စစ်တပ်ကို လွှတ်တော်ထဲမှာ တရားမဝင် ဗီတိုအာဏာတွေ အလွန်အကျွံပေးထားတဲ့ လက်ရှိ အခြေခံဥပဒေကို ဖျက်ရင်ဖျက်၊ ဒါမှမဟုတ် အများအပြားကို ပြင်ရင်ပြင်၊ အဲသလိုမှ မဟုတ်ရင် တိုင်းရင်းသားပြဿနာဟာ ဖြေရှင်းလို့ရမှာ မဟုတ်ပါဘူး။ ဒါ့အပြင် မြန်မာနိုင်ငံဟာ အမေရိကန်နဲ့ တရုတ်တို့ ယှဉ်ပြိုင်ကြရာ နယ်မြေတခုသာဖြစ်လာခဲ့ရင်တော့ မြန်မာနိုင်ငံဟာ ရှေ့လျှောက်သေချာပေါက် ပိုပြီး ဒုက္ခရောက်မှာပါ။ မဟာစီမံကိန်းမှာ အောင်ကျော်လှသတိပေးခဲ့တဲ့ တရုတ် အမေရိကန် ပြဿနာဟာ အခုလက်တွေ့ ပေါ်ပေါက်နေပါပြီ။

မူရင်းဆောင်းပါးကို ဖတ်ရှုရန်။

http://www.atimes.com/atimes/Southeast_Asia/NB10Ae01.html

1 ဗိုလ်ချုပ်အောင်ဆန်းဆိုတာ-
တက္ကသိုလ်ဘုန်းကြွယ်


အောင်ဆန်း အောင်ဆန်း
မြန်မာပြည်ရဲ့ အမှောင်ခန်းကို
အလင်းတန်းပေးခဲ့တဲ့သူ။

နယ်ချဲ့လက်အောက်
ဖက်ဆစ်လက်အောက်က
လွတ်မြောက်အောင်တိုက်ယူပေးခဲ့တဲ့သူ။

အဆောင်ဆောင် ကြငှါန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့သေပုံနှမြော
ပြောခဲ့တဲ့သခင်ကိုယ်တော်မှိုင်း
သမိုင်းရာဇ၀င် ပြင်လို့မရ
လူ့လောက အလယ်မှာ
နှစ်သုံးဆယ်သာသာတာ
နေလာခဲ့ရရှာပေမယ့်
ကမ္ဘာမှာ မြန်မာရယ်လို့
တင့်တင့်တယ်တယ် ဖြစ်လာအောင်
စွမ်းဆောင်ပေးခဲ့တဲ့ အောင်ဆန်း၊

အရပ်ကပုကွကွ
မျက်နှာထားက ဘုကျကျနဲ့
တုမရတဲ့ မူရုပ်
အဟုတ်ကိုအလုပ်လုပ်တဲ့ အညာသား
ဘီအေကျောင်းသား စကားကအနည်းသား
ပြောများပြောမိရင် မရပ်မနား
နတ်မောက်သားဇာတိ
အမိဒေါ်စု အဘဦးဖာတို့ရဲ့သား
အားအားမနေ တိုင်းပြေ(ပြည်)အတွက်
မပြတ်အလုပ်လုပ် အဟုတ်ကိုဇွဲရှိ
သတ္တိကလဲ နှစ်ယောက်မရှိ
လုပ်မိပြီဆိုလျှင် နောက်မဆုတ်တမ်းခေါက်တုံ့ လှမ်းနေရင်းတောင်
မသေမချင်းတိုက်ရမဲ့လွပ်လပ်ရေးအကြောင်း
မွတ်ငတ်ဘေးက
မလွတ်သေးတဲ့ပြည်သူတွေအကြောင်း
ခေါင်းကဆံပင်ညှပ်မပြီးခင်မှာတောင်
လုပ်ဆောင်စရာပေါ်လာရင်ထွက်သွားတတ်သူ
အကွက်များရလိုက်တာနဲ့ဖိနပ်တောင်
ယောင်မှားပြီး ဗြောင်းပြန်စီးတတ်တဲ့သူ
သဘောဖြူ မနောဖြူလိုက်ပုံများ
ကြွားမကြွားလိုက်ချင်
သူ့အားတွေ့ချင်လွန်းလို့
လမ်းမှာတားတဲ့ရွာသားတွေနဲ့အတူ
ကြည်ကြည်ဖြူဖြူ အကြော်တူတူစားတဲ့သူ။


တိုင်းရင်းသားလူမျိုးတွေကြားမှာ
သူတို့အ၀တ်အစား ၀တ်သွားပြီး
သူတို့နဲ့အတူတူပျော်ပါးတတ်တဲ့သူ။

တကယ်တော့ အောင်ဆန်းဟာ
ဟန်ဆောင်သမားမဟုတ်
ရိုးသားပြီး သွေးမကြီး။

ရိုးသားတဲ့နေရာမှာ
ရိုးရိုးဗမာထက်သာ။

တိုက်ရဲတဲ့နေရာမှာလည်း
ရိုးရိုးဗမာတွေထက်ကဲ။

ရရင်ရ မရရင်ချမဲ့ အောင်ဆန်း
အမြင်ကြမ်းပေမယ့်
အတွင်းဘန်းအလွန်နူးညံ့တဲ့သူ။

ချစ်ဇနီးအပေါ် ခေါ်လိုက်တာများ
ကြည်ရေ ရနိုင်ရင် ပဲပြုတ်နဲ့နံပြား
စားချင်သတဲ့….ဗိုလ်ချုပ်ကဇနီးလှအပေါ်
အမိန့်ပေးပြီး အဓမ္မမခေါ် ခဲ့ ဘူးပါ။

အောင်ဆန်းနောက်ကို
ယောင်ရမ်းပြီးတကောက်ကောက်
လိုက်ကြတယ်မထင်နဲ့
သူ့တိုက်ပြနေတဲ့လွတ်လပ်ရေး
သူခေါင်းဆောင်ပေးနေတဲ့အရည်အသွေး
သူ့အရေး သူ့အမျိုး သူ့အကျိုးထက်
မြန်မာတမျိုးလုံးအတွက်ဆိုတာ
အားလုံးကသိကြတယ်။

အရေးကြီး သွေးနီးဖို့
စုစည်းအားနဲ့ တချက်မှ ညည်းမထွားဘဲ
တသီးတခြား ကြီးကြီးမားမားဖြစ်အောင်
အောင်ဆန်းက စည်းရုံးနိုင်ခဲ့တယ်။

သူ.အရည်အချင်းကို
မယွင်းအမြင့်အခေါင်
အတင်းပင့်ဆောင် နိုင်တဲ့အတွက်
ခက်ခဲတဲ့ လွတ်လပ်ရေးတိုက်ပွဲကြီး
မလွဲပြီးမြောက်
အောင်မြင်ခြင်းခရီးရောက်ခဲ့သပေါ့။

မြန်မာတတွေ လွတ်လပ်မြေမှာ
ဒါ ဒို့ပြေ(ပြည်) ဒါ ဒို့မြေလို့
မသွေမုချ ပြောနိုင်ကြတာ
အဖ ဗိုလ်ချုပ်အောင်းဆန်းရဲ့ကျေးဇူးပါ။

မြန်မာ့တပ်မတော်ကို ဖန်ဆင်း
အသက်သွင်း
မွေးဖွားပေးခြင်းဆိုတဲ့ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်ပေးလိုက်တဲ့သူဟာလည်း
ဗိုလ်ချုပ်အောင်ဆန်း အောင်ဆန်းဗိုလ်ချုပ်ပါ။

“ရဲဘော်သည် ပြည်သူတွေအတွက်
ပြည်သူသည် ရဲဘော်အတွက်မဟုတ်ပါ”တဲ့

ဗိုလ်ချုပ်စကား မှတ်မိသေးရဲ့လား
ပြည်သူပြည်သားတွေအတွက်
မွေးဖွားပေးခဲ့တဲ့မြန်မာတပ်မတော်ဟာ
ယနေ့ ပြည်သူတွေကိုမတော်မတရား
စော်ကားပြီး ဖိနပ်စာကျွေး
အသက်ပါစတေးတဲ့ ခွေးမသား
လူသတ်သမား လူထုတွေကိုသတ်တဲ့
လူထုသတ်မတော် ဖြစ်သွားပါရော့လား။

ကျေးဇူးရှင်တွေကိုကျေးစွပ်တဲ့အပြင်
ရာဇ၀င် သမိုင်းစဉ်ကိုတောင်
ပြင်ချင်တဲ့အကောင်တွေ။

ခုတော့ အရိုင်းအဆိုင်းတွေက
အသိုင်းအ၀ိုင်းတွေနဲ့ ၀ိုင်းဝိုင်းပြီး
ပိုင်းချ ရိုင်းပြ လိုက်ပုံက
“အောင်ဆန်းရိုသေ-ထောင်နန်းခွေ”
“အောင်ဆန်းအလေးပြုသူပုန်းအမှု”ဆိုပြီး
ကျေးဇူးကန်းပြီး မေတ္တာတွေခမ်းတဲ့ဘီလူးတွေ
အရူးချီး(ချေး)ပန်း
ငရွှေ အီးနမ်းတဲ့ စွမ်းအားရှင်တွေ
အမြင်ပါလွဲ ဖင်ပါကွဲမယ့် ကြံ့ဖွံ့သရဲတွေ။

ငါ့စကားလုံးတွေက ဗုံးလို
လုံးလုံးလျားလျားပေါက်ထွက်သွားပြီ
သောက်ရှက်မရှိတဲ့ ငတိတွေက
ကောက်ချက်ကြည့်လဲ ကြည့်စေတော့
ဖိလို့ဖုံးလို့မှ မရတော့တဲ့ဟာပဲ။

သေချာစဉ်းစား ဘ၀င်မှာကင်းသွားသလို
အယွင်းအမှား မဖြစ်စေနဲ့
ဖြစ်လာရင် မသွေ ကင်းကိုက်
သေတွင်းဆိုက် မှာသေချာပါတယ်။

သင်တို့တတွေ ရပ်တည်နေတဲ့မြေဟာ
အာဇာနည်တွေရဲ့ ချွေးနဲ့
ဆေးခဲ့လို့ ရခဲ့တဲ့မြေ ဆိုတာ မမေ့နဲ့။

သင်တို့စားနေတဲ့ ထမင်းဟာလဲ
အာဇာနည်သွေးနဲ့ ရင်းပေးခဲ့လို့
ရခဲ့တဲ့ထမင်းဆိုတာ မမေ့နဲ့။

ဒီကမ္ဘာမှာ ဗမာရယ်လို့ဖြစ်လာဖို့
အာဇာနည်တွေရဲ့အလောင်းတွေနဲ့
ပြောင်းလဲပို့ဆောင်ပေးခဲ့တယ်ဆိုတာမမေ့နဲ့။

နောင်လာနောင်သား မျိုးဆက်များကိုလဲ
အမွေစားအမွေခံ ဧကန်မလွဲ
စိတ်ထဲစွဲသွားရမှာက အောင်ဆန်းစိတ်ဓါတ်
မွန်မြတ်တဲ့ အောင်ဆန်းစေတနာ
သွေမကွာ ပေါက်ဖွား
တောက်ကြွားးလာမှာက
အောင်ဆန်းကိုယ်ပွား
အပိုမကြွားဘဲ အလိုလိုများလာပါလိမ့်မယ်။

အောင်ဆန်းသေပေမဲ့ သူ့စိတ်ဓါတ်မသေ
ကုဋေကဋာ နေရာတကာမှာ
မိုလိုပေါက်လာပါလိမ့်မယ်။

အမှန်တရားသည်
အောင်ဆန်းဖက်တော်သား
ဒီမိုကရေစီအားသည်
လူထုဖက်မှာဖွား
ကြီးမားတဲ့အားနှစ်အား
စုစည်းထားသမို့
ပြည်ထောင်စုကြီးသားတို့
ကြွားရွားဧကန် အောင်ပွဲခံလိမ့်မယ်။

ဗိုလ်ချုပ်စကား ကြားရုံနဲ့မပြီး
သူလျှောက်ခဲ့တဲ့ခရီး သူ့လုပ်နည်းလုပ်ဟန်
သူ့ပုံသဏ္ဍာန်ကို အမှန်အတုခိုး
လူမျိုးစုတွေကြားသွားပြီး
တသားထဲနေ တရေထဲသောက်
မကြောက်မရွံ့ နောက်မတွန့်ဘဲ
စွန့်လွှတ်မှုမှန်သမျှ ရှေ့ဆုံးက
စံပြအလုပ် အဟုတ်ပင်လုပ်ပြ
ပါးစပ်ကပြောပြီး-မပြီး
အလုပ်ကြီးနဲ့ သက်သေပြခဲ့သူ။

ဤသို့သောသူ အတုယူ
ညီတူအားကျ အားထုတ်ကြ
ပြည်လှဖို့အရေး မဝေးတော့ပါ
ဗိုလ်ချုပ်မွေးနေ့မှာ အဓိဌာန်ချကြပါ။

ဒါဒို့ပြည် ဒါဒို့မြေ ဒို့ကာကွယ်မလေ။
ဒို့ပြေ(ပြည်) ဒို့မြေ အဖိုးတန်ပေ။

တက္ကသိုလ်ဘုန်းကြွယ်

ဖေဖေါ်ဝါရီ ၁၃ ဗိုလ်ချုပ်မွေးနေ့သို့
စကားလုံး အသုံးကြမ်းသွားတာကိုတော့
သီးခံပေး နားလည်ပေးကြပါခင်ဗျား၊

0 ချိုးကူသံလေးကြားရဖို့ ( Written by လူထုစိန်ဝင်း )


နိုင်ငံခြားရောက်နေတာ နှစ်ပေါင်းနှစ်ဆယ်ကျော်ရှိနေပြီဖြစ်တဲ့ ကျောင်းသားဟောင်းတစ်ယောက်က ဖုန်းဆက်ပြီး နှစ်သစ်ကူးနှုတ်ဆက်စကား ပြောပါတယ်။ ခုတလောနိုင်ငံခြားရောက် မြန်မာတွေအများဆုံးမေးတဲ့ ''တော်တော်ပြောင်းနေပြီလား'' ဆိုတဲ့ မေးခွန်းကိုပဲ မေးပါတယ်။

သတင်းသမားတွေ နေရာပေးခံရ

ဒီမေးခွန်းက လွယ်လွယ်ဖြေလို့ရတာမျိုး မဟုတ်ဘူး။ ပြောင်းတာတွေရှိသလို မပြောင်းတာတွေလည်း အများကြီးရှိနေတာဆိုတော့ လိပ်ပတ်လည်အောင် ပြောဖို့ခက်တယ်။ အဲဒါကြောင့် သူမေးသလို တစ်ခွန်းထဲနဲ့ပြီးအောင် ''ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူး'' လို့ ဖြေ လိုက်တယ်။ ပြီးမှအသေးစိတ်သိချင်ရင် ခုတလောရေးနေတဲ့ ဂျာနယ် ဆောင်းပါးတွေကို အွန်လိုင်းကဖတ်ကြည့်ပေတော့လို့ ပြောရတယ်။ ထိပ်ဆုံးပိုင်းတွေမှာ တော့ ပြောင်းနေကြတာပဲ။ ဒီမိုကရေစီဆိုတဲ့စကားနှုတ်ဖျား မှာသီးနေကြတယ်။ နှစ်ပေါင်းငါး ဆယ်လုံးလုံး လူရာသွင်းမခံရတဲ့ သတင်းသမားတွေကို နေရာပေးပြီး အင်တာဗျူးလုပ်ကြတယ်။ ဂျာနယ်တွေထဲမှာ အရင်က နာမည်လေးတောင် ထည့်ရေးခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတွေ၊ မျက်နှာဖုံးက ဖောဖောသီသီကြီး ဖော်ပြကြတယ်။ အရင်က NLD ရုံးရှေ့က လမ်းတောင်ဖြတ်မလျှောက်ရဲတဲ့သူတွေ ခုတော့ရုံးထဲကို ချောင်းပေါက်မတတ် ၀င်ထွက်နေကြတယ်။

အကြွေးဝန်ထုပ်ကြီး


ပြောင်းတာတွေက အောက်ခြေကိုမရောက်တော့ တိုင်းသူပြည်သားများရဲ့ဘ၀တွေကတော့ ဘာမှထူးခြားမလာဘူး။ တောင်ပေါ်ဒေသတွေမှာ သေနတ်သံတွေ မစဲသေးသလို သားကိုမျှော်ရတဲ့ မိခင်တွေလည်း လည်ပင်းကိုးတောင်ရှည် ဖြစ်နေရဆဲပဲ။ ဒီကြားထဲမှာ ဈေးကွက် စီးပွားရေးကို လက်ညှိုးထိုးပြီး ဟိုကဈေးတက်၊ ဒီကဈေးတက်ဆိုတော့ ပိုပြီးပင်ပန်းကြရတယ်။ တောသူ တောင်သားတွေက ပိုပြီးခံရတယ်။ မြို့မှာက တစ်ခုမဟုတ်တစ်ခု ကြံဖန်ရှာဖွေစားသောက်လို့ရတယ်။ ယုတ်စွအဆုံး ပလတ်စတစ်လိုက်ကောက်ရင်တောင် ရသေးတယ်။ တောမှာကျတော့ လယ်ယာအလုပ်ကလွဲပြီး တခြားဘာမှ လုပ်စားစရာမရှိဘူး။ သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံတွေပျက်ရပြီဆိုရင် ကျောပေါ်က အကြွေးဝန်ထုပ်ကြီး ကြီးသထက်ကြီး လာတော့တာပဲ။

ခွက်တစ်ဆယ်အနည်းဆုံး

မြို့ပေါ်ဆင်းရဲသားတွေရဲ့ကျောပေါ်က ၀န်ထုပ်ဝန်ပိုးကြီး နှစ်ပိဿာခွဲလောက်လေးတယ်ဆိုရင် တောသူ တောင်သားတွေရဲ့ကျောပေါ်မှာ ဖိစီးနေတဲ့ ၀န်ထုပ်ဝန်ပိုးကြီးက ခွက်တစ်ဆယ်တော့ အနည်းဆုံး ရှိလိမ့်မယ်။ ဒီဖိစီးမှုကြီးက အရင့်အရင်အစိုးရ အဆက်ဆက်မှာရှိခဲ့တဲ့အတိုင်း ဘာမှ ပြောင်းလဲမသွားဘူး။ အပေါ်မှာ ကြည့်လိုက်ရင်တော့ ပြောင်းနေပေမယ့် အောက်ခြေမှာတော့ ဘာမှမပြောင်းလဲဘူး။ အဲဒါကြောင့် ပြောင်းတော့ ပြောင်းတယ်။ ဒါပေမဲ့ မပြောင်းဘူးလို့ ဖြေလိုက်တာ။ နောက်ဆုံးဖုန်းချခါနီးမှာ ''ပြောင်းရင်ပြန်လာမှာမို့လား''လို့ မေးလိုက်တော့ သူဖြေလိုက်ပုံက ''လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ။ ရေရှည်အတွက်လည်း ကြည့်ရသေးတယ်လေ''တဲ့။

စောင့်ကြည့်ချင်ကြသေး


နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်ပရောက်နေသူတွေလည်း ပြန်လာနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ မိန့်ခွန်းပြောခါစက အတော်လေး ၀မ်းသာမိတယ်။ ဒီတစ်သက်တော့ ပြန်မတွေ့နိုင်ကြတော့ဘူးလို့ အောက်မေ့ထားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ဆွေမျိုးသားချင်းတွေနဲ့ တပည့်ဟောင်းတွေကို ပြန်တွေ့နိုင်ဦးမှာပါလားဆိုပြီး ပျော်သွားတယ်။ ဒါပေမဲ့ လက်တွေ့ကျတော့ ဘယ်သူမှ ပြန်မလာကြသေးဘူး။ အခွင့်အလမ်းကောင်း၊ လုပ်ကွက်ကောင်းရှိ မလားလို့လာပြီး လေ့လာစူးစမ်းသူ တချို့တလေပဲ တွေ့ရတယ်။ အများစုကတော့ အကဲခတ် စောင့်ကြည့်ချင်ကြသေးတယ်။

တိုင်းပြည်ရဲ့ အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုး ခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစု လုပ်ကျွေးဖို့အတွက် မနည်းကြီး သည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်မျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမှ သူတို့ ပြန်လာနိုင်ကြမှာ  . . .


တစ်နေ့တော့ပြန်လာမယ်


ဟုတ်တာပေါ့။ ရေကြည်ရာ မြက်နုရာကိုရောက်နေပြီးမှ သဲကန္တာရထဲကို ဘယ်သူကပြန်သွားချင်မှာလဲ။ စောင့်ကြည့်ဦးမယ်ဆိုသူတွေကို အပြစ်မမြင်ပါဘူး။ တစ်နေ့နေ့မှာတော့ သူတို့ပြန်လာမှာပါ။ ဘယ်လောက်တားတား ပြန်မလာဘဲ သူတို့မနေနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ ဟာ မြန်မာတွေဖြစ်နေကြလို့ပဲ။ သူများနိုင်ငံတွေ ဘယ်လောက်ချမ်းသာတယ်ပြောပြော မြန်မာပြည်လောက်တော့ နေချင့်စဖွယ်မရှိနိုင်ဘူး။ မြန်မာနိုင်ငံက ဥတုသပ္ပာယ မျှတတယ်။ အပူလွန်ကဲလို့ လူတွေသေတယ်ဆိုတာမျိုး မရှိသလို အေးလွန်းလို့ သေတယ်ဆိုတာမျိုးလည်း မရှိဘူး။ မိုးခေါင်လွန်းလို့ အငတ်ဘေးကျရောက်တယ်ဆိုတာမျိုးမရှိသလို မိုးများလွန်းလို့ လူတွေထောင်သောင်းချီ သေရတယ်ဆိုတာမျိုးလည်း မရှိဘူး။

ရတနာသိုက်ကြီး

ပူပိုင်းဒေသဖြစ်ပေမယ့် အအေးပိုင်းဒေသက ပန်းသီး၊ သစ်တော်သီး၊ လိမ္မော်သီး၊ စပျစ်သီးစတဲ့ သစ်သီးဝလံတွေလည်း လမ်းဘေးမှာ ပုံတိုက်ပြီး ရောင်းရလောက်အောင် ပေါပေါများများ ထွက်တယ်။ ၀တ်ဖို့အတွက် ၀ါချည်၊ ပိုးချည်တွေလည်း ထွက်တယ်။ နေစရာအတွက် သစ်ဝါးတွေလည်း ပေါတယ်။ မြေကြီးကလည်း ဘယ်နေရာတူးတူး ရေနံထွက်တဲ့နေရာက ထွက်၊ ရွှေထွက်တဲ့နေရာက ထွက်၊ ပတ္တမြားတို့၊ ကျောက်စိမ်းတို့ ထွက်တဲ့နေရာကထွက်မို့ တစ်နိုင်ငံလုံး ရတနာသိုက်ကြီးလို ဖြစ်နေတယ်။ လူတွေကြောင့်သာ ခုလို ဆင်းရဲတွင်းနက်နေရတာ။

မြန်မာတွေရဲ့ အပြုံး

ဒါတွေအားလုံးထက်ပိုပြီး မြန်မာပြည်ကို စွဲမက်ကြတဲ့အကြောင်းကတော့ မြန်မာတွေရဲ့ နွေးထွေးတဲ့ မေတ္တာတရားနဲ့ မြန်မာတွေရဲ့အပြုံး ဖြစ်တယ်။ မြန်မာတွေက ရန်သူကိုတောင် ဒုက္ခရောက်နေတာတွေ့ရင် ဒါမှမဟုတ် နိမ့်ကျသွားရင် အခွင့်သာပြီဆိုပြီး အနိုင်ယူလေ့မရှိဘူး။ အင်္ဂ လိပ်တွေနဲ့ အိန္ဒိယသားတွေထွက်ပြေးကြတော့ အစာငတ်ရေငတ်ဖြစ်လာသူကို ကျွေးမွေးစောင့်ရှောက်ကြတယ်။ ဂျပန်တွေ အသက်လုပြီး ထွက်ပြေးကြရတော့ လည်း တစ်ယောက်တည်း သင်းကွဲထွက်ပြေးလာသူတွေကို အသက်ဘေးက ကယ်ဆယ်ပြီး ၀ှက်ပေးထားခဲ့ကြတယ်။ စစ်ကြီးပြီးဆုံးသွားတာတောင် ဂျပန်ပြည်ကိုမပြန်တော့ဘဲ အသက်ကယ်ထားတဲ့ရွာမှာပဲ အသက်ထက်ဆုံးနေသွားခဲ့သူတွေ ရှိတယ်။

ရေကုသိုလ်

မြန်မာတွေက လူဆင်းရဲပေမယ့် စေတနာမဆင်းရဲဘူး။ ကျောင်းသားဘ၀ မန္တလေးက ရန်ကုန်ကိုရထားနဲ့လာတော့ ရထားရပ်တဲ့ဘူတာတိုင်းမှာ ရေအိုးလေးတွေရွက်ပြီး 'ရေကုသိုလ်၊ ရေကုသိုလ်' နဲ့ တစာစာအော်ရင်း သောက်ရေလိုက်ပေးသူတွေ လေး ငါးဦးထက်မနည်း အမြဲတွေ့ရတယ်။ တချို့ကအသက်ကြီးကြီး အမျိုးသမီးတွေ၊ တချို့ကအသက်ငယ်ငယ် ကလေးမလေးတွေ။ ခုခေတ်လိုရေရောင်းတာတွေ မပေါ်သေးဘူး။ စေတနာ သက်သက်နဲ့ လိုက်ကုသိုလ်ပြုကြတာဖြစ်တယ်။ ရပ်ထဲရွာထဲမှာလည်း တစ်အိမ်က ဟင်းကောင်းကျွေး ကောင်းချက်ရင် ဘေးအိမ်က လူကြီးသူမများအတွက်ဆိုပြီး စားဦးစားဖျား ပို့လေ့ရှိတယ်။ အိမ်နီးချင်းတွေဟာ တစ်အိမ်နဲ့တစ်အိမ် ကူးလူးနေကြတာပဲ။ အလှူမင်္ဂလာဆောင်လိုကိစ္စများဆို တစ်ရပ်ကွက်လုံး ၀ိုင်းကူကြတယ်။ ဘာသိဘာသာ နေလေ့မရှိဘူး။ အင်မ တန်ပျော်စရာကောင်းတာ။

ကန်သမ္မတရဲ့ မှတ်ချက်

ဒါကြောင့် အမေရိကန်နိုင်ငံရဲ့ ၃၁ ဆက်မြောက် သမ္မတဖြစ်ခဲ့တဲ့ ဟားဘတ်ဟူးဗား(Herbert Hoover 1874-1964)က 'မြန်မာလူမျိုးများဟာ အာရှတိုက်တစ်ခုလုံးမှာ တကယ့်အစစ်အမှန် ပျော်ရွှင်ချမ်းမြေ့မှုကိုရရှိတဲ့ တစ်ခုတည်းသော လူမျိုးဖြစ်တယ်' (The Burmese are the only genuinely happy people in all of Asia) လို့ ပြောခဲ့တာဖြစ်တယ်။ ဟူးဗားက နိုင်ငံရေးနယ်ထဲမရောက်ခင် နမ္မတူဘော်တွင်းမှာ သတ္တုတွင်း အင်ဂျင်နီယာအဖြစ် လာရောက်လုပ်ကိုင်ခဲ့ဖူးတယ်။

အပျော်တွေစိမ့်ဝင်

ပျော်စရာအလွန်ကောင်းတဲ့ ဒေသမှာ လူဖြစ်လာကြရတဲ့အတွက် မြန်မာလူမျိုးတိုင်းရဲ့ဓာတ်ခံမှာ အပျော်တွေစိမ့်ဝင်နေတယ်။ သူတို့ရဲ့မျက်နှာတွေမှာ အတိုင်းသား ဖော်ပြနေတယ်။ မြန်မာပြည်ကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ နိုင်ငံခြားသားတိုင်းမယုံနိုင်လောက် အောင်ကို တအံ့တသြဖြစ်ကြတယ်။ ဒါလောက်ဒုက္ခသုက္ခတွေကြားက ပြုံးနေနိုင်တာကို သူတို့ မစဉ်းစားတတ်ကြဘူး။ ဓာတ်ပုံကိုသာမြင်ရရင်'ဆင်' ပြီးရိုက်ထားတာလို့ ထင်မှာသေချာတယ်။ လူကိုယ်တိုင်မြင်ရလို့သာ ယုံသွားကြရတာ။ မြန်မာလူမျိုးက လည်း အံ့သြမယ်ဆို အံ့သြထိုက်တယ်။ မှတ်ကရောဟဲ့ဆိုပြီး ကိုကိုးကျွန်းပို့ ပစ်လိုက်တာတောင် ကျွန်းပေါ်မှာ ဇာတ်ကဖြစ်အောင် ကခဲ့သူတွေဖြစ်တယ်။ သင်္ကြန်ကျတော့လည်း တီးမှုတ်ကခုန်တာတွေသာမက ဘောလုံးပွဲတွေ၊ ဘောလီဘောပြိုင်ပွဲတွေအပြင် ရခိုင်ရိုးရာ 'ကျင်' ကိုင်ပွဲတွေတောင် လုပ်လိုက်ကြသေးတယ်။

ပြန်ဖြစ်ချင်မှပြန်ဖြစ်မှာ


ပျော်စရာတိုင်းပြည်က ပျော်စရာလူမျိုးတွေကြားမှာနေရတာလောက် ဘယ်နေရာမှ ပျော်စရာကောင်းမှာမဟုတ်ဘူး။ အကြောင်းကြောင်းနဲ့ နိုင်ငံခြားတိုင်းပြည်အသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာတွေအများစုဟာ တစ်နေ့နေ့မှာ အသေအချာကို ပြန်လာကြမှာပါ။ မပြန်ချင်ပါဘူးဆိုသူက အနည်းစုဖြစ်ပါလိမ့်မယ်။ 'လုပ်ခွင့်သာရင်တော့ ပြန်လာဖို့ စဉ်းစားမှာပါ' ဆိုသူမျိုးကတော့ ပြန်ဖြစ်ချင်မှ ပြန်ဖြစ်မှာပေါ့။အဲဒီလူမျိုးတွေ ပြန်မလာလို့လည်း တိုင်းပြည်အတွက် ဘာမှဆုံးရှုံးမသွားပါဘူး။ သူတို့အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်အောင် ဖန်တီးပေးဖို့ ဒီကလူတွေ ရုန်းကန်လှုပ်ရှားနေကြတာမှ မဟုတ်တာ။ သူတို့လို လူမျိုးတွေက ပြန်လာလည်း အခွင့်အရေးရဖို့လောက်သာ ချောင်းနေကြမှာဖြစ်တယ်။ ဘာတစ်ခုမှ လက်ကြောတင်းအောင် လုပ်မယ့်သူတွေမဟုတ်ဘူး။

ချိုးကူးသံလေးကြားရဖို့

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တဲ့နိုင်ငံကို ပြန်ပြီးထူမတ်ပေးဖို့အတွက် လက်ကြောတင်းအောင်လုပ်မယ့်လူတွေ အများကြီးလိုတယ်။ တိုင်းပြည်ရဲ့အရွယ်ကောင်းလေးတွေ သိန်းပေါင်းများစွာက အခုအခါ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတယ်။ ဖိနှိပ်မှု၊ သွေးစုပ်မှု၊ အနိုင်ကျင့်မှုတွေလည်း အမျိုးမျိုးခံနေကြရတယ်။ မိဘကျေးဇူးဆပ်ဖို့နဲ့ မိသားစုလုပ်ကျွေးဖို့အတွက် မနည်းကြီးသည်းခံပြီး ရုန်းကန်လှုပ်ရှားနေရတယ်။ သူတို့တစ်တွေ မြန်နိုင်သမျှ အမြန်ဆုံး ပြန်လာနိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်။ ဒီမိုကရေစီမြန်မြန်ရပြီး စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှ သူတို့ပြန်လာနိုင်ကြမှာ။ တောင်တန်းပြာကြီးတွေပေါ်မှာ သေနတ်သံတွေ လုံးဝချုပ်ငြိမ်းပြီး ချိုးကူသံလေး ကြားရဖို့လည်း အရေးကြီးပါတယ်။
www.first-11.com/

0 သူရဲကောင်းတို့ရဲ့အမေ




မန္တလာနွေ
ဒဏ်ရာတို့ နဲ့ ပြည့်နှက်နေတဲ့ လူတယောက်ရဲ့
နောက်ဆုံးအချိန်
အသင့်သတ်မှတ်ပြီသား သေဒဏ်ကို
ရဲဝင့်စွာခံဖို့........................
... အော်.........အားပေးစကားတို့ ဝေးကွာ
ဒို့တစ်တွေဟာ
အတူနေ
အတူသေ ဘ၀တွေမှာ ဆိုပေမယ့်
စကားတစ်ခွန်း တောင်မဲ့နေခဲ့
ကျက်သရေမဲ့ည
သီချင်းကသာ ကုသစားနိုင်မယ်ထင်ရဲ့
ကိုညီ ဆိုခဲ့တဲ့ သီချင်းမှာ
မျက်လုံးအရောင်တွေ တောက်ပလာခဲ့တဲ့
ကိုထွန်းအောင်ကျော်အတွက်ပါ..(Kyaw Gyi AB)

(ပါဂျောင် အကျဉ်းထောင်ရဲ့ ညမှာ ကိုညီညီဟာ
ကိုထွန်းအောင်ကျော် အတွက် သီချင်းတပုဒ်ဆို
ခဲ့ပါတယ်။မသေဆုံးခင်ရက်တွေမှာပေါ့..
ဒီသီချင်းကို ကိုထွန်းအောင်ကျော်၊ကိုညီညီတို့ရဲ့
Wavy Echo ၀ိုင်းက ၁၉၈၆ မှာတီးခဲ့ပါတယ်။
ကိုညီညီရဲ့ စာသား ကိုထွန်းအောင်ကျော်ရဲ့ arrangement

0 Min Thein Kha



We met Burmese novelist and astrologer Min Thein Kha in Myanmar in 2006. Our driver Maung Maung took us to his compound outside Rangoon where he was conducting classes in astrology and fortune telling. A beloved character, he welcomed us warmly. Min Thein Kha had served several prison sentences but had no harsh words for the ruling junta. He died in 2008 from complications of diabetes.

0 KNU-KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ




Photo..Reuters


၁၀-၂-၂၀၁၂ နေ့ ညနေ ၃း၃၀ နာရီတွင် အမှတ် (၅၄)တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်ကြီး စောဌေးမောင်ဦး ခေါင်းဆောင်သည့် KNU-KNLA ငြိမ်းချမ်းရေးကောင်စီအဖွဲ့အား ခင်မင်ရင်းနှီးစွာ လက်ခံတွေ့ဆုံခဲ့ပါတယ်.....

KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဌေးမောင်က ''အခုလို ကျွန်တော့်အနေနဲ့ ဒီကို လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့တယ်။ တွေ့ချင်တာလည်း ကြာပြီ။ အခုလို လာတာကလည်း အားလုံးအတွက် လာတာနော်။ အခုလိုလာပြီး တွေ့ရတာ အများကြီး ကျေးဇူးတင်တယ်။ နောက်ပြီးတော့ အာားလုံးကလည်း ၀မ်းသာကြမှာပါ။ ကျန်ခဲ့တဲ့လူတွေလည်း လာစေချင်တယ်။ ပထမဆုံး မလာခင်ကတော့ နည်းနည်းတော့ စိုးရိမ်တယ်၊ ကြောက်တာပေါ့နော်။ အစိုးရနဲ့ ...လာတွေ့တုန်းကလည်း။ အခုတော့ အားလုံးက အဆင်ပြေတယ်။ အစိုးရကလည်း ပွင့်ပွင့်လင်းလင်း။ ဒီမှာလည်း ဒေါ်အောင် ဆန်းစုကြည်နဲ့ လာတွေ့တယ်။ NLD/ အားလုံးနဲ့ ကျွန်တော်တို့ လက်တွဲပြီးတော့ ဗမာပြည်ရဲ့ရှေ့အနာဂတ် ကောင်းစားရေး၊ လူထုတွေ တိုးတက်ရေးအတွက် ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော်က အသက်အကြီးဆုံးပါ။ စစ်ထဲ ၀င်တုန်းက အသက် ၁၇ နှစ်ပဲ ရှိသေးတယ်။ အခုတော့ ကျွန်တော် အသက်ကြီးပြီ။ ဒါပေမယ့် ကျွန်တော်တို့က မခွဲခြားပါဘူး။ နောက် ဗမာ လူမျိုးပဲဖြစ်ဖြစ်၊ ကရင်ပဲဖြစ်ဖြစ်၊ တခြားတိုင်းရင်းသားတွေဖြစ်ဖြစ် အားလုံးက ကျောသားရင်သားတွေပဲ။ ရှေ့ဆက်ပြီး ကျွန်တော်တို့ အတူတကွ လက်တွဲပြီး လုပ်သွားရမှာ ဖြစ်တယ်။ နောက်တစ်ခေါက်လည်း ဖြစ်နိုင်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ချင်တယ်။ ကျွန်တော်တို့ ကရင်နှစ်သစ်ကူးတာတွေ၊ ဒေသခံတွေနဲ့ တွေ့၊ နောက် တခြားတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဖို့လည်း ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို request လုပ်ထားပါတယ်။ မီဒီယာတွေကိုလည်း ဖိတ်ပါတယ်။ မီဒီယာကိုတော့ မချန်ထားခဲ့ဘူး။ ဖိတ်ပါတယ်''ဟု မီဒီယာများသို့ ကရင်ဘာသာစကားဖြင့် ပြောကြားခဲ့သည်။
Burma vj media network

Friday, February 10, 2012

0 ဗဟုဖွံ့ဖြိုးရေးအဖွဲ့မှ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦးတို့ ပြည်တော်ပြန်လာ




Photo..The Voice weekly

0 ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကိုအဖွဲ့ကြီးက မက်ဒန်ဂျီဆင်းဆု လာရောက်ပေးအပ်မည်

Video-Message of Daw Aung San Suu Kyi, laureate of the 2002 UNESCO-Madanjeet Singh Prize for the Promotion of Tolerance and Non-Violence, Nobel Peace Prize laureate (1991), UNESCO's International Simon Bolivar Prize (1992) on the occasion of the commemoration of the 2011 International Day for Tolerance and acceptance of the 2002 UNESCO-Madanjeet Singh Prize.
ကုလသမဂ္ဂ ယူနက်စကို အဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကို-မက်ဒန်ဂျီဆင့် ဆုဖလား (Trophy Of the UNESCO-Madanjeet Singh Prize) ကိုချီးမြှင့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂရုံးက သတင်း ထုတ်ပြန်သည်။

ထိုဆုကို လာမည့်ဖေဖော်ဝါရီလ ၁၀-ရက်နေ့နံနက်တွင် ယူနက်စကို ညွန်ကြားရေးမှုးချုပ် ကိုယ်စား အမှုဆောင်ဒါရိုက်တာ မစ္စတာယူဟေးဟိုဆိုဟား က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ပေးအပ်မည် ဖြစ်သည်။

ထိုဆုသည် သည်းခံစိတ် ရှည်မှု၊ အကြမ်းမဖက်မှုများ မြှင့်တင်ခြင်းအတွက် ရည်ရွယ်၍ပေးအပ်သော ဆုဖြစ်ကြောင်း သိရသည်။ထိုဆုအား ယူနက်စကို ၏စေတနာရှင် သံတမန် အိန္ဒိယလူမျိုးပန်းချီပညာရှင် စာရေးဆရာနှင့် သံတမန်ကြီးဖြစ်သူ မစ္စတာ မန်ဒန်ဂျီဆင့်၏သူ့ဘဝ တစ်လျောက်လုံး ငြိမ်းချမ်းရေးနှင့် စိတ်ရှည်သည်းခံနိုင်ရေး တို့အတွက် အစဉ်တစ်စိုက် စွန့်လွှတ် ကြိုးစားခဲ့ခြင်းတို့အပေါ် ရည်ရွယ်၍ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် မဟတ္တမဂန္ဒီကြီး၏ ၁၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ် ယင်းဆုကို တီထွင်ခဲ့ခြင်းဖြစ်သည်။၁၉၉၆ မှစ၍ ထိုဆုကို ၂-နှစ်တစ်ကြိမ် ပေးအပ်ခဲ့ပြီး ဆုတန်ဖိုးမှာ ဒေါ်လာတစ်သိန်း ဖြစ်သည်။ ယခုအချိန်အထိဆုရရှိသူ လူပေါင်း(၈)ဦး ရရှိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ၂၀ဝ၂ ခုနှစ်ကရရှိခဲ့ပြီး ယခုမှ ယူနက်စကို အဖွဲ့က ကိုယ်ထိလက် ရောက်ပေးအပ်ခြင်း ဖြစ်ကြောင်းသိရသည်။

ရန်ကုန်တိုင်းမ်

0 လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။

RFA

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပုံ

“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်” အာအက်ဖ်အေက ပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မေးမြန်းခဲ့ရာမှာ ဖေဖေါ်ဝါရီ ၇ ရက်က သူရဦးရွှေမန်းရဲ့ပြောကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ခုလို မှတ်ချက်ချ ပြောဆိုလိုက်တာပါ။

တစ်ဆက်တည်းမှာပဲ ဖေဖော်ဝါရီ ၇ ရက်က သွားရောက်ခဲ့တဲ့ ပုသိမ် စည်းရုံးရေးခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပုသိမ်တက္ကသိုလ် ကျောင်းသားတွေ လာရောက် ကြိုဆိုနိုင်ခြင်း မရှိအောင် အဲဒီနေ့မှာ နည်းပြ စာမေးပွဲတွေ စစ်ဆေးခဲ့ပြီိး စာမေးပွဲ မဖြေသူတွေကို နောက်ဆုံးစာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် ပိတ်ပင်မယ်လို့ အမိန့်ထုတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ရွေးကောက်ပွဲ ကော်မရှင်ကို မိမိတို့ အန်အယ်လ်ဒီက တိုင်ကြားထားပြီး ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောဆိုပါတယ်။

“ကောလိပ်မှာလည်း ဒီစာမေးပွဲမဖြေရင် ဖိုင်နယ်မဖြေရဘူး စသည်ဖြင့် လုပ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့လည်း အဖွဲ့ချုပ်ကနေပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ထားပါတယ်။ ဒါတွေဟာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့လက္ခဏာတွေနဲ့ မကိုက်ညီဘူးဆိုတဲ့ အကြောင်းကို တင်ပြထားပါတယ်”

0 ကရင်လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ် Myra ၊ မြန်မာဟစ်ဟော့အဆိုတော် အနဂ္ဂတို့နဲ့ Al Jazeera သတင်းဌါနမြန်မာ့အရးဆွေးနွေး(ရုပ်/သံ)


ဒီကနေ့ Al Jazeera သတင်းဌါနက AJ Streamမှာ US Campaign for Burma က ကရင်လူ့အခွင့်အရေးလှုပ်ရှားသူ ဒေါ် Myra ၊ မြန်မာဟစ်ဟော့အဆိုတော် အနဂ္ဂတို့နဲ့ တွေ့ဆုံပြီး မြန်မာပြည်က လတ်တလောဆင်ဆာအကြောင်း၊ မြန်မာ့နိုင်ငံရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ဆန်ရှင် အစရှိတာတွေ ဆွေးနွေးခဲ့ကြပါတယ်။

Thursday, February 9, 2012

0 NLD ကြားဖြတ်ရွေးကောက်ပွဲ ရပ်တည်ချက်ထုတ်ပြန်

မြန်မာနိုင်ငံမှာ ဥပဒေစိုးမိုးဖို့နဲ့ ငြိမ်းချမ်းရေးအတွက်အပြင် ၂ဝဝ၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီစံနစ်နဲ့မကိုက်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်တာတွေလုပ်ဖို့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်။

NLD ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘေထားကြေညာချက်ကို ဒီကနေ့ ထုတ်ပြန်တဲ့အထဲ အခုလို ပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ ရပ်တည်ချက်ကို ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ မသင်းသီရိက အပြည့်အစုံ တင်ပြပေးထားပါတယ်။

၂ဝ၁၂ ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘာကြောင့် အခုလိုရွေးကောက်ပွဲကို ဝင်တာလဲဆိုတဲ့ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကို ဖေဖော်ဝါရီ ၈ ရက် ဗုဒ္ဓဟူးနေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ အချက် (၃) ချက်ပါဝင်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောပါတယ်။

“NLD ဘာကြောင့် ရွေးကောက်ပွဲဝင်ရသလဲ ဆိုတဲ့ manifesto ကို တပြည်လုံးသိအောင် ကြေညာလိုက်ပါပြီ။ ရည်ရွယ်ချက် (၁) ကတော့- ဥပဒေစိုးမိုးရေး ဖြစ်ပါတယ်။ Rule of Law ပါ။ နောက်တခုကတော့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ပြည်တွင်း စစ်မီးတွေ အကုန်လုံး ငြိမ်းသွားပြီးတော့ ငြိမ်းချမ်းရေးရဖို့ ဖြစ်ပါတယ်။ နံပါတ် (၃) အချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင်တဲ့ ရည်မှန်းချက်ကို ဖြည့်ဆီးပေးနိုင်လောက်တဲ့အထိ ပြုပြင်စရာ ရှိတာတွေကို ပြုပြင်ပစ်ဖို့ ဖြစ်ပါတယ်”

NLD ပါတီဟာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထွက်လာကတည်းက ဒီဖွဲ့စည်းပုံထဲမှာ ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတဲ့ အချက်တွေပါဝင်တယ်လို့ ထောက်ပြ ဝေဖန်ထားတာဖြစ်သလို ဒီလိုအချက်တွေထဲက (၁၂) ခုလောက်ကို အဓိက ထောက်ပြထားဖူးပါတယ်။

နိုင်ငံမှာ ကာကွယ်ရေး ဦးစီးချုပ်က အချိန်မရွေး အာဏာပြန်သိမ်းနိုင်တယ်ဆိုတဲ့ အချက်အပြင် ဖွဲ့စည်းပုံကို လွှတ်တော်ထဲမှာ ပြင်မယ်ဆိုရင် ၇၅ ရာခိုင်နှုန်းထောက်ခံမှုရှိရမယ်ဆိုတဲ့ အချက်တွေနဲ့အတူ လွှတ်တော်ထဲမှာ တပ်မတော် ၂၅ ရာခိုင်နှုန်းပါဆိုတဲ့ အချက်တွေပါဝင်ပါတယ်။ အခု NLD ကိုယ်စားလှယ်တွေ လွှတ်တော်ထဲရောက်ရင် ဒီ ၂ဝဝ ဖွဲစည်းပံကို ပြင်ဖို့ လွယ်ကူနိုင်ပါ့မလား၊ ဘယ်လိုအခက်တွေရောရှိလာနိုင်ပါသလဲ။

“သမားရိုးကျ တွက်နည်းနဲ့ တွက်ရင်တော့ဖြင့် ဒါ- ကျနော်တို့ဟာ အရာမထင်ဘူးလို့ ပြောလို့ ရပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အားကိုးတာက တခုပါ။ တခုက ကျနော်တို့ခေါင်းဆောင်ဆိုတာက ပြည်သူလူထု ခေါင်းဆောင်ဖြစ်ပါတယ်။ ပြည်သူလူထု တရပ်လုံးက လေးစားကြည်ညိုတဲ့ခေါင်းဆောင် ဖြစ်ပါတယ်။ ပြီးတော့လည်း နိုင်ငံတကာကလည်း လေးစားကြည်ညိုတဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးစွမ်းအားဟာ အမှန်အကန် ပြည်သူလူထုအတွက် အကျိုးရှိနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်တဲ့နေရာမှာ ဝိုင်းရံပံ့ပိုးမှုတွေ ရလာမယ်။

နောက်တခုကလည်း တကယ် စစ်မှန်တဲ့ ဒီမိုကရေစီကို သွားမယ်သာ ဆိုရင်တော့ဖြင့် ဒါက အကုန်လုံး၊ ဘယ်သူမဆို တပ်မတော်သားတွေရော ဘာတွေရော ဖွဲ့စည်းပုံအခြေခံကို လေ့လာကြည့်လိုက်ရင် အဲဒီဖွဲ့စည်းပုံဟာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို နောက်လာနောက်သားတွေကို တကယ် အမွေပေးရစ်ခဲ့ချင်တယ်ဆိုရင် ပြုပြင်စရာရှိတယ်ဆိုတာ ဓမ္မဓိဌာန်ကျကျ တွေးလိုက်ရင် မြင်ပါတယ်။ အဲဒါကြောင့်လည်းပဲ ကျနော်တို့က ပြုပြင်လို့ ရမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်းပဲ။

၄၈ နေရာက ဘာဖြစ်မှာလဲလို့ ဒီလိုပြောလို့တော့ မရပါဘူး။ ဒါ- ပုံသေကားချ ပြောနည်းပါ။ တကယ့်တကယ်သာ ကြိုးစားပမ်းစား လုပ်မယ်ဆိုရင် လူတယောက်သည်ပင်လျှင် လူ့အဖွဲ့အစည်းတခုလုံး ကောင်းကျိုးကို ဆောင်နိုင်သလို လူ့အဖွဲ့အစည်းတခုလုံးကို လှုပ်ခတ်သွားအောင် လုပ်နိုင်ပါတယ်။ တကယ့်ကို စေတနာထားပြီးတော့ ကိုယ်ကျိုးစွန့်လွှတ်ပြီးတော့ အမြော်အမြင်ရှိရှိ ဆောင်ရွက်မယ့် လမ်းစဉ်ဖြစ်တဲ့အတွက်ကြောင့် အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်ခင်ဗျ”

ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတဝှမ်း လစ်လပ်နေရာ ၄၈ လုံးကို -ဝင်ပြိုင်မယ့် NLD ပါတီမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီစည်းရုံးရေးအဖြစ် နယ်ဘက်တွေကို ခရီးထွက်တာတွေရှိသလို ဖေဖော်ဝါရီ ၁၁ ရက်မှာလည်း သူဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို သွားဖို့ စီစဉ်ထားတာနဲ့ ပတ်သက်လို့ ဦးအုန်းကြိုင်က-

“သေချာသလောက်ရှိပြီလို့ ပြောချင်ပါတယ်။ အဲဒီရက်က မဲဆွယ်ကာလတွေ ရောက်ပြီလေ။ သူက ပြောထားတာက သူ့ရဲ့ မဲဆန္ဒနယ်မြေကိုတော့ ရွေးကောက်ပွဲမတိုင်မီ ၃ ကြိမ်လောက်တော့ ရောက်ချင်တယ်လို့ ပြောတာကိုး။ အဲတော့ ဒါ ပထမဆုံး trip (ခရီး) ဖြစ်မှာပေါ့ဗျာ။ ကချင်ပြည်နယ်ဘက်လည်း သွားဖို့ ရှိပါတယ်။ ရှမ်းပြည်နယ်ဘက်လည်း သွားဖို့ ရှိပါတယ်။ နောက် စစ်ကိုင်းတို့၊ မကွေးတို့၊ မန္တလေးတို့လည်း သွားဖို့ စီစဉ်ထားပါတယ် ခင်ဗျ”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။ အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတွင်း လူထုကို ပြောဆိုခဲ့တဲ့ သူရဲ့မိန့်ခွန်းတွေထဲမှာ ရွေးကောက်ပွဲ ဝင်ရတဲ့အချက်တွေကို ရှင်းပြတာတွေလုပ်ခဲ့သလို ပြည်သူလူထု အတွက် အကျိုးမရှိတဲ့ ဥပဒေတွေကို ပြင်သင့်တယ်လို့ ယုံကြည်ထားတယ်လို့လည်း ပြောထားပါတယ်။(VOA)

0 ကြယ်၊ ဒေါင်း၊ ဒီချုပ်စာတန်းနဲ့ပြိုင်မယ် ( ဒီလှိုင်း အမှတ်စဉ် - ၀၃ )


ဟံသာဝတီဦးဝင်းတင် ကို လေးစားလှပါသည်ဟု ဆိုသူများလည်း ဦးဝင်းတင်၏ ခံစားချက်ကို လေးစား နိုင်ကျပါစေ ......း)
ဒီမိုဖက်တီး Facebook

0 ပြောတော့ မိုး ထိုးတော့ မြေကြီး မဖြစ်စေဖို့ (မောင်ဝံသ)

(အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရွှေမန်းမှသူ၏ ပါတီဝင်များကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ" လို့ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ အထူးအစည်းအဝေးတွင်သတိပေး)-Mizzima
၀၈ ၀၂ ၁၂ ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။

အဂတိလိုက်စားမှုပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ လက်ညှိုးမကောင်း လက်ညှိုး လက်မမကောင်းလက်မ၊ လက်သင့်ရာစားတော်ခေါ် ဝေစားမျှစား စီးပွားရေး မဖြစ်စေရ စတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရမှာ မဟုတ်ကြောင်း

ဒီကနေ့ ကျွန်တော်တို့နိုင်ငံမှာ အစိုးရက ဦးဆောင်ပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ အများက နားလည်ထားကြပါတယ်။ ဒါပေမယ့် အစိုးရရဲ့ အဲဒီ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ငန်း လုပ်ဆောင်နေတဲ့ အရှိန်အဟုန်ဟာ နှေးနေတယ် ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတယ်ဗျ။ ဒါ့အပြင် အစိုးရရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း တစ်ခါ တစ်ခါ အားတက်သရောတွေ တွေ့လိုက်ရ၊ တစ်ခါ တစ်ခါ အားပျက်စရာ အားမရစရာတွေ့လိုက်ရ ဆိုတာမျိုးတွေ မကြာခဏဆိုသလို ကြုံတွေ့နေကြရတဲ့အပေါ် ဝေဖန်မှုတွေနဲ့ သင်္ကာမကင်းဖြစ်မှုတွေလည်း ရှိနေသေးတယ်ဗျာ။

ဒီချုပ်ခေါင်းဆောင်ရဲ့ သဘောထားအမြင်

အထူးသဖြင့် အစိုးရရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (ဒီချုပ်) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားမှတ်ချက် တွေကလည်း ပြည်သူတွေအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနေတယ်ဗျ။

ပြီးခဲ့တဲ့ လွတ်လပ်ရေးအောင်ပွဲနေ့က ၀ါရင့်နိုင်ငံရေးသမားကြီးတွေက ဦးစီးပြုလုပ်တဲ့အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ လက်မှတ်နဲ့ ထွက်ပေါ်လာတဲ့ တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာ ခွင့် အမိန့်နဲ့ ပတ်သက်ပြီး ကျွန်မကတော့ သမ္မတကြီးဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး လုပ်ငန်းကို အမှန်တကယ်ပဲ လုပ်ချင်တဲ့ဆန္ဒရှိသူလို့ ယုံကြည်တယ်။ ဒါပေမယ့် အစိုးရအဖွဲ့ဆိုတာက သမ္မတကြီး တစ်ယောက်တည်းရှိတာမှ မဟုတ်ဘဲ" လို့ ပြောခဲ့တယ်ဗျ။ ဒါ့အပြင် NLD ဒီချုပ်ပါတီက ထုတ်ဝေတဲ့ ဒီလှိုင်းစာစောင်အတွဲ (၁)၊ အမှတ် (၂)မှာလည်း "မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြုပြင် ပြောင်းလဲမှု တွေဟာ ပြန်လှည့်လို့မရတော့တဲ့အဆင့်တော့ မဟုတ်သေးဘူး။ တကယ်ကို ပြုပြင်ပြောင်းလဲမှု တွေဟာ ပြန်လှည့်လို့မရတော့တဲ့အထိ စိတ်ချရဖို့ဆိုရင်တော့ တပ်မတော်က ပါဝင်ပူးပေါင်းဖို့ လိုလိမ့်မယ်။ တပ်မတော်မပါဘဲနဲ့တော့ ကျွန်မတို့ဟာ အောင်မြင်ပြီလို့ ပြောလို့မရသေးပါဘူး}} လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်ဗျ။

မယုံသေးသူတွေကို အပြစ်မတင်

ကျွန်တော်တို့ စာရေးဆရာ၊ သတင်းစာဆရာ မီဒီယာသမားတွေ အပါအ၀င် ပြည်သူတွေကိုယ်တိုင် မြင်တွေ့ကြားသိနေကြရဆဲ ဖြစ်တဲ့ အားတက်စရာတွေကြားထဲက အားပျက်စရာဖြစ်ရပ်တွေ သတင်းတွေနဲ့ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲဒီလိုမျိုး သုံးသပ်ချက်တွေအပြင် အချို့အချို့သောသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို ရိုင်းပြတဲ့ အသုံးအနှုန်းနဲ့ ခေါ်ဝေါ်နေဆဲ၊ မလိုလားကြောင်း လူအများရှေ့ အတိအလင်းပြောနေကြဆဲ အခြေအနေတွေကို ပေါင်းစပ်လိုက်တဲ့အခါ တောင်တက်လမ်းမှာ မောင်းနှင်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ မော်တော်ကား ကြီး နောက်ကို ပြန်လိမ့်သွားမယ့် အန္တရာယ် လုံးလုံးလျားလျား မရှိတော့ပါဘူးလို့ စိတ်ချလက်ချ မယုံနိုင်သေးတာကို အပြစ်မတင်တော့ဘူးဗျာ။

ပြည်သူ့ခေတ် မုခ်ဦးမှာ

ဒါပေမယ့် ဘာပဲပြောပြော သမ္မတကြီးနဲ့ လူထုခေါင်းဆောင်တို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခဲ့ကြတာ အစ၊ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်တာအလယ်၊ ထင်ရှားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သံဃာတော်တွေ အပါအ၀င် ယုံကြည် ချက်အကျဉ်းသားတွေကို အစုလိုက် အပြုံလိုက် ပြန်လွှတ်ပေးလိုက်တာ အဆုံး ပြည်သူ့ဆန္ဒကို လေးစားအသိအမှတ်ပြုတဲ့ အစိုးရရဲ့လုပ်ရပ်တွေ၊ တပ်မတော်အကြီးအကဲ အပါအ၀င် နိုင်ငံ့ခေါင်းဆောင်တွေ အကြိမ်ကြိမ်အထပ်ထပ်ပေးခဲ့တဲ့ နောက်ကို ဘယ်တော့မှ ပြန်မလှည့်တော့ပါဘူး ဆိုတဲ့ ကတိစကားတွေအပါအ၀င် ပေးထားချက်တွေအရ ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ (လူကြောင့်ဖြစ်တဲ့ ကြမ္မာဆိုးနဲ့ နောက်တစ်ကြိမ်ထပ်မကြုံရတော့ဘူးဆိုရင်) ဒီမိုကရေစီပြည်သူ့ ခေတ်သစ်ရဲ့ မုခ်ဦးမှာ ရောက်ရှိနေပြီလို့ ဆိုနိုင်တယ်ဗျာ။

ပြည်သူတွေရဲ့ ဒီမိုကရေစီအသိ ရေချိန်

ဒါကြောင့် လောလောဆယ်မှာ ဒီမိုကရေစီ ၀န်းကျင်အနေအထား ပီပီပြင်ပြင် ဖြစ်မလာသေးပေမယ့် အနှေးနဲ့အမြန်ဆိုသလို ကျွန်တော် တို့နိုင်ငံမှာ ဒီမိုကရေစီမြင်ကွင်းများကို ပိုမိုမြင်တွေ့လာတော့မှာ သေချာနေတယ်ဗျ။ ဒီနေရာမှာ ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီပန်းတိုင် ဆီသို့ ချီတက်ရာမှာ ခြေလှမ်းမြန်ခြင်း၊ နှေးခြင်းဟာ ပြည်သူတွေရဲ့ ဒီမိုကရေစီအသိပညာရေချိန် မြင့်ခြင်း နိမ့်ခြင်းနဲ့ တိုက်ရိုက်အချိုးကျမှာ ဖြစ်တယ်ဗျ။

အမှန်တရားသည်သာ အင်အား

ဒီမိုကရေစီကို အလေးမထားတဲ့ ခေတ်စနစ်နဲ့နိုင်ငံမှာ အင်အားသည်သာ အရာရာ} (Might is Right) သဘောတရားကြီးစိုးပေမယ့် ဒီမိုကရေစီပြည်သူ့ခေတ်မှာတော့ အမှန်တရားသည်သာ အင်အား (Right is Might) သဘောတရားတွင်ကျယ်လာမှာ ဧကန်မလွဲပါပဲဗျ။ ဒီတော့ အနာဂတ် မြန်မာနိုင်ငံမှာ အမှန်တရားလက်ကိုင်ထားသူများသာလျှင် ပြည်သူတွေ ကိုယ်စား နိုင်ငံရဲ့ အရေးအရာတွေကို စီမံခန့်ခွဲ ပိုင်ခွင့်ရကြမှာ ဖြစ်တယ်။ ပြည်သူတွေက အမှန်တရားလက်ကိုင်ထားပြီး သူတို့အကျိုးအတွက် စွန့်လွှတ် အနစ်နာခံဆောင်ရွက်သူ၊ တရားကို သိရုံသာ သိသူ မဟုတ်ဘဲ အမှန်တကယ် လက်တွေ့လိုက်နာ ကျင့်ကြံသူ၊ အပြောနဲ့အလုပ် တစ်ထပ်တည်းကျသူ၊ ရိုးသားဖြောင့်မတ်တည်ကြည်ပြီး သူတို့ကို ပွင့်ပွင့်လင်းလင်း ဆက်ဆံသူတွေရဲ့ လက်ထဲကိုသာ သူတို့ရဲ့ ကံကြမ္မာကို အပ်နှံမှာ ဖြစ်တယ်ဗျ။

မဟတ္တမဂန္ဓီကြီးရဲ့ ဆုံးမစကား

ဒီနေရာမှာ အပြောနဲ့အလုပ် တစ်ထပ်တည်းကျတဲ့သူဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် မကြာခင်က ဖတ်ခဲ့ရတဲ့ စာစုလေးတစ်ခု အကြောင်း ပြောပြချင်တယ်ဗျ။ အဲဒီစာစုကို ဒီနှစ် ဇန်န၀ါရီလထုတ် မြတ်မင်္ဂလာစာစောင်ရဲ့အယ်ဒီတာ့အာဘော်မှာ ဖတ်ခဲ့ရတာ ဖြစ် ပါတယ်။ အိန္ဒိယလွတ်လပ်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီရဲ့ ဘ၀တစ်ကွက်အကြောင်း ဖြစ်ပါတယ်။

တစ်နေ့မှာ အမျိုးသမီးတစ်ဦး သူ့သားငယ်ကို လက်ဆွဲပြီး ဂန္ဓီကြီးဆီ ရောက်လာတယ်။ ကိစ္စက သားငယ်ဟာ သကြားလုံး အစားများ ပြီး ချောင်းတွေဆိုးနေတဲ့အတွက် ကူညီဆုံးမပေးဖို့ ဂန္ဓီကြီးကို လာရောက်မေတ္တာရပ်ခံတာပါ။ ဂန္ဓီကြီးက နောက်တစ်လကြာမှ လာပါဆိုပြီး ပြောလိုက်လို့ အဲဒီ သားသမီးပြန်သွားကြတယ်။ နောက်တစ်လကြာတော့ ရောက်လာတယ်။ ဒီအခါကျတော့ ဂန္ဓီကြီးက ကလေးကို သကြား လုံးတွေ သိပ်မစားဖို့ ချစ်ခင်ကြင်နာချိုသာစွာနဲ့ ဆုံးမလိုက်တယ်။ ကလေးကလည်း ဂန္ဓီကြီးရဲ့စကားကို လိုက်နာပါမယ်လို့ ရိုရိုသေသေ ပြန် ပြောတယ်။ ကလေးအမေက ဒီဆုံးမစကားကို ပထမအခေါက်လာတုန်းကတည်းက ဘာကြောင့် မပြောတာလဲလို့ မေးတယ်။ ဂန္ဓီကြီးဟာ အဲဒီတုန်းက သူကိုယ်တိုင် အချိုတွေလွန်လွန်ကဲကဲ စားနေမိခဲ့တဲ့အချိန်မို့ မပြောခဲ့တာဖြစ်တယ်။ သူတို့သားအမိ ပြန်သွားချိန်ကစပြီး သူ အချိုလျှော့စားခဲ့တယ်။ ဒါကြောင့် အခုအချိန်မှာ သူကိုယ်တိုင် အချိုလျှော့စား နေသူတစ်ယောက်အဖြစ် လိပ်ပြာသန့်သန့်နဲ့ ကလေးကို အချိုလျှော့စားဖို့ ဆုံးမရဲခဲ့တာဖြစ်တယ်လို့ ပြန်ဖြေခဲ့တယ်။

လျှာအရိုးမရှိ လျှောက်ပြောစရာ မဟုတ်

ဒီဖြစ်ရပ်ကလေးကနေ ဥပဒေသ ထုတ်ယူမယ်ဆိုရင် လာတော့မယ့် ဒီမိုကရေစီခေတ်မှာ ပြည်သူ့အကျိုးအတွက် ထိထိရောက်ရောက် ထမ်းဆောင်သွားကြဖို့ အားခဲ ထားကြတဲ့ (တစ်နည်း) လာတော့မယ့် ဒီမိုကရေစီ ရွေးကောက်ပွဲ တသီတသန်းကြီးမှာ ပြည်သူတွေဆီကနေ သူတို့ကို တရားဝင်ကိုယ်စားပြုခွင့် သို့မဟုတ် ထောက်ခံမဲတောင်းကြဖို့ ရည်ရွယ်ချက်ရှိကြတဲ့ ဒီမိုကရေစီ ဘက်တော်သား နိုင်ငံရေးသမား တွေအတွက် အရေးကြီးတဲ့ သင်ခန်းစာ တစ်ရပ်ရနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။

ဒီမိုကရေစီခေတ်မှာလုပ်နိုင်သလောက်ပဲပြော၊ ပြောပြီးရင် ဖြစ်အောင်လုပ်တဲ့နိုင်ငံရေးသမားတွေကို အထူးလိုအပ်တယ်။ "ပြောတော့မိုး ထိုးတော့ မြေကြီး "လူစားတွေကို မထောက်ခံမိဖို့ သတိကြီးစွာထားရမှာ ဖြစ်တယ်။ ကိုယ်တိုင်က အချိုတွေစားနေပြီး လက်အောက် ငယ်သားတွေကိုတော့အချိုစားတာ မကောင်းဘူး လို့ ပြောတတ်သူတွေကို ရှောင်ရမှာ ဖြစ်တယ်။ အဂတိလိုက်စားမှုပပျောက်ရေး၊ အဂတိကင်းတဲ့ တရားစီရင်ရေး၊ ကြိုးနီစနစ်ပယ်ဖျက်ရေး၊ အတိတ်ကအမှားတွေကို သင်ခန်းစာယူရေး၊ ဥပဒေအထက်မှာ မည်သူမှ မရှိစေရ၊ လက်ညှိုးမကောင်း လက်ညှိုး လက်မမကောင်းလက်မ၊ လက်သင့်ရာစားတော်ခေါ် ဝေစားမျှစား စီးပွားရေး မဖြစ်စေရ စတဲ့ စကားလုံးတွေဟာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေရမှာ မဟုတ်ကြောင်းပါဗျ။

maungwuntha@gmail

0 ဘာသာပြန် မြန်မာသတင်းများ (မောင်သစ်စိမ်း-mmcp)

အမေရိကန် စီအိုင်အေ ညွှန်ကြားရေးမှူး မြန်မာပြည်လာရန်ရှိ
source: The New York Times
အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးကောင်းမွန်လာသည့်အတွက် အမေရိကန်ပြည်ထောင်စု Central Intelligence Agency (CIA) ၏ ဒါရိုက်တာDavid H. Petraeus မြန်မာပြည်သို့ ယခုနှစ်နှောင်းပိုင်းတွင် လာရောက်ရန်ရှိကြောင်း အင်္ဂါနေ့သတင်းများအရ သိရသည်။ Mr. Petraeus က ဘန်ကောက်တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikul နှင့်တွေ့ဆုံစဉ် မြန်မာပြည်သို့ သေချာပေါက်လာရောက်မည်ဟု ပြောကြားခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ဘန်ကောက်ရှိ အမည်မဖေါ်လိုသော အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားချက်အရ စုံစမ်းစစ်ဆေးမှုများအကြောင်း ဆွေးနွေးနေကြစဉ် ဃှုဗ ဒါရိုက်တာက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Clinton က ၎င်းးကို မြန်မာပြည်သို့ ယခုနှစ်နှောင်းပိုင်းအတွင်း သွားရောက်ရန် ခိုင်းစေခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ အမေရိကန်နှင့် မြန်မာနိုင်ငံတို့သည် ၁၉၈၀ ပြည့်လွန်နှစ်များအထိ စုံစမ်းစစ်ဆေးမှုများနှင့် စစ်ရေးစစ်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ဆင်ဆာအဖွဲ့ ဖျက်သိမ်းရန်ရှိ
source: AFP
မြန်မာပြည်တွင် မကြာမီ မီဒီယာဥပဒေအသစ် ထွက်ပေါ်လာရန်ရှိပြီး ဆင်ဆာဘုတ်အဖွဲ့ကို ဖျက်သိမ်းတော့ မည် ဖြစ်ကြောင်း သိရသည်။ "ဆင်ဆာအဖွဲ့ကိုဖျက်သိမ်းဖို့ လွှတ်တော်မှာ အားလုံးက သဘောတူခဲ့ကြ ပါတယ်"ဟု ဝန်ကြီးဌါန၏ ညွှန်ကြားရေးမှူး ဦးရဲထွဋ်က AFP သတင်းဌါနကို ပြောကြားခဲ့ပြီး အကယ်၍ ထိုဥပဒေမူကြမ်းကို ပြုပြင်ပြောင်းလဲခြင်းမရှိပါက ဆင်ဆာဘုတ်အဖွဲ့ကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဥပဒေမူကြမ်းကို ပြည်သူလူထုထံ ချပြခြင်းမရှိသေးသော်လည်း မီဒီယာအဖွဲ့များကို ဥပဒေမူကြမ်းနှင့်ပတ်သက်၍ အဆိုပြုလွှာများ တင်သွင်းရန် ခေါ်ယူထားကြောင်း သိရသည်။ ထို့အပြင် ထိုဥပဒေကို ယခုလက်ရှိ လွှတ်တော်ဆွေးနွေးမှုများတွင် ထည့်သွင်းဆွေးနွေးလိမ့်မည် မဟုတ်သေးသော်လည်း တရားသူကြီးချုပ်ထံ တင်ပြထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း အကောင်အထည်ဖေါ်မည် ဖြစ်ကြောင်း သိရသည်။ လက်ထောက်ဒါရိုက်တာ ဦးတင့်ဆွေကလည်း "ဒီဥပဒေထွက်လာပြီးရင် ဆင်ဆာဘုတ်အဖွဲ့ ရှိမှာမဟုတ်တော့ပါဘူး" ဟု ဆိုသည်။

source: Statement of State government (US)
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဆန်ရှင်တားမြစ်မှုတွေကို အဆင့်လိုက်စီစစ်ဆုံးဖြတ်ရာမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က လူကုန်ကူးမှု တိုက်ဖျက်ရေး ဥပဒေမှ တားမြစ်မှုတွေကို ကင်းလွတ်ခွင့်ကို လက်မှတ်ရေးထိုး ပေးလိုက်ပါပြီ။

အဲဒီကင်းလွတ်ခွင့်တွေကြောင့် အမေရိကန်တွေထောက်ခံထားတဲ့ အိုင်အမ်အက်ဖ် (IMF) ကမ္ဘာဘဏ်(World Bank) အာရှဓနဖွံ့ဖြိုးမှုဘဏ် (ADB)တို့အနေနဲ့ မြန်မာနိုင်ငံကို နည်းပညာအကူအညီ နဲ့ ထောက်ပံရေးအတွက် လေ့လာမှုတွေ ဝင်ရောက်လုပ်ကိုင်မှုကို ပေးနိုင်တော့မှာဖြစ်ပါတယ်။

ဒီလိုကင်းလွတ်ခွင့်ပေးလိုက်တာဟာ ဟီလာရီ ကလင်တန် လာရောက်စဉ်က ပေးထားတဲ့ ကတိအတိုင်း မြန်မာအစိုးရရဲ့ တလှမ်းလှမ်းလိုက်တိုင်း အမေရိကန်က တဆင့်တိုး ပြုလုပ်ပေးလိုက်တာ ဖြစ်တယ်လို့ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ကတ်ကမ်ဘဲလ်က ပြောလိုက်ပါတယ်။

Wednesday, February 8, 2012

1 ဘာမထီပုသိမ်သား


ပုလည်းပု သိမ်လည်း သိမ်ပေမယ့်
သွေးကတော့ မနည်းပါဘူး။
... ခေါက်ဆွဲမုန့်ဟင်းခါးဆိုတာ
ပုသိမ်သားတွေ အသေကြိုက်ပေမယ့်
ဘယ်အချိန်မှာ စားရမယ်၊ ဘယ်အချိန်မစားရဘူးဆိုတာလည်း သိပါတယ်။
ခေါက်ဆွဲမုန့်ဟင်းခါးလောက်နဲ့တော့မစည်းရုံးနဲ့လေ
ဂျီသရီးနဲ့ပစ်မယ်ဆိုတုန်းကတောင်
ကမ်းလုံးညွှတ်ကြိုခဲ့ကြတာ
ပစ်မယ့်စစ်သားတွေ နောက်ဆုတ်သွားခဲ့ရတာ
ပုသိမ်မြို့ရဲ့ ကမ်းနားလမ်းမှာ . . .။
ကားနဲ့မသွားရလို့ တားလို့
အမေစု စက်ဘီးနဲ့ထွက်တော့
စက်ဘီးတွေနဲ့ လိုက်ခဲ့ကြတာ
နှစ် ၂၀ ကြာခဲ့ပြီဆိုပေမယ့်
မနေ့ကလိုပါပဲ . . .။
မြို့လယ်ခေါင် ကွင်းမရလို့
ကိုးသိန်းကွင်းဆိုတော့
ရန်ဆွယ်ကိုးသိန်း ကွင်းတာပေါ့လို့
ပုသိမ်သားတွေက လှည့်တွေးတတ်တယ်။
လူငယ်တွေက မအိပ်ကြဘူး။
မနက်မနိုးမှာစိုးလို့ . . .။
ဆိုင်ကယ်တွေကို ဓာတ်ဆီအပြည့်ဖြည့်ထားတယ်
မိုင် ၂၀ အဝေးကနေ ကြိုလို့ရအောင် . . .။
ဆိုင်ကယ်တွေကို အားလုံးပြုပြင်ထားတယ်
အပြန်ကျရင် လိုက်ပို့နှုတ်ဆက်ရအောင် . . .။
ပုသိမ်ထီးတွေ အရောင်စုံ ကြိုစုထားတယ်
အမေစု အင်္ဂျီာနဲ့ လိုက်ဖက်အောင်လို့ . . .။
ဆရာဝန်တွေ နားကျပ်တွေ အသင့်ဆောင်လို့
စောင့်မျှော်သူတွေ နေမကောင်းဖြစ်ရင်
ချက်ချင်းကုသရအောင်
ဓာတ်ပုံသမားတွေ ရှိတဲ့ကင်မရာလေးတွေ ဆောင်လို့
အမေစုကို ပုသိမ်သားတွေချစ်ကြောင်း
ကမ္ဘာကိုကြွားမလို့
ထီးနဲ့လည်း အေးမြစေရမယ်
အပြုံးနဲ့လည်း အေးမြစေရမယ်
အခုမှ ချက်ချင်းပေါ်လာတဲ့
စာမေးပွဲကိုလည်း မဖြေရဲဘဲနေရဲတယ်။


Linn Way Khat

1 အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းမှာ ပြောကြားသောမိန့်ခွန်း။


ရွေးကောက်ပွဲမှာ တရားမျှတဖို့ ပြည်သူလူထုက ၀ိုင်း ကာကွယ် စောင့်ရှောက်ကြရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ ကိုးသိန်း အားကစားကွင်းမှာ ပြောကြားချက်။ (dvb)

0 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြောင်းမြခရီးစဉ် ပြည်သူလူထုကြီးတခဲနက်ကြိုဆိုထောက်ခံ


ပြည်တော်ပြန်မယ်ထွေး နန်းတက်မှအေးတဲ့တဘောင်နဲ့ ကြိုဆိုတဲ့ ပုသိမ်သားတွေရဲ့ အမေစုကို ထောက်ခံချက်


Photo..Getty images. Facebook

ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် မြောင်းမြမြို့သို့ သွားရောက်သည့် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တလျှောက် မြို့များ ရွာများမှ လူပရိတ်သတ်ထောင်ပေါင်းများစွာ ကြိုဆိုကြပြီး ပုသိမ်မြို့တွင်ပြုလုပ်သည့် လူထုဟောပြောပွဲသို့လည်း လူပရိသတ် သောင်းနှင့်ချီလာရောက် နားထောင်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့နံနက် ၅နာရီမှ စတင်ထွက်ခွာခဲ့ပြီး လမ်းခရီးမြို့များတွင် ကြိုဆိုလျှက်ရှိသည့် ပရိတ်သတ်များအား နှုတ်ဆက်နေခြင်းတို့ကြောင့် နကိုစီစဉ်ထားသည့်အတိုင်း ပုသိမ်မြို့၌ ၉နာရီတွင် ဟောပြောပွဲမစနိုင်ပဲ နေ့လည် ၁၀နာရီ ၂၅ မိနစ်တွင် ပုသိမ်မြို့ထဲ စတင်ဝင်ရောက်ခဲ့သည်။

မြို့တွင်းဝင်သည့် လမ်းခုလပ် ပုသိမ် ဂျီတီစီကျောင်းရှေ့၌ ကျောင်းဝတ်စုံများဖြင့် ထွက်ကြိုကြသည့် ဂျီတီစီကျောင်းသားများအား ခေတ္တရပ်၍ စကားပြောဆိုသည်။

ကျောင်းသားများက ဒေါ်အောင်ဆန်းစုကြည်အား မြင်တွေ့ကြိုဆိုလိုသဖြင့် ကျောင်းထဲမှ ထွက်လာခြင်းဖြစ်ကြောင်း စာမေးပွဲ မဖြေရတော့ကြောင်း ဖြေဆိုခဲ့ကြသည်။

ထို့နောက် ၁၁နာရီ ၁၀ မိနစ်တွင် ကိုးသိန်းအားကစားကွင်းအတွင်းစတင်ဝင်ရောက်ပြီး စောင့်ဆိုင်းနေသည့် လူထုအား နာရီဝက်ခန့် စကားပြောဆိုသည်။

ထိုသို့ပြောဆိုရာတွင် လူထုပရိသတ် ယခုလောက် လာရောက် ထောက်ခံအားပေးကြသည်ကို မြင်နေလျှက်သားနှင့် လာမည့် ရွေးကောက်ပွဲတွင် မဲရှုံးလျင် တခုခုမှားယွင်းနေလိမ့်မည်ဟု ပြောဆိုသွားသည်။

ထို့ပြင် အန်အယ်လ်ဒီပါတီအား လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးရန် ပြောဆိုသွားသကဲ့သို့ လမ်းတွင် ကရင်တိုင်းရင်းသားများက ဒုံးယိမ်းအကဖြင့် ကြိုဆိုကြသည်ကို ၀မ်းသာကြောင်း၊ ယခုလို နေပူပြင်းပြင်းတွင် လာရောက်ကြိုဆိုကြသဖြင့် ခံနိုင်ရည်ရှိလိမ့်မည်ဟု ယူဆကြောင်း၊ ယင်းခံနိုင်ရည်ကို နိုင်ငံ့အရေးဘက်တွင် အသုံးချစေလိုကြောင်းလည်း ပြောဆိုသည်။

ပြည်တွင်းငြိမ်းချမ်းရေး အရေးကြီးကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရမှ စစ်မှန်သည့် ဒီမိုကရေစီဖြစ်လိမ့်မည်ဟုလည်း ပြောဆိုသွားသည်။ ပုသိမ်မြို့က သူတွေတက်တက်ကြွကြွရှိကြတာကို တွေ့မြင်ရကြောင်း၊ စည်းကမ်းပိုင်းတွင်အားနည်း သည်ကိုလည်း သတိထားမိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

စီးပွားရေးနှင့် ပတ်သက်၍ ဆင်းရဲမွဲတေမှု ပပျောက်ရေးရုံသာမက ချမ်းသာသည့် အဆင့်ရောက်အောင်လည်း လုပ်ရဦးမည်ဟု ပြောဆိုသည်။

ထို့နောက် နေ့ခင်း ၁၂နာရီ ခွဲတွင် မြောင်းမြမြို့သို့ ထွက်ခွာသွားရာ ၃ နာရီ သာသာတွင် မြောင်းမြမြို့သို့ဝင်ရောက်သွားပြီဖြစ်သည်။ မြောင်းမြမြို့ မီတာ လေးရာ အားကစားကွင်းတွင် လူထုပရိသတ်အား ဟောပြောမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့လာရောက်မည့် နေ့နှင့်တိုက်ဆိုက်၍ တက္ကသိုလ်တွင် စာမေးပွဲစစ်မေးခြင်း၊ ရပ်ကွက်ရုံးများတွင် စတုဒီသာကျွေးမွေးခြင်း၊ အိမ်ဂရန်များထုတ်ပေးမည်ဟု အကြောင်းကြားကာ အိမ်တွင်စောင့်ဆိုင်းနေဖို့ ဆော်သြခြင်းများ သက်ဆိုင်ရာ အာဏာပိုင်များက လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများကပြောသည်။ ။
Yangon press international
ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ မနက် ပုသိမ်မှာ ပြောကြားတဲ့ မိန့်ခွန်း (DVB)


၂၀၁၂ ဖေဖော်ဝါရီ ၇ရက် ဒေါ်အောင်ဆန်းစုကြည် မြောင်းမြမှာ ပြောကြားသွားသောမိန့်ခွန်း ကောက်နှုတ်တင်ပြချက်(DVB)

Tuesday, February 7, 2012

1 လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ပုသိမ်ခရီးစဉ် လူထုဟောပြောပွဲအတွက်ပြင်ဆင်နေကြသော ပုသိမ်မြို့သူမြို့သားများ

ပုသိမ်သူတဦးကလည်း ပုသိမ်မြို့ သင်္ကေတ ပုသိမ်ထီးနဲ့ အန်အယ်လ်ဒီအမှတ်တံဆိပ်ကိုတွဲဖက်၍
ပုသိမ်မြို့မှ အင်တာနက်ဆိုင်မှာလည်း အန်အယ်လ်ဒီ တံဆိပ်များ ပလူပျံနေ




မနက်ဖြန်နံနက်တွင် ပုသိမ်မြို့သို့ နေ့ချင်းပြန်သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည်အား ပုသိမ်မြို့ခံများသာ မက ဧရာဝတီတိုင်း အခြားမြို့နယ်များ ကျေးရွာများမှ ပြည်သူများ ရေလမ်းကုန်းလမ်းဖြင့်လာရောက်လျှက်ရှိရာ ပုသိမ်မြို့ သင်္ဘောဆိပ်၊ ဟောပြောပြွဲုပုလုပ်မည့် ကိုးသိန်းအားကစားကွင်းတို့တွင် ညအိပ်စောင့်ဆိုင်းကြသည် အထိ စိတ်ဝင်စားမှုများပြားသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့သို့ လာရောက်စဉ် ကိုယ်တိုင်တွေ့မြင် နားထောင်လိုကြသည့် ယနေ့နေ့လည်မှ စတင်ကာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမှ မြို့များ ကျေးရွာများမှ ပုသိမ်မြို့သို့ လာရောက်နေကြပြီဖြစ်သည်။

မနက်ဖြန်နံနက်တွင် မြို့အ၀င်၊ အထွက်များအား တင်းကြပ်မည်စိုးသဖြင့် ယနေ့ညကတည်းက လာရောက်ကြခြင်းဖြစ်သည်ဟုလည်း နယ်မှ လာရောက်သူများက ပြောသည်။

ယနေ့ည ၆နာရီကျော်တွင် သိရသမျှ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲကို နားထောင်လိုသဖြင့် ဘောလုံးကွင်းတွင် ညအိပ်မည့်သူ ၁၀၀ ကျော်ရှိနေသည်ကိုတွေ့ရှိရသည်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကိုလာရောက်ကြည့်ရှုလိုသူများ ပုသိမ်သို့လာရောက်နိုင်ရန် နယ်မြို့နှင့် ကျေးရွာများမှ ငွေကြေးတတ်နိုင်သူများက အကုန်ကျခံကာ ရေယာဉ်၊ ကားငှားပေးခြင်းများလည်း အများအပြားရှိသည်ဟု လာရောက်သူများကပြောသည်။

သာပေါင်းမြို့နယ်မှ လာရောက်သူ ကိုမြင့်အောင်က “ ကျွန်တော်တို့ကို တအိမ်တယောက်တက်ရမယ်ဆိုလို့ လာတာလည်းမဟုတ်ဘူး၊ ဒီပွဲလာလို့ ဘာမှရမှာမဟုတ်ဘူး၊ ရေသောက်ရချင်မှ သောက်ရမယ်၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ချစ်လို့ လာတာ၊ နေပူထဲမှာရေငတ်ချင်ငတ်ပါစေ အငတ်ခံပြီး တွေ့ချင်လို့လာတာ” ဟုပြောသည်။

နက်ဖြန်တွင် ပုသိမ်မြို့တွင်းသို့ ၀င်သည့်လမ်းများ၌ ယာဉ်စည်းကမ်း၊ ဆိုင်ကယ်လိုင်စင် ယာဉ်မောင်းလိုင်စင်တို့ကို ပုံမှန်ထက် တင်းကြပ်စွာ စစ်ဆေးဖို့ အမိန့်ထုတ်ထားကြောင်း ယာဉ်ထိန်းရဲ တဦးကပြောဆိုသကဲ့သို့ ပုသိမ်မြို့ အမှတ် ၉ နှင့် ၁၂ ရပ်ကွက်များမှ လူထုလွယ်လွယ်ကူကူ ကူးမလာစေရန်လည်း စိန်ကုန်းကူးတို့ဆိပ်အား မနက်ဖြန်ပိတ်ထားမည်ဟု သိရှိရသည်။

ပုသိမ်မြို့ခံများထဲမှ အန်အယ်ဒီအလံ၊ အန်အယ်လ်ဒီအမှတ်တံဆိပ် တီရှပ်အကျီင်္များဖြင့် မြို့ထဲတွင် ဟိုစုစု ဒီစုစုလှုပ်ရှားနေကြသည်ကိုလည်း တွေ့ရှိရသည်။ ယနေ့ညနေကတည်းက ရဲလုံခြုံရေးများလည်း ပုသိမ်မြို့တွင်း လှည့်လှည်နေသည်ကိုတွေ့ရပြီး ရဲဝန်ထမ်းတဦး၏ အဆိုအရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နယ်မြို့များမှ ရဲဝန်ထမ်း ၁၀၀၀ ကျော်တိုးမြှင့်ချထားသည်ဟု သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အား လူထုပရိတ်သတ်က စိတ်ဝင်စားမှု များပြားနေချိန်တွင် ယနေ့နံနက်ပိုင်း ပုသိမ်တက္ကသိုလ်တွင် ကျောင်းသားများ လူရည်ချွန်ဖြစ်မြောက်စေရန် ခေါင်းစဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဟောပြောခဲ့သည်။ ကျောင်းသား ၃၅၀၀ ကျော်တက်ရောက်ကြသည်ဟုလည်း တက္ကသိုလ်ကျောင်းသား တဦးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်မြောက်ပြီး တစ်နှစ်ကျော်ကြာကာလအတွင်း ပဲခူးမြို့သို့ လူထုနှင့် တွေ့ဆုံရန် သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ယခင်လနှောင်းပိုင်း ထားဝယ် မြို့သို့ စည်းရုံးရေး အဖြစ်သွားရောက်ပြီးနောက် ပုသိမ်ခရီးစဉ်သည် ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။ ။(YPI)

Photo news.. Goldenpathein, yangon press international

0 မာယာများတဲ့ အကယ်ဒမီ



မာယာများတဲ့ အကယ်ဒမီ

၁၉၅၂ ခုနှစ်က စတင်၍ အနုပညာလောကနှင့် အနုပညာသမားများကို အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတော်အစိုးရ၊ တနည်းအားဖြင့် ရုပ်ရှင်အနုပညာရှင်များ၏ သရုပ်ဆောင်မှု အတတ်ပညာကို အသိအမှတ်ပြုခဲ့တဲ့ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ချီးမြှင့်ပွဲသည် ယခုဆိုလျှင် အနှစ် (၆၀) တင်းတင်းပြည့် ခဲ့ပြီဖြစ်သည်။ ၁၉၅၂ ခုနှစ်မှ စတင်၍ ၂၀၁၁ ခုနှစ်အထိ ထူးချွန်ဆုပေါင်း (၃၂၈) ဆု ချီးမြှင့်ပြီးခဲ့သည်ကို ကျွန်တော်သိခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ငွေရတုသဘင် အထိမ်းအမှတ်ပွဲကြီးကို မြန်မာပြည် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတို့သည် မြန်မာ့ရုပ်ရှင် အနုပညာရှင်များအား တစ်လေးတစ်စား အသိအမှတ်ပြုစွာဖြင့် တက်ရောက်ချီးမြှင့်ခဲ့သေးသည်။

လွန်ခဲ့သော ၁၉၅၂ ခုနှစ်တွင် လူ့လောကသို့ မရောက်သေးသော၊ လူမဖြစ်သေးသော ကျွန်တော့် အဖို့တော့ အတိတ်ကို ပြန်မတူးဆွလိုပါ။ ကျွန်တော်ကလေးအရွယ် ရုပ်ရှင်ပိုးထသော အရွယ်မှစ၍ မှတ်မိ သလောက် (ဦး)ကောလိပ်ဂျင်နေဝင်း၊ (ဦး)ညွှန့်ဝင်း၊ (ဒေါ်)ကြည်ကြည်ဋ္ဌေး၊ (ဒေါ်)ဝါဝါဝင်းရွှေ၊ (ဒေါ်) ခင်သန်းနု၊ (ဒေါ်)နွဲ့နွဲ့မူ စသည့် အနုပညာရှင်များသည် အလွန့်အလွန် သရုပ်ဆောင်ရာတွင် ထူးချွန် ထက်မြတ်သော ပရိသတ်၏နုလုံးသားအား ဆွဲကိုင်ဖမ်းဆုပ်နိုင်သော အနုပညာရှင်ကြီးများဖြစ်သည်နှင့် အလျှောက် ထူးချွန်ထက်မြတ်သော အကယ်ဒမီရွှေစင်ရုပ်တုကြီးများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။ သို့သော် ထိုဝါရင့်သရုပ်ဆောင်ကြီးများထဲတွင် (ဦး)ကျော်ဟိန်း မပါဝင်ခဲ့ချေ။ (ဦး)ကျော်ဟိန်း မည်မျှပင် သရုပ်ကောင်းသော်ငြားလည်း အကယ်ဒမီဆုဟူသော ထူးချွန်ဆုကို နှစ်ပေါင်းများစွာ လက်ဝယ်သို့ မရောက်ရှိခဲ့ချေ။ ဘဘ ဦးသုခ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော “အကာကအချစ် အနှစ်ကမေတ္တာ” ဟူသော ဇာတ်ကားတွင် ကတောင်းမြှောင်အောင်ကြိုက်သည့် အရုပ်ဖြင့် ထူးချွန်ဆုကို ရရှိခဲ့သည်မှာ အံသြ စရာတစ်ခု ဖြစ်ခဲ့ရသည်။

ဤတွင် ကျွန်တော်၏ အနုပညာသမားတစ်ယောက်၏ ခံစားချက်များကို တင်ပြပါတော့မည်။

ကျွန်တော်သည် ၁၉၈၃ ခုနှစ်တွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၏ “ချစ်ကြိုးလေး နှစ်မျှင်” နှစ်ကိုယ်ခွဲဇာတ်ကားဖြင့် ရုပ်ရှင်အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ၁၉၇၀ ခုနှစ် မတိုင်ခင်ကတည်းက ဖခင် ဦးစိန်တင် ဦးစီးလုပ်ကိုင်နေသော “အမျိုးသား” ရုပ်ရှင်ကုမ္ပဏီပိုင် ရုပ်ရှင်ရိုက် ကူးရေး စတူဒီယိုထဲတွင် ကြီးပြင်းလာသည်နှင့်အညီ အနုပညာသည်များ စုံလင်စွာနှင့် ရင်းနှီးခဲ့သူ တစ်ယောက်လည်းဖြစ်သည်။ ကျွန်တော် ရုပ်ရှင်သရုပ်ဆောင်စတင်ဖြစ်သည့် အချိန်ကာလများတွင် လူငယ်သရုပ်ဆောင်သစ်များ ရှားပါးနေသည်နှင့်အညီ လူငယ်စရိုက်၊ လူငယ်သဘာဝ၊ လူငယ်တို့၏ ဝတ် စားဆင်ယင်မှုတို့ဖြင့် ရုပ်ရှင်ရိုက်ကူးခဲ့ရသော လူငယ်သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားများသာဖြစ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ခေတ်ကာလတွင် ဝတ်စားဆင်ယင်မှု ဒီဇိုင်းများသည် ခေတ်လူငယ်ကိုယ်စားပြု ဝတ်စားဆင်ယင်မှုများကို အလေးသာခဲ့ရသည်။ ကျွန်တော်၏ အနုပညာသက်တမ်း (၅)နှစ်တာ ကာလသို့ ရောက်ရှိသောအခါ သဘာဝဇာတ်ရုပ်များ၊ သဘာဝကာရိုက်တာများကို စတင်ခြေလှမ်းခဲ့တော့သည်။ ထို ကာလများတွင် ရိုက်ကူးခဲ့သော “မာနမင်းသား”၊ “မရဲ့မောင်လေး”၊ “ရင်ခုန်မိတာအချစ်လား”၊ “ချစ်မ” စသည့် ရုပ်ရှင်ဇာတ်ကားများသည် အလွန်အောင်မြင်ခဲ့သော ဇာတ်ကားများဖြစ်တော့သည်။ ထိုစဉ်အခါက ကျွန်တော်သည် အနုပညာသမားတစ်ဦး၏ ပြည်သူအပေါ်ပေးဆပ်ရမည့်၊ ပြည်သူ့ကိုယ်စား သရုပ်ဖော် ပေးရမည့် ပြည်သူ့အနုပညာသမားတစ်ဦး၏ တာဝန်တစ်ရပ်ကို သိရှိနားလည်ခဲ့ရသည်။

ထို့ကြောင့် စာပေ ဗိမာန်ဆုရ “တဒင်္ဂလေးများစွာ” ဟူသော ဝတ္ထုအား ဒါရိုက်တာ အေဝမ်းသိန်းထွဋ် (စပ်စု)မှ တစ်ဆင့် ဖတ်ရှု မိကာ လူငယ်ပြုပြင်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဟူသော တိုင်းကျိုးပြည်ကျိုးပြုဇာတ်လမ်းဖြစ်ပါ၍ ဖခင် ဦးစိန်တင်အား ကိုယ်ပိုင်အမျိုးသားရုပ်ရှင်မှ ထုတ်လုပ်ရိုက်ကူးရန် တိုက်တွန်းခဲ့သည်။ ဖခင် ဦးစိန်တင်မှ ဒါရိုက်တာ ကြည်စိုးထွန်းအား ရိုက်ကူးစေခဲ့သည်။ ထို “တဒင်္ဂလေးများစွာ” ဇာတ်လမ်းအား ကျွန်တော့်အနေဖြင့် ဖတ်ရှုပြီးသည့်နောက် လူငယ်တို့၏ ရည်ရွယ်ချက်ပန်းတိုင်အား တည့်တည့်မတ်မတ် ထိရောက်အောင် ပစ်နိုင်သော “ဒိုး” ဟူသော အမည်နာမအား ရုပ်ရှင်ဇာတ်ကားအဖြစ် အသုံးပြုရန် တိုက်တွန်းခဲ့သည်။ ယင်း “ဒိုး” (အဖြူ/အမဲ) ရုပ်ရှင်ဇာတ်ကားမှာ ကျော်သူ၊ စိုးသူ၊ မေဝင်းမောင်၊ ဒေါ်မြင့်မြင့်ခင် စသည့်အနုပညာသည်များ ပါဝင်ခဲ့ကာ အလွန်အောင်မြင် လူကြိုက်များခဲ့သည့် ဇာတ်ကား ဖြစ်ခဲ့သည်။ ယင်း “ဒိုး” ဇာတ်ကားအား ကျွန်တော်များစွာ အားထားခဲ့သည်။ အကြောင်းမှာ ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၈ ခုနှစ်များတွင် အကယ်ဒမီထူးချွန်ဆု အခမ်းအနားများ နိုင်ငံတော်အစိုးရမှ ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါ သောကြောင့် “ဒိုး” ဇာတ်ကားသည် ၁၉၈၉ ခုနှစ် အကယ်ဒမီထူးချွန်ဆုပွဲနှင့် အကျုံးဝင်နေသောကြောင့် ကျွန်တော်တို့ မျှော်လင့်ချက်များ ထားရှိခြင်းဖြစ်သည်။ ထို့ပြင် ကျွန်တော်ရုပ်ရှင်လောကထဲသို့ ရောက်ခဲ့ ချိန်မှစ၍ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲဖိတ်စာများကို သက်ဆိုင်ရာအနုပညာရှင်များအား ဖိတ်ကြားရာတွင် ဥပမာအားဖြင့် ဇနီးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့လျှင်သော်၎င်း၊ ယောကျာ်းဖြစ်သူ သည် ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့သော်၎င်း၊ ဇနီးမောင်နှံ နှစ်ဦးစလုံးကို ထိုင်ခုံတွဲလျက်ဖိတ်ကြားခြင်း မပြုခဲ့။ ယောကျာ်းဖြစ်သူနှင့် ဇနီးဖြစ်သူနှစ်ဦးစလုံး ရုပ်ရှင်အနုပညာလောကတွင် လုပ်ကိုင်နေပါမှ ဇနီးမောင်နှံ နှစ်ဦးစလုံး ထိုင်ခုံတွဲလျက်ရရှိသည်။ သို့သော် ၁၉၈၉ ခုနှစ်၌ ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲတွင် ပွဲတက်ရောက်ရန် ဖိတ်ကြားသောအခါ ကျွန်တော်၏ ဖခင်နှင့် မိခင်တို့သည် နိုင်ငံရပ်ခြားသို့ ရောက်ရှိ နေသောအချိန်ဖြစ်သည်။ ထို့ကြောင့် အကယ်ဒမီ အကဲဖြတ်ဘုတ်အဖွဲ့မှ ဖိတ်စာဖိတ်ကြားရာတွင် ကျွန်တော့်အား ဇနီးဖြစ်သူနှင့် မတက်မနေရ၊ ထို့အပြင် “အမျိုးသားရုပ်ရှင်” ကုမ္ပဏီကိုယ်စား တက်ရောက် မည့် သူတစ်ဦးပါ မဖြစ်မနေ တက်ရောက်ရန် ပြောကြားခဲ့သည်။ ထို့ကြောင့် ကျွန်တော်တို့ အထူးခြားဆုံး အကြိုးစားဆုံး သရုပ်ဆောင်ခဲ့သော “ဒိုး” ဟူသော ရုပ်ရှင်ဇာတ်ကားမှာ အကယ်ဒမီဆုနှင့် မလွဲနိုင်တော့ပြီ ဟု ယုံကြည်မိခဲ့သည်။

ကျွန်တော်၏ စိတ်အစဉ်တို့သည် အကယ်ဒမီပွဲခင်းထဲတွင် လွန်စွာမှ စိတ်လှုပ်ရှား နေမိတော့သည်။ သတင်းထောက်များ၊ ရုပ်ရှင်လောကသားများ၏ မျက်လုံးများသည် ကျွန်တော့်ထံ ဝိုင်းဝန်းစူးစိုက် ကြည့်ရှုကြခြင်းကို ခံနေရသည်။ ကျွန်တော်သည် ရုပ်ရှင်သက်တမ်း (၆) နှစ်ကြာသည် အထိ ထူးချွန်ဆု အကယ်ဒမီဆုကို မရရှိသေးသော အနုပညာအင်အား၊ ခွန်အားများ နည်းပါးနေသော ချို့တဲ့သည့် အနုပညာရှင်တစ်ယောက်ကဲ့သို့ ခံစားနေရသည်။ ရနိုး ရနိုးနှင့် ဤ အကယ်ဒမီ ထူးချွန် ဆုကြီးကို ဤတစ်ကြိမ်တွင် ပစ်မလွဲရတော့မည်ဟု ယုံကြည်မိသည်။ ကျွန်တော်၏ ဇနီးဖြစ်သူ ရွှေဇီးကွက် မှလည်း အနားမှ ကျွန်တော်၏လက်အားဆုပ်ကိုင်ကာ ကျွန်တော့်အား အားပေးမှုကိုခံနေရသည်။ အခမ်းအနားစ၍ ယင်းနှစ်အတွင်း ထူးချွန်သော အကောင်းဆုံးဇာတ်ကားဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး”။ အကောင်းဆုံးသော အထူးချွန်ဆုံးသော ဒါရိုက်တာဆုကို ကြေငြာလိုက်သည့်အခါ …. “ဒိုး” ရုပ်ရှင်ဇာတ်ကားအား ရိုက်ကူးသော ဒါရိုက်တာ ကြည်စိုးထွန်း ဖြစ်နေသည်။ ထို့ကြောင့် ကျွန်တော်အပါ အဝင် ရုပ်ရှင်လောကသားများမှ ရုပ်ရှင်သရုပ်ဆောင်အထူးချွန်ဆုံးသောဆုကို တွက်ဆ၍ ရသွားပြီ ဖြစ်သည်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားနှင့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု ရရှိသည်ဖြစ်ပါက ထို ဇာတ်ကားထဲတွင် အကောင်းဆုံးသော သရုပ်ဆောင်ဆုတစ်ဆု အနည်းဆုံးရသင့်သည် မဟုတ်ပါလား။

ထိုအချိန်တွင် အခမ်းအနား အစီအစဉ်ကိုကြေငြာရာတွင် စီစဉ်တင်ဆက်သူ (အမည်မမှတ်မိ)မှ ကြေငြာရာ တွင် ၁၉၈၉ ခုနှစ်အတွက် အကောင်းဆုံးသော အထူးချွန်ဆုံးသော ရုပ်ရှင်သရုပ်ဆောင် မင်းသားဆုကို ရရှိ သည့် အမျိုးသားသရုပ်ဆောင်မှာ ကိုကျော် . . ကျော် . . ကျော် . . ကျော် ဟူ၍ (အသံအားဆွဲငင်မှုပြု၍) ကြေငြာလိုက်စဉ် ကျွန်တော်၏ အနီးတွင် ဝိုင်းဝန်း၍ အားပေးချီးမြောက်မိ အနုပညာသမားများ၊ မှတ်တမ်း တင် ရိုက်ကူးမည့် ဓါတ်ပုံဆရာများ၊ ဗဟိုသတင်းရိုက်ကူးရေးအဖွဲ့သားများ ဝိုင်းဝန်း၍ နှုတ်ဆက်စကား ပြောခြင်း၊ အင်တာဗျူးလုပ်ခြင်း၊ ဓါတ်ပုံရုပ်ရှင်များရိုက်ကူးခြင်းတို့ကို မျက်စိမဖွင့်နိုင်လောက်အောင် ကင်မရာမီးရောင်များဖြင့် ဝေဝါး၍ နေတော့သည်။ သို့ရာတွင် အစီအစဉ်တင်ဆက်သူ၏ ကိုကျော် ဟူသော ဆွဲငင်မှုအသံ၏ အဆုံးတွင် “ဟိန်း” ဟူ၍ အသံတစ်ခုတည်းသာ ကြားမိလိုက်တော့သည်။ ကျွန်တော်၏ မျက်ဝန်းအစုံတွင် မျက်ရည်စက်များ ခိုတွဲကာ မျက်လုံးပေါင်းတစ်သိန်းခန့် ဝိုင်းဝန်း၍ ဂရုဏာသက်စွာ ကြည့်ရှုမှုကို မခံနိုင်သည့်အဆုံး ကျွန်တော် အကယ်ဒမီဆုပေးပွဲ (အမျိုးသားယဉ်ကျေးမှုကဇာတ်ရုံ) ခန်းမ မှ ပြေး၍ ထွက်ခွာသွားတော့သည်။

အမျိုးအမည်မသိသော လက်ချက်ဖြင့်၊ အမျိုးအမည်မသိသော ဒဏ်ရာ ကို ရရှိခဲ့သည်။ ကြေကွဲမှု၊ ဝမ်းနည်းမှု၊ နာကျည်းမှု၊ ပေါက်ကွဲမှု စသည့် ဒေါသ၊ မောဟများဖြင့် ပြည့်လျှံ ပေါက်ကွဲမိသည်။ အနီးအနားတွင် ကျွန်တော့်၏နောက်မှ ထပ်ချက်မကွာ လိုက်လံအားပေး ဖြေသိမ့် နေသော ဇနီးဖြစ်သူ ရွှေဇီးကွက်နှင့်အတူ ကျွန်တော်တို့ နေအိမ်ရှိရာသို့ ဦးတည်၍ ပြန်ခဲ့တော့သည်။ ထိုနေ့ ညတစ်ညလုံးနီးပါး ကျွန်တော်၏ “ဒိုးဟေ့ …. ဒိုး” ဟူသော ပေါက်ကွဲသံ၊ ကြွေးကြော်သံတို့သည် ကျောက် တံတားမြို့နယ်ရှိ ရုပ်ရှင်သမားတို့စုဝေးရာနှင့် ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့တွင် ပဲ့တင်ထပ်နေမည် ဟု ကြားသိသူတိုင်း သိရှိကြမည်ဖြစ်သည်။ ထို့ကြောင့် အခမ်းအနားကြေငြာသူတို့၏ ကြေငြာချက် ကြောင့် အကယ်ဒမီရွှေစင်ရုပ်အား ရင်နာခဲ့ရသော ပေါက်ကွဲခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်များလည်း ရှိခဲ့ဖူးမည် ဖြစ်သည်။ဤသည်မှာ ကျွန်တော်အနုပညာသက်တမ်း၏ ပထမဦးဆုံးသော အကယ်ဒမီပေါက်ကွဲမှုပင် ဖြစ်တော့သည်။

ထို့အပြင် ၁၉၈၉ ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ရွေးချယ်ထားရာ၌ ပါဝင်သော ကျွန်တော် ပထမ ဦးဆုံး ဒါရိုက်တာအဖြစ် ရိုက်ကူးထားသော “ကောင်းချစ်တဲ့မမ” ဇာတ်ကားတွင် ကျွန်တော် ၀ါသနာပါ သော ဓါတ်ပုံပညာရပ်များကို အစွမ်းကုန် အသုံးပြုရိုက်ကူးခဲ့ရာ ဓါတ်ပုံဆုကို မရရှိခဲ့ချေ။ ယင်းဇာတ်ကား တွင် ကျွန်တော်သည် ဇာတ်ကောင်တို့၏ စရိုက်များအားပေါ်လွင်ရန် ဓါတ်ပုံပညာရပ်ဖြင့် Filter ချပ်များ အသုံးပြုကာ မွန်းတပ်(ဒ်)အဖြစ် ရိုက်ကူးတင်ပြခဲ့သောကြောင့် ရုပ်ရှင်ကြည့်ပရိတ်သတ်များ အထူး နှစ်သက်ခဲ့သော အောင်မြင်သော ဇာတ်ကားဖြစ်ခဲ့သည်။ ယင်း ၁၉၈၉ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဟောလိဝုဒ်မှ အော်စကာဆုပေးပွဲတွင် သရုပ်ဆောင် ဒါရိုက်တာ ကလင့်အိစ်စ၀ုစ်(တ်) ရိုက်ကူးသော Untouchable ဟူသော ကောင်းဘွိုင်ရုပ်ရှင်ဇာတ်ကားအတွက် ဓါတ်ပုံဆုကို Filter ချပ်များ အသုံးပြု၍ အော်စကာဆုကို ထိုက်ထိုက်တန်တန်ကြီး ရရှိသွားခဲ့သည်။ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်လောကတွင် Filter အသုံးပြုပါက ဓါတ်ပုံဆုကို မပေးကြောင်း သိရှိခဲ့ရတော့သည်။

နောက်တစ်ဖန် ၁၉၉၂ ခုနှစ်တွင် အကယ်ဒမီမကျေပွဲအတွက် ထပ်မံတက်ရောက်ခဲ့ပြန်သည်။ ထို နှစ်တွင် အကယ်ဒမီတစ်ကြို ရွေးချယ်ရာ၌ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့ရိုက်ကူးသော “မူပိုင် ချစ်သူ” ဇာတ်ကားပါဝင်နေ၍ဖြစ်သည်။ ထိုနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားအား သရုပ်ဆောင်ခဲ့ရာ၌ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားတိုက်အင်တိုက် ကြိုးစားသရုပ်ဆောင်ခဲ့ခြင်းကြောင့် ယင်းဇာတ် ကားအတွက် အကယ်ဒမီဆုကို မျှော်လင့်မိခြင်းဖြစ်သည်။ ယင်းနှစ်တွင် “မူပိုင်ချစ်သူ” ဇာတ်ကားနှင့် အမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆုအား မေသန်းနုတစ်ဦးသာ ရရှိခဲ့ပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကား တွင် ထူးချွန်ဆုရသော သရုပ်ဆောင်မေသန်းနု၏ ဇာတ်လမ်းဇာတ်ကွက်များအား ပြသရာတွင် ကျွန်တော် ၏ သရုပ်ဆောင်မှုများ၏ အားသာမှုများကို တက်ရောက်သူအားလုံး သိရှိကြမည်ဖြစ်သည်။ သို့သော် ယင်း ၁၉၉၂ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု တစ်ဆုမျှ ပေးခဲ့ခြင်းမရှိ။ ထို့ကြောင့် ထိုနှစ်တွင် အမျိုးသားသရုပ်ဆောင်တစ်ဦးတစ်ယောက်မျှ သရုပ်ဆောင်အတတ်ပညာ မကျွမ်းကျင်ကြောင်း ဖော်ပြလိုက်သလို ဖြစ်နေတော့သည်။ ထို့ကြောင့် ယင်းအခမ်းအနားမှ ကျွန်တော် ဒုတိယအကြိမ်မြောက် အိနြေ္ဒမဆည်နိုင်လောက်အောင် ကြေကွဲ၍ ထွက်လာခဲ့ပြန်သည်။ ထိုနှစ်တွင် ကျွန်တော်၏ ဇနီးဖြစ်သူ အားလည်း ဖိတ်ကြားခြင်းမရှိ၍ ကျွန်တော်၏ အားငယ်မှု၊ ကြေကွဲမှုတို့ကို ကွယ်လွန်သူ လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ကွယ်လွန်သူ အကိုကြီး ဦးဇော်လင်းနှင့် အနုပညာမောင်နှမများမှ ဝိုင်းဝန်း ဖြေသိမ့်အားပေးမှုကို ခံခဲ့ရသည်။ ဤ ၁၉၉၂ ခုနှစ်မှစ၍ ကျွန်တော်နှင့် အကယ်ဒမီရွှေစင်ရုပ်တုတို့ ကွာရှင်း ပြတ်ဆဲခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆို ထိုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲကို ကျွန်တော် စိတ်မဝင်စား တော့။ မတက်ရောက်ခဲ့တော့ချေ။ နောင်တစ်ချိန်မှ ကျွန်တော် ထပ်မံ၍ ကြားသိခဲ့ရပြန်သည်။ “မူပိုင်ချစ်သူ” ဇာတ်ကားတွင် သရုပ်ဆောင် ကျော်သူသည် ဆရာဝန် ဇာတ်ကောင်စရိုက်အား သရုပ်ဆောင်ရာတွင် ရှပ်အင်္ကျီ အပေါ်ကြယ်သီးအား ဖြုတ်ထားခြင်းကြောင့် အကယ်ဒမီဆုကို မပေးခဲ့တာဟူ၍ မြန်မာရုပ်ရှင် အကယ်ဒမီ သင်ခန်းစာအား ရရှိခဲ့ပြန်သည်။

၁၉၉၄ ခုနှစ်တွင် အကယ်ဒမ်ရွှေစင်ဆုနှင့် ကျွန်တော်ပြန်လည်၍ စေ့စပ်ခြင်းကို ခံခဲ့ရသည်။ ထိုနှစ် တွင် အကယ်ဒမီဆုပေးမည့် နေ့ရက်အချိန်တွင် ကျွန်တော်သည် ကျွန်တော့်၏အိမ်တွင် တစ်ဦးတည်း ယမကာ မှီဝဲ၍ အကယ်ဒမီတည်းဟူသော ရွှေစင်ရုပ်တုအား မေ့ပစ်နိုင်အောင် ကြိုးစားနေသည်။ အခမ်း အနားသို့ တက်ရောက်ရန် ဖခင်ဖြစ်သူမှ လာရောက်ခေါ်ရာတွင် ကျွန်တော် ငြင်းဆန်ခဲ့၍ ဖခင်ဖြစ်သူ စိတ်မကောင်းစွာဖြင့် ကျွန်တော်၏အိမ်မှ ထွက်ခွာသွားသည်။ ထိုနှစ်သည် အကယ်ဒမီဆုပေးပွဲ သမိုင်း ကာလတစ်လျှောက် အထူးခြားဆုံးပွဲတစ်ခုလည်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော အများပြည်သူ ကြည့်ခွင့်၊ အားပေးခွင့်မရခဲ့သော အကယ်ဒမီထူးချွန်ဆုပေးပွဲများကို ပထမဦးဆုံးသော သုဝဏ္ဏအားကစား ကွင်းတွင် ပြည်သူလူထုအား လက်မှတ်ရောင်းချ၍ ကျင်းပပေးခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ကျွန်တော်နှင့် ကင်းကွာနေသော အကယ်ဒမီဆုအား အများပြည်သူတို့မှ ကျွန်တော့်အား ရရှိစေလိုသော ဆန္ဒများ ပြည့်ဝ နေတော့သည်။ ပွဲခင်းတစ်ခုလုံးတွင် “ကျော်သူ .. ရရင်ရ … မရရင် ….. ” ဟူ၍ ကြွေးကြော်သံများ ကြားနေရသည်ဟု သိရှိရသည်။ ပွဲအစီအစဉ် စတင်သည့်အချိန်တွင် အစိုးရဋ္ဌာနမှ လူကြီးတစ်ဦးက ပြန်ကြားရေးဝန်ကြီးမှတဆင့် ရုပ်ရှင်လုပ်ငန်းဋ္ဌာနရှိ အရာရှိတစ်ဦးနှင့်အတူ ကျွန်တော်၏ ဖခင်နှင့် ကျွန်တော့်ကို သွားရောက်ခေါ်ရန် ပြောကြားခဲ့သောကြောင့် ကျွန်တော့်အား နေအိမ်တွင်လာရောက် အတင်းအကျပ်ခေါ်ဆောင်သွားတော့သည်။ ယမကာမှီဝဲနေသော ကျွန်တော်သည်တိုက်ပုံနှင့် တွေ့ရာ လုံချည်တို့အား ဝတ်ဆင်၍ ရုပ်ရှင်လုပ်ငန်းမှ အသုံးပြုသော မော်တော်ယာဉ်ပေါ်သို့ ကြားညှပ်၍ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။ (ရုပ်ရှင်လုပ်ငန်း မော်တော်ကားပေါ်မှ ကျွန်တော် ခုန်ဆင်းမှာကို စိုးရိမ်လို့လားတော့မသိ) ပွဲခင်းကျင်းပရာ သုဝဏ္ဏအားကစားကွင်းသို့ ရောက်ရှိသော ကားပေါ်မှ ဆင်းဆင်းခြင်း ရုပ်ရှင်လုပ်ငန်းမှ လူကြီးများက Congratulation ဟူ၍ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ပွဲခင်း ထဲတွင် ကျွန်တော်ထိုင်စရာ နေရာမရှိ၍ ဖျော်ဖြေရေးတီးဝိုင်းဘေးရှိ ခုံတွင်သာ ထိုင်ခဲ့ရသည်။ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကို ကြေငြာသောအခါ ဒါရိုက်တာ ဇင်ရော်မောင်မောင် ရိုက်ကူး သော “တပြည်သူ မရွှေထား” ဇာတ်ကားမှ သရုပ်ဆောင် ကျော်သူ ဟူ၍ ကြားမိလိုက်သည်။ ထိုအချိန်တွင် ကျွန်တော်၏ခန္ဓာကိုယ်သည် လေထဲသို့ (၃/၄) ကြိမ်ခန့် မြှောက်တက်သွားသည်။ ကျွန်တော့်အား ဂရုဏာ၊ အကြင်နာ၊ မုဒိတာတို့ဖြင့် ဝိုင်းဝန်းအားပေးကြသော အနုပညာညီအစ်ကိုများမှ ဝိုင်းဝန်း၍ ကျွန်တော့်အား လေထဲသို့ မြှောက်တင်အားပေးကြသည်။ ထိုအချိန်တွင် ကျွန်တော့်အတွေးထဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အားပေးပြောကြားခဲ့သော စကားသံ ပဲ့တင်ထပ်မိတော့သည်။ ထိုနှစ်မတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝန်းတွင် ပြည်သူများ၏ ပေးစာများလက်ခံကာ အပါတ်စဉ် ဒေါ်အောင် ဆန်းစုကြည် ပြန်လည်ဖြေကြားသောအချိန်က ကျွန်တော်သည် အနုပညာသက်တမ်း (၉) နှစ်ကြာခဲ့ပြီ ဖြစ်သည်။ အနုပညာနှင့်ပတ်သက်၍ ကြိုးစားခဲ့သူလည်းဖြစ်သည်။ သို့သော် ယခုအချိန်ကာလထိ အကယ်ဒမီထူးချွန်ဆုဆိုတာ မရရှိခဲ့ခြင်းမှာ စဉ်းစား၍မရနိုင် ဟူ၍ ပေးစာပို့ခဲ့ဖူးသည်။ ထိုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ဖြေကြားချက်မှာ ယခု ပေးပို့သောစာပါ အနုပညာရှင်ကို ပြောချင်တာက တော့ “အများပြည်သူက တစ်ခဲနက်ပေးထားသော ဆုကိုရရှိနေပြီပဲ။” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် “တပြည်သူမရွှေထား” အကယ်ဒမီကျင်းပရာ နှစ်သည်လည်း အများပြည်သူပရိသတ်အား ကြည့်ရှုခွင့် ပေးခဲ့သည့်အတွက် အများပြည်သူဆန္ဒအတိုင်း ပြည့်ဝခဲ့ရသည်ဟု ကျွန်တော်ယုံကြည်မိတော့သည်။

ထို ၁၉၉၄ ခုနှစ်မှစ၍ အကယ်ဒမီဆုပေးပွဲ ကိစ္စရပ်များအား ကျွန်တော်အနေဖြင့် အသားကျသွားပြီ ဖြစ်သည်။ သွေးအေးသွားပြီဖြစ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်၏ စကားအတိုင်း အများပြည်သူ၏ ထောက်ခံအားပေးမှုကသာ အဓိကဆိုတာကို ကျွန်တော် နားလည်သွားတော့သည်။ ထို့ကြောင့် ကျွန်တော် ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်တာဝန် … ကိုယ်ကျေစွာဖြင့် ကျွန်တော်လုပ်ဆောင်ရမည့် ပေးဆပ်ရ မည့် အနုပညာခွန်အားများကို အသုံးချကာ အများပြည်သူတို့အတွက် အဓိကထား၍ ရိုက်ကူးခဲ့တော့သည်။ အကယ်ဒမီဆု ဆိုသော ရူးသွပ်မှု ဝေါဟာရ ကျွန်တော့်ထံတွင် မရှိတော့။ ကျွန်တော် မခံစားရတော့ချေ။ ၂၀၀၃ ခုနှစ်တွင် ကျွန်တော်သည် ဖခင်တစ်ဦး၊ မိခင်တစ်ဦး၏ ခံစားမှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုများကို ဂုဏ်ပြုလိုသောကြောင့် “အမေ့နို့ဖိုး” ဟူသော ရုပ်ရှင်ဇာတ်ကားအား ဖခင်ဖြစ်သူ၏ အမျိုးသားရုပ်ရှင် ကုမ္ပဏီမှ ထုတ်လုပ်ရိုက်ကူးပေးခဲ့သည်။ “အမေ့နို့ဖိုး” ရိုက်ကူးစဉ် ကျွန်တော့်၏ ဦးတည်ချက်သည် ကမ္ဘာ ပေါ်ရှိ မိခင်များအားလုံးကို ကိုယ်စားပြု ဂုဏ်ပြုရိုက်ကူးခဲ့ခြင်း၊ ကိုယ်လုပ်ဆောင်ရမည့် လုပ်ငန်းအား တာဝန်ကျေစွာ လုပ်ကိုင်ရိုက်ကူးခဲ့ခြင်းစသည့် ကိုယ့်လိပ်ပြာ … ကိုယ်လုံစွာ ရိုက်ကူးခဲ့ခြင်းတို့ကြောင့် ၂၀၀၃ ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် “အမေ့နို့ဖိုး” ရုပ်ရှင်ဇာတ်ကားရိုက်ကူးသော ဖခင်၏ အမျိုးသားရုပ် ရှင်၊ ဇာတ်ညွှန်းရေးသားသော ဆရာငြိမ်းမင်း၊ ကင်မရာ ရိုက်ကူးသော ကျောက်ဖြူ၊ အဓိကသရုပ်ဆောင် မင်းသမီး ထွန်းအိန္ဒြာဗိုလ်၊ အဓိက ဇာတ်ပို့သရုပ်ဆောင် ချိုပြုံး၊ ဇော်ဦးနှင့် ဒါရိုက်တာဆုအဖြစ် နောက်ဆုံး အကြိမ် ကျွန်တော် ရရှိခဲ့သည်။ ယင်းကဲ့သို့ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဇာတ်ကားတစ်ကားတည်းမှ အကယ်ဒမီ ထူးချွန်ဆု (၇) ဆုကို ဆွတ်ခူးရယူပြီးသည့်နောက် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ မြန်မာ့ ရုပ်ရှင်လောကထဲတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ကို ပိတ်ပင်တားဆီးခံခဲ့ရတော့သည်။ ယခုဆိုလျှင် မြန်မာ့ ရုပ်ရှင်လောကနှင့် ကင်းကွာခဲ့သည်မှာ (၄) နှစ်ကျော် (၅) နှစ်နီးပါးရှိခဲ့ပြီဖြစ်သည်။ မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲများကိုလည်း ဖိတ်ကြားခြင်းကို မခံခဲ့ရတော့ချေ။

ယခု ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အကယ်ဒမီ ထူးချွန်ဆု ပေးပွဲအတွက် ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက် ဟူ၍ ထူးခြားအံသြစွာဖြင့် ဖိတ်ကြားခြင်းကိုခံခဲ့ရသည်။ ဤတွင် ရုပ်ရှင်အစည်းအရုံးသို့ ကျွန်တော် ပြန်လည်၍ မေးကြားခဲ့သည်။ “လေးနှစ်ကျော် ရုပ်ရှင်လောကမှ ဖယ်ထုတ်ခြင်းခံထားရသော သရုပ်ဆောင် ဒါရိုက်တာတစ်ဦးကို ဘာကြောင့် ဖိတ်ကြားရတာလဲ” ဟူ၍ မေးမြန်းရာ ရုပ်ရှင်အစည်းအရုံး၏ တာဝန်ရှိသူမှ “အစိုးရပြောင်းသွားလို့ မူလည်းပြောင်းသွားပြီ” ဟု ပြောကြားသည်။ ထပ်မံ၍ ကျွန်တော်က “အရင်တုန်းက တစ်ယောက်တည်းဖိတ်တာ အခုဘာကြောင့် ဇနီးမောင်နှံ နှစ်ယောက်စလုံးကို ဖိတ်တာလဲ” ဟု ပြန်လည်၍ မေးကြားရာ။ တာဝန်ရှိသူမှ “အစိုးရပြောင်း သွားပြီ ဒါကြောင့် မူလည်းပြောင်းသွားပြီ” ဟုသာ ထပ်မံ၍ ဖြေကြားခဲ့တော့သည်။ ထပ်မံ၍ ကျွန်တော့်အား “ကိုကျော်သူ နှုတ်ခမ်းမွှေး မုတ်ဆိတ်တွေရိတ်သွားဦး စင်ပေါ်တက်ပြီး ဆုရမယ့်သူတွေအတွက် ကြေငြာ ခိုင်းရင် ခိုင်းလိမ့်မယ်။ ဒုတိယတန်းမှာ နေရာပေးထားတယ်တဲ့”။

ထို့ကြောင့် …. အစိုးရပြောင်းသွားပြီ မူလည်းပြောင်းသွားပြီဆိုငြားလည်း ကျွန်တော်ကျော်သူ အတွက်တော့ ဘာမူမှ မပြောင်းလဲသေးပါ။ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာကျော်သူ ဘဝမှ သုဘရာဇာ လူမှုရေးသမားကျော်သူ ဘဝသို့ တစ်နည်းအားဖြင့် ပြောင်းလဲပေးလိုက်သော နိုင်ငံတော်အစိုးရ ပြန်ကြား ရေးဋ္ဌာနမှ ကျွန်တော့်အား ရုပ်ရှင်ရိုက်ကူးခွင့်ရရှိသော အနုပညာသမားဘဝသို့ ပြန်လည်၍ ပြောင်းလဲပေး ခြင်း (တရားဝင်) မပြုသေးပါ။ ထို့ကြောင့် ကိုယ့်လမ်း ကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန် ကိုယ်ကျေ၊ ကိုယ့်သီလ ကိုယ်လုံ၊ ကိုယ့်သမိုင်း ကိုယ်ရေးဖို့ပဲ လိုပါတော့တယ် . . . . မာယာများတဲ့ ရွှေစင်ရုပ်တုရယ် ဟုသာ ပြောကြားလိုက်ရပါတော့သည်။

ကျော်သူ

Monday, February 6, 2012

0 ဒေါ်အောင်ဆန်းစုကြည်၏ ဧည့်ခံပွဲ



(၅.၂.၂၀၁၂)ညနေ၅း၀၀နာရီကဒေါ်အောင်ဆန်းစုကြည်၏နေအိမ်တွင်ရွှေသံစဉ်တေးဂီတအဖွဲ့ခေါင်းဆောင်ဂီတမှူးကိုဝင်းမော်နှင့်သူ၏သမီးငယ်ဒုတိယနှစ်ဥပဒေကျောင်းသူခင်စုကြည်ကိုမင်းဇေယျနှင့်ဇနီး၊ကိုပြုံးချိုနှင့်ဇနီး၊ကိုဂျင်မီနှင့်ဇနီး၊ မနီလာသိန်း နှင့်သမီးငယ်လေးတို့နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နွေးထွေးရင်း နှီးစွာ တွေ့ဆုံစကားပြောကြသည်...။ဒေါ်အောင်ဆန်းစုကြည်ကညနေစာဖြင့်ဧည့်ခံခဲ့သည်။ညနေစာကိုအကျဉ်းထောင်အတွင်းတွင် ဘ၀တူရဲဘော်များကိုဟင်းချက်ရေးတာဝန်ယူခဲ့ဖူးသူ သုံးရောင်ခြယ် အဖွဲ့မှကိုကျော်ဆန်းကပင် ကိုယ်တိုင်ချက်ပြုတ်ပေးခဲ့ပါသည်။

ည ၈း၀၀ နာရီအထိ ရင်းနှီးခင်မင်စွာဖြင့် လူမှုရေး၊နိုင်ငံရေးကိစ္စများ ကိုလွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ၁၉၉၆ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်အတွက် ‘ခွပ်ဒေါင်းဝိညာဉ်’ နှင့် ‘၈၈တော် လှန်ရေးနှင့်စွန့်လွှတ်ခြင်း’ သီချင်းနှစ်ပုဒ် ဖန်တီးပေးခဲ့မှုဖြင့် ထောင်အတွင်းတွင် ၆ နှစ်ကျော်နေခဲ့ရပြီး ချိန်မှစပြီး ယခုအကြိမ်ပြန် လွတ်လာသည့်ကာလအထိ ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုဝင်းမော် တို့ပြန်လည်ဆုံတွေ့ခွင့်ရသည်မှာယခုပထမဦးဆုံးအကြိမ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲရလဒ်သည် သမိုင်းတွင်အလွန်အရေးပါကြောင်းနှင့် ယခုနှစ်ဧပြီလတွင်ပြုလုပ် မည့်ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးသည်လည်း အလွန်အ ရေးကြီးကြောင်း ပြောပြခဲ့သည်။ ညစာစားပြီးနောက် မပြန်မီ ဒေါ်အောင်ဆန်းစုကြည်က တစ်ဦး ချင်းစီကို လက်ဆောင်များ ပေးခဲ့ပါသည်။ကိုဝင်းမော်က မိမိ၏ဂီတ အနုပညာဖြင့် အကူအညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့ပါသည်။

ကိုဝင်းမော်faceook

0 မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်သို့ အောက်ခြေ အကျင့် ပျက်ဝန်ထမ်းများ၏ မတရားမှုများအား ဖြေရှင်းပေးပါရန် အသနားခံ ပန်ကြားလွှာ

ဖြစ်စဉ် အကျဉ်း_____

၂၀၀၆ ခုနှစ် တော်သလင်းလ မိုးကြီးချိန်ကာလ အတွင်း စစ်ကိုင်းတိုင်း မုံရွာခရိုင် ကနီမြို့နယ် ဘုတ်ကုန်းအုပ်စု သင်္ဃန်စွဲကျေး၇ွာ နှင့် ပကားကျေးရွာ ရေဖုံးလွှမ်းမှုကြောင့် ကျေးရွာ ရွှေ့ပြောင်းရပါသည်၊ အထက်ပါရွာများပြောင်းရွှေ့နေထိုင်ရာတွင်လူအများနေထိုင်ရန်အတွက်ကနီမြို့နယ် ကျွန်းပင်အိုင်အုပ်စု ရွာမတောင်ရွာ နေ အဖဦးစိန်တန် ၏သား မောင်ဇော်ဟိန်း_ မှတ်ပုံတင်အမှတ် ၅/ကနန (နိုင်) ၀၇၉၁၈၀ ပိုင် ယာမြေ များအား မြို့နယ်မြေစာရင်းဌာနနှင့် မယကဥက္ကဌဥိးစိုးလင်းမှတောင်းခံသဖြင့် ဒုက္ခရောက် နေသော လူများမျက်နှာအား ထောက်ထားသောအားဖြင့် စာသင်ကျောင်းဆောက်လုပ်ရန် ဘိုးဘွားပိုင် ဂရန်ပေါက် မြေ၃ဧကကျော်ခန့် နှင့် အိမ်ဝင်းအဖြစ်အသုံးပြုရန်တဝင်းလျှင် ပေ ၈၀x၁၀၀ ဝင်း( ၇)ဝင်းတိတိ ကို ကြည်ဖြူစွာပေးလှူခဲ့ပါသည်( ယာယီမဟုတ်ပါ အမြဲတမ်းနေထိုင်ရန်အတွက်ဖြစ်ပါသည်)

ထိုသို့ ပေးလှူခဲ့ပါသော်လည်း ကျန်လုပ်ကိုင်စားသောက်လျှက်ရှိသော ကျန်မြေ ၁ဧက ခွဲ ခန့် အား ဘုတ်ကုန်းအုပ်စု ဘုတ်ကုန်းကျေးရွာနေ ယယက စာရေး ဦးထွေးရီ၊ သင်္ဃန်းစွဲကျေးရွာနေ ဘုတ်ကုန်း အုပ်စုယယက ဥက္ကဌ ဦးဝင်းဦးနှင့် ပကားရွာ ယယက အဖွဲ့ဝင်ဦးသန်းဝင်း တို့သည် ထို ကျန်မြေများအား အကြောင်းအမျိုးမျိုးပြ၍အတင်းအဓမ္မသိမ်းပိုက်လိုက်ပါသည်၊

ထိုအခါကိုဇော်ဟိန်းမှာလုပ်ကိုင်စားသောက်စရာယာမြေ မကျန်ရှိသည့်အတွက် မိသားစု စားဝတ်နေရေး ကျပ်တည်းမှုဖြင့်ရင်ဆိုင်ရပါသည် ၊ အမျိုးမျိုး တောင်းပန်၍ ပြန်တောင်းခံသော်လည်း ဂရုမစိုက်ပါ၊ထို့ကြောင့် သူတို့အဓမ္မ သိမ်းပိုက်သော ယာမြေ များအား ပြန် လည် လုပ်ကိုင်စားသောက်ရန်အတွက် ကနီ မြို့နယ်ဥက္ကဌ မအားသေးသဖြင့် အတွင်းရေးမှုး ဦးစိုးလင်း နှင့် မြေစာရင်းဌာန တာဝန်ရှိသူများအား၂၀၀၇ ခုနှစ်တွင် အသိပေးတိုင်ကြားခဲ့ပါသည် ၊ သို့သော်လည်းအရေးယူဆောင်ရွက်ပေးခဲ့ခြင်းမရှိပါ ၊ ထိုသို့ မြို့နယ် အာဏာ ပိုင်များမှ ဖြေရှင်းဆောင်ရွက် ပေးခြင်း မရှိသောကြောင့် သိမ်းပိုက်သူများမှ ပိုမိုအတင့်ရဲလာပီး စိုက်ပျိုး သမျှ သီးနှံများအား ဖျက်စီး ပစ်လိုက်ပါသည် ၊ ကိုဇော်ဟိန်းမှလည်း လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေသည့်အတွက် ထိုနေရာပင် ဆက်လက်စိုက်ပျိုးပါသည်၊ ထိုအခါ တွင်လည်း ဆက်လက်ဖျက်စီး ခြင်းကို ခံခဲ့ ရပြန်ပါသည် ၊ ထိုသို့ ကိုဇော်ဟိန်းကစိုက်လိုက်အထက်ပါ ကျေးရွာယယက စာရေးနှင့် ဥက္ကဌများမှ ဆက်လက်ဖျက်စီးလိုက် နှင့် ၂၀၁၀ ခုနှစ်တိုင်အောင်ရောက်ခဲ့ပါသည်၊

ထိုသို့ အခြေအနေမထူးခြားသောကြောင့် ခရိုင် မြေစာရင်းနှင့် ခယက ဥက္ကဌ သို့ ဆက်လက် တိုင်ကြားခဲ့ပါသည်၊ သို့သော်ခ၇ိုင်မှလည်း အောက်ခြေ မြိုနယ် ပုဂ္ဂိုလ်များ ထိခိုက်မည်စိုးသောကြောင့် လားမသိ မည်သို့မျှ အရေးယူ ဆောင်ရွက်မပေးပဲ အဆင် ပြေသွားမှာပါလို့သာ ပျားရေနှင့် ဝမ်းချခဲ့ပါသည်၊ နောက်ပိုင်းတွင်ထို စိုက်ပျိုးဆဲယာမြေ အတွင်း မည်သူဆောက်လုပ်မှန်းမသိရ သော အမိုးအကာနှင့် အခင်းလည်းမရှိသော ၉ပေ ၆ပေ ခန့်အကျယ်ရှိသော တဲ သေးတခု (တဲလို့တောင်ပြောလို့ မရသည့် ဒေသ အခေါ် ဂွတိုင်များအား) တွေ့ရသဖြင့် ကိုဇော်ဟိန်းမှ လက်ဖြင့် နှုတ်၍ မြေပေါ်သို့ပုံထားခဲ့ပါသည်၊ ထို အခါ ဘုတ်ကုန်းကျေးရွာနေ ယယက စာရေး ဦးထွေးရီ၊ သင်္ဃန်းစွဲကျေးရွာနေ ဘုတ်ကုန်းအုပ်စုယယက ဥက္ကဌ ဦးဝင်းဦးနှင့် ပကားရွာ ယယက အဖွဲ့ဝင်ဦးသန်းဝင်း တို့မှ ကိုဇော်ဟိန်းအား တဲဖျက်မှုဖြင့် မြို့နယ်တရားရုံးမှာ တရားစွဲဆိုလိုက်ပါတော့သည်၊

ကို ဇော်ဟိန်းမှာလည်း စားဝတ်နေရေး အဆင်မပြေသည့်ကြားမှ တရားရုံးသို အကြိမ်ကြမ် အခါခါ ရင်ဆိုင်ဖြေရှင်းနေရသည့်အတွက် အချိန်ကုန် လူပန်း ဖြစ်လာပါသည်၊ အထက်ပါ ပုဂ္ဂိုလ်များဖက်မှ အာဏာအင်အား ငွေအင်အားအဖက်ဖက်မှ သာလွန်သဖြင့် ကိုဇော်ဟိန်းမှာ ကိုယ့်ပစ္စည်းဖြင့် ကိုယ်ထောင်ထဲဝင်ရကိန်းဆိုက်လာသဖြင့် ၂၀၁၀ ခု ၁၂ ပိုင်း တွင်သားတကွဲ မယားတကွဲနှင့် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတော့သည်....။

( အထက်ပါအဖြစ်အပျက်လေးဟာဒီနေ့ ဒီရက် အထိ မပီးပြတ်သေး ဘူးလို့ သိရပါတယ် ၊ ကျန်ရှိတဲ့ မိသားစုများမှ ထပ်မံစိုက်ပျိုးသော်လည်း ထပ်မံဖျက်စီးခံရသဖြင့် ကိုယ်မြေနှင့်ကိုယ် ဖြစ်လျှက်နဲ့ မစိုက်ပျိုးရဲသောကြာင့် ဒီ အတိုင်းသာ လက်ပိုက်ကြည့်နေရပါတော့တယ် ကိုဇော်ဟိန်း မှာ လည်း မိသားစုကို သတိရသောကြောင့် စာလေး အဆက်အသွယ်လုပ်ရုံမှ အပ ဘာမှ မတတ်နိုင်ပါလို့သိရပါတယ် ..ထို အမှု ကို တရားသဖြင့်ဆုံးဖြတ်ပေး မည့်သူများ၇ှိသာလျှင် ပြန်ဝံ့ မည် ဖြစ်သဖြင့် ရှင်းရှင်းလင်းလင်း ပီးပြတ်အောင်ဆောင်ရွက်ပေးပါရန် နှင့် မြန်မာနိုင်ငံလူ့အခွင့်ရေးကောင်မရှင်သို့ အသိပေး တိုင်ကြားပေး ပါရန်မတရားမှုများအား လိုက်လံ ဖြေရှင်းပေးသည့် အဖွဲ့ အစည်းများ လူပုဂ္ဂိုလ်များအား လေးစားစွာ အသနားခံ တင်ပြ အပ်ပါသည်)

***စိတ်ဝင်စားသည့်သူများ လုပ်ကိုင်ဆောင်ရွက်ပေးမည့်သူများ မည်သူမဆို ကိုဇော်ဟိန်းသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်__ကို ဇော်ဟိန်း (+60164736212)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.