Saturday, September 8, 2012

1 ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် အဆိုတော် မီမီဝင်းဖေ မြန်မာနိုင်ငံသို့ ရောက်ရှိ

ပန်းချီဆရာ စာရေးဆရာနှင့် ဒါရိုက်တာ ဦးဝင်းဖေနှင့် သမီးဖြစ်သူ မီမီဝင်းဖေတို့သည် စက်တင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းက မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

"မြန်မာနိုင်ငံကို လွမ်းလို့ပြန်လာတာပါ။ လွမ်းတာကတော့ ကြာလှပါပြီ။ အခု ပြန်ရောက်စဆိုတော့ ဒီကအကြောင်းတွေ ဘာမှမသိသေးပါဘူး။ ဒါပေမယ့် အစောကြီးကတည်း ကျွန်တော် သိထားတာတွေလည်း အများကြီးပါ။ ကျွန်တော် ၀ါသနာပါတဲ့ အနုပညာတွေနဲ့လည်း မပြတ်သလို မီဒီယာကလူဖြစ်တဲ့အတွက်လည်း ကိုယ်တိုင် မြန်မာပြည်မှာ မရှိတာကလွဲရင် အခြေအနေတွေတော့ သိနေရတာပါပဲ။ အခုလာတာ အနားယူဖို့ မဟုတ်ပါဘူး။ လုပ်စရာရှိတာတွေက လုပ်ရ ဦးမှာပါ။ ပန်းချီရေးမယ်၊ စာရေးမယ်ပေါ့။ ဒီမှာဘဲ အခြေချနေထိုင်သွားဖို့လည်း စိတ်ကူးရှိပါတယ်။ အခု ဇနီးက ဟိုမှာကျန်ခဲ့ပြီး ဒူးခွဲစိတ်ရမှာဖြစ်လို့ သူခွဲစိတ်ရမယ့် အချိန်တော့သမီးနဲ့ ကျွန်တော် ဟိုကိုပြန်ရဦးမှာပါ"ဟု ဒါရိုက်တာ ဦးဝင်းဖေက ဆိုပါသည်။

ဦးဝင်းဖေသည် မန္တလေးပန်တျာ ကျောင်းအုပ်ကြီးအဖြစ် ၁၉၆၆ ခုနှစ်မှ ၁၉၇၃ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ရုပ်ရှင်လောကသို့ "မပြိုသည့်မိုး" ဇာတ်ကားဖြင့် စတင်ဝင် ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် " နှင်းဆီနီ အိပ်မက်" ရုပ်ရှင်ဖြင့် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆု ရရှိခဲ့သည်။ ၁၉၉၄ခုနှစ်တွင် ဟောလီဝုဒ်နှင့် UCLA တို့တွင် ရုပ်ရှင်ပညာများ သွားရောက်သင်ကြားရင်း အမေရိကန်နိုင်ငံတွင် အခြေချခဲ့သည်။ RFA အသံလွှင့်ဌာနတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ Senior Editor အဖြစ်လုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် VOA အသံလွှင့်ဌာန၌ လုပ်ကိုင်လျက်ရှိသည်။

မီမီဝင်းဖေကလည်း မြန်မာပြည်တွင် ရှိနေစဉ် ကာလအတွင်း အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်သွားရန် အစီအစဉ်ရှိကြောင်း ဆိုပါသည်။

www.news-eleven.com

1 တိုင်းပြည်၏ အမြင့်ဆုံး အာဏာကို ကျင့်သုံးလိုက်သည့် လွှတ်တော်အား သုံးသပ်ခြင်း -
ရေးသူ-ရှေ့နေ ဦးအောင်ထူး

တိုင်းပြည်၏ အမြင့်ဆုံးနေရာတွင်ရှိသော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးများအား ကန်ထုတ် လိုက် ခြင်းဖြင့် မြန်မာနိုင်ငံ၏ လွှတ်တော်ဟူသော အဖွဲ့အစည်းသည် ဗြိတိသျှပါလီမန် တံခိုးထွားစဉ်ကပင် ကျင့်သုံးခြင်း မပြုခဲ့သည့် လူကို ခွေးဖြစ်အောင် လုပ်နိုင် လောက် သည် အထိ အမြင့်ဆုံးသော အာဏာကို ကျင့်သုံးပြလိုက်ပါပြီ။ ယင်းနှင့် စပ်လျှဉ်း ၍ စက်တင်္ဘာလ (၆)ရက်နေ့ည၌ ဘီဘီစီ အင်တာဗျူးတွင် စာရေးသူ၏ ဖြေကြားချက် ကို ဤ လင့်ခ် တွင် နားဆင်နိုင် ပါသည်။
https://docs.google.com/open?id=0BzC8VZhwp11ANW5UMFlrVDd2dEk
၂၀၀၈ဖွဲ့စည်းပုံကိုမပြင်ဘဲဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတရားသူကြီးအားလုံးကို ဖြုတ်ထုတ်လိုက်ပြီ ဖြစ်သဖြင့် နောက်အသစ်ခန့်ထားမည့် တရားသူကြီးများသည် လွှတ်တော်အား လုံးဝပင် ရိုကျိုးရ ပါတော့မည်။ ဤဖြစ်ရပ်မှာ လက်ရှိ အမြင့်ဆုံးအခြား တရားရုံးကြီး ဖြစ်သည့် တရားလွှတ်တော်ချုပ်ကို ပါရိုက်ခတ်သွားပြီး ၄င်း၏ ဦးခေါင်းကိုပါ ချိုးနှိမ်လိုက် သကဲ့သို့ ဖြစ်သွားပါပြီ။ လူထုအတွက် အားကိုးတိုင်တန်းရမည့် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက် သည့် တရားစီရင် ရေးစနစ်ပေါ်ပေါက်လာရေး ဆိုသည်မှာ ရေပေါ်တွင် အရုပ်ရေးသည့် အဆင့်ဖြစ်သွားပါပြီ။

လူထုကိုယ်စားလည်များနှင့် ဖွဲ့စည်းထားသည့် လွှတ်တော်၊ လူထုနှင့် နီးစပ်သည့် လွှတ်တော် က ယင်းသို့ အမြင့်ဆုံး အာဏာကို ကျင့်သုံးခြင်းမှာ မကောင်းဘူးလားဟူ၍ စောဒက တက်စရာရှိသည်။ သို့ရာတွင် ကြိုတင်မဲများဖြင့် နေရာ ယူထားကြသော လူထုကိုယ်စား လှယ် အစစ်အမှန် မဟုတ်သူများမှာ အများစုကြီး ဖြစ်နေသည့် အပြင် စစ်ဗိုလ်တမတ် သားပါ ပါဝင်နေသော လွှတ်တော် ဖြစ်နေသည့် ပကတိ လက်တွေ့အခြေအနေကို မမေ့စေလို။ လူထုကိုယ်စားလှယ် စစ်စစ်မှန်မှန်များနှင့်ပင် ဖွဲ့စည်းထားစေဦးတော့ တရားစီရင်ရေး မဏ္ဍိုင်အနေဖြင့် လွတ်လပ်စွာ သီးခြားရပ်တည်ကာ Judicial Review ဟုခေါ်သော ပြန်လည် သုံးသပ်သည့် အခွင့်အာဏာကို သုံးစွဲလျှက် ဥပဒေပြုလွှတ်တော်နှင့် အစိုးရ အား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား ဥပဒေများ ရှုဒေါင့်မှ ကြပ်မတ်လည်ပတ်စေသည့် ဒီမိုကရေစီ နိုင်ငံများ၏ အစဉ် အလာ ကိုပါ ပြန်လည်စဉ်းစားဘို့ လိုပါမည်။ ယခု ဤ အခြေခံကို လက်ရှိလွှတ်တော်က ငြင်းပယ်လိုက်ပါပြီ။

အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ကိုယ်ပိုင်ပစ္စည်းစာရင်းကောက်ယူရေး ဥပဒေကြမ်းတင်သွင်းရန်ကြိုးပမ်းသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုရပါမည်။ သိုရာတွင် ယင်းကြိုးပမ်းမှုကို လူများစု မဲဟူသည်အား အသုံးပြုကာ အသာကလေး ရိုက်ချလိုက်ခဲ့ပြီကို သုံးသပ်သင့်ပါသည်။ လူထုအတွက် စစ်စစ် မှန်မှန် အကျိုးရှိမည့် ဥပဒေများ ဤ အတုအယောင် လွှတ်တော်ကြီးမှ ပေါ်ထွက်လာ၇န် မဖြစ်နိုင်ပါ။

သို့ရာတွင် လူထုက စစ်မှန်စွာရွေးချယ်တင်မြှောက်ခြင်း ခံထားရသည် ဟု လက်ခံထားကြသော အမတ်အချို့မှာပင် လွှတ်တော် ကို အကောင်းမြင်လွန်းနေကြဆဲဖြစ်ကြောင်းတွေ့ရသည်။ လူဟူသည်မှာ မိမိတာဝန်ယူဆောင်ရွက်နေ သောအလုပ်အပေါ် တန်ဘိုးထား လေ့ရှိကြသဖြင့် အကောင်းမြင်ခွင့်ရှိပါသည်။ သို့ရာတွင် မည်သည့်အတွက် ယင်းသို့ အကောင်းမြင်နေသည်ကို မူ လူထုကို ရှင်းပြသင့် သည်။ စာရေးသူအနေဖြင့်မူ လွှတ်တော်၏ပကတိအနေအထားကို အောက်ပါအတိုင်းသုံးသပ်ပါသည်။

(၁) ယင်းလွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံ၏ မည်သည့် ကြောရိုး တခုတလေကိုမျှ ပြင်နိုင်ခြင်း မရှိသေးပါ။ အရေးမပါ သည့် ပုဒ်မ အချို့လောက်ကို ပြင်ခွင့်ပေးပြီး ၂၀၁၅ ရွေးကောက်ပွဲအထိ အချိန်ဆွဲထားမည့် အလားအလာကိုသာ တွေ့ နေသည်။

(၂) စစ်အာဏာရှင်စနစ် ကို ပံ့ပိုးပေးသည့် ဖေါက်ပြန်ဖိနှိပ်သည့် တည်ဆဲ အုပ်ချုပ်ရေး ယန္တယားများအားပြင်ဆင် ဖွဲ့စည်းရေး အတွက် မည်သည့် ဥပဒေတခုတလေကိုမျှ မပြဌာန်းနိုင်သေးပါ။

(၃) ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ယခုအချိန် တည်ရှိနေဆဲဖြစ်ပြီး လူ့အခွင့်အရေး အခြေခံကို ရုပ်သိမ်းထားသည့် အဓိက ကျသော မတရားဥပဒေကြီးများအနက် တခုတလေကိုမျှ ရုပ်သိမ်းနိုင်ခြင်း မရှိသေးပါ။

(၄) လူ့အခွင့်အရေးအခြေခံကို ဖေါ်ဆောင်ပေးမည့် မည်သည့် ဥပဒေသစ်တခုတလေကိုမျှ ပြဌာန်းနိုင်ခြင်းမရှိသေးပါ။ သတင်းမီဒီယာ လွတ်လပ်ခွင့် ကို အာမခံမည့် ဥပဒေဆိုသည်မှာလဲ အသံသာကြားပြီး အဆံမရှိသည့် အမြှောက်ပမာ ဖြစ်နေသည်။ ပြီးခဲ့သော နှစ်များ အတွင်း လူ့အခွင့်အရေးချိုးဖေါက်ခံခဲ့ရသဖြင့် နစ်နာဆုံးရှုံးခဲ့ရသည့် တိုင်းရင်းသား ပေါင်းစုံ လူထုကြီး၏ ဘ၀ကို ကုစားပေးရေး၊ လျော်ကြေးများရရှိရေး၊ ပြန်လည်ထူထောင်နိုင်ရေး တို့ အတွက် မည်သည့် ဥ ပဒေ တစုံတရာမျှ ပြဌာန်းခြင်း မရှိသေးပါ။ ပြဌာန်းမည့် အလားအလာလည်း စိုးစဉ်းမျှ မတွေ့ရပါ။

(၅) အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်၊ ဆန္ဒပြခွင့်များပေးထားသည် ဟူသော ဥပဒေမှာလည်း တဖက်မှလှည့်ပြီး ထိမ်း ချုပ်ထား သည့် ဥပဒေသာ ဖြစ်နေသည်။ ဖျက်သိမ်းလိုက်သည့် ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂ ဥပဒေမှာ ယခု လွှတ်တော်က အသစ်ပြဌာန်းလိုက်သော ဥပဒေထက် အဆတရာ ကောင်းမွန်ပါသည်။ လယ်သမားများအတွက်လည်း လယ်လုပ်သူ လယ်ပိုင်ခွင့် ရှိသည့် မည်သည့် ဥပဒေကိုမျှ ပြဌာန်းမပေးသဖြင့် တပြည်လုံးအနှံ့ မြေယာကိစ္စများ ပြသနာ တက်လျှက်ရှိသည်။ ယခု လယ်သမားထု၏ မြေသိမ်းတိုက်ပွဲ တစုံတရာ စတင်နေပြီကို တွေ့မြင်နိုင်ပါသည်။

(၆) လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲလွတ်လပ်မျှတစေရန်၊ ၂၀၁၀ ခုနှစ်က အတွေ့အကြုံမျိုးကိုရှောင်ရှားနိုင်စေရန်လွတ်လပ်သည့် ရွေးကောက်ပွဲကော်မရှင်တရပ် ပေါ်ထွန်းလာစေရေးအပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတစုံလုံး ကို အသစ်ပြဌာန်းရန် လိုပါမည်။ ယခုအချိန်အထိ ယင်းအတွက် မည်သည့် လှုပ်ရှားမှုတခုတလေကိုမျှ လွှတ်တော် အတွင်းတွင် မတွေ့ရပါ။ လူထုထံမှ အကြံဥာဏ်များ ရယူသံလည်း မကြားရပါ။

(ရ) တိုင်းပြည်မှ နည်းလမ်းအမျိုးမျိုးဖြင့် လက်ခံ၊ရှာဖွေ၊ ရယူကာ တပ်မတော်က အသုံးပြုနေသည့် ဘဏ္ဍာငွေကြေးများ အားလုံးကို သိရှိနိုင်အောင်၊ ကြီးကြပ်စစ်ဆေးခွင့်ရအောင်၊ အလွဲသုံးမှုများတွေ့ရှိပါက အရေးယူခွင့်ရအောင် ဥပဒေ တခုတလေကိုမျှပြဌာန်းခြင်း ပြဌာန်းရန် လေ့လာဆွေး နွေးနေကြခြင်းများ တစုံတရာမျှ မကြားရပါ။ ယင်းနှင့် သက်ဆိုင် ရာ ဥပဒေပေါ်ထွက်မလာပါက မြန်မာနိုင်ငံသည် အိပ်ပေါက်နှင့် ဖားကောက်ဘ၀က တက်နိုင်မည်မဟုတ်။ အခြေခံ လူထုများသည် ကြောမွဲနင်းပြား ဆင်းရဲသားများဘ၀မှ မည်သည့်အခါတွင်မျှ တက်လာနိုင်မည် မဟုတ်ပါ။

လက်ရှိ လွှတ်တော်က ပြဌာန်းပြီးခဲ့သမျှသော ဥပဒေများမှာ စနစ်ဟောင်းနှင့် တည်ဆဲအုပ်ချုပ်ရေးယန္တယားဟောင်းများ လည်ပတ်အောင် ပံ့ပိုးပေး သည့် ဥပဒေများသာ ဖြစ်နေပါသည်။ အမှန်ဆိုရလျှင် ယင်း ဥပဒေများအား ယခင် နအဖ၊ န၀တ ခေတ် က လူ (၅၀) ခန့်မျှနှင့် ပြဌာန်းနိုင်ခဲ့သော ဥပဒေများဖြစ်သည်။ ယခု လူတထောင် ခန့်အင်အားသုံးပြီး ပြဌာန်းနေရ သည့် အနေအထားမျိုးသာ ရှိနေသည်။ ယင်းသို့ဖြစ်လျှင် လွှတ်တော်ဆိုသော အရာသည် လူထုအကျိုး စီးပွားအတွက် ရပ်တည်ဖေါ်ဆောင်နေသည် ဟု မည်သို့ ပြောနိုင်ပါအံ့ နည်း။ နေ့စဉ်ကျပ်သိန်းထောင်နှင့်ချီကုန်ကာ လွှတ်တော်အစည်းအဝေးများ ကျင်းပသည့် စားရိပ်၊ လွှတ်တော်အမတ်များအတွက် လစဉ် ထောက်ပံ့ကြေးပေးရ သည့် စားရိပ်များနှင့် လွှတ်တော် ကော်မတီများ လှုပ်ရှားလည်ပတ်သည့် စားရိပ်များ အားလုံးကိုပေါင်းလျှင် တိုင်းပြည် အပေါ် မတန်တဆ ကြီးမားသည့် ၀န်ကြီးပိလျှက်ရှိသည်။ လူထုအတွက် အသုံးပြုရမည့် ကျမ္မာရေး၊ ပညာရေး၊ လူမှုရေး ဘတ်ဂျက် များမှ ကျခံသုံးစွဲနေရခြင်းသာ အဖတ်တင်သည်။

ထပ်မံ ဆိုးဝါးသွားစေ သည့် အချက်မှာ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကို အသုံးပြုသည့် ဥပဒေတရပ် ပေါ်ထွက်လာ စေရန် လှုပ်ရှားမှုကို တွေ့နေရခြင်း ဖြစ်သည်။ စစ်မှန်သည့်ဒီမိုကရေစီ အခြေခံ နှင့် လွတ်လပ်သည့် တရားစီရင်ရေး စနစ်ကို မတည်ဆောက်နိုင်သေးဘဲ အချိုးကျ ကိုယ်စားပြုမဲပေးစနစ်ကိုကျင့်သုံးကာ ရွေးကောက်ပွဲ ကျင်းပလျှင် နိုင်ငံ ရေးပါတီတိုင်းက ရွေးကောက်ပွဲ ၀င်သူများသည် အနိမ့်ဆုံး သတ်မှတ် သည့် ဆန္ဒမဲ အရေအတွက်ရရုံဖြင့် လွှတ်တော် အမတ် ဖြစ်သွားပေတော့မည်။ ပါတီငယ်မှန်သမျှသည်လည်း လွှတ်တော်အတွင်း နေရများရကြပေတော့မည်။ ယင်း ရွေးကောက်ပွဲစနစ်အောက်တွင် မည်မျှအားကောင်းသည့် ပါတီဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၅၀% အထက် ကျော်ရန်ပင် မလွယ်တော့။ လွှတ်တော်ကိုယ်စားလှယ် ဦးရေ ၇၅% ကျော်ရမှသာ ၂၀၀၈ အခြေခံဥပဒေ၏ ကြောရိုးများ အား ပြင်ဆင်နိုင်မည့် ပြဌာန်းချက်ရှိသဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကြောရိုး များအား ပြင်နိုင်ရေးဟူသော မျှော်မှန်းချက်မှာ မိုးကောင်းကင်ပေါ်မှ သက်တန့်ကို ဆုပ်ကိုင်ရန် ကြိုးပမ်းနေသူနှင့်သာ ပမာ တူပါမည်။

သို့ဖြစ်၍ ယခုအချိန်၌ လွှတ်တော် အားကောင်းလာခြင်းသည် တိုင်းပြည်အခြေအနေဆိုးလာစေမည့် သဘောဆောင် လျှက်ရှိသည်။ လွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှ ၄င်းတို့လိုခြင်သော အပိုင်းကိုသာ လိုက်နာသည်။ မလိုခြင်သော အပိုင်းကို ပစ်ပယ်ထားလိုက်သည်။ ဤသည်မှာ ဥပဒေစိုးမိုးရေး အခြေခံကို လုံးဝဆန့်ကျင်လိုက်ခြင်းပင် ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၄ ပါ "ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။" ဟူသော ပြဌာန်းချက်ကို လွှတ်တော်သည် လုံးဝပင် မျက်ကွယ်ပြုလိုက်ပြီ။ နည်းနည်း ကလေးမျှ ဂရုမထားတော့။ ၄င်းတို့ပြဌာန်းအတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံကိုမျှ မလိုက်နာလျှင် ဥပဒေစိုးမိုးရေး ဟူသော စကားလုံးကို အဘယ်ကြောင့် သုံးစွဲနေပါသနည်း။

လွှတ်တော်သည် လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့် တရားစီရင်ရေး စနစ်အခြေခံတွင် ဥပဒေစိုးမိုးရေးတည် ဆောက်ရမည့် အစဉ်အလာကို ဆန့်ကျင်လိုက်ပြီ။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတွင် အသစ်ခန့်မည့် တရားသူကြီးများသည် လွှတ်တော်၏ နိုင်ငံရေးအာဏာကို မလွန်ဆန်ရဲ တော့။ ပြည်ထောင်စု တည်ဆောက်ရာတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရများ အကြား၊ ပြည်နယ်အစိုးရ အချင်းချင်းအကြား၊ တိုင်းပြည်အာဏာပိုင်အဆောက်အအုံများ အချင်း ချင်းအကြား ပေါ်ပေါက်သည့် ဖွဲ့စည်းပုံဆိုင်ရာပြသနာ များအားလုံးကို လွတ်လပ်၊ ဘက်မလိုက် ထက်မြက်သည့် ဖွဲ့စည်းပုံဆိုင်ရာတရားရုံး၏ အဆုံးအဖြတ် ကို အပြီးသတ် ခံယူနိုင်ကြမှသာ ပြည်ထောင်စုကြီးတည်ငြိမ်မည်။ ယခုယင်း အခြေခံအား ၂၀၀၈ ဖွဲ့စည်းပုံ ကိုသုံး၍ပင် ငြင်းပယ်လိုက်ပြီ။ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လွတ်လပ်၊ ဘက် မလိုက် ထက်မြက်သည့် တရား စီရင်ရေးစနစ် ပေါ် ပေါက်ရေးသည် ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်ခဲ့ပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ တည်ရှိနေသမျှကာလပတ်လုံး ဥပဒေစိုးမိုးရေး အခြေခံတွင် ပြည်တွင်းစစ်ငြိမ်းသတ်ရေး၊ ပြည်တွင်းစစ်မဖြစ် အောင် တားဆီးရေး၊ ပြည်ထောင်စု တည်ငြိမ်ရေးကို မျှော်မှန်း၍ မရနိုင်တော့။ အတု အယောင်လွှတ်တော်သည် အားလုံး၏ အထက်တွင် အတိအလင်း နေရာယူလိုက်ပြီ။

ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီးများကို ဖြုတ်ချသည့် ဖြစ်စဉ်မှာလည်း မြန်လွန်းအားကြီးနေသည်။ ခုံရုံးတရားသူကြီး အဖွဲ့များကိုယ်တိုင် လာရောက်အစစ်မခံခဲ့ကြ။ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ စစ်ဆေးပေးရန် ခုံရုံးက လွှတ် တော်သို့ စက်တင်္ဘာ (၅)ရက်နေ့တွင် ဥပဒေ နှင့် အခြား သက် ဆိုင်ရာ စာရွက်စာတမ်း အကိုးအကားများ အမြောက် အများ ပေးပို့ခဲ့သည်။ ပြည်သူ့လွှတ်တော် စုံစမ်းစစ်ဆေး

ရေး အဖွဲ့က တဘက်သတ်ကြားနာစစ် ဆေး သည် ဟူသည် မှာ တရက်မျှသာ ကြာခဲ့သည်။ ဤမျှများပြားသော ဥပဒေအကိုးအကားများ ကို ဖတ်ရှုလေ့လာခြင်း၊ ဤမျှ အရေးကြီးလှ သည့် ကိစ္စကို စစ်ဆေးခြင်းတို့ တရက်အတွင်း ပြီးသွားသည်မှာ အတော်ပင် အံ့သြစရာ ကောင်းလှသည်။

ကြက်တကောင်သတ်သည်ကမှ ခက်ပါဦးမည်။ တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးတရားသူကြီး (၉) ဦးကို အရေးယူသည့် အမှုအား ဆုံးဖြတ်ခြင်းမှာ လွယ်လိုက်သည့် ဖြစ်ခြင်း။ တရက်အတွင်း ပြီးသွားခဲ့သည်။ စက်တင်္ဘာ (၆) ရက်နေ့တွင် အဖြေထွက်လာပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ တွေ့ရှိချက်ကို သမတရုံးကို ပေးပို့သွားမည်ဟု လွှတ် တော် ကိုယ်စားလည်များက ပြောကြသည်။ ထိုသို့ပြောကြသည့် ညနေမှာပင် သမတ ရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး အား ဘီဘီစီမှ မေးမြန်းရာ ဖွဲ့စည်းပုံအရ ပို့လာရင် သမတ က နုတ်ထွက်ခိုင်းရမယ် ဟု ၄င်းက လွယ်လင့်တကူပင် ပြောဆိုခဲ့သည်။

သမတ ရုံးညွှန်ကြားရေးမှုးက သမတ ကိုယ်စားအဘယ်ကြောင့် ဤသို့ချက်ခြင်းပြောနိုင်သနည်း။ မူလကထဲက စီစဉ် ခင်းကျင်းအကွက် ချထားခြင်း မရှိပါက ဤသို့တမုဟုတ်ခြင်းပြောနိုင်ပါ့မလား။ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနှင့် သမတဦးသိန်းစိန်တို့အကြား ပဋိပက္ခဖြစ်နေသယောင် အသွင်ဆောင်ပြီး (သမတ အကြံပေး ဦးကိုကိုလှိုင်၏ စကား လုံးအရ ဆိုလျှင်) ဇာတ်ထုတ်တထုတ်တည်း၌ သူ့နေရာနှင့် သူ တာဝန်ခွဲကပြနေကြသလား။ ဦးဇော်ဌေးပြောဆိုပြီး မရှေးမနှောင်းမှာပင် ခုံရုံး တရားသူကြီးများ နုတ်ထွက်သွားကြပြီ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။ အံ့သြ စရာ ကောင်းလိုက်သည့် ဖြစ်ခြင်း။

အယ်န်ဂျီအိုဟု ခေါ်သည့် လွတ်လပ်သော လူထုအသင်းအဖွဲ့တခုမှာ အလုပ်လုပ်နေသည့် ၀န်ထမ်းတဦးကိုပင် အလုပ် မှ ထုတ်ပစ်ရေးမှာ အလွယ်တကူ လုပ်၍မရပါ။ အစိုးရ၀န်ထမ်းတဦးကို ဖြုတ်ရေးမှာမူ ပို၍ပင် ခက်ပါသည်။ တိုင်းပြည်၏ အမြင့်ဆုံး ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး တရားသူကြီး (၉) ဦးကို အရေးယူသည့် ကိစ္စမှာ အခက်တကာ့အခက်ဆုံး ဖြစ်ရပါမည်။ နိုင်ငံအတော်များများ၌ တရားသူကြီးများ၏ ရာထူးနေရာတည်မြဲမှုကို ဖွဲ့စည်းပုံအရပင် အာမခံချက်ပေးရပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ခုံရုံးတရားသူကြီး (၉) ဦးကို အရေးယူလိုက်သည့် ကိစ္စမှာ တုန်လှုပ်ဘွယ်ကောင်းလောက် အောင်ပင် လွယ်ကူလွန်းလှသည်။ ဒီမိုကရေစီနိုင်ငံကြီးများတွင် ဆိုက ယင်းကိစ္စမှာ တပြည်လုံး ဟိုးလေးတကျော်ဖြစ်၊ ပွက်ပွက်ညံသွားပါမည်။ မြန်မာနိုင်ငံ၌မူ ကရော်ကမယ် နိုင်လွန်းလှသည်။ ခုံရုံးတရားသူကြီး များ၏ ဂုဏ်သိက္ခာမှာ ရစရာမရှိလောက်အောင်ပင် ကျဆင်းသွားခဲ့သည်။ ဤအချက်က ၂၀၀၈ ဖွဲ့စည်းပုံအောက်၌ တရား စီရင်ရေးမဏ္ဍိုင် ၏ မခိုင်မြဲမှုကို အတိအလင်း သက်သေ ပြလိုက်ခြင်းပင်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေအား ဒုသမတ နေရာ ရာထားပြီးမှ ၄င်း၏သား သြစတြေးလျ နိုင်ငံသားခံယူ ထားသည် ဟူ၍ သတင်းထွက်ပေါ်လာပြီးနောက် ၄င်းရာထားချက်ကို ပယ်ချခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမတ ၏ အရည်အချင်းများတွင် ဇနီး၊ ခင်ပွန်း၊ သားသမီး တဦးဦးသည် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟူသော ပြဌာန်းချက် ပါရှိသည်။ ဦးမြင့်ဆွေ ပယ်ချခံလိုက်ရသော ဖြစ်ရပ်ကို ထောက်ပြပြီး ဒီမိုကရေစီရေး လှုပ် ရှားတက်ကြွှသူ ပုဂ္ဂိုလ်တဦးက တကောင်ကျွေးပြီး ဘုရင်မကို စားလိုက်ပြီ ဟု သုံးသပ်ခဲ့ဘူးသည်။ ဆိုလိုသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံတည်ရှိနေသမျှ ဒေါ် အောင်ဆန်းစုကြည်သည် မည်သည့်အခါတွင်မျှ သမတမဖြစ်နိုင်တော့။ ယခုဖြစ်ရပ်တွင် မူ ဖွဲ့စည်းပုံခုံရုံး တရားသူကြီး (၉) ဦးကိုစတေးပြီး တပြည်လုံးကိုပင် စားလိုက်ပြီ ဟု ပြောရပါတော့မည်။ တပြည်လုံးလူထုက အားကိုး လျှောက် လှမ်းရ မည့် ဥပဒေစိုးမိုးရေး မဏ္ဍိုင်ကြီး တည်ဆောက်ရေးမှာ အိပ်မက်မျှသာဖြစ်သွားသောကြောင့်ပင်။

ဝမ်းနည်းစရာ အကောင်းဆုံးမှာ ဤမျှ အရေးကြီးလှသော အရေးယူမှုကြီးအတွင်း လွှတ်တော်ပြင်ပရှိ နိုင်ငံရေးအင်အား စုများ၊ တိုင်းရင်း သား အဖွဲ့အစည်းကြီးများ၊ လူထုများ၏ အခန်းကဏ္ဍလုံးဝပျောက်နေခြင်းဖြစ်သည်။ သမတ ကလည်း တစုံတရာ အကျယ်တ၀င့်လူထုကို ရှင်းပြခြင်းမရှိ။ လွှတ်တော်အမတ်များကလည်း လူထုထံမှ သဘောထားများ တောင်းခံရယူခြင်းမပြု။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လေ့လာဆွေးနွေးပွဲများ၊ သဘောထား အမြင် ထုတ်ဖေါ်ပွဲများ အင်တိုက်အားတိုက်ကျင်းပသည့် အသံများမကြားရ၊ ယင်းသို့ကျင်းပ နိုင်စေရန် လူထုပါဝင်ခွင့်ရရန် တိုင်းပြည်က စီစဉ်ဆောင်ရွက်နေသည်များ မတွေ့မြင်ရ။ ဤသည်မှာ ဒီမိုကရေစီကို လျှောက်လှမ်းနေခြင်း ဟုတ်ပါ ရဲ့လား။

နေပြည်တော်တွင် ဖွဲ့စည်းပုံခုံရုံးတရားသူကြီးများအား ဖြုတ် ထုတ်ရုံသာမက တရားစီရင်ရေးမဏ္ဍိုင်ကြီး တခုလုံးကို ချနင်းနေသည့်အချိန်၌ ရန်ကုန်တွင် ဟိုပွဲ သည်ပွဲ များနှင့် စည်ကားနေအောင် ၀န်ကြီးများက အားပေး ဆင်နွှဲလျှက် ရှိသည်။ သီပေါဘုရင်ခေတ် မန္တလေးနန်းတွင်း လူသတ် ပွဲကြီးကျင်းပနေစဉ် နန်းပြင်၌ ပျော်ပွဲ ရွှင်ပွဲများ ဆင်နွှဲထား စေခဲ့သည့် ဖြစ်ရပ်ကို သတိရမိပါသည်။

အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည်။
http://blueskyforest.blogspot.se/2012/09/blog-post.html

အောင်ထူး (ရှေ့နေ) ၂၀၁၂ ခုနှစ် စက်တင်္ဘာလ (၇) ရက်

0 ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံပြန်ခွင့်ပြု

မြန်မာနိုင်ငံပြန်လာ၍ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော်ပြောဆိုလာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော ကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံပြန်လာရန် ခွင့်ပြုလိုက်ပြီး ပြန်လာပါကကြိုဆိုပါကြောင်း ၎င်း၏မိသားစု ကိုအကြောင်း ပြန်ကြားထားသည်ဟု နိုင်ငံတော်သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက The Voice Weekly ၏မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

နေပြည်တော်ရှိ သမ္မတရုံးတွင် ယနေ့(စက်တင်ဘာလ ၇ရက်)ကျင်းပနေသော Peace Donor Support Group ၏ဒုတိယအကြိမ် ဆွေးနွေးပွဲကျင်းပနေစဉ် The Voice Weekly ၏မေးမြန်းမှုကို ၀န်ကြီးဦးအောင်မင်းက ယင်းသို့ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးက ဗိုလ်မှူးချုပ်ကျော်ဇော၏ မြန်မာနိုင်ငံပြန်လာလိုပြီး၊ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကိုသိရှိပြီး ရဲဘော်သုံးကျိပ်ဝင်ခေါင်းဆောင်တစ်ဦးဖြစ်သည့်အပြင် မြန်မာနိုင်ငံသားတစ်ဦး၏ ရွှေတိဂုံစေတီတော်ကို ဖူးမျှော်လိုသည့် ဆန္ဒကို အလေးအနက် ထားသည့်အတွက် ပြန်လာရန်ခွင့်ပြုလိုက်ပြီး ကြိုဆိုလိုက်ခြင်းဖြစ်ကြောင်း သမ္မတကြီး၏ ယင်းသဘောထားကို ဗိုလ်မှူးချုပ်ကျော်ဇော်၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇော ကို အကြောင်းပြန်ကြားထားပြီးဖြစ်သည်ဟု ၀န်ကြီးက ရှင်းပြသည်။

“သမ္မတကြီးရဲ့ဒီလိုသဘောထားက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အချက်တစ်ချက်အနေနဲ့ ကြိုဆိုရမှာပါ”ဟု မြန်မာနိုင်ငံရေးလေ့လာသူ ဦးလှမောင်ရွှေကသုံးသပ်သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် အခြေချနေထိုင်နေသည့် အသက် ၉၃နှစ်အရွယ် ဗိုလ်မှူးချုပ်ကျော်ဇောမှာ ယနေ့အချိန်အထိသက်ရှိထင်ရှား ကျန်ရှိနေသည့် ရဲဘောသုံးကျိပ်ဝင်နှစ်ဦးတွင် တစ်ဦးအပါအ၀င်ဖြစ်ပြီး လတ်တလောတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ရှိ ကူမင်း အထွေထွေရောဂါကုဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။

မြန်မာ့တပ်မတော် အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ကျော်ဇော ကို အဖဦးပန်း၊အမိဒေါ်တင့်တို့က ၁၉၁၉ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၊ တွင် သာယာဝတီခရိုင် သုံးဆယ်မြို့နယ် ဆိုင်းစုရွာ၌ မွေးဖွားခဲ့ပြီး မွေးချင်း ၆ ယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။

၁၉၄၁ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် ဂျပန်ပြည်သို့ စစ်ပညာသင်ကြားရန် ရဲဘော်သုံးကျိပ် အဖွဲ့ဝင်အဖြစ် လိုက်ပါသွားခဲ့သည်။ ၁၉၅၃ခုနှစ် မတ်လတွင် ရှမ်းပြည်အတွင်း ကူမင်တန် တရုတ်ဖြူတပ်များ ကျူးကျော် ၀င်ရောက်မှု့ကို တွန်းလှန် တိုက်ခိုက် သည့် ဗမာ့တပ်မတော် စစ်ဆင်ရေးများ၌ ဦးဆောင်ခဲ့သည်။

၁၉၅၇ ခုနှစ် ဧပြီလတွင် ဗမာ့တပ်မတော်မှ ထုတ်ပယ်ခြင်းခံခဲ့ရကာ ၁၉ရ၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်နယ်စပ်သို့ မိသားစုနှင့်အတူ ထွက်ခွာလာခဲ့ပြီး ၁၉ဂ၉ ခုနှစ် ဗကပ ပြိုကွဲချိန်တွင် တရုတ်ပြည်၌ ခိုလှုံကာ ယခုအခါ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့၌ နေထိုင်လျှက် ရှိသည်။

The Voice Weekly

0 ယုဇန ဦးဌေးမြင့်က အစိုးရကခိုင်းလို့လုပ်ရတာပါဟု ဆို



Hotnews weekly

0 ၃၇မင်းနတ် မဟုတ်သော ဝန်ကြီး ၃၇ပါး


နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာ ၇ ရက် ရက်စွဲဖြင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးတွင် အောက်ပါ ပုဂ္ဂိုလ်များကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

၁။ ဦးအေးမြင့်ကြူ (ယဉ်ကျေးမှုဝန်ကြီးဌာန)
၂။ ဗိုလ်ချုပ်
ဇေယျာအောင် (ရထားပို့ဆောင်ရေး ၀န်ကြီးဌာန)
၃။ ဒေါက်တာမြင့်အောင် (သတ္ထုတွင်းဝန်ကြီးဌာန)
၎။ ဦးကျော်လွင် (ဆောက်လုပ်ရေးဝန်ကြီးဌာန)
၅။ ဦးဝင်းရှိန် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)
၆။ ဒေါက်တာကံဇော် (အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)
၇။ ဦးမောင်မြင့် (အလုပ်သမားဝန်ကြီးဌာန)
၈။ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင် (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန)
၉။ ဒေါက်တာ ကိုကိုဦး (သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန)
၁၀။ ဦးဌေးအောင် (ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန)

ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ခန့်အပ်ပြီး၊ ဦးသိန်းထိုက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်းကြေညာချက် အသီးသီးထုတ်ပြန်ခဲ့သည်။
http://www.president-office.gov.mm/b.../09/07/id-1314

1 မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ


နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။

ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။

ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့်ပေးပို့နိုင်ပြီဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ်အတွင်း လူသိများလာသည်ကိုတွေ့ရသည်။

ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact ဖြစ်သည်။


နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်တွင် ယနေ့မြင်တွေ့ရသည့် ပြည်သူ့အသံ ကဏ္ဍ

Yangon Press International

0 စွမ်းဆောင်ရည်အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံ

(3 September2012 ရက်စွဲပါ Asia Times Online မှ David I Steinerg ရေးသားသော Capacity dilemma in Myanmar ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ မြင်ကွင်းပေါ်တွင် သေချာစွာ စောင့်ကြည့်သူများရော ပါဝင်နေကြသည့် သူများပါ သမ္မတ ဦးသိန်းစိန်၏ လက်ရှိပြုပြင်ပြောင်းလဲရေး လုပ်ငန်းများအပေါ် သဘောမတူညီမှုများ ကြီးကြီးမားမား ရှိနေခြင်းမှာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အရေးပါမှု ပါဝင်နိုင်မှုနှင့် ရှည်ကြာနိုင်မှု တို့လည်း ပါဝင်သည်။

ထို့အထဲတွင် အရေးယှူုကို ထောက်ခံသူများရော မထောက်ခံသူရော ပြုပြင်ပြောင်းလဲရေး စည်းရိုး၏နှစ်ဖက်မှ အတွင်းလူများနှင့် စိတ်ဝင်စားသော အစိုးရ အမျိုးမျိုး ပါဝင်သည်။ သို့သော်အားလုံးက တစ်ညီတစ်ညွတ်တည်း နီးပါးသဘောတူညီကြသော ကိစ္စတစ်ရပ်မှာ မြန်မာနိုင်ငံရှိ အင်စတီကျူးရှင်းများ သည် လုံလောက်သော စွမ်းရည်မရှိဟူသော ကိစ္စရပ်များပင်ဖြစ်သည်။

ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့သည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အောင်မြင်ရေးအတွက် သီးခြားစီ သော်လည်းကောင်း၊ ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း အတူတကွ သော်လည်းကောင်း လိုအပ်လှသည်။

သို့သော် ၎င်းတို့၏တစ်ကိုယ်ရည် စွမ်းရည်ဖြင့် မလုံလောက်ပါ။ ပြုပြင်ပြောင်းလဲရေး ကိုနယ်ပယ်စုံတွင် အကောင်အထည်ဖော်ရန်နှင့် အင်စတီကျူးရှင်းများ တည်ဆောက်ရာတွင် လေ့ကျင့်သင်ကြားမှု လိုအပ်ချက်နှင့် ခေတ်မီကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးသည် ကိုယ်တွေ့ကြုံရမည့် သက်သေသာဓက များပင် ဖြစ်သည်။ “လေ့ကျင့်သင်ကြားရေး” ဟူသော စကားလုံးမှာ ယနေ့မြန်မာနိုင်ငံတွင် လုပ်ဆောင်သင့်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ဦးသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီအောင် တည်ဆောက်ရေးကို စိတ်ဝင်စားသည်ဆိုပါက ထိရောက်သော ပညာရေးစနစ်၊ ကျန်းမာရေး ဝန်ဆောင်မှု၊ အခြေခံ အချက်အလက်နှင့် သတင်းအချက်အလက် ခေတ်မီမှု၊ အဆင့်မြင့်လက်နက်နှင့် လူ့အဖွဲ့အစည်းဖြင့် ဆက်ဆံရေးနှစ်ခုစလုံးကို နားလည်သော စစ်တပ်၊ စသည့်ကဏ္ဍများနှင့် အခြားကဏ္ဍများတွင် နည်းစနစ်၊ ဥပဒေများသည် ဟောင်းနွမ်းခြင်း၊ အကန့်အသတ်နှင့် ရှိခြင်းတို့အပြင် လုံးဝမရှိခြင်း တို့ပင် ရှိသည်။

လူ့စွမ်းရည် တည်ဆောက်ခြင်းသည် ယနေ့မြန်မာနိုင်ငံတွင် အစိုးရနှင့်ဆိုင်သော အကူအညီ သို့မဟုတ် အစိုးရမဟုတ်သော အစီအစဉ်များ အတွက် ကြီးမားသော အစိတ်အပိုင်းတစ်ခု ပါဝင်နေသည်။ အဆိုပါ လေ့ကျင့်သင်ကြားရေး အစီအစဉ်များသည် ကာလရှည်သော်လည်းကောင်း ကာလတို သော်လည်းကောင်း ရှိပါမည်။ ပြည်တွင်းတွင် သော်လည်းကောင်း ရှိနိုင်သည်။ နိုင်ငံတော်မှလည်းကောင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများမှ လည်းကောင်း ငွေကြေးထောက်ပံ့မှု ရရှိနိုင်သည်။အဆိုပါလေ့ကျင့် သင်ကြားမှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အသက်တမျှ အရေးပါသည်ဟု ကျယ်ပြန့်စွာရှုမြင်ပြီး၊ ယခုမှ စတင်သော ပြုပြင်ပြောင်းလဲမှုများ အတွက် ထိရောက်မှု ရှိစေမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်များကို ကတိအတိုင်း အကောင်အထည် ဖော်နိုင်ခြင်း၊ ရှိမရှိနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ခြင်း များအတွက် အကြောင်းပြချက် များရှိသည်။ မြန်မာ့အရေးကို စောင့်ကြည့်သူများနှင့် ပါဝင်နေသူများ သို့မဟုတ် ခေတ်မီပြုပြင် ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုတက်ရေး လုပ်ဆောင်နေသော မည်သည့် တိုင်းပြည်မဆို ကောင်းစွာ သဘောပေါက်သင့်သည့် အချက်မှာ သမိုင်းတစ်လျှောက် စီးပွားရေးတွင် မှားယွင်းစွာ ပစ်မှတ်ထား ခဲ့မှုများနှင့် အားနည်း သော လုပ်ဆောင်မှုများ ၊အခြားပုံစံဖြင့် အကူအညီပေးမှုများ ဖြစ်သည်။

ခေါက်ရိုးကျိုး နေသောပုံစံမှာ အကူအညီပေးရေး အစီအစဉ်များကို ရေးဆွဲပြီး စတင်လုပ်ဆောင် ပြီးမှသာ လေ့ကျင့်သင်ကြားရေးကို အစီ အစဉ်အတွင်း ထည့်သွင်းခဲ့သည်။

ထို့ကြောင့်မကြာခဏ ဖြစ်ပေါ်တတ်သည်မှာ ပြုပြင်ပြောင်းလဲရေး မူဝါဒ၊ အစီအစဉ် သို့မဟုတ် စီမံကိန်းကို စတင် လုပ်ဆောင်ခြင်းနှင့် ထိ ရောက်စွာ အကောင်အထည် ဖော်ခြင်းကြားတွင် မကြာခဏ ရပ်ဆိုင်းရခြင်းများ ဖြစ်ပေါ်တတ်သည်။ နေရာတိုင်းတွင် လူများမှာ လေ့ကျင့်သင်ကြားမှု လိုအပ်သည်။ မြန်မာနိုင်ငံကဲ့သို့ ဆယ်စုနှစ်ငါးခုခန့် စစ်တပ်၏ ဆက်တိုက်အုပ်ချုပ်မှုမှ နိုးထလာသော အထီးကျန်နိုင်ငံတွင် ပို၍ပင် လိုအပ်သည်။

စွမ်းဆောင်ရည်နိမ့်ကျနေသော မြန်မာနိုင်ငံတွင် ဘာတွေဖြစ်နေသလဲ။ ဤနေရာတွင် ကျွန်ုပ်တို့သည် မကွယ်မဝှက်ပွင့်ပွင့် လင်းလင်း ဖော်ထုတ်ပြောကြားရန် လိုသည်။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာနှင့် ခေတ်သစ်ဆေးပညာ အပါအဝင် နယ်ပယ်များတွင် ဆန်းသစ် လာမှုများ ရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်ပြီးသော နိုင်ငံများတွင်ပင် လေ့ကျင့်သင်ကြားမှုမှာ လိုအပ်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က အဆင့်အတန်း မြင့်မားသော ပညာရေးစနစ်ရှိခဲ့သည်။ လွန်ခဲ့သော နှစ်များစွာက အရှေ့တောင်အာရှတွင် အကောင်းဆုံးတက္ကသိုလ် ရှိခဲ့ပါသည်။ ထိုသို့သော တစ်ချိန်က ဂုဏ်ယူစရာများမှာအာလုံးနီးပါး ပြိုပျက်ခဲ့ရပြီ ဖြစ်သည်။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းသည် ၁၉၆၂မှ ၁၉၈၈ကာလ ဆိုရှယ်လစ်ခတ်တွင် အတွေးအခေါ် ပိုင်းဆိုင်ရာ ကန့်သတ်မှု များကို ပြင်းထန်စွာ လုပ်ဆောင်ခဲ့သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် မြောက်ကိုးရီးယား သို့မဟုတ် အယ်လ်ဘေးနီးယားတို့လောက် အထီးကျန် မဖြစ်ခဲ့သော် လည်း အရေးပါသော စဉ်းစားတွေး ခေါ်မှု နှင့် နိုင်ငံတကာ အဆက်အသွယ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် ပိတ်ပင်ခဲ့သည်။ တံခါးပိတ်ထားသော ကာလအတွင်း နိုင်ငံတကာ စာပေများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာခြင်းကို လည်းတားမြစ်ထားသည်။

ထို့နောက် အုပ်ချုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ သည်အတွေးခေါ်ပိုင်းဆိုင်ရာ တွင်ပြောင်းလဲခဲ့သည်။သို့သော် သတင်းနှင့် စာအုပ် ထုတ်ဝေခြင်း၊ စာအုပ်များတင်သွင်းခြင်းဆိုင်ရာ မူဝါဒများတွင် တင်းကြပ်သော ဆင်ဆာများချမှတ်ထားခဲ့သည်။

ပြီးခဲ့သည့်လက သတင်းဂျာနယ်များ စာပေစိစစ်ရေးသို့ ကြိုတင် တင်ပြစရာ မလိုတော့ကြောင်း ကြေညာခဲ့မှုအပေါ် အများက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆို၍ အကောင်းမြင်ကြသည်။ သို့သော် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့် အဖွဲ့အစည်းများ ဖွဲ့စည်းခွင့် ဆိုင်ရာများတွင် အမျိုးသား လုံခြုံရေးကို ဦးစားပေးသော ဥပဒေအများအပြားမှာ ယခင်အတိုင်း ရှိနေဆဲဖြစ်သည်။

တွေးအခေါ်ပိုင်းဆိုင်ရာ နှင့်ဆင်ဆာကိစ္စ ပြဿနာများမှာ အစိုးရက ကျောင်းသားများ ခေါင်းဆောင်သော နိုင်ငံရေးနှင့် လူမှုရေး မငြိမ်မသက်မှုများကို ကြောက်ရွံ့ပြီး တက္ကသိုလ်များ၊ အထက်တန်းကျောင်း များကို ပင်အချိန်ကြာမြင့်စွာ ပိတ်ပင်ထားမှု ကပိုမို၍ ဆိုးရွားစေသည်။ ဆရာများ၏ လုပ်ခမှာ လည်းနည်းပါးလှသောကြောင့် ပြင်ပတွင် စာမသင်ရဟု ကန့်သတ်ထားသော်လည်း နောက်ဆုံးတွင် တိတ်တဆိတ် အပြင်တွင်စာသင်ကြား ခဲ့ကြရသည်။ အဂတိလိုက်စားမှုများမှာလည်း ကျယ်ကျယ်ပြန့်ပြန့် သက်သေပြစရာများရှိ နေသည်။ ယခုအချိန်အထိ ရာစုနှစ်တစ်ဝက်ခန့် ပညာရေးက ဦးဆောင်သော တိုးတက်မှုများမှာ ထိထိရောက်ရောက် ပျောက်ဆုံးလျက်ရှိပြီး အားလုံးနီးပါး ဖျက်ဆီးခံခဲ့ရသည်။

၁၉၈၈ခုနှစ် အရေးအခင်းပြီးကတည်းက ပျက်စီးရသည့် အကြောင်းအရင်းများ အတွက် အသစ်စဉ်းစားရမှု များရှိလာသည်။တိုးတက်မှုမရှိခြင်းများ အတွက်အားလုံးတွင် တာဝန်ရှိသည်။၁၉၉၃နောက်ပိုင်းတွင် တရုတ်နှင့် အိန္ဒိယ မှလွဲ၍မြန်မာအစိုးရတာဝန်ရှိသူများ နှင့်စီမံကိန်းရေးဆွဲသူများကို လေ့ကျင့်သင်ကြားပေးမှု ပြုလုပ်နိုင်သော နိုင်ငံနည်းပါးခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုတို့သည် အရေးယူမှုများ ချမှတ်ကာ ဂျပန်ကဲ့သို့သော နိုင်ငံများ ကိုလည်းတရားဝင်အကူအညီပေးမှုများရပ်ဆိုင်းရန်ဖိအားပေးခဲ့သည်။ မြန်မာနိုင်ငံမှ နိုင်ငံရေးသမားများ၊ပညာရှင်များကို လေ့ကျင့်ပေးခြင်းသည်အများလက်မခံသောအစိုးရကိုအားကောင်းလာအောင်လုပ်ပေးသည့်နှယ် ဖြစ်သည်ဟု ဝေဖန်သူများက ငြင်းချက်ထုတ်ကြသည်။ အဖွဲ့အစည်းများမှ နိုင်ငံရေးနှင့် မဆိုင်သော ဝန်ထမ်းများနှင့် လူငယ်များကို အဆင့်မြင့် အထူးကျွမ်းကျင်မှုများ လေ့ကျင့်သင်ကြားပေးခြင်းသည် စစ်အစိုးရကို ပိုမိုအားကောင်းစေမည် ဖြစ်ပြီး မကောင်း သော အစိုးရတစ်ခုကို တရားဝင် အသိအမှတ် ပြုသည့်သဖွယ် ဖြစ်မည်ကို စိုးရိမ်ကြသည်။

အီးယူနှင့် အမေရိကန်သည် အထူးသဖြင့် တပ်မတော်ဟုခေါ်သော စစ်တပ်နှင့် မြန်မာနိုင်ငံအပေါ် အထီးကျန်ပစ်ထားခဲ့သည်။ အချို့ နိုင်ငံခြား အဖွဲ့အစည်းများက မြန်မာနိုင်ငံမှ ထွက်ပြေးသွားကြသူများနှင့် အစိုးရဆန့်ကျင်သူ များအနက် အချို့ကို ပြည်ပတွင် လေ့ကျင့်သင်ကြားရေး အစီအစဉ်များကို လုပ်ဆောင်ပေးခဲ့သည်။ အီးယူနှင့်အမေရိကန် တို့၏အရေးယူမှုများ၏ နောက်ဆုံးရည်မှန်းချက်မှာ ထိုသင်ကြားပေးထားသူများသည် အရပ်သား ဦးဆောင်သော အစိုးရသို့ ပြောင်းလဲသွားပါက မြန်မာနိုင်ငံသို့ ပြန်လည် အလုပ်အကျွေး ပြုရေးဖြစ်ပြီး လက်ရှိစစ်စိုးရကို လုပ်ကိုင်ပေးရေး မဟုတ်ပေ။

ရလာဒ်အားဖြင့်အဓိကမကျသောမီဒီယာလေ့ကျင့်သင်ကြားပေးမှုများမှလွဲ၍တိုင်းပြည်ခေတ်မီ အောင် ပြုလုပ်ပေးမည့် လေ့ကျင့်သင်ကြား ပေးမှုများ၊မရှိခဲ့ပေ။ယခုအခါအများနှင့်ဆိုင်သောအဖွဲ့များ၊ပုဂ္ဂလိကအလှူရှင်များ နှင့် မြန်မာနိုင်ငံသား ပြုပြင်ပြောင်းလဲရေး ဝါဒီအသစ်များ မွေးဖွားလာရေး အတွက် ဆန္ဒရှိသူများသည် နိုင်ငံအဝှမ်း ခေတ်မီစွမ်းရည် ရှိသူများကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနေကြသည်။ လေ့ကျင့်သင်ကြား ပေးနိုင်ရန် အလား အလာနှင့် အခြေခံ အနည်းငယ် ရှိသူများကို ပင်ရှာဖွေ နေကြရသည်။

ယခုပြဿနာ အခက်အခဲမှာ ခန့်မှန်း၍ရနိုင်ပြီး ယခင်ကလည်း ထိုသို့ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။ ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်း လဲရေး များ၏ သက်ရောက်မှုကိုစောနိုင်သမျှ စော၍ခံစားနိုင်စေရန် စိတ်အားထက်သန် နေချိန်တွင် အရှိန်အဟုန်ကို ဆက်လက်တည်ဆောက်နိုင်ရေး စွမ်းရည်မှာ မြန်မာနိုင်ငံနှင့် မတူညီသော အလှူရှင်အမျိုးမျိုး၊ နှစ်ဖက်စလုံး၏ အတိတ်မှ မူဝါဒများကြောင့် အကန့်အသတ်များရှိခဲ့ပြီး လုပ်ရကိုင်ရကြပ်တည်း လှသည်။ အဆိုပါအတိတ်မှ မူဝါဒများသည် တစ်ဦးချင်းပေါ်တွင် သာမက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီး တစ်ခုလုံး အပေါ်တွင်သာမက ပြုပြင်ပြောင်း လဲမှုများ ဖြစ်ပေါ်စေသည်။

အပေါင်းလက္ခဏာ ဆောင်ပြီးလျှင် ထိရောက်သော ပြုပြင်ပြောင်းလဲရေး၏ သက်ရောက်မှုများ မရှိခြင်းသည် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကြီးကို အထင်အမြင် မှားစေနိုင်သည်။ တိုင်းပြည်အပေါ်တွင် ဆိုးရွားသော အကျိုးဆက် ဖြစ်နိုင်သည့် အလားအလာကြောင့် ပြုပြင်ပြောင်းလဲရေး သမားများနှင့် ပြည်သူများအကြားတွင်ပင် အားလျော့စေနိုင်သည်။ အချို့က ဆိုးသောအကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ယုံကြည်လျက်ရှိရာ ထိုသို့ဖြစ်လာခဲ့ပါက အီးယူ နှင့် အမေရိကန် အလှူရှင်များသည် မိမိကိုယ်မိမိ အရှိအတိုင်း ဝေဖန်ရတော့မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိစွမ်းဆောင်ရည် ညံ့ဖျင်းနေမှုအတွက် ၎င်းတို့တွင် တစိတ်တစ်ပိုင်း တာဝန်ရှိသည်။

Yangon chronicle

0 ချင်းတွင်းရဲ့ကမ်းတဘက်က လက်ပန်းတောင်းတောင် ..တရုပ်ရဲ့ကြေးနီထုတ်လုပ်ရေးကြောင့် ပျောက်ကွယ်တော့မလား...

မြို့ခံလူထုမှ ကမ်းနားတာရိုးတစ်လျှောက် စီတန်းလှည့်လည်ကြ
မုံရွာမြို့ ခံလူထုမှာ (ကမ်းပိန်း အကျီင်္ )၀တ်ဆင်ထားသူတစ်ဦးနှင့် လက်ပန်းတောင်းတောင်ကြီးကို မုံရွာမြို့ဘက်ကမ်းမှ မြင်တွေ့ရစဉ်
လက်ပတောင်းက ပြို၊ ချင်းတွင်းက ငို၊ ဦးပိုင် တရုတ်တို့ကမှ ပို
ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအတွက် မတရားသိမ်းပိုက်ခံထားရသည့် လယ်ယာမြေများအားတရုတ်ဝမ်ပေါင်ကုမ္မဏီနှင့်စီးပွားရေးဦးပိုင်လီမီတက်မှ ပြန်လည်ရရှိရေးအတွက် တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲများတိုင်း တက်ကြွစွာ ဦးဆောင်ဦးရွက်ပြုသူ ရွေ့ပြောင်းခံရသည့် ကျေးရွာများထဲမှ မသွဲ့သွဲ့ဝင်း (၅-၉-၂၀၁၂ ရက်နေ့ ၂ နာရီခန့်)
မုံရွာမြို့ လက်ပန်းတောင်းတောင်အား တောင်ကြည့်ပွဲ ကမ်းပိန်းကျင်းပ(7-9-2012) ရက်နေ့ ညနေ (၄)နာရီမှ စတင်ရာ စုရပ်အဖြစ် ချင်းတွင်းမြစ်ကမ်း ကူးတို့ဆိပ်တွင် သတ်မှတ်ထားရာ မုံရွာမြို့ခံလူထု များစွာ ပါဝင်လာရောက်ကြသည်။ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် ထိန်းသိမ်းခံထားရသည့် ကျေး၇ွာများမှ တောင်သူလယ်သမားများလည်း ချင်းတွင်းမြစ်ကူး၍ မုံရွာမြို့လူထုနှင့်ပါဝင်ပူးပေါင်းကြမည်ဖြစ်သည်။သို့သော် အာဏာပိုင်များမှာ စက်လှေများ မကူးရအောင် ပိတ်သိမ်းထားသဖြင့် ချင်းတွင်းမြစ်ကို မကူးနိုင်ပဲ ဖြစ်နေသော်ကြောင့် မြို့ခံလူထုမှ ကမ်းနားတားရိုးတစ်လျှောက် စီတန်းလမ်းလျှောက်ခြင်း၊ လက်မှတ်ရေးထိုးကြစဉ်
အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသမှာ ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ဗုဒ္ဓအမွေအနှစ်တွေပျက်စီးဆုံးရှုံးတော့မည့်သတင်းကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်..

နှစ်ပေါင်း၂၆၀၀ကျော်ကဗုဒ္ဓအမွေအနှစ်တွေ တရုပ်ကုမ္မဏီကြေးနီထုတ်လုပ်မှုကြောင့် ပျက်ဆီးပျောက်ကွယ်တော့မည်။


အာဖဂန်နစ္စတန်နိုင်ငံ Mes Aynak ဒေသရှိ နှစ်ပေါင်းနှစ်ထောင်ကျော်က ဗုဒ္ဓရှင်မြတ်၏ဓါတ်တော်မွေတော်တို့ ဌာပနာထားရာ ရှေးဟောင်းဘုရားကျောင်းတခုတွင် နိုင်ငံတကာရှေးဟောင်းသုတေသနပညာရှင်တစုက မကြာမှီကာလာအတွင်းတွင် ဒေါ်လာသန်း၁၀၀တန် တရုပ်ကြေးနီရှာဖွေထုတ်ရေးကုမ္မဏီကြောင့် ဗုဒ္ဓအမွေအနှစ်တွေပျက်စီးဆုံးရှုံးတော့မည်ဖြစ်ကြောင်း၊မပျက်စီးခင်ဗုဒ္ဓဘုရားရှင်ရှိစဉ်ကဓါတ်တော်မွေတော်နှင့် နှစ်ပေါင်းထောင်ကျော်သက်တမ်းရှိဖြစ်ပြီဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော်တွေကို ရှာဖွေမှတ်တမ်းတင်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စု Medhill Northwest တက္ကသိုလ်ပါမောက္ခနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Brent Huffman ဟာ လအတော်တန်ကြာကတည်းက အန္တရာယ်အလွန်များလှတဲ့အာဖဂန်နိုင်ငံအတွင်းရှိ အဆိုပါရှေးဟောင်းဒေသမှာ ရှာဖွေသုတေသနမှတ်တမ်းတင်လုပ်ကိုင်နေခဲ့ပါတယ်။ ရှေးဟောင်းဗုဒ္ဓဘုရားကျောင်းအောက်မှာ တည်ရှိနေတဲ့ ကြေးနီသိုက်ကိုတူးဖေါ်ခွင့်ရရှိထားတဲ့ China Metallurgical Group Corporation တရုပ်ကုမ္မဏီဟာ ကြေးနီထုတ်လုပ်ဖို့အတွက် ရှေးဟောင်းအဆောက်တည်ရှိတောင်တန်းကို ဖြိုဖျက်ဖို့ ဝန်ထမ်းတွေကိုအမိန့်ထုတ်ပြီးဖြစ်နေပါပြီ။ ဒေါ်လာသန်း၁၀၀ တန်ကြေးနီထုတ်လုပ်နိုင်ဖို့အတွက် တရုပ်ကုမ္မဏီက တောင်တန်းတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဖျက်ဆီးတော့မယ့် နေ့ရက်ဟာ တနေ့ထက်တနေ့နီးကပ်လာနေပါပြီ။ ရှေးဟောင်းသုတေနအဖွဲ့လေ့လာရှာဖွေနေတဲ့ ရှေးဟောင်းဒေသနေရာကို စိတ်ဆိုးနေတဲ့ဒေသခံတွေနဲ့ တာလီဘန်တို့ရဲ့ ညအချိန်ရော့ကက်ဖြင်တိုက်ခိုက်မှုတွေ လမ်းတလျောက်မိုင်ထောင်မှုတွေဖြင့်လည်းကြုံတွေ့ရပါတယ်။

တရုပ်ကုမ္မဏီရဲ့ ကြေးနီထုတ်လုပ်မှုကြောင့်ရှေးဟောင်းအမွေအနှစ်လက်ရာတွေပျက်ဆီးဆုံးရှုံးရတော့မယ့်အရေးကိုတွေးပြီး နှလုံးခုန်ရပ်သလိုခံစားရသည်ဟု Huffman ကစိတ်မကောင်းစွာဖြင့် CNN ရုပ်သံအင်တာဗျူးတွင်ပြောဆိုခဲ့ပါတယ်။
Photo..aung nay myo facebook
Ref..Aung pan

0 ABSDF မြောက်ပိုင်းကိစ္စနှင့်ပတ်သက်၍ မကဒတ(ကျောင်းသားတပ်မတော်) ကြေညာချက်ထုတ်ပြန်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)မှ မကဒတ(မြောက်ပိုင်း) အဖြစ်အပျက်နှင့်ပတ်သက်၍ မကဒတ (ကျောင်းသားတပ်မတော်)ဗပိာုကော်မတီမှ စက်တင်ဘာလ ၇ ရက်နေ့တွင် ကြေငြာချက် တစ်ရပ်ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ကြေညာချက်တွင် ၁၉၉၂ ခုနှစ်၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသား တပ်မတော်)၏ မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသော ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့အဖွဲ့အစည်းအနေဖြင့် ထပ်တူဝမ်းနည်းသကဲ့သို့ ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်မှုများအပေါ် အလေးအနက် တောင်းပန် ကြောင်း ဖော်ပြခဲ့သည်။

ယင်းအဖြစ်အပျက်များသည် မကဒတ(ကျောင်းသားတပ်မတော်)၏ သမိုင်းရေးဆိုင်ရာကိစ္စရပ်များဖြစ်ပြီး မိမိတို့ အဖွဲ့အစည်းအတွင်း မည်သည့် အခါမှ မမေ့ပျောက်နိုင်မည့် သမိုင်းတစ်ခုဖော်ထုတ်နိုင်ရေးအတွက် အစဉ်တစ်စိုက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် မကဒတ(ကျောင်းသားတပ်မတော်) ဗပာိုကော်မတီ အစည်းအဝေး (၁/၂၀၁၂) ဆုံးဖြတ်ချက် အမှတ် (၂)အရ အမှန်တရားနှင့် တရား မျှတမှု ဖော်ထုတ်နိုင်ရေး အလုပ်အဖွဲ့အား ၂၀၁၂ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖွဲ့စည်းတာ ဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေး အလုပ်အဖွဲ့အနေဖြင့် သမိုင်းစာမျက်နှာပေါ်တွင် အကြောင်းနှင့် အကျိုးဆိုင်ရာ ဖြစ်ရပ်မှန်များကို စုံစမ်းဖော်ထုတ်နိုင်ရေး၊ ပါဝင်ပတ်သက်သူများအားလုံးအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊သက်ဆိုင်သူများအားလုံးနားလည် ကျေနပ်မှုနှင့် ပြန်လည်သင့်မြတ်မှုရရှိရေး၊ မကဒတ၊ ကျောင်းသားထုနှင့် ပြည်သူလူထုအတွင်း ခိုင်မာသော စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းတည်ဆောက် သွားနိုင်ရေး၊ အနာဂတ် မြန်မာနိုင်ငံတွင် တာဝန်ရှိမှု၊ တာဝန်ခံမှု အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေး စသည့်ရည်မှန်းချက်များနှင့်အညီ လုပ် ဆောင်သွားရမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် ယင်းကိစ္စနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုများ ပေါ်ထွန်းလာနိုင်စေရေးအတွက် သက်ဆိုင်သူများ အားလုံး ပူးပေါင်းဖြေရှင်းရန်လိုအပ်ကြောင်းနှင့် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများအတွက်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် အလေးအနက် တိုက် တွန်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။

Yangon chronicle

Friday, September 7, 2012

0 မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း တနှစ်ပြည့်ပွဲ။ မြစ်ကြီးနား။

-Dear all Friends,


We would like to invite you all to join with us at the event
and please sharing information to related friends.

To friend from outside we would like to share information and
please pray for us tohold successfully as we may face difficulties that the authorities may
hinder us.

With warm regards,

Ja Seng Hkawn Maran


0 အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဇာတ်လမ်းကြီး

Photo..88 generation studients
သည် ရက်ပိုင်း သည်ကာလပိုင်းအတွင်း ကြားရတာတွေ သိရတာတွေကတော့ ဝမ်းနည်းဖွယ်ရာတွေ စိတ်မကောင်း စရာတွေ များနေသည်။ ဘာတွေများ ကြားရလို့ ဘာတွေကို စိတ်မကောင်း ဖြစ်နေတာတုန်း လို့ မေးမယ့်သူလည်း ရှိပါ လိမ့်မည်။ လူတွေ တဦးနဲ့တဦး တယောက်နဲ့တယောက် ကြည့်မရသလိုလို ရန်လိုနေသလိုလို ဖြစ်နေတာကြောင့်လို့ ဆိုရပါမည်။

တဲ့တဲ့ပြောစမ်းပါဗျာ၊ တိတိလင်းလင်း ပြောစမ်းပါဗျာဟု တောင်းဆိုလာသူ မိတ်ဆွေများလည်း ရှိသေးသည်။ ဟုတ်ကဲ့။ တဲ့တဲ့နဲ့ တိတိလင်းလင်း ပြောရမည် ဆိုပါက ကျနော်တို့မျိုးဆက်တွေ ညီညီညွတ်ညွတ် မရှိတာ ကို မြင်ရသောကြောင့်ပင်။ ကျနော်တို့ မျိုးဆက်ဆိုတာ ရှစ်လေးလုံးက ပေါက်ဖွားလာသော နိုင်ငံရေး သမား၊ တော်လှန်ရေးသမားများကို ဆိုလိုတာ ဖြစ်သည်။ နိုင်ငံရေး၊ တော်လှန်ရေး တိုက်ရိုက်ကိစ္စတွေကို မလုပ်တော့ဘဲ မီဒီယာလုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေ လည်း ဒီအထဲမှာ ပါသည်။ အန်ဂျီအို လုပ်ငန်းတွေမှာ ကူးပြောင်းလုပ်ကိုင် နေသူတွေလည်း အကျုံးဝင်သည်။

အခုအခြေအနေက အရင်လို မဟုတ်တာတော့ သေချာသည်။ အရင်တုန်းက နိုင်ငံရေးအခြေအနေက တိုက်ရိုက် စစ် အုပ်ချုပ်ရေး အောက်မှာ ပြားပြားဝပ်နေခဲ့ရတာကို ဆိုလိုရင်းဖြစ်သည်။ အခုတော့ အတော်အတန် ပြောဆိုခွင့်တွေ ရလာ သည်။ အတော်အတန်လေး ပြောဆို၊ လုပ်ကိုင်၊ သွားလာခွင့် ရလာတဲ့ အပေါ်မှာ တချို့က ဂုဏ်မောက်လာသည်။ တချို့က မျက်နှာကြော ပြောင်းလာသည်။ တချို့က အိုက်တင်များလာသည်။ တချို့က ပဲများလာသည်။ အဲသည်မှာပဲ ဇာတ်လမ်းက စသည်လို့ ဆိုနိုင်သည်။ ဘာဇာတ်လမ်း စတာတုန်းလို့ မေးရင် ဖြေရပေတော့မည်။

အပြင်ကကောင်တွေနဲ့ အထဲကကောင်တွေ ဆိုသည့် ဇာတ်လမ်းကြီးပင် ဖြစ်ပေတော့သည်။ အပြင် ကကောင်တွေဟာ အပြင်မှာ လွတ်လပ်နေတိုင်း သူတို့ပြောချင်ရာ ပြောသည် ဆိုသည်ဟု အထဲကကောင်တွေက ထင်သည်။ အဲသည်တော့ အပြင်က ကောင်တွေ အထဲကို ပြန်လာရင် ဘယ်လို ဆက်ဆံရမှာလဲ ဘယ်လိုသဘော ထားရမှာလဲ ဆိုတဲ့ အယူအဆ ကလေးများ ဟိုမှာသည်မှာ ပြောနေ ကြတာကို ကြားရသည်။ အတွင်းကကောင်တွေက ပြည်ပရောက်နေသူများကို အပြင် က ကောင်တွေဟု အမည်သညာပေးသည်။ ဒို့ ရှစ်လေးလုံးမျိုးဆက်တွေ၊ တချိန်က လုပ်ဖော်ကိုင်ဖက် ရဲဘော်တွေလို့ သတ်မှတ်နိုင်ဖို့ ဝန်လေးနေဟန် ရှိသည်။ ကျနော်ပြောတာ လွန်သွားတယ်ဆိုပါက တောင်းပန်သည်။

လက်ခုပ်ဆိုတာ နှစ်ဖက်တီးလို့သာ မည်ရသည်ဟု ဆိုထားသည်။ အပြင်ကကောင်တွေကလည်း အထဲကကောင်တွေဟာ နှစ်ပေါင်းများစွာ ထောင်တန်းကျခဲ့တော့ ကက်ပယ်စီတီ အရာမှာ နိမ့်နေသေး သည်လို့ မြင်ဟန်ရှိသည်။ ငဒို့က အနောက် နိုင်ငံများမှာ တက္ကသိုလ်တွေတောင် တက်နိုင်ခဲ့တာမို့ သူတို့ထက် ပိုတတ်ပိုသိသည်ဟု ထင်နေသူ တချို့လည်း ရှိသည်။ အထဲကကောင်တွေ နိုင်ငံတကာ မျက်နှာစာကို ဒို့လောက် နားမလည်သေး ဟုလည်း တချို့ကလည်း ထင်ဟန်ရှိသည်။ ဒါကြောင့် အထဲကို ပြန်ဝင်ပြီး သင်းကလေးတို့ကို ကက်ပယ်စီတီ မြှင့်တင်ပေးဖို့ လုပ်ပေးရမည်ဟု ဆိုလာသူလည်း ရှိသည်။ တခါ အဲတာကို ပြောင်ထုတ်ပြောမိလို့ (စကားမပြောတတ်တာလည်းပါ) မျက်နှာစာအုပ်တွေမှာ အဝေဖန်ခံရသည်။ အဆဲခံ ရသည်။ အကောင်းမြင်နဲ့ ဝေဖန်သူရှိသလို အပြင်ကကောင်တွေဆိုရင် မစွံပါဖူး၊ သည်လိုချည်းပဲဟု ဝေဖန်သူများလည်း ရှိနေသည်။

အပြင်ကကောင်တွေ မှာလည်း လူဆိုးလူကောင်းရှိသည်။ ကြွားဝါတာကို ရှေ့တန်းမတင်သူ တွေ ရှိသလို သောက်ကြွား ပိုလွန်း သူများလည်း မနည်းလှ။ အခွင့်ရေးမမက်သူနှင့် အခွင့်ရေးမက်မောသူ ဟူ၍လည်း ရှိသည်။ ဗိုလ်လုပ်ချင်သူ ရှိသလို ပူးပေါင်းဆောင်ရွက်တာမျိုးကို လိုလားသူလည်း ရှိသည်။ ဂိုဏ်းဂနစွဲ ရှိသူတွေ ရှိနေသေးသလို ပကတိ အခြေအနေတွင် လက်တွေ့လုပ်နိုင်တာကို လက်တွေ့ လုပ်လိုသူများလည်း ရှိသည်။ နာမည်ရှိထားသူများနဲ့ တပူးတွဲတွဲလုပ်ရင်း ကိုယ့်ကိုယ် ကို လူသိအောင် လုပ်လိုသူများလည်း ရှိသည်။ အပြင်မှာ နေတာကြာပြီဆိုတော့ အဆက်အသွယ်ကောင်း ဒိုနာကောင်းတွေ ရထားသူ တချို့လည်း ရှိနေသည်။ သူတို့က အထဲကိုဝင်လိုသည်။
ဝင်လာသည့်သူတချို့ကိုလည်း တွေ့နေရသည်။ ဘယ် ဒိုနာရဲ့ ပိုက်ဆံမှ မပါဘဲ ကိုယ့်တိုင်းပြည် အခြေအနေကို လက်တွေ့မျက်တွေ့ မြင်တွေ့လို၍ ကိုယ့်စရိတ်ကိုယ်စားပြီး ပြန်သွား ကြည့်သူများ လေ့လာသူများလည်း ရှိသည်။ အပြင်ကကောင်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေလို ကွန်ဖော့ဇုန် အတွင်းမှာ သက်တောင့်သက်သာ နေပြီး ဆရာလုပ်ချင်တဲ့ စိတ်ကများနေသည်ဟု ဆိုလာသူတွေလည်း ရှိသည်။ ငြင်းမရ ဟုတ်သင့် သလောက်လည်း ဟုတ်နေသည်။

အထဲကကောင်တွေရော ဘယ်လိုလဲ။ ကြားရတာက မသက်သာပါ။ အထဲကကောင်တွေလည်း ထင်ထားသလို ညီညွတ် ခြင်း မရှိဘဲ တိတ်တိတ်လေး ကွဲနေကြသည်တဲ့။ ရုံးခန်းကြီး ဖွင့်ထား၍ ပုံမှန်ရုံးတက်သူ တချို့ ရှိနေသော်လည်း ရုံးကို လုံးဝနီးပါး မလာတဲ့ သူများလည်း ရှိသေးသည်ဟု ကြားရသည်။ အပြင်ကကောင်တွေ အထဲအကြောင်း မသိဘဲနဲ့ ငါတို့ အထဲက ကောင်တွေကို ဆရာလုပ်တာ မကြိုက်ဟု ဆိုသူများလည်း ရှိသည်။ ဆရာလုပ်ခြင်းကို မကြိုက်တာ သဘာဝ ကျသည်။ ဆရာလာလုပ် သူကိုလည်း ပြောင်ပြောသင့်သည်။ သို့သော် အပြင်ကကောင်တွေဟာ ဆရာ သိပ်လုပ်ချင်တယ် လို့ အပြင်ကကောင်တွေ အားလုံးကို လုံးပြီး မပြောသင့်။ ခြေမမကောင်း ခြေမ၊ လက်မမကောင်း လက်မ ခွဲခြားနားလည်ဖို့ တော့ လိုသည်။ ဒါ့အပြင် အထဲက ကောင်တွေကိုလည်း ဝေဖန်သူများ ရှိလာသည်။

မီဒီယာအားကောင်းသော၊ သံတမန်ရေးရာ အားကောင်းသော၊ နိုင်ငံခြားသားမျိုးစုံ ဝင်ထွက်သွား လာသော ရန်ကုန်တွင် သာ ပျော်နေသည်ဟု ဆိုသော စကားများ ဖြစ်သည်။ ဒါကို တချို့က ကွန်ဖော့ဇုန်ထဲမှာ နေလိုတာက လူ့သဘာဝ၊ ဘယ်သူ မှ ချင်းတောင်မှာ နာဂတောင်တန်းမှာ ကြာကြာသွား နေနိုင်ပါ့မလဲဟု ဖြည့်စွက်ကြသည်။ ဒါလည်း ဟုတ်သင့်သလောက် ဟုတ်နေသည်။ ဒါပေမယ့် နာဂတောင်တန်းကတော့ ဝေးလွန်းလှသည်။ ရန်ကုန်ကနေ သိပ်မဝေးတဲ့ တောနယ်တွေဖက် သွားပြီး လုပ်ကိုင်ပေးနိုင်တယ် ဆိုရင်တော့ သိပ်မဆိုးလှ။ ရန်ကုန်ကိုလည်း မကြာခဏ ပြန်နိုင်ဦးမည်။ နောက်တချက် ကတော့ အထက်ဗမာပြည်မှာ နိုင်ငံရေး အားမကောင်းလို့ နိုင်ငံရေးအားကောင်းရန် ကျုပ်တို့လာတာဆိုပြီး ပြောမိလို့ အထက်သားများ တရှုးရှုးဖြင့် နှာမှုတ်သံပြင်းနေတာ အပြင်ကတောင် ကြားနေရသည်။ အထက်အရပ် ရောက်တုန်း ရောက်ခိုက် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးနဲ့ သီချင်းဆိုချင်တဲ့ ခေါင်းဆောင်တယောက်ကို အထက်သားများ မျက်မှောင်ကုတ် ပြီး ကြည့်နေတာကိုလည်း သတိချပ်ဖို့လိုသည်။

လူကြီးတွေ ပြောခဲ့ဖူးတာ တခု အမှတ်ရသည်။ ဘာကြောင့် မြန်မာပြည်မှာ ပြည်တွင်းစစ် သက်ဇိုးရှည်ရတာလဲ ဆိုတာကို ပြောပြခြင်းဖြစ်သည်။ တိုတိုဆိုရသော် မြန်မာနိုင်ငံရေးသမားတွေ အကွဲကွဲ အပြားပြားနဲ့ မညီညွတ်လို့ဆိုတဲ့ ကောက်ချက် ကို မှတ်သားရဖူးသည်။ ဒီခေတ်မှာလည်း မြန်မာနိုင်ငံရေး ခေါင်းဆောင် ကြီးငယ်လတ်တွေ မညီညွတ်ရင် ဘောင်းဘီချွတ် ထားတာ ပူပူနွေးနွေးသာ ရှိသေးတဲ့ ခရိုနီများရဲ့ အဘများနဲ့ စုဖွဲ့ထားတဲ့ အစိုးရသာ သက်ဆိုး ရှည်လိမ့်ဦးမည်ဆိုတဲ့ အဖြေကိုသာ တွက်ထုတ်လို့ရသည်။

နိဂုံးချုပ်သောအခါ အပြင်ကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ အထဲကကောင်တွေကိုလည်း ဝေဖန်ပြီးပြီ။ ဝေဖန်ပြီးရင် ဘာလုပ်မတုန်း။ မျိုးဆက်တူ ညီအကို မောင်နှမ ရဲဘော်များ ထဲထဲဝင်ဝင် ပွင့်ပွင့်လင်းလင်း ညှိနိုင်းတိုင်ပင်ပြီး လုပ်စရာ ရှိတာတွေ လုပ်သင့်သည်။ အမြင်မကြည်လင် တာတွေကို အပြန်အလှန် ဆွေးနွေးပြီး သကာလ၊ အပြင်ကကောင်တွေ၊ အထဲကကောင်တွေ ဆိုတဲ့ ဝေါဟာရများလည်း ပျောက်ပျက်စေသတည်းလို့ ဆုတောင်းလိုက်သည်။

ဇော်မင်း
၅ ရက် စက်တင်ဘာလ ၂ဝ၁၂ ခုနှစ်

ရွတ်မွန်

0 မြန်မာနိုင်ငံတွင် Master Card ၏ပထမခြေလှမ်း


(AFP Mသတင်းမှ 6Sept 2012 ရက်စွဲပါ “Master Card has first swipe in Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

အရောင်းအဝယ် ကိစ္စမှန်သမျှတွင် ငွေစက္ကူကိုသာ သုံးစွဲကြရသည့် စီးပွားရေး နိမ့်ကျသော မြန်မာနိုင်ငံတွင် အီလက်ထရောနစ် ငွေပေးငွေယူစနစ် ကို လမ်းခင်းပေးနိုင်မည် ဟုမျှော်လင့် ထားသော Master Card ကုမ္ပဏီက မြန်မာဘဏ်တစ်ခုနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုး လိုက်ပြီဟု ကြာသပတေးနေ့ တွင်ပြောကြားသည်။

ပြည်တွင်းမှ စီဘီဘဏ်နှင့် လိုင်စင်သဘောတူညီမှုအရ Master Cardကို မြန်မာနိုင်ငံတွင် ထုတ်ဝေရန်၊ လက်ခံသုံးစွဲရန် လက်တွေ့အစီအစဉ်ကို ဆောင်ရွက်မည် ဖြစ်ပြီး ယခု ဆောင်ရွက်ချက်သည် မြန်မာတို့၏ ပြုပြင်ပြောင်းလဲမှု ကို အမေရိကန် ပြည်ထောင်စုက တုန့်ပြန်သည့် အနေဖြင့် ငွေကြေး Sanctionsများကို ဖြေလျှော့ပေး ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု ကုမ္ပဏီက ဆိုသည်။

ခရက်ဒစ်ကတ်များဖြင့် ငွေပေးငွေထုတ် မပြုနိုင်ခြင်းသည် အရပ်ဖက် အစိုးရအပေါ် ပြင်းထန်သော နိုင်ငံတကာ Sanctionsများ ချမှတ်ခဲ့ခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။

လတ်တလောတွင် ပြည်သူလူထုသည် ၎င်းတို့ပိုင်ဆိုင်သော ငွေအားလုံးကို ငွေအားလုံးကို ငွေစက္ကူများအဖြစ် ကိုင်ဆောင်သုံးစွဲ နေရပြီးထိပ်တန်း ဟော်တယ်ကြီးများ၌ပင်ခရက်ဒစ်ကတ် ငွေပေးချေမှုကို ပြောက်တိပြောက်ကျား သုံးစွဲနေကြ ရသောကြောင့် ဤကိစ္စသည် ခရီးသွား တိုးရစ်များနှင့် နိုင်ငံခြား ကုမ္ပဏီများ အတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ်ကွန်ယက် ဖြစ်ပေါ်လာရန် ဦးတည်သော ယခုဆောင်ရွက်ချက်သည် ခရီးသွား တိုးရစ်ကဏ္ဍအပေါ် ကြီးမားသော ကောင်းကျိုးသက်ရောက် စေမည်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်နေသည့် မြန်မာနိုင်ငံကိုလည်း ကောင်းစွာအထောက်အကူ ဖြစ်စေလိမ့်မည်ဟု Master Cardကုမ္ပဏီက ကြေညာချက်ထုတ်ပြန်သည်။

ထို့အပြင်သန်း၅၀ကျော်သည်ဟု ခန့်မှန်းထားသော မြန်မာလူထုကို ငွေကြေးစနစ် အတွင်းသို့ ပိုမိုဆွဲခေါ်နိုင်အောင် အကူအညီ ရစေလိမ့်မည်ဟု ကုမ္ပဏီက ဆိုသည်။

Master Card World Wideစင်ကာပူမှ ဂျော့ခ်ျတန်က “မြန်မာနိုင်ငံတွင် ခရက်ဒစ်ကတ် ထုတ်ဝေရန် လက်ခံသုံးစွဲရန် လုပ်ဆောင်နေသော လုပ် ငန်းစဉ် တစ်ခုလုံးသည် လအနည်းငယ် ကြာမြင့်မည် ဖြစ်ကြောင်း၊ ယခုသဘော တူညီမှုသည် မြန်မာနိုင်ငံသို့ ဝင်မည့်Master Card ကုမ္ပဏီ၏ ကတိကို ပြသခြင်း ဖြစ်ကြောင်း” ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာ ဘဏ်စနစ်နှင့် လတ်တလော မချိတ်ဆက်ရသေးသော ATM ငွေထုတ်စက် ၈၀ဝန်းကျင်ခန့် ရှိပြီး ၎င်းတို့အနက် ၃၀ခန့်မှာ စီဘီဘဏ်နှင့် ဆိုင်သည်ဟု သူမက ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင်ပြီးခဲ့သောဧပြီလကတရားမျှတသောကြားဖြတ်ရွေးကောက်ပွဲများကျင်းပကာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်တော်သို့ဝင်ခွင့်ပေပြီး နောက်ပိုင်းတွင်အမေရိကန် ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ်အရေးယူချမှတ်ထားသော ငွေကြေးsanctionများကို ဖြေလျှော့ ပေးကြောင်း ကြေညာသည်။

Yangon chronicle

0 ကိုမိုးသီးဇွန် အခု ပြည်တော်ပြန်လာတော့ လူထုက ထောက်ခံပါသေးရဲ့လား၊(အသံ)


လွန်ခဲ့တဲ့ ၂၄ နှစ်က လူထု ထောက်ခံမှု အများကြီး ရခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုမိုးသီးဇွန် အခု ပြည်တော်ပြန်လာတော့ လူထုက ထောက်ခံပါသေးရဲ့လား၊ သူက ဘာပြန်ဖြေပါသလဲ။ တခါ မျက်မှောက် မြန်မာ့နိုင်ငံရေးမှာ ပါတီထောင် ရွေးကောက်ပွဲ ၀င်တဲ့လမ်းကို သူ လိုက်မှာပါလား။ ဘီဘီစီ ၀ိုင်းတော်သား ဦးကိုကိုအောင်က ကိုမိုးသီးဇွန်ကို တွန်းတွန်းတိုက်တိုက် မေးထားတာကို နားဆင်နိုင်ပါတယ်။

Thursday, September 6, 2012

0 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဖိတ်စာ



စစ်အစိုးရရဲ့ အတ္တကို ဖော်ကြူးမှုကြောင့် ညီအစ်ကို မောင်နှမအချင်းချင်း စစ်ခင်းတာကို ပျော်မွေ့
နေကြတာကို အမွေဆက်ခံထားတဲ့ လက်ရှိ အစိုးရကြောင့် မြန်မာနိုင်ငံ တ၀ှမ်းမှာ ဒုက္ခသည်များ တနေ့တခြား တိုးပွားလာတာကို တွေ့မြင်ရတော့ အရမ်းကို ၀မ်းနည်းစရာ ကောင်းပါတယ် ။

ငါအယူအဆသာ အမှန်ပါဆိုတဲ့ ခံယူချက်ကို လက်နက်နဲ့ ကိုယ်တိုင်ဖြေရှင်းကြခြင်းကြောင့်
တိုင်းပြည် ဘဏ္ဍများ အလဟဿ ဆုံးရှုံးသွားသလို လူသားများစွာရဲ့ အသက်တွေလည်း သွေးမြေကျနေတာကို သိနေပါလျှက် ဆက်လက် မိုက်မဲကြသူများကို ဘယ်သူမှ မဟန့်တားပေးနိုင်ကြတော့ဘူးလား ။

ထိုစစ်ပွဲတွေ ရပ်တန့်သွားအောင် လုပ်ဆောင်ပေးနိုင်မယ့် နည်းလမ်း မရှိတော့လို့လား ။

ပြည်တွင်းစစ်ဆိုတာ အသာထား နိုင်ငံတကာမှာ ဖြစ်ပွားခဲ့တဲ့ ကမ္ဘာစစ်ကြီးများတောင်
ရပ်တန့်သွားအောင် ငြိမ်းချမ်းရေး လိုလားသူများက ကြိုးစားနိုင်ခဲ့ကြတာပါဘဲ ။


လူကြီးတွေ အတ္တနဲ့ ပုံဖော်ထားတဲ့ သွေးပန်းချီကားတွေ နေရာမှာ ကျနော်တို့ လူငယ်များက
ငြိမ်းချမ်းရေးပန်းချီးကားများ အစားထိုး ချိတ်ဆွဲထားနိုင်မှ မြန်မာနိုင်ငံရဲ့ အနာဂတ်က
ပိုမို လှပလာမှာပါ လို့ ယုံကြည်ထားတယ် ဆိုရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့
အခမ်းအနားကို ကြွရောက် ချီးမြှင့်ပေးကြပါလို့ ပွဲစီစဉ်သူများ ကိုယ်စား လေးစားစွာ မေတ္တာရပ်ခံပါတယ် ခင်ဗျာ ။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

0 မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ဆု ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်ပေးအပ်

အခုလို ထိုင်ကန်တော့နေတဲ့ အမေရိကန်နိုင်ငံသား Dominic Nardi ရဲ့ အမျိုးသမီးက မြန်မာမိန်းကလေး ပါ ။ သူမရဲ့ အဖိုးက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရံတော်တစ်ဦး ဖြစ်ခဲ့ပြီး ဒေါ်စုငယ်ငယ်တုန်းက ထိန်းကျောင်းခဲ့သူတွေထဲက တစ်ယောက်ပါတဲ့ ။

Dominic Nardi က မစ်ရှီဂန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ Ph.D ကျောင်းသားဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ အထူးသဖြင့် မြန်မာ ၊ ဖစ်လစ်ပိုင် ၊ အင်ဒိုနီးရှား ၊ ထိုင်းတို့ရဲ့ judicial politics ကို စိတ်ဝင်စားလေ့လာသူပါ ။ လွန်ခဲ့တဲ့ ၁၁ နှစ်က မြန်မာနိုင်ငံကိုလာတဲ့ ပထမဆုံး ခရီးမှာ ရန်ကုန်လေဆိပ်မှာ အတားခံခဲ့ရဖူးတယ် ။

တားခံရတဲ့ အကြောင်းရင်းက သူ့မှာ ပါလာတဲ့စာအုပ်တွေထဲကတစ်အုပ်ရဲ့မျက်နှာဖုံးမှာ ဒေါ်စုပုံ သေးသေးလေးတစ်ခု ပါလို့ပါ တဲ့ ။
2011 မှာ မစ်ရှီဂန်တက္ကသိုလ်က ပေးအပ်တဲ့ Wallenberg Medal ကို ဒေါ်စုကို လာရောက်ပေးအပ်စဉ်က ရိုက်ထားတဲ့ ပုံပါ ။

Wallenberg Medal ဆိုတာက ဒုတိယကမ္ဘာစစ်အတွင်းမှာ ထောင်ပေါင်းများစွာသော ဂျူးတွေကို ကယ်တင်ခဲ့တဲ့ ဆွီဒင်လူမျိုး သံတမန် Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးတဲ့ ဆုပါ ။ အကာအကွယ်မဲ့ ဖိနှိပ်ခံရသူများအတွက် ကိုယ်ကျိုးစွန့် လုပ်ဆောင်ပေးမှုကို ဂုဏ်ပြုသော ဆု ။

အဲဒီဆွီဒင်လူမျိုးRaoulWallenbergဆိုတာမစ်ရှီဂန်တက္ကသိုလ်မှာဗိသုကာပညာသင်ကြားခဲ့တဲ့ ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်တယ် ။

ဒလိုင်းလားမား၊ တောင်အမေရိက က Desmond Tutu တို့ အပါအ၀င် ကမ္ဘာပေါ်မှာ ဒီဆုကို ပေးအပ်ခြင်းခံရသူ ၂၁ ယောက်တိတိရှိပြီး ဒေါ်စုက ၂၁ ယောက်မြောက် ( ၂၀၁၁ တွင် ပေးအပ်ခြင်း ခံရ )

ဒေါ်စုက မစ်ရှီဂန်ပြည်နယ် Ann Arbor မြို့ထိ သွားရောက် မယူနိုင်လို့ University of Michigan က မြန်မာပြည်ထိ လာပေးဖို့ Dominic Nardi ကို လွှတ်လိုက်ခြင်း.........။

http://globalportal.umich.edu/2012/01/burma-wallenberg/

ဘာသာပြန်သူ Spring Flowersအားကျေးဇူးတင်ရှိပါသည်..

2 ဒီကနေ့မိုးသီး..မနက်ဖြန်ကျနော်တို့လား?

မိုးသီးဇွန်နောက်လိုက်လည်း မဟုတ်သလို မိုးသီးဇွန်ဘာလုပ်လုပ် ထောက်ခံသူလည်း မဟုတ်ဘူး။ ဒါပေမဲ့ လက်သည်းဆိတ်ရင်တော့ လက်ထိတ်နာတယ်။ သူနဲ့ကျနော်တို့ မျိုးဆက်အတူတူ ဖြစ်တယ်။ သူ့ကိုဆဲရင် ကိုယ့်ကိုလည်း ဆဲနေသလိုပဲ။ ကိုယ့်မျိုးဆက် ထဲက သိကြသူတွေ ဆဲတာဆိုတာ နားကြားကောင်းနေသေးပေမယ့် ဘုမသိဘမသိ သမိုင်းကြောင်းလဲမသိ၊ နားမလည်သူတွေက အသားလွတ် ၀င်သမတာတော့ အတော် စော်ကားတဲ့ လုပ်ရပ်ပဲ။ အခု ကိုမိုးသီးတို့အပေါ် အဆိုးမြင်တွေနဲ့ ရေးနေသူတွေ ကရော စစ်အစိုးရအောက် ပြားပြားမှောက်စဉ် ကာလတွေက ဘာများလုပ်ခဲ့ကြသလဲ ဆိုတာ ပြန်ဆန်းစစ်သင့်တယ်။ 

အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)ကအယ်ဒီတာအမျိုးသမီးတယောက်က
မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။
ညီညွတ်ရေးအမြင်နဲ့မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ)

ပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။ဆောင်းပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထားရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ
တော့ဖတ်ရတာစာကကောင်းမလာဘူး။
အခုတလောကြားနေရတဲ့သတင်းတွေ၊ဖတ်နေရတဲ့စာတွေကြောင့်အမျက်တွေစူးတယ်။သတင်းသမားပီပီစာရေးချင်၊ပြောချင်ပေမဲ့ ကိုယ့်စာကအလိုမကျတာ၊အမြင်မတူတာကိုချရေးပြီး၊ဆူးပေါက်နေမှာမို့ဆင်ဆင်ခြင်ခြင်နေလိုက်သေးတယ်။

ကိုယ့်အတွေ့အကြုံအတွေးအမြင်ကိုမြိုချလို့ရပေမဲ့အဆိုးဘက်နွယ်တဲ့အတွေးအခေါ်နဲ့စာတွေပိုပိုများနေတာကျတော့မျက်ကွယ်ပြုထားသလိုစိတ်ထဲခံစားလာရတယ်၊သတင်းသမားတယောက်တာဝန်မကျေသလိုဖြစ်မှာစိုးလို့ကိုယ့်စိတ်ထဲရှိတာကွယ်ဝှက်လည်းမနေ၊ဟန်ဆောင်ပြီးလဲထိမ်းမနေချင်တော့ဘူး၊ပွင့်ပွင့်လင်းလင်းဘဲရေးလိုက်တော့မယ်။

----------------
ဒီရက်ပိုင်းသတင်းတွေထဲမှာထိတ်ဆုံးကလှုတ်ခတ်တဲ့သတင်းက ပြည်ပရောက်ABSDFကျောင်းသားခေါင်းဆောင်ဟောင်း တချို့နဲ့အမေရိကားကနိုင်ငံရေးလှုပ်ရှားသူ၈၈ကျောင်းသားတချို့ပြည်တော်ပြန်ခရီးဖြစ်တယ်။အမှန်တော့သူတို့မသွားခင်ကတဲကအပြင်မှာပူညံပူညံအချင်းများနေတာ။

ပြည်ပရောက်ကျောင်းသားအားလုံးကိုကိုယ်စားပြုသွားမှာလား?၊ဘယ်သူ့ကိုကိုယ်စားပြုပြီး၊ဘယ်သူနဲ့တွေ့၊ဘာတွေဆွေးနွေးမှာလဲ?နိုင်ငံရေးအကျဉ်းသားတွေကိုဆက်ဖမ်းထားသလို၊ပြည်တွင်း၈၈အုပ်စုတွေကပြည်ပကျောင်းသားတွေဂုဏ်သိက္ခာရှိရှိပြန်လာနိုင်ရေးလုပ်နေချိန်၊ဒီလိုခွဲခြားပြီးသွားသင့်သလား?

ကချင်စစ်မီးဟုန်းဟုန်းတောက်နေတဲ့ဒီလိုကာလသွားသင့်ရဲ့လား?၊အပြင်မှာလုပ်စရာကုန်ပြီလား?
စတဲ့စတဲ့မေးခွန်တွေကိုအင်တာနက်ချပ်တင်တွေ၊အွန်လိုင်းMeetingတွေ၊Debateတွေနဲ့အချိန်အတော်ကြာလုပ်ခဲ့ကြတယ်လို့သိထားပါတယ်။

ကျနော်ကိုမိုးသီး၊ကိုထွန်းအောင်ကျော်၊ကိုမူးသာတို့နဲ့မေးမြန်းကြည့်ရသလောက်သူတို့ဟာပြည်ပရောက်၊ဘယ်အဖွဲ့၊ဘယ်သူ့ကိုမှကိုယ်စားမပြုဘူး၊မိမိကိုယ်ကိုတာဝန်ယူမှု၊ကိုယ်စားပြုမှုနဲ့ဘဲသွားမှာလို့ပြောခဲ့ဖူးပါတယ်။သူတို့ကိုယ့်ဖာသာကိုယ်တာဝန်ယူမှုနဲ့ပြည်တော်ဝင်ခရီးနှင်တယ်ဆိုပေမဲ့အားလုံးနီးပါးက ၈၈ကျောင်းသားတွေ၊ပြီးတော့ တချိန်က၊ကျောင်းသားတပ်မတော်ကိုဦးဆောင်ခဲ့သူတွေပါ။

သူတို့ကပြည်ပအင်အားစုတွေနဲ့မဆိုင်ပါဘူးလို့ဘယ်လိုဘဲပြောပြော၊မဆိုင်လို့မရပါဘူး။သူတို့သွားတဲ့ခရီးက တခြားနိုင်ငံကိုလော်ဘီလုပ်ဘို့သွားတဲ့ခရီးမဟုတ်သလို၊ပုဂ္ဂိုလ်ရေးကိစ္စသွားကြတာမဟုတ်ဘူး၊မိသားစုဝင်တယောက်ယောက်အသဲအသန်ဖြစ်လို့အရေးပေါ်သွားတွေတာမဟုတ်ဘူး။

၂၄နှစ်လောက်ပြည်ပမှာအကောင်းအဆိုးတွေနဲ့ရောပြွန်းနေထိုင်ပြီး၊ကိုယ့်နိုင်ငံ၊စစ်ကျွန်ဘ၀ကလွတ်မြောက်ရေး၊ဒီမိုကရေစီရေးအတွက်၊(အောင်မြင်တာ၊မအောင်မြင်တာအသာထား)လုပ်ခဲ့ကြသူတေဖြစ်တယ်။မိုးထဲလေထဲမှာတော်လှန်ရေးနဲ့၊နိုင်ငံရေးနဲ့အင်မတန်တူတဲ့အလုပ်ဘဲဖြစ်ဖြစ်၊အင်မတန်မနီးစပ်တဲ့အလုပ်ဘဲ
ဖြစ်ဖြစ်လုပ်ခဲ့ကောင်းလုပ်ခဲ့သူတွေဖြစ်တယ်။

မိုးသီးတို့ကိုထွန်းအောင်ကျော်တို့လိုဘဲပြည်ပရောက်၈၈တောခိုသူတွေနဲ့နောက်ပိုင်းတောခိုလာသူတွေတိုင်းတပါးနဲ့နယ်စပ်ဒေသမှာအငတ်ငတ်အပြတ်ပြတ်နဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအလုပ်တေနေ့နေ့ညညတွေးတော၊ပြောဆို၊လုပ်ခဲ့ကြတာပဲမဟုတ်လား?

တတိယနိုင်ငံတွေရောက်တော့လည်းတဘက်ကမိသားစုနဲ့ဝမ်းစာအတွက်(အသက်တွေကြီးပြီး၊မလုပ်ခဲ့ဘူးတဲ့အလုပ်တွေကို)
ပင်ပင်ပမ်းပမ်းလုပ်ရင်းအကြွေးတွေနဲ့ရပ်တည်နေရတယ်။

တဘက်ကကိုယ်ယုံကြည်တဲ့နိုင်ငံရေးအပေါ်ဆက်လုပ်ရင်း(ကိုယ်မလုပ်တောင်လုပ်နေသူတွေကိုအားပေး၊ထောက်ပံ့)နေခဲ့ကြတယ်။
ဒါဟာဖြစ်စဉ်အမှန်၊တတိယနိုင်ငံရောက်နေသူတိုင်းချမ်းသာသူတွေမဟုတ်သလို၊ ချမ်းသာနေသူတိုင်းကလည်းပြည်တွင်းကအချောင်သမားခေတ်ပျက်သူဌေးတွေလိုဗြုန်းစားကြီးကြီးပွားခဲ့ကြတာမဟုတ်ဘူး။
သူတို့ချွေးတွေ၊လေ့လာမှုတွေ၊သီးခံစိတ်၊လုံ့လ၊၀ီရိယတွေနဲ့အားထုတ်ကျိုးပမ်းခဲ့ကြတာပါ။

ငယ်ရွယ်ပြီး၊ပညာသင်နိုင်တဲ့ပြည်ပရောက်တော်လှန်ရေးကျောင်းသားတွေကဆက်ပြီးပညာသင်နိုင်ပေမဲ့၊အသက်အရွယ်ရ လာမှတတိယနိုင်ငံရောက်သူတွေကမနိုင်ဝန်ထမ်း၊အများတကာမလုပ်ချင်တဲ့၊ကိုယ်လည်းစိတ်မ၀င်စားတဲ့အလုပ်တွေကိုလုပ်ရင်းမိသားစုဝမ်းစာနဲ့သားသမီးတွေစနစ်တကျကြီးပြင်းနိုင်ဘို့ပေးဆပ်နေရတယ်။ဒါကိုယ်တွေ့။ဒီနေရာမှာ၊ နိုင်ငံရေးတက်ကြွသူတွေမဟုတ်တဲ့၊

ပြည်ပမှာအခြေစိုက်နေထိုင်တဲ့သာမန်မြန်မာပြည်ဘွားညီအကိုတွေကိုဆိုလိုတာမဟုတ်ဘူး။အဲလိုသာမန်ကိုယ့်နိုင်ငံသားပြည်သူတွေတောင်စစ်အာဏာရှင်ဆန့်ကျင်ရေးကို တတ်စွမ်းသလောက်အားပေးကူညီပြီးပါဝင်နေတာတွေရှိပါတယ်။

ဆိုလိုတာက ပြည်ပရောက်တိုင်းအချောင်သမားတွေမဟုတ်ဖူး။ကိုမိုးသီးတို့၊ကိုထွန်းအောင်ကျော်တို့မှားတာမှန်တာအပထား၊သူတို့စွန့်လွှတ်ခဲ့တာ၊အနစ်နာခံခဲ့တာကိုယ်နိုင်ငံအတွက်အချိန်တွေပေး၊လေ့လာကြတာ၊ပြောဆိုကြတာ၊
အာရုံနှစ်ပြီးလှုပ်ရှားနေတာကိုတော့အသိအမှတ်ပြုပေးရမယ်။

အတိတ်ကသူတို့မှားခဲ့တာကိုသူတို့ခံရမှာဘဲ။ဒါမငြင်းလိုဘူး။သူတို့မှားလို့ တစုံလုံးခံခဲ့ရတာတွေလည်းမငြင်းလိုဘူး။

ဒါပေမဲ့၊လူဆိုတာအမြဲတန်းမမှားနိုင်သလို၊မှန်အောင်ကျိုးစားလုပ်ကိုင်နေသူတွေကိုကိုယ့်အသိုင်းအ၀ိုင်းကနေ
ဆွဲခွါထုတ်ပယ်တာမျိုးမလုပ်သင့်ဘူး။အပြစ်ရှိရင်လည်းအများကပြစ်ထားမှာမဟုတ်ဘူး။ကိုမိုးသီးကိုကျနော်စကားပြောဘူးတယ်၊ခင်ပါတယ်၊

ဒီနေ့အထိလူချင်းမဆုံဘူးဖူး။ကိုမိုးသီးအတွေးအခေါ်တိုင်းလဲကျနော်မကြိုက်ဘူး။သူ့အတွေးအခေါ်ကြောင့်ကျနော်တို့တတွေဒုက္ခရောက်ဖူးတယ်။

ဥပမာ.သူဥက္ကဌတာဝန်ယူခဲ့စဉ်..ABSDFရဲ့ ဆောင်ပုဒ်တခုဖြစ်တဲ့

“တော်လှန်ရေးသည်

ငါတို့ကျောင်း၊ငါတို့တက္ကသိုလ်”
ဆိုတဲ့ကြွေးကြော်သံကိုသဘောကျမိလို့အရွယ်ကောင်းစဉ်လိုအပ်တဲ့အထောက်အကူပြုပညာတွေမသင်ခဲ့ဘဲ၊လက်နက်ကိုင်နယ်ပယ်နဲ့၊Activistလှုပ်ရှားတက်ကြွသူဘ၀ထဲမှာတ၀ဲလည်လည်ဖြစ်ပြီးဘ၀တွေမရေမရာဖြစ်သွားကြတာမနည်းဘူး။

အိန္ဒိယနိုင်ငံနယူးဒေလီမှာကျနော်တို့နိုင်ငံရေးလှုပ်ရှားတဲ့မြန်မာကျောင်းသားတွေအဖြစ်ရပ်တည်နေထိုင်စဉ်က ကိုယ့်ထက်ငယ်ပြီးပညာသင်ဘို့ကောင်းတဲ့အသက် ၂၀ကျော် လူငယ်တွေကိုပညာသင်ဘို့တိုက်တွန်းတော့

“တော်လှန်ရေးဟာကျနော်တို့တက္ကသိုလ်ဘဲဗျ”လို့ထိထိမိမိဆင်ခြေပေးပြီးအတွေးခေါင်သွားသူတွေအမှန်ဘဲရှိခဲ့တယ်။

ကျနော်တို့မှာမှန်ကန်တဲ့သဘောတရားတွေတပ်ဆင်ထားတဲ့ပညာတတ်ကေဒါတွေမမွေးထုတ်နိုင်ခဲ့ဘူး။မှတ်မိတဲ့ဆောင်ပုဒ်တခုရှိသေးတယ်။

“ဗဟိုကော်မတီဝင်တွေကိုမျက်လုံးအိမ်သဖွယ်ကာကွယ်စောင့်ရှောက်ကြ”ဆိုတဲ့ကြွေးကြော်ဆောင်ပုဒ်။ကျနော်တို့ အတော်ရွံခဲ့တဲ့ဆောင်ပုဒ်။

ဒါပေမဲ့ကျနော်တို့နဲ့ABSDFကဘယ်တုံးကမှမပတ်သက်ခဲ့သူတွေ၊အိန္ဒိယအခြေစိုက်ABSLအဖွဲ့ကပါ။
အကြမ်းမဖက်နိုင်ငံရေးဘဲလုပ်ခဲ့တယ်။နယ်မြေဒေသကွဲသလို၊အိုင်ဒီယာလည်းကွာတယ်။ကိုမိုးသီးတို့အတွေးအခေါ်မကြိုက်ရင်ကျနော်တို့သူ့နောက်မလိုက်ဖို့ဘဲရှိတယ်။သူ့ကိုပုဂ္ဂိုလ်ရေးတွေထိုးနှက်တိုက်ခိုက်ပြီးဂုဏ်သရေမဲ့
သိက္ခာကျအောင်စော်ကားစရာမလိုဘူး။ဒါလူယဉ်ကျေးအလုပ်မဟုတ်ဘူး။

ABSDFမြောက်ပိုင်းသတ်ဖြတ်မှုကိုအကြောင်းပြုပြီးသူတို့ပြည်တော်ဝင်ချိန်နဲ့အချိန်ကိုက်သတင်းစာရှင်းပွဲတွေ၊သတင်းဂျာနယ်အင်တာဗျူးတွေလုပ်တာတွေ့ရတယ်။

လုပ်သင့်တာလုပ်တာဘဲလို့ယူဆတယ်။အမှန်တရားဆိုတာတခါခါသူ့အလိုလိုပေါ်တတ်တာမဟုတ်၊ပယောဂတွေနဲ့ဖုံးကွယ်နေတတ်တယ်။ဒါကိုသတိ၊၀ီိရိယနဲ့အားထုတ်ဖော်ထုတ်ရတာတွေရှိတယ်။ဒါကိုလက်ခံတယ်။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့ကိုယ်တိုင်လဲဒီကိစ္စကိုရှောင်လွှဲနေတာမဟုတ်ဘူး၊ရင်ဆိုင်နေတာဘဲ။၁၉၉၃လာက်ထင်တယ်၊ကိုနိုင်အောင်အနောက်ဘက်ဒေသမှာ ABSDFအလံစိုက်ဘို့ရောက်လာတယ်။

ကျနော်တို့ကမြန်မာကျောင်းသားများအဖွဲ့နာမည်နဲ့နယူးဒေလီမှာမြေပေါ်နိုင်ငံရေးလုပ်ကြတယ်။အိန္ဒိအစိုးရ၀န်ကြီးတချို့နဲ့၊
အမတ်ဟောင်းတွေ၊နိုင်ငံရေးပါတီတချို့နဲ့NGOအဖွဲ့တချို့၊သတင်းစာသမားတွေ၊အမျိုးသမီးအဖွဲ့အစည်းတွေက အားပေးတယ်၊

ကျနော်တို့လှုပ်ရှားမှုကိုထောက်ခံကူညီတယ်။ပြောချင်တာက စစ်ရေးထက် နိုင်ငံရေးကိုအိန္ဒိယပြည်တွေက
အားပေးနေတဲ့အချိန်။မြန်မာအိန္ဒိယနယ်စပ်မှာတိုင်းရင်းသားသူပုန်အဖွဲ့တွေ(ချင်း၊ရခိုင်၊ဇိုမီး)အဖွဲ့တွေရှိတယ်။
အိန္ဒိအစိုးရထောက်လှမ်းရေးတို့၊စစ်တပ်တို့နဲ့ အဲဒီတိုင်းရင်းသားသူပုန်လက်နက်ကိုင်တွေသိတ်ကင်းလို့မရဘူး၊
တနည်းပြောရရင်မလွတ်လပ်ဖူး၊လက်နက်ကိုင်တော်လှန်ရေးဟာအိန္ဒိယမှာမကြီးထွားနိုင်ဘူး၊ရေခံမြေခံမဟုတ်ဖူး။အဲ
ဒါကိုနိုင်အောင်လာတော့ရှင်းပြတယ်။သူကလက်မခံဘူး၊နယ်စပ်(ဒုက္ခသည်စခန်း၊မဏိပူ)ကိုအခြေခံပူးပေါင်းဘို့သူလာတာ။
ဒေလီနိုင်ငံရေးအင်အားစုနဲ့ပူးပေါင်းနိုင်တာမနိုင်တာကသူ့အတွက်အရေးမပါဘူး။

သူ့အဓိကလုပ်ငန်းစဉ်ကအနောက်ဘက်ဒေသ(အိန္ဒိယ)မှာလက်နက်ကိုင်ကျောင်းသားတပ်(ABSDF)ဖွှဲ့နိုင်ဘို့ဘဲ။
ထားပါတော့ ဒီကိစ္စပြောရရင်ရှည်တယ်။ပြောချင်တာကသူလာတုံးက မြောက်ပိုင်းကချင်မှာထောက်လှမ်းရေး
ဆိုပြီးလုပ်ကြံမှုတွေဖြစ်ပြီးခါစပူပူနွေးနွေး။နယူးဒေလီကကျနော်တို့ရုံးမှာဘဲကိုနိုင်အောင်နဲ့ကျနော်တို့
ဒီကိစ္စအငြင်းပွားတယ်။

ကျနော်တို့နဲ့နယ်စပ်ဒုက္ခသည်စခန်းမှာတဖွဲ့တည်းအတူနေခဲ့တဲ့ထိန်လင်း(ပန်းချီထိန်လင်း)ထောက်လှမ်းရေးစွတ်စွဲခံအုပ်စုထဲပါသွားတာကိုသူထွက်ပြေးလွတ်မြောက်ပြီးစစ်အစိုးရသတင်းစာမှာပါလာမှကျနော်တို့သိလိုက်တယ်။

ထိန်လင်းကကျနော်တို့နဲ့ဒုက္ခသည်စခန်းမှာရင်းရင်းနှီးနှီးရှိသလို၊စိတ်တူကိုယ်တူတွေ၊စခန်းထဲက နံရံကပ်တို့၊အနုပညာကိစ္စ
၊ဖြော်ဖြေရေးကိစ္စတွေတူတူလှုပ်ရှားခဲ့ကြတာ။

သူပြည်ထဲဝင်သွားပြီးမြောက်ပိုင်းဘက်သွားတယ်လို့နောက်ဆုံးကြားတယ်၊အဆက်ကလုံးဝပြတ်နေတာနောက်တော့ ဗြုံးကနဲထောက်လှမ်းရေးအသွင်နဲ့သတင်းထွက်တော့ကျနော်တို့လုံးဝလက်မခံဘူး။ကိုနိုင်အောင်ကိုခါးခါးသီးသီးငြင်းတယ်။မြောက်ပိုင်းသူလျိုကိစ္စဟာမှားယွင်းလုပ်ကြံမှုလို့ပြောပြတယ်။ကိုနိုင်အောင်ဘက်ကလည်းရေလှိုင်းစစ်ဆင်ရေးတို့၊စစ်ဆေးဖော်ထုတ်ချက်တို့ဘာတို့နဲ့အသေအချာရှင်းပြပါတယ်။

ဒါပေမဲ့ကျနော်တို့ကလက်မခံဘူး။နောက်ဆုံးကိုနိုင်အောင်က“ဒီကိစ္စသမိုင်းကပေးတဲ့အပြစ်ဒါဏ်ကိုကျနော်ခံပ့ါမယ်”လို့ကတိပေးပြီးအငြင်းအခုန်အဆုံးသပ်သွားတယ်။နောက်ပိုင်းတော့လည်းကျနော်တို့တတွေရင်းရင်းနှီးနှီးအလုပ်တွဲလုပ်ကြတယ်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားလူငယ်မျာူးကွန်ဂရက်SYCBကိုတောင်တိုင်းရင်းသားတွေနဲ့လက်တွဲပြီးနယူးဒေလီမှာဘဲ(1996)ကလူငယ်တပ်ပေါင်းစုတရပ်အနေနဲ့ဖွဲ့ခဲ့ကြတယ်။
မြောက်ပိုင်းကိစ္စမမေ့ပေမဲ့ဘုံရန်သူကိစ္စအရင်ရှင်းကြတယ်။တချိန်ကကျနော်တို့ရဲ့ဘုံရန်သူရဲ့အမွေကိုဒီနေ့ကြံ့ဖွတ်အစိုးရကအမွေဆက်ခံထားတာပါ။န၀တ၊နအဖစစ်အစိုးရခေတ်ရော၊ဒီနေ့ကြံ့ဖွတ်အစိုးရကရော၊ကျူးလွန်လာခဲ့တဲ့လူသတ်မှု၊မုဒိန်းမှု၊ခြစားမှု၊ပြည်သူ့ဘဏ္ဍာအလွဲသုံးစားမှု၊လူ့အခွင့်အရေးချိုးဖောက်မှု၊ဒီပဲရင်းလုပ်ကြံမှု၊စစ်ရာဇ၀တ်မှု၊နိုင်ငံတော်သစ္စာဖောက်မှု၊နာဂစ်မုန်တိုင်းမှု၊

…ဘာအမှု၊ညာအမှုနံပါတ်စဉ်တပ်လို့မကုန်နိုင်အောင်အမှုပေါင်းမြောက်မြားစွာကျူးလွန်ခဲ့ကြတာလည်းမမေ့သင့်ဘူး။
အခုဟာဆန်ရင်းနာနာဖွတ်ဆိုသလို၊နိုင်ရာဖိထောင်းနေတာကတဘက်သတ်ပွဲကြီးလိုဖြစ်နေတယ်။ဖေ့စ်ဘွတ်စာမျက်နှာတွေက အတော်ရုပ်ပျက်တယ်။ရိုင်းစိုင်းတယ်။

အဆိုးဆုံးက ပြည်တွင်းမီဒီယာတခု(သတင်းရောင်းစားတဲ့မီဒီယာ)ကအယ်ဒီတာအမျိုးသမီးတယောက်က
မိုးသီးဇွန်တို့အဖွှဲ့မြန်မာပြည်ခရီးဆိုပြီးရေးတာကိုဖတ်ရတယ်။မိုးသီးဇွန်အဖွှဲ့ပြည်တော်ဝင်တာကိုစိတ်အခံမကောင်းစိတ်နဲ့ရိတိတိစော်ကားရေးထားတယ်။
ညီညွတ်ရေးအမြင်နဲ့မကြည့်ဘူး၊၊နိုင်ငံသားမဟုတ်တော့တာကိုအပြစ်လိုပြောတယ်၊(နအဖလေသံ)

အောက်ကကွန်မင့်တွေကပိုရိုင်းတယ်။ဦးသိန်းစိန်ရဲ့ကြံ့ဖွတ်အစိုးရအဖွဲ့တွေလောက်တောင်စာနာစရာမကောင်းတဲ့ဟန်၊ပြည်ပရောက်တွေကအသုံးမကျသူတွေလိုမြင်အောင်ရေးကြတယ်။

ထားပါတော့စစ်ကျွန်တွေ၊ကြံ့ဖွတ်လူတွေကဒီလိုဝင်နှောက်တာလည်းဖြစ်နိုင်တာမို့ကွန်မင့်တွေအကြောင်းသိတ်မပြောလိုဘူး။ ဒါပေမဲ့ဒီလိုကာလ(အသွင်ကူးနေတဲ့စပ်ကူးမတ်ကူးကာလ)ထားစေချင်တဲံစိတ်ဓာတ်လေးတော့ လက်တို့ပြောပြချင်တယ်။

ဒီအချိန်မှာပြည်သူတွေညီညွတ်ရေးအသဲအသန်လိုနေတဲ့ကာလပါ။ဆောင်းပါးဘဲရေးရေး၊သတင်းရေးရေး၊အပြုသဘောနဲ့စိတ်ရင်းမှန်မှန်ထားရေးစေလိုတယ်။အခုဟာသမိုင်းမသိ၊ဘာမသိသလိုဘဲ၊အဆိုးမြင်မျက်မှန်စိမ်းတပ်ပြီးရေးနေ
တော့ဖတ်ရတာစာကကောင်းမလာဘူး။

တကယ်တော့ကိုမိုးသီးတို့အဖွဲ့ကရန်သူမဟုတ်ပါဘူး။နှိမ့်ချရေးစရာမလိုတဲ့လူတွေပါ.သူတို့နိုင်ငံခြားသားခံထားတာလည်းအခြေအနေအရပါ။အချိန်မရွေးကိုယ့်နိုင်ငံသားဖြစ်မဲ့သူတွေပါ။သူတို့အမေရိကန်နိုင်ငံသားပေမဲ့ မြန်မာပြည်သူတွေကိုသစ္စာမဲ့နေတာမဟုတ်ဖူး။

မြန်မာပြည်ထဲမှာအကောင်းဆုံးတခုခုပေးချင်တဲ့စေတနာနဲ့လာသူတွေလို့အပြုသဘောနဲ့မြင်သင့်တယ်။သေချာတာက သူတို့ဟာNGOတွေ၊ပရောဂျက်တွေ၊ပရိုပိုဆယ်တွေနဲ့လုံးထွေးပြီးကိုယ်ကျိုးတ၀က်၊ကိုယ့်အလုပ်တ၀က်နဲ့ဗမာပြည်ထဲဝင်အလုပ်လုပ်နေတဲ့အရပ်ဘက်လူ့အဖွဲ့အစည်းယောင်ယောင်၊နိုင်ငံရေးပရောဟိတ်တွေယောင်ယောင်၊နိုင်ငံရေးပွဲစားယောင်ယောင်၊မီဒီယာယောင်ယောင်၊အဖွဲ့မဟုတ်ဘူး။မိုးသီးတို့အဖွဲ့ဟာ ကိုယ့်ထမင်းကိုစားပြီးနိုင်ငံရေးလုပ်နေတာပါ။

ပြည်တွင်းမှာတခုခုလုပ်နိုင်အောင်အရဲစွန့်ဝင်ခဲ့သူတွေဖြစ်တယ်။ဒီခရီးအတွက်သူတို့ဟာလေး၊ငါး၊ခြောက်လလောက်အပြင်ကရဲဘော်ရဲဘက်တွေနဲ့စကားစစ်ခင်းသွားခဲ့ရတာ၊

တချို့အပြင်ကရဲဘော်တွေကသိတ်ကြည်ကြတာမဟုတ်ဘူး။ဒါပေမဲ့ကိုယ့်ဘက်က ရှေ့ပြေးကင်းတွေလိုသဘောထားတယ်။

သူတို့ပြန်လာရင် အခြေအနေအားလုံးနားစွင့်ကြအုံးမှာပါ။မိုးသီးဇွန်တို့က နယ်စပ်မှာကိုယ်ပိုင်ကားတ၀ီဝီစီးပြီး
နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး။NGOအထောက်အပံ့နဲ့ပြည်တော်ဝင်တာမဟုတ်ဘူး။

ကျနော်တို့ကအစောကပြောသလိုမိုသီးဇွန်နောက်လိုက်လည်းမဟုတ်သလို၊မိုးသီးဇွန်ဘာလုပ်လုပ်ထောက်ခံသူလည်းမဟုတ်ဘူး။

ဒါပေမဲ့လက်သဲဆိတ်ရင်တော့လက်ထိတ်နာတယ်။သူတို့နဲ့ကျနော်တို့မျိုးဆက်အတူတူဖြစ်တယ်။
သူ့ကိုဆဲရင် ကိုယ့်ကိုလည်းဆဲနေသလိုဘဲ၊ကိုယ့်မျိုးဆက်ထဲကသိကြသူတွေဆဲတာဆိုတာနားကြားကောင်းနေသေးပေမဲ့၊
ဘုမသိဘမသိ၊သမိုင်းကြောင်းလဲမသိနားမလည်သူတွေအသားလွတ်ဝင်သမတာတော့အတော်စော်ကားတဲ့လုပ်ရပ်ဘဲ။အခုကိုမိုးသီးတို့ပေါ်အဆိုးမြင်တွေနဲ့ရေးနေသူတွေကရောစစ်အစိုးရအောက်ပြားပြားမှောက်စဉ်ကာလတွေက
ဘာများလုပ်ခဲ့ကြလဲဆိုတာပြန်ဆန်းစစ်သင့်တယ်။

၁၉၈၈ကာလကတပါတီအာဏာရှင်စနစ်ကမျက်ကန်းတစ္ဆေမကြောက်ဗြောက်တိုက်ခဲ့ကြ၊၊ဓားဓားချင်းလှံလှံချင်းရင်ဆိုဘို့ဆိုပြီးနယ်စပ်ထွက်ခဲ့ကြ၊ဆင်းရဲကြ၊ငတ်မွတ်ကြရန်သူစစ်တပ်သတ်လို့သေတာကတမျိုး၊ကိုယ့်မဟာမိတ်တိုင်းရင်းသားသူပုန်ကသတ်လို့သေတာကတဖုံ၊ကိုယ့်အချင်းချင်းသတ်လို့သေတာကတမှောင့်။

ကြုံလို့ပြောရမယ်။အခုမြောက်ပိုင်းလူသတ်မှုကမှအရိုးတွန်ပြီးပြန်ပေါ်လာသေးတယ်။ကျနော်တို့တတွေရဲ့မဟာမိတ်ကရင် နဲ့ချင်းတွေသတ်လို့သေတာကြောင့်အရိုးတွေဆွေးပြီးမတွန်နိုင်၊မကနိုင်တဲ့ခွတ်ဒေါင်းအရိုးတွေအများကြီးရှိသေးတယ်။

ဥပမာ

အိန္ဒိယနယ်စပ်မီဇိုရမ်ပြည်နယ်၊ကျန်ဖိုင်းဒုက္ခသည်စခန်းကိုလာခိုလှုံတဲ့မြန်မာကျောင်းသားတွေထဲကကိုကြည်အောင် (ရန်ကုန်)နဲ့ကိုမြသောင်း(ကလေးမြို့)တို့ကိုအဲဒီကချင်းလက်နက်ကိုင်CNFက၁၉၉၀အစောပိုင်းမှာစပိုင်ထောက်လှမ်းရေးလို့စွတ်စွဲပြီးရက်ရက်စက်စက်မြေမြှုတ်သတ်ဖြတ်ခဲ့ကြတယ်။ဒီကနေ့အချိန်ထိတောင်မိသားစုတွေသူတို့သားတွေပြန်လာမလားလို့မျော်နေသလားမသိ။

နောက်တခုကကိုနိုင်အောင်တို့လာဖွဲ့စည်းခဲ့တဲ့ကိုလှဌေးဦးဆောင်တဲ့ABSDF(အနောက်ပိုင်း)ကဘင်္ဂလားဒေခ်ျမြန်မာနယ်စပ်ကနေ မီဇိုရမ်နယ်ထဲအ၀င်ကျနော်တို့သူငယ်ချင်းကိုဝင်းထွဋ်နောက်ကျောကျီဆံမှန်ပြီးကျသွားတယ်။

အချင်းချင်းလုပ်ကြံတာလား၊မဟာမိတ်တိုင်းရင်းသားအဖွဲ့ကလုပ်ကြံတာလားဒီနေ့ထိမသိရဘူး၊ကိုဝင်းထွဋ်မှာဇနီးနဲ့သမီးလေးကျန်ရစ်ခဲ့တယ်။ဒီလိုအဖြစ်အပျက်တွေကရင်နယ်မှာအများကြီး၊တောခိုကျောင်းသားတွေ၊ဆရာဝန်လောင်း၊အင်ဂျင်နီယာလောင်းနဲ့ပညာတတ်တွေတောထဲမှာစစ်မတိုက်ရဘဲနောက်ကျီဆံနဲ့ကျဆုံးသွားသူတွေမနည်းဘူး။(ဒါတွေစနစ်တကျမှတ်တမ်းတင်ထားသင့်တယ်)

အဲလို..၈၈ကျောင်းသားတွေဟာတချိန်ကဘ၀တွေစွန့်ပြီးစနစ်တခုရဲ့ပြဌာန်းပေးလိုက်တဲ့တာဝန်ကိုပုခုံးပေါ်နိုင်သလောက်တင်ထမ်းခဲ့ကြတာပါ။

ဟိုးတချိန်ကတောခိုကျောင်းသား၊ပြည်ပြေးတွေကိုသူရဲကောင်းလို့တောင်ပြည်သူတွေကသတ်မှတ်ခဲ့ကြတာမဟုတ်ဖူးလား။
ဒီနေ့အထိအဲဒီယုံကြည်ချက်နဲ့တောထဲမှာဒုက္ခခံရပ်တည်နေတဲ့ကျောင်းသားလူငယ်တွေရှိနေပါသေးတယ်။

ဟိုတုံးကသူရဲကောင်းတွေကိုအခုအချိန်ကျမှသစ္စာဖောက်တွေလိုမဆက်ဆံသင့်ပါဘူး။အခုပြည်တော်ပြန်ကိုမိုးသီးတို့အဖွဲ့ဟာ
တချိန်ကစစ်ခေါင်းဆောင်တွေနဲ့ဒီကနေ့ကြံ့ဖွတ်ပါတီခေါင်းဆောင်တွေလောက်ပြည်သူအပေါ်ဘိုကျနှိပ်ဆက်မဲ့သူတွေမဟုတ်သလို၊ခေတ်ပျက်သူဌေးတွေလိုလည်းအတ္တလွန်ကဲစီးပွားရှာနေမဲ့သူတွေမဟုတ်ပါဘူး။

လက်တဆုတ်စာNGOအကြိုက်လုပ်နိုင်ငံရေးအဖွဲ့၊မီဒီယာအဖွဲ့တွေကြောင့်အမှန်တကယ်ယုံကြည်ချက်နဲ့စွန့်လွှတ်အနစ်နာခံသူတွေဘေးဒုက္ခရောက်ခဲ့တယ်။တော်လှန်သူတွေနာမည်ပျက်ခဲ့တယ်။

ပိုဆိုးတာကတော်လှန်ရေးကြီးတခုလုံးအကြော်သည်လက်သုတ်ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ဟိုကတည်းကNGOတွေနဲ့
ပလူပလဲလုပ်သူတွေ၊ငွေကြေးအရင်းအမြစ်ကိုင်ထားသူတွေကိုပဲအထည်ကြီးပျက်ကြံ့ဖွတ်အစိုးရကတော်ကောက်ထားတယ်။မြှောက်စားထားတယ်၊သွေးခွဲထားတယ်။

ဒါကိုအခွင့်အရေးသမား၊နိုင်ငံရေးကျပ်မပြည့်တွေကသိရက်နဲ့အချောင်နှိုက်တယ်။ဒီကနေ့ကျနော်တို့လျှောက်နေတဲ့ခရီးဟာအလွန်သိမ်မွေ့ပါတယ်။အားပြိုင်မှုတွေရှိနေပါတယ်။အပြုဝါဒီတွေနဲ့လမ်းဟောင်းဝါဒီတို့လွန်ဆွဲနေပါတယ်။

လွှတ်တော်ထဲမှာလည်းအင်အားပြိုင်နေသလို၊စီးပွားရေးနယ်ပယ်၊NGOလောက၊နိုင်ငံရေးနယ်ပယ်နဲ့မီဒီယာလောကထဲမှာပါအင်အားပြိုင်တာ၊စားကျက်လုတာ၊ခွက်စောင်းခုတ်ခြေထိုးကန်ကြောက်တံတောင်နဲ့တွက်နေတာကိုအပြင်ကနေတောင်ကြားရမြင်ရတာပါ။လတ်လောလေးတင်ဆရာကြီးဒဂုံတာရာက

“ကျနော်တို့တိုင်းပြည်၌ ဒီမိုကရေစီပန်းနုရောင်ကလည်း သန်းစအချိန်ဖြစ်ပါသည်၊
ထိုသို့သော ဒီမိုကရေစီပန်းနုရောင်ကာလတွင် အချင်းချင်းမေတ္တာဖြင့်တစ်ဦးနှင့်တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့်ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက်အလေးထားလုပ်ဆောင်ရန်မေတ္တာရပ်ခံပါသည်။
ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်တွင် လှေကိုမလှုပ်အောင်လူးအောင်မလုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။
လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ယခုကာလကိုစိုးရိမ်စွာစောင့်ကြည့်နေရသောအချိန်ဟု ကျွန်တော်ယူဆပါသည်။၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုင်းဝန်းထိန်းသိမ်းကြ”


လို့ပြည်သူတွေကိုတိုက်တွန်းထားပါတယ်။

ဒီအချိန်မှာကိုမိုးသီးတို့ပြည်တော်ပြန်တာဝမ်းသာအားရကြိုဆိုသင့်ပါတယ်။ရန်သူအားပေးမလုပ်သင့်ပါဘူး။ပြည်တွင်း၈လေးလုံးနိုင်ငံရေးအင်အားစုထဲမှာတောင်ကိုမိုးသီးဇွန်ကိုလေဆိပ်သွားကြိုဖို့မဲခွဲဆုံးဖြတ်တယ်ကြားတော့ကျနော်တို့အတော်လေးအံ့သြသွားတယ်။စိတ်လည်းပျက်သွားတယ်။ဒီကိစ္စမဲခွဲရမဲ့ကိစ္စလား?အဲလောက်အထိဖြစ်သင့်သလား၊အထဲကအင်အားစုတွေကိစ္စအပြင်အင်အားစုတွေမျက်စိမှိတ်ထောက်ခံခဲ့တယ်။

ညီအကိုတွေလိုမြင်တယ်။ကျနော်ခိုင်ခိုင်လုံလုံသိရတဲ့သတင်းအရကိုမင်းကိုနိုင်၊ကိုဂျင်မီ၊ကိုမြအေးတို့ကသူငယ်ချင်းတွေ အဖြစ်လေဆိပ်သွားကြိုမဲ့ကိစ္စတောင်မဲရှုံးလို့ငယ်သူငယ်ချင်းကိုတောင်မကြိုလိုက်ရဘူးတဲ့၊ထူးဆန်းအံ့ဘွယ်သတင်းဘဲ။

လေဆိပ်သွားကြိုဘို့ကိစ္စတောင်မဲခွဲနေရသတဲ့လား?ဘာတွေဖြစ်ကုန်ပြီလဲ?ကျနော်တို့နွားတွေတော့တကောင်ချင်းကွဲနေပါပြီ။ကျားဟိန်းသံလည်းကြားနေရတယ်။တောကလည်းနက်ပါတယ်။အချိန်ကလည်းညီအကိုမှန်းတောင်မသိတသိ။

ကျနော်တို့ရဲ့ဝါရင့်စစ်ဘိုရှုတ်တွေကအခုဆိုအကွက်ကျကျနဲ့ပြည်ပမီဒီယာတွေ၊ဒီမိုကရေစီဘန်းပြNGOတွေ၊ပရောဂျက်နိုင်ငံရေးအဖွဲ့အစည်းတွေဆီကအဆက်အသွယ်နဲ့၊အရင်းအမြစ်တွေအရယူနေပါတယ်။

မုဆိုးစိုင်သင်လုပ်နေပါတယ်။ပြည်ပဒီမိုကရေစီလှုပ်ရှားမှုကိုခါးလည်ကပိုင်းလိုက်ပါပြီ။သူတို့က၂၀၀၈ဖွှဲ့စည်းပုံကိုင်ပြီးအပေါ်စီးကနေကစားနေတာပါ။

မင်းသားစရိုက်အမျိဲုးမျိုးကိုတယောက်ပြီးတယောက်ထုတ်ရှိုးပြီးဒီတကွေ့မာလိုက်ဟောက်လိုက်၊ဟိုတကွေ့ပျော့လိုက်ချော့လိုက်လုပ်နေပါတယ်။တချိန်ကကျနော်တို့ဘက်တော်သားတချို့နဲ့ပုလင်းတူဗူးဆို့ဖြစ်နေပါတယ်။
ဒီကနေ့ကိုမိုးသီးတို့ပြည်တော်ပြန်အုပ်စုကိုပင့်လိုက်၊မြှောက်လိုက်၊ရိုက်ချလိုက်နဲ့လုပ်နေတာသိတ်မလှပါဘူး။ကျနော်တို့တတွေညီညွတ်ရေးအမြင်နဲ့ခရီးဆက်ဘို့လိုပါတယ်။အားလုံးဟာတပင်ကိုတပင်ယှက်နေတာပါ။ကိုမိုးသီးတို့၊ကိုနိုင်အောင်တို့
နဲ့ကချင်မြောက်ပိုင်းကိစ္စလိုဘဲငြိမ်းချမ်းရေးကိစ္စ၊ပြည်ပရောက်ကျောင်းသားတွေဂုဏသိက္ခာရှိရှိပြန်နိုင်ရေးကိစ္စလည်းအရေးကြီးပါတယ်။

ဒီနေ့ကိုမိုးသီးတို့ကိုဆဲနေတယ်။မနက်ဖန်ကျနော်တို့ပြည်ပရောက်တွေကိုဆဲလိမ့်မယ်။ဒီကနေ့ကိုမိုးသီးတို့ကိုစော်ကားနိုင်တယ်ဆို၊မနက်ဖန်ကျနော်တို့ကိုလည်းစော်ကားပါလိမ့်မယ်။ညီညွတ်ရေးအမြင်၊မဟာမိတ်အမြင်မရှိရင်ကျနော်တို့ကျဆုံးမယ်။

သတင်းထောက်ကိုညို

၎စက်တင်ဘာ၂၀၁၂

Wednesday, September 5, 2012

58 စက်မှုဝန်ကြီးဌာန (နေပြည်တော်ရုံးချုပ်) ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနတွင်း မကျေမနပ်မှုများ ဖြစ်ပေါ်နေ

တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။
စက်မှုဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်နေသော ၀န်ထမ်းများ ရာထူးတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး ဌာနမှ ၀န်ထမ်းရွေးချယ်ရေးအဖွဲ့သို့ (၄၈) ဦးစာရင်းတင်ပြလိုက်ပါတယ်။

၎င်း (၄၈)ဦးထဲတွင် ဌာနအတွက် အနစ်နာခံဆောင်ရွက်သူများနှင့် စီနီယာဝန်ထမ်းများကို ချန်ထားခဲ့ပြီး၊ လူကြီးနားနေသူများ၊ အရှာရှိထမင်းခူးပေး၊ လက်ဖက်ရည်ဖျော်ပေးသူများနှင့် နီးစပ်သူတွေကိုသာ ဦးစားပေးရွေးချယ်လိုက်ပါတယ်လို့ ဌာနတွင်း သတင်းများအရ သိရပါသည်။

တစ်ချို့မှာ လုပ်သက် (၆) နှစ်ကျော်နှင့်ရွေးချယ်ခံခဲ့ရပြီး လုပ်သက် (၃၀) ကျော် စီနီယာသမားများမှာ ချန်ထားခံခဲ့ရသည့်အတွက် မကျေမနပ်ဖြစ်နေကြပါတယ်။ ၀န်ထမ်းများမျှော်လင့်ထားသည့်က ရွေးချယ်သည့်အထဲတွင် တကယ့်ပါသင့်ပါထိုက်သူများ ပါဝင်မယ်လို့များစွာ မျှော်လင့်ခဲ့ကြပါတယ်။ တကယ်တမ်း စာရင်းတင်ပို့သည့်အခါကျမှ ၎င်းတို့အမည်များပါမလာကြောင်းသိရပြီး မကျေမနပ်ဖြစ်နေကြပါတယ်။

၎င်းတို့ မကျေမနပ်ဖြစ်နေသည်ကို သိသောကြောင့် (၄၈) ဦးစာရင်းတင်ပြသော အသက်(၄၆)နှစ်အောက်သာရွေးချယ်ကြောင်း သတင်းလွှင့်ထားပါတယ်။ တစ်ချို့ဝန်ထမ်းများမှာ နေပြည်တော်ရုံးချုပ်သို့ ရောက်ရှိလာသည်မှာ မကြာသေးပဲ ရုံးချုပ်လုပ်ငန်းများကို နားမလည်သေးပဲ ရုံးချုပ်လုပ်ငန်းများကို ကျွမ်းကျင်စွာလုပ်ဆောင်နေသူများထက် ဦးစားပေးရွေးချယ်ခဲ့ခြင်းကြောင့် အံ့သြရကြောင်း၊ ၎င်းတို့မှာတော့ ရာထူးတိုးမြင့်ရေးအတွက် ဒုဝန်ကြီးကိုယ်တိုင် လူတွေ့စစ်ဆေးမည်ဆိုသောကြောင့် လုပ်ငန်းနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခဲ့ရသည့်အတွက် စိတ်ပန်လူပန်း ဖြစ်ခဲ့ကြပါတယ်။

တကယ်တမ်းလူတွေ့စစ်ဆေးမေးမြန်းသောအခါ အလုပ်အကိုင်နှင့်ပတ်သက်သောကိစ္စများကို အနည်းငယ်သာမေးပြီး၊ ဘယ်လိုဟင်းချက်တတ်လဲ?ကြက်သားဟင်းချက်တတ်လားစသည့်လုပ်ငန်းနှင့်မဆိုင် သော မေးခွန်းများသာဖြေဆိုနေ ရကြောင်းသိရှိရပါသည်။

ရွေးချယ်ရေးနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာများသို့ တိုင်ကြားမည် ဖြစ်ကြောင်း ၎င်းတိုင်းကြားမှုအတွက်လည်း ဌာနအရာရှိမှ မကျေနပ်လို့ ပို့ချင်တဲ့နေရာပို့ သွားနိုင်လျှင်သွားမည်၊ မသွားနိုင်လျှင်ထွက်စာတင် နှုတ်ထွက်မယ်၊ အကြောင်းရှာ၍ အလုပ်ဖြုတ်လျှင်လည်း အလုပ်ဖြုတ်ခံပြီး မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန်တောင်ဆိုမည်ဖြစ်ကြောင်း နောက်ဆုံးသိရှိရပါသည်။

ကိုခင်မောင်ဝင်း (Nld)

0 ဘောလုံးအသင်းများကို ၀န်းရံကြသလို စာသင်ခန်းများကိုလည်း ၀န်းရံကြပါ

အားရစရာကောင်းတဲ့ မြန်မာ့ဘောလုံး

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေထဲမှာ အားရစရာအကောင်းဆုံး အပြောင်းအလဲတစ်ခု ကို ပြောပါဆိုရင် မြန်မာ့ဘောလုံးလောကလို့ပဲ ပြောရမယ်ထင်ပါတယ်။နိုင်ငံတကာမှာ ဘောလုံးအသင်းတွေကို သူဌေးတွေကအသီးသီးဝယ်ယူသိမ်းပိုက်နေကြသလို မြန်မာနိုင်ငံကသူဌေးမင်းများဟာမြန်မာ့ပရော်ဖက်ရှင်နယ် ဘောလုံးလောက ပီပီပြင်ပြင် ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက် မိမိတို့တတ်နိုင်တဲ့အပိုင်းက ကူညီတဲ့အနေနဲ့ ကိုယ်ပိုင်ဘောလုံးအသင်းတွေ ထူထောင်လို့ မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းဖို့ ၀င်ရောက်ကူညီ အားဖြည့်ကြပါတော့တယ်။

အားကျစရာလုပ်ခလစာ

ဘောလုံးသမားများ အားတက်ဖွယ်ကောင်းအောင်လည်း လုပ်ခလစာငွေတွေကို ပုံအောလို့ပေးကမ်းတဲ့ အဆင့်အထိဖြစ်လာကြပါတော့တယ်။ တချို့ဘောလုံးသမားတွေရဲ့ လစာဟာဆိုရင်အနှစ်၃၀ လောက် ငွေကုန်လူပမ်းခံပြီး ပညာသင်ကြားထားတဲ့ပါမောက္ခတစ်ယောက်လခရဲ့ဆယ်ဆခန့်ကိုရရှိကြပါတယ်။

ဘောလုံးအသင်းနည်းပြကြီးများကိုလည်း ပြည်ပမှအကောင်းဆုံးရှာဖွေကာမိမိတို့အသင်းများမှာသင်ကြားပြသစေပါတယ်။ နိုင်ငံတကာက ဘောလုံးသမားများကိုပင်မက်လုံးပေးကာကိုယ့်နိုင်ငံအတွင်းမှာလာရောက်၍ကြေးစားကန်စေတာတွေလည်း တွေ့မြင်နေရပါတယ်။ ဒီလိုတွေကြောင့်ပဲ မြန်မာဘောလုံးအသင်းအနေနဲ့ မနိုင်တာကြာပြီဖြစ်တဲ့ ဗီယက်နမ်၊ ထိုင်း အစရှိတဲ့ အသင်းတွေကို ပြန်လည်ချေပလို့ အနိုင်ယူကစားလာနိုင်တာတွေ့ရလို့ အထူးပင်ဝမ်းသာပီတိဖြစ်ရပါတယ်။

နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကကျတာက

ခုလို မြန်မာဘောလုံးလောကဘက်မှာ တိုးတက်မှုတွေ တွေ့မြင်နေရသလောက် တခြားသော နိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကအရေးကြီးသော ပညာရေးကဏ္ဍလိုနေရာတွေမှာ တိုးတက်တဲ့အရိပ်အယောင်တွေ သိပ်ပြီးမမြင်တွေ့ရတာကတော့ အထူးပင်ဝမ်းနည်းစရာကောင်းလှပါတယ်။ ဘောလုံးအကယ်ဒမီတွေ အလျှိုလျှိုပေါ်လာပေမယ့် တက္ကသိုလ်အဆောက်အဦးတွေ တိုးတက်မလာခဲ့ပါ။ တက္ကသိုလ်ကျောင်းဆောင်များ ပြန်လည်မွမ်းမံဖို့ပင် ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်ဆိုတာတွေလည်း ကြားသိနေရပါတယ်။
တကယ်တော့ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးမဏ္ဍိုင်ကြံ့ခိုင်ဖို့လိုပါတယ်။ ဘောလုံးသမားများ ကိုယ်ကာယကြံ့ခိုင်အောင် လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းကောင်းတွေရှိသလို နိုင်ငံတော်ပြန်လည်တည်ဆောက်ရာမှာ အဓိကပလေယာများဖြစ်ကြတဲ့ ကျောင်းသားကျောင်းသူများ ပညာဥာဏ်ကြံ့ခိုင်ဖို့ ကျောင်းကောင်းများတည်ထောင်ဖို့လိုပါတယ်။

ပြည်တွင်းကိုဝင်ရောက်လာမယ့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေနဲ့ယှဉ်ပြိုင်ဖို့


ယခုအချိန်အခါလို တံခါးဖွင့်စီးပွားရေးဝါဒ ကျင့်သုံးလိုက်ချိန်မှာ ပြည်တွင်းကစီးပွားရေး လုပ်ငန်းရှင်များအနေနှင့် ယခင်ကထက် ဈေးကွက်မှာ ယှဉ်ပြိုင်မှုတွေ ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်။

ယခင်ကလို ပြည်တွင်းကုမ္ပဏီအချင်းချင်းသာ ယှဉ်ပြိုင်ရတော့မည်မဟုတ်ဘဲ၊ ပြည်ပမှဝင်ရောက်လာမည့် အဆင့်မြင့်ကုမ္ပဏီများနှင့် ရင်ဘောင်တန်းရတော့မည်ဖြစ်လေသည်။ ထိုသို့ ပြည်ပကုမ္ပဏီများကို ယှဉ်ပြိုင်ဖို့အတွက် အရေးအကြီးဆုံးမှာ Human Resources ခေါ်သော လူသားအရင်းအမြစ်ပင် ဖြစ်လေသည်။ ပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် မိမိတို့လုပ်ငန်းများ တခြားသော ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရန် မည်ကဲ့သို့အကောင်အထည်ဖော် ဆောင်ရွက်ရမည်ကို ယခုကတည်းက သေသေချာချာ စဉ်းစားအဖြေရှာကာ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ပေသည်။


တက္ကသိုလ်များကိုလှူဒါန်းတဲ့ နိုင်ငံတကာသူဌေးကြီးများ

မြန်မာပြည်သူများအနေနဲ့ အင်္ဂလန်ဘောလုံးလောကတွင် ခြေစွာနေကြသော နိုင်ငံတကာ သူဌေးကြီးများ၏ နာမည်ကိုအလွတ် နီးပါးရနေသော်လည်း တက္ကသိုလ်များ၊ သုတေသနဌာများ၊ ကျောင်းအဆောက်အဦးများ လှူဒါန်းကြသော ကမ္ဘာကျော်သူဌေးကြီးများကိုတော့ ကြားဖူးသူနည်းပါးပေလိမ့်မည်။ နေရာတကာတွင် အဖြူအမည်းဒွန်တွဲနေသကဲ့သို့ ကမ္ဘာပေါ်တွင် အပျော်အပါးနှင့် စီးပွားရေးမျက်နှာစာကိုသာ ကြည့်တတ်သော သူဌေးကြီးများရှိသလို တိုင်းပြည်ကောင်းကျိုး၊ လူသားထုတစ်ရပ်လုံးကောင်းကျိုးကို ရှေးရှုကာ အလှူအတန်းပြုကြသော သူဌေးကြီးများလည်းများစွာရှိလေသည်။
အားကျအတုယူစေချင်

ထိုကဲ့သို့ အများကောင်းကျိုးတွင် အမြော်အမြင်ကြီးကြီး လှူဒါန်းတတ်သူများတွင် ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်ကတော့ စံနမူနာတင်လောက်စရာပင်။ မိမိစည်းစိမ် ဥစ္စာတို့ကို ဆေးဝါးသုတေသနရံပုံငွေများ၊ HIV ၊ ငှက်ဖျား၊ ပိုလီယို ကာကွယ်ဆေး ကုသဆေးသုတေသန လုပ်ငန်းများ ၊ ပညာရေးအတွက်လှူဒါန်းငွေများမှာ ပြောမဆုံးနိုင်အောင်ပင်။ Microsoft ကို ပူးတွဲတည်ထောင်သူ ပေါလ်အလန်ဟာဆိုရင်လည်း Allen Institute for Brain Science တွင် သုတေသနလုပ်ငန်းများ ဆက်လက်တိုးချဲ့လုပ်ဆောင်နိုင်ရန် အမေရိကန်ဒေါ်လာသန်းသုံးရာ၊ Heyman နှင့် Moritz တို့မှနေ၍ ၀င်ငွေနည်းသော မိသားစုဝင်မှ သားသမီးများကို ထောက်ပံ့ရန်အတွက် University of Oxford သို့ လှူဒါန်းငွေ ဒေါ်လာ ၁၁၆.၈ သန်း၊ Symbiotis Energy မှ CFO ဖြစ်သော Robert Klein မှလည်း Rice University တွင် လူမှုရေးသိပ္ပံဌာန အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် အလှူငွေ ၂၅ သန်း စသည်ဖြင့် ပညာရေးအဆင့်အတန်း၊ နည်းပညာအဆင့်အတန်းမြင့်မားစေရန် တက္ကသိုလ်များသို့ လှူဒါန်းကြသော သူဌေးကြီးများလည်း များစွာရှိလေသည်။ မြန်မာနိုင်ငံမှ သူဌေးသူကြွယ်များ လေးစားအတုယူသင့်လှပေသည်။

မြန်မာပြည်ကသူဌေးများအတွက် အချိန်အခါကောင်း

ယခုဆိုလျင် မြန်မာနိုင်ငံမှ တက္ကသိုလ်၊ ကောလိပ်အသီးသီးတို့သည် မိမိတို့ကျောင်းများ အရှေ့တောင်အာရှတွင် အဆင့်အတန်းမီတက္ကသိုလ်တစ်ခု ဖြစ်မြောက်လာရေးအတွက် အကောင်အထည်ဖော်ရန် အစီအစဉ်များရေးဆွဲနေကြသော ကာလဖြစ်လေသည်။ မြန်မာနိုင်ငံ၏ နှစ်ပေါင်းများစွာ ပြစ်ပယ်ခံထားခဲ့ရသော တစ်ချိန်က လျှမ်းလျှမ်းတောက် ရန်ကုန်စက်မှုတက္ကသိုလ်လို အရှိန်အ၀ါရှိ တက္ကသိုလ်များကိုလည်း အဆင့်အတန်းမီတက္ကသိုလ်တစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်လာရေးအတွက် အကောင်အထည်ဖော်နေကြလေပြီ။ အဖက်ဖက်မှ ယိုယွင်းနေသော နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရာတွင် အစိုးရတစ်ခုတည်း အားနှင့်မဖြစ်နိုင်ပေ။ ပြည်သူအစိုးရ လက်တွဲလို့ကူမှသာလျင် တိုင်းပြည်မြန်မြန် နာလန်ထူပေမည်။
ယခုပြန်လည်တည်ဆောက်ဖို့ကြိုးစားနေသော တက္ကသိုလ်များတွင် အဆောက်အဦးများမလုံလောက်မှု၊ လက်တွေ့ပစ္စည်းများမပြည့်စုံမှု..အစရှိသည့် မပြည့်စုံမှုများစွာကို ရင်ဆိုင်နေရမည်မှာ သေချာပေသည်။ ထိုကဲ့သို့သော လိုအပ်ချက်များကို စီးပွားရေးချွတ်ခြုံကျနေသော နိုင်ငံတော်အနေနှင့် လိုအပ်သလို ထောက်ပံ့ကူညီနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုလိုအချိန်အခါမျိုးတွင် တတ်နိုင်သော လုပ်ငန်းရှင်များမှ ဘောလုံးအသင်းများကို ၀င်ရောက်ကိုင်တွယ်ကူညီကြသလို တက္ကသိုလ်စာသင်ခန်းများအတွင်း ကျောင်းသားများ အင်တိုက်အားတိုက် သင်ယူနိုင်ရန်အတွက်လိုအပ်သည်များကိုဝိုင်းဝန်းလှူဒါန်းဖို့အချိန်အခါကောင်းပင်ဖြစ်လေသည်။ ဘောလုံးကွင်းများဆောက်သလို ကျောင်းအဆောက်အဦးများတည်ဆောက်နိုင်အောင်၊ နိုင်ငံခြားမှ ဘောလုံးနည်းပြများငှားရမ်းကြသလို နိုင်ငံခြားတက္ကသိုလ်များမှ ပါမောက္ခများ မိမိတို့တက္ကသိုလ်သို့ လာရောက်သင်ကြားနိုင်အောင် ၀ိုင်းဝန်းကူညီကြစေချင်သည်။


လှူလိုက်စမ်းပါ


နိုင်ငံတကာမှာကဲ့သို့ပင် ဘယ်သူဘယ်ဝါလှူဒါန်းလိုက်သော ကျောင်းအဆောက်အဦးကြီး၊ ဘယ်သူဘယ်ဝါ ကူညီထောက်ပံ့ပေးနေသော သုတေသနဌာနကြီး၊ ဘယ်သူဘယ်ဝါက မတည်ပေးထားသော စကော်လားရှစ်များ အစရှိသည်တို့ကို မြင်ခွင့်ကြားခွင့်ရဖို့ မြန်မာပြည်သူလူထုက အထူးမျှော်လင့်စောင့်စားနေကြလေသည်။ မြန်မာပြည်မှ သူဌေးများအနေနဲ့ ခေတ်ပျက်ရုရှားသူဌေးခရိုနီမိုဗစ်၏နည်းလမ်းသာမလိုက်ကြဘဲကမ္ဘာသူကမ္ဘာသားတိုင်း လေးစားအားကျ အတုယူကြသော စွန့်ဦးတီထွင်လုပ်ငန်းရှင် ပေါလ်နှင့်ဘေလ်တို့ကဲ့သို့ မိမိနိုင်ငံသူနိုင်ငံသားများ နှင့် လူသားထု တစ်ရပ်လုံးကို အကျိုးပြုမည့်နေရာများတွင် ၀င်ရောက်လှူဒါန်းကြဖို့ အကြံပြုလိုပါသည်။

မိမိနိုင်ငံပညာရေး အဆင့်အတန်းမြင့်မားမှသာလျင် မိမိတို့အတွက်လည်း နိုင်ငံတကာအဆင့်မီ လူ့စွမ်းအားအရင်းအမြစ်များကို ရရှိနိုင်မှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ဘောလုံးအသင်းများကို ငွေပုံအောကာကိုင်တွယ်နေကြသလို မိမိတို့အတွက် လိုအပ်သော လူသားအရင်းအမြစ်ထုတ်ပေးမည့် စက်ရုံကြီးများဖြစ်သော တက္ကသိုလ်စာသင်ခန်းများကိုလည်း အချိန်မီဝန်းရံကြဖို့အထူးလိုအပ်လှပေသည်။

မောင်မျိုး(စက်မှု)

2 ဆေးရုံတခု၏ ပုံစံဟောင်း အတွင်း အစတေးခံဖြစ်ခဲ့သူ တဦးအကြောင်း


Nay myo zin

0 ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် ကာကွယ်ရေးဝန်ကြီးဖြစ်လာနိုင်


နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား အစားထိုးခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ စက်တင်ဘာလ ၃ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့သည့်အတွက် ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်သည် ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်လျက်ရှိသည်။

“ဒီစက်တင်ဘာ ၃ ရက်နေ့က ကာကွယ်ရေးဝန်ကြီးနေရာကို ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကို အစားထိုးခန့်အပ်ဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်ဆီကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီသဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြည် ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးလှမင်းကို စစ်ဘက်မူလတာဝန်တွေ ပြန်ထမ်းဆောင်ဖို့အတွက် သူ့အစား ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကို တာဝန်ပေးအပ်လိုတယ်ဆိုတာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမ္မတဆီကို တင်ပြလာတယ်လို့ ဖော်ပြထားပါတယ်”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ယင်းသဝဏ်လွှာတွင် ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၃၂၊ ပုဒ်မခွဲ (ဂ)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂၊ ပုဒ်မခွဲ (ခ)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် သဝဏ် လွှာပေးပို့ထားပြီးဖြစ်သည့်အတွက် ဥပဒေများနှင့် ညီညွှတ်ပါက ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသင့်ကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ယခင် နိုင်ငံတော် ဒု-သမ္မတ သီပာသူရတင်အောင်မြင့်ဦး အနားယူစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိသည်ပာု ထင်ကြေးပေးခံခဲ့ရသူတစ်ဦးဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တပ်မတော်သားကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရန်သာ ပြောင်းရွှေ့ခန့်အပ်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်သည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ စစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

Yangonchronicle

Tuesday, September 4, 2012

0 ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့ လာရောက်ခဲ့သော အမေရိကန်သံတမန်များနှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ

၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးခန်းသို့ လာရောက်ခဲ့သော အမေရိကန်သံတမန်များနှင့် ၈၈မျိုးဆက်ခေါင်းဆောင်များ အမှတ်တရ ..
၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးသို့ရောက်ရှိလာသော အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ် ။
အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲနှင့် သံတမန်အရာရှိများအား ၈၈မျိုးဆက်ကျောင်းသားများက လက်ခံတွေ့ဆုံဆွေးနွေးစဉ် ...
၎၊၉၊၂၀၁၂ နေ့၊ နံနက် ၉း၃၀ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအချို့သည်၊ ရန်ကုန်မြို့၊ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ ရုံးသို့ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အား ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော မင်းကိုနိုင်၊ကိုကိုကြီးနှင့်ကိုဌေးကြွယ်တို့က လက်ခံတွေ့ဆုံခဲ့ကြသည်။

88 Generation Students

0 Webpage တွေပေါ် ကျော်လွှာဖြတ်သန်း ဖတ်ရှုနိုင်ဖို့


မင်္ဂလာပါ ခင်ဗျား

မြန်မာပြည်တွင်းရှိ မိဘပြည်သူ ညီအစ်ကို မောင်နှမများအနေနဲ့ပိတ်ဆို့တားမြစ်ထားတဲ့ အင်တာနက် စာမျက်နှာ
Webpage တွေပေါ် ကျော်လွှာဖြတ်သန်း ဖတ်ရှုနိုင်ဖို့ Tor Proxy Browser နဲ့
မိတ်ဆက်ပေးလိုပါတယ်။

Tor Proxy Browser စတင်အသုံးပြုသူတွေအတွက် အဓိက ရည်ရွယ်ပြီးရေးသားပြုစုထားမှုကို Attached File နဲ့ တွဲပြီးပို့လိုက်ပါတယ်။

လိုအပ်တာ ရှိရင်ဘဲ ဖြစ်ဖြစ်၊ နားမလည်တာ ရှိရင်ဘဲ ဖြစ်ဖြစ် ပြန်လည်
ပြောကြားပေးစေလိုပါတယ်။

လိုရင်းတိုရှင်း Proxy Website ဆိုရင်တော့ http://thanhtut88.appspot.com/, http://tunnelmyanmar.appspot.com/, သုံးပါလို့ တိုက်တွန်းလိုပါတယ်။

ခင်မင်ရင်းနှီးလျက်
ကိုဖိုးတရုတ်

1 ပြည်သူ့လွှတ်တော်မှာလည်း မတ်တတ်ရပ်ခိုင်းပြီ

ဦးအောင်သိန်းလင်းတင်သွင်းသော အဆိုကို ဒေါ်အောင်ဆန်းစုကြည်မှ မထောက်ခံသဖြင့် ထိုင်နေစဉ်..(Photo.ကို သန်းထွန်း)

ဒီနေ့ လွှတ်တော်မှာ ဦးအောင်သိန်းလင်း တင်ပြသော စားကျက်မြေများကို ဌာနဆိုင်ရာ အမည်ဖောက်၍၎င်း၊ ကုမ္မဏီအမည်ဖောက်၍၎င်း ခွဲဝေချထားပြီး တောင်သူလယ်သမားများကို ထိုမြေများ၌ စိုက်ပျိုးစေပြီး ဌာနဆိုင်ရာများ၊ ကုမ္မဏီမှ သီးစားခယူနေခြင်းများရှိပါသဖြင့် လယ်ယာမြေကို လုပ်ကိုင်နေသူများ လယ်သမားများကိုသာ ဦးပိုင်အမည်ဖောက်သတ်မှတ်၍ လုပ်ကိုင်ခွင့်ချထားပေးသင့်ကြောင်း အဆိုကို လက်ခံဆွေးနွေးရန် သင့်မသင့်ဆုံးဖြတ်ရာ လွှတ်တော်၌် တစ်ခါမှမကြုံစဖူး ၎င်းအဆိုကို ကန့်ကွက်သူပေါ်လာပါတယ်။

၎င်းကန့်ကွက်သူကတော့ NLD က ဦးစိန်ဝင်းပါ။ သူကပြန်ရှင်းပြတာက နိုင်ငံတစ်ဝှမ်းလုံးရှိ စားကျက်မြေများကို လယ်မြေအဖြစ်မသိမ်းပိုက်သင့်ကြောင်း ဥပဒေအကိုးအကားဖြင့် ကန့်ကွက်သွားပါတယ်။ ဒါကြောင့် လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရန် မတ်တတ်ရပ်ခိုင်းပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် အများစုက မတ်တတ်ရပ်ပြီး NLD အမတ်များကတော့ တစ်ယောက်မှ မရပ်ကြပါ။ လွှတ်တော်တက်ရောက်သူ (၃၈၈)ဦး မှ ထောက်ခံသူ (၁၇၇) ဦးရှိသဖြင့် အဆိုကိုဆွေးနွေးရန် အတည်ပြုခဲ့ပါသည်။ ဒါကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်များဟာ စားကျက်မြေကော မည်သည့်မြေအမျိုးအစားဖြစ်ဖြစ် သိမ်းယူချင်နေတာကို ထောက်ခံကြောင်းပြသရာရောက်ပါတယ်။

အမိန့်အမှတ် ၂/၂၀၁၂
ခုံရုံးဥက္ကဌနှင့်အဖွဲ့ဝင်များမှ စုံးစမ်းစစ်ဆေးရေးဥက္ကဌနှင့် အဖွဲ့ဝင်များကို ဥက္ကဌ (ဦးနန္ဒကျော်စွာ) အား ကန့်ကွက်ကြောင်း အမိန့်အမှတ် ၁/၂၀၁၂ ကို ပို့လိုက်ပါသည်။ ဦးနန္ဒကျော်စွာ ဥက္ကဌ အနေဖြင့် ဆောင်ရွက်နေလျှင် တရားမျှတမှုရှိမှာမဟုတ်ကြောင်း အကြောင်းကြားလာသဖြင့် ပြည်သူ့လွှတ်တော်အနေနှင့် အမိန့်အမှတ် ၂/၂၀၁၂ ဖြင့် ခုံရုံးမှ ကန့်ကွက်သူများ၏ ဆန္ဒအရ၎င်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ထောက်ရှု့ခြင်းဖြင့်၎င်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌအား ဦးနန္ဒကျော်စွာ၏နေရာတွင် (ဦးသိန်းဆွေ) ဖြင့် အစားထိုးပြောင်းလဲခဲ့ပါသည်။

ု့Khai khant(ကိုခင်မောင်ဝင်း)

0 ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သော ၁၉၉၉ ခုနှစ်အတွက် John Humphrey ဆုကို ကိုမင်းကိုနိုင်နှင့် ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးတို့အားပေးအပ်

ကနေဒါနိုင်ငံအခြေစိုက် Rights & Democracy အဖွဲ့မှ ပေးအပ်သောJohn Humphrey ဆုကို ၁၉၉၉ ခုနှစ်၌ ဒေါက်တာစင်သီယာမောင်နှင့် ပူးတွဲရရှိခဲ့သောမင်းကိုနိုင်အား မြန်မာနိုင်ငံသို့ ခေတ္တရောက်ရှိနေသည့်
ဒေါက်တာသောင်းထွန်းက ဆုတံဆိပ်လာရောက်ပေးအပ်စဉ် ... ။

John Humphrey ဆုသည် လူ့အခွင့်အရေးအတွက် စွန့်လွှတ်စွန့်စား၊ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်ကြသည့် ထင်ရှားသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်သိက္ခာမြင့်မားသည့် ဆုတစ်ခုဖြစ်သည်။ထိုဆုကို ၂ဝဝ၆ ခုနှစ်က ရရှိခဲ့သော မစုစုနွေးကိုလည်း ပေးအပ်ခဲ့သည်။
John Humphrey ဆုဆွဲပြား ... ။
( ၃၊၉၊၂ဝ၁၂ ။ ဝေဇယန္တာလမ်းရှိ ၈၈မျိုးဆက်ကျောင်းသားများ၏ရုံးခန်း )

88 Generation studients

0 ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ကြိုးပမ်း

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်တွက် အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦးဖြစ်သော ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော် တို့ အခုလာရတာ ဗီဇာက ၂၁ ရက် ပဲ ရတယ် ။အဲ့ဒီ အချိန်နဲ့ ကျွနတော် လုပ် ချင်တာ တွေ မလုပ် နိုင်ဘူးဆိုတာလည်း ကျွန်တော် တို့ သိတယ်။ အမြဲ တမ်း နေ ထိုင် ခွင့် ရဖို့ တွက် အစိုးရ ပေါ် မူတည်ပါတယ် “ဟု ဦးထွန်းအောင်ကျော် ကပြော ဆိုသည်။

ABSDF အဖွဲ့ ဝင်များ သည် လက်နက် ကိုင် တပ် ဖွဲ့ ဝင် များ၊ တိုင်း ရင်း သား လက်နက် ကိုင်ခေါင်း ဆောင်၏ များ ပြသနာ၊ အခက်ခဲများ နှင့် အစိုး ရအပေါ် ထားရှိ သည့် သဘော ထာား ကို နား လည် သိရှိ သော ကြောင့် ပြည် တွင်း စစ် ရပ် ဆဲရေး နှင့် ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ်များတွင် ဝင်ရောက် ကူညီ လုပ် ကိုင် ရန် မြန် သို့ ပြန်လည်ရောက် ရှိ လာခြင်းဖြစ်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။

ပြည်ပ မှာရှိတဲ့ အတိုက်ခံများပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော်တို့ ၉ဦးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ကြသည်။

မိုးသီးဇွန်အပါအဝင် ၇ဦးအဖွဲ့သည် စက်တင်ဘာလ ၁ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂ရက်နေ့ ညနေပိုင်းအချိန်တွင် ဒေါက်တာနိုင်အောင်အဖွဲ့နှင့် အစိုးရအဖွဲ့တို့အား ၈၈ရုံးချုပ်၌ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်းမှ ၎င်းတို့အား Civil Society အပိုင်းများ ပြုလုပ်ရန်အတွက် ဝင်ရောက်ကူညီပေးရန် ထည့်သွင်းပြောကြားသွားကြောင်း ထိုသို့ပြောကြားသွားသည့်အတွက်လည်း ကျေနပ်မိ ကြောင်း ကိုကိုလေးက ပြောကြားသည်။

“စက်တင်ဘာ ၂ရက်နေ့ ညနေက ဝန်ကြီးတွေနဲ့ ၈၈ရုံးချုပ်မှာ သွားတွေ့ပါတယ်။ ကျွန်တော်တို့ကြီးပဲလို့ ထင်တာ။ ဟိုရောက်တော့ ဒေါက်တာ နိုင်အောင်နဲ့အဖွဲ့ပါရောက်နေတယ်။ မထင်ထားဘူး။ ချိန်းလည်းမချိန်းထားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ထို့နောက် ၎င်းတို့သည် အဆိုပါသတင်းစာရှင်းလင်းပွဲ၌ မီဒီယာများမှ မေးမြန်းသည့် မေးခွန်းများဖြေကြားသွားရာ ၎င်းတို့အနေဖြင့် ယခု မြန်မာ နိုင်ငံသို့ပြန်လာသည့် ပြည်ဝင်ခွင့်ဗီဇာသည် အမှန်တကယ်တွင် ၇ရက်သာ ရရှိခဲ့သော်လည်း နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်းမှ ၂၁ရက် ထပ် တိုးပေးခဲ့သောကြောင့် အားလုံးပေါင်း ပြည်ဝင်ခွင့်ဗီဇာမှာ ၂၈ရက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ယခုမြန်မာနိုင်ငံသို့ ပြန်လာသည့်ခရီးစဉ်တွင် လေ့လာ ရုံမျှသာဖြစ်ကြောင်းနှင့် မြောက်ပိုင်းရဲဘော်များ မတရားနှိပ်စက်မှုကြောင့် ကျဆုံးခြင်းအပေါ်ကိုလည်း သက်ဆိုင်ရာမိသားစုများအတွက် တရားဥပဒေအရ ဝင်ရောက်ကူညီသွားမည်ဖြစ်ကြောင်း ABSDF (တောင်ပိုင်း)၏ ပထမဦးဆုံးဥက္ကဋ္ဌဖြစ်ခဲ့သူ ကိုထွန်းအောင်ကျော်က ပြောကြားသည်။

ယင်းသတင်းစာရှင်းလင်းပွဲ၌ သတင်းမီဒီယာသမားများသာ မေးမြန်းဖြေကြားမှုများ ပြုလုပ်သွားကြောင်း သိရှိရပြီး ယင်းပွဲသို့ တက်ရောက်လာ သည့် ABSDF ရဲဘော်ဟောင်းအချို့အား ပွဲစောင့်ကြည့်သူအချို့မှ တစုံတရာ မေးမြန်းခွင့်မပြုခဲ့၍ ယင်းပွဲသို့တက်ရောက်သည့် မြောက်ပိုင်းရဲဘော် ဟောင်းအချို့နှင့် နိုင်ငံရေးပါတီအချို့မှ မကျေမနပ်ဖြစ်ရခြင်းများ ရှိကြောင်း သိရပြီး ၎င်းတို့အတွက် သီးသန့်ပွဲတစ်ခု ထပ်မံစီစဉ်ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ၁၉၉၀ခုနှစ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးတစ်ဦးမှ ကိုမိုးသီးဇွန်အား မြန်မာနိုင်ငံသို့ ပြန်လာ၍ နိုင်ငံရေးပါတီထူထောင်ရန် အစီအစဉ်ရှိမရှိဆိုသည့် မေးခွန်းအား မေးမြန်းခဲ့ကာ ကိုမိုးသီးဇွန်မှ အစီအစဉ်မရှိ ကြောင်း အဆိုပါ မေးခွန်းအား ပြန်လည်ဖြေကြားသည်။
ref..The voice weekly,Yangon chronicle

0 ဒဂုံတာရာ ပန်ကြားလွှာ


နိုင်ငံရေးအပေါင်းအဖော်များနဲ့ပြည်သူများအတွက်ပန်ကြားလွှာ

ကျနော်တို့မြန်မာပြည်၌နေထိုင်သောပြည်ထောင်စု သားများတွင် ရေခဲတောင်တန်းများ အနောက်ရိုးမသစ်တောများ
ဖုံးလွှမ်းနေသောနေရာများ သွေးညှီနံများမကုန်ကြသေးသည်ကိုတွေ့ ရသည် ကျွန်တော်များစွာဝမ်းနည်းမိပါသည်။

ထိုပြင် ပြည်သူ့ လွှတ်တော်ထဲ၌လဲ အမျိုးမျိုးသောအသံများကိုကျယ်လောင်စွာကြားနေရပါသည်။
ကျနော်တို့တိုင်းပြည်၌လည်း ဒီမိုကရေစီပန်းနုရောင်ကလည်းသန်းစအချိန်ဖြစ်ပါသည်။ အမတန်နုနယ်သောအချိန်ကာလဖြစ်ပါသည်။

ထိုပြင် မြန်မာနိုင်ငံကြီးပြန်လည်တည်ဆောက်ပြုပြင်ရာတွင်ပါဝင်ကြမည်ဟုအားခဲထားသော ကျောင်းသားခေါင်းဆောင် များနိုင်ငံရေးခေါင်းဆောင်များရောက်လာသောအချိန်လဲဖြစ်ပါသည်။

ထို့ကြောင့် ဒီမိုကရေစီပန်းနုရောင်ကာလသည် အချင်းချင်းမေတ္တာဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန်မေတ္တာရပ်ခံပါသည်။

ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်သည်လှေကိုမလှုပ်အောင် လူးအောင်မလှုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။
လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ကျွန်တော်ယခုကာလကိုစိုးရိမ်စွာစောင့်ကြည့်နေရသောအချိန်ဟုယူဆပါသည်။

၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုင်းဝန်းထိန်းသိမ်းကြစေရန် ပန်ကြားအပ်ပါသည်။

ဒဂုန်တာရာ (သာမိုင်းခမ်း)

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.