Saturday, September 15, 2012

0 အမေရိကား ကို မလာဘဲ စစ်ပွဲတွေ ဖြစ်နေတဲ့ ကချင်ပြည်နယ်ကို သွားတဲ့ ခေါင်းဆောင်.

“မသွားဖြစ်တော့ဘူး၊ မသွားဖြစ်တော့ဘူး။ မသွားဖြစ်တော့ဘူး ဆိုတာပတ်စ်ပို့ ကိစ္စပေါ့ဗျာ။ သူက တခြားလူတွေပါ မရလို့ ဆိုပြီး မယူဘူးလေ။၈၈က နှစ်ဆယ်လောက်တင်ထားတာကိုး။ပိုင်းပိုင်းပြီးတော့ ပေးနေတယ်ဗျာ။ တစ်ယောက်ချင်းစီပေးနေတော့ မယူကြဘူး။ ကိုမြအေးတို့  ကိုကိုကြီးတို့ လည်းမယူဘူး။ မူ တစ်ခုအနေနဲ့ ဘဲ လုပ်စေချင်တယ်လေ”

(၈၈ ကျောင်းသား ဌေးကြွယ်၏ ဘီဘီစီ မြန်မာပိုင်းသို့  ပြောကြားချက်)
" ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။"

နောက်ဆုံးရရှိတဲ့သတင်းအရ ကချင်ပြည်နယ်မှာရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ကိုမာကီး၊ ကိုသက်
ဇော်(ခ)ဇောက်ထိုး တို့နဲ့DVB သတင်းထောက် တစ်ဦးတို့ဟာမနက်ဖြန်မှာ တိုက်ပွဲပြင်းထန နေတဲ့် ဖားကန့် ဒေသ နှစ်ဘက်တိုက်ပွဲကြားထဲကိုဝင်ကြတော့ မှာဖြစ်ပါတယ်။

အဲဒီနေရာမှာ ဒေသပေါင်းစုံက အလုပ်လာရောက်လုပ်ကိုင်နေသူပေါင်း တစ်သိန်းခွဲကျော် ပိတ်မိနေပြီး ဒုက္ခသည် တွေလည်းရှိနေတဲ့အတွက် သူတို့တွေအတွက်၊စစ်ကိုရပ်တန့်စေ ရေးအတွက် ဒီလိုလုပ်ရတာပါလို့၈၈ မျိုးဆက်ကျောင်းသားများကဆိုပါတယ်။

လိုအပ်ရင် ကချင်လူထုနဲ့အတူ စစ်တလင်းထဲမှာ လူထုရှေ့က မားမားမတ်မတ်ရပ်ပြီးအသေခံသွားကြ မယ်လို့ပြောပါတယ်။

ကိုမင်းကိုနိုင် ဟာ ခုရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံမှာ ဆု သွားယူစရာရှိတဲ့ခရီးစဉ်ကိုတောင်ဖျက်ပြီး ကချင်လူထုဆီ အရောက်လာခဲ့တာဖြစ်ပါတယ်။


By- Aung Thu Ra

0 “ရိုဟင်ဂျာအမည်ခံ ခိုးဝင်ဘင်္ဂလီများ စိမ့်ဝင်နေဆဲ”

ဒီကနေ့ (၁၄-၉-၂၀၁၂)ရက်နေ့မှ စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ကလေးမြို့နယ်၊ ပေါက်တောရွာမှာ ခိုးဝင် ဘင်္ဂလီကုလား(၁၀)ယောက် ဖမ်းမိကြောင်း သိရပါတယ်။

အလောင်းတော် ကဿပသွား တောလမ်းမှာ ရွာသာတစ်ယောက်ကတွေ့လို့ သတင်းပို့ရာမှ ရွာဥက္ကဋ္ဌ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းဖြစ်ကြောင်း၊ ပေါက်တောရွာဥက္ကဋ္ဌအိမ်မှာ ဖမ်းထားပြီး ကလေးမြို့ရဲစခန်းကို သတင်းပို့ရာ ရဲစခန်းမှ စက်လှေဖြင့် လာခေါ်ခြင်းဖြစ်ကြောင်း၊ တောင်အူရွာလှေဆိပ်မှာ ရဟန်းသံဃာများနှင့် ရွာသားများက စက်လှေဖြင့်လိုက်ကာ ဝန်းရံခဲ့ကြကြောင်း၊ လှေဆိပ်မှ ရွာသူ/ရွာသားများ နှင့် မြို့သူ/မြို့သားများ ဝိုင်းအုံလျက်ရှိရာ တစ်စုံတစ်ရာ အန္တရာယ်ပြုမည်စိုးသောကြောင့် သံဃာများနှင့် လူများ က စက်လှေတစ်စီးဖြင့် ရှေ့မှ ဦးဆောင်ခေါ်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဒီကနေ့ ည(၇း၀၀)နာရီမှာ တောင်အူရွာမှ အချုပ်ကားဖြင့် တင်ခေါ်သွားကြကြောင်း၊ ကလေးမြို့ရဲစခန်းသို့ (၇း၂၀)နာရီမှာ ရောက်ရှိကြောင်း သိရပါတယ်။

ဘင်္ဂလီ(၁၀)ယောက်ဟာ ဆယ်ကျော်သက်အရွယ်များဖြစ်ကြပြီး ၎င်းတို့ကို လမ်းပြသူမှာ ကိုစိန်ဝင်း (ဗမာ/ဗုဒ္ဓ) မင်းကင်းနယ် တောင်တွင်းရွာမှာဖြစ်ကြောင်း၊ တမူးမှ ကလေးကို ဆိုင်ကယ်ဖြင့် ပို့ဆောင်ခ ငါးသိန်း ကျပ်ရပြီး၊ တမူးမှ မန္တလေးသို့ ပို့ဆောင်ခမှာ တစ်ယောက်လျှင်(၁၅)သိန်းရကြောင်း၊ ခါတိုင်းလိုပဲ အလွယ်တကူ ဖြတ်ကျော်လို့ရမယ်ထင်ပြီး အတင့်ရဲကာ ဖြတ်ကျော်လာလို့ ဖမ်းမိသွားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။

ELEVEN-ဂျာနယ်သတင်းထောက်နှင့် နယ်မြေခံသတင်းထောက်များလည်း လာရောက်သတင်းယူကြ ကြောင်း၊ ညကြီးမိုးချုပ်ဖြစ်နေလို့ ဆိုင်ကယ်မီးများဝိုင်းထိုးပေးထားတာတောင် ဓာတ်ပုံရိုက်ဖို့ အခက်အခဲရှိ ကြောင်း၊ ရဲစခန်းကလည်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်း သိရပါတယ်။

အခု ဖမ်းမိတဲ့ ဘင်္ဂလီတွေဟာ (၂၇)ဦးအုပ်စုမှဖြစ်ပြီး ကျန်(၁၇)ဦး လွတ်မြောက်နေသေးကြောင်း၊ ဆင်ရွာမှာလည်း (၃၀)ဦး အုပ်စုရှိနေသေးကြောင်း၊ ညအခါ နှစ်ယောက်တစ်တွဲ လာရောက်ထမင်းတောင်းကြလို့ ရွာသူ/ရွာသားများက ရိပ်မိသွားကြခြင်းဖြစ်ကြောင်း၊ အင်းစိန်တံငါရွာမှာလည်း ဘင်္ဂလီများ ရောက်ရှိနေကြောင်း ကြားရလို့ နေသာဆရာတော် ဦးဓမ္မိကကိုယ်တိုင် လူလွှတ်ပြီး စုံစမ်းနေကြောင်း သိရပါတယ်။

ကလေးမြို့မှာ ဘင်္ဂလီတွေကို ခိုးသွင်းပေးနေတဲ့ ဒေသခံတစ်ဦးရှိနေပြီဖြစ်ကြောင်း၊ ယခု ဖမ်းမိသော ကိုစိန်ဝင်းဟာ ခေါင်းဆောင်မဟုတ်၊ လမ်းပြသာဖြစ်ကြောင်း၊ ဒေသခံခေါင်းဆောင်တစ်ဦးဦးဆိုတာကလည်း (ဗမာ/ဗုဒ္ဓ)ပင်ဖြစ်ကြောင်း၊ စုံစမ်းရှာဖွေဖမ်းဆီးဆဲဖြစ်လို့ အတိအကျ မသိရသေးကြောင်း၊ ရဲစခန်းကလည်း ၁၃.၉.၂၀၁၂.-ရက်နေ့က ကျင်းပထားတဲ့ ပူပူနွေးနွေး ရိုဟင်ဂျာရှုတ်ချပွဲကြောင့် ယခုလို ပြည်သူလူထု ပူးပေါင်း လာတာကို ကျေးဇူးအထူးတင်ကြောင်း သိရပါတယ်။

ဝန်ကြီးဦးခင်ရီ ခိုးဝင်ဘင်္ဂလီမတွေ့ရဟု ပြောဆိုထားသော်လည်း ကလေးမြို့သူ/မြို့သား ကလေးနယ် သူ/နယ်သားကတော့ အစုလိုက် အပြုံလိုက်ဖမ်းပြီး သက်သေပြတော့မှာ ဖြစ်ကြောင်းပါခင်ဗျာ။

"စုံစမ်းရန်"

၀၉-၄၉၂၃၈၃၉၇

၀၉-၂၄၅၀၁၆၃

၀၉-၄၇၀၇၂၉၉၇

၀၉-၄၇၀၇၂၁၄၇

၀၉-၄၀၀၄၅၈၁၉၉

အရှင် ၀ီရသူ

0 ကောင်းနေသော မြန်မာနိုင်ငံမှလူငယ်တို့၏ အနာဂတ်

(နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ အကြံ ပြုစာအဖြစ်လည်းကောင်း- NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသို့ အကြံ ပြုစာအဖြစ်လည်းကောင်း-ပြည်တွင်းဂျာနယ် တိုက် သို့ ပေးပို့ထားသော ဆောင်းပါး)

ကျွန်တော့်ညီ အသက်၁၈ မပြည့်သေးဘူး ၊ ဆေးလိပ်ပေါ်ပေါ်တင်တင်သောက်နေပြီ။ Night Club တွေတတ်နေပြီ၊ ပါတီတွေ တတ်တယ်၊ အရက်တွေသောက်နေပြီ။ အဲဒါတွေ သိတော့မှ အသိတရားရတယ်။ အစက ကိုယ်နဲ့မဆိုင်သလိုပဲ ဂရုမစိုက်ခဲ့ဘူး။အတ္တကြီးတယ်ပဲ ပြောရတော့မှာပေါ့။ သူ့လို လူငယ်တွေ မြန်မာနိုင်ငံမှာ ဘယ်လောက်များနေပြီလဲ လို့။

ဝန်ခံပါတယ်။ ကျွန်တော်လည်း ၁၀ တန်းကျောင်းသား ဘ၀မှာ ဆေးလိပ်စသောက်တယ် အရက်စသောက်နေပြီ။ဒါတောင် ကျွန်တော် ၁၀တန်းမှ ဒါတွေ စလုပ်တာ နောက်တောင်ကျနေပြီ၊ ကျောင်းက တစ်ခြားသူတွေဆို ချောင်းဆိုးပျောက်ဆေးတွေ သောက်တယ်၊ကျောင်းကို Beer ယူပြီးသောက်တာ မိလို့ ကျောင်းတွေထုတ်ခံရတယ်။

ရှိုးပွဲသွားတယ် Beer ခွက်နဲ့ တစ်ခါတစ်လေ ဘယ်ကနေဘယ်လို ရမှန်းမသိတဲ့ ဆေးခြောက်၊ မသောက်ရင်ပဲ စတိုင် မရှိ ခေတ်နောက်ကျမှာ ဆိုးလို့ သောက်တယ် လုပ်တယ် အမောပဲ။Show ပွဲ ပြီး ရင် ညဘက် ကလပ်တက်ပါတယ် လူကြီးတွေနဲ့ ရောယောင်ပြီးတော့။ ယုံလားတော့ မသိဘူး။ ၁၀တန်းကျောင်းသား ပိန်ပိန်သေးသေး ဘယ်လိုမှ ၁၈ မဟုတ်မှန်း သိသာ တယ်။ ဒါပေမဲ့ ဘာဖြစ်လည်း ကိုယ်နဲ့ပါလာတဲ့အကြီးတွေက VIP တွေလေ ဘယ်လောက်တောင် အဲ့မှာ သုံးဖြုန်းထားမှန်းမှမသိတာ။အေးဆေးပေါ့ ရင်ကော့ပြီးလိုက်ဝင်သွားတယ်။

၁၀တန်းပြီးတယ် ပိုလွတ်လပ်တယ်။ အိမ်မကပ်တော့ဘူး။ အရက်နဲ့ ဆေးလိပ်ကို ပိုခုံမင်လာတယ်။ ညဘက် ကလပ်တတ်ရတာ၊ Show ပွဲသွားရတာ၊ ပါတီတွေတတ်ရတာ၊ မူးရူး ပြဲကွဲ ၊ ပြီးရင် ရန်တွေလိုက်ဖြစ်ရတာ ပျော်လာတယ်။

ဘယ်တတ်နိုင်မလဲ ဈေးပေါပေါ နဲ့ လွယ်လွယ် ရနေတာကို။

နောက်ပိုင်းအပေါင်းအသင်းနည်းနည်းများလာ တော့ မူးယစ်ဆေးဝါး စ စမ်းလာပါတယ်။

"ယာမ" အဲ့ဒါမှ လွဲရင်ကျန်တာ ဘာမှမလုပ်။ အကြိုက်ဆုံးပဲ ၊ အားရှိတယ် တတ်ကြွတယ်၊ စဉ်းစားအားရှိတယ် ဆင်ခြင်မျိုးစုံနဲ့ နှစ်အတော်အကြာ လုပ်ခဲ့တယ်။ ဈေးကြီးတယ်ပြောတယ် ဒါပေမဲ့ နေ့တိုင်းအလကားနီးပါးရတယ်၊ လုံးဝ မကြောက်မရွံ့ ခဲ့ဘူး။ ရန်ကုန်မြို့ မှာ နံမည်ထွက် ဒိတ်ဒိတ်ကြဲ နာမည်ကြီး အလိုချင်ဆုံးစာရင်း ထဲမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ နဲ့ တရင်းတနှီးကို ရှိခဲ့ ပြီး ကိုယ်ကိုယ်တိုင်တောင် ရောင်းတဲ့သူ နံမည်စာရင်းထဲမှာတောင်ပါခဲ့တယ်။

သိုင်းလောက လို့ နာမည်ပြောင်ပေးထားတဲ့ အဲ့ အသိုင်းအ၀ိုင်း အဲ့လောကမှာ တော်တော်လေးကြာကြာကို ဦးတည်ရာမဲ့ ပြီး တစ်နေ့တစ်နေ့ အဲ့ဒါနဲ့ အချိန်တွေကုန် ခဲ့တယ်။ အမှားအမှန်ကို လုံးဝ မစဉ်းစားဘူး၊ ဘယ်သူ့ကိုမှလဲ ထည့်မတွက်ဘူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစ အရာရာအကုန်လုံး ဆုတ်ယုတ်လာတယ်။မိဘမျက်ရည်ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် ဆွေမျိုး မိသားစု ကိုယ့်ကြောင့် ဂုဏ်သိက္ခာတွေ ကျနေမှန်းလည်း မစဉ်းစားခဲ့ဘူး။ ကိုယ့် အရင် ကအပေါင်းအသင်းတွေ ငယ်သူငယ်ချင်းတွေ ကိုယ့် ကို မပေါင်းရဲတော့ တာလည်း မစဉ်းစားခဲ့ဘူး

ဒီလိုနဲ့ ပဲ.. ကြာလာပြီလေ .. နံမည်တွေက အနံ့ ထွက်လာပြီ၊ ကံအရမ်းကောင်းပါတယ် အဲ့နေ့ က ကျွန်တော် အပြင်မလိုက်သွားတော့ အဖမ်းမခံလိုက်ရပါဘူး။ ကံမကောင်းစွာပဲ အဖမ်းခံလိုက်ရတဲ့ နှစ်ယောက် က ကျွန်တော့်ကို ညီ တစ်ယောက်လို အငယ်တစ်ယောက်မို့ ချစ်ကြတယ် ၊ ရဲတွေ မေးတော့ လိုက်တော့ ကျွန်တော့်ကို လုံးဝ မသက်ဆိုင်ကြောင်း အကာအကွယ်အပြည့် ပေးပြီး ပုတ်ထုတ်သွားတယ်၊ နောက်အေးအေးဆေးဆေးမှ သွားတွေ့ တော့ ကျွန်တော့်ကို အကြောင်းစုံ ပြောပြတယ် ပြီးတော့ သူတို့ ကို သင်ခန်းစာ ယူတော့၊ နောက်မူးယစ်ဆေးဝါးကို ဘယ်တော့မှ မလုပ်နဲ့တော့၊ သူမှာ ရွေးချယ်စရာ စီးပွားရေး မရှိတဲ့အတွက် ဒါကိုလုပ်ရတာဖြစ်ပြီး ကျွန်တော့်မှာ တက်လမ်းတွေး အခွင့်အရေးတွေ ရွေးချယ်စရာတွေ အများကြီးရှိတယ် ဆိုပြီး ကျွန်တော့် ကို ဆုံးမ ပါတယ်။ သူတို့ ကျေးဇူးရှိပါတယ်။

ဒါနဲ့ အရင်လို မဟုတ်တော့ပဲ ဦးတည်ချက်တွေ ပြန်ရှိလာခဲ့ပါတယ်။

ကျွန်တော် အများကြီး ကံကောင်းခဲ့ ပါတယ်။ ကျွန်တော့်လို ကံမကောင်းခဲ့တဲ့ လူငယ်တော်တော်များများ ဟာ ထောင်နန်းစံပြီး ဘ၀ အမည်းစက်ကြီးတွေ စွန်းထင်းခဲ့ ကြတယ်။ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကျွန်တော့် ရဲ့ အရိပ်မည်းကြီး နဲ့ မြန်မာနိုင်ငံ လူငယ်တွေရဲ့ မူးယစ်ဆေးဝါး အခြေအနေတွေပါ။

ဒါတွေမှာ ကျွန်တော့် အမြင်ကို ပြောရရင်-

မူးယစ် အစ ဆေးလိပ်က ဆိုတဲ့ စကား လုံးဝမှန်ပါတယ်.

၁၈ နှစ်မပြည့်သေးတဲ့ သူတွေအတွက် ပိုက်ဆံ ရရင် ပြီးရော လို့ ရောင်းနေတဲ့ ကွမ်းယာဆိုင်တွေရှိနေတယ်၊
စတိုးဆိုင်တွေရှိတယ်၊ဘီယာဆိုင်တွေ ရှိတယ်၊ ရှိုးပွဲ မှာ ဘီယာတွေကို ရောင်းချင်သလိုရောင်းတယ်၊ပါတီပွဲတွေ များလာတယ်၊ ၁၈ နှစ်အောက်တွေကို ပေးဝင်တယ်၊ အရက်ပါသောက်ခွင့်ပေးတယ်၊ နိုက်ကလပ်တွေ ပိုက်ဆံရ ရင်၊ အသိုင်းအ၀ိုင်းကြီးတွေမှာ ၁၈ နှစ်အောက်တွေပါလာရင် ပေးဝင်တယ်၊

စစ်ဆေးအရေးယူမဲ့ ရဲတွေ မရှိခဲ့ဘူး၊ ဥပဒေ တင်းကြပ်မှုမရှိဘူး။ ရဲတွေစီကတောင်မီးညှိဖို့မီးခြစ်တောင်တောင်းဖူးသေး တယ်။

ဆေးလိပ်၊အရက် ဘီယာဈေးတွေ ပေါပေါလောလော ရတယ် ကိုယ့်မုန့်ဖိုးနဲ့ တောင် ကိုယ်ဝယ်လို့ရတယ်။

မူးယစ်ဆေးဝါးပြသနာမှ ဆိုရင်လည်း လာဘ်ပေး ခြစား အာဏာ အလွဲသုံးစားတွေ၊ နောက်ဆုံးပြည်ထဲရေး ရုံးထဲ က ၀န်ထမ်းတွေ ဆီကပါ ကိုယ်ကိုယ်တိုင် ၀ယ်ခဲ့ဘူးတယ်၊ အများကြီးကြုံတွေ့ခဲ့ ရတယ်။ ပိုက်ဆံရှိတဲ့ သူတွေ၊ ပတ်သတ်ရာ ပတ်သတ်ကြောင်းတွေ လွတ်ပြီး ပြစ်ဒဏ်သေးတဲ့ သူတွေ အပြစ်ပုံချ ခံရလို့ ပြစ်ဒဏ်ပိုကြီးသွားတာတွေ ကိုယ်ကိုယ် တိုင် ရုံးချိန်းတော်တော် များများလိုက်နားထောင်ဖူးလို့ မြင်တွေ့ ခဲ့ရတယ်။

မူးယစ်ဆေးဝါးရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ အားကစား ကို လိုက်စားဖို့ အခြေအနေတွေမပေးခဲ့ဘူး။
ဒါတွေက လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်ကအခြေအနေတွေပါ။

အခုအခြေအနေတွေကို ပြောရရင်ခေတ်ကလည်းမှီလာပြီ၊ပွင့်လည်းပွင့်လင်းလာပြီ၊ဆက်သွယ်ရေး၊စီးပွားရေး တွေကလည်းကျယ်ပြန့်လာပြီ ဆိုတော့နိုင်ငံခြား ဆေးလိပ်ကုမ္ပဏီ၊ အရက်ကုမ္ပဏီ၊ ဘီယာကုမ္ပဏီ စက်ရုံတွေ ၀င်လာပြီး ရင်းနှီးမြုပ်နှံမဲ့သတင်းတွေ၊ ကြားရပါတယ်၊ အရာရှိဝန်ကြီး တစ်ယောက်ကလည်း မြန်မာနိုင်ငံသားတွေ အဆင့်မြင့် အရက်ကောင်း၊ အရက်သန့် ၊အရက်စစ်တွေ သောက်ရတော့မယ်ဆိုပြီး မီဒီယာတွေကို စကားဦးသန်းထားပါတယ်၊

အရက်တွေ ဈေးထက်ကြမယ်ဆိုတဲ့ အရိပ်အယောင်တွေ၊ပါတီပွဲ၊ ရှိုးပွဲတွေ အရင်ကထက် များလာပါတယ်
Bar၊ Night Club၊ Beer ဆိုင် တွေ အသစ်တွေ ပေါ်လာပါတယ်

အသက် ၁၈ နှစ် အောက်တွေ ပေးဝင်ထားတုန်း၊ အရက်၊ဘီယာနဲ့ ဆေးလိပ်တွေကို ပေးသောက်မြဲ၊ လွယ်လွယ်နဲ့ ရောင်းမြဲ၊ စည်းကမ်းတင်းကြပ်မှု၊ အရေးယူမှုတွေ လျော့ရဲနေမြဲ တွေတွေ့နေရပြီးမူးယစ်ဆေးဝါးမှာ ဆိုရင် လည်း အရင်ကထက် မြန်မာနိုင်ငံထဲကို ၀င်ရောက်မှု တွေ များလာတယ် ဆိုတာ ကို Report တွေ မှာတွေ့နေရပါတယ်။

အဆုံးရွားဆုံး ကတော့ အင်တာနက်လူမှုရေး စာမျက်နှာပေါ်တွေ မှာ မူးယစ်ဆေးဝါးသုံးစွဲနေပုံ၊ မူးယစ်ဆေးဝါးပုံတွေ ကို ဂုဏ်ယူဝင့်ကြွားစွာ တင်လာပြီး ထို လူငယ်တွေကပဲ ကောင်းချီးသြဘာပေး တောင့်တမှု အရိပ်အယောင်တွေ ကို တွေ့လာရပါပြီ။

တာဝန်ရှိသူများ ခင်ဗျား။

နိုင်ငံတိုးတတ်လာပြီး ဖွံဖြိုးပြောင်းလဲနေတဲ့ ဒီမြန်မာနိုင်ငံ ကြီးဟာ နောင်နှစ်ပေါင်းများစွာတွေမှာ လူငယ်တွေက လူကြီးတွေနေရာကို ၀င်ရောက်ပြီး တာဝန်ယူကြရမဲ့ အနာဂတ် လူသားအရင်းအမြစ်တွေပါ။

ဒီလူငယ် လူသားအရင်းအမြစ်တွေ ရဲ့ အနာဂတ်ကို ကာကွယ်ပေးဖို့ အရေးကြီးပါတယ်။

ဒါ့ကြောင့်အသက် ၁၈ နှစ် အောက်တွေ မူးယစ်သေစာ သုံးစွဲ ခွင့်ကို စည်းကမ်းတင်းကြပ်ပြီး ပြန်လည် ထိန်းသိမ်းပေးပါ။ ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုတဲ့ အတိုင်း ဘယ်သူကို မဆို ဥပဒေ ချိုးဖောက်လျှင်ထိထိရောက်ရောက် အရေးယူပေးပါ။ ပညာပေးစည်းရုံးပါ။

Night Club များ၊ Bar များကို သေချာတင်းကြပ်ပေးပါ။ နိုင်ငံတိုင်းတွင် သတ်မှတ်ထားသော စည်းကမ်းများရှိပါသည်။

မည်သူ့ ပိုင်လုပ်ငန်းဖြစ်စေ၊ လုပ်ငန်းတိုင်း၊ နေရာတိုင်း ကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်ပါ။ အသက်မပြည့်သေးတဲ့ လူငယ်တွေ ဥပဒေချိုးဖောက်မှုတွေ ကို လိုက်လံ အရေးယူ ပညာပေးမှုတွေ လုပ်ပါ။ ကူညီ သူများ၊ ရောင်းချသူများကို ပိုမို အရေးယူပါ။ လွယ်လွယ်ရောင်းချတတ်သိ ဆိုင်များကို ပညာပေးမှု များလုပ်ပါ။
ဆေးလိပ်မသောက်ရ နယ်မြေ တွေ သတ်မှတ်ပေးပါ။ မူးယစ်ခွန်တွေကို စိစစ်သတ်မှတ်ပေးပါ။

အားကစားနှင့် ကျန်းမာရေးဝန်ကြီးဋ္ဌာန များပူးပေါင်း၍ အားကစားလိုက်စားမှုကို မြှင့်တင်ရန် စီမံကိန်းများ ချမှတ်ပါ။ အားကစား လွယ်လွယ်နဲ့ လိုက်စားတတ်အောင် အစစ အရာရာ ပံ့ပိုးပေးပါ။

မူးယစ်ဆေးဝါးနှိမ်နင်းရေး အဖွဲ့များအား မြှင့်တင်ပြီး ဋ္ဌာန အတွင်း လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှု၊ Rule of Law တို့ကို သေချာစိစစ်ပါ။

နိဂုံးချုပ် အဖြစ်ပြောရပါလျှင် ယခု ဖွံဖြိုးတိုးတတ်နေချိန်တွင် လူငယ်တို့ ၏ အနာဂတ်အား ယခု ချိန်တည်းကစပြီး သေသေချာချာ ကြပ်မတ်ပေးပါမှ နောင်လာမည် ခေတ်မှီ ဖွံဖြိုးတိုးတတ်သော မြန်မာနိုင်ငံတော်ကြီး ကို တည်ဆောက်၍ ရမည် ဟုလို့တော့ ကျွန်တော်ယုံကြည်မိပါသည်။

ခေါင်းစဉ်တွင် "ကောင်းနေသော မြန်မာနိုင်ငံမှ လူငယ်တို့၏ အနာဂတ်" မှ "ကောင်း" ဟူသော ဝေါဟာရအား မူးယစ်ဆေးဝါးသူစွဲသူများသုံးလေ့ ရှိသော ဗန်းစကား အရ အရှိန်တတ်နေ သည် ဟူသော အဓိပ္ပါယ် အစား၊ ကောင်းကောင်းမွန်မွန် အကောင်းဆုံးဟူသော အဓိပ္ပါယ် အသုံး အနှုန်း အမြန်ဖြစ်ပေါ်လာပါတော့မည်ဟု ကျွန်တော် ယုံကြည်ပါသည်။

နိုင်ဧရာ

၁၁.၉.၂၀၁၂

ဆောင်းပါးမိတ္တူအား--နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ အကြံ ပြုစာအဖြစ်လည်းကောင်း- NLD လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသို့ အကြံ ပြုစာအဖြစ်လည်းကောင်း-ပြည်တွင်းဂျာနယ် တိုက် သို့ ဆောင်းပါးအဖြစ်လည်းကောင်းပေးပို့ပြီး

3 မြန်မာပြည်က မော်တော်ပီကယ်ရဲတွေ က ဒီလိုပါ ?(ရုပ်/သံ)

Video..Yamoun Nar
ပိုက်ဆံတောင်း သူတောင်းစားမဟုတ် လက်ပြတား ခရီးသွားမဟုတ် ၀ီစီမှုတ် ဒိုင်လူကြီးမဟုတ်
အဖြေ။ ယဉ်ထိမ်းရဲ(ခ)မော်တော်ပီကယ်
cartoon..Ko Nay Myo



0 "နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် (၅) နှစ်မြောက် အခမ်းအနားဖိတ်ကြားလွှာ"


အစီအစဉ်

ကျင်းပမည့်နေ့ရက်
၁၈- ၉- ၂၀၁၂ (အင်္ဂါနေ့)

ကျင်းပမည့်အချိန်
နံနက် (၁၁း၀၀)နာရီမှ နေ့လည် (၂း၀၀)နာရီထိ။

ကျင်းပမည့်နေရာ
ငွေကြာရံပရိယတ္တိစာသင်တိုက် (တောင်ဥက္ကလာပ)။
အခမ်းအနားကို နေ့လည် (၁၂)နာရီတွင် စတင်ပါမည်။

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား
၂၀၀၇ - ၂၀၁၂

ဖိတ်ကြားလွှာ

နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား ကျင်းပခြင်း၏ရည်ရွယ်ချက်-
၁ )-ပြည်တွင်းငြိမ်းချမ်းရေး။
၂ )-နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး။
၃ )-ပြည်ပရောက် ဒီမိုကရေစီအင်အားစု အားလုံးလွတ်လပ်စွာ ပြန်လာခွင့်ပေးရေး။
၎ )-အမျိုးသား ပြန်လည်သင့်မြတ်ရေး။
၅ )-အခြေခံဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ရရှိရေး။
စသည့်နိုင်ငံရေး အနှစ်သာရရှိစွာ ( ၅ )နှစ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို
ကျင်းပမည်ဖြစ်ပါသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း စိတ်ဓါတ်ဖြင့် ကြွရောက်ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပရေးကော်မတီ
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့။

0 ထပ်ပြောရဦးမယ်…. အဘစိန်ရေ


၇.၉.၂ဝ၁၂ ရက်နေ့ ရန်ကုန်မြို့ စံတော်ချိန် ၁၆း၃ဝ နာရီ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ စံတော်ချိန် (၆းဝဝ) နာရီအချိန် ကျွန်တော့်ထံသို့ရောက်ရှိလာသော အီးမေးလ်စာတစ်စောင်ကြောင့် ကျွန်တော်အထူး တုန်လှုပ်သွားခဲ့သည်။ အကြောင်းမှာ ယင်းနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နာရေးကူညီမှု ဈာပနလမ်းကြောင်းမှာ စံချိန်သစ် တင်သွားခဲ့ကြောင်းပင်ဖြစ်သည်။ ယခုလို မိုးရာသီ အေးမြသော အချိန်ကာလများတွင် ယခင့်ယခင် နှစ်များစွာက ဘဝတစ်ပါးသို့ ပြောင်းသွားသူ ဦးရေသည် တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် (၄ဝ) ဦးရေမှ (၄၅) ဦးရေ ခန့်သာရှိခဲ့သည်။ ပူပြင်းလှသော နွေရာသီ အချိန် ကာလများတွင် သေဆုံးသူ ဦးရေအားဖြင့် တစ်နေ့လျှင် (၅ဝ) ဦးကျော်ခန့်သာ ရှိခဲ့သည်။ သို့ရာတွင် ၇.၉.၂ဝ၁၂ ရက်နေ့တွင် ညနေ ၄း၃ဝ နာရီအချိန်လောက်မှာပင် နာရေးကူညီမှုပေါင်း (၅၇) ဦး ရှိနေသောကြောင့် ကျွန်တော် တုန်လှုပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ထိုကဲ့သို့ လူ့လောကကြီးမှ ထွက်ခွာမှု များပြားနေခြင်းကို ကျွန်တော်တွေးတော စဉ်းစား မိတော့သည်။ လူရယ်လို့ လူ့ဘဝကြီးတွင် လျှောက်လှမ်းနေစဉ် ကာလအတွင်းတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အာဏာအတွက် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဏာတအတွက် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အိမ်ထောင်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ စသည့် ….ဝိရောဓိစစ်ပွဲများကြောင့်လူသားတို့ သေကြေဆုံးရှုံးခဲ့ရမှုများကို တွေ့မြင်ရတော့သည်။ ထိုကဲ့သို့ ဘဝစစ်ပွဲများအား ရင်ဆိုင် တိုက်ပွဲဝင်မှုများတွင် အိမ်ထောင်ရေးစစ်ပွဲ၊ အချစ်ရေးစစ်ပွဲ ဟူသော စစ်ပွဲတွင် ကျဆုံးမှုများမှာ မပြောစ လောက် ရှိသော်ငြားလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အာဏာ၊ လွတ်လပ်မှု၊ အာဃာတ ... စသည့် တိုက်ပွဲများတွင် ကျဆုံးမှုများသည် ရာခိုင်နှုန်းအားဖြင့် များပြားမှုကို သိမြင်ခဲ့ရ သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဝိရောဓိစစ်ပွဲများ ရပ်စဲသွားကာ ငြိမ်းချမ်းသော ကမ္ဘာမြေပြင်၊ ငြိမ်းချမ်း သော မြန်မာ့မြေပြင်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြရမည် ဖြစ်တော့သည်။

ငြိမ်းချမ်းမှုများ မရမီစပ်ကြား ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် အများပြည်သူတို့အပေါ် တတ်နိုင်သည့်ဘက်မှ ကိုယ်ကျိုးစွန့်၍ အတ္တများကိုဖြုတ်ကာ ပေးဆပ်သွားရင်းဖြင့် ပြည်သူပြည်သားတို့၏ စောင့်ထိန်းရမည်ဖြစ်သော လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားများကိုလည်း တတ်နိုင်သ၍ မှန်ကန်သော တရားမျှတသော လမ်းကြောင်းပေါ်သို့ တင်ပေးရမည်ဖြစ်သည်။ ထို့အပြင် လူ့အခွင့်ရေး အပြည့်အဝရရှိရေး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား လူသားခြင်းစာနာစိတ် မွေးဖွားနိုင်ဖို့အတွက်လည်း ကြိုးပမ်း ပေးရမည်ဖြစ်သည်။ ဤနေရာတွင် လူ့အခွင့်အရေးပြည့်ဝမှုနှင့် ပတ်သတ်၍ ကျွန်တော် လက်တွေ့ ခံစားရမှု တခုအား တင်ပြလိုတော့သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း လူမျိုးဘာသာမရွေးတို့၏ လူ့အခွင့် အရေးများ ဆုံးရှုံးမှုများစွာ ရှိနေသည်ကို သိမြင်ကြမည်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိခဲ့ ပြီးနောက် လူ့ဘဝကို လျှောက်လှမ်းပြီးသောအချိန် လူ့လောကကြီးမှ ထွက်ခွာသွားရသည့်အချိန်တွင် တသက်တာ လဲလျောင်းနေရမည့် သုသာန်မြေအကြောင်းကို ကျွန်တော် တင်ပြသွားမည်ဖြစ်သည်။ သုသာန်မြေအကြောင်းဟု ဆိုလိုက်သည်နှင့် စာဖတ်သူအပေါင်းတို့အတွက် မင်္ဂလာမရှိခြင်း၊ ဆက်၍ မဖတ် ရှုလိုခြင်းတို့ကို စိတ်ထဲတွင် မပေါ်ပေါက်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းမြေဟူသည်ကား လူသားအားလုံးနှင့် ဆက်နွယ်၍ ပတ်သက်မှုရှိနေခြင်းဟူ၍ သာဓကရှိခဲ့ပြီးဖြစ်သည်။

ဗုဒ္ဓ မြတ်စွာဘုရားရှင် လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံး ထဲက ဂုဇ္ဈကုဋ်တောင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုပ်ဖို့ သားဖြစ်သူကို ပြတယ်။ ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တဝါတစ်ယောက်ရဲ့ ဘဝတွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာကို ပြပါတယ်။

ဥပသာလက နာမာနိ၊

သဟဿနိ စတုဒ္ဒသ။

အသ္မိံပဒေသေ ဒဂနိ

နတ္တိလောကေ အနာမတံ။

ပုဏ္ဏားကြီး သင်ယခုညွှန်ပြသောနေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်း ကောင်ပေါင်း တစ်သောင်းလေးထောင်တိတိ မီးသင်္ဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေ အပြင်၌ လူသေ ကောင်ပုတ် မမြုပ်ဖူးသောနေရာဟူ၍ မရှိပေ။"

ထို့ကြောင့် ယခု ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံရှိ မြို့အသီးအသီးတို့တွင် သုသာန်များအား လိုက်လံကြည့်ရှု လေ့လာသောအချိန်တွင် ကျွန်တော်များစွာ ကြေကွဲမှုကို စိတ်တွင်ဖြစ်ပေါ် ခဲ့ရတော့သည်။ အမေရိကန်နိုင်ငံတွင်မက အခြားသော ပြည်ပနိုင်ငံများတွင် လူသားတို့၏ နောက်ဆုံးခရီးအားပို့ဆောင် သင်္ဂြိုလ်ပေးမှုလုပ်ငန်းများသည် များစွာလူ့အခွင့်အရေး အပြည့်အဝကို ရရှိစေခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့သော ပြည်ပနိုင်ငံကြီးများတွင် လူတစ်ယောက် သေဆုံးသွားပါက မြေမြုပ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်း စသည့် အသုဘအခမ်းအနားများအတွက် ကုန်ကျငွေများသော်ငြားလည်း အသုဘပို့သူ၊ အသုဘရှုသူ အပေါင်းတို့အပြင် ဘဝတစ်ပါးသို့ ပြောင်းသွားရှာသောသူများအတွက်လည်းငြိမ်းအေးမှု၊စိတ်ချမ်းသာမှု အေးချမ်းငြိမ်သက်မှုတို့ကို တွေ့ကြုံခံစားရမည်ဖြစ်သည်။ ယင်းကဲ့သို့သော အေးငြိမ်းခံစားမှု ရသများကို ပြည်ပနိုင်ငံများတွင် ခရစ်ယာန်လူမျိုး တစ်မျိုးထဲတွင်မက ဂျူးလူမျိုး၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင် များပါမကျန် ခံစားခဲ့ရကြောင်း သိရှိခဲ့ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မိမိမွေးရပ်မြေ မြန်မာပြည်အတွင်းတွင်သာ နောက်ဆုံးခေါင်းချချင်သော ဆန္ဒရှိခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့်ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ခေါင်းချခဲ့ရသော မြန်မာလူမျိုးများစွာရှိခဲ့သည်။ ထိုထဲတွင် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြသော အထင်ကရ ဆရာတော်များ၊ အနုပညာရှင်များလည်း ပါဝင်ခဲ့ရသည်။

ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ဘဝခရီးအား အေးချမ်းမှုဖြင့် အဆုံးသတ်ခဲ့ရပုံများကို တွေ့မြင်ခဲ့ရကာ လူ့အခွင့်အရေး အပြည့်အဝကို ရရှိခဲ့သော လူပီသစွာ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူမိသော်ငြားလည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူ့ဘဝခရီးအား အဆုံးသတ်ရမည့် မြေနေရာ (သုသာန်မြေ) များအားလည်း သန့်ရှင်းသပ်ရပ် ငြိမ်းချမ်းမှုရှိသော အထင်ကရ ပန်းခြံကြီးများကဲ့သို့ ဖြစ်ပေါ်စေလိုသော ဆန္ဒများ ပြင်းပြ ခဲ့ရသည်။ ယခုမူ မြန်မာပြည်တွင်းရှိ သုသာန်များသည် မြို့ပြင်၊ ရွာပြင်များတွင် အခိုင်အမာ တည်မြဲမှု မရှိခြင်း၊ ပြည်ပနိုင်ငံများတွင် မြို့ပြင်၊ ရွာပြင်များတွင်သာမက မြို့လယ်ခေါင်၊ ရွာလည်ခေါင်များတွင် ခံ့ညား ထည်ဝါစွာဖြင့် အပန်းဖြေစရာ ဥယျာဉ်ခြံကြီးများအဖြစ် သမိုင်းမှတ်တိုင်များ ထူထောင်ထားခြင်းကို တွေ့မြင် ရသည်။ ထို့အပြင် သုသာန်မြေအနီးရှိ အိမ်၊ ခြံ၊ မြေဈေးကွက်များသည်လည်း တိတ်ဆိတ်ငြိမ်သက် လုံခြုံမှုရှိခြင်းကြောင့် အခြားသော ရပ်ကွက်များထက် ဈေးနှုန်းမြင့်မားမှုများကို တွေ့ရှိရသည်။ မြန်မာ ပြည်တွင်းတွင် သုသာန်မြေနှင့် နီးလျှင် မနေလိုခြင်း၊ သုသာန်မြေနှင့် နီးသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်း စသည့် အယူသီးမှုများ လွှမ်းခြုံနေဆဲဖြစ်သည်။

ပြည်ပနိုင်ငံရှိ လူ့ဘဝ၏ နောက်ဆုံးမှတ်တိုင်မြေနေရာ (လူသင်္ချိုင်း)ကို မဆိုထားနှင့် ... ပြည်ပနိုင်ငံ ရှိ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသော ကြောင်၊ ခွေး၊ ယုန်၊ ငှက် စသည့် တိရစ္ဆာန်များ၏ နောက်ဆုံးခရီး မှတ်တိုင်ဖြစ်သော တိရစ္ဆာန်သင်္ချိုင်းများကပင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ လူသင်္ချိုင်းများထက် အဆပေါင်းမြောက်များစွာ သာယာမှု၊ အေးချမ်းမှု၊ သန့်ရှင်းမှုများဖြင့် ပြည့်စုံနေတော့သည်။ ယခုမူ မြန်မာ ပြည်တွင်းရှိ သုသာန်မြေများသည် ရှုပ်ထွေးလှသောချုံပုတ်များ၊ ညစ်ပတ်လှသော ရွံနွံများ၊ ပျက်စီး ယိုယွင်း နေသောအုတ်ဂူများဖြင့် ခြောက်ခြားဖွယ်ရာ ရှိနေသကဲ့သို့ အချို့သောဒေသမြို့နယ်များတွင် သုသာန် မြေများအား တူးဖော်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ သိမ်းဆည်းခံရခြင်းတို့ကို ကြုံတွေ့နေရဆဲ ဖြစ်နေရသည်။ ထို့ကြောင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေသူ ကျွန်တော့်အဖို့ "သေသောသူသည် သုသာန်သို့သာ သက်သက်သာသာ သွားသင့်သည်" ဟူသော ခံယူချက်အတိုင်း လူသားခြင်းစာနာ ထောက်ထားသောစိတ်ဖြင့် "ပြောရဦးမယ်... အဘစိန်ရေ" ဟူ ၍ ဆောင်းပါးတစ်ပုဒ်၊ တိုက်တွန်းမှုတချက်၊ ဟစ်တိုင်တစ်ခုအဖြစ် တင်ပြခဲ့ပြီးဖြစ်သည်။ ယခုထပ်မံ၍ " ထပ်ပြောရဦးမယ်... အဘစိန်ရေ" ဟူ၍သာ ထပ်မံ ကြွေးကြော်လိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် "သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန် ဇယား (သက်တမ်း ၇၅ နှစ်)" ဟူသော တွက်ချက်မှုဇယားအရ -

သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန်ဇယား (သက်တမ်း ၇၅ နှစ်)

သင့်အသက် သုံးပြီးသောအသက် လက်ကျန်ရက်

၁ဝ နှစ် ၃၆၅ဝ (ရက်) ၂၃၇၂၅ (ရက်)

၁၅ နှစ် ၅၄၇၅ (ရက်) ၂၁၉ဝဝ (ရက်)

၂ဝ နှစ် ၇၃ဝဝ (ရက်) ၂ဝဝ၇၅ (ရက်)

၂၅ နှစ် ၉၁၂၅ (ရက်) ၁၈၂၅ဝ (ရက်)

၃ဝ နှစ် ၁ဝ၉၅ဝ (ရက်) ၁၆၄၂၅ (ရက်)

၃၅ နှစ် ၁၂၇၇၅ (ရက်) ၁၄၆ဝဝ (ရက်)

၎ဝ နှစ် ၁၄၆ဝဝ (ရက်) ၁၂၇၇၅ (ရက်)

၄၅ နှစ် ၁၆၄၂၅ (ရက်) ၁ဝ၉၅ဝ (ရက်)

၅ဝ နှစ် ၁၈၂၅ဝ (ရက်) ၉၁၂၅ (ရက်)

၅၅ နှစ် ၂ဝဝ၇၅ (ရက်) ၇၃ဝဝ (ရက်)

၆ဝ နှစ် ၂၁၉ဝဝ (ရက်) ၅၄၇၅(ရက်)

၆၅ နှစ် ၂၃၇၂၅ (ရက်) ၃၆၅ဝ (ရက်)

၇ဝနှစ် ၂၅၅၅ဝ (ရက်) ၁၈၂၅(ရက်)

၇၅ နှစ် ၂၇၃၇၅ (ရက်) . . . . . . . . .

ယင်း သင့်ဘဝ လက်ကျန်အချိန်ဇယားသည် ပျှမ်းမျှတွက်ချက်ထားသော ဇယားကွက်ဖြစ်သည်။ ထိုအချိန်ထက် စောလျင်စွာ ဘဝကူးပြောင်းရမည့်သူများလည်း ရှိမည်ဖြစ်သကဲ့သို့ ထိုအချိန်ထက် ကြာမြင့် စွာ လူ့ဘဝတွင် နေထိုင်ခွင့်ရမည့် သူများလည်းရှိပေမည်။ မည်သို့ပင်ဖြစ်စေ မိမိအတွက်လူ့ဘဝထဲတွင် နေထိုင်ရန် ကျန်ရှိသော လက်ကျန်နေ့ရက်များတွင် အများကောင်းကျိုးအတွက် အတ္တများကိုဖြုတ်၍ ပရဟိတ စိတ်ဓာတ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်သွားပါက ငြိမ်းအေး သာယာ ချမ်းမြေ့သော ကမ္ဘာသစ်တစ်ခုကို တည်ဆောက်သွားနိုင်တော့မည် ဖြစ်ပါသည်။

ကျွန်တော်သည် လူမှုရေးသမားဖြစ်သည်နှင့်အညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ အများပြည်သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်တွေ့ခံစား ကြုံတွေ့မှုများကို အများပြည်သူနှင့် ထပ်တူထပ်မျှ ခံစားတင်ပြ ရေးသားရခြင်း ဖြစ်ပေ သည်။

အတိတ်က "ပြောရဦးမယ်... အဘစိန်ရေ"

ယခုပစ္စုပ္ပန်မှာ "ထပ်ပြောရဦးမယ်... အဘစိန်ရေ"

နောက်အနာဂတ်မှာ "ပြောစရာကို မရှိတော့ဘူး... အဘစိန်ရေ" ဟူသော ဆောင်းပါးတစ်ပုဒ်အား ရေးသားလိုသည့် စိတ်ဆန္ဒ ပြင်းထန်လျှက် ရှိနေပါတော့သည်။


ကျော်သူ

0 စစ်ကိုင်းဒေသကြီးသို့နောက်နောင်မလာရခံဝန်ချက်ဖြင့်ကိုဝေဠုလွတ်မြောက်ပြီးအိမ်ပြန်

ကိုဝေဠုနှင့် သူ့ ရဲ့ မိခင်နှင့်တွေ့ ရစဉ်
ယနေ့ လွတ်မြောက်လာသော မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့သည် ၈၈မျိုးဆက်ကျောင်းသားများ၏ အာမခံချက်ဖြင့် လွတ်မြောက်လာခြင်း ဖြစ်ပြီး ယမန်ပြည့်မည့် စက်တင်ဘာ(၂၄) ရက်နေ့တွင် တရားစွဲဆိုထားမှုကို ရုပ်သိမ်းပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ထို့အပြင် ချောင်းဦးမြို့နယ်ရဲစခန်းမှလွတ်မြောက်လာသောလက်ပံတောင်း ကြေးနီစီမံကိန်းအရေးလှုပ်ရှားသူ ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုဝေဠုသည်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းသို့ နောင်နောင် မလာရဟူသော ခံဝန်ချက်ဖြင့် လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်
(ThanLarWaddy Times)
Photo..တင်ထွဋ် ပိုင်,AUNG NAY MYO Facebook
၁၄၊ ၉၊ ၂၀၁၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် လက်ပံတောင်ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံရသူ ၀က်မှေးရွာသူ ၃ ဦးဖြစ်ကြတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက် တို့ လွတ်မြောက်လာတဲ့အတွက် မိမိရပ်ရွာသို့ လိုက်လံပို့ဆောင်ခဲ့ကြ။

ထိုသို့ လိုက်လံပို့ဆောင်တဲ့အခါ ကိုဂျင်မီ၊ ကိုမျိုးသန့် အပါအ၀င် ၈၈မျိုးဆက်ကျောင်းသားများ(ပွင့်လင်းလူ့အဖွဲ့အစည်း)၊
ကျောင်းသားသမဂ္ဂအထက်မြန်မာပြည်(မုံရွာခရိုင်)၊ဗကသ(ရန်ကုန်)၊ဗကသ(မန္တလေး)၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်၊ ချောင်းဦးမြို့နယ်၊ မုံရွာမြို့နယ်မှပြည်သူလူထုများ ပါဝင်ပါသည်။

မအေးနက်၏ မိခင်နှင့် မွေးစားမိခင်ကတော့ " သမီး အဖမ်းခံရတဲ့အတွက် ၀မ်းလဲနည်းတယ်၊ လွတ်မြောက်လာတဲ့အတွက် ၀မ်းလဲသာတယ် "လို့ ပြောပါတယ်။

အေးမြမြလွင်
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မုံရွာမြို့နယ်

0 ပြည်တွင်းပြန် နိုင်ငံခြားသား ခံယူထားသူများ၏ နိုင်ငံရေး ကစားကွက် နေရာ ...

အခုနောက်ဆုံးတော့ အစိုးရက နားလည်မှုရှိတယ်၊ သဘောထားကြီးတယ် ဆိုပြီး ၅ နှစ် နေထိုင်ခွင့် ပေးဖို့ စဉ်းစားတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ရုတ်တရက် ကြည့်ရင် သဘောထားကြီး သလိုလိုပါပဲ။ တကယ်တမ်းမှာတော့ .. မင်းတို့တွေ ၅ နှစ် တိတိ နိုင်ငံရေး ကစားပွဲထဲ လာမရှုပ်နဲ့လို့ တရားဝင် ကြေငြာလိုက်တာပါ။
ပြည်တော်ပြန် နိုင်ငံရေး/တော်လှန်ရေးသမားတွေကို ၅ နှစ် နေခွင့်ပြုဖို့ အစိုးရက စဉ်းစားနေတယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရပါတယ်။

အဆိုပါပုဂ္ဂိုလ်တွေဟာဘယ်လိုအကြောင်းနဲ့ ပြည်တွင်းကို ပြန်ဝင်ဝင်အတော်များများက နိုင်ငံခြားတိုင်းပြည်ရဲ့ နိုင်ငံသားတွေအဖြစ်နဲ့ ပြည်ဝင်ခွင့် လျှောက်ပြီး နေကြရတာ ဖြစ်ပါတယ်။

ဒီတော့ ပြည်တော်ပြန်တွေ ပြည်တွင်းမှာ .. ပြည်သူအကျိုးအတွက် နိုင်ငံရေးသမား ပုံစံနဲ့ နိုင်ငံရေး ကစားကွက်ထဲ ဝင်ဖို့က ခက်ခဲပါတယ်။ အနိမ့်ဆုံး အဖြစ် နေထိုင်ခွင့် ရဖို့အတွက်တောင် ခက်ခဲပါတယ်။ နေထိုင်ခွင့် ကျော်သွားလို့ (over stay ဖြစ်လို့) အဖမ်းခံရရင် .. နိုင်ငံရေးကြောင့် ဖမ်းခံရတာ မဟုတ်လို့ ပြဿနာက ထင်သလောက် ရှင်းမနေပါဘူး။

ဒါကြောင့် နိုင်ငံရေး လုပ်မှာလား၊ လူမှုရေး လုပ်မှာလားဆိုတာ ပြည်တော်ပြန်တွေအနေနဲ့ လက်တွေ့ အခြေအနေကို သေချာတွက်ပြီးမှ ဖြေရမယ့်မေးခွန်း ဖြစ်လာပါတယ်။ နိုင်ငံရေး သမားအဖြစ် နိုင်ငံရေး ကစားပွဲထဲ ဝင်ကစားမယ်ဆိုရင်တော့ အခုလောလောဆယ် အခြေအနေမှာ ပြည်တွင်းက ပါတီ တစ်ခုခုရဲ့ ပါတီဝင် အဖြစ်တောင် လျှောက်ထားဖို့တောင် နိုင်ငံခြားသား ဖြစ်နေလို့ မရပါဘူး။ ကိုယ်တိုင် အဖွဲ့အစည်း ထောင်ဖို့ဆို ပိုဝေးပါတယ်။

လူမူရေးအဖွဲ့ရော အဖြစ်ရော။ ဒါလည်း ... မသေချာပါဘူး။ ပြည်တွင်းမှာ NGO(s) တွေအတွက် တိကျတဲ့ ရှင်းလင်းတဲ့ ဥပဒေကလည်း မရှိသေးပါဘူး။

ဒီတော့ .. ပြည်တော်ပြန်တွေအတွက် ပြည်တွင်းမှာ အလုပ် လုပ်နိုင်အောင် "နားလည်မှု" တို့၊ "လျှို့ဝှက်အပေးအယူ" တို့ .. "အစိုးရဝန်ကြီး တချို့နဲ့ လက်ဝါးချင်း ရိုက်မှု" တို့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုပုံဆို ပွင့်လင်းမြင်သာမှုကတော့ အားအတော် နည်းသွားတယ်။ ပွင့်လင်းမြင်သာမှု မရှိဘဲ ဒီပုံစံနဲ့ အမြဲံဆက်သွားနေမယ်ဆိုရင်တော့ တိုင်းပြည်အတွက် အန္တရာယ်ကြီးပါတယ်။

နောက်ပြီး တိုင်းပြည်အကျိုးအတွက် လုပ်မှာလား ... မိမိစီးပွားရေး ဂွင်အတွက် နယ်စပ်မှာ အနေကျပ်လို့ ဝင်လာကြတာလား ဆိုတာကလည်း လူတိုင်းရင်ထဲက ထုတ်မပြောပေမယ့် သိနေတဲ့ သံသယ မေးခွန်းပါ။ ဒါကြောင့် အခုလောလောဆယ်မှာ ပြည်တွင်းဝင်လာသူတွေအတွက် နိုင်ငံရေးကစားစရာ နေရာ မရှိသေးဘူးလို့ ပြောလို့ရပါတယ်။ အစိုးရ ဝန်ကြီးတွေနဲ့ လျှို့ဝှက် သဘောတူညီမှုတွေနဲ့ လုပ်မယ်ဆိုရင်တော့ .. မပြောတတ်ဘူးပေါ့။

အခုနောက်ဆုံးတော့ အစိုးရက နားလည်မှုရှိတယ်၊ သဘောထားကြီးတယ် ဆိုပြီး ၅ နှစ် နေထိုင်ခွင့် ပေးဖို့ စဉ်းစားတယ်ဆိုပြီး သတင်းထွက်လာပါတယ်။ ရုတ်တရက် ကြည့်ရင် သဘောထားကြီး သလိုလိုပါပဲ။ တကယ်တမ်းမှာတော့ .. မင်းတို့တွေ ၅ နှစ် တိတိ နိုင်ငံရေး ကစားပွဲထဲ လာမရှုပ်နဲ့လို့ တရားဝင် ကြေငြာလိုက်တာပါ။ ဝန်ကြီးတွေကလည်း အတိုင်းအတာ တစ်ခုအထိပဲ သဘောတူပြီး ... အကျိုးပျက်မယ့် ကိစ္စမြင်ရရင်တော့ .. မြောက်ပိုင်းကိစ္စနဲ့ မကင်းသူတွေအတွက် .. အဲဒီ အနိုင်ကွက်ကို ထုတ်သုံးနိုင်စရာ ရှိနေပါတယ်။ အကျိုးရှိနေသေးရင်တော့ မသိချင်ယောင် ဆောင်နေဦးမှာပါ။ အခြားလူတွေကိုတော့ နိုင်ငံခြားသား ဖြစ်မှုဆိုတာနဲ့ စည်းအပြည့်အဝ ခြားထားမှာပါ။

အထူးသတိထားဖို့ကတော့ ပြည်တော်ပြန် နိုင်ငံခြားသား ခံယူထားသူတွေအနေနဲ့ .. လက်တလော ပြဿနာဖြစ်နေတဲ့ လက်ပံတောင်းတောင် ဧရိယာက ကိစ္စလို ဆန္ဒပြမှုတွေကို .. လူကိုယ်တိုင်သွားရောက် အားပေးတာမျိုး .. မလုပ်မိဘဲ ရှောင်ကျဉ်ဖို့ လိုအပ်တယ် ထင်ပါတယ်။ မဟုတ်ရင် .. နိုင်ငံခြားသားတွေ (သို့) ပြည်ပ အနှောက်အယှက်တွေက မြှောက်ပေးလို့ ဖြစ်လာတာ ဆိုပြီး .. အဖမ်းခံနေရသူတွေ အမှုပိုကြီးလာနိုင်လို့ ပါပဲ။

ဘာပဲ ပြောပြော အခုလောလောဆယ်မှာတော့ ပြည်တွင်း ပြန်ဝင်မယ့် နိုင်ငံခြားသား ခံယူထားသူတွေအတွက်ကတော့ အသိပညာ ဖလှယ်တာ၊ (လက်ခံရင်) အကြံပေး (သို့) အတိုင်ပင်ခံ လုပ်တာ၊ ပရဟိတ လုပ်တာ .. စတဲ့ အလုပ်တွေကို နောင် ၅ နှစ် အထိ ဆက်လက် လုပ်ကိုင် နေဖို့က လွဲပြီး ကျန်တာ ရွေးစရာ မရှိသေးပါ။

ကိုထိုက်

0 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ထုတ်ပြန်ချက်

shared from: National League for Democracy

Friday, September 14, 2012

0 အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အမေရိကန်သံရုံးများအား ပြင်းထန်သောဆန္ဒပြမှုများဖြစ်ပွား။

တမန်တော်မိုဟာမက်ကိုစော်ကားသောရုပ်ရှင်ဇာတ်လမ်းတိုအား အမေရိကန်နိုင်ငံတွင်အပျော်
တမ်းရိုက်ကူးခဲ့ပြီး ယူကျူ့ဝက်ဆိုက်စာမျက်နှာတွင်ဖေါ်ပြခဲ့ခြင်းကို မကျေမနပ်ဖြစ်နေသော
အစ္စလာမ်ဘာသာဝင်အများသည် ယနေ့ကြာသပတေးနေ့တွင် အီရန်၊အီဂျစ်၊ယီမင် မြို့တော်များရှိ
အမေရိကန်သံရုံးများတွင် ပြင်းထန်သော ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ယီမင်နိုင်ငံမြို့တော် ဆနာမြို့ရှိ အမေရိကန်သံရုံးဂိတ်ပေါက်အား ဆန္ဒပြသူတို့ကျော်ဖြတ်ရန်ကြိုးစားကြစဉ်။

နယူးယောက်စံတော်ချိန်မနက် ၇နာရီ၊၃၄မိနစ်။ – ယီမင်နိုင်ငံမြို့တော် ဆာနာမြို့တွင် အစ္စလာမ်ဘာသာဝင် ၅၀၀၀ကျော်ခန့်သည်အမေရိကန်သံရုံအားဆန္ဒပြရင်း ပြင်းထန်စွာတိုက်ခိုက်ဖို့ကြိုးစားခဲ့ကြသည်။ ဆန္ဒပြလူငယ် ၁၀ယောက်ခန့်သည်လုံခြုံရေးရဲတို့ကိုကျော်ဖြတ်ပြီး အမေရိကန်သံရုံးဂိတ်ပေါက်အားချိုးဖျက်ရန်ကြိုးစားခဲ့သော်လည်း
လုံခြုံရေးရဲတို့မှ ပြန်လည်မောင်းထုတ်နိုင်ခဲ့သည်။ ဆန္ဒပြသူများပြင်းထန်လာမှုကြောင့်လုံခြုံရေးရဲများက
မိုးပေါ်ထောင်သေနတ်ပစ်ပေါက်ခြင်း၊မျက်ရည်ယိုဗုံးများဖြင့် တားဆီးခဲ့ရသည်။

နယူးယောက်စံတော်ချိန်မနက် ၅နာရီ၊၃၇မိနစ်။ – အီဂျစ်နိုင်ငံကိုင်ရိုမြို့တော်တွင် ဆန္ဒပြသူရပေါင်းများစွာက အမေရိကန်သံရုံးအား တမန်တော်မိုဟာကိုဆော်ကားထားသည့်ကားရုပ်ရှင်ဇာတ်လမ်းတိုအတွက် ဒုတိယနေ့မြောက်အဖြစ်ဆက်လက်ဆန္ဒပြခဲ့ကြသည်။ အဓိဂရုဏ်နှိမ်နှင်းရေးအဖွဲ့ဝင်တို့မှ မျက်ရည်ဗုံးခွဲ၍တားဆီးခဲ့ရသည်။
မွတ်ဆလင်သွေးစည်းညီညွတ်ရေးညီနောင်များအဖွဲ့မှ မနက်ဖြန်သောကြာနေ့တွင် တနိုင်ငံလုံးဝတ်ပြုဆုတောင်းပြီး
ဆန္ဒပြကြရန်လှုံဆော်ထားသည်။

နယူးယောက်စံတော်ချိန်မနက် ၆နာရီ၂၂မိနစ်။ – အီရန်နိုင်ငံမြို့တော်တီဟီရန်မြို့တွင် အမေရိကန်သံရုံးဖွင့်လှစ်မထား
သော်လည်း အမေရိကန်နိုင်ငံကိစ္စဖြေရှင်းပေးသည့် ဆွစ်ဇာလန်နိုင်ငံသံရုံးရှေ့တွင် တက္ကသိုလ်ကျောင်းသားများ
ဦးဆောင်ကာ ဆန္ဒပြခဲ့ကြသည်။ လုံခြုံရေးရဲများစောင့်ကြပ်မှုကြောင့်အကြမ်းဖက်ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

ယမန်နေ့က လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင် အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့်
နိုင်င်ငံအသီးသီးရှိ အမေရိကန်သံရုံးများအားလုံး အရေးပေါ်လုံခြုံရေးအဆင့် တိုးမြှင့်ထားရန် အမေရိကန်သမ္မတ
အိုဘားမားက အရေးပေါ်ထုတ်ပြန်ကြေညာလိုက်သည်။
Aung pan

0 အမှားလုပ်တဲ့သူတွေဟာ အမှားကို ၀န်ခံရမယ်။ ရှိတဲ့အမှားကို ပြင်ဆင်ရမယ်။ အမှားလုပ်ခဲ့တဲ့သူတွေက အမှားကို ၀န်မခံဘဲနဲ့ နေရာဝင်ယူလို့ မရဘူး။ အဲဒါကို ကျွန်တော် ပြောချင်တာ။

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်ကို ပေါ်ပြူလာဂျာနယ်၏ အယ်ဒီတာချုပ် ကိုမျိုး(မြန်မာစာ)က စက်တင်ဘာလ ၉ ရက်နေ့တွင် တွေ့ဆုံပြီး မီဒီယာနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းများအား ဆက်စပ်ပြီး မေးမြန်းမှု

ဒီမှာရှိနေတဲ့ မီဒီယာတွေရော အချို့လူတွေ စွပ်စွဲသလို ဒေါ်လာမက်လို့၊ ကြောက်လို့ ထွက်ပြေးသွားတယ်လို့ အဲဒီလိုတွေမဟုတ်ဘူး။ အခြေအနေကို လွဲမှားစွာ သုံးသပ်မှုတွေ မြင်နေရလို့ ကျွန် တော့်အနေနဲ့ ဒါဟာလွဲမှားတယ်ဆိုတာ ရှင်းပြချင်ပါတယ်။

အဓိကအကြောင်းအရင်းကဒီမှာရှိနေတဲ့လူငယ်ဂျာနယ်လစ်တွေရောလူငယ်နိုင်ငံရေးသမားတွေရောဒီမှာကျန်ခဲ့တဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ နိုင်ငံရေးသမားတွေရော နားလည်ဖို့အချက်ကတော့ ပြည်ပကပြန်လာတဲ့သူတွေဟာ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်လှုပ်ရှားပါစေ။ သူတို့မှာ အတွေ့အကြုံတွေ ရှိလာခဲ့တယ်။ သူတို့မှာရှိတဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ဒီမှာရှိနေခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီးတော့ ကျွန်တော် တို့နိုင်ငံကို ရှေ့ဆက်သွားအောင်လုပ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ လိုတယ်။ ဒီလိုလုပ်နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံဟာ ပိုပြီးတော့ ဒီမိုကရေစီဟာ ပိုပီပြင်မယ်။ သူတို့ရဲ့ လုပ်ပိုင်နိုင်ခွင့်ကို ဖွင့်ပေးဖို့ လိုတယ်။ သူတို့ကိုသွားပြီးတော့ သူတို့ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ထိခိုက်အောင် ဒေါ်လာစားတွေ အခွင့်အရေးသမားတွေလို့ ပုတ်ခက်နေတာမျိုးတွေကို ကျွန်တော်တော့ လုံးဝ မနှစ်မြှို့ဘူး။ တစ်ယောက် နှစ်ယောက်တော့ မှားကောင်း မှားမယ်။ အားလုံးမှားခဲ့တာ မဟုတ်ဘူး။
မေး။ ။ ပထမဆုံးအနေနဲ့ မေးချင်တာကဆရာ ခုဏကပြောသလိုပြန်လာတဲ့ သူတွေသေးသိမ်အောင်ရေးနေကြတယ် ရေးနေကြတယ်ဆိုတာ Facebook လည်းဖြစ်မယ် တရားဝင် မီဒီယာအချို့တွေလည်း ဖြစ်ကောင်းဖြစ်မယ်။

မီဒီယာပေါ်မှာတက်ရောက် ပြောခွင့်ရှိတဲ့သူတွေလည်း ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုပုတ်ခတ်ပြောဆိုတဲ့ဟာက ၈၈ ကို သမိုင်းတစ်ခုလုံး မဟုတ်တောင် တစ်စိတ်တစ်ပိုင်းကို ထိခိုက်သွားစေနိုင်တဲ့ အကြောင်းအရာတွေ ဖြစ်နေမယ် သမိုင်း တစ်ခုလုံးကိုလည်း ထိခိုက်သွားစေတဲ့အကြောင်း အရာတွေဖြစ်နေမယ် အဲဒီသဘောလက်ရှိ မီဒီယာကျင့်ဝတ်နဲ့ ဘာလုပ်သင့်တယ်ဆိုတာလေးနဲ့ စမေးချင်တယ်။ မီဒီယာကျင့်ဝတ်နဲ့ ၈၈ သမိုင်းဆိုတာက ၂၄ နှစ်ကျော်ကာလကျမှ ဒီနေ့ အချိန်ခါမှ မှန်သည် မှားသည်ဆိုတာကို ဘယ်သူမှ ၀န်မခံသေးဘူး။ ကျူးလွန်တဲ့သူတွေပေါ့။ တစ်ဘက်က ဒီဟာကြီးဟာ မှန်ပါတယ်ဆိုပြီးတော့ ယုံကြည်ချက်နဲ့ နေခဲ့တဲ့သူတွေကပဲ မှန်တယ်လို့ ပြောနေတဲ့ကာလပါ။ အဲဒီလိုကာလမှာ မီဒီယာအနေနဲ့ ဘယ်လိုကျင့်ဝတ်နဲ့ ဘယ်လိုစကားလုံးမျိုး ဘယ်လိုအရေးအသားမျိုး ဘယ်လိုဖော်ဆောင်မှုမျိုး လိုအပ်သလဲပေါ့ အဲဒါလေးမေးချင်ပါတယ် ဆရာ။

ဖြေ။ ။ အခုပြဿနာက မိုးသီးဇွန် ပြန်လာတယ် ။ ကိုနိုင်အောင်ပြန်လာတယ် ABSDF မြောက်ပိုင်းကိစ္စ ပြဿနာတက်တယ်။ ဒီကိစ္စတက်လာတဲ့အခါ ABSDF ဥက္ကဋ္ဌတွေအနေနဲ့ သူတို့အနေနဲ့ မှားယွင်းကောင်း မှားယွင်းခဲ့မယ်။ တကယ် မစွပ်စွဲသင့်တဲ့သူတွေကို စွပ်စွဲခဲ့မယ်။ တကယ် ထောက်လှမ်းရေးမဟုတ်တဲ့ သူတွေကို သူတို့စွပ်စွဲပြီးတော့ မှားယွင်းခဲ့မယ်။ နောက်လက်နက်တွေသာ အဓိကဆိုပြီး အာဏာရှင်စနစ်ကလည်း အကြွင်းအကျန်တွေ ရှိတဲ့အခါ လက်နက်ရှိတဲ့အချိန် တရားဥပဒေ စိုးမိုးမှုမရှိတဲ့အချိန် လက်နက်ရှိတဲ့ သူကနိုင်တဲ့အချိန်မျိုး ဖြစ်သွားတယ်။ အဲဒါကြောင့်မို့လို့ ဒီပြဿနာ ပေါ်ခဲ့ရတယ်။ ကိုထွန်းအောင်ကျော် အပါအ၀င် လူအများကြီးဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်။ သတ်ဖြတ်ခံခဲ့တာက တာဝန်ရှိတာက တာဝန်ရှိတာတစ်ပိုင်း တာဝန်ရှိတဲ့သူကလည်း ရှိတဲ့အတိုင်း အမှားကို ၀န်ခံရမယ်။ အမှားကိုဝန်ခံပြီးတော့ အပြစ်ဒဏ် ကျသင့်တဲ့သူကလည်း အပြစ်ဒဏ်ခံပေါ့ သတ္တိရှိရှိ ကိုယ်လုပ်ခဲ့တာ ကိုယ်ခံရမယ်။ ဒါပေမယ့် မဆိုင်တဲ့ သူတွေ ABSDF မှာ ပါဝင်ခဲ့တဲ့သူတွေ ၈၈ မှာ ရက်စက်စွာ နှိမ်နင်းခံရပြီးတဲ့နောက်ပိုင်း နိုင်ငံခြားကို ထွက်ပြေးပြီးတော့ ရရာလက်နက် ဒါမှမဟုတ် မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆန့်ကျင်မယ်ဆိုပြီး ထွက်ပြေးခဲ့တဲ့သူတွေဟာ ကျ ဆုံးသွားတဲ့ တော်လှန်ရေးတွေရဲ့ ထုံးစံအတိုင်း သူတို့မှာ ရပ်တည်ရာမဲ့ နိုင်ငံပေါင်းစုံကို ရောက်သွားကြတယ်။ သူတို့ဘ၀တွေ ပျက်သွားကြတယ်။ သူတို့ အခြေအနေတွေ ပျက်ယွင်းသွားကြတယ်။ အဲလိုအခြေအနေ ပျက်ယွင်းသွားတဲ့ သူတွေဟာ တစ်ချိန်ချိန်မှာ သူတို့ပြန်လာဖို့ လုပ်ခဲ့ကြပြီ။ ဒီမှာရှိနေတဲ့ မီဒီယာတွေရော အချို့လူတွေ စွပ်စွဲသလို ဒေါ်လာမက်လို့၊ ကြောက်လို့ ထွက်ပြေးသွားတယ်လို့ အဲဒီလိုတွေမဟုတ်ဘူး။ အခြေအနေကို လွဲမှားစွာ သုံးသပ်မှုတွေ မြင်နေရလို့ ကျွန် တော့်အနေနဲ့ ဒါဟာလွဲမှားတယ်ဆိုတာ ရှင်းပြချင်ပါတယ်။

အဓိကအကြောင်းအရင်းကဒီမှာရှိနေတဲ့လူငယ်ဂျာနယ်လစ်တွေရောလူငယ်နိုင်ငံရေးသမားတွေရောဒီမှာကျန်ခဲ့တဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ နိုင်ငံရေးသမားတွေရော နားလည်ဖို့အချက်ကတော့ ပြည်ပကပြန်လာတဲ့သူတွေဟာ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်လှုပ်ရှားပါစေ။ သူတို့မှာ အတွေ့အကြုံတွေ ရှိလာခဲ့တယ်။ သူတို့မှာရှိတဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ဒီမှာရှိနေခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီးတော့ ကျွန်တော် တို့နိုင်ငံကို ရှေ့ဆက်သွားအောင်လုပ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ လိုတယ်။ ဒီလိုလုပ်နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံဟာ ပိုပြီးတော့ ဒီမိုကရေစီဟာ ပိုပီပြင်မယ်။ သူတို့ရဲ့ လုပ်ပိုင်နိုင်ခွင့်ကို ဖွင့်ပေးဖို့ လိုတယ်။ သူတို့ကိုသွားပြီးတော့ သူတို့ရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် ထိခိုက်အောင် ဒေါ်လာစားတွေ အခွင့်အရေးသမားတွေလို့ ပုတ်ခက်နေတာမျိုးတွေကို ကျွန်တော်တော့ လုံးဝ မနှစ်မြှို့ဘူး။ တစ်ယောက် နှစ်ယောက်တော့ မှားကောင်း မှားမယ်။ အားလုံးမှားခဲ့တာ မဟုတ်ဘူး။ အဲဒါကို ကျွန်တော်ပြောချင်တာ။

မေး။ ။ ကျွန်တော်တို့ မီဒီယာအကြောင်းပါပဲ ဆရာ။မီဒီယာသမားတွေက လက်ရှိ ကြိုတော့လည်း ကြိုတယ်။ ဒီပေါ်မှာပဲ ဥပမာ ၈၈ က ဒီဟာကို မကြိုဖို့ မဲခွဲဆုံးဖြတ်ရတယ် ဆိုတာမျိုးတွေ။ ဒါကတော့ သူတို့အတွင်းထဲမှာ တစ်ကယ်ရှိချင်လည်း ရှိနိုင်တယ်။ မရှိချင်လည်း မရှိနိုင်ဘူး။ ဒီအကြောင်းရာကို မီဒီယာပေါ်တင်ပြီးတော့ စကားလုံးဖော်ပြတဲ့ဟာက ဆရာတို့က ပြည်သူကို တကယ့်ထင်ထင်ရှားရှား ဒီ ၈၈ ဆိုတဲ့ဟာက ကောင်းပါတယ် ဆိုတဲ့ အကြောင်းအရာပေါ်မှာ ဒီနေ့ဒီအချိန် မှာ တည်ပြီးတော့ ရေးနေသင့်သလား သို့တည်းမဟုတ်ဖြစ်နေတဲ့ အကြောင်းအရာပေါ်မှာပဲ တိုင်းပြည်ဟာ ၈၈ ကြောင့် ကောင်းတဲ့အပြောင်းအလဲတွေ ရှိခဲ့တယ်။ ဒီဟာကို ပြန်ဖော်ဆောင်ကြမယ်ဆိုတဲ့ အမြင်မျိုးမဟုတ်ဘဲနဲ့ လက်တလော ဖြစ်နေတဲ့ကိစ္စကိုပဲ တင်ပြရမလား။ ၈၈ ဆိုတာဟာ မမှားခဲ့ဘဲနဲ့ အမှားလို့ ထင်ခံခဲ့ရတယ်။ ၈၈ ဆိုတာကို အမှန်တရားပါလို့ ဖော်ပြနေဖို့ အချိန်ကာလ အနေနဲ့ မီဒီယာအနေနဲ့က ကျွန်တော်တို့မှာ တာဝန်ရှိပါသလား။ ၂၄ နှစ်လုံးလုံး ကျွန် တော်တို့ တာဝန်မကျေခဲ့ဘူး။ ဒီနေ့ဒီအချိန်မှာ ဒါကိုကျွန်တော်တို့ ဖော်ဆောင်နေသင့်သလား။

ဖြေ။ အာဏာသိမ်းခါနီး အခြေအနေတွေ ခင်ဗျားဘာပဲဖြစ်ဖြစ် မြင်တွေ့ခဲ့ရမှာပါ။ ဘယ်လိုကြောင့် အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းဖို့ အခြေအနေတွေ ဘယ်သူက ဖန်တီးခဲ့တယ် ဘယ်လိုအခြေအနေမျိုးတွေ ဖန်တီးခဲ့လို့ အဏာသိမ်းခဲ့တယ် အာဏာသိမ်းပြီးသိမ်းခါစမှာ ကျွန်တော်တို့ ဒီကိစ္စမှာ လှုပ်ရှားခဲ့သူတွေက နောက်ထပ် ၂၆ နှစ် ငါတို့ခံရမှာဆိုးလို့ ငါတို့အနေနဲ့ မဖြစ်ဖြစ်တဲ့နည်းနဲ့ တိုက်ပွဲဝင်မယ်ဆိုတဲ့စိတ် ကျွန်တော်တို့ရင်ထဲမှာ ကိန်းအောင်းနေခဲ့တယ်။ တစ်ကယ်လည်း ၂၄ နှစ် ကြာခဲ့တယ်။ အာဏာရှင်စနစ်က ဒီမိုကရေစီပြောင်းလဲဖို့ အခုထက်ထိ ရုန်းကန်နေရတုန်းပဲ။ တကယ်ကျတော့ ကျွန်တော်တို့ဆီမှာရှိနေတဲ့ အယ်ဒီတာတွေ တော်တော်များများက ၈၈ တုန်းက မမွေးသေးတဲ့သူတွေတောင် ရှိတယ်။ မွေးခါစတွေ ရှိတယ်။ အဲဒီလူတွေက ဒီဟာပေါ်မှာ ရေးသားနေကြတဲ့အခါအပေါ်မှာ သူတို့က လက်တလောဟာတွေပဲ ကြည့်တယ်။ သမိုင်းတွေကို ပြန်မကြည့်ဘူး။ ဥပမာ ကျွန်တော့်ရှေ့မှာရှိတဲ့ အဲဒီတုန်းက ကြေးမုံသတင်းစာကို သူတို့မြင်ဖူးမှာတောင် မဟုတ် ဘူး။ လူတွေသန်းနဲ့ချီပြီး ဆန္ဒပြတယ်ဆိုရင် ကျွန်တော်တို့ကို ဟားရင် ဟားနေမှာ လူတွေသန်းနဲ့ချီပြီး ဘယ်လိုလုပ်ရှိမှာလဲဆိုပြီးတော့။ တစ်ကယ်ဆိုရင် သန်းဂဏန်းရှိတယ်။ မန္တလေးမှာဆိုရင် အဲဒီတုန်းက လူဦးရေ ခြောက်သိန်းနဲ့ ရှစ်သိန်းကြား ရှိတယ်။ သြဂုတ်လ ၂၆ရက်နေ့မှာ အထက်မြန်မာပြည် မြို့လုံးဆိုင်ရာ နယ်လုံးဆိုင်ရာတစ်ခရိုင်လုံးက ရာပြည့်ကွင်းမှာ ဆန္ဒပြတယ်။ အဲဒီတုန်းက ကျွန်တော်က သတင်းထောက်တစ်ယောက်ကို လူဦးရေ လေးသိန်းလောက်ရှိတယ်လို့ပြောတော့ သူက မန္တလေးမြို့လူဦးရေတောင် ခြောက်သိန်းနဲ့ ရှစ်သိန်းကြားပဲရှိတယ် ဖြစ်နိုင်ပါ့မလားတဲ့။ ကျွန်တော်ကလည်း လေးသိန်းမရှိတောင် သုံးသိန်းတော့ရှိတယ်လို့ ပြောတယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ လမ်းတစ်လမ်းလုံးမှာတောင်မှ လူတွေဟာ အိမ်ပေါက်စေ့တိုင်းမှာ လူတစ်ယောက်လောက်ပဲ ကျန်တယ်။ တစ်လမ်းလုံးမှာ မသွားနိုင်တဲ့သူပဲ ကျန်တယ်။ တစ်လမ်းလုံးကထွက်တာ တစ်ချို့က ရပ်ကွက်ကထွက်တယ် ကျောင်းသားက ထွက်တယ် ၀န်ထမ်းကထွက်တယ်။ အိမ်ရှင်မက ထွက်တယ်။ တစ်မြို့လုံးကလူတွေ ရာပြည့်ကွင်းမှာ အနည်းဆုံး သုံး၊ လေးသိန်းလောက်ရှိတယ်။ မြို့လုံးကျွတ် ဆန္ဒပြတာ။ အဲဒီဟာမျိုးတွေ ဒီကလေးတွေက ကြုံဖူးမှာ မဟုတ်ဘူး။ အများဆုံးကြုံဘူးရင် ၂၀၀၇ တုန်းက ကြုံဖူးမယ်။ ငါးသောင်း တစ်သိန်းထက် မပိုဘူး။ ကျွန်တော်တို့တုန်းက အဲဒီလိုမှ မဟုတ်ဘဲ ရန်ကုန်မြို့မှာတင် သန်းနဲ့ချီပြီး ရန်ကုန်မြို့လူဦးရေက အဲဒီတုန်းက သုံးသန်းလေး သန်းလောက်ပဲ ရှိတယ်။ တကယ်အရေးကြီးတဲ့နေ့တွေမှာ ဆန္ဒပြရင် သန်းနဲ့ချီပြီးတော့ ဆန္ဒပြကြတယ်။ ဒါတွေအားလုံး သူတို့ ကြုံဖူးမှာ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ အိမ်မက်တွေ ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာတွေ။ ဒါတွေအားလုံးကို ကျွန်တော်တို့မှာ အရေးအခင်းတုန်းက အချက်အလက်တွေ ကျွန်တော်တို့မရဘူး။ သတင်းစာတွေကို ကျွန်တော်တို့ ပြန်ပြီး လှန်ကြည့်တဲ့အခါမှာ အံသြစရာ လူအုပ်ကြီးတွေကို ကျွန်တော်တို့ တွေ့ရတယ်။ ဒါတွေကို မတွေ့ခဲ့ဘဲ ဒါကိုပြောတဲ့အချိန်မှာ စွန့်လွှတ်ခဲ့တဲ့ ကျောင်းသားတွေ စွန့်လွှတ်ခဲ့တဲ့သူတွေရဲ့ ဘ၀ပျက်ခဲ့တဲ့သူတွေရဲ့ ပြောတဲ့စကားကို သူတို့က ဘယ်လိုလုပ်ပြီးတော့ ပြောမလဲ။ သူတို့အနေနဲ့ ဟိုမှာ ရုန်းကန်ရတဲ့ အခြေအနေမျိုးတွေ ရှိတယ်။ ကိုယ့်တိုင်းပြည်လည်း မဟုတ်ဘူး။ ပညာလည်း မတတ်ဘူး။ အခြေအနေတွေကလည်း အားလုံး ပြောင်းလဲနေတယ်။ ပညာလည်းမရှိ အလုပ်အကိုင်လည်းမရှိ ကိုယ့်နိုင်ငံကိုလည်း တစ်သက်လုံး ပြန်လာလို့မရတဲ့ အခြေအနေမျိုးတွေမှာ သူတို့ အခုပြန်လာလို့ရတဲ့ အခြေအနေမျိုးတွေမှာ သူတို့ကို ကြိုဆိုတဲ့ဟာက မကောင်းဘူး။ မိုးသီးဇွန် မှားကောင်း မှားမယ် ဒေါက်တာနိုင်အောင် မှားကောင်း မှားမယ်။ ဒါပေမယ့်ကျန်တဲ့ သူတွေအားလုံးကတော့ မှားတဲ့သူတွေ မဟုတ်ဘူး။

မေး။ ။ ဓာတ်ပုံတစ်ပုံ အကြောင်းနဲ့ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ အကြောင်းအရာကို သိချင်ပါတယ်။ ဆရာတို့ ၈၈ တုန်းက ဆရာဝန်သမဂ္ဂလား။ ဆရာတို့လုပ်ထားတာ။ အဲဒီဓာတ်ပုံတစ်ခုဟာ အင်တာနက်ပေါ်မှာ တက်လာပြီးတဲ့ အခါကျတော့ ဆရာဟာ သမဂ္ဂမှာ လုပ်ခဲ့တဲ့အပေါ် တချို့ကလည်း အပြုသဘောနဲ့ ရေးတယ်။ တချို့ကလည်း လှောင်သလိုနဲ့ ရေးတယ်။ လှောင်သလိုဆိုတာက အခုကျမှ ဘာလို့လာပြီး ရေးနေတာလဲပေါ့။

ဖြေ ။ ။ အသေးစိတ်ပြောရရင် ကျွန်တော်က နိုင်ငံရေး မလုပ်ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ ကျွန်တော်က နိုင်ငံရေးလည်း လုပ်ခဲ့ပြီးပြီလေ။ ကျွန်တော် ၂၅ နှစ်မှာ NLD မှာ တိုင်းစည်းရုံးရေး ကော်မတီဝင်ပေါ့။ အသက်နဲ့စာရင် ကျွန်တော်က ရာထူးမြင့်ပါတယ်။ နောက်အများကြီးလည်း ရှိပါတယ်။ ရှင်းရှင်းပြောရရင် နိုင်ငံရေးမှာ မကိုက်ညီလို့ ထွက်ခဲ့ပြီးပြီ။ နောက်ထပ် နိုင်ငံရေးလုပ်ဖို့လည်း မရှိဘူး။ ကျွန်တော်ဒီကိစ္စကို ဘာကြောင့် အခုအချိန်မှ ထုတ်ရေးရလဲဆိုတော့ ကျွန်တော်တို့ မြောက်ပိုင်းကိစ္စမှာ အဓိက ပတ်သက်တဲ့ အောင်နိုင်က ကျွန်တော်နဲ့ အရေးအခင်းကာလ တစ်လျှောက်လုံး ကျွန်တော်နဲ့ သူနဲ့ တွဲခဲ့တယ်။ စိုးလင်းတို့ ထွန်းအောင်ကျော်တို့ဆိုတာ ကျွန်တော်တို့ တွဲခဲ့တဲ့သူတွေ။ ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပြောသင့်တယ်လို့ ယူဆတဲ့အတွက်ပါ။ ကျွန်တော်က အရေးအခင်းကာလကို မန္တလေးမှာ ဖြတ်သန်းခဲ့တယ်။ ကျွန်တော့်ရဲ့ ၂၂ နှစ်ဆိုတာထဲမှာ ပါပြီးပြီ။ ပြီးတော့မှ ကျွန်တော် ၁၀ ရက်နေ့မှာ ကျွန်တော်တို့ မန္တလေးအထက်ဗမာပြည် နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစုက ကျွန်တော့်ကို တာဝန်ပေးတယ်။ နောက် အထက်ဗမာပြည် ဗကသက အောင်နိုင်နဲ့ အောင်မြင့်ထွန်းကို တာဝန်ပေးတယ်။ ကျွန်တော်တို့ သုံးယောက် ရန်ကုန်ကိုဆင်းလာပြီးတော့ ဒီမှာ ခေါင်းဆောင်ရတဲ့ အခြေအနေကို သုံးသပ်ဖို့၊ ကျွန်တော်တို့ ဒီမှာရှိနေတဲ့ အောက် ဗမာပြည် ဗကသနဲ့ ဒီကကျောင်းသား အင်အားစုတွေနဲ့ နောက်ပြီး ဒီကနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ အခြေအနေတွေကို အကဲဖြတ်ဖို့နဲ့ နောက်ပြီး သူတို့ကို ပြန်ပြီးသတင်းပို့ဖို့ ကျွန်တော်တို့ ရန်ကုန်ကို ဆင်းလာတယ်။ ကျွန်တော်တို့ ၁၀ ရက်နေ့ ဆင်းလာတော့ ၁၁ ရက်နေ့ ရန်ကုန်ကို ရောက်တယ်။ ၁၀ ရက်နေ့ လမ်းမှာပဲ ဘာဖြစ်လဲဆိုတော့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲလုပ်မယ်လို့ ရေဒီယိုက ကြေညာတယ်။ ကြေညာတဲ့ အခါကျတော့ ကျွန်တော်တို့က ဒီမိုကရေစီရပြီလို့ တွက်လိုက်တယ်။ အာလုံးက ၀မ်းသာနေတာပဲ။ ဒီမိုကရေစီတော့ ရပြီပေါ့။ တကယ်လည်း ရမှာလားဆိုပြီး ထပ်ပေါင်းကြည့်တဲ့အခါကျတော့ ကြားဖြတ်အစိုးရ ဖြစ်နေတယ်။ အဲတော့ သူတို့တောင်းဆိုတဲ့အတိုင်း။ အဲတော့ ကျွန်တော်တို့ အနေနဲ့ ဒီလို အသေးစိတ်တွေ မလုပ်နိုင်ခဲ့တဲ့အခါမှာ ကျွန်တော်တို့ အများကြီး ပြဿနာရှိတယ်။ အဲတော့ ကျွန် တော်တို့ သုံးယောက်က ဒီရောက်လာတော့ ကျောင်းသားတွေက ဗကသနဲ့ တွေ့တယ်။ ကျွန်တော်က ဦးတင်ဦးနဲ့ စတွေ့တယ်။ နောက်ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ နောက်သူနဲ့တွေ့ ပြီးတော့ ကျွန်တော်တို့ ထပ်မတွေ့တော့ဘူး။ ဘယ်သူ့ကို ထောက်ခံရမလဲလို့ပြောတော့ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရမယ်။ မန္တလေးက သပိတ်တပ်ပေါင်းစုက ဆရာတော်ဦးရေ၀တက သူက အတွင်းရေးမှူး။ ထောင်ထဲရောက်ပြီးတော့ နောက်ထောင်က လွတ်လာတော့ ပျံလွန်တော်မူသွားတယ်။ သူတို့ဆီကို ကျွန်တော်တို့ သတင်းပို့တယ်။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ NLD နဲ့ တွေ့တယ်။ ကျွန်တော်တို့က သုံးယောက်ပါလာတယ်။ အောင်နိုင် ၊ ပြဿနာတက်တဲ့ အောင်နိုင်ရယ်။ အောင်နိုင်က ၂၁ နှစ်၊ ကျွန်တော်က ၂၅ နှစ်၊ အောင်မြင့်ထွန်းက ၁၉ နှစ်။ တက္ကသိုလ်ကျောင်းသား။ ကျွန်တော်က ဆရာဝန်ဖြစ်နေပြီ။ ဦးနုနဲ့ အောင်မြင့်ထွန်းက သွားတွေ့တယ်။ ကျွန်တော်နဲ့ အောင်နိုင်နဲ့က ဦးတင်ဦးနဲ့ တွေ့တယ်။ သုံးယောက်ပေါင်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ တွေ့ပြီးတော့ ဦးအောင်ကြီးနဲ့တော့ ကျွန်တော်တို့ မတွေ့လိုက်ရဘူး။ ဦးနုက ၉ ရက်နေ့မှာ တရားဝင် ၀န်ကြီးချုပ်ဖြစ်တယ်လို့ ကြေညာလိုက်တယ်။ တချို့ကတော့ ထင်ကြတယ်။ အာဏာလိုချင်လို့လို့ ထင်တာပေါ့။

၁၀ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီးတော့ လွှတ်တော်က ကြေညာလိုက်တယ်။ နိုင်ငံရေး Pressure ပေးတယ်။ တကယ်တော့ အဲဒီခေတ်က ကျွန်တော်တို့က သမိုင်းနားမလည်တဲ့ လူငယ်တွေရဲ့ အမှားပေါ့။ ဦးနုကြီးက တကယ်အမှန်။ သူက နိုင်ငံရေး ကျွမ်းကျင်နားလည်တယ်။ ကျွန်တော်ထင်ပါတယ်။ တခြားသူတွေလည်း မှားမယ်ဆိုတာ။ ကျွန်တော်တို့က ရေရှည်ပြန်စဉ်းစားတဲ့အခါကျတော့ ဦးနုရဲ့ နိုင်ငံရေးကျွမ်းကျင်မှုကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။ အဲဒီအနေ အထားမျိုး ဖြစ်တယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ပြီးတော့ ၁၂ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ။ တကယ်က ကျွန်တော်က ကျောင်းပြီးသွားပြီ။ ဒါပေမယ့် ကြားဖြတ်အစိုးရဖွဲ့မယ်။ လက်မှတ်ထိုးရမယ်ဆိုတော့ အဲဒီ ကျောင်းသားပွဲလည်း ကျွန်တော်တက်တယ်။ ၁၃ ရက်နေ့ကျတော့ ကြားဖြတ်အစိုးရဖွဲ့ဖို့အတွက် ဆွေးနွေးတဲ့အတွက် အဲဒီပွဲကို တက်တယ်။ ဒါပဲ။ အရေးအခင်းပြီးတော့ စစ်တပ်က အာဏာသိမ်းတော့ ရန်ကုန်မှာပဲ ကျွန်တော်ရှိတယ်။ အမှန်တကယ်က ဆန္ဒပြခဲ့တာက ကျွန်တော့်ရဲ့ အဖွဲ့အစည်းက မန္တလေးမှာပဲ။
သူတို့မှာ အတွေ့အကြုံတွေ ရှိလာခဲ့တယ်။ သူတို့မှာရှိတဲ့ နိုင်ငံတကာ အတွေ့အကြုံနဲ့ ဒီမှာရှိနေခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေ ပေါင်းစပ်ပြီးတော့ ကျွန်တော်တို့နိုင်ငံကို ရှေ့ဆက်သွားအောင် လုပ်နိုင်တဲ့ အခြေအနေတွေ ဖန်တီးဖို့ လိုတယ်။ ဒီလိုလုပ်နိုင်မှသာလျှင် ကျွန်တော်တို့နိုင်ငံဟာ ပိုပြီးတော့ ဒီမိုကရေစီဟာ ပိုပီပြင်မယ်။

မေး။ ဆရာ့အနေနဲ့ ဒီပြန်ရေးရတဲ့ အနေအထားအပေါ် အချိန်အခါ သင့်တယ်ဆိုတဲ့ အနေအထားလား။

ဖြေ။ ။ဆိုလိုတာက သမိုင်းကို ကျွန်တော်မရေးချင်ဘူး။ ဒါပေမယ့် ကျွန်တော်သိထားတဲ့ အချက်အလက်တွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော်က ပြောချင်တာ။ အဓိက မြောက်ပိုင်းကိစ္စမှာ အားလုံးပြန်လာကြတော့မယ်။ ပြန်လာကြတဲ့အချိန်မှာ သမိုင်းကို ဖျောက်ဖျက်ပြီး ပြန်လာကြတာတော့ ကျွန်တော် ခွင့်မလွှတ်နိုင်ဘူး။ အဓိက အကြောင်းရင်းက သမိုင်းကို ဖျောက်ဖျက်ပြီး ပြန်လာမှာကို။ ဒါပေမယ့် ခုနပြောသလို အလွန်အကျွံတွေဖြစ်၊ တစ်ယောက်နဲ့တစ်ယောက် အပုပ်ချလိုက်၊ သမိုင်းတွေ ပြန်ဖော်လိုက်၊ စစ်တပ်က သမိုင်းပြန်ဖော်လိုက်၊ ဒီဘက်သမိုင်းပြန်ဖော်လိုက်။ ဟုတ်တယ်မလား။ ရှေ့ကိုမသွားနိုင်ဘဲ အနာဂတ်မှာ တ၀ဲလည်လည် ဖြစ်နေမှာစိုးတဲ့အတွက် ကျွန်တော်ဒီအတိုင်းပဲ ၀င်ပြောလို့ရှိရင် ကျွန် တော် မင်းဘယ်လောက်သိတယ်လို့ ပြောနိုင်လဲ။ ကျွန်တော်ဘယ်လောက်သိခဲ့တယ်ဆိုတာကို ပြောချင်တာ။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တာတွေ ဘာတွေ ဘယ်သူမှ သိခဲ့တာ မဟုတ်ဘူး။ ကျွန်တော်တို့က သမိုင်းကို သိခဲ့ တယ်ဆိုတာကို ပြောချင်တာ။

မေး။ ယုံကြည်မှုပေါ့။ Eleven Media Group ရဲ့ CEO တစ်ယောက်ပြောတဲ့စကားနဲ့ တခြားပြောတဲ့သူရဲ့ အနေအထားနဲ့ အဲဒါမျိုးရှိပါတယ်။ ပြီးတော့ ဒါကို သိထား၊ ပြုထားတယ်ဆိုတဲ့ အကြောင်းအရာလည်းပါတာပေါ့ ဆရာ။

ဖြေ။ ။အဓိကကတော့ ကျွန်တော် ပြောမယ်။ ဗမာပြည်မှာ သတင်းမီဒီယာကြီးတစ်ခုက တာဝန်ရှိတဲ့သူတစ်ယောက်က သမိုင်းကို သိတယ်။ ဒါပေမယ့် ဒီသမိုင်းကို ဖော်ထုတ် သင့်၊ မဖော်ထုတ်သင့်ဆိုတာ ကျွန်တော်က အချိန်အခါကို ယူပြီးတော့ စဉ်းစားဆင်ခြင်ဥာဏ်ရှိတယ်ဆိုတာကို ကျွန်တော်ပြောချင်တာပါ။ လိုအပ်တဲ့အချိန်မှာ ကျွန်တော် ပြောသင့် ပြောထိုက်တာကို ပြောမယ်။ မလိုအပ်တဲ့အချိန်မှာ ဒီလိုတိုင်း ပြည်ရှေ့ဆက်ရမယ့်ခရီးမှာ နောက်ပြန်သွားမယ့်ဟာတွေ ကျွန်တော် မပြော ချင်ဘူး။ အဲဒါကို ကျွန်တော် ပြောချင်တာ။ ဒါပေမယ့် ဒီသမိုင်းတွေကို မေ့ပြီးတော့ ဒီမှာ ပြန်လာပြီးတော့ သူတော်ကောင်းလုပ်လို့တော့ မရဘူး။ အမှားကို ၀န်ခံရမယ်။ အမှားလုပ်တဲ့သူတွေဟာ အမှားကို ၀န်ခံရမယ်။ ရှိတဲ့အမှားကို ပြင်ဆင်ရမယ်။ အမှားလုပ်ခဲ့တဲ့သူတွေက အမှားကို ၀န်မခံဘဲနဲ့ နေရာဝင်ယူလို့ မရဘူး။ အဲဒါကို ကျွန်တော် ပြောချင်တာ။

မေး။ အဲဒါဆို လတ်တလော အနေအထားအရ လူငယ်တော်တော်များများက တိတိကျကျ မသိတဲ့ လူငယ်တွေလည်း ရှိတယ်။ တချို့ကျတော့လည်း သိထားတဲ့ အရာတွေကျတော့ ဘာခေါ်မလဲ။ စာအုပ် အနီကြီးပေါ့။ ဒီပြန်ကြားရေးက ထုတ်တဲ့စာအုပ်တွေ ဖတ်ပြီးတော့ သိတဲ့သူတွေလည်း ရှိတယ်။ တချို့ကျတော့လည်း တကယ့်ကိုယ်တွေ့ သိတဲ့လူရှိတယ်။ တချို့ကျတော့လည်း တကယ့်အရင်းခံတဲ့သူတွေဆီကလည်း သိတဲ့အကြောင်းအရာတွေ ရှိတယ်။ ဒါပေမယ့် ဒီမှာကျတော့ သိရမယ့် အကြောင်းအရာက ၂ ချက်ပဲ ရှိတယ်ဆရာ။ တချို့ရဲ့ လွဲမှားမှုရယ်၊ နောက်တချို့ဖတ်ရတဲ့ စာအုပ်ကြီးနဲ့ အမှားရှိနိုင်တယ်။ တချို့ကျတော့ လုံးလုံးလျားလျား မသိဘဲနဲ့ ဒီနေ့ ဒီအချိန်အခါမှာ မိုးသီးဇွန် ပြန်လာပြီ။ ပြန်လာပြီဆိုတော့ အင်တာဗျူး ကြတဲ့ အနေအထားရှိတယ်။ အဲတော့ ဆရာ့အနေနဲ့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အကြောင်းအရာတစ်ခု မီဒီယာသမားတစ်ယောက်အနေနဲ့ရော၊ သမိုင်းသိတဲ့သူတစ်ယောက်အနေနဲ့ရော ဘယ်လိုဖြစ်ထိုက်တယ်ဆိုတဲ့ အကြောင်းအရာလေးကို ပြောစေချင်တယ်ဆရာ။

ဖြေ။ ။အဓိကကတော့ ကျွန်တော့်ထက် သိတဲ့သူတွေ အများကြီး ရှိပါတယ်။ သမိုင်းပညာရှင်တွေလည်း ရှိပါတယ်။ ဒီဟာကို မှီခဲ့တဲ့သူတွေလည်း ရှိပါတယ်။ အဲတော့ အကောင်းဆုံးကတော့ သမိုင်းကို ပြန်ရေးကြပါ။ သမိုင်းကို သမိုင်းလိုပဲ ရေးပါ။ ကျွန်တော်တို့က အပြစ်ပေးဖို့ ရေးမှာ မဟုတ်ဘူး။ အခုလူငယ်တွေဟာ အမှားတွေနဲ့ ယဉ်ခဲ့တော့ ခုနပြောတဲ့ ဗိုလ်ချုပ်ခင်ညွန့်ရေးခဲ့တဲ့ ဟာတွေနဲ့။ အဲဒါတွေက တလွဲတွေ ဖြစ်နေတယ်။ အဲဒါတွေက သမိုင်းတွေ မဟုတ်ဘူး။ အဖြစ်မှန်တွေ မဟုတ်ဘူး။ ဗကပတွေ လှုံ့ဆော်လို့ဆိုတာ မဟုတ်ဘူး။ ဒါပေမယ့် သမိုင်းအဖြစ်မှန်က ဗကပ တွေဟာ အဲဒါကို ပြုခဲ့တာ မှန်တယ်။ ဒါပေမယ့် လှုံ့ဆော်တာ မဟုတ်ဘူး။ မှန်မှန်ကန်ကန်နဲ့ သက်ရှိထင်ရှား ရှိတဲ့သူတွေနဲ့။ တကယ်လုပ်နေတဲ့သူတွေ အများကြီး ရှိတယ်။ ကျွန်တော်ထင်တယ်။ ၆၂ ကစပြီး သမိုင်းကို အမှန်ရေးထားကြသူတွေ၊ ၆၂ ကနေ ၈၈ အထိ သမိုင်းအမှန်ကိုရေးဖို့ လိုတယ်။ ဒီ ၈၈ နောက်ပိုင်းသမိုင်းကို ထပ်ပြုစုဖို့ လိုတယ်။ အဲဒါတွေအားလုံးက ကျွန်တော်တို့ သိထားတာတွေ အများကြီး။ ကျွန်တော် နိုင်ငံရေးဘက်ကို လုံးဝမ လုပ်တော့ တဲ့အချိန်၊ စီးပွားရေး ဘက်ကို လုံး ပန်းနေတဲ့အချိန်မှာ သမိုင်းကို ကျွန်တော်ပြတ်သွားတယ်။ အခု နောက်ပိုင်းတော့ မီဒီယာကို လုပ်ပြီး တဲ့နောက်ပိုင်းနဲ့ မီဒီယာ ရှေ့ပိုင်းမှာတော့ သမိုင်းကို တတ်နိုင်သရွေ့တော့ ကျွန်တော်တို့ ပြောနိုင်တယ်။ ဒီထက် ကျွန်တော့်ထက် ပြောနိုင်တဲ့သူတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် မျှမျှတတလည်း ဖြစ်ရမယ်။ ကျွန်တော်တို့ သွားနေတဲ့ခရီးကိုလည်း အနှောက်အယှက် မဖြစ်စေရဘူး။ ကျွန်တော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေး အခုမှ ပြန်တည်ဆောက်တုန်းပဲ ရှိသေးတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း မထိခိုက်စေရဘူး။ ဒီလိုနည်းနဲ့ပဲ မီဒီယာတွေက သွားသင့်တယ်။ သမိုင်းပြုစုတဲ့သူတွေ ဒီလိုနည်းနဲ့ပဲ သွားသင့်တယ်။

မေး။ ဆရာ့အနေနဲ့ ဒီသမိုင်းတွေထဲမှာ ခုနကပြောတဲ့ ဦးနုရဲ့ နိုင်ငံရေး အကွက်မြင်တယ်ဆိုတဲ့ အကြောင်းအရာမျိုး၊ ဒီအရွယ်မှာ ရင့်ကျက်မှုနဲ့ တွေးသင့်နေပြီ ဆိုတာလိုမျိုးတွေလိုမျိုး အခြားအကြောင်းအရာတွေကိုများ ဒီနေ့အင်တာဗျူးမှာ ပြောချင်တာ ရှိပါသလား ဆရာ။

ဖြေ။ ။ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့လည်း ကိုယ့်ဟာကိုယ် မှန်တယ်လို့ ထင်ကြတာပါပဲ။ အခုလောလောဆယ် နိုင်ငံရေးမှာ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း ကိုယ့်ဟာကိုယ် မှန်တယ်ထင်ကြတာပဲ။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ပြန် ကြည့်လိုက်ရင်တော့ ဘယ်သူမဆို သမ္မတကြီးပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ပဲဖြစ်ဖြစ်၊ ၈၈ ကိုမင်းကိုနိုင်တို့ပဲဖြစ်ဖြစ် ကျွန်တော်တို့တိုင်းပြည်ဟာ မရွေ့သေးဘူး ဆိုတာကို အားလုံးက ၀န်ခံရမှာပါ။ အဲဒါကိုတော့ အားလုံး ၀န်ခံရမှာပါ။ ကျွန်တော်တို့တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူး။ ကျွန်တော်တို့ တိုင်းပြည်ဟာ နိမ့်ကျနေသေးတယ်ဆိုရင် ကျွန်တော်တို့ရော ခင်ဗျားတို့ရော၊ ခေါင်းဆောင်တွေရော ညံ့လို့ဆိုတာကို ၀န်ခံရလိမ့်မယ်။ ကျွန်တော်တို့ ညံ့ခဲ့လို့ ကျွန်တော်တို့ သမိုင်းတွေ ညံ့ခဲ့ကြရတယ်။ ကျွန်တော်တို့ သမိုင်းညံ့ခဲ့လို့ ကျွန်တော်တို့နိုင်ငံ မတိုးတက်ခဲ့ရဘူး။ ဒါကိုတော့ ကြီးကြီးငယ်ငယ် အားလုံးမှာ တာဝန်ရှိပါတယ်။ ဘယ်နေရာမှာ ကိုယ်မှားခဲ့သလဲ၊ ဘယ်နေရာမှာ ကိုယ့်အတ္တကို ကိုယ်ရှေ့တန်းတင်မိခဲ့သလဲဆိုတာကို ကိုယ့်ဟာကိုမြင်ဖို့ လိုတယ်။ တကယ်တော့ အားလုံး မှားခဲ့ကြပါတယ်။ အားလုံးမှာ အမှား အနည်းနဲ့အများ ရှိခဲ့ကြပါတယ်။ ဘယ်လောက်စွန့်လွှတ်ခဲ့တာကို မပြောဘူး။ တော်ခဲ့တာတွေ မပြောဘူး။ ကျူးလွန် ခဲ့တာတွေ မပြောဘူး။ ကိုယ်ရည်တွေ ကိုယ်မသွေးကြဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့အားလုံးမှာ တာဝန်အနည်းနဲ့အများ ရှိနေတယ်။

ကိုမျိုး(မြန်မာစာ) တွေ့ဆုံ မေးမြန်းသည်။

Eleven media group

0 ပြည်ခိုင်ဖြိုးပါတီမှ NLD ပါတီမှ ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ပေးရမည်

ပြီးခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲမသမာမှုများအတွက်ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့အေးအနေနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအား တရားစရိတ်ကျပ်ငွေ ငါးသိန်းပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံးဖြတ်ချမှတ်ခဲ့သည်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စက်တင်ဘာလ ၁၁ ရက်နေ့မှ ဒေါ်ဖြူဖြူသင်းကို အနိုင်ပေးခဲ့ ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဆိုတာက ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက အငြင်းပွားဖွယ် ရွေးကောက်ပွဲနဲ့ တက်လာတာပါ။ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ပာာ တရားမျှတမှု ရှိပါတယ်။ ဒီအမှုမှာ သက်သေအဖြစ် NLD ဘက်က မဲဆန္ဒနယ်က ပြည်သူ တွေပါ ပါဝင်လာပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့်ဧပြီ၁ရက်နေ့တွင် ပြုလုပ်ခဲ့သည့်ကြားဖြတ်ရွေးကောက်ပွဲများတွင်မသမှုများ ပြုလုပ်သည်ပာုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့ အေးနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့မှ ကြားဖြတ်ရွေးကောက်ပွဲအတွင်း မဲဆွယ်မှု၊ စည်းရုံးပောာပြောမှုများနှင့် ပတ်သက်၍ အပြန်အလှန် တရားစွဲဆိုခဲ့မှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မေလမှစတင်၍ နှစ်ဖက်သက်သေ များကို စစ်ဆေးကာ ယခုကဲ့သို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“စစ်ဆေးတာ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးအမှတ်(၁)မှာ စစ်ဆေးတာပါ။ ရှေ့နေ တွေကလည်း အခမဲ့လိုက်ပေး တယ်။ NLD ဘက်က သက်သေတွေ ခိုင်လုံတဲ့အတွက်လည်း တက်ဖက်ကို ငြင်းချက် ၄ ချက်စီနဲ့ ပြစ်မှုမမြောက်ကြောင်း ခုလိုဆုံးဖြတ်ချက် ချလိုက်တာပါ။ ဒီဆုံးဖြတ်ချက်တွေကို အများပြည်သူ လေ့လာနိုင်ဖို့အတွက် နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ဝေမယ်လို့ သိရပါတယ်”ပာု NLD ပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွှန့်မဲဆန္ဒနယ်မှ ပါတီငါးခု ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး အမျိုးသားကွန်ဂရက် ပါတီမှ ဆန္ဒမဲ ၁၄၀ မဲ၊ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)ပါတီမှ ဆန္ဒမဲ ၇၆၅ မဲ၊ ဒီမို ကရက် တစ်ပါတီ(မြန်မာ)မှ ဆန္ဒမဲ ၇၉၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဆန္ဒမဲ ၅၉၇၇ မဲနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီမှ ဆန္ဒမဲ ၅၅၈၁၉ မဲရရှိခဲ့ကြောင်း သိရသည်။

Yangon chronicle

0 အားလုံး ပါဝင်ကြဖို့ လိုသည်၊ သို့သော် . . .

ပြည်ပနိုင်ငံ များသို့ ရောက်နေကြသည့် မြန်မာ့ဒီမိုကရေစီရေးမှာ အရေးပါခဲ့သော ခေါင်းဆောင်များ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် ၀င်ရောက်လာသည့် အခါ မြန်မာနိုင်ငံ ၏ နိုင်ငံရေးမြင်ကွင်းက ပိုမို ကျယ်ပြန့်လာခဲ့ပါသည်။

မြန်မာနိုင်ငံ နှစ်ပေါင်းများစွာ နောက်ကျနိမ့်ကျဖြစ်ခဲ့ရသည့် ပြဿနာအဖြာဖြာ၏ပင်မ ပြဿနာမှာ နိုင်ငံရေး ပြဿနာပဲ ဖြစ်ပါ၏။ ယခု နိုင်ငံရေး အပြောင်းအလဲ လုပ်မည့်ဘက်သို့ အာဏာရ တပ်မတော် ခေါင်းဆောင်များက တိမ်းညွတ်လာသည့်အခါ ပြည်သူအများ အတော်ပင် စိတ်သက်သာရာ ရလာကြသည်ကို ကြည့်လျှင် သိသာပါသည်။ ပြည်သူလူထုက နိုင်ငံရေး အပြောင်းအလဲကို မျှော်လင့်ကြသည်။ နိုင်ငံရေး တည်ငြိမ်မှု ရလာတာကို မျှော်လင့်နေကြသည်။ သည့်အတွက် မြန်မာ့နိုင်ငံရေး တည်ငြိမ်မှု ရရှိဖို့၊ ပြည်သူလူထု၏ ဘ၀များ စိတ်သက်သာရလုံခြုံမှုရရှိဖို့အတွက် မြန်မာ့ နိုင်ငံရေးသမားများ၏အခန်းကဏ္ဍမှာအခရာဖြစ်ပါလိမ့်မည်။ နိုင်ငံရေးသမားများ၏ အမြော်အမြင်ကြီးသော ညီညွတ်ရေးစိတ်ဓာတ်၊ ရင့်ကျက်သော သဘောထားတို့ဖြင့်သာ မြန်မာ့နိုင်ငံရေး တည်ငြိမ်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး၊ ငြိမ်းချမ်းရေးတို့ကို တည်ဆောက်နိုင်မှာ ဖြစ်ပါသည်။

လက်ရှိ လှုပ်ရှားနေသော နိုင်ငံရေး အင်အားစုများတွင် လုပ်ပိုင်ခွင့်အရှိဆုံး အာဏာအရှိဆုံး အင်အားစုမှာ တပ်မတော်၊ တပ်မတော် ခေါင်းဆောင်တစ်ဖြစ်လဲ နိုင်ငံရေးသမားများနှင့် သူတို့နှင့် နီးစပ်သော နိုင်ငံရေးသမားများ ပါဝင်သည့် နိုင်ငံရေး အင်အားစု ဖြစ်ပါသည်။ ယင်းအင်အားစုတွင် အုပ်ချုပ်ရေး အာဏာရယူထားသည့် သမ်္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်များမှ အများစုသော ကိုယ်စားလှယ်များ ပါဝင်ပါ၏။ ထို့နောက်၊ လုပ်ပိုင်ခွင့်အရ ယင်း အင်အားစုလောက် မရှိသော်လည်း ပြည်သူ့ထောက်ခံမှုနှင့် ယုံကြည်မှုကို မြင့်မြင့်မားမား ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်သော နိုင်ငံရေးအင်အားစု ဖြစ်သည်။ သည်အင်အားစုမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားကို ပုံဖော်ပေးနေသော အရေးကြီး အင်အားစုကြီးတစ်ခု ဖြစ်ပါသည်။ နောက် အင်အားစုတစ်ခုက တိုင်းရင်းသား နိုင်ငံရေး အင်အားစု များ ဖြစ်၏။ တိုင်းရင်းသား နိုင်ငံရေး အင်အားစုများဟု ခြုံငုံ ပြောဆိုလိုက်သော်လည်း ပြည်တွင်းမှာ နိုင်ငံရေးပါတီများ ထူထောင် လုပ်ကိုင်နေသော တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနှင့် လက်နက်ကိုင် တော်လှန်ရေးနည်းကို ကိုင်စွဲထားသည့် တိုင်းရင်းသား နိုင်ငံရေး အင်အားစုများဟူ၍ ခွဲခြားမည်ဆိုလျှင်လည်း ရပါမည်။

ပြီးတော့၊ နိုင်ငံရေးပါတီအနေဖြင့် မရှိသေးသော်လည်း နိုင်ငံရေးအရ ပြည်တွင်းပြည်ပ ထောက်ခံမှုများဖြင့် ထင်ထင် ရှားရှား ရပ်တည်နေသော ၈၈ မျိုးဆက် နိုင်ငံရေးအင်အားစု သည်လည်း အရေးကြီး နိုင်ငံရေးအင်အားစု တစ်ခုအဖြစ် ရှိနေပါသည်။ နောက်၊ အခြားအခြားသော နိုင်ငံရေးပါတီများမှ နိုင်ငံရေး အင်အားစုများ ရှိသည်။ ထို့ပြင် ခေတ်အဆက်ဆက် နိုင်ငံရေးနယ်ထဲမှာကျင်လည်နေခဲ့ကြသော်လည်း၊ နိုင်ငံရေးပါတီများထဲမှာ ရောက်မနေသော အလွတ်တန်း နိုင်ငံရေး အင်အားစုများလည်း ရှိနေပါသည်။ အခြားသော နိုင်ငံရေးပါတီများထဲမှ လွှတ်တော်တွင်းမှာ အရေးပါနေသူများ ရှိသလို၊ လွှတ်တော်တွင်းမှာလည်း မရှိ၊ နိုင်ငံရေးပါတီများထဲမှာ မရှိသော်လည်း နိုင်ငံရေး သြဇာရှိနေသူများလည်း ရှိနေပါသည်။

နောက်အင်အားစုတစ်ခုက ပြည်ပနိုင်ငံအသီးသီးသို့ ရောက်သွားကြကာ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအတွက် လှုပ်ရှားခဲ့ကြသော နိုင်ငံရေးအင်အားစုများကလည်း အတော်များများ ရှိပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အခြေခံ အဖွဲ့အစည်းများ၊ လက်နက်ကိုင် တော်လှန်ရေး လုပ်နေကြသော အင်အားစုများ ဖြစ်ပါသည်။ ထိုအင်အားစုများထဲက အချို့သော ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ ပြန်လည် ၀င်ရောက်ခွင့် ရရှိလာကြပြီး လက်ရှိ ပြည်တွင်း နိုင်ငံရေး မြင်ကွင်းထဲသို့ ရောက်လာနေကြပြီ ဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ အားလုံး ပါဝင်ရေး (all inclusive) ဆိုသည့် အယူအဆမှာ အလွန် အရေးပါသော အယူအဆတစ်ခု ဖြစ်ပါသည်။

အားလုံးပါဝင်ရေးဆိုသည့်စကားလုံးအသုံးအနှုန်းသည်ပင် မြန်မာနိုင်ငံရေး လောကမှာ အလွန် ရေပန်းစားသော စကားလုံးတစ်လုံး ဖြစ်နေပါသည်။ တိုင်းပြည် ထူထောင်ရေးမှာ နိုင်ငံရေးအင်အားစုများ အားလုံး ပါဝင်ကြဖို့ လိုတယ် ဟူသော အယူအဆကို အခြေခံပြီး နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါသည်။ သည်အချိန်တွေတုန်းက ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအင်အားစုများကို ဘေးဖယ် ဆက်ဆံခံနေရသော ကာလဖြစ်သည်။ ဒီတုန်းက နိုင်ငံရေးအင်အားစုများမှာ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနှင့် နိုင်ငံရေးမှာ ပါဝင်ခွင့်မရခဲ့ကြ။ သည့်အတွက် ဒီမိုကရေစီအင်အားစုများက နိုင်ငံရေးနယ်ပယ်အသီးသီးမှ နိုင်ငံရေး အင်အားစုများ အားလုံး ပါဝင် လုပ်ဆောင်ရေးအတွက် တောင်းဆိုခဲ့၊ ပြောဆိုခဲ့ကြတာ ဖြစ်ပါသည်။ ပြဿနာ၏ အရင်းအမြစ်က နိုင်ငံရေးကို ဦးစီး ချုပ်ကိုင်ထားနိုင်သူများက အခြား အင်အားစုများကို ပါဝင်ခွင့်မပေးသည့် ပြဿနာ။ ပါဝင်ခွင့် မရခဲ့သော နိုင်ငံရေး အင်အားစုများမှာ ပြည်သူ့ထောက်ခံမှုများ ဘယ်လိုပဲရှိရှိ ပါဝင်ခွင့်မရခဲ့။

ယခုအခါမှာတော့ နိုင်ငံရေး နယ်ပယ်အသီးသီးမှာ ရှိနေကြသော အင်အားစုများ အားလုံး မြန်မာ့နိုင်ငံရေး မြင်ကွင်းထဲကို ရောက်နေကြပြီဖြစ်သည်။ အားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး ဆိုသည်ကလည်း အလှမ်းမဝေးတော့ပြီ။ နိုင်ငံရေးဖြစ်သည့်အတွက် ပြည်သူ့ထောက်ခံမှုသာ လိုအပ်တော့သည်။ ပြည်သူလူထုက ထောက်ခံမည်၊ ပြည်သူလူထုက အားပေးမည်၊ ပြည်သူလူထုက ယုံကြည်မည်ဆိုလျှင် မည်သူမဆို ပါဝင်လာနိုင်သော အနေအထား တစ်ခုဆီသို့ ဦးတည်နေပြီ ဖြစ်သည်။

ပြည်သူ့သဘောထားဆိုတာ တစ်ချိန်တုန်းကလို ရယ်စရာ မဟုတ်တော့ပြီ။ တစ်ချိန်တုန်းကတော့ ပြည်သူ့သဘောထား ဟူသော အသံများကို ပြည်သူတွေက နားထောင်ခဲ့ကြရသည်။ နားမထောင်လိုလျှင် အဆိုပါ ပြည်သူ့သဘောထားဆိုသည့် အသံကို ကြားလိုက်လျှင် ရုပ်မြင်သံကြားခလုတ်ကို မြန်မြန် ပိတ်မှရမည်။ အခုတော့ ပြည်သူ့ သဘောထား ဆိုတာကို နိုင်ငံရေး ခေါင်းဆောင်လုပ်သူများက ပြည်သူ့ထံမှ ကြားနာ နားထောင်နေကြရပြီ။ နားစွင့်နေကြရပြီ။ သဘောကျတာ မကျတာ အပထား၊ သဘောတူတာ မတူတာ အပထား၊ နားမစွင့်လို့ မရတော့၊ သည်အပြောင်းအလဲကတော့ ပြည်သူတို့ ၀မ်းသာစရာပါပဲ။

လွှတ်တော်များမှာလည်း ပြည်သူ့အသံ လွှတ်တော်အသံဟူသော ဆိုင်းဘုတ်ကို မြင့်မြင့်ထူထားရသည့် အချိန်ဖြစ်သည်။ ဟိုတလောက ချက်ထရီယံဟိုတယ်မှာ လုပ်သည့် ပွဲတစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောသွားသည့်စကားကို နည်းနည်း ကိုးကားချင်ပါသည်။ ဦးစိုးသိန်းက- “ပြောဆိုသွားကြသော စကားတွေထဲမှာ နားခါးတဲ့ အကြောင်းတွေ ကြားရပေမယ့် အခြေအနေမှန်ကို သိချင်တာမို့၊ ပွင့်ပွင့်လင်းလင်း ပြောကြပါ” ဟု ဆိုခဲ့ပါသည်။ ပြည်သူ့အသံတွေမှာ မကြားချင်သည့် အကြောင်းအရာများပင် ဖြစ်ပါစေ၊ ပြည်သူ့အသံကို အမှန်အတိုင်း ကြားချင်ပါသည်ဆိုသည့် သဘော။ ပြည်သူ့အမြင်ကို အမှန်အတိုင်း မြင်လိုပါသည် ဆိုသည့် သဘော။ ပြည်သူ့သဘောထားကို အမှန်အတိုင်း သိလိုပါသည်ဆိုသည့် သဘော။

ဒါဟာယနေ့ နိုင်ငံရေးသမားများအတွက်ထင်ရှားသည့် ပြယုဂ်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ နိုင်ငံရေးသမားဆိုတာ ပြည်သူ့အင်အားမှာပဲ အခြေပြုရတာ ဖြစ်ပါသည်။ မိမိဘာသာ ခေါင်းဆောင်တင်ရုံမျှဖြင့် ခေါင်းဆောင် မဖြစ်။ ပြည်သူက တင်မှ တကယ့် ခေါင်းဆောင်ဖြစ်မည်။ ပြည်သူ့အသံကို နားထောင်ရမည်။

နိုင်ငံတော် သမ်္မတနှင့် အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ အားလုံးက ပြည်သူ့အတွက် အလုပ်လုပ်သည့်သူများ ဖြစ်ကိုဖြစ်ရမည်။ ဒါက မူဖြစ်သည်။ အားလုံးပါဝင်ဖို့ လိုသည် ဆိုသော်လည်း ပြည်သူ့အတွက် တကယ် စေတနာ ထားသူများ၊ စွမ်းဆောင်ရည် ရှိသူများ အားလုံး ပါဝင်ဖို့ လိုတာဖြစ်သည်။ အားလုံး ပါဝင်ဖို့ လိုသည် ဆိုသော်လည်း ကိုယ်ကျိုးရှာသမားများ၊ နိုင်ငံရေး ဗန်းပြ စီးပွားရှာသူများ၊ ပြည်သူကို နှိပ်စက်မည့်သူများ၊ ပြည်သူ့ အော့ကြောလန်များ ပါဝင်လို့ မရနိုင်။ ပြည်သူ့အတွက် အလုပ်လုပ်ရာမှာဘယ်လောက်လုပ်နိုင်သလဲ၊ဘယ်လောက်အရည်အချင်းရှိသလဲ၊ဘယ်လောက်ဖြစ်မြောက် အောင်မြင်အောင် လုပ်နိုင်သလဲ ဆိုတာကို ပြည်သူလူထုက အကဲဖြတ် အမှတ်ပေးမှာ ဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးလို့မရ၊ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုနေလို့မရ။ ပြည်သူလူထုကမလိုလားလျှင် ပြည်သူ့ဆန်္ဒသဘောထားနှင့်မကိုက်ညီလျှင် နိုင်ငံရေးစင်မြင့်ထက်မှာ နေချင်လို့မရ။ နိုင်ငံရေးမှာ နေရာရဖို့ဆိုတာကပါမစ်ယူထားရုံမျှနှင့် ဖြစ်တာမဟုတ်။ ပြည်သူလူထုက နေရာပေးမှရတာပဲ ဖြစ်ရမည်။

သည်တော့အားလုံးပါဝင်ဖို့လိုသည်ဆိုတာဟာ ပြည်သူလူထုလိုလားသည့် နိုင်ငံရေးအင်အားစုများသာ အားလုံး ပါဝင်ဖို့ လိုတာ ဖြစ်၏။ ယင်းကဲ့သို့ ပြည်သူလိုလားသော နိုင်ငံရေးအင်အားစုများသာ ပါဝင်သည့် ပြည်သူ့ခေတ် ရောက်လာဖို့ တဖြည်းဖြည်းချင်း နီးကပ်လာနေပြီဟု ထင်မိပါသည်။ အဲဒီလို ခေတ်ရောက်လျှင် ယနေ့ နိုင်ငံရေး မြင်ကွင်းထဲမှ မည်သူတွေ ပိုမိုထင်လင်း မြင့်မားလာပြီး၊ မည်သူတွေ မှိန်ဖျော့ ပျောက်ကွယ်သွားမည်လဲဆိုတာကို ပြည်သူလူထုထဲမှာ အခု ကတည်းက စတင် မှန်းဆနေကြပြီ။

၈ စက်တင်ဘာ ၂၀၁၂
(စက်တင်ဘာ ၁၃/၂၀၁၂၊ အတွဲ ၃၊ အမှတ် ၁၁၁ ပြည်သူ့ခေတ် အယ်ဒီတာအာဘော်)

1 သံအမတ်သေဆုံးခဲ့ရမှုအပေါ်အမေရိကန်သမ္မတ အိုဘားမား တုံ့ပြန်ပြောကြား


လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။
(တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားသည့် အမေရိကန်သံအမတ် ခရစ္စတိုဖာ စတီဗန်)

လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု တစ်ခုအတွင်း အမေရိကန် သံအမတ် သေဆုံးမှုအတွက် မိမိတို့အနေဖြင့် တရားမျှတမှုကို ပြန်လည် ရယူမည်ဟု အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ပြောကြားလိုက်သည်။ အစ္စလာမ် အစွန်းရောက် တိုက်ခိုက်ရေး သမားများ၏ လုပ်ကြံပစ်ခတ်မှုကြောင့် လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခရစ္စတိုဖာ စတီဗန်စ်နှင့် အခြားသော အမေရိကန်နိုင်ငံသား သံရုံးဝန်ထမ်း(၃)ဦးတို့သည် ခုခံနိုင်စွမ်း လျော့နည်းသည့် ဘန်ဂါဇီမြို့ရှိ ကောင်စစ်ဝန်ရုံးတွင်ရှိနေစဉ် အင်္ဂါနေ့ည ပစ်ခတ်မှုများအတွင်း သေဆုံးသွားခဲ့သည်။ အဆိုပါ သေနတ်သမားများက အမေရိကန်တွင် ပရောဖက် မိုဟာမက်ကို စော်ကားသည့် ရုပ်ရှင်ဇာတ်ကားတစ်ခု ရိုက်ကူးမှုကြောင့် ယခုလို တုံ့ပြန်ခြင်းဟု ကြေညာထားခဲ့သည်။

ဘန်ဟာဇီတွင် ဖြစ်ပွားသော အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး ယခုအခါ အိုဘားမားက "အမေရိကန် ပြည်ထောင်စုဟာ ခုလို တုန်လှုပ်စရာ တိုက်ခိုက်မှုမျိုးအတွက် အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ လစ်ဗျားအစိုးရသစ်နဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးကို အများကြီး ထိခိုက်စေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လစ်ဗျားအစိုးရသစ်နဲ့ ပူးပေါင်းပြီးကျွန်တော်တို့ရဲ့ နိုင်ငံသားတွေကိုသတ်ဖြတ်ခဲ့သူတွေဆီကတရားမျှတမှုကို ပြန်ယူပါမယ်"ဟု ပြောကြားလိုက်သည်။ လစ်ဗျားခေါင်းဆောင် မိုဟာမက် မာဂရစ်ဖ်သည် ယခုကိစ္စနှင့် ပတ်သက်၍ အမေရိကန် အစိုးရထံ တောင်းပန်မှု ပြုလုပ်ထားကြောင်းလည်း သိရသည်။
အသက်(၅၂)နှစ်ရှိ သံအမတ်သည် အာဖဂန်နစ္စတန်တွင် (၁၉၇၉)ခုနှစ်က တိုက်ခိုက်မှုအတွင်း အဒေါ့ဖ်ဒက်ဘ်စ် သေဆုံးမှုနောက်ပိုင်း ပထမဆုံး သတ်ဖြတ်ခံရသည့် အမေရိကန် သံအမတ်လည်း ဖြစ်လာသည်။ ယခုဖြစ်စဉ် ပေါ်ပေါက်ပြီးနောက် အမေရိကန် စစ်တပ်သည် ရေတပ်မှ ဖျက်သင်္ဘော (၂)စင်းကို လစ်ဗျားကမ်းခြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။ ထို့အပြင် လိုအပ်ပါက ရေတပ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးကွန်မန်ဒိုများကို စေလွှတ်ရန် တပ်လှန့်မှုလည်း ပြုလုပ်ထားကြောင်း သိရှိရသည်။

Source: Reuters
www.planet.com.mm

Thursday, September 13, 2012

1 အတုယူသင့်တယ် ......


ငါနဲ့သက်ဆိုင်တာပဲဆိုပြီး စာနာစိတ် တာဝန်ယူစိတ်ရှိတဲ့ ခွေးတစ်ကောင်က ၊ ငါနဲ့မသက်ဆိုင်ဘူး ဆိုပြီး ဘေးထိုင်နေတဲ့ လူ တစ်သိန်း ထက်တော့ မြင့်မြတ် လောက်ပါတယ် ။

( အတွေး )

Kyaw swar myint

0 မုံရွာမြို့ လက်ပံတောင်းစီမံကိန်းနှင့်ပက်သက်၍ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့်ဝန်ကြီးချုပ် ဦးသာအေး အချက်လေးချက်ကို ဆွေးနွေး


၁၂-၉-၂၀၁၂ ရက်နေ့တွင် ကိုဂျင်မီပါ (၄)ဦး ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားနှင့် စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးနှင့်အစိုးရအဖွဲ့ရုံးတွင်မုံရွာမြို့တွင်လက်ပံတောင်းစီမံကိန်းနှင့်ပက်သက်၍ အောက်ပါအချက်လေးချက်ကို
ဆွေးနွေးခဲ့သည်။

(၁) ဖမ်းဆီးထားသော မသွဲ့သွဲ့ဝင်းအပါအ၀င် ၀က်မှေးရွာသူ (၃)ဦးအား ပြန်လွတ်ပေးရေး

(၂) ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သည့် ဗကသ(မုံရွာခရိုင်)ကျောင်းသားများနှင့် ရွာသူရွာသားများအား နောက်ဆက်တွဲအရေးယူမှု မပြုလုပ်ရန်

(၃)လက်ပံတောင်းတောင်ကိစ္စ

(၄) ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကျောင်းသားများအား ကျောင်းမှ ထုတ်ပယ်အရေးယူခြင်းမပြုရန် တို့ဖြစ်ပါသည်။

Aung nay myo

0 ခွပ်ဒေါင်းအလံကို လွှင့်တဲ့ ဗကသ နှင့် ခေါက်သိမ်းထားချင်သူ အနေအထား ။

နောင်တော် တစ်ယောက်က မုံရွာမှာ ပျားရည် လိုက်ရောင်းနေတယ် ။
ဗကသ ကျောင်းသားတွေ ကို ဝမ်းချပေးချင်နေတယ် ။

အထက်ဗကသ ကျောင်းသားတွေ ကို ငုတ်ထုတ်ထားပြီးစကားတခွန်း မဟ ၊ နုတ်မဆက် ၊ အားမပေး ပဲ
ခွဲခြား ဆက်ဆံတဲ့ အလုပ်ဟာ မြင့်မြတ်သူတွေ အလုပ်မဟုတ်ဘူး ။နောင်တော်တို့ တုန်းက တော်လှန်ရေး ဆိုပြီး လုပ်ခဲ့တာပဲ..။

ခုကျောင်းသားတွေက ပြည်သူ့ ဘက်က ရပ်နေတာကို ပြဿနာ ကောင်တွေ ဆိုတဲ့ အပေါက်မျိုး လာမချိုးနဲ့ ...။

ဗကသ ညီနောင်တွေ က နောင်တော်ကြီးရဲ့ ရွှေပြည်အေးတရားနာဖို့ မျှော်ခဲ့တာမဟုတ်ဘူး ကျေးဇူးရှင် တောင်သူတွေ အပေါ် နောင်တော် တို့ စားနေတဲ့ ထမင်းတစ်စေ့လောက်အထောက်အကူ ပြုမလားလို့ မျှော်ခဲ့တာ...။

နောင်တော်တို့ ထောင်ထဲ ရောက်တုန်းက သား ဆုံးရှုံးရတဲ့ မိဘတွေ ကို ဘယ်လို ခံစားရလဲ မေးကြည့် ...။
ခုလည်း မတရားဖြင့် လိမ်ညာ သိမ်းပိုက်လို့ ဆုံးရှုံးသွားတဲ့ လယ်တွေ ဟာ တောင်သူတွေ အတွက်တော့ ရင်ထဲက သွေးပဲ... ။

ဘယ်လို ခံစားရမလဲ...။

ကိုယ်ချင်းစားတရားတွေ ၊ မတရားမှုကို ငုံမခံတဲ့ စိတ်ဓါတ်တွေ ဘယ်ရောက် ကုန်ပြီလဲ ...။အားအား ရှိ ရိုက်လို့ ရတဲ့ ဗီနိုင်းတွေ အောက် အဖုံးခံ အလွှမ်း ခံလိုက်ရပြီလား...။
လယ်ပဲ လုပ်စားတတ်တဲ့ အရိုးခံတောင်သူတွေက လယ်မရှိတော့ပဲ ဘာလုပ်စား မလဲ ။
လုပ်စားစရာမရှိပဲ ငတ်နေတာကို အေးအေး ဆေးဆေး အိမ်ပြန်ပါ ဆိုတာ ကျွန်တော် ငတုံးတော့ နားမလည်ဘူး။
အကွက်ရိုက် ခြံခတ်ပြီး အဖြစ်ဆောက် ၊ ဓါတ်တိုင်ရှိပြီးမီးမလာ ၊ ပိုင်ဆိုင်ပါတယ် ဆိုတဲ့ ဂရန် ကို ပေးအပ်ခြင်း မရှိပဲ ချုပ်ကိုင်ခံရ ။

ကိုယ့်နေရာလဲ ပြန်လို့ မရ ၊ ကိုယ့်လယ်မှာလဲ စိုက်ခွင့်မရ ၊ အင်း... တောင်သူတွေ အေးအေး နေတတ်အောင် ဘယ်လိုများ နည်းလမ်းရှိလည်း သင်ကြားပေးပါဦး နောင်တော်ကြီးရေ..။

ကျွန်တော် နာမည် ရဲရင့်ကျော် (ကိုဝိုင်ဝိုင်ကေ)
လုပ်နေတာ ဗကသ ( အထက်ဗမာပြည်) သတင်းပြန်ကြားရေးကော်မတီ
လုပ်ခဲ့တာ ၈၈-၈၉-၉၀-၉၁ ၊ပြီးတော့ထောင်ကျ... ဟုတ်ပြီလား
ဖုန်းက ၀၉ ၄၀ ၂၅၅ ၄၀ ၁၅
သိချင်တာ ရှိသေး လှမ်းမေး
ခုလိုရေးတာ မင်းက ဘာကောင်မို့လဲ မေးကြလွန်းလို့ ...။


ဒါပဲ ဒေါင်းတွေ အိုချင် အိုပါစေ
ဇရာ ပဲ ကိစ္စ မရှိဘူး ..။
စိတ်ဓါတ်တွေ အိုပြီး ချိနဲ့လာရင်တော့ ကိစ္စ ရှိလာပြီ ။
သင့်ကြောင့် သင်ပါဝင်သော အဖွဲ့အစည်း သမိုင်း မယိုင်ပါစေနဲ့ ။

လေးစားချစ်ခင်ဆဲ တန်းလန်းပါ။
ကိုဝိုင်ဝိုင်ကေ
၁၂-၉-၁၂
၁၁း၂၂

2 အစိမ်းရောင်များတဲ့ မြန်မာအရပ်သားအစိုးရ

အစိမ်းရောင်ပြထားသည့် နေရာများမှာ လက်ရှိတာဝန်ထမ်းဆောင်ဆဲနှင့် စစ်တပ်မှအငြိမ်းစားတပ်မတော်အရာရှိကြီးများဖြစ်ပြီး အဖြူရောင် နေရာများမှာ အရပ်သားများဖြစ်ကြပါသည်။ အရပ်သားနှင့်စစ်သား နေရာအနည်းအများကို နှိုင်းယှဉ်ကြည့်ကြပါကုန်။
မိုးဇေညိမ်း-Political Defiance Network

0 စစ်ဘေးသင့် တိုင်းရင်းသား ဒေသတွေ စီးပွားရေး ဖွံ့ဖြိုးအောင် သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် နိုင်မှာလား

(Christian Science Monitor မှ 11 September 2012 ရက်စွဲပါ Could Myanmar's economic reform bring business to war-torn ethnic regions ကိုဆီလျော်အောင် ဘာသာပြန်ဆိုသည်)

ခုအခါ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို မြန်မာနိုင်ငံ၌ အတည်ပြုလိုက်နိုင်ခဲ့ပြီဖြစ်ရာ စစ်ဘေးသင့်ခဲ့သော ကရင်ပြည်နယ်မှ အချို့သော စွန့်ဦးတီထွင်သမားများလည်း ၎င်းတို့ဒေသသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုဆွဲဆောင်ရန် မျှော်လင့်နေကြပြီဖြစ်သည်။

လတ်တလော မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာသည့်နည်းတူ ပြည်တွင်းစစ်မီး ကြီးစွာ တောက်လောင်ခဲ့သည့် ကရင်ပြည်နယ်၌လည်း Shar Mu Larအမည်ရ သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခု လွန်ခဲ့သည့် နှစ်လခန့်က ပေါ်ထွက်လာသည်။ ကုမ္ပဏီကို Shar Phaungဆိုသူက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်ဒေသ ကရင်ပြည်နယ်တွင်း စီးပွားရေး အခွင့်အလမ်းများ ဖြစ်ပေါ်လာရန် မျှော်လင့်ထားသည်။

Shar Phaungနေထိုင်ရာ ကရင်ပြည်နယ်သည် ကေအန်ယူ(ကရင်အမျိုးသား သမဂ္ဂ)တို့နှင့် မြန်မာအစိုးရ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဖြစ် လိုက်၊ အပစ်အခတ် ရပ်စဲလိုက် ဖြစ်ခဲ့သော စစ်မီးမငြိမ်းနိုင် ဖြစ်ခဲ့သည့် ပြည်နယ်လည်းဖြစ်သည်။ တိုက်ပွဲများကြောင့် ကရင်တိုင်းရင်းသား ထောင်ပေါင်းများ စွာမှာ နေအိမ်ပစ်ကာ ထွက်ပြေးတိမ်းရှောင် ခဲ့ကြရသည်။ ထောင်ပေါင်းများစွာ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်။

ယခု သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက် အရှေ့တောင်အာရှဒေသတွင် ဆင်းရဲ့နွမ်းပါးဆုံးစာရင်းဝင်နေသည့် မြန်မာနိုင်ငံအား စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မည်ဟူသော ကတိကဝတ်များ နှင့်အတူ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် များလည်း အစဉ်အလိုက် ထွက် ပေါ်လာသည်။ အစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ကေအန်ယူအဖွဲ့နှင့် တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးသည်။ နှစ်ဖက်တပ်ဖွဲ့ဝင်များ၏ အခြေအနေ များကိုလည်း ဆွေးနွေးရာတွင် ထည့်သွင်းခဲ့သည်။

"ယခု တတိယအကြိမ် အစိုးရနဲ့ ကေအန်ယူအဖွဲ့ တွေ့ဆုံတာနဲ့ ပတ်သက်ပြီး ခြုံငုံပြောရမယ်ဆိုရင် အခြေအနေတွေ တိုးတက်မှု ရှိတယ်လို့ပဲ ပြော ရမှာပါ။ အစိုးရက ကေအန်ယူကို လူသိရှင်ကြား ချီးမွမ်းပြောဆိုထားတယ်"ဟု ကရင်အမျိုးသမီးများအဖွဲ့ (KWAG)မှ Susanna Hla Hla Soeက ပြော သည်။ ၎င်းသည် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် အစိုးရနှင့် ကေအန်ယူအကြား နောက်ဆုံးပြုလုပ်ခဲ့သည့် အဆိုပါ ဆွေးနွေးပွဲ၌ လေ့လာသူ အနေဖြင့် တက်ရောက်ခဲ့သည်။

ဖားအံမြို့မှာသံလွင်မြစ်ဘေးတွင်တည်ရှိပြီးရန်ကုန်မြို့မှ မော်တော်ကားဖြင့်သွားမည်ဆိုပါက ခြောက်နာရီမျှ မောင်းရသည်။ ယခုလို ကရင်ပြည်နယ်တွင်း အပစ်အခတ်များ လျော့ကျလာသည့် အတွက်ကြောင့် Shar Phaungအနေဖြင့် စီးပွားရေး အခွင့်အလမ်းများကို စတင်တွေ့မြင်လာရပြီဖြစ်သည်။

"ကေအန်ယူနဲ့ အစိုးရကြားမှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ထိုင်း-မြန်မာ နယ်စပ်ဒေသက ကြာအင်းဆိပ်ကြီးမြို့လို နေရာဒေသမျိုးကို သွားလို့ရပါပြီ။ အဲဒီမှာ ခနောက်စိမ်း ထွက်တယ်"ဟု ဘက္ကထရီများတွင် အသုံးပြုနိုင်သည့် သဘာဝ တွင်းထွက် သတ္တု ဖြစ်သော ခနောက်စိမ်း တူးဖော်သည့် လုပ်ငန်းမျိုး လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းရှိကြောင်း Shar Phaungကပြောသည်။

ခနောက်စိမ်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေသည့် မြန်မာ့သဘာဝ သယံဇာတများအနက် တစ်ခုသော တွင်းထွက်သတ္တု ဖြစ် သည်။ မြန်မာ့ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ သစ်နှင့်ရေနံ အစရှိသည်တို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အထူးစိတ်ဝင်စားခြင်း ခံရသည်။ ခနောက်စိမ်း ကို တစ်ခါတစ်ရံတွင် သေနတ်ကျည်ဆံများ၌ ထည့်သွင်းအသုံးပြုကြသည်။ ယခု အဆိုပါ ခနောက်စိမ်းကို Shar Phaungအနေဖြင့် ကရင်ပြည်နယ်တွင်း မကြာမီ ရှာဖွေတူးဖော် တော့မည်ဖြစ်သည်။

သို့သော် Susanna Hla Hla Soeနှင့် Shar Phaungတို့ နှစ်ဦးစလုံးက ကရင်ပြည်နယ်တွင်း နိုင်ငံရေး အခြေတကျဖြစ်ရန် အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းရဦးမည်ဟူသောအချက်ကို သိရှိနားလည် ထားကြသည်။ "လောလောဆယ်တော့ အပစ်အခတ် ရပ်စဲရေးပဲ ရှိပါသေးတယ်။ သူတို့ အနေနဲ့ ဆွေးနွေးရမယ့် ကိစ္စတွေ အများကြီး ကျန်ပါသေးတယ်" ဟု Shar Phaungက ပြောကြားသည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ နယ်မြေဒေသတွင်း ဗဟိုအစိုးရက ထိန်းချုပ်ထားမှုကို မလိုလားဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိနိုင်မည့် နည်းလမ်းများကို သာရှာဖွေခဲ့ကြသည်။ သို့သော် မြန်မာဗဟိုအစိုးရမှ အာဏာပိုင် အဖွဲ့များက ယင်းတိုင်းရင်းသား လူမျိုးစု ဒေသများ ပြည်မကြီးမှ ခွဲထွက်သွားမည့်အရေးကို အထူးပင် စိုးရိမ်ပူပန်လျက် ရှိသည်။

အခက်အခဲများရှိနေဆဲ


အပစ်အခတ်ရပ်စဲမှု သဘောတူညီချက် ရရှိထားသည့်တိုင် ရှေ့ဆက်ဆွေးနွေးရမည့် အရေးကိစ္စကြီးများစွာ ကျန်ရှိနေသေးသည်။ ပြဿနာ များကလည်း စောင့်ကြိုနေသည်။ တိုင်းရင်းသား ပြည်သူများ၏ တရားဝင်အမည်၊ နေရာဒေသများ၏ အမည် အစရှိသည်တို့မှာ Burma နှင့် Myanmar ကဲ့သို့ပင် ပြဿနာဖြစ်မည့် ကိစ္စများပင် ဖြစ်သည်။ ယခင်စစ်အစိုးရသည် မြန်မာနာမည်၏ တရားဝင်အမည် Burmaကို Myanmar အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ယခု ကရင်ပြည်နယ်တွင် နေထိုင်သော ကရင်တိုင်းရင်းသားများကို အစိုးရက Kayinဟုခေါ်ပြီး ဖားအံမြို့ကို Hpa'anဟုခေါ်သည်။ နိုင်ငံတကာတွင် အများသိရှိထားသည်မှာ Karenနှင့် Pa'an ဖြစ်သည်။

လေ့လာဆန်းစစ်သူများ အဆိုအရ ကရင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးထက် သိသာထင်ရှားသော စီးပွားရေး အပြောင်းအလဲများ ဆောင်ကြဉ်းမည့် ကိစ္စက ပိုမိုကြာမြင့်မည် ဖြစ်သည်ဟု ခန့်မှန်းပြောဆိုကြသည်။

"ကျွန်တော်တို့တတွေ လိုအပ်တာ ပြင်ပက ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြင်ပက နည်းပညာတွေပါ။ အလုပ်အကိုင်တွေကို ပိုမိုထိထိရောက်ရောက် လုပ်ကိုင်နိုင်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အများကြီး ရောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်"ဟု Shar Phaungက ပြောကြားသည်။ ၎င်းအနေဖြင့် ခနောက်စိမ်း သတ္တုတူးဖော်ရန် အစိုးရနှင့် ကန်ထရိုက်ချုပ်ဆိုမှု မပြုလုပ်ရသေးပေ။

"ယခုလောလောဆယ်တော့ လက်နဲ့ပဲ သတ္တုတူးဖော်ရေး လုပ်ကိုင်လို့ ရပါမယ်။ ခနောက်စိမ်း တူးဖော်မယ့် အလုပ်ကို အပြည့်အဝ လုပ်ကိုင်နိုင်ဖို့ စက်ပစ္စည်းနဲ့ ယန္တရားတွေ ကျွန်တော်တို့ လိုအပ်တယ်"

မြန်မာနိုင်ငံ လွှတ်တော်က မကြာသေးသော ရက်ပိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် တစ်ရပ်ကို အတည်ပြုလိုက်သည်။ အဆိုပါ ဥပဒေသစ်အတွက် လပေါင်းများစွာ အချိန်ပေးကာ လွှတ်တော်တွင်း ငြင်းခုန်ခဲ့ကြရသည်။ ယခင်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ အဆမတန် ဝင်ရောက်လာမှုကို ဟန့်တားထားသည့် အပိုဒ်များ ပါဝင်သော်လည်း ယခုဥပဒေသစ်တွင် အဆိုပါ ကန့်သတ်ချက်များကို ဖယ်ရှားထားသည်။ သို့အတွက်ကြောင့် Shar Phaung၏ သတ္တုလုပ်ငန်း စီမံကိန်းသို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီများ ဝင်ရောက် လာနိုင်တော့မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ အချိန်အားဖြင့်တော့ အတော်အတန် စောင့်ရပေဦးမည်။ "နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက မြန်မာပြည်ထဲမှာရှိတဲ့ စစ်မက် ပဋိပက္ခ ဒေသတွေမှာ ငြိမ်းချမ်းရေး အစစ်အမှန် ပေါ်ထွန်းလာမယ့် အခြေအနေရောက်အောင် စောင့်ကြည့်နေကြတယ်"ဟု P&A Asiaမှ Managing Partnerဖြစ်သူ Alessio Polastriကပြောသည်။ ၎င်း၏ ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်း လုပ်ကိုင်မည့် နိုင်ငံခြား ကုမ္ပဏီများအား ဥပဒေဆိုင် ရာ အကြံဉာဏ်ပေးခြင်း၊ အတိုင်ပင်ခံလုပ်ခြင်း အစရှိသည့် ဝန်ဆောင်မှုများ လုပ်ကိုင်ပေးသည်။

နောက်ထပ်အရေးတကြီး ဖြစ်နေသော ကိစ္စရပ်တစ်ခုမှာ မြန်မာနိုင်ငံ၏ လက်ရှိသတ္တုတူးဖော်ရေးဆိုင်ရာ ဥပဒေဖြစ်သည်။ ယင်းဥပဒေအရ မြန်မာ အစိုးရနှင့် ရင်းနှီးမြှုပ်နှံသူအကြား အမြတ်ဝေစုခွဲ ၃၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်းထိ ခွဲဝေရန် လိုအပ်သည်။ အခွန်လည်း ပေးဆောင်ရန် လိုအပ်သည်။ Shar Phaung မျှော်လင့်နေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာရေးတွင် အဆိုပါ ဥပဒေက အဟန့်အတားသဖွယ် ဖြစ်ကောင်းဖြစ်နေ ပေလိမ့်မည် ဖြစ်ကြောင်း မစ္စတာ Alessio Polastriက ပြောကြားသည်။

ဆင်းရဲတွင်းက နက်ဆဲ

မည်သို့ပင် ဖြစ်စေကာမူ ဖာအံမြို့မှ အခြားသောပြည်သူများသည် ပြည်တွင်းစစ်မီးများ၏ အကျိုးဆက်ဂယက်များကို ဆက်လက်ခံစား နေရဆဲ ဖြစ်သည်။ စားဝတ်နေရေး အတွက်လည်း ခဲရာခက်ဆစ် ရုန်းကန်လှုပ်ရှား နေကြရဆဲဖြစ်သည်။ ဖားအံမြို့ပြင်ဒေသ ရပ်ကွက်တစ်ခုတွင် နေထိုင်သော Jerome Naဆိုသူ ကရင်အမျိုးသမီး တစ်ဦးသည် သူမ၏ နေအိမ်ဧည့်ခန်း ကျဉ်းလေးထဲတွင် ရှပ်အကျီင်္နှင့် လုံချည်များ ချုပ်လုပ်ကာ မိသားစုဝင်ငွေ ရရှိ အောင် ကြိုးပမ်းလျက် ရှိသည်။ သူမသည် လွန်ခဲ့သော ၈ရှစ်ခန့်က မိသားစုနှင့်အတူ ဖားအံမှ မိုင်၄၀ခန့် ဝေးကွာသော ကျေးရွာမှ ထွက်ပြေးရောက်ရှိ လာခြင်း ဖြစ်သည်။ ထိုစဉ်က စစ်တပ်နှင့် ကေအန်ယူတို့အကြား တိုက်ပွဲများကြောင့် ထွက်ပေးလာရခြင်းဖြစ်သည်။ "မြေမြှုပ်မိုင်းတွေ အများကြီးပဲ။ ရွာကို ပြန်ဖို့ မဖြစ်နိုင်ဘူး။ အင်မတန် အန္တရာယ် များပါတယ်။ ရွာမှာသွားနေရင် တစ်နေ့စာ စားသောက်ဖို့အတွက် ငွေရှာလို့ မရနိုင်ဘူး"ဟု Jerome Na ကပြောပြ သည်။ သူမနေထိုင်ခဲ့သေ ကျေးရွာတွင် သောက်သုံးရေ မရရှိနိုင်သလို လျှပ်စစ်မီးလည်းမရှိပေ။

"ကျွန်မအတွက် စီးပွားရေး ဆိုတာက အရင်နှစ်တွေက လိုပါပဲ။ ကျွန်မထင်ပါတယ် . . တခြားသူတွေလည်း အဲဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့တ တွေဟာ ယခုအချိန်ထိ ဆင်းရဲနေတုန်းပါပဲ"

Yangon chronicle

Wednesday, September 12, 2012

0 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်....။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့ ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက

Chinese Weapons Maker Signs Myanmar Deal

BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.

The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."

ဆိုတဲ့ သတင်းလေးပါ..။

မူရင်းလင့်ကိုလေ့လာကြည့်ပါ။

The World Street Journal

ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp) လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့ the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင်း ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်းက ငွေချေခဲ့တာပါ..။ ၀မ်ပေါင်း ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။

the voice journal တရားစွဲခံရသော သတင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။

Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို အောက်ပါလင့်မှာ ပြန်လည်ဖတ်နိုင်ပါတယ်။

Eleven Media Group

ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားရှာပါတယ်.။the voice ကို တရားစွဲခဲ့တဲ့သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။


လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။


အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့ အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။ အများသိတဲ့ ၀မ်ပေါင်း ကုမဏီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒီအခမ်းအနားမှာ စီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိသူတွေ တက်ရောက်တယ်လို့ တရုတ်ကုမဏီ သတင်းတွေထဲမှာ မတွေ့ရပါဘူး။

အဲဒီ ၀မ်ပေါင်းကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။

သုံးသပ်ချက်.။

အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.

အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။

Norinco's VT1A MBT 2000, Main Battle Tank

Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် အဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။
ငရဲ သား fACEBOOK

0 ပြုပြင်ပြောင်းလဲမှုများက မြန်မာ့အာဏာ လွန်ဆွဲပွဲကို အများသိအောင် ဖော်ထုတ်

(Business Recorder မှ 9 September 2012 ရက်စွဲပါ “Reform lift veil on Myanmar power struggles”သတင်းကို ဘာသာပြန်ဆိုသည်။)

တပ်မတော်အစိုးရလက်အောက်တွင် နှစ်ပေါင်းများစွာနေခဲ့ရသော ပြည်သူများသည်အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေသော လွန်ဆွဲပွဲများ အကြောင်း ကို ဘာမှသိခဲ့ကြပေ။

သို့သော် မြန်မာနိုင်ငံသည် မနှစ်က နိုင်ငံရေး ပြောင်းလဲမှုလှိုင်းလုံး အပြီးတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်း အသစ်များကို ဖြေးဖြေးချင်း ခွင့်ပြု လာခဲ့သောကြောင့် အဆိုပါအာဏာ လွန်ဆွဲပွဲများသည် ယခုအခါ လူသိရှင်ကြား ထွက်ပေါ်လာသည်။

လူတစ်ဦး၏ လက်ထဲတွင် အာဏာကို ချုပ်ကိုင်ထားသော တပ်မတော် အစိုးရသည် ယခုအခါ “ဂျောင်း”သွားပြီ။ အာဏာရှင် အသစ်တစ်ယောက် ပေါ်လာချိန် (သို့မဟုတ်) သဘောမကျသော ဗိုလ်ချုပ်တစ်ယောက်ကို ဖမ်းဆီချိန်မျိုးတွင် အတွင်းကြိတ် ဆော်ခဲ့ကြသည့် ခေတ်လည်းကုန်သွားပြီ။

အခြေခံ ဥပဒေသစ် စတင်သက်ရောက်သည့် မနှစ်က မတ်လမှစ၍ အာဏာပါဝါသည် တပ်မတော် အစိုးရ အစားထိုး အရပ်သားတစ်ပိုင်း အစိုးရကို ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသမားဗိုလ်ချုပ်ဟောင်းများဆီသို့ ရောက်ရှိသွားသည်။ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်သည်လည်း ရွေးကောက် ခံနိုင်ငံရေး သမားများက အုပ်ချုပ်သူ အစိုးရအပေါ် ကြပ်မတ်နိုင်မည့် အာဏာကို စမ်းသပ်သည့် ခွင်တစ်ခု ဖြစ်လာသည်။

ထို့ပြင်သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ရွေးကောက်ပွဲအပြီးထိပ်သို့ ရောက်လာမည်ဟုတစ်ပြေးနေသော အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့အ ကြား ထိပ်တိုက်တွေ့နေမှုကို အနီးကပ် စောင့်ကြည့်နေသော ‘စင်’တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

ယခင် အစိုးရဟောင်းတွင် ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ခဲ့သူ ၎င်းတို့နှစ်ဦးစလုံးသည် အစိုးရဟောင်းထံမှ အမွေရလိုက်သော ‘အထက်အောက် အတွေးအခေါ် လွှမ်းမိုးနေပြီး ယခုအခါ မည်သူကပိုမို ကြီးကျယ်သော ဒီမိုကရက်တစ် ဖြစ်မလဲဆိုသည်ကို ပြိုင်ဆိုင်နေကြသည်ဟု နိုင်ငံခြား သံတမန် တစ်ဦး က ဆိုသည်။

၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးသည် အဆင်ပြေခြင်း မရှိဘဲ တပ်မတော် အစိုးရ မဖျက်သိမ်းခင် လပိုင်းများက မြစ်ဖျားခံ စတင်ခဲ့ဖွယ် ရှိသည်ဟု နိုင် ငံခြား သံတမန် တစ်ဦးက ဆိုသည်။

၂၀၁၁အစောပိုင်းတွင် ဦးသိန်းစိန်ကို သမ္မတရာထူး လျာထားလိုက်ပြီး ထိုစဉ်က ရာထူးအဆင့်ပို မြင့်သော ဦးရွှေမန်းက မူလအရိုက်အရာ ကျဆင်း သွားသည်ဟု နိုင်ငံရေး သတင်းရပ်ကွက် များစွာက ပြောကြားခဲ့သည်။

ယခုအချိန်အထိ သူတို့နှစ်ဦး ပြိုင်ဆိုင်နေကြသော်လည်း သူတို့စိတ်ကြိုက် အသုံးပြုနိုင်သော နည်းကိရိယာသစ်များ ရှိလာကြပြီဟု ဆိုသည်။ ယခင် က နှစ်ဦးစလုံး စာနယ်ဇင်း သတင်းဌာနများကို ရှောင်ရှားခဲ့ကြ ဖူးသော်လည်း ယခုအခါ အင်တာဗျူးများ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ခြေလှမ်း သွက် နေကြသည်။

တစ်ဦး၏ အဆိုပြုချက်ကို အခြားတစ်ဦးက ပိတ်ပင်သည့်အခါ မြန်မြန်ဆန်ဆန် တုန့်ပြန်ကြသည်။ လွှတ်တော်ရေးရာ ကော်မတီများက အစိုးရဝန် ကြီးများကို ခေါ်ယူမေးမြန်းနိုင်သည့် အခွင့်အလမ်းကို အခြေခံဥပဒေခုံရုံး တရားသူကြီး အဖွဲ့က ဖေဖော်ဝါရီလတွင် ပိတ်ပင်လိုက်ခြင်းကြောင့် လွှတ်တော် အမတ်များ ဒေါသထွက်ခဲ့ရသော ကိစ္စကို ၆လကြာ အငြင်းပွားခဲ့ပြီးနောက် ကြာသပတေးနေ့တွင် အခြေခံဥပဒေခုံရုံး တရားသူကြီး ကိုးဦးကို စွပ်စွဲအပြစ် တင် ရန် အောက်လွှတ်တော်က မဲပေးဆုံးဖြတ်ခဲ့သည်။

ယခုပြိုင်ဆိုင်မှုသည် မနှစ်က စစ်အုပ်ချုပ်ရေးမှာ အဆုံးသတ်ပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံရေး ပဋိပက္ခကြီး တစ်ခုဖြစ်ပြီး အစိုးရက ဦးရွှေမန်း အ ပေါ်အားစမ်းခြင်းဟု ရှုမြင်ကြသည်။

“ဒါဟာ ပုဂ္ဂိုလ်ရေးပြိုင်ပွဲ တစ်ခုပါ”ဟု ဇန်နဝါရီလက ထောင်မှ လွတ်လာသော အယ်ဒီတာ ဇော်သက်ထွေးက ပြောကြားသည်။ဦးရွှေမန်းသည် အခြေခံ ဥပဒေခုံရုံးနှင့် အခြေအတင်ဖြစ်ခြင်းဖြင့် ကြီးကြီးမားမား စွန့်စားမှု ပြုလုပ်လိုက်သည်။ ဤကိစ္စကြောင့် အစိုးရ အဖွဲ့တွင်းမှ လမ်းရိုးဟောင်း ကွန်ဆာ ဗေးတစ်များ သာမကပဲ ဦးသိန်းစိန်နှင့် တရားသူကြီးများ အပါအဝင် လူများစွာကို အခက်တွေ့ သွားစေသည်ဟု ရန်ကုန်မှ အမည်မဖော်လိုသူ နိုင်ငံခြား အကဲ ခတ်သမား တစ်ဦးက ပြောကြားသည်။

အချို့အကဲခတ်လေ့လာသူ များကမူ “အစိုးရသစ်၏ နေ့စဉ်နိုင်ငံရေး ဘဝထဲတွင် တရားဝင်ရှိနေသေးသော တပ်မတော်က ယခုကိစ္စများကို ခြိမ်း ခြောက်မှု တစ်ခုဟု ယူဆပါက သည်းမခံဘဲ ပါဝင်လာ နိုင်သည်ဟု စိုးရိမ်ပူပန် နေရသည်။ အရှိန်နှေးကွေး နေရသည့်ကြားတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်အပေါ် အန္တရာယ်ရှိ လာနိုင်သည်ဟု သတိပေးကြသည်။ သို့သော် ပြုပြင်ပြောင်းလဲရေး စိတ်အားထက်သန်နေသော ထောက်ခံသူ အများစုကမူ ဒီမိုကရေစီသို့ သိသိသာသာ ဦးတည်နေသော နိုင်ငံတစ်ခုတွင် မလွှဲမရှောင်သာ တွေ့ကြုံရတတ်သည့် လမ်းလျှောက်သင်စ ပြဿနာ တစ်ခုမျှသာ ဖြစ် သည်ဟု အပြုသဘော သုံးသပ်ပြောဆိုကြသည်။

နာမည်ကျော် မြန်မာပညာရှင် ဦးအောင်ထွန်းသက်က “ခုံရုံးပြဿနာဟာ သတိပေး တပ်လှန့်မှုတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လှော်ရင်းနဲ့ လှေကို ဆောက်နေကြတာပါ။ ကျွန်တော်တို့ အားလုံးအတွက် အရာရာဟာ အသစ်အဆန်းပါပဲ။ လေ့လာသင်ယူရတဲ့အတိုင်းအတာကတော့ တော်တော်ကို စောက်နက်ပါတယ်”ဟု ပြောကြားသည်။

“အပျံသင်စ အင်စတီကျူးရှင်းတွေဟာ နိုင်ငံရေး အခင်းအကျင်း သစ်ထဲမှာရမယ့် သူတို့ရဲ့ ပါဝါအာဏာကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါ တယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

သို့သော်လည်း ဦးအောင်ထွန်းသက်က “ပြုပြင်ပြောင်းလဲရေး ကတိကဝတ်နှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် ပြည်တွင်းအတိုက်အခံများကို ဖြေးဖြေးမှန်မှန် စည်းရုံးနေသော ပြောင်းလဲရေးဝါဒီ ဗိုလ်ချုပ်များ အနေဖြင့် အနည်းငယ်သာ အမှားခံခွင့်ရှိပြီး၊ အပြောင်းအလဲကို မောင်းနှင်ရန်အချိန် အကန့်အသတ် ရှိသည်”ဟု ဝန်ခံပြောကြားသည်။

အစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ သာမာန်ပြည်သူတို့ ဘဝသိသိသာသာ တိုးတက်ရေး၊ တိုင်းရင်းသား ငြိမ်းချမ်းရေး ကိစ္စများကို ဆောင်ရွက်ရန် လို အပ်နေပြီး မအောင်မြင်ပါက ယုံကြည်စိတ်ချ ခံရမှုကို ဆုံးရှုံးသွား လိမ့်မည်ဟု ၎င်းက ပြောကြား သည်။

“ပြုပြင်ပြောင်းလဲရေး အစီအစဉ်အပေါ် အပိုင်းစီးမှု မှန်သမျှကို ကျွန်တော်တို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် လမ်းကြောင်းကို အပျောက်မခံဘဲ မြန်မြန်ရလဒ် ထွက်ပေါ်လာအောင် ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိပါတယ်။ ဒါကလျှာနဲ့သွားလို အမှားနဲ့ အမှန်တွဲနေတဲ့ ဝိရောဓိ တစ်ခုပါ”ဟု ဦးအောင်ထွန်းသက်က မှတ်ချက်ပေးသည်။
Yangon chronicle

Tuesday, September 11, 2012

1 လက်ပန်းတောင်းတောင်အရေး ဖမ်းဆီးခံရသောအမျိုးသမီးများညှင်းပမ်းနှိပ်စက်ခံရ

မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ် ၁ ရဲ စခန်းအနီး လမ်းများ ပိတ်ထားခြင်းကို စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းတွင် မြင်တွေ့ရစဉ်။(photo.Eleven media group)
လက်ပန်းတောင်းတောင်အရေးကိစ္စနှင့်ဖမ်းဆီးခံရသူ(၁၂)ဦးထဲမှ(၉)ဦးပြန်လည် လွတ်မြောက်လာခဲ့ ပြီဟု ၀က်မှေးရွာသားတစ်ဦးကဆိုပါတယ်။

မသွဲ့သွဲ့ဝင်း၊မအေးနက်၊မဖြူဖြူဝင်း (၀က်မှေးရွာ)မှ(၃)ဦး ကျန်ရှိနေသေး ပါတယ်။ အထဲမှာ ညင်းပန်းနှိပ်စက်မှုတွေကို အပြင်းအထန်ခံစားခဲ့ရတယ်။ ရဲမဟုတ်တဲ့ အရပ်သားလူမိုက်တွေ လူမိုက်မတွေနဲ့ဝိုင်းပြီး ဆောင့်ကန်တာ တွေ ဆံပင်ဆွဲဆောင့်တာတွေခံခဲ့ရတယ်။ည(၂)နာရီကျော်ကလွတ်ပေးလိုက် တာ။မအေးနက် ၊မသွဲ့သွဲ့ဝင်း ၊မဖြူဖြူဝင်းတို့ကိုလည်းဘယ်ကိုခေါ်သွားမှန်း မသိရပါဘူး။

ကျွန်မတို့အခုလွတ်လာတဲ့(၉)ယောက်ထဲက-မစန်းစန်းလှ ဆိုရင် ရဲတွေက ဆောင့်ကန်လို့ အခုထတောင်မထနိုင်ပါဘူး။ အတွင်ခံ ဘော်လီအင်္ကျီကစဆွဲ ဆောင့်လို့ကြိုးတွေပြတ်ကုန်တယ်။ရဲတစ်ယောက်ရဲ့အင်္ကျီကြယ်သီးတောင်သူ့အင်္ကျီမှာ ငြိပါလာတာ စဉ်းစားတာကြည့်ကြပါ။ထမီကျွတ်တာတောင်ရဲ သားက၀တ်ခွင့်မပေးခဲ့ဘူး။မဒိမ်းကျင့် မစော်ကားရုံတစ်မယ်ပါဘဲ။ကျွန်မတို့ကိုဝင်ဆွဲပြီးလုံးလားထွေးလားဖြစ်တဲ့အချိန်ကည(၁၀နာရီလောက်မှာမီးတွေလည်းအကုန်ပိတ်ပြီးအခုလိုဝင်လုံးတာ။ကျွန်မတို့နဲ့ လုံးထွေသတ်ပုတ် တာတွေဖြစ်ကုန်တယ်ဟု ပြန်လည်လွတ်မြောက်လာသူများက ဆိုတယ်။
ရဲမေများ ၊ရဲများ ၊ရဲတပ်ဖွဲ့မှငှားထားသောလူမိုက်များ၏ရိုက်နှက်မှု ၊ဆံပင်ဆွဲ ဆောင့် ၊ဆောင့်ကန်မှုတွေကြောင့် အပြင်းအထန်ဒဏ်ရာများရရှိပြီး အိပ်ယာ ထဲမှ မထနိုင်အောင်လဲနေသော ၀က်မှေးကျေးရွာသူ တစ်ဦးအားတွေ့ရစဉ်။
မုံရွာခရိုင်အုပ်ချုပ်ရေးမှူးကြီး-ဦးခင်မောင်စန်း ၏ပုံ။

ဆန္ဒထုတ်ဖော်သူများကိုဖမ်းဆီးထိန်းသိမ်းရန်အတွက် ရဲတပ်ရင်းများ အင်အားတိုးချထားလျှက်ရှိပြီး ဘူတာလမ်းမကြီးပိတ်ထားလိုက်ပြီဖြစ်သည်။ အဆိုပါရဲတပ်ရင်းများကို မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး-ဦးတင်ထွန်း ၊မုံရွာခရိုင် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စန်း တို့ကအနီးကပ်ညွန်ကြားအုပ်ချုပ်လမ်းညွန် လျှက်ရှိနေကြောင်းကိုလည်းသိရသည်။
ဆန္ဒထုတ်ဖော်သူများနှင့် စစ်ကိုင်းရဲတပ်ရင်း(ဒုတ်ဒိုင်းကိုင်)အဖွဲ့တို့ကို မြစန္ဒာ ရုပ်ရှင်ရုံရှေ့တွင်တွေ့ရသောမြင်ကွင်း။

ThanLarWaddy Times

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.